အခန်း - ၂၂
ခရစ်ယာန်အပြုအမူ
ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်ရေးနှင့် လူမှုရေးအသက်တာ၏
ကဏ္ဍအားလုံးတွင် ကျမ်းစာ၏ မူ များ နှင့်အညီ တွေးခေါ်၊ ခံစား၊ ပြုမူသည့်
ဘုရားတရားကြည်ညိုသည့် လူများအဖြစ် ခေါ်တော်မူ ခြင်းခံရသည်။ ဝိညာဉ်တော်သည်
ကျွန်ုပ်တို့အထဲတွင် သခင်ဘုရား၏စာရိတ္တမျိုးကို ပြန်လည် ဖန်ဆင်းရန်အတွက်၊
ကျွန်ုပ်တို့အသက်တာ၌ ခရစ်တော်နှင့်တူသော စင်ကြယ်ခြင်း၊ ကျန်းမာ ခြင်းနှင့်
ဝမ်းမြောက်ခြင်းတို့ကိုဖြစ်ပွားစေ မည့်အရာများ၌သာ ကျွန်ုပ်တို့ပါဝင်ရမည်။ ဆိုလို
သည်မှာ ကျွန်ုပ်တို့၏ပျော်ရွှင်မှုနှင့် ဖျော်ဖြေရေးများသည် ခရစ်ယာန်အရသာနှင့်
တင့်တယ်မှု ၏ အမြင့်ဆုံးစံချိန်စံညွှန်းနှင့် ကိုက်ညီရမည်။
ယဉ်ကျေးမှုဆိုင်ရာခြားနားမှုများကို အသိ အမှတ်ပြုလျက်၊ ကျွန်ုပ်၏
ဝတ်စားဆင်ယင်မှုသည် ရိုးစင်း၊ ယဉ်ကျေး၊ သပ်ရပ်သည်။ သူတို့၏ စစ်မှန်သော
တင့်တယ်မှုသည် အပြင်ပန်းဆင်ယင်မှုမပါဘဲ၊ မပျက်စီးနိုင်သော နူးညံ့သိမ်မွေ့ သော
စိတ်သဘောဖြင့် ဆင်ယင်ခြင်း၌သင့်လျော်မှုရှိသည်။ ၎င်းပြင် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာ
သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်သောကြောင့်၊ အသိဉာဏ်ရှိရှိ စောင့်
ရှောက်ပြုစုရမည်ဟုလည်းဆိုလိုသည်။ လုံလောက်သောကာယလေ့ကျင့်ခန်းနှင့် အနား ယူ ခြင်းတို့နှင့်အတူ ကျွန်ုပ်တို့သည် ရနိုင်သည့်ကျန်းမာရေးနှင့်
အညီညွတ်ဆုံးသောအစား အစာ
ကိုရွေးချယ်ရန်ဖြစ်ပြီး၊ သမ္မာကျမ်းစာတွင်ဖော်ပြသည့် မသန့်ရှင်းသောအစား အစာကို
လည်း ရှောင်ကြဉ်ရမည်။ သေရည်သေရက်ပါဝင်သော အဖျော်ယမကာများ၊ ဆေးရွက်ကြီး၊
ဆေးဝါးများနှင့် မူးယစ်ဆေးများကို တာဝန်မဲ့စွာသုံးစွဲခြင်းတို့သည် ကျွန်ုပ် တို့၏ကိုယ်ခန္ဓာအတွက်
အန္တရာယ်ရှိသောကြောင့်၊ ထိုအရာများကိုလည်းကြဉ်ရှောင်ရ မည်။ ထို့အစား၊ ကျွန်ုပ်တို့၏ ကျန်းမာပျော်ရွှင်မှုနှင့်
ကောင်းစားခြင်းကိုလိုလားသော ခရစ်တော်၏ စည်းကမ်းဘောင် အတွင်းသို့
ကျွန်ုပ်တို့၏အတွေးအခေါ်နှင့် ကိုယ်ခန္ဓာ ကို ရောက်စေနိုင်သော မည်သည့်အရာတွင်
မဆိုကျွန်ုပ်တို့သည်ပါဝင်ရမည်။ (က ၇း၂။ ထွက် ၂ဝး၁၅။ ဝတ် ၁၁း၁-၄၇။ ဆာ ၁၀၆း၃။ ရော
၁၂း၁၊၂။ ၁ကော ၆း၁၉၊၂၀။ ၁ဝး၃၁။ ၂ကော ၆း၁၄-၇း၁။ ၁ဝး၅။ ဧ ၅း၁-၂၁။ ဖိ ၂း၄။ ၄း၈။ ၁တိ
