Sunday, March 2, 2025

 



အခန်း- ၁၇ - ဝိညာဉ်ဆုကျေးဇူးများနှင့်သာသနာလုပ်ငန်းများ

ဘုရားသခင်သည် ခေတ်ကာလတစ်လျှောက်လုံးတွင် သူ့အသင်းတော်၏ အသင်း ဝင်များအားလုံးအား ဝိညာဉ်ဆုကျေးဇူးများကိုပေးအပ်ပေးသည်။ အသင်းသားတစ်ဦးစီ သည် အသင်းတော်နှင့်လူသားတို့၏ဘုံကောင်းကျိုးအတွက် မေတ္တာဖြင့်အမှုတော်ဆောင် ရာတွင် ၎င်းတို့ကိုအသုံးပြုသည်။ မိမိအလိုရှိသည်အတိုင်း အသင်းသားတစ်ဦး ချင်းစီကို ခွဲဝေပေး သော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ပေးသော ဤဆုကျေးဇူးများသည် အသင်းတော်အားဖြင့်၎င်း၏ ဘုရားပေးလုပ်ငန်းများကို ဖြည့်စွမ်းရန် လိုအပ်သော စွမ်း ရည်အားလုံးနှင့် သာသနာလုပ်ငန်းကို စီစဉ်ပေးသည်။ သမ္မာကျမ်းစာအရ၊ ဤဆုကျေးဇူးများတွင် ယုံကြည်ခြင်း၊ အနာရောဂါငြိမ်းစေခြင်း၊ ပုရောဖက်ပြုခြင်း၊ သတင်းဟောပြော ခြင်း၊ သင်ကြားပေးခြင်း၊ စီမံအုပ်ချုပ်ခြင်း၊ ပြန်လည်သင့်မြတ်စေခြင်း၊ သနားကြင်နာခြင်း၊ ကိုယ်ကျိုးမဖက်သောလုပ်ဆောင်မှု၊ လူတို့ကိုကူညီအားပေးရန် စွန့်ကြဲခြင်း တို့ပါ ဝင်သည်။ အသင်းသားများကို အမှုတော်အတွက် လက်နက်တပ်ဆင်ပေးရန်၊ အသင်း တော်ကို ဝိညာဉ်ရေး၌ ရင့်ကျက်လာအောင်တည်ဆောက်ရန်နှင့်၊ ယုံကြည်ခြင်းနှင့် ဘုရား သခင်ကိုသိကျွမ်းခြင်း၌ စည်းလုံးခြင်း ကိုမြှင့်တင်ရန်အထူးလိုအပ်သော သာသနာလုပ် ငန်းများဖြစ်သည့် ဓမ္မဆရာအရာ၊ ဧဝံဂေလိ တရားဟောပြောခြင်းအရာနှင့် သွန်သင်ခြင်း တို့အတွက် ဘုရားသခင်သည် လူတချို့ကိုခေါ် တော်မူ၍၊ အသင်းတော်အားဖြင့် အသိ အမှတ်ပြုသောလုပ်ငန်းများအတွက် သန့်ရှင်းသောဝိညာဉ်တော်သည်ပံ့ပိုးသည်။ အသင်း သားများသည် ဘုရားသခင့်ကျေးဇူးတော်၏ သစ္စာရှိသောဘဏ္ဍာစိုးများအဖြစ်ဤဝိညာဉ် ဆုကျေးဇူးများကိုအသုံးပြုသောအခါ၊ အသင်းတော်သည် မှားယွင်းသောယုံကြည်ချက် ၏ အဖျက်ဩဇာ သက်ရောက်မှုမှ ကာကွယ်ခြင်းခံရပြီး၊ ဘုရားသခင့်ထံမှ ရရှိသောကြီး ထွားမှုမျိုးဖြင့် ကြီးထွား၍၊ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတွင် တည်ဆောက် ခြင်းခံရ သည်။ (တ ၆း၁-၇။ ရော ၁၂း၄-၈။ ၁ကော ၁၂း၇-၁၁၊၂၇၊၂၈။ ဧ ၄း၈၊ ၁၁-၁၆။ ၁တိ ၃း၁-၁၃။ ၁ပေ ၄း၁၀၊၁၁။)

ကောင်းကင်သို့ မတက်ကြွမီ အချိန်လေးတွင် ယေရှုပြောသော စကားသည် သမိုင်းကို ပြောင်းလဲစေခဲ့သည်။ သူသည် တပည့်တော်တို့ကို သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိ သမျှသို့ သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကိုဟော ကြလော့” (မာ ၁၆း၁၅) ဟုစေခိုင်းခဲ့သည်။

တစ်ကမ္ဘာလုံးရှိ လူအားလုံးထံသို့ ဧဝံဂေလိတရား ဟောခြင်းမှာ မဖြစ်နိုင်သော အလုပ်ဟု တပည့်တော်များစဉ်းစားကောင်းစဉ်စားခဲ့ကြလိမ့်မည်။ ခရစ်တော်သည် သူတို့ ၏ ခိုကိုးရာမဲ့ နေခြင်းကိုသိ၍၊ သူတို့ကို ယေရုရှလင်မြို့မှမထွက်မသွားဘဲ၊ ခမည်းတော် ၏ ကတိကိုငံ့နေမည် အကြောင်းမှာတော်မူ၏။ထိုနောက် သူတို့ကို သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှ လင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြ လိမ့်မည်” (တ ၁း၄၊ ၈) ဟု အခိုင် အမာဆိုသည်။

ကောင်းကင်သို့ယေရှုတက်ကြွသွားပြီးနောက်ပိုင်း၊ တပည့်တော်တို့သည် ဆု တောင်း ခြင်းဖြင့်အချိန်များစွာကုန်စေကြသည်။ ယေရှုနှင့်အတူရှိနေသောအချိန်များစွာ ကို ရုပ်ပျက်စေခဲ့သောသဘောထားကွဲလွဲခြင်းနှင့် မနာလိုမှုများကိုညီညွတ်မှုနှင့် နှိမ့်ချခြင်း တို့ကအစားထိုးခဲ့သည်။ တပည့်တော်များပြောင်းလဲခဲ့ကြသည်။ ခရစ်တော်နှင့်အတူရင်း နှီးသော ဆက်ဆံရေးနှင့် ၎င်း၏အကျိုးဆက်ဖြစ်သောစည်းလုံးခြင်းတို့သည် သန့်ရှင်း သော ဝိညာဉ်တော် သွန်း လောင်းရန်အတွက် လိုအပ်သောပြင်ဆင်မှုဖြစ်သည်။

ယေရှုသည် သူ၏သာသနာလုပ်ငန်းနှင့်သင့်လျော်စေရန် ဝိညာဉ်တော်၏အထူး ဘိသိက် ပေးခြင်းကိုခံခဲ့ရသကဲ့သို့ (တ ၁ဝး၃၈)၊ တပည့်တော်များသည် သက်သေခံ နိုင်ရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်၏ဗတ္တိဇံကိုခံခဲ့ကြသည် (တ ၁း၅)။ ၎င်း၏ရ လဒ်မှာ အံ့ဩတုန်လှုပ်စရာပင်ဖြစ်သည်။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆု ကျေးဇူးကို ရရှိသောနေ့တွင်၊ လူပေါင်း (၃ç၀၀၀) ကို ရေနှစ်ခြင်းပေးခဲ့ကြသည် (တ ၂း၄၁)။

သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးများ

ခရစ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကို ဥပမာတစ်ခုဖြင့် ပုံခိုင်းခဲ့သည်။ လူတစ်ဦးသည် အခြားသောပြည်သို့သွားမည်ဟုအကြံရှိလျက်၊ မိမိငယ် သားတို့ကိုခေါ်၍ မိမိဥစ္စာများကိုအပ်ပေး၏။ သူတို့သည် အသီးအသီးအစွမ်းရှိသည် အတိုင်း၊ တစ်ဦး၌ ငွေအခွက်ငါးဆယ်၊ တစ်ဦး၌ အခွက်နှစ်ဆယ်၊ တစ်ဦး၌ အခွက်တစ် ဆယ် စသည်အသီးအသီး တို့ ကိုအပ်ပေးပြီးမှ ချက်ချင်းသွားလေ၏” (မ ၂၅း၁၄၊ ၁၅)။

ဝေးသောပြည်သို့ ခရီးသွားမည့်လူသည် ကောင်းကင်သို့ တက်ကြွမည့်ခရစ်တော် ကို ပုံဆောင်သည်။ ထိုသူ၏ ငယ်သားတို့မှာ ခရစ်တော်၏အသွေးတော်မြတ်နှင့်” (၁ပေ ၁း၁၉) အဖိုးနှင့်ဝယ်ယူတော်မူသော” (၁ကော ၆း၂၀) သူ၏နောက်လိုက်များ ဖြစ် ကြသည်။ ခရစ်တော်သည် သူတို့ကိုအမှုတော်အတွက်ရွေးနုတ်ခဲ့သည်။ ထိုကြောင့် သူ တို့သည် တစ်ဖန်ကိုယ်အလိုသို့လိုက်၍မရှင်၊ သူတို့အတွက်ကြောင့်အသေခံပြီးမှ ထ မြောက်တော်မူသော သူ၏ အလိုသို့လိုက်ကြ၏” (၂ကော ၅း၁၅)။

ခရစ်တော်သည်  ငယ်သားတစ်ဦးစီကိုသူတို့၏အစွမ်းရှိသည်အတိုင်း ဥစ္စာနှင့် ဆောင်ရွက်စရာ” (မာ ၁၃း၃၄) ကို အသီးသီးပေးသည်။ ဤဥစ္စာများနှင့်အတူ ဆုလာဘ် များနှင့် အစွမ်းများသည် ဝိညာဉ်တော်အားဖြင့်ပေးသော အထူးဆုကျေးဇူးများကိုပုံ ဆောင်သည်။

အထူးသဖြင့်ခရစ်တော်သည် ဤအထူးဆုကျေးဇူးများကို ပင်တေကုတ္တေပွဲနေ့ တွင် အသင်းတော်အားပေးသည်။ ပေါလုက၊ သူသည် မြင့်သောအရပ်သို့တက်ကြွ တော် မူသောအခါလူတို့အားဆုလာဘ်များကိုပေးတော်မူသည်။ထို့ကြောင့်ခရစ်တော်သည် ဆုပေးတော်မူသည်အတိုင်း၊ ငါတို့သည် ကျေးဇူးတော်ကိုအသီးအသီးကိုယ်စီရကြပြီ” (ဧ ၄း၇၊ ၈)။ ဝိညာဉ်တော်သည်ပြုပြင်၍ လူအသီးအသီးတို့အား အသီးအသီးခံရသော ခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ၍ပေးတော်မူ၏” (၁ကော ၁၂း၁၁)။ ဤဆု ကျေးဇူး များသည် အသင်းတော်အား ၎င်း၏အလုပ်ကိုဆောင်ရွက်စေနိုင်သည်။

ဝိညာဉ်ဆုကျေးဇူးများ၏ရည်မှန်းချက်

သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူအားလုံးအား အထူးစွမ်းရည်ကို ပေး ၍၊ အသင်း တော်သည် အမှုတော်ကိုဖြည့်စွမ်းရာတွင် သူတို့ကိုကူညီစေသည်။

အသင်းတော်အတွင်းညီညွတ်ခြင်း။   ကောရိန္တုအသင်းတော်သည်   မည်သည့် ဝိညာဉ်ဆုကျေးဇူးမျှကင်းမဲ့ခြင်းမရှိခဲ့ချေ (၁ကော ၁း၄၊၇)။ သို့သော်၊ သူတို့သည် ကလေး များ ကဲ့သို့ မည်သည့်ဆုကျေးဇူးသည် အရေးကြီးဆုံးဖြစ်သည်ကိုငြင်းခုံခဲ့ကြသည်။

သူတို့၏အသင်းတော်ထဲ၌ကွဲပြားမှုကို အမှုထား၍၊ ပေါလုသည် ကောရိန္တုမြို့သား တို့အား ဤဆုကျေးဇူး၏သဘောသဘာ၀နှင့် ၎င်းတို့သည် မည်သို့လုပ်ဆောင်ကြသည့် အကြောင်းကိုစာရေးခဲ့သည်။ ဝိညာဉ်ဆုကျေးဇူးများသည် ကျေးဇူးတော်၏ဆုလာဘ်များ ဖြစ်သည်ဟု သူရှင်းပြသည်။ ဝိညာဉ်တော်တစ်ပါးတည်းထံမှ ဆုကျေးဇူးတော်အထူးထူး အထွေထွေလာ၍၊ ၎င်းတို့သည် ဓမ္မဆရာအမှုအထူးထူးအထွေထွေနှင့် ပြုပြင်ခြင်း အမှုအထူးထူးအထွေထွေကိုဆောင်ရွက်စေသည်။ သို့သော် ပေါလုက ခပ်သိမ်းသော သူတို့၌ပြုပြင် သမျှကိုပြုတော်မူသော (သူသည်) ဘုရားသခင်တစ်ပါးတည်းဖြစ် ကြောင်းကို အလေးပေး ပြော ဆို ခဲ့သည် (၁ကော ၁၂း၄-၆)။

ဝိညာဉ်တော်သည် ယုံကြည်သူတိုင်းအား အသင်းတော်ကိုမြှင့်တင်ရန် သို့မဟုတ် တည် ဆောက်ရန်အတွက် ဆုကျေးဇူးများကိုဝေငှသည်။ ဘုရားသခင့်အမှုတော်၏ လို အပ်ချက်အပေါ် ဝိညာဉ်တော်သည် မည်သည့်ဆုကို မည်သူအားပေး ရမည်ကိုဆုံးဖြတ် သည်။ လူအားလုံးသည် တူညီသောဆုကျေးဇူးများကိုမရကြပါ။ ပေါလုက ဝိညာဉ်တော် သည် လူအသီးအသီးတို့အား ပညာတရား၊ ထိုးထွင်းခြင်းတရား၊ ယုံကြည်ခြင်း၊ အနာ ရောဂါကိုငြိမ်းစေနိုင်ခြင်း၊ တန်ခိုးကိုပြနိုင်ခြင်း၊ ပုရောဖက်ပြုနိုင်ခြင်း၊ စိတ်ဝိညာဉ်ကိုပိုင်း ခြားသိနိုင်ခြင်း၊ ဘာသာစကား အမျိုးမျိုးကိုပြောနိုင်ခြင်း၊ ဘာသာစကားကိုအနက်ဖွင့် နိုင်ခြင်းဟူ၍ခွဲဝေပေးသည်။ သို့သော် ဤအခွင့်ရှိသမျှတို့ကို တစ်ပါးတည်းသောဝိညာဉ် တော်သည် ပြုပြင်၍ လူအသီးအသီးတို့အား အသီးအသီးခံရသောအခွင့်ကိုအလိုတော် ရှိသည် အတိုင်းဝေငှ၍ ပေးတော်မူ၏” (၁ကော ၁၂း၁၁)။ ဤဆုကျေးဇူးအတွက်ရရှိ အသုံးပြု သူကို မဟုတ်ဘဲ၊ ၎င်းကို ပေးတော် မူသော သူအပေါ်သာ ကျေးဇူးတင်ရမည်။ ဤဆုကျေးဇူးများသည် တစ်ဦးချင်းစီအတွက် မဟုတ်ဘဲ၊ အသင်းတော်အတွက်ပေးခြင်း ဖြစ်သောကြောင့်၊ ဆုကျေးဇူးများကို ရရှိသောသူတို့သည် မိမိတို့ကိုယ်ပိုင်ဥစ္စာအဖြစ် မမှတ်ယူအပ်ချေ။

