မှော်အတတ်
၁။ အချို့သောသူတို့သည် ရှေးကာလတွင် မှော်နှင့်ဆိုင်သော အတတ်တို့ကို ယုံကြည်ကြသလော။
အဖြေ။ ယုံကြည်ကြသည်။ (ဝတ်၊ ၁၉း၃၁။ ၁ရာ၊ ၂၈း၆၊ ၇။ ဒံ၊ ၂း၂၊ ၂၇။)
၂။ သူတို့တစ်ဖက်၌ ဘုရားသခင်သည် မည်ကဲ့သို့ထောက်ထားသနည်း။
ပြုစားတတ်သောသူတို့တစ်ဖက်၌ ငါသည်လျင်မြန်သော သက်သေဖြစ်မည်။ (မာလ၊ ၃း၅။)
၃။ သူတို့၏မစခြင်းကို လိုက်ရှာသောသူတို့အား ဘုရားသခင်သည် မည်ကဲ့သို့ ထောက်ထားတော်မူသနည်း။
လမ်းလွဲ၍နတ်ဝင်သူ၊ စုန်းလုပ်သူနောက်သို့ လိုက်လျက်မှားယွင်းသောသူကို ငါသည်မျက်နှာထား၍ သူ၏အမျိုးမှပယ်ရှင်းမည်။ (ဝတ်၊ ၂ဝး၆။ တရား၊ ၁၈း၉-၁၂။)
၄။ ရှင်ပေါလုသည်ပြုစားခြင်းကို မည်ကဲ့သို့သော မတရားပြုခြင်းတို့နှင့် တန်းတူ၌ထားသနည်း။
ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင်တို့မူကား သူမယားကို ပြစ်မှားခြင်း၊ မတရားသော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ လွန်ကျူးခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ ရန်ညှိုးဖွဲ့ခြင်း၊ ရန်တွေခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူအကျိုးကို ငြူစူခြင်း၊လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုးကိုသောက်ကျူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သောအကျင့်ပေတည်း။ (ဂလ၊ ၅း၁၉-၂၁။)
၅။ ၎င်းအရာတို့ကို ပြုလုပ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်နိုင်သလော။
ထိုသို့သော အကျင့်ကိုကျင့်သော သူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။ (ငယ်၊ ၂၁း၈။ ၂၂း၁၅။)
၆။ မှော်အတတ်နှင့်ဆိုင်သောဆရာတို့ထံသို့ခေါ်လျှင် ကျွန်ုပ်တို့ဘာလုပ်ရမည်နည်း။
တိုးတိုးပြော၍ မန္တန်သရဇ္စျာယ်တတ်သောနတ်ဝင်နှင့် စုန်းတို့၌ ဆည်းကပ်ကြလော့ဟု သင်တို့အားဆိုလျှင်မူကား၊ လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်းကပ်အပ်သလော။ အသက်ရှင်သောသူ၏အမှုမှာ အသက်သေသောသူ၌ ဆည်းကပ်အပ်သလော။ (ဟေရှာ၊ ၈း၁၉။)
၇။ လောက၌ရှိသောဝိညာဉ်တို့ကို ဘယ်အရာနှင့်စုံစမ်းရမည်နည်း။
တရားတော်ကိုလည်းကောင်း၊ သက်သေခံတော်မူချက်ကိုလည်းကောင်း နားထောင်ကြကုန်။ သူတို့ပြောသောစကားသည် နှုတ်ထွက်တရားတော်နှင့်မညီလျှင် သူတို့၌အာရုဏ်မတက်သေး။ (ငယ်၊ ၂၀။ ၁ယော၊ ၄း၁-၃။)
၈။ ဘုရားသခင်၏နှုတ်ထွက်တရားတော်ကို ဆန့်ကျင့်ဘက်ပြုသော ခရစ်ယာန်တရား ပေးသူ၏ အံ့ဖွယ်သော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုများကို ယုံကြည်အပ်သလော။
အဖြေ။ မယုံကြည်အပ်။ (တရား၊ ၁၃း၁-၃။)
၉။ နတ်ဆိုးဝိညာဉ်တို့သည် နိမိတ်လက္ခဏာအံ့ဖွယ်သောအမှုများကို ပြုနိုင်ကြသလော။
