အခန်း - ၂၇
အနှစ်တစ်ထောင်စိုးစံခြင်းနှင့်အပြစ်၏နိဂုံး
အနှစ်တစ်ထောင်ကာလသည် ခရစ်တော်နှင့်သူ၏သန့်ရှင်းသူများ
ကောင်းကင် တွင် ပထမနှင့်ဒုတိယထမြောက်ခြင်းစပ်ကြား
အနှစ်တစ်ထောင်စိုးစံမှုကာလဖြစ်သည်။ ဤကာလ အတွင်း သေလွန်သောဆိုးသွမ်းသူတို့သည်
တရားစီရင်ခြင်းခံရကြလိမ့်မည်။ ကမ္ဘာမြေသည် အသက်ရှင်သောလူသူကင်းမဲ့၍
လုံး၀ပျက်စီးခြောက်ကပ်နေမည်ဖြစ် သော်လည်း၊ စာတန် နှင့်သူ၏တမန်များက
သိမ်းပိုက်နေလိမ့်မည်။ ယင်းကာလအဆုံးတွင် ခရစ်တော်သည် သူ၏ သန့်ရှင်းသူများ၊
သန့်ရှင်းသောမြို့တော်နှင့်တကွ ကောင်းကင်မှ မြေကြီးပေါ်သို့ ဆင်းသက်လာ လိမ့်မည်။
ထိုအခါမဖြောင့်မတ်သော သေလွန်သူတို့သည် ထမြောက်လာပြီး၊ စာတန်နှင့်သူ၏
တမန်များနှင့်အတူ မြို့တော်ကိုဝန်းရံကြလိမ့်မည်။ သို့သော် ဘုရားသခင်ထံမှမီးသည်
သူတို့ကို လောင်ကျွမ်းပြီး၊ ကမ္ဘာမြေကြီးကိုသန့်စင်စေ လိမ့်မည်။ ဤနည်းအားဖြင့်
စကြ၀ဠာသည် အပြစ်နှင့်အပြစ်သားတို့မှထာ၀စဉ် လွတ်ကင်းလိမ့်မည်။ (ယေ ၄း၂၃-၂၆။ ယေဇ
၂၈း၁၈၊၁၉။ မာလ ၄း၁။ ၁ကော ၆း၂၊ ၃။ ဗျာ ၂၀။ ၂၁း၁-၅)။
သမိုင်းတစ်လျှောက်၊ ငရဲ၏ထိတ်လန့်ဖွယ်အကြောင်းကို
အာဝဇ္ဇန်းကောင်းကောင်း ဖြင့် ဟောပြောပြီး၊
လူတို့သည် ဘုရားသခင်ကိုအကြောက်တရားဖြင့်ကိုးကွယ်စေရန် ကြိုးပမ်း ခဲ့ကြသည်။
သို့သော်၊ သူတို့သည် မည်ကဲ့သို့သောဘုရားကိုပုံဖော်နေကြသနည်း။
ဘုရားသခင်သည် အဆုံးတွင်အပြစ်ကိုမည်ကဲ့သို့ရှင်းထုတ်မည်နည်း။
စာတန်သည် မည်သို့ဖြစ်မည်နည်း။ အပြစ်တရားသည် နောက်တစ်ဖန်မပေါ်လာအောင် မည်သည့်အရာ
ကထိန်းထားမည်နည်း။ တရားမျှတသောဘုရားသည် မည်ကဲ့သို့ချစ်တတ် သောဘုရား ဖြစ်နိုင်မည်နည်း။ အနှစ်တစ်ထောင်ကာလနှင့် အပြစ်၏နိဂုံးကို၊
အထူးသဖြင့် ဗျာဒိတ် ကျမ်းတွင်
လေ့လာရသကဲ့သို့၊ ယုံကြည်စိတ်ချရသောအဖြေကိုပေးသည်။
အနှစ်တစ်ထောင်၏အစတွင်ဖြစ်လာမည့်ဖြစ်ရပ်များ
ဗျာဒိတ်ကျမ်း ၂၀ ကပြောသောအနှစ်တစ်ထောင်ကာလအတွင်း၊
စာတန်၏ကမ္ဘာ မြေ အပေါ်
ဩဇာလွှမ်းမိုးမှုသည် ကန့်သတ်ခံရပြီး၊ ခရစ်တော်သည် သူ၏သန့်ရှင်းသူများ နှင့် အတူစိုးစံလိမ့်မည် (ဗျာ ၂ဝး၁-၄)။
ဒုတိယအကြိမ်ကြွလာခြင်း။ ဗျာဒိတ်ကျမ်း ၁၉
နှင့် ၂၀ သည် ဆက်စပ်နေပြီး၊ ဤအခန်းကြီးနှစ်ခုအကြားတွင် ပြတ်တောက်ခြင်းမရှိချေ။
၎င်းတို့သည် ခရစ်တော်၏ ကြွ လာခြင်းကို ဖော်ပြပြီး
(ဗျာ ၁၉း၁၁-၂၁)၊ အနှစ်တစ်ထောင်ကချက်ချင်း ကပ်လိုက် လာသည်။ ၎င်းတို့၏ ဆက်တိုက်ဖြစ်စဉ်က အနှစ်တစ်ထောင်ကာလသည်
ခရစ်တော်ကြွ လာသောအချိန်တွင်
စတင်ကြောင်းညွှန်ပြသည်။
ဒုတိယအကြိမ်မကြွလာမီအချိန်ကလေးတွင် ခရစ်တော်၏ လုပ်ငန်း
နှင့် သူ၏လူ တို့ကို ဆန့်ကျင်ရန်
လူမျိုးတကာတို့ကိုစုရုံးသောအဏာစက်သုံးခုမှာ နဂါး၊ သားရဲနှင့် မိစ္ဆာ
ပုရောဖက်များဖြစ်သည်ဟု ဗျာဒိတ်ကျမ်းကဖော်ပြသည် (ဗျာ ၁၆း၁၃)။ “သားရဲမှစ၍ လောကီရှင် ဘုရင်တို့နှင့်
သူတို့၏ဗိုလ်ခြေများတို့သည် ခရစ်တော်ပြန်ကြွလာချိန်တွင် သူ့ကိုစစ်တိုက်ရန်
စုရုံးသောအခါ၊ သားရဲနှင့်မိစ္ဆာပုရောဖက်တို့သည် ဖျက်ဆီးခြင်းခံရကြ သည် (ဗျာ ၁၉း၁၉၊ ၂၀)။ အနှစ်တစ်ထောင်အကြောင်းပါရှိသော
ဗျာဒိတ်ကျမ်း ၂၀ နောက် တွင် ပါလာသော အရာသည်
နဂါး၏ကံကြမ္မာအကြောင်းနှင့်ဆိုင်သည်။ သူ့ကိုဖမ်းဆီး၍ အနက်ဆုံးသောတွင်း
ထဲသို့ချက်ပစ်လိုက်ကာ၊ ထိုနေရာတွင်အနှစ်တစ်ထောင်နေရသည်။
ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းနှင့်အတူ၊
လောကီနိုင်ငံများသည် ဖျက်ဆီး ခြင်းခံရပြီး၊
ဘုရားသခင်သည် ဘုန်းတော်ထွန်းတောက်သော နိုင်ငံတော်ကိုတည် ထောင် ၍၊
ထာ၀ရတည်လိမ့်မည် (ဒံ ၂း၄၄)။ ထိုအခါ သူ၏လူတို့သည် စတင်စိုးစံကြလိမ့်မည်။
ပထမထမြောက်ခြင်း။ ဒုတိယအကြိမ်ကြွလာချိန်တွင် ပထမထမြောက်ခြင်း ဖြစ်လိမ့်မည်။
ဖြောင့်မတ်သောသူများတည်းဟူသော “မင်္ဂလာရှိသောသူ၊
သန့်ရှင်းသော သူ” တို့သည် ထမြောက်လာ၍၊ “ထိုသူတို့သည်
ဒုတိယသေခြင်း၏လက်နှင့်ကင်းလွတ် လျက်၊ ဘုရားသခင်၏
ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ် ဖြစ်၍၊ အနှစ် တစ်ထောင် ပတ်လုံး ခရစ်တော် နှင့်အတူစိုးစံရကြလိမ့်မည်”
(ဗျာ ၂ဝး၆)။
ဖြောင့်မတ်သောသူတို့သည်ကောင်းကင်သို့တက်သွားကြသည်။
ဖြောင့်မတ်သော သေလွန်သူများထမြောက်ပြီးနောက်၊ သူတို့နှင့်အသက်ရှင်သော
သန့်ရှင်းသူတို့သည် သခင်ဘုရားနှင့်တွေ့ဆုံရန်
မိုးတိမ်ပေါ်သို့ချီဆောင်ခြင်းခံရသည် (၁သက် ၄း၁၇)။ ထိုအခါ ခရစ်တော် သည်
ဤလောကကမ္ဘာမှမထွက်ခွာမီက ကတိတော်ကိုပြည့်စုံစေမည်။
“သင်တို့နေစရာအရပ်ကိုပြင်ဆင်ခြင်းငှာ ငါသွားရ၏။ ငါသည်သွား၍
သင်တို့နေ စရာအရပ်ကိုပြင်ဆင်ပြီးမှ
တစ်ဖန်လာပြန်၍၊ ငါရှိရာအရပ်၌သင်တို့ရှိစေခြင်းငှာ သင်တို့ ကို ငါ့ထံသို့သိမ်းဆည်းမည်” (ယော ၁၄း၂၊ ၃)။
သူ့နောက်လိုက်များအား ခေါ်သွားမည့် နေရာကို ယေရှုက “ငါ့အဘ၏အိမ်”
ဟုဖော်ပြပြီး၊ ထိုနေရာတွင် “နေစရာအခန်းအများ ရှိ၏} (ယော ၁၄း၂)။ ဤနေရာတွင် ခရစ်တော်သည်
အနှစ်တစ်ထောင်မပြည့်မချင်းကြွလာ ဦးမည်မဟုတ်သော
ယေရုရှလင်မြို့သစ်ကိုရည်ညွှန်းသည် (ဗျာ၊ ၂၁း၂)။ ထို့ကြောင့်၊ ဒုတိယအကြိမ်ကြွလာ
သောအချိန်၊ ဖြောင့်မတ်သူများ မိမိတို့သခင်ဘုရားကိုတွေ့ဆုံရန်
ချီဆောင်ခြင်းခံရသောအခါ၊ သူတို့ ၏ခရီးလမ်းဆုံးသည် သူတို့စွန့်ခွာသောဤမြေကြီး
မဟုတ်ဘဲ၊ ကောင်းကင်နိုင်ငံဖြစ်သည်။ ခရစ်တော်သည် ဤအချိန်တွင် ဘုန်းထွန်းသော