ဝိညာဉ်တော်သည် သင့်လျော်သည်ဟုမြင်သည်အတိုင်း ဤဆုကျေးဇူးများကို ဝေငှ သည်ဖြစ်ရာ၊ မည်သည့်ဆုကိုမျှမထီမဲ့မြင်ပြု သို့မဟုတ် ဘေးချိတ်ရန်မဟုတ်ချေ။ မည်သည့် အသင်းသားကမျှ သီးသန့်ပေးသောတာဝန် သို့မဟုတ် လုပ်ငန်းဖြစ်သော ကြောင့် စိတ်ကြီးဝင်ရန်အခွင့်မရှိပါ။ သို့တည်းမဟုတ် နိမ့်ကျသောအလုပ်တွင် တာဝန် ပေးခြင်းခံရသောကြောင့် မည်သူတစ်စုံတစ်ဦးမျှသိမ်ငယ်သည်ဟုလည်း ခံစားရန်မဟုတ် ချေ။

၁။   လုပ်ငန်းဆောင်ရွက်ခြင်းစံနမူနာ။   ပေါလုသည်   ကွဲပြားခြားနားသော ဆု ကျေးဇူးတွင် ညီညွတ်မှုကိုသရုပ်ပြရန် လူ့ကိုယ်ခန္ဓာကိုအသုံးပြုခဲ့သည်။ ကိုယ်ခန္ဓာ သည် အင်္ဂါများစွာ ရှိ၍ တစ်ခုချင်းစီသည် သီးခြားလုပ်ဆောင်နေကြသည်။ ဘုရားသခင်သည် အလိုတော်ရှိ သည် အတိုင်း အင်္ဂါများအသီးအသီးတို့ကို ကိုယ်၌စီရင်ခန့်ထားတော်မူ၏” (၁ကော ၁၂း၁၈)။

မည်သည့်ကိုယ်အင်္ဂါတစ်ခုကမျှ အခြားသောအင်္ဂါကို သင့်ကိုငါအလိုမရှိဟု မ ဆိုရ။ သူတို့အားလုံးသည် အချင်းချင်းမှီခိုနေကြရသည်။ အသရေနည်းဟန်ရှိသော အင်္ဂါ တို့အားလည်း၊ သာ၍ ကြီးသောအသရေကိုပေးတတ်၏။ တင့်တယ်ခြင်းမရှိသောအင်္ဂါ တို့သည်သာ၍ ကြီးသောတင့်တယ်ခြင်းကိုခံရကြ၏။ တင့်တယ်လျက်ရှိသောအင်္ဂါ တို့ သည် အခြားသော တင့်တယ်ခြင်းကိုမလိုကြ” (၁ကော ၁၂း၂၂-၂၄)။

အင်္ဂါတစ်ခုခု ချို့ယွင်းလျှင် ကိုယ်ခန္ဓာတစ်ခုလုံးကို ထိခိုက်လိမ့်မည်။ ကိုယ်ခန္ဓာ၌ ဦးနှောက်မရှိလျှင် အစာအိမ်သည် အလုပ်လုပ်မည်မဟုတ်၊ အစာအိမ်မရှိ လျှင်လည်း ဦးနှောက်သည် အသုံးကျလိမ့်မည်မဟုတ်ချေ။ ထိုနည်းတူ မည်မျှပင်မဖြစ်စလောက်ဖြစ် သောအသင်းသားတစ်စုံတစ်ဦးသည် ပျောက်ဆုံးနေခဲ့လျှင် အသင်းတော်သည်ထိခိုက် လိမ့်မည်။

ကိုယ်ခန္ဓာတည်ဆောက်ပုံအရ သာ၍အားနည်းသော အင်္ဂါများသည် အထူးအ ကာအကွယ်ကိုလိုအပ်သည်။ လူတစ်ယောက်သည် လက်တစ်ဖက် သို့မဟုတ် ခြေတစ် ဖက်မရှိဘဲ အလုပ်လုပ်နိုင်သော်လည်း၊ အသည်း၊ နှလုံး သို့မဟုတ် အဆုတ်မရှိ ပါက အသက်မရှင်နိုင်ပါ။ ကျွန်ုပ်တို့သည် အများအားဖြင့်မျက်နှာနှင့်လက်ကိုဖော်ကြ သော် လည်း၊ အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းများကိုမူရိုးရိုးယဉ်ယဉ် သို့မဟုတ် ယဉ်ကျေးဖွယ် ဖြစ်ရန်အတွက် အဝတ်အစားများဖြင့်ဖုံးအုပ်ကြသည်။ သာ၍သေးသော ဆုကျေးဇူးများ ကို လုံး၀ပေါ့ပေါ့တန်တန်မထားရပါ။ အသင်းတော်၏ကျန်းမာရေးသည် သူတို့ အပေါ် မှီနေရသောကြောင့် ကျွန်ုပ်တို့သည် သူတို့ ကိုပိုမိုပြုစုစောင့်ရှောက်ရမည်။

ဘုရားသခင်သည် ကိုယ်ခန္ဓာ၌အချင်းချင်းကွဲပြားခြင်းမရှိစေရန်၊ ညီညွတ်ခြင်း နှင့် အချင်းချင်းအားပြုခြင်းစိတ်ဓာတ်ကိုမွေးထုတ်ရန်ရည်ရွယ်၍ အသင်းတော်တွင် ဝိညာဉ် ဆုကျေးဇူးများကိုဝေငှသည်။ ထိုသို့ဖြင့် အင်္ဂါများတို့သည် အချင်းချင်းသူ့ ကိုကိုယ်နှင့် အမျှသတိပြုစေ။..... အင်္ဂါတစ်ခုတည်းဆင်းရဲခြင်းကိုခံရလျှင် အင်္ဂါအပေါင်း တို့သည်အတူခံရကြ၏။ အင်္ဂါတစ်ခုသည် ချီးမြှောက်ခြင်းကိုခံရလျှင်၊ အင်္ဂါအပေါင်းတို့ သည် အတူဝမ်းမြောက်ကြ၏” (၁ကော ၁၂း၂၅၊၂၆)။ ထို့ကြောင့် ယုံကြည်သူတစ်ဦးသည် ဒုက္ခရောက်သောအခါ၊ အသင်းတော်သည်၎င်းကိုသတိမူမိ၍၊ ဒုက္ခပြေပျောက်စေရန် ကူညီရမည်။ ထိုပုဂ္ဂိုလ်သည် ပြန်လည် ကောင်းမွန်လာသောအခါမှသာ၊ အသင်းတော်၏ ကျန်းမာရေးသည်စိတ်ချရသည်။

