Wednesday, March 19, 2025


 

အခန်း - ၅၈

လောကပျော်မွေ့မှုချုပ်တည်းခြင်း


၁။ လောကပျော်မွေ့မှုချုပ်တည်းခြင်းသည် ဘယ်ပါရမီတို့၏ အတန်း၌ ပေါလုဖော်ပြထားသနည်း။

        ဝိညာဉ်ပကတိ၏အကျိုးမူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ပျော်မွေ့မှုစည်းစိမ် ချုပ်တည်းခြင်းပေတည်း။ (ဂလ၊ ၅း၂၂၊ ၂၃။)

၂။ ပန်းဦးရစ်ကိုရခြင်းငှာ ပြိုင်သောသူအတွက် ၎င်းတမန်တော်က အဘယ်သို့ပြောသနည်း။

        ပွဲ၌ပြိုင်၍ အချင်းချင်းတိုက်သောသူမည်ကား အရာရာ၌တပ်မက်ခြင်းကို ချုပ်တည်းတတ်၏။ (၁ကော၊ ၉း၂၅။)

၃။ ခရစ်ယာန်အပြေးပြိုင်ပွဲ၌ တမန်တော်ပေါလုက အောင်မြင်ခြင်းကိုရစေခြင်းငှာ အဘယ်သို့ ပြုလုပ်ခဲ့သနည်း။

        ကိုယ်တိုင်ရှုံးသောသူ မဖြစ်ရမည်အကြောင်း ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏။ (၁ကော၊ ၉း၂၇။ ရော၊ ၈း၁၃။ ကော၊ ၃း၄၊၅။)

၄။ သေရည်သေရက်မသောက်ရန် ရှင်ဘုရင်၊ မင်းသားတို့အား အဘယ်အကြောင်းကြောင့် တားမြစ်ထားသနည်း။

        သူတို့သည် တရားတော်ကိုမေ့လျော့၍ ဆင်းရဲသားအမှုကိုမတရားသဖြင့် စီရင်ဆုံးခြတ်မည်ဟု စိုးရိမ်စရာရှိ၏။ (သု၊ ၃း၄၊၅။)

၅။ သေရည်သေရက်ကိုယဇ်ပုရောဟိတ်တို့အား အဘယ်ကြောင့်သောက်ရန် အခွင့်မပေးသနည်း။

        သင်နှင့်သင်၏သားတို့သည် သေဘေးနှင့်ကင်းလွတ်ခြင်းငှါ လည်းကောင်း၊ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာ၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကို ပိုင်းခြားတတ်ခြင်းငှာလည်းကောင်း ပရိသတ်စည်းဝေးရာ တဲတော်သို့ဝင်သောအခါ စပျစ်ရည်အစရှိသောယဇ်မျိုးကို မသောက်နှင့်။ (ဝတ်၊ ၁ဝး၈-၁၁။)

၆။ ဗာဗုလုန်ရှင်ဘုရင်ပေးသောစပျစ်ရည်ကို ဒံယေလနှင့်မိမိအပေါင်းအဖော်တို့သည် အဘယ်ကြောင့် မသောက်ဘဲ ပယ်ကြသနည်း။

        မိမိကိုမညစ်ညူးစေမည်အကြောင်း။ ဒံ၊ ၁း၈။ သေရည်သေရက်သည် အဆုံး၌ လူအားမြွေကဲ့သို့သေစေတတ်သဖြင့် ရှောင်ကြည်သော်သာ၍ အကျိုးခံစားရလိမ့်မည်။

၇။ ၎င်းစပျစ်ရည်အစား ဘာတောင်းသနည်း။

        အကျွန်ုပ်တို့စားသောက်စရာဖို့ ဟင်းသီးဟင်းရွက်နှင့် ရေကိုသာပေးပါ။ (ငယ်၊ ၁၂။)

၈။ သုံးနှစ်လွန်ပြီးနောက် ထိုစပျစ်ရည်မသောက်သောသူတို့ကဲ့သို့ ဉာဏ်ရည်ချင်းတူမျှသော သူရှိသလော။

        ဆယ်ဆတတ်ကြသည်ကိုတွေ့မြင်တော်မူ၏။ (ဒံ၊ ၁း၁၈-၂၀။)

၉။ စပျစ်ရည်အနည်းငယ်အသုံးပြုရန် တမန်တော်ပေါလုကအခွင့်ပြုသလော။

        သင်၏ရင်ထဲ၌အကျိုးဖြစ်စေခြင်းငှာ စပျစ်ရည်အနည်းငယ်ကိုသုံးလော့။ (၁တိ၊ ၅း၂၃။)

မှတ်ချက်။ ကျမ်းစာတွင်စပျစ်ရည်နှစ်မျိုးကိုပြသည်။ အသီးမှညှစ်ထုတ်သော အရည်သစ်စပျစ်ရည်တစ်မျိုး၊ ဆာ၊ ၁၀၄း၁၅။ ယောလ၊ ၁း၁၀-၁၂။ ယေရှာ၊ ၂၄း၇ တို့၌ပါသော စပျစ်ရည်သည်  ဤကဲ့သို့သော စပျစ်ရည်မျိုးဖြစ်သည်။ အခြားတစ်မျိုးမှာ၊ ကစော်ပေါက်၍ မူးယစ်စေတတ်သောအမျိုးဖြစ်သည်။ ကျမ်းစာမှာ စပျစ်ရည်ဟူ၍ ဆိုသောအခါ အဘယ်သို့သော စပျစ်ရည်မျိုးဖြစ်သည်ကို သိနိုင်ရန် အထက်၊ အောက်စကားတို့ကို ကြည့်ရမည်။

