အခန်း - ၂၁ - ဘဏ္ဍာစိုးလုပ်ငန်း
ကျွန်ုပ်တို့သည်အချိန်နှင့်အခွင့်အရေးများ၊
စွမ်းရည်များနှင့်ပစ္စည်းဥစ္စာများ၊ မြေ ကြီး၏
ကောင်းချီးများနှင့် ၎င်း၏သယံဇာတများပေးအပ်ခြင်းခံရသည့် ဘုရားသခင်၏ ဘဏ္ဍာစိုးများ
ဖြစ်ကြသည်။ ၎င်းတို့ကို မှန်ကန်စွာအသုံးပြုရန် ကျွန်ုပ်တို့သည် ကိုယ် တော်၌တာဝန်ရှိသည်။ ကျွန်ုပ်တို့သည်
ကိုယ်တော်နှင့်ကျွန်ုပ်တို့လူသားချင်းတို့၏အမှုကို သစ္စာရှိရှိ ထမ်းရွက်ခြင်း
အားဖြင့်လည်းကောင်း၊ ဧဝံဂေလိတရားဟောခြင်းနှင့် ကိုယ် တော်၏ အသင်းတော်တိုး တက်မှုအတွက်ထောက်ပံ့ရန်အတွက်
ဆယ်ဖို့တစ်ဖို့ကို ပြန်ပေး၍ အလှူငွေကို ပေးလှူခြင်း အားဖြင့်လည်းကောင်း
ဘုရားသခင်၏ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုကြသည်။ ဘဏ္ဍာစိုး လုပ်ငန်းသည်
ချစ်ခြင်းမေတ္တာတွင်ပြုစုပျိုး ထောင် ရန်နှင့် တစ်ကိုယ်ကောင်းဆန်ခြင်း နှင့် တပ်မက်
ခြင်းကိုအောင်နိုင်ရန် ဘုရားသခင်သည် ကျွန်ုပ်တို့အားပေးသောအခွင့် ထူးဖြစ်သည်။
ဘဏ္ဍာစိုးများသည် မိမိတို့သစ္စာရှိခြင်းအ ကျိုးဆက်ကြောင့် သူတစ်ပါးများအပေါ်ကောင်းချီးများသက်ရောက်ခြင်းတွင်ဝမ်းမြောက် ကြသည်။ (က ၁း၂၆-၂၈။ ၂း၁၅။ ၅ရာ ၂၉း၁၄။ ဟဂ္ဂဲ ၁း၃-၁၁။ မာလ
၃း၈-၁၂။ မ ၂၃း၂၃။ ရော ၁၅း၂၆၊၂၇။ ၁ကော ၉း၉-၁၄။ ၂ကော ၈း၁-၁၅။ ၉း၇။)
ခရစ်ယာန်အသက်တာဖြင့် နေထိုင်ခြင်းသည်
လုံးလုံးအပ်နှံခြင်းတည်းဟူသော မိမိ တို့
ကိုယ်ကိုအပ်နှံခြင်းနှင့် ခရစ်တော်အားလက်ခံခြင်းကိုဆိုလိုသည်။ ယေရှုသည် မည်မျှ အညံ့ခံ၍၊ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုမည်မျှအပ်နှံသည်ကို
ကျွန်ုပ်တို့မြင်ရ သကဲ့သို့၊ ကျွန်ုပ်တို့ သည် သူ့အတွက်အကြွင်းမဲ့အပ်နှံရမည်။
သို့သော်လည်း၊ ကျွန်ုပ်တို့သည်
လုံးလုံးဆက်ကပ်အပ်နှံမှုပြုသည်ဟုစဉ်းစားသော အခါ၊ ကျွန်ုပ်တို့၏ဆက်ကပ်ခြင်းသည်
မည်မျှပင်မလေးနက်ကြောင်းထင်ရှားလာသည်။ ကျွန်ုပ်တို့ ၏ အသက်တာတွင်
ဘုရားသခင်ထံပေးအပ်ရမည့် ကဏ္ဍအသစ်ကိုရှာဖွေတွေ့ ရှိချိန်တွင်
ကျွန်ုပ်တို့၏ဆက်ကပ်မှုသည်ကြီးထွားလာသည်။ ထိုအခါအညင်သာဆုံးဖြင့်၊ သူသည်
ကျွန်ုပ်တို့၏အာရုံကို အခြားအပ်နှံရန်လိုသောကဏ္ဍများသို့ပြောင်းပေးသည်။
ထိုသို့ဖြင့် ခရစ်ယာန် ၏ပြန်လည်ဆက်ကပ်မှုများသည် တသီတတန်းကြီးဖြစ်လာ၍၊
ကျွန်ုပ်တို့၏ပြုမူတုံ့ပြန်မှုများ ဖြစ်သော အသက်တာနေထိုင်မှုပုံစံသည် နက်သည်ထက်
နက်ရှိုင်းလာသည်။
ကျွန်ုပ်တို့ဖြစ်သည့်အရာ၊
ရှိသည့်အရာအားလုံးကိုပိုင်ဆိုင်သောဘုရားသခင် (၁ ကော ၃း၂၁-၄း၂) ကိုပေးသောအခါ၊ သူသည် လက်ခံပြီးနောက်၊
၎င်းတို့ကိုကျွန်ုပ်တို့အား ပြန်၍ ထိန်းသိမ်းဖို့ရာပေးအပ်ကာ၊
ကျွန်ုပ်တို့ပိုင်ဆိုင်သမျှကို ယာယီထိန်းသိမ်းသူ သို့ မဟုတ် ဘဏ္ဍာ စိုးအဖြစ်တာဝန်ပေးသည်။
ဘုရားသခင်၏ဘဏ္ဍာစိုးများအဖြစ် ကျွန်ုပ်တို့ ၏ တာဝန်ကို
လက်ခံခြင်းသည် ကိုယ်ကျိုးကိုသာငဲ့၍ ဇိမ်ကျစွာနေထိုင်လိုစိတ်ကို ဖျက် ဆီးပြီး၊ ဘဏ္ဍာစိုးလုပ်ငန်း တွင်
ယေရှုထားခဲ့သည့်ခိုင်မြဲသောပုံနမူနာကို အမှတ်ရစေ သည်။ ကျွန်ုပ်တို့သည် ဘဏ္ဍာစိုး
ဆိုင်ရာလုပ်ငန်းတာဝန်အလုံးစုံကို သိနိုင်မည်အကြောင်း သူသည် ဆာလောင်ငတ်မွတ်ခြင်း၊
အနေဆင်းရဲခြင်း၊ အဝတ်ဗလာဖြစ်ခြင်းနှင့် နောက် ဆုံးတွင် လက်ဝါးကပ်တိုင်တွင် သေခြင်း တိုင်အောင်ပင်
ထိုအရာများကိုခံစားခဲ့သည်။ ထိုဘဏ္ဍာစိုးလုပ်ငန်းတွင် “သင်တို့သည်သွား၍၊ လူမျိုးတကာတို့ကိုသွန်သင်လော့” ဟူ သော
သူ၏စေခိုင်းချက်လည်းပါဝင်သည်။ ထိုတာဝန် တွင် အသင်းတော်၏လုပ်ငန်းများ ဖြစ်သောသက်သေခံဝေငှခြင်း၊ သင်ကြားပေးခြင်း၊ ဟော
ပြောခြင်းနှင့် ရေနှစ်ခြင်းပေး ခြင်းပါဝင်ကာ၊
၎င်းတို့သည် ကျွန်ုပ်တို့အတွက်သာ၍ အဖိုး ထိုက်လာသည်။ ကိုယ်တော် ကြောင့်သာ ကျွန်ုပ်တို့သည် သစ္စာရှိသောဘဏ္ဍာစိုးများဖြစ်ရန်
ခေါ် ခြင်းကိုခံရကြသည်။
ဘဏ္ဍာစိုးလုပ်ငန်းဆိုသည်မှာအဘယ်နည်း။
“သင်တို့ကိုယ်ခန္ဓာသည်.... သန့်ရှင်းသောဝိညာဉ်တော်၏
ဗိမာန်ဖြစ်ကြောင်းကို လည်းကောင်း၊
မိမိတို့ကိုယ်ကိုမိမိတို့မပိုင်ကြောင်းကိုလည်းကောင်း၊ မသိကြသလော။ သင်တို့သည်
