အခန်း - ၄၉
မတရားသောသူတို့၏လမ်းဆုံး
၁။ တရားစီရင်ရာကာလအကြောင်း သမ္မာကျမ်းစာသည် ဖေါ်ပြသလော။
အကြောင်းမူကာ၊ လောကီသားတို့ကိုဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာ စစ်ကြောစီရင်မည့် နေ့ရက်ကို ချိန်းချက်တော်မူပြီ။ (တ၊ ၁၇း၃၁။)
၂။ စစ်ကြောစီရင်ခြင်းကို လူမည်မျှခံရမည်နည်း။
အကြောင်းမူကား၊ ငါတို့ရှိသမျှသည်.... ခရစ်တော်၏တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။။ (၂ကော၊ ၅း၁၀။)
၃။ ထိုတရားစီရင်ခြင်း၌ ငဲ့ကွက်ခြင်းရှိမည်လော။
ဘုရားသခင်သည် အဘယ်သူ၏မျက်နှာကို မျှမှတ်တော်မမူ။ (ရော၊ ၂း၁၁။ က၊ ၁၈း၂၅။ ဆာ၊ ၈၉း၁၄။)
၄။ လူ၏လမ်းဆုံးကိုမည်ကဲ့သို့ ပြဌာန်းထားသနည်း။
ထာ၀ရဘုရားကလည်း၊ အသက်ရှင်ရာလမ်း၊ သေရာလမ်းတို့ကို သင်တို့ရှေ့မှာငါဖွင့်ထား၏။ (ယေ၊ ၂၁း၈။ ၃ဝး၁၉။ ဂလ၊ ၆း၇။ မ၊ ၁၆း၂၇။)
၅။ မတရားသောသူအသေခံခြင်းကို ဘုရားသခင်နှစ်သက်တော်မူသလော။
ငါအသက်ရှင်သည်အတိုင်း၊ ဆိုးသောသူသည် အသေခံခြင်းအမူကို ငါနှစ်သက်သည်မဟုတ်။ (ယေဇ၊ ၃၃း၁၁။ ယေ၊ ၃း၁၆။)
၆။ မတရားသောသူသည် သေလျှင်သေချင်း အပြစ်ဒဏ်ခံရလော။
ဖျက်ဆီးရာနေ့ရက်ကာလဖို့၊ မတရားသော သူတို့သည် ယခု ဘေးလွတ်လိမ့်အကြောင်း၊ ဒေါသအမျက် ခံရာနေ့ရက်ကာလဖို့ ယခုထွက်မြောက် လိမ့်မည်အကြောင်း တည်းဟူသော သူတို့လက္ခဏာသက်သေများကို မသိကြသလော။ (ယောဘ၊ ၂၁း၃၀။)
မှတ်ချက်။ တရားစီရင်တော်မမူမီ အပြစ်ဒဏ်ပေးလျှင် တရားမည်မဟုတ် တရားစီရင်ခြင်းသည် ကမ္ဘာကုန်ဆုံးခါနီး သတ်မှတ်သော အချိန်၌ထားသည်။ ထိုကြောင့် မတရားသော သူတို့ကို အပြစ်ဒဏ်ခံဖို့ရန် စစ်ကြောစီရင်ခြင်းပြီးသည်တိုင်အောင် ချုပ်ထားသည်။ (၂ပေ ၂း၄၊ ၉၊ ၁၀။ ယု၊ ၆။ ဟေဗြဲ၊ ၁ဝး၂၇။ ကြည့်ပါ။)
၇။ ဘယ်မှာချုပ်ထားသနည်း။
သူသည် သင်္ဂြိုလ်ခြင်းသို့ရောက်၍ သူ၏သင်္ချိုင်းပုံကို အစောင့်ထားကြလိမ့်မည်။ (ယောဘ၊ ၂၁း၃၂။ ၃း၁၁-၁၉။)
၈။ မတရားသောသူသည် သင်္ချိုင်းမှဘယ်သောအခါထွက်ရမည်နည်း။
ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့လည်းကောင်းထွက်ရကြလတ္တံ့။ (ယော ၅း၂၉။)
မှတ်ချက်။ ထမြောက်ခြင်းနှစ်မျိုးရှိကြောင်း ခရစ်တော်သွန်သင်သည်။(ယော၅း၃၉) ခရစ်တော်ဒုတိယအကြိမ်ကြွလာတော်မူသောအခါ ကောင်းသောသူတို့သာ ထမြောက် ကြမည်အကြောင်း ရှင်ပေါလုပြသည်။ (၁ကော၊၁၅း၂၂၊ ၂၃။)
၉။ မတရားသောတို့၏ ထမြောက်ခြင်းသည် ဘယ်သောအခါရှိမည်နည်း။
ပထမထမြောက်ခြင်းကို ဝင်စာသောသူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏ လက်နှင့်ကင်းလွတ်လျက် ကြွင်းသောလူသေတို့သည် ထိုအနှစ်တစ်ထောင်မကုန်မီ အသက်မရှင်ရကြ။
မှတ်ချက်။ လောကီသားအပေါင်းတို့ကို နှစ်မျိုးခွဲထား၍ တစ်မျိုးသည် "မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူ" ဖြစ်လျှင် ကြွင်းသောသူတို့သည် မတရားသောသူဖြစ်ရမည်။ အထက်ကျမ်းချက်များအရ လူကောင်းထမြောက်ခြင်းနောက် အနှစ်တစ်ထောင်ကြာပြီးမှ လူဆိုတို့ထမြောက်မည်။ စာမျက်နှာ ၁၃၉ ၌ မိလေနိကပ်ကာလအကြောင်ကြည့်ပါ။
၁၀။ အပြစ်အခကား အဘယ်အရာဖြစ်သနည်း။
