Wednesday, March 19, 2025

အခန်း - ၄၈

မသေနိုင်သောအဖြစ်


၁။ မသေနိုင်သောအဖြစ်၏ အဓိပ္ပါယ် အဘယ်သို့နည်း။

အဖြေ။ သေခြင်းနှင့်ကင်းလွတ်ခြင်း၊ အမြဲတည်ခြင်း၊ မပျက်စီးနိုင်ခြင်း၊ မဖောက်ပြန်ခြင်း။

၂။ အသက်ပေးဖို့ရန် အာဒံ၏ နှာခေါင်းထဲသို့ ဘာကို မှုတ်သွင်းသနည်း။

        ထိုနောက်၊ ထာ၀ရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့်လူကို ဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီ၀အသက်ကို မှုတ်တော်မူလျှင် လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။ (က၊ ၂း၇။)

၃။ ဇီ၀အသက်သည် လူမှတစ်ပါး အခြားသတ္တဝါတို့၌ ရှိသလော။

        အသက်ရှင်သော သတ္တဝါအပေါင်းတို့၏ ဇီ၀အသက်နှင့် လူသတ္တဝါအပေါင်းတို့၏ ထွက်သက်ဝင်သက်သည် ဘုရားသခင်လက်တော်၍ရှိ၏။ (ယောဘ၊ ၁၂း၁၀။ က၊ ၇း၁၅၊၂၁၊ ၂၂ မူနှင့် အင်္ဂလိပ်မှာ ကြည့်ပါ။)

၄။ တိရစ္ဆာန်သည် အသက်ရှင်သော သတ္တဝါဖြစ်သလော။

        ဒုတိယကောင်းကင်တမန်သည် မိမိဖလားကိုပင်လယ်ပေါ်သို့ သွန်းလောင်းလျှင် ပင်လယ်သည် လူသေ၏ အသွေးကဲ့သို့သော အသွေးဖြစ်၏။ ပင်လယ်၌ အသက်ရှင်သော သတ္တဝါအပေါင်းတို့သည် သေကြ၏။ (ဗျာ၊ ၁၆း၃။ က၊ ၈း၁၊ ၂၁။ ၁း၂၀၊၂၁၊ ၂၄။ ဆာ၊ ၁၄၅း၁၆။)

၅။ တိရစ္ဆာန်နှင့် လူသည် အသက်တစ်မျိုးတည်းဖြစ်သလော။

        လူသားတွေ့ကြုံသောအမှုကို တိရစ္ဆာန်တွေ့ကြုံတတ်၏။ တစ်ဦးသေသကဲ့သို့ တစ်ဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တစ်မျိုးတည်; ရှိကြ၏။ သို့ဖြစ်၍လူသည် (သေခြင်း၌) တိရစ္ဆာန်ထက် ထူးမြတ်သောအကြောင်းမရှိ။ အလုံးစုံတို့သည် မမြဲသောအရာဖြစ်ကြ၏။ (ဒေ၊ ၃း၁၉။ ယောဘ၊ ၃၄း၁၄၊ ၁၅။)

မှတ်ချက်။ ဇီ၀အသက်သည် လူ၏နှာခေါင်းထဲသို့ ဘုရားသခင်မှုတ်သွင်းတော်မူသော အရာဖြစ်သည်။ ဤမှတ်သွင်းသောအရာသည် လူ၏နှာခေါင်း၌ ရှိနေစဉ်အသက်ရှင်သည်။ (ယော၊ ၂၇း၃) တိရစ္ဆာန်များမှာလည်း ၎င်းအသက်မျိုးရှိသည်။ (ဒေ၊ ၃း၁၉။ ယောဘ၊ ၁ဝး၁၂) ဤဇီ၀အသက်သည် ကျွန်ုပ်တို့ရှူနေသောလေဖြစ်၏။ (ယေဇ၊ ၃၇း၉၊၁၀။) ဤ (အသက်) ူသောလေကို ရုပ်သိမ်းတော်မူသောအခါ လူသည်သေ၍ ဖန်ဆင်းသော မြေမှုန့်သို့ ပြန်ရသည်။ (ဆာ၊ ၁၀၄း၂၉၊ ၃၀။)


