Tuesday, March 18, 2025


အခန်း - ၄၅

ဆုတောင်းသံကို နားညောင်းတော်မူခြင်း


၁။ ကယ်တင်တော်မူသော အရှင်သည် ဥပမာဖြင့် ကျပ်တည်းစွာ တောင်းပန်သော မုဆိုးမအကြောင်းကိုအစွဲပြု၍ အဘယ်ကြောင့် ဟောတော်မူသနည်း။

        လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော်မူသည်ကား။ (လု၊ ၁၈း၁။)

၂။ တစ်စုံတစ်ယောက်သောသူသည် မိမိဆန္ဒအတိုင်းသင့်လျော်စွာတောင်းလျှင် တောင်းသောဆုကို မည်ကဲ့သို့မှတ်တော်မူသနည်း။

        သင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သော စိတ်နှင့်ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။ (မာ၊ ၁၁း၂၄။)

၃။ ဤကဲ့သို့ယုံကြည်အားကြီးခြင်းကို ရသော သူ၏အခြေသည် အဘယ်သို့ရှိမည်နည်း။

        ချစ်သူတို့၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကို အပြစ်မတင်လျှင် ဘုရားသခင်ရှေ့တော်၌ ရဲရင့်ရသော အခွင့်ရှိကြ၏။ (၁ယော၊ ၃း၂၁။)

၄။ တောင်းသည်အတိုင်းရလျှင် ဘယ်အတွက်ကြောင့်ရသနည်း။

        ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက်၍ နှစ်သက်တော်မူသော အကျင့်တို့ကို ကျင့်သောကြောင့် ဆုတောင်းသမျှတို့ကို ဘုရားသခင့်ထံတော်မှရကြ၏။ (၁ယော၊ ၃း၂၂။)

၅။ ယုံကြည်ခြင်းစိတ်နှင့်မတောင်းလျှင် ဘာအကျိုးရမည်နည်း။

        သို့ရာတွင်တွေးတောခြင်းမရှိဘဲ ယုံကြည်သော စိတ်နှင့်တောင်းရမည်။ တွေးတောခြင်းရှိသော သူသည်ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။ ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ ပြုလေသမျှတို့ကို မတည်ကြည်သောသူဖြစ်၍ ထာ၀ရဘုရား၏ လက်တော်မှတစ်စုံတစ်ခုကို ရမည်ဟု မထင်မမှတ်စေနှင့်။ (ယာ၊ ၁း၆-၈။)

၆။ သူတစ်ပါး၏အပြစ်ကို ဖြေလွှတ်သောသဘောမရှိဘဲ ပတ္တနာပြုလျှင် ဘာကျေးဇူးရှိမည်နည်း။

        သင်တို့သည် ဆုတောင်းသောအခါ သူတစ်ပါး၌ အပြစ်တင်ခွင့်ရှိလျှင် သူ့အပြစ်ကိုလွှတ်ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏ အပြစ်ကို လွှတ်တော်မူမည်။ သင်တို့သည် သူ့အပြစ်ကိုမလွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကိုလွှတ်တော်မမူ။ (မာ၊ ၁၁း၂၅၊၂၆။)


ဒံယေလသည် စိတ်ပါစွာ ဆုတောင်းခြင်းကြောင့် ဘုရားသခင်သည် နားညောင်းတော်မူလျက် ချက်ချင်းမိမိ၏ စေတမန်ဂါဗြေလကို စေလွှတ်တော်မူ၏။


၇။ လင်မယားတို့၏ဆုတောင်းများကို ဘုရားသခင်နာညောင်းရန် မည်ကဲ့သို့ပြုရမည်နည်း။

        ထိုနည်းတူ ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌ အဆီးအထားမရှိစေခြင်းငှာ အသက်ရှင်ခြင်း ကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံရသော သူချင်းကဲ့သို့ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့် အတူနေ၍။ (၁ပေ၊ ၃း၇။)

၈။ တရားမနာ၊ လွှဲသွားသောသူ၏ ဆုတောင်းပတ္ထနာကို ဘုရားသခင်သည် မည်ကဲ့သို့နားညောင်းမည်နည်း။

        တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်းသော်လည်း သူ၏ဆုတောင်းချက်စကားသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ (သု၊ ၂၈း၉။)

