အခန်း -၂
ဘုရားသခင်၏နှုတ်ထွက်တရားတော်
(ဒုတိယပိုင်း)
၁။ အနာဂတ္တိစကားတည်းဟူသော နှုတ်ထွက်တရားတော်ကို ဟောပြောဖို့ရန် ရှေးပုရောဖက်များတို့အား အဘယ်သို့နှိုးဆော်တိုက်တွန်းသနည်း။
အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့်ဖြစ်ဖူးသည်မဟုတ်။ ဘုရားသခင်၏သန့်ရှင်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။ (၂ပေ၊ ၁း၂၁၊၊ ၁ပေ၊ ၁း၁၀၊၁၁၊ အာ၊ ၃း၇။)
၂။ နှုတ်ထွက်တရားတော်ကို ပုရောဖက်များအားဖြင့် အဘယ်သူဖေါ်ပြထားသနည်း။
ညီအစ်ကိုတို့၊ ယေရှုကိုဖမ်းဆီးသော သူတို့အားလမ်းပြသော ယုဒရှကာရုတ်ကို ရည်မှတ်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် ဒါဝိဒ်မင်း၏နှုတ်ဖြင့် ဖေါ်ပြထားတော်မူနှင့်သော ကျမ်းစာချက်အတိုင်း မပြည့်စုံဘဲမနေရ။ (တ၊ ၁း၁၆။ ဟေဗြဲ၊ ၃း၇။ ၁ဝး၁၅။ တ၊ ၃း၂၁။)
၃။ သို့ဖြစ်လျှင်စင်စစ်ဟောပြောသူ အဘယ်သူနည်း။
ရှေးလွန်လေပြီးသောအခါ ပုရောဖက်များအားဖြင့် ဘိုးဘေးတို့အထပ်ထပ်အနည်းနည်း ဖေါ်ပြပေးတော်မူသော ဘုရားသခင်သည်.......။(ဟေဗြဲ၊ ၁း၁။ ဟော၊ ၁၂း၁၀။)
၄။ သန့်ရှင်းသောဝိညာဉ်တော်နှင့်သက်ဆိုင်သောကြောင့် နှုတ်ထွက်တရားတော်ကို အဘယ်သို့ခေါ်သနည်း။
ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို လည်းကောင်း၊ဘုရားသခင်၏ နှုတ်ထွက်တရားတော် တည်းဟူသော ဝိညာဉ်တော်၏ ဓါးကိုလည်းကောင်း ယူကြလော့။ (ဧ၊ ၆း၁၇။)
၅။ ကျမ်းစာကိုအဘယ်သို့ခေါ်လေ့ရှိသနည်း။
နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ထွက်တရားတော်ကိုနားထောင်အံ့သောငှာ တစ်မြို့လုံး ကုန်မတတ်စည်းဝေးကြ၏။ (တ၊ ၁၃း၄၄။ ၁၉း၂၀။ ၁၂း၂၄။ ၁၈း၁၁။ ၂ကော၊ ၄း၁၊၂။ ရော၊ ၉း၆။ ၁သက်၊ ၂း၁၃။ ၂တိ၊ ၂း၉၊၁၅။ တ၊ ၂ဝး၃၂။ ယော၊ ၅း၃၉။ ၂ပေ၊ ၁း၁၉၊၂၀။)
၆။ နှုတ်ထွက်တရားတော်တည်းဟူသော သာသနာတော်သည် "အသက်ရှင်"(ဟေဗြဲ၊ ၄း၁၂) သောကြောင့် ဘာလုပ်နိုင်သနည်း။
ဘုရားသခင်၏သာသနာတော်သည် တိုးပွားများပြားလေ၏။ (တ၊ ၁၂း၂၄၊ ၁၉း၂၀။)
၇။ ယေရှုသည်မိမိစကားတော်ကိုဘာပြောသနည်း။
ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည်အလျှင်းမတတ်နိုင်။ ငါပြောသောစကားသည်ဝိညာဉ်ဖြစ်၏။ အသက်လည်း ဖြစ်၏။ (ယော၊ ၆း၆၃။)
၈။ ကျွန်ုပ်တို့သည် နှုတ်ထွက် တရားတော်ဖေါ်ပြချက်ကို မှန်ကန်စွာ သုံးလျှင် အဘယ်သို့သောအကျိုးရမည်နည်း။
ကိုယ်တော်ကိုမပြစ်မှားဘဲနေနိုင်မည်အကြောင်း ဖေါ်ပြချက်ကို နှလုံးထဲမှာသိုထားပါပြီ။ (ဆာ၊ ၁၁၉း၁၁။ ၁၇း၄။ မ၊ ၄း၁-၁၀။)
