အခန်း - ၅၄
ဆယ်ဖို့တစ်ဖို့အလှူများ
၁။ ကျွန်ုပ်တို့၏တိုးပွားသော ပစ္စည်းများမှ ဘယ်အပိုင်းကို ဘုရားသခင်၏ ပစ္စည်းဟူ၍ ခေါ်တော်မူသနည်း။
စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသော အသီးအနှံဆယ်စုတစ်စုသည် ထာ၀ရဘုရား၏ ဘဏ္ဍာတော်ဖြစ်၏။ ထာ၀ရဘုရားအဖို့သန့်ရှင်းရမည်။ (ဝတ်၊ ၂၇း၃၀။ တရား၊ ၁၄း၂၂။)
၂။ ကျမ်းစာ၌ဆယ်ဖို့တစ်ဖို့ပေးသော ပုံပမာအကြောင်း ဦးစွားအဘယ်မှာ မှတ်ထားသနည်း။
အာဗြဟံသည်လည်း ဥစ္စာရှိသမျှတို့ကို ထိုမင်း (မေလခိဇေဒက်) အား ဆယ်ဖို့တစ်ဖို့လှူလေ၏။ (က၊ ၁၄း၁၈-၂၀။ ဟေဗြ၊ ၇း၁-၄။)
၃။ ယာကုပ်သည် မိမိအဘအိမ်မှပြေးသောအခါ ဘုရားသခင်အား ဘာကတိသစ္စာပြုသနည်း။
ထိုအခါယာကုပ်က၊ . . . . . ပေးသနားတော်မူသမျှတို့ကို ဆယ်ဖို့တစ်ဖို့ပူဇော်ပါမည်ဟူ၍ သစ္စာပြုလေ၏။ (က၊ ၂၈း၂၀-၂၂။)
၄။ ဆယ်ဖို့တစ်ဖို့ကို အမွေခံဖို့ရန် ဘုရားသခင်သည် ဘယ်သူအားပေးတော်မူသနည်း။
လေဝိသားတို့သည် ပရိသတ်စည်းဝေးရာတဲတော်အမှုကိုဆောင်ရွက်သောကြောင့် သူတို့အမွေခံစရာ
ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဖို့တစ်ဖို့ကို ငါပေးပြီ။ (တော၊ ၁၈း၂၁။ နေ၊ ၁၂း၄၄။)
၅။ ဤအမွေခံစရာသည် ယခုကာလ၌ဧဝံဂေလိတရားဟောပြောခြင်းကို စရိတ်ထောက်ဖို့ရန် ရှိအပ်သလော။
ထိုနည်းတူ၊ ဧဝံဂေလိတရားကိုအမှီပြု၍ အသက်မွေးရမည်အကြောင်း သခင်ဘုရား၏ ပညတ်တော်မူချက်ရှိ၏။ (၁ကော၊ ၉း၁၄။)
မှတ်ချက်။ ဆယ်ဖို့တစ်ဖို့သည် ဘုရားသခင်၏ဘဏ္ဍာတော်ဖြစ်၍ ကိုယ်တော်၏ အမှုတော်ဆောင်သော သူတို့အသက်မွေးရာဖို့ သီးသန့်ထားတော်မူကြောင်း ဘုရားသခင်ကိုယ်တော်တိုင်ကို ပေးရာမည်၏။
၆။ ဆယ်ဖို့တစ်ဖို့ပေးအပ်သည့်အကြောင်း ခရစ်တော်သည် အဘယ်သို့ ဝန်ခံတော်မူသနည်း။
လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖါရိရှဲတို့၊သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွတ်၊ ဇီယာ၊ အသီးအရွက်တို့ကို ဆယ်ဖို့တစ်ဖို့ လှူှူသည်တွင် တရားသဖြင့်စီရင်ခြင်း၊ သူတစ်ပါးကိုသနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကို ကားလှပ်၍ ထားကြ၏။ အလျင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာ တို့ကိုကျင့်ရမည်။ (မ၊ ၂၃း၂၃။)
ဆယ်ဖို့တစ်ဖို့ပေးအပ်သောအခြေ
၇။ ခပ်သိမ်းသောအရာတို့သည် ဘယ်သူပစ္စည်းနည်း။
ထာ၀ရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကိုလည်းကောင်း၊ လောကဓါတ်နှင့် လောကသားတို့ကို လည်းကောင်း ပိုင်တော်မူ၏။ (ဆာ၊ ၂၄း၁။ ၅ဝး၁၀၊၁၂။ ဟဂ္ဂဲ၊ ၂း၈။)
၈။ လူဖြစ်စ၌ ဘာပါသနည်း။
အကြောင်းမူကား၊ ငါတို့သည် ဤလောကထဲသို့အဘယ်အရာမျှမပါဘဲလာသည် ဖြစ်၍ ထွက်သွားလျှင်လည်း အဘယ်အရာကိုမျှ ယူ၍မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။ (၁တိ၊ ၆း၇။)
၉။ ဥစ္စာပစ္စည်းရဖို့ အစွမ်းဘယ်သူပေးသနည်း။
သင်၏ဘုရားသခင်ထာ၀ရဘုရားကိုသာ အောက်မေ့ရမည်။ အကြောင်းမူကား၊ . . . . စည်းစိမ်ရတတ်သော အစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ၏။ (တရား၊ ၈း၁၈-၂၀။)
၁၀။ ဘုရားသခင်၏ ပစ္စည်းသည် ကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။
စပျစ်ဥယျာဉ်ရှင်က. . . . အခကိုပေးလော့ဟု မိမိစာရေးကိုမှာလိုက်လေ၏။ (မ၊ ၂ဝး၈။ ၂၅း၁၄။ လု၊၁၁း၂။ ၁၉း၁၃။)