အပြစ်တရား၏အခကားသေခြင်းပေတည်း။ (ရော၊ ၆း၂၃။ ယာ၊၁း၁၁။)
၁၁။ ဝိညာဉ်သည်သေသလော။
ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်။ (ယေဇ၊ ၁၈း၄။ မ၊ ၁ဝး၂၈။)
၁၂။ မည်သည့်အရာအားဖြင့် ပျက်စီးခြင်းသို့ ရောက်သနည်း။
ထိုနေ့ရက်သည် လောင်လိမ့်မည်။ (မာလ၊ ၄း၁။)
၁၃။ ထိုလောင်သောမီးသည် ဘာမျိုးနည်း။
အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလတ္တံ့။ (မ၊၃း၁၂။)
မှတ်ချက်။ မငြိမ်းန်ိုင်သောမီးသည် သတ်၍မနိုင်သော မီးဖြစ်သည်။ ဤမီးကိုငြိမ်းနိုင်လျှင် မတရားသောသူတို့သည် ရအောင်ငြိမ်းကြမည်။ ဘုရားသခင်စေလွှတ်သော ထိုမီးသည် မတရားသောသူတို့ကို ကုန်ဆုံးအောင်လောင်ပြီးမှသေမည်။ (ဟေရှာ၊ ၄၇း၁၄) သို့သော်လည်း လောင်စာမကုန်မချင်း ထိုမီးကိုသတ်နိုင်သောတန်ခိုး တစ်စုံတစ်ခုမျှမရှိ။
၁၄။ ဤမီးအကြောင်း တခြားကျမ်းချက် မည်ကဲ့သို့ပြသနည်း။
ထိုအခါ လက်ဝဲတော်ဘက်၌ ရှိသောသူတို့အားမင်းကြီးက ကျိန်ခြင်းကို ခံရသောသူတို့၊ ထာ၀ရမီးထဲသို့ ငါထံမှခွာသွားကြလော့။ (မ၊ ၂၅း၄၁။)
၁၅။ ဤထာ၀ရမီးသည် ကမ္ဘာပေါ်သို့ကျလောင်ဖူးသလော။
ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ရှိသောမြို့တို့သည် အထက်ကဆိုခဲ့ပြီးသော လူဆိုးကဲ့သို့ မတရားသောမေထုန်ကို အလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့်မှားယွင်းခြင်း အမှု၌ ကျင်လည်သောကြောင့် ထာ၀ရမီးနှင့် ကျွမ်းလောင်ခြင်းဒဏ်ကို ခံရ၍ ပုံသက်သေ ထင်ရှားလျက်ရှိကြ၏။ (ယု၊ ၇။)
၁၆။ ဤထာ၀ရမီးနှင့်သောဒုံမြို့၊ ဂေါမောရမြို့တို့ကို လောင်ခြင်းသည် ဘာပုံသက်သေဖြစ်သနည်း။
နောင်၌ မတရားသောအကျင့်ကို ကျင့်အံ့သောသူတို့အား ပုံသက်သေကိုထားတော်မူ၏။ (၂ပေ၊ ၂း၆။)
မှတ်ချက်။ သောဒုံမြို့နှင့်၊ ဂေါမောရမြို့တို့ကို ပျက်စီးစေသောမီးသည် လောင်နိုင်သော အရာရှိသမျှတို့ကို ကုန်ဆုံးအောင်လောင်ပြီးမှ သေသည်။ လူတို့သည် အလွဲယူမည်စိုးသောကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ထိုမြို့ကိုဖျက်ဆီးခြင်းသည် မတရားသော သူတို့၏ လမ်းဆုံးဖြစ်ကြောင်း ပုံသက်သေဖြစ်သည်ဟူ၍ မိန့်တော်မူ၏။
၁၇။ မတရားသောသူတို့ကိုဘယ်အရာများနှင့် ပုံခိုင်းတော်မူသနည်း။
အဖြေ။ သွေ့ခြောက်သောအရွက်။ ယော၊၁၅း၁၆ အမိူက်ခြောက်။ မာလ၊ ၄း၁။ နာ၊ ၁း၁၀။ ဂျုံစပါးအဖျင်း။ မ၊ ၃း၁၂။ ပိုက်ဆံလျှော်။ ဟေရှာ၊ ၁း၃၁။တို့နှင့် ပုံခိုင်းတော်မူသည်။
၁၈။ မတရားသောသူတို့သည် စုံလင်စွာပျက်စီးကုန်ဆုံးခြင်းသို့ရောက်မည်အကြောင်း ကျမ်းစာသည် ဘယ်စကားတို့ဖြင့် ဖေါ်ပြသနည်း။
အဖြေ။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးခြင်း။ (မ၊၁ဝး၂၈။) ပျက်စီးခြင်း။ (ဆာ၊ ၃၇း၂၀။) ဆုံးရူံးခြင်း။ (ဟေရှာ၊ ၁း၂၈။) မီးအားဖြင့်မျိုခြင်း။ (ဗျာ၊ ၂ဝး၉။) အရင်းအဖျားကိုလောင်ခြင်း။ (မာလ၊ ၄း၁။)
၁၉။ ထိုနောက် မတရားသောသူ တစ်စုံတစ်ယောက်တွေ့ဦးမည်လော။
ခဏကြာပြီးမှ မတရားသောသူသည် မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍မတွေ့ရ။ (ဆာ၊ ၃၇း၁။ ဩ၊ ၁၆။)
No comments:
Post a Comment