အဖိုးနှင့်ဝယ်တော်မူသောသူဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့၏
ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ဂုဏ်တော်ကိုထင်ရှားစေ ကြလော့။” (၁ကော ၆း၁၉၊၂၀)။
မြင့်မားသောတန်ဖိုးဖြင့် ကျွန်ုပ်တို့ကိုဝယ်ယူ၊ ရွေးနုတ် ခဲ့သည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်နှင့်သက်ဆိုင်သည်။
သို့သော် ထိုသို့သောအရာသည် ရထိုက်သည်ကို တောင်းဆိုမှုမျှသာဖြစ်သည်။ အကြောင်းမှာ
သူသည် ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့သည်။ သူသည် ကျွန်ုပ်တို့ကို “အစအဦး၌” ဖန်ဆင်းခဲ့သောကြောင့်၊
ကျွန်ုပ်တို့ သည် အစအဦးကပင်သူနှင့်
သက်ဆိုင်ခဲ့သည်။ သမ္မာကျမ်းစာသည် ဤအချက်ကို ရှင်း လင်းစွာဖော်ပြသည်မှာ “ထာ၀ရဘုရားသည်
မြေကြီးနှင့်မြေကြီးတန်ဆာကိုလည်း ကောင်း၊
လောကဓာတ်နှင့် လောကသား တို့ကိုလည်းကောင်း ပိုင်တော်မူ၏” (ဆာ ၂၄း၁) ဟူ၍
ဖြစ်သည်။
ဖန်ဆင်းခြင်းအချိန်က၊ ဘုရားသခင်သည်
သူ၏ပိုင်ဆိုင်မှုများကိုခွဲဝေခဲ့သည်။ ထို့ နောက်သူသည်
လောကနှင့်လောကသားများ၊ မြေကြီးတန်ဆာများတို့၏စစ်မှန်သော ပိုင် ရှင်အဖြစ် ဆက်လက်ရှိနေသည် (ဆာ ၂၄း၁)။ လူသားသည်
ကျရှုံးချိန်တွင် စာတန် အားလက်လွတ်ပေး လိုက်ရသောအရာကို မိမိကိုယ်ပိုင်အဖြစ် သူသည်
လက်ဝါးကပ် တိုင်တွင် ရထိုက်သည့် အရာ
အဖြစ်ပြန်လည်ရယူခဲ့သည် (၁ကော ၆း၁၉၊၂၀)။ ယခုတွင် သူသည် မိမိလူတို့အား
မိမိပိုင်ဆိုင် မှု များကို ထိန်းသိမ်းသူများအဖြစ်ခန့်ထားသည်။
ဘဏ္ဍာစိုးမှာ အိမ်သူအိမ်သားများ သို့မဟုတ်
အခြားသူ၏အိမ်ရာမြေကွက်ကို စီမံကွပ်ကဲ ရန်အပ်နှံခြင်းခံရသောသူဖြစ်သည်။
ဘဏ္ဍာစိုးလုပ်ငန်းမှာမူ ဘဏ္ဍာစိုး၏ရာ ထူး၊ တာဝန်များ
သို့မဟုတ် အလုပ်ကိုခေါ်သည်။
ခရစ်ယာန်အတွက်မူ၊ ဘဏ္ဍာစိုးလုပ်ငန်းမှာ “ဘုရားသခင်သည် မိမိလူတို့ကို ပေး အပ်သည့်အသက်၊ ကိုယ်ခန္ဓာ၊ အချိန်၊
စွမ်းရည်နှင့်တတ်ကျွမ်းမှု၊ ပစ္စည်းဥစ္စာပိုင်ဆိုင် မှုများ၊ သူတစ်ပါး၏အကူအညီဖြစ်ရန်နှင့် သူတို့သည်
သမ္မာတရားကိုသိစေရန်အခွင့် အ ရေးစသည်တို့ အတွက်နှင့် ၎င်းတို့ကိုအသုံးပြုရန်” ဘုရားသခင့်လူတို့၏တာဝန်ကို ဆိုလို သည်။ ခရစ်ယာန်တို့သည် ဘုရားသခင်၏ပိုင်ဆိုင်မှုများကို
စောင့်ရှောက်သော မန်နေဂျာ များကဲ့သို့ဖြစ်သည်။
သူတို့သည် အသက်တာကို “သစ္စာရှိသောဘဏ္ဍာစိုးဖြစ်ရန်
သင်ယူ ခြင်းအားဖြင့်၊ အနာဂတ်
အသက်တာတွင် ထာ၀ရနှင့်ဆိုင်သောအရာများ၏ သာ၍ မြင့် မားသော ဘဏ္ဍာစိုးလုပ်ငန်း အတွက် ထိုက်တန်မှုရှိရန်အတွက်
သင်ယူရန်” ဘုရားပေး အခွင့်အရေးအဖြစ်ရှုမြင်သည်။
ထို့ကြောင့်၊ ပိုမိုကျယ်ပြန့်စွာကြည့်လျှင်
ဘဏ္ဍာစိုးလုပ်ငန်းသည် “အသက်တာကို ပညာရှိရှိ၊
ကိုယ်ကျိုးမဖက်ဘဲအသုံးပြုခြင်းဖြစ်သည်။”
ဘုရားသခင်၏ပိုင်ဆိုင်မှုကိုသိရှိနိုင်မည့်နည်းလမ်းများ
အသက်တာကို လေးပိုင်းခွဲခြားနိုင်ပြီး၊ ၎င်းတစ်ခုချင်းစီသည်
ဘုရားသခင်ထံမှ လက်ဆောင်ဖြစ်သည်။ သူသည် ကျွန်ုပ်တို့အားကိုယ်ခန္ဓာ၊ စွမ်းရည်များ၊
အချိန်နှင့် ပစ္စည်း ဥစ္စာများ
ကိုပေးသည်။ ထို့ပြင်မက၊ ကျွန်ုပ်တို့၏စိုးမိုးမှုအောက်၌ရှိသော ပတ်ဝန်းကျင်ကို လည်း ကျွန်ုပ်တို့ဂရုစိုက်ရမည်။
ကိုယ်ခန္ဓာကိုစောင့်ရှောက်ခြင်း။ ဘုရားသခင်၏ လူတို့သည် မိမိတို့ ကိုယ်ကိုစောင့်
ရှောက်သောဘဏ္ဍာစိုးများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုစိတ်နှလုံး
အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှနှင့်ချစ်ရမည် (လု ၁ဝး၂၇)။
ခရစ်ယာန်တို့သည် မိမိတို့၏စွမ်းရည်များနှင့်
အခွင့်အရေးများကိုအကောင်းဆုံး၌ ဖြစ်စေ ရန်၊ သူတို့၏ ကာယနှင့်ဉာဏ တန်ခိုးများကို
တိုးတက်စေရန် အခွင့်ထူးရှိသည်။ ထိုသို့ပြုခြင်းအားဖြင့် သူတို့သည်
ဘုရားသခင်ကိုဂုဏ်ပြုရာရောက်ပြီး၊ မိမိတို့လူသား ချင်း အတွက် ပိုမို ကြီး
မားသောကောင်းချီးများလည်းဖြစ်လာနိုင်သည်။
စွမ်းရည်များကိုထက်မြက်တိုးတက်စေခြင်း။ လူတိုင်းသည် ပင်ကိုစွမ်းရည် ကိုယ် စီရှိကြသည်။ တစ်ဦးသည် တေးဂီတနယ်ပယ်တွင်လည်းကောင်း၊
အခြားတစ်ဦး သည် စက်ချုပ်ခြင်း သို့မဟုတ် စက်ပြင်ခြင်းစသည့်လက်မှုပညာတို့ကို