နိုင်ငံတော်ကို မြေကြီးပေါ်တွင် မတည်ထောင်ချေ။ အနှစ်တစ်ထောင်အဆုံးမှသာ တည် ထောင်လိမ့်မည်။
ခရစ်တော်၏ရန်သူများအသတ်ခံရသည်။ ခရစ်တော်သည်
သူ၏ပြန်ကြွလာခြင်း ကို ရေလွှမ်းမိုးခြင်း၌
လည်းကောင်း၊ သောဒုံနှင့်ဂေါမောရတို့ ဖျက်ဆီးခြင်း၌ လည်း ကောင်းဖြစ်သော ဖြစ်ရပ်နှင့်နှိုင်းယှဉ်ခဲ့သည် (မ ၂၄း၃၇-၃၉။
လု ၁၇း၂၈-၃၀)။ သူ၏ နှိုင်းယှဉ်မှုတွင် အချက်နှစ်ချက်ရှိသည်။ ပထမအချက်မှာ
ပျက်စီးခြင်းသည် လူဆိုးတို့ကို အငိုက်ဖမ်းပြီး၊ ဒုတိယအချက်မှာ
ထိုသူတို့သည်ဖျက်ဆီးခြင်းခံရကြသည်။ ]ရေလွှမ်းမိုး ခြင်းရောက်သဖြင့်
လူခပ်သိမ်းတို့ကိုသုတ်သင်ပယ်ရှင်းသည်} (မ ၂၄း၃၉)။
သောဒုံမြို့ ပေါ်သို့ ကန့်နှင့်ရောသော မီးမိုးရွာသဖြင့်
]လူအပေါင်းတို့ကိုပယ်ရှင်းသည်} (လု ၁၇း၂၉)။ (မ
၁၃း၃၈-၄၀ ကိုလည်း ဖတ်ပါ။) ဒုတိယအကြိမ်ကြွလာချိန်တွင်၊ ခရစ်တော်သည်
မိမိစစ်တပ်ကြီးနှင့်အတူ မြင်းဖြူကို စီးလျက် ကောင်းကင်မှကြွဆင်းလာ သည်။ သူ၏နာ မတော်သည် “ဘုရင်တကာတို့၏ဘုရင်၊
သခင်တကာတို့၏သခင်” ဖြစ်၍၊ ပုန်ကန်သော လောကီနိုင်ငံများကိုတိုက်ခိုက်လေ၏။ သားရဲ
နှင့်မိစ္ဆာပုရောဖက်ကို ဖျက်ဆီးပြီးနောက်၊ ကျန်နေသေးသော စာတန်၏ နောက်လိုက်များသည်
သေဆုံးကြလိမ့်မည် ဖြစ်၍၊ အသက် ရှင်ကျန်ရစ်သူမရှိ။
အဘယ်ကြောင့်ဆိုသော်၊ “မြင်းစီးတော်မူသောသူ၏
ခံတွင်းတော်ထဲ ကထွက်သောသန်လျက်နှင့်
ကွပ်မျက်ခြင်းကို ခံရကြ၏။ သူတို့၏အသားကို ငှက်အ ပေါင်းတို့သည်၀စွာစားရကြ၏” (ဗျာ ၁၉း၂၁။ ၂သက် ၂း၈)။
ဤမြင်ကွင်းကို သမ္မာကျမ်းစာကဤသို့ဖော်ပြသည်။ “ထာ၀ရဘုရားသည် မြေကြီး သားအပေါင်းတို့ကို
သူတို့ဒုစရိုက်ကြောင့်အပြစ်ပေးလိုသောငှာ၊ မိမိအရပ်ဌာနထဲက ထွက်တော်မူ ၏။ ထိုအခါ
မြေကြီးသည်မိမိ၌ရှိသောအသွေးကိုဖော်ပြရလိမ့်မည်။ မိမိ၌အသေခံ သောသူတို့ ကို
နောက်တစ်ဖန်ဝှက်၍မထားရ” (ဟေရှာ ၂၆း၂၁)။
ကမ္ဘာမြေသည်လူသူကင်းမဲ့နေသည်။ ဖြောင့်မတ်သောသူတို့သည် ထာ၀ရဘုရား နှင့် အတူနေရန် တက်ကြွသွား၍၊ လူဆိုးတို့သည်
ခရစ်တော်ပေါ်ထွန်းချိန်တွင် ဖျက်ဆီး ခြင်းခံရသောကြောင့်၊
ကမ္ဘာမြေသည် အချိန်အတိုင်းအတာတစ်ခုအထိ လူသူကင်းမဲ့နေ သည်။ ထို့သို့သောအခြေအနေကို ယေရမိကဤသို့ဆိုသည်။ “ငါသည် မြေကြီး ကိုကြည့် ရှု၍၊ လွတ်လပ်လဟာဖြစ်၏။ မိုးကောင်းကင်ကိုလည်း
ငါကြည့်ရှု၍အလင်းမရှိ။ တောင် တို့ကိုလည်း
ငါကြည့်ရှု၍၊ သူတို့နှင့်တကွကုန်းရှိသမျှတို့သည် တုန်လှုပ်လျက်နေ ကြ၏။
ငါကြည့်ရှု၍လူမရှိ။ မိုးကောင်းကင်ငှက်အပေါင်းတို့သည် ပြေးကြပြီ” (ယေ ၄း၂၃-၂၅)။ ယေရမိသည် ကမ္ဘာဦးကျမ်း ၁း၂ က “အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာ ဖြစ်၏” ဟူသော အသုံးအနှုန်း ကိုပြန်၍သုံးခြင်းက၊ ကမ္ဘာမြေကြီးသည်
ဖန်ဆင်းစကကဲ့သို့ ပင်ဖရို ဖရဲဖြစ်သော အခြေအနေ ကို
ညွှန်ပြသည်။
စာတန်သည်ချည်နှောင်ခြင်းခံရသည်။ ဤအချိန်တွင် ဖြစ်ပျက်သော ဖြစ်ရပ်များ ကို ဣသရေလတို့၏ တဲတော်လုပ်ငန်း၌ အပြစ်ဖြေရာ နေ့က လွတ်လပ်လဟာ
ဆိတ် သည်
ပုံဆောင်ခဲ့ပြီးဖြစ်သည်။ အပြစ်ဖြေရာနေ့တွင် ယဇ်ပုရောဟိတ်မင်းသည် ထာ၀ရ ဘုရားအဖို့ ဆိတ်၏အပြစ်ဖြေရာအသွေးဖြင့်
သန့်ရှင်းရာဌာနကိုဆေးကြောခဲ့သည်။ ဤ အပြစ်ဖြေခြင်းကို
အလုံးစုံလုပ်ဆောင်ပြီးမှသာလျှင် စာတန်ကိုပုံဆောင်သောအဇာဇယ် ဆိတ်နှင့် ဆိုင်သော လုပ်ငန်း ကိုစတင်ခဲ့သည်။
ထိုဆိတ်၏ဦးခေါင်းပေါ်တွင် မိမိလက်ကို တင်လျက်၊ ယဇ်ပုရော ဟိတ်မင်းက “ဣသရေလအမျိုးသားတို့၏ဒုစရိုက်မှစ၍ ပြစ်မှား သောအပြစ် အမျိုးမျိုး ရှိသမျှ တို့ကို ဖော်ပြ၍၊
ဆိတ်ခေါင်းပေါ်မှာတင်ထားသည် (ဝတ် ၁၆း၂၁)။ ထိုနောက်၊ လူမနေသော အရပ်သို့ဆောင်သွား၍၊
ထိုဆိတ်ကိုတော၌လွှတ်လိုက် ကြသည် (ဝတ် ၁၆း၂၂)။
အလားတူစွာ၊ ကောင်းကင်သန့်ရှင်းရာဌာနတွင် ခရစ်တော်သည်
မိမိလူတို့၏ ပြီးပြည့်စုံ သောကောင်းကျိုးအတွက် အမှုထမ်းလျက်ရှိသည်။
သူပြန်ကြွလာသောအချိန် တွင် သူတို့ကို
ရွေးနုတ်၍၊ ထာ၀ရအသက်ကိုပေးမည်။ သူသည် ဤရွေးနုတ်ခြင်းလုပ် ငန်းနှင့် ကောင်းကင်
သန့်ရှင်းရာဌာနဆေးကြောခြင်းအမှုပြီးဆုံးသောအခါ၊ မိမိလူတို့၏ အပြစ်များကို အပြစ်စတင် ခဲ့သူစာတန်အပေါ်တွင်တင်လိမ့်မည်။
၎င်းသည် စာတန်ကယုံ ကြည်သူ တို့၏အပြစ်များကို
ဖြေလွှတ်သည်ဟု ဘယ်နည်းနှင့်မျှပြော၍မရနိုင်ချေ။ ခရစ် တော်သည် လက်ဝါးကပ်တိုင် ပေါ် တွင်
အပြည့်အဝလုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ သို့သော် စာတန်သည် သူအပြစ်ကျူးလွန်စေ သော
သူတို့၏အပြစ်အားလုံးကို တာဝန်ယူရမည်။ “တော်လျော်သော လူ” သည် ဆိတ်ကို လူ
မနေသော အရပ်သို့ခေါ်ဆောင်သကဲ့သို့၊ ဘုရား သခင်သည် စာတန်ကို
လူသူကင်းမဲ့ နေသော ကမ္ဘာမြေပေါ်သို့ မောင်းထုတ်လိမ့်မည်။
အနှစ်တစ်ထောင်ဆိုင်ရာယောဟန်၏ရူပါရုံသည်
စာတန်အားမောင်းထုတ်ခြင်းကို ကွင်း ကွင်းကွက်ကွက်ပုံဖော်ထားသည်။
အနှစ်တစ်ထောင်၏အစတွင် “ရှေးမြွေဟောင်း၊ မာရ်နတ်
စာတန်တည်းဟူသောနဂါး” ကိုချည်နှောင်၍၊ “အနက်ဆုံးသောတွင်းထဲသို့ချပစ် လှောင်ထား၍ တံဆိပ်ခတ်လေ၏” (ဗျာ ၂ဝး၂၊ ၃)။ ဤအရာသည် စာတန်၏ညှဉ်းဆဲ ခြင်းနှင့် လှည့်ဖြား ခြင်းအလုပ်ရပ်တန့်သွားကြောင်းကို
ပုံဆောင်သည်။ “အနှစ်တစ်ထောင်
မကုန်မီတိုင်အောင်၊ လူအမျိုးမျိုးတို့ကိုမလှည့်ဖြားရ” (ဗျာ ၂ဝး၃)။
အနက်ဆုံးသောတွင်းဟူ၍ ယောဟန်အသုံးပြုသောစကားလုံးသည်