သခင်ယေရှုသည် မသေနိုင်သော အဖြစ်နှင့် ထမြောက်တော်မူ၏။


၆။ လူကို မသေသောအဖြစ်နှင့်ဖန်ဆင်းသလော။

        ထိုအပင်၏ အသီးကိုကားမစားရ။ စားသောနေ့တွင် ဧကန်အမှန် သေရမည်ဟုလူကို ပညတ်ထားတော်မူ၏။ (က၊ ၂း၁၇။)

၇။ ထာ၀ရအမွေကို ခံစားဖို့ ပြင်ဆင်ခြင်းငှာ သန့်ရှင်းသောသူတို့သည် ဘာပြောင်းလဲခြင်းခံရမည်နည်း။

        ယခုမျက်မှောက် ပုပ်တတ်သောအရာသည် အပုပ်နိုင်သော အဖြစ်သို့ဝင်စားရမည်။ ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။ (၁ကော၊ ၁၅း၅၃။)

၈။ ဝိညာဉ်သည် သေတတ်သလော။

        ဝိညာဉ်အပေါင်းတို့ကို ငါပိုင်၏။ အဘ၏ဝိညာဉ်ကို ငါပိုင်သကဲ့သို့သား၏ ဝိညာဉ်ကိုလည်း ငါပိုင်၏။ ပြစ်မှားသော ဝိညာဉ်သည် အသက်သေရမည်။ ယေဇ၊ ၁၈း၄ မ၊ ၁ဝး၂၈။ (ယေဇ၊ ၁၈း၂၀။ ဆာ၊ ၇၈း၅၀။ ၃၃း၁၉ မူရင်းနှင့် အင်္ဂလိပ်မှာကြည့်ပါ။)

၉။ လက်ဝါးကပ်တိုင်ပေါ်မှာ ခရစ်တော်၏ ဝိညာဉ်သည်သေသလော။

        ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း သင်တို့အား ရှေးဦးစွာအပ်ပေးသော အကြောင်းအရာဟူမူကား ခရစ်တော်သည် ကျမ်းစာလာသည်အကြောင်းအရာဟူမူကား ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ (၁ကော၊ ၁၅း၃။ ယောဘ၊ ၃၃း၂၁၊ ၂၂။ ဟေရှာ၊ ၅၃း၁၀။ ဆာ၊ ၂၂း၂၉။ မ၊ ၂၆း၃၈ မူရင်းနှင့် အင်္ဂလိပ်မှာကြည့်ပါ။)

၁၀။ ကျမ်းစာ၌မရဏာနှင့် ကင်းလွတ်သော၊ အမြဲတည်သော၊ မပျက်စီးနိုင်သော၊ မဖောက်ပြန်သော ၎င်းစကားများကို ဘယ်သို့သုံးသနည်း။

အဖြေ။ ရော ၁း၂၃။ ၂း၇။ ၁ကော၊ ၁၅း၄၂၊ ၅၀၊ ၅၂၊ ၅၃၊ ၅၄။ ၁တိ၊ ၁း၁၇။ ၆း၁၆။ ၂တိ ၁း၁၀။ ၁ပေ ၁း၂၄။ ၃း၄။ ဤကျမ်းချက်များတို့၌ ဘုရားသခင်၊ နှုတ်ကပါဌ်တော်၊ တည်ထောင်မည့်နိုင်ငံ၊ သန့်ရှင်းသောသူတို့အား ပေးမည့်အမွေတော်တို့နှင့် ဆိုင်သော စကားများသာဖြစ်သည်။ ယခုသူတို့၏အခြေအနေနှင့်ဆိုင်သောစကား မဟုတ်၊ တစ်ခါမျှလည်းမသုံးစဖူး။

