အခန်း - ၃၄
ဥပုသ်နေ့ကို ပြောင်းလဲခြင်းနှင့်ပြန်တည်ခြင်း
၁။ ဘုရားသခင် ပြုလုပ်ခဲ့သောအရာများသည် ဧကန်အမှန် ပြောင်းလဲနိုင်ဖို့ရန် အကြောင်းရှိသလော။
ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် အမြဲထာ၀ရဖြစ်သည်ကိုငါသိ၏။ ထပ်၍မပြုနိုင်ရာ၊ နုတ်၍မယူနိုင်။ (ဒေ၊ ၃း၁၄-၁၅)
၂။ သို့ရာတွင် ချိုငယ်တည်းဟူသော ပုပ်ရဟန်းမင်းကြီးသာသနာသည် ဘာပြုလုပ်ဖို့ကြံစည်သနည်း။
(အမြင့်ဆုံးသောဘုရား၏) ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်။ (ဒံ၊ ၇း၂၅။)
၃။ ပုပ်ရဟန်းမင်းကြီးသာသနာသည် ဘုရားသခင်၏ ပညတ်တော်ကို ပြောင်းလဲရန် အမှန်ကြံစည်သလော။
အဖြေ။ ဗရင်ဂျီဘာသာအာဏာပိုင်တို့ရေးထားသောစာများက ထုတ်ဖေါ်၍ ပြခြင်းအားဖြင့် ဤအကြောင်းအရာမှန်ကြောင်းသက်သေများစွာ ပေးထားသည်။
ဗရင်ဂျီဘာသာဓမ္မအမေးအဖြေစာအုပ်၌ စာမျက်နှာ ၁၀၁ တွင်ပါသည်မှာ-
အမေး။ (ရောမဗရင်ဂျီ) အသင်းတော်သည် ပြုလုပ်ရမည့်ပွဲတော်များကို စီရင်ခန့်ထားနိုင်သော တန်ခိုးအာဏာရှိကြောင်း အခြားသက်သေရှိသလော။
အဖြေ။ ဤတန်ခိုးအာဏာမရှိခဲ့လျှင် ဤကဲ့သို့ပြောင်းလဲခြင်းကို ယခုရှိသော ခရစ်ယာန်အပေါင်းတို့သည်။ သဘောတူကြသော်လည်း သမ္မာကျမ်းအခွင့်အာဏာမရှိပဲ ခုနစ်ရက်တွင် သတ္တမနေ့တည်းဟူသော စနေဥပုသ်အစား ခုနစ်ရက်တွင် ပထမနေ့တည်းဟူသော တနင်္ဂနွေနေ့ကို။ ဥပုသ်အမှတ်ပြု၍ မစောင့်ရှောက်နိုင်။
အမေရိကန်ပြည်၊ တံဇက်စတီးမြို့နေ၊ တီး၊ အင်းရိုက်ဆိုသူ ဗရင်ဂျီဘုန်းတစ်ပါးက ဤကဲ့သို့ရေးထားသည်။ - တနင်္ဂနွေနေ့ကို သန့်ရှင်းသောနေ့အဖြစ်နှင့် စောင့်ရှောက်ရမည်ကို မည်သူမဆို သမ္မာကျမ်းစာအားဖြင့်သာ ငါ့အားဖေါ်ပြနိုင်လျှင် ငါသည် ထိုသူအားငွေင်္ဂါး ၃၀၀၀ ပေးမည်ဟု အကြိမ်ကြိမ်အခါခါ ကြော်ငြာထားသည်။ သမ္မာကျမ်း၌ ဤကဲ့သို့ပညတ်အလျှင်းမရှိ။ သန့်ရှင်းသော ဗရင်ဂျီအသင်းတော်ကသာ ပြုလုပ်သောပညတ်တစ်ပါးဖြစ်သည်။ သမ္မာကျမ်းစာကဆိုသည်မှာ "ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကို