Wednesday, March 12, 2025

 

အခန်း - ၁၀

ယုံကြည်ခြင်း


၁။ ယုံကြည်ခြင်းဆိုသည်အဘယ်သို့နည်း။

        ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်း ဖြစ်၏။ (ဟေဗြဲ၊ ၁၁း၁။ ၂ကော၊ ၅း၇။)

၂။ ဘုရားဝတ်ကိုပြုခြင်း၌ ယုံကြည်ခြင်းရှိရမည်လော။

        ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်အကြောင်းမူကား၊ ဘုရားသခင့်အလံတော်သို့ ချဉ်းကပ်သော သူသည်  ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်။ (ဟေဗြဲ၊ ၁၁း၆။ မာ၊ ၉း၂၃။)

၃။ ယုံကြည်ခြင်းမရမီ ဘာဖြစ်ရမည်နည်း။

        သတင်းမကြားလျှင် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း။ (ရော၊ ၁ဝး၁၄  နောက်ပိုင်း။)

၄။ ထိုသို့ဖြစ်လျှင်ယုံကြည်ခြင်းကို အဘယ်သို့ရသနည်း။

        ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။ (ရော၊ ၁ဝး၁၇။)

၅။ ဘုရားသခင်၏ကတိတော်များကို ကျွန်ုပ်တို့သည် အဘယ်အကြောင်းကြောင့် ယုံကြည်အား ထားရကြမည်နည်း။

        ကတိထားတော်မူသော သူသည် ကတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။ (ရော၊ ၄း၂၁။ ဟေဗြဲ၊ ၁ဝး၂၃။)

၆။ ယုံကြည်ခြင်း၌ စိတ်ဇဝေဇဝါ တစ်စုံတစ်ခုရှိနိုင်သလော။ 

        သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည်။ (ယာ၊ ၁း၆။ ပထမပိုင်း။ မာ၊ ၁၁း၂၂၊ ၂၃။)

၇။ ဘုရားသခင်၏ ကတိတော်များကို ဘယ်အတွက်ကြောင့် တွေးတောရသနည်း။

        ယုံမှားသော စိတ်နှင့်ကင်း၍ ဘုရားသခင်၏ ကတိတော်ကို တွေးတောခြင်း မရှိ။ (ရော၊ ၄း၂၀။)

    ဟေဗြဲလူ သုံးယောက်တို့သည် မီးတောက်ထဲသို့ ချခြင်းခံရသော်လည်း

        ယုံကြည်ခြင်းအားဖြင့် မီးလောင်ခြင်းဘေးမှ ကင်းလွတ်ကြ၏ 


၈။ ယုံကြည်ခြင်း အကျိုးရှိဖို့ရန် အဘယ်အရာနှင့် ပူးတွဲရမည်နည်း။

        ထိုနည်းတူ၊ အကျင့်နှင့် ကင်းသော ယုံကြည်ခြင်းသည် တစ်ပါးတည်းရှိသောကြောင့် အသေဖြစ်၏။ (ယာ၊ ၂း၁၇။ ဂလ၊ ၅း၆။)

၉။ ယုံကြည်ခြင်း အကြောင်းကို ပုံသက်သေများ ပြပါ။

        နောဧသည် မမြင်သေးသော အမူအရာတို့ကို ဖေါ်ပြသော ဗျာဒိတ်တော်ကို ခံရပြီးမှ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သော စိတ်ရှိ၍ မိမိအိမ်သူ အိမ်သားတို့ကို ကယ်တင်ခြင်းငှာ သင်္ဘောကို တည်လေ၏။  (ဟေဗြဲ၊ ၁ဝး၇။ ယာ၊ ၂း၂၀-၂၄။ ဟေဗြဲ၊ ၁၁း၃၀။ ယောရှု ၆။)

၁၀။ ယုံကြည်ခြင်းနှင့် စိတ်ထင်၍ အယူရှိခြင်းတို့သည် အဘယ်သို့ ခြားနားသနည်း။

        ယုံကြည်ခြင်းဆိုသော်လည်း ဘုရားသခင်၏ အမိန့်တော် စည်းကမ်းချက်များနှင့် လျော်ညီစွာ လိုက်ပြီးသည့်နောက်မှ ထားတော်မူသော ကတိတော်များ အတိုင်းပေးမည်ကို မြော်လင့်ခြင်း ဖြစ်သည်။ (၁ယော၊ ၃း၂၂။)