ထိုအချိန်၌ ကမ္ဘာမြေကြီး၏ အခြေအနေကို ဖော်ပြရာတွင် သင့်လျော်သည်။ ခရစ်တော်မကြွလာမီ
အချိန်နှင့် ကပ်လျက်ရှိသော နောက်ဆုံးသောဘေးဒဏ်ခုနစ်ပါးအားဖြင့် ဖွတ်ဖွတ်ကြေ၍၊
လူဆိုးတို့၏ အလောင်းများက လွှမ်းခြုံထားသောကမ္ဘာမြေသည် လုံး၀တိတ်ဆိတ်ခြော က်ကပ်သောမြင်ကွင်း ပင်ဖြစ်တော့သည်။
ဤမြေကြီးပေါ်တွင်ချုပ်နှောင်ခြင်းမှာ၊
စာတန်ကိုအခြေအနေ၏သံကြိုးဖြင့် ချည် နှောင်ခြင်းဖြစ်သည်။
မြေကြီးသည် အသက်ရှင်သောလူသားကင်းမဲ့နေသောကြောင့်၊ စာတန်သည် စုံစမ်းရန် သို့မဟုတ်
ညှဉ်းဆဲရန်မည်သူမျှမရှိတော့ချေ။ သူသည် ဘာမျှ လုပ်စရာမရှိသည် ဖြစ် ရာ
သူ့ကိုချည်နှောင်သည့်အလားပင်ဖြစ်သည်။
အနှစ်တစ်ထောင်အတွင်းဖြစ်ရပ်များ
ခရစ်တော်သည်ရွေးနုတ်ခံသူများနှင့်အတူကောင်းကင်၌ရှိသည်။ ဒုတိယ အကြိမ် ကြွ လာချိန်တွင် ခရစ်တော်သည်
မိမိနောက်လိုက်များကိုကောင်းကင်နိုင်ငံယေရုရှလင်မြို့ ၌ သူပြင်ဆင်ထားသောနေရာသို့ ယူဆောင်သွားမည်။
မောရှေနှင့်ဣသရေလတို့ကဲ့သို့၊ ရွေးနုတ်ခံသူတို့သည် ကျေးဇူးတင်ခြင်းများစွာဖြင့်
ကယ်နုတ်ခြင်းသီချင်းကိုဆိုကြသည်။ “ထိုသူတို့ သည်
ဘုရားသခင်၏ကျွန်မောရှေ၏သီချင်းနှင့် သိုးသငယ်၏သီချင်းကိုသီ၍၊ အနန္တတန်ခိုးနှင့်
ပြည့်စုံတော်မူသော ထာ၀ရအရှင်ဘုရားသခင်၊ ကိုယ်တော်၏အပြုအမူ တို့သည် ကောင်းမြတ်၍၊ အံ့ဩဖွယ်ဖြစ်ကြပါ၏။
လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်
ဓလေ့တို့သည် ဖြောင့်မတ် ဟုတ်မှန်ကြပါ၏”
(ဗျာ ၁၅း၃)။
သန့်ရှင်းသူတို့သည်ခရစ်တော်နှင့်အတူစိုးစံကြသည်။ အနှစ်တစ်ထောင်အတွင်း၊ ခရစ်တော်သည် အောင်မြင်သောသူတို့အား “လူမျိုးတို့ကိုအုပ်စိုးစေခြင်း” အခွင့်ကိုပေး မည်ဟူ
သောကတိတော်ကို ပြည့်စုံစေလိမ့်မည် (ဗျာ ၂း၂၆)။ ခရစ်တော်၏ ရန်သူများ ဖျက်ဆီးခြင်းခံရပြီးနောက်၊ “ကောင်းကင်အောက်၌
နိုင်ငံနှင့်တကွ အာဏာစက် ဘုန်းတန် ခိုးရှိသမျှကို
အမြင့် ဆုံးသောဘုရား၏ သန့်ရှင်းသောအမျိုးသားတို့သည်ရကြ လိမ့်မည်” (ဒံ ၇း၂၇)။ ပထမ ထမြောက်ခြင်းတွင်
ခရစ်တော်ထမြောက်စေသောသူတို့သည် သူနှင့် အတူအနှစ်တစ်ထောင်
စိုးစံကြလိမ့်မည် (ဗျာ ၂ဝး၄)။
သန့်ရှင်းသူတို့သည် ကောင်းကင်၌ရှိ၍၊ လူဆိုးအားလုံးသည်
သေနေလျှင်၊ မည် သည့်
နည်းအားဖြင့်သူတို့သည် စိုးစံနိုင်မည်နည်း။ သူတို့၏စိုးစံမှုသည် ခရစ်တော်၏
အုပ်စိုးခြင်း၏ အရေးကြီးသောအပိုင်းတွင်ပါဝင်လိမ့်မည်။
လူဆိုးများကိုတရားစီရင်ခြင်း။ အနှစ်တစ်ထောင်အတွင်း၊ သန့်ရှင်းသူတို့သည် တ ရားစီရင်ခြင်းတွင်ပါဝင်ကြမည်ဖြစ်ကြောင်း ယောဟန်မြင်ခဲ့သည်။ “ပလ္လင်များကို လည်း ငါမြင်၏။
ပလ္လင်ပေါ်မှာထိုင်သောသူတို့သည် တရားစီရင်ရသောအခွင့်ကိုရကြ၏” (ဗျာ ၂ဝး၄)။ ဤ အရာသည် ပေတရုရှင်းလင်းသောစာတန်နှင့်သူ၏
တမန်များကို တရားစီရင် ခြင်းဖြစ်သည် (၂ပေ ၂း၄။
ယုဒ ၆)။ ပေါလုက လောကီနိုင်ငံများနှင့် ကောင်းကင် တမန် များကိုပင် တရားစီရင် ရမည် (၁ကော ၆း၂၊ ၃)
ဟူ၍ပြောသောအချိန်သည် ဤအချိန် တွင် ဖြစ်လာလိမ့်မည်။
အနှစ်တစ်ထောင်တရားစီရင်ခြင်းသည် ကယ်တင်ခြင်းခံရမည့်သူနှင့်
ပျောက်ဆုံး မည့်
သူတို့ကိုဆုံးဖြတ်မည်မဟုတ်ချေ။ ဘုရားသခင်သည် ထိုဆုံးဖြတ်ချက်ကို ဒုတိယ
အကြိမ်မကြွလာမီကဆုံးဖြတ်ခဲ့ပြီးဖြစ်၍၊ ထမြောက်ခြင်းနှင့်ပြောင်းလဲခြင်းမရှိသော
သူအားလုံးသည် ထာ၀ရပျောက်ဆုံးသောသူများဖြစ်ကြသည်။ ဖြောင့်မတ်သူများပါဝင် သော တရားစီရင်ခြင်း သည်
လူဆိုးများပျောက်ဆုံးရခြင်းအကြောင်းရင်းကို သိလိုသော ဖြောင့်မတ်သူတို့၏
မေးခွန်းများကို အဖြေပေးလိမ့်မည်။ မိမိကထာ၀ရအသက်ကို ပေး သော သူတို့သည် မိမိ၏
ခေါင်းဆောင်မှုကို အပြည်အဝယုံကြည်စိတ်ချရန် ဘုရားသခင် အလိုရှိသည်။ ထို့ကြောင့်၊
သူ၏ သနားခြင်းကရုဏာနှင့် တရားမျှတခြင်း၏လုပ်ဆောင်ပုံ ကို သူတို့အားဖော်ပြလိမ့်မည်။
သင်သည် ကောင်းကင်ဘုံသို့ရောက်ရှိနေပြီး၊
အမှန်တကယ်ရောက်ရှိနေမည်ဟု သင်မျှော်လင့်ထားသည့် သင်ချစ်ခင်မြတ်နိုးရသူ တစ်ယောက်အား
သင်မတွေ့ရသည်ကို မြင်ယောင်ကြည့်ပါ။ ထိုသို့သော ကိစ္စမျိုးတွင် ဘုရားသခင်၏
တရားမျှတမှုနှင့်ပတ်သက် ပြီး၊
မေးခွန်းထုတ်စရာရှိပေမည်။ ထိုကဲ့သို့သောသံသယမျိုးသည် အပြစ်၏အခြေအနေ ကြောင့်
သာဖြစ်သည်။ ထိုကဲ့သို့သောသံသယမျိုးအတွက် အခြေအနေကိုထာ၀ရနိဂုံးချုပ် ရန်နှင့်
ဘယ်ခါမျှအပြစ်တရားပြန်၍မဖြစ်ပေါ်လာတော့စေရန် ဘုရားသခင်သည် အနှစ် (၁ç၀၀၀) တရားစီရင်ခြင်း၏ပြန်လည်သုံးသပ်အဆင့်တွင်
ဤမေးခွန်းများကိုအဖြေပေး လိမ့်မည်။
ဤတရားစီရင်ခြင်းတွင်၊ ရွေးနုတ်ခံသူတို့သည်
အကောင်းနှင့်အဆိုးအကြား မဟာ တိုက် လှန်မှုတွင်
အရေးကြီးသောကဏ္ဍကိုဝင်ရောက်ဖြည့်ကြရသည်။ ]ဘုရားသခင်သည် ပျောက်
ဆုံးသောအပြစ်သားတို့ကို အဘယ်မျှလေးလေးနက်နက်နှင့်စိတ်ရှည်စွာ ဂရုစိုက် ကြောင်းကို သူတို့သည်သိရ၍ အမြဲကျေနပ်နေကြလိမ့်မည်။
အပြစ်သားများသည် ကိုယ် တော်၏ မေတ္တာ
ကိုအလေးမထား၊ ခေါင်းမာစွာဖြင့်ပစ်ပယ်၊ ငြင်းဆန်ခဲ့ကြသည်ကို သူတို့ သဘောပေါက် မိကြလိမ့်မည်။ အမြင်အားဖြင့် သိမ်မွေ့သော
အပြစ်သားများသည် သူတို့၏ အရှင်သခင်နှင့် ကယ်တင်ရှင်၏ အဖိုးကြီးသော နည်းစနစ်ကို
လက်ခံမည့်အစား၊ အကျည်းတန်သော တစ်ကိုယ်ကောင်းဆန်ခြင်းကို တိတ်တဆိတ်ချစ်ခင်မြတ်နိုး
ကြောင်း ကို သူတို့တွေ့ရှိလာကြ
မည်။” C.M.maxwell, God Cafres, Vol. 2, p. 5.