၂း၉၊၁၀။ တိ ၂း၁၁၊၁၂။ ၁ပေ ၃း၁-၄။ ၁ယော ၂း၆။ ၃ယော ၂။)
ခရစ်ယာန်အပြုအမူဟုဆိုသောဘုရားသခင့်နောက်လိုက်၏နေပုံထိုင်ပုံသည်
ခရစ်တော် အားဖြင့် ဘုရားသခင်၏ကြီးမားသောကယ်တင်ခြင်းကို ကျေးဇူးဖြင့်တုံ့ပြန် ရာမှပေါ်လာ၏။ ပေါလုသည် ခရစ်ယာန်အားလုံးကို
ဤသို့မေတ္တာရပ်ခံသည်။ “ညီအစ် ကိုတို့၊ အသက်ရှင် ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊
ဘုရားသခင်နှစ်သက်တော်မူ ဖွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော်၍၊
မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်း တည်းဟူသော
သင်တို့ပြုအပ်သောဝတ်ကိုပြုမည် အ ကြောင်း၊
ဘုရားသခင်၏ ကရုဏာတော် ကိုထောက်ထား၍၊ သင်တို့ကိုငါတိုက်တွန်း နှိုးဆော်ပေ၏။
သင်တို့သည် လောကီပုံသဏ္ဌာန် ကို မဆောင်ကြနှင့်။ ကောင်းမြတ်သော အရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာ တည်းဟူသော
ဘုရားသခင်အလို တော် ရှိသောအရာသည်
အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံး ကိုအသစ် ပြုပြင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်း သို့ရောက်ကြလော့”
(ရော ၁၂း၁၊၂။ ထို့ ကြောင့် ခရစ်ယာန်တို့သည် သူတို့၏ဖန်ဆင်းရှင်နှင့်
ရွေးနုတ်ရှင်ကို ဂုဏ်ပြုနိုင်မည်အ ကြောင်း၊
သူတို့၏စိတ်၊ ခန္ဓာနှင့်ဝိညာဉ်ရေးအစွမ်းများကို လိုလိုလားလား ကာ ကွယ်တိုး တက်စေကြသည်။
ခရစ်တော်သည် “ဤသူတို့ကို
ဤလောကမှနုတ်ယူတော်မူမည်အကြောင်း၊ အကျွန်ုပ်တောင်းသည်မဟုတ်ပါ။
မကောင်းသောအမှုအရာနှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူ မည်အကြောင်းသာတောင်းပါ၏။
အကျွန်ုပ်သည် ဤလောကနှင့် မဆက် ဆံသကဲ့သို့ ဤ
သူတို့သည်မဆက်ဆံကြပါရန်} ဆုတောင်းခဲ့သည်
(ယော ၁၇း၁၅၊၁၆)။ ခရစ်ယာန် တစ်ဦး သည် လောက၌နေရင်း၊ လောကနှင့်မည်သို့ကင်းကွာနိုင်
မည်နည်း။ ခရစ်ယာန်နေပုံထိုင်ပုံသည် လောကီသားတို့၏လူနေမှုပုံစံနှင့် မည်ကဲ့သို့
ခြားနားရမည် နည်း။
ခရစ်ယာန်များသည် ကွဲပြားခြားနားရန် အတွက်သက်သက်မဟုတ်ဘဲ၊
ဘုရား သခင်သည်
သူတို့ကိုအခြေခံစည်းမျဉ်းများအတိုင်းနေထိုင်ရန် ခေါ်သောကြောင့် ခြားနား သောနေထိုင်မှုပုံစံကိုလက်ခံရမည်။ ဘုရားသခင်သည်
သူတို့ကိုရောက်ရှိစေလိုသည့် အမြင့်မား ဆုံးသောဖြစ်နိုင်ခြေအတိုင်း
နေထိုင်မှုပုံစံသည်၊ သူ၏အမှုတော်တွင် သူတို့ကို ထိရောက်စေသည်။