နိမိတ်လက္ခဏာတို့ကို ပြသော နတ်ဆိုး၏ ဝိညာဉ်ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတစ်နိုင်ငံလုံးတွင် ရှိသော ရှင်ဘုရင်တို့ထံသို့ ထွက်သွား၍ တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလို့ငှာ စုဝေးစေကြ၏။ (ဗျာ၊ ၁၆း၁၄။မ၊ ၂၄း၂၄။ ၂သက်၊ ၂း၈-၁၀။ ဗျာ၊ ၁၃း၁၁-၁၅။)
မှတ်ချက်။ မှောင်မိုက်နှင့်ဆိုင်သောအတတ်၏ ကြီးသောရည်မှန်းချက်သည် သေသူ၏ဝိညာဉ်ရှင်နေကြောင့် သွန်သင်ခြင်း ဖြစ်သည်။ ပြုစားသောသူတို့ကို အုပ်ချုပ်သော နတ်ဆိုးဝိညာဉ်သည် သေသူ၏အသံ၊ လက်ရေးသဏ္ဌာန်၊ ၎င်းပြင် ထိုသေသူတို့နှင့် ဆိုင်သောအရာများ၏ အယောင်ကိုဆောင်သည်။ ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ပယ်ဖျက်ခြင်းငှါ ၎င်းနတ်ဆိုးသည် လူနှင့်စကားပြော၍ အံ့ဖွယ်သောအမှုများကို ပြုတတ်သည်။
၁၀။ သေသူသည်ဘာသိသနည်း။
အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်း မခံရ။ သူ့ကိုလည်း မေ့လျော့တတ်ကြ၏။ သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်းပျောက်ပျက်၏။ (ဒေ၊ ၉း၅၊ ၆။ ယောဘ၊ ၁၄း၂၀၊၂၁။)
၁၁။ နောက်ဆုံးနေ့များတို့၌ ယုံကြည်ခြင်းကို စွန့်ပယ်သော အချို့လူတို့သည် ဘာလုပ်ကြမည်နည်း။
ဝိညာဉ်တော်သည် အတိအလင်းဖော်ပြထား တော်မူသည်ကား၊ နောင်ကာလ၌ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍ လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌ လည်းကောင်း၊ နတ်ဘုရားတို့နှင့် စပ်ဆိုင်သောဩဝါဒတို့၌လည်းကောင်း မှီဝဲဆည်းကပ် ကြလိမ့်မည်။ (၁တိ၊ ၄း၁၊၂။)
၁၂။ စာတန်နှင့်သူ၏ ကိုယ်စားလှယ်တို့သည် လူများတို့အားအဘယ်သို့ လိမ်လည်လှည့်ဖြားကြသနည်း။
အကြောင်းမူကား၊ ထိုသူတို့သည် အတုအယောင်တမန်တော်ဖြစ်ကြ၏။ ခရစ်တော်၏ တမန်ဖြစ်ယောင်ဆာင်၍ လှည့်ဖြားတတ်သောအမှုစောင့်ဖြစ်ကြ၏။ ဤအမှုသည် အံ့ဩဖွယ်ဖြစ်သည်မဟုတ်၊ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။ (၂ကော၊ ၁၁း၁၃၊ ၁၄။)
၁၃။ သမ္မတရားနှင့်အတုအယောင်တရား အဘယ်သို့ သိနိုင်သနည်း။
ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။ (ယော၊ ၁၇း၁၇။ မ၊ ၄း၁၄၊ ၇၊ ၁၀။ ၁ယော၊ ၄း၁-၃။ ဟေရှာ၊ ၈း၂၀။)
၁၄။ ၎င်းနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုများကိုတွေ့မြင်သောအခါ ဘာချက်ချင်းဖြစ်မည်နည်း။
ပယ်ရှင်းခြင်းသို့ရောက်သောအခါ ထိုအပြစ်သားသည် ထင်ရှားလိမ့်မည်။ ထိုအပြစ်သားကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍ ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။ (၂သက်၊ ၂း၈၊၉ နှင့် မ၊ ၇း၂၁-၂၃။ ဗျာ၊ ၆း၁၄-၁၇ ပြန်ကြည့်ပါ။)
No comments:
Post a Comment