စာတန်အတွက်ပြန်စဉ်းစားရမည့်အချိန်။ အနှစ်တစ်ထောင်အတွင်း စာတန်သည် ပြင်း ထန်စွာခံစားရလိမ့်မည်။
သူ၏တမန်များနှင့်အတူ ခြောက်ကပ်နေသော မြေကြီး ပေါ်တွင် ကန့် သတ်ထားခြင်းခံရသည်ဖြစ်ရာ၊
တစ်ချိန်လုံးပြုလုပ်သောလှည့်ဖြားခြင်းကို ဆက်လက်ပြုနိုင် တော့မည်မဟုတ်ချေ။ သူသည်
ဘုရားသခင်နှင့်သူ၏ပညတ်တော်ကို ပုန်ကန်ခြင်း၏ ရလဒ်များကိုသုံးသပ်ရန်
အတင်းအကျပ်ပြုခံရသည်။ အကောင်းနှင့် အဆိုးအကြား
မဟာတိုက်လှန် ပွဲ၌ သူ၏လုပ်ဆောင်မှုများကိုဆင်ခြင်စဉ်းစားရမည်။ သူ၌ တာဝန်ရှိသော
မကောင်းမှုအားလုံး ကြောင့် သူခံစားရမည့်ကြောက်မက်ဖွယ်အပြစ်ဒဏ် အတွက် သူသည်ကြောက်ရွံ့ခြင်းနှင့်
အနာဂတ် ကိုမျှော်ကိုးနေသည်။
အနှစ်တစ်ထောင်အဆုံးတွင်ဖြစ်လာမည့်ဖြစ်ရပ်များ
အနှစ်တစ်ထောင်အဆုံးတွင် “ကြွင်းသောလူသေ” များဖြစ်သော လူဆိုးတို့သည် ထမြောက်လာကြမည်ဖြစ်ပြီး၊
ထိုသို့ဖြင့်စာတန်ကို အကျဉ်းကျစေသောမလှုပ်ရှားနိုင်ခြင်း မှ လွတ်မြောက်လိမ့်မည် (ဗျာ ၂ဝး၅၊ ၇)။ တစ်ဖန်လူဆိုးများကို
လှည့်ဖြားရင်း၊ သူသည် “သန့်ရှင်းသူတို့၏တပ်ကိုလည်းကောင်း၊
ချစ်ဖွယ်သောမြို့တော် [ယေရုရှလင်မြို့]” ကို လည်းကောင်း
တိုက်ရန်သူတို့ကိုဦးဆောင်သည် (ဗျာ ၂ဝး၉)။ ထိုမြို့တော်သည် ခရစ် တော်နှင့်အတူ ဤ အချိန်တွင်ကောင်းကင်မှဆင်းသက်လာသည်။
ခရစ်တော်၊ သန့်ရှင်းသူများနှင့် မြို့တော်ဆင်းသက်လာသည်။
ခရစ်တော်သည် သန့် ရှင်း
သူများနှင့်မြို့တော်နှင့်အတူ ရည်ရွယ်ချက်နှစ်ခုအတွက် တစ်ဖန်မြေကြီးပေါ်သို့ ဆင်း ကြွလာသည်။ သူသည်
အနှစ်တစ်ထောင်တရားစီရင်ခြင်း၏ဆုံးဖြတ်ချက်ကို အကောင် အထည်ဖော် ခြင်းအားဖြင့်
မဟာတိုက်လှန်ပွဲကြီးကိုချုပ်ငြိမ်းစေမည်။ ထို့နောက် သူသည် ကမ္ဘာမြေကြီးကို
သန့်စင်ပြီး အသစ်ပြုပြင်၍၊ ၎င်းအပေါ်တွင် သူ၏ထာ၀ရ နိုင်ငံတော် ကိုတည်ထောင်လိမ့်မည်။ ထိုအခါ “ထာ၀ရဘုရားသည် တစ်ပြည်လုံးတွင် ရှင်ဘုရင်ဖြစ် တော်မူမည်” (ဇာ ၁၄း၉)။
လူဆိုးများထမြောက်ခြင်း။ “သချုØင်းမှာရှိသောသူအပေါင်းတို့သည် သားတော်၏ စကား သံကိုကြားရမည်”
(ယော ၅း၂၈) ဟူသောခရစ်တော်၏ ကတိတော် ပြည့်စုံရသော
အချိန်သည် ယခုရောက်ရှိလာသည်။ ဒုတိယအကြိမ်ကြွလာချိန်က၊ ခရစ်တော်သည် သေ လွန်သော ဖြောင့်မတ်သောသူတို့ကို ပထမထမြောက်ခြင်းတည်းဟူသော “အသက်ရှင်ရာ ထမြောက်ခြင်း” ၌
ထမြောက်စေခဲ့သည်။ ယေရှုမိန့်ဆိုသော အခြားထမြောက်ခြင်းဖြစ် သည့် “အပြစ်
စီရင်ရာထမြောက်ခြင်း” သည် ယခုဖြစ်လာလိမ့်မည်
(ယော ၅း၂၉)။ ဗျာဒိတ် ကျမ်းသည် လည်း
ဤထမြောက်ခြင်းကို ရည်ညွှန်းပြောဆိုသည်။ “ကြွင်းသောလူသေ [ပထမထမြောက်ခြင်း၌ မထမြောက်သောသူ” တို့သည် ထိုအနှစ်တစ်ထောင်မကုန်မီ အသက် မရှင်ရကြ”
(ဗျာ ၂ဝး၅)။
စာတန်ကိုချုပ်နှောင်ခြင်းပြီးဆုံးသည်။ အနှစ်တစ်ထောင် အဆုံးတွင် လူဆိုးများ ထမြောက် လာခြင်းသည်
စာတန်ကိုချုပ်နှောင်ခြင်းမှ “တစ်ဖန်ခဏလွှတ်ရဦးမည်”
(ဗျာ ၂ဝး၃)။
ဘုရားသခင်၏အုပ်ချုပ်မှုကိုစိန်ခေါ်ရန် နောက်ဆုံးကြိုးပမ်းမှုအဖြစ် “လူ အမျိုးမျိုး တို့ကို
လှည့်ဖြားအံ့သောငှာလည်းကောင်း၊ စစ်တိုက်ဖို့ စည်းဝေးစေခြင်းငှာ လည်းကောင်း
တက်လိမ့်မည်” (ဗျာ ၂ဝး၈)။ လူဆိုးတို့သည်
သူတို့သေချိန်ကရှိသောပုန်ကန် သည့်စိတ် ထားဖြင့်
ထမြောက်လာကြသည်ဖြစ်၍၊ သူ၏အလုပ်သည် ခက်ခဲလိမ့်မည် မဟုတ်ချေ။
မြို့တော်ကိုတိုက်ခိုက်ခြင်း။ သူ၏နောက်ဆုံးလှည့်ဖြားမှုတွင်၊ စာတန်သည် ဘုရား သခင်၏ နိုင်ငံတော်ကို အကြမ်းဖက်မှုဖြင့်
သိမ်းယူရန်မျှော်လင့်ချက်ဖြင့် လူဆိုးများကို လှုံ့ဆော်ရန် ကြိုးပမ်းသည်။
မြေကြီးလေးမျက်နှာမှ လူအမျိုးမျိုးတို့ကိုစုရုံး၍၊ ချစ်ဖွယ် မြို့တော်ကိုတိုက်ရန်
ဦးဆောင်သည် (ဗျာ ၂ဝး၈၊ ၉)။ “ခရစ်တော်၏
ယဇ်ပူဇော်ရာအပြစ် ဖြေခြင်း၏ ကောင်းကျိုး များအားဖြင့်
ဘုရားသခင်၏မြို့တော်ထဲသို့ဝင်ရန် ခေါင်းမာမာ ဖြင့် ငြင်းဆန်သော လူဆိုးတို့သည် ယခုတွင်မူ
ဝန်းရံတိုက်ခိုက်ခြင်းအားဖြင့် ဝင်ခွင့်ရရန် နှင့် ထိန်းချုပ်ရန် စိတ်ပိုင်းဖြတ်ကြသည်။”
ဘုရားသခင်သည် သူတို့အားအသက်ကို
ပြန်၍ပေးလျှင်ပေးချင်းလူဆိုးတို့သည် သူ့ကို ဆန့်ကျင်၍ သူ၏နိုင်ငံတော်ကိုဖြုတ်ချရန်
ကြိုးပမ်းသည့်အချက်သည် သူတို့၏ ကံကြမ္မာ အတွက် ဘုရားသခင်၏ဆုံးဖြတ်ချက်ကို
အတည်ပြုပေးသည်။ စာတန်သည် အသရေဖျက်ရန် ကြိုးစားသော ကိုယ်တော်၏နာမနှင့်ဂုဏ်တော်သည်
ဤနည်းအားဖြင့် လူအားလုံး၏ရှေ့တွင် အပြည့်အဝသက်သေထူလိမ့်မည်။
ဖြူသောပလ္လင်ကြီးပေါ်မှတရားစီရင်ခြင်း။ ဘုရားသခင်၏ရန်သူတို့သည် မြို့တော် ကိုဝိုင်း၍၊ တိုက်ခိုက်ရန်အဆင်သင့်ရှိနေချိန်တွင်၊
