အခန်း - ၁၆ - သခင်ဘုရား၏ပွဲတော်
သခင်ဘုရား၏ပွဲတော်သည် ကျွန်ုပ်တို့၏အရှင်သခင်နှင့်
ကယ်တင်ရှင်ဖြစ်သော ယေရှု ကိုယုံကြည်ကြောင်း ဖေါ် ပြခြင်းအဖြစ် သူ၏ကိုယ်နှင့်
အသွေးကိုသုံးဆောင်ခြင်း အထိမ်း အမှတ်၌ပါဝင်ခြင်းဖြစ်သည်။
ဤပွဲတော်မင်္ဂလာကျင်းပရာတွင် ခရစ်တော်သည် မိမိလူတို့ကို တွေ့ဆုံရန်နှင့် ခွန်အားပေးရန်ကြွရောက်သည်။
ပွဲတော်မင်္ဂလာတွင်ပါဝင်ခြင်း အားဖြင့် သခင်ဘုရား၏အသေခံခြင်းကို
တစ်ဖန်သူကြွလာသည်တိုင်အောင် ဝမ်းမြောက် စွာထုတ်ပြန် ကြေညာကြသည်။
ညစာစားပွဲအတွက်ပြင်ဆင်ခြင်းတွင် မိမိကိုယ်ကိုဆန်း စစ်ခြင်း၊ နောင်တရခြင်းနှင့်
အပြစ်ဝန်ချတောင်းပန်ခြင်းတို့ပါဝင်သည်။ သခင်ဘုရား သည် ခြေဆေးမင်္ဂလာကို အသစ်တစ်ဖန်ဆေးကြောခြင်းကို
သဘောဆောင်ရန်၊ ခရစ် တော်၏
နှိမ့်ချခြင်းကဲ့သို့ အချင်းချင်း ကူညီမစလိုခြင်းကိုဖေါ်ပြရန်၊ ကျွန်ုပ်တို့၏စိတ် နှလုံးကို ချစ်ခြင်းမေတ္တာ၌ပေါင်းစည်းရန် ချမှတ်ခဲ့သည်။
ပွဲတော်မင်္ဂလာတွင် ယုံကြည် သူ
ခရစ်ယာန်များအားလုံးပါဝင်ခွင့်ရှိသည်။ (မ ၂၆း၁၇-၃၀။ ယော ၆း၄၈-၆၃။ ၁၃း၁-၁၇။ ၁ကော
၁ဝး၁၆၊၁၇။ ၁၁း၂၃-၃၀။ ဗျာ ၃း၂၀။)
ဖုန်ပေသောခြေထောက်များဖြင့် သူတို့သည်
ပသခါပွဲအတွက်အထက်ခန်းသို့ ရောက်လာခဲ့ကြသည်။ တစ်စုံတစ်ဦးသည် ခြေဆေးခြင်းဓလေ့အတွက်
နှုတ်သီးပါသော ရေကိုင်းခွက်၊ ရေဇလုံနှင့် ကိုယ်သုတ်ပဝါကိုပြင်ဆင်ထားခဲ့သည်။
သို့သော်မည်သူ ကမျှ အစေခံအလုပ်
ကိုမလုပ်လိုကြချေ။
မကြာမီသေရတော့မည်ကိုသိ၍၊ ယေရှုကဝမ်းနည်းစွာဤသို့ဆိုသည်။ “ငါသည် အသေမခံမီ ဤပသခါပွဲကိုသင်တို့နှင့်အတူစားခြင်းငှာ
အလွန်အလိုရှိလေပြီ။ ငါဆိုသည် ကား၊ ဘုရားသခင်၏
နိုင်ငံတော်၌ ပသခါပွဲမပြည့်စုံမီတိုင်အောင် ယခုမှစ၍ ဤပွဲကို တစ်ဖန်ငါမစားရ” (လု ၂၂း၁၅၊၁၆)။
တပည့်တော်များအချင်းချင်းမနာလိုမှုသည်
ယေရှု၏စိတ်နှလုံးကိုဝမ်းနည်းစေခဲ့ သည်။ သူ၏နိုင်ငံတော်တွင်
မည်သူသည်အကြီးဆုံးဖြစ်မည်ကို သူတို့ယှဉ်ပြိုင်နေကြ သည်ကို သူသဘောပေါက်သည် (လု
၂၂း၂၄။ မ ၁၈း၁။ ၂ဝး၂၁)။ ရာထူး အတွက် အကွက် ဆင်ကြသည့် အရာမှာ
သူတို့၏မာန်မာနနှင့် မိမိကိုယ်ကိုအထင်ကြီးခြင်း ကြောင့်ဖြစ် သည်။ ၎င်းတို့သည် တပည့်တော်တို့အား မိမိကိုယ်ကို
နှိမ့်ချခြင်းမှ တားဆီးပြီး၊ အခြားသူ တို့၏
ခြေကိုဆေးရန် အစေခံ၏ နေရာကိုအစားမထိုးနိုင်ခဲ့ကြချေ။ ဘုရားသခင်၏နိုင်ငံ တွင် စစ်မှန်သော ကြီးမြတ်ခြင်းသည် နှိမ့်ချခြင်းနှင့်
မေတ္တာဖြင့် အစေခံခြင်းအားဖြင့် ထင် ရှားကြောင်းကို သူတို့သည် သင်ယူနိုင်ကြပါဦးမည်လော။
“ညစာကိုစားကြစဉ်” (ယော ၁၃း၂၊၄)၊
ယေရှုသည် ညင်သာစွာထ၍၊ ကိုယ်သုတ် ပဝါကို ယူပြီး၊ ဇလုံတွင်ရေလောင်းထည့်ကာ၊
ထို့နောက်ဒူးထောက်ပြီး တပည့်တော်တို့၏ ခြေကို စတင်ဆေးခဲ့သည်။ သခင်သည်
အစေခံကဲ့သို့ဖြစ်သည်တကား။ စကားမပြောဘဲ အပြစ်တင်ဆုံးမခြင်းကိုနားလည်၍၊
တပည့်တော်တို့သည် ရှက်စိတ်နှင့် ပြည့်နေခဲ့ကြ သည်။ မိမိတပည့် တော်များ၏ ခြေကိုဆေးပြီးနောက်
ယေရှုသည်စားပွဲတွင် မိမိနေရာကို ပြန်ယူပြီး
ဤသို့ဆိုသည်။ “သင်တို့သည်
ငါ့ကိုအရှင်ဘုရားဟူ၍ လည်းကောင်း၊ သခင်ဟူ ၍လည်းကောင်း
ခေါ်တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ်မှန် သောစကား ဖြစ်၏။ အကြောင်းမူကား၊ သင်တို့ခေါ် ကြသည်အတိုင်း ငါမှန်၏။
ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်း ဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင်၊
သင်တို့ သည်အချင်းချင်း တို့၏ခြေကိုဆေးရကြမည်။
ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့ သည်ပြုစေခြင်းငှာ ပုံသက်သေကိုပြခဲ့ပြီ။
ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက်ကြီးမြတ် သည်မဟုတ်၊ တမန်သည်လည်း စေလွှတ်သော သူ ထက်သာ၍
ကြီးမြတ်သည်မဟုတ်။ ဤအရာများကိုသင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာ ရှိကြ၏။
(ယော ၁၃း၁၄-၁၇)။
ထို့နောက်ယေရှုသည် ပသခါပွဲအစား သူ၏ကြီးမားသော
ပေးဆပ်ခြင်းကို အောက် မေ့ဖို့
ရန်သခင်ဘုရား၏ပွဲတော်ကိုစတင်ပြဋ္ဌာန်းခဲ့သည်။ သူသည် တဆေးမပါသော မုန့် ကို ယူ၍၊ “ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ တပည့်တော်တို့အားပေးတော်မူ ၏” (မ ၂၆း၂၆)။ ထိုနောက်၊ “ဤမုန့်ကား၊
သင်တို့အဖို့အလိုငှာ ချိုးဖဲ့သောငါ၏ကိုယ် ဖြစ်၏။ ယူ၍စားကြလော့။
ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့ဟုမိန့်တော်မူ၏” (၁ ကော ၁၁း၂၄)။ တစ်ဖန်သူသည် “ခွက်ကိုလည်းယူ၍
ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့ အား ပေးတော်မူ၍၊ သင်တို့ရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား
ပဋိညာဉ် တရားသစ် နှင့်ဆိုင်၍ လူများတို့၏
