အခန်း - ၇
ခရစ်တော်၌ ထာ၀ရအသက်
၁။ လူအပေါင်းတို့သည် ဇာတိပကတိအတိုင်း ဘယ်ကဲ့သို့ ဖြစ်နေသနည်း။
ငါမူကား၊ ဇာတိပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏။ (ရော၊ ၇း၁၄။) လူအပေါင်းတို့သည် အပြစ်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ။ (ရော၊ ၃း၂၃။ ဂလ၊ ၃း၂၂။)
၂။ ဤအခြေအနေထဲမှာ ရှိသောကြောင့် ဘာအကျိုးဖြစ်မည်နည်း။
အပြစ်တရား၏ အခကားသေခြင်းပေတည်း။ (ရော၊ ၆း၂၃။)
၃။ သေခြင်းသို့ လူမည်မျှရောက်ရသနည်း။
ဤအကြောင်းအရာဟူမူကား အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။ (ရော၊ ၅း၁၂။)
၄။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးသည် ဘယ်အရာနည်း။
ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ထာ၀ရအသက်ပေတည်း။ (ရော၊ ၆း၂၃။ ဆာ၊ ၂၁း၄။)
၅။ ၎င်းဆုကျေးဇူးတော်သည် ယခုအခါ ဘယ်သူ၌ ရှိနေသနည်း။
သက်သေခံချက်ဟူမူကား ဘုရားသခင်သည် ငါတို့အား ထာ၀ရအသက်ကို ပေးတော်မူ၍ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ (ယော၊ ၅း၁၁၊ ၁ကော၊ ၁၅း၂၁၊ ၂၀။)
၆။ ထိုအသက်ကို အဘယ်သူရနိုင်သနည်း။
- အလိုရှိသောသူသည် အဖိုးကို မပေးဘဲ အသက်ရေကိုယူပါစေ။ (ဗျာ၊ ၂၂း၁၇။)
- သားတော်ကို ရသောသူသည် အသက်ကိုရ၏ ဘုရားသခင်၏။ သားတော်ကိုမရသောသူမူကား အသက်ကိုမရ။ (၁ယော၊ ၅း၁၂။)
သခင်ခရစ်တော်၏ လက်ဝါးကပ်တိုင်တော်သို့ ချဉ်းကပ်သောသူတို့သည်
ထာ၀ရအသက်ကို ရရှိကြမည်။
၇။ ထာ၀ရအသက်ရခြင်းမှာ ခရစ်တော်ကို အဘယ်သို့ ခံယူရသနည်း။
ငါ့ကိုယုံကြည်သောသူသည် ထာ၀ရအသက်ကို ရ၏။ (ယော၊ ၆း၄၇။ ၃း၃၆။)
၈။ ခရစ်တော်ကို ခံယူပြီးမှာ ဘယ်အခြေမျိုး၌ ရှိနေသနည်း။
ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ယခု ရှင်သော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် တည်၏။ (ဂလ၊ ၂း၂၀။)
၉။ ခရစ်တော်သည် အဘယ်အကြောင်းကြောင့် အသေသတ်ခြင်းခံတော်မူသနည်း။
ထိုသခင်သည် သေခြင်းအကြောင်းကို ပယ်ရှား၍ အသက်ရှင်ခြင်း အကြောင်းနှင့် မဖောက်ပြန်ခြင်း အကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။ (၂တိ ၁း၁၀။ ဟေဗြဲ ၂း၁၄၊ ၁၅။ ယော ၃း၁၄၊ ၁၅။)
၁၀။ ခရစ်တော်အသေခံဖို့ရန် ဘယ်သောအခါက ကြံစည်ထားတော်မူသနည်း။
ထိုခရစ်တော်ကား၊ ဤကမ္ဘာမတည်မရှိမီခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ (၁ပေ၊ ၁း၁၈-၂၀။ တိ၊ ၁း၁၊၂။)
၁၁။ အာဗြဟံအားပေးထားသော ကတိတော်သည် အဘယ်သူ၌ပြည့်စုံသနည်း။
ထာ၀ရဘုရားသည် အာဗြံအားထင်ရှား၍ ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော်မူ၏။ (က၊ ၁၂း၇။)
၁၂။ ဤကတိတော်၌ လူမည်မျှပါဝင်သနည်း။
ဘုရားသခင်သည် အာဗြဟံကို သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။ (တ၊ ၃း၂၅။)
၁၃။ အမျိုးအနွယ်သည် ဘယ်သူဖြစ်သနည်း။
အမျိုးအနွယ်တို့ဟု အများသော သူတို့ကို ရည်မှတ်၍ မိန့်တော်မူသည်မဟုတ်။ သင်၏အမျိုးအနွယ်ဟု တစ်ယောက်သောသူတို့ ရည်မှတ်၍မိန့်တော်မူ၏။ ထိုတစ်ယောက်သောသူကား ခရစ်တော်ဖြစ်သတည်း။ (ဂလ၊ ၃း၁၆။)
၁၄။ "အမျိုးအနွယ်" သည်ခရစ်တော် ဖြစ်လျှင် ကျွန်ုပ်တို့သည် ကတိတော်ကိုအဘယ်သို့ ရမည်နည်း။
ယခုမူကား၊ ယုံကြည်သောသူတို့သည် ယေရှုခရစ်ကို ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ကတိတော်ကို ရမည်အကြောင်း ကျမ်းစာသည် လူအပေါင်းတို့ကိုအပြစ်၌ ချုပ်ထား၏။ (ဂလ၊ ၃း၂၂။)
၁၅။ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ကို လက်ခံပြီးသည်နောက်ကိုယ်တော်သည် ကျွန်ုပ်တို့အဖို့ ဘာဖြစ်သနည်း။
ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။ (ယော၊ ၁၄း၆။)
၁၆။ ခမည်းတော်ထံသို့ တခြားလမ်းမရှိသောကြောင့် ဘုရားသခင်နှင့်ဘယ်ကဲ့သို့ မိတ်သဟာယဖွဲ့ရမည်နည်း။
ထိုသခင်၏ နာမတော်မှတစ်ပါး၊ ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။ (တ၊ ၄း၁၂။ ၁ကော၊ ၃း၁၀။)
၁၇။ လူအပေါင်းတို့သည် ဘုရားသခင်၏ သားသမီးအဖြစ်သို့ ဘယ်ကဲ့သို့ ရောက်လာကြသနည်း။
အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ သားဖြစ်ကြ၏။ (ဂလ၊ ၃း၂၆။)
၁၈။ ဘုရားသခင်၏ သားသမီး ဖြစ်ကြလျှင် ဘာမျှော်လင့်စရာ ရှိသနည်း။
သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်အကြောင်းကို ထိုသခင်နှင့်အတူ ဆင်းရဲ ဒုက္ခကိုခံရလျှင် ထိုသခင်နှင့်ဆက်ဆံသော အမွေခံလည်း ဖြစ်ကြ၏။ (ရော၊ ၈း၁၇။)
၁၉။ ခရစ်တော်အားဖြင့် အမွေခံအရာသို့ ပြန်ရောက်စေလျှင် ကျွန်ုပ်တို့ ဘာမျှော်လင့်ခြင်း ရှိသနည်း။
အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၍ ထာ၀ရအသက်ကို မျှော်လင့်သည်နှင့်အညီ အမွေခံဖြစ်မည် အကြောင်းတည်း။ (တိ၊ ၃း၇။ ယော၊ ၁၇း၂၊၃။ ၁ဝး၁၀။)
No comments:
Post a Comment