ဘုရားသခင်သည် သူ၏ ဖြူသောပလ္လင် ကြီးကို
တည်လိုက်သည်။ လူသားမျိုးနွယ်အားလုံးသည် ဤပလ္လင်ပတ်ပတ်လည်တွင် စုရုံးကြသည်။ လူအချို့တို့သည်
မြို့ထဲတွင်လုံခြုံလျက်ရှိပြီး၊ မြို့ပြင်၌ ရှိသောသူတို့သည်
ဘုရားသခင်လုပ်ဆောင်မည့် တရားစီရင်ခြင်း၏ နောက်ဆုံးအဆင့်ကို ကြောက်ရွံ့လျက်
တရားသူကြီး၏ ရှေ့တော်မှောက်တွင်ရှိနေကြသည်။ ဤအချိန်တွင် ခရစ်တော်ပြောခဲ့ သောစကားပြည့်စုံလိမ့်မည်။ “ထိုအခါ၊ အာဗြဟံ၊
ဣဇာက်၊ ယာကုပ် မှစသော ပုရောဖက် အပေါင်းတို့သည်
ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ဝင်၍ သင်တို့သည် ပြင်သို့နှင်ထုတ်ခြင်း ကိုခံရသောအခါ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိလတ္တံ့”
(လု ၁၃း၂၈)။
တရားစီရင်ခြင်း၏ ဤစီရင်ခြင်းအဆင့်လုပ်ဆောင်ရာတွင်၊
ဘုရားသခင်၏ မှတ်တမ်း စာစောင်များကိုဖွင့်ထားလိမ့်မည်။ “စာစောင်များကိုဖွင့်ထား၏။ အသက်စာ စောင်တည်းဟူသော အခြားတစ်ပါးသောစာစောင်ကိုလည်းဖွင့်လေ၏။
သေလွန်သော သူတို့သည်
မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏” (ဗျာ ၂ဝး၁၂)။
ထိုနောက်ဘုရားသခင်သည် သေဒဏ်စီရင်ချက်ကိုကြေ ညာလေ သည်။
ဘုရားသခင်သည် ဤသူတို့ကိုအဆုံးစီရင်ရန်အတွက်သာ အဘယ်ကြောင့်ထ မြောက်စေသနည်း။
အနှစ်တစ်ထောင်အတွင်း ရွေးနုတ်ခံသူတို့သည် ဘုရားသခင်၏ စကြ ၀ဠာတွင်ရှိသော အသိဉာဏ်ရှိသည့်သတ္တဝါအားလုံးအပေါ်
တရားသဖြင့်ဆက်ဆံခြင်းကို စစ်ဆေးရသောအခွင့်ထူးကို ရရှိခဲ့ကြသည်။ ယခုတွင် စာတန်နှင့်သူ၏တမန်များအပါ အဝင် ပျောက်ဆုံးသော သူတို့သည်
ဘုရားသခင်၏တရားသောနည်းလမ်းများကို အတည် ပြုကြလိမ့်မည်။
ဤဖြူသောပလ္လင်ကြီးတရားစီရင်ခြင်းတွင်၊ ပေါလု၏ “ငါတို့ရှိသမျှသည် ခရစ် တော်၏ တရားပလ္လင်တော်ရှေ့သို့ရောက်ရကြမည်” (ရော ၁၄း၁၀) ဟူသော စကားသည် ပြည့်စုံလိမ့်မည်။ ထိုနေရာတွင်
ကယ်တင်ခံသူများနှင့် ပျောက်ဆုံးသူများအပါ အဝင်၊ သတ္တဝါအားလုံး သည်ဒူးထောက်၍၊
ယေရှုခရစ်သည် သခင်ဖြစ်သည်ဟုဝန်ခံကြလိမ့်မည် (ဖိ ၂း၁၀၊ ၁၁)။ ထိုအခါ
ဘုရားသခင်၏တရားမျှတခြင်းအပေါ် မေးခွန်းကိုအမြဲ ဖြေရှင်းပြီး ဖြစ်လိမ့်မည်။ ထာ၀ရအသက်ကိုရရှိသောသူတို့သည်
ကိုယ်တော်ကိုမယိမ်းမယိုင် ယုံကြ ည်ကြလိမ့်မည်။
အပြစ်သည် စကြ၀ဠာကိုဘယ်ခါမျှရုပ်ပျက်စေတော့မည်မဟုတ်၊ ၎င်း အပေါ်နေထိုင်သော
သူတို့ကိုလည်း ကသောင်းကနင်းပျက်စီးစေမည်မဟုတ်တော့ ချေ။
စာတန်နှင့်အပြစ်သားများဖျက်ဆီးခြင်းခံရသည်။ သူတို့ကိုတရားစီရင်ပြီး သည် နှင့်ချက်ချင်း၊ စာတန်၊ သူ၏တမန်များနှင့်
သူ၏လူသားနောက်လိုက်များသည် သူတို့၏ အပြစ်ဒဏ်ကို
ရရှိကြသည်။ သူတို့သည် ထာ၀ရသေကြရမည်ဖြစ်သည်။ “ဘုရားသခင့် အထံတော်၊ ကောင်း ကင်မှမီးကျ၍၊ ကယ်တင်ခြင်း
မခံရသောသူအားလုံးကို မျိုလေ၏” (ဗျာ ၂ဝး၉)။ မြို့တော်၏ အပြင်ဘက်မြေမျက်နှာပြင်သည်
အရည်ပျော်နေပုံရပြီး၊ “တရား ဆုံးဖြတ်၍၊ အဓမ္မလူတို့ကို..... မီးရှို့ခြင်းအဖို့”
(၂ပေ ၃း၇)၊ ကျယ်ပြန့်သော မီးအိုင်ကြီး ဖြစ်လာသည်။ မိမိရန်သူတို့ကို ဖျက်ဆီးသော “ထူးခြားသောအမှု” (ဟေရှာ ၂၈း၂၁)၊
ဆောင်ရွက်မည့် “ထာ၀ရဘုရား
ဒဏ်ခတ်တော်မူရာနေ့” (ဟေရှာ ၃၄း၈) သည်
ရောက်ရှိလာသည်။ ယောဟန်က “အသက်စာစောင်၌
စာရင်းမဝင်သော သူရှိသမျှတို့ကို လည်း
မီးအိုင်ထဲသို့ချပစ်လေ၏” (ဗျာ ၂ဝး၁၅)
ဟုဆိုသည်။ နတ်ဆိုးနှင့်သူ၏ အပေါင်း အပါတို့သည်လည်း ဤကံကြမ္မာကိုခံစားရကြသည် (ဗျာ ၂ဝး၁၀)။
လူဆိုးများခံစားရသောဤ “ဒုတိယသေခြင်း”
(ဗျာ ၂၁း၈) သည် သူတို့၏ အလုံးစုံ
ပျက်စီးကြောင်းကိုဆိုလိုကြောင်း သမ္မာကျမ်းစာကရှင်းလင်းစွာဖော်ပြသည်။ ထိုသို့ဆို သော်၊ အစဉ်အမြဲလောင်ကျွမ်းနေသော ငရဲမီးအယူအဆသည် အဘယ်နည်း။
သမ္မာကျမ်း စာသည် ထိုသို့
သောအစဉ်လောင်သောငရဲမီး သို့မဟုတ် အဆက်မပြတ် နှိပ်စက်ခြင်းမျိုး ကိုမသွန်သင်ချေ။
၁။ ငရဲ။ ကျမ်းစာအရ၊
ငရဲသည် “ဘုရားသခင်နှင့်ခရစ်တော်၌ပေးသော
ကယ်တင် ခြင်း
ကိုငြင်းပယ်သောသူတို့အား ထာ၀ရမီးအားဖြင့်အပြစ်ဒဏ်ပေးခြင်းနှင့် ဖျက်ဆီး သည့်နေရာ သို့မဟုတ် အခြေအနေကိုဆိုလိုပြီး၊ ၎င်းသည်
ဒုတိယသေခြင်း ဖြစ်သည်။}
သမ္မာကျမ်းစာတွင်၊ မကြာခဏ “ငရဲ” ဟူသောစကားလုံးသည် ဟေဗြဲစကားလုံး “ရှယ်အောလ်” (sheol) နှင့်
ဂရိစကားလုံး “ဟာဒက်စ်” (hades) တို့မှဘာသာပြန်ခြင်း ဖြစ် သည်။ ယေဘုယျအားဖြင့်၊
ဤအခေါ်အဝေါ်များသည် အသိတရားမရှိသော အဖြစ်၌ ထမြောက်ခြင်းကို စောင့်နေသည့်
သေလွန်သောဖြောင့်မတ်သူများနှင့် လူဆိုးများ ရှိနေရာ သချုØင်း ကိုရည်ညွှန်းသည်။ ယနေ့ငရဲအကြောင်းယူဆချက်သည် ဤ
