Sunday, March 16, 2025

 

အခန်း - ၂၇

ပညတ်တရားနှင့် ဧဝံဂေလိတရား


၁။ ပညတ်တော်ဆယ်ပါးကို ဘယ်မှာရေးမှတ်ထားသနည်း။

အဖြေ။ ထွက်မြောက်ရာကျမ်း၊ ၂ဝး၂-၁၇ တွင် ရေးထား၏။

၂။ ဘုရားသခင်၏ သဘောတော်သည် မပြောင်းလဲကြောင်းမည်ကဲ့သို့ ဖေါ်ပြထားသနည်း။

        ငါသည် ထာ၀ရဘုရားဖြစ်၏ ။ ပြောင်းလဲခြင်းမရှိ။ (မာလ ၊ ၃း၆။)

၃။ ဘုရားသခင်၏ ပညတ်တော်တို့သည် မည်မျှကြာရှည်စွာတည်ရှိကြသနည်း။

        လက်တော်နှင့်ပြုသော အမှုတို့သည် သစ္စာနှင့်လည်းကောင်း၊ တရားနှင့်လည်းကောင်း ယှဉ်ကြ၏။ ပညတ်တော် အလုံးစုံတို့သည် ဖေါက်ပြန်ခြင်းသဘောနှင့် ကင်းလွတ်ကြ၏။ သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ယှဉ်သောကြောင့် အစဉ်အမြဲတည်ကြ၏။ (ဆာလံကျမ်း၊ ၁၁၁း၇၊၈။)

၄။ သခင်ခရစ်တော်သည် ပညတ်တရားကို ဖျက်ပယ်ခြင်းငါကြွလာတော်မူသလော။

        ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟုမထင်ကြနှင့်၊ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်၊ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။ (မဿဲ၊ ၅း၁၇။)

၅။ ပညတ်တရားကို ပြည့်စုံစေခြင်း၏ အနက်အဓိပ္ပါယ်ကား အဘယ်ကဲ့သို့နည်း။

        တရားကိုကျင့်ခြင်း၊ စောင့်ခြင်း၊ တရားအတိုင်းပြုလုပ်ခြင်း၊ ထမ်းရွက်စရာဝန်ခြင်းတို့ကို အချင်းချင်းကူညီ၍ တမ်းရွက်သောအားဖြင့် ခရစ်တော်၏ တရားကိုကျင့်ကြလော့။ (ဂလ၊ ၆း၂။)

၆။ ဘုရားသခင်၌ ယုံကြည်ခြင်းအားဖြင့် ပညတ်တရားကို ပယ်ကြသလော။ 

        သို့ဖြစ်လျှင် ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍တည်စေကြ၏။ (ရော၊ ၃း၃၁။)


သခင်ယေရှု၏ လက်ဝါးကပ်တိုင်တရားသည် ပညတ်တရား၏ ပြည့်စုံခြင်းဖြစ်သတည်း။


၇။ အခြားအရာအပေါင်းတို့ထက် မည်သည့်အရာကလည်း ဘုရားသခင်၏ တရားတော်အစဉ်အမြဲတည်ခြင်း အကြောင်းကို သက်သေပြသနည်း။                                                                                       ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သူအပေါင်းတို့သည်ပျက်စီးခြင်းသို့ မရောက်၊ ထာ၀ရအသက်ကို ရစေခြင်းငှာဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ (ယောဟန်၊ ၃း၁၆။)

မှတ်ချက်။ ပညတ်တရားကို ပယ်ဖျက်နိုင်၍ ထိုနည်းဖြင့်အပြစ်ပယ်ရှားနိုင်ခဲ့လျှင် သခင်ခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်အတွက်ကြွလာ၍ အသေခံတော်မူဖို့ မလိုတော့ချေ။ ထိုကြောင့်အားလုံးသော အရာများထက် သခင်ခရစ်တော်ကို ပေးကမ်းတော်မူခြင်းအမှုသည် ဘုရားသခင်၏ ပညတ်တော်အမြဲတည်ကြောင်းသက်သေခံ၏။ သခင်ခရစ်တော်သည် ကြွလာ၍ အသေခံတော်မူရမည်။ ၎င်းပြင်ပညတ်တရားက တောင်းဆိုသောအရာကို ဖြည့်စွက်တော်မူရမည်။ သို့မဟုတ်လောကသည် ပျက်စီးရမည်။