        စိတ်ထင်၍ အယူရှိခြင်း ဆိုသော် ဘုရားသခင်၏အမိန့်တော်   စည်းကမ်းချက်များကို လိုက်နာသည် ဖြစ်စေ၊ မနာသည်ဖြစ်စေ ကတိတော်များအတိုင်း ပေးမည်ဟု စိတ်ထင်၍ အယူရှိခြင်း ဖြစ်သည်။ မာရ်နတ် သွေးဆောင်သည်အတိုင်း ခရစ်တော်သည် လိုက်နာခဲ့ပါလျှင် ဘုရားသခင်၏ ကတိတော်ကို ရဲရင့်စွာ စုံစမ်းခြင်း ဖြစ်လိမ့်မည်။ သို့ရာတွင် ခရစ်တော်က သင်၏ ဘုရားသခင် ထာ၀ရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ပြန်ပြောတော်မူ၏။ (လု၊ ၄း၉-၁၂။)

၁၁။ ယုံကြည်သောသူတို့၏ အဘကား အဘယ်သူနည်း။

        ယုံကြည်ခြင်းရှိသောသူသည် အာဗြဟံ၏သားဟု အမှန်သိမှတ် ကြလော့။ (ဂလ၊ ၃း၇။ ရော၊ ၄း၁၁။)

၁၂။ ယုံကြည်ခြင်းအတွက်ကြောင့် အဗြဟံ၏ သားတို့သည် အဘယ်အကျင့်ကို ကျင့်ကြမည်နည်း။

        ထိုသူတို့ကလည်း သင်တို့သည် အာဗြဟံ၏ သားမှန်လျှင် အာဗြဟံ၏ အကျင့်ကို ကျင့်ကြလိမ့်မည်။ (ယော၊ ၈း၃၉။)

၁၃။ အာဗြဟံသည် ဘာကျင့်သနည်း။

        အကြောင်းမူကား၊ အာဗြဟံသည် ငါ့စကားကို နားထောင်၍ ငါစီရင်မှာထားသော ပညတ်တရား အမျိုးမျိုးတို့ကို စောင့်ရှောက်သတည်း။ (က၊ ၂၆း၅။)

၁၄။ ယုံကြည်ခြင်းသည် ပညတ်တရားကို ဖျက်ပယ်သလော။

        ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေကြ၏။ (ရော၊ ၃း၃၀။)

၁၅။ ယုံကြည်ခြင်းအားဖြင့် ဘာအကျိုးခံစားရမည်နည်း။

       - ထာ၀ရအသက်။ (ယော၊ ၃း၁၆၊၃၆။ ဟေဗြဲ၊ ၁၁း၃၈။)

       - ယုံကြည်ခြင်းပါလျက် ပတ္တနာပြု၍ ဆုတောင်းသမျှတို့ကို သင်တို့သည် ရကြလိမ့်မည်။ (မ၊ ၂၁း၂၂။)

       - ဖြောင့်မတ်ခြင်း။ (ရော၊ ၅း၁။ ဂလ၊ ၃း၂၄၊ ၈။)

       - လူနာကို ကယ်ဆယ်ခြင်း ။ (ယာ၊ ၅း၁၅။)

       - စိတ်ဝိညာဉ်ကို ကယ်တင်ခြင်း။ (၁ပေ၊ ၁း၉။ ဧ၊ ၂း၈။)

       - လောကကို အောင်ခြင်း။ (၁ယော ၅း၄။)

       - နိုင်ငံတော်၏ အမွေကိုခံခြင်း။ (ယာ၊ ၂း၅။)

       - ခရစ်တော်သည် စိတ်နှလုံးထဲ၌ ကိန်းဝပ်ခြင်း။ (ဧ၊ ၄း၁၇။)

မူလ မာတိကာသို့

No comments:

Post a Comment