ဟေဗြဲနှင့်ဂရိ ဝေါဟာရ များများက ဆိုလိုသောအရာနှင့် အလွန်ကွာခြားသောကြောင့်၊
ခေတ်သစ် ဘာသာပြန် ကျမ်းစာတွင်၊ “ငရဲ” ဟူသောစကားလုံးကိုရှောင်ပြီး၊ ဟေဗြဲစကားလုံး “ရှယ်အောလ်” (sheol) နှင့်
ဂရိစကားလုံး “ဟာဒက်စ်” (hades) တို့ကိုတိုက်ရိုက်အသုံးပြု ထားသည်။
အခြားတစ်ဖက်တွင် “ငရဲ” ဟူ၍ဘာသာပြန်သောဂရိစကားလုံး “ဂီးနား”
(geenna)
သည် နောင်တမရသောသူတို့ကို
မီးဖြင့်အပြစ်ပေးသောနေရာဟုဆိုလိုသည်။ ထို့ကြောင့်၊ သမ္မာကျမ်းစာတွင် “ငရဲ” သည်
အမြဲတမ်းအဓိပ္ပါယ်တစ်မျိုးတည်းမရှိချေ။ ဤခြားနားချက်ကို ဂရုမပြုခြင်းသည်
မကြာခဏကြီးမားသောရှုပ်ထွေးမှုကိုဖြစ်စေသည်။
“ဂီးနား”
(geenna) ဟူသော
စကားလုံးသည် ယေရုရှလင်မြို့၏ တောင်ဘက်ရှိ၊
“ဟိန္နုံချိုင့်” တည်းဟူသော
ဟေဗြဲစကားလုံး “ဂီဟီနွမ်း” (Ge Hinnem) မှလာသည်။ ဤ
နေရာ တွင် ဣသရေလတို့သည်
တစ်ပါးအမျိုးသားတို့ထုံးစံအတိုင်း မောလုတ် ဘုရားအား သားသမီးများကိုပူဇော်ကြသည်
(၆ရာ ၂၈း၃။ ၃၃း၆။ ၄ရာ ၂၃း၁၀)။ ဤအပြစ်ကြောင့် ဘုရားသခင်သည် ဟိန္နုံချိုင့်ကို “ကွပ်မျက်ရာချိုင့်”
ဖြစ်စေပြီး၊ ဣသရေလတို့၏
အလောင်းများကို မြုပ်စရာနေရာမရှိအောင်ပင်များပြားလိမ့်မည်ဟု ယေရမိကြိုတင် ဟောခဲ့သည် (ယေ ၇း၃၂၊ ၃၃။ ၁၉း၆။ ဟေရှာ ၃ဝး၃၃)။ ယေရမိ၏
အနာဂတ္တိစကားသည် “ဂီဟီနွမ်း” (Ge Hinnom) ကိုဆိုးသောသူတို့အား တရားစီရင် သောနေရာ၊ ရွံ့ရှာဖွယ်နေရာ၊
အပြစ်ပေးခြင်း နေရာ၊ ရှက်ရွံ့ခြင်းနေရာအဖြစ် ဣသရေလ လူတို့ကို ဧကန်ရှုမြင်စေခဲ့ သည်။ နောက်ပိုင်းတွင် ယုဒဘာသာရေးခေါင်းဆောင်တို့၏
ထုံးတမ်းအရ ဤနေရာသည် အလောင်းများနှင့် အမှိုက် များမီးရှို့ရာနေရာအဖြစ် မှတ်ယူ
ကြသည်။
ယေရှုသည် “ဟီနွမ်း” (Hinnom) မီးကို ငရဲမီးကဲ့သို့တင်စားအသုံးပြုသည် (မ ၅း၂၂။ ၁၈း၉)။
ထို့ကြောင့် ဟီနွမ်းမီးသည် နောက်ဆုံးတရားစီရင်ခြင်း၏ လောင်ကျွမ်းသော မီးကို
ပုံဆောင်သည်။ ၎င်းသည် သေဆုံးပြီးနောက် ကြုံတွေ့ရမည့်အရာ ဖြစ်ကြောင်း (လု ၁၂း၅)
နှင့် ထိုငရဲသည် ကိုယ်ခန္ဓာနှင့်ဝိညာဉ်ကိုဖျက်ဆီးလိမ့်မည် (မ ၁ဝး၂၈) ဖြစ်ကြောင်း
ယေရှု ဖော်ပြ ခဲ့သည်။
ငရဲမီး၏သဘောသဘာ၀သည် အဘယ်နည်း။ ငရဲ၌ရှိသောလူတို့သည် အမြဲ
လောင်နေ ကြပါသလား။
၂။ လူဆိုးတို့၏ကံကြမ္မာ။ သမ္မာကျမ်းစာအရ၊ ဘုရားသခင်သည် ဖြောင့်မတ်သော သူတို့ ကိုသာ
ထာ၀ရအသက်ကိုကတိပေးသည်။ အပြစ်၏အခကား သေခြင်းဖြစ်၍၊ ငရဲ၌ ထာ၀ရ အသက်ရှင်ခြင်းမဟုတ်ပါ
(ရော ၆း၂၃)။
သမ္မာကျမ်းစာက လူဆိုးများသည်ပယ်ရှင်းခြင်းကိုခံရ၍ (ဆာ ၃၇း၉၊
၃၄)၊ ပျက်စီး ခြင်းသို့ ရောက်ရကြမည်
(ဆာ ၃၇း၂၀။ ၆၈း၂)။ သူတို့သည် အသိတရား ရှိသော အခြေအနေ၌ အမြဲ အသက်ရှင်နေကြမည်မဟုတ်ဘဲ၊ မီးလောင်ပြာကျသွားကြ
လိမ့်မည် (မာလ ၄း၁။ မ ၁၃း၃၀၊ ၄၀။ ၂ပေ ၃း၁၀)။ သူတို့သည် ဖျက်ဆီးခြင်း ကိုခံ၍ (ဆာ
၁၄၅း၂၀။ ၂သက် ၁း၉။ ဟေဗြဲ ၂း၁၄)၊ လောင်မြိုက်သွားကြလိမ့်မည် (ဆာ ၁၀၄း၃၅)။
၃။ ထာ၀ရအပြစ်ဒဏ်။ လူဆိုးတို့၏ပြစ်ဒဏ်ကိုပြောဆိုရာတွင်၊ ဓမ္မသစ်ကျမ်း သည် “အစဉ်မပြတ်” နှင့် “ထာ၀ရ” ဟူသောစကားလုံးများကိုအသုံးပြုသည်။ ဤ စကားလုံးများကို “အိုင်အိုနီးအော်စ်” (aionios) ဟူသောဂရိစကားလုံးမှဘာသာပြန်ဆို ခြင်း ဖြစ်ပြီး၊ ၎င်းတို့ကို ဘုရားသခင်နှင့်လည်းကောင်း၊
လူသားနှင့်လည်းကောင်း တွဲသုံးသည်။ အဓိပ္ပါယ်ကောက် လွဲမှားခြင်းကိုရှောင်ရှားရန်၊
အိုင်အိုနီးအော်စ် (aionios) သည်
သက်ဆိုင်မှုရှိသော ဝေါဟာရ ဖြစ်ကြောင်းကို သတိရရမည်။ ၎င်း၏အဓိပ္ပါယ်ကို ၎င်း အထူးပြုသော အရာအားဖြင့် ချမှတ်သည်။ သမ္မာကျမ်းစာသည်
အိုင်အိုနီးအော်စ် (“အစဉ် အဆက်” ”ထာ၀ရ”) ကို ဘုရားသခင်
နှင့်တွဲသုံးလျှင်၊ ဘုရားသခင်သည် မရဏာ နှင့်ကင်း လွတ်သောသူဖြစ်သောကြောင့် သူ၏ အစဉ်
အဆက်တည်ရှိနေခြင်းကိုဆိုလိုသည်။ သို့ သော်
၎င်းစကားလုံးကို လူသား သို့မဟုတ် ပျက်စီးတတ်သောအရာများနှင့် အသုံးပြုသော အခါ၊ လူအသက်ရှင်နေသရွေ့၊ သို့မဟုတ်
၎င်းပစ္စည်းရှိနေသရွေ့အချိန်ကာလကို ဆိုလို သည်။ ဥပမာ၊ ယုဒ
(၇) တွင် သောဒုံမြို့ နှင့် ဂေါမောရမြို့တို့ကို “ထာ၀ရမီးနှင့်
လောင်ကျွမ်း ခြင်းဒဏ်ကိုခံရသည်”
ဟုဆိုသည်။ သို့သော်၊ ထိုမြို့များသည် ယနေ့အထိ
မလောင် ကျွမ်းတော့ပါ။ ထိုမီးသည်
ထိုမြို့နှစ်မြို့တို့ကို ဖျက်ဆီးပြီး ပြာပုံဖြစ်စေခဲ့သည်ဟု ပေတရု ဆိုသည် (၂ပေ ၂း၆)။ “ထာ၀ရ” မီးသည် လောင်ကျွမ်းစရာ မရှိ တော့သည့် တိုင်အောင်
လောင်ကျွမ်းပြီးနောက်ငြိမ်းသွားသည် (ယေ ၁၇း၂၇။ ၆ရာ ၃၆း၁၉)။
အလားတူစွာ၊ ခရစ်တော်သည် လူဆိုးများကို “ထာ၀ရမီး” ထဲသို့ချမည့်
