အခန်း - ၁၇
ရက်ပေါင်း ၂၃၀၀
၁။ ဒံ၊ ၈း၁၄ ၌ ဘယ်ကာလအကြောင်းပြောသနည်း။
ရက်ပေါင်း ၂၃၀၀ တိုင်တိုင် တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တစ်ဖန်ဆေးကြော သုတ်သင်ကြလိမ့်မည်။
၂။ အနာဂတ္တိစကား၌ တစ်ရက်သည် ဘယ်ကာလ၏ ပုံပမာဖြစ်သနည်း။
ထိုပြည်ကို စူးစမ်းရာနေ့ရက်ပေါင်း အရက်လေးဆယ်နှင့် အညီ
တစ်ရက်ကို တစ်နှစ်ထား၍ အနှစ်လေးဆယ် ပတ်လုံးကိုယ်အပြစ်ကို
ဆောင်လျက် ငါစွန့်ပစ်ခြင်းကို သိရကြလိမ့်မည်။
(တော၊ ၁၄း၃၄။ ယေဇ၊ ၄း၆။)
မှတ်ချက်။ ဒံယေလ အနာဂတ္တိကျမ်း အခန်းကြီးရှစ်တွင် ဖော်ပြချက်မြင်
ခြင်းသည် အနက်အဓိပ္ပါယ်ပါသော ပုံပမာကြောင်း သိုး၊ အမွေးကြမ်းသော
ဆိတ်၊ ချိုကြီးဆိုသောအရာတို့ အားဖြင့် ကျွန်ုပ်တို့သိရသည်။ ဤပုံပမာ
များ တို့သည် နိုင်ငံများ ဖြစ်ကြသည်။ (ငယ် ၂၀-၂၅) ထိုနည်းအတိုင်း
ရက်ပေါင်း ၂၃၀၀ သည် ပုံပမာဖြစ်၍ တစ်ရက်ကို တစ်နှစ်ထားပြီး ရေထွက်ရသည်။
၃။ ဤဖော်ပြချက် မြင်ခြင်းအကြောင်းကို ကောင်းကင်တမန် ဂါဗြေလအား ဘာအမိန့်ပေးတော်မူသနည်း။
အခြားသောသူတို့က အိုဂါဗြေလ၊ ထိုသူသည် ယခုမြင်သော
ဖော်ပြချက်မြင်ခြင်းကို နားလည်စေခြင်းငှာ အနက်ကို ပြန်ပြောလော့ဟု
ဥလဲမြစ်နားကြားမှာ လူအသံနှင့် ဟစ်၍ ပြောဆိုသည်ကို ငါကြား၏။
(ဒံ၊ ၈း၁၆။)
၄။ ထိုဖော်ပြချက်မြင်ခြင်းကို နားလည်စေခြင်းငှာ ဂါဗြေလသည် ရက်ပေါင်း ၂၃၀၀ အကြောင်း ဒံယေလအား ဘာပြောသနည်း။
ညဉ့်ဦးနှင့် နံနက်ကို ဖော်ပြသော ဖော်ပြချက်မြင်ခြင်း စကားမှန်သည်
ဖြစ်၍ ထိုစကားကို တံဆိပ်ခတ်ထားလော့၊ တာရှည်သောကာလတိုင်တိုင်
တည်လိမ့်မည် ဟု ဆို၏။ (ငယ် ၂၆။)
ဤရက်ပေါင်း ၂၃၀၀ အနာဂတ္တိကာလကြီးနှင့် ဆိုင်သောရေးကြီး
ခွင့်ကျယ်အချက်ကြီး လေးချက်ကား သခင်ယေရှု ပထမကြွလာတော်မူ
ခြင်း၊ လက်ဝါးကပ်တိုင်၌် ကိုယ်တော်ကို ရိုက်ထားခြင်း၊ ယုဒလူတို့အား
လူမျိုးကြီးအဖြစ်မှ ပယ်ရှားခြင်းနှင့် နောက်ဆုံးတရားစီရင်ခြင်းအလုပ်ကို
အစပြုခြင်း အမှုများတည်း။