ကွဲပြားခြားနားခြင်းသည် သူတို့၏သာသနာလုပ်ငန်းတည်းဟူသော လောက၏ ဆားနှင့်
အလင်းဖြစ်ခြင်းတို့ကိုတိုးတက်စေသည်။ ဆားသည် အရသာကင်း မဲ့၍၊ အလင်းသည် မှောင်မိုက်နှင့်မခြားနားလျှင်
မည်သည့်တန်ဖိုးရှိသနည်း။
ခရစ်တော်သည် ကျွန်ုပ်တို့၏စံနမူနာဖြစ်သည်။ သူသည် “စားကြူးသောသူ၊ စပျစ် ရည်
သောက်ကြူးသောသူ” (မ ၁၁း၁၉) ဟူ၍
သူ့ကိုစွပ်စွဲသောသူများ နေထိုင်ရာ လောကတွင် သူသည်
မခြွင်းမချန်နေထိုင်ခဲ့သော်လည်း၊ သူသည် ထိုသို့ မဟုတ်ခဲ့ပါ။ သူသည် ဘုရားသခင်၏
စည်းမျဉ်းများအတိုင်း ကိုက်ညီစွာနေထိုင်ခဲ့သောကြောင့်၊ သူ သည် အပြစ်ရှိသည်ဟု မည်သူ ကမျှ သက်သေမပြနိုင်ခဲ့ချေ (ယော
၈း၄၆)။
အပြုအမူနှင့်ကယ်တင်ခြင်း
သင့်လျော်သောအပြုအမူသည် အဘယ်အရာနည်းဟူ၍ဆုံးဖြတ်ရာတွင်၊
ကျွန်ုပ် တို့သည်
အစွန်းရောက်မှုနှစ်ခုကိုရှောင်ရမည်။ ပထမအစွန်းရောက်မှုမှာ ကယ်တင်ခြင်း နည်း
လမ်းအဖြစ် အခြေခံစည်းမျဉ်းများကို လက်ခံကျင့်သုံးခြင်း ဖြစ်သည်။ ပေါလုသည် ဤ
အစွန်းရောက်မှုကို ဤသို့အကျဉ်းချုပ်ထားသည်။ “ပညတ်တရားအားဖြင့်ဖြောင့် မတ် ရာ သို့ရောက်
သမျှသောသင်တို့သည် ခရစ်တော်နှင့်ကွာ၍ ကျေးဇူးတရား၌မတည်၊ ရွေ့ လျော့ ကြပြီ” (ဂလ ၅း၄)။
၎င်းနှင့်ဆန့်ကျင်ဘက်အစွန်းရောက်မှုမှာ အကျင့်သည်
မကယ်တင်သောကြောင့် အရေးမကြီး၊ လုပ်ဆောင်သောအရာသည်လည်း အမှန်တကယ်အရေးမပါဟုယုံကြည် ခြင်းဖြစ်၏။ ပေါလုသည် ဤအစွန်းရောက်မှုကိုလည်းပြောခဲ့သည်။ “ညီအစ်ကိုတို့၊ သင်တို့သည်
လွှတ်ခြင်းအခွင့်ကိုရသောသူဖြစ်ကြ၏။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကိုပေး၍၊
ထိုလွှတ် ခြင်းကိုအခွင့်မပေးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင် ရွက်ကြလော့” (ဂလ ၅း၁၃)။
အသင်းသားတစ်ဦးစီသည် မိမိကိုယ်ပိုင်ဩတ္တပ္ပစိတ် ကိုလိုက်သောအခါ၊ “ရှင်မဿဲခရစ်ဝင် ကျမ်း ၁၈ နှင့် ဂလာတိဩဝါဒစာ ၆း၁၊ ၂ တို့ကို
ကျင့်သုံးရာတွင် ရောင်းရင်းခရစ်ယာန်တို့၏ အပြန်အလှန်ထိန်းသိမ်းကြပ်မတ်ခြင်းမရှိ ချေ။ အသင်းတော်သည် အပြန်အလှန်ချစ်ခြင်းနှင့်
ဂရုစိုက်ခြင်းရှိသည့် ခရစ်တော်၏ ကိုယ်ဖြစ်
မလာတော့ချေ။ ၎င်းသည် တစ်သီးပုဂ္ဂလနေ သောသူများစုရုံးရာဖြစ်လာပြီး၊ အခြားသူ
အတွက်တာဝန်ယူမှု သို့မဟုတ် သူတို့အတွက်မည်သည့် ပူပန်မှုကို လက်ခံခြင်း ကင်းမဲ့ လာကာ၊ ကိုယ့်လမ်းကိုကိုယ်သွားကြသည်။”
