အခန်း - ၁၉ - ဘုရားသခင်၏ပညတ်တော်
ဘုရားသခင့် ပညတ်တရား၏ အရေးကြီးသော အခြေခံမူများကို ပညတ်တော်
ဆယ်ပါးတွင် ရုပ်လုံးဖော်ထားပြီး၊ ခရစ်တော်၏အသက်တာတွင်လည်း သာဓကပြ၍
ထင်ရှားစေခဲ့သည်။ ၎င်းအခြေခံပညတ်များသည် လူသားတို့၏ပြုမူဆက်ဆံရေးနှင့် သက် ဆိုင်သော
ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၊ လိုအင်ဆန္ဒနှင့်ရည်ရွယ်ချက်များကို ဖော်ပြ ပြီး၊ ခေတ်ကာလတိုင်းတွင် လူသားတို့ကိုတာဝန်ခံစေခဲ့သည်။
ဤပညတ်ချက် များ သည် ဘုရားသခင်နှင့် သူ၏ လူတို့စပ်ကြား
ပဋိညာဉ်တရား၏အခြေခံဖြစ်၍၊ ဘုရားသခင်၏ စီရင်ဆုံးဖြတ်ချက်ချရာတွင် စံချိန်စံညွှန်းလည်းဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်၏ ဆောင်ကြဉ်းပေးမှုဖြင့်၊ ၎င်းတို့ သည်
အပြစ်ကိုညွှန်ပြပြီး၊ ကယ်တင်ရှင်တစ်ပါးလိုအပ် သည်ကိုသိစေသည်။ ကယ်တင်ခြင်း သည်
အကျင့်အားဖြင့်မဟုတ်ဘဲ၊ ကျေးဇူးတော် သက်သက်အားဖြင့်သာဖြစ်ပြီး၊ ၎င်း၏
အကျိုးအမြတ်မှာ ပညတ်တော်ဆယ်ပါးကို နား ထောင်ခြင်းဖြစ်သည်။
ဤနားထောင်ခြင်းသည် ခရစ်ယာန် စာရိတ္တကိုပွားများတိုးတက် စေပြီး၊ ကိုယ်စိတ်နှစ်ပါးကို အကျိုးဖြစ်ထွန်းစေသည်။ ၎င်းသည်
ထာ၀ရဘုရားအပေါ် ထားရှိသော ကျွန်ုပ်တို့၏ချစ်ခြင်းနှင့် မိမိတို့လူသားခြင်းအပေါ်
ကျွန်ုပ်တို့၏ဂရုစိုက်မှုတို့ ၏ သက်သေခံအထောက်အထားဖြစ်သည်။
ယုံကြည်ခြင်းအားဖြင့် နားထောင်ခြင်းသည် အသက်တာကိုပြောင်းလဲသော ခရစ်တော်၏
တန်ခိုးကိုဖော်ပြသော ကြောင့်၊ ခရစ်ယာန် သက်သေခံခြင်းကို
အင်အားတိုးမြှင့်စေသည်။ (ထွက် ၂ဝး၁-၁၇။ တရား ၂၈း၁-၁၄။ ဆာ ၁၉း၇-၁၄။ ၄ဝး၇၊၈။ မ
၅း၁၇-၂၀။ ၂၂း၃၆-၄၀။ ယော ၁၄း၁၅။ ၁၅း၇-၁၀။ ရော ၈း၃၊၄။ ဧ ၂း၈-၁၀။ ဟေဗြဲ ၈း၈-၁၀။ ၁ယော
၂း၃။ ၅း၃။ ဗျာ ၁၂း၁၇။ ၁၄း၁၂။)
အားလုံး၏မျက်စိသည် တောင်ပေါ်ကိုအာရုံစိုက်နေခဲ့သည်။ တောင်ထိပ်ကို တိမ် ထုကြီးသည်ဖုံးအုပ်၍၊
ဆက်လက်မှောင်မည်းလာကာ၊ တောင်တစ်ခုလုံးကို ဆန်းကြယ် စွာဖုံးလွှမ်းသွားသည်အထိပြိုဆင်းလာသည်။
အမှောင်ထုထဲမှလျှပ်စစ်လက်ပြီး၊ မိုးချုန်း သံသည်လည်း
ထပ်ခါထပ်ခါပဲ့တင်ထပ်လျက်ရှိသည်။ “ထာ၀ရဘုရားသည်
မီးဖြင့်လွှမ်း လျက်၊ သိနာတောင်
ပေါ်သို့ဆင်းသက်တော်မူသောကြောင့်၊ တစ်တောင်လုံး မီးခိုးထွက် လေ၏။ မီးခိုးသည်လည်း မီးဖို၏ မီးခိုးကဲ့သို့တက်၍၊
တစ်တောင်လုံးပြင်းစွာ လှုပ်လေ ၏။
တံပိုးမြည်သံသည် ကြာကြာ မြည်လျက်၊ အသံတိုး၍ကြီးသောအခါ၊ မောရှေသည် ခေါ်၍၊ ဘုရားသခင်သည် စကားသံနှင့် ထူးတော်မူ၏” (ထွက် ၁၉း၁၈၊၁၉)။ ဤသို့ ဘုရား သခင်ရှိနေခြင်းကို
ကြီးကျယ်စွာ ဖော်ပြခြင်းသည် အလွန်အားကြီးသည်ဖြစ်ရာ ဣသရေ လလူအားလုံးသည် ကြောက်ရွံ့တုန်လှုပ်ကြ၏။
ရုတ်တရက်မိုးချုန်းသံနှင့်
တံပိုးမှုတ်သံတို့သည်ရပ်သွားပြီး၊ ထိတ်လန့်ဖွယ် တိတ် ဆိတ်သွားခဲ့သည်။ ထို့နောက် ဘုရားသခင်သည်
တောင်၌မတ်တတ်ရပ်လျက် သူ့ကို လွှမ်းအုပ်ထားသောအမှောင်ထုထဲကစကားမိန့်ခဲ့သည်။
မိမိလူတို့ကိုအလွန်ချစ်သောစိတ် ဖြင့် ပညတ်
တော်ဆယ်ပါးကိုကြေညာခဲ့သည်။ “ထာ၀ရဘုရားသည်
သိနာတောင်ပေါ် က ကြွတော်မူ၏။
.....သန့်ရှင်းသူသောအထောင်အသောင်းတို့နှင့်အတူကြွတော်မူ၍၊ ဓမ္မမီး သည် ဣသရေလ လူတို့ အဖို့၊ လက်ယာလက်တော်မှထွက်လေ၏။ အကယ်စင်စစ်
ထိုလူမျိုးကိုချစ်တော်မူ၏။ မိမိသန့်ရှင်းသူအပေါင်းတို့သည် အထံတော်ပါးတွင်ရှိကြ၏။
သူတို့သည် ခြေတော်ရင်း၌ ပျက်ဝပ် ၍၊ စကားတော်ကိုနာခံကြလေ၏” (တရား ၃၃း၂၊၃)။
ဘုရားသခင်သည် ပညတ်တော်ကိုသိနာတောင်တွင်ပေးချိန်က၊ စကြ၀ဠာ၏
ဘုန်း ကြီးသောအမြင့်ဆုံး
အာဏာပိုင်အဖြစ်သာ မိမိကိုယ်ကိုဖော်ပြခဲ့ခြင်းမဟုတ်ပါ။ မိမိလူ တို့၏ ရွေးနုတ်ရှင်အဖြစ်လည်း မိမိကိုယ်ကိုပုံဖော်ခဲ့သည်
(ထွက် ၂ဝး၂)။ သူသည် ကယ် တင်ရှင်ဖြစ် သောကြောင့်၊
ဣသရေလလူတို့ကိုသာမက၊ လူသားအားလုံးကို (ဒေ ၁၂း၁၃) ပညတ်တော်
ဆယ်ပါးကိုနားထောင်ရန်ခေါ်ခဲ့သည်။ ထိုပညတ်တော်သည် ဘုရားသခင် နှင့် မိမိတို့လူသားချင်း အပေါ်လူတို့၏တာဝန်ကိုခြုံငုံသည့်
ပြီးပြည့်စုံပြီး ခိုင်လုံသောစည်း မျဉ်းများဖြစ်သည်။
ထိုနောက် ဘုရားသခင်သည် အောက်ပါအတိုင်းမိန့်တော်မူခဲ့သည်။
“ငါမှတစ်ပါးအခြားသောဘုရား ကိုမကိုးကွယ်နှင့်။-
အထက်မိုးကောင်းကင်၌ လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်
ရေထဲ၌ လည်း ကောင်းရှိသော အရာနှင့်ပုံသဏ္ဌာန် တူအောင်၊ ရုပ်တုဆင်းတုကိုကိုယ်အဖို့မလုပ် နှင့်။- ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင်
ငါထာ၀ရဘုရားသည်၊ သင်၌ အပြစ်ရှိသည် ဟုယုံလွယ်သောဘုရား၊
ငါ့ကိုမုန်းသောသူတို့၏အမျိုးအစဉ် အ ဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏အပြစ်ကို
သားတို့၌ ဆပ် ပေးစီရင်သောဘုရား၊- ငါ့ကိုချစ်၍
ငါ့ပညတ်တို့ကိုကျင့်သောသူတို့၏ အမျိုးအစဉ် အ ဆက်အထောင်အသောင်းတိုင်အောင်၊ ကရုဏာကိုပြသောဘုရား ဖြစ်၏။-
သင်၏ ဘုရားသခင်ထာ၀ရဘုရား၏
နာမတော်ကို မုသားနှင့်ဆိုင်၍ မမြွက် မဆိုနှင့်။ အကြောင်း မူကား၊ နာမတော်ကို မုသားနှင့် ဆိုင်၍ မြွက်ဆိုသောသူကို
အပြစ်မရှိဟု ထာ၀ရဘုရား မှတ်တော်မမူ။- ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊
ထိုနေ့ရက်ကိုအောက်မေ့လော့။- ခြောက်ရက်ပတ်လုံးအလုပ်မျိုးကို ကြိုးစား၍
လုပ်ဆောင်လော့။- သတ္တမနေ့ရက်သည် သင်၏ဘုရားသခင်ထာ၀ဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌
သင်မှစ၍သင်၏ သား သမီး၊ ကျွန်ယောက်ျားမိန်းမ၊ တိရစ္ဆာန်၊ သင်၏
တံခါးအတွင်း၌နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။- အကြောင်းမူကား၊ ထာ၀ရဘုရားသည်
မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်တို့၌ ရှိသမျှတို့ကို ခြောက်ရက်တွင်
ဖန်ဆင်း၍ သတ္တမနေ့ ရက်၌
ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာ၀ရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။- သင်၏
ဘုရားသခင်ထာ၀ရဘုရားပေး သနား တော်မူသောပြည်၌ သင်၏ အသက်တာရှည်မည်အကြောင်း၊ သင်၏ မိဘကို
ရိုသေစွာ ပြုလော့။- လူအသက် ကို မသတ်နှင့်။- သူ့မယားကိုမပြစ်မှားနှင့်။- သူ့ဥစ္စာကို
မခိုးနှင့်။- ကိုယ်နှင့်စပ်ဆိုင် သော သူတစ်ဘက်၌ မမှန်သောသက်သေကိုမခံနှင့်။- ကိုယ်နှင့် စပ်ဆိုင် သောသူ၏ အိမ်ကို
တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။
ကိုယ်နှင့်စပ်ဆိုင်သော သူ၏ မယား၊ သူ၏ ကျွန် ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏
ဥစ္စာ တစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ်မရှိစေနှင့်ဟု မိန့်တော်မူ၏” (ထွက် ၂ဝး၃-၁၇)။
ပညတ်တော်၏သဘောသဘာ၀
ဘုရားသခင်၏ ဂုဏ်တော်ကို ရောင်ပြန်ဟပ်သော အရာအဖြစ်၊ ပညတ်တော်ဆယ်ပါးသည် လူ့ကျင့်ဝတ်ဖြစ်၍၊ ဝိညာဉ်ရေးလည်းဖြစ်ပြီး၊ ပြည့်စုံသည်ဖြစ်ရာ၊ လူသားအားလုံးနှင့် ဆိုင်သောစည်းမျဉ်းများပါရှိသည်။
ပေးသောသူ၏ ဂုဏ်တော်ကို ရောင်ပြန်ဟပ်သော ပညတ်တော်။ သမ္မာကျမ်းစာ သည် ဘုရားသခင်၏
ဂုဏ်ရည်ကို သူ၏ပညတ်တော်တွင်မြင်ရသည်။ ဘုရားသခင် ကဲ့ သို့၊ “ထာ၀ရဘုရား၏ တရားတော်သည်
စုံလင်သည်၊. ထာ၀ရဘုရား၏ နည်းဥပဒေ သ တို့သည် ဖြောင့်မတ်သည်” (ဆာ ၁၉း၇၊၈)။ “တရားတော်သည်
သန့်ရှင်းခြင်းရှိ၏။ ပညတ် တရားလည်း သန့်ရှင်း
ခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏” (ရော ၇း၁၂)။ “အလုံးစုံသော ပညတ်တော်တို့
သည် သစ္စာဖြစ်ကြပါ၏။ သက်သေခံတော်မူ ချက်တို့ကို အစဉ်အမြဲထားတော်မူကြောင်းကို၊
ရှေးဦးစွာမှစ၍ အကျွန်ုပ်သိပါ၏” (ဆာ ၁၁၉း၁၅၁၊
၁၅၂)။ အကယ်စင်စစ်၊ “အလုံးစုံသော
ပညတ်တော်တို့သည် ဖြောင့်မတ်ပါသည်” (ဆာ ၁၁၉း၁၇၂)။
