ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ရာသို့ ရောက်ခြင်း
၁။ ဖြောင့်မတ်ရာသို့ရောက်သည်ဆိုသော အဓိပ္ပါယ်ကားဘယ်ကဲ့သို့နည်း။
အဖြေ။- အပြစ်သင့်ခြင်းနှင့် ကင်းလွတ်စေခြင်း။
၂။ ဘုရားသခင်ရှေ့တော်၌ အပြစ်သင့်ခြင်းခံရသောသူ ဘယ်နှစ်ယောက်ရှိသနည်း။ ဘယ်အရာအားဖြင့် အပြစ်ထင်ရှားသနည်း။
ပညတ်တရား၌ပါသမျှသော စကားတို့သည် ပညတ်တရားကိုခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ထိုသို့ဖြစ်၍ လောကသားအပေါင်းတို့သည် စကားတစ်ခွန်းကိုမျှမပြောနိုင်ဘဲ ဘုရားသခင့်ရှေ့တော်၌ အပြစ်သင့်သောသူ ဖြစ်ကြ၏။ (ရော၊ ၃း၁၉၊ ၉၊ ၂၃၊ ဂလ၊ ၃း၂၂။)
၃။ လူအပေါင်းတို့သည် အပြစ်၌အဘယ်ကြောင့် ချုပ်ထားသနည်း။
ယခုမူကား၊ ယုံကြည်သောသူတို့သည် ယေရှုခရစ်ကိုယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ကတိတော်ကိုရမည် အကြောင်း ကျမ်းစာသည် လူအပေါင်းတို့ကိုအပြစ်၌ ချုပ်ထား၏။ (ဂလ၊ ၃း၂၂။)
၄။ လူအပေါင်းတို့အပေါ်သို့ခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် ဘာရောက်ရှိသနည်း။
ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ယုံကြည်သောသူ အပေါင်းတို့အဖို့ဖြစ်၍ ထိုသူအပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ထင်ရှားခဲ့ပြီ။ ခြားနားခြင်းအလျှင်းမရှိ။အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည်အပြစ်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။ ယေရှုခရစ် ရွေးနုတ်တော်မူသောအားဖြင့် အဖိုးကိုမပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။ (ရော၊ ၃း၂၂-၂၄။ ၅း၁။ ဂလ၊ ၃း၂၄။)
၅။ တရားတော်၏အလိုပြည့်စုံစေခြင်းငှာ အကျွန်ုပ်တို့၏ အပြစ်ကို ဘယ်သူခံသနည်း။
ငါတို့သည်အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း ငါတို့အပြစ်များကို ကိုယ်တော်တိုင်သစ်တိုင်မှာ ခံတော်မူပြီ။ ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏။ (၁ပေ၊ ၂း၂၄။ ၂ကော၊ ၅၊၁၉-၂၁။ ဟေရှာ၊ ၅၊၄-၆။ ဂလ၊ ၁း၄။)
၆။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့ထံသို့ဘာကျေးဇူးအခွင့် ရောက်လာသနည်း။
ထိုကြောင့် တစ်ယောက်သောသူ၏ ပြစ်မှားခြင်းအားဖြင့် လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့် တွေ့ကြုံရကြသည် နည်းတူ တစ်ယောက်သောသူ၏ ဖြောင့်မတ်ခြင်းအားဖြင့် လူအပေါင်းတို့သည် အသက်နှင့်ယှဉ်သော ဖြောင့်မတ်ရာသို့ ရောက်ခြင်းအခွင့်ကို ရကြ၏။ အကြောင်းမူကား၊ တစ်ယောက်သောသူသည် နားမထောင်သောအားဖြင့် လူများတို့သည် အပြစ်ရောက်သည် နည်းတူတစ်ယောက်သော သူသည်နားထောင်သော အားဖြင့် လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။ (ရော၊ ၅း၁၈၊ ၁၉။ ၄။)
၇။ ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်အပေါ်သို့ ကျွန်ုပ်တို့၏အပြစ်များကို တင်ထား၍ကျွန်ုပ်တို့အပေါ်သို့ ကိုယ်တော်ဖြောင့်မတ်ခြင်းကို တင်ထားသောကြောင့် ကိုယ်တော်သည် ဘယ်နာမတော်ကို ခံရသနည်း။
ထိုမင်းသည် ယေဟောဝါဇေဒကနု ဟူသောဘွဲ့နာမရှိလိမ့် သတည်း။ (ယေ၊ ၂၃း၆။)
ယေဟောဝါဇေဒကနုအဓိပ္ပါယ်မှာ - ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်းဖြစ်တော်မူသော ထာ၀ရဘုရား။
၈။ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၏ ဖြောင့်မတ်ခြင်းသည် ဘယ်အပြစ်မျိုးကိုသာ မမှတ်သနည်း။
