အခန်း - ၅၀
စာတန်မာရ်နတ် - သူ့အစ၊သူ့အလုပ်၊
သူ့လမ်းဆုံး
၁။ တစ်ရံရောအခါ ကောင်းကင်မှ မည်သူကျသနည်း။
အိုနံနက်သားမိုးသောက်ကြယ်၊ သင်သည် ကောင်းကင်ကကျလေပြီတကား။ (ဟေရှာ၊ ၁၄း၁၂။ လု၊ ၁ဝး၁၈။)
၂။ ကောင်းကင်တွင် ဤသူသည် ဘယ်အခြေအနေ၌တည်ရှိခဲ့သနည်း။
သင်သည်ဖြန့်၍ လွှမ်းမိုးသော ခေရုဗိမ်ဖြစ်လျက် ငါ့အခွင့်နှင့်ဘုရားသခင်၏ သန့်ရှင်းသော တောင်ပေါ်မှာနေရာကျ၍ မီးတောက်သော ကျောက်တို့တွင် သွားလာရ၏။ (ယေဇ၊ ၂၈း၁၄။)
၃။ သူသည်မဖေါက်ပြန်မီ ဘာအသွင်အပြင်ရှိသနည်း။
သင်သည် ထူးဆန်းသောတံဆိပ်ဖြစ်၏။ ပညာနှင့်ပြည့်စုံ၍ တင့်တယ်ခြင်း အသရေလည်း စုံလင်လျက်ရှိ၏။ (ငယ်၊ ၁၂။)
၄။ ဘုရားသခင်သည် သူ၌အပြစ်ပြုတတ်သော သဘောကို ဖန်ဆင်းတော်မူသလော။
ဖွားသောနေ့မှစ၍ သင့်အပြစ်ထင်ရှားသော နေ့တိုင်အောင် ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။ (ငယ်၊ ၁၅။)
၅။ မိမိစုံလင်သော အစွမ်းသတ္တိကို သူသည်မည်ကဲ့သို့ လွှဲဖယ်သနည်း။
သို့ရာတွင် ကုန်သွယ်ခြင်းများပြားသောအားဖြင့် မကောင်းမှုတို့နှင့်ပြည့်စုံ၍ ပြစ်မှားသော အပြစ်ရောက်လေပြီ။ ထိုကြောင့် ဆိုးယုတ်သောသူကဲ့သို့ သင့်ကို ဘုရားသခင်၏တောင်တော်ပေါ်က ငါနှင်ထုတ်မည်။ အိုလွှမ်းမိုးသော ခေရုဗိမ်၊ မီးတောက်သောကျောက်တို့ အထဲက သင့်ကိုငါပယ်ရှင်းမည်။ (ငယ်၊ ၁၆။)
၆။ သူ၌မိမိကိုယ်ကိုချီးမြှောက်ဖို့ရန် မည်ကဲ့သို့ရဲရင့်သောသဘော ရှိသနည်း။
စာတန်းအား ကောင်းကင်တမန်တပါးက ကိုင်ဖမ်းချည်နှောင်လေ၏။ စိတ်အကြံရှိလေပြီ။ (ဟေရှာ၊ ၁၄း၁၃၊၁၄။)
၇။ ကောင်းကင်တမန်များတွင် အချို့တို့သည် စာတန်မာရ်နတ်ကို ယုံကြည်ကိုးစား ကြသလော။
မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို လည်းကောင်း၊ သူနှင့်အတူသူ၏ တမန်တို့ကိုလည်းကောင်း၊ မြေကြီးသို့ချလိုက်ကြ၏။ (ဗျာ၊ ၁၂း၄၊၇-၉။ ၂ပေ။ ၂း၄။ ယု၊ ၆။)
၈။ ပုန်ကန်ခြင်းအစ၌ စာတန်နှင့် သူ၏ တမန်တို့ကို အဘယ်ကြောင့် မဖျက်ဆီးတော်မူသနည်း။