တတ်ကျွမ်းနိုင်သည်။ အချို့သည် လွယ်လင့်တကူမိတ်ဆွေဖွဲ့၍
အခြားသူများနှင့်ရောနှောနေစဉ်၊ အခြား သူတို့ သည်လည်း တစ်ဦး တည်းနေတတ်ကြပြန်သည်။
ပင်ကိုစွမ်းရည်တိုင်းကိုပိုင်ဆိုင်သောသူ သို့မဟုတ်ပေးတော်မူသောသူ၏ ဂုဏ် ကျက်သရေကို
တိုးစေရန်အတွက် အသုံးပြုနိုင်သည်။ လူတစ်ဦးသည် ဘုရားသခင်၏ ဘုန်းတော်အတွက် သို့မဟုတ်
မိမိကိုယ်ကျိုးအတွက်စွမ်းရည်ကို ဇွဲရှိရှိအကောင်းဆုံး ဖြစ်အောင်လုပ်နိုင် သည်။
ကျွန်ုပ်တို့သည်
သန့်ရှင်းသောဝိညာဉ်တော်ပေးသောဆုကျေးဇူးများကို တိုးပွား အောင်ပြုစုပျိုးထောင်သင့်သည် (မ ၂၅)။
ကောင်းသောဘဏ္ဍာစိုးများသည် မိမိတို့ သခင် အတွက် ပိုမို
ပြည့်၀သောအကျိုးကို ယူဆောင်လာပေးရန် မိမိတို့ဆုကျေးဇူးများကို ရက်ရောစွာအသုံးပြု၏။
အချိန်ကိုလေးစားခြင်း။ သစ္စာရှိသောဘဏ္ဍာစိုးများအဖြစ်၊ ကျွန်ုပ်တို့သည် အချိန် ကို ပညာရှိရှိအသုံးပြုခြင်းအားဖြင့်
ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေသည်။ “လူ၏ အမှုကို သာဆောင်ရွက်သကဲ့သို့မဟုတ်၊
သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် သကဲ့ သို့ပြုလေသမျှတို့၌
စေတနာစိတ်နှင့်ပြုကြလော့။ သင်တို့သည် သခင်ခရစ်တော်၏ အ စေကိုခံကြသည် ဖြစ်၍၊ အမွေတော်တည်းဟူသောအကျိုးကို
ထိုသခင်ဘုရား၏ လက် တော်မှခံရလိမ့်မည်ဟု
သိမှတ်ကြလော့” (ကော ၃း၂၃၊ ၂၄)။
သမ္မာကျမ်းစာသည်
ကျွန်ုပ်တို့ကို “ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့.... ယခု နေ့ရက် ကာလသည် ဆိုးယုတ်သောကြောင့်
ကာလအချိန်ကိုရွေးနုတ်ကြလော့” (ဧ ၅း ၁၅၊၁၆) ဟု တိုက်တွန်းသည်။ အချိန်သည်
ဘုရားသခင်၏ဆုလာဘ်ဖြစ်သောကြောင့်၊ အချိန်တိုင်းသည် တန်ဖိုးရှိသည်။
အချိန်ကိုထာ၀ရအသက်အတွက် စာရိတ္တကို ပုံသွင်းရန် ပေးထားသည်။ ကျွန်ုပ်တို့၏အချိန်ကို
သစ္စာရှိရှိလေးစားခြင်းသည် ကျွန်ုပ်တို့၏ သခင် ဘုရားကိုသိကျွမ်းရန်၊ ကျွန်ုပ်တို့၏လူသားချင်းကိုကူညီရန်၊
ဧဝံဂေလိတရားကိုဝေငှရန် စသည်တို့အတွက် အသုံးပြု ခြင်းကိုဆိုလိုသည်။
ဖန်ဆင်းခြင်းအချိန်က၊ ဘုရားသခင်သည်
ကျွန်ုပ်တို့ကိုအချိန်ပေးစဉ်က သူသည် သတ္တမ နေ့ဥပုသ်ကို
သူနှင့်အတူရင်းနှီးစွာဆက်ဆံရန်အတွက် သန့်ရှင်းသောအချိန်အဖြစ် ထိန်းသိမ်းထားသည်။
သို့သော်ခြောက်ရက်ကိုမူ အသုံးဝင်သောလုပ်ငန်း၌ ပါဝင်ရန် အတွက်
လူသားတို့ကို စီမံပေးခဲ့သည်။
ပိုင်ဆိုင်မှုပစ္စည်းများကိုထိန်းသိမ်းခြင်း။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ မိဦးဖဦး တို့အားမြေကြီးကိုပြည့်စေရန်၊
တိရစ္ဆာန်များကိုအုပ်စိုးရန်နှင့် ဧဒင်ဥယျာဉ်ကိုပြုစု စောင့်ရှောက်ရန်
တာဝန်ပေးခဲ့သည် (က ၁း၂၈။ ၂း၁၅)။ ဤအရာအားလုံးသည် သူတို့၏ ပျော်ရွှင်ခြင်း အတွက်
ဖြစ်သည်သာမက၊ ၎င်းတို့ကိုစီမံထိန်းသိမ်းရန်လည်းဖြစ်သည်။
သူတို့အတွက် အရာတစ်ခုကို တားမြစ်ထားသည်။ သူတို့သည်
ကောင်းမကောင်း သိကျွမ်းရာအပင်၏ အသီးကိုမစားရချေ။ ဤအပင်က ဘုရားသခင်သည် ကမ္ဘာမြေကို
ပိုင်သောအရှင်၊ ၎င်းအပေါ်အာဏာရှိသောသူဖြစ်ကြောင်းကို အမြဲအမှတ်ရစေသည်။ ဤ ကန့်
သတ်ချက်ကိုလေးစားခြင်းအားဖြင့် ရှေးဦးစုံတွဲသည် စာတန်၏သားကောင်အဖြစ် မကျရှုံးမီ
အချိန်ထိ၊ ဘုရားသခင်အပေါ်သစ္စာရှိခြင်းကိုပြသခဲ့ကြသည်။
အပြစ်ထဲကျရောက်ပြီးနောက်၊ ဘုရားသခင်သည်
ကောင်းမကောင်းသိကျွမ်းရာ အပင်အား ဖြင့် စမ်းသပ်၍မရနိုင်တော့ချေ။
ဘုရားသခင်သည် ကောင်းမွန်ပြည့်စုံသော ဆုလာဘ်အားလုံး၏
အရင်းအမြစ် ဖြစ် ကြောင်းကို အမြဲသတိပေးမည့်အရာကို လူသားတို့လိုအပ်နေသေးသည် (ယာ
၁း၁၇)။ ဆိုလိုသည်မှာ သူသည် ကျွန်ုပ်တို့အားကြွယ်၀ချမ်းသာမှုကိုရရှိစေရန် အစွမ်း
တန်းခိုးကို ပေးသည် (တရား ၈း၁၈)။
သူသည် ကောင်းချီးမင်္ဂလာအားလုံး၏ အရင်းအမြစ်ဖြစ် ကြောင်းကို ကျွန်ုပ်တို့ အားအမှတ်ရစေရန်၊ ဘုရားသခင်သည်
ဆယ်ဖို့တစ်ဖို့နှင့် အလှူ ငွေစနစ်ကိုပြဋ္ဌာန်းခဲ့သည်။
ဤစနစ်သည် နောက်ဆုံးတွင် ဣသရေလတို့ဗိမာန်တော်၏
ယဇ်ပုရောဟိတ်များ ကို ထောက်ပံ့ရန်အတွက်
ငွေကြေးဆိုင်ရာနည်းစနစ်ကိုစီမံပေးခဲ့သည်။ ခရစ်တော်ကို