၅။ ဤအခါဒံယေလသည် ရက်ပေါင်း ၂၃၀၀ အကြောင်း နားလည်သလော။
ထိုအခါ ငါဒံယေလသည် မော၍နာလျက်နေ၏။ တစ်ဖန်အနာမှ
ထမြောက်၍ ရှင်ဘုရင်၏ အမှုတော်ကို ဆောင်ရွက်ရ၏။ မြင်ပြီးသော
ဖော်ပြချက်မြင်ခြင်းကို ငါအံ့ဩသော်လည်း ထိုအမှုကို အဘယ်သူမျှမရိပ်
မိကြ။ (ငယ် ၂၇။)
၆။ ဒံယေလသည် ဖော်ပြချက်မြင်ခြင်း၏ အနက်အဓိပ္ပါယ်ကို အလွန်သိချင်သောကြောင့် ဘာလုပ်သနည်း။
အစာကိုရောင်လျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ ပြာနှင့် လူး
လျက်၊ အရှင်ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်း၏။
(ဒံ၊ ၉း၃။)
၇။ သန့်ရှင်းရာဌာနတော်နှင့် မဖော်ပြသော ရက်ပေါင်းတို့အပေါ်၌
ဒံယေလသည် စိတ်စွဲလမ်းလျက်နေကြောင်းကို ကျွန်ုပ်တို့ အဘယ်သို့
သိရသနည်း။
ယခုမူကား အကျွန်ုပ်တို့ ဘုရားသခင်၊ ကိုယ်တော်၏ ကျွန်ပြုသော
ဆုတောင်းသံစကားကို နားထောင်တော်မူပါ။ ဆိတ်ညံလျက် ရှိသော
သန့်ရှင်းရာ နေရာတော်ကို ဘုရားသခင်၏ အကျိုးတော်ကြောင့် မျက်နှာ
တော်ရောင်ခြည်ကို ထွန်းလင်းစေတော်မူပါ။ (ဒံ၊ ၉း၁၇။ ၈း၁၄။)
၈။ ဒံယေလဆုတောင်းသည်အတွက် အဘယ်သူလာရောက်သနည်း။
ဆုတောင်းသော အမှုမပြီးမီ မြွက်ဆိုစဉ်တွင် ယခင်ဖော်ပြချက် မြင်
ခြင်း၌ ထင်ရှားသောသူ ဂါဗြေလသည် လျင်မြန်စွာ ပျံ၍ လာသဖြင့်
ညဉ့်ဦးယံပူဇော်ချိန်၌ ငါရှိရာသို့ရောက်၍။ (ဒံ၊ ၉း၂၁။)
၉။ ဂါဗြေလသည် အဘယ်ကြောင့် လာသနည်း။
နှုတ်ဆက်လျက် အချင်းဒံယေလ၊ ငါသည် သင်၌ဥာဏ်ပညာ
တိုးပွားစေမည်အကြောင်း ထွက်လာပြီ။ (ငယ်၊ ၂၂။)
၁၀။ ဘယ်အကြောင်းကို ဆင်ခြင်နားလည်ဖို့ရန် ဒံယေလအားကြားပြော
သနည်း။
သင်သည် ဆုတောင်းစပြုသောအခါ အမိန့်တော်ရှိသည်ဖြစ်၍
သင်အားကြားပြောခြင်းငှာ ငါရောက်လာပြီ။ သင်သည် အလွန်ချစ်အပ်
သောသူဖြစ်၏။ ထိုကြောင့် ဖော်ပြချက်အချက်ကို ဆင်ခြင်၍ နားလည်ရ
သောအခွင့် ရှိ၏။ (ငယ် ၂၃။)
မှတ်ချက်။ မော၍နာလျက်နေသောကြောင့် ဒံယေလသည် ယခင်က
