Wednesday, March 19, 2025

 

အခန်း - ၅၂

မိစ္ဆာဘုရားများ


၁။ မိစ္ဆာဘုရားများအကြောင်း သမ္မာကျမ်း၌ အဘယ်သို့ပြသနည်း။

        (ဘုရားများ၊အရှင်များ) ဟုဆိုသည်အတိုင်း ကောင်းကင်ပေါ်၊ မြေကြီပေါ်မှာ ဘုရားဟူ၍ ခေါ်ဝေါ်သမုတ်သောသူအများရှိသော်လည်း။ (၁ကော၊ ၈း၅။)

၂။ မှန်သောဘုရားဖြစ်ကြောင်း အဘယ်သို့ပိုင်းခြား၍ သိနားလည်ရသနည်း။

        မိုးကောင်းကင်ကို ဖန်ဆင်းတော်မူသောထာ၀ရဘုရား၊ မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေတော် မူသောအရှင် ...မိန့်တော်မူသည်ကား၊ ဟေရှာ၊၄၅း၁၈။ သင့်ကိုရွေးနုတ်တော်မူ၍ ဖွားစကပင်သင့်ကို ပြုပြင်တော်မူသောထာ၀ရဘုရား မိန့်တော်မူသည်ကား မိုးကောင်းကင်ကို ငါတစ်ပါးတည်းကြက်လျက်၊ မြေကြီးကိုအဖေါ်မရှိဘဲခင်းလျက် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသော ထာ၀ရဘုရားဖြစ်၏။ (ဟေရှာ၊ ၄၄း၂၄။ ၄၂း၅။ ယေ၊၂၇း၅။ ၁ဝး၁၀။)

၃။ ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ရမည့်အစား ဖန်ဆင်းထားသော သက်ရှိသက်မဲ့အရာတို့ကို အလွဲပြု၍ ကိုးကွယ်သည့်အတွက် အဘယ်သို့ယုတ်ညံ့သော အကျိုးမျိုးခံစားရသနည်း။

        အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင် ဘုရားသခင်ကို ချီးမွမ်းသင့်သည် အတိုင်းမချီးမွမ်း ၊ ကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးမိုက်မဲခြင်းသို့ရောက်ကြ၏။ ပညာရှိယောင်ဆောင် လျက်နှင့် လူမိုက်အရာ၌ တည်ကြသည်ဖြစ်၍ မဖေါက်ပြန် မပျက်စီးနိုင်သော ဘုရားသခင်၏ဂုဏ်တော်ကို ပယ်လျက် ဖေါက်ပြန်၍ ပျက်စီးတတ်သော လူ၏ရုပ်တု၊ သားငှက် အစရှိသော တွားတတ်သောတိရစ္ဆာန်၏ရုပ်တုကို ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။ ထိုကြောင့် ဘုရားသခင်သည် သူတို့ကို သူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့ အပ်လိုက်တော်မူ၏။ (ရော၊၁း၂၁-၂၄။)

၄။ ၎င်းကိုးကွယ်ခြင်းသည် မည်သို့ဖြစ်မည်နည်း။

အဖြေ။ ဟေရှာ ၄၄း၉-၂၀။

၅။ သမ္မာကျမ်းစာ၌ ဘာအတုအယောင်ဘုရားသခင်များအကြောင်းဖော်ပြသနည်း။

        နောက်တဖန်သင်တို့သည် လူယောက်ျား၊ လူမိန်းမသဏ္ဌာန်၊ မြေကြီးပေါ်မှာ ရှိသောတိရစ္ဆာန်သဏ္ဌာန်၊ မိုးကောင်းကင်၌ပျံဝဲတတ်သော ငှက်သဏ္ဌာန်၊ မြေပေါ်တွားတတ်သော တိရစ္ဆာန်သဏ္ဌာန်၊ မြေနိမ့်ရာရေ၌ နေသော ငါးသဏ္ဌာန်ရှိသော ရုပ်တုကို သင်တို့သည် ဖောက်ပြန်၍ ကိုယ်အဖို့မလုပ်ရမည်အကြောင်း မိုးကောင်းကင်ကို မျှော်၍ နေ၊လ၊ကြယ်များတည်းဟူသော မိုးကောင်းကင်တန်ဆာရှိသမျှတို့ကို မြင်သောအခါ ...ထိုတန်ဆာတို့ကို ဝတ်ပြုကိုးကွယ်စေခြင်းငှာ သူတစ်ပါးတို့သည် သွေးဆောင်၍ မရနိုင်မည်အကြောင်း ကိုယ်ကိုကိုယ်သတိပြုကြလော့။ (တရား၊ ၄း၁၆-၁၉။)

