အခန်း - ၆
ခရစ်တော်၏ဘုရားဇာတိတော်
၁။ ခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း သမ္မာကျမ်းကအဘယ်သို့ သင်ကြားသနည်း။
(က) ခမည်းတော်ဘုရားသက်သေခံတော်မူချက်။- ဤသူကား၊ ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။ (မ၊ ၃း၁၇။ ၁၇း၅။ ၂ပေ၊ ၁း၁၇။)
(ခ) မွေးဖွားတော်မူခြင်း အကြောင်းကြားပြောသော ကောင်းကင်တမန်သက်သေခံချက်။
ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းဝိညာဉ်တော်သည်သင်၏အပေါ်မှာ သက်ရောက်တော်မူ၍ အမြင့်ဆုံးသောဘုရားသခင်၏တန်ခိုးတော်သည် သင့်ကို လွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားတော်သည်လည်းဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ (လု၊ ၁း၃၅၊၃၂။)
(ဂ) နှစ်ခြင်းဆရာယောဟန်သက်သေခံချက်။
ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်တော်မူကြောင်းကို သက်သေခံသည်။ (ယော၊ ၁း၃၄၊ ၁၈။)
(ဃ) ခရစ်တော်သက်သေခံချက်။
ထိုသို့မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ကြည့်မျှော်၍၊ အိုအဘ၊ အကျွန်ုပ်အချိန်ရောက်ပါပြီ။ သားတော်သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ ဘုန်းကိုထင်ရှားစေတော်မူပါ။ (ယော၊ ၁၇း၁၊၂ နောက်ပိုင်း။ ၈း၄၂၊၅၀။)
(င) ခရစ်တော်၏တပည့်တော်များသက်သေခံချက်။
ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ (မ၊ ၁၆း၁၆။)
(စ) ယောဟန်က။ - ယေရှုသည်ခရစ်တော်တည်းဟူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို သင်တို့သည် ယုံမည်အကြောင်း ထိုသို့ ယုံ၍နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်းဤမျှလောက် ရေးထားလျက်ရှိသတည်း။ (ယော၊ ၂ဝး၃၁။ ၃း၁၆။ ၁ယော၊၄း၁၅။)
(ဆ) ပေါလုက။- အချိန်ကာလစေ့သောအခါ ငါတို့သည် သား၏အခွင့်အရာကို ခံရမည်အကြောင်း ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနုတ်စေခြင်းငှာ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဖွားမြင်ရသော သားတော်ကို ဘုရားသခင်သည် စေလွှတ်တော် မူ၏။ (ဂလ၊ ၄း၄၊၅။ ဟေဗြဲ၊ ၁း၁၊၂။ ၄၊၁၄။ ရော၊ ၁း၄။ ကော၊ ၁း၁၃။)
၂။ လူဇာတိကိုယူဆောင်တော်မမူမီ ခရစ်တော်သည်တည်ရှိတော် မူသလော။
အိုအဘ၊ ဤကမ္ဘာမတည်မရှိမီ အထံတော်၌ အကျွန်ုပ်ခံစားသော ဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကိုအထံတော်၌ ချီးမြှောက်တော်မူပါ။ (ယော၊ ၁၇း၅။ ၈း၅၆-၅၈။ ၁း၁-၃၊၁၄။ ဧ၊ ၃း၉။ ကော၊၁း၁၃-၁၅။ လု၊ ၃ဝး၄။ က၊ ၁း၂၆။ မိ၊ ၅း၂။)