အကြောင်း ကို မိန့်ဆိုရာတွင် (မ
၂၅း၄၁)၊ လူဆိုးများကိုလောင်ကျွမ်းသောထိုမီး သည် “မငြိမ်းနိုင် သောမီး” ဖြစ်လိမ့်မည် (မ
၃း၁၂)။ လောင်ကျွမ်းစရာမရှိတော့သည့် အခါမှသာလျှင် ၎င်းမီးသည် ငြိမ်း သွား လိမ့်မည်။
ခရစ်တော်သည် “ထာ၀ရအပြစ်ဒဏ်” (မ ၂၅း၄၆)
ဟုပြောသောအခါ၊ ထာ၀ရ အပြစ်ပေးနေခြင်းကိုမဆိုလိုပါ။ ဖြောင့်မတ်သူများခံစားရမည့်
ထာ၀ရအသက်သည် အ ဆုံးမရှိ ကာလတစ်လျှောက်
ဆက်လက်ရှိနေမည်ဖြစ်သည်။ လူဆိုးများခံစားရမည့် အပြစ် ဒဏ်လည်း ထာ၀ရတည်လိမ့်မည်။ သို့သော်၊ အသိတရားရှိလျက်ပင်
ထာ၀ရကာလပတ် လုံး ခံစားခြင်း မဟုတ်ဘဲ၊
အပြစ်ဒဏ်သည် နောက်ဆုံးပြည့်စုံ သွားခြင်းကိုဆိုလိုသည်။ ထိုသို့ခံစားသော
သူတို့၏အဆုံးသည် ဒုတိယသေခြင်းဖြစ်သည်။ ဤသေခြင်းသည် ထာ၀ရကာလတည်၍၊ မည်သည့်ထမြောက်ခြင်းမျှရှိတော့မည်မဟုတ်
ချေ။
သမ္မာကျမ်းစာသည် “ထာ၀ရရွေးနုတ်ခြင်း”
(ဟေဗြဲ ၉း၁၂) နှင့် “ထာ၀ရစီရင် ဆုံးဖြတ်ခြင်း” (ဟေဗြဲ ၆း၂) အကြောင်းကို ပြောဆိုသောအခါ၊ ရွေးနုတ်ခြင်းနှင့်
တရားစီ ရင်ခြင်းတို့၏
မဆုံးနိုင်သော ဖြစ်စဉ်ကို ရည်ညွှန်းခြင်း မဟုတ်ဘဲ၊ ရွေးနုတ်ခြင်းနှင့် တရား စီရင်ခြင်းတို့၏ ထာ၀ရ ရလဒ်များကိုသာဆိုလိုခြင်းဖြစ်သည်။
ထိုနည်းတူ၊ ထာ၀ရအပြစ် ဒဏ်ကိုပြောဆိုရာ တွင်၊ ရလဒ်ကိုသာပြောဆိုခြင်းဖြစ်ပြီး၊
ထိုအပြစ်ဒဏ်၏ဖြစ်စဉ်ကို ဆိုလိုခြင်းမဟုတ်ချေ။ လူဆိုးများ၏သေခြင်းသည်
နောက်ဆုံးဖြစ်၍၊ ထာ၀ရသေခြင်း ဖြစ်သည်။
၄။ အစဉ်အမြဲညှဉ်းပန်းနှိပ်စက်ခြင်း။ သမ္မာကျမ်းစာ၏ “နေ့ညမပြတ်၊
ကမ္ဘာအ ဆက်ဆက်” (ဗျာ ၁၄း၁၁။ ၁၉း၃။ ၂ဝး၁၀) ဟူသောအသုံးအနှုန်းသည်လည်း၊
စာတန်နှင့် လူဆိုးတို့အားအပြစ်ပေးခြင်းဖြစ်စဉ်သည် ထာ၀ရကာလတစ်လျှောက် ဆက်လက်စခန်း သွားမည်ဟူ သော မှတ်ချက်ကိုချနိုင်သည်။ သို့သော် “ထာ၀ရ” ဟူသောစကားလုံးသည်
၎င်းအထူးပြု သောအရာက ၎င်းစကားလုံး၏အဓိပ္ပါယ်ကိုဆောင်သည်။ ၎င်းကိုဘုရား သခင်နှင့် တွဲသုံး သောအခါ၊ ဘုရားသခင်သည် မရဏာနိုင်ငံနှင့်
ကင်းလွတ်သောကြောင့်၊ ၎င်း၏ အဓိပ္ပါယ်သည် အကြွင်းမဲ့ဖြစ်သည်။ လူသားနှင့်တွဲသုံး
သောအခါ၊ ၎င်း၏ အဓိပ္ပါယ်မှာ အကန့်အသတ် ရှိ
သည်။
ဧဒုံပြည်ကို ဘုရားသခင်အပြစ်ဒဏ်ပေးခြင်းအကြောင်း
သမ္မာကျမ်းစာ၏ဖော်ပြ ချက်သည် ဥပမာကောင်းတစ်ခုဖြစ်သည်။ “တစ်ပြည်လုံးလည်းမီးလောင်သောအစေးဖြစ် လိမ့်မည်။ နေ့ညမပြတ်မီးမငြိမ်းရ။
မီးခိုးလည်းအစဉ်တက်လိမ့်မည်။ ထိုပြည်သည် လူမျိုး အစဉ် အဆက် ဆိတ်ညံ၍၊ ကာလအစဉ်အမြဲ အဘယ်သူမျှမလျှောက်မသွားရ” (ဟေရှာ ၃၄း၉၊ ၁၀)။ ဧဒုံပြည်သည် ဖျက်ဆီးခြင်းခံခဲ့ရသည်။
သို့သော်၊ ဆက်လက်လောင်ကျွမ်း ခြင်း
မရှိတော့ချေ။ “အစဉ်အမြဲ” သည် ဖျက်ဆီးခြင်းပြည့်စုံသွားသည်အထိကြာမြင့်ခဲ့ သည်။
သမ္မာကျမ်းစာတစ်လျှောက်၌ “အစဉ်အမြဲ” ဟူသောစကားလုံးသည်အကန့်အသတ်
ရှိကြောင်း ရှင်းလင်းထင်ရှားသည်။ ဓမ္မဟောင်းကျမ်းက၊ ကျွန်သည် မိမိသခင်ကို “အစဉ် အမြဲ” ကျွန်ခံနိုင်ကြောင်း (ထွက် ၂၁း၆)၊ သူငယ်ရှမွေလသည်
တဲတော်တွင် “အမြဲ” နေရ မည်ဖြစ်ကြောင်း (၁ရာ
၁း၂၂)၊ ယောနကသူသည် ငါးကြီး၏ဝမ်းထဲတွင် “အစဉ်အမြဲ”
နေရမည်ဟု ထင်မှတ်ကြောင်း (ယောန ၂း၆) ဖော်ပြသည်။
ဓမ္မသစ်ကျမ်း သည်လည်း၊ ဤဝေါဟာရကို ထိုနည်းအတိုင်းအသုံးပြုသည်။ ဥပမာ၊
ပေါလုသည် ဖိလေမုန်အား ဩနေသိမ်ကို “အစဉ်” လက်ခံရန်အကြံပြုခဲ့သည် (ဖိလေ ၁၅)။ ဤဥပမာအားလုံး တွင် “အစဉ်အမြဲ” သည် “လူအသက်ရှင်နေသရွေ့အချိန်ကာလ” ကို ဆိုလိုသည်။
ဆာလံကျမ်း ၉၂း၇ က၊ လူဆိုးများသည်
ထာ၀ရပျက်စီးခြင်းသို့ရောက်ကြ လိမ့်မည်ဟု ဆိုသည်။
နောက်ဆုံးသောကြီးစွာသောမီးလောင်ကျွမ်းခြင်းကို မာလခိက ဤသို့ဟောကိန်း ထုတ်ထားသည်။ “မီးဖို၌မီးလောင်သကဲ့သို့ လောင်သောနေ့ရက် ကာလ သည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့်
ဒုစရိုက်ကိုပြုသောသူအပေါင်း တို့သည် အမှိုက်ခြောက်ဖြစ်ကြလိမ့်မည်။
သူတို့အရင်းအဖျားမျှမကျန်ကြွင်းစေခြင်းငှာ ထိုနေ့ရက် သည်လောင်လိမ့်မည်ဟု
ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရားမိန့်တော်မူ၏” (မာလ ၄း၁)။
ဆိုးသောသူများဖြစ်သည့် စာတန်၊ သူ၏တမန်များနှင့် နောင်တမရသောသူတို့
သည် တစ်ကြိမ်မီးအားဖြင့် အရင်းအဖျားပါမကျန် ဖျက်ဆီးခံရသောအခါ၊ သေခြင်းဟူ သော စကား ကိုလည်း သုံးကြတော့မည်မဟုတ်ချေ။ ဤအရာကိုပင်
ဘုရားသခင်သည် ထာ၀ရဖျက်ဆီး လိမ့်မည် (ဗျာ ၂ဝး၁၄)။
အစဉ်အမြဲအပြစ်ပေးခြင်းမဟုတ်ဘဲ၊ အပြစ်ဒဏ်သည် အစဉ်အမြဲတည်သော
ဒုတိ ယသေခြင်းဖြစ်သည်။
ဤအပြစ်ဒဏ်ခံပြီးမှ ထမြောက်ခြင်းမရှိချေ။ ၎င်း၏အကျိုး ဆက် သည် ထာ၀ရတည်သည်။