၆။ ထိုသို့သော အတုအယောင်ဘုရားများတို့သည် မြင်နိုင်၊ ကြားနိုင်၊ အနံ့ခံနိုင်ကြသလော။

        လူလက်ဖြင့်လုပ်၍ မမြင်နိုင်၊ မကြားနိုင်၊ မစားနိုင်၊ မနမ်းနိုင်သော သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို သင်တို့သည် ဝတ်ပြုရကြလိမ့်မည်။ (တရား၊၄း၂၈။ ဆာ၊၁၁၅း၄-၇။ ၃ရာ၊၁၈း၂၆-၂၈။)

၇။ ၎င်းတို့သည် စကားပြောနိုင်၊ လမ်းလျောက်နိုင်ကြသလော။

        ကောင်းကျိုး၊ မကောင်းကျိုးကိုပေးနိုင်သလော။ သူသည်စွန်ပလွံပင်ကဲ့သို့ ခိုင်မာ၍ စကားမပြောတတ်။ မိမိအလိုအလျောက် မသွားနိုင်သောကြောင့် ထမ်း၍သွားရ၏။ ထိုအရာတို့ကို မကြောက်ကြနှင့် ။ အန္တရယ်ကိုမပြုနိုင်။ ကျေးဇူးကိုလည်း မပြုနိုင်။ (ယေ၊ ၁ဝး၅။)

၈။ ၎င်းတို့သည် တစ်စုံတစ်ခုသိသလော။

        မျက်စိမမြင်၊ နားမကြား၊ အဘယ်အန္တရယ်ကိုမျှ မသိသောငွေဘုရား၊ ရွှေဘုရား၊ ကြေးဝါဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရား၊တို့ကိုချီးမွမ်း...ပါပြီတကား။ (ဒံ၊ ၅း၂၃။)

၉။ လူသည် အခက်အခဲ ရောက်သောအခါ ၎င်းတို့သည် မစကယ်ဆယ်နိုင်သလော။

        ကိုယ်အဖို့သင်လုပ်သောဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ အမှုရောက်သောအခါ သူတို့သည် တတ်နိုင်သမျှထ၍ ကယ်ကြပါလေစေ။ (ယေ၊ ၂း၂၈။ ၃ရာ၊ ၁၈း၂၆-၂၉။)

၁၀။ ၎င်းတို့မှာ အပြစ်မှကယ်ချွတ်နိုင်သောတန်ခိုးရှိသလော။ မိမိထုလုပ်သော သစ်သားကိုဆောင်ရွက်သောသူ၊မကယ်တင်နိုင်သောအရာကို ပတ္ထနာပြုသော သူတို့သည် ပညာမရှိ။ (ဟေရှာ၊ ၄၅း၂၀။)

၁၁။ ကျွန်ုပ်တို့သည် အတုအယောင်ဘုရားသခင်အစေကိုခံသောအခါ အဘယ်အရာကို ကိုးကွယ်သနည်း။

        သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကိုထားလျက် ဖန်ဆင်းတတ်သော သခင်ကိုပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူဖြစ်ကြ၏။ (ရော၊ ၁း၂၅။)

၁၂။ ဤသို့ကိုးကွယ်သောသူတို့သည် နောက်ဆုံးနေ့၌ မိမိတို့ဘုရားတို့ကို အဘယ်သို့ပြုလုပ်ကြမည်နည်း။

        ထိုကာလ၌ လူတို့သည် မိမိတို့ကိုးကွယ်ဖို့ မိမိတို့လုပ်ဖူးသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့များ၌ ပစ်ထားကြလိမ့် မည်။ (ဟေရှာ ၂း၁၈-၂၂။)

၁၃။ အတုအယောင်ဘုရားတို့၏ အဆုံးအဘယ်သို့နည်း။

        ကောင်းကင်အောက် မြေကြီးကို မဖန်ဆင်းသောဘုရားတို့သည် ဤကောင်းကင်အောက်၊ ဤမြေကြီးပြင်မှ ကွယ်ပျောက်ကြလိမ့်မည်။ (ယေ၊ ၁ဝး၁၁။၀

