အခန်း - ၁၉
ဧဝံဂေလိတရားဟောရန် လွှဲအပ်သောအမိန့်
၁။ ခရစ်တော်အသေသတ်ခြင်း ခံရခါနီးတွင် မိမိတပည့်တော်တို့အား ဘာအမိန့်လွဲအပ်သနည်း။
သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ နှစ်ခြင်းကို ပေးကြလော့။ ငါသည် သင်တို့အား ပေသမျှသော ပညတ်တော်တို့ကိုစောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်းကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်ဟုတပည့်တော်တို့အား မိန့်တော်မူ၏။ (မ၊ ၂၈း၁၉၊၂၀။)
၂။ ခရစ်တော်သည် ဘာအကြံတော်နှင့် အမှုတော်ကို ဆောင်ရွက်သနည်း။ထာ၀ရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။
အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကိုကြားပြောစေခြင်းငှာ ဘိသိတ်ပေးတော်မူပြီ။ ကြေမွသော သူတို့၏အနာကို ပျောက်စေခြင်းငှာ လည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသော သူတို့အားလွှတ်ခြင်း အကြောင်းနှင့်မျက်စိကန်းသော သူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ညှဉ်းဆဲခံရသော သူတို့ကို ကယ်မစေခြင်းငှာလည်းကောင်း ငါ့ကိုစေလွှတ်တော်မူပြီဟု လာသတည်း။ (လု၊ ၄း၁၆-၁၉။ ယော၊ ၁၈း၃၇။ ၃း၁၇။)
၃။ ဧဝံဂေလိတရားတော်ကို ဟောရန် လွှဲအပ်သော အမိန့်ကို ခရစ်တော်သည် ပေါလုအား အဘယ်သို့ ပေးသနည်း။
သို့သော်လည်း ထ၍ မတ်တတ်နေလော့။ ငါသည် ယုဒအမျိုးသား၊တစ်ပါးအမျိုးသားတို့ လက်မှ သင့်ကို ကယ်လွှတ်၍ သင်သည် ဧဝံဂေလိတရားတော် ပါရှိသော နှုတ်ထွက်တရား ကျမ်းစာတော်ကို ယခုမြင်ရသော အကြောင်းအရာတို့နှင့် နောက်မှငါသည် သင့်အားထင်ရှားလတ္တံ့သော အကြောင်းအရာတို့မှာ အမှုဆောင်ရွက်သောသူ၊ သက်သေခံသော သူအရာ၌ သင့်ကို ခန့်ထားစေခြင်းငှာ ငါသည် သင့်အားထင်ရှား၏။ တစ်ပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်းသို့ ကူးမြောက်၍ စာတန်၏ အာဏာထဲမှ ဘုရားသခင်အထံတော်သို့ ပြောင်းလဲသော အားဖြင့်အပြစ် လွှတ်ခြင်း ကျေးဇူးကို ခံရမည်အကြောင်းနှင့် ငါ့ကို ယုံကြည်သောအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သောသူတို့နှင့် ဆက်ဆံ၍ အမွေခံရမည်အကြောင်း သူတို့၏ မျက်စိကို ဖွင့်စေခြင်းငှာ သူတို့ဆီသို့ သင့်ကိုငါစေလွှတ်မည်ဟု မိန့်တော်မူ၏။ (တ၊ ၂၆း၁၆-၁၈။)
၄။ ဧဝံဂေလိတရားတော်ကို ဟောရန် မသွားနိုင်မီ တမန်တော်တို့အား ဘာအမိန့်ပေးသနည်း။
ငါ့ခမည်းတော်၏ ကတိရှိသည် အတိုင်း သင်တို့၌ ငါပြုဦးမည်။ သို့ဖြစ်၍သင်တို့သည် ကောင်းကင်က တန်ခိုးကို မခံမီတိုင်အောင် ယေရုရှလင်မြို့၌ နေဦးမည်လော့ဟု မိန့်တော်မူ၏။ (လု၊ ၂၄း၄၉။ တ၊ ၁း၄၊၈။)
၅။ ၎င်းတန်ခိုးသည် သူတို့အပေါ်သို့ ဘယ်အတွက်ကြောင့် ရောက်လာသနည်း။
သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသော အရာတို့ကို ပြသသွန်သင်တော်မူ၍ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသော ဥာဏ်ကို သင်တို့အား ပေးတော်မူမည်။ (ယော၊ ၁၄း၂၆။) ဥပဇ္စျာယ်ဆရာသည် ရောက်လာသောအခါ ငါ၏ အကြောင်းကို သက်သေခံလိမ့်မည်။သင်တို့သည်လည်း သက်သေခံရကြလိမ့်မည်။ (ယော၊ ၁၅း၂၆၊ ၂၇။) သမ္မာတရားကို သင်တို့အားအကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်။ နောင်လာလတ္တံ့သော အရာတို့ကိုလည်း သင်တို့အား ဖေါ်ပြလိမ့်မည်။ (ယော၊၁၆း၇၊၁၃။)