မြော်လင့်သောသတ္တမနေ့အသင်းသားများသည် ဤနည်းစနစ်ကို ကမ္ဘာတစ်ဝန်းဧဝံဂေလိ တရားရောက်ရှိရန် ငွေကြေးထောက်ပံ့မှုအတွက်
အခြေအမြစ်ရှိသောကျမ်းစာနည်းလမ်း အဖြစ်ခံယူသည်။ ဧဝံဂေလိတရားကိုဝေငှခြင်းသည်
သူ့လူတို့၏ကြိုးစားအားထုတ်မှုနှင့် အလူငွေများအပေါ်မူတည်ရန်
ဘုရားသခင်သည်စီမံခဲ့ပြီးဖြစ်သည်။ ဆယ်ဖို့တစ်ဖို့ များနှင့် အလူငွေများကို
သူ့အားပေးခြင်းအားဖြင့် သူနှင့်အတူကိုယ်ကျိုးမဖက်သောပူးတွဲ လုပ် ဆောင်သူများဖြစ်ရန် ဘုရားသခင်ခေါ်တော်မူသည်။
၁။ ဆယ်ဖို့တစ်ဖို့များ။ ကျွန်ုပ်တို့အချိန်၏ခုနစ်ပုံတစ်ပုံ (ဥပုသ်နေ့)
သည် ဘုရားသခင်နှင့် သက်ဆိုင်သကဲ့သို့၊
ကျွန်ုပ်တို့ဆည်းပူးသောပစ္စည်းအားလုံး၏ ဆယ်ပုံ တစ်ပုံ သည်လည်း ဘုရားသခင်နှင့်သက်ဆိုင်သည်။
ဆယ်ဖို့တစ်ဖို့သည် “ထာ၀ရဘုရား
အတွက်သန့်ရှင်းရမည်” (ဝတ် ၂၇း၃၀၊ ၃၂)
ဟူသောအချက်သည် အရာရာကို ဘုရား သခင်ပိုင်ဆိုင်ကြောင်း
ပုံဆောင် သည်ဟုသမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုဖော်ပြပေး သည်။
ဆယ်ဖို့တစ်ဖို့ပေးခြင်းစနစ်သည် တင့်တယ်ပြီးရိုးစင်းသည်။
၎င်း၏သာတူညီမျှ မှုသည်ဆင်းရဲ၊ ချမ်းသာသူများအပေါ် အချိုးကျတောင်းဆိုကြောင်းပြသည်။
ဘုရားသခင် သည် ကျွန်ုပ်တို့အား သူ၏ပစ္စည်းဥစ္စာကိုပေးသည့်အချိုးအစားအတိုင်း၊
ကျွန်ုပ်တို့သည် သူ့အား ဆယ်ဖို့ တစ်ဖို့ကိုပြန်ပေးရန်ဖြစ်သည်။
က။ ဆယ်ဖို့တစ်ဖို့ပေးခြင်းနမူနာများ။ ဆယ်ဖို့တစ်ဖို့ပေးခြင်းသည် သမ္မာကျမ်း စာတစ်လျှောက် လက်ခံကျင့်သုံးသောအရာတစ်ခုဖြစ်သည်။ အာဗြဟံသည်
အမြင့်ဆုံး သော ဘုရားသခင်၏
ယဇ်ပုရောဟိတ်ဖြစ်သော မေလခိဇေဒက်အား “ဥစ္စာရှိသမျှ...
ဆယ်ဖို့တစ်ဖို့” ကိုပေးခဲ့သည် (က
၁၄း၂၀)။ ထိုသို့ပြုလုပ်ခြင်းအားဖြင့်၊ မေလခိဇေ ဒက်သည် ဘုရားရှင်၏ ယဇ်ပုရော ဟိတ်ဖြစ်ကြောင်းကို သူသည်
အသိအမှတ်ပြု ကြောင်းနှင့်၊ သူသည် ဤ မြင့်မြတ်သော ပြဋ္ဌာန်း ချက်နှင့်
အကျွမ်းတဝင်ဖြစ်ကြောင်းကို ပြသခဲ့သည်။ ဤ ဆယ်ဖို့တစ်ဖို့ပေးခြင်း အကိုးအကား သည်
စောစောပိုင်းကတည်းက အခြေခိုင်ပြီးသောဓလေ့ဖြစ်နှင့်ပြီးကြောင်းကိုညွှန်ပြသည်။
ယာကုပ်သည်လည်း
ဆယ်ဖို့တစ်ဖို့ပေးရန်တောင်းဆိုချက်ကိုနားလည်ခဲ့ကြောင်း ထင် ရှား သည်။
အနှင်ခံ၍ထွက်ပြေးတိမ်းရှောင်နေသူအဖြစ် သူသည် ထာ၀ရဘုရားအား “ပေးသနားတော်မူသမျှတို့ကို ဆယ်ဖို့တစ်ဖို့ပူဇော်ပါမည်ဟူ၍
သစ္စာပြုလေ၏} (က ၂၈း၂၂)။ ကျွန်ဘ၀မှ
လွတ်မြောက်ပြီးနောက် ဣသရေလတို့သည် အမျိုးသားနိုင်ငံကို ထူ ထောင်သောအချိန်တွင်၊
ဘုရားသခင်သည်
ဆယ်ဖို့တစ်ဖို့ပေးခြင်းပညတ်ကို ဣသ ရေလတို့၏
ဥစ္စာပစ္စည်း အပေါ်မူတည်၍ ဘုရားရှင်၏ပြဋ္ဌာန်းချက်အဖြစ် ထပ်လောင်း အတည်ပြုခဲ့သည် (ဝတ် ၂၇း၃၀-၃၂။ တော ၁၈း၂၄၊၂၆၊၂၈။ တရား
၁၂း၆၊၁၁၊၁၇)။
ဤပြဋ္ဌာန်းချက်ကိုပယ်ဖျက်ခြင်းနှင့်ဝေးစွ၊ ဓမ္မသစ်ကျမ်းသည် ၎င်း၏ခိုင်လုံမှု
ကိုလက်ခံသည်။ ယေရှုသည် ဆယ်ဖို့တစ်ဖို့ပေးခြင်းကိုထောက်ခံပြီး၊ ၎င်းကိုချိုးဖောက်
သောသူတို့အား အပြစ်တင်သည် (မ ၂၃း၂၃)။ ခရစ်တော်၏အပြစ်ဖြေရာယဇ်ကို ပုံ ဆောင်သည့် ယဇ်ပူဇော် ခြင်းနှင့်ဆိုင်သော
ဝိနည်းထုံးဖွဲ့ဆိုင်ရာပညတ်များသည် ခရစ် တော်အသေခံချိန်တွင်
ပြီးဆုံးခဲ့ သော်လည်း၊ ဆယ်ဖို့တစ်ဖို့ပေးခြင်းပညတ်မူကား၊ မပြီး ဆုံးခဲ့ချေ။
အာဗြဟံသည် ယုံကြည်သူအားလုံး၏ဖခင်ဖြစ်သောကြောင့်၊ သူသည်
ခရစ်ယာန် များ အတွက်ဆယ်ဖို့တစ်ဖို့ပေးခြင်းနှင့်ဆိုင်သော ပုံနမူနာဖြစ်သည်။
အာဗြဟံသည် အမြင့်ဆုံးသော ဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်သော မေလခိဇေဒက်ကို ဆယ်ဖို့ တစ်ဖို့ ပေးသကဲ့ သို့၊ ဓမ္မသစ်အချိန်က ယုံကြည်သူများသည်
မေလခိဇေဒက်ကဲ့သို့သော ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်း ခရစ်တော် (ဟေဗြဲ ၅း၉၊၁၀။
၇း၁-၂၂) အား ဆယ်ဖို့ တစ်ဖို့ ကိုပေးကြ၏။
ခ။ ဆယ်ဖို့တစ်ဖို့ကိုအသုံးပြုခြင်း။ ဆယ်ဖို့တစ်ဖို့သည် မြင့်မြတ်သည် ဖြစ်ရာ၊ သန့်ရှင်းသော
ရည်ရွယ်ချက်အတွက်သာအသုံးပြုရမည်။ “မြေကဖြစ်သမျှသော အသီး အနှံ ဆယ်စုတစ်စုသည် ထာ၀ရဘုရား၏ဘဏ္ဍာတော်ဖြစ်၏။
ထာ၀ရဘုရားအဖို့ သန့် ရှင်းရမည်။....