လွန်ခဲ့ပြီးသောအပြစ်များကို မှတ်တော်မမူရာတွင် ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေခြင်းငှာ လည်းကောင်း ယခုကာလ၌ ဖြောင့်မတ်ခြင်း တရားတော်ကို ထင်ရှားစေ၍ ယေရှုကိုယုံကြည်သော သူတို့၏အပြစ်ကို လွှတ်တော်မူသော်လည်း တရားသဖြင့် ပြုတော်မူခြင်းငှာလည်းကောင်း ယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာ ခန့်ထားတော်မူပြီ။ (ရော၊ ၃း၂၆။)
မှတ်ချက်။ လွန်ခဲ့ပြီးသော အပြစ်များကိုသာ ဖြေလွှတ်စေ၊ မူသည်။ နောင်အပြစ်များကို ထပ်မံပြုလုပ်ဖို့ရန် အလျှင်းအခွင့်မပေး။ လူအပေါင်းတို့သည် စုံလင်ခြင်းရှိဖို့ရန် ကိုယ်တော်သည် အလိုတော်ရှိသည်။ (မ၊ ၅း၄၈။ ၁ရာ၊ ၁၅း၂၂။ မာ၊ ၁၂း၃၃။) ကျွန်ုပ်သည် တရားတော်ကို လွန်ကျူးလျှင် ရှေ့နေကိုငှားရမည်။ (၁ယော ၂း၁၊၂။)
၉။ အကျိုးဖြစ်ဖို့ရန် ယုံကြည်ခြင်းနှင့်ဘာတွဲရမည်နည်း။
ထိုနည်းတူအကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် တစ်ပါးတည်းရှိသောကြောင့် အသေဖြစ်၏။ (ယာ၊ ၂း၁၇။)
၁၀။ အပြစ်လွှတ်ဖို့ရန် ယုံကြည်ခြင်းနှင့် ဘာတွဲရမည်နည်း။
ကိုယ်အပြစ်တို့ကိုဖေါ်ပြတောင်းပန်လျှင် ငါတို့အပြစ်များကိုလွှတ်၍ အပြစ်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့် လည်းကောင်းပြည့်စုံတော်မူ၏။ (၁ယော၊ ၁း၉။)
ထိုကြောင့်၊ ထာ၀ရဘုရားထံတော်မှ ချမ်းအေးသော အချိန်ကာလသည် ရောက်လာ၍ သင်တို့အဖို့အလိုငှာ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း သင်တို့အပြစ်များကို ပြေစေခြင်းငှာ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ (တ၊ ၃း၁၉၊၂၀။)
မှတ်ချက်။ နောင်တရခြင်းသည်အပြစ်ကိုစွန့်ပစ်၍ ပြောင်းလဲခြင်း ဖြစ်သည်။ (ယေဇ၊ ၁၈း၃၀။) ပြောင်းလဲခြင်းသည် မကောင်းသောအကျင့်ဟောင်းမှကောင်းသော အကျင့်သစ်သို့ ကူးမြောက်၍ အသစ်သောအသက်၌ ကျင်လည်ခြင်းဖြစ်သည်။ (၂ကော၊ ၅း၁၇။) လူသည် ဖြောင့်မတ်ခြင်းတရားကို ပြုကျင့်ခြင်းအားဖြင့် အသက်တာအသစ်ဖြစ်လာကြောင်း သက်သေခံဖြစ်သည်။ (၁ယော၊ ၂း၂၉။)
၁၁။ တရားတော်ကိုစောင့်ရှောက်အပ်သော အမိန့်တော်မှ ယုံကြည်ခြင်း သည် ကျွန်ုပ်တို့ကို လွတ်ကင်းစေသလော။
သို့ဖြစ်လျှင်ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ငယ်ကြသလော၊ အလျှင်းမပယ်၊ သာ၍တည်စေကြ၏။ (ရော၊ ၃း၃၁။)
မှတ်ချက်။ ယုံကြည်ခြင်းသည် ပညတ်တော်၏ အပြစ်အလျောက် စီရင်ခြင်းမှသာ လွှတ်သည်။ ကျွန်ုပ်တို့ကို ပညတ်တရားလက်မှယူ၍ ကျေးဇူးတရားလက်သို့ ပို့ဆောင်သည်။
၁၂။ ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ ရှိသောကြောင့်ကျွန်ုပ်တို့သည် အပြစ်ကိုပြုရမည်လော။
ထိုသို့မပြုရ၊ (ရော၊ ၆း၁၅။) သင်တို့သည် ပညတ်တရားလက်၌ မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။ (ရော၊ ၆း၁၄။)
၁၃။ ကျေးဇူးတော်ပွားများစေခြင်းငှာ အပြစ်ကိုပြုကျင့်၍ နေရမည်လော။
ထိုသို့မနေရ၊ အပြစ်တရားမှ စုတေသောသူတို့သည် ထိုတရား၌ အဘယ်သို့ ရှင်ရဦးမည်နည်း။ (ရော၊ ၆း၂။)
၁၄။ ဖြောင့်မတ်သောသူသည် ဘယ်ကဲ့သို့အသက်ရှင်ရမည်နည်း။
ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း ရွေ့လျော့လျှင် ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သက် ခြင်းမရှိဟု ဘုရားသခင်အမိန့်တော်ရှိ၏။ (ဟေဗြဲ၊ ၁ဝး၃၈။)
၁၅။ သခင်ယေရှုခရစ်၏ ယုံကြည်ခြင်းနှင့်အတူဘာတွဲရမည်နည်း။
ဘုရားသခင်၏ပညတ်တော်တို့ကိုလည်းကောင်း၊ ယေရှု၏ယုံကြည်ခြင်းကို လည်းကောင်း စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်း ရှိ၏။ (ဗျာ၊ ၁၄း၁၂။)
No comments:
Post a Comment