ကျွန်ုပ်တို့၏အပြုအမူနှင့် ဝိညာဉ်ရေးတို့သည်
နီးကပ်စွာဆက်စပ်သော်လည်း၊ ကျွန်ုပ်တို့သည် မှန်ကန်သောအပြုအမူအားဖြင့်
ကယ်တင်ခြင်းကိုမရနိုင်ချေ။ အမှန်မှာ၊ ခရစ်ယာန် အပြုအမူသည်
ကယ်တင်ခြင်း၏သဘာ၀အသီးဖြစ်၍၊ ကရာနိကုန်းတွင် ကျွန်ုပ်တို့အတွက် ခရစ်တော်
သည်ပြီးမြောက်အောင်မြင်ခဲ့ပြီးသောအရာ၌တည်သည်။
သန့်ရှင်းသောဝိညာဉ်တော်၏ဗိမာန်များ
ဘုရားကျောင်းတည်းသာမက၊ ခရစ်ယာန်တစ်ဦးချင်းစီသည်
သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ရာဗိမာန်တော်ဖြစ်ကြသည်။ “သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင်
ပေးသနားတော်မူသောဝိညာဉ်တော်တည်းဟူသော၊ သင်တို့အထဲ၌ကိန်းဝပ်၍ သန့်ရှင်း သောဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကိုလည်းကောင်း၊
မိမိတို့ကိုမိမိတို့မပိုင် ကြောင်း ကိုလည်းကောင်း
မသိကြသလော” (၁ကော ၆း၁၉)။
ထိုကြောင့် ခရစ်ယာန်တို့သည် ခရစ်တော်၏ဝိညာဉ်တော်ကိန်းဝပ်ရာ
သူတို့၏ ကိုယ်ခန္ဓာ ဗိမာန်များကို အမိန့်ပေးရာဗဟိုဖြစ်သောဦးနှောက်ကိုကာကွယ်ရန်
ကောင်း သောကျန်းမာ
ရေးအလေ့အထကိုလေ့ကျင့်ပါ။ ဤအကြောင်းကြောင့် ခရစ်တော်ကို မြော်လင့်သော သတ္တမ နေ့အသင်းသားများသည်
လွန်ခဲ့သောနှစ်ပေါင်း (၁၅၀) ၏သမိုင်း တစ်လျှောက် သင့်လျော်
သောကျန်းမာရေးအလေ့အထများ၏အရေးကြီးမှုကို အလေး ပေးခဲ့သည်။ ဤအလေးပေးမှု သည် အောင်မြင်နေသည်။
မြော်လင့်ခြင်းအသင်းသားများ သည် အထွေထွေလူဦးရေထက်
ကြီးမားသောရောဂါအားလုံးနီးပါးခံရမှုတွင် လျော့နည်း ဖွယ်ရှိကြောင်းကို မကြာသေးမီက သုတေသနကဖော်ပြသည်။
ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည်
လူတို့အသက်တာ၏ဝိညာဉ်ရေးနှင့် ကာ ယဆိုင်ရာ
ကဏ္ဍများကိုစိတ်ဝင်စားသည်။ ကျွန်ုပ်တို့၏စံနမူနာဖြစ်သော ယေရှုသည် “အနာရောဂါ အမျိုးမျိုးတို့ကို ငြိမ်းစေသည်” (မ ၄း၂၃)။
သမ္မာကျမ်းစာသည်
လူသားများကို
တပေါင်းတစည်းတည်းရှုမြင်သည်။ “ဝိညာဉ်ရေး
နှင့်ရုပ်ပိုင်းအကြားခွဲခြားမှုသည် သမ္မာကျမ်းစာနှင့်လုံး၀မသက်ဆိုင်ချေ။ ထို့ ကြောင့်သန့်ရှင်း ခြင်းအတွက် ဘုရားသခင်၏ ခေါ်တော်မူခြင်းသည်
ကာယကျန်းမာရေး နှင့် ဝိညာဉ်ရေး
ကျန်းမာခြင်းအတွက် ခေါ် ခြင်းပါဝင်သည်။ “သင်၏
ဆင်ခြင်တုံတရားကို အားနည်းစေသော အရာ ဟူသမျှသည် သင့်ဩတ္တပ္ပစိတ်၏