နွားဖြစ်စေ၊ သိုး၊ ဆိတ်ဖြစ်စေ၊ ကြိမ်လုံးအောက်၌သွားသမျှသော အကောင်ဆယ်စုတစ်စုသည်
ထာ၀ရဘုရားအဖို့သန့်ရှင်းရမည်} (ဝတ် ၂၇း၃၀-၃၂)။
ထာ၀ရဘုရားသည် “ဆယ်ဖို့တစ်ဖို့ ရှိ
သမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်း၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှာပြုကြလော့” (မာလ ၃း၁၀) ဟု ဆိုခဲ့သည်။
ဣသရေလတို့ပြည်တွင် ဆယ်ဖို့တစ်ဖို့ကိုမြေယာဝေခွဲမှုကို
မရရှိသောသူ၊ မိမိတို့ အချိန် အားလုံးကို ဣသရေလတို့၏ဝတ်ပြုကိုးကွယ်ခြင်း၊
တဲတော်၌အမှုတော်ဆောင် ခြင်း၊ ဘုရား သခင်၏
ပညတ်ချက်များကို လူတို့အားသွန်သင်ခြင်းတို့၌အသုံးပြုသောသူ၊ လေဝိ သားများ အတွက်
သီးသန့်အသုံးပြုခဲ့သည် (တော ၁၈း၂၁၊၂၄)။
ကပ်တိုင်တင် သတ်ခြင်းခံရပြီးနောက်၊ ဘုရားသခင်သတ်မှတ်သော လေဝိသား တို့၏ ယဇ်ပုရောဟိတ်လုပ်ငန်းပြီးဆုံးသွားသောအချိန်တွင်၊ ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်
အသင်းတော်၏ သာသနာလုပ်ငန်းကိုထောက်ပံ့ရန်
အသုံးပြုရသေးသည်။ ပေါလုသည် လေဝိအမျိုး သားတို့၏လုပ်ငန်းနှင့်
အသစ်ထူထောင်သောဧဝံဂေလိသာသနာလုပ်ငန်းတို့ အကြား တူညီမှု
ကိုနှိုင်းယှဉ်ခြင်းအားဖြင့် ဤစနစ်၏အခြေခံစည်းမျဉ်းကို သာဓကဖြင့် ပုံခိုင်းခဲ့သည်။
“ငါတို့ သည် သင်တို့၌ဓမ္မမျိုးစေ့ကိုစိုက်ပြီးမှ
သင်တို့၏လောကီအသီးကို သုံးဆောင်လျှင် ကျေးဇူးကြီးမည်လော။ အခြားသောသူတို့သည်
သင်တို့ထံမှာထိုအခွင့် ကိုရလျှင် ငါတို့သည်သာ၍
ရထိုက်သည်မဟုတ်လော။
ဓမ္မကိစ္စအမှုကိုဆောင်ရွက်သော သူတို့သည် ဗိမာန်တော်ကို အမှီပြု၍
စားရသည်ကိုလည်းကောင်း၊ ယဇ်ပူဇော်ခြင်း အမှု ကိုဆောင်ရွက်သောသူတို့သည်
ယဇ်ပလ္လင်နှင့်ဆက်ဆံ၍စားရသည် ကိုလည်းကောင်း၊
သင်တို့မသိကြသလော။ ထိုနည်းတူ၊ ဧဝံဂေလိတရားကိုဟောသောသူတို့သည် ဧဝံဂေ လိတရားကိုအမှီပြု၍ အသက်မွေးရမည် အကြောင်း၊ သခင်ဘုရား၏
ပညတ်တော် မူချက်ရှိ၏” (၁ကော ၉း၁၁-၁၄)။
ထိုကြောင့် အသင်းသူအသင်းသားများသည် လိုလိုလားလားမိမိတို့ “ဆယ်ဖို့တစ်ဖို့ ရှိသမျှတို့ကို ဘဏ္ဍာတိုက်ထဲသို့သွင်း၍၊ ငါ့
(ဘုရားသခင့်) အိမ်တော်၌ စားစရာ ရှိစေခြင်းငှာ ပြုကြ” ရမည် (မာလ ၃း၁၀)။
တစ်နည်းအားဖြင့်၊ သာသနာလုပ်ငန်း၏ အသက်မွေး ဝမ်းကျောင်း ကိုထောက်ပံ့ရန်နှင့်
ဧဝံဂေလိတရားကိုပျံ့နှံ့အောင်ဟောပြော နိုင်ရန်
ဘုရားသခင့်၏ အသင်းတော်တွင် လုံလောက်သောရန်ပုံငွေရှိလိမ့်မည်။
၂။ အလှူငွေများ။ ကျေးဇူးသိတတ်သောခရစ်ယာန်တို့သည် အသင်းတော်သို့ဆယ် ဖို့ တစ်ဖို့နှင့်သာ သူတို့၏ပေးကမ်းမှုကိုကန့်သတ်မထားကြချေ။
ဣသရေလတို့ အထဲတွင် တဲတော်၊
ပြီးနောက် ဗိမာန်တော်တို့ကို “ကြည်ညိုသောစိတ်နှင့်လÈသောအလÈ} ဖြင့် ဆောက်ခဲ့ ကြသည်။ (ထွက် ၃၆း၂-၇။ ၅ရာ ၂၉း၁၄)။ အထူးအလÈငွေများကိုမူ ဤဝတ် ပြုရာ နေရာများ
ကို ထိန်းသိမ်းစရိတ်အဖြစ်အသုံးပြုသည် (ထွက် ၃ဝး၁၂-၁၆။ ၄ရာ ၁၂း၄၊၅။ ၆ရာ ၂၄း၄-၁၃။
နေဟ ၁ဝး၃၂၊၃၃)။ ဣသရေလတို့သည် ဘာသာရေးနှင့် အလှူအတွက်သူတို့ဝင်ငွေ၏ လေးပုံ တစ်ပုံမှ သုံးပုံတစ်ပုံအထိပေးလÈခဲ့ကြဟန်ရှိသည်။ ထိုသို့သောများပြားသည့်ထည့်ဝင်သော
ငွေကြေးကြောင့် ဆင်းရဲသွားခဲ့ကြပါသလား။ ထို အရာနှင့်ဆန့်ကျင့်၍
ဘုရားသခင်သည် သူတို့၏သစ္စာရှိမှုအပေါ် သူတို့ကို ကောင်းချီး ပေးရန်ကတိပေးခဲ့သည် (မာလ ၃း၁၀-၁၂)။
ယနေ့တွင်လည်း ထာ၀ရဘုရားသည် ကျွန်ုပ်တို့ကို ကြီးပွားစေသည့်
အတိုင်း ရက်ရော သောပေးကမ်းခြင်းအတွက် ခေါ်လျက်ရှိသည်။ ဘုရားကျောင်းများကို တည် ဆောက်ရန်၊ ထိန်းသိမ်းရန်၊ အသင်းတော်ကိုလည်ပတ်ရန်၊
ဧဝံဂေလိတရား၏ လက် တွေ့ကျသော ရည်ရွယ်ချက်ကို
ပြသသည့်အနေဖြင့် သာသနာလုပ်ငန်း၏ကောင်းမွန် သောအခြေအနေကို တည်ထောင်ရန် အလှူငွေလိုအပ်သည်။
ကျွန်ုပ်တို့သည် ဣသရေလ လူတို့ပေးသလောက် ပေးရမည်လော၊
သို့တည်း မဟုတ် သူတို့၏ပေးကမ်းခြင်းပုံစံသည် အပ်စပ်မှုမရှိတော့ပြီလော။
ဓမ္မသစ်ကျမ်းတွင် ခရစ်တော်သည် စစ်မှန်သောဘဏ္ဍာစိုးလုပ်ငန်း၏အခြေခံမူကိုချခဲ့သည်။
၎င်းမှာ ဘုရား သခင်အားပေးသော
ကျွန်ုပ်တို့၏လက်ဆောင်ပစ္စည်းသည် ကျွန်ုပ်တို့ရရှိသော အလင်း တရားနှင့် အခွင့်အရေး၏ အချိုးကျအတိုင်းဖြစ်ရမည်။ “အကြင်သူသည်များစွာ သော ကျေးဇူးကိုခံရ၏၊ ထိုသူသည် အများကိုဆပ်ရ၏။ အကြင်သူ၌
များစွာသော ဥစ္စာကို အပ်နှင်း၏၊
ထိုသူကိုများစွာ တောင်းလိမ့်မည်” (လု ၁၂း၄၈)
ဟုသူဆိုခဲ့ သည်။ ခရစ် တော်သည် သူ၏နောက်လိုက်များကို
