Friday, March 7, 2025


                                                                        
အခန်း - ၂၅

ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်း

ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းသည် အသင်းတော်၏မင်္ဂလာရှိသောမျှော် လင့်ခြင်း၊ ဧဝံဂေလိတရား၏ ကြီးကျယ်ခမ်းနားသောအထွတ်အထိပ်ဖြစ်သည်။ ကယ် တင်ရှင်၏ ကြွလာခြင်းသည် အရှိအတိုင်းကိုယ်တိုင်ကိုယ်ကျဖြစ်၍ တစ်ကမ္ဘာလုံးမြင်နိုင် လိမ့်မည်။ ကိုယ်တော်ကြွလာသောအခါ သေလွန်သောဖြောင့်မတ်သူတို့သည် ရှင်ပြန်ထ မြောက်ပြီး၊ အသက်ရှင်သောဖြောင့်မတ်သူတို့နှင့်အတူ ဘုန်းတော်ဝင်စား၍ ကောင်းကင် သို့ချီဆောင်ခြင်းခံရမည်။ သို့သော်၊ မဖြောင့်မတ်သောသူတို့သည် သေကြလိမ့်မည်။ အနာ ဂတ္တိစကားအများစုပြည့်စုံလုနီးပါးရှိခြင်းနှင့် လက်ရှိကမ္ဘာ့အခြေအနေတို့သည် ခရစ်တော် ကြွလာ ချိန်နီးကြောင်းကိုညွှန်ပြသည်။ ထိုအချိန်ကာလကိုမဖော်ပြသောကြောင့်၊ ကျွန်ုပ် တို့အား အမြဲ တမ်းအဆင်သင့်ရှိနေရန် အလေးအနက်တိုက်တွန်းထားသည် (မ ၂၄။ မာ ၁၃။ လု ၂၁။ ယော ၁၄း၁-၃။ တ ၁း၉-၁၁။ ၁ကော ၁၅း၅၁-၅၄။ ၁သက် ၄း၁၃-၁၈။ ၅း၁-၆။ ၂သက် ၁း၇-၁၀။ ၂း၈။ ၂တိ ၃း၁-၅။ တိ ၂း၁၃။ ဟေဗြဲ ၉း၂၈။ ဗျာ ၁း၇။  ၁၄း၁၄-၂၀။ ၁၉း၁၁-၂၁)။

အိပ်ရာဝင်ချိန်တွင် ကလေးငယ်သည် ]မေမေ၊ မီးမီးလေ၊ မီးမီးရဲ့သူငယ်ချင်း ယေရှုကို အရမ်းသတိရတာပဲ။ သူဘယ်တော့ပြန်လာမှာလဲဟင်} ဟူ၍ ရင်ထဲကစကားကို ဆိုခဲ့သည်။

ဤကလေးသည် သူမ၏ရင်ထဲကတောင့်တမှုမှာ ခေတ်ကာလအဆက်ဆက် တောင့်တ သောအရာဖြစ်သည်ကို သိနိုင်မည်မဟုတ်ချေ။ သမ္မာကျမ်းစာ၏နောက်ဆုံးစ ကားသည် မကြာမီပြန်ကြွလာမည့်ကတိကိုပေးသည်။ “ငါသည် အလျင်အမြန်လာမည် မှန်ပေ၏။ခရစ်တော်၏သစ္စာရှိသောမိတ်ဆွေ၊ ဗျာဒိတ်ကျမ်းရေးသားသူ ယောဟန်က၊ “အာမင်၊ သခင် ယေရှုကြွလာတော်မူပါ ဟုပြန်ဖြေခဲ့သည် (ဗျာ ၂၂း၂၀)။

ယေရှုကိုတွေ့မြင်ရမည်။ ကျွန်ုပ်တို့စိတ်ကူးနိုင်သည်ထက် ကျွန်ုပ်တို့ကိုချစ်သော သူနှင့် အစဉ်နေရမည်။ လောကီဝေဒနာအားလုံး၏အဆုံးသတ်ကိုမြင်တွေ့ရမည်။ ယခု အိပ်ပျော်၍၊ ရှင်ပြန်ထမြောက်မည့် ချစ်ရသူများနှင့် အမြဲတမ်းပျော်ရွှင်ရမည်။ ဤအရာ များကြောင့် ခရစ်တော်၏ မိတ်ဆွေတို့သည် ထိုနေ့ရက်ကိုစောင့်စားကြသည်မှာ အံ့အား သင့် စရာမဟုတ်ပါတကား။

သမ္မာကျမ်းစာက၊ ယေရှုသည် ဒုတိယအကြိမ်ကြွလာမည်ဟု ရှင်းရှင်းဖော်ပြသော် လည်း၊ သူကြွလာမည့်နေ့ရက်သည် သန့်ရှင်းသူများအတွက်ပင် အလွန်အံ့ဩစေလိမ့် မည်။ “အကြောင်းမူကား၊ သင်တို့မထင်မမှတ်သောအချိန်နာရီ၌ လူသားသည် ကြွလာ လိမ့်မည် (မ ၂၄း၄၄)။ ကမ္ဘာ့ရာဇဝင်၏ “သန်းခေါင်ယံ” အချိန်တွင် ဘုရားသခင်သည်သူ၏ လူတို့ကို ကယ်နုတ်ရန် သူ၏တန်ခိုးကိုထင်ရှားစေလိမ့်မည်။ သမ္မာကျမ်းစာက ဤ ဖြစ်ရပ် ကို ဖော်ပြ၏။ “ပြီးပြီဟုကြီးသောအသံသည် ကောင်းကင်ဗိမာန်တော်၌ရှိသော ပလ္လင် တော်ထဲကထွက်၏။ ဤအသံသည် မြေကြီးကိုလှုပ်စေ၍၊ “မြေကြီးအပေါ်မှာလူဖြစ် သည့်ကာလမှစ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက်ပြင်းထန်စွာသောမြေလှုပ်ခြင်း သည်မဖြစ်စဖူး (ဗျာ ၁၆း၁၇၊၁၈)။ တောင်များသည်တုန်လှုပ်၍၊ ကျောက်တုံးများသည် နေရာအနှံ့ပြန့်ကျဲလျက်ရှိကာ၊ မြေကြီး သည် ပင်လယ်လှိုင်းလုံးကဲ့သို့ကြွတက်လျက်ရှိ၏။ မြေလွှာသည်ကွဲ၍ “လူအမျိုးမျိုးနေသော မြို့တို့သည် ပြိုလဲကြ၏။ ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏ (ဗျာ ၁၆း၁၉၊၂၀)။ မိုးကောင်း ကင်သည် စာလိပ်ကဲ့သို့လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့ နေရာအရပ်မှရွေ့ကြ၏” (ဗျာ ၆း၁၄)။

ကမ္ဘာပေါ်တွင်ဖရိုဖရဲဖြစ်နေလင့်ကစား၊ ဘုရားသခင်၏လူတို့သည် “လူသား၏ နိမိတ် လက္ခဏာ (မ ၂၄း၃၀) ကိုမြင်ရသောအခါ၊ ခွန်အားယူကြသည်။ သူသည် ကောင်း ကင်မိုး တိမ်ကိုစီး၍ကြွလာသောအခါ၊ လူတိုင်းသည် အသက်၏အရှင်သခင် ကိုမြင်ရ မည်။ ဤအချိန် တွင်၊ သူသည် ဝေဒနာခံရသောလူသားအဖြစ်မဟုတ်တော့ဘဲ၊ မိမိလူတို့ ကို အရယူရန် အောင်နိုင်သောသူကဲ့သို့ကြွလာမည်။ ဆူးရစ်သရဖူနေရာတွင် ဘုန်းတော် သရဖူကိုဆောင်း ၍၊ “ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟုဘွဲ့နာမတော် သည် အဝတ် တော်၌လည်းကောင်း၊ ပေါင်တော်၌လည်းကောင်း ရေးထားလျက်ရှိ၏” (ဗျာ ၁၉း၁၂၊၁၆)။

ကိုယ်တော်ကြွလာချိန်တွင်၊ ယေရှုကိုကယ်တင်ရှင်နှင့် သခင်အဖြစ်အသိအမှတ် ပြုရန် ငြင်းဆန်သောသူများနှင့် သူ၏ပညတ်တော်ကိုအသက်တာတွင်မကျင့်သုံးသူများ တို့ကို ကြီးမားသော စိတ်ပျက်မှုကဖမ်းစားလိမ့်မည်။ သူ၏ကျေးဇူးတော်ကို ငြင်းဆန် သောသူတို့သည် “သင်တို့လိုက်သောလမ်းဆိုးမှလွှဲကြလော့။ လွှဲကြလော့။ အဘယ် ကြောင့် အသေခံလိုကြသနည်း (ယေဇ ၃၃း၁၁) ဟူ၍စိတ်ရှည်စွာအသနားခံခြင်းကို ငြင်းပယ်သော သူတို့၏ အပြစ်ကို ကောင်းစွာသိကြသည်။ “လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသူမှစ၍၊ ကျွန်များ၊ လူလွတ်များအပေါင်း တို့သည် မြေတွင်း၌လည်းကောင်း၊ တောင်ပေါ်မှာရှိသောကျောက်များ၌လည်းကောင်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကိုခေါ်လျက်၊ ငါတို့အပေါ်သို့ ကျ ကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူ၏ မျက်နှာနှင့် သိုးသငယ်၏အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကိုဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသောနေ့ကြီးရောက် ပါပြီတ ကား။ အဘယ်သူခံရပ်နိုင်မည်နည်းဟုပြောဆိုကြ၏ (ဗျာ ၆း၁၅-၁၇)။

သို့သော်၊ ကိုယ်တော်ကိုကြာရှည်စွာမျှော်လင့်နေခဲ့သောသူတို့၏ဝမ်းမြောက်ခြင်း သည် ဆိုးယုတ်သောသူတို့၏ စိတ်ပျက်ခြင်းကို လွှမ်းမိုးလျက်ရှိသည်။ ရွေးနုတ်ရှင်၏ ကြွလာခြင်း သည် ဘုရားသခင့်လူတို့၏ရာဇဝင်ကို ကြီးကျယ်သောအထွတ်အထိပ်သို့ ပို့ဆောင်ပေးသည်။ ဤအချိန်သည် သူတို့ကိုကယ်နုတ်သောအခါသမယဖြစ်သည်။ သူတို့ သည် ပီတိအပြည့်ဖြင့် “ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့မျှော်လင့်သော၊ ငါတို့၏ ဘုရားသခင်တည်း။ ငါတို့ကိုကယ်တင်တော်မူလိမ့်မည်။ ဤအရှင်ကား၊ ငါတို့ မျှော်လင့် သောထာ၀ရဘုရားတည်း။ ကယ်တင်တော်မူခြင်းကျေးlဇူးကြောင့်၊ ငါတို့သည် ဝမ်း မြောက်ရွှင်လန်းကြကုန်အံ့” (ဟေရှာ ၂၅း၉) ဟုကြွေးကြော်ကြသည်။

ယေရှုသည် နီးကပ်လာသောအခါ၊ သချုØင်း၌အိပ်ပျော်သောသူတို့ကိုခေါ်ပြီး၊ “ရွေးချယ် တော်မူသောသူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင် တို့မှခေါ်၍ စုရုံး” (မ ၂၄း၃၁) ရန်၊ သူ၏ကောင်းကင်တမန်များကိုစေခိုင်းသည်။ ကမ္ဘာ တစ်ဝန်းမှ သေလွန် သောဖြောင့်မတ်သူတို့သည် သူ၏အသံကိုကြား၍၊ မိမိတို့သချုØင်း များမှထမြောက်ကြသည်။ ပျော်ရွှင်ဖွယ်အခိုက်အတန့်ပါတကား။

ထို့နောက်၊ အသက်ရှင်သောဖြောင့်မတ်သူတို့သည် “တစ်ခဏချင်းတွင် မျက်စိ တစ်မှိတ်၌” (၁ကော ၁၅း၅၂) ပြောင်းလဲကြသည်။ မသေနိုင်သော အဖြစ်သို့ဘုန်းတော် ဝင်စား၍၊ ရှင်ပြန်ထမြောက်သောဖြောင့်မတ်သူများတို့နှင့်အတူ၊ သူတို့၏အရှင်သခင်ကို ကောင်းကင်၌ တွေ့ဆုံရန် ချီဆောင်ခြင်းခံရကာ၊ သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည် (၁သက် ၄း၁၆၊၁၇)။