ပေါလုသည် ဆုကျေးဇူးတစ်ခုစီ၏တန်ဖိုးကိုဆွေးနွေးပြီးနောက်၊ ၎င်းတို့ကို ဤသို့ စီချသည်။ ဘုရားသခင်သည် ပထမအရာ၌ တမန်တော်တို့ကိုလည်းကောင်း၊ ဒုတိယ အရာ၌ ပုရောဖက်တို့ကိုလည်းကောင်း၊ တတိယအရာ၌ဆရာတို့ကိုလည်းကောင်း၊ ထို နောက် တန်ခိုးပြသောသူတို့ကိုလည်းကောင်း၊ ထိုနောက် အနာရောဂါကိုငြိမ်းစေနိုင်သော အခွင့်ရှိသော သူတို့ကိုလည်းကောင်း၊ သင်းထောက်တို့ကိုလည်းကောင်း၊ စီရင်အုပ်စိုး သောသူတို့ကို လည်းကောင်း၊ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော သူတို့ကို လည်းကောင်းအသင်းတော်၌ ခန့်ထားတော်မူ၏” (၁ကော ၁၂း၂၈)။ မည်သူကမျှဆုကျေး ဇူး အားလုံးကို မရရှိသည်ဖြစ်ရာ၊ အသင်းတော်အတွက်အသုံးကျဆုံးသောဆုကျေးဇူး များကို ရည်ညွှန်း၍၊ အမြတ်ဆုံးသောဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြ” (၁ကော ၁၂း၃၁) ရန် ပေါလု သည် အားလုံးကိုအားပေးခဲ့သည်။

၂။  မရှိမဖြစ်သောအရာ။  သို့သော်ငြားလည်း၊  သန့်ရှင်းသောဝိညာဉ်တော်၏ ဆု ကျေးဇူး များသည် သူတို့ဘာသာသူတို့လုံလောက်မှုမရှိကြချေ။ သာ၍မြတ်သောလမ်းရှိနေသည် (၁ကော ၁၂း၃၁)။ ဝိညာဉ်တော်၏ဆုကျေးဇူးများသည် ခရစ်တော်ကြွလာ သောအချိန်တွင် ကွယ်ပျောက်သွားမည်ဖြစ်သော်လည်း၊ ဝိညာဉ်တော်၏အသီးသည် ထာ ၀ရတည်သည်။ ၎င်းတွင် ထာ၀ရတည်သောမေတ္တာနှင့်၊ မေတ္တာနှင့်အတူတွဲပါလာသော ငြိမ်သက်ခြင်း၊ ကောင်း မြတ်ခြင်း၊ ဖြောင့်မတ်ခြင်းတို့လည်းပါဝင်သည် (ဂလ ၅း၂၂၊ ၂၃။ ဧ ၅း၉)။ ပုရောဖက်ပြု၍ ဟောပြောခြင်း၊ ဘာသာစကားအမျိုးမျိုးပြောတတ် ခြင်းနှင့် အသိဉာဏ်တို့သည် ကွယ်ပျောက်သွားမည်ဖြစ်သော်လည်း၊ ယုံကြည်ခြင်း၊ မျှော်လင့် ခြင်းနှင့် ချစ်ခြင်းတို့သည် တည်မြဲ လိမ့်မည်။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း” (၁ကော ၁၃း၁၃)။

ဤဘုရားသခင်ပေးသော အာဂပေမေတ္တာသည် ကိုယ်ကျိုးစွန့်၍ပေးကမ်းသော မေတ္တာဖြစ်သည် (၁ကော ၁၃း၄-၈)။ ၎င်းသည် သာ၍မြင့်မြတ်သော မေတ္တာမျိုးဖြစ် သည်။ ၎င်းသည် ချစ်ရသောသူ သို့မဟုတ် အရာတစ်ခု၌တန်ဖိုးရှိသောအရာကို အသိ အမှတ်ပြုသည်။ ခံစားချက်အပေါ်မဟုတ်ဘဲ၊ အခြေခံစည်းမျဉ်းအပေါ်အခြေခံသော မေတ္တာဖြစ်သည်။ ချီးမွမ်းနှစ်လိုဖွယ်သောအရည်အချင်းများကို အလေးထားမှုမှကြီးထွား လာသောမေတ္တာဖြစ်သည်။မေတ္တာကင်းမဲ့သောဆုကျေးဇူးများသည် အသင်းတော်ထဲ တွင် ရှုပ်ထွေးမှုနှင့် ကွဲပြားမှုတို့ကို ဖြစ်စေသည်။ ထိုကြောင့် သာ၍မြတ်သောလမ်းသည် ဝိညာဉ်ဆုကျေးဇူးကိုရရှိသော သူတစ် ဦးစီသည် ဤလုံး၀ကိုယ်ကျိုးမဖက်သောမေတ္တာ ကိုပိုင်ဆိုင် ခြင်းဖြစ်သည်။ ချစ်ခြင်းမေတ္တာ ကိုမီအောင်လိုက်ကြလော့။ ဝိညာဉ်ဆု ကျေးဇူးတို့ကို အလွန်အလိုရှိသည်တွင်၊ ပုရောဖက် ပြုရသောအခွင့်ကို သာ၍လိုချင် သောစိတ်ရှိကြလော့” (၁ကော ၁၄း၁)။

ဘုရားသခင်၏ဘုန်းတော်အတွက်အသက်ရှင်ခြင်း။ ပေါလုသည် ဝိညာဉ် ဆုကျေး ဇူး အကြောင်းကို ရောမဩဝါဒစာတွင်လည်းပြောခဲ့သည်။ ယုံကြည်သူတိုင်းကို ဘုရား သခင်၏ ဘုန်းတော်အတွက်အသက်ရှင်ရန် ဖိတ်ခေါ်ရင်း (ရော ၁၁း၃၆-၁၂း၂)၊ ပေါလု သည် အသင်းတော်တွင်အတူတကွပါဝင်သောယုံကြည်သူတို့ကို သရုပ်ဖော်သည့် အရာ သည် ကွဲပြားသော်လည်း စည်းလုံးကြောင်းကိုပြသရန် ကိုယ်ခန္ဓာ၏အင်္ဂါအစိတ် အပိုင်း များကိုအသုံးပြုသည် (ရော ၁၂း၃-၆)။

ယုံကြည်ခြင်းနှင့် ဝိညာဉ်ဆုကျေးဇူးများသည် ဘုရားသခင်၏ ကျေးဇူးတော်မှလာ သည် ကိုသိမှတ်၍ ယုံကြည်သူများသည်စိတ်နှိမ့်ချရမည်။ ယုံကြည်သူများသည် ဝိညာဉ် ဆုကျေးဇူးကို ပိုမိုရရှိ၍၊ သူတို့၏ဝိညာဉ်ရေးဩဇာသည် သာ၍ကြီးမားလေလေ၊ သူတို့ ၏ ဘုရားသခင် အပေါ် မှီခိုမှုသည် ပိုမိုကြီးမားလေလေဖြစ်သည်။

ရောမဩဝါဒစာ ၁၂ တွင် ပေါလုသည် ဝိညာဉ်ဆုကျေးဇူးများကိုရေးချထားသည်။ ၎င်းတို့မှာ ပုရောဖက်ပြုခြင်း၊ ဓမ္မဆရာအမှုဆောင်ရွက်ခြင်း၊ ဆုံးမဩဝါဒပေးခြင်း၊ နှိုး ဆော်သွေးဆောင်ခြင်း၊ စွန့်ကြဲဝေငှခြင်း၊ အုပ်ချုပ်ခြင်း၊ သနားခြင်းကရုဏာတို့ဖြစ် သည်။ (၁ကော ၁၂) မှာကဲ့သို့၊ သူ၏ဆွေးနွေးတင်ပြမှုကို အကြီးမားဆုံးသောခရစ်ယာန် အခြေခံစည်းမျဉ်းဖြစ် သော မေတ္တာ (၁ကော ၁၃း၁၃)  ဖြင့် အဆုံးသတ်သည်။

