Wednesday, March 19, 2025

 


 

အခန်း - ၆၄

မမှန်သော သက်သေခံခြင်း


၁။ ကျန်ကြွင်းသောဣသရေလလူတို့၌ ဘာဂုဏ်ဒြပ်ရှိမည်နည်း။

        ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့သည် မတရားသော အမှုကိုမပြုရကြ။ မုသားမပြောရကြ။ သူတို့နှုတ်၌ လှည့်စားတတ်သောလျှာမရှိရ။ (ဇေ၊ ၃း၁၃။)

မှတ်ချက်။ ကျန်ကြွင်းသော ဣသရေလလူတို့ဆိုလျှင် မိန်းမ၌ ကြွင်းသောအမျိုးအနွယ်ဖြစ်ကြသည်။ ခရစ်တော်ဒုတိယအကြိမ် ကြွလာတော်မမူမီ ကမ္ဘာကုန်ဆုံးခြင်းကာလ၌ တည်ရှိသော အသင်းတော်ဖြစ်သည်။ (ဗျာ၊ ၁၂း၁၇။)

၂။ ဤအသင်းတော်သည် အပြစ်နှင့်အဘယ်မျှလောက် ကင်းလွတ်မည်နည်း။

        အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌မုသားမရှိ။ (ဗျာ၊ ၁၄း၅။)

၃။ မုသားအဘသည် ဘယ်သူနည်း။

        သင်တို့သည် သင်တို့၏ အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ မာရ်နတ်သည် ရှေးဦးစွားမှစ၍ လူအသက်ကို သတ်သော သူဖြစ်၏။ သူ၌သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌မတည်မနေ။ သူသည်မုသားစကားကို ပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသားအဘလည်းဖြစ်၏။ (ယော၊ ၈း၄၄။)

၄။ မုသားပြောသောသူသည် အဘယ်သူ၏သားဖြစ်သနည်း။

        သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ (ယော၊ ၈း၄၄။) 


ယုဒလူတို့သည် မမှန်သော သက်သေထွက်ချက်အားဖြင့် သခင်ယေရှုကို

မတရားစွပ်စွဲလျက် အသေသတ်ခြင်းငှာ စီရင်ကြ၏


၅။ ဘုရားသခင်သားတို့သည် မုသားပြောကြမည်လော။

        အကယ်စင်စစ်သူတို့သည် ငါ၏လူဖြစ်ကြ၏။ သစ္စာမပျက်သော သားလည်းဖြစ်ကြ၏။ (ဟေရှာ၊ ၆၃း၈။)

၆။ မုသားပြောသောသူကိုမှီဝဲအပ်ကြသလော။

        မာနထောင်လွှားသောသူနှင့် မိစ္ဆာတရားလမ်းသို့ လွှဲသွားသော သူတို့ကိုမမှီဝဲ ထာ၀ရဘုရားကို ကိုးစားသောသူသည် မင်္ဂလာရှိ၏။ (ဆာ၊ ၄ဝး၄။)

၇။ မုသားသည် ကယ်တင်နိုင်သော အားကိုးစရာဖြစ်သလော။

        မိုးသီးရွာ၍ ကိုးစားစရာမုသားကို ပယ်ရှားလိမ့်မည်။ ပုန်းကွယ်ရာ အရပ်ကိုလည်း ရေလွမ်းမိုးလိမ့်မည်။ (ဟေရှာ၊ ၂၈း၁၇။)

၈။ မမှန်သောသက်သေခံခြင်းအကြောင်း ပညတ်တော်က မည်ကဲ့သို့ ပြောထားသနည်း။

        ကိုယ်နှင့်စပ်ဆိုင်သော သူတစ်ဖက်၌ မမှန်သောသက်သေကို မခံနှင့်။ (ထွ၊ ၂ဝး၁၆။ ၂၃း၁။)

၉။ ပညတ်တရားသည် ဘယ်သူအဖို့ထားတော်မူသနည်း။

        ပညတ်တရားကို တရားသဖြင့် ကျင့်သောသူအဖို့မထား၊ မတရားသဖြင့်ကျင့်သောသူ၊ နားမထောင်သောသူ၊ မုသားစကားကိုသုံးသောသူ၊ မဟုတ်မမှန်ဘဲကျိန်ဆိုသော သူအဖို့ထားသည်။ (၁တိ၊ ၁-၁၀။)