၈။ ဖြောင့်မတ်ခြင်းသို့ရောက်သောသူသည် ပညတ်တရားနှင့်မည်ကဲ့သို့ သက်ဆိုင်သနည်း။

        တရားနာသောသူသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်မဟုတ်၊ တရားကို ကျင့်သော သူသာလျှင် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်။ (ရောမ၊ ၂း၁၃။)

၉။ ကျင့်ဝတ္တရား၏ သဘောကားအဘယ်သို့နည်း။

        ထာ၀ရဘုရား၏ တရားတော်သည် စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ (ဆာလံ ၊ ၁၉း၇။) ပညတ်တရားသည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ (ရောမ၊ ၇း၁၄။)

၁၀။ ဝိနည်းအထုံးအဖွဲ့နှင့်ဆိုင်သော တရားက တောင်းဆိုသောယဇ်ပူဇော်သကာသည် ကိုယ်ကိုကိုယ်သိတတ်သော စိတ်ကို ကျေနပ်စေနိုင်သလား၊ သို့မဟုတ် လူကို စုံလင်စေနိုင်သလား။

        ထိုတဲတော်ကား၊ ပူဇော်သကာနှင့် ယဇ်များကို ပူဇော်သောကာလတည်းဟူသော မျက်မှောက်ကာလပတ်လုံး ပုံပမာဖြစ်၏။ ထိုပူဇော်သကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ်သိသော စိတ်ကိုထောက်လျှင်လည်းဝတ်ပြုသော သူအားစုံလင်ခြင်း အကျိုးကိုမပေးနိုင်။ (ဟေဗြဲ၊ ၉း၉။)

၁၁။ သခင်ခရစ်တော်အသေခံတော်မူခြင်းသည် ဝိနည်းအထုံအဖွဲ့တရားများအား မည်ကဲ့သို့ဖြစ်စေသနည်း။

        ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော လက်မှတ်ကိုချေ၍ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက် ငါတို့ စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။ (ကောလောသဲ၊ ၂း၁၄။) ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်းတော်မူသဖြင့်။ (ဧဖက်၊ ၂း၁၅။)

၁၂။ အဘယ်ကြောင့်ဝိနည်း အထုံးအဖွဲ့တရားများကို ပယ်ရှားတော်မူသနည်း။

        ပညတ်တရားသည် အဘယ်သူကိုမျှစုံလင်ခြင်းသို့ မပို့နိုင်သည်ဖြစ်၍ ရှေးပညတ် တရားဟောင်းသည် အားမရှိ၊ အကျိုးကို မပေးနိုင်သောကြောင့် ပယ်ရှင်းခြင်းသို့ ရောက်ရ၏။ ထိုမြော်လင့်ခြင်းအားဖြင့် ငါတို့သည်ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်းကပ်ရကြ၏။ (ဟေဗြဲ၊ ၇း၁၈၊၁၉။)

၁၃။ ယဇ်ပူဇော်ခြင်းဝိနည်းအထုံးအဖွဲ့များကို ပယ်ရှားလိုက်ပြီဖြစ်ကြောင်းပြရန် သခင်ခရစ်တော်အသေခံတော်မူချိန်၌ မည်ကဲ့သို့ အံ့ဩဖွယ် အမှုတစ်ခုဖြစ်ပျက်သနည်း။

        ယေရှုသည် ကြီးသောအသံနှင့် တစ်ဖန်ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ၏။ ထိုအခါ ဗိမာန်တော်၏ ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ (မဿဲ၊ ၂၇း၅၀၊၅၁။)

၁၄။ ပုရောဖက်ဒံယေလသည် ဤအကြောင်းကို မည်သည့်စကားအားဖြင့် ကြိုတင်ဖေါ်ပြထားသနည်း။

        တစ်သီတင်းတွင် လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၍ ထိုသီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်၍ ပပျောက်စေလိမ့်မည်။

