Saturday, March 15, 2025





အခန်း - ၁၈

ကောင်းကင်တမန် ၃ ပါးတို့၏ သတင်းစကား

 

၁။ ဗျာ၊ ၁၄း၁၄ တွင် ဘာအကြောင်းကြီးကို ပြောပြသနည်း။

    တဖန် ငါကြည့်လျှင် ဖြူသော မိုးတိမ်ရှိ၏။ လူသားတော်နှင့် တူသောသူသည် ခေါင်းတော်ပေါ်၌ ရွှေသရဖူကို ဆောင်းလျက်၊ ထက်သောတံစဉ်ကို ကိုင်လျက် မိုးတိမ်ပေါ်မှာ ထိုင်တော်မူ၏။ ဗျာ၊ ၁၄း၁၄။ (ငယ်၊ ၁၅-၂၀ ဖတ်ဦး။)

၂။ လူသားကြွလာတော်မမူမီ လောကီသားအပေါင်းတို့အား ဘာသတင်းတရားများ ဟောရကြမည်နည်း။

အဖြေ။ ကောင်းကင်တမန် ၃ပါးတို့၏ သတင်းတရားများ ဟောရမည်။ဗျာ၊ ၁၄း၆-၁၂ ဖတ်။ ဤသတင်းတရားသည် ခရစ်တော်ဒုတိယအကြိမ် မပေါ်ထွန်းမီ ကာလ၌ နောက်ဆုံးသတင်းတရား ဖြစ်သည်။ ထို့ကြောင့်ကိုယ်တော်ကြွလာတော်မူသော အခါ အသက်ရှင်လျက် ရှိနေသောသူတို့သည် ၎င်းသတင်းတရားများကို အထူးသတိပြု၍ ဂရုစိုက်ပြီးလျှင် လေ့ကျက်အပ် ကြရသည်။

၃။ ပထမ ကောင်းကင်တမန်သည် ဘာသတင်းကို ကြော်ငြာသနည်း။

မြေကြီးပေါ်မှာ နေသောသူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာ၀ရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တစ်ပါးက ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကိုကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက်ရှိသည်ကို ငါမြင်၏။ (ဗျာ၊ ၁၄း၆၊၇။)

၄။ ဘုရားသခင်သည် တရားစစ်ကြောစီရင်မည့် အချိန်ကို ချိန်းချက်သလော။

        အကြောင်းမူကား၊ ခန့်ထားတော်မူသောသူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်ညီလျော်စွာ စစ်ကြောစီရင်မည့် နေ့ရက်ကို ချိန်းချက်တော်မူပြီ။ ထိုသူကို သေခြင်းမှ ထမြောက်စေတော်မူသော အားဖြင့်ခပ်သိမ်းသော လူတို့အား ယုံလောက်သော သက်သေကို ပြတော်မူပြီ။ (တ၊ ၁၇း၃၁။)

၅။ ခရစ်တော်ကြွလာတော်မူ သောအခါ မည်သူ ဆုံးရှုံးမည်၊ မည်သူ ကယ်တင်ခြင်းရမည်ဟူသော တရားစီရင်ခြင်းသည် ပြီးစီးမည်လော။

မတရားသောသူသည် မတရားသဖြင့် ပြုစေဦး၊ ညစ်ညူးသောသူသည် ညစ်ညူးစေဦး၊ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး၊ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး၊ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍ လူအသီးအသီးတို့အားမိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ (ဗျာ၊ ၂၂း၁၁၊၁၂။)

မှတ်ချက်။ ဗျာ၊၁၄း၆၊၇ တွင် တရားစီရင်ခြင်းနှင့် ကောင်းကင်သန့်ရှင်းရာ ဌာနကို ဆေးကြောသုတ်သင်ခြင်း အကြောင်းတို့သည်တပါးတည်းဖြစ်သည်။ (အခန်း၄၁ တွင် သန့်ရှင်းရာဌာနနှင့် ဝတ်ပြုခြင်းအကြောင်းကြည့်။) ကောင်းကင်တမန်သည် ဒံယေလအား ရက်ပေါင်း ၂၃၀၀ပြီးမှ သန့်ရှင်းရာ ဌာနကို ဆေးကြောသုတ်သင်မည်ဟု ပြောသည်။ (ဒံ၊ ၈း၁၄)