ခရစ်တော်ပြန်ကြွလာခြင်း၏သေချာမှု

တမန်တော်များနှင့် ရှေးဦးခရစ်ယာန်တို့သည် ခရစ်တော်ပြန်ကြွလာခြင်းကို “မင်္ဂ လာရှိ သောမျှော်လင့်ရာ (တိ ၂း၁၃။ ဟေဗြဲ ၉း၂၈)၊ ဟုသဘောထားခဲ့ကြသည်။ သူတို့ သည် သမ္မာကျမ်းစာထဲကအနာဂတ္တိစကားများနှင့် ကတိတော်များအားလုံးသည် ဒုတိယ အကြိမ် ကြွလာချိန်တွင် ပြည့်စုံရန်မျှော်လင့်ခဲ့ကြသည် (၂ပေ ၃း၁၃။ ဟေရှာ ၆၅း၁၇)။ အကြောင်းမှာ၊ ၎င်းသည် ခရစ်ယာန်လမ်းခရီး၏ပန်းတိုင်ပင်ဖြစ်သည်။ ခရစ်တော်ကို ချစ်သော သူအားလုံး သည် ခရစ်တော်၊ ခမည်းတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၊ ကောင်းကင်တမန်တို့နှင့်အတူ မျက်နှာချင်းဆိုင်ဆုံ၍ မိတ်သဟာယဖွဲ့ရမည့် အချိန်ကို စိတ်အားထက်သန်စွာ မျှော်လင့်နေ ကြ သည်။

သမ္မာကျမ်းစာ၏သက်သေခံချက်။ ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်း၏ သေ ချာမှုသည် သမ္မာကျမ်းစာ၏ယုံကြည်စိတ်ချရမှုတွင် အခြေခံသည်။ သူမသေမီအချိန် က လေးတွင်၊ သူသည် သူတို့အတွက်နေစရာအရပ်ကိုပြင်ဆင်ရာ ခမည်းတော်ထံသို့ပြန် မည်ဟု သူ၏ တပည့်တော်တို့ကိုပြောပြခဲ့သည်။ သို့သော်၊ “တစ်ဖန်၊ လာပြန်မည်” (ယော ၁၄း၃) ဟု သူ ကတိ ပေးခဲ့သည်။

ကမ္ဘာမြေသို့ခရစ်တော်၏ပထမအကြိမ်ကြွလာခြင်းကို ကြိုတင်ဟောခဲ့သကဲ့သို့၊ သူ၏ ဒုတိယအကြိမ်ကြွလာခြင်းကိုလည်း သမ္မာကျမ်းစာတစ်ခုလုံးတွင် ကြိုတင်ဟောခဲ့ သည်။ ရေမလွှမ်းမိုးမီကပင်၊ ဘုရားသခင်သည် ဧနောက်အား အပြစ်တရားကိုအဆုံးသတ် မည့် အရာမှာ ဘုန်းတန်ခိုးဖြင့် ခရစ်တော်၏ကြွလာခြင်းဖြစ်ကြောင်းကို ပြောပြခဲ့သည်။ ဧနောက် က၊ “ထာ၀ရဘုရားသည် ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူ၍၊ မတရား သောသူတို့ သည် မတရားသဖြင့်ပြုသော အဓမ္မအမှုရှိသမျှတို့၏အပြစ်ကိုလည်းကောင်း၊ မတရားသော လူဆိုးတို့သည် ဘုရားသခင်ကိုပြစ်မှား၍ပြောသော ကြမ်းတမ်းသော စကားရှိသမျှတို့၏ အပြစ်ကိုလည်းကောင်း၊ ဖော်ပြခြင်းငှာ၊ အတိုင်းမသိများစွာသော မိ မိသန့်ရှင်းသူတို့နှင့် တကွ၊ ကြွလာတော်မူလိမ့်မည်ဟု ပုရောဖက်ပြု၍ဟောပြောလေ၏ (ယု ၁၄၊၁၅)။

ခရစ်တော်မတိုင်မီနှစ်ပေါင်းတစ်ထောင်က၊ ဆာလံဆရာသည် မိမိလူတို့ကို စုသိမ်း ရန် ဘုရားသခင်၏ကြွလာခြင်းအကြောင်းကိုပြောသည်။ “ငါတို့၏ဘုရားသခင် ကြွလာ တော်မူ၏။ တိတ်ဆိတ်စွာနေတော်မမူ။ ရှေ့တော်၌မီးလောင်လျက် ပတ်ဝန်းကျင်၌ မိုးသက်မုန်တိုင်း ပြင်းပြလျက်ရှိ၏။ မိမိလူတို့ကို စစ်ကြောစီရင်ခြင်းအလိုငှာ၊ အထက် ကောင်းကင်ကို လည်းကောင်း၊ မြေကြီးကိုလည်းကောင်းခေါ်တော်မူလျက်၊ ယဇ်ပူဇော် သောအားဖြင့်၊ ငါနှင့် ပဋိညာဉ်ဖွဲ့သော ငါ၏သန့်ရှင်းသူတို့ကို ငါ့ထံသို့စုဝေးစေကြစေဟု မိန့်တော် မူ၏ (ဆာ ၅ဝး၃-၅)။

ခရစ်တော်၏တပည့်တော်တို့သည် ကိုယ်တော်ပြန်ကြွလာမည့်ကတိတော်၌ ဝမ်း မြောက်ကြသည်။ သူတို့ရင်ဆိုင်ရသောအခက်အခဲအားလုံးကြားထဲက၊ ဤကတိတော်၏ အာမခံချက်သည် သူတို့၏သတ္တိနှင့်ခွန်အားကို အမြဲသစ်လွင်နေစေခဲ့သည်။ သူတို့၏ အရှင်သခင်သည် သူ့ခမည်းတော်၏အိမ်တော်သို့ သူတို့ကိုယူဆောင်ရန်ပြန်ကြွလာလိမ့် မည်။

ပထမကြွလာခြင်းကအာမခံချက်ပေးသည်။ ခရစ်တော်၏ ဒုတိယကြွလာခြင်း သည် ပထမအကြိမ်ကြွလာခြင်းနှင့်နီးကပ်စွာဆက်စပ်သည်။ ခရစ်တော်သည် ပထမ အကြိမ်ကြွလာ၍ အပြစ်တရားနှင့်စာတန်အပေါ်ပြတ်ပြတ်သားသားအနိုင်ယူခြင်း (ကော ၂း၁၅) မရှိခဲ့ သော်၊ စာတန်၏ ဤလောကအုပ်စိုးခြင်းကို အဆုံးသတ်ရန်နှင့် ကမ္ဘာမြေကို မူလပြည့်စုံမှုအတိုင်း ပြန်လည်အသစ်ဖြစ်စေရန် သူသည်နောက်ဆုံးတွင်ကြွလာမည်ကို ယုံကြည်နိုင်စရာ အကြောင်းမရှိချေ။ “ကိုယ်ကိုပူဇော်သောအားဖြင့် အပြစ်များကိုသုတ် သင်ပယ်ရှင်းသောသက်သေသည် ကျွန်ုပ်တို့၌ရှိသည်ဖြစ်ရာ၊ “နောက်တစ်ဖန် ထို သခင်ကို မျှော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူမည် (ဟေဗြဲ ၉း၂၆၊၂၈) ကို ကျွန်ုပ်တို့ယုံကြည်စရာအကြောင်းရှိသည်။

ခရစ်တော်၏ကောင်းကင်ဆိုင်ရာလုပ်ငန်း။  ယောဟန်ထံ  ခရစ်တော်၏ဖော်ပြ   ချက်က၊ ကောင်းကင်သန့်ရှင်းရာ ဌာနသည် ကယ်တင်ခြင်း စီမံကိန်း၌ အချက်အချာ ဖြစ်သည်ကို ရှင်းလင်းစွာပြသသည် (ဗျာ ၁း၁၂၊၁၃။ ၃း၁၂။ ၄း၁-၅။ ၅း၈။ ၇း၁၅။ ၈း၃။ ၁၁း၁၊၁၉။ ၁၄း၁၅၊၁၇။ ၁၅း၅၊၆၊၈။ ၁၆း၁၊၁၇)။ အပြစ်သားများအတွက် သူ၏နောက်ဆုံး လုပ်ငန်းကို စတင်လိုက်ပြီဖြစ်ကြောင်း ညွှန်ပြသောအနာဂတ္တိစကားများသည် မိမိလူတို့ ကို အိမ်တော်သို့ ခေါ်ဆောင်ရန် သူသည်မကြာမီကြွလာမည်အကြောင်းကို ထပ်လောင်း အာမခံသည်။ လက်ဝါးကပ်တိုင်၌ လုပ်ဆောင်ခဲ့ပြီးသောရွေးနုတ်ခြင်းသည် ပြီးပြည့်စုံ သွားစေရန် ခရစ်တော်သည် တက်ကြွစွာလုပ်ဆောင်နေကြောင်းကို ယုံကြည်စိတ်ချခြင်း သည် သူ၏ ပြန်ကြွလာခြင်းကို မျှော်လင့်သောခရစ်ယာန်တို့အတွက် ကြီးမားသောခွန် အားကို ယူဆောင်လာပေးသည်။

ခရစ်တော်ပြန်ကြွလာမည့်ပုံစံ

သူ၏ကြွလာချိန်နီးကြောင်း ညွှန်ပြသောနိမိတ်လက္ခဏာများအကြောင်း ခရစ် တော်ပြောဆိုရာတွင်၊ သူ၏လူတို့သည် မှားယွင်းသောပြောဆိုချက်များအားဖြင့် လှည့် ဖြားခြင်း မခံရစေရန် သူသတိပေးခဲ့သည်။ “ထိုအခါ သူတစ်ပါးက၊ ဤအရပ်၌ ခရစ် တော်ရှိသည်၊ ထိုအရပ် ၌ခရစ်တော်ရှိသည်ဟုဆိုသော်လည်း၊ မယုံကြနှင့်။ အကြောင်းမူ ကား၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပုရောဖက်တို့သည်ပေါ်လာ၍၊ ရွေးချယ်သောသူတို့ကို ပင်လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိတ် လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကိုပြုကြလိမ့်မည်” (မ ၂၄း၂၃၊၂၄)။ ကြိုတင်သတိပေးခြင်း သည် ကြိုတင်လက်နက်တပ်ဆင်ခြင်းဖြစ်သည်။ ယုံကြည်သူတို့သည် စစ်မှန်သောကြွ လာခြင်းနှင့် မှားယွင်း သောကြွလာခြင်းတို့ကိုခွဲခြားနိုင်ရန် ကျမ်းပိုဒ်များသည် ခရစ်တော် ကြွလာမည့်ပုံစံကို အသေး စိတ်ဖော်ပြသည်။ အောက်ပါတို့ကိုမှတ်သားပါ။

ကိုယ်တိုင်တိုက်ရိုက်ကြွလာခြင်း။ ယေရှုသည် မိုးတိမ်ဖြင့်တက်ကြွသောအခါ၊ ထွက်ခွာသွားသောမိမိတို့အရှင်သခင်ကို ငေး၍မော့ကြည့်နေသောတပည့်တော်တို့ကို ကောင်းကင် တမန်နှစ်ပါးက ဤသို့ဆိုခဲ့သည်။ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်း ကင်သို့ကြည့် မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ယူဆောင်ခြင်း ကိုခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့တက်ကြွသွား တော်မူ သည်နည်းတူ၊ တစ်ဖန်ကြွလာတော်မူလတ္တံ့ (တ ၁း၁၁)။

တနည်းအားဖြင့်၊ ယခုပင်သူတို့ကိုထားခဲ့သော ထိုသခင်သည် ဝိညာဉ်အဖြစ် မဟုတ်ဘဲ (လု ၂၄း၃၆-၄၃)၊ ကိုင်တွယ်၍ရသောပုဂ္ဂိုလ်အစစ်အမှန်သည် မြေကြီး ပေါ်သို့ ပြန်ကြွ လာ မည်။ ထိုကြောင့် သူ၏ဒုတိယအကြိမ်ကြွလာခြင်းသည် သူကောင်းကင် သို့တက်ကြွသွား သကဲ့သို့ သူကိုယ်တိုင်တိုက်ရိုက်ပြန်ကြွလာမည်။

မြင်သာသောကြွလာခြင်း။ ခရစ်တော်ကြွလာခြင်းသည် စိတ်ထဲတွင်မမြင်နိုင်သည့် အတွေ့အကြုံမျိုးဖြစ်လိမ့်မည်မဟုတ်ဘဲ၊ မြင်နိုင်သောပုဂ္ဂိုလ်နှင့်အမှန်အကန်တွေ့ဆုံ ခြင်း ဖြစ်လိမ့်မည်။ သူပြန်ကြွလာခြင်း၏မြင်သာမှုသည် သံသယဖြစ်စရာအကြောင်းမရှိချေ။ ယေရှု သည် သူ၏တပည့်တော်တို့အား တိတ်တခိုးဒုတိယအကြိမ်ကြွလာခြင်းကို သူ၏ ပြန်ကြွလာ ခြင်းကို တောက်ပသောလျှပ်စီးလက်ခြင်းနှင့် နှိုင်းယှဉ်ခြင်းအားဖြင့် သတိပေး ခဲ့သည် (မ ၂၄း၂၇)။