လူကျင့်ဝတ်ဆိုင်ရာပညတ်တော်။ ပညတ်တော်ဆယ်ပါးသည် လူသား တို့အတွက် အပြုအမူဆိုင်ရာ
ဘုရားသခင်၏စံနမူနာကိုသိရှိစေသည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏ ဖန် ဆင်းရှင်၊
ရွေးနုတ်ရှင်နှင့်အတူ ဆက်ဆံရေးကို လည်းကောင်း၊ ကျွန်ုပ်တို့၏ လူသားချင်း များအပေါ်ကျွန်ုပ်တို့၏ တာဝန်ကိုလည်းကောင်း အတိအကျ
ပြဋ္ဌာန်းထားသည်။ သမ္မာ ကျမ်းစာက ဘုရားသခင်၏
ပညတ်တော်ကို ကျူးလွန်ခြင်းကိုအပြစ်ဟု ခေါ်ဆိုသည် (၁ယော ၃း၄)။
ဝိညာဉ်ရေးဆိုင်ရာပညတ်တော်။ “ပညတ်တရားသည်
ဝိညာဉ်ပကတိနှင့် စပ်ဆိုင် သည်” (ရော ၇း၁၄)။
ထိုကြောင့်၊ ဝိညာဉ်ရေးရှိသောသူနှင့် ဝိညာဉ်တော် အသီးရှိသော သူတို့သာလျှင်
၎င်းကိုလိုက်လျှောက်နိုင်သည် (ယော ၁၅း၄။ ဂလ ၅း၂၂၊၂၃)။ သူ၏ အလိုတော်ကို လုပ်ဆောင်နိုင်ရန် အစွမ်းပေးသောသူမှာ
ဘုရားသခင်၏ ဝိညာဉ်တော်ပင် ဖြစ်သည် (တ ၁း၈။ ဆာ
၅၁း၁၀-၁၂)။ ခရစ်တော်၌တည် နေခြင်းအားဖြင့်၊ သူ၏ဘုန်း တော်အတွက် အသီးသီး နိုင်ရန် ကျွန်ုပ်တို့လိုအပ်သောတန်ခိုး
ကို ကျွန်ုပ်တို့ရရှိသည်” (ယော ၁၅း၅)။
လူသားတို့ဥပဒေများသည် ဗြောင်ကျကျလုပ်ရပ်များကိုသာပြောသည်။ သို့သော် ပညတ်တော်ဆယ်ပါးသည် “အလွန်ကျယ်ဝန်း” သည်ဖြစ်၍ (ဆာ
၁၁၉း၉၆)၊ ကျွန်ုပ်တို့၏ အလျှို့ဝှက်ဆုံးသော အတွေးများ၊ ဆန္ဒများနှင့်၊
မနာလိုဝန်တိုခြင်း၊ တဏှာနှင့် ရည်မှန်း ချက်ကဲ့သို့သော စိတ်ခံစားမှုတို့ပါ အကျုံးဝင်သည်။ တောင်ပေါ်
ဒေသနာတွင် ယေရှု သည် ဤပညတ်တော်၏
ဝိညာဉ်ရေးဆိုင်ရာရှုထောင့်ကို အလေးပေး ပြောဆိုပြီး၊ ကျူး လွန်ခြင်းသည် စိတ်နှလုံးမှ စတင်ကြောင်း ဖော်ပြခဲ့သည် (မ ၅း၂၁၊၂၂၊၂၇၊၂၈။
မာ ၇း၂၁-၂၃)။
အပြုသဘောဆောင်သောပညတ်တော်။ ပညတ်တော်ဆယ်ပါးသည် တာဝန်များ၊
တားမြစ်ချက်များစသည့်ထိုမျှထက်ပိုသည်။ ၎င်းတို့သည် ဝေးဝေးသို့ ရောက်သော စည်း ကမ်းများပါဝင်သည်။ ၎င်းတို့သည်
ကျွန်ုပ်တို့မလုပ်ဆောင်သင့်သော အရာများသာမက၊ ကျွန်ုပ်တို့လုပ်
ဆောင်ရမည့်အရာများကိုလည်း ပါဝင်ပတ်သက်စေသည်။ ကျွန်ုပ်တို့သည် မကောင်းသောအလုပ်နှင့်
စိတ်ကူးများကိုသာရှောင်ရမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ကောင်းသော အရာကို
လုပ်ဆောင်ရန် ဘုရားသခင်ပေးထားသော စွမ်းရည်များနှင့် ဆု ကျေးဇူးများကို အသုံးပြုရန် သင်ယူရမည်။ ထို့ကြောင့်
တားမြစ်ချက် ပါသောပညတ် ချက်များသည် လုပ်ဆောင်စေသော
ပညတ်ချက်လည်းဖြစ်သည်။
ဥပမာအနေဖြင့်၊ “လူအသက်ကိုမသတ်နှင့်” ဟူသောဆဋ္ဌမပညတ်သည်
“လူအ သက်ကိုထောက်မပါ” ဟူသောခိုင်းစေချက်ပါရှိသည်။ “ဘုရားသခင်၏
နောက်လိုက်များ သည် သူတို့၏
ဩဇာလွှမ်းမိုးမှုနယ်ပယ်အတွင်း
လာသောသူတိုင်း၏ ကောင်းစားရေးနှင့် ပျော်ရွှင်မှု
ကိုမြှင့်တင်ရန်ရှာကြံခြင်းမှာ ဘုရားသခင်၏အလိုတော်ဖြစ်သည်။ လေးနက် သောသဘောဖြင့်၊ ယေရှုခရစ်တော်၌ကယ်တင်ခြင်းနှင့် ထာ၀ရအသက်
ရှိသည်ဟူသော ဧဝံဂေလိတရား ကိုဟောရန် စေခိုင်းချက်သည် ဆဋ္ဌမပညတ်တွင် ပုံဖော်
သည့်အပြု သဘောဆောင်သော
စည်းမျဉ်းအပေါ် ၌တည်သည်။”
ပညတ်တော်ဆယ်ပါးကို “တားမြစ်ခြင်းဘက်မှမကြည့်ဘဲ၊ သနားကြင်နာမှုရှု ထောင့်မှမြင်ရမည်။ ၎င်း၏တားမြစ်ချက်များသည်
နာခံခြင်း၌ဝမ်းမြောက်ခြင်းရှိသည်ကို အာမခံသည်။ ခရစ်တော်၌လက်ခံရရှိသကဲ့သို့၊
၎င်းသည် ထာ၀ရကာလတစ်လျှောက်လုံး ကျွန်ုပ်တို့ကို ပျော်ရွှင်မှုပေးမည့်
စင်ကြယ်သောစာရိတ္တကို ကျွန်ုပ်တို့အထဲ၌လုပ် ဆောင် သည်။ နာခံသော သူအတွက် ၎င်းသည် ကွယ်ကာရာတံတိုင်းဖြစ်သည်။
လူတို့ အား မပြောင်းလဲနိုင်သော
ဖြောင့်မတ်သည့်စည်းမျဉ်းများကို ဖော်ပြခြင်းအားဖြင့် ကျူးလွန် ခြင်း၏ ရလဒ်ဖြစ်သောမကောင်းမှုမှ သူတို့ကိုကာကွယ်ရန်
ကြိုးပမ်းနေသော ဘုရား သခင်၏ ကောင်းမြတ်ခြင်းကို ကျွန်ုပ်တို့သည်
ပညတ်တော်တွင်ရှုမြင်ရသည်။”
ရိုးစင်းသောပညတ်တော်။ ပညတ်တော်ဆယ်ပါးသည် ၎င်း၏ရိုးစင်းသော ပြည့်စုံ မှုသည် နက်နဲသိမ်မွေ့သည်။ ၎င်းသည်
အတိုချုပ်ဖြစ်ရာကလေးငယ်ပင်လျှင် မြန်မြန် အလွတ်ကျက် မှတ်နိုင်သည်။ သို့သော်လည်း
၎င်းသည် ဖြစ်နိုင်ချေအပြစ်ဟူသမျှကို ဖုံး အုပ်ထားသည်။
“ဘုရားသခင်၏ပညတ်တော်တွင် လျှို့ဝှက်သောအရာမရှိပါ။
၎င်းပုံဖော်ထားသည့် ကြီးမြတ်သောသမ္မာတရားများကို လူတိုင်းနားလည်နိုင်သည်။
အားအနည်းဆုံးသော အသိဉာဏ်သည် ဤစည်းမျဉ်းများကိုနားလည်သဘောပေါက်နိုင်သည်။
ပညာအမဲ့ဆုံး သော သူသည် ထိန်းညှိ၍
ဘုရားရှင်၏စံချိန်အတိုင်း စာရိတ္တကိုပုံသွင်းနိုင်သည်။”
အခြေခံကျသောပညတ်တော်။
ပညတ်တော်ဆယ်ပါးသည် မှန်ကန်သော
စည်း မျဉ်းအားလုံး၏
အကျဉ်းချုပ်ဖြစ်၍၊ ၎င်းသည် အချိန်တိုင်းအတွက်လူတိုင်းနှင့် သက်ဆိုင် သည်။
သမ္မာကျမ်းစာက “ဘုရားသခင်ကိုကြောက်ရွံ့၍၊
ပညတ်တော်တို့ကို စောင့်ရှောက် လော့။ ဤရွေ့ကား၊
လူနှင့်ဆိုင်သောအမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း” (ဒေ ၁၂း ၁၃)။
“ကျောက်ပြားပေါ်မှာပဋိညာဉ်စကား၊ ပညတ်တော်ဆယ်ပါး” (ထွက် ၃၄း၂၈) သည် အပိုင်းနှစ်ပိုင်းပါဝင်ပြီး၊ ၎င်းကို
ဘုရားသခင်ရေးသားသောကျောက်ပြားနှစ်ပြား အားဖြင့် ညွှန်ပြသည် (တရား ၄း၁၃)။ ပထမပညတ်လေးခုသည် ကျွန်ုပ်တို့၏
ဖန်ဆင်းရှင်နှင့် ရွေးနုတ်ရှင် အပေါ်ကျွန်ုပ်တို့၏တာဝန်စည်းမျဉ်းဖြစ်၍၊
နောက်ဆုံးခြောက်ခုသည် လူ သားများအပေါ်
ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်။ ဤနှစ်ပိုင်းသည် ဘုရားသခင်၏ နိုင်ငံ တော်စီမံခန့်ခွဲသော မဟာအခြေခံစည်းမျဉ်းနှစ်ခုဖြစ်သော
ချစ်ခြင်းမေတ္တာမှလာ သည်။ “သင်၏ဘုရားသခင် ထာ၀ရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊
အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိ သမျှနှင့်ချစ်လော့။
ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” (လု ၁ဝး၂၇။ တရား ၆း၄၊၅)။ ဤအခြေခံစည်းမျဉ်းများအတိုင်း
နေထိုင်သောသူတို့သည် ပညတ်တော် ဆယ်ပါးနှင့်
လုံး၀သဟဇာတဖြစ်လိမ့်မည်။ အကြောင်းမှာ ပညတ်တော်သည် ဤအခြေခံစည်းမျဉ်းများကို ပိုမိုပြီးအသေး စိတ် ဖော်ပြသည်။
ပထမပညတ်သည် စစ်မှန်သောဘုရားတစ်ပါးကိုကိုးကွယ်ရန်
ညွှန်ကြားသည်။ ဒုတိယပညတ်သည်
ရုပ်တုကိုးကွယ်ခြင်းကိုတားမြစ်သည်။ တတိယပညတ်သည် ဘုရား သခင်၏ နာမအလွဲသုံးစားပြုခြင်းကိုတားမြစ်သည်။ စတုတ္ထပညတ်သည်
ဥပုသ်နေ့ကို စောင့်ထိန်းရန်ဖိတ်ခေါ်ပြီး၊ စစ်မှန်သောဘုရားအား
ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်း သောအရှင်အဖြစ်
ဖော်ထုတ်သည်။
ပဉ္စမပညတ်သည်သားသမီးများအား ဘုရားသခင်ကသူ၏ဖော်ပြထားသော အလို တော်ကို မျိုးဆက်များထံလက်ဆင့်ကမ်းရန်
ဘုရားသခင်ခန့်ထားသောမိဘများကို ရိုသေ ရန်တောင်းဆိုသည်
(တရား ၄း၆-၉။ ၆း၁-၇)။ ဆဋ္ဌမပညတ်သည် အသက်ကို မွန်မြတ် သော အရာအဖြစ်ကာကွယ်သည်။ သတ္တမပညတ်သည် ထိမ်းမြားခြင်း၏
စင်ကြယ်မှုကို စောင့်ထိန်း ရန် ဩဝါဒပေးသည်။ အဋ္ဌမပညတ်သည် ပိုင်ဆိုင်မှုကိုကာကွယ်
သည်။ န၀မပညတ်သည် အမှန်တရားကိုကာကွယ်ပြီး၊ မုသားသက်သေခံခြင်းကို တားမြစ်သည်။
ဒသမပညတ်သည် အခြားသူတို့၏ပိုင်ဆိုင်မှုကိုတပ်မက်ခြင်းမှ တားမြစ်ခြင်းအားဖြင့်၊ လူသားအားလုံး၏ ဆက်ဆံရေးအရင်းခံသို့ပို့ပေးသည်။
တစ်မူထူးသောပညတ်တော်။ ပညတ်တော်ဆယ်ပါး၏ တစ်မူထူးခြားချက် မှာ
ဣသရေလလူမျိုးတစ်ခုလုံးကြားနိုင်အောင် တစ်ခုတည်းသောဘုရားသခင်မိန့်တော်မူ သော စကားဖြစ်သောကြောင့်ဖြစ်သည် (တရား ၅း၂၂)။ သူတို့သည်
အလွန်မေ့လွယ် ကြသည်ဖြစ်ရာ၊
ဘုရားသခင်သည် ဤပညတ်တော်ကို ကျောက်ပြားနှစ်ပြားပေါ်တွင် မိမိလက်ဖြင့်
အက္ခရာတင်ရေးသားခဲ့ပြီး၊ ၎င်းတို့ကို ပဋိညာဉ်သေတ္တာထဲတွင် ထိန်းသိမ်း ထားသည် (ထွက် ၃၁း၁၈။ တရား ၁ဝး၂)။
ဣသရေလတို့သည် ဤပညတ်တော်ကိုကျင့်သုံးနိုင်စေရန်၊