        ဤရက်ပေါင်း ၂၃၀၀ (နှစ်ပေါင်း ၂၃၀၀ သည် ခရစ်တော်မပေါ်ထွန်းမီ သက္ကရာဇ် ၄၅၇ ခုနှစ်တွင် ဆုံးသည် အခန်း၁၇ တွင် ရက်ပေါင်း ၂၃၀၀ အကြောင်းကြည့်) သက္ကရာဇ် ၁၈၄၄ ခုနှစ်မှ စ၍ ဗျာ၊ ၁၄း၆၊၇ တွင် ပထမကောင်းကင်တမန်၏ သတင်းတရားသည် ဟောပြောစပြုသော အချိန်ရောက်သည်။ ကမ္ဘာပေါ်တွင်ရှိ အရပ်ရပ်တို့၌ ဤသတင်းတရားကို ဘာသာစကား အမျိုးမျိုးအားဖြင့် ယခုတိုင် ဟောပြောနေသောကြောင့် သက်သေများစွာ ရှိကြ၍ ၎င်းနှင့်ဆိုင်သော အနာဂတ္တိကျမ်းသည် ပြည့်စုံခြင်းသို့ရောက်လေပြီ။

၆။ ဒုတိယကောင်းကင်တမန်သည် ဘာသတင်းစကားကို ကြားပြောသနည်း။

        ကောင်းကင်တမန် တစ်ပါးကလည်း၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ မိမိ မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကိုလူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီး ပြိုလဲပြီဟုလိုက်၍ ပြောဆို၏။ (ဗျာ၊ ၁၄း၈။)

မှတ်ချက်။  ဗာဗုလုန်အဓိပ္ပါယ်၊ရှုပ်ထွေးခြင်း။ ယခုခေါ်ကြသောခရစ်ယာန် အသင်းတို့သည် တစ်လုံးတစ်၀တည်း မဟုတ်။ ခရစ်တော်နောက်တော်ကို လိုက်နေသော အသင်းများ ဟူ၍ ဆိုကြသော်လည်း လောကနှင့်ပူးတွဲလျက်နေကြသည်။ ခရစ်တော်နှင့် လက်ထက်သည်ဟူ၍ ဆိုစဉ်တွင်လောကီနှင့်မတရားသော မေထုန်ပြုသောကြောင့် ဒုတိယ ကောင်းကင်တမန်သတင်းတရားသည် ဘုရားသခင်၏ ကြေက်မက်ဖွယ်ဖြစ်သော "ဗာဗုလုန်မြို့ကြီးပြိုလဲပြီ" ဟူ၍ ခြမ်းခြောက်ခြင်းကို ကြော်ငြာသည်။ ဗျာ၊ ၁၇း၅ ၌ ဗာဗုလုန်မြို့သည် ပြည့်တန်ဆာတို့၏ အမိဟု ခေါ်သည်။ ၎င်းအခန်းကြီးကို သတိနှင့်ဖတ်ပါလျှင် ဗာဗုလုန်မြို့ကြီးသည် ရောမပုပ်ရဟန်းမင်းကြီး၏ အသင်းဖြစ်၍ ၎င်းမှဖွားသော သမီးတို့သည် ရောမအသင်းထဲက ထွက်ခွာကြသော်လည်း လောကနှင့် မတရားသော မေထုန်ပြုခြင်း မကင်းသောအသင်းများ ဖြစ်ကြသည်။ ပေတရုသည် ဗာဗုလုန်မြို့ဟောင်းသို့ တစ်ခါမျှ မရောက်စဖူး၊ သို့သော် ငါ့သားမာကုမှ စ၍ ဗာဗုလုန်မြို့၌ ရှိသော သင်တို့နှင့် အတူရွေးချယ်တော်မူသော အသင်းတော်သည် သင်တို့ကို နှုတ်ဆက်ကြ၏ဟု ရောမမြို့ကရေးသည်။ (၁ပေ၊ ၅း၁၃။ ၎င်းရောမမြို့၌ ရှိသော အသင်းတော်ဟူ၍ ခေါ်သည်။)


၇။ တတိယကောင်းကင်တမန်၏ သတင်းစကား ကား အဘယ်သို့နည်း။

        ထိုမှတစ်ပါး၊ တတိယကောင်းကင်တမန်က၊ အကြင်သူသည် သားရဲကို ကိုးကွယ်၍ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသောအမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသောကောင်းကင်တမန် တို့ရှေ့၊ သိုးသငယ်ရှေ့တွင် ကန့်နှင့်ရောသော မီးထဲမှာပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည်ကမ္ဘာအဆက်ဆက် တက်လျက်ရှိ၏။ သားရဲကို ကိုးကွယ်၍သူ၏ နာမတံဆိပ်လက်မှတ်ကို ခံသောသူတို့သည် နေ့ညဉ့်မပြတ်သက်သာမရကြဟု လိုက်၍ ကြီးသောအသံနှင့် ပြောဆို၏။ ဘုရားသခင်၏ ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကို လည်းကောင်း စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏။ (ဗျာ၊၁၄း၉-၁၂။)

