Sunday, March 16, 2025



အခန်း - ၃၅

သခင်ဘုရားနေ့


၁။ အရာခပ်သိမ်းတို့ကို မည်သူအားဖြင့် ဖန်ဆင်းတော်မူသနည်း။

        အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့် ဖန်ဆင်းတော်မူသော ဘုရားသခင်၌ ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာ။ (ဧဖက်၊ ၃း၉။)

၂။ ပေါလုကလည်း ဤအချက်ကို မည်ကဲ့သို့ ထပ်မံဖော်ပြထားသနည်း။

        အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့် လည်းကောင်း၊ ထိုသခင်အဖို့အလိုငှါလည်းကောင်း ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။ သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မီဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့် သာတည်ကြ၏။ (ကောလောသဲ၊ ၁း၁၆၊ ၁၇။)

၃။ ဥပုသ်နေ့ကိုဖန်ဆင်းတော်မူသလား။

        ထိုမှတစ်ပါး ဥပုသ်နေ့သည်လူအဖို့ဖြစ်၏။ (ဖန်ဆင်းထား၏။)ဟုကိုယ်တော်က မိန့်တော်မူ၏။ (မာကု၊ ၂း ၂၇။)

၄။ ဥပုသ်နေ့ကို မည်သူဖန်ဆင်းသနည်း။

        သခင်ခရစ်တော်ဖန်ဆင်းတော်မူသည်။

မှတ်ချက်။ သခင်ခရစ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၍ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက် ဖြစ်သောအရာ တစ်စုံတစ်ခုမျှမရှိ။ ၎င်းပြင်ဥပုသ်နေ့သည် ဖန်ဆင်းထားသော အရာခပ်သိမ်းတို့တွင် အပါအဝင်ဖြစ်သောကြောင့် ဥပုသ်နေ့ကို သခင်ခရစ်တော်ကပင် ဖန်ဆင်းတော်မူရမည်။ သို့ဖြစ်၍ ဥပုသ်နေ့သည် သခင်ဘုရားနေ့ဖြစ်ရမည်။ 

သခင်ဘုရားနေ့တည်းဟူသော သတ္တမနေ့ဥပုသ်၌ 

တမန်တော်ယောဟန်သည် ပတ်မုကျွန်းပေါတွင် ဗျာဒိတ်ရခဲ့ပြီ


၅။ ဘုရားသခင်သည် အစအဦး၌ သတ္တမနေ့တွင် မည်သည့်အမှုကို ပြတော်မူသနည်း။

        သတ္တမနေ့ရက်ရောက်လျှင် ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍ ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီးပြီးမှ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ (ကမ္ဘာဦးကျမ်း၊ ၂း၂။)

မှတ်ချက်။ အရာခပ်သိမ်းတို့ကို သခင်ခရစ်တော်သည် ဖန်ဆင်းတော်မူလျှင် ကိုယ်တော်သည် ဖန်ဆင်းခြင်းအလုပ်ရှိသမျှကို ပြီးစီးစေ၍ ပထမဦးဆုံးသတ္တမနေ့၌ ခမည်းတော်နှင့် ငြိမ်ဝပ်စွာနေတော်မူ၏။

၆။ သခင်ခရစ်တော်သည် ဥပုသ်စောင့်တော်မူသလော။

        ကြီးပွားတော်မူရာ နားဇရက်မြို့သို့ရောက်ပြန်လျှင် ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ၌ တရားဇရပ်သို့ ဝင်၍ ကျမ်းစာကိုဖတ်ရှုခြင်းငှါ ထတော်မူ၏။ (လု၊ ၄း၁၆။) ငါသည် ငါခမည်းတော်၏ ပညတ်တို့ကို စောင့်ရှောက်၏။ (ယောဟန်၊ ၁၅း ၁၅။)

၇။ သခင်ခရစ်တော်၏ တပည့်တော်များသည် ကိုယ်တော်အသေခံတော်မူပြီးသည်နောက် ဥပုသ်နေ့ကို စောင့်ကြသလော။

        ထိုနောက်မှာ ပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကိုပြင်ဆင်၍ ပညတ်တော်အတိုင်းဥပုသ်နေ့၌ အလုပ်မလုပ်ဘဲနေကြ၏။ (လု၊ ၂၃း၅၆။)

၈။ မည်သည့်နေ့၌ ယောဟန်သည် ဝိညာဉ်တော်ကိုခံရသည်ဟုဖော်ပြထားသနည်း။

        သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကိုခံရ၏။ (ဗျာဒိတ်ကျမ်း၊ ၁း၁၀။)

