အခန်း - ၃၉
သန့်ရှင်းသူတို့၏ ထာ၀ရအမွေတော်
၁။ ဘုရားသခင်သည် ကမ္ဘာမြေကြီးကို မည်ကဲ့သို့ကြံရွယ်၍ ဖန်ဆင်းတော်မူသနည်း။
မိုးကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာ၀ရဘုရား၊ မြေကြီးကို ပြုပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင်၊ အချည်နှီးဖန်ဆင်းသည်မဟုတ် သတ္တဝါနေစရာဖို့ ဖန်ဆင်းတော်မူသော ဘုရားသခင်မိန့်တော်မူသည်ကား။ (ဟေရှာ၊ ၄၅း၁၈။)
၂။ မတရားသောသူတို့သည် ဤကမ္ဘာမြေကြီးပေါ်မှာ အစဉ်အမြဲနေဖို့ ဘုရားသခင်ကြံစဉ်တော်မူသလော။
ဖြောင့်မတ်သော သူသည် အစဉ်မပြတ်နေရာမှမရွေ့ရ၊ မတရားသောသူမူကား မြေပေါ်မှာအတည်မကျရ။ (သု၊ ၁ဝး၃၀။)
၃။ လူကို သန့်ရှင်းစင်ကြယ်စွာ ဖန်ဆင်းပြီးသည်နောက် ဘုရားသခင်သည် ၎င်းလူပြုလုပ်ဖို့ရန် ဘယ်အမှုအရာကို လွှဲအပ်တော်မူသနည်း။
အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့၊ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင် ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၍ သူတို့ကို ကောင်းချီးပေးတော်မူ၏။ (က၊ ၁း၂၈။)
လူသည် ဖေါက်ပြန်ခြင်းအားဖြင့်ဆုံးရှုံးခြင်း
၄။ လူသည် ဖေါက်ပြန်ခြင်းအားဖြင့် ဘာဆုံးရှုံးသနည်း။
အဖြေ။ လူသည် ဖေါက်ပြန်၍ ဆုံးရှုံးသည်မှာ-
(၁) ဖြောင့်မတ်ခြင်း။
(၂) ဧဒင်ဥယျာဉ်၌နေရခြင်း။
(၃) အသက်ပင်နှင့်ဆိုင်ခြင်း။ (က၊ ၃း၂၂-၂၄)
(၄) မိမိအသက်။ ကိုယ်ခန္ဓာမြေမှုန့်ပြန်ဖြစ်ခြင်း။ (က၊ ၃း၁၉။)
(၅) စာတန်၏ ကျွန်ဖြစ်သောကြောင့် ကမ္ဘာမြေကြီးအုပ်စိုးခြင်း။ (၂ပေ၊ ၂း၁၉။)
(၆) မိမိကိုယ်ကိုအဝတ်ကဲ့သို့ ဖုံးလွှမ်းထားသောဘုန်း။ (က၊ ၃း၇။)
၅။ ခရစ်တော်သည် ဘယ်အကြောင်းကြောင့် ဤလောကသို့ ကြွလာတော်မူသနည်း။
လူသားသည် ပျောက်သောသူတို့ကို ရှာ၍ ကယ်တင်အံ့သောငှာကြွလာသတည်း။ (လု၊ ၁၉း၁၀၊ တ၊ ၃း၂၀၊၂၁။)
မှတ်ချက်။ ဖြောင့်မတ်သောလမ်းကို ပြန်ပေးဖို့ရန် ခရစ်တော်သည် ပထမလူကို အပြစ်ထဲကကယ်နုတ်ရမည်။ ထိုနောက်မြေမှုန့် သို့ပြန်သွားရသော လူ၏ကိုယ်ခန္ဓာကို ထမြောက်ရှင်ပြန်စေ၍ ဖေါက်ပြန်ခြင်းအားဖြင့် ဆုံးရှုံးသောအခွင့်ကျေးဇူးများကို စံစားရန် တစ်ဖန် ပြန်ပေးမည်။