နားမလည်သောအကြောင်းအရာကိုနားလည်စေခြင်းငှာဂါဗြေလသည်
ရောက်လာ၏။ထိုကြောင့်ဒံယေလအား ဖော်ပြချက်အချက်ကို ဆင်ခြင်ဖို့
ရန် အခွင့်ပေးသည်။ ဘယ်ဖော်ပြချက်နည်း။ သူနားမလည်သော ဖော်ပြ
ချက် (ဒံ၊ ၈း၂၇ ကိုကြည့်) ရက်ပေါင်း ၂၃၀၀ နှင့် သန့်ရှင်းရာဌာနကို
ဆေးကြောသုတ်သင်ခြင်း နှင့်ဆိုင်သော ဖော်ပြချက်ဖြစ်သည်။ ဂါဗြေလ
သည် အနက်အဓိပ္ပါယ်ကို ပြောပြခြင်းအစ၌ ကာလအချိန်အကြောင်းကို
ပြောပြသည်။ ဒံယေလ နားမလည်သောအရာသည် ဖော်ပြချက်တွင်
ကာလအချိန်ဖြစ်သည်။
၁၁။ (ဒံ၊ ၉း၂၄) ၌ ဘယ်ကာလအချိန်အကြောင်း ပြောသနည်း။
အဖြေ။ "သီတင်း ၇၀ ကို သင်၏ အမျိုးသားချင်းအဖို့နှင့် သင်၏
သန့်ရှင်းသော မြို့အဖို့ ဆုံးဖြတ်ခြင်းရှိ၏။" ထိုဆုံးဖြတ် ဆိုသော စကား
သည် တစ်စုံတစ်ခုသော အရာမှ ဆုံးဖြတ်ရသည်။ သီတင်း ၇၀သည် ဘယ်
အရာမှ ဆုံးဖြတ်သနည်း။ ဖော်ပြချက်တွင် ရက်ပေါင်း ၂၃၀၀ မှတစ်ပါး
အခြားကာလအချိန်တို့မှ ဆုံးဖြတ်ဖို့ရန် မရှိ။
"လွန်ကျူးခြင်းအမှုကို ဆီးတားခြင်း။" သီတင်း ၇၀ တွင် ယုဒလူမျိုး
တို့သည် မိမိတို့၏ အပြစ်ပယ်ရှားခြင်းကို ဆိုလိုသည်။ မေရှိယတည်း
ဟူသော ခရစ်တော်ကို လက်ဝါးကပ်တိုင်ပေါ်မှာ ရိုက်ထားခြင်းနှင့် မိမိ
တပည့်များ ဟောပြောသော တရားတော်ကို ငြင်းပယ်ခြင်း အားဖြင့်
သူတို့၏ အပြစ်သည် ပြည့်စုံခြင်းသို့ရောက်လေသည်။
(၁) "အပြစ်ကို တံဆိပ်ခတ်ခြင်းငှာ။" (၂)"အပြစ်ကို ဖြေရှင်းခြင်းငှာ။"
(၃) "ထာ၀ရကုသိုလ်ကို သွင်းခြင်းငှာ။" ဤအရာတို့က ကျွန်ုပ်တို့အဖို့
ခရစ်တော်ပြုတော်မူသော ယဇ်ပူဇော်ခြင်းအားဖြင့် မင်္ဂလာအကျိုး
ကျေးဇူးများကို ညွှန်ပြလေသည်။ (ဟေဗြဲ၊ ၉း၂၆။ ၂ကော၊ ၅း၁၈-၂၁။
ရော၊ ၁း၁၆၊ ၁၇။ ဖိ၊ ၃း၉။)
ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဖော်ပြချက်တို့ကို တံဆိပ်ခတ်ခြင်း
ငှာ" တံဆိပ်သည် တရားအတိုင်း စာချုပ်များကို မူလအမှန်စင်စစ် ဖြစ်စေ
ဖို့ရန်သုံးတတ်သော အရာဖြစ်သည်။ အနာဂတ္တိဖော်ပြချက်ကို ယုံမှားခြင်း