သိမ်မွေ့မှုကိုထိခိုက်စေ၍၊ သင်၏ဘုရားသခင်အား ထိတွေ့ခံစားမှုကိုမှေးမှိန်စေကာ၊
သင့်ကိုယ်ခန္ဓာအပေါ် စိတ်၏ ထိန်းချုပ်သည့်ခွန်အားသည်
လျော့နည်းစေသည်။ ၎င်း ကိုယ်၌က မည်မျှပင်အပြစ်မဲ့ သယောင်ရှိသော်လည်း မှားနေ၏။”
ကျန်းမာရေးပညတ်ချက်များပါရှိသော ဘုရားသခင်၏ပညတ်ချက်များသည်
မတ ရားခြင်းမရှိ၊
ကျွန်ုပ်တို့သည် အသက်တာကိုအကောင်းဆုံးပျော်နိုင်စေရန် ကျွန်ုပ်တို့ ဖန်ဆင်းရှင်
အားဖြင့်စီမံထားခြင်းဖြစ်သည်။ ရန်သူစာတန်သည် ကျွန်ုပ်တို့၏ ကျန်းမာ ရေး၊ ပျော်ရွှင်မှု၊ စိတ်ငြိမ်သက်ခြင်းတို့ကိုခိုးယူ၍၊
အဆုံးတွင် ကျွန်ုပ်တို့ကို ဖျက်ဆီးချင် သည် (ယော ၁ဝး၁၀)။
အလုံးစုံကျန်းမာရေးအတွက်
ဘုရားသခင်၏ကောင်းချီးများ
အလုံးစုံကျန်းမာရေးကိုရရှိခြင်းသည် ရိုးစင်းပြီးထိရောက်သော
ဘုရားပေးစည်း မျဉ်းများ အနည်းငယ်ကို
ကျင့်သုံးခြင်းအပေါ်တည်သည်။ ဤအရာတချို့သည် လူအများ စုအတွက် ရှင်းပြီးအသေအချာသဘောတူနိုင်သည်။
သင့်လျော်သောအစားအစာ ကဲ့သို့ သောအခြားအရာ
တို့မှာ ကျွန်ုပ်တို့နေထိုင်မှုပုံစံ၌ အလွန်အခြေခံကျသော အသားကျပြီး အလေ့အထများ
ပါဝင် သောကြောင့် လက်ခံရန်ပိုမိုခက်ခဲသည်။ ဤအကြောင်းကြောင့်၊ နားလည်မှုလွဲသော၊
ငြင်းခုံရ သော သို့မဟုတ် ငြင်းပယ်သော ထိုစည်းမျဉ်းများ အတွက်
ပိုမိုပြည့်စုံအောင်ဖော်ပြပေးမည်။
ကာယလေ့ကျင့်ခန်း၏ကောင်းကျိုး။ ပုံမှန်ကာယလေ့ကျင့်ခန်း ပြုလုပ်ခြင်းသည်
စွမ်းအားတိုးခြင်း၊ ကြံ့ခိုင်သောကိုယ်ခန္ဓာ၊ စိတ်ဖိစီးမှုသက်သာခြင်း၊
ပိုမိုကျန်းမာသော အသားအရေ၊ မိမိကိုယ်ကိုပိုမိုယုံကြည်စိတ်ချခြင်း၊
ထိရောက်သောကိုယ်ခန္ဓာအလေးချိန် ထိန်းချုပ်ခြင်း၊ အစာခြေခြင်းကိုတိုးတက်စေ၍
ဝမ်းမှန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ နှလုံး ရောဂါနှင့်
ကင်ဆာရောဂါတို့ကိုလျှော့ချခြင်း စသည်တို့အတွက် ရိုးစင်းသောပုံသေ နည်း ဖြစ်သည်။ ကာယ လေ့ကျင့်ခန်းသည်
ရွေးချယ်စရာတစ်ခုမျှသာမဟုတ်ပါ။ ၎င်းသည် ကာယနှင့်ဉာဏတို့၏
အသင့်လျော်ဆုံးသောကျန်းမာရေးထိန်းသိမ်းရန် အခြေခံလိုအပ် ချက်ဖြစ်သည်။
အသုံးဝင်သောလှုပ်ရှားမှုသည် သာယာ၀ပြောမှုကိုဖြစ်စေ၍၊
လှုပ်ရှားမှုမရှိခြင်း နှင့် ပျင်းရိခြင်းတို့သည် ဆင်းရဲဒုက္ခကိုဖြစ်စေသည် (သု
၆း၆-၁၃။ ၁၄း၂၃)။ ဘုရားသခင် သည်
ရှေးဦးယောက်ျားနှင့်မိန်းမတို့ကို လဟာပြင်တွင် ဥယျာဉ်ကိုပြုစု ရသောတာဝန်ကို ညွှန်ကြားခဲ့သည် (က ၂း၅၊၁၅။ ၃း၁၉)။ ခရစ်တော်ကိုယ်တိုင်