၁၅။ ကျင့်ဝတ္တရားသည် မည်မျှကြာရှည်စွာ တည်ရှိသနည်း။

        သက်သေခံတော်မူချက်တို့ကို အစဉ်အမြဲထားတော်မူကြောင်းကို ရှေးဦးစွာမှစ၍ အကျွန်ုပ်သိပါ၏။ (ဆာလံကျမ်း၊ ၁၁၉း၁၅၂။)

၁၆။ ပညတ်တရား၏အသုံးဝင်နည်းတစ်ခုကားအဘယ်အရာနည်း။

        ထိုသို့ပညတ်တရားသည် အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့် ပညတ်တရား၏အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့မရောက်ရာ ။ (ရောမ၊ ၃း၂၀။)

၁၇။ ထိုသို့အပြစ်ကိုထင်ရှားစေ၍ ကယ်တင်ရှင်တစ်ပါးကိုလိုသောကြောင့် ပညတ်တရားသည် မည်သည့်အမှုကိုပြုလုပ်သနည်း။

        ထိုကြောင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှာ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကို ပို့ဆောင်၍ ငါတို့၏အထိန်းဖြစ်သတည်း။ (ဂလ၊ ၃း၂၄။)

၁၈။ ဧဝံဂေလိတရားသည် အဘယ်အရာဖြစ်သည်ဟုဖေါ်ပြထားသနည်း။

        ထိုတရားသည် ယုံကြည်သမျှသော သူအပေါင်းတို့ကို ကယ်တင်စေသောဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။ (ရောမ၊ ၁း၁၆။)

၁၉။ ဖြောင့်မတ်ရာသို့ ရောက်သော ယုံကြည်ခြင်းသည် ပညတ်တရားကိုပယ်သလော။

        သို့ဖြစ်လျှင် ယုံကြည်ခြင်းအားဖြင့်ငါတို့သည် ပညတ်တရားကိုပယ်ကြသလော။ အလျှင်းမပယ်သာ၍ တည်စေကြ၏။ (ရောမ၊၃း၃၁။)

မှတ်ချက်။ ပညတ်တရားသည် လိုအပ်သော အကျင့်၏ စုံလင်ခြင်းအဖြစ်ကို ဖေါ်ပြ၍ အပြစ်တရားကို ထင်ရှားစေ၏။ သို့ရာတွင် ထိုစုံလင်သောအကျင့်ကို ပေးနိုင်သော တန်ခိုးမရှိ။ ထိုကြောင့် ဧဝံဂေလိတရားသည်ပညတ်တရားနှင့်ဆန့်ကျင်ဘက်ဖြစ်သည် မဟုတ်။ သခင်ခရစ်တော်၌ ကျွန်ုပ်တို့အား တရားကို ညွှန်ပြလျက် တရားကို ချီးမြှောက် အတည်ဖြစ်စေ၏။

၂၀။ သခင်ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်၌အသေခံတော်မူသော အခါအဘယ်အရာကို ယူဆောင်သွားတော်မူသနည်း။

        နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင် ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့ဟုဆို၏။ (ယောဟန်၊ ၁း၂၉။)

၂၁။ သခင်ခရစ်တော်သည် အသေခံတော်မူခြင်း၊ ထမြောက်တော်မူခြင်းနှင့်မည်သည့်အရာကို ပယ်ရှားတော်မူသနည်း။

        ထိုသခင်သည် သေခြင်းအကြောင်းကို ပယ်ရှား၍ အသက်ရှင်ခြင်းအကြောင်းနှင့် မဖေါက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။ (၂တိမောသ၊ ၁း၁၀။)

၂၂။ ဘုရားသခင်၏ ပညတ်တော်နှင့် သခင်ယေရှု၏ ဧဝံဂေလိတရားတို့သည် သင့်လျော်စွာဆက်သွယ်လျက်ရှိသည်ကို ဘုရားသခင် ၏ ကျန်ကြွင်းသောလူများက မှန်ကန်စွာနားလည်ကြကြောင်း မည်သည့်ကျမ်းချက်ကဖေါ်ပြထားသနည်း။

        ဘုရားသခင်၏ ပညတ်တိုကိုလည်းကောင်း၊ ယေရှု၏ယုံကြည်ခြင်းကိုလည်းကောင်း စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏။ (ဗျာဒိတ်ကျမ်း၊ ၁၄း၁၂။)

မူလ မာတိကာသို့

No comments:

Post a Comment