အဖြေ။ ထိုအခါ ဝေနေယျသတ္တဝါ အပေါင်းတို့သည်အပြစ်အကြောင်းကို ဘာမျှမသိနာမလည် ကြသေး။ဘုရားသခင်သာ ပုန်ကန်ခြင်းကြောင့် ကြောက်မတ်ဖွယ်ဖြစ်သော အကျိုးအကြောင်းတို့ကို သိတော်မူသည်။ ဝေနေယျသတ္တဝါအပေါင်းတို့ အထဲက စာတန်မာရ်နတ်ကို ချက်ချင်းဖျက်ဆီးတော်မူလိုက်လျှင် အိုခြင်း၊ နာခြင်း၊ သေခြင်းတို့သည် အပြစ်၏အကျိုးမှ ဖြစ်ကြောင်းမသိကြဘဲ သစ္စာရှိသော ကောင်းကင်သတ္တဝါတို့သည် ဘုရားသခင်၏ မေတ္တာတော်နှင့်ဖြောင့်မတ်ခြင်းတို့ကိုပင် ယုံမှားကောင်းယုံမှားကြလိမ့်မည်။ အပြစ်၏ ဇာတိဖြစ်သော အကျိုးအကြောင်းတို့သည် စကြ၀ဠာအပေါင်းတို့ မျက်မှောက်၌ထင်ရှားရကြမည်။ စာတန်မာရ်နတ်နှင့် သူ့တမန်တို့၏အကျင့်စရိတ္တတို့သည် ဘုရားသခင်အား ထင်ရှားသကဲ့သို့ သတ္တဝါအပေါင်းတို့အားထင်ရှားစေသည်။ ထိုသို့ထင်ရှားစေလျှင် အပြစ်ကိုလည်းကောင်း၊ စာတန်မာရ်နတ်ကိုလည်းကောင်း၊ သူ့နောက်လိုက်ပုန်ကန်သော တမန်အပေါင်းတို့ကိုလည်းကောင်း အဆုံး၌ ဖျက်ဆီးတော်မူသောအခါ သတ္တဝါအပေါင်းတို့က ထိုဖျက်ဆီးတော်မူခြင်းသည် ဖြောင့်မတ်တော်မူ၍ တရားတော်မူပေသည်ဟု ဝန်ခံကြလိမ့်မည်။ ဤကဲ့သို့ဖြစ်သောအခါ နောက်၌အပြစ်သည် မပေါ်မရှိနိုင်။ ဘုရားသခင်၏ အုပ်ချုပ်စီမံ့တော်မူခြင်းသည်စကြ၀ဠာအပေါင်းတို့ရှေ့၌ စုံစမ်းခြင်းကို ခံနေလေသည်။
၉။ ဘုရားသခင်၏ သန့်ရှင်းသော တောင်ပေါ်က စာတန်မာရ်နတ်ကို နှင်ထုတ်ပြီးသည်နောက် သူသည် အခြားသော စကြ၀ဠာသို့ သွားဖို့ရန် အခွင့်ရှိသေးသလား။
ဘုရားသခင်၏သားတို့သည် ထာ၀ရဘုရားထံတော်၌ ခစားခြင်းငှာ လာရသောနေ့ရက်အချိန်ရောက်လျှင် စာတန်သည်လည်း သူတို့နှင့်ရောနှော၍လာ၏။ (ယောဘ၊ ၁း၆။)
၁၀။ ဤခစားခြင်းသို့လာသောအခါ စာတန်သည် ဘယ်အရပ်ကလာသနည်း။
ထာ၀ရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်း ဟုစာတန်ကိုမေးတော်မူလျှင် စာတန်က မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။ (ငယ်၊ ၇။)
၁၁။ ကောင်းကင်တွင် တိုင်ပင်သောအစု၌ ကျွန်ုပ်တို့ကမ္ဘာအတွက် စာတန်သည် ကိုယ်စားလှယ်ပြုလုပ်ဖို့ရန် အခွင့်ကို မည်ကဲ့သို့ ရသနည်း။
လူကိုနိုင်သောအရာသည် လူ၏သခင်ဖြစ်၏။ (၂ပေ၊ ၂း၁၉။မ၊ ၄း၈၊၉။)
၁၂။ လူသည်ပညတ်တိုး၍ မိမိကိုယ်ကိုချီးမြှောက်သော စုံစမ်းခြင်းလက်သို့ အပ်နှံစေခြင်းအားဖြင့် စာတန်သည် မိမိကျွန် မိမိအုပ်စိုး ခြင်းတို့ကို ရသလော။
အဖြေ။ (က၊ ၃း၁-၆။)