ခပ်သိမ်းသော အရာတို့ကို ခရစ်တော်အားဖြင့်အသစ်ပြုပြင်ခြင်း
၆။ အာဒံ၌သေသော သူတို့အဖို့ ဘာစောင့်နေသနည်း။
သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့ သေသောသူတို့၏ ထမြောက်ခြင်းတရားသည် လူအားဖြင့် တည်လျက်ရှိ၏။ လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်ရကြလတ္တံ့။ (၁ကော၊ ၁၅း၂၁၊၂၂။)
သန့်ရှင်းသူတို့၏ ထာ၀ရအမွေ့တော် ဟောဟန်အား ကောင်းကင်တမန်က
သန့်ရှင်းသူတို့ခံစားရမည့် နိုင်ငံတော်ပြနေပုံ
၇။ ဘာအဖို့ဤလောကဓါတ်ကို သိုထားသနည်း။
ဖြစ်ဖူးသော လောကဓါတ်ကို ထိုသို့အားဖြင့် ရေနှင့်လွှမ်းမြှုပ်၍ ဖျက်ဆီးကြောင်းကို ထိုသူတို့သည် မှတ်မိချင်သော စိတ်မရှိကြ။ ယခုရှိသော မိုးကောင်းကင်နှင့်မြေကြီးမူကား တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသောနေ့ရက်တိုင်အောင် ထိုနှုတ်ထွက်တရားတော်အားဖြင့် သိုထားလျက်ရှိ၍ မီးရှို့ခြင်းအဖို့အလိုငှာ နေရစ်သတည်း။ (၂ပေ၊ ၃း၆-၁၃။)
မှတ်ချက်။ သမ္မာကျမ်းစာထဲတွင် လောကဓါတ်သုံးခုအကြောင်း ဖေါ်ပြသည်မှာ၊ ရေလွှမ်းမမိုးမီရှိခဲ့သော ကမ္ဘာ။ ယခုရှိသော ကမ္ဘာ။ နောက်လာလတ္တံ့သောကမ္ဘာ။ (ဟေဗြဲ၊ ၂း၅။ ၆း၅။ လု၊ ၂ဝး၃၄၊၃၅။) ရေလွှမ်းမမိုးမီရှိသော ကမ္ဘာသည် ရေလွှမ်းမိုးသည်အတွက် ပျက်စီးရသည်။ ယခုရှိသော ကမ္ဘာသည် တရားစီရင်ရာဆုံးဖြတ်ရာနေ့တွင် မီးအိုင်ထဲ၌ ပျက်စီးရလိမ့်မည်။
၈။ ဤကမ္ဘာကြီးပျက်စီးသည်နောက် ၎င်းအစားဘာရှိလိမ့်မည်နည်း။
ကြည်ရှုလော့။ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အလျင်မိုးကောင်းကင်နှင့် မြေကြီးကိုမအောက်မေ့ရ။ နှလုံးမမှတ်မိရ။ (ဟေရှာ၊ ၆၅း၁၇-၂၅။ ဗျာ၊ ၂၁း၁။ ၂ပေ၊၃း၁၃။)
၉။ အောင်မြင်သောသူတို့အား ဘာအခွင့်ပေးမည်နည်း။
အကြင်သူသည် အောင်မြင်၏။ ထိုသူသည် ငါ၏ဘုရားသခင် ပရဒိဥယျာဉ်ရှိသော အသက်ပင်၏အသီးကိုစားစေခြင်းငှာ ငါအခွင့်ပေးမည်။ (ဗျာဒိတ်၊ ၂း၇။ ၂၂း၁၄။)
၁၀။ လူသည်ဘုရားသခင်၏ မျက်နှာတော်ကို တစ်ဖန်မြင်ရသောအခွင့် ရမည်လော့။
မျက်နှာတော်ကိုမြင်ရ၍ သူတို့နဖူး၌လည်း နာမတော်ရေးထားလျက်ရှိလိမ့်နည်း။ (ဗျာ၊ ၂၂း၄။)
၁၁။ ကမ္ဘာသစ်၏ ရွှေမြို့တော်ကား ဘယ်မြို့ကြီးဖြစ်သနည်း။
သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ်သည် မိမိခင်ပွန်းဖို့ တန်ဆာဆင်သော မင်္ဂလာဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော် ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ (ဗျာ၊ ၂၁း၂။)
၁၂။ ဤလှပတင့်တယ်သော ရွှေမြို့တော်နှင့် မြို့သူမြို့သားများအကြောင်းကို အဘယ်ကဲ့သို့ထပ်မံ၍ ရေးသားဖော်ပြထားသနည်း။
အဖြေ။ (ဗျာ။ ၂၁။ ၂၂း၁-၆။)
၁၃။ ကမ္ဘာသစ်၏လှပတင့်တယ်သော အဆင်းသဏ္ဌာန်မျာအကြောင်းကို သမ္မာကျမ်းစာတွင် ဘယ်နေရာမှာဖော်ပြထားသနည်း။
အဖြေ။ (ဟေရှာယ၊ ၃၅။ ၆၅း၁၇-၂၅။ ၆၆း၂၂၊ ၂၃။)
မှတ်ချက်။ ဤသို့အားဖြင့်လူသည် ဖောက်ပြန်၍ဆုံးရှုံးခဲ့သော အရာအလုံးစုံတို့ကို ကမ္ဘာသစ်၌ ပြန်ရ၍ ဘုရားသခင်၏ အကြံတော်သည် ပြည့်စုံခြင်းသို့ရောက်လိမ့်မည်။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် အညီ တစ်သဏ္ဌာန်တည်း ဖန်ဆင်းထား၍ ဖြောင့်မတ်သော လူမျိုးတစ်မျိုးသည် ဤကမ္ဘာပေါ်တွင်နေရမည်။ ဖောက်ပြန်ခြင်းအတွက်ကြောင့် ကျွန်ုပ်တို့၏ မူလမိဘနှစ်ပါးတို့သည် ကြာမြင့်စွာ ဆုံးရှုံးသည့် နေရာဌာနမှာရှိသော အသီးများကို ကြည့်မြင်ရုံမျှမက သုံးဆောင်ဖို့ရန် အခွင့်ကို ရွေးနုတ်ခြင်းခံရသော သူတို့သည် ရကြလိမ့်မည်။
အာဗြဟံနှင့် သူ၏ အမျိုးအနွယ်အားထားတော်မူသော
ကတိတော်ပြည့်စုံခြင်း
၁၄။ အာဗြဟံနှင့် သူ၏ အမျိုးအနွယ်ကို ဘာအထူးကတိထားတော်မူသနည်း။
ထိုမှတစ်ပါး ဤလောကကိုအမွေခံစေမည်ဟု ကတိတော်ကို အာဗြဟံမှစသော သူ၏အမျိုးအနွယ်တို့သည် ပညတ်တရားအားဖြင့် ရကြသည်မဟုတ်၊ ယုံကြည်ခြင်း၏ ဖြောင့်မတ်ခြင်းအားဖြင့် ရကြ၏။ (ရော၊၄း၁၃။ က၊ ၁၃း၁၂၊၁၅။ ယေဇ၊ ၃၇း၁၂-၁၄။)
၁၅။ ထိုကတိတော်အတွက်ကြောင့် အာဗြဟံသည် ဘာကိုမျှော်လင့်သနည်း။
ဘုရားသခင်တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသော မြို့ကိုမျှော်လင့်သတည်း။ (ဟေဗြဲ၊ ၁၁း၈-၁၆။)
၁၆။ အာဗြဟံနှင့် သူ၏ အမျိုးအနွယ်တို့သည် ဤလောကတွင်အသက်ရှင်နေစဉ်အခါ ဤကတိတော်တို့သည် မည်သည့်အခါ၌ ပြည့်စုံခဲ့ဖူးပြီနည်း။
ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည် ကတိတော်နှင့် စပ်ဆိုင်သော အကျိုးကျေးဇူးကိုမခံရဘဲ အဝေးက မြော်မြင်လျက် စိတ်နှလုံးနှင့်ဖက်ယမ်းလျက် မိမိတို့သည် မြေကြီးပေါ်မှာ တစ်ကျွန်းသူတစ်နိုင်ငံသား ဧည့်သည်ဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက် ယုံကြည်ခြင်းစိတ်နှင့် သေလွန်ကြ၏။ . . . . ထိုကြောင့်ဘုရားသခင်သည် သူတို့၏ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကို ရှက်တော်မမူ။ သူတို့ နေစရာဖို့ မြို့ကို တည်ထောင်တော်မူပြီ။ (ဟေဗြဲ၊ ၁၁း၁၃-၁၆။)
မှတ်ချက်။ ထိုကြောင့် အာဗြဟံနှင့် သူ၏အမျိုးအနွယ်အားထားတော်မူသော ကတိတော်သည် နောင်လာလတ္တံ့သောကမ္ဘာတည်းဟူသော မြေကြီးသစ်၌ပြည့်စုံလိမ့်မည်။
ဣသရေလ လူစစ်
၁၇။ ဤကတိတော်တို့ကို ထားခြင်းခံရသော အာဗြဟံ၏ အမျိုးအနွယ် အစစ်မည်သူနည်း။
ယုံကြည်ခြင်းရှိသောသူသည် အာဗြဟံ၏သားဖြစ်သည်ဟု အမှန်သိမှတ်ကြလော့။ . . ခရစ်တော်နှင့် စပ်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွယ်ပင်ဖြစ်၍ ကတိတော်အတိုင်းအမွေခံ၏ အရာ၌တည်ကြ၏။ (ဂလ၊
၃း၇၊ ၁၆၊၂၉။)
၁၈။ လူတစ်ယောက်သည် ဇာတိအားဖြင့် အာဗြဟံမှ ဆင်းသက်သော ယုဒလူဖြစ်သောကြောင့် ကတိတော်ကို အမွေခံထိုက်သော သူဖြစ်သလော။
ဣသရေလနှင့်ဆက်နွယ်သော သူအပေါင်းတို့သည် ဣသရေလလူမှန်မဟုတ်။ ထိုနည်းတူ အာဗြဟံ၏အမျိုးအနွယ်ဖြစ်သော သူအပေါင်းတို့သည် အာဗြဟံ၏ သားမှန်မဟုတ်။ . . . . ထိုကြောင့်၊ ဇာတိအမျိုးသားတို့သည် ဘုရားသခင်၏ သားမှန်မဟုတ်။ ကတိတော်နှင့်ဆိုင်သော သားတို့သည် အမျိုးအနွယ်မှန်သည်ဟု မှတ်တော်မူ၏။ (ရော၊ ၉း၅-၈။ ၂း၂၈၊၂၉။ ဂလ၊ ၆း၁၅၊ ၁၆။)
မှတ်ချက်။ ဘုရားသခင်သည် မြေကြီးသစ်ကို ပေးမည်ဟူ၍ ကတိထားတော်မူခြင်းနှင့် ယေရုရှလင်မြို့သစ်ကို ပြင်ဆင်ထားခြင်းတို့သည် ဣသရေလအာဗြဟံ၏ အမျိုးအနွယ်တို့သာ ဖြစ်သည်။ တခြားလူတို့အဖို့မဟုတ်။ ကာလအစဉ်အဆက် ဝိညာဉ်တော်နှင့် မွေးဖွားခြင်းကို ခံရသော သူတည်းဟူသော ခရစ်တော်၏ လူအဖို့သာဖြစ်ကြောင်း ထင်ရှားသည်။
၁၉။ ထိုကြောင့်ခရစ်တော်အားဖြင့် ကယ်တင်ခြင်းခံရသောသူတို့သည် ဘယ်အရာကိုအမွေခံရမည်နည်း။
စိတ်နူးညံ့သိမ်မွေ့သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတ္တံ့။ (မ၊ ၅း၅။ ၁၉း၂၇-၃၀။ ဆာ၊ ၃၇း၉-၁၁၊၃၄။)
No comments:
Post a Comment