ဘုရားသခင်သည် သူတို့အားသူနှင့် လည်းကောင်း၊
အချင်းချင်းသော်လည်းကောင်း ဆက်ဆံရေးအတွက် အသေးစိတ်ပညတ်ချက်များကိုထပ်၍ပေးခဲ့သည်။
နောက်ထပ်ပေးသည့် တချို့ ပညတ် ချက်များသည်
ဣသရေလတို့၏ အရပ်ဘက်ဆိုင်ရာအရေးကိစ္စကိုအာရုံစိုက်၍၊ (အရပ် ဘက်ဆိုင်ရာဥပဒေ)၊ အခြားပညတ်ချက်များမှာမူ
တဲတော်ဆိုင်ရာလုပ်ငန်း၏ အခမ်း အနားများနှင့်သက်ဆိုင်သော
စည်းမျဉ်းများဖြစ်သည်။ ဘုရားသခင်သည် ဤ နောက်ထပ် ပေးသောပညတ်ချက်များကို မောရှေမှတစ်ဆင့်
လူတို့ကိုပြောခဲ့သည်။ မောရှေသည် ၎င်းတို့ကိုဥပဒေကျမ်းတွင် အကုန်အစင်ရေးပြီး၊
၎င်းကို ဘုရားသခင်၏ အမြင့်ဆုံးဖော် ပြချက်ဖြစ်သော
ပညတ်တော်ဆယ်ပါးရေးထားသည့် ကျောက်ပြား နှစ်ပြားကဲ့သို့ ပဋိ ညာဉ်သေတ္တာထဲတွင်မထည့်ဘဲ၊ ၎င်း၏နံဘေးတွင်ထားရှိသည် (တရား
၃၁း၂၅၊၂၆)။ ဤနောက်ထပ်ပေးသောပညတ်ချက်များကို “မောရှေ၏
ပညတ္တိကျမ်း” (ယောရှု ၈း၃၁။ နေ ၈း၁။ ၆ရာ
၂၅း၄) သို့မဟုတ် မောရှေ၏ ပညတ် (၄ရာ ၂၃း၂၅။ ၆ရာ ၂၃း၁၈) ဟူ၍ သိရသည်။
နှစ်သက်ဖွယ်သောပညတ်။ ဘုရားသခင်၏ပညတ်တော်သည် စိတ်နှလုံး ကိုနှိုး ဆော်ပေးသည်။ ဆာလံဆရာက “ကိုယ်တော်၏တရားကို
အကျွန်ုပ်သည်အလွန် နှစ်သက် ပါ၏။ တစ်နေ့လုံးဆင်ခြင်
အောက်မေ့လျက်နေပါ၏။” “အကျွန်ုပ်မူကား၊
ပညတ်တော် တို့ကိုရွှေထက်မက၊
ရွှေစင်ထက်သာ၍ နှစ်သက်ပါ၏။” “ဆင်းရဲညှိုးငယ်ခြင်းသို့ရောက် သော်လည်း၊ ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ပါ၏” (ဆာ ၁၁၉း၉၇၊ ၁၂၇၊ ၁၄၃)။ ဘုရားသခင်ကို ချစ်သောသူတို့အဖို့ “ပညတ်တော်တို့ကိုစောင့်ခဲသည်မဟုတ်” (၁ယော ၅း၃)။ ပညတ်တော်ကို ကြီးလေးသောထမ်းပိုးအဖြစ် မှတ်ယူသော
သူတို့သည် ကျူးလွန်သူများသာ ဖြစ်သည်။ အကြောင်းမှာ အပြစ်ရှိသောစိတ်သည် “ဘုရားသခင်၏ တရားတော်အလို သို့ မလိုက်တတ်၊
ထိုမျှမကမလိုက်နိုင်” (ရော ၈း၇)။
ပညတ်တော်၏ရည်ရွယ်ချက်
ဘုရားသခင်သည် လူတို့အားကြွယ်၀စွာသောကောင်းချီးများပေး၍၊
သူတို့ကို သူ နှင့်
ကယ်တင်သောဆက်ဆံရေးရှိစေရန် ပညတ်တော်ကိုပေးခဲ့သည်။ အောက်ဖော်ပြ ပါ သတ် သတ် မှတ်မှတ်ရည်ရွယ်ချက်များကိုဂရုပြုပါ။
၎င်းသည် လူသားများအတွက် ဘုရားသခင်၏အလိုတော်ကိုဖော်ပြသည်။ ဘုရား သခင်၏
ဂုဏ်တော်နှင့်မေတ္တာကို ဖော်ပြသောအရာအဖြစ် ပညတ်တော်ဆယ်ပါးသည် လူသားများအတွက်
သူ၏အလိုတော်နှင့်ရည်ရွယ်ချက်ကိုဖော်ပြသည်။ ၎င်းသည် စုံလင် သောနာခံမှုကို တောင်းဆိုသည်။ “ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစ် စုံတစ်ခု၌ မှားမိလျှင်၊ ပညတ်တရားအလုံးစုံကို
လွန်ကျူးသောအပြစ်ရှိ၏” (ယာ ၂း၁၀)။
ဘ၀စည်းမျဉ်းအဖြစ် ပညတ်တော်ကိုနားထောင်ခြင်းသည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအ တွက်အလွန်အရေးပါသည်။ ယေရှုက “အသက်ရှင်ခြင်းသို့ဝင်စားလိုလျှင်
ပညတ်တော် တို့ကို
စောင့်ရှောက်လော့ဟုမိန့်တော်မူ၏” (မ ၁၉း၁၇)။
ဤနားထောင်ခြင်းသည် သန့်ရှင်း သောဝိညာဉ်တော်
ကိန်းဝပ်ခြင်းအားဖြင့်၊ ပေးသောတန်ခိုးအားဖြင့်သာ လျှင်ဖြစ်နိုင် သည်။
၎င်းသည်ဘုရားသခင့်ပဋိညာဉ်၏အခြေခံဖြစ်သည်။ မောရှေသည် ပညတ်တော် ဆယ်ပါးနှင့်
အခြားရှင်းလင်းဖော်ပြသောပညတ်ချက်များကို ပဋိညာဉ်စာအုပ်တွင် ရေး သားခဲ့သည် (ထွက် ၂ဝး၁-၂၄း၈)။ နောက်ပိုင်းတွင် သူသည်
ပညတ်တော်ဆယ်ပါးကို “ပဋိညာဉ်တရား
ကိုရေးထားသောကျောက်ပြား” ဟုခေါ်ဆိုပြီး၊
ထာ၀ရတည်သော ပဋိညာဉ် အဖြစ် ၎င်း၏
အရေးကြီးမှုကိုညွှန်ပြသည် (တရား ၉း၉)။
၎င်းသည်
တရားစီရင်ရေး၏စံချိန်အဖြစ်လုပ်ဆောင်သည်။
ဘုရားသခင်ကဲ့သို့၊ “အလုံး စုံသော
ပညတ်တော်တို့သည် ဖြောင့်မတ်ပါသည်” (ဆာ ၁၁၉း၁၇၂)။
ထို့ကြောင့် ပညတ်တော်သည် ဖြောင့်မတ်ခြင်းတရား၏စံချိန်စံညွှန်းဖြစ်သည်။
ကျွန်ုပ်တို့ အယောက် စီတိုင်းကို၊
ကျွန်ုပ်တို့၏ဩတ္တပ္ပစိတ်အားဖြင့်မဟုတ်ဘဲ၊ ဤဖြောင့်မတ်သော စည်းမျဉ်း များအားဖြင့်စီရင်လိမ့်မည်။ သမ္မာကျမ်းစာက “ပညတ်တော်တို့ကိုစောင့်ရှောက်လော့။..... အကြောင်းမူကား၊
ဘုရားသခင်သည် ခပ်သိမ်းသောဝှက်ထားခြင်းမှစ၍၊ အလုံးစုံသော အမှု၊ ကောင်းမကောင်းရှိ သမျှတို့ကိုစစ်ကြော၍၊
စီရင်တော်မူလတ္တံ့” (ဒေ ၁၂း၁၃၊၁၄) ဟု ဆိုသည်။
လူတို့၏အသိစိတ်သည် ပြောင်းလဲသည်။ အချို့သောအသိစိတ်သည် “အားနည်း” နေ ချိန်တွင်၊
အချို့မှာ “မစင်ကြယ်၊” “ဆိုးယုတ်” သို့မဟုတ် “သံပူနှင့်ခတ်ခြင်းကိုခံ” ရသည် (၁ကော
၈း၇၊၁၂။ တိ ၁း၁၅။ ဟေဗြဲ ၁ဝး၂၂။ ၁တိ ၄း၂)။ လက်ပတ်နာရီကဲ့သို့
မည်မျှပင်ကောင်းမွန်စွာလည်ပတ်နေပါစေ၊ ၎င်းတို့သည် တန်ဖိုးရှိစေရန် တိကျသော
စံတော်ချိန်နှင့် ချိန်ညှိရသည်။ ကျွန်ုပ်တို့၏ဩတ္တပ္ပစိတ်သည် မှန်သောအရာကိုပြုလုပ် ရမည်ဟု ကျွန်ုပ်တို့ကို ပြောသော်လည်း၊ မှန်ကန်သောအရာသည်
ဘယ်အရာဖြစ်သည် ကိုမပြောပြပါ။ ဘုရားသခင်
၏ မဟာစံတော်ချိန်ဖြစ်သော သူ၏ ပညတ်တော်နှင့် ဩတ္တ ပ္ပစိတ်များကိုချိန်ညှိမှသာလျှင်
အပြစ်ထဲသို့လွင့်ပါးခြင်းမှ ကျွန်ုပ် တို့ကိုစောင့်ထိန်းနိုင် သည်။
၎င်းသည် အပြစ်ကိုထောက်ပြသည်။ ပညတ်တော်ဆယ်ပါးမရှိဘဲ၊
လူတို့သည် ဘုရားသခင်၏သန့်ရှင်းခြင်း၊ သူတို့ကိုယ်ပိုင်အပြစ်များ သို့မဟုတ်
နောင်တရရန် သူတို့လို အပ်ချက်
ကိုမမြင်နိုင်ကြချေ။
သူတို့သည် ဘုရားသခင်၏ ပညတ်တော်ကို သူတို့ကျူးလွန်ကြောင်း
မသိသော အခါ၊
သူတို့၏ပျောက်ဆုံးနေမှု သို့မဟုတ် အပြစ်ဖြေရာခရစ်တော်၏ အသွေးလိုအပ်မှုကို သူတို့ မခံစားကြချေ။
လူတို့အား သူတို့၏အခြေအနေမှန်ကိုမြင်နိုင်စေရန်၊
ပညတ်တော်သည် ကြည့် မှန်ကဲ့သို့ လုပ်ဆောင်သည် (ယာ ၁း၂၃-၂၅)။ ပညတ်တော်ကို “ကြည့်” သောသူ တို့သည်
ဘုရား သခင်၏ ဖြောင့်မတ်သော ဂုဏ်တော်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည့် သူတို့
ကိုယ်ပိုင် စာရိတ္တ၏ ချွတ်ယွင်းချက်များကိုမြင်ကြသည်။ လောကီသားအားလုံးသည်
ဘုရားသခင်၏ ရှေ့တွင် အပြစ်ရှိသည်ဖြစ်ရာ (ရော ၃း၁၉)၊ သူ့အပေါ် လုံး၀တာဝန်ရှိ ကြောင်းကို ပညတ်တော် က ပြသသည်။
“ပညတ်တရားသည် ဒုစရိုက်အပြစ်ကိုထင်ရှားစေသည်” (ရော ၃း၂၀)။ အဘယ် ကြောင့်ဆိုသော်၊ “ဒုစရိုက်သည်ကား ပညတ်တော်ကိုလွန်ကျူးခြင်းဖြစ်သတည်း” (၁ယော ၃း၄)။ ပေါလုက၊ “ပညတ်တရားအားဖြင့်သာ
အပြစ်သဘောကိုငါသိရ၏” (ရော ၇း၇)
ဟုဆိုသည်။ အပြစ်သားများအား သူတို့၏အပြစ်ကိုခံယူစေရာတွင်၊ သူတို့သည် ဘုရားသခင်၏
အမျက် ဒေါသစီရင်ခြင်းအောက်၌ ပြစ်ဒဏ်ချမှတ်ခြင်းကိုခံရ၍၊ ထာ၀ရ သေခြင်းပြစ်ဒဏ်ကို ရင်ဆိုင် နေကြရကြောင်းကို ၎င်းက
နားလည်သဘောပေါက်စေ သည်။ ၎င်းသည် သူတို့၏
လုံး၀ ခိုကိုး ရာ မဲ့နေမှုကို သူတို့အားသိစေသည်။
၎င်းသည် ပြောင်းလဲပေးသောအရာဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကိုပြောင်းလဲစေရန်
အသုံးပြုသောအရာမှာ ဘုရားသခင်၏ ပညတ်တော် ဖြစ် သည်။ “ထာ၀ရဘုရား၏တရားတော်သည်
စုံလင်သည်ဖြစ်၍၊ စိတ်ဝိညာဉ်ကို ပြုပြင် တတ် ၏” (ဆာ ၁၉း၇)။
ကျွန်ုပ်တို့၏စစ်မှန်သောစာရိတ္တကိုမြင်ပြီးနောက်၊ ကျွန်ုပ်တို့သည်
အပြစ်သားများဖြစ်၍၊ သေမိန့်ကိုစောင့်ကာ မျှော်လင့်ချက်မဲ့နေကြောင်း ကို နားလည် သဘောပေါက်သောအခါ၊ ကျွန်ုပ်တို့သည်
ကယ်တင်ရှင်လိုအပ်ကြောင်းကို သိရှိခံစားလာ ကြသည်။-- ထိုအခါ
ဝမ်းမြောက်ဖွယ်ဧဝံဂေလိတရားသည် အကယ်စင်စစ် အဓိပ္ပါယ် ပြည့်၀လာသည်။ ထို့ကြောင့် ပညတ်တော်သည်
ကျွန်ုပ်တို့၏ဆိုးဝါးသော အခြေအနေမှ ကျွန်ုပ်တို့ကိုလွတ်မြောက်စေနိုင် သည့်
တစ်ဦးတည်းသောသူ ခရစ်တော်ကို ညွှန်ပြသည်။ ဤရှုထောင့်မှကြည့်၍ ပေါလုသည်
လူကျင့်ဝတ်ဆိုင်ရာပညတ်တော်နှင့် ဝိနည်းထုံးဖွဲ့ဆိုင် ရာပညတ်ချက်များကို “ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ......
ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏ အထိန်း ဖြစ်သတည်း” (ဂလ ၃း၂၄) ဟု ဆိုသည်။
ပညတ်တော်သည် ကျွန်ုပ်တို့၏အပြစ်ကိုဖော်ပြသော်လည်း၊ ၎င်းသည်
ကျွန်ုပ်တို့ ကို ဘယ်ခါမျှ
မကယ်တင်နိုင်ချေ။ ညစ်ပေသော မျက်နှာကို စင်ကြယ်စေရန် ရေကိုအသုံး ပြုရ သကဲ့သို့၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏လူကျင့်ဝတ်ဆိုင်ရာပညတ်တော် တည်းဟူ သော
ကြည့်မှန်၌ကျွန်ုပ်တို့၏လိုအပ်ချက်ကိုရှာဖွေတွေ့ရှိပြီးနောက်၊ “ဒုစရိုက်အပြစ်အ ညစ်အကြေးကို
ဆေးကြောစရာဖို့စမ်းရေတွင်း” (ဇာ ၁၃း၁)
သို့ပြီးနောက်၊ “သိုးသငယ် ၏အသွေး” (ဗျာ ၇း၁၄) အားဖြင့်စင်ကြယ်ခြင်းသို့ရောက်ကြသည်။
ကျွန်ုပ်တို့သည် ခရစ် တော်ကိုကြည့်ရမည်။ “ခရစ်တော်သည် ကရာနိကုန်းပေါ်ကလက်ဝါးကပ်တိုင်ပေါ်တွင် တစ်လောကလုံး၏ လေးလံသောအပြစ်ဝန်ထုပ်အောက်၌
သေလုမြောပါးဖြစ်နေချိန် တွင်၊ သန့်ရှင်းသော
ဝိညာဉ်တော်သည် မိမိတို့ကျူးလွန်မှုများကို နောင်တရသောသူအား လုံးအပေါ် ဘုရားသခင်၏ စိတ်သဘောထားကိုပြသသည်။” ထိုအခါ ကျွန်ုပ်တို့၏ စိတ် ဝိညာဉ်သည် မျှော်လင့်ချက်နှင့်ပြည့်၍၊
ကျွန်ုပ်တို့အားထာ၀ရအသက်ကိုကမ်းပေး သော ကယ်တင်ရှင်ထံသို့
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်ရောက်ရှိသည် (ယော ၃း၁၆)။
၎င်းသည် စစ်မှန်သောလွတ်လပ်မှုကိုပေးသည်။ ခရစ်တော်က “ဒုစရိုက်ကိုပြု သမျှသောသူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်ကြ၏” (ယော ၈း၃၄) ဟုဆိုသည်။ ကျွန်ုပ်တို့ သည် ဘုရား သခင်၏ပညတ်တော်ကို ကျူးလွန်သောအခါ၊ လွတ်လပ်မှုမရှိ
ကြချေ။ သို့သော် ပညတ်တော် ဆယ်ပါးကိုနားထောင်ခြင်းသည် ကျွန်ုပ်တို့အား
စစ်မှန်သောလွတ် လပ်မှုကိုအာမခံသည်။ ဘုရားသခင့်ပညတ်တော်၏ ဘောင်ထဲ၌နေထိုင်ခြင်းသည် အပြစ် မှလွတ်မြောက်ခြင်းကို
ဆို လိုသည်။ ပြီးနောက် ၎င်းသည် အပြစ်နောက်၌ လိုက်ပါလာသော အစဉ်ပူပန်ခြင်း၊ စိတ်ဒဏ်
ရာ၊ ကျွန်ုပ်တို့အသက်တာ၌ပဓာနကျသော စွမ်းအင်များကို ကုန်ခန်းစေသောနောင်တတို့မှ
လွတ်မြောက်ခြင်းကိုလည်းဆိုလိုသည်။ ဆာလံဆရာက “ပေးတော်မူသောဩဝါဒများကို
အကျွန်ုပ်ရှာဖွေမေးမြန်းသည်ဖြစ်၍၊ အဆီးအတားမရှိဘဲသွားလာရပါ၏” (ဆာ ၁၁၉း၄၅) ဟု ဆိုသည်။ ယာကုပ်သည် ပညတ်တော်ကို “ရွှေပညတ်တော်၊” “လွတ်လပ်ခြင်းနှင့်စပ်ဆိုင်၍
စုံလင်သောတရား” ဟု ရည်ညွှန်းသည် (ယာ ၂း၈။ ၁း၂၅)။
ကျွန်ုပ်တို့သည် ဤလွတ်လပ်မှုကိုရစေခြင်းငှာ၊ ယေရှုသည်
ကျွန်ုပ်တို့၏အပြစ် ဝန်ထုပ် များနှင့် သူ့ထံသို့လာရန် ကျွန်ုပ်တို့ကိုဖိတ်ခေါ်သည်။
သူသည် ကျွန်ုပ်တို့၏ ဝန် ထုပ်အစား၊ သူ၏ထမ်းလွယ်သော
ထမ်းပိုးကိုကမ်းပေးသည် (မ ၁၁း၂၉၊၃၀)။ ထမ်း ပိုးသည်
အလုပ်လုပ်ရန် တန်ဆာပလာဖြစ်သည်။ ဝန်ကိုခွဲဝေလိုက်သောအခါ၊ ထမ်းပိုး သည် ထမ်းရလွယ်ကူ သည်။ ခရစ်တော်သည်
ကျွန်ုပ်တို့နှင့်အတူတူထမ်းပိုးထမ်းရန်ကမ်း လှမ်းသည်။
ထိုထမ်းပိုး ကိုယ်၌က “မေတ္တာနှင့်ဆိုင်သော
မဟာပညတ်တော် တည်းဟူ သောဧဒင်ဥယျာဉ်၌
ဖော်ပြသောပညတ်၊ သိနာတောင်ပေါ်၌ကြေညာသောပညတ်၊ ဘုရား သခင်၏အလိုတော်၌ လူသားတို့ကိုချဉ်နှောင်၍၊ စိတ်နှလုံးထဲတွင်
ရေးသား သော ပဋိညာဉ်အသစ်ပညတ်ဖြစ်သည်။” ကျွန်ုပ်တို့သည်
ခရစ်တော်နှင့်အတူ ထမ်းပိုးထမ်း သောအခါ၊ သူသည်
ကျွန်ုပ်တို့၏ လေးသောဝန်ကိုထမ်း၍၊ နားထောင်မှုကို ပျော်ရွှင်မှုဖြစ် စေသည်။ သူသည်
ကျွန်ုပ်တို့အား အလျင်က မဖြစ်နိုင်သောအရာကို ကျော်လွှားနိုင် စေသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့၏စိတ်နှလုံးတွင် ရေးသားသော
ပညတ်တော်သည် နှစ် သက်ဖွယ်နှင့်
ဝမ်းမြောက်ဖွယ်ဖြစ်လာသည်။ ကျွန်ုပ်တို့ သည် သူ၏မိန့်တော်မူချက် အတိုင်းလုပ်ဆောင်လိုသောကြောင့်လွတ်လပ်သည်။
အကယ်၍ပညတ်တော်ကို ဘုရားသခင်၏ကယ်တင်သောတန်ခိုးမပါဘဲ ပေးခဲ့
မည်ဆို လျှင်၊ အပြစ်မှလွတ်မြောက်ခြင်းမရှိချေ။ သို့သော် ပညတ်တော်ကိုမပယ်သော
ဘုရားသခင်၏ ကယ်တင်သောကျေးဇူးတော်သည် အပြစ်မှလွတ်မြောက်စေသောတန်ခိုး ကိုပေးသည်။ အကြောင်းမူကား၊ “ခင်ဘုရား၏ဝိညာဉ်တော်တရားသည်
လွတ်ခြင်းချမ်း သာကိုပေး တတ်၏” (၂ကော ၃း၁၇)။
၎င်းသည် မကောင်းမှုကိုထိန်းချုပ်၍၊
ကောင်းချီးကိုယူဆောင်လာသည်။ လောက ကို
လွှမ်းမိုးနေသောရာဇဝတ်မှု၊ အကြမ်းဖက်မှု၊
အကျင့်ပျက်ခြင်းနှင့်ဆိုးယုတ်ခြင်းတို့တိုး ပွားခြင်းသည်
ပညတ်တော်ဆယ်ပါးကိုလျစ်လျူရှုခြင်းမှလာသည်။ ဤပညတ်တော်ကို လက်ခံသောအခါ၊ ၎င်းသည်
အပြစ်ကိုထိန်းချုပ်သည်၊ ကောင်းသောအပြု အမူကိုအား ပေးသည်။ ဖြောင့်မတ်ခြင်းကိုဆောက်တည်သော
နည်းလမ်းလည်းဖြစ်လာသည်။ ၎င်း၏ စည်းမျဉ်းများ ကိုမိမိတို့ဥပဒေများတွင်
ထည့်သွင်းသောနိုင်ငံများသည် ကြီးမားသော ကောင်းချီးကိုတွေ့ကြုံ
ခံစားကြသည်။ အခြားတစ်ဖက်တွင်မူ၊ ၎င်း၏စည်းမျဉ်း များကို စွန့်ပယ်ခြင်းသည် မှန်မှန်ဆုတ် ယုတ် သွားစေသည်။
ဓမ္မဟောင်းကျမ်းအချိန်တွင်၊ ဘုရားသခင်သည် သူ၏ပညတ်တော်ကို
အတိုင်း အတာတစ်ခုအထိ
နာခံသောလူမျိုးများဖြစ်စေ၊ တစ်ဦးချင်းစီဖြစ်စေ မကြာမကြာ ကောင်းချီးပေးခဲ့သည်။ “ဖြောင့်မတ်ခြင်းတရားသည်
ပြည်သားတို့ကိုချီးမြှောက်တတ် ၏။” “ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်းအားဖြင့်သာ တည်တတ်၏” (သု ၁၄း၃၄။ ၁၆း၁၂)။ ဘုရားသခင်၏ ပညတ် ချက်များကို
နာခံရန်ငြင်းဆန်သောသူတို့သည် ဘေးဒုက္ခများကို ရင်ဆိုင်ကြရသည် (ဆာ ၈၉း၃၁၊ ၃၂)။ “မတရားသောသူ၏နေရာသည် ထာ၀ရဘုရား ကျိန်တော်မူခြင်းကို
တွေ့တတ်၏။ တရားသောသူ၏နေရာကိုကား၊ ကောင်းချီးပေး တော်မူ၏” (သု ၃း၃၃)။
ဤအလားတူ အခြေခံမူသည်
ယနေ့တွင်လည်းမှန်ကန်သည်။
ပညတ်တော်အမြဲတည်ခြင်း
ပညတ်တော်ဆယ်ပါးသည် ဘုရားသခင်၏ဂုဏ်တော်ကို ရောင်ပြန်ဟပ်သည်
ဖြစ် ရာ၊ ၎င်း၏အခြေခံမူများသည်
ယာယီ သို့မဟုတ် အခြေအနေပေါ်မတည်ဘဲ၊ လူသားတို့ အတွက် လုံး၀မပြောင်းမလဲ၊ အစဉ်ခိုင်လုံမှုရှိသည်။
ရာစုနှစ်အဆက်ဆက်က ခရစ်ယာန် များသည်
ဘုရားသခင့်ပညတ်တော်၏တည်မြဲခြင်းကို အခိုင်အမာထောက်ခံကြ ပြီး၊ ၎င်း၏ဆက်လက်
တရားဝင်မှုကိုလည်း စွဲစွဲမြဲမြဲခံယူခဲ့ကြသည်။
သိနာတောင်မတိုင်မီရှိခဲ့သောပညတ်တော်။ ပညတ်တော်သည် ဘုရားသခင်က ဣသရေလတို့အား ပညတ်တော်ဆယ်ပါးကို
သိနာတောင်ပေါ်တွင်မပေးမီ ကြာမြင့် စွာ ကရှိခဲ့သည်။
အကယ်၍မရှိခဲ့လျှင်၊ သိနာတောင်မတိုင်မီအပြစ်ရှိနိုင်မည်မဟုတ်ချေ။ အ ဘယ် ကြောင့်ဆိုသော်၊ “ဒုစရိုက်သည်ကား
ပညတ်တော်ကိုလွန်ကျူးခြင်းဖြစ်သတည်း” (၁ယော ၃း၄)။
လူစီဖါနှင့်သူ၏တမန်များ အပြစ်ပြုခဲ့ကြသည့်အရာမှာ ဖန်ဆင်းခြင်း မတိုင်မီကပင်၊
ပညတ်တော်ရှိခဲ့သည့်အထောက်အထားပင်ဖြစ်သည် (၂ပေ ၂း၄)။
ဘုရားသခင်သည် အာဒံနှင့်ဧ၀ကို
မိမိပုံသဏ္ဌာန်အတိုင်းဖန်ဆင်းချိန်က၊ သူတို့၏ စိတ်နှလုံးတွင် ပညတ်တော်၏
လူ့ကျင့်ဝတ်ဆိုင်ရာအခြေခံစည်းမျဉ်းများကို ထားပေးခဲ့ ပြီ၊ သူတို့ အတွက် ကိုယ်တော်၏အလိုတော်လိုက်လျှောက်ခြင်းကို
ပင်ကိုဗီဇ ဖြစ်စေခဲ့သည်။ သူတို့၏ လွန်ကျူးခြင်းသည်
အပြစ်ကိုလူ့မိသားစုထဲသို့စတင်ပေးခဲ့သည် (ရော ၅း၁၂)။
နောက်ပိုင်းတွင် ဘုရားသခင်သည် အာဗြဟံအကြောင်းနှင့်ပတ်သက်၍၊ “အာဗြဟံ သည် ငါ့စကားကိုနားထောင်၍၊
ငါစီရင်မှာထားသောပညတ်တရားအမျိုးမျိုးတို့ကို စောင့် ရှောက်သတည်းဟု မိန့်တော်မူ၏” (က ၂၆း၅)။
ထို့နောက် မောရှေသည် သိနာ တောင် မတိုင်မီ ဘုရားသခင်၏ နည်းဥပဒေသများနှင့်
ပညတ်ချက်များကိုသင်ပေးခဲ့သည် (ထွက် ၁၆။ ၁၈း၁၆)။ ကမ္ဘာဦးကျမ်းကိုလေ့လာရာတွင်