၁၁။ မည်သူသာလျှင် သေခြင်းနှင့် ကင်းလွတ်သနည်း။

        သေခြင်းနှင့်ကင်းလွတ်သူ၊ တစ်ပါးတည်းဖြစ်တော်မူထသော။ (၁တိ၊ ၆း၁၅။ ၁း၁၇။)

၁၂။ ထာ၀ရအသက်ရခြင်းငှာ ဘာကိုရှာရမည်နည်း။

        ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့အကျင့်နှင့်အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတ္တံ့။ ကောင်းသောအကျင့်ကို အမြဲကျင့်၍ ဘုန်းအသရေကိုလည်းကောင်း၊ မဖောက်ပြန်သော ဇာတိကိုလည်းကောင်း ရှာသောသူတို့အား ထာ၀ရအသက်ကို ပေးတော်မူလတ္တံ့။ (ရော၊ ၂း၆၊ ၇။)

မှတ်ချက်။ ရှိနေသောအရာကို လူတို့သည်ရှာအပ်သလော။

၁၃။ မဖောက်ပြန်သောကျေးဇူးတော်ကို မည်သူအား ပေးဖူးပြီသနည်း။

        အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်၌အသက်ရှိတော်မူသည်နည်းတူ သားတော်သည် မိမိ၌အသက်ရှိရသောအခွင့်ကို ပေးတော်မူ၏။ (ယော၊ ၅း၂၆။ ၁း၄။ ၁ယော၊ ၅း၁၁။)

၁၄။ ဤကျေးဇူးတော်ကိုရမည်အကြောင်း လူသည်ဧကန်အမှန်မည်ကဲ့သို့ သိနိုင်သနည်း။

        သားတော်ကိုကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာ၀ရအသက်ကို ရစေခြင်းငှာ ၎င်းအလိုတော်ရှိ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်။ (ယော၊ ၆း၄၀။ ၅း၂၄။ ၈း၅၁။ ၂ဝး၃၁။)

၁၅။ ၎င်းကျေးဇူးတော်ရဖို့ အခွင့်ကို လူသည် ဘယ်အရာအားဖြင့်ရသနည်း။

        ထိုကျေးဇူးတော်ကား ငါတို့ကို ကယ်တင်သောသခင်ယေရှုခရစ်ပေါ်ထွန်းသည် အရာမှာ ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်း အကြောင်းကို ပယ်ရှား၍ အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။ (၂တိ၊ ၁း၁၀။)

၁၆။ ဧဝံဂေလိတရားအားဖြင့် ကတိတော်ကိုသာယခုရ၍ ကျွန်ုပ်တို့သည် မဖောက်ပြန်သောအဖြစ်ကို ဘယ်သောအခါ ဧကန်အမှန်ရမည်နည်း။

        ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။ ငါတို့ရှိသမျှသည်ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ သေလွန်သောသူတို့သည် မပုပ်နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ယခုမျက်မှောက် ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။ (၁ကော၊ ၁၅း၅၁-၅၃။ ယောဘ၊ ၁၄း၁၄၊ ၁၅။ ၁၉း၂၅-၂၇။ ဆာ ၁၇း၁၅။)

၁၇။ ထမြောက်သောနေ့၌ မဖောက်ပြန်သောအဖြစ်ကိုရသောသူတို့သည် နောက်တစ်ဖန် သေရဦးမည်လော။

        သေခြင်းနှင့်အစဉ်ကင်းလွတ်၍ ကောင်းကင်တမန်ကဲ့သို့ ဖြစ်သည်သာမက ထမြောက်ခြင်း၏သားဖြစ်သောကြောင့် ဘုရားသခင်၏သားဖြစ်ကြ၏။ (လု၊ ၂ဝး၃၆။)

မူလ မာတိကာသို့

No comments:

Post a Comment