ခပ်သိမ်းသော အရာတို့သည် အဆုံးသို့ရောက်လုသည် ကိုထောက်၍၊ ပေတရု သည် ဝိညာဉ်ဆုကျေးဇူးအကြောင်းကိုတင်ပြခဲ့သည် (၁ပေ ၄း၇)။ အရေးတကြီးဖြစ် နေ သောအချိန်ကာလက၊ ယုံကြည်သူများသည် ဆုကျေးဇူးများကို အသုံးပြုရမည်ဖြစ် ကြောင်းချမှတ်သည်။ သူက၊ သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီးခံရကြ သည်နှင့် အညီ၊ ဘုရားသခင်၏ အထူးထူးအပြားပြားသော ကျေးဇူးတော် ဘဏ္ဍာစိုး ကောင်းကဲ့သို့၊ အချင်းချင်း ဝေငှပေးကမ်းကြလော့” (၁ပေ ၄း၁၀)။ ပေါလုကဲ့သို့ ပေတရုသည် ဤဆုကျေးဇူးများမှာ မိမိတို့ ဂုဏ်ကျက်သရေအတွက်မဟုတ်ကြောင်းနှင့်၊ ဘုရားသခင်သည် အရာရာ၌.... ဘုန်းတော် ထင်ရှားစေမည်အကြောင်းသွန်သင်ခဲ့သည် (၁ပေ ၄း၁၁)။ သူသည်လည်း ဝိညာဉ် ဆုကျေးဇူးများနှင့် ချစ်ခြင်းမေတ္တာကို တွဲဖက် ပေးခဲ့သည် (၁ပေ ၄း၈)။

အသင်းတော်၏ကြီးထွားမှု။ ပေါလု၏ ဝိညာဉ်တော် ဆုကျေးဇူးအကြောင်း တတိယ အကြိမ်နှင့် နောက်ဆုံးအကြိမ်ဆွေးနွေးတင်ဆက်မှုတွင်၊ ပေါလုကယုံကြည်သူ များကို ခေါ်တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည်ခံရသည်နှင့်အထိုက်အလျောက် ကျင့် ဆောင်ကြလော့။ အရာရာ၌စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တစ်ယောက်ကိုတစ်ယောက်သည်းခံခြင်းရှိကြ၍၊ အသင့် အတင့်ပေါင်းဖော်ခြင်း အဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်းစိတ်သဘောမခြား မနားတစ်လုံးတစ်၀တည်းဖြစ်အံ့သောငှာ ကြိုးစားအားထုတ်ကြလော့” (ဧ ၄း၁-၃) ဟု တိုက် တွန်းသည်။

ဝိညာဉ်တော်ဆုကျေးဇူးသည် အသင်းတော်ကိုကြီးထွားစေသောစည်းလုံးမှုကိုမြှင့် တင်ရန်ပံ့ပိုးသည်။ ယုံကြည်သူတိုင်းသည် ခရစ်တော်သည်ဆုပေးတော်မူသည်အတိုင်း... ဆု ကျေးဇူး ကို အသီးအသီးကိုယ်စီရကြပြီ” (ဧ ၄း၇)။

ခရစ်တော်ကိုယ်တိုင်သည် လူတချို့တို့ကို တမန်တော်အရာ၌ လည်းကောင်း၊ တ ချို့တို့ ကိုပုရောဖက်အရာ၌လည်းကောင်း၊ တချို့တို့ကိုသာသနာပြုအရာ၌လည်းကောင်း၊ တချို့တို့ ကိုသင်းအုပ်အရာ၊ ဆရာအရာ၌လည်းကောင်းခန့်ထားတော်မူ၏ဤအရာများ သည် သာသနာလုပ်ငန်းကို ဇောင်းပေးသောဆုကျေးဇူးများဖြစ်၍၊ ခရစ်တော်၏ ကိုယ် တော်ကို တည်ဆောက်၍၊ ဓမ္မဆရာအမှုကိုပြုတတ်မည်အကြောင်း၊.   ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်၏သားတော်ကိုသိကျွမ်းခြင်းသို့ လည်း ကောင်း၊ တညီတညွတ်တည်းရောက်၍၊ ခရစ်တော်၏ ပြည့်စုံခြင်း ပမာဏအရပ်တည်း ဟူသောကြီးရင့်သောလူအဖြစ်သို့ရောက်ကြ” (ဧ ၄း၁၁-၁၃) ရန်အတွက် ပေးထားခြင်း ဖြစ်သည်။    ဝိညာဉ်ဆု ကျေးဇူးများကိုရရှိသော သူတို့သည် အထူးသဖြင့်ယုံကြည်သူ ၏ ဆုကျေးဇူး အတိုင်း သာသနာ လုပ်ငန်းအတွက် သူတို့ကိုသင်ကြားလေ့ကျင့် ပေးခြင်းဖြင့် အလုပ်အကျွေးပြုရန်ဖြစ်သည်။ ဤအရာသည် အသင်းတော်ကိုရင့်သန် လာရန်တည် ဆောက်ပေး၍၊ ခရစ်တော်၏ ပြည့်စုံသောကိုယ်ခန္ဓာအဖြစ်သို့ရောက်ရှိရန် ဖြစ်သည်။

ဤသာသနာလုပ်ငန်းသည် ဝိညာဉ်ရေးတည်ငြိမ်မှုကိုတိုးပွားစေပြီး၊ မှားယွင်းသော ယုံကြည်ချက်များကိုကာကွယ်ရန် အသင်းတော်ကိုခွန်အားပေးသည်။ ထိုကြောင့်ယုံကြ ည် သူများသည် နောက်တစ်ဖန် ခပ်သိမ်းသော ဩဝါဒလေတိုက်၍ ဖရိုဖရဲလွင့်သွား သော သူငယ်မဖြစ်ဘဲလျက်၊ မေတ္တာစိတ်နှင့်သမ္မာတရားကိုဟောပြောသဖြင့်၊ ဦးခေါင်း တည်းဟူ သော ခရစ်တော်မှာ အရာရာတို့၌ကြီးပွားမည်အကြောင်းတည်း” (ဧ ၄း၁၄၊ ၁၅)။

နောက်ဆုံးတွင် ဝိညာဉ်တော် ဆုကျေးဇူးများသည် ခရစ်တော်၌ စည်းလုံးခြင်းနှင့် အသင်းတော်၏ ကြွယ်၀မှုတို့ကိုဖြစ်လာစေသည်။ ထိုဦးခေါင်းမှအဆစ်အပိုင်းများတို့ သည် အားဖြည့်သဖြင့်၊ တစ်ကိုယ်လုံးသည်စေ့စပ်ထုံးဖွဲ့လျက်၊ အသီးအသီးအင်္ဂါများ ကိုယ်ငန်း ကိုယ်တာအတိုင်း၊ ပြုပြင်သည်နှင့်အညီ၊ မိမိကိုယ်ကိုမေတ္တာ၌တည်ဆောက် ခြင်းငှာ ကြီးပွားစေတတ်၏” (ဧ ၄း၁၆)။ ဘုရားသခင်ရည်ရွယ်သော ကြီးထွားမှုကို အ သင်းတော်သည် တွေ့ကြုံခံစားနိုင်ရန်၊ အသင်းသားတစ်ဦးစီသည် သူပေးသော ဆုကျေး ဇူးကိုအသုံးပြုရမည်။