မှတ်ချက်။ ဗာဗုလုန်အဓိပ္ပါယ်၊ရှုပ်ထွေးခြင်း။ ယခုခေါ်ကြသော ခရစ်ယာန်အသင်း တို့သည် တစ်လုံးတစ်၀တည်း မဟုတ်။ခရစ်တော်နောက်တော်ကို လိုက်နေသော အသင်းများ ဟူ၍ ဆိုကြသော်လည်း လောနှင့်ပူးတွဲလျက် နေကြသည်။ ခရစ်တော်နှင့် လက်ထက်သည်ဟူ၍ ဆိုစဉ်တွင် လောကီနှင့် မတရားသော မေထုန်ပြုသောကြောင့် ဒုတိယ ကောင်းကင်တမန်သတင်း တရားသည် ဘုရားသခင်၏ ကြေက်မက်ဖွယ် ဖြစ်သော “ဗာဗုလုန်မြို့ကြီးပြိုလဲပြီ” ဟူ၍ ခြမ်းခြောက်ခြင်းကို ကြော်ငြာ သည်။ ဗျာ၊ ၁၇း၅ ၌ ဗာဗုလုန်မြို့သည် ပြည့်တန်ဆာတို့၏ အမိဟု ခေါ်သည်။ ၎င်းအခန်းကြီးကို သတိနှင့် ဖတ်ပါလျှင် ဗာဗုလုန်မြို့ကြီးသည် ရောမပုပ်ရဟန်းမင်းကြီး၏ အသင်းဖြစ်၍ ၎င်းမှ ဖွားသော သမီးတို့သည် ရောမအသင်းထဲက ထွက်ခွာကြသော်လည်း လောကနှင့်မတရားသော မေထုန်ပြုခြင်း မကင်းသောအသင်းများ ဖြစ်ကြသည်။ ပေတရုသည် ဗာဗုလုန်မှစ၍ ဗာဗုလုန် မြို့၌ရှိသော သင်တို့နှင့် အတူရွေးချယ်တော်မူ သော အသင်းတော်သည် သင်တို့ကို နှုတ်ဆက်ကြ၏ဟု ရောမမြို့က ရေးသည်။ (၁ပေ၊ ၅း၁၃။ ၎င်းရောမမြို့၌ ရှိသော အသင်းတော်ဟူ၍ ခေါ်သည်။)

        ဤသားရဲသည် ဗျာ၊၁၃း၁၊၂ ၌ ဖေါ်ပြသည်။ ဤသားရဲသည် ပါပရဟန်းမင်းကြီး အသင်းဖြစ်ကြောင်း ကျမ်းဆရာများတို့က သဘောတူကြသည်။ ကျားသစ်ကျားရဲအကြောင်း အနာဂတ္တိစကားများတို့သည် ပုပ်ရဟန်းအသင်းအားဖြင့် ပြည့်စုံသည်။ သားရဲတံဆိပ်တည်းဟူသော ပုပ်ရဟန်းမင်းကြီး တံဆိပ်အကြောင်းကို တတိယကောင်းကင်တမန် ၏ သတင်းတရားသည် လူအပေါင်းတို့အား သတိပေးနှိုးဆော်သည်။ ထိုပုပ်ရဟန်းမင်းကြီး အသင်းသည် စတုတ္ထပညတ်တော်ဥပုသ်၏ နေရာတွင် တနင်္ဂနွေနေ့၌ ကိုးကွယ်ဝတ်ပြုရန် ခရစ်ယာန်အသင်းများတို့ အထဲမှာ ထားခြင်းသည် မိမိတန်ခိုး၏ လက္ခဏာတံဆိပ် ဖြစ်သည်ဟူ၍ ကြိမ်းပ ပြောဆိုသည်။ ရောမဗရင်ဂျီအသင်းကထုတ်သော ဒူးဝေးဓမ္မအမေးအဖြေစာအင်္ဂလိပ်ဘာသာ၊ (စာမျက်နှာ၊ ၆၇ တွင်ကြည့်။)