ပညတ်တော်ဆယ်ပါး ကို သိနာတောင် မတိုင်မီ
ကောင်းစွာသိနေခဲ့ကြောင်းသိရှိနိုင်သည်။ ဘုရားသခင်သည် ပညတ်တော်ဆယ် ပါးကို မပေးမီ၊ ၎င်းတားမြစ်သောလုပ်ရပ်များသည် အမှား၊
အပြစ်အဖြစ် လူများသိရှိ မှတ်ယူခဲ့ကြကြောင်းကို ကမ္ဘာဦးကျမ်းက
ရှင်းလင်းစွာဖော်ပြသည်။ ဤလူ့ကျင့်ဝတ်ဆိုင် ရာပညတ်တော်ကို
ယေဘုယျနားလည်ခြင်းက ဘုရားသခင်သည် လူသားတို့အား ပညတ်တော်ဆယ်ပါး သိရှိခြင်းအခွင့်ကို
ပေးခဲ့ပြီးဖြစ်ရမည်ဟူသော အချက်ကိုပြသ သည်။
သိနာတောင်ပေါ်တွင်ပေးသောပညတ်တော်။ ကြာမြင့်စွာသော အီဂျစ်ပြည်၏ကျွန် ဘ၀အတွင်း၊ စစ်မှန်သောဘုရားကိုမသိတော့သည့်လူမျိုး (ထွက် ၅း၂)
ဣသရေလတို့ သည်
ရုပ်တုကိုးကွယ်ခြင်းနှင့် အကျင့်ပျက်ခြင်းတို့အလယ်တွင်
နေထိုင်ခဲ့ကြသည်။ အကျိုးဆက် အဖြစ်သူတို့သည်
ဘုရားသခင်၏သန့်ရှင်းခြင်း၊ စင်ကြယ်ခြင်းနှင့် လူ့ကျင့် ဝတ်ဆိုင်ရာအခြေခံ မူတို့ကို မသိနားမလည်တော့ချေ။
သူတို့၏ကျွန်ဖြစ်ရခြင်း သည် လည်း သူတို့၏
ဝတ်ပြုကိုး ကွယ်ခြင်းအတွက် အခက်အခဲဖြစ်စေခဲ့သည်။
အကူအညီအတွက် သူတို့၏အပြင်းအထန်အော်ဟစ်ခြင်းကို
တုံ့ပြန်သောအားဖြင့် ဘုရားသခင်သည် အာဗြဟံနှင့်ပြုသောပဋိညာဉ်ကိုသတိရ၍၊
မိမိလူတို့သည် “အထုံးအဖွဲ့
တော်တို့အတိုင်းကျင့်၍၊ ပညတ်တရားတော်ကိုစောင့်ရှောက်” (ဆာ ၁၀၅း၄၃၊၄၄) နိုင်မည့်
တိုင်းပြည်ကိုခေါ်ဆောင်ခြင်းအားဖြင့်၊ “သံမီးဖို” (တရား ၄း၂၀) မှကယ်နုတ်ရန် စိတ်ပိုင်း ဖြတ်ခဲ့သည်။
သူတို့သည် အီဂျစ်ပြည်မှလွတ်မြောက်ပြီးနောက်၊ ဘုရားသခင်သည်
သူတို့ကိုသိ နာတောင်သို့ပို့ဆောင်ကာ၊
လူ့ကျင့်ဝတ်ဆိုင်ရာပညတ်တော်ကိုပေးခဲ့သည်။ ထိုပညတ် သည် ဘုရားသခင့်အုပ်ချုပ်မှု၏စံချိန်စံညွှန်း၊
ကယ်တင်ရှင်၏အပြစ်ဖြေရာအသေခံခြင်း အားဖြင့် သူတို့ကို ကယ်တင်ခြင်းလမ်းကြောင်းကို
ပြသသောဝိနည်းထုံးဖွဲ့ဆိုင်ရာပညတ် ချက်များ၏
စံချိန်စံညွှန်းဖြစ်သည်။ “ဒုစရိုက်များကြောင့်” (ဂလ ၃း၁၉) ဘုရားသခင်သည် ရိုးစင်းသော
စကားအသုံးအနှုန်းများဖြင့် သိနာတောင်တွင် ပညတ်တော်ကိုတိုက်ရိုက် ပေးခဲ့သည်။ “ထိုသို့ ဖြစ်သောကြောင့်
အပြစ်တရားသည် ပညတ်တော်အားဖြင့် အလွန် အပြစ်နှင့်
ပြည့်စုံခြင်းရှိ သတည်း” (ရော ၇း၁၃)။
ဘုရားသခင့်ပညတ်တော်၏ ထင်ရှား ပြတ်သားသော
မီးမောင်းထိုးပြမှု ကြောင့် ဣသရေလတို့သည်
မိမိတို့၏ကျူးလွန်မှုများ ကိုသိမြင်လာ၍၊
သူတို့၏ ခိုကိုးရာမဲ့မှုကို တွေ့ရှိကာ၊ ကယ်တင်ခြင်းလိုအပ်မှုကို မြင် လာခဲ့ကြသည်။
ခရစ်တော်မကြွလာမီတိုက်ခိုက်ခြင်းခံရမည့်ပညတ်တော်။ ဘုရားသခင်၏ ပညတ် တော်သည်
စာတန်၏တိုက်ခိုက်မှုကိုခံရပြီး၊ ၎င်းတိုက်ပွဲသည် ခရစ်တော်မကြွလာမီ အချိန်လေးတွင်
အထွတ်အထိပ်သို့ရောက်လိမ့်မည်ဖြစ်ကြောင်း ကျမ်းစာကဖော်ပြ သည်။ အနာဂတ္တိ စကားသည် စာတန်ကလူအများတို့အား
ဘုရားသခင်၏စကားကိုမနာ ခံရန် ဦးဆောင်လိမ့် မည်
(ဗျာ၊ ၁၂း၉)။ “သားရဲ” ၏တန်ခိုးမှတစ်ဆင့်လုပ်ဆောင်လျက်၊ သူသည် လောကီသား တို့၏
အာရုံကို ဘုရားသခင်ထံအစား၊ သားရဲဘက်သို့ဆွဲဆောင်ရန် ညွှန်ကြားလိမ့်မည် (ဗျာ ၁၃း၃)။
၁။ တိုက်ခိုက်ခြင်းခံရသောပညတ်တော်။ ဒံယေလအခန်းကြီး (၇) သည် ထိုတန်ခိုး
ကိုချိုငယ်ကဲ့သို့ဖော်ပြသည်။ ဤအခန်းကြီးသည် သားရဲလေးကောင်အကြောင်း ကိုဖော် ပြပြီး၊ ၎င်းတို့သည် ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သော
ဗာဗုလုန်၊ မေဒိ-ပေရသိ၊ ဂရိနှင့် ရောမစသည့်နိုင်ငံများအဖြစ် ခရစ်တော်အချိန်မှစ၍
ကျမ်းအနက်ဖွင့် ဆိုသူ များကဖော်ထုတ်ခဲ့ကြသည်။ စတုတ္ထသားရဲ၏ချိုဆယ်ချောင်းသည်
ရောမအင်ပါယာကျ ဆုံးချိန် (အေဒီ ၄၇၆)
တွင် ကွဲသွားသောနိုင်ငံများကိုကိုယ်စားပြုသည်။
ဒံယေလ၏ရူပါရုံသည် ချိုဆယ်ချောင်းအထဲကထွက်လာသည့်
ကြောက်မက်ဖွယ် ဘုရားရှင်ကိုစော်ကားသော ချိုငယ်လေးကိုဗဟိုပြု၍၊ ၎င်းကို
ရောမအင်ပါယာကျဆုံး ပြီးနောက် ထွက်လာသော
ထိတ်လန့်ဖွယ်တန်ခိုးအဖြစ်ဖော်ပြသည်။ ဤတန်ခိုးသည် ဘုရားသခင်၏ ပညတ်တော်ကို
ပြောင်းလဲရန် ကြိုးစား၍ (ဒံ ၇း၂၅)၊ ခရစ်တော် မကြွ လာမီတိုင်အောင်ဆက်
လက်လုပ်ဆောင်သွားလိမ့်မည်။ ဤတိုက်ခိုက်မှုကိုယ်၌က ကယ် တင်ခြင်း စီမံကိန်းတွင် ပညတ်တော် ၏
ဆက်လက်အရေးပါမှု၏အထောက်အထား ဖြစ်သည်။
တရားစီရင် ခြင်းသည် ဤချိုငယ်လေးကို ဖျက်ဆီးပစ်မည်ဖြစ်သောကြောင့် (ဒံ ၇း၁၁၊၂၆-၂၈)
ဤတန်ခိုးသည် ပညတ်တော်ကိုရှင်းပစ်ခြင်းသည် အောင်မြင်လိမ့်မည် မဟုတ်ကြောင်းကိုဘုရားသခင်သည်
မိမိလူတို့အားအခိုင်အမာမိန့်ဆိုမှုဖြင့်ဤရူပါရုံသည် ပြီးဆုံးသွားသည်။
၂။ သန့်ရှင်းသူတို့သည်ပညတ်တော်ကိုကာကွယ်ကြသည်။ နာခံမှုသည် ဒုတိယ အကြိမ်ကြွလာခြင်းကို
မျှော်လင့်သောသူတို့၏ လက္ခဏာဖြစ်သည်။ နောက်ဆုံးသော ပဋိပက္ခတွင် သူတို့သည်
ဘုရားသခင်၏ ပညတ်တော်ကို ထိန်းသိမ်းရန် လှုံ့ဆော်စည်းရုံး ကြသည်။ သမ္မာကျမ်းစာကသူတို့သည် “ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု ၏
သက်သေခံတော်မူချက်ကို စွဲလမ်းသောသူ” (ဗျာ ၁၂း၁၇။ ၁၄း၁၂) များ၊ ခရစ်တော် ကြွလာခြင်းကို စိတ်ရှည် သည်းခံလျက်
စောင့်မျှော်သူများအဖြစ်ဖော်ပြသည်။
ဒုတိယအကြိမ်ကြွလာခြင်းအတွက်ပြင်ဆင်ရာတွင်၊ ဤသူတို့သည်
ဧဝံဂေလိတ ရားကို ဟောပြောပြီး၊
ဖန်ဆင်းရှင်အဖြစ် ထာ၀ရဘုရားကိုကိုးကွယ်ရန် အခြားသူတို့ကို ဖိတ်ခေါ် သည် (ဗျာ ၁၄း၆၊၇)။ ဘုရားသခင်ကိုမေတ္တာထား၍
ကိုးကွယ်သောသူတို့သည် နာခံမှုရှိကြသည်။ ယောဟန်က၊ “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည်
ဘုရားသခင် ကို ချစ်ရာရောက်၏။
ပညတ်တော်တို့ကိုစောင့်ခဲသည်မဟုတ်” (၁ယော ၅း၃) ဟုဆို
သည်။
၃။ ဘုရားသခင်၏တရားစီရင်ခြင်းနှင့်ပညတ်တော်။ နာခံမှုမရှိသော သူတို့အပေါ် ဘုရားသခင်၏နောက်ဆုံးဘေးဒဏ်
ခုနစ်ပါးဖြင့် တရားစီရင်ခြင်းသည် “ကောင်းကင်ဘုံ၌
သက်သေခံတော်မူချက်ဌာပနာရာတဲတော် (ဗျာ ၁၅း၅) အထဲက ထွက်လာသည်။ ဣသ ရေလတို့သည် “သက်သေခံတော်မူချက်ဌာပနာရာတဲတော်” အကြောင်းကို ကောင်းစွာသိ ကြသည်။ ၎င်း သည် မောရှေတည်ဆောက်ခဲ့သောတဲတော် ဖြစ်သည် (တော
၁း၅၀၊၅၃။ ၁၇း၈။ ၁၈း၂)။ တဲတော်အထဲတွင် “သက်သေခံ
ကျောက်ပြားနှစ်ပြား” (ထွက် ၃၁း၁၈)
ကိုထည့်ထားသော “သက်သေခံချက်သေတ္တာ” (ထွက် ၂၆း၃၄) ရှိသည်။ ထို့ကြောင့် ပညတ်တော်ဆယ်ပါးသည်
ဘုရားသခင်၏ အလိုတော်ကိုလူတို့ထံ “သက်သေခံချက်” ဖြစ်သည် (ထွက် ၃၄း၂၈၊၂၉)။
သို့သော်၊ ဗျာဒိတ်ကျမ်း ၁၅း၅ သည် “ကောင်းကင်ဘုံ၌သက်သေခံတော်မူချက် ဌာပနာ ရာတဲတော်” ကိုရည်ညွှန်းသည်။ မောရှေ၏တဲတော်သည် ကောင်းကင်ဘုံက
ဗိမာန်တော်၏ ပုံစံကိုကူးယူခြင်းမျှသာဖြစ်သည် (ထွက် ၂၅း၈၊ ၄၀။ ဟေဗြဲ ၈း၁-၅)။
ပညတ်တော်ဆယ်ပါး မူရင်းကို ထိုနေရာတွင်သိမ်းဆည်းထားသည်။ နောက်ဆုံးသော
တရားစီရင်ခြင်းသည် ဘုရားသခင်၏ ပညတ်တော်လွန်ကျူးခြင်းနှင့် အတွင်းကျကျ ဆက်စပ်နေမှုသည်လည်း၊
ပညတ်တော် ဆယ်ပါးတည်မြဲခြင်း၏ သက်သေအထောက် အထားကို ထပ်ပေါင်းပေးသည်။
“တစ်ဖန်ကောင်းကင်ဘုံ၌ ဗိမာန်တော်ကိုဖွင့်ထား၍၊
ဗိမာန်တော်ထဲမှာ ပဋိညာဉ် သေတ္တာထင်ရှားလေ၏” (ဗျာ ၁၁း၁၉)။ “ပဋိညာဉ်သေတ္တာ” ဟူသော စကားစုသည်
မြေကြီးပေါ်က တဲတော်မှသေတ္တာတော်ကိုဆိုလိုပြီး၊ ထိုအထဲတွင် “ပဋိညာဉ်စကား၊ ပညတ်တော်ဆယ်ပါးကိုရေးထား” (ထွက် ၃၄း၂၈) သောကျောက်ပြားနှစ်ပြား ထည့်ထား သည်။ ကောင်းကင်ဗိမာန်တော်ထဲက ”ပဋိညာဉ်သေတ္တာသည် ထာ၀ရတည်သောပဋိညာဉ် စကားပါသည့်
မူလပညတ်တော်ဆယ်ပါးထည့်ထားသည့် သေတ္တာတော်ဖြစ်သည်။ ထို ကြောင့် ဘုရားသခင်၏ မြေကြီးပေါ် နောက်ဆုံးတရားစီရင်သည့်