၉။ ဆုတောင်းချက်များကို ဘုရားသခင်နားညောင်းရန် စည်းကမ်းချက်များနှင့်ညီလျော်စွာပြုလုပ်ပြီးလျှင် ဘာအကြောင်းအရာအဖို့ ဆုတောင်းနိုင်သနည်း။

(၁) အပြစ်ဖြေလွှတ်ဖို့။ (၆ရာ၊ ၇း၁၄။ ၁ယော၊ ၅း၁၆။ မ၊ ၅း၄၄။)

(၂) သန့်ရှင်းသောဝိညာဉ်တော်ရဖို့။ ယော၊ ၁၄း၁၆။ လု၊ ၁၁း၁၃။

(၃) အပြစ်သွေးဆောင်ခြင်းနှင့် ဘေးအန္တရာယ်ရောက်သောအချိန်တို့၌ ကယ်နုတ်ဖို့။ (မ၊ ၆း၁၄။ ယော၊ ၁၇း၁၁။ သု၊ ၃း၂၆။ ဆာ၊ ၉၁။)

(၄) ပညတ်နှင့်ပိုင်းခြား၍ သိတတ်သော ဉာဏ်ရဖို့။ (ယာ၊ ၁း၅။ ၃ရာ၊ ၃း၉။ ဒံ၊ ၂း၁၇၊၁၉။)

(၅) ရောဂါစွဲသောသူတို့ ချမ်းသာရဖို့။ (ယာ၊ ၅း၁၄၊၁၅။ ၄ရာ၊ ၂ဝး၁-၇။)

(၆) သာသနာပြုဆရာများတို့ အကျိုးကျေးဇူးတိုးပွားဖို့။ (ဧ၊ ၆း၁၈၊၁၉။ ၂၊ သက် ၃း၁။)

(၇) ဖြောင့်မတ်ခြင်းတရားကြောင့် နှိပ်စက်ညှဉ်းဆဲခြင်းခံရသော သူတို့အဖို့။ (ဟေဗြဲ၊ ၁၃း၃။ တ၊ ၁၂း၅။)

(၈) အုပ်စိုးသော မင်းများအဖို့။ (ဧဇ၊ ၆း၁၀။ တ၊ ၂၃း၅။)

(၉) ဘုရားသခင်၏ အမှုတော် အမြဲတစေတိုးတက်နေစေဖို့။ (ယာ၊ ၅း၁၇၊၁၈။ ဇာ၊ ၁ဝး၁။)

(၁၀) မိမိအမှုတော်မှန်ကြောင်းပြဖို့။ (၃ရာ၊ ၁၈း၃၀။)

(၁၁) ခရစ်တော်ကြွလာတော်မူဖို့။ (မ၊ ၆း၁၀။ ဗျာ၊ ၂၂း၂၀။)

၁၀။ သမ္မာကျမ်းစာတော်တွင် ဆုတောင်းချက်ကို အဘယ်ကဲ့သို့ ထူးခြားစွာ နားညောင်းတော် မူသည့်အကြောင်း တွေ့ရှိရသနည်း။

            (က၊ ၁၅း၁-၆။ ၂၄း၁၂-၅၂။ ၃၂း၉-၃၂။ ထွ၊ ၁၄း၁၅၊၁၆။ သူကြီး၊ ၆း၃၆-၄၀။ ၃ရာ၊ ၁၇း၂၂။ ၁၈း၁၊၄၂-၄၅။ ၄ရာ၊ ၂ဝး၁-၇၊၁၁။ ၆ရာ၊ ၁၆း၃၁။ ၂ဝး၆-၂၇။ ဒံ၊ ၂း၁၉-၂၃။ လု၊ ၁း၁၃။ ဘ၊ ၉း၄၀။)

၁၁။ ကျွန်ုပ်တို့တောင်းလျှောက်သည်အတိုင်း ဘုရားသခင်သည် အစဉ်နားညောင်း တော်မူသလော။

အဖြေ။ တရား ၃း၂၃-၂၇။ ၂ကော၊ ၁၂း၈၊၉။

၁၂။ တောင်းလျှောက်သည်အတိုင်း အချိန်အခါနှင့် မရသောအခါ တောင်းသောသူသည် မည်သို့သော သဘောထားရမည်နည်း။

        ထာ၀ရဘုရားရှေ့မှာငြိမ်ဝပ်စွာနေ၍ ကိုယ်တော်ကိုငံ့လင့်လော့။ (ဆာ၊ ၃၇း၇။)

မူလ မာတိကာသို့

No comments:

Post a Comment