Sunday, March 16, 2025

 

အခန်း - ၂၈

ခရစ်တော်နှင့်ပညတ်တရား


၁။ ပညတ်တရား၏ကြံရွယ်ချက်ကြီးတစ်ခုကား အဘယ်သို့နည်း။

        ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ထိုသို့ဖြစ်၍ လောကီသားအပေါင်းတို့သည် စကားတစ်ခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့်ရှေ့တော်၌ အပြစ်သင့်သောသူဖြစ်ကြ၏။ ထိုသို့ ပညတ်တရားသည် အပြစ်ကို ထင်ရှားစေသည် ဖြစ်သောကြောင့် ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာတို့မရောက်ရာ။  (ရော၊ ၃း၁၉၊၂၀။ ၇း၇။ ယာ၊ ၂း၉။)

၂။ လူအား အပြစ်ကို ဝန်ချစေဖို့ရန် ပညတ်တရားသည် အဘယ်သို့ဆိုင်သနည်း။

        ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာတို့ရောက်စေခြင်းငှါပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကို ပို့ဆောင်၍ ငါတို့၏ အထိန်းဖြစ်သတည်း။ (ဂလ၊ ၃း၂၄။)

၃။ ပညတ်တရားက မလုပ်နိုင်သောအမှု အဘယ်အမှုဖြစ်သနည်း။

        ပညတ်တရားသည် အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့်ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင်ရှေ့တော်၌ အဘယ်သူမျှဖြောင့်မတ်ရာသို့ မရောက်ရာ။ (ရော၊ ၃း၂၀။ ဂလ၊ ၂း၁၆။)

၄။ ပညတ်တရားသည် ဖြောင့်မတ်ခြင်းကို လူတို့အား အဘယ်ကြောင့် မပေးနိုင်သနည်း။

        အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် အပြစ်ကို ပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။ (ရော၊ ၃း၂၃။ ဂလ၊ ၃း၂၂။)

၅။ လူသည် အဘယ်သို့သောအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သနည်း။            

        ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ကြသည်ကို အပြစ်ထင်ရှားသောတစ်ပါးအမျိုးသားမဟုတ်ဘဲ ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သော ငါတို့သည် အမှန်သိသည်နှင့်အညီ ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ခြင်းငှာ ငါတို့ပင် ယေရှုခရစ်ကို ယုံကြည်ကြပြီ။ အကြောင်းမူကား ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ။ (ဂလ၊ ၂း၁၆၊၂၀။ ရော၊ ၅း၁။)

၆။ ခရစ်တော်သည် အပြစ်ရှိသူကို အဘယ်သို့ ဖြောင့်မတ်စေသနည်း။                

        ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း၍ မတတ်နိုင်သောအမူကို ဘုရားသခင် ပြုတော်မူခြင်းငှာ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်သောမိမိသားတော်ကို စေလွတ်တော်မူ၍ အပြစ်ဖြေဖို့ရာ ဇာတိပကတိ၌အပြစ်ကို ဒဏ်ပေးတော်မူ၏။အကြောင်းမူကား ဇာတိပကတိအတိုင်းမကျင့် ၊ ဝိညာဉ်ပကတိအတိုင်းကျင့်သော ငါတို့သည် တရား၌ပါသော ပညတ်တို့ကို စောင့်ရှောက်မည် အကြောင်းတည်း။ (ရော၊ ၈း၃၊၄။ ၅း၁၉။)

၇။ ခရစ်တော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သောအခါ ကျွန်ုပ်တို့သည်ပညတ်တရားနှင့် အဘယ်သို့ဆိုင်သနည်း။

        သို့ဖြစ်လျှင် ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ် သာ၍ တည်စေကြ၏။ (ရော၊ ၃း၃၁။)

၈။ ခရစ်တော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သောကြောင့် ကျွန်ုပ်တို့သည် အပြစ် (ပညတ်တော်လွန်ကျူးခြင်း။ ၁ယော၊ ၃း၄။) ပြုဖို့အခွင့်ရသလော။

        ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် ပညတ်တရားလက်၌ မရှိ။ ကျေးဇူးတရားလက်၌ ရှိသောကြောင့် အပြစ်ကို ပြုရမည်လော။ ထိုသို့မပြုရ။ (ရော၊ ၆း၁၅။ ၃း၃၁။)

၉။ ပညတ်တော်သည် အကျွန်ုပ်တို့ အပြစ်များကို ပြ၍ ခရစ်တော်ထံသို့ပို့ဆောင်သောကြောင့် ပညတ်တော်ကို အဘယ်အရာနှင့် နှိုင်းယှဉ်သနည်း။

        တရားကို မကျင့်ဘဲ နာရုံမျှသာပြုသောသူမည်သည်ကား မှန်၌ မိမိပကတိမျက်နှာကို ကြည့်သောသူနှင့်တူ၏။ အကြောင်းမူကား ကိုယ်ကိုကိုယ်ကြည့်ပြီးမှအခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ချင်းမေ့လျော့တတ်၏။ လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သော အကျင့်၌ မင်္ဂလာရှိသောသူဖြစ်၏။ (ယာ၊ ၁း၂၃-၂၅။)

မှတ်ချက်။ ပညတ်တရားသည် ကျွန်ုပ်တို့ကို အပြစ်တင်၍ ကျွန်ုပ်တို့အညစ်အကြေးမှ သန့်ရှင်းစင်ကြယ်ဖို့ရန် စမ်းရေတွင်းကြီး တည်းဟူသောခရစ်တော်ကို လိုကြောင်း ညွှန်ပြသည် ။ ကိုယ်တော်ထံသို့ရောက်၍ သန့်ရှင်းခြင်းရပြီးသည်နောက် အလျင်အပြစ်တင်သော ပညတ်တရားသည် ယခုကျွန်ုပ်တို့ ဖြောင့်မတ်ခြင်းရကြောင်း ကို သက်သေခံလေသည် ။ခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်းသို့ ရောက်ပြီးသည်နောက် အပြစ်ကိုပြုမိလျှင် အပြစ်စီရင်ခြင်းသို့ ရောက်၍ သခင်ယေရှုခရစ်အားဖြင့် တဖန်ဆေးကြောခြင်းကို ခံရမည်။

မူလ မာတိကာသို့

No comments:

Post a Comment