အချိန်သည် (ဗျာ ၁၁း၁၈) ကောင်းကင်ဗိမာန်ကိုဖွင့်၍ ပညတ်တော်ဆယ်ပါးပါရှိသော
ပဋိညာဉ်သေတ္တာကို ပြသခြင်းနှင့် ဆက်စပ်နေခြင်းမှာ
တရားစီရင်ခြင်း၏စံချိန်စံညွှန်းအဖြစ် ဘုရားသခင့် ပညတ်တော်၏ အရေး ကြီးမှုကို
ရှင်းလင်းစွာပြသည်။
ပညတ်တော်နှင့်ဧဝံဂေလိတရား
ကယ်တင်ခြင်းသည် ပညတ်တော်၏အကျင့်အားဖြင့်မဟုတ်ဘဲ၊
ယုံကြည်ခြင်း အားဖြင့်ကျေးဇူးတော်ကြောင့်ရသောဆုလာဘ်ဖြစ်သည်။ “ပညတ်တော်၏အကျင့်၊ မည် မျှ ပင်ကြိုးစား ၍ လုပ်ဆောင်သောကောင်းမှုသည် များသည်ဖြစ်စေ၊
နည်းသည်ဖြစ်စေ၊ အနစ်နာခံမှုဖြစ်စေ၊ မည်သည့်နည်းအားဖြင့်မျှအပြစ်သားကို
ဖြောင့်မတ်ရာသို့မရောက် စေနိုင်ချေ (တိ ၃း၅။ ရော
၃း၂၀)။”
သမ္မာကျမ်းစာတစ်အုပ်လုံးတွင်
ပညတ်တော်နှင့်ဧဝံဂေလိတရားတို့အကြားတွင် လုံးလုံး သဟဇာတဖြစ်ပြီး၊
တစ်ခုနှင့်တစ်ခုအတည်ပြုပေးကြသည်။
သိနာတောင်မတိုင်မီကပညတ်တော်နှင့် ဧဝံဂေလိတရားဆက်စပ်မှု။ အာဒံနှင့်ဧ၀ တို့သည် အပြစ်ပြုသောအခါ၊ အပြစ်ရှိခြင်း၊
ကြောက်ရွံ့ခြင်းနှင့် လိုအပ်မှုရှိခြင်းတို့ သည် မည်သည့်
အရာဖြစ်သည်ကိုသိလာခဲ့ကြသည် (က ၃း၁၀)။ ဘုရားသခင်သည် သူတို့၏ လိုအပ်ချက်ကို သူတို့အားအပြစ်တင်သောပညတ်တော်ကို
ဖယ်ရှားခြင်းအားဖြင့် မဟုတ် ဘဲ၊ ထို့အစား
သူနှင့် မိသဟာယဖွဲ့၍ သူ့စကားကိုနာခံခြင်းသို့ သူတို့ကိုခေါ်ဆောင်မည့်
ဧဝံဂေလိတရားကို ပေးခဲ့၏။
ဤဧဝံဂေလိတရားသည် တစ်နေ့သောအခါကြွလာ၍
မကောင်းမှုကိုအောင်နိုင် မည့်
မိန်းမ၏အမျိုးအနွယ်တည်းဟူသော ကယ်တင်ရှင်အားဖြင့် ရွေးနုတ်ခြင်းကတိပါရှိ သည် (က ၃း၁၅)။
ဘုရားသခင်ပြသခဲ့သောယဇ်ပူဇော်ခြင်းစနစ်သည် အပြစ်ဖြေခြင်း ဆိုင်ရာအရေးကြီး သောသမ္မာတရားကို
သူတို့အားသင်ပေးခဲ့သည်။ အပြစ်ဖြေလွှတ်ခြင်း ကို ကယ်တင်ရှင်၏
အသွေး၊ သေခြင်းအားဖြင့်သာ ရရှိနိုင်ကြောင်းကို သင်ပေးခဲ့သည်။ သူတို့ကိုယ်စားကယ်တင်
ရှင်၏ အပြစ်ဖြေရာအသေခံခြင်းကို ပုံဆောင်သည့် တိရစ္ဆာန် ယဇ်ပူဇော်ခြင်းကို ယုံကြည်ခြင်းအားဖြင့် သူတို့သည်
အပြစ်ခွင့်လွှတ်ခြင်း ကိုရရှိခဲ့ကြ သည်။ သူတို့သည်
ကျေးဇူးတော်အား ဖြင့် ကယ်တင်ခြင်းခံခဲ့ရကြသည်။
ဤဧဝံဂေလိ တရားသည် လူသားတို့အား ပေးသော ဘုရားသခင့် ထာ၀ရ ပဋိ ညာဉ် ကျေးဇူးတော်၏ဗဟိုချက်မဖြစ်သည် (က ၁၂း၁-၃။ ၁၅း၄၊၅။
၁၇း၁-၉)။ ၎င်းသည် ဘုရား သခင်၏ပညတ်တော်နားထောင်ခြင်းနှင့် နီးကပ်စွာဆက်စပ်သည် (က
၁၈း၁၈၊ ၁၉။ ၂၆း၄၊၅)။ ဘုရားသခင့်ပဋိညာဉ်၏အာမခံသူမှာ၊ “ကမ္ဘာဦးကပင်ကွပ်မျက်သောသိုး သငယ်” (ဗျာ ၁၃း၈)
တည်းဟူသော ဧဝံဂေလိတရား၏အခရာဖြစ်သည့် ဘုရားသခင်၏ သားတော်ဖြစ်သည်။
ထို့ကြောင့်ဘုရားသခင်၏ကျေးဇူးတော်သည် အာဒံနှင့် ဧ၀တို့အပြစ် ပြုပြီးသည်နှင့်
ချက်ချင်းစတင်အကျိုးသက်ရောက်ခဲ့သည်။ ဒါဝိဒ်က “ထာ၀ရဘုရား၏
ကရုဏာတော်မူကား၊ ကြောက်ရွံ့သောသူတို့အပေါ်သို့ ကာလအစဉ်အဆက်သက်ရောက် တတ်၏။
သစ္စာတော်ကို စောင့်၍ ပညတ်တော်တို့ကိုကျင့်ခြင်းငှာ၊ သတိပြုသောသူတို့၏
သားစဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့်ဆိုင်ရကြ၏} (ဆာ ၁၀၃း၁၇၊၁၈) ဟုဆိုသည်။
သိနာတောင်တွင်ပညတ်တော်နှင့်ဧဝံဂေလိတရားဆက်စပ်မှု။ ပညတ်တော် ဆယ် ပါးနှင့်
ဧဝံဂေလိတရားသည် နီးကပ်သောဆက်ဆံမှုရှိသည်။ ဥပမာ၊ ပညတ်တော်၏ နိဒါန်းသည်
ဘုရားသခင်ကိုရွေးနုတ်သောအရှင်အဖြစ် ရည်ညွှန်းသည် (ထွက် ၂ဝး၁)။ ပညတ်တော်ဆယ်ပါးကို ကြေညာပြီးနောက်တစ်ဆက်တည်း၊ ဘုရားသခင်သည် ဣသ ရေလတို့အား ယဇ်ပလ္လင်ကိုတည်၍၊ သူ၏ကယ်တင်သော
ကျေးဇူးတော်ကိုဖော်ပြသည့် ယဇ်ပူဇော်ခြင်းများ ကို စတင်ရန်ညွှန်ကြားခဲ့သည်။
သိနာတောင်ပေါ်တွင် ဘုရားသခင်သည်
တဲတော်တည်ဆောက်ခြင်းနှင့်ဆိုင်သော ပညတ်ချက်အများစုကို မောရှေအားပေးခဲ့သည်။
ထိုတဲတော်တွင် ဘုရားသခင်သည် သူ၏ လူတို့နှင့်ကိန်းဝပ်၍၊
သူ၏ကောင်းချီးများကိုဝေငှရန်နှင့် သူတို့၏အပြစ်များကို လွှတ်ရန် သူတို့
နှင့်တွေ့ဆုံသည် (ထွက် ၂၄း၉-၃၁း၁၈)။ သိနာတောင်မတိုင်မီကရှိခဲ့သည့် ရိုးစင်းသော
ယဇ်ပူဇော်ခြင်းကို ဤသို့ချဲ့ကားလိုက်ခြင်းသည် အပြစ်သားများ၏ ကယ်တင်ခြင်းအတွက်
ခရစ်တော်၏ကြားဖျန်ဖြေခြင်းလုပ်ငန်းနှင့် ဘုရားသခင့်ပညတ် တော်၏ အခွင့်အာဏာနှင့် သန့်ရှင်းခြင်းကို
သက်သေထူခြင်းတို့ကိုနိမိတ်ပြခဲ့သည်။
ဘုရားသခင်ကိန်းဝပ်သောနေရာမှာ
လောကတဲတော်၏အသန့်ရှင်းဆုံးအခန်းရှိ၊ ပညတ် တော်ဆယ်ပါးကိုထည့်ထားသော
ပဋိညာဉ်သေတ္တာ၏အပေါ်က ကရုဏာပလ္လင် ဖြစ်သည်။ တဲတော်၏
လုပ်ငန်းအားလုံးသည် ကယ်တင်ရှင်ကိုပုံဆောင်သည်။ သွေးသွန်း သော ယဇ်ပူဇော်ခြင်းသည် ပညတ်တော်၏အပြစ်စီရင်ခြင်းမှ
လူသားမျိုးနွယ်ကိုလွတ် မြောက် စေမည့် ခရစ်တော်၏
အပြစ်ဖြေသောသေခြင်းကိုညွှန်ပြသည်။
ပညတ်တော်ဆယ်ပါးကို ရေးသောကျောက်ပြားတို့ကို
သေတ္တာတော်ထဲတွင် ထား ရှိသော်လည်း၊ ဘုရားသခင်ပေးခဲ့သည့် ဝိနည်းထုံးဖွဲ့ဆိုင်ရာ ပညတ်များနှင့် အရပ်ဘက် ဆိုင်ရာ
ဥပဒေများကို ရေးထားသော “ပညတ္တိကျမ်းစာ” ကို လူတို့၏တစ်ဖက်၌သက်သေ ဖြစ်မည် အကြောင်း
ပဋိညာဉ်သေတ္တာနံဘေးတွင်ထားရှိခဲ့သည် (တရား ၃၁း၂၆)။ သူတို့ သည် အပြစ် ပြုသည့်အခါတိုင်း၊ ဤ “သက်သေ” သည်
သူတို့၏လုပ်ဆောင်မှုများကို အပြစ်တင်၍၊ ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ခြင်းအတွက်
လိုအပ်ချက်များကို အသေးစိတ်စီစဉ်ပြင်ဆင်ထားသည်။
သိနာတောင်မှစ၍၊ ခရစ်တော်သေသည်တိုင်အောင် ပညတ်တော် ဆယ်ပါး ကိုကျူးလွန်သူတို့သည်
ဝိနည်းထုံးဖွဲ့ဆိုင်ရာပညတ်ချက်မှတဲတော် လုပ်ငန်းအားဖြင့်ပုံဖော်
ထားသောဧဝံဂေလိတရားကို ယုံကြည်ခြင်းအားဖြင့် မျှော်လင့် ချက်၊ အပြစ်လွှတ်ခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်းတို့ကို
ရှာဖွေတွေ့ရှိခဲ့ကြသည်။
လက်ဝါးကပ်တိုင်နောက်ပိုင်း ပညတ်တော်နှင့်
ဧဝံဂေလိတရားဆက်စပ်မှု။ များ စွာသောခရစ်ယာန်များသုံးသပ်သကဲ့သို့၊ ခရစ်တော်၏သေခြင်းသည်
ဝိနည်းထုံးဖွဲ့ဆိုင် ရာပညတ်တရားကိုပယ်ဖျက်၍၊ ပညတ်တော်ဆယ်ပါးကိုတည်စေကြောင်း သမ္မာကျမ်း စာကညွှန်ပြ သည်။
အောက်ပါအထောက်အထားများကိုမှတ်သားပါ။
၁။ ဝိနည်းထုံးဖွဲ့ဆိုင်ရာပညတ်။ ခရစ်တော်အသေခံသောအချိန်တွင်၊ အနာဂတ္တိ ပုံဆောင်မှုဖြစ်သော
ယဇ်ပူဇော်ခြင်းစနစ်ကို သူသည် ပြည့်စုံစေခဲ့သည်။ ပုံဆောင်မှုကို အ စစ်အမှန်ကပြီးစီးစေခဲ့ပြီး၊ ဝိနည်းထုံးဖွဲ့ဆိုင်ရာပညတ်သည် ဆုံးခန်းတိုင်ခဲ့သည်။ အစော ပိုင်းရာစုနှစ်များစွာက၊
မေရှိယ၏အသေခံခြင်းသည် “ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်း ကိုပပျောက်
စေလိမ့်မည်” (ဒံ ၉း၂၇) ဟု
ဒံယေလကကြိုတင်ဟောခဲ့သည်။ ယေရှု အသက်စွန့်ချိန်တွင်
ဗိမာန်တော်၏ ကန့်လန့်ကာသည် ထူးဆန်းစွာအထက်မှအောက်သို့ စုတ်ပြဲသွားခဲ့သည် (မ
၂၇း၅၁)။ ၎င်းသည် ဗိမာန်တော်လုပ်ငန်း၏ ဝိညာဉ်ရေး ဆိုင်ရာ အရေးပါမှုသည် အဆုံးသတ် သွား ပြီဖြစ်ကြောင်းညွှန်ပြသည်။
ဝိနည်းထုံးဖွဲ့ဆိုင်ရာ ပညတ်သည် ခရစ်တော် မသေမီက မရှိမဖြစ်
အရေးကြီး သောကဏ္ဍ
ကိုဖြည့်ဆည်းပေးခဲ့သော်လည်း၊ ၎င်းသည်
နည်းလမ်းများစွာတွင်မပြည့်စုံခဲ့ ချေ။ ၎င်းသည် “နောက်ဖြစ်လတ္တံ့သောမင်္ဂလာအကျိုးတို့၏... အရိပ်ကိုသာပြသည်” (ဟေဗြဲ ၁ဝး၁)။ ၎င်းသည် ယာယီရည်ရွယ်ချက်အတွက်ဖြစ်၍၊
အသစ်ပြုပြင်ခြင်း ကာ လတိုင်ရုံမျှသာ” (ဟေဗြဲ ၉း၁၀)
ဖြစ်သော ဘုရားသခင်၏စစ်မှန်သည့် သိုးသငယ်အဖြစ် ခရစ်တော် အသေခံသည် အထိ
ဘုရားသခင်၏လူတို့အပေါ် ပြဋ္ဌာန်းထားခဲ့သည်။