၃။ လူဇာတိကို ခံယူခြင်းအားဖြင့် ခရစ်တော်သည် အဘယ်သူ၏သားဖြစ်သနည်း။
လူဇာတိအားဖြင့် ဒါဝိဒ်အမျိုးဖြစ်တော်မူထသော၊ သေခြင်းမှထမြောက်တော်မူ၍ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်။ (ရော၊ ၁း၁-၄။ လု၊ ၁း၃၂။ မ၊ ၁၂း၂၃။ ၂၁း၉။)
မှတ်ချက်။ ဖွားမြင်ခြင်းအားဖြင့် ခရစ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်တော်မှု၏။ လူ၏ သားလည်း ဖြစ်၏။ ခမည်းတော် ထံတော်မှဆင်းသက်တော်မှု သောကြောင့် ခရစ်တော်သည် ဘုရားသခင်၏သားဖြစ်တော်မှု၏။ (လု ၃း၂၃-၂၇)။ မယ်တော်ထံမှ ဆင်းသက်သောကြောင့် ခရစ်တော်သည် လူ၏သား ဖြစ်တော်မှု၏။ ထိုကြောင့် ဒါဝိဒ်၏သားဟူ၍လည်းကောင်း၊ လူ၏ သားဟူ၍ လည်းကောင်း ၊ ခရစ်တော်၏ အမျိုးအနွယ်ကို လိုက်စစ်သော အားဖြင့် အမိဘက်က အမျိုးအနွယ်ကို သာဆိုရသတည်း။ မိန်းမ၏ အမျိုးအနွယ်ဟူ၍ ခရစ်တော်ဖြစ်ခဲ့ရမည်။ (က၊ ၃း၁၅။ ဂလ ၄း၄၊ ၅။)
၄။ ဘယ်တန်ခိုးအားဖြင့် ခရစ်တော်သည် လူဇာတိကို ခံယူသနည်း။
ကောင်းကင် တမန်ကလည်း ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော်မူ၍ အမြင့်ဆုံးသော ဘုရား၏ တန်ခိုးတော်သည် သင့်ကို လွမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။ (လု၊ ၁း၃၅။)
၅။ ခမည်းတော်နှင့် သားတော်သည် အဘယ်သို့ စပ်ဆိုင်သနည်း။
ငါသည် ခမည်းတော်နှင့် တစ်လုံးတစ်၀တည်း ဖြစ်သည်။ (ယော ၁ဝး၃၊ ၁၇း၂၂။ ၁၄း ၇-၉။)
၆။ ခမည်းတော်နှင့် ပေါင်းဖတ်၍ တစ်လုံးတစ်၀တည်းဖြစ်ကြောင်း ခမည်းတော်သည် အဘယ်သက်သေကို ပြသနည်း။
ငါသည် ငါ့ခမည်းတော်၏ အမှုတော်ကို မပြုလျှင် ငါ့ကို မယုံကြနှင့်ပြုလျှင် ငါ့ကို မယုံသော်လည်း ထိုအမှုတို့ကို ယုံကြလော့။ ထိုသို့ယုံလျှင် ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို လည်းကောင်း၊ ယုံ၍သိမှတ်ကြလိမ့်မည်။ (ယော ၁ဝး၃၇၊၃၈။)
၇။ ဘုရားစင်စစ်ဖြစ်တော်မှုကြောင်း အဘယ်လက္ခဏာအားဖြင့် သိရသနည်း။
ဖန်ဆင်းသော အရာများအားဖြင့် မိုးကောင်းကင်ကို ဖန်ဆင်း၍ ကြက်တော်မှုထသော၊ မြေကြီးနှင့် မြေကြီးထဲက ဖြစ်သမျှတို့ကို ခင်းကျင်းတော်မှုထသော၊ မြေကြီးပေါ်မှာ ရှိသော သူတို့အားအသက်ကိုလည်းကောင်း၊ မြေကြီးကို ကျော်နင်းသော သူတို့အား ဝိညာဉ်ကိုလည်းကောင်း ပေးတော်မှုသော ဘုရားသခင် ထာ၀ရဘုရား မိန့်တော်မှုသည်ကား၊ ငါသည် ထာ၀ရဘုရားဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏။ (ဟေရှာ၊ ၄၂း၅၊၈။ တ၊၁၄း၁၅။ ၁၇း၂၄၊၂၅။ ယေ ၁ဝး၁၀-၁၂။)