၁၁။ ဆယ်ဖို့တစ်ဖို့မပေးဘဲနေသောသူတို့ကို အဘယ်သို့ခေါ်တော်သနည်း။
သင်တို့သည် ငါ့ဥစ္စာကိုလုယူကြပြီ။ (မာလ၊၃း၈။)
၁၂။ ဘုရားသခင်၏ ဥစ္စာတော်ကို လုယူသောအကျိုးအဘယ်သို့နည်း။
သင်တို့သည်ကျိန်ခြင်းပြစ်ဒဏ်ကိုခံရကြ၏။ အကြောင်းမူကား. . . .ငါ့ဥစ္စာကိုလုယူကြပြီ။ (မာလ၊ ၃း၉။)
၁၃။ ဘုရားသခင်အဖို့ကိုမပေးဘဲနေခြင်းသည် ကျွန်ုပ်တို့၏ စီးပွားရှိသမျှတို့ကို ထိခိုက်သလော။
သင်တို့သည် များစွာသောမျိုးစေ့ကိုကြဲသော်လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ၀စွာမစားရကြ။ သောက်ရသော်လည်း ၀စွာမသောက်ရကြ။ အလုပ်လုပ်၍ အခကိုခံရသော်လည်း မလုံသော အိတ်ထဲမှာသိုထားရကြ၏။ (ဟဂ္ဂဲ၊၁း၅၊၁၁။ မာလ၊ ၃း၉။)
၁၄။ ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်းသောသူအား ဘုရာသခင်သည် ဘာကတိထားတော်မူသနည်း။
ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်း၍ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှာပြုကြလော့။ ငါသည် မိုးကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းချီမင်္ဂလာကို အကုန်အစင် သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့ဟု ကောင်းကင်ဖိုလ်ခြေအရှင် ထာ၀ရဘုရားမိန့်တော်မူ၏။ (မာလ၊ ၃း၁၀၊၁၁။ သု၊ ၃း၉၊၁၀။)
၁၅။ ဘုရားသခင်၏အမှုတော်ကိုဆောင်သောသူတို့သည် ရှေးကာလ၌မိမိတို့ ဥစ္စာပစ္စည်းတိုးပွားခြင်းမှ ဆယ်ဖို့တစ်ဖို့ပေးအပ်သလော။
သင်တို့(လေဝိသား) . . . . ဥစ္စာဆယ်ဖို့တစ်ဖို့ကိုသင်တို့သည် ခံယူသောအခါ၊ ထိုအဖို့ကို ဆယ်ဖို့ဖို့ပြန်၍ တစ်ဖို့ကို ထာ၀ရဘုရားအား ပူဇော်သကာ ပြုရကြမည်။ (တော၊ ၁၈း၂၆၊၂၇။)
စေတနာစိတ်နှင့်လှူသောအလှူဒါန
၁၆။ ဘုရားသခင်သည် ကျွန်ုပ်တို့မှ ဆယ်ဖို့တစ်ဖို့မှတစ်ပါး ဘာမျှော်လင့်သေးသနည်း။
ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း၊ ပူဇော်သကာတို့ကိုလည်းကောင်း. . . .. ။ (မာလ၊၃း၈။)
၁၇။ ကျွန်ုပ်တို့သည်အလှူများကို ဘယ်ထဲကရမည်နည်း။
အဖြေ။ ဆယ်ဖို့တစ်ဖို့သည် ဘုရားသခင်ဘဏ္ဍာန်ဖြစ်၏။ ကျန်ကိုးဖို့ကို ကျွန်ုပ်တို့သုံးဖို့ရန် အပ်တော်မူသည်။ ဘုရားသခင်သည် ကောင်းစားစေသည်အတိုင်း ၎င်းကိုအဖို့ထဲက ကျွန်ုပ်တို့ လှူအပ်ပါသည်။
၁၈။ ဆင်းရဲသော သူတို့အား ကျွန်ုပ်တို့ပေးသောအလÈဒါနကို ကျမ်းစာက မည်ကဲ့သို့ခေါ်သနည်း။
အဖြေ။ မ၊ ၆း၁-၄။ သု၊ ၁၉း၁၇။
၁၉။ ကျွန်ုပ်တို့ကိုဆုံးမဖို့ရန် ခရစ်တော်မှ ဘာစကားပုံရေးမှတ်သနည်း။
အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည်သာ၍ မင်္ဂလာရှိသည်။ (တ၊ ၂ဝး၃၅။)
၂၀။ အဘယ်သို့ လှူသောလူမျိုးကို ဘုရားသခင်နှစ်သက်တော်မူသနည်း။
စေတနာစိတ်နှင့်လှူသော သူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။ မျိုးစေ့ကြဲသောသူအား မျိုးစေ့ကို. . . . ပွားများစေတော်မူမည်။ (၂ကော၊ ၉း၆-၁၅။)
၂၁။ ယခုရထားသောစည်းစိမ်ကို ကျွန်ုပ်တို့သည် မည်ကဲ့သို့သုံးအပ်သနည်း။
သင်တို့သည် စုတေ့သောအခါ အစဉ်အမြဲတည်သော ဗိမာန်၌သင်တို့ကို လက်ခံလတ္တံ့သော အဆွေရှိစေခြင်းငှာ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့။ (လု၊ ၁၆း၉-၁၂။)
No comments:
Post a Comment