ခရစ်တော်သေသည့်အချိန်တွင် ဝိနည်းထုံးဖွဲ့ဆိုင်ရာပညတ် ၏စီရင်ပိုင်ခွင့်နှင့် လုပ် ငန်းသည် ပြီးဆုံးသွားခဲ့သည်။
ကိုယ်တော်၏အပြစ်ဖြေရာအသေခံခြင်းသည် အပြစ်အား လုံးအတွက် ခွင့်လွှတ်ခြင်းကိုစီမံပေးသည်။ ဤလုပ်ဆောင်မှုသည် “ဝိနည်းအထုံး အဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကိုချေ၍၊
လက်ဝါးကပ်တိုင်မှာရိုက်ထားလျက်၊ ငါတို့ စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ” (ကော ၂း၁၄)။ ထို့ကြောင့် မည်သည့်နည်းနှင့်မျှ အပြစ် ကိုမပယ်နိုင်သို့မဟုတ် ဩတ္တပ္ပစိတ်ကို မစင်ကြယ်စေနိုင်သော
ဤအထုံးအဖွဲ့များကို ဆက်လက်လုပ် ဆောင်ရန်မလိုအပ်တော့ချေ (ဟေဗြဲ ၁ဝး၄။ ၉း၉၊၁၄)။
ဝိနည်းထုံးဖွဲ့ ဆိုင်ရာ ပညတ်ချက်များ၏ တောင်းဆိုချက်များဖြစ်သော
စားသောက်ခြင်းအမှု၊ ပွဲနေ့ များ၊ ပသခါပွဲ၊
ပင်တေကုတ္တေပွဲစသည်ဖြင့်)၊ လဆန်းနေ့ သို့မဟုတ် ဝိနည်းထုံးဖွဲ့ဆိုင်ရာ
ဥပုသ်များအတွက် ပူပန်စရာမလိုတော့ချေ (ကော ၂း၁၆)။ “ထိုအရာတို့သည်
နောက် ဖြစ်လတ္တံ့သော အရာတို့၏
အရိပ်ဖြစ်ကြ ၏” (ကော ၂း၁၇)။
ယေရှု၏သေခြင်းနှင့်အတူ၊ ယုံကြည်သူတို့သည် ခရစ်တော်၌
အစစ်ဖြစ်သော အရာကို ရောင်ပြန်ဟပ်သည့် အရိပ်များနှင့် မည်သို့မျှစပ်ဆိုင်မှု
မရှိတော့ချေ။ ယခုတွင် သူတို့သည် ကယ်တင်ရှင်ကိုယ်တိုင်ထံသို့
တိုက်ရိုက်ချဉ်းကပ်နိုင်သည်။ အကြောင်း မူကား၊ အစားထိုး
သော အရာသည် ခရစ်တော်ဖြစ်သောကြောင့်တည်း (ကော ၂း၁၇)။
ဂျူးလူမျိုးတို့၏ သာသာပြန် အဓိပ္ပါယ်ဖွင့်ဆို ခဲ့ရာ၌၊
ဝိနည်းထုံးဖွဲ့ ဆိုင်ရာပညတ် သည်၊ သူတို့နှင့် အခြား လူမျိုးများတို့အကြား၊ နံရံတံတိုင်းသဖွယ်
အတားအဆီးဖြစ်ခဲ့ ပါသည်။ ကမ္ဘာကြီးကို
ဘုရားသခင်၏ဘုန်းတော်ဖြင့် အလင်းထွန်းလင်းနိုင်ဖို့ရန်၊ ၎င်းက သာသနာလုပ်ငန်းကို ကြီးမားစွာအတားအဆီး၊
အနှောင့်အယှက်ဖြစ်စေခဲ့ပါသည်။ ခရစ် တော်၏
အသေခံသွားခြင်းသည်၊ အမိန့်ပြန်တမ်းများ၌ပါဝင်သောပညတ် ဥပဒေတို့ကို ဖျက်သိမ်းသွားစေပြီး၊ ဂျူးလူမျိုးများနှင့် တစ်ပါးအမျိုးသားတို့အကြား စည်းခြားထား သောနံရံ (အတားအဆီး) များကို ကျိုးပဲ့သွားစေပြီး၊ “ကပ်တိုင်အားဖြင့် ခန္ဓာကိုယ်တစ်ခု တည်း” အဖြစ်ယုံကြည်သူများကို
မိသားစုဝင်တစ်ခုတည်းဖြစ်သွားရန် ပြန်လည်သင့် မြတ်စေခဲ့ ပါသည် (ဧ ၂း၁၄-၁၆)။
၂။ ပညတ်တော်ဆယ်ပါးနှင့်လက်ဝါးကပ်တိုင်။ ခရစ်တော်၏သေခြင်းသည် ဝိနည်းထုံဖွဲ့ဆိုင်ရာပညတ်၏အခွင့်အာဏာကို အဆုံးသတ်လိုက်ချိန်တွင်၊ ၎င်းသည်
ပညတ်ဆယ်ပါးကို တည်စေခဲ့သည်။ ခရစ်တော်သည် ပညတ်၏ကျိန်ခြင်းကို ဖယ်ရှား သောကြောင့် ယုံကြည်သူများကို
၎င်း၏အပြစ်စီရင်ခြင်းမှလွတ်မြောက်စေသည်။ သို့ သော်လည်း၊ ထိုသို့ပြုခြင်းအားဖြင့် ပညတ်တော်ကိုပယ်ဖျက်၍၊
၎င်း၏စည်းမျဉ်း များ ကိုကျူးလွန်နိုင်ရန်
လွတ်လပ်မှုကို ပေးသည်ဟု မဆိုလိုပါ။ ပညတ်တော် ၏အမြဲတည် ခြင်းနှင့်ဆိုင်သော ကျမ်းချက်၏ သက်သေခံချက်များ
သည် ထိုသို့သောအမြင်ကိုငြင်းဆို သည်။
“ခရစ်တော်ကြွလာခြင်းသည်ကျွန်ုပ်တို့ကိုပညတ်တော်၏
အခွင့်အာဏာမှ လွတ် မြောက်စေသည်ဟု
ကျွန်ုပ်တို့မတွေးရပါ။ အဘယ်ကြောင့်ဆိုသော်၊ ၎င်းသည် ဖြူစင် သန့်ရှင်းသော အသက်တာ၏ အမြဲတမ်းစည်းကမ်းဖြစ်သည်။ ထို့ကြောင့်
ဘုရားသခင်၏ တရားမျှတခြင်း မပြောင်းလဲနိုင်သကဲ့သို့အမြဲတည်နေရမည်။”
ပေါလုသည် နားထောင်ခြင်းနှင့်ကယ်တင်သောကျေးဇူးတော်ဆိုင်ရာ
ဧဝံဂေလိ တရား တို့ အကြားဆက်စပ်မှုကိုဖော်ပြသည်။ သူသည် ယုံကြည်သူတို့ကို
သန့်ရှင်းသော အသက်တာဖြင့် နေထိုင်ရန်ခေါ် ဖိတ်ပြီး၊ သူတို့အား၊ “သုစရိုက်လက်နက်ဖြစ်စေ၍၊ ဘုရားသခင်အားဆက်ကြလော့။ သင်တို့သည်
ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရား လက်၌
ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကိုမအုပ်စိုးရ” (ရော ၆း၁၃၊၁၄) ဟုစိန်ခေါ်ခဲ့သည်။ ထို့ကြောင့် ခရစ်ယာန်များသည် ကယ်တင်ခြင်းကိုရရှိရန် ပညတ် တော်ကိုမစောင့်ကြချေ။ ထိုသို့ပြုသော သူတို့သည် အပြစ်၏သာ၍ နက်ရှိုင်းသော ကျွန် ဘ၀ကိုသာ ရှာတွေ့စေလိမ့်မည်။ “လူတစ်ဦးသည်
ပညတ်တော်အောက်၌ ရှိနေ သရွေ့၊ သူသည် အပြစ်၏ စိုးမိုးမှုအောက်၌ လည်းရှိနေ၏။
အကြောင်းမှာ၊ ပညတ်တော်သည် ထိုသူကို အပြစ်၏စီရင်ခြင်း သို့မဟုတ်
တန်ခိုးမှမကယ်တင်နိုင်ချေ။ သို့သော်၊ ကျေးဇူး တော်အောက်၌ ရှိသောသူတို့သည် အပြစ်စီရင်ခြင်းမှ
လွတ်မြောက်ခြင်းကို ရရှိသည် သာမက (ရော ၈း၁)၊
အပြစ်အောင်နိုင်သောတန်ခိုးကိုရရှိကြသည် (ရော ၆း၁၄)။ ထို ကြောင့် အပြစ်သည်
သူတို့အပေါ်လွှမ်းမိုးခြင်းရှိတော့မည်မဟုတ်ချေ။”
ပေါလုကထပ်၍၊ “ယုံကြည်သောသူအပေါင်းတို့သည်
ဖြောင့်မတ်ရာသို့ရောက် မည် အကြောင်း၊ ပညတ်တရားသည်ခရစ်တော်အားဖြင့်စုံလင်ခြင်းရှိ၏” (ရော ၁ဝး၄) ဟုဆိုသည်။ ထိုကြောင့်၊ ခရစ်တော်သည်
ပညတ်တရားကိုစုံလင်စေခြင်းသည် ဖြောင့် မတ်ခြင်းကိုရရှိ
သောနည်းလမ်းအဖြစ်၊ ခရစ်တော်ကိုယုံကြည်သူတိုင်းသည် သဘော ပေါက်ကြသည်။ ကျွန်ုပ်တို့ကိုယ်၌က အပြစ်သားများဖြစ်ကြသည်။
သို့သော် ယေရှုခရစ် တော်၌ ကျွန်ုပ်တို့သည်
သူပေးသောဖြောင့်မတ်ခြင်းအားဖြင့် ဖြောင့်မတ်သူများဖြစ် ကြသည်။
သို့သော်လည်း၊ ကျေးဇူးတရားအောက်၌ရှိနေခြင်းသည် ယုံကြည်သူတို့အား “အ ပြစ်တရားကိုကျင့်၍နေရမည်”
အခွင့်မဟုတ်ချေ (ရော ၆း၁)။ အမှန်မှာ
ကျေးဇူးတော် သည်
နာခံနိုင်သည့်တန်ခိုး၊ အပြစ်ကိုအောင်နိုင်သောတန်ခိုးကိုပေးသည်။ “ယေရှုခရစ်၌ တည်၍ ဇာတိပကတိအတိုင်းမကျင့်၊
ဝိညာဉ်ပကတိအတိုင်းကျင့်သောသူတို့သည် အပြစ် စီရင်ခြင်း
နှင့်လွတ်ကြ၏” (ရော ၈း၁)။
ခရစ်တော်၏သေခြင်းသည် ပညတ်တော်ကိုပိုမိုထင်ရှားစေ၍၊
လူတိုင်းအပေါ် ၎င်း၏ အခွင့်အာဏာကိုတည်စေသည်။ အကယ်၍ ပညတ်တော်ဆယ်ပါးသည် ပြောင်း လဲ၍
ရနိုင်ခဲ့သော်၊ သူသည် အသေခံစရာလိုအပ်မည်မဟုတ်ချေ။ သို့သော်၊ ဤပညတ် တော်သည် အကြွင်းမဲ့ပြောင်းလဲ၍မရနိုင်သောကြောင့်၊
၎င်းချမှတ်သောပြစ်ဒဏ်ကို သေ ခြင်းဖြင့် ပေးဆပ်ရန်လိုအပ်သည်။ ဤတောင်းဆိုမှုကို ခရစ်တော်သည်
လက်ဝါးကပ် တိုင်တွင် အသေခံခြင်း
အားဖြင့်အပြည့်အဝပေးဆပ်ခဲ့ပြီးဖြစ်ရာ၊ သူ၏ကြီမားသော ပေး ဆပ်မှုကို လက်ခံသော သူ
အား လုံးအတွက် ထာ၀ရအသက်ကိုရရှိစေနိုင်သည်။
ပညတ်တော်ကိုနာခံခြင်း
လူတို့သည် ကယ်တင်ခြင်းကို
မိမိတို့၏ကောင်းသောအကျင့်အားဖြင့်မရရှိနိုင်ပါ။ နာခံမှုသည်
ခရစ်တော်၌ကယ်တင်ခြင်း၏အသီးဖြစ်သည်။ အထူးသဖြင့်လက်ဝါးကပ် တိုင်တွင် ပြသခဲ့သောသူ၏အံ့ဖွယ်ကျေးဇူးတော်အားဖြင့်၊
ဘုရားသခင်သည် မိမိလူတို့၏ အပြစ်၏ ပြစ်ဒဏ်နှင့်
ကျိန်ခြင်းမှလွတ်မြောက်စေခဲ့ပြီဖြစ်သည်။ သူတို့သည် အပြစ်သား များဖြစ်ကြ သော်လည်း၊ ခရစ်တော်သည် သူတို့အား
ထာ၀ရအသက်ဆုကျေးဇူးကို စီမံ ပေးနိုင်ရန် မိမိအသက်
ကိုပေးခဲ့သည်။ ဘုရားသခင်၏ကြွယ်၀သောမေတ္တာသည် နောင် တရသောအပြစ်သား၏ စိတ်ကိုနှိုးဆော်၍၊
အလျှံပယ်ပေးထားသောကျေးဇူးတော်တန် ခိုးအား ဖြင့်
ချစ်သောနာခံမှုဖြင့် ပြန်လည်တုံ့ပြန်သည်။ ခရစ်တော်သည် ပညတ်တော်ကို
တန်ဖိုးထားကြောင်း နားလည်သော သူနှင့် နာခံမှု၏ကောင်းချီးကိုနားလည်သောသူသည်
ခရစ်တော်နှင့်တူသော အသက်တာဖြင့် နေထိုင်ရန် အလွန်တက်ကြွလိမ့်မည်။
ခရစ်တော်နှင့်ပညတ်တော်။ ခရစ်တော်သည် ပညတ်တော်ကိုအမြင့်ဆုံးနေရာ၌ အလေးထားသည်။ “ငါဖြစ်သည်” ဟုအမည်ရှိသောသူကိုယ်တိုင်သည်
သိနာတောင်ပေါ် တွင် ခမည်းတော်၏ လူ့ကျင့်ဝတ်ဆိုင်ရာပညတ်တော်ကို ကြေညာခဲ့သည် (ယော ၈း ၅၈။ ထွက်၊ ၃း၁၄)။