မရှိဘဲ အမှတ်တည်ကြောင်း ဤနေရာ၌ "တံဆိပ်ခတ်ခြင်း" ဟူ၍ဆိုသည်။
ရက်ပေါင်း ၂၃၀၀ ကို ဧကန်အမှန်ပြည့်စုံစေလိမ့်မည် အကြောင်း ကျွန်ုပ်တို့
အား သာ၍ယုံကြည် စေသည်။
"အလွန်သန့်ရှင်းသောအရပ်ဌာနကို လိမ်းစေခြင်းငှာ။" ဆိုသော်
ယဇ်ပုရောဟိတ်မင်း၏ အလုပ်ဆောင်ရွက်ဖို့ရန် ခရစ်တော်သည် မဝင်မီ
ကောင်းကင်နှင့်ဆိုင်သော သန့်ရှင်းရာဌာနကို ဘိသိက်ခံခြင်းတည်း
ဟူသော ဆီလိမ်းခြင်းကို ဆိုလိုသည်။ (ဟေဗြဲ၊ ၄း၁၄-၁၆။ ၂း၁၇။)
သီတင်း ၇၀၊ ရက်ပေါင် (နှစ်ပေါင်း) ၄၉၀ ဖြစ်၏။ ၎င်းနှစ်ပေါင်း ၄၉၀
သည်ဒံယေလ ဖော်ပြချက်မြင်ခြင်းမြင်သော အချိန်ရက်ပေါင်း (နှစ်ပေါင်း)
၂၃၀၀ က "ဆုံးဖြတ်" ရမည်။ ထိုကြောင့် ၎င်းနှစ်ပေါင်း ၄၉၀ ၏ အစကို
သိလျှင် နှစ်ပေါင်း ၂၃၀၀ ၏ အစကို သိနိုင်၏။
၁၂။ ထိုနှစ်ပါး ၄၉၀ ၏အစသည် ဘာအမှတ်ရှိသနည်း။
ထိုကြောင့် ယေရုရှလင်မြို့ကို တစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ
အမိန့်တော်ရှိသည် နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထက်တိုင်အောင်
ခုနစ်သီတင်းနှင့် ခြောက်ဆယ်နှစ်သီတင်းကြာ လိမ့်မည်ဟု သိမှတ်
နားလည်လော့။ အနှောင့်အယှက်ခံရသော ကာလ၌ မြို့လမ်းကို
တစ်ဖန်တည်ထောင်ပြုစုရမည်ဟု စီရင်ဆုံးဖြတ်ခြင်းရှိ၏။ (ဒံ၊ ၉း၂၅။)
မှတ်ချက်။ သီတင်း ၇၀ မှ ၆၉ သီတင်းသည် ဘိသိက်ခံသော ခရစ်တော်
သခင်လက်ထက်တိုင်အောင် အထိရောက်သည်။ ထိုအချိန်၏ အစသည်
"ယေရုရှလင်မြို့ကို တစ်ဖန်တည်ထောင် ပြုစုစေခြင်းငှာ အမိန့်တော်ရှိ
သည့်နေ့" အားဖြင့်မှတ်သည်။ ဤစကားကို ဒံယေလအား ပြောသော
အခါ ယေရုရှလင်မြို့သည် ပြိုပျက်လျက် ရှိနေပြီ။ သို့သော်လည်း ထိုမြို့
ကို တစ်ဖန်တည်ထောင်ပြုစုဖို့ရန် ဘုရားသခင်၏ ကတိတော်ရှိသည်။
၁၃။ တစ်ဖန်တည်ထောင်ပြုစုဖို့ရန် အမိန့်တော်သည် ဘယ်သောအခါထုတ်သနည်း။
ဣသရေလလူမျိုး၏ ဘုရားသခင်ထာ၀ရဘုရားပေးတော်မူသော
မောရှေ၏ ပညတ္တိကျမ်းစာကို လေ့ကျက်သော ဆရာဖြစ်သောသူ ဧဇရ