ဖြောင့်မတ်သူများနှင့် ဆိုးယုတ်သောသူတို့သည် သူ၏ကြွလာခြင်းကိုတစ်ပြိုင်နက် မြင် တွေ့ ကြရမည်ဟု သမ္မာကျမ်းစာက ဖော်ပြသည်။ ယောဟန်က “ကြည့်ရှုလော့။ မိုးတိမ်နှင့် တကွကြွလာတော်မူသည်ဖြစ်၍၊..... ရှိသမျှသောသူတို့သည် ကိုယ်တော်ကိုရှု မြင် ရကြလိမ့် မည် (ဗျာ ၁း၇) ဟုဆိုသည်။ ယေရှုကလည်း လူဆိုးတို့၏တုံ့ပြန်မှုကို ဤသို့ ဆိုသည် “မြေကြီး ပေါ် မှာလူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုးတိမ်ကိုစီး၍ကြွလာတော် မူသည် ကို မြင်ရကြလိမ့်မည် (မ ၂၄း၃၀)။

ကြားနိုင်သောကြွလာခြင်း။ ခရစ်တော်၏ပြန်ကြွလာခြင်းသည် စကြ၀ဠာတစ်ခု လုံးသည် မြင်ရသည်နည်းတူ၊ ကြားလည်းကြားရမည်။ “သခင်ဘုရားသည် ကြွေးကြော် ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏တံပိုးတော်ကိုမှုတ် ခြင်းနှင့် တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူမည်” (၁သက် ၄း၁၆)။ မိမိ လူတို့ အားစုသိမ်းခြင်းကို “တံပိုးခရာ ကိုပြင်းစွာမှုတ်ခြင်းကဆက်လိုက်လာသည် (မ ၂၄း၃၁)။

ဘုန်းအာနုဘော်နှင့်ကြွလာခြင်း။ ခရစ်တော်ပြန်ကြွလာသောအခါ၊ သူသည် အောင် နိုင်သူအဖြစ် ကြွလာ၍၊ “မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်တော်ကို ဆောင်လျက်၊ ကောင်းကင်တမန်အခြံအရံတို့နှင့်ကြွလာတော်မူလတ္တံ့ (မ ၁၆း၂၇)။ ဗျာဒိတ်ကျမ်းကို ရေး သောယောဟန်သည် ခရစ်တော်ပြန်ကြွလာခြင်း၏ ထည်ဝါခမ်းနားမှုကို ဇာတ်လမ်းပမာ ပုံဖော်ထားသည်။ ခရစ်တော်သည် မြင်းဖြူကိုစီး၍၊ မရေမတွက်နိုင်သောကောင်းကင် စစ်တပ် ကြီးကို ဦးဆောင်လာသည့်ပုံစံဖြင့် သရုပ်ဖော်ထားသည်။ အနန္တတန်ခိုးနှင့်ပြည့်စုံ သော ခရစ်တော်သည် ပေါ်လွင်ထင်ရှားသည် (ဗျာ  ၁၉း၁၁-၁၆)။

မမျှော်လင့်ဘဲရုတ်တရက်ကြွလာခြင်း။ ခရစ်တော်ပြန်ကြွလာခြင်းကို မျှော်လင့် တောင့်တ နေသောခရစ်ယာန်ယုံကြည်သူများသည် အချိန်နီးလာကြောင်းကိုသတိမူမိကြ လိမ့်မည် (၁သက် ၅း၄-၆)။ သို့သော်၊ ယေဘုယျအားဖြင့် လောကီသားတို့အတွက် မှာမူ၊ “သူခိုးသည် ညအခါလာသကဲ့သို့ သခင်ဘုရား၏နေ့ရက်သည် လာလိမ့်မည်။..... ငြိမ်ဝပ် ခြင်းရှိ၏။ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏ဟုဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဖွားခြင်းဝေဒနာ ရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျင်မြန်စွာသောပျက်စီးခြင်းရောက် ၍ လွတ်ခြင်းအခွင့် မရှိရကြ (၁သက် ၅း၂၊ ၃) ဟုပေါလုရေးခဲ့သည်။

ပေါလုက ခရစ်တော်၏ကြွလာခြင်းကို သူခိုးလာခြင်းနှင့်နှိုင်းယှဉ်ခြင်းသည်၊ မမြင် ရသည့် ပုံစံဖြင့် လျှို့ဝှက်စွာလာမည်ဟု လူတချို့ကမှတ်ချက်ချကြသည်။ သို့သော်ငြား လည်း၊ ထိုသို့ သော ရှုထောင့်သည် ခရစ်တော်၏ဘုန်းအာနုဘော်တော်ဖြင့်ကြွလာ၍၊ လူတိုင်းမြင်ရမည် (ဗျာ ၁း၇) ဟူသော ကျမ်းစာ၏သွန်သင်ချက်နှင့်ဆန့်ကျင်သည်။ ပေါ လု၏ဆိုလို ရင်းမှာ ခရစ်တော်၏ တိတ်တခိုးကြွလာခြင်း မဟုတ်ဘဲ၊ လောကီဆန်သော စိတ်ထားရှိသူများ အတွက်၊ ၎င်းသည် သူခိုးလာသကဲ့သို့ မမျှော်လင့်သောအချိန်ဖြစ် လိမ့်မည်။

ခရစ်တော်သည်လည်း အလားတူဆိုလိုရင်းကို သူ၏ကြွလာခြင်းနှင့် မျှော်လင့် မ ထားသည့်အချိန်တွင် ကမ္ဘာကိုရေဖြင့်ဖျက်ဆီးခြင်းနှင့်နှိုင်းယှဉ်ပြသခဲ့သည်။ “ရေလွှမ်းမိုး ခြင်းမဖြစ်မီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေ၍၊ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ် သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည်နည်းတူ၊ လူသားကြွ လာသောအခါ၌ဖြစ်လိမ့်မည်” (မ ၂၄း၃၈၊၃၉)။ နောဧသည် ရေလွှမ်းမိုးမည့်အကြောင်းကို နှစ်ပေါင်းများစွာဟောခဲ့သော်လည်း၊ ၎င်းသည် လူအားလုံးကိုအငိုက်ဖမ်းခဲ့သည်။ ထိုအ ချိန် ကလူတို့တွင် နှစ်မျိုးနှစ်စားရှိသည်။ တစ်မျိုးမှာ နောဧစကားကိုယုံကြည်၍၊ သင်္ဘော ထဲသို့ ဝင်ကာ၊ ကယ်တင်ခြင်းခံရကြသည်။ အခြားသူတို့မှာမူ သင်္ဘော၏အပြင် ဘက်တွင် နေရန် ရွေးချယ်ပြီး၊ “ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင် ပယ်ရှင်း သည် (မ ၂၄း၃၉)။

ရုတ်တရက်ကျရောက်သောဖြစ်ရပ်။ ရေလွှမ်းမိုးခြင်းဥပမာကဲ့သို့၊ နေဗုခဒ်နေဇာ မင်း၏ သတ္တုနှင့်ဖွဲ့ထားသော ရုပ်တုအိပ်မက်သည် မိမိဘုန်းတော် နိုင်ငံတော်ကို ခရစ်တော် ရုတ်တရက် တည်ထောင်မည့်ပုံစံကို သရုပ်ဖော်သည်။ နေဗုခဒ်နေဇာမင်းသည် ကြီးမား သော ရုပ်တုကိုမြင်မက်ခဲ့သည်။ ၎င်း၏ “ဦးခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ဘတ် နှင့် လက် နှစ်ဖက်သည် ငွေဖြစ်၏။ ဝမ်းနှင့်ပေါင်နှစ်ဖက်သည် ကြေးဝါဖြစ်၏။ ခြေသလုံး နှစ်ဖက် သည် သံဖြစ်၏။ ခြေဖဝါးနှင့်ဖမိုးသည် သံတစ်ပိုင်းသရွတ်တစ်ပိုင်း ဖြစ်၏။} ထို့နောက်၊ ]လက်ဖြင့်မထုမလုပ် ဘဲ အလိုလိုဖြစ်သောကျောက်တစ်လုံးသည် သံနှင့်သရွတ် ဖြစ်သော ရုပ်တု၏ ခြေကိုထိခိုက် ၍ ချိုးဖဲ့သည်ရှိသော်၊ သံ၊ သရွတ်၊ ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့ကြေမွလျက်၊ နွေကာလ၌ ကောက်နယ်တလင်းအမှုန့်ကဲ့သို့ဖြစ်သဖြင့်၊ လေတိုက် လွင့်၍ သူတို့နေရာမရှိ၊ ပျောက်လေ၏။ ရုပ်တုကိုထိခိုက်သောကျောက်မူကား၊ တိုးပွား သဖြင့် တောင်ကြီးဖြစ်၍၊ မြေကြီးတစ်ပြင် လုံး ကိုဖုံးလွှမ်းသည်” (ဒံ ၂း၃၂-၃၅)။

ဤအိပ်မက်အားဖြင့် ဘုရားသခင်သည် နေဗုခဒ်နေဇာမင်းအား ကမ္ဘာ့ရာဇဝင် အကျဉ်း ကိုပေးခဲ့သည်။ သူ၏အချိန်နှင့် ခရစ်တော်၏ထာ၀ရနိုင်ငံတော်ထူထောင်ခြင်း (ကျောက်) အကြားတွင်အဓိကအင်ပါယာကြီးလေးခုနှင့် ဆက်တိုက်ပေါ်လာမည့်အင်အား ကြီးနိုင်ငံနှင့် အားနည်းသောနိုင်ငံများသည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင်နေရာယူကြသည်။

ခရစ်တော်အချိန်ကတည်းကပင်၊ ကျမ်းအနက်ပြန်ဆိုသူတို့သည် ထိုအင်ပါယာများ ကို ဗာဗုလုန်အင်ပါယာ (၆၀၅-၅၃၉ ဘီစီ)၊ မေဒိ-ပေရသိအင်ပါယာ (၅၃၉-၃၃၁ ဘီစီ)၊ ဂရိအင်ပါယာ (၃၃၁-၁၆၈ ဘီစီ) နှင့် ရောမအင်ပါယာ (ဘီစီ ၁၆၈-၄၇၆ အေဒီ) များအဖြစ် ဖော်ထုတ်ခဲ့ကြသည်။ အနာဂတ္တိစကားအတိုင်း၊ ရောမအင်ပါယာကို မည်သည့်အင်ပါယာ က မျှဆက်ခံခြင်းမရှိချေ။   ခရစ်နှစ်လေးရာစုနှင့်   ငါးရာစုအတွင်း ၎င်းသည် နိုင်ငံငယ် များ အဖြစ်သို့ကွဲသွားပြီး၊ နောက်ပိုင်းတွင် ဥရောပနိုင်ငံများဖြစ်လာ ခဲ့ကြသည်။ ရာစုနှစ် များ တစ်လျှောက် အားကြီးသောအုပ်ချုပ်သူများဖြစ်ကြသည့် ချားလမိန်း၊ ငါးယောက် မြောက်ချားလ်၊ နပိုလျံ၊ ကိုင်ဇာဝေဟိန်နှင့် ဟစ်တလာစသည်တို့သည် အခြားသော ကမ္ဘာ့ အင်ပါယာကို ထူထောင်ရန်ကြိုးစားခဲ့ကြသည်။ အနာဂတ္တိစကားရှိသည်အတိုင်း သူတို့ အားလုံးရှုံးနှိမ့်ခဲ့ကြ သည်။ “သရွတ်နှင့်သံမရောနှောနိုင်သကဲ့သို့၊ သူတို့သည် အချင်းချင်း ပေါင်းဖော်၍မသင့်နိုင်ကြ (ဒံ ၂း၄၃)။

နောက်ဆုံးတွင် ထိုအိပ်မက်သည် ဇာတ်လမ်း၏အထွတ်အထိပ်ဖြစ်သော ဘုရား သခင်၏ ထာ၀ရနိုင်ငံထူထောင်ခြင်းကို အာရုံစိုက်လာသည်။ လူလက်ဖြင့်မလုပ်သော ကျောက်သည် ခရစ်တော်၏ဘုန်းထွန်းသောနိုင်ငံတော်ကိုပုံဆောင်သည် (ဒံ ၇း၁၄။ ဗျာ ၁၁း၁၅)။ ထိုနိုင်ငံသည် လူသားတို့၏ကြိုးပမ်းမှုမပါဘဲ၊ ဒုတိယအကြိမ်ကြွလာချိန်တွင် တည်ထောင် လိမ့် မည်။

ခရစ်တော်၏နိုင်ငံသည်မည်သည့် လူသားတို့၏အင်ပါယာနှင့် အတူတစ်ပြိုင်နက် ဖြစ်ပေါ်လာမည်မဟုတ်ချေ။ ရောမအင်ပါယာစိုးမိုးခြယ်လှယ်ချိန်အတွင်း ကိုယ်တော် သည် မြေကြီးပေါ်ရှိစဉ်အခါ၊ နိုင်ငံအားလုံးကိုခြေပစ်သောကျောက်နိုင်ငံသည် မပေါ် လာသေးချေ။ သံနှင့် သရွတ်ရောနှောသောခြေထောက်အချိန်၊ ကွဲသွားသောဥရောပနိုင်ငံ များ၏နောက်ပိုင်း မှသာ၎င်းသည် ရောက်လာလိမ့်မည်။ ၎င်းသည် ဖြောင့်မတ်သော သူတို့ ကို ဆိုးယုတ်သောလူတို့မှ ခရစ်တော်ခွဲခြားမည့် (မ ၂၅း၃၁-၃၄) ဒုတိယအကြိမ်ကြွလာချိန် တွင် တည်ထောင်လိမ့်မည်။

