Sunday, March 16, 2025


 

အခန်း - ၃၆

ဥပုသ်နေ့ကို မှန်ကန်စွာစောင့်နည်း


၁။ ဥပုသ်ကိုလူသည် မည်ကဲ့သို့စောင့်အပ်သနည်း။

        ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကို အောင်မေ့သလော့။ (ထွက်၊ ၂ဝး၈။)

၂။ ဥပုသ်နေ့မရောက်မီ ဘာနေ့ဖြစ်သနည်း။

        ထိုနေ့ကားအဖိတ်နေ့တည်းဟူသော ပရက္ကုနေ့ဖြစ်သောကြောင့် ညဉ့်အချိန်ရောက်မှ၊။ (မာ၊ ၁၅း၄၂။ လု၊ ၂၃း၅၄။)

၃။ ထိုနေ့ကို မည်ကဲ့သို့အသုံးပြုရမည်နည်း။

        သူကလည်း၊ နက်ဖြန်နေ့သည် ထာ၀ရဘုရားရှေ့၌ သန့်ရှင်းသောဥပုသ်နေ့၊ ငြိမ်ဝပ်စွာနေရသောနေ့ဖြစ်၏။ မုန့်ကိုပေါင်းချင်သည် အတိုင်းပေါင်းကြလော့။ ပြုတ်ချင်သည်အတိုင်းပြုကြလော့။ ကျန်သောအရာကို နံနက်တိုင်အောင်စောင့်၍ သိုထားကြလော့ဟု ထာ၀ရဘုရားမိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။ (ထွ၊ ၁၆း၂၃။)

၄။ အဖိတ်နေ့၌ လုပ်နိုင်သောအလုပ်ကို ဥပုသ်နေ့တွင်လုပ်သင့်သလော။

အဖြေ။ မသင့်၊ ထိုအလုပ်ကို လုပ်ဖို့ရန် ကျွန်ုပ်တို့၌ခြောက်ရက်အခွင့်ရကြ၏။ ဘုရားသခင်သည် ဣသရေလလူတို့အား မန္နမုန့်ပေးစဉ်တွင် ဥပုသ်နေ့ကို မီးကိုသုံးဖို့ရန် အလိုမရှိကြ။ မီးမွေးလျှင် ဘုရားသခင်၏ တန်ခိုးတော်ကို မယုံကြည်ရာရောက်သည်။ မန္နမုန့်ကို မပေးဘဲရပ်စဲပြီးမှ နောက်သူတို့သည် မိမိတို့၏အစာကို ခါတိုင်းကဲ့သို့ပြင်ဆင်ရ၍ ဥပုသ်နေ့တွင် မလုပ်ရသောအလုပ် အမျိုးမျိုးတို့ကို မလုပ်မကိုင်ကြ။ (နေ၊ ၁၃း၁၅-၂၂။)

ဥပုသ်နေ့၌ လူနာပြုစုခြင်းမှသော ကောင်းသောအမှုနှင့် 

သူတစ်ပါးအကျိုးရှိသောအမှုတို့ကိုပြုအပ်သည်


၅။ သန့်ရှင်းသော မိန်းမတို့သည် ဥပုသ်စောင့်ခြင်းအကြောင်း မည်ကဲ့သို့ ပုံသက်သေပြသနည်း။

        ဥပုသ်နေ့၌ လူနာပြုစုခြင်းမှစသော ကောင်းသောအမှုနှင့် သူတစ်ပါးအကျိုးရှိစေသော အမှုတို့ကို ပြုအပ်သည် ထိုနေ့ကားအဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့အချိန်နီးသတည်း။ ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကို ပြင်ဆင်၍ ပညတ်တော်အတိုင်းဥပုသ်နေ့၌ အလုပ်မလုပ်ဘဲနေကြ၏။ (လု၊ ၂၃း၅၄-၅၆။)

၆။ အိမ်သူအိမ်သားမှစ၍ ဧည့်သည်အပေါင်းတို့သည် ဥပုသ်နေ့၌ ငြိမ်ဝပ်စွာနေရသလော။

        ထိုနေ့၌သင်မှစ၍ သင်၏တံခါးအတွင်း၌နေသော ဧည်သည် အာဂန္တုသည် အလုပ်မလုပ်ရ။ (ထွက်၊ ၂ဝး၁၀။ တရာ၊ ၅း၁၄။)

၇။ ကျွန်ုပ်တို့သည် ဥပုသ်နေ့ကို မည်ကဲ့သို့ထောက်ထားရမည်နည်း။

        သင်သည် ဥပုသ်နေ့ကို မရှုတ်ချ၊ ငါသန့်ရှင်းသောနေ့မှာ ကိုယ်လိုသို့မလိုက်၊ ဥပုသ်နေ့ကိုမွေ့လျော်ရာနေ့၊ ထာ၀ရဘုရားအဖို့ သန့်ရှင်းသောနေ့၊ ရိုသေဖွယ်သောနေ့ဟူ၍ ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ်အလို့သို့ မလိုက်၊ ကိုယ်စကားကို မပြောဘဲနေ၍ ထိုနေ့ကိုရိုသေလျှင်...။ (ဟေရှာ၊ ၅၈း၁၃၊ ၁၄။)

၈။ ဥပုသ်နေ့သည် ဘယ်အချိန်ကစသနည်း။

        ညဉ့်ဦးမှစ၍ နက်ဖြန်ညဉ့်ဦးတိုင်အောင် ဥပုသ်စောင့်ရမည်။ (ဝတ်၊ ၂၃း၃၂။ နေ၊ ၁၃း၁၉။)