“ကျွန်ုပ်တို့ယုံကြည်စိတ်ချစွာပြောနိုင်သောအရာတစ်ခုမှာ
အစဉ်အမြဲညှဉ်းပန်း နှိပ် စက်ခြင်း
ကိုဖယ်ထုတ်ရန်ဖြစ်သည်။ အကယ်၍ လူတို့သည် လူတစ်ဦးချင်း၏ဝိညာဉ် သည် မသေနိုင်ဟူသောဂရိတို့၏အယူအဆနှင့်
ကျမ်းစာနှင့်မကိုက်ညီသောနားလည်မှုကို နှလုံးမသွင်း မိခဲ့သောစိတ်ထားဖြင့်
ဓမ္မသစ်ကျမ်းကိုဖတ်မည်ဆိုလျှင်၊ အစဉ်အမြဲညှဉ်း ဆဲခြင်းကို မယုံကြည်ဘဲ၊
အမြစ်ပြတ်ပျက်သုဉ်းခြင်းကိုယုံကြည်လိမ့်မည်။ ၎င်းမီးကို ထာ၀ရမီးဟုခေါ်ဆိုခြင်း
ဖြစ်ပြီး၊ ၎င်းထဲတွင်လူများကိုအမြဲညှဉ်းဆဲခြင်းမဟုတ်ချေ။”
ဘုရားသခင့်ပညတ်တော်၏ အဆုံးစွန်ပြစ်ဒဏ်ကိုစီရင်ပြီးဖြစ်၍၊
တရားမျှတမှု၏ တောင်းဆိုချက်များကိုလည်း ဖြည့်ဆည်းပြီးဖြစ်သည်။
ယခုတွင်ကောင်းကင်နှင့် မြေကြီး သည် ထာ၀ရ
ဘုရားရှင်၏ဖြောင့်မတ်ခြင်းကို ကြွေးကြော်လျက်ရှိသည်။
၅။ အပြစ်ပေးခြင်း၏အခြေခံမူ။ သေခြင်းသည် အပြစ်၏နောက်ဆုံးပြစ်ဒဏ် ဖြစ်သည်။
မိမိတို့အပြစ်၏အကျိုးဆက်အဖြစ်၊ ဘုရားသခင်ပေးသောကယ်တင်ခြင်းကို ငြင်းပယ်သော
သူအားလုံးသည် ထာ၀ရသေဆုံးရကြမည်။ သို့သော် လူတချို့သည် ပြောင် ပြောင် တင်းတင်း အပြစ်ကျူးလွန်၍၊ မာရ်နတ်၏အလိုကျ
အခြားသူများကိုလည်း ဒုက္ခ ရောက်စေခဲ့ကြသည်။
အခြားသူတို့မှာမူ အတော်အတန်ကိုယ်ကျင့်တရားရှိ၍၊ အေးချမ်း သောဘ၀ဖြင့် နေထိုင်ကြသည်။ သူတို့၏အဓိကအပြစ်မှာ
ခရစ်တော်ပေးသော ကယ် တင်ခြင်းကိုငြင်းပယ်ခြင်းဖြစ်၏။
ဤသူတို့သည် အလားတူအပြစ်ဒဏ်ကိုခံစားရမည် ဆိုလျှင်တရားပါမည်လော။
ယေရှုကဤသို့ဆိုခဲ့သည်။ “အကြင်ကျွန်သည်
မိမိသခင်၏အလိုကိုသိလျက်နှင့် အ သင့်မနေ၊
သခင်၏အလိုကိုမဆောင်၊ ထိုကျွန်သည် များစွာသောဒဏ်ကိုခံရ၏။ သခင်၏ အလိုကို မသိဘဲလျက်၊
ဒဏ်ခံထိုက်သောအမှုကိုပြုမိသောသူမူကား၊ အနည်းငယ် သော ဒဏ်ကိုသာခံရ၏။ အကြင်သူသည် များစွာသောကျေးဇူးကိုခံ၏၊
ထိုသူသည် အများကို ဆပ်ရ၏။ အကြင်
သူ၌များစွာသောဥစ္စာကိုအပ်နှင်း၏၊ ထိုသူကိုများစွာတောင်းလိမ့်မည်” (လု ၁၂း၄၇၊ ၄၈)။
ဧကန်မုချ၊ ဘုရားသခင်ကိုပုန်ကန်သောသူတို့သည်
မပုန်ကန်သောသူတို့ထက်များ စွာပိုမိုခံစားရလိမ့်မည်။
သူတို့ကြဲသောအရာကို ဤအသက်တာတွင်ရိတ်သိမ်းသည် သာမ က နောက်ဆုံးဖျက်ဆီးခြင်း၌လည်းရိတ်သိမ်းရကြသည်။
သူတို့ပြုသောအပြစ်များ ကြောင့်
ဘုရားသခင်၏ရှေ့တွင် မဖော်မပြနိုင်သောဝေဒနာကိုခံစားစေလိမ့်မည်။ အပြစ် ကြီးလေ၊ ဝေဒနာ ကြီးမားလေဖြစ်သည်။ အပြစ်ကိုစတင်သူနှင့်
အားပေးသူဖြစ်သော စာတန်သည် အများဆုံး ခံစားရလိမ့်မည်။
ကမ္ဘာမြေကိုဆေးကြောခြင်း။ အပြစ်၏လက္ခဏာအားလုံးကိုရှင်းပစ်မည့် ထာ၀ရ ဘုရား၏ နေ့ကိုဖော်ပြရာတွင်၊ ပေတရုကဤသို့ဆိုသည်။ “ထိုနေ့၌မိုးကောင်းကင်သည် ကြီးစွာသော
အသံနှင့်တကွပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့် မည်။
မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့် မည်”
(၂ပေ ၃း၁၀)။
လူဆိုးများကိုလောင်ကျွမ်းသောမီးသည် အပြစ်၏ညစ်ညမ်းခြင်းမှ
ကမ္ဘာမြေကြီး ကို ဆေးကြောသန့်စင်စေသည်။
ဤကမ္ဘာမြေ၏အပျက်အစီးများအထဲက၊ ဘုရားသခင် သည် “ကောင်းကင်သစ်နှင့်မြေကြီးသစ်၊” ဖန်ဆင်းသည်။ “အဘယ်သို့နည်းဟူမူကား၊
ရှေး ကောင်း ကင် နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ” (ဗျာ ၂၁း၁)။ ဤဆေးကြော သန့်စင်၍၊ အသစ် ဖန်ဆင်းသောကမ္ဘာမြေသည်
ရွေးနုတ်ခံသူတို့၏ထာ၀ရအိမ်ဖြစ်၍၊ ဘုရားသခင် သည် ငိုကြွေး
ခြင်း၊ နာကျင်ခြင်းနှင့်သေခြင်းတို့ကို အစဉ်အမြဲထုတ်ပစ်လိုက်မည် (ဗျာ ၂၁း၄)။
နောက်ဆုံးတွင်၊ အပြစ်၏ကျိန်ခြင်းအားလုံးကို ဖျောက်ဖျက်ပစ်လိမ့်မည် (ဗျာ ၂၂း၃)။
အပြစ်နှင့်နောင်တမရသော အပြစ်သားများကို ဖျက်ဆီးမည့်၊ လာမည့်
ထာ၀ရ ဘုရား၏ နေ့နှင့်ဆိုင်၍
ပေတရုကဤသို့ဆိုသည်။ “ဘုရားသခင်၏
နေ့ရောက်လိမ့်မည်ဟု သင်တို့ မျှော်လင့်တောင့်တလျက်၊
သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့ လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူဖြစ်အပ်ကြသနည်း” (၂ပေ ၃း၁၁၊ ၁၂)။ ခရစ်တော် ပြန်ကြွလာမည် ဟူသောကတိတော်အပေါ်အခြေခံ၍၊ သူသည်
ဤသို့အခိုင်အမာဆို သည်။ “ယခုရှိသမျှ သောအရာတို့သည် ပျက်ရသော်လည်း၊
ဖြောင့်မတ်ခြင်းတရားတည် နေရာမိုးကောင်းကင်
သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီမျှော်လင့်ကြ ၏။ ထိုသို့ မျှော်လင့်ခြင်း ရှိသောကြောင့်၊ ချစ်သူတို့၊
သင်တို့သည် အညစ်အကြေးနှင့် ကင်းစင်၍ အဘယ်အပြစ်မျှ
မပါဘဲ၊ ရှေ့တော်သို့ငြိမ်ဝပ်စွာရောက်မည်အကြောင်း ကြိုးစားအားထုတ် ကြလော့” (၂ပေ ၃း၁၃၊ ၁၄)။
-၀-
No comments:
Post a Comment