အပြစ်ကို လွှတ်စေခြင်းငှာသွန်းသော ငါ၏အသွေးဖြစ်၏” (မ ၂၆း ၂၇၊၂၈)။ “ငါကိုအောက်မေ့ဖို့ရာ ဤ
သို့ပြုကြလော့ဟုမိန့်တော်မူ၏။ အကြောင်းမူကား၊ သင်တို့သည် ထိုမုန့်ကိုစား၍၊
ထိုခွက်ကို သောက်သောအခါခါ၊ သခင်ဘုရားအသေခံ တော်မူခြင်းကို
ကြွလာတော် မမူမီ တိုင်အောင်ပြကြ၏” (၁ကော ၁၁း၂၅၊၂၆)
ဟုဆို သည်။
ခြေဆေးမင်္ဂလာနှင့်
သခင်ဘုရား၏ပွဲတော်တို့သည် ပွဲတော်မင်္ဂလာကိုဖြစ်လာစေ သည်။ ထို့ကြောင့် ခရစ်တော်သည်
သူနှင့်အတူရင်းနှီးကျွမ်းဝင်ခြင်း၌ဝင်စားစေခြင်းငှာ ကျွန်ုပ်တို့ကို ကူညီရန်
ဤအရာနှစ်ခုကိုပြဋ္ဌာန်းခဲ့သည်။
ခြေဆေးမင်္ဂလာ
ထုံးတမ်းစဉ်လာအရ ယုဒလူမိသားစုများသည် ပသခါပွဲတွင်
မိမိတို့အိမ်များမှ တဆေးအားလုံး ကိုဖယ်ရှားရသည်။ အကြောင်းမှာ
တဆေးသည်အပြစ်ကိုပုံဆောင် သည်။ တဆေးမပါသော
မုန့်စားရသောအပတ်၏ပထမနေ့မတိုင်မီ ၎င်းကိုဖယ်ရှားပြီး နောက် (ထွက် ၁၂း၁၅၊ ၁၉၊ ၂၀)။ ယုံကြည်သူများသည်
အပြစ်ဝန်ချတောင်းပန်၍၊ သူတို့ သည်
ခရစ်တော်နှင့် အနက်ရှိုင်းဆုံးသောအဆင့်၌ပွဲတော်ဝင်နိုင်ရန် မာန်မာန၊
ယှဉ်ပြိုင်မှု၊ မနာလို ဝန်တိုမှု၊ အမျက် ဒေါသနှင့် တစ်ကိုယ်ကောင်းဆန်ခြင်း
စသည့်အပြစ်များကို နောင်တရရ မည်။
ဤအရာအတွက် ခရစ်တော်သည်ခြေဆေးမင်္ဂလာကိုပြဋ္ဌာန်းခဲ့သည်။
သူသည် ပုံန မူနာ
ပြသခြင်းသက်သက်မဟုတ်ဘဲ၊ အလားတူပြုရကြမည်။ ထိုသို့ပြုလျှင် ကောင်းချီး ရမည်ဟု
ဖော်ပြကတိပေးခဲ့သည်။ “ဤအရာများကိုသင်တို့သိ၍၊
သိသည်အတိုင်းကျင့် လျှင် မင်္ဂလာရှိကြ၏” (ယော ၁၃း၁၇)။
ပွဲတော်မဝင်မီဤခြေဆေးခြင်းသည် “မထိုက် မတန်ဘဲ စားသောက်” (၁ကော ၁၁း၂၇-၂၉) ခြင်းမရှိစေရန် လူတိုင်းမိမိတို့ကိုယ်ကို
စစ်ကြောမည် အကြောင်း ဤအမိန့်ကိုလိုက်နာခြင်းဖြစ်သည်။
ခြေဆေးခြင်း၏အဓိပ္ပါယ်။ ဤခြေဆေးခြင်းသည် ခရစ်တော်၏သာသနာ နှင့် ပါဝင်သူတို့ ၏
အတွေ့အကြုံအကြောင်းကိုဖော်ပြသည်။
၁။ ခရစ်တော်၏အောက်ကျို့ခြင်းအထိမ်းအမှတ်။ ခြေဆေးမင်္ဂလာသည် ခရစ် တော်၏ လူ့ဇာတိခံယူခြင်းနှင့် အမှုဆောင်သောအသက်တာတို့၌ အရှက်ရခြင်းကိုအောက် မေ့ခြင်းဖြစ်သည်။
ကောင်းကင်ဘုံ၌ဘုန်းကျက်သရေများအကြောင်းတွင် သူသည် အဖခ မည်းတော်နှင့် အတူရာထူးတူခဲ့သော်လည်း၊
သူသည် “မိမိအသရေကိုစွန့်၍၊
အစေခံကျွန် ၏ သဏ္ဌာန်ကို
ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကိုခံတော်မူ၏” (ဖိ ၂း၇)။
သူကယ်တင်ရန်လာသည့် လူအများစု၏ငြင်းပယ်ခြင်းခံရန်သာ
ကိုယ်ကျိုးမဖက်၊ မေတ္တာ ဖြင့်ပေးဆပ်ခြင်းသည် ဘုရားသခင်၏ သားတော်အတွက်
အရှက်ရခြင်းပင် ဖြစ်သည်။ ခရစ်တော်၏ လူသားဘ၀တစ်လျှောက်၊ စာတန်သည် သူ့ကိုလုပ်ဆောင်လေ သမျှတွင်အဆုံး စွန်အရှက်ရစေရန် စိတ်ပိုင်းဖြတ်ခဲ့သည်။
အပြစ်မဲ့သောသူကို ရာဇဝတ် သားကဲ့သို့ ကပ်တိုင်
တင်သတ်ခြင်းသည် အရှက်ကွဲရသည့်အဖြစ်ပါတကား။
ခရစ်တော်သည် ကိုယ်ကျိုးမဖက်သည့်လုပ်ဆောင်သောအသက်တာဖြင့်
နေထိုင်ခဲ့ သည်။ သူသည်၊ “သူတစ်ပါးကိုစေစားခြင်းငှာမလာ၊
သူတစ်ပါးအစေကိုခံခြင်းငှာကြွလာ သည်” (မ ၂ဝး၂၈)။
ခြေဆေးပေးခြင်းအားဖြင့် မည်သည့်အလုပ်မဆို၊ မည်မျှ ပင်နိမ့်ကျ ပါစေ၊ လူတို့ကိုကယ်တင်ရန်
လုပ်ဆောင်မည်ဖြစ်ကြောင်းကိုပြသခဲ့သည်။ ထို့ကြောင့် သူ၏ အစေခံ ခြင်း
အသက်တာနှင့် စိတ်သိမ်မွေ့ခြင်းတို့သည်
သူ့နောက်လိုက်များ၏ စိတ်ထဲတွင် စွဲထင်စေခဲ့သည်။
ခြေဆေးမင်္ဂလာအတွက် ပြင်ဆင်ရာတွင်၊ အခြားသူတို့ကို
အစေခံစေနိုင်မည့် နူး ညံ့သိမ်မွေ့ခြင်းနှင့်
ချစ်တတ်သောအဆင့်သို့ရောက်လာစေရန် ခရစ်တော်ရည်ရွယ်ခဲ့ သည်။ ဤခြေဆေးခြင်းသည် သူတစ်ပါးတို့ကိုနှိမ့်ချခြင်းနှင့်
အသိတရားဖြင့်ဆက်ဆံ သောသူတို့ကို အားပေးသည်။
ခရစ်တော်၏ခြေဆေးခြင်းကိုလိုက်လျှောက်၍.....၊ ကျွန်ုပ် တို့သည် “အချင်း ချင်း ချစ်၍
အမှုချင်းကိုဆောင်ရွက်” (ဂလ ၅း၁၃)
သောအားဖြင့်၊ သူ၏ စိတ်ဓာတ်ကို အတိ အလင်းထုတ်ဖော်သည်။
ခြေဆေးကြခြင်းသည် နိမ့်ကျသော်လည်း၊ ၎င်းသည်
အရှက်ရသိက္ခာကျစေ သော အရာလုံး၀မဟုတ်ပါ။
ခရစ်တော်ရှေ့၌ဦးညွှတ်၍ လက်ဝါးကပ်တိုင်တွင် သံမှိုရိုက်ခြင်းခံရ သောထိုခြေထောက်ကိုဆေးရခြင်းကို မည်သူကအခွင့်ထူးမဟုတ်ဟု
ခံစားလိမ့်မည် နည်း။ ယေရှုက၊ “ဤသူတည်းဟူသောငါ့ညီတို့တွင် အငယ်ဆုံးသော သူတစ်ယောက်အား
ပြုကြသမျှ တို့ ကို ငါ့အားပြုကြပြီ” (မ ၂၅း၄၀)
ဟုဆိုသည်။
၂။ ပိုမိုမြင့်မြတ်သောဆေးကြောခြင်း။ ခြေဆေးခြင်းသည် ခြေထောက် သန့်ရှင်း သွားသည်ထက်ပိုသည်။ ၎င်းသည် ပိုမိုမြင့်မြတ်သောစင်ကြယ်ခြင်းဖြစ်သည့်
စိတ်နှလုံး စင်ကြယ်
ခြင်းကိုပုံဆောင်သည်။ ပေတရုသည် ယေရှုအား သူ့တစ်ကိုယ်လုံးကို ဆေး ကြောရန် တောင်းဆိုသောအခါ၊ ယေရှုက “ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေး ခြင်းမှတစ်ပါး ဆေးရသောအကြောင်းမရှိ၊ တစ်ကိုယ်လုံးစင်ကြယ်၏” (ယော ၁၃း၁၀) ဟုဆိုသည်။