အောက်မေ့လော့။ " သို့ရာတွင် ဗရင်ဂျီအသင်းတော်က "ဤကဲ့သို့မပြုရ။ ငါသည် ဘုရားမှရသော တန်ခိုးအာဏာအားဖြင့် ဥပုသ်နေ့ကို ဖျက်ပယ်၍ ခုနစ်ရက်တွင် ပထမနေ့ကို သန့်ရှင်းသောနေ့ဟူ၍ သဘောထားပြီးလျှင် စောင့်ရှောက်ရမည်အကြောင်း ငါပညတ်သည်" ဟုဆိုလေသည်။ သန့်ရှင်းသော ဗရင်ဂျီအသင်း၏ ပညတ်ကိုကမ္ဘာပေါ်တွင်ရှိ ယှဉ်ကျေးသောသူအပေါင်းတို့သည် ဦးညွှတ်၍ ရိုသေစွာ နာခံနားထောင်ကြ၏။
တနင်္ဂနွေနေ့သည် အဘယ်ကြောင့် အသင်းတော်စီရင်ခန့်ထားသောနေ့ဖြစ်ကြောင်း ကွန်စတင်တိုင် ဘုရင်မင်းမြတ်နှင့် ဗရင်ဂျီ အသင်းဥပဒေတို့က ထင်ရှားစွာပြသည်ကိုအောက်တွင်ရေးထားသည် ။
(က) ခရစ်တော်သဣရာဇ် ၃၂၁ ခုနစ်တွင် ရောမပြည်၏ ဧဣရာဇ်ဘုရင် ကွန်စတင်တိုင်မင်းသည် တနင်္ဂနွေနေ့ဥပုသ်နှင့်ဆိုင်သော ဥပဒေကို ပထမဦးစွာ အောက်ပါအတိုင်းဖွင့်ထားသည် ။
(See "History of the Christian church" Philip Schaff D. D. 7 vol. ed. vol. III p. 380)
"တရားသူကြီးများနှင့် မြို့သူမြို့သားတို့မှစ၍ အလုပ်အမျိုးမျိုးလုပ်ဆောင်သော သူအပေါင်းတို့သည် အလွန်ရိုသေဖွယ်ဖြစ်သည့် တနင်္ဂနွေဂြိုလ်တည်းဟူသော နေမင်း၏နေ့၌ အလုပ်မလုပ်ဘဲ ငြိမ်ဝပ်စွာနေရမည်။သို့ရာတွင် လယ်ယာလုပ်ဆောင်သူတို့သည် သဘောရှိသည်အတိုင်း အဆီးအတားမရှိဘဲ မိမိတို့အလုပ်ကိုလုပ်နိုင်သောအခွင့်ရသည် ။ အဘယ်ကြောင့်ဆိုသော် ဂျုံစပါးနှင့် စပျစ်နွယ်ပင် များစိုက်ပျိုးရန် ထိုနေ့လောက်ဘယ်နေ့မျှ မတော်သင့်ကြောင့် မကြာမကြာတွေ့ကြုံရ၏။ ဤကဲ့သို့ မစိုက်ပျိုးခဲ့လျှင် ဘုရားသခင်ပေးသနားတော်မူသော လူတို့၏အသုံးအဆောင်တို့သည် ထိုအချိန်အခါ၌ ဆုံးရှုံးပျက်စီးကြလိမ့်မည်။"
(ခ) ခရစ်တော်သဣရာဇ် ၃၂၅ ခုနစ်တွင် ဆီလ်ဗက်စတားအမည်ရှိ ရောမဗရင်ဂျီဘုန်းကြီးသည် တနင်္ဂနွေနေ့ကို "ဘုရားသခင်နေ့" ဟူသောအမည်ကိုပေး၏။
(See "Historia Ecelesiastica" M. Ludovicum Lucium cent. 41 Cap.41 Cap. 10. pp, 739,740. edition Basilea. 1624.)