ထိုနိုင်ငံတော်ရောက်လာသောအခါ၊ ၎င်းသည် “သံနှင့်သရွတ်ဖြစ်သောရုပ်တု၏ ခြေကို ထိခိုက်၍ချိုးဖဲ့သည်။ ထိုနောက်ထိုနိုင်ငံများအားလုံးကိုချေဖျက်၍၊ အစအနပင် မထားခဲ့ချေ (ဒံ ၂း၃၄၊၃၅၊၄၄)။ အမှန်မှာ၊ ဒုတိယအကြိမ်ကြွလာခြင်းသည် မြေကြီးလှုပ် ခြင်းပင် ဖြစ်သည်။

ဒုတိယအကြိမ်ကြွလာခြင်းနှင့်လူသားမျိုးနွယ်

ခရစ်တော်ဒုတိယအကြိမ် ကြွလာခြင်းသည် သူနှင့်သူယူဆောင်လာသော ကယ် တင်ခြင်းကို လက်ခံသောသူတို့နှင့် သူ့အားငြင်းပယ်သောသူတို့ဖြစ်ကြသော လူသားနှစ်ဖွဲ့ အပေါ် သက်ရောက်မှုရှိလိမ့်မည်။

ရွေးချယ်သူတို့ကိုစုသိမ်းခြင်း။ ခရစ်တော်၏ထာ၀ရနိုင်ငံတည်ထောင်ခြင်း၏ အ ရေးကြီးသောလက္ခဏာတစ်ခုမှာ ရွေးနုတ်ခံသူအားလုံးကို ခရစ်တော်ပြင်ဆင်ပြီးသော ကောင်းကင် အိမ်တော် (ယော ၁၄း၃) သို့စုသိမ်းခြင်းဖြစ်သည် (မ ၂၄း၃၁။ ၂၅း၃၂-၃၄။ မာ ၁၃း၂၇)။

နိုင်ငံအကြီးအကဲသည် အခြားနိုင်ငံကိုလည်ပတ်သောအခါ၊ လူအနည်းငယ်က သာလျှင် ကြိုဆိုရေးတွင်ပါဝင်နိုင်သည်။ သို့သော် ခရစ်တော်ကြွလာသောအခါ၊ အသက်၊ ကျားမ၊ ပညာရေး၊ ဆင်းရဲချမ်းသာ၊ လူမျိုးခွဲခြားမှုမရှိဘဲ။ အသက်ရှင်ခဲ့သောယုံကြည်သူ များအားလုံး သည် ဒုတိယအကြိမ်ကြွလာခြင်း၏ ကြီးကျယ်သောအခမ်းအနားတွင် ပါဝင်ကြလိမ့်မည်။ ဖြစ်ရပ်နှစ်ခုသည် ဤတစ်ကမ္ဘာလုံးစုရုံးခြင်းကိုဖြစ်စေနိုင်သည်။ ၎င်း ဖြစ်ရပ် တို့မှာသေလွန်သော ဖြောင့်မတ်သူများရှင်ပြန်ထမြောက်ခြင်းနှင့် အသက်ရှင် သောသန့်ရှင်း သူများပြောင်း လဲခြင်းတို့ဖြစ်သည်။

၁။ ခရစ်တော်၌သေလွန်သူများထမြောက်ခြင်း။ ခရစ်တော်၏ ပြန်ကြွလာခြင်းကို ကြေ ညာသောတံပိုးမှုတ်သံသည် သေလွန်သောဖြောင့်မတ်သူတို့ကို မပျက်စီးနိုင်၊ မသေ နိုင်သော အဖြစ်၌ ထမြောက်လိမ့်မည် (၁ကော ၁၅း၅၂၊၅၃)။ တစ်ခဏတွင် “ခရစ်တော်၌ သေလွန် သော သူတို့သည် အဦးထမြောက်ကြလိမ့်မည်” (၁သက် ၄း၁၆)။ တစ်နည်းအားဖြင့်၊ သူတို့ သည် အသက်ရှင်သောဖြောင့်မတ်သူများ သခင်ဘုရားနှင့်အတူ ချီဆောင်ခြင်းကိုမခံမီ၊ ထမြောက်ကြလိမ့်မည်။

သူ့အားမိမိတို့၏အသေသတ်ခြင်းခံရသောသခင်၊ ထမြောက်သောကယ်တင်ရှင်အ ဖြစ်လက်ခံသောသူအားလုံးအတွက် ခရစ်တော်သေချာစေခဲ့သောသေခြင်းအပေါ် အောင် မြင်ခြင်းကို ရှင်ပြန်ထမြောက်လာသော သန့်ရှင်းသူတို့သည် ဝမ်းမြောက်စွာကျင်းပ ကြ သည်။ ယခုတွင် သူတို့က၊ “အိုသေမင်း၊ သင်၏လက်နက်သည် အဘယ်မှာရှိ သနည်း။ အိုမရဏာ နိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း” (၁ကော၊ ၁၅း၅၅) ဟုဆို လျက်၊ ပျော်ရွှင် မြူးထူးကြသည်။

သချုØင်းထဲသို့ဆင်းပြီး ရှင်ပြန်ထမြောက်သောကိုယ်ခန္ဓာသည် ရောဂါထူပြော၍ အိုစာပြီး အင်္ဂါချို့ယွင်းသောကိုယ်ခန္ဓာမဟုတ်ဘဲ၊ ကိုယ်ခန္ဓာကိုဆွေးမြည့်စေသည့် အပြစ် ၏ လက္ခဏာ မရှိသော မသေနိုင်သောပြည့်စုံသည့်ကိုယ်ခန္ဓာအသစ်ဖြစ်သည်။ ရှင်ပြန် ထမြောက်သော သန့်ရှင်းသူတို့သည် ခရစ်တော်၏အသစ်ပြုပြင်ခြင်းလုပ်ငန်း၏ စုံလင် ခြင်းကိုတွေ့ကြုံခံစား၍၊ ခန္ဓာ၊ စိတ်၊ ဝိညာဉ်တို့၌ ဘုရားသခင်၏စုံလင်သော ပုံသဏ္ဌာန် ကိုထင်ဟပ်စေကြသည် (၁ကော ၁၅း၄၂-၅၄)။

၂။ အသက်ရှင်သောယုံကြည်သူများပြောင်းလဲခြင်း။ သေလွန်သောဖြောင့်မတ် သူတို့ထမြောက်လာသောအခါ၊ ခရစ်တော်ဒုတိယအကြိမ်ကြွလာချိန်တွင် မြေကြီးပေါ် အသက်ရှင်သောဖြောင့်မတ်သူတို့သည် ပြောင်းလဲကြလိမ့်မည်။ “ယခုမျက်မှောက်ပုပ် တတ်သော အရာသည် မပုပ်နိုင်သောအဖြစ်သို့ဝင်စားရမည်။ ယခုမျက်မှောက်သေတတ် သောအရာ သည် မသေနိုင်သောအဖြစ်သို့ဝင်စားရမည်” (၁ကော ၁၅း၅၃)။

ခရစ်တော်ပြန်ကြွလာချိန်တွင် မည်သည့်ယုံကြည်သူအဖွဲ့ကမျှ အခြားယုံကြည်သူ တစ်စုံတစ်ဖွဲ့ကိုမျှကျော်သွားကြမည်မဟုတ်ချေ။ ပေါလုက အသက်ရှင်၍ပြောင်းလဲသော ယုံကြည်သူတို့သည် ]အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှာ၊ ထိုသူတို့ (ရှင်ပြန်ထမြောက်သောယုံကြည်သူများ) နှင့်တကွ မိုးတိမ်ပေါ် သို့ချီဆောင်ခြင်း ကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူအစဉ်မပြတ်နေရကြလိမ့်မည်} (၁သက် ၄း၁၇)။ ထိုကြောင့် ရှင်ပြန်ထမြောက်သောခေတ်အဆက်ဆက်က သန့်ရှင်းသူများနှင့် ခရစ်တော် ပြန်ကြွလာချိန်တွင် အသက်ရှင်လျက်ရှိသော သန့်ရှင်းသူတို့အားလုံးသည် ကြီးကျယ် သောကြွလာ ခြင်း၏ စုစည်းခြင်းတွင်ရှိနေကြလိမ့်မည်။

သေခြင်းမှခရစ်တော်ကိုထမြောက်စေသော ထိုတန်ခိုးသည် သူ၏အသင်းတော်ကို ရှင် ပြန်ထမြောက်စေ၍၊ ၎င်းကို လောက၌သာမက၊ ကောင်းကင်၌ပင်လျှင်၊ အထွတ် အမြတ်များ၊ အာဏာစက်များနှင့်နာမအားလုံးတို့၏အထက်တွင် ခရစ်တော်နှင့်အတူချီး မြှောက်လိမ့်မည်။ အိပ်ပျော်သောသန့်ရှင်းသူတို့၏အောင်မြင်ခြင်းသည် ထမြောက်ခြင်း နံနက်တွင်ကြီးကျယ် ခမ်းနားလိမ့်မည်။ စာတန်၏အောင်နိုင်ခြင်းသည် ပြီးဆုံးသွားချိန်တွင် ခရစ်တော်သည် ဘုန်းအသရေနှင့်ဂုဏ်ပြုခြင်း၌အောင်နိုင်လိမ့်မည်။ အသက်ပေးပိုင် သောအရှင်သည် သချုØင်းမှ ထွက်လာသောသူအားလုံးအား မသေနိုင်သောအဖြစ်ကို ဆောင်းပေး လိမ့်မည်။”

မယုံကြည်သူများသေခြင်း။ ကယ်တင်ခြင်းခံရသောသူတို့အတွက် ဒုတိယအကြိမ် ကြွ လာခြင်းသည် ဝမ်းမြောက်ရွှင်လန်းသောအချိန်ဖြစ်သော်လည်း၊ ဆုံးရှုံးသောသူများ အတွက်မူ အကြီးအကျယ်ကြောက်လန့်ရသောအချိန်ဖြစ်သည်။ သူတို့သည် ခရစ်တော် ၏ မေတ္တာနှင့် သူ၏ဖိတ်ခေါ်ခြင်းတို့ကို အချိန်ကြာမြင့်စွာဆန့်ကျင်ခဲ့ကြသောကြောင့်၊ သူတို့သည် လှည့်ဖြား ခြင်း၌မိနေခဲ့ကြသည် (၂သက် ၂း၉-၁၂။ ရော ၁း၂၈-၃၂ ကိုဖတ်ပါ)။ သူတို့ငြင်းပယ်ခဲ့သော သူသည် ဘုရင်တို့၏ဘုရင်၊ အရှင်တို့၏အရှင်အဖြစ် သူတို့တွေ့မြင် သောအခါ၊ သူတို့ပျက် ကိန်းအချိန်သည် ရောက်လာကြောင်းကိုသိကြသည်။ ထိတ်လန့် ခြင်းနှင့် စိတ်ပျက်ခြင်းတို့ ဖြင့်ပြည့်လျက်၊ သူတို့ကိုကာကွယ်ရန်သက်မဲ့အရာ များကို တောင်းဆိုကြသည် (ဗျာ ၆း၁၆၊ ၁၇)။

ဤအချိန်တွင် ဘုရားသခင်သည် အယူဖောက်ပြန်သောဘာသာရေးအားလုံး ပေါင်း စည်းမှုဖြစ်သော ဗာဗုလုန်ကိုဖျက်ဆီးလိမ့်မည်။ ၎င်းသည် မီးဖြင့်လည်းကျွမ်းလောင် ခြင်းကို ခံရလိမ့်မည်” (ဗျာ ၁၈း၈)။ ဤအဖွဲ့အစည်း၏ခေါင်းဆောင်ဖြစ်သော ဝှက် ထား သည့် အဓမ္မအရာတည်းဟူသော ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ် တော်အားဖြင့်ဖျက်ဆီး၍၊ ကြွလာတော်မူခြင်း၏ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့် မည် (၂သက် ၂း၈)။ သားရဲ၏အမှတ်လက္ခဏာကို အမိန့်ဖြင့်အတင်းအကျပ် ပြုခြင်း အတွက် တာဝန်ရှိသော အာဏာစက်တို့ကို ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ချပစ်ကြ ၏။ ထိုနောက် ကျန်ရှိနေ သေးသော လူဆိုးအားလုံးသည် မြင်းစီးတော်မူသောသူ  [သခင်ယေ ရှုခရစ်တော်] ၏ ခံတွင်း တော်ထဲကထွက်သောသံလျက်နှင့် ကွပ်မျက်ခြင်းခံရ ကြ၏” (ဗျာ ၁၉း၂၀၊ ၂၁)။