၉။ ညဉ့်ဦးသည် ဘယ်အချိန်ဖြစ်သနည်း။

        နေဝင်ရာညဉ့်ဦးယံအချိန်။ (တရား၊ ၁၆း၆။ မာ၊ ၁း၃၂။)

မှတ်ချက်။ ကျမ်းစာသည် နေဝင်မှနေဝင်တိုင်အောင်တစ်ရက်ခေါ်သည်။ မှောင်သော အပိုင်းကစသည်။ က၊ ၁ကြည့်။ ဥပုသ်ကို မှန်ကန်စွာစောင့်ခြင်းငှါ သောကြာနေ့နေဝင်မှ စနေ့နေ့နေဝင်တိုင်အောင် သန့်ရှင်းစေရမည်။

၁၀။ သူတစ်ပါးအား သနားသောသဘောနှင့် ဥပုသ်နေ့တွင် လုပ်ပေးဖို့ရန် သင့်သလော။

အဖြေ။ (မ၊ ၁၂း၁၁-၁၃။)

၁၁။ ဥပုသ်နေ့၌ဆာမွတ်ခြင်းကိုပြေစေနိုင်သလော။

အဖြေ။ (မ၊ ၁၂း၁-၉။)

၁၂။ ဥပုသ်နေ့၌ စည်းဝေးရာအရပ်သို့သွားဖို့ရန် ခရစ်တော်သည် ပုံသက်သေပြသလော။

        ကြီးပွားတော်မူရာ နာဇရက်မြို့သို့ရောက်ပြန်လျှင် ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ကျမ်းစာကို ဖတ်ရွတ်ခြင်းငှါထတော်မူ၏။ (လု၊ ၄း၁၆။)

၁၃။ တမန်တော်တို့သည်လည်း ပုံသက်သေပြသလော။

အဖြေ။ (တ၊ ၁၃း၁၄။ ၁၆း၁၃။ ၁၇း၂။ ၁၈း၄၊ ၁၁။)

၁၄။ ရှေးကာလတွင် ဥပုသ်နေ့၌ စည်းဝေးခြင်းသို့ လာရောက်ဖို့ရန် အမိန့်ပို့သလော။

        ခြောက်ရက်ပတ်လုံးအလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် ငြိမ်ဝပ်စွာနေရသော ဥပုသ်နေ့၊ တမ္မစည်းဝေးခြင်းကို ပြုရသောနေ့ဖြစ်၏။ (ဝတ်၊ ၂၃း၃။ ၄း၂၂၊ ၂၃။)

၁၅။ တော၌ဥပုသ်စောင့်ရခြင်းသည် ဣသရေလလူတို့၏ သီလကိုစုံစမ်းဖို့ရန် ဖြစ်သည်မဟုတ်လော။

        သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု ကျိန်ဆိုတော်မူသောသူတို့ကား၊ မယုံကြည်သော သူမှတစ်ပါး၊ အဘယ်သူနည်း။ သို့ဖြစ်သူတို့သည် မယုံကြည်သောကြောင့်သာ မဝင်နိုင်သည်ဟု ငါတို့သိမြင်ကြ၏။ (ဟေဗြဲ၊ ၃း၁၁၊ ၁၇-၁၉။)

၁၆။ ယခုကာလ၌ ဥပုသ်စောင့်ခြင်းသည် ဘုရားသခင်သားသမီးတို့၏ သီလကို စုံစမ်းရန် ဖြစ်သေးသလော။

        ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ချမ်းသာထဲသို့ ဝင်ရကြ၏။ ခုနစ်ရက်မြောက်နေ့ကို အကြောင်းပြု၍ ကျမ်းစာတစ်ချက်၌လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာအလုံးစုံတို့ကို ပြီးစီး၍ ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏ဟု လာသတည်း။ ထိုကြောင့် ဘုရားသခင်၏ လူတို့အဖို့အလို့ငှါ ငြိမ်ဝပ်ခြင်း ချမ်းသာတစ်မျိုးသည် ကျန်ရစ်သေး၏။ (ဟေဗြဲ၊ ၄း၃-၁၁။)

၁၇။ ခုနစ်ရက်တွင် ဘုရားသခင်သည် ဘယ်နေ့ကို မိမိပိုင်သောနေ့ဟူ၍ သီးသန့်ထားသနည်း။

အဖြေ။ (ထွ၊ ၂ဝး၈။ ယေဇ၊ ၂ဝး၁၂၊၂၀။ ဟေရှာ၊ ၅၈း၁၃။ မာ၊ ၂း၂၇၊ ၂၈။)

၁၈။ တမန့်တော်ယောဟန်သည် ဥပုသ်နေ့ကို မည်ကဲ့သို့ အမည်အမှည့်သနည်း။

        သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကို ခံရ၍။ (ဗျာ၊ ၁း၁၀။)

၁၉။ ခရစ်တော်နှင့် မိမိတပည့်တော်သည် ဥပုသ်စောင့်ကြသည်အတိုင်း ခရစ်ယာန်အပေါင်းတို့သည် စောင့်အပ်ရကြသည် မဟုတ်လော။

        ထိုသခင်၌ ငါတည်၏ဟုဆိုသောသူသည် ထိုသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ရမည်။ (၁ယော၊ ၂း၆၊ ၄။ ၁ပေ၊ ၂း၂၁။ ယော၊ ၁၅း၁၀။)

မူလ မာတိကာသို့

No comments:

Post a Comment