သာသနာ အတွက်လွှတ်သောအခါ၊ “သင်တို့သည် အဖိုးမပေးဘဲ
ကျေးဇူးတော်ကို ခံရကြပြီ ဖြစ်၍၊ အဖိုးမခံဘဲပေးကမ်းကြလော့” (မ ၁ဝး၈) ဟုဆိုသည်။ ဤအခြေခံမူသည် ကျွန်ုပ်တို့၏
ငွေကြေးဆိုင်ရာ ကောင်းချီးများ လည်းအကျုံးဝင်သည်။
ဓမ္မသစ်ကျမ်း၏မည်သည့်နေရာတွင်မျှ ထိုစနစ်ကိုရုပ်သိမ်း
သို့မဟုတ် လျှော့ပေါ့ ပေးခြင်းမရှိချေ။
ကျွန်ုပ်တို့၏အခွင့်အရေးများနှင့်ကောင်းချီးများကို ဣသရေလတို့ ခံရ သောအရာများနှင့် နှိုင်းယှဉ်သောအခါ၊
ခရစ်တော်၌ကျွန်ုပ်တို့ရရှိသောအရာသည် ရှင်း လင်းစွာသာလွန်ကြီးမားသည်ကိုမြင်နိုင်သည်။
ကျွန်ုပ်တို့၏ကျေးဇူးသိတတ်မှုသည် ပိုမို ရက်ရောမှုအားဖြင့်ထင်ရှားလိမ့်မည်။
ထိုသို့ဖြင့်ကယ်တင်ခြင်းဧဝံဂေလိတရားသည် သူ တစ်ပါးထံသို့တိုးချဲ့နိုင်သည်။
ဧဝံဂေလိတရားကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်ဟောလေ။ ၎င်း သည် ထောက်ပံ့မှုကိုပိုမိုလို အပ်လေဖြစ်သည်။
၃။ လက်ကျန်နှင့်ဆိုင်သောအခြေခံမူ။ ဘဏ္ဍာန်စိုးလုပ်ငန်း၏အခြေခံမူသည် ကျွန်ုပ်တို့
ထိန်းသိမ်းသောအရာနှင့် ပေးသောအရာတို့တွင်အကျုံးဝင်သည်။ ဆယ်ဖို့တစ်ဖို့ သည် ကျွန်ုပ် တို့၏ လောကီပိုင်ဆိုင်မှုပစ္စည်းဥစ္စာအပေါ်
ကျွန်ုပ်တို့၏ဘဏ္ဍာစိုးလုပ်ငန်းကို အခြေခံစမ်းသပ် သောအရာဖြစ်၍၊
ကျန်ရှိသောအများစုကို အသုံးပြုခြင်းသည်လည်း ကျွန်ုပ်တို့ကို စမ်းသပ်၏။
ကျွန်ုပ်တို့၏ ဥစ္စာပစ္စည်းကို အသုံးပြုမှုသည်
ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ အိမ်နီး ချင်းကို
ကျွန်ုပ်တို့မည်မျှ ချစ်ကြောင်းကို ဖော်ပြသည်။ ငွေကြေးသည် ကောင်းသော အရာအတွက်
တန်ခိုးဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏လက်ထဲ၌ရှိသော ငွေဖြင့်ဆာငတ်နေ သောသူတို့အတွက် အစာ၊ ရေငတ်သောသူတို့အတွက် သောက်စရာရေ၊
အဝတ်မဲ့သော သူတို့အတွက်
အဝတ်အထည်ကိုစီမံပေးနိုင်သည် (မ ၂၅း၃၄-၄၀)။ ဘုရားသခင်၏ရှု ထောင့်မှငွေသည် အသက်တာ၏ လိုအပ်ချက်များကို စီမံရန်၊
သူတစ်ပါးကို ကောင်းချီး ပေးရန်၊ သူ၏ အမှုတော်ကို
ထောက်ပံ့ရန် အဓိကအသုံးပြုမှသာလျှင်တန်ဖိုးရှိသည်။
၄။ ဆယ်ဖို့တစ်ဖို့များနှင့်အလှူငွေများအပေါ်သစ္စာမဲ့ခြင်း။ ယေဘုယျ အားဖြင့် ပြောရလျှင်၊ လူတို့သည်
ဘဏ္ဍာစိုးလုပ်ငန်းဆိုင်ရာ ဘုရားရှင်၏အခြေခံမူများကို လျစ် လျူရှုထားကြသည်။ ခရစ်ယာန်များအကြား၌ပင်လျှင်
ဘဏ္ဍာန်စိုးများအဖြစ် မိမိတို့၏ အခန်းကဏ္ဍကို သိသောသူ အနည်းငယ်သာရှိသည်။
ဣသရေလတို့၏ သစ္စာမရှိမှုအပေါ် ဘုရားသခင်၏ တုံ့ပြန်မှုသည်
ဤကိစ္စကိုသူမည်မျှအလေးထားကြောင်း ရှင်းလင်းစွာမြင် ရသည်။ သူတို့သည်
ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေများကို
မိမိတို့ကိုယ်ကျိုးအတွက် အသုံး ပြုသောအခါ၊
၎င်းသည် ခိုးမှု သဘောသက်ရောက်သည်ကို သတိပေး၍ (မာလ ၃း၈)၊ သူတို့၏ ကြွယ်၀ချမ်းသာမှု
မရှိခြင်း သည် သူတို့၏ငွေကြေးသစ္စာမရှိခြင်းကြောင့် ဖြစ် သည်ဟုမှတ်ယူခဲ့သည်။ “သင်တို့သည်
ကျိန်ခြင်းအမင်္ဂလာကိုခံရကြ၏။ အကြောင်းမူ ကား၊
ပြည်သူပြည်သားအပေါင်းတို့သည် ငါ့ဥစ္စာကို လုယူကြပြီ” (မာလ ၃း၉)။
ထာ၀ရဘုရားသည် ကျေးဇူးတော်ကိုကမ်းလှမ်းခြင်းနှင့်အတူ၊
သတိပေးချက်ကို နိဒါန်းပျိုးခြင်း အားဖြင့်၊
သူ၏စိတ်ရှည်ခြင်း၊
မေတ္တာနှင့်ကရုဏာကိုပြသခဲ့သည်။ “ငါ့ထံ သို့ပြန်လာကြလော့။ ငါသည်လည်း သင်တို့ဆီသို့ပြန်လာမည်}
(မာလ ၃း၇)။ သူသည် သူတို့အား
ကြွယ်၀သောကောင်းချီးကိုကမ်းလှမ်း၍၊ သူ၏သစ္စာစောင့်သိမှုကို စမ်းသပ် ရန် သူတို့ကိုစိန်ခေါ်ခဲ့သည်။ “ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း၍၊ ငါ့အိမ် တော်၌ စားစရာရှိစေခြင်း ငှာပြုကြလော့။ ငါသည် မိုးကောင်းကင်
ပြတင်းပေါက်တို့ကို ဖွင့်၍
ကောင်းချီးမင်္ဂလာကို အကုန် အစင်သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာ၀ရဘုရား
မိန့်တော်မူ၏။ ကိုက်စား တတ်သောအကောင်ကို
သင်တို့အတွက် ငါဆုံးမ၍၊ သင်တို့၏ မြေအသီးအနှံကိုမဖျက် ဆီးရ။ သင်တို့၏စပျစ်ဥယျာဉ်သည် အသီးမသီးဘဲ မနေ ရဟု
ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရားမိန့်တော်မူ၏။
လူမျိုးအပေါင်းတို့သည် သင်တို့ ကို
မင်္ဂလာရှိသောသူဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်။ သင်တို့ပြည်သည်လည်း နှစ်သက်ဖွယ်သော