ရလဒ်အနေဖြင့်အသင်းတော်သည် အသင်းသားဦးရေကြီးထွားမှုနှင့် တစ်ဦးချင်းစီ ၏ ဝိညာဉ်ရေးဆုကျေးဇူးတိုးပွားခြင်းတည်းဟူသော ကြီးထွားခြင်းနှစ်ဆကိုရရှိသည်။ တစ်ဖန်၊ ချစ်ခြင်းမေတ္တာသည် ဤခေါ်တော်မူခြင်း၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အ ကြောင်းမှာ အသင်းတော်သည် ဤဆုကျေးဇူးများကို မေတ္တာဖြင့်အသုံးပြုသောအခါ မှသာလျှင် ဤ တည်ဆောက်ကြီးထွားမှုကိုသဘောပေါက်နိုင်သည်။

ဝိညာဉ်ဆုကျေးဇူးများဂယက်ရိုက်ခတ်မှု

ဘုံသာသနာလုပ်ငန်း။ သာမန်အသင်းသားများသည် ဘုရားကျောင်းခုံတန်းရှည် ကို နွေးစေရုံမျှထိုင်၍ တရားနာရန်စောင့်နေစဉ် ဓမ္မဆရာသည် သာသနာလုပ်ငန်း ဆောင် ရွက်နေရမည်ဟူသောအမြင်ကို သမ္မာကျမ်းစာကမထောက်ခံချေ။ ဓမ္မဆရာများနှင့် သာ မန်အသင်းသားတို့သည် ဘုရားသခင် ပိုင်ထိုက်တော်မူသောအပေါင်းအသင်း” (၁ပေ ၂း၉) ဖြစ်၍၊ အတူ တကွအသင်းတော်ကိုထူထောင်ကြသည်။ သူတို့သည် အသင်းတော်၏ ကောင်းစားရေး အတွက်နှင့် ၎င်း၏ကြီးပွားချမ်းသာခြင်းအတွက် အတူ တကွတာဝန်ရှိ ကြသည်။ သူတို့သည် ခရစ်တော်ပေးသောဆုကျေးဇူးများရရှိသည့်အတိုင်း အတူတကွ အမှုတော်တွင် ပါဝင်လုပ် ဆောင်ရန်ခေါ်တော်မူခြင်းခံရကြသည်။ ဆုကျေးဇူးများခြားနား မှုသည် အမျိုးမျိုးသော အမှု တော်ကိုဖန်တီးပေး၍၊ ဘုရားသခင်၏နိုငံတော်တိုးချဲ့ ရန်နှင့် လောကီသားများအား သူတို့၏ ကယ်တင်ရှင်တွေ့ဆုံစေခြင်းအလိုငှာ ပြင်ဆင်ရန် သူတို့၏သက်သေခံခြင်းတွင် အားလုံး ပေါင်းစည်းကြသည် (မ ၂၈း၁၈-၂၀။ ဗျာ ၁၄း၆-၁၂)။

ဓမ္မဆရာ၏ကဏ္ဍ။ ဝိညာဉ်ဆုကျေးဇူးဆိုင်ရာ ယုံကြည်ချက်သည် အသင်းသား များအား သင်ကြားလေ့ကျင့်ပေးသည့်တာဝန်ကို ဓမ္မဆရာတို့ပခုံးတွင်ပေးလိုက်သည်။ ဘုရားသခင်သည် သူ၏လူတို့ကို သာသနာလုပ်ငန်းအတွက်လက်နက်တပ်ဆင်ပေးရန် တမန်တော်များ၊ ပုရောဖက်များ၊ ဧဝံဂေလိတရားဟောဆရာများ၊ အသင်းအုပ်ဆရာများ၊ စာသင်ဆရာများ တို့ကိုတာဝန်ပေးခဲ့ပေပြီ။ ဓမ္မဆရာများသည် အသင်းတော်နှင့်ဆိုင် သောအလုပ်ကိုမလုပ်သင့်ချေ။ ထိုသို့ဖြင့် သူတို့ကိုယ်ကိုစိတ်ပင်ပန်းနွမ်းနယ်စေပြီး၊ အခြားသူများကို သူတို့၏ တာဝန်ကိုထမ်းဆောင်ခြင်းမှတားဆီးရာရောက်သည်။ သူတို့ သည် အသင်းသားများကို အသင်းတော်နှင့်ပတ်ဝန်းကျင်ရပ်ကွက်တို့၌ မည်သို့လုပ် ဆောင်ရမည်ကို သင်ပြပေးရမည်။

သင်ကြားလေ့ကျင့်ပေးခြင်း ဆိုင်ရာဆုကျေးဇူးမရှိသော ဓမ္မဆရာသည် အသင်းအုပ်အလုပ်နှင့်စပ်ဆိုင်သူမဟုတ်ဘဲ၊ ဘုရားသခင်၏အခြားသောအမှုတော်နှင့် ပိုမို သက်ဆိုင် သည်။ အသင်းတော်အတွက် ဘုရားသခင်၏အစီအစဉ်အောင်မြင်ခြင်းသည် အသင်းသားများက ဘုရားသခင်ပေးသောဆုကျေးဇူးများကိုအသုံးပြုရန် သင်တန်းပေး ရာတွင် အသင်းအုပ်ဆရာများ၏စိတ်ပါဝင်စားမှုနှင့် စွမ်းဆောင်ရည်တို့အပေါ်မူတည် သည်။

ဆုကျေးဇူးများနှင့်လုပ်ငန်းတာဝန်။ ဘုရားသခင်သည် ဝိညာဉ်ဆုကျေးဇူးများ ကိုရရှိ သောသူတို့တစ်ဦးစီ၏ အကျိုးအမြတ်အတွက်မဟုတ်ဘဲ၊ အသင်းတော် တစ်ခု လုံး၏ အကျိုးကျေးဇူးအတွက်ပေးသည်။ ဆုကျေးဇူးများကိုရရှိသောသူတို့သည် သူတို့ ကိုယ်ပိုင်အတွက် ရရှိခြင်းမဟုတ်သကဲ့သို့၊ အသင်းတော်သည်လည်း ဆုကျေးဇူး တစ်ရပ် လုံးကို မိမိကိုယ်ပိုင်အတွက်ရရှိခြင်းမဟုတ်ပါ။ ဘုရားသခင်သည် သူတာဝန်ပေးထား သော လောကကို သာသနာပြုရမည့် တာဝန်ကို ဖြည့်ဆည်းနိုင်ရန် အသင်းတော် တစ်ရပ် လုံးကို ဆုကျေးဇူးများ ဖြင့်ပံ့ပိုးပေးသည်။

ဝိညာဉ်ဆုကျေးဇူးများသည် အလုပ်ကောင်းစွာလုပ်ခြင်းအတွက် လက်ဆောင် မဟုတ် ပါ။ ၎င်းတို့သည် အလုပ်ကောင်းစွာလုပ်နိုင်ရန်၊ လက်နက်ကိရိယာများဖြစ်သည်။ ပင်ကို စွမ်း ရည်များသည် ဝိညာဉ်ဆုကျေးဇူး မဟုတ်သော်လည်း၊ လူပုဂ္ဂိုလ်၏ ပင်ကိုစွမ်း ရည်နှင့် သဟဇာတဖြစ်သောဆုကျေးဇူးများကို အများအားဖြင့်ဝိညာဉ်တော်ကပေး သည်။ အသစ်မွေးဖွားသောသူကို ဝိညာဉ်တော်၏ခွန်အားပေးခြင်းလိုအပ်သည်။ ကျွန်ုပ် တို့သည် ဝိညာဉ်ဆုကျေးဇူးများဖြင့်ပံ့ပိုးခြင်းခံရနိုင်ဖို့ အသစ်တစ်ဖန်မွေးဖွားရန်လိုအပ် သည်။