၉။ မည်သည့်နေ့သည် သခင်ဘုရားနေ့ဖြစ်သည်ဟု ပညတ်တော်ကဖော်ပြသနည်း။

        သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာ၀ရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ (ထွက်မြောက်ရာကျမ်း၊ ၂ဝး၁၁။)                                                       လူသားသည်ဥပုသ်နေ့ကိုပင်အစိုးရသည်။ (မာကု၊ ၂း၂၈။)

၁၀။ ပုရောဖက်တို့သည် မည်သူ၏ ဝိညာဉ်အားဖြင့် သူတို့အထဲ၌ ရှိသောခရစ်တော်၏ ဝိညာဉ်။ (၁ပေ၊ ၁း၁၁။)

၁၁။ သခင်ခရစ်တော်၏ ဝိညာဉ်တော်အားဖြင့် ပုရောဖက်ဟေရှာယသည် သတ္တမနေ့ဥပုသ်ကို ဘုရားသခင်ကိုယ်စား မည်ကဲ့သို့ခေါ်ထားသနည်း။

        ငါသန့်ရှင်းသောနေ့။ (ဟေရှာယ၊ ၅၈း၁၃။)

၁၂။ သတ္တမနေ့အပြင် အခြားသောနေ့ရက်သည် မိမိ၏နေ့ဖြစ်သည်ဟု သခင်ခရစ်တော်က ကျမ်းစာတွင် အခိုင်အမာ ဖော်ပြတော်မူခဲ့ဖူးသလော။

        ကိုယ်တော်သည် ဘယ်အခါမျှ မိန့်တော်မမူခဲ့ချေ။

မှတ်ချက်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ထွက်တရားတော်ကို ကျွန်ုပ်တို့အား လမ်းညွှန်သောအရာကဲ့သို့ မှတ်ယူကြလျှင် မည်သည့်နေ့သည် သခင်ဘုရား၏နေ့ဖြစ်သည်ကို ကျွန်ုပ်တို့သည် တွက်ချက်တွေးဆနေစရာမလို။ ယောဟန်သည် နှုတ်ထွက်တရားတော်၌ သစ္စာစောင့်ခြင်းကြောင့် ပတ်မုကျွန်းသို့ ပို့ထားခြင်းခံရ၏။

၁၃။ ယောဟန်သည် ခုနစ်ရက်သီတင်း၏ နေ့တစ်နေ့ကိုညွှန်ပြလျှင် သူသည် ဘယ်နေ့၌ ဝိညာဉ်တော်ကို ရရှိမည်နည်း။

        သတ္တမနေ့။

မှတ်ချက်။ ကျမ်းစာတစ်စောင်လုံးတွင် ခုနစ်ရက်သီတင်း၏ အခြားသောနေ့များကို ဘုရားသခင်က မိမိ၏နေ့ခေါ်တော်မူ၏။ ခရစ်ယာန်သက္ကရာဇ်ဒုတိယ၊ တတိယနှင့် စတုတ္ထရာစုနှစ်များတွင် ဖောက်ပြန်သင်းကွဲခြင်းသည် ရေလွှမ်းမိုးသကဲ့သို့ ရောက်လာသောအခါ ကျမ်းစာ၏ အမိန့်ကို မရရှိဘဲ သခင်ခရစ်တော်ကို ချီးမြှောက်၍ ကိုယ်တော်ကို လက်ဝါးကပ်တိုင်၌ သတ်ကြသော ယုဒလူတို့ကို ရှုတ်ချကြောင်းပြရန် စတုတ္ထပညတ်တော်၏ ဥပုသ်နေ့ကို ဂရုမစိုက်ဘဲနေခဲ့ကြ၏။ ၎င်းပြင် သခင်ခရစ်တော် ထမြောက်တော်မူသော ပထမနေ့ကို သခင်ဘုရားနေ့ဟု ခေါ်လျက် ချီးမြှောက်လာကြလေ၏။ နောက်ဆုံး၌ဥပုသ်နေ့ကို လုံးလုံးသတိမမူကြတော့ဘဲ တနင်္ဂနွေနေ့ကို အများသောသူတို့ဂရုစိုက်လာကြလျက် ၎င်းကို ဥပုသ်နေ့အဖြစ် စောင့်လာကြ၏။

မူလ မာတိကာသို့

No comments:

Post a Comment