၈။ ခရစ်တော်သည် ဘုရားဇာတိဖြစ်တော်မူကြောင်း အဘယ်အမှုအရာကို ပြသနည်း။
-(က) ဖန်ဆင်းတော်မှုခြင်းအားဖြင့်။ (ဧ၊၃း၉။ ကော၊၁း၁၃-၁၆။ ယော ၁း၁၃။ ဟေဗြဲ ၁း၁၊၂။)
ဖန်ဆင်းသော တန်ခိုးပုံသက်သေ အားဖြင့် ။- လူငါးထောင်ကို ကျွေးမွေးခြင်း။ (လု၊ ၉း၁၂-၁၇။)
-(ခ) အသက်ပေးနိုင်သော တန်ခိုးအားဖြင့် ။ လာဇရု အသက်ရှင်ပြန်စေခြင်း။ (ယော၊ ၁၁း၄၃၊ ၄၄။)
-(ဂ) လောကဓါတ်တို့ကို အုပ်စိုးနိုင်ခြင်းအားဖြင့်။ (မ၊ ၈း၂၆။ မာ၊ ၆း၄၈။)
-(ဃ) သေခြင်းနှင့် ထမြောက်တော်မူခြင်းအားဖြင့်။ (ယော၊၁ဝး ၁၇၊ ၁၈။ မ၊၂၇း ၆၂-၆၆။ ၂၈း၁-၆။)
၉။ ခရစ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ဝန်ခံသော သူတို့ အပေါ်၌ အဘယ်ဆုကျေးဇူး သက်ရောက်မည်နည်း။
ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို ဝန်ခံသောသူမည်သည်ကား ဘုရားသခင်၌ တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။ (၁ယော၊ ၄း၁၅။ ၅း၁၀-၁၃။ ရော၊ ၁ဝး၉။)
၁၀။ အဘယ်သူအားဖြင့် ဤကဲ့သို့ဝန်ခံနိုင်သနည်း။
ယေရှုသည် သခင်ဘုရားဖြစ်တော်မူ၏ဟု သန့်ရှင်းသောဝိညာဉ်တော်ကိုအမှီမပြုလျှင် အဘယ်သူမျှမပြောနိုင်။ (၁ကော၊ ၁၂း၃။ ၁၆း၁၇။ ယော၊၁၅း၂၆။ ၂ကော၊ ၃း၃-၅။)
၁၁။ ဘုရားသခင်၏ သားတော်ကိုငြင်းပယ်သော သူသည် အဘယ်အပြစ်ဖြစ်ကို ပြုလုပ်သနည်း။
ထိုမျှမက ဘုရားသခင်၏သားတော်ကို ခြေဖြင့်ကျော်နင်းလျက် မိမိကိုစင်ကြယ်စေသော ပဋိညာဉ်တရား၏အသွေးကို အပြစ်တင်လျက် ဆုကျေးဇူးကိုပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင်ပြုလျက်ရှိသောသူသည်အဘယ်မျှလောက်ကြီးစွာသော ဒဏ်ဖြင့်ခံထိုက်သည်ကိုသင်တို့ထင်ကြသနည်း။ (ဟေဗြဲ၊ ၁ဝး၂၉။ မာ၊ ၃း၂၉၊၃၀။)
၁၂။ ခရစ်တော်ကို မယုံကြည်သော သူတို့သည် အဘယ်အပြစ်ဒဏ်ခံရမည်နည်း။
ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင် ကိုယ်အပြစ်၌ သေကြလိမ့်မည်။ (ယော၊ ၈း၂၄။ တ၊ ၄း၁၂။ ၁ကော ၃း၁၁။)
၁၃။ အန္တိခရစ်သည်အဘယ်သူနည်း။
မုသားကိုသုံးသောသူကား အဘယ်သူနည်း။ ယေရှုသည်ခရစ် တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့်သားတော်ကိုငြင်းပယ်သောသူသည် ခရစ်တော်ကို ဆန့်ကျင်သူဖြစ်၏၊သားတော်ကိုငြင်းပယ်သော သူမည်သည်ကား ခမည်းတော်ကိုမသိ သားတော်ကိုဝန်ခံသောသူမည်သည်ကား ခမည်းတော်ကိုသိ၏။ (၁ယော၊ ၂း၂၂၊၂၃။)
No comments:
Post a Comment