၁၄။ ရုပ်တုဆင်းတုများကို ခိုလှုံသောသူတို့သည် အသရေရကြလိမ့်မည်လော။

        ရုက်တုဆင်းတုများကို ခိုလှုံ၍ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘုရားဖြစ်တော်မူ၏ဟု သွန်းသောရုပ်တုတို့အား ဆိုသောသူတို့သည် လှန်ခြင်းကို ခံရ၍ အလွန်အရှက်ကွဲခြင်းသို့ ရောက်ကြလိမ့်မည်။ (ဟေရှာ၊ ၄၂း၁၇။ ဆာ၊၁၆း၄။)

၁၅။ ရုပ်တုဆင်းထုလုပ်၍ ကိုးကွယ်ကြသောသူတို့အပေါ်၌ ထာ၀ရဘုရားသည် အဘယ်သို့မိန့်ဆိုထားတော်မူသနည်း။

        ထာ၀ရဘုရားစက်ဆုပ်ရွံရှာသောအရာ၊ လက်သမားလက်နှင့်ထုလုပ်သောရုပ်တု၊ သွန်းသောရုပ်တုလုပ်၍ မထင်ရှားသော အရပ်၌ထားသောသူသည် အမင်္ဂလာရှိစေသတည်း။ (တရား၊ ၂၇း၁၅။)

၁၆။ ရုပ်တုကိုကိုးကွယ်သောသူတို့သည် ဘုရားသခင်နိုင်ငံတော်ကို အမွေခံရကြမည်လော။

        မတရားသောမေထုန်၌မှီဝဲသောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ... ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။ (၁ကော၊ ၆း၉-၁၀။)

၁၇။ ၎င်းတို့သည် အဘယ်သို့ ခံစားရကြမည်နည်း။

        ရုက်တုကိုးကွယ်သောသူ.... ဒုတိယသေခြင်းတည်းဟူသော ကန့်နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့အဖို့ကို ရကြလိမ့်မည်။ (ဗျာ၊ ၂၁း၈။)

၁၈။ အတုအယောင်ဘုရားတို့ကို မကိုးကွယ်ရမည်အကြောင်း ဘုရားသခင်သည် အဘယ်ပညတ်ကိုထားတော်မူသနည်း။

        ငါမှတစ်ပါးအခြားသောဘုရားကို မကိုးကွယ်နှင့်။ အထက်မိုးကောင်းကင်၌ လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌ လည်းကောင်း၊ ရှိသောအရာနှင့်ပုံဥဏ္ဌာန်တူအောင် ရုပ်တုဆင်းတုကို ကိုယ်အဖို့မလုပ်နှင့်၊ ဦးမချဝတ်မပြုနှင့်။ (ထွ၊ ၂ဝး၃-၅။)

၁၉။ တစ်ဆူတည်းသောဘုရားမှတစ်ပါး အခြားသောဘုရားများရှိသလော။ 

        တစ်ဆူတည်းသောဘုရားသခင်မှတစ်ပါး အဘယ်ဘုရားသခင်မျှမရှိသည်ကို လည်းကောင်း ၊ ငါတို့သိကြ၏။ (၁ကော၊ ၈း၄။ ဧ၊ ၄း၅။)

၂၀။ မှန်သောဘုရားကိုပယ်၍ ထူးခြားသော ဘုရားတို့ကို ဝတ်ပြုကိုးကွယ်လျှင် အဘယ်သို့ဖြစ်မည်နည်း။

        သင်တို့သည် ထာ၀ရဘုရားကိုစွန့်၍ တစ်ကျွန်းတစ်နိုင်ငံဘုရားတို့ကို ဝတ်ပြုလျှင် သင်တို့၌ ကျေးဇူးပြုတော်မူပြီးမှ တစ်ဖန်လှည့်၍ ညှဉ်းဆဲဖျက်ဆီးတော်မူမည်။ (ယောရှု၊ ၂၄း၂၀။)

၂၁။ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့အား အဘယ်သို့ ဆုံးမသနည်း။

        သင်တို့တွင် ပါသော တစ်ပါးအမျိုးသားတို့၏ ဘုရားတို့ကို ပယ်ပစ်ကြလော့။ အဝတ်ကိုလဲ၍ သန့်ရှင်းခြင်းရှိစေကြလော့။ (က၊ ၃၅း၂။)

မူလ မာတိကာသို့

No comments:

Post a Comment