ခရစ်တော်မကြာမီပြန်ကြွလာခြင်း၏နိမိတ်များ

သမ္မာကျမ်းစာသည် ခရစ်တော်ကြွလာခြင်း၏ပုံစံနှင့် ရည်ရွယ်ချက်တို့ကိုသာ ဖော် ပြသည်မဟုတ်ဘဲ၊ ဤဖြစ်ရပ်နီးကြောင်းကို ပြောပြသောနိမိတ်လက္ခဏာများကိုလည်း ဖော်ပြသည်။ ဒုတိယအကြိမ်ကြွလာခြင်းကို ကြေညာသောရှေးဦးနိမိတ်များသည် ခရစ် တော် ကောင်းကင်သို့တက်ကြွပြီးနှစ်ပေါင်း (၁၇၀၀) နောက်ပိုင်းတွင်ဖြစ်ပျက်ခဲ့သည်။ အခြား နိမိတ် များသည်လည်းလိုက်လာပြီး၊ သူပြန်ကြွလာခြင်းအလွန်နီးကြောင်းကို ဖော်ပြသည်။

သဘာ၀လောကမှနိမိတ်များ။ “နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှား လိမ့်မည် (လု ၂၁း၂၅) ဟု ခရစ်တော်ကြိုတင်ဟောခဲ့သည်။ “နေသည်မိုက်လိမ့်မည်။ လသည် အရောင် မပေး။ ကောင်းကင်ကြယ်တို့သည်ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုး တို့သည် တုန်လှုပ် ကြလိမ့်မည်။ ထိုအခါလူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော် ကိုဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။ (မာ ၁၃း၂၄-၂၆)။ ထို့အပြင်၊ ကောင်းကင်၌နိမိတ်များမပေါ်မီ ကြီးစွာသောမြေကြီးလှုပ်ခြင်း ရှိမည်ဟု ယောဟန်မြင်ခဲ့သည် (ဗျာ ၆း၁၂)။ ဤနိမိတ်များအားလုံးသည် နှစ်ပေါင်း (၁၂၆၀) ၏ ညှဉ်းပန်းနှိပ်စက်ခြင်း၏ အဆုံး ပိုင်း တွင်ဖြစ်ပျက်ခဲ့သည်။

၁။  ကမ္ဘာမြေ၏သက်သေခံချက်။  ဤအနာဂတ္တိစကား၏ပြည့်စုံခြင်းအဖြစ် “အကြီးမားဆုံးသောငလျင် သည် (၁၇၅၅) ခုနှစ်၊ နိုင်ဝင်ဘာလ၊ (၁) ရက်တွင် လှုပ်ခတ် ခဲ့သည်။ ၎င်းကို လစ္စဘွန်းမြေငလျင်အဖြစ်လူသိများပြီး၊ ဥရောပတိုက်၊ အာဖရိကတိုက်၊ အမေရိကတိုက် တို့ တွင် ၎င်းတို့၏အကျိုးသက်ရောက်မှုကိုခံစားရပြီး၊ စတုရန်းမိုင်ပေါင်း လေးသန်း အထိကျယ် ပြန့်ခဲ့သည်။ ၎င်း၏အပျက်အစီးသည် ပေါ်တူဂီ နိုင်ငံ၊ လစ္စဘွန်း မြို့ကိုဗဟိုပြုပြီး၊ မိနစ်ပိုင်း အတွင်း အဆောက်အဦများပြိုကျကာ၊ လူထောင်ပေါင်းများ စွာကိုသေစေခဲ့သည်။

ဤမြေငလျင်၏ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုသည် ကြီးမားသည်နည်းတူ၊ အချိန် ကာ လကို စဉ်းစားမှုအပေါ် ၎င်း၏အကျိုးသက်ရောက်မှုသည်လည်း အရေးပါသည်။ ထိုအချိန် ကများစွာသောသူတို့သည် ၎င်းကိုနောက်ဆုံးသောကာလ၏နိမိတ်အဖြစ်မှတ်ယူပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် နောက်ဆုံးသောအချိန်အကြောင်းကို အလေးအနက် စဉ်းစားလာ ကြသည်။

၂။ နေနှင့်လတို့၏သက်သေခံချက်။ နောက် (၂၅) နှစ်အကြာတွင် နောက်ဆက်တွဲ အနာဂတ္တိစကား၏ နေနှင့်လတို့မိုက်ခြင်းဖြစ်ပျက်ခဲ့သည်။ ဤနိမိတ်ပြည့်စုံ သည့်အချိန် သည် ကျမ်းစာတွင်ကြိုတင် ဟောထားသည့် ကြီးစွာသောဆင်းရဲဒုက္ခ (မ ၂၄း၂၉) တည်းဟူ သော ပုပ်ရဟန်းမင်း၏နှစ်ပေါင်း (၁၂၆၀) ညှဉ်းဆဲခြင်းကာလနောက် တွင်ဖြစ်လိမ့်မည်ဟု ခရစ်တော်ညွှန်ပြထားခဲ့သည်။ သို့သော် ခရစ်တော်က ဤနိမိတ်များ အလျင်ဖြစ်သော ဆင်းရဲ ဒုက္ခသည် တိုတောင်းလိမ့်မည်ဟုဆိုသည် (မ ၂၄း၂၁၊ ၂၂)။ ဘာသာရေးပြုပြင် ပြောင်းလဲခြင်းနှင့် ၎င်းမှပေါက်ပွားလာသောလှုပ်ရှားမှုတို့၏အရှိန်ကြောင့်၊ ပုပ်ရဟန်းမင်း ၏ ညှဉ်းဆဲ မှုသည် အမှန်ပင်တိုတောင်းခဲ့ပြီး၊ (၁၈) ရာစုနှစ်အလယ်တွင် အားလုံးနီးပါး ရပ်တန့် သွားခဲ့သည်။

ဤအနာဂတ္တိစကားသည် (၁၇၈၀) ခုနှစ်၊ မေလ (၁၉) ရက် ၌ ပြည့်စုံရာတွင်၊  ကောင်းသမန် ထက်လွန်ကဲသော မှောင်မိုက်သည် မြောက်အမေရိကတိုက်၏ အရှေ့ မြောက် ဘက်တွင် ကျရောက်ခဲ့သည်။

ယေးလ် (Yale) တက္ကသိုလ်ကျောင်းအုပ် တိမောသေဒွိုက်က ဤဖြစ်ရပ်ကို ပြန်ပြောပြ ရာတွင်၊ “(၁၇၈၀) ခုနှစ်၊ မေလ (၁၉) ရက်သည် မှတ်သားဖွယ်ရာနေ့ဖြစ် ခဲ့သည်။ အိမ်များတွင် ဖရောင်းတိုင်များထွန်းကြသည်။ ကျေးငှက်များသည် တိတ်ဆိတ်၍ ပျောက်ကွယ်သွား ကြသည်။ ကြက်များသည်လည်း အိပ်တန်းဝင်ကြသည်။ ပျံ့နှံ့နေ သောအများထင်မြင်ချက်မှာ တရားစီရင်ခြင်းနေ့ရက်ရောက်ပြီဟူ၍ဖြစ်သည်။

ဟားဗတ်တက္ကသိုလ်က ဆင်မြူရယ်ဝီလျံက ဤသို့အစီရင်ခံခဲ့သည်။ “နံနက် (၁၀) နာရီနှင့် (၁၁) နာရီအကြားတွင် အနောက်တောင်ဘက်မှ တိမ်တိုက်များနှင့်အတူ အမှောင် ထုကြီး ချဉ်းကပ်လာကာ၊ နောက်ညလယ်အထိဆက်လက်ရှိနေခဲ့သည်။ တချို့ နေရာ များတွင် လူတို့သည် လဟာပြင်တွင်ပုံမှန်ပုံနှိပ်စာများကိုဖတ်ရန် မမြင်နိုင်ခဲ့ကြချေ။” “ထို နေ့ညနေခင်း၏ အမှောင်ထုသည် အနန္တတန်ခိုးရှင်က အလင်းကိုဖန်ဆင်းပြီးနောက်ပိုင်း အမိုက်ဆုံးဖြစ်နိုင်သည်။

ထိုနေ့ ညဘက် (၉း၁၀) နာရီတွင် လပြည့်ဝန်းသည် သန်းခေါင်းယံအထိ အမှောင် ထု၏ ဖုံးအုပ်ခြင်းကိုခံရသည်။ လကိုမြင်ရသောအချိန်တွင်၊ သွေးကဲ့သို့ဖြစ်သည်။

ဗျာဒိတ်ကျမ်းကို ရေးသောယောဟန်သည် ထိုနေ့၏တစ်မူထူးခြားမှုကိုကြိုတင် ဟောခဲ့သည်။ သူက၊ မြေငလျင်လှုပ်ပြီးနောက်၊ “နေသည် အမွေးဖြင့်ရက်သောအဝတ် ကြမ်း ကဲ့သို့ မည်း ၏။ လအလုံးသည် သွေးကဲ့သို့ဖြစ်၏” (ဗျာ ၆း၁၂)။

၃။ ကြယ်များ၏သက်သေ။ ခရစ်တော်ကြွလာခြင်းနီးကြောင်းညွှန်ပြသော ကြယ် ကြွေ ခြင်းကို ခရစ်တော်နှင့်ယောဟန်တို့ကပြောကြားခဲ့သည် (ဗျာ ၆း၁၃။ မ ၂၄း၂၉)။ (၁၈၃၃) ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်က ကြီးမားသောကြယ်ကြွေ (ဥက္ကာပျံ) ခြင်းသည် မှတ်တမ်းတွင် အကြီးမားဆုံးကြယ်ကြွေခြင်းဖြစ်ပြီး၊ ဤအနာဂတ္တိ စကားကိုပြည့်စုံစေခဲ့ သည်။ တစ်နာရီ အတွင်း ပျမ်းမျှဥက္ကာပျံ (၆၀ç၀၀၀) မျှကြွေသည်ဟု ခန့်မှန်းရသည်။ ၎င်းကို ကနေဒါနိုင်ငံမှ မက္ကစီကိုနိုင်ငံအထိလည်းကောင်း၊ အတ္တလန်တိတ် သမုဒ္ဒရာအ လယ်မှ ပစိဖိတ်သမုဒ္ဒရာ အထိလည်းကောင်း မြင်တွေ့ခဲ့ရသည်။ များစွာသော ခရစ်ယာန် တို့သည် ကျမ်းစာ၏ အနာ ဂတ္တိ စကားပြည့်စုံခြင်းအဖြစ် အသိအမှတ်ပြုကြ သည်။

မျက်မြင်သက်သေတစ်ဦးက ဤသို့ဆိုသည်။ “မိုးမျက်နှာကြက်တစ်ပြင်လုံးသည် ကြယ်ကြွေများနှင့်ပြည့်နေခဲ့သည်။..... ဤအရာက၊ သင်္ဘောသဖန်းပင်ကိုပြင်းစွာသော လေတိုက်လျှင်၊ အချိန်မတန်သောအသီးကြွေသည်}} ကို ပြန်သတိရစေသည်။

သူ၏ကြွလာခြင်းနီးကြောင်းကို ခရစ်ယာန်တို့အားသတိပေးရန် ခရစ်တော်သည် ဤ နိမိတ်များကိုပေးခဲ့သည်။ ထိုသို့ဖြင့် သူတို့သည် သူတို့၏မျှော်လင့်ခြင်း၌ဝမ်းမြောက် ၍၊ ၎င်းအတွက်အလုံးစုံပြင်ဆင်ထားနိုင်သည်။ “ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ ကိုရွေးနုတ်သောအချိန်ကာလရောက်လုနီးသည်ကိုထောက်သဖြင့်၊ မျှော်ကြည့်၍ ခေါင်းကို ကြွကြလော့ ဟု သူဆိုသည်။ ထပ်၍မိန့်ဆိုသည်မှာ “သင်္ဘောသဖန်းပင်မှစ၍ သစ်ပင်များတို့ကိုမှတ်ကြလော့။ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့ သည် အလိုအလျောက်သိမြင်ကြ၏။ ထိုနည်းတူ၊ ထိုအကြောင်းအရာများဖြစ်သည် ကို မြင်ရလျှင်၊ ဘုရား သခင်၏ နိုင်ငံတော်တည်လုနီးသည်ကို သိမှတ်ကြလော့” (လု ၂၁း၂၈-၃၁) ဟုဆိုသည်။

ခရစ်တော်ကြိုတင်ဟောသကဲ့သို့၊ မြေကြီး၊ နေ၊ လ၊ ကြယ် တို့၏သက်သေခံချက် များသည် အစဉ်အတိုင်း၊ သူ့အချိန်အခါနှင့်သူဖြစ်ပျက်သွားခဲ့သည် ကိုထောက်၍၊ များစွာ သော သူတို့၏အာရုံသည် ဒုတိယအကြိမ်ကြွလာခြင်းဆိုင်ရာ အနာဂတ္တိဟောကြားချက် သို့ ရောက် သွားစေသည်။