ရေချိုးသောသူသည် စင်ကြယ်သည်။ သို့သော်လည်း၊
ဖိနပ်စီးသောခြေထောက် သည် ဟင်းလင်းပွင့်နေသောကြောင့်ဖုန်ပေကာ၊
တစ်ဖန်ဆေးကြောရန်လိုအပ်သည်။ တပည့်တော် များလည်း ထိုသို့ပင်ဖြစ်သည်။
သူတို့၏အပြစ်များကိုရေနှစ်ခြင်းခံယူခြင်း ဖြင့်
ဆေးကြောခဲ့ပြီ ဖြစ်သည်။ သို့သော် စုံစမ်းခြင်းသည် သူတို့၏စိတ်နှလုံးတွင်မာန်မာန၊
မနာလိုဝန်တိုမှုနှင့် မကောင်းမှုတို့ကိုမြတ်နိုးစေသည်။ သူတို့သည် သူတို့၏အရှင်သခင်
နှင့်ပွဲတော်ဝင်ရန်နှင့် ကိုယ်တော်သည် သူတို့နှင့်ပြုမည့်ပဋိညာဉ်ကိုလက်ခံရန်
အဆင်သင့် မဖြစ်သေးချေ။ ခြေဆေးခြင်းအားဖြင့်၊ ခရစ်တော်သည် သူတို့ကိုညစာစားပွဲတွင်ပါဝင်ရန်
ပြင်ဆင်လိုခဲ့သည်။ သစ္စာဖောက်ယုဒမှလွဲ၍ သူတို့၏စိတ်နှလုံးသည် ခရစ်တော်၏ ကျေး ဇူးတော်အားဖြင့် တစ်ကိုယ်ကောင်းဆန်ခြင်းနှင့်
မာန်မာနတို့မှစင်ကြယ်ခဲ့ပြီး၊ သူတို့သည် အချင်းချင်း မေတ္တာ၌ စည်းလုံးခဲ့ကြသည်။
ခရစ်တော်၏ကိုယ်ကျိုးမဖက်သောလုပ် ဆောင်မှုအားဖြင့်
သူတို့သည် နှိမ့်ချ၍သင်ယူတတ်သူများဖြစ်လာခဲ့ကြသည်။
တပည့်တော်များကဲ့သို့၊ ကျွန်ုပ်တို့သည်
ခရစ်တော်ကိုလက်ခံ၍ရေနှစ်ခြင်းခံယူပြီး သောအခါ၊
သူ၏အသွေးဖြင့်သန့်ရှင်းကြပြီဖြစ်သည်။ သို့သော် ကျွန်ုပ်တို့၏ခရစ်ယာန် အ သက်တာတွင် အမှားပြုမိကြသည်။ ကျွန်ုပ်တို့၏ခြေထောက်သည်
ဖုန်ပေလာသည်။ ကျွန်ုပ်တို့သည် တစ်ဖန်ခရစ်တော်ထံသို့လာ၍၊
သူ၏စင်ကြယ်စေသောကျေးဇူးတော်ဖြင့် ဤအညစ်အကြေး များကိုဆေးကြောရမည်။ သို့သော်လည်း၊
ကျွန်ုပ်တို့သည် ရေနှစ်ခြင်း ပြန်ခံရန်မလိုအပ်ချေ။ အကြောင်းမှာ ရေချိုးပြီးသောသူသည်
ခြေဆေးရန်သာလိုအပ် သည် (ယော ၁၃း၁၀)။
ခြေဆေးခြင်းမင်္ဂလာသည် ပုံမှန်ဆေးကြောခြင်းကိုလိုအပ်မှုနှင့် ကျွန်ုပ်တို့သည်
ခရစ်တော်၏ အသွေး၌မှီခိုကြောင်းတို့ကိုသတိရစေသည်။ ခြေဆေးခြင်း သက်သက်သည် အပြစ်ကို
မဆေးကြောနိုင်ချေ။ ခရစ်တော်ကသာလျှင် ကျွန်ုပ်တို့ကို စင် ကြယ်စေနိုင်သည်။
၃။ အပြစ်ခွင့်လွှတ်ခြင်းမိတ်သဟာယ။ ခြေဆေးမင်္ဂလာဝင်သောသူတို့ အကြား တွင်ရှိသောအပြစ်ခွင့်လွှတ်ခြင်းစိတ်သဘောထားက
ဤခြေဆေးခြင်းကပုံဆောင် သော အရာကို
အကျိုးသက်ရောက်စေကြောင်းညွှန်ပြသည်။ ကျွန်ုပ်တို့သည် အပြစ်လွှတ် မှ သာဘုရားသခင်၏ အပြစ်လွှတ်ခြင်းကိုတွေ့ကြုံခံစားနိုင်သည်။ ခရစ်တော်သည်ဆု တောင်းခြင်းကို
သင်ပေးသော အချိန်တွင် ဤအရာကိုဆိုလိုသည်။ “သူတစ်ပါးသည်
အကျွန်ုပ်တို့ကို ပြစ်မှားသော အပြစ်များကို အကျွန်ုပ်တို့သည်လွှတ်သကဲ့သို့၊
အကျွန်ုပ်တို့ ၏အပြစ်များကို
လွှတ်တော်မူပါ” (မ ၆း၁၂)။ “သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကို လွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူ သောသင်တို့အဘသည်
သင်တို့၏အပြစ်ကိုလွှတ် တော်မူမည်။ သင်တို့သည်
သူတစ်ပါးတို့၏ အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏ အပြစ်ကိုလွှတ်တော်မမူ” (မ ၆း၁၄၊၁၅)။
ယေရှုသည် ကျွန်ုပ်တို့ကို “သင်တို့သည်အချင်းချင်းတို့၏ခြေကိုဆေးရကြမည်}
(ယော ၁၃း၁၄) ဟုညွှန်ကြားချိန်တွင်၊ သူသည်
ကျွန်ုပ်တို့ကိုသူတစ်ပါးခြေကို ဆေးရန်နှင့် သူတစ်ပါး၏ ခြေဆေးခြင်းကိုခံရန်
လိုလိုလားလားရှိရမည့်အကြောင်းကို သင်ပေးခဲ့ သည်။ သူတစ်ပါး၏
ခြေဆေးခြင်းကိုခံခြင်းသည် ဝိညာဉ်ရေးအကူအညီလိုအပ် ကြောင်း ကိုဝန်ခံခြင်းဖြစ်သည်။
ခြေဆေးခြင်းအမှု ပြီးသွားသောအခါ၊ ကျွန်ုပ်တို့၏
အပြစ်များကို ဆေးကြောပြီး ဖြစ်
သောကြောင့်သန့်ရှင်းပြီဟုကျွန်ုပ်တို့၏ယုံကြည်ခြင်းက ကျွန်ုပ်တို့ကိုယုံကြည်စိတ်ချ စေသည်။ အပြစ်များကို ခရစ်တော်ကဆေးကြောသည်။ သို့သော်၊
ခရစ်တော်၏ဆေး ကြောခြင်း၏ အမှတ်အသားကို
ကျွန်ုပ်တို့၏ ခြေဆေးသောသူတို့က လုပ်ဆောင်ကြ သည်။ ထို့ကြောင့် ခြေဆေး ခြင်းသည်
အပြစ်ခွင့်လွှတ်ခြင်းမိတ်သဟာယဖြစ်သည်။
၄။ ခရစ်တော်နှင့်ယုံကြည်သူများတို့နှင့် မိတ်သဟာယဖွဲ့ခြင်း။ ခရစ်တော်သည် သူ့နောက်လိုက်များကို “အဆုံးတိုင်အောင်ချစ်တော်မူ” (ယော ၁၃း၁) ကြောင်းကို ခြေ ဆေးခြင်း အမှုကဖေါ် ပြသည်။ ပေတရုသည်
သူ၏ခြေကိုအဆေးမခံသောအခါ၊ ခရစ် တော်က “သင့်ကို ငါမဆေးရလျှင် သင်သည်ငါနှင့်မဆက်ဆံရ” (ယော ၁၃း၈) ဟုပြန်ပြော ခဲ့သည်။ ဆေးကြောခြင်းမရှိပါက၊ မိတ်သဟာယမရှိနိုင်ပါ။
ခရစ်တော်နှင့် အတူဆက် လက်၍ မိတ်သဟာယဖွဲ့ လို
သောသူတို့သည် ခြေဆေးခြင်းမင်္ဂလာတွင်ပါဝင်လိမ့် မည်။
ထိုညတွင်ပင်ယေရှုက “သင်တို့သည်
အချင်းချင်းတစ်ယောက်ကို တစ်ယောက် ချစ်ကြလော့။ ငါသည် သင်တို့ကိုချစ်သည်နည်းတူ
အချင်းချင်းချစ်ကြလော့ဟု ပညတ် သစ်ကို ငါပေး၏” (ယော ၁၃း၃၄) ဟုဆိုသည်။ ခြေဆေးခြင်းနှင့်ဆိုင်သောသတင်း
စကားသည် ရှင်းပါသည်။ “အချင်းချင်းချစ်၍၊