၆။ ဘုရားသခင်စေလွှတ်တော်မူသော ဝိညာဉ်တော်နှင့် ပြည့်စုံသော တပည့်တော်တို့သည် လူတို့တွင် အဘယ်အရာတို့သာ သိမှတ်ကြမည်နည်း။
အကြောင်းမူကား၊ယေရှုခရစ်တော်တည်းဟူသော လက်ဝါး ကပ်တိုင်မှာ အသေခံတော်မူသော သခင်မှတစ်ပါး အဘယ်အရာကိုမျှ သင်တို့တွင် ငါမသိမမှတ်ဟု ငါစိတ်ပြဌာန်ခြင်းရှိ၏။ (၁ကော၊ ၂း၂။)
၇။ ကျွန်ုပ်တို့သည် ဧဝံဂေလိတရားတော်ကို ဤကမ္ဘာပေါ်တွင် ဘယ်မျှလောက် ကျယ်ဝန်း၍ ဘယ်ကာလတိုင်အောင် ဟောပြောရကြမည်နည်း။
လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း ၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံ အရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှအဆုံးသည် ဖြစ်လတ္တံ့။ (မ၊ ၂၄း၁၄။ ၂၈း၂၀။ တ၊ ၂၂း၁၅။)
၈။ ဧဝံဂေလိတရားတော်ကို ဟောပြောဖို့ရန် ဘယ်နှစ်ယောက်ကို လွှဲအပ်သနည်း။
ငါသည် ဘုရားသခင်မှန်ပြီဟု သင်တို့သည် ငါ၏သက်သေ ဖြစ်ကြ၏။ (ဟေရှာ၊ ၄၃း၁၀၊၁၂။ မ၊ ၂၈း၁၉ ၊၂၀။ ဗျာ၊ ၂၂း၁၇။)
၉။ ဘုရားသခင်လွှဲအပ်တော်မူသော အမှုတော်ကို ချက်ချင်းမဆောင်ရွက်လျှင် အပြစ်နှင့်လွတ်မည်လော။
ငါသည် ဧဝံဂေလိတရားကို ဟောရုံပြုလျှင် ဝါကြွားခြင်းအကြောင်း မရှိသေး။ အဘယ်ကြောင့်နည်းဟူမူကား မဟောဘဲမနေနိုင်။ မဟောဘဲ နေလျှင် အမင်္ဂလာရှိ၏။ (၁ကော၊ ၉း၁၆။ ယော၊ ၄း၃၅။ ၁၅း၂။ သု၊ ၂၄း၁၁၊၁၂။)
၁၀။ ဧဝံဂေလိတရားတော်ကို စိတ်အားကြီးခြင်းနှင့် လည်းကောင်း၊ ဝီရိယနှင့်လည်းကောင်း အထူးဟောပြောဖို့ရန် အချိန်ကာလရှိသလော။
မြေကြီးပေါ်မှာနေသောသူတည်းဟူသော အသီးအသီးဘာသာ စကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာ၀ရဧဝံဂေလိတရားဟောရသော ကောင်းကင်တမန်တစ်ပါးက ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန် ရောက်လာပြီဟု ကြီးသော အသံနှင့်ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက်ရှိသည်ကို ငါမြင်၏။ ဗျာ၊ ၁၄း၆၊၇၊၁၃၊၁၄။ (ကောင်းကင်တမန် ၃ပါးတို့၏ သတင်းစကားအကြောင်းကို အခန်း ၁၈ တွင်ကြည့်)။
၁၁။ ဧဝံဂေလိတရားတော်ကို ဟောပြောသော သူတို့အား မိမိတို့ အကျိုးခံစားစေမည့်အကြောင်း ဘယ်ကဲ့သို့ ကတိထားတော်မူသနည်း။
မျည်ရည်ကျလျက် မျိုးစေ့ကြဲသော သူတို့သည် ရွှင်လန်းလျက်စပါးရိတ်ကြလိမ့်မည်။ မျက်ရည်ကျလျက်ကြဲရန် မျိုးစေ့ကိုဆောင်၍ ထွက်သွားသောသူသည် ကောက်လှိုင်းများကို ဆောင်လျက်ရွှင်လန်းသော စိတ်နှင့်အမှန် ပြန်လာလိမ့်မည်။ (ဆာ၊ ၁၂၆း ၅၊ ၆။ ဒံ၊ ၁၂း၃။ ၁သက် ၊ ၂း၁၃၊ ၁၉၊၂၀။)
၁၂။ အရပ်ရပ်တို့၌ ဘုရားသခင်၏ ကွဲပြားနေသာ လူတို့ကို ခေါ်၍ စုရုံးစည်းဝေးခြင်း အကြောင်း အဘယ်သို့ ပြောပြတော်မူသနည်း။
မစိုးရိမ်နှင့်၊ ငါသည် သင်နှင့်အတူရှိ၏။ အရှေ့မျက်နှာမှ သင်၏အမျိုးအနွယ်ကို ငါဆောင်ခဲ့မည် အနောက်မျက်နှာမှ သင့်ကိုစုသိမ်းမည်။ အပ်လော့ဟု မြောက်မျက်နှာကို လည်းကောင်း၊ မထိပ်နှင့်ဟု တောင်မျက်နှာကိုလည်းကောင်း ငါပြောမည်။ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီးတည်းဟူသော ငါ့နာမဖြင့် သမုတ်သောသူ၊ ငါ၏ ဘုန်းအသရေဖို့ ငါဖန်ဆင်းပြုပြင်၍ ဧကန်စင်စစ်လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟု ငါပြောမည်။ (ဟေရှာ၊ ၄၃း ၅-၇။)
No comments:
Post a Comment