ဘာသာရေးလောကမှနိမိတ်များ။ သမ္မာကျမ်းစာသည် ခရစ်တော်ပြန်မကြွလာမီ အချိန်လေးတွင် ဖြစ်ပျက်မည့်ဘာသာရေးလောကမှ အရေးပါသောနိမိတ်များကိုကြိုတင် ဟောခဲ့၏။

၁။ ကြီးမားသောဘာသာရေးနိုးကြားမှု။ ဗျာဒိတ်ကျမ်းသည် ခရစ်တော် ဒုတိယ အ ကြိမ်မကြွလာမီ၊ ကြီးမားသော ကမ္ဘာအနှံ့ဘာသာရေးလှုပ်ရှားမှုပေါ်လာမည့် အကြောင်း ကို ဖော်ပြသည်။ ယောဟန်၏ရူပါရုံတွင်၊ ခရစ်တော်၏ပြန်ကြွလာခြင်းကို ကြေညာသော ကောင်းကင်တမန်သည် ဤလှုပ်ရှားမှုကိုပုံဆောင်သည်။ “မြေကြီးပေါ်မှာ နေသောသူ တည်းဟူသော အသီးအသီးဘာသာစကားကိုပြောသောလူအမျိုးအနွယ်ခပ်သိမ်း တို့အား ထာ၀ရဧဝံဂေလိ တရားကိုဟောရသော ကောင်းကင်တမန်တစ်ပါးက၊ ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန်ရောက်လာပြီ။ ကောင်း ကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကိုဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြ လော့ဟု ကြီးသောအသံနှင့် ပြောဆို၍၊ ကောင်းကင်အလယ်၌ပျံဝဲလျက်ရှိသည် ကိုငါမြင် ၏” (ဗျာ ၁၄း၆၊ ၇)။

ဤသတင်းစကားကိုယ်၌က မည်သည့်အချိန်တွင် ၎င်းကိုကြွေးကြော်ရမည်ကို ညွှန်ပြသည်။ ထာ၀ရဧဝံဂေလိသတင်းကို ခေတ်ကာလတစ်လျှောက်ဟောနေခဲ့သည်။ သို့သော်၊ ဧဝံဂေလိတရား၏တရားစီရင်ခြင်းကိုအလေးပေးသော ဤသတင်းစကားကို နောက်ဆုံး သော ကာလ၌သာ ဟောပြော၍ရသည်။ အကြောင်းမှာ ၎င်းသည် “တရား စီရင်တော်မူသော အချိန်ရောက်လာပြီ ဟူ၍ သတိပေးသောကြောင့်ဖြစ်သည်။

ဒံယေလကျမ်းသည် ကျွန်ုပ်တို့အားနောက်ဆုံးသောအချိန်တွင် ၎င်း၏အနာဂတ္တိ စကားများကို တံဆိပ်ဖွင့်လိမ့်မည်ဟုအသိပေးသည် (ဒံ ၁၂း၄)။ ထိုအချိန်တွင် လူတို့သည် ၎င်း၏ နက်နဲသောအနာဂတ္တိစကားများကို နားလည်ကြလိမ့်မည်။ (၁၇၉၈) ခုနှစ်တွင် ပုပ်ရဟန်းမင်းကို ဖမ်းဆီးခြင်းနှင့်အတူ၊ နှစ်ပေါင်း (၁၂၆၀) ပုပ်ရဟန်းမင်း၏ စိုးမိုး မှုဆုံးခန်းတိုင်သော အချိန်တွင် အနာဂတ္တိစကားကိုတံဆိပ်ဖွင့်ခဲ့သည်။ ပုပ်ရဟန်းမင်းကို ပြည်နှင်ဒဏ်ပေးခြင်းနှင့် သဘာ၀တရားမှနိမိတ်များသည် ခရစ်ယာန်များစွာအား ဒုတိယ အကြိမ်ကြွလာခြင်း နိမိတ်များဆိုင်ရာ အနာဂတ္တိစကားများကိုလေ့လာစေသည်။ ထို့သို့ ဖြင့် ဤအနာဂတ္တိစကားများကို ပိုမိုနက်နဲစွာနားလည်စေသည်။

ဤဒုတိယအကြိမ်ကြွလာခြင်းကိုအာရုံပြုခြင်းသည် ကြွလာခြင်းကိုမျှော်လင့်သော ကမ္ဘာ အနှံ့ပြန်လည်နိုးကြားခြင်းကိုဖြစ်စေသည်။ ခရစ်ယာန်လောကတစ်လျှောက်၊ နိုင်ငံ အမျိုးမျိုးတွင် ဘာသာရေးပြုပြင်ပြောင်းလဲခြင်းသည် သီးခြားစီပေါ်ပေါက်လာခြင်းနှင့် အတူ၊ ဒုတိယ အကြိမ်ကြွလာခြင်းဆိုင်ရာလှုပ်ရှားမှုလည်း ပေါ်ပေါက်လာခဲ့သည်။ ဤ ကမ္ဘာအနှံ့ လှုပ်ရှားမှုသည် ခရစ်တော်ကြွလာခြင်းနီးကြောင်းကိုပြသည့် အလွန်ရှင်းသော နိမိတ်တစ်ခု ဖြစ်သည်။ နှစ်ခြင်းဆရာယောဟန်သည် ခရစ်တော်၏ပထမအကြိမ်ကြွလာ ခြင်းအတွက် လမ်းခရီးကို ပြင်ဆင်ခဲ့သကဲ့သို့၊ ဒုတိယအကြိမ်ကြွလာခြင်းဆိုင်ရာလှုပ်ရှား မှုသည် သူ၏ ဒုတိယအကြိမ် ကြွလာခင်းအတွက် လမ်းခရီးကိုပြင်ဆင်ခဲ့သည်။ ၎င်းလှုပ် ရှားမှုသည် (ဗျာဒိတ်ကျမ်း ၁၄း၆-၁၂) မှ သတင်းစကားဖြစ်သော ကယ်တင်ရှင်၏ဘုန်း အာနုဘော်နှင့် ကြွလာခြင်းအတွက် အဆင် သင့်ရှိရန် ဘုရားသခင်၏ ခေါ်ဖိတ်ခြင်းကို ကြွေးကြော်သည်။

၂။ ဧဝံဂေလိတရားကိုဟောပြောခြင်း။ ဘုရားသခင်သည် “လောကီသား တို့ကို ဖြောင့် မတ်ခြင်းတရားနှင့်လျော်ညီစွာ စစ်ကြောစီရင်မည့် နေ့ရက်ကိုချိန်းချက်တော်မူပြီ} (တ ၁၇း၃၁)။ ထိုနေ့အတွက် ကျွန်ုပ်တို့ကိုသတိပေးရာတွင်၊ ခရစ်တော်သည် တစ်ကမ္ဘာ လုံး ပြောင်းလဲသွားမည်ဟု ပြောဆိုခြင်းမဟုတ်ဘဲ၊ “လူမျိုးအပေါင်းတို့အား သက်သေဖြစ် မည် အကြောင်း၊ နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံ အရပ်ရပ်ရှိ သမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့” (မ ၂၄း၁၄) ဟုသာဆိုခြင်းဖြစ် သည်။ ထိုကြောင့်၊ ပေတရုသည် ယုံကြည်သူတို့အား ဘုရားသခင်၏ နေ့ရက်ကို မျှော် လင့်တောင့်တ ရန်အားပေးသည် (၂ပေ ၃း၁၂)။

ဤရာစုနှစ်တွင် သမ္မာကျမ်းစာကိုဘာသာပြန်ခြင်းနှင့် အနက်ဖွင့်ဆိုခြင်းအပေါ် စာ ရင်းဇယားသည် ဧဝံဂေလိတရားသက်သေခံခြင်း၏ ကြီးထွားမှုကိုဖော်ပြသည်။ (၁၉၀၀) ခုနှစ် တွင် သမ္မာကျမ်းစာကိုဘာသာစကား (၅၃၇) မျိုးဖြင့်ရနိုင်သည်။ (၁၉၈၀) ခုနှစ်တွင် တစ်အုပ် လုံး သို့မဟုတ် အစိတ်အပိုင်းတချို့ကို ဘာသာစကား (၁ç၈၁၁) မျိုးဖြင့်ရရှိနိုင် ပြီး၊ နှစ်စဉ် သမ္မာ ကျမ်းစာကိုဖြန့်ဝေခြင်းသည် (၁၉၀၀) ခုနှစ်တွင် (၅.၄) သန်းဖြန့်ဝေရာမှ (၁၉၈၀) ခုနှစ်တွင် ကျမ်းစာတစ်အုပ်လုံးဘာသာပြန် (၃၆.၈) သန်းကိုဖြန့်ဝေပြီး၊ တစ်စိတ် တစ်ပိုင်း ဘာသာပြန် များ ကို သန်းပေါင်း (၅၀၀) နီးပါးဖြန့်ဝေခဲ့ သည်။

ထို့ပြင်မက၊ ခရစ်ယာန်ဘာသာသည် ယခုတွင် ၎င်း၏သာသနာလုပ်ငန်းတွင် အသုံးပြုရန် မကြုံစဖူးလိုသလိုအသုံးပြုနိုင်သောအရာအမျိုးမျိုးရှိသည်။ ဝန်ဆောင်မှုပေး သောလုပ်ငန်း၊ ကျောင်းများ၊ ဆေးရုံဆေးပေးခန်းများ၊ ဒေသခံနှင့်နိုင်ငံခြားအမှုဆောင် များ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားထုတ်လွှင့်ခြင်း၊ ငွေကြေးအမြောက်အမြားရှိသည်။ ယနေ့ တွင် အားကြီးသော ရေဒီယိုလှိုင်းတို အသံလွှင့်ဌာနများသည် ဧဝံဂေလိတရားကိုကမ္ဘာ့ တစ်ဖက်ခြမ်းသို့ လက်တွေ့ ကျကျအလင်းပေးနိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအောက်၌ အသုံးပြု ခြင်း အားဖြင့်၊ ဤပြိုင်ဘက်ကင်းသောအရာများသည် ကျွန်ုပ်တို့အချိန်တွင် လောကကို ဧဝံဂေလိ တရားဟောခြင်းပန်းတိုင်ကို အကောင်အထည် ဖော်ပေးလိမ့်မည်။

ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်းတော်သည် ယေရှုမကြာမီကြွလာ မည့် သတင်းကောင်းကို ဖြန့်ချိရန်ဟူသော ရည်ရွယ်ချက်တစ်ခုတည်းဖြင့်၊ တစ်ကမ္ဘာ လုံးကို ဧဝံဂေလိ တရားဟောပြောရာတွင် အပြည့်အဝပါဝင်သည်ကိုဆင်ခြင်ပါ။ မြော် လင့်ခြင်းအသင်းသား များအဖြစ် ကျွန်ုပ်တို့သည် (၁၈၆၃) ခုနှစ်တွင် အဖွဲ့အစည်းဆိုင် ရာအစည်းအဝေးကို ပထမအကြိမ်ကျင်းပရာတွင် အမေရိကန်နိုင်ငံတစ်ခုလုံး၌ အသင်း တော် (၁၂၅) ခုမှ နှစ်ခြင်း ခံပြီး အသင်းသား (၃.၅၀၀) ရှိခဲ့သည်။ (၂၀၁၅) ခုနှစ်တွင် အသင်းတော်သည် (၁၆) ကြိမ် မြောက်ကမ္ဘာ့ညီလာခံကိုကျင်းပရာတွင်၊ အစီရင်ခံစာတွင် တစ်ကမ္ဘာလုံး၌ အသင်းသား (၁၉.၁) သန်းသည် ကမ္ဘာ့ကုလသမဂ္ဂကအသိအမှတ်ပြု သောနိုင်ငံပေါင်း (၂၃၇) မှ နိုင်ငံ (၂၁၆) ခုတွင်ရှိနေကြသည်။ အသင်းတော်ပေါင်း (၁၄၈ç၀၀၀) ပါး၊ ဆေးရုံဆေးခန်းပေါင်း (၇၂၅) ခု၊ ကျန်းမာရေးအစားအစာထုတ်စက်ရုံ (၂၂) ခု၊ ကောလိပ်နှင့်တက္ကသိုလ်ပေါင်း (၁၁၅) ကျောင်း၊ အထက်တန်းကျောင်း (၂.၂၉၆) ကျောင်းနှင့် မူလတန်းကျောင်း (၅.၃၃၂) ကျောင်းရှိသည်။ ကျွန်ုပ်တို့၏ပုံနှိပ်တိုက် (၆၂) ခုသည် ဘာသာစကား (၃၇၅) မျိုးထက်မက ဧဝံဂေလိစာပေများကိုပုံနှိပ်ထုတ်ဝေသည်။ မီဒီယာဌာန (၁၈၁) ခုတွင် ဘာသာစကား (၂၂၉) မျိုးဖြင့်ကမ္ဘာ၏လေးပုံသုံးပုံသို့ ရုပ်နှင့် အသံလွှင့်နေသည်။