အမှုချင်းကိုဆောင်ရွက်ကြလော့” (ဂလ ၅း၁၃)။
ဤကဲ့သို့သော ချစ်ခြင်းမျိုးရှိခြင်းဆိုသည်မှာ သူတစ်ပါးသည် ကိုယ်ထက်သာ၍
ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ဖြင့် မှတ်ယူခြင်းဖြစ်သည် (ဖိ ၂း၃)။ ၎င်းသည်
ကျွန်ုပ်တို့နှင့် ခြားနားသော သူ တို့ကိုချစ်ရန် စည်းမျဉ်းချမှတ်သည်။ ၎င်းသည်
ကျွန်ုပ်တို့၌ ကြီးစိုးမှုနှင့် ဘက်လိုက်မှုတို့ကို ခွင့်မပြုချေ။
ကျွန်ုပ်တို့၏အသက်ရှင်နေထိုင်ပုံသည် သူတစ်ပါးတို့အားချစ်သောအချစ်ကို
ရောင်ပြန်ဟပ်လိမ့်မည်။ သူတို့ရှေ့၌ ဒူးထောက်၍၊ သူတို့၏ခြေကိုဆေးခြင်းဖြင့်၊
ကျွန်ုပ်တို့ သည် အချင်းချင်းတန်းတူဖြစ်ကြောင်း၊ ထာ၀ရ ကာလတစ်လျှောက်ကောင်းချီးမင်္ဂလာကို
အတူတူခံစားရမည်ဖြစ်ကြောင်းတို့ကို ဝန်ခံ ခြင်းဖြစ်သည်။
ခရစ်တော်၏ ခြေဆေးခြင်းနမူနာကို လိုက်လျှောက်သောသူအားလုံး သည် ခရစ်တော်ချစ်သကဲ့သို့ ချစ်ခြင်း၏ ဆိုလိုရင်း
အဓိပ္ပါယ်ကို တနည်းနည်းဖြင့်တွေ့ ကြုံခံစားလိမ့်မည်။
ထိုသို့သောမေတ္တာသည် အားကြီးသောသက်သေခံခြင်းဖြစ်နိုင်သည်။
တစ်ချိန်ကဗုဒ္ဓဘုန်းကြီးတစ်ပါးသည် ခရစ်ယာန်သာသနာပြုအား
ခရစ်ယာန် ဘာသာကို ပုံဖော်သောမြင်ကွင်းကို ပြရန်တောင်းဆိုခဲ့သည်။
အပြန်အလှန်စကားပြော ကြပြီး နောက်၊
သာသနာပြုဆရာက (ယော ၁၃) မှဖြစ်ရကိုဝေငှခဲ့သည်။ ၎င်းဖြစ်စဉ်ကို သာသနာပြုဆရာက
ဤသို့ပြန်ပြောပြသည်။ “ကျွန်တော်ဖတ်သောအချိန်တွင်
ဘုန်းကြီး သည် ဘာမျှမပြောခဲ့ပါ။
တပည့်တော်တို့၏ခြေကို ယေရှုကဆေးသည့်ကျမ်းပိုဒ်ကိုဖတ် နေစဉ်တွင် ထူးဆန်းသောအံ့ဩထိတ်လန့်ဖွယ် တိတ်ဆိတ်ခြင်းနှင့်
တန်ခိုးကိုကျွန်တော် ခံစားရသည်။” ထိုယဉ်ကျေးမှုတွင်
လူထုရှေ့၌ခြေထောက်နှင့်ဆိုင်သောအရာများကို ဆွေး နွေးခြင်းသည် အလွန်ပင် ယဉ်ကျေး ရည်မွန်မှုမရှိဟုယူဆကြသည်။
“ကျွန်တော်ဖတ်ပြီးသောအခါ၊ ခဏမျှတိတ်ဆိတ်သွားခဲ့သည်။ သူသည်
ကျွန်တော့် ကို
မယုံကြည်နိုင်သောအကြည့်ဖြင့်ကြည့်၍၊ ခင်ဗျားတို့ဘာသာကိုတည်ထောင်သောသူ
သည်သူ့တပည့်များ၏ ခြေထောက်ကိုဆေးသည် ဟုသင်ဆိုလိုပါသလား” ဟုပြောခဲ့ သည်။
“မှန်ပါသည်” ဟုကျွန်တော်ပြန်ဖြေခဲ့သည်။
မျက်ခုံးမွှေးနှင့်ဆံပင်ကိုရိတ်ထားသည့် ပုံမှန်တည်ငြိမ်သော မျက်နှာဝိုင်းဝိုင်းသည်
အံ့ဩတုန်လှုပ်လျက် တွန့်ရှုံ့သွားခဲ့သည်။ သူ သည် မှင်တက်မိနေပြီး၊ ကျွန်တော်လည်း နှုတ်ဆိတ်နေခဲ့သည်။
ကျွန်တော်သည် အကြိမ် ကြိမ်
တံတွေးကိုခပ်ပြင်းပြင်းမျိုချခဲ့ပြီး၊ ကျွန်တော်တို့နှစ်ယောက်သည် ၎င်းဖြစ်ရပ်၏ ဇာတ်လမ်းတွင် မျောနေခဲ့ကြသည်။ ကျွန်တော်သည်
သူ့ကိုငေးကြည့်နေစဉ်၊ သူ့မျက်နှာ ပေါ်ကမယုံကြည်နိုင်သော
အကြည့်သည် ကြည်ညိုလေးစားသည့် အဖြစ်သို့ပြောင်း သွားသည်။ ခရစ်ယာန် ဘာသာကိုတည်ထောင်သောသူသည် ညစ်ပေသော တံငါသည်တို့ ၏ ခြေကိုကိုင်၍ ဆေးပေးပါသည်တကား။ ခဏကြာပြီးနောက် သူသည်
မိမိကိုယ်ကို ထိန်းထားရင်း၊ မိမိ
ခြေထောက်ပေါ်မတ်တတ်ရပ်လိုက်သည်။ “အခုဘုန်းဘုန်း၊ ခရစ်ယာန် ဘာသာ၏ အနှစ်သာရကိုမြင်သွားပြီ။”
သခင်ဘုရား၏ညစာစားပွဲကိုကျင်းပခြင်း
ပရိုတက်စတန့်အသင်းတော်များအကြားတွင်
ပွဲတော်အတွက်အများသုံးနာမည် မှာ “သခင်ဘုရား၏ပွဲတော်” ဖြစ်သည် (၁ကော ၁၁း၂၀)။ အခြားနာမည်များမှာလည်း၊ “သခင် ဘုရား၏စားပွဲ} (၁ကော ၁ဝး၂၁။ RSV)၊ “မုန့်ကိုဖဲ့ခြင်း” (တ ၂ဝး၇။ ၂း၄၂)၊
ပွဲတော်၏ ကျေးဇူးတင်ခြင်းနှင့် ကောင်းချီးပေးခြင်းကဏ္ဍကိုရည်ညွှန်းသည့် ခရစ်တော်၏
နောက် ဆုံး ညစာ စားပွဲ (မ
၂၆း၂၆၊၂၇။ ၁ကော ၁ဝး၁၆။ ၁၁း၂၄) တို့ဖြစ်ကြသည်။
သခင်ဘုရား၏ပွဲတော်သည် ဝမ်းနည်းရမည့်အချိန်မဟုတ်၊
ပျော်ရွှင်ရမည့်အချိန် ဖြစ်သည်။ အလျင်ကျသောခြေဆေးမင်္ဂလာသည်
မိမိကိုယ်ကိုဆန်းစစ်ခြင်း၊ အပြစ်များ ကို
ဝန်ချတောင်းပန်ခြင်း၊ သဘောထားချင်း မတိုက်ဆိုင်မှုများကို ညှိနှိုင်းခြင်းနှင့်
အပြစ် ခွင့်လွှတ်ခြင်း စသည်တို့အတွက် အခွင့်အရေးကိုဖန်တီးပေးခဲ့သည်။ ကယ်တင်ရှင်၏
အသွေးအားဖြင့် သန့်စင်စေပြီးကြောင်း အာမခံချက်ကိုရရှိပြီးဖြစ်ရာ၊ ယုံကြည်သူများ သည် မိမိတို့ သခင်ဘုရားနှင့် အတူ အထူးပွဲတော်ပါဝင်ရန်
အဆင်သင့်ဖြစ်နေကြသည်။ သူတို့သည် လက်ဝါးကပ်တိုင် ၏အရိပ်၌မဟုတ်ဘဲ၊
ကယ်တင်ခြင်းအလင်းတရား၌ ဝမ်း မြောက်စွာဖြင့် ခရစ်တော်၏ ရွေးနုတ်သောအောင်မြင်ခြင်းကို
ချီးကျူးဂုဏ်ပြုရန် ကိုယ် တော်၏စားပွဲတွင်
ရှိနေကြသည်။
သခင်ဘုရား၏ပွဲတော်၏အဓိပ္ပါယ်။ သခင်ဘုရား၏ပွဲတော်သည် ပဋိညာဉ် အဟောင်းခေတ်က
ပသခါပွဲကိုအစားထိုးသည်။ ပသခါပွဲသည် ပသခါ၏သိုးသငယ်ဖြစ် သော ခရစ်တော်သည်
မိမိအသက်ကိုပေးချိန်တွင်ပြည့်စုံသွားခဲ့သည်။ မိမိအသေမခံမီ၊ ခရစ်တော် ကိုယ်တိုင်သည်
အသစ်သောပဋိပညာဉ်အောက်တွင် ဝိညာဉ်ရေးဣသရေလ တို့၏
မဟာပွဲတော်ဖြင့် အစားထိုးမှုပြုခဲ့သည်။ ထိုကြောင့် သခင်ဘုရား၏ ပွဲတော်၏