ပြည်ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရားမိန့်တော်မူ၏” (မာလ ၃း၁၀-၁၂)။
ကမ္ဘာမြေကိုစောင့်ရှောက်ခြင်း။ ခေတ်သစ်သိပ္ပံပညာသည် ကမ္ဘာမြေကို သိပ္ပံ လက်တွေ့ သုတေသနအတွက်
ကျယ်ပြန့်သောဓာတ်ခွဲခန်းဖြစ်စေခဲ့ကြပြီ။ ထိုသို့သော သုတေသနများသည်
များစွာသောအကျိုးများကိုဖြစ်စေသည်။ သို့သော် စက်မှုတော် လှန်ရေးသည် လေ၊ ရေနှင့် ကုန်းမြေကိုညစ်ညမ်းစေခဲ့သည်။
တချို့ဖြစ်စဉ်များတွင် နည်း ပညာသည်
သဘာ၀တရားကို ပညာရှိရှိထိန်းသိမ်းခြင်းသည်ထက် ခြယ်လှယ်အသုံးချ သည်။
ကျွန်ုပ်တို့သည် ဤလောကကိုထိန်းသိမ်းသောသူများဖြစ်၍၊
နဂိုအတိုင်းဂေဟ စနစ်ချိန် ခွင်လျှာကိုထိန်းသိမ်းခြင်းအားဖြင့်
သက်ရှိအားလုံးကိုထိန်းသိမ်းရန် လုပ်နိုင်သမျှ ကို လုပ်ရမည်။ ခရစ်တော်သည် ကြွလာသောအခါ၊ “မြေကြီးကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူမည်” (ဗျာ ၁၁း၁၈)။ ဤရှုထောင့်၌ ခရစ်ယာန်ဘဏ္ဍာစိုးများသည် မိမိ တို့ကိုယ်ပိုင်ဥစ္စာ အတွက် သာမက၊
သူတို့ပတ်ဝန်းကျင်ကမ္ဘာမြေအတွက်တာဝန်ရှိ သည်။
ဘဏ္ဍာစိုးအဖြစ်ခရစ်တော်
မှန်ကန်သောဘဏ္ဍာစိုးလုပ်ငန်းမှ
ကိုယ်ကျိုးမဖက်ခြင်းတည်းဟူသော ဘုရား သခင်ထံ မိမိကိုယ်ကိုလုံးလုံးပေးအပ်ခြင်းနှင့်
လူသားတို့ကိုအလုပ်အကျွေးပြုခြင်းဖြစ် သည်။ ခရစ်တော်
သည် ကျွန်ုပ်တို့ကိုချစ်သောကြောင့် လက်ဝါးကပ်တိုင်တွင်ရက်စက်မှု၊
မိမိလူတို့ကပင်ငြင်းပယ်သောပိုမိုပြင်းထန်သောနာကျင်မှု၊ ဘုရားသခင်၏ကမ်းကုန်ကျော ခိုင်းမှုတို့ကို ကြံ့ ကြံ့ ခံခဲ့ သည်။
ဤဆုလက်ဆောင်နှင့်နှိုင်းယှဉ်လျှင်၊ မည်သည့် အရာကို ကျွန်ုပ်တို့ပေးနိုင်မည်နည်း။
သူသည် အရာရာကိုပိုင်ဆိုင်သော်လည်း သူ ကိုယ်တိုင်သည် ဆုလက်ဆောင်ဖြစ်သည်။
ထိုသို့သောအရာသည် ဘဏ္ဍာန်စိုးလုပ်ငန်း ဖြစ်သည်။ ထိုအကြီးမားဆုံးသော ဆုလက်ဆောင်ကို
စူးစိုက်ကြည့်ရာတွင် မိမိတို့ အဖြစ်ကရုန်း ထွက်၍၊
ကိုယ်တော်နှင့်တူရန်ဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့ကို ယုံကြည်သူအသိုက် အဝန်းနှင့် ပတ်ဝန်းကျင်ရှိလူစုများကို ပြုစုစောင့်
ရှောက်သောအသင်းတော်အဖြစ်သို့ တွန်းပို့လိမ့်မည်။ ခရစ်တော်သည် လောကအတွက် အသေခံသည့်
အတွက်၊ အကျယ်ပြန့် ဆုံးသဘောဖြင့်ကြည့်လျှင်၊
ဘဏ္ဍာစိုးလုပ်ငန်းသည် လောက အတွက်ဖြစ်သည်။
ဘဏ္ဍာစိုးလုပ်ငန်း၏ကောင်းချီးများ
ဘုရားသခင်သည် ကျွန်ုပ်တို့ကို သူ့အတွက်မဟုတ်ဘဲ၊
ကျွန်ုပ်တို့၏အကျိုး အတွက်ဘဏ္ဍာစိုး အခန်းကဏ္ဍ၌ထားရှိသည်။
ကိုယ်ပိုင်ကောင်းချီး။
ဘုရားသခင်သည်
ကျွန်ုပ်တို့ကိုသူ့အား
ကျွန်ုပ်တို့၏ အချိန်စွမ်းရည်များ၊ ကိုယ်ခန္ဓာနှင့်
ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများကို ထပ်တလဲလဲ တောင်း ဆိုရသည့် အကြောင်းရင်းတစ်ခုမှာ
ကျွန်ုပ်တို့၏ကိုယ်ပိုင်ဝိညာဉ်ရေးကြီးထွားမှုနှင့် စာရိတ္တတိုးတက်မှု တို့ကိုအား
ပေးရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် အရာရာကို ဘုရားသခင် ပိုင်ဆိုင် ကြောင်းနှင့်
ကျွန်ုပ်တို့ကို အစဉ်ချစ်ကြောင်းတို့ကို အမြဲသတိရနေသောအခါ၊ ကျွန်ုပ်တို့၏ ချစ်ခြင်းနှင့်
ကျေးဇူးတရားသည်ပျိုးထောင်ခြင်းခံရသည်။ စစ်မှန်သော ဘဏ္ဍာစိုးလုပ်ငန်းသည် တပ်မက်ခြင်းနှင့်
တစ်ကိုယ်ကောင်းဆန်ခြင်းတို့ကို အောင်နိုင် ရာတွင်လည်းကူညီသည်။
ကျွန်ုပ်တို့၏ အကြီးမားဆုံးသောရန်သူတစ်ခု ဖြစ်သည့်တပ် မက်ခြင်းကို ပညတ်တော်ဆယ်ပါးက ရှုတ်ချသည်။ ယေရှုကလည်း
၎င်းကို သတိပေး သည်။ “လောဘလွန်ကျူးခြင်းကို သတိနှင့်ကြဉ် ရှောင်ကြလော့။
အကြောင်းမူကား၊ စည်းစိမ်ရှိသော်လည်း စည်းစိမ်၌အသက်မတည်ဟု မိန့် တော်မူ၏” (လု ၁၂း၁၅)။ ကျွန်ုပ်တို့၏ပုံမှန်ပေးကမ်းခြင်းသည်
တပ်မက်ခြင်းနှင့် တစ်ကိုယ်ကောင်းဆန် ခြင်းတို့ကို ကျွန်ုပ်တို့အသက်တာမှအမြစ်လှန်ပစ်ရန်ကူညီသည်။
ဘဏ္ဍာစိုးလုပ်ငန်းသည်
ချွေတာရေးနှင့်ထိရောက်မှုဆိုင်ရာဓလေ့ကို တိုးတက်စေ ၏။ “ဇာတိပကတိစိတ်များနှင့်
အလိုဆန္ဒများကို လက်ဝါးကပ်တိုင်မှာရိုက်ထားကြပြီ” (ဂလ ၅း၂၄) ဖြစ်၍၊
ကျွန်ုပ်တို့သည် မည်သည့်အရာကိုမျှ ကျွန်ုပ်တို့၏ ကိုယ်ကျိုး ဖက်သောအားရ ကျေနပ်မှုအတွက် အသုံးပြုကြမည်မဟုတ်ပါ။ “ဘဏ္ဍာစိုးလုပ်ငန်းဆိုင် ရာ အခြေခံမူများသည် အသက်တာကိုစိုးမိုးသောအခါ၊ စိတ်ဝိညာဉ်သည်
ဉာဏ်အလင်း ရလာသည်၊ ရည်ရွယ်ချက်သည် တစ်သမတ်တည်းဖြစ်သည်၊ လူမှုရေးအပျော်အပါး များမှ အကျိုးမပြုသောအရာများကို ဖြတ်တောက်သည်၊