၁၃။ စာတန်သည် လောကသားအပေါင်းတို့ကို လိမ်လည်၍ မိမိကျွန်ဖြစ်စေသလော။
အဖြေ။ ဗျာ၊ ၁၂း၉။၂ပေ၊ ၂း၁၉။
၁၄။ ဘုရားသခင်၏သားတို့သည် မိမိတို့တိုင်ပင်စုထဲက စာတန်ကိုဘယ်သောအခါ အပြင်သို့နှင်ထုတ်ကြသနည်း။
ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင်ဤလောကကို အစိုးရသောမင်းသည် ပြင်သို့နှင့်ထုတ်ခြင်းကို ခံရလိမ့်မည်။ ငါသည်လည်း မြေကြီးနှင့်ခွာ၍ မြှောက်ထားခြင်းကိုခံရလျှင် လူအပေါင်းတို့ကို ငါ့ထံသို့ငါဆွဲမည်။ ထိုသို့ မိန့်တော်မူသော မိမိသည် အဘယ်သို့ သေရမည်အရိပ်ကိုပေးတော်မူ၏။ (ယော၊ ၁၂း၃၁-၃၃။ ဧ၊ ၁း၂၀၊၂၁။)
၁၅။ ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်မှာ သေခြင်းကိုခံတော်မူသောအခါ စာတန်သည် ဘယ်အရပ်သို့ ကျရောက်သနည်း။
အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညဉ့်မပြတ်အပြစ်တင်သော ရန်သူကို အောက်သို့ချလေပြီ။ ထိုကြောင့် ကောင်းကင်နှင့်ကောင်းကင်သားတို့ရွှင်လန်းကြလော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကို သိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီ။ (ဗျာ၊ ၁၂း၁၀-၁၂။)
၁၆။ ယေရှုသည် စာတန်ကို နောက်ဆုံးမည်ကဲ့သို့အောင်မြင်သနည်း။
ခရစ်တော်သည် အသေခံတော်မူသောအားဖြင့် သေခြင်းတရားကို အစိုးရသော သူတည်းဟူသော မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှာ အသွေးအသားကို ဆောင်ယူတော်မူ၏။ (ဟေဗြဲ၊ ၂း၁၄၊၁၅။)
၁၇။ အောင်မြင်ခြင်းရသောယေရှုသည် ကောင်းကင်သို့တက်ကြွတော်မူသောအခါ စာတန်သည် မည်သူ့အပေါ်၌ အငြိုးထားသနည်း။
နဂါးသည် မိန်းမကိုအငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍ ယေရှု၏သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာသွား၏။ (ဗျာ၊ ၁၂း၁၇။) စာမျက်နှာ ၂၂၁၌ ကျန်ကြွင်းသောအသင်းတော်အကြောင်းကြည့်ပါ။
၁၈။ နတ်ဆိုးသည် တစ်ခါတလေဝင်၍ စကားပြောဖို့ရန်လူကို အသုံးပြုသလော။
အဖြေ။ မ၊ ၈း၂၈-၃၁။
၁၉။ မှော်ဆရာ၊ နတ်ဝင်သူ၊ နတ်ဝိဇ္ဇာ၊ စုန်းတို့မှစ၍ ကဝေတို့သည် မည်သူ၏ကျွန်ဖြစ်ကြ သနည်း။
အဖြေ။ တ၊ ၁၃း၆-၁၁။ ဝတ်၊ ၁၉း၃၁။ ၂ဝး၆၊၂၇။ တရား၁၈း၁၀-၁၂။