ဘုရားသခင်၏ ပို့ဆောင်မှုပါတကား။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ် တို့၏ သာသနာလုပ်ငန်းနှင့် ဧဝံဂေလိတရားထိုးဖောက်ခြင်းတို့ကို များစွာကောင်းချီးပေးခဲ့ သည်။ လူသား၏ရှုထောင့်မှ မကျော်လွှားနိုင်ဟုထင်ရသောစိန်ခေါ်မှုများစွာလုပ်ဆောင် ရန် ကျန်ရှိ နေသေး သည်။ သို့သော်၊ ဘုရားသခင်သည် “အမှုတော်ကိုတရားသဖြင့်ပြီးစီး စေခြင်းငှာ ဆုံးဖြတ်တော်မူမည်” (ရောမ၊ ၉း၂၈)။

၃။ ဘာသာရေးကျဆင်းမှု။ ဧဝံဂေလိတရားကို ကမ္ဘာအနှံ့ဟောပြောခြင်းသည် စစ်မှန် သောခရစ်ယာန်ဘာသာ အကြီးအကျယ်တိုးတက်လိမ့်မည်ဟုမဆိုလိုချေ။ ထို့အ စား၊ သမ္မာကျမ်းစာသည် နောက်ဆုံးသောအချိန်တွင် စစ်မှန်သောဝိညာဉ်ရေး ကျဆင်း မည့်အကြောင်း ကြိုတင်ဟောခဲ့သည်။ ပေါလုက၊ “နောင်ကာလသည် ခဲယဉ်းသောကာလ ဖြစ်မည်ဟု သိမှတ်ကြလော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ် ချစ် သောသူ၊ ငွေကို တပ် မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသော သူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ် ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူ တော်ကောင်းကိုမုန်းသောသူ၊ သစ္စာ ကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစား ခြင်းကို သာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်း တန်ခိုးကို ငြင်းပယ်သောသူဖြစ်ကြလိမ့်မည်” (၂တိ ၃း၁-၅)။

ထိုကြောင့် ယနေ့မိမိကိုယ်ကိုချစ်ခြင်း၊ ဥစ္စာပစ္စည်းကိုချစ်ခြင်းနှင့် လောကကို ချစ် ခြင်းတို့သည် များစွာသောသူတို့၏စိတ်နှလုံးတွင် ခရစ်တော်၏စိတ်သဘောထား အစား ဝင်ရောက်လာသည်။ လူတို့သည် မိမိတို့အသက်တာကိုလမ်းညွှန်ရန် ဘုရားသခင်၏ စည်း မျဉ်းများနှင့် ပညတ်ချက်များကိုခွင့်မပြုကြတော့ဘဲ၊ အဓမ္မအမှုသည် နေရာယူလာသည်။ “မတရားသော အမှုတို့သည်များပြားသဖြင့်၊ အများသောသူတို့၏ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်” (မ ၂၄း၁၂)။

၄။ ပုပ်ရဟန်းမင်းအာဏာတစ်ကျော့ပြန်လာခြင်း။ ကျမ်းစာ၏အနာဂတ္တိစကား အရ၊ နှစ်ပေါင်း (၁၂၆၀) ၏အဆုံးတွင် ပြန်လည်အနာပျောက်မည့်ပုပ်ရဟန်းမင်း အာ ဏာသည် သေလောက်သောဒဏ်ရာကိုရခဲ့သည်။ ပုပ်ရဟန်းမင်းအာဏာသည် တစ်ဖန် ကြီးမားသော ဩဇာလွှမ်းမိုးမှုနှင့် ရိုသေခံရမှုရှိလာပြီး၊ “မြေကြီးသားအပေါင်းတို့သည် သားရဲနောက်သို့ လိုက်၍၊ အံ့ဩကြ၏ (ဗျာ ၁၃း၃)။ ယနေ့တွင်ပင်လျှင် များစွာသော သူတို့သည် ပုပ်ရဟန်းမင်းကိုလောက၏ကိုယ်ကျင့်တရားနှင့်ဆိုင်သော ခေါင်းဆောင်အ ဖြစ်ရှုမြင်ကြ၏။

ကြီးမားသောအတိုင်းအတာအထိ၊ ကြီးထွားလာနေသော ပုပ်ရဟန်းမင်း အာဏာ သည် သမ္မာကျမ်းစာ၏ အခွင့်အာဏာကို ထုံးတမ်းဓလေ့များ၊ လူသားတို့၏ စံချိန်စံညွှန်း များနှင့် သိပ္ပံအတတ်တို့ဖြင့် ခရစ်ယာန်များကိုအစားထိုးစေသည်။ ထိုသို့လုပ်ဆောင် ခြင်းဖြင့်၊ သူတို့ သည် “ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုအမျိုး မျိုး} ကိုပြုသော “အဓမ္မလူ” (၂သက်၊ ၂း၉) ကိုခုခံနိုင်စွမ်းမရှိဖြစ်လာကြသည်။ စာတန်နှင့် သူ၏အသုံးခံသူတို့သည် မကောင်းမှုအဖွဲ့အစည်းကိုထူထောင်လိမ့်မည်။ ၎င်းကို လောကီ သားတို့အား လှည့်ဖြား သော နဂါး၊ သားရဲ့နှင့်မိစ္ဆာပုရောဖက်စသည့် မသန့်ရှင်းသော ပေါင်းစည်း မှုကပုံဆောင်သည် (ဗျာ ၁၆း၁၃၊ ၁၄။ ဗျာ ၁၃း၁၃၊ ၁၄)။ ကျမ်းစာ၏ လမ်း ပြမှုကိုခံယူ၍၊ “ဘုရားသခင်၏ ပညတ် တို့ကိုလည်းကောင်း၊ ယေရှု၏ယုံကြည်ခြင်းကို လည်းကောင်း၊ စောင့်ရှောက်သော သန့်ရှင်း သူတို့ (ဗျာ ၁၄း၁၂) ကသာလျှင် ဤအဖွဲ့အစည်း ၏လှည့်ဖြားမှုကို အောင်မြင်စွာ တွန်းလှန် နိုင်ကြသည်။

၅။ ဘာသာရေးလွတ်လပ်မှုကျဆင်းခြင်း။ ပုပ်ရဟန်းမင်း အာဏာကြီးထွား လာ ခြင်းသည် ခရစ်ယာန်ဘာသာကိုသိသာထင်ရှားစွာအကျိုးသက်ရောက်စေလိမ့်မည်။ အဖိုး အခကြီးမားစွာ ပေးဆပ်ပြီးမှရယူသည့်ဘာရေးလွတ်လပ်မှုကို အသင်းတော်နှင့် နိုင်ငံရေး အကြား သီးခြားခွဲထားခြင်းအားဖြင့် သေချာစေခဲ့သည်။ သို့သော် ၎င်းသည် လျော့ပါးသွား ၍၊ အဆုံး တွင်ဖျက်သိမ်းခြင်းခံရမည်။ အားကြီးသောအရပ်ဘက်အစိုးရ၏ ထောက်ပံ့မှု နှင့်အတူ၊ ဤ အယူဖောက်ပြန်သော အာဏာစက်သည် လူတိုင်းအပေါ် မိမိ၏ဝတ်ပြု ခြင်းပုံစံကို အတင်း အကျပ်ပြုရန်ကြိုးပမ်းလိမ့်မည်။ လူတိုင်းသည် ဘုရားသခင်နှင့် သူ၏ ပညတ်ချက်များအပေါ် သစ္စာရှိမည်လော၊ သို့မဟုတ် သားရဲနှင့်သူ၏ရုပ်တုအပေါ် သစ္စာရှိမည်လောဆိုသည်ကို ရွေးချယ်ကြ ရမည် (ဗျာ ၁၄း၆-၁၂)။

သူတို့၏ထုံးတမ်းစဉ်လာနောက်လိုက်ရန် ဖိအားပေးခြင်းသည် စီးပွားရေးအကျပ် ကိုင်မှုပါဝင်လာမည်။ “ထိုတံဆိပ်လက်မှတ်တည်းဟူသောသားရဲ၏နာမဖြစ်စေ၊ နာမ၏ အရေ အတွက်ဖြစ်စေ၊ တစ်ခုခုကိုမခံသောသူတစ်ယောက်မျှ မရောင်းမဝယ်စေခြင်း ငှာစီရင်မည် (ဗျာ ၁၃း၁၇)။ နောက်ဆုံးတွင် လိုက်နာမှုမရှိသောသူတို့သည် သေဒဏ်ကို ရင်ဆိုင်ရကြမည် (ဗျာ ၁၃း၁၅)။ ဤနောက်ဆုံးသောဆင်းရဲဒုက္ခကာလအတွင်း ဘုရား သခင်သည် မိမိလူတို့ အတွက်ကြားဝင်လာ၍၊ အသက်စာစောင်၌နာမည်စာရင်းဝင် သောသူတိုင်းကို ကယ်နုတ် လိမ့်မည် (ဒံ ၁၂း၁)။

မကောင်းမှုတိုးပွားခြင်း။ ခရစ်ယာန်ဘာသာအတွင်း ဝိညာဉ်ရေးကျဆင်းမှုနှင့် အဓမ္မလူ တန်းခိုးကြီးထွားလာခြင်းတို့သည် အသင်းတော်အထဲတွင်လည်းကောင်း၊ ယုံ ကြည် သူတို့၏ အသက်တာတွင်လည်းကောင်း၊ ဘုရားသခင်၏ပညတ်တော်လျစ်လျူရှုမှု ကို ကြီးထွားလာစေသည်။ ခရစ်တော်သည် ပညတ်တော်ကိုပယ်ဖျက်ပြီးဖြစ်ရာ၊ ခရစ် ယာန်များသည် စောင့်စရာမလိုတော့ပါဟူ၍ များစွာသောသူတို့သည် ယုံကြည်လာကြ သည်။ ဤဘုရားသခင်၏ ပညတ်တော်ကိုလျစ်လျူရှုခြင်းသည် ရာဇဝတ်မှုနှင့်ကိုယ်ကျင့် တရားမဲ့ သောအပြုအမူများ ကို တိုးပွားစေသည်။

၁။ ကမ္ဘာ့ရာဇဝတ်မှုတစ်ဟုန်ထိုးတက်လာခြင်း။ များစွာသောခရစ်ယာန် ဘာသာ အတွင်း ဤဘုရားသခင်၏ပညတ်တော်ကို မရိုသေသောရေစီးကြောင်းသည် ခေတ်သစ် လူ့ အဖွဲ့အစည်းအား စည်းမျဉ်းဥပဒေများကို မထီမဲ့မြင်ပြုစေသည်။ ကမ္ဘာတစ်ဝန်း၊ ရာဇဝတ်မှုသည် ထိန်းချုပ်၍မရဘဲ၊ ထိုးတက်နေသည်။ ကမ္ဘာ့မြို့ကြီးများ တချို့၏ အစီရင်ခံစာမှာဤသို့ဖြစ်သည်။ “အမေရိကန်နိုင်ငံမှာကဲ့သို့၊ ရာဇဝတ်မှုသည် ကမ္ဘာတစ် ဝန်းနိုင်ငံတိုင်းနီးပါးတွင် တိုးပွားလျက်ရှိသည်။” “လန်ဒန်မြို့မှမော်စကိုမြို့၊ ဂျွန်ဟားနား ဗတ်မြို့တို့အထိ၊ ရာဇဝတ်မှုသည် လူတို့၏နေထိုင်ပုံကိုပြောင်းလဲစေသော အဓိကခြိမ်း ခြောက်မှု အလျင်အမြန်ဖြစ်လာနေ၏။

၂။ လိင်ပိုင်းဆိုင်ရာတော်လှန်ရေး။ ဘုရားသခင်၏ ပညတ်တော်ကို အရေး မလုပ်ခြင်းသည် ဣန္ဒြေရှိခြင်းနှင့် စင်ကြယ်မှုကိုပျက်စီးစေပြီး၊ မကောင်းမှုဒုစရိုက်ကို တိုးပွားစေသည်။ ယနေ့တွင် လိင်ကိုမြတ်နိုးကိုးကွယ်ကြပြီး၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ ဗွီဒီယို၊ သီချင်း၊ မဂ္ဂဇင်းနှင့် ကြော်ငြာများတို့တွင် အသားပေးနေကြသည်။

လိင်ပိုင်းဆိုင်ရာ တော်လှန်ရေးသည် ကွာရှင်းခြင်း၊ ပွင့်လင်းသော လက်ထပ်ခြင်း သို့မဟုတ် အိမ်ထောင်ဖက်ကိုလဲလှယ်ခြင်း၊ ကလေးများကိုလိင်ပိုင်းဆိုင်ရာစော်ကား ခြင်း၊ ကလေးဖျက်ချခြင်း၊ ညစ်ညမ်းရုပ်ပုံများ၊ လိင်တူဆက်ဆံခြင်း၊ လိင်မှရောဂါကူးစက် ခြင်းနှင့် အေ့စ် (ဗှီုS) တို့သည် ထိတ်လန့်ဖွယ်တိုးပွားလျက်ရှိ။