အမေး။ အသင်းတော်သည် ပွဲနေ့များနှင့် သန့်ရှင်းသော နေ့များတို့ကို ခန့်ထားနိုင်သော တန်ခိုးရှိကြောင်း အဘယ်သက်သေပြနိုင်သနည်း။

အဖြေ။ ဥပုသ်သည် စနေနေ့မှ တနင်္ဂနွေနေ့သို့ ပြောင်းလဲစေခြင်းအားဖြင့် ပြသည်။ ဤပြောင်းလဲခြင်းကို ဘာသာကွဲများတို့သည် သဘောတူကြသဖြင့် တနင်္ဂနွေနေ့ကို ကျပ်တည်းစွာစောင့်၍ အသင်းတော် ခန့်ထားသော အခြားသော ပွဲနေ့များကို မစောင့်ကြသောကြောင့် သူတို့သည် မိမိတို့ ကိုယ် မိမိတို့ဆန့်ကျင်ဘက် ပြုကြသည်။ 

         ထိုကြောင့်၊ တတိယကောင်းကင်တမန်သတင်းတရားသည် စတုတ္ထပညတ်တော်တွင် ရှိ ဥပုသ်နေရာ၌ တနင်္ဂနွေနေ့ သွင်း၍ ၎င်းနေ့တွင်ငြိမ်ဝပ်စွာ မစောင့်မခံယူရဟု သတိပေးနှိုးဆော်ခြင်း ဖြစ်သည်။

၈။ သားရဲကို ကိုးကွယ်၍ သူ၏ တံဆိပ်လက်မှတ်ကို ခံသောသူတို့သည် အဘယ်သို့ ကြောက်မက်ဖွယ်သော အပြစ်ဒဏ်ကို ခံရမည်နည်း။

        ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌လောင်သော အမျက်တော်စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသောကောင်းကင် တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင် ကန့်နှင့် ရောသော မီးထဲမှာ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်လျက်ရှိ၏။ သားရဲကို ကိုးကွယ်၍ သူ၏ နာမတံဆိပ် လက်မှတ်ကို ခံသောသူတို့သည် နေ့ညဉ့်မပြတ် သက်သာမရကြ။ (ဗျာ၊ ၁၄း၁၀၊၁၁။)

မှတ်ချက်။ ထိုကြောင့် အလွန် ဂရုပြုဖွယ်ဖြစ်သော တတိယကောင်းကင်တမန်၏ သတင်းစကားကို ခရစ်ယာန် အသင်းသားများနားလည်ဖို့ရန် ဒံ၊ ၇။ ဗျာ၊ ၁၂။၁၃။၁၄ တို့ကို သတိနှင့်သေချာစွာ လေ့ကျက်အပ်သည်။

၉။ ကောင်းကင်တမန် ၃ ပါးတို့၏ သတင်းတရားကို လောကီသားတို့အား ဟောပြောသော သူတို့သည် အဘယ်သို့သော သူတို့နည်း။

        ဘုရားသခင်၏ ပညတ်တို့ကို လည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာ အကြောင်းရှိ၏။ (ဗျာ၊ ၁၄း၁၂။)

မှတ်ချက်။ ကောင်းကင်တမန် ၃ ပါးတို့၏ သတင်းတရားသည် လူတို့အားဟောပြောနေစဉ်အခါ ခရစ်ယာန်

အများတို့သည် အသင်းတို့၌ ကွဲပြားခြင်းရှိမည် အကြောင်း အထက်ကျမ်းချက်က ပြသည်။ ထိုခရစ်ယာန်အများတို့သည် လောကနှင့်ပူးတွဲနေ၍ ရောမကထွက်သော ခရစ်ယာန်တရားတော်များကို သင်ပေးစဉ်ဘုရားသခင်၏ ပညတ်တို့ကို လည်းကောင်း၊ ယေရှု၏ယုံကြည်ခြင်းကိုလည်းကောင်း စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ရှိကြမည်။ ထိုသူတို့သည် ဗျာ၊၂၂း၁၄ တွင် ပါသော စကားထဲက ချီမွမ်းခြင်းနှင့် နှစ်သိမ့်ခြင်းတို့ကို ရကြမည်။ အသက်ပင်နှင့်ဆိုင်၍ မြို့တံခါး အတွင်းသို့ ဝင်အံ့သောငှာ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။

မူလ မာတိကာသို့

 

No comments:

Post a Comment