သည် ဗာဗုလုန်မြို့မှ ထွက်သွား၏။ ထိုသူတောင်းသမျှကို သူ၏
ဘုရားသခင် ထာ၀ရဘုရားတန်ခိုးတော်ကြောင့် ရှင်ဘုရင်ပေးသနားတော်
မူ၏။ အာတဇေရဇ်မင်းကြီး နန်းစံခုနစ်နှစ်တွင် အချို့သော ဣသရေလ
အမျိုးသားယဇ်ပုရောဟိတ်၊ ဗလဝိသား၊ သီချင်းသည်၊ တံခါးစောင့်၊
ဘုရားကျွန်တို့သည်လည်း ယေရုရှလင်မြို့သို့လိုက်သွားကြ၏။ ရှင်ဘုရင်
နန်းစံခုနစ်နှစ်၊ ပဉ္စမလတွင် ဧဇရသည် ယေရုရှလင်မြို့သို့ ရောက်လေ၏။
ပထမလ တစ်ရက်တွင် ဗာဗုလုန်မြို့မှ ထွက်၍ ပဉ္စမလတစ်ရက်နေ့တွင်
မိမိဘုရားသခင် တန်ခိုးကျေးဇူးတော်ကြောင့် ယေရုရှလင်မြို့သို့
ရောက်လေ၏။ (ဧဇ၊ ၇း၆-၉။ ငယ် ၁၁-၂၆ဖတ်)
မှတ်ချက်။ မေဒိပေရသိရှင်ဘုရင် အာတဇေရဇ် နန်းစံသတ္တမနှစ်သည်
ရာဇဝင်အတိုင်း ခရစ်တော် မပေါ်ထွန်းမီ သက္ကရာဇ် ၄၅၇ ခုနှစ် ဖြစ်သည်။
၁၄။ ခရစ်တော်မပေါ်ထွန်းမီ သက္ကရာဇ် ၄၅၇ ခုနှစ်မှစလျှင် ၆၉
သီတင်း(နှစ်ပေါင်း ၄၈၃)သည် ဘယ်သောအခါ၌ ကုန်ဆုံးသနည်း။
နှစ်ပေါင်း ၄၈၃ သည် ခရစ်တော်မပေါ်ထွန်းမီ သက္ကရာဇ် ၄၅၇ ခုနှစ်
ပထမနေ့မှစလျှင် ခရစ်တော် သက္ကရာဇ် ၂၆ ခုနှစ်နောက် ဆုံးနေ့တွင်
ပြည့်စုံမည်။ သို့သော်လည်း ဧဇရသည် ယေရုရှလင်မြို့သို့ ရောက်
သောအခါ ၄၅၇ ခုမြောက်သောနှစ်၌ ငါးလလွန်ပြီ။ ထိုကြောင့် နှစ်ပေါင်း
၄၈၃ သည် ခရစ်သက္ကရာဇ ၂၆ ခုနှစ် နောက်ဆုံးနေ့၌ မကုန်မဆုံးသေး။
သို့သော် ၂၇ ခုမြောက်သောနှစ်ပဉ္စမလကျရောက်မှသာ ကုန်ဆုံးမည်။
ယုဒလူတို့သည် သူတို့၏ နှစ်ကို စရေတွက် သောအခါ မြန်မာလူမျိုးကဲ့သို့
ရေထွက်ကြသည်။ ထိုကြောင့် ၎င်းပဉ္စမလသည် အင်္ဂလိပ်နှစ်တွင် ၈-၉ လ
နှင့် ညီမျှသည်။
၁၅။ ခရစ်တော်နှင့် မေရှိယဆိုသော စကားတို့၏ အဓိပ္ပါယ်အဘယ်သို့နည်း။
အဖြေ။ ဟေဗြဲစကားနှင့် မေရှိယ။ ဟေလသစကားနှင့်ခရစ်တော်။ မြန်မာစကားနှင့် ဘိသိက်ခံသောသူဖြစ်သည်။ (ယော၊ ၁း၄၁။)
၁၆။ ဘယ်သောအခါ၌ ဘိသိက်ခံတော်မူသနည်း။
လူအပေါင်းတို့သည် နှစ်ခြင်းကို ခံကြသောအခါ ယေရှုသည်လည်း