(ဂ) ခရစ်တော်သဣရာဇ် ၃၆၄ ခုနစ်လောက်တွင် လောဒိကိမြို့မင်းတိုင်ပင် အစည်းအဝေးက အောက်ပါအတိုင်းအမိန့်တစ်ရပ် ထုတ်လေ၏။ ခရစ်ယာန်တို့သည် ယုဒလူတို့၏ အယူဝါဒကို မလိုက်နာရ၊ စနေနေ့တွင်အလုပ်မလုပ်ဘဲ ပျင်းရိစွာမနေရ။ ထိုနေ့တွင် အလုပ်လုပ်ရကြမည်။ သို့သော် သခင်ဘုရားနေ့ကို သူတို့သည် အထူးသဖြင့် ရိုသေရကြမည်။
(A History of the Church Councils, " Rev. Charles Joseph Hefele. D. D. from 326-429, Vol. 11. p. 316)
(ဃ) ခ၇စ်တော်သဣရာဇ် ၅၃၈ အော်လင်းမြို့ မင်းတိုင်ပင်အစည်းအဝေးတိုင်အောင် တောနယ်များတို့တွင် တနင်္ဂနွေနေ့၌ အလုပ်လုပ်ဖို့ရန် အခွင့်ရှိသေးသည်။
၄။ ဘုရားသခင်၏ပညတ်တော်တွင် ထိုပြိုပျက်စရာအကြောင်းနှင့်ပတ်သက်၍ ပရောဖက်အဘယ်သို့ ဟောပြောသနည်း။
ထိုပြည်အလယ်၌ ပုရောဖက်တို့သည် သင်းဖွဲ့ခြင်းကိုပြုကြပြီ။....ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏တရားကိုဖျက်၍ ငါ၏သန့်ရှင်းရာဌာနကိုလည်း ညစ်ညူးစေကြ၏။ ငါ၏သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာတို့ကို မပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကို ရောနှောကြ၏။ ငါ၏ဥပုသ်နေ့တို့မှလည်း မျက်နှာလွဲကြ၏။ သူတို့အလယ်၌ ငါသည် ရှုတ်ချခြင်းကို ခံရ၏။ ....သူတို့ကို အင်္ဂတေနှင့်မွမ်းမံကြ၏။ (ယေဇ၊ ၂၂း၂၅-၂၈။ ၁၃း၁၀-၁၆။ ယေ၊ ၆း၁၃-၁၉။)
၅။ အမြင့်ဆုံးသောဘုရားသခင်၏ လူတို့နှင့် ပညတ်တရားတော်ကို ပုပ်ရဟန်းမင်းကြီးသည် အဘယ်မျှကာလပတ်လုံး နှိပ်စက်ညှင်းဆဲခွင့်ရသနည်း။
တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။ (ဒံ၊ ၇း၂၅။)
မှတ်ချက်။ အထက်ကျမ်း၌ "တစ်ကာလ၊နှစ်ကာလ၊ကာလတစ်ဝတ်" တို့သည် ဒံ၊ ၁၂း၇ နှင့် ဗျာ၊ ၁၂း၁၄ တို့တွင်ပါသော ကာလတို့နှင့် အတူတူပင်ဖြစ်သည်။ ယုဒလူတို့၏ တစ်နှစ်သည် တစ်ကာလဖြစ်၏။ တစ်နှစ်မှာ ရက်ပေါင်း ၃၆၀ ရှိသည်။ ထို့ကြောင့် တစ်ကာ၊နှစ်ကာလ၊ ကာလတစ်ဝတ် သည် သုံးနှစ်ခွဲဖြစ်၍ ရက်ပေါင်း ၁၂၆၀ ဖြစ်သည် ။ (တော၊ ၁၄း၃၄နှင့် ယေဇ၊ ၄း၆ ကိုကြည့်) ခရစ်တော်သဣရာဇ် ၅၃၈ ခုနစ် ၌ မိမိရန်သူတို့ကို အောင်မြင်သည် ကာလမှစ၍ ၁၇၉၈ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးကို ပြင်သစ်စစ်ဗိုလ်ကြီး ဘာသီးအာသည် ဖမ်းဆီးယူဆောင်သည်တိုင်အောင် ပုပ်ရဟန်းမင်းကြီးအသင်းသည် နှစ်ပေါင်း ၁၂၆၀ ပတ်လုံး အုပ်ချုပ်စိုးစံခဲ့လေသည်။
၆။ သန့်ရှင်းသောသူတို့ကို လွှတ်ဖို့ရန် ဥပုသ်ပြုပြင်ဖို့ အကြောင်း အနာဂတ္တိကျမ်းစာက အဘယ်သို့ဟောထားသနည်း။
ထိုနောက်မှ တရားစီရင်ခြင်းဖြစ်လိမ့်မည်။ ထိုအခါသူ၏တတန်ခိုးအာဏာကိုနုတ်၍ ရှင်းရှင်းဖျက်ဆီးကြလိမ့်မည်။ (ဒံ၊ ၇း၂၆။)
၇။ ပြိုပျက်ရာကိုပြုပြင်ခြင်းနှင့် ဆိုင်သော အကြောင်း ဟေရှာယက အဘယ်သို့ဟောထားသနည်း။
အဖြေ။ (ဟေရှာ၊ ၅၈း၁၂-၁၄။ ၅၆း၁-၄။)
No comments:
Post a Comment