၂၀။ စာတန်နှင့်သူ၏ ငယ်သားမကောင်းဆိုးရွားတို့အကြောင်း ကျမ်းစာ၌မည်ကဲ့သို့ ဖေါ်ပြသနည်း။
မာရ်နတ်၏ ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆင်ကြလော့။ အကြောင်းမူကား ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ အထွက်အမြတ်တို့နှင့် လည်းကောင်၊ အာဏာစက်တို့နှင့်လည်းကောင်း၊ လောကမှောင်မှိတ်၌ အစိုးတရားပြုလုပ်သော မင်းနှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့် လည်းကောင်းဆိုင်ပြိုင်တိုက်လှန်ရကြ၏။ (ဧ၊ ၆း၁၁၊၁၂။ ၁တိ၊ ၄း၁၊၂။ ၂သက်၊ ၂း၈၊၉။ မ၊ ၂၄း၂၄။ ဗျာ၊ ၁၆း၁၄-၁၆။)
၂၁။ ကျမ်းစာက နောက်ဆုံးနေ့တို၌ စာတန်မာရ်နတ်သည် အထူးအလုပ်ကိုပြုလုပ်မည်ဟု အနာဂတ်ရိုက်ထားသလော။
ဝိညာဉ်တော်သည် အတိအလင်းဖေါ်ပြထားတော်မူသည်ကား နောင်ကာလ၌ လူအချို့တို့သည်ယုံကြည်ခြင်းကို စွန့်ပယ်၍ လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌ လည်းကောင်း၊ နတ်ဘုရားတို့နှင့် စပ်ဆိုင်သော ဩဝါဒတို့၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်။
၂၂။ စာတန်နှင့်တိုက်ခိုက်ရသောအခါ ကျွန်ုပ်တို့အား မည်ကဲ့သို့ကတိထားသနည်း။
ထိုကြောင့်ဘုရားသခင်၏ အလိုတော်သို့လိုက်ကြလော့၊ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။ (ယာ၊ ၄း၇။ ရော၊ ၁၆း၂၀။ ဇာ၊ ၃း၂။ ဟေရှာ၊ ၅၉း၁၉။)
၂၃။ မာရ်နတ်နှင့်သူ့နောက်လိုက်တို့၏လမ်းဆုံးမည်သို့နည်း။
သင့်ကိုမီရှို့ဖို့ သင့်အလယ်၌ မီးကိုငါညှိမည်။ သင့်ကို မြင်သောသူအပေါင်းတို့ရှေ့မှာ သင်တို့ပြာကို မြေပေါ်သို့ ငါချထားမည်။ သင့်ကိုသိသော လူမျိုးမျိုးတို့သည် သင်အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ သင်သည် ကြောက်မက်ဖွယ်ဖြစ်လိမ့်မည်။ နောက်တစ်ဖန်မပေါ်လာရဟု မိန့်တော်မူ၏။ (ယေဇ၊ ၂၈း၉၊ ၁၈၊၁၉။ ဟေရှာ၊ ၁၄း၁၅- ၁၉။ မာလ၊ ၄း၁။ ဗျာ၊ ၂ဝး၁၀။)
၂၄။ မာရ်နတ်နှင့် သူ့နောက်လိုက်သည် အဆုံး၌ဒဏ်ကို ဘယ်မှာခံရကြသနည်း။
ဖြောင့်မတ်သော သူသော်လည်း မြေကြီးပေါ်မှာအပြစ်ဒဏ်ကိုခံရ၏။ မတရားသော သူနှင့်အပြစ်ထင်ရှားသော သူကိုမူကား အဘယ်ဆိုဖွယ်ရာရှိသနည်း။ (သု၊ ၁၁း၃၁။ ၂ပေ၊ ၃း၇-၁၂။)
No comments:
Post a Comment