တူညီခြင်းမဟုတ်၊ ကွဲပြားမှု၌စည်းလုံးခြင်းဖြစ်သည်။ တချို့သော ခရစ်ယာန်များ သည် အခြားယုံကြည်သူတိုင်းကို မိမိတို့နှင့်တူအောင်ကြိုးစားကြသည်။ ဤအရာသည် လူ့အစီအစဉ်သာဖြစ်ပြီး၊ ဘုရားသခင်၏အကြံအစည်မဟုတ်ပါ။ ပင်ကိုစွမ်းရည်များကို ပြည့်စုံစေရန် အမျိုးမျိုးသော ဝိညာဉ်ဆုကျေးဇူးများရှိသော်လည်း အသင်းတော်သည် ဆက်လက်၍ စည်းလုံးလျက်ရှိသည်။ ၎င်းက ဘုရားသခင့် အသင်းတော်၏တိုးတက် မှုသည် ယုံကြည်သူ အယောက်စီတိုင်းအပေါ်တွင်မှီခိုကြောင်း ညွှန်ပြသည်။ အသင်း တော်အထဲက အားလုံးသော ဆုကျေးဇူးများ၊ သာသနာလုပ်ငန်းများနှင့် လုပ်ငန်းလည် ပတ်မှုများသည်ပေါင်းစပ်၍ ရှေးကအသင်းတော်အားဖြင့်ချခဲ့သော အုတ်ဖြစ်အပေါ်တွင် တည်ဆောက်ကြရန် ဘုရားသခင် ရည်ရွယ်သည်။ တိုက်ထောင့် အမြစ်တည်းဟူသော ယေရှုခရစ်တော်၌ တစ်တိုက်လုံးသည် စေ့စပ်၍ကြီးပွားသဖြင့်၊ သခင်ဘုရားအဖို့အလို ငှာ သန့်ရှင်းသောဗိမာန်တော်ဖြစ်၏” (ဧ ၂း၂၁)။

ဆုကျေးဇူးများ၏ရည်ရွယ်ချက်ဖြစ်သောသက်သေခံခြင်း။ ယုံကြည်သူများသည် အမျိုးမျိုးသောဆုကျေးဇူးများကိုရကြသည်အရာမှာ၊ အယောက်စီတိုင်းအတွက် သီးခြား သာသနာ ရှိကြောင်းကိုညွှန်ပြသည်။ ယုံကြည်သူအားလုံးသည် သူတို့၏ ယုံကြည်ခြင်းကို သက်သေခံခြင်း၊ ယုံကြည်မှုများကိုမျှဝေခြင်းနှင့် သူတို့၏အသက်တာ၌ ဘုရားသခင်ပြု လုပ်ခဲ့သောအရာများကို ပြောပြခြင်းစသည်တို့ကိုပြုလုပ်နိုင်ရမည်။ ဘုရားသခင်ပေး သောဆုတစ်ခုစီသည် မည်သည့်ဆုပင်ဖြစ်သော်လည်း၊ ၎င်း၏ရည်ရွယ်ချက်မှာ ထိုဆု ကျေးဇူးကိုပိုင်ဆိုင်သူသည် သက် သေခံနိုင်ရန်အတွက်ဖြစ်သည်။

ဝိညာဉ်ဆုကျေးဇူးများကိုအသုံးပြုရန်ပျက်ကွက်ခြင်း။ မိမိတို့၏ဝိညာဉ် ဆုကျေး ဇူးများကို အသုံးပြုရန် ငြင်းဆန်သောသူတို့သည် သူတို့၏ ဆုကျေးဇူးများအသုံးမပြုခြင်း ကြောင့်သေးသိမ်သွားသည်သာမက၊ သူတို့၏ထာ၀ရကယ်တင်ခြင်းကိုလည်း ထိခိုက်စေ ကြသည်။ မိမိအစွမ်းကိုအသုံးမပြုခဲ့သောငယ်သားသည် သူ၏ထာ၀ရဆုလာဘ်ကို လက် လွတ် လိုက်ရသော ဆိုးညစ်ပျင်းရိသောငယ်သားဖြစ်ကြောင်း ယေရှုသည် မေတ္တာဖြင့် အလေးအနက် သတိပေးခဲ့သည်။ သစ္စာမရှိသောငယ်သားက သူ၏ပျက်ကွက်မှုသည် တမင်သက်သက် ကြိုတင်ကြံရွယ်ထားခြင်းဖြစ်ကြောင်းကို ပွင့်ပွင့်လင်းလင်းဝန်ခံခဲ့ သည်။ ထို့ကြောင့် သူ၏ ပျက်ကွက်မှုအတွက် သူတာဝန်ယူရလိမ့်မည်။ နောက်ဆုံးသော တရားစီရင်ခြင်းနေ့ကြီးတွင် တာဝန်ဝတ္တရားများကိုရှောင်တိမ်း၊ ခေါင်းရှောင်၍၊ လွင့်မျော နေသောသူတို့ကို တရားသူကြီးမင်းသည် မကောင်းမှုကိုကျူးလွန်သူများနှင့်တန်းတူ အဆင့်၌ထားလိမ့်မည်။

ဝိညာဉ်ဆုကျေးဇူးများကိုရှာဖွေတွေ့ရှိခြင်း

အသင်းသူအသင်းသားများသည် အသင်းတော်၏လုပ်ငန်းတွင်အောင်မြင်စွာပါဝင် နိုင်ရန်သူတို့၏ ဆုကျေးဇူးများကို နားလည်ရမည်။ ဆုကျေးဇူးများသည် သံလိုက်အိမ် မြောင်ကဲ့သို့ လုပ်ဆောင်၍၊ ၎င်းကိုပိုင်ဆိုင်သောသူအား အမှုတော်နှင့်ကြွယ်၀သော အသက်တာ၏ ဝမ်းမြောက်ခြင်း စသည်တို့ဘက်သို့ညွှန်ပြပေးသည် (ယော ၁ဝး၁၀)။ ကျွန်ုပ်တို့၏ ဆုကျေးဇူးများကို အသိအမှတ်ပြုရန်၊ တိုးပွားစေရန်၊ အသုံးပြုရန်ကျွန်ုပ် တို့မရွေးချယ်လျှင်၊ အသင်းတော်သည် ဖြစ်နိုင်သည့်အဆင့်ထက်နည်းနေသည်။ ဘုရား သခင်ရည်ရွယ်သည့် အဆင့် ထက် လည်းလျော့ကျနေသည်။

ကျွန်ုပ်တို့၏ဝိညာဉ်ဆုကျေးဇူးများကို ရှာဖွေတွေ့ရှိနိုင်မည့်လုပ်ငန်းစဉ်မှာ အောက် ပါ အတိုင်းဖြစ်သည်။