နှစ်ခြင်းကို ခံတော်မူ၏ ဆုတောင်းစဉ်တွင် ကောင်းကင်ဖွင့်လှစ်လျက်
ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူ၍ သင်ကားငါနှစ်သက်မြတ်နိုးရာ
ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။
(လု၊ ၃း၂၁၊၂၂။ တ၊ ၁၁း၃၈။)
မှတ်ချက်။ ခရစ်တော် သက္ကရာဇ် ၂၇ ခုနှစ် ပဉ္စမလလောက်တွင်
သခင်ယေရှုခရစ်သည် နှစ်ခြင်းခံတော်မူသည်။ ဤနှစ်သည် ရောမဘုရင်
တိဗေရိ၊ ကဲသာနန်းစံ ၁၅ နှစ်တွင် ဖြစ်သည်။
၁၇။ သီတင်း ၇၀ ထဲက ကျန်နေသေ တစ်သီတင်းအလယ်၌ ဘာဖြစ်စေသနည်း။
တစ်သီတင်းတွင် လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၍ ထိုသီတင်း
တစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။
ရွံရှာဖွယ်သောအရာ၏ အထွတ်ပေါ်သို့ ဖျက်ဆီးသောသူသည် ရောက်၍
စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် ပျက်စီးအပ်သော သူတို့
ကို မလွှမ်းမိုးမီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။
(ဒံ၊ ၉း၂၇။)
မှတ်ချက်။ ၆၉ သီတင်းအလွန် ခရစ်တော်သည် အသေသတ်ခြင်းခံ၍ (ငယ်၊ ၂၆) ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေသည်။ (ငယ်၊ ၂၇) ဤအချက်သည် ခရစ်တော်အသေခံခြင်း အကြောင်းအနာဂတ်ဖြင့် ဖော်ပြ၍ သီတင်း တစ်ဝက်ဖြစ်သည်။ ၆၉ သီတင်းသည် ခရစ်တော် သက္ကရာဇ် ၂၇ အင်္ဂလိပ် ၈-၉ လ တွင်ပြည့်၍ (သီတင်း တစ်ဝက်) သုံးနှစ်ခွဲသည် ထိုသက္ကရာဇ် ၂၇ ခု ၊ ၈-၉ လနှင့် ပေါင်းလိုက်သော် သက္ကရာဇ် ၃၁ ခု၊ ၂-၃ လ သို့ရောက်စေသည်။ သုံးနှစ်ခွဲပတ်လုံးအမှုတော်ကို ဆောင်ရွက်ပြီးသည်နောက် ခရစ်တော်သည်ထိုသက္ကရာဇ် ၃၁ ခု ၂-၃ လတွင် လက်ဝါး ကပ်တိုင်ပေါ်မှာ အသေသတ်ခြင်းခံတော်မူသည်။
၁၈။ နောက်ဆုံးတစ်သီတင်းတွင် ဘာလုပ်တော်မူသနည်း။
"တစ်သီတင်းတွင် လူအများတို့နှင့် ပဋိညာဉ်ဖွဲ့သည်" (ဒံ၊ ၉း၂၇။)
မှတ်ချက်။ ယုဒလူတို့ကို မိမိပိုင်ထိုက်တော်မူသော အမျိုးဖြစ်စေဖို့