စီးပွားရေးကို ရွှေပညတ်၏ လွှမ်းမိုးမှုအောက်တွင်ပြုလုပ်သည်၊
ဝိညာဉ်ကယ်ဆယ်ရေးစိတ်သည်ပြင်းပြသည်။ ထိုသို့ သောအရာများသည်
သစ္စာရှိသောအသက်တာနှင့် သစ္စာရှိခြင်းတို့၌ ဘုရားသခင် စီမံ ပေးသည့်ကြွယ်၀သောကောင်းချီးများဖြစ်သည်။
ခရစ်တော်အသေခံခဲ့သောသူတို့၏ကယ်တင်ခြင်းအတွက် အရာရာ၌
ရင်းနှီးမြုပ်နှံ ခြင်း အပေါ်၊ “မင်းကြီးက၊.... သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်
ဆုံးသော သူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီ” (မ ၂၅း၄၀) ဟူ၍ အသိအမှတ်ပြု ကြောင်းအာမခံချက်မှ အတွင်းကျကျ
စိတ်ကျေနပ်မှုနှင့် ဝမ်းမြောက် ခြင်း
တို့မှလာသည်။ “ယေရှုကိုပေးရန်
တန်ဖိုးကြီးလွန်းသောအရာ ဘာမျှမရှိပါ။ ကျွန်ုပ် တို့အားထိန်းသိမ်းရန်ပေးသောအစွမ်းများကို
သူ့အားပြန်ပေးခဲ့လျှင်၊ သူ ကျွန်ုပ်တို့လက် ထဲတွင်
သာ၍များစွာပေးလိမ့်မည်။ ခရစ်တော်အတွက် ကျွန်ုပ်တို့ကြိုးပမ်းသမျှကို ပြန် ၍ဆုချလိမ့်မည်။ သူ၏နာမ၌ ကျွန်ုပ်တို့ထမ်းဆောင် သမျှသော
တာဝန်တိုင်းသည် ကျွန်ုပ် တို့၏ ဝမ်းမြောက်ခြင်းကို
ဖြစ်စေမည်။
သူတစ်ပါးအတွက်ကောင်းချီး။ စစ်မှန်သောဘဏ္ဍာစိုးသည် သူတို့ထိတွေ့သော သူ အားလုံးကို
ကောင်းချီးပေးသည်။ သူတို့သည် ပေါလု၏ဘဏ္ဍာစိုးဆိုင်ရာ အမိန့်ကိုလိုက် နာ ဆောင်ရွက်သည်။ “သူတစ်ပါးအားကျေးဇူးပြုခြင်း၊
ကောင်းသောအကျင့်၌ ကြွယ်၀ ပြည့်စုံခြင်း၊
စွန့်ကြဲချင်သောစေတနာစိတ်ရှိခြင်း၊ အချင်းချင်းဆက်ဆံခြင်း၊ မှန်သောအ သက်ကို ဝင်စားလိုသော ငှာ၊ နောင်ဘ၀၌ ကောင်းသောဘဏ္ဍာကို
မိမိတို့အဖို့ ဆည်းပူး ခြင်းတို့ကိုပြုရမည်”
(၁တိ ၆း၁၈၊ ၁၉)။
ဘဏ္ဍာစိုးလုပ်ငန်းသည် သူတစ်ပါးကိုအလုပ်အကျွေးပြုခြင်းနှင့်
အခြားသူများကို အကျိုး ပြုနိုင်မည့် ဘုရားသခင်ပေးသောအရာဟူသမျှကိုဝေငှရန်
စိတ်စေတနာရှိခြင်း တို့ပါဝင်သည်။ ဤအရာက “ကျွန်ုပ်တို့၌ရှိသော
ငွေ၊ ကျွန်ုပ်တို့ပိုင်ဆိုင်သော ဂုဏ်ပုဒ်များ၊ ကျွန်ုပ်တို့ သိသော
အရေးကြီးပုဂ္ဂိုလ်များ၊ ကျွန်ုပ်တို့နေထိုင်သောအိမ်နှင့် အိမ်နီးချင်းများ၊
ကျွန်ုပ်တို့ပိုင်ဆိုင်သည် ဟုထင်ရသောရာထူးနှင့် ဩဇာစသည်များပါဝင်သော အသက် တာကို ကျွန်ုပ်တို့ထည့်သွင်း
မစဉ်းစားတော့ခြင်းကိုဆိုလိုသည်။” စစ်မှန်သောအသက် တာသည် ဘုရားသခင်ကို သိကျွမ်းခြင်း၊ သူ၏ဂုဏ်တော်ကဲ့သို့သော
နှစ်သက်ဖွယ်ပင်ကို အရည်အချင်းကိုတိုးတက်စေခြင်း၊ ကျွန်ုပ်တို့အား
ကြွယ်၀မှုကိုပေးသည်အတိုင်းတတ်နိုင် သောအရာကိုပေးခြင်း
စသည်တို့ဖြစ်သည်။ ခရစ်တော်၏စိတ်သဘောဖြင့် အမှန်တ ကယ်ပေးခြင်းသည် မှန်မှန်ကန်ကန် နေထိုင် ခြင်းဖြစ်သည်။
အသင်းတော်အတွက်ကောင်းချီး။ ဘဏ္ဍာစိုးဆိုင်ရာ ကျမ်းစာ၏အစီအစဉ်ကို လက်ခံခြင်းသည် အသင်းတော်အတွက်မရှိမဖြစ်သောအရာဖြစ်သည်။
ပေးကမ်းခြင်း၌ အသင်းသူ အသင်းသားများဆက်လက်ပါဝင်ခြင်းသည် လူ့ခန္ဓာကိုယ်အတွက်
လေ့ကျင့် ခန်းလုပ်သကဲ့သို့ ၎င်းသည်
အသင်းတော်ကိုသန်မာစေသည်။ အသင်းတော် အပေါ် ခရစ် တော်ပေးထားသော ကောင်းချီးများကို ဝေငှရာတွင်ပါဝင်စေသည်။
ဘုရားသခင်၏ အမှုတော်တွင် လိုအပ်သော
အရာဟူသမျှကိုတုံ့ပြန်ရန် အဆင်သင့်ရှိစေသည်။ အသင်း တော်သည် သာသနာ လုပ်ငန်း ကိုထောက်ပံ့ရန်၊
အနီးပတ်ဝန်းကျင်တွင် ဘုရားသခင်၏ နိုင်ငံတော်ကို
ကျယ်ပြန့် စေရန်နှင့် ဝေးသောကမ္ဘာ့နေရာများအထိ တိုးချဲ့ရန် လုံလောက် သောရန်ပုံငွေရှိလိမ့်မည်။ ၎င်းသည် လိုလိုလားလားဖြင့်အချိန်၊
စွမ်းရည်များနှင့် ငွေကြေး များကို ဘုရားသခင်၏ ကောင်းချီးများရသောကြောင့်
ချစ်ခြင်းနှင့် ကျေးဇူးသိတတ်ခြင်း ဖြင့် ဘုရားရှင် အတွက်သုံးစွဲရနိုင်စေသည်။
“နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို
လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရ..... ပြီးမှ” (မ ၂၄း၁၄)
သူကြွလာမည်ဟူသောခရစ်တော်၏အာမခံချက်ကို အကြောင်းပြု၍၊ လူအားလုံးကို
ဘဏ္ဍာစိုးများဖြစ်ရန်နှင့် သူနှင့်အတူပူးပေါင်းလုပ်ဆောင် သူများဖြစ်ကြရန်
ဖိတ်ခေါ်လျက်ရှိသည်။ ထိုသို့ဖြင့် အသင်းတော်၏သက်သေခံချက် သည် လောကအတွက် အားကြီးသော
ကောင်းချီးဖြစ်လိမ့်မည်။ အသင်းတော်၏ သစ္စာရှိ ဘဏ္ဍာစိုးများသည်
သူတစ်ပါးထံတိုးချဲ့သည့် ဧဝံဂေလိတရား၏ကောင်းချီးများကို မြင် သောအခါ၊ ဝမ်းမြောက် ကြ လိမ့်မည်။
- ၀ -
No comments:
Post a Comment