ပုံဆောင်မှု အရင်းအမြစ်ကို ပသခါပွဲ ကျင်းပခဲ့သည့်အချိန်ကာလသို့ရောက်ရှိသွားသည်။
၁။
အပြစ်မှကယ်လွှတ်ခြင်းအထိမ်းအမှတ်ပွဲ။ ပသခါပွဲသည်
ဣသရေလလူမျိုး များ အီဂျစ်ပြည်ကျွန်ဘ၀မှ
လွတ်မြောက်ခြင်းအထိမ်းအမှတ်ပွဲဖြစ်သကဲ့သို့၊ သခင်ဘုရား ၏ ပွဲတော်သည် ဝိညာဉ်ရေးအီဂျစ်ပြည်တည်းဟူသော
အပြစ်၏ကျေးကျွန်ဘ၀မှ လွတ် မြောက် ခြင်း
အထိမ်းအမှတ်ပွဲဖြစ်သည်။
တံခါးထုပ်တိုင်၌သုတ်လိမ်းသော ပသခါသိုးသငယ်၏အသွေးသည်
ထိုအိမ်၌ နေ ထိုင်
သောသူတို့ကိုသေခြင်းမှကာကွယ်သည်။ ၎င်းအသား၏အာဟာရသည် သူတို့ကို အီဂျစ်ပြည် မှ
လွတ်မြောက်ရန် ခွန်အားကိုပေးသည် (ထွက် ၁၂း၃-၈)။ ထိုနည်းတူ ခရစ်တော်၏
ယဇ်ပူဇော်ခြင်းသည် သေခြင်းမှလွတ်မြောက်ခြင်းကိုယူဆောင်လာသည်။ ယုံကြည်သူများ သည်
သူ၏ကိုယ်ခန္ဓာနှင့်အသွေးကိုစားသောက်ခြင်းအားဖြင့် ကယ်တင် ခြင်းခံရကြသည် (ယော
၆း၅၄)။ ခရစ်တော်၏ လက်ဝါးကပ်တိုင်ပေါ် အသေခံခြင်းသည် ကျွန်ုပ်တို့အတွက်
ကယ်တင်ခြင်း၊ အပြစ်လွှတ်ခြင်းကိုပေး၍၊ ထာ၀ရအသက်ကို အာမခံ ပေးသည်။
ယေရှုက “ငါ့ကိုအောက်မေ့ဖို့ရာဤသို့ပြုကြလော့” (၁ကော ၁၁း၂၄) ဟုဆို သည်။ ဤ ပွဲတော်သည်
ခရစ်တော်၏အပြစ်ဖြေခြင်းပမာဏကို အလေးပေးသည်။ ယေရှုက “ဤ မုန့်ကား၊
သင်တို့အဖို့အလို့ငှာ ချိုးဖဲ့သောငါ၏ကိုယ်ဖြစ်၏” (၁ကော ၁၁း၂၄) ဟုဆို သည်။
လက်ဝါးကပ်တိုင်ပေါ်တွင် အပြစ်ရှိသူတို့အစား အပြစ်မဲ့သောသူ၊ မဖြောင့်မတ် သောသူတို့ အစားဖြောင့်မတ်တော်မူသောသူဖြင့်အစားထိုးခဲ့သည်။ ဤ
စိတ်ထားမြင့် မြတ်သောလုပ်ဆောင်မှုသည်
အပြစ်သားသည် သေရမည်ဟူသော ပညတ်တော်၏ တောင်းဆိုမှုကို ဖြည့်ဆည်းပေး၍၊
အပြစ်လွှတ်ခြင်း၊ ငြိမ်သက်ခြင်းနှင့် နောင်တရ သော အပြစ်သားအား ထာ၀ရအသက် အာမခံချက်တို့ကိုပေးသည်။
လက်ဝါးကပ်တိုင်သည် ကျွန်ုပ်တို့အား အပြစ်စွဲ ချက်ကိုဖယ်ရှားပေးပြီး၊
ခရစ်တော်၏ဖြောင့်မတ်ခြင်း ဝတ်လုံနှင့် မကောင်းမှုကို အောင်နိုင် သော
တန်ခိုးကိုပေးသည်။
က။ မုန့်နှင့်စပျစ်နွယ်ပင်၏အသီး။ ယေရှုသည်
မိမိအကြောင်းသမ္မာ တရားများ ကို သွန်သင်ရန်
ဥပမာများစွာအသုံးပြုသည်။ သူက “ငါသည် တံခါး၀ဖြစ်၏}
(ယော ၁ဝး၇)၊ “ငါသည်
လမ်းခရီးဖြစ်၏” (ယော ၁၄း၆)၊ “ငါသည်မှန်သော
စပျစ်နွယ်ပင်ဖြစ်၏} (ယော ၁၅း၁)၊ “ငါသည်အသက်မုန့်ဖြစ်၏” (ယော ၆း၃၅) ဟုဆိုသည်။
ကျွန်ုပ်တို့သည် ဤစကားအသုံး အနှုန်းများကို တိုက်ရိုက်အဓိပ္ပါယ် ကောက်၍မရပါ။
အကြောင်းမှာ သူသည် တံခါး၊ လမ်းခရီး သို့မဟုတ် စပျစ်နွယ်ပင် တိုင်း၌မရှိချေ။
ထို့အစား၊ ၎င်းတို့ သည် သာ၍ နက်နှိုင်းသော
သမ္မာတရားများကိုပုံဆောင် သည်။
လူပေါင်း (၅ç၀၀၀)
ကိုမယုံနိုင်လောက်အောင်ကျွေးမွေးသောအချိန်တွင်၊ ယေရှု သည် သူ့ကိုယ်ခန္ဓာနှင့်အသွေး၏
သာ၍နက်နဲသောအဓိပ္ပါယ်ကိုဖော်ပြသည်။ စစ်မှန် သောမုန့်အဖြစ်၊
ယေရှုက--- “မောရှေသည်
သင်တို့အားကောင်းကင်မုန့်ကိုမပေး။ ခမည်းတော် သည်မှန်သောကောင်းကင်မုန့်ကို
သင်တို့အားပေးတော်မူ၏။ ဘုရားသခင် ၏ မုန့်မူကား၊ ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အား
အသက်ကိုပေးသော မုန့်ပေတည်းဟု မိန့်တော်မူလျှင်၊ သခင်၊ ထိုမုန့်ကိုအကျွန်ုပ်တို့အား
အစဉ်မပြတ်ပေးတော် မူပါဟု လျှောက်ကြ၏။
ယေရှုကလည်း၊ ငါသည်အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသော သူသည် နောက်တစ်ဖန် အဆာအမွတ်မခံရ။ ငါ့ကိုယုံကြည်သောသူသည်
နောက်တစ်ဖန် ရေငတ်မခံရ” (ယော ၆း၃၂-၃၅) ဟုဆိုသည်။ သူသည်
ကျွန်ုပ်တို့၏အနက်ရှိုင်းဆုံးသောလို အပ်ချက်များနှင့်
လိုအင်ဆန္ဒများအတွက် ဆာလောင်ငတ်မွတ်ခြင်းကို ဖြည့်ဆည်းပေးရန် သူ၏ကိုယ်ခန္ဓာနှင့်
အသွေးကိုပေးအပ်ခဲ့သည် (ယော ၆း၅၀-၅၄)။
ယေရှုစားသောပသခါမုန့်သည် တဆေးမပါပေ။ စပျစ်ရည်သည်လည်းကစော်
မပေါက် ချေ။ မုန့်ကိုပွစေ၍ ကစော်ပေါက်စေသည့်တဆေးသည် အပြစ်၏သင်္ကေတ အဖြစ်ယူဆ သည်
(၁ကော ၅း၇၊၈)။ ထို့ကြောင့် ၎င်းသည် “အဘယ်အပြစ်မျှမရှိ၊
အညစ်အကြေးနှင့် ကင်းစင်သောသိုးသငယ်” (၁ပေ ၁း၁၉) ကို
ကိုယ်စားပြုရန်မသင့် လျော်ချေ။ တဆေးမပါ၊
သို့မဟုတ် ကစော်မပေါက်သောမုန့်ကသာလျှင် အပြစ်ကင်း သောခရစ်တော်၏ ကိုယ်ခန္ဓာကို ပုံဆောင်နိုင်သည်။
ထိုနည်းတူမပုပ်သောစပျစ်သီး သို့ မဟုတ်
ကစော်မပေါက်သော စပျစ်ရည် က သာလျှင် အပြစ်ကင်း၍ပြည့်စုံသည့် စင် ကြယ်စေသော ခရစ်တော်၏အသွေးကို လျော်ကန်စွာပုံဆောင်နိုင်သည်။
ခ။ စားခြင်းနှင့်သောက်ခြင်း။ “လူသား၏အသားကိုမစား၊
အသွေးကို မသောက် လျှင် သင်တို့၌အသက်မရှိ။
ငါ၏အသားကိုစား၍၊ ငါ၏အသွေးကိုလည်း သောက်သော သူသည်
ထာ၀ရအသက်ကိုရ၏။ ထိုသူကိုနောက်ဆုံးသောနေ့၌ ငါထမြောက် စေမည်” (ယော ၆း၅၃၊ ၅၄)။
ခရစ်တော်၏ အသားကိုစားခြင်းနှင့် အသွေးကိုသောက်ခြင်းသည်