ကာယလှုပ်ရှားမှု နမူနာကို ချပြခဲ့သည်။ သူအသက်တာ
တစ်ခုလုံးနီးပါးကို လက်သမား အဖြစ်လက်မှုအလုပ်၌ နစ် ခဲ့ပြီး၊ သူ၏သာသနာပြု
ချိန်အတွင်း ပါလေတိနပြည်၏ လမ်းမများတွင်လမ်းလျှောက် ခဲ့သည်။
နေရောင်ခြည်၏ကောင်းကျိုး။ အလင်းရောင်သည် အသက်အတွက် ပဓာနကျ သည် (က ၁း၃)။ ၎င်းသည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကိုအားဖြည့်၍
အားရှိ စေပြီး၊ အသက် ရှင်ရန်ရှိရမည့်
အောက်စီဂျင်ကို လွှတ်ပေးသည့်အာဟာရဓာတ်များကို ထုတ်လုပ်ပေး သောလုပ်ငန်းစဉ်ကို စွမ်းအားပေးသည်။ နေရောင်ခြည်သည်
ကျန်းမာရေးနှင့် ရောဂါ ပျောက်ကင်းခြင်းကို
အားပေး သည်။
ရေ၏ကောင်းကျိုး။
လူသားကိုယ်ခန္ဓာသည် (၇၅) ရာခိုင်နှုန်းရေဖြစ်သည်။ သို့သော်ဤ
မရှိမဖြစ်လိုအပ်သောရေကို လေရှူထုတ်ခြင်း၊ ချွေးထွက်ခြင်းနှင့် အညစ် အကြေးစွန့်ထုတ်ခြင်းတို့အားဖြင့်
တောက်လျှောက်ဆုံးရှုံးရသည်။ တစ်ရက်ကို သန့်ရှင်း သောရေခြောက်ခွက်မှ ရှစ်ခွက်အထိသောက်ခြင်းသည်
ပျော်ရွှင်ကျန်းမာခြင်းကို ထိန်း သိမ်းရာတွင်ကူညီသည်။
အခြားသောအရေးကြီးသည့်ရေ၏လုပ်ငန်းမှာ သန့်ရှင်းမှုနှင့် ၎င်းကပေးနိုင်သော စိတ်ပြေ
လက် ပျောက်ခြင်းတို့အတွက် အသုံးပြုခြင်းတို့ဖြစ်သည်။
သန့်ရှင်းလတ်ဆတ်သောလေ၏ကောင်းကျိုး။ အိမ်ထဲ သို့မဟုတ် အိမ်ပြင်ရှိမ သန့်ရှင်း သောလေသည်
ဆဲလ်အားလုံးအကောင်းဆုံးလုပ်ဆောင်နိုင်ရန် လိုအပ်သည် ထက် နည်းသောအောက်စီဂျင်ကို သွေးတွင်လျော့နည်းစေသည်။ ဤအရာသည်
လူတစ် ဦး၏ နိုးကြားမှု
နှင့်တုံ့ပြန်မှုတို့ကိုနှေးကွေးစေသည်။ ထို့ကြောင့် နေ့စဉ်သန့်ရှင်းလတ် ဆတ်သော လေကိုများ စွာရရှိနိုင်ရန်
လုပ်နိုင်သမျှကိုလုပ်ရမည်။
စိတ်ကြွမူးယစ်ဆေးကင်း၍ချုပ်တည်းသောနေထိုင်မှု၏ကောင်းကျိုး။မူးယစ်ဆေးများသည် စိတ်ကြွစေ၍၊ စိတ်ဖိစီးမှုနှင့်
နာကျင်မှုတို့ကိုလျော့ပါးစေသောကြောင့် ၎င်းတို့သည် ကျွန်ုပ်တို့၏လူ့အဖွဲ့အစည်းတွင်
ပြည့်နှက်နေသည်။ ခရစ်ယာန်တို့ကို မူးယစ် ဆေးများ၏
စွဲမက်မှုနှင့် ဖိတ်ခေါ်မှုများကဝန်းရံနေသည်။ အန္တရာယ်ကင်းမဲ့သယောင် ရှိသော အဖျော် ယမ ကာများသည် မူးယစ်ဆေးဝါးများပါရှိသည်။
ကော်ဖီ၊ လက်ဖက် ရည်နှင့် ကိုလာအအေးတို့
သည် ကဖိန်းဓာတ်ပါရှိပြီး၊ သစ်သီးအရသာထည့်ထားသော ဝိုင်ကိုလာ တို့သည်လည်း