ဝိညာဉ်ရေးဆိုင်ရာပြင်ဆင်မှု။ တမန်တော်များသည် အပြစ်သားများကို ခရစ် တော်ထံသို့ပို့ဆောင်မည့်စကားများကို ပြောနိုင်အောင်သင့်လျော်မှုရှိရန်အတွက် စိတ် အားထက်သန်စွာဆုတောင်းခဲ့ကြသည်။ သူတို့အကြား၌ရှိသော ခြားနားမှုများနှင့် အကြီး အကဲဖြစ်လိုမှု တို့ကိုဖယ်ရှားခဲ့ကြသည်။ အပြစ်ကိုဝန်ချခြင်းနှင့် နောင်တတရားသည် သူတို့ကိုခရစ်တော်နှင့်အတူ ရင်းနှီးသောဆက်ဆံရေးထဲသို့ခေါ်ဆောင်လာခဲ့သည်။ ယနေ့ ခရစ်တော်ကို လက်ခံရရှိသော သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ဗတ္တိဇံ အတွက် ပြင် ဆင်ရာတွင် အလားတူအတွေ့ အကြုံ မျိုးလိုအပ်သည်။

သန့်ရှင်းသောဝိညာဉ်တော်၏ဗတ္တိဇံသည် တစ်ကြိမ်တည်းသာဖြစ်သောဖြစ်ရပ် မဟုတ်ချေ။ ကျွန်ုပ်တို့သည် ၎င်းကိုနေ့စဉ်တွေ့ကြုံခံစားနိုင်သည်။ ကျွန်ုပ်တို့သည် ထိုဗတ္တိ ဇံအတွက်၊ ဘုရားသခင်ကိုတောင်းလျှောက်ရန်လိုအပ်သည်။ အဘယ်ကြောင့် ဆိုသော်၊ ၎င်းသည် အသင်းတော်အား ဧဝံဂေလိတရားကိုသက်သေခံဟောပြောရန် တန်ခိုးကိုပေး သည်။ ဤအရာကိုလုပ်ဆောင်ရန်၊ ကျွန်ုပ်တို့၏အသက်တာကို ဘုရားသခင် ထံအမြဲ တမ်းဆက်ကပ် အပ်နှံရမည်၊ ခရစ်တော်၌လုံးလုံးတည်နေရမည်၊ ကျွန်ုပ်တို့၏ ဆုကျေးဇူး ကို ရှာဖွေတွေ့ရှိ နိုင် ရန် ဘုရားသခင်ထံဉာဏ်ပညာကိုတောင်းရမည် (ယာ ၁း၅)။

သမ္မာကျမ်းစာကိုလေ့လာခြင်း။ ဓမ္မသစ်ကျမ်းက ဝိညာဉ်ဆုကျေးဇူးအကြောင်း သင်ပေးသောအရာကို ဆုတောင်းခြင်းဖြင့်လေ့လာခြင်းသည် သန့်ရှင်းသော ဝိညာဉ် တော်က ကျွန်ုပ်တို့အတွက်ထားရှိသည့်တိကျသောအမှုတော်ကို ကျွန်ုပ်တို့၏ စိတ်ထဲတွင် စွဲမှတ်စေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ၏အမှုတော်အတွက် အနည်းဆုံး ဆုကျေးဇူးတစ်ခုပေး သည်ကို ကျွန်ုပ်တို့ယုံကြည်ရန်အရေးကြီးသည်။

ဘုရားရှင်၏လမ်းပြမှုကိုခံယူခြင်း။  ကျွန်ုပ်တို့သည် ဝိညာဉ်တော်ကိုအသုံးပြုရန် မဟုတ်၊ သူ၏အသုံးပြုခြင်းကိုခံရန်ဖြစ်သည်။ အကြောင်းမူကား၊ သင်တို့သည် အလိုရှိ စေခြင်းငှာ လည်းကောင်း၊ အကျင့်ကျင့်စေခြင်းငှာလည်းကောင်း၊ သင်တို့အထဲ၌ စေတ နာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း” (ဖိ ၂း၁၃)။ ဘုရား သခင်၏ လမ်းပြမှုအတိုင်း မည်သည့်အမှုတော်လုပ်ငန်းမဆိုလုပ်ဆောင်လိုခြင်းမှာ အခွင့် ထူးတစ်ခုဖြစ်သည်။ အခြားသူများမှတစ်ဆင့် အလုပ်လုပ်ဆောင်နိုင်မည့်အခွင့်အရေးကို ကျွန်ုပ်တို့သည် ဘုရား သခင်အားပေးရမည်။ ထို့ကြောင့် အသင်းတော်၏လိုအပ်မှုများ ပေါ်လာသောအချိန်တိုင်း ကူညီရန်ကျွန်ုပ်တို့အဆင်သင့်ရှိရမည်။ ကျွန်ုပ်တို့သည် အသစ် သောအရာကို စမ်းသပ် လုပ်ဆောင်ရန်မကြောက်ရချေ။ သို့သော်၊ ကျွန်ုပ်တို့၏အကူ အညီကို တောင်းဆိုလာသော အခါကျွန်ုပ်တို့၏စွမ်းရည်များနှင့် အတွေ့အကြုံတို့ကိုပြော ပြရန် ဝန်မလေးပါနှင့်။

အသင်းတော်မှအတည်ပြုချက်။ ဘုရားသခင်သည် ဤဆုကျေးဇူးများကို အသင်းတော် တည်ဆောက်ရန်ပေးထားသည်ဖြစ်ရာ၊ ကျွန်ုပ်တို့ရရှိသောဝိညာဉ်ဆု ကျေးဇူးများကိုကိုယ် ပိုင်ခံစားချက်ဖြင့်မဟုတ်ဘဲ၊ အသင်းတော်တစ်ခုလုံးကအသိအမှတ်ပြုပေးရမည်။ မကြာခဏ သူတစ်ပါး၏ဆုကျေးဇူးထက် ကိုယ့်ဆုကျေးဇူးကိုသိရှိရန်ပိုမိုခက်ခဲ တတ်သည်။ ကျွန်ုပ်တို့၏ ဆုကျေးဇူးအကြောင်းကို သူတစ်ပါးကကျွန်ုပ်တို့အားပြောပြ သည်ကို နားထောင်လို စိတ် ရှိသည်သာမက၊ သူတစ်ပါး၌ ဘုရားသခင်၏ဆုကျေးဇူးကို အသိအမှတ်ပြုပေးရန်လည်း အရေးကြီးသည်။

ကျွန်ုပ်တို့အတွက်ဘုရားရှင်သတ်မှတ်ပေးသောအလုပ် သို့မဟုတ် အမှုတော်ကို လုပ်ဆောင် နေရကြောင်းကိုသိရှိခြင်းထက် ပိုမိုစိတ်လှုပ်ရှား၍ကျေနပ်ဖွယ်သောအရာဘာမျှ မရှိချေ။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခရစ်တော်သည်ကျွန်ုပ်တို့အားပေးသော အထူးဆု ကျေးဇူးကို သူ၏အမှုတော်တွင်အသုံးပြုရခြင်းသည် အလွန်ကြီးမားသော ကောင်းချီးပါ တကား။ ခရစ်တော်သည် သူ၏ကျေးဇူးတော်ဆိုင်ရာအစွမ်းများကိုမျှဝေစေလို သည်။ ယနေ့ ကျွန်ုပ်တို့သည် သူ၏ဖိတ်ခေါ်ခြင်းကိုလက်ခံ၍၊ ဝိညာဉ်တော်နှင့် ပြည့်၀သောအသက်တာ၌ သူ၏ဆုကျေးဇူးသည် မည်သည့်အရာပြုလုပ်နိုင်သည်ကို ရှာဖွေတွေ့ရှိနိုင်သည်။

- ၀ -

မူလမာတိကာသို့

No comments:

Post a Comment