ဤမြေကြီးပေါ် သူ၏လုပ်ငန်းတစ်စိတ်တစ်ပိုင်းသည် “တရားတော်
ကိုချီးမြှောက်၍ ဂုဏ်အသရေ နှင့်ပြည့်စုံစေ” (ဟေရှာ ၄၂း၂၁)
ရန်ဖြစ်သည်။ ဓမ္မသစ် ကျမ်းသည် ခရစ်တော်နှင့်
သက်ဆိုင်၍ ဆာလံကျမ်းမှကိုးကားသောကျမ်းပိုဒ်သည် ပညတ်တော်အပေါ် သူ၏စိတ်ထားကို
ရှင်းလင်းစွာဖော်ပြသည်။ “အကျွန်ုပ်၏ ဘုရား သခင်၊ ကိုယ်တော်၏
အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏တရားတော် သည်လည်း
အကျွန်ုပ် နှလုံးထဲမှာရှိပါ၏” (ဆာ ၄ဝး၈)။
ကိုယ်တော်၏ဧဝံဂေလိတရားသည်
ပညတ်တော်ဆယ်ပါး၏တရားဝင်ခိုင်လုံမှုကို ခိုင်မြဲစွာ
အတည်ပြုသောယုံကြည်ခြင်းကိုဖြစ်စေသည်။ ပေါလုက “ယုံကြည်ခြင်းအား ဖြင့် ငါတို့ သည်ပညတ်တရားကိုပယ်ကြသလော။ အလျှင်းမပယ်၊
သာ၍တည်စေကြ၏” (ရော ၃း၃၁) ဟုဆိုသည်။
ထို့ကြောင့် ခရစ်တော်သည် လူသားတို့ကိုရွေးနုတ်ရန်သာမက၊
ဘုရားသခင့် ပညတ်တော်၏ အခွင့်အာဏာနှင့်
သန့်ရှင်းခြင်းကိုသက်သေထူရန်ကြွလာခဲ့သည်။ ထိုသို့ ဖြင့် ၎င်း၏ ခမ်းနားမှုနှင့် ဘုန်းကျက်သရေကို
လူတို့ရှေ့တွင်တင်ပြပြီး၊ ၎င်းနှင့်မည်သို့ ဆက်စပ်ရမည် အကြောင်းကို
သူတို့ရှေ့တွင်ပုံနမူနာပေးခဲ့သည်။ သူ၏နောက်လိုက်များ အနေဖြင့် ခရစ်ယာန် တို့သည် မိမိတို့အသက်တာတွင်
ဘုရားသခင်၏ပညတ်တော်ကို ထင်ရှားစေရန်ခေါ်ခြင်းကို
ခံရကြသည်။ သူကိုယ်တိုင်သည် ချစ်ခင်နားထောင်မှုရှိသော အသက်တာဖြင့် နေထိုင်ခဲ့သည် ဖြစ်ရာ၊ သူ့နောက်လိုက်များသည်
ပညတ်တော်စောင့် သောသူများဖြစ်ရမည်ဟု
ခရစ်တော် အလေးပေးပြောဆိုသည်။ ထာ၀ရအသက်အတွက် မည်သည့်အရာ လုပ်ဆောင်ရမည်ကို
မေးလာသောအခါ၊ သူက “အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင် ပညတ်တော်တို့ကို စောင့် ရှောက်လော့
ဟုမိန့်တော်မူ၏” (မ ၁၉း၁၇)။ ဤ စည်းမျဉ်းကို ကျူးလွန်ခြင်းကိုလည်း သူသတိ ပေးခဲ့သည်။ “သခင်၊ သခင်ဟုငါ့ကို လျှောက်သော
သူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရ လိမ့်မည်မဟုတ်။ ကောင်းကင် ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သော သူ
သာလျှင်ဝင်ရလိမ့်မည်။} ပညတ်တော်ကို
ချိုးဖောက်သောသူတို့အား ကောင်းကင်နိုင်ငံတော် ထဲ သို့ဝင်ခြင်းမှာ ငြင်းပယ်ခြင်းခံရကြ
လိမ့်မည် (မ ၇း၂၁-၂၃)။
ခရစ်တော်ကိုယ်တိုင်
ပညတ်တော်ကိုဖျက်ဆီးခြင်းအားဖြင့်မဟုတ်ဘဲ၊ နာခံမှုရှိ သော အသက်တာအားဖြင့် ပြည့်စုံစေခဲ့သည်။ သူက “ကောင်းကင်နှင့်မြေကြီးမပျက်စီး မီတိုင်အောင်၊ ပညတ္တိကျမ်း၌
အငယ်ဆုံးသောစာလုံးဗိန္ဓုတစ်လုံးမျှပြည့်စုံခြင်းသို့ မရောက်မီ မပျက်စီးရ” (မ ၅း၁၈) ဟုဆိုသည်။ ဘုရားသခင့်ပညတ်တော်၏မဟာ ရည် ရွယ်ချက်ဖြစ်သော ဘုရားသခင်ကိုစိတ်နှလုံးအကြွင်းမဲ့၊
ဉာဏ်ရှိသမျှနှင့်ချစ်ရန်နှင့် အိမ်နီး ချင်းကို
ကိုယ်နှင့်အမျှ ချစ်ရန် ခရစ်တော်သည် လွန်စွာအသားပေးသည် (မ ၂၂း၃၇၊၃၈)။ သို့သော်လည်း
သူ၏ နောက်လိုက်များသည် လောကီသားများအနက်ဖွင့်ဆို သည့်ကိုယ် ကျိုးဖက်သည့်အချစ်၊ စိတ်ကူးယဉ်ဆန်သောအချစ်ဖြင့်
အချင်းချင်းမချစ်ကြ ရန်အလိုရှိ သည်။
သူပြောခဲ့သော ချစ်ခြင်းမေတ္တာကိုရှင်းပြရန် ခရစ်တော်သည် “ပညတ်သစ် ကိုပေး ၏” (ယော ၁၃း၃၄)။ ဤပညတ်သစ်သည် ပညတ်တော်ဆယ်ပါးကို အစားထိုးရန်မ ဟုတ်ဘဲ၊ ယုံကြည်သူတို့အား “မြေကြီးပေါ်တွင်
ဘယ်အချိန်ကမျှမမြင်ဘူးသော မေတ္တာ၊ မှန်ကန်၍ ကိုယ်ကျိုးမဖက်သော မေတ္တာသည်
ဘယ်အရာဖြစ်သည်ကိုပေးရန် ဖြစ်သည်။ ဤသဘောမျိုးဖြင့် သူ၏ ပညတ်ချက်ကို
အသစ်ဖြစ်သည်ဟုဖော်ပြနိုင်သည်။ “အချင်း ချင်းချစ်ကြ” ရုံမျှမဟုတ်ဘဲ၊
ယေရှုသည် ကျွန်ုပ်တို့ကိုချစ်သည်အတိုင်း အချင်း ချင်း ချစ်ကြရန်အမိန့်ပေးသည် (ယော
၁၅း၁၂)။ တိတိ ကျကျပြောရလျှင်၊ ကျွန်ုပ်တို့သည် ခရစ်တော်က သူ၏အဖခမည်းတော်
ဘုရားသခင်ပညတ်တော်ကို မည်သို့ပိုမိုထင်ရှားစေ ကြောင်း
နောက်ထပ်သက်သေတစ်ခုကိုရရှိသည်။”
နာခံမှုသည် ထိုသို့သောမေတ္တာကိုဖော်ပြသည်။ ယေရှုက “ငါ့ကိုချစ်လျှင် ငါ့ပညတ် တို့ကို စောင့်ရှောက်ကြလော့” (ယော ၁၄း၁၅) ဟုဆိုသည် “ငါသည်
ငါ့ခမည်းတော်၏ ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏ မေတ္တာ၌တည်နေသကဲ့သို့၊
သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌တည်နေကြလိမ့်မည်”
(ယော ၁၅း၁၀)။ အလားတူစွာ၊ ကျွန်ုပ်တို့သည်
ဘုရားသခင်ကိုချစ်လျှင်၊ ဘုရားသခင်၏လူတို့ကိုချစ်ကြ မည်ဖြစ်ပြီး၊ သူ၏ ပညတ် တော် တို့ကိုစောင့်ရှောက်ကြလိမ့်မည်။
(၁ယော၊ ၂း၃)။
ခရစ်တော်၌တည်နေခြင်းအားဖြင့်သာလျှင်၊ ကျွန်ုပ်တို့သည်
နှလုံးသားဖြင့်နာခံမှု ရှိနိုင် သည်။ သူက “စပျစ်ခက်သည်
အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက်အသီး မသီးနိုင် သကဲ့သို့၊ သင်တို့သည်
ငါ၌မတည်လျှင်အသီးမသီးနိုင်ကြ။. အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏၊ ထိုသူသည်
များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည်အဘယ်အမှုကိုမျှမတတ်နိုင်ကြ”
(ယော ၁၅း၄၊၅) ဟုဆိုသည်။ ခရစ်တော်၌ တည်နေရန်
ကျွန်ုပ်တို့သည် သူနှင့်အတူအသေသတ်ခြင်းကိုခံရ မည်ဖြစ်၍၊ “ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏” (ဂလ ၂း၂၀) ဟူသော ပေါလု ရေးသားချက်ကိုတွေ့ကြုံခံစားရမည်။
ဤအခြေအနေ၌ရှိနေသော သူတို့အတွက် ခရစ် တော်သည်
သူ့ပဋိညာဉ်သစ်နှင့် ဆိုင်သောကတိတော်ကို ပြည့်စုံစေနိုင်သည်။ ထိုကတိ တော်ကား၊ “ငါ့ပညတ်တို့ကို
သူတို့စိတ်ဝိညာဉ်ထဲသို့သွင်းမည်။ သူတို့ စိတ်နှလုံးပေါ် မှာရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း
ငါ၏လူဖြစ်ကြ လိမ့်မည်” (ဟေဗြဲ ၈း၁၀) ဟူ၍ဖြစ်သည်။
နားထောင်ခြင်း၏ကောင်းချီးများ။ နာခံခြင်းသည် ခရစ်ယာန်အကျင့် စာရိတ္တကို တိုးတက် စေပြီး၊
ချမ်းသာသုခ အကျိုးကိုဖြစ်ပေါ်စေသည်။ ၎င်းသည် ယုံကြည်သူတို့ကို “ဖွားစသောသူငယ်” အဖြစ်မှခရစ်တော်၏ပုံသဏ္ဌာန်နှင့်အညီ
ပြောင်းလဲခြင်းသို့ကြီးထွား စေသည် (၁ပေ ၂း၂။
၂ကော ၃း၁၈)။ ဤအပြစ်သားများ အပြစ်မှ ဘုရားသခင်၏ သားသမီးများအဖြစ်
သို့ပြောင်းလဲခြင်း ခရစ်တော်၏တန်ခိုးကို ထိရောက်စွာသက်သေ ခံသည်။
သမ္မာကျမ်းစာက “ထာ၀ရဘုရား၏တရားလမ်း၌
မလွဲမတိမ်းလိုက်သွားသောသူ” (ဆာ ၁၁၉း၁)၊ “ထာ၀ရဘုရား၏တရားတော်၌မွေ့လျော်၍. နေ့ညမပြတ်ဆင်ခြင်အောက်
မေ့သောသူ” (ဆာ ၁း၂) တို့သည် “မင်္ဂလာရှိ၏} ဟုဆိုသည်။
နာခံမှု၏များစွာသော ကောင်းချီးများမှာ၊ (၁) ဉာဏ်ပညာနှင့်ထိုးထွင်းဉာဏ် (ဆာ
၁၁၉း၉၈၊၉၉)၊ (၂) ငြိမ် သက်ခြင်း (ဆာ ၁၁၉း၁၆၅။
ဟေရှာ ၄၈း၁၈)၊ (၃) ဖြောင့်မတ်ခြင်း (တရား ၆း၂၅။ ဟေရှာ ၄၈း၁၈)၊ (၄) စင်ကြယ်ခြင်း
နှင့် ကိုယ်ကျင့်တရားရှိခြင်း၊ (သုတ္တံ၊ ၇း၁-၅)၊ (၅) သမ္မာတရားကိုသိခြင်း (ယော ၇း၁၇)၊ (၆)
အနာရောဂါမှကာကွယ်ခြင်း (ထွက် ၁၅း၂၆)၊ (၇) အသက်ရှည်ခြင်း (သု ၃း၁၊ ၂။
၄း၁၀၊၂၂)၊ (၈) ဆုတောင်းချက်ကို နားညောင်းမည့်အာမခံချက်
(၁ယော ၃း၂၂။ ဆာ ၆၆း၁၈) တို့ဖြစ်၏။
ဘုရားသခင်သည် နားထောင်မှုရှိရန် ဖိတ်ခေါ် ပြီး၊
များစွာသောကောင်းချီးများကို ကတိ ပေးသည် (ဝတ် ၂၆း၃-၁၀။ တရား ၂၈း၁-၁၂)။
ကျွန်ုပ်တို့သည် အပြုသဘောဖြင့် တုံ့ပြန် သော အခါ၊ ကျွန်ုပ်တို့သည် သူ၏ “ပိုင်ထိုက်သောဘဏ္ဍာ၊.... မင်းစည်းစိမ်ရှိသော
ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုးဖြစ်ရကြ” (ထွက် ၁၉း၅၊၆) ၍၊ “လူမျိုး တကာတို့ထက်
ချီးမြှောက် ကာ၊ အမြီးမဖြစ်ဘဲ ဦးခေါင်းဖြစ်လိမ့်မည်” (တရား ၂၈း၁၊၁၃)။
- ၀ -
No comments:
Post a Comment