အရက်ပါရှိသည်။ သုတေသနများကလည်း၊ မပြင်းသော ဆေးဝါးများသည် ပိုမိုပြင်းထန်သည့်
စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးသို့ အဆင့် ဆင့်သုံးစွဲ
စေသောလမ်းစ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ပညာရှိသောခရစ်ယာန်များသည်
အန္တရာယ်ရှိသောအရာအားလုံးကို ရှောင်ကြဉ်၍၊ ကောင်းသောအရာကိုသာ အသင့်အ တင့်သုံးစွဲလိမ့်မည်။
၁။ ဆေးရွက်ကြီး။ မည်သည့်ပုံစံဖြင့်ထုတ်လုပ်သည်ဖြစ်စေ၊ ဆေးရွက်ကြီးသည် ကာယ၊ ဉာဏနှင့်
ကိုယ်ကျင့်တရားဆိုင်ရာအစွမ်းများကို ဖြည်းဖြည်းချင်းအန္တရာယ် ဖြစ် စေသော အဆိပ်ဖြစ်သည်။ အစတွင် ၎င်း၏အကျိုးသက်ရောက်မှုများကို
သတိမထား မိချေ။ ၎င်းသည် အာရုံကြောများကိုတက်ကြွစေပြီး၊ နောက်ပိုင်းတွင်
အကြောကိုသေစေ သည်။ ဦးနှောက်ကို လည်းအားနည်းစေ၍၊ ထိုင်းမှိုင်းစေသည်။
ဆေးရွက်ကြီးကိုစွဲလမ်း သောသူတို့သည် “လူအသက်ကိုမသတ်နှင့်” (ထွက် ၂ဝး၁၃) ဟူသောဆဌမပညတ်ကို ကျူးလွန်ပြီး မိမိကိုယ်ကို
တဖြည်းဖြည်းသတ်သေသောသူဖြစ်သည်။
၂။ အရက်ယမကာများ။ အရက်သည် ကမ္ဘာပေါ်တွင် အသုံးများဆုံးသော မူး ယစ်စေ သောအရာတစ်ခုဖြစ်သည်။ ၎င်းသည်
မရေမတွက်နိုင်သောလူသန်းပေါင်းများ စွာကိုပျက်စီးစေခဲ့သည်။
၎င်းသည် သုံးစွဲသောသူတို့ကိုသာ နာကျင်စေသည်မဟုတ်ဘဲ၊ ၎င်းသည်
အကြမ်းဖျင်းဆင်းရဲနွမ်းပါးခြင်း၊ အိမ်ထောင်ကွဲခြင်းနှင့် မတော်တဆသေဆုံးမှု
များအားဖြင့် လူ့အသိုက်အဝန်းတွင် သေဆုံးမှုကိုအတိအကျဖြစ်စေသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ကိုစိတ်အားဖြင့်သာ
ဆက်သွယ်သည်ဖြစ်ရာ၊ အရက် သည်
ဦးနှောက်ကိုဆန့်ကျင်ဘက်အကျိုးဖြစ်စေသည်ကို ကောင်းစွာအောက်မေ့ရမည်။ အရက်၏
ရေချိန်သည် ကိုယ်ခန္ဓာထဲတွင်မြင့်တက်လာသောအခါ၊ အရက်သောက်သူ သည် ညှိနှိုင်းဆောင်ရွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊
သတိလစ်မေ့မြောခြင်း၊ သေခြင်းစ သည်တို့ တိုး၍
ဖြစ်လာသည်။ ပုံမှန်အရက်သောက်ခြင်းသည် နောက်ဆုံးတွင် မှတ် ဉာဏ်၊ ဆင်ခြင် တုံတရားနှင့်
သင်ယူနိုင်သောစွမ်းရည်များဆုံးရှုံးရသည်။
အရက်သောက်ခြင်းပါဝင်သော ကျမ်းစာထဲကဖြစ်ရပ်များက
ဘုရားသခင်သည် အရက် သောက်ခြင်းကိုထောက်ခံသည်ဟု ယုံစရာအကြောင်းရှိနိုင်သည်။
ထိုသို့သော ဖြစ်ရပ်များကို အနက်ဖွင့်ဆိုရာတွင် ဘုရားသခင်သည်