ပဋိညာဉ်တော်သည် သီတင်း ၇၀ တွင် နောက်ဆုံးသီတင်းအဆုံး၌ ကုန်ဆုံး
သည်။ ၆၉ သီတင်းသည် ခရစ်တော် သက္ကရာဇ် ၂၇ ခုနှစ်တွင် ကုန်ဆုံး၍
(တစ်သီတင်း) ခုနစ်နှင့် ပေါင်းလိုက်သော် သက္ကရာဇ် ၃၄ ခုနှစ် ဖြစ်လေ
သည်။ ခရစ်တော်သည် ယုဒလူမျိုးအား သုံးနှစ်ခွဲပတ်လုံး မိမိအမှုတော်
ဆောင်ရွက်ခြင်းအားဖြင့် ပဋိညာဉ်ဖွဲ့သည်။ ကျန်သုံးနှစ်ခွဲမှာ "သခင်ဘုရား
ဟောတော်မူ၍ ဒေသနာစကားတော်ကို ကြားရသောသူတို့" (ဟေဗြဲ၊ ၂း၃၊
၄) သည် ပဋိညာဉ်ဖွဲ့ ကြ၏။ သက္ကရာဇ် ၃၄ခုနှစ်တွင် ဘုရားသခင်သည်
တစ်ပါးအမျိုးသားတို့အားလည်း ကယ်တင်ခြင်းရဖို့ရန် အခွင့်ပေးကြောင်း
များစွာသော အကြောင်းတို့နှင့် ပြသည်မှာ သတေဖန်ကို သတ်၍ တစ်ပါး
အမျိုးသားတို့ အဖို့ဖြစ်သော ပေါလုသည် သခင်ဘုရားဘက်သို့ ပြောင်းလဲ
သည်။ ဘုရားသခင်အမိန့်တော်အတိုင်း ပေတရုသည် ကောနေလိအိမ်သို့
သွား၍ အိမ်သူအိမ်သားအပေါင်းတို့အား အသက်လမ်းကို ဟောပြော
သည်။ ဖိလိပ္ပုသည် ရှမာရိလူတို့အား တရားဟောသည်။ ဤအချိန်မှစ၍
ယုဒလူတို့သည် သမ္မာတရားကို ငြင်းပယ်သောအခါ တမန်တော်တို့သည်
ချက်ချင်းမျက်နှာလွှဲ၍ တစ်ပါးအမျိုးသားတို့ဆီသို့ လှည့်ကြ၏။
(တ၊ ၁၃း၄၆။) ယုဒလူမျိုးအဖို့ ဆုံးဖြတ်သောအချိန်သည် ကုန်ဆုံး၍
(ဒံ၊ ၉) တွင် အနာဂတ္တိစကားတော်သည် ပြည့်စုံလေ၏။
၁၉။ ရက်ပေါင်း ၂၃၀၀ သည် ဘယ်သက္ကရာဇ်ထိအောင်ရောက်သနည်း။
အဖြေ။ အထက်ကပြလာသည်အတိုင်း သီတင်း ၇၀ (နှစ်ပေါင်း
၄၉၀)သည် ခရစ်တော် သက္ကရာဇ် ၃၄ နှစ်တွင် ရောက်သည်။
နှစ်ပေါင်း ၂၃၀၀ မှ နှစ်ပေါင်း ၄၉၀ နုတ်သော် ၁၈၁၀ နှစ်မျှကျန်သည်။
၁၈၁၀ နှစ်များသည် ခရစ်တော်သက္ကရာဇ် ၃၄ ခုနှစ်နှင့်ပေါင်းလိုက်သော်
၁၈၄၄ ခုနှစ်သို့ရောက်၍ ၎င်းနှစ်၌ သန့်ရှင်းရာဌာနကို ဆေးကြော
သုတ်သင်သည်။ (ဒံ၊ ၈း၁၄။) သန့်ရှင်းရာဌာနနှင့် ဆေးကြောသုတ်သင်ခြင်း
ကို နားလည်ဖို့ရန် သန့်ရှင်းရာဌာနနှင့် ဝတ်ပြုခြင်းအကြောင်းကို ကြည့်ပါ။
No comments:
Post a Comment