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို
စိတ်တွင်စွဲမှတ်ခြင်းကို ပုံဆောင်သည်။
နှုတ်ကပတ်တော် အားဖြင့်
ယုံကြည်သူများသည်
ကောင်းကင်နှင့်ရင်းနှီးမှုကိုထိန်းသိမ်းပြီး၊ ဝိညာဉ်ရေးအသက်တာ ကို ရရှိစေနိုင်သည်။
ကိုယ်တော်က “ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။
အသက် လည်း ဖြစ်၏” (ယော ၆း၆၃)။ “လူသည်
မုန့်အားဖြင့်သာအသက်ကို မွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့်
အသက်ကိုမွေးရမည်” (မ ၄း၄) ဟုဆို
သည်။
ယုံကြည်သူများသည် အသက်ပေးသောနှုတ်ကပတ်တော်သမ္မာကျမ်းစာကို
စား သုံးခြင်းအားဖြင့်
အသက်မုန့်ဖြစ်သော ခရစ်တော်ကိုမှီဝဲကြသည်။ ထိုနှုတ်ကပတ်တော် နှင့် အတူခရစ်တော်၏ အသက်ပေးသောတန်ခိုးလာသည်။
ပွဲတော်မင်္ဂလာတွင်လည်း၊ ကျွန်ုပ် တို့သည် သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့်၊ သူ၏
နှုတ်ကပတ်တော်ကို စိတ်ထဲ စွဲမှတ်ခြင်းဖြင့် ခရစ်တော်ကို သုံးဆောင်ကြသည်။
ဤအကြောင်းကြောင့် သခင်ဘုရား၏ ပွဲတော်တိုင်းတွင် နှုတ်ကပတ်တော်ကိုဟောပြောခြင်းပါရှိသည်။
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်
ခရစ်တော်၏အပြစ်ဖြေရာယဇ်၏အကျိုး အမြတ် များကို အပိုင်စီးသည်ဖြစ်ရာ၊
သခင်ဘုရား၏ပွဲတော်သည် အထိမ်းအမှတ်စားပွဲ မျှထက်ပို သည်။ ပွဲတော်၌ပါဝင်ခြင်းသည်
ကျွန်ုပ်တို့အားအသက်နှင့်ဝမ်းမြောက်ခြင်းကို ပေးသည့် ခရစ်တော်၏ထိန်းထားသောတန်ခိုးအားဖြင့်၊
ကျွန်ုပ်တို့၏အသက်တာ ရှင်သန် တက်ကြွလာ စေခြင်းကိုဆိုလိုသည်။ အကျဉ်းအားဖြင့်၊ “ကျွန်ုပ်တို့သည် ကာယအသက် အတွက်အစာ ရေစာအပေါ်
မှီနေရသကဲ့သို့၊ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအသက်တာ အတွက် ခရစ်တော်ကို မှီခိုနေရကြောင်း” ကို ဤပုံဆောင်မှုကပြသသည်။ ပွဲတော်မင်္ဂလာ အတွင်း ကျွန်ုပ်တို့သည် ခွက်ကို ကောင်းချီးပေးသည် (၁ကော
၁ဝး၁၆)။ ဤအရာသည် ယေရှုက ခွက်ကိုယူ၍ ဂုဏ်တော်ကိုချီးမွမ်း” (မ ၂၆း၂၇) သကဲ့သို့ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည်
ခရစ်တော်၏ အသွေးအတွက်ကျေးဇူးတင်သည်။
၂။ ခရစ်တော်နှင့်အတူပွဲတော်ဝင်ခြင်း။ ပဋိပက္ခနှင့်သဘောထားကွဲလွဲမှုတို့ဖြင့်ပြည့် နေ သော လောကတွင် ဤပွဲတော် မင်္ဂလာများ၌ ကျွန်ုပ်တို့
ပေါင်းစည်း ပါဝင်ခြင်းသည် အသင်းတော်၏ စည်းလုံးခြင်းနှင့်
တည်ငြိမ်ခြင်းတို့အတွက်ထောက်ပံ့ပေးပြီး၊ ခရစ်တော် နှင့် လည်းကောင်း၊
အချင်းချင်းသော်လည်းကောင်း စစ်မှန်သောရင်းနှီးဆက်ဆံမှုကိုပြ သည်။ ဤရင်းနှီးသောဆက်ဆံမှုကို အထူးပြုလျက်၊ ပေါလုက “ငါတို့သည် ကျေးဇူးတော် ကို ချီးမွမ်းရာ မင်္ဂလာခွက်ဖလားမူကား၊
ခရစ်တော်၏အသွေးကိုဆက်ဆံခြင်းဖြစ်သည် မဟုတ်လော။ မုန့် တစ်လုံးတည်းရှိသည်ဖြစ်၍၊
ငါတို့ရှိသမျှသည် တစ်လုံးတည်းဖြစ် သောထိုမုန့်ကို
ဆက်ဆံလျက် ခံယူကြသောကြောင့်၊ အများဖြစ်သောငါတို့သည် တစ် လုံးတစ်ကိုယ်တည်း ဖြစ်ကြ၏” (၁ကော ၁ဝး၁၆၊၁၇)
ဟုဆိုသည်။
“ပွဲတော်မုန့် တစ်ခုတည်းမှ အပိုင်းပိုင်းဖဲ့၍ ယုံကြည်သူများက
စားကြသည့် အရာ မှာ၊ ပွဲတော်ကို
စားသောယုံကြည်သူအားလုံးသည် ချိုးဖဲ့သောမုန့်ကပုံဆောင်သည့် ကြေမွ သော ခရစ်တော်၏ ကိုယ်ခန္ဓာ၌ စည်းလုံးခြင်းကိုပုံဆောင်သည်။
ဤပွဲတော်မင်္ဂလာတွင် အတူ တကွ ပါဝင်ခြင်းအားဖြင့် ခရစ်ယာန်တို့သည်
ခရစ်တော်သည်ဦးခေါင်းဖြစ်သည့် မိသားစုကြီး၌ စည်းလုံး၍ ၎င်းနှင့်သက်ဆိုင်ကြောင်းကို
လူသိရှင်ကြားပြသသည်။”
အသင်းသူအသင်းသားအားလုံးသည်
ဤမွန်မြတ်သောပွဲတော်မင်္ဂလာကိုဝင်ကြရ မည်။ အဘယ်ကြောင့်ဆိုသော်၊ ထိုနေရာတွင်
သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်၊ “ခရစ် တော် သည် သူ၏လူတို့နှင့်တွေ့ဆုံ၍၊ သူပါရှိနေခြင်းအားဖြင့်
သူတို့ကိုခွန်အား ပေးသည်။ ပွဲတော်ကို ပေးသောသူသည် စိတ်နှလုံးနှင့်
လက်မစင်ကြယ်သောသူဖြစ်နိုင်သည်။ သို့ သော်လည်း
ခရစ်တော်သည် သူ၏သားသမီးများကိုပွဲတော်ပေးရန် ထိုနေရာ တွင်ရှိနေ သည်။ သူ့အပေါ် ခိုင်မြဲသောယုံကြည်ခြင်းနှင့်
လာသောသူအားလုံးသည်များစွာ ကောင်း ချီးခံရမည်။ ဤ
ဘုရားရှင်၏ အခွင့်ထူးအချိန်အခါကို လျစ်လျူရှုသောသူအားလုံးသည် ဆုံးရှုံးမှုကို
ခံစားရလိမ့်မည်။ ထိုသူတို့အား “သင်တို့အားလုံးသည်မစင်ကြယ်” ဟု ပြော လျှင်သင့်လျော်လိမ့်မည်။
ကျွန်ုပ်တို့သည် သခင်ဘုရား၏စားပွဲတွင် အခိုင်မာဆုံးနှင့်
အနက်ရှိုင်းဆုံးသော လူစုအဖြစ်ခံယူမှုကိုတွေ့ကြုံခံစားရသည်။ ဤနေရာတွင်
ကျွန်ုပ်တို့ကိုခွဲခြားသော အ တားအဆီးများ
ကျိုးပျက်ခြင်းနှင့်အတူ အခြေခံတူညီမှု၌တွေ့ဆုံကြသည်။ လူ့အသိုက် အဝန်းတွင် ကျွန်ုပ်တို့ကိုခွဲခြားသောအရာများစွာရှိသော်လည်း၊
ခရစ်တော်၌ကျွန်ုပ်တို့ကို စည်းလုံးရန်လိုအပ်