၉။ နှုတ်ထွက်တရားတော်၌ ဖန်ဆင်းနိုင်သောတန်ခိုးရှိသည်။
ထာ၀ရဘုရားကို မြေကြီးတစ်ပြင်လုံး ကြောက်ရွံ့စေ။ လောကနိုင်ငံသားအပေါင်းတို့သည် ရိုသေလေးမြတ်ကြစေ။ အကြောင်းမူကားထာ၀ရဘုရားမြွက်ဆို၍ မြွက်ဆိုတော်မူသည် အတိုင်းဖြစ်၏ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏။ (ဆာ၊ ၃၃း၈၊၉။ ၂ပေ၊ ၃း၅။)
၁၀။ ထိုတန်ခိုးသည်အနာရောဂါတို့ကိုပျောက်ကင်းစေခြင်း၌လည်းထင်ရှားသလော။
နှုတ်ထွက် တရားတော်ကိုလွှတ်သဖြင့် သူတို့အနာကိုငြိမ်းစေ၍ ဖျက်ဆီးခြင်းအရာများထဲက နုတ်ယူတော်မူ၏။ (ဆာ၊ ၁၀၇း၂၀။ မ၊ ၈း၅-
၁၃။)
၁၁။ နှုတ်ထွက်တရားတော်သည် ကျွန်ုပ်တို့နေ့စဉ် လျှောက်သွားရာ လမ်းနှင့်အဘယ်သို့ ဆိုင်သနည်း။
နှုတ်ထွက်တရားတော်သည် အကျွန်ုပ်ခြေရှေ့မှာမီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။ (ဆာ၊ ၁၁၉း၁၀၅။ တရား၊ ၄း၆။ ၁၂။)
၁၂။ ဘုရားသခင်၏နှုတ်ထွက်တရားတော်ကို အကျွန်ုပ်တို့သည် အဘယ်မျှလောက် ဂရုပြု၍ထောက်ထားရသနည်း။
ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင်ထာ၀ရဘုရား၊ အကျွန်ုပ်တွေ့သော နှုတ်ကပါဌ်တော် စကားကို ခံယူပါပြီ။ နှုတ်ထွက်တရားတော်သည် အကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းစရာ အကြောင်းဖြစ်ပါ၏။ နာမတော်ဖြင့် အကျွန်ုပ်ကိုခေါ်ဝေါ်ပါ၏။ (ယေ၊ ၁၅း၁၆။ ယောဘ၊ ၂၃း၁၂။)
၁၃။ ခရစ်တော်လက်ထက်၌ နှုတ်ထွက်တရားတော်ကို ဘယ်နည်းဖြင့် ပယ်ကြသနည်း။
ကိုယ်တော်က၊ သင်တို့သည်အဆက်ဆက်ခံသောနည်းဥပဒေသကို အမှီပြု၍ ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း..။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။ (မ၊ ၁၅း၃-၆။ မာ၊ ၇း၅-၉။)
၁၄။ နှုတ်ထွက်တရားတော်အကြောင်းနှင့်ဆိုင်၍ ပေါလုသည် တိမောသေအား အဘယ်သို့သတိပေးဆုံးမသနည်း။
နှုတ်ထွက်တရားတော်ကိုဟောပြောလော့၊ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကြိုးစားအားထုတ်လော့။ အပြစ်ကိုဖေါ်ပြလော့၊ ဆုံးမခြင်းကိုပြုလော့၊ အလွန်ရှည်သော စိတ်နှင့်ဩဝါဒမျိုးကို ပေး၍ တိုက်တွန်းသွေးဆောင်လော့......။ (၂တိ၊ ၄း၂။ ၃း၁၆၊ ၁၇။)
၁၅။ ဘုရားသခင်၏ နှုတ်ထွက်တရားစကားတော်ကို ပြောင်းလဲသော သူတို့သည် အဘယ်သို့သော အပြစ်ဒဏ်ကိုခံရကြမည်နည်း။
အကြင်သူသည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏။ ဤစာစောင်၌ရေးထားသော ဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ဘုရားသခင်သက်ရောက်စေတော်မူမည်။ (ဗျာ၊ ၂၂း၁၈၊ ၁၉။)
No comments:
Post a Comment