၁၀။ ပထမအမျိုးအကြောင်း အဘယ်သို့ဆိုသနည်း။

        သင်သည်စပျစ်သီးအသွေးစစ်ကို သောက်ရ၏။ (တရား၊ ၃၂း၁၄။)

၁၁။ ဒုတိယအမျိုးအကြောင်း အဘယ်သို့ဆိုထားသနည်း။

        ဆေးနှင့်ရောသောစပျစ်ရည်၊ ဖလား၌နီလျက်၊ အရောင်တောက်လျက်၊ အချိုအမြိန်ဝင်လျက်ရှိသော စပျစ်ရည်ကိုမကြည့် မရှုနှင့်။ (သု၊ ၂၃း၃၀-၃၂။)

မှတ်ချက်။ မည်သည့်သောက်စရာအရည်မျိုးမဆို၊ ကစော်ပေါက်လျှင် အရက်ဖြစ်တတ်သည်။ ၎င်းအရက်ပြန်သည် စိတ်၊ ကိုယ်နှပါးစလုံးကို ဖျက်ဆီးတတ်သောအဆိပ်ပင်ဖြစ်၏။ တော်သင့်ရုံမျှ အသုံးပြုသောအားဖြင့် လူကိုမေ့လျော့စေသည် သာမက သေစေတတ်သည်။ အနည်းဆုံး အသုံးပြုရုံမျှနှင့်ပင်လည်း လူကိုဥပဒ်ဖြစ်စေတတ်သေးသည်။

၁၂။ ယဇ်မျိုးသောက်ကြူးခြင်းအကျင့်သည် မည်သည့် ဇာတိပကတိအကျင့်တို့ အပါအဝင်ဖြစ်သနည်း။

        ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင်တို့မူကား၊ သူမယားကိုမြစ်မှားခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကို ငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယဇ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သောအကျင့် ပေတည်း။ (ဂလ၊ ၅း၁၉-၂၁။)

၁၃။ သေရည်သေရက်တို့ကို သောက်တတ်သောသူတို့၌ အဘယ်အကျိုးမျိုး ခံရစေတတ်သနည်း။

        အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်း ရှိသနည်း။ အဘယ်သူသည် ရန်တွေ့ခြင်း ရှိသနည်း။ အဘယ်သူသည် မြည်တမ်းခြင်း ရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်းမရှိ၊ ထိခိုက်၍ နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်း ရှိသနည်းဟူမူကား၊ စပျစ်ရည်ကို ကြာမြင့်စွာသောက်လျက်နေသောသူ၊ ဆေးနှင့်ရောသော စပျစ်ရည်ကို ရှာတတ်သောသူတို့သည် ထိုသို့သော လက္ခဏာရှိကြ၏။ (သု၊ ၂၃း၂၉၊ ၃၀။)

၁၄။ ကစော်ပေါက်သော စပျစ်ရည်မျိုးမှတစ်ပါး အဘယ်မူးယဇ်စေတတ်သောသစ်သီး၊ သစ်မြစ်တို့ကို တားမြစ်တော်မူသနည်း။

        ခါးစွာသောအသီး၊ ဒေါနကို သီးတတ်သောအပင်မြစ်သည် သင်တို့တွင် ပေါက်မည် ဟူ၍လည်းကောင်း၊ ထိုသို့သောသူသည် ဤကျိန်ခြင်းစကားကို ကြားသောအခါ စိတ်ခိုင်မာသည်အတိုင်းငါကျင့်၍ ရေငတ်ခြင်းအပေါ်၌ ယဇ်မူးခြင်းကို ထပ်ဆင့်သော်လည်း ချမ်းသာရမည်ဟု စိတ်ထဲမှာကိုယ်ကို ကိုယ်ကောင်းချီးပေးမည်ဟူ၍ လည်းကောင်း စိုးရိမ်စရာရှိ၏။ (တရား၊ ၂၉း၁၈-၂၁။)

၁၅။ ဤကျမ်းချက်အတိုင်း ယခုကာလအသုံးပြုကြသည့်အဆိပ်အတောက်ပါသော ဘယ်အပင်၊ အရွက်၊

အမြစ်အသီးတို့ပါဝင်သနည်း။

အဖြေ။ ဆေးပင်၊ ကိုကိန်း၊ ဘိန်း၊ ဘင်း၊ ကွမ်းရွက်၊ ကွမ်းသီးအစရှိသည်တို့ပါဝင်သည်။

၁၆။ သေရည်သေရက်နှင့်ယဇ်မူးသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်နိုင်သလော။

        မတရားသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြသလော။ သူ့ဥစ္စာကိုခိုးသောသူ၊ လောကလွန်ကျူးသောသူ၊ သေရည်သေရက်နှင့် ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသော သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကိုအမွေခံရကြ။ (၁ကော၊ ၆း၉၊ ၁၀။)

၁၇။ ခရစ်ယာန်ဟု အခေါ်ခံသောသူသည် ယဇ်မူးတတ်လျှင် ၎င်းသူနှင့်ကျွန်ုပ်တို့ ပေါင်းသင်းအပ်သလော။

        ယခုမူကား၊ ညီအစ်ကိုဟုခေါ်ဝေါ်သောသူသည် မတရားသောမေထုန်၌မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေရည်သေရက်နှင့်ယစ်မူးခြင်း၊ အနိုင်အထက်လုယူခြင်းမှစ၍ ထိုသို့သောအမှုကို ပြုသောသူနှင့်မပေါင်းဖော်ရသည် သာမက ထိုသူတို့နှင့်အတူ စားသောက်ခြင်းကိစ္စကိုမျှမပြုရဟု ငါရေးထား၍ ပညတ်၏။ (၁ကော၊ ၅း၁၁။)


မူလ မာတိကာသို့


No comments:

Post a Comment