သောအရာဟူသမျှရှိကြောင်းကို ဤနေရာတွင် ကျွန်ုပ်တို့သဘော ပေါက်ရသည်။ ခွက်ကို အတူတူသောက်ကြစဉ်၊ ယေရှုသည်
သူ့တပည့်တော်တို့ကို ပဋိညာဉ်အသစ်ကိုပေးခဲ့သည်။
သူက “သင်တို့ရှိသမျှသည်
သောက်ကြလော့။ ဤခွက် ကားပဋိညာဉ်တရားသစ်နှင့်
ဆိုင်၍ လူများတို့အပြစ်ကိုလွှတ်စေခြင်းငှာ သွန်းသောငါ၏ အသွေးဖြစ်၏” (မ ၂၆း၂၇၊၂၈)
ဟုဆိုသည်။ ပဋိညာဉ်အဟောင်းကို ယဇ်ပူဇော်သော တိရစ္ဆာန်၏ အသွေးအားဖြင့် တည်စေသကဲ့သို့
(ထွက် ၂၄း၈)၊ ပဋိညာဉ်အသစ်ကိုမူ ခရစ်တော်၏အသွေးအားဖြင့်တည်စေသည်။
ဤပွဲတော်မင်္ဂလာတွင် ယုံကြည်သူတို့ သည်
ယေရှု၌ဘုရားသခင်သည် မိမိ ကိုယ်ကို လူသား တို့နှင့် နှောင်ဖွဲ့သည့်သဘောတူညီ မှု၌ သူတို့လည်းပါဝင်ကြောင်းကို အသစ်တစ်ဖန် အမှတ်ရ၍၊
သူတို့၏သခင်ဘုရားအပေါ် သစ္စာစောင့်ရန်
သူတို့၏ကတိကို အသစ်ပြန်စကြသည်။ ဤပဋိညာဉ်၌ပါဝင်သည် ဖြစ်ရာ၊ သူတို့သည်ပွဲခံရန်ရှိသည်။ ထို့ကြောင့် သခင်ဘုရား၏
ပွဲတော်သည် ထာ၀ရကျေးဇူးတော် နှင့်ဆိုင်သောပဋိညာဉ်
တံဆိပ်ခတ်ခြင်း၏ အထိမ်းအမှတ် နှင့် ဘုရားသခင်၏ဂုဏ်တော် ကိုချီးမွမ်းခြင်းဖြစ်သည်။ ပါဝင်သောသူတို့၏ ယုံကြည်ခြင်း
ရှိ သည်အတိုင်း ကောင်းချီး မင်္ဂလာကိုရရှိကြသည်။
၃။ ဒုတိယအကြိမ်ကြွလာခြင်းကိုမျှော်လင့်စောင့်စားခြင်း။ “သင်တို့သည် ဤမုန့် ကိုစား၍ ဤခွက်ကိုသောက်သောအခါခါ၊ သခင်ဘုရားအသေခံတော်မူခြင်းကို ကြွလာ တော်မမူမီ တိုင်အောင်ပြုကြ၏” (၁ကော ၁၁း၂၆)။
ပွဲတော်မင်္ဂလာသည် ကရာနိကုန်းနှင့် ဒုတိယ အကြိမ်ကြွလာခြင်းအကြားကာလကိုလွှမ်းခြုံသည်။
၎င်းသည် လက်ဝါးကပ်တိုင် နှင့် နိုင်ငံတော်ကို
ချိတ်ဆက်သည်။ ၎င်းသည် “ဖြစ်ပြီးသောအရာ” နှင့် ဓမ္မသစ်ကျမ်း၏ အမြင်၏အချုပ်ဖြစ်သော “မဖြစ်သေးသောအရာ”
ကိုဆက်ပေးသည်။
၎င်းသည် ကယ်တင်ရှင်၏ ဆက်ကပ်ပူဇော်ခြင်းနှင့် သူ၏
ဒုတိယအကြိမ် ကြွလာ ခြင်း၊ ကြိုတင်စီမံသော
ကယ်တင်ခြင်းနှင့် အထမြောက်သော ကယ်တင်ခြင်းတို့ကို အတူ တူဆုပ် ကိုင်ထားသည်။ ခရစ်တော်သည် ဝိညာဉ်တော်အားဖြင့်
သူထင်ရှားစွာကြွလာ သည် တိုင် အောင်
ကျွန်ုပ်တို့နှင့်အတူတူရှိနေကြောင်း ၎င်းကကြေညာသည်။
“ဤစပျစ်ရည်မျိုးအသစ်ကို
ငါ့ခမည်းတော်၏နိုင်ငံ၌သင်တို့နှင့်အတူ ငါမသောက် မီနေ့ တိုင်အောင်
ယခုမှစ၍တစ်ဖန်ငါမသောက်ရ” (မ ၂၆း၂၉)
ဟူသောခရစ်တော်၏ သစ္စာကတိသည်
အနာဂတ်ပြောကြားချက်ဖြစ်သည်။
၎င်းသည် ကျွန်ုပ်တို့၏ ယုံကြည် ခြင်းကို နိုင်ငံတော်၌ ကျွန်ုပ်တို့၏ကယ်တင်ရှင်နှင့်အတူ
ပွဲတော်ကျင်းပမည့် အနာဂတ်သို့ လမ်းညွှန်ပေးသည်။
ထိုအခါသမယသည် ကြီးကျယ်ခမ်းနားသော “သိုးသငယ်၏ မင်္ဂလာ ဆောင်ပွဲ” (ဗျာ ၁၉း၉)
ဖြစ်သည်။
ဤပွဲအတွက်ပြင်ဆင်ရန် ခရစ်တော်ကဤသို့ညွှန်ကြားသည်။ “သင်တို့သည် ခါး ပန်းစည်းလျက်၊
ဆီမီးထွန်းလျက်နေသဖြင့်၊ သခင်သည် မင်္ဂလာဆောင်ပွဲမှပြန်လာ၍ တံခါးကိုခေါက်သောအခါ
ချက်ချင်းဖွင့်ခြင်းငှာ သခင်လာမည်ကိုမျှော်လင့်၍ နေသော ကျွန်ကဲ့သို့ရှိနေကြလော့။
အကြင်ကျွန်တို့သည်စောင့်လျက်နေသည်ကို သခင်သည် ပြန် လာ၍တွေ့၏။ ထိုကျွန်တို့သည်မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုသည်ကား၊
သခင်သည် ခါး ပန်းစည်းလျက်
ကျွန်တို့ကို စားပွဲ၌လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ၍ သူတို့အား လုပ် ကျွေးလိမ့်မည်” (လု ၁၂း၃၅-၃၇)။
ဂုဏ်ပြုထမင်းစားပွဲ၌ သူ့နောက်လိုက်များနှင့်အတူစုရုံး၍
ခရစ်တော်သည် ယေရု ရှလင်မြို့ ၌
ပြုခဲ့သည်နည်းတူ ညစာစားပွဲကိုကျင်းပလိမ့်မည်။ သူသည် ကြာမြင့်စွာကပင် ဤ အခွင့် အခါ
ကိုစောင့်မျှော်နေခဲ့ပြီး၊ ယခုတွင် အားလုံးသည်အဆင်သင့်ဖြစ်နေသည်။ သူသည်
မိမိပလ္လင်မှ ကြွ၍၊ တည်ခင်းကျွေးမွေးရန်ရှေ့သို့လှမ်းလာသည်။ လူအားလုံးအံ့ အားသင့်နေကြသည်။ ခရစ်တော်သည်
သူတို့ကိုကျွေးမွေး၍ဂုဏ်ပြုခြင်းကို လုံး၀မထိုက် တန်ဟု သူတို့ခံစားကြ သည်။ သူတို့က “ကျွန်တော်လုပ်ပါရစေ” ဟု ကန့်ကွက်
ကြသည်။ သို့သော် ခရစ်တော်သည် ညင်သာစွာဖြင့်သူတို့ကိုထိုင်ရန် မရမကတောင်းဆို သည်။
“ခရစ်တော်သည်
အစေခံ၏နေရာကိုယူ၍ မိမိကိုယ်ကိုနှိမ့်ချသောအချိန် သခင် ဘုရား၏
ပွဲတော်၏အောက်မေ့ဖွယ်အခါသမယထက်၊ သူသည် မြေကြီးပေါ်တွင်အမှန်တ ကယ်သာ၍ ကြီးမြတ်ခြင်းဘယ်ခါမျှမရှိခဲ့ချေ။
သူ၏သန့်ရှင်းသူများကိုပြုစုစောင့်ရှောက် သောအချိန်ထက် ခရစ်တော်သည်
ကောင်းကင်ဘုံတွင်ဘယ်ခါမျှသာ၍မကြီးမြတ်ချေ။” ဤအရာသည် သခင်
ဘုရား၏ ပွဲတော်ကကျွန်ုပ်တို့ကိုညွှန်ပြသည့် ထာ၀ရနိုင်ငံတော်တွင် ခရစ်တော်နှင့်
အတူကိုယ်တိုင် မိတ်သဟာယဖွဲ့မည့် အနာဂတ်ဘုန်းတော်ဝမ်းမြောက် ခြင်းကို မျှော်လင့်နေခြင်း ဖြစ်သည်။
ပွဲတော်ဝင်ရန်သတ်မှတ်ချက်များ။ ရေနှစ်ခြင်းနှင့် သခင်ဘုရား၏ပွဲတော်သည် ခရစ်ယာန်