၁၀။ ဘုရားသခင်သည် ဘယ်အရာများကို အထူးမုန်းတော်မူသနည်း။

        ထာ၀ရဘုရားမုန်းတော်မူသောအရာ ခြောက်ပါးမက စက်ဆုပ်ရွံရှာတော်မူသော အရာခုနစ်ပါးဟူမူကား၊ ထောင်လွှားသောမျက်နှာ တစ်ပါး၊ မုသား၌ကျင်းလည်သောလျှာတစ်ပါး၊ အပြစ်မရှိသော သူ၏အသက်ကို သတ်သော လက်တစ်ပါး။ (သု၊ ၆း၁၆-၁၉။၁၂း၂၂။)

၁၁။ မမှန်သော သက်သေခံခြင်းသည် ဘာတခြားအဆိုပြုခြင်းများ အတန်းတွင်ထည့်ထားသနည်း။

        မကောင်းသောကြံစည်ခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သော သက်သေကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲကထွက်လာ၍။ (မ၊ ၁၅း၁၉။ ဆာ၊ ၁၀၁း၇။)

၁၂။ မုသားသက်သေခံသောသူသည် ဘယ်အရာနှင့်တူသနည်း။

        အိမ်နီးချင်းတစ်ဖက်၌ မမှန်သော သက်သေကိုခံသောသူသည် တုတ်၊ဓါး၊သံချွန်နှင့်တူ၏။ (သု၊ ၂၅း၁၈။ ဆာ၊ ၂၇း၁၂။)

၁၃။ ကျီစားခြင်း၌လှည့်စားလျှင် အပြစ်ရှိသလော။

        ငါကျီစားရုံမျှသာပြုသည်ဟုဆိုလျက် မိမိအိမ်နီးချင်းကိုလှည့်စားသောသူသည် မီးစ၊ မြား၊ သေဘေးကို ပစ်တတ်သော အရူးနှင့်တူ၏။ (သု၊ ၂၆း၁၈၊၁၉။)

၁၄။ လှည့်စားသောအခါ ကောင်းသည်ထင်ရသော်လည်း အဆုံး၌ ဘာအကျိုးရသနည်း။

        လှည့်စား၍ရသောအစာသည် ချိုမြိန်သော်လည်း စားသောသူ၏နှုတ်သည် ကျောက်စရစ်နှင့် ပြည့်လိမ့်မည်။ (သု၊ ၂ဝး၁၇။)

၁၅။ နောက်ဆုံးကာလတွင်အပြစ်များ၌ ဘာကြီးကျယ်သော အပြစ်တစ်ခုရှိမည်နည်း။

        ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား သူတစ်ပါးကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း လှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွားကြလိမ့်မည်။ ( ၂တိ၊ ၃း၁၃။)

၁၆။ လှည့်စာခြင်းမပြုစေခြင်းငှာ ဘာကြောက်မက်ဖွယ်သော ပုံပမာရှိသနည်း။

            ပေတရုကလည်း၊ အာနနိ၊ သင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို လှည့်စား၍ မြေကိုရောင်းသောဖို့၏ တစ်ဖို့ကို ထိမ်ဝှက်မည်အကြောင်း . . . .လူကိုသာ မုသားပြောပြီမဟုတ်၊ ဘုရားသခင်ကိုလည်း မုသားပြောပြီ။ထိုစကားကို ကြားလျှင် အာနနိသည်လဲ ၍သေ၏။ ထိုအကြောင်းအရာကိုကြားသော သူအပေါင်းတို့သည် အလွန်ကြောက်လန့်ခြင်းသို့ရောက်ကြ၏။ (တ၊ ၅း၁-၅။)

၁၇။ သစ္စာပျက်သောသူအပေါင်းတို့၏ လမ်းဆုံးသည် အဘယ်သို့နည်း။

        ကြောက်တက်သောသူ၊ မယုံကြည်သောသူ၊ . . . . သစ္စာပျက်သောသူအပေါင်းတို့မူကား ဒုတိယသေခြင်းတည်းဟူသော ကန့်နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ (ဗျာ၊ ၂၁း၈။ ၂၂း၁၅။ သု၊ ၂၁း၂၈။၁၉း၉။)

မူလ မာတိကာသို့

No comments:

Post a Comment