စစ်ပွဲများနှင့်ကပ်ဘေးများ။ ယေရှုက၊ သူပြန်မလာမီ “လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ ကြီးစွာသောမြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည်ဖြစ်ကြလိမ့်မည်။ မိုးကောင်းကင်၌ လည်းကြောက်မက် ဖွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည် ပေါ်ထွန်းကြလိမ့် မည် (လု ၂၁း၁၀၊ ၁၁)။ နောက်ဆုံးအချိန်သည်နီးလာ၍၊ စာတန်၏အဖွဲ့နှင့် ဘုရားရှင်၏ အဖွဲ့ကြားပဋိပက္ခသည် ပြင်းထန်လာချိန်တွင်၊ ဤကပ်ဘေးများလည်းပိုမိုပြင်းထန်၍၊ မကြာမကြာဖြစ်ပေါ်လာကာ၊ ကျွန်ုပ်တို့၏အချိန်တွင် မကြုံစဖူးပြည့်စုံလာသည်ကိုမြင် တွေ့ ရမည်။

၁။ စစ်ပွဲများ။ စစ်ပွဲများသည် သမိုင်းတစ်လျှောက် လူသားတို့ကိုဒုက္ခပေးခဲ့သော် လည်း၊ ကမ္ဘာနှင့်ချီ၍ဖြစ်သောစစ်ပွဲ၊ အလွန်ဖျက်ဆီးသောစစ်ပွဲများ အလျင်ကဘယ်ခါမျှ မဖြစ်ဖူးချေ။ ပထမနှင့်ဒုတိယ ကမ္ဘာစစ်သည် အလျင်ဖြစ်ခဲ့သောစစ်ပွဲအားလုံးပေါင်း ထက် ပို၍ထိခိုက် သေဆုံးမှုဖြစ်စေသည်။

များစွာသောသူတို့က အခြားကမ္ဘာစစ်ပွဲအလားအလာကိုမြင်ကြသည်။ ဒုတိယ ကမ္ဘာစစ်သည် စစ်ပွဲကိုမပပျောက်စေခဲ့ချေ။ ၎င်းစစ်ပွဲပြီးဆုံးပြီးနောက်၊ “သမားရိုးကျ လက်နက်များ ဖြင့်တိုက်သောစစ်ပွဲ (၁၄၀) တွင် လူပေါင်း (၁၀) သန်းမျှသေဆုံးခဲ့ရသည်။}

၂။ သဘာ၀ဘေးအန္တရာယ်များ။ မကြာသေးမီကနှစ်များတွင် ဘေးအန္တရာယ် များသည်သိသာထင်ရှားစွာများပြားလာခဲ့သည်။ မကြာသေးမီက ကမ္ဘာမြေကြီးနှင့် ရာသီဥတုတို့၏ ကပ်ဆိုးကျရောက်ခြင်းသည် တစ်ခုအပေါ်တစ်ခုထပ်ဆင့်၍ဖြစ်လာပြီး၊ သဘာ၀တရားသည် ဒေါသအိုးပေါက်ကွဲနေပြီလောဟုပင် ထင်မှတ်စရာရှိသည်။ ကမ္ဘာ မြေသည် ရာသီဥတုနှင့် တည်ဆောက်ပုံတွင် အကြီးအကျယ်ပြောင်းလဲခြင်းကိုတွေ့ကြုံ ရသော်၊ အနာဂတ်တွင် ပို၍ ပြင်းထန်လာလိမ့်မည်။

၃။ ငတ်မွတ်ခြင်းဘေး။ ငတ်မွတ်ခြင်းဘေးသည် လွန်ခဲ့သောအချိန်တွင် အကြိမ် များစွာ ဖြစ်ပျက်ခဲ့သည်။ သို့သော်၊ လွန်ခဲ့သောနှစ်တစ်ရာအတွင်းဖြစ်ခဲ့သောပမာဏကဲ့သို့ မဖြစ်ခဲ့ ချေ။ ဘယ်သော အခါကမျှ ကမ္ဘာပေါ်တွင် သန်းနှင့်ချီသော လူတို့သည် ငတ်မွတ်ခြင်း သို့မဟုတ် အာဟာရချို့တဲ့ခြင်းကိုမခံစားဖူးချေ။ အနာဂတ်အတွက်အလား အလာသည် ပိုမိုမတောက်ပနိုင်ချေ။ မကြုံစဖူးငတ်မွတ်ခြင်းပမာဏသည် ခရစ်တော်ပြန် ကြွလာခြင်း အလွန်နီး ကြောင်းကို ရှင်းလင်းစွာအချက်ပြသည်။

အချိန်တိုင်းအဆင်သင့်ရှိပါ

သမ္မာကျမ်းစာသည်ကျွန်ုပ်တို့အား ယေရှုပြန်ကြွလာမည့်အကြောင်းကို ထပ်တလဲ လဲ စိတ်ချစေသည်။ သို့သော်၊ သူသည် ယခုအချိန်မှ တစ်နှစ်၊ ငါးနှစ်၊ ဆယ်နှစ်၊ အနှစ်နှစ် ဆယ် တွင်လာမည်လော။ မည်သူမျှမသိသည်မှာသေချာသည်။ ယေရှုကိုယ်တိုင်က ဤသို့ ဆိုခဲ့သည်။ ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်း တော် တစ်ပါးတည်းသာသိတော်မူ၏” (မ ၂၄း၃၆)။

သူ၏မြေကြီးပေါ်သာသနာအဆုံးပိုင်းတွင် ခရစ်တော်သည် နောက်ဆုံးကာလ အ သင်းတော်၏ အတွေ့အကြုံကိုပုံဖော်ရန် သတို့သမီးဆယ်ဦးဥပမာကိုပြောခဲ့သည်။ သတို့ သမီးနှစ်ဖွဲ့ သည် မိမိတို့သခင်ဘုရားကိုစောင့်နေသည်ဟု ဝန်ခံသောယုံကြည်သူနှစ်မျိုးကို ပုံဆောင်သည်။ သူတို့ကို သတို့သမီးဟုခေါ်ခြင်းမှာ သူတို့သည် စင်ကြယ်သောယုံ ကြည်ခြင်းကို ဝန်ခံကြသောကြောင့်ဖြစ်သည်။ သူတို့၏မီးခွက်သည် ဘုရားသခင်၏ နှုတ် ကပတ်တော် ကို ပုံဆောင်ပြီး၊ ဆီသည် သန့်ရှင်းသောဝိညာဉ်တော်ကိုပုံဆောင်သည်။

အပေါ်ယံအားဖြင့်၊ ဤနှစ်ဖွဲ့သည်တူသည်။ နှစ်ဖွဲ့စလုံးသည် သတို့သားကိုကြိုရန် ထွက် သွားကြသည်၊ မီးခွက်ရှိကြသည်၊ သူတို့၏အပြုအမူသည် ခြားနားဟန်မရှိချေ။ သူတို့ အားလုံး သည် ခရစ်တော်မကြာမီပြန်ကြွလာမည့်သတင်းစကားကို ကြားခဲ့ကြပြီး၊ ၎င်းကို မျှော်လင့်နေ ကြသည်။ သို့သော် နောက်ကျဟန်ရှိခြင်းသည် သူတို့၏ယုံကြည်ခြင်း ကို ဆန်းစစ်ရမည်။

ကမ္ဘာ့ရာဇဝင်၏အမှောင်မိုက်ဆုံးသောအချိန်၊ သန်းခေါင်ယံတွင်၊ ရုတ်တရက်သူ တို့သည် ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည်လာပြီ။ ခရီဦးကြိုပြုခြင်းငှာ ထွက် သွားကြကုန်” (မ ၂၅း၆) ဟူသောကြွေးကြော်သံကိုကြားကြသည်။ ယခုတွင် ဤနှစ်ဖွဲ့အ ကြားခြားနားမှုသည် ထင်ရှားလာပြီး၊ လူတချို့သည် သတို့သားကိုတွေ့ဆုံရန် အဆင်သင့် မရှိကြချေ။ သတို့သမီး အမိုက်တို့သည် သူတော်ကောင်းဟန်ဆောင်သူများ မဟုတ် ကြချေ။ သူတို့သည် သမ္မာတရားတည်းဟူသော ဘုရားသခင်၏ နှုတ်ကပတ်တော် ကို အလေးထားကြသည်။ သို့သော် သူတို့၌ဆီမရှိ၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို မခံခဲ့ကြချေ (ဗျာ ၇း၁-၃)။ သူတို့သည် အပေါ်ယံ အလုပ်နှင့်ကျေနပ် ကြပြီး၊ ကျောက်တည်းဟူ သော ယေရှုခရစ်တော်အပေါ်သို့ ကျရောက်ခြင်း မရှိခဲ့ကြချေ။ သူတို့သည် ဘုရားဝတ်၌ မွေ့လျော်သည့်ပုံစံရှိသော်လည်း၊ ဘုရားသခင်၏ တန်ခိုးကင်းမဲ့ နေကြသည်။

သတို့သားကြွလာသောအခါ၊ အဆင်သင့်ရှိသောသူတို့သာ သူနှင့်အတူမင်္ဂလာခန်းမ ထဲသို့ဝင်ကြပြီး၊  ထိုနောက်တံခါးကိုပိတ်လိုက်သည်။  နောက်ဆုံးတွင်  ဆီဝယ်သွားသော သတို့ သမီးအမိုက်တို့သည် ပြန်လာ၍၊ အရှင်၊ အရှင်၊ ကျွန်မတို့အားတံခါးကိုဖွင့်ပါဟု တောင်းဆိုကြသည်။ သို့သော်၊ သတို့သားသည် ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါမသိဟု ပြန်ပြောလေ၏။ (မ ၂၅း၁၁၊ ၁၂)။

ခရစ်တော်သည် မြေကြီးပေါ်သို့ပြန်ကြွလာသောအခါ၊ သူချစ်သောသူတချို့အား ဤ စကားကိုပြောရမည်ဆိုလျှင် အဘယ်မျှဝမ်းနည်းစရာကောင်းလိမ့်မည်နည်း။ သူသည် ဤသို့ သတိပေးသည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော် အခွင့်နှင့် ဆုံးမ ဩဝါဒပေးပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကိုနှင်ထုတ် ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသောတန်ခိုးတို့ကိုပြပါပြီမဟုတ်လောဟု အများသောသူတို့ သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ၊ သင်တို့ကို ငါအလျှင်းမသိ။ အဓမ္မ အမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟုသူတို့အား ငါအတိ အ လင်းပြောမည်” (မ ၇း၂၂၊၂၃)။

ရေမလွှမ်းမိုးမီက၊ ဘုရားသခင်သည် ထိုအချိန်ကလူတို့ကိုရောက်လာမည့် ပျက်စီး ခြင်းအတွက်သတိပေးရန် နောဧအားစေလွှတ်ခဲ့သည်။ အလားတူစွာ၊ ဘုရားသခင်သည် ခရစ်တော်ကြွလာခြင်းအတွက် လောကီသားများကိုပြင်ဆင်ရန် သတိပေးသောသတင်း စကားသုံးခုကိုစေလွှတ်နေသည် (ဗျာ၊ ၁၄း၆-၁၆)။

ဘုရားသခင်၏ကရုဏာသတင်းစကားကို လက်ခံသောသူအားလုံးသည် ဒုတိယ အကြိမ်ကြွလာခြင်း၏မျှော်လင့်ချက်၌ ဝမ်းမြောက်ကြလိမ့်မည်။ သိုးသငယ်၏ မင်္ဂလာ ဆောင်ပွဲ သို့ခေါ်ဖိတ်ခြင်းကိုခံရသောသူတို့သည် မင်္ဂလာရှိကြ၏” (ဗျာ ၁၉း၉) ဟူသည်မှာ သူတို့ အတွက်အာမခံချက်ဖြစ်သည်။ အမှန်မှာ ထိုသခင်ကိုမျှော်လင့်လျက် နေသော သူတို့ ကို ကယ်တင်ခြင်းအလိုငှာ၊ အပြစ်နှင့်မဆိုင်ဘဲပေါ်ထွန်းတော်မူလတ္တံ့” (ဟေဗြဲ ၉း ၂၈)။

ရွေးနုတ်ရှင်၏ပြန်ကြွလာခြင်းသည် ဘုရားသခင့်လူတို့၏ဘုန်းကြီးသောသမိုင်း အ ထွတ် အထိပ်ကိုယူဆောင်လာသည်။ ဤအချိန်သည် သူတို့ကိုကယ်နုတ်သည့်အခိုက် အ တန့်ဖြစ်သည်။ သူတို့သည် ဝမ်းမြောက်ခြင်းနှင့် ကြည်ညိုခြင်းဖြင့်၊ ဤအရှင်ကား၊ ငါတို့ မျှော်လင့်သော၊ ငါတို့၏ဘုရားသခင်တည်း။. ကယ်တင်တော်မူခြင်း ကျေးဇူး ကြောင့်၊ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့” (ဟေရှာ ၂၅း၉) ဟု ကြွေးကြော်ကြသည်။

 

-၀-


မူလမာတိကာသို့

No comments:

Post a Comment