ယုံကြည်ခြင်းကိုဖော်ပြသည်။ ရေနှစ်ခြင်းသည် အသင်းတော်ထဲဝင်ရန် ဂိတ် ပေါက်ဖြစ်၍၊ ပွဲတော်သည်
အသင်းဝင်သောသူတို့ကိုအကျိုးဖြစ်စေသည်။ ခရစ်တော် သည် သူ၏ နောက်လိုက်များကို သာပွဲတော်ပေးခဲ့သည်။ ထိုကြောင့်
ပွဲတော်မင်္ဂလာသည် ယုံကြည်သူ ခရစ်ယာန်များအတွက်ဖြစ်သည်။ ကလေးများသည်
ရေနှစ်ခြင်းမခံသေး ပါက၊ အစဉ်အလာ အရ
ပွဲတော်တွင်ပါဝင်ခြင်းမရှိကြချေ။
ပွဲတော်မင်္ဂလာကိုဝင်မည့်ယုံကြည်သူများသည်
သခင်ဘုရားကိုကြည်ညိုရမည်ဟု သမ္မာ ကျမ်းစာကညွှန်ကြားသည်။ အကြောင်းမှာ၊ “သခင်ဘုရား၏မုန့်နှင့်ခွက်ကိုမထိုက်
မတန်ဘဲစားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ကိုယ်တော်နှင့် အသွေးတော်
တို့ကိုပြစ်မှားရာရောက်၏” (၁ကော ၁၁း၂၇)။
ဤမထိုက်တန်သည့်အပြုအမူတွင် “မသင့် လျော်သော အပြုအမူ (၁ကော၊ ၁၁း၂၁) သို့မဟုတ်
ခရစ်တော်၏အပြစ်ဖြေသော ယဇ်ကို ယုံကြည်မှုမရှိ ခြင်းတို့ပါဝင်သည်။” ထိုသို့သောအပြုအမူသည် သခင်ဘုရားအား မရိုမ သေမှုကိုပြသ၍၊ ကယ်တင်ရှင်ကိုငြင်းပယ်ရာရောက်သောကြောင့်
သူ့ကိုကပ်တိုင် တင် သတ်သော သူတို့၏ အပြစ်သည်
သူတို့အပေါ်သင့်သည်ဟုမှတ်ယူနိုင်သည်။
မလျော်မကန်ပွဲတော်ဝင်ခြင်းသည် ဘုရားသခင်ကို
မကျေမချမ်းဖြစ်စေသည်။ မထိုက်မတန် ဘဲစားသောက်သောသူတို့သည် “သခင်ဘုရား၏ ကိုယ်တော်ကို ပိုင်းခြား၍ မသိ သော ကြောင့်၊
မိမိတို့အပေါ်သို့အပြစ်ရောက်စေသည်” (၁ကော ၁၁း၂၉)။
သူတို့သည် သာမန်အစာ နှင့်ခရစ်တော်၏ သေခြင်းကိုပုံဆောင်သည့် ဆက်ကပ်ထားသောမုန့်နှင့်
စပျစ်ရည်ကို မခွဲခြားတတ်ချေ။ “ယုံကြည်သူများသည်
ပွဲတော်မင်္ဂလာကိုသမိုင်းထဲက ဖြစ်ရပ်တစ်ခု၏ အထိမ်းအမှတ်ပွဲအဖြစ်မျှသာ
သဘောမထားရချေ။ ၎င်းသည် ထိုထက် များစွာပိုသည်။
၎င်းသည် အပြစ်ကြောင့် ဘုရားသခင်ပေးဆပ်လိုက်ရသည့် အရာနှင့် ကယ်တင်ရှင်အပေါ် လူသားတို့
အကြွေးတင်သည့်အရာတို့ကို ပြန်လည်သတိပေး သော အရာဖြစ်သည်။
၎င်းသည် ဘုရားသခင့် သားတော်၏အပြစ်ဖြေရာသေခြင်းအပေါ် ယုံ ကြည်သူတစ်ဦး၏ယုံကြည်ခြင်းကို လူအများ ရှေ့၌
သက်သေခံရမည့်တာဝန်ကို စိတ်ထဲ တွင် အမြဲအမှတ်ရစေသော အရာ လည်းဖြစ်သည်။”
ဤသတိပေးချက်ရှုထောင့်မှ၊ ပေါလုသည်
ယုံကြည်သူများကိုသခင်ဘုရား၏ ပွဲတော်၌ မပါဝင်မီ “ကိုယ်ကိုကိုယ်စစ်ကြော” ရန်အကြံပြုသည် (၁ကော ၁၁း၂၈)။ ပွဲ တော်မဝင်မီ၊ ယုံကြည်သူတို့သည် မိမိတို့၏ခရစ်ယာန်အတွေ့အကြုံ၊
အပြစ်ဝန်ချခြင်းနှင့် ပြတ်တောက်သွား သောဆက်ဆံရေးကို
ပြန်လည်ပြုပြင်ခြင်းတို့ကိုဆုတောင်းလျက် ပြန် လည် ဆန်းစစ်ရမည်။
ရှေးဦးမြော်လင့်ခြင်းကို ရှေ့ဆောင်သူတို့၏အတွေ့အကြုံသည်
ထိုသို့သော ဆန်း စစ်ခြင်းသည်
မည်မျှကောင်းချီးမင်္ဂလာဖြစ်သည်ကိုဖော်ပြသည်။ “ကျွန်ုပ်တို့
အသင်းဝင် နည်းနေချိန်စဉ်က၊
ပွဲတော်မင်္ဂလာကျင်းပခြင်းသည် အကျိုးအဖြစ်ထွန်း ဆုံးသောအခါ သမယဖြစ်သည်။ သောကြာနေ့မတိုင်မီ၊ အသင်းသူအသင်းသားတိုင်း သည် သူတို့၏ ညီအစ်ကိုများနှင့်
ဘုရားသခင်ထံတော်မှသူတို့ကိုခွဲခွာစေနိုင်သောအရာ ဟူသမျှကို ရှင်း ထုတ်ပစ်ကြသည်။ စိတ်နှလုံးများကို အနီးကပ်ဆန်းစစ်ကြသည်။
ပုန်းကွယ် နေသော အပြစ်များကို
ဘုရားရှင်ဖော်ပြရန် စိတ်အားထက်သန်စွာဆုတောင်းကြသည်။ ကုန်သွယ် မှုတွင် အလွန်အကျွံပြုခြင်း၊ အလျင် စလို
မသင့်လျော်သောစကားကိုပြောခြင်း၊ မြတ်နိုး နေသောအပြစ်
စသည်တို့ကို ဝန်ချတောင်းပန်၏။ သခင်ဘုရားသည် အနီးသို့ကြွလာပြီး၊
ကျွန်ုပ်တို့သည်များစွာခွန်အားရကြ၏။”
ဤဆန်းစစ်ခြင်းသည် ကိုယ်ပိုင်အလုပ်ဖြစ်သည်။ ၎င်းအတွက်
အခြားသူတို့ကို အစားထိုး ၍မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော်၊
စိတ်နှလုံးကိုအဘယ်သူဖတ်နိုင်သနည်း၊ သို့မဟုတ် စပါးနှင့်ပေါင်းပင်ကို အဘယ်သူခွဲခြား
နိုင်သနည်း။ ကျွန်ုပ်တို့၏ စံနမူနာ ခရစ်တော်သည်
ပွဲတော်တွင်အထူးသီးသန့်ပြုလုပ်ခြင်းကိုငြင်းပယ်သည်။ လူမြင်သူမြင် အပြစ်အပြစ်ပြုသော သူကို ပွဲတော်ဝင်ရန်ချန်လှပ်သော်လည်း
(၁ကော ၅း၁၁)၊ ယေရှု ကိုယ်တိုင်သည်
အပြင်ပန်းဖြင့် နောက်လိုက်အဖြစ်ဝန်ခံ၍ အတွင်း၌သူခိုး၊ သစ္စာဖောက်ဖြစ်သော ယုဒနှင့် အတူပွဲတော် ဝင်ခဲ့သည်။
ပွဲတော်မင်္ဂလာဝင်ရန် သတ်မှတ်ချက်ပြည့်မီသောသူတို့ကို
အသင်းဝင်ဖြစ်ခြင်း အားဖြင့်မဟုတ်၊ ခရစ်တော်ထံအပြည့်အဝဆက်ကပ်အပ်နှံ၍
သူ၏အသေခံခြင်းကို ယုံ ကြည်ခြင်းဟူ
သောစိတ်နှလုံး၏အခြေအနေကအမှတ်အသားပြုသည်။ ထို့ကြောင့် အသင်းတော်အားလုံးက ယုံကြည်သူခရစ်ယာန်များသည်
သခင်ဘုရား၏ပွဲတော်တွင် ပါဝင်နိုင်သည်။
ဤပဋိညာဉ် သစ်၏မဟာပွဲတော်ကို မကြာခဏကျင်းပရန် အားလုံးကို ဖိတ်ခေါ်သည်။ သူတို့၏
ပွဲတော်ဝင် ခြင်းအားဖြင့်ခရစ်တော်ကိုမိမိ၏ ကိုယ်ပိုင်ကယ်တင် ရှင် အဖြစ်လက်ခံခြင်းကို သက်သေခံ ကြ သည်။
- ၀ -
No comments:
Post a Comment