သူခွင့်ပြုသောအရာအားလုံးကို ထောက်ခံသည်ဟု မဆိုလိုကြောင်း စိတ်ထဲမှတ်သားရာတွင်
အထောက်အကူပြုသည်။ ဥပမာ၊ ဘုရားသခင်၏ လူ တို့သည် လူမှုရေးဓလေ့များဖြစ်သော
အိမ်ထောင်ကွဲခြင်း၊ တစ်ချိန်တည်းမယားပြိုင်ယူခြင်းနှင့်
ကျေးကျွန်ထားခြင်းစသည်တို့ကို ကျင့်သုံးခဲ့ကြ သော်လည်း၊ ဘုရားသခင်သည် ခွင့် မလွှတ်ခဲ့ကြောင်း
သမ္မာကျမ်းစာကညွှန်ပြသည်။
မောရှေသည် အဘယ်ကြောင့်ကွာရှင်းခြင်းကို
ခွင့်ပြုခဲ့သနည်းဟူသောမေးခွန်းကို ယေရှုက ဤသို့ဖြေခဲ့သည်။ “သင်တို့စိတ်နှလုံးခိုင်မာသောကြောင့် မယားနှင့်ကွာရသော အခွင့်ကို မောရှေသည်စီရင်၏။ အစအဦး၌ ထိုသို့မဟုတ်” (မ ၁၉း၈)။ ဧဒင်ဥယျာဉ်သည် ဧဝံဂေလိ တရားက
ကျွန်ုပ်တို့ကိုပြန်လည်ပို့ဆောင်မည့် ဘုရားရှင်၏ပုံစံနမူနာဖြစ်သည်။ ဤ အခြားသော
အကျင့်ဓလေ့များကဲ့သို့ပင်၊ အရက်သောက်ခြင်းသည် ဘုရားသခင်၏ မူလ အစီအစဉ် မဟုတ်ချေ။
၃။ အခြားဆေးဝါးများနှင့်မူးယစ်ဆေးဝါးများ။ စာတန်သည် လူ့အသက်ကို သတ်သည့် အခြား အန္တရာယ်ရှိသော
ဆေးဝါးများနှင့် မူးယစ်ဆေးဝါးများ မြောက်မြားစွာ ရှိသည်။
ခရစ်တော်ကိုကြည့်ခြင်းအားဖြင့်၊ စစ်မှန်သောခရစ်ယာန်တို့သည် သူ၏ အသွေး တော်အား ဖြင့်ဝယ်ယူ၍၊ သူ၏တန်ဖိုးကြီးပိုင်ဆိုင်မှုဖြစ်သော
မိမိတို့ကိုယ်ခန္ဓာဖြင့် ဘုရား သခင်၏ ဘုန်းတော်
ကိုထင်ရှားစေလိမ့်မည်။
အနားယူခြင်း၏ကောင်းကျိုး။ သင့်လျော်သောအနားယူခြင်းသည် ခန္ဓာနှင့် စိတ် ကျန်းမာရေးအတွက် ပဓာနကျသည်။ ခရစ်တော်သည် သူ၏နွမ်းလျသော
တပည့်တော် များ အားပေး သည့်
အကြင်နာပိုသောညွှန်ကြားချက်ကို ကျွန်ုပ်တို့အား ကမ်းလှမ်းသည်။ “တော၌ဆိတ် ကွယ်ရာအရပ်သို့လာကြ။ ခဏအားဖြည့်၍၊ ငြိမ်သက်စွာနေကြ”
(မာ ၆း၃၁)။ နားနေသော အချိန်သည်
ဘုရားသခင်နှင့်ဆက်သွယ်ရန်အတွက် အလွန်လိုအပ် သော
ဆိတ်ငြိမ်ခြင်းကို ပေးသည်။ “ငြိမ်ဝပ်လျက်နေကြလော့။
ငါကား၊ ဘုရားသခင် ဖြစ်သည်ဟုသိမှတ်ကြလော့”
(ဆာ ၄၆း၁၀)။ ရက်သတ္တပတ်၏ သတ္တမနေ့ကိုနားနေရာ နေ့အဖြစ် သီးသန့် ဖယ်ထားခြင်း အားဖြင့်၊ ဘုရားသခင်သည်
ကျွန်ုပ်တို့အတွက်နားရန် လိုအပ်ချက်ကို အလေးပေးသည်
(ထွက် ၂ဝး၁၀)။
နားနေခြင်းသည် အိပ်ခြင်း သို့မဟုတ် ပုံမှန်အလုပ်ကိုရပ်စဲခြင်းတို့ထက်ပိုသည်။
၎င်းသည် အားလပ်သောအချိန်ကို ကျွန်ုပ်တို့အသုံးပြုသည့်ပုံစံလည်းပါသည်။ နွမ်းနယ်
မှုသည် စိတ်ဖိစီးခြင်းအားဖြင့်လည်းကောင်း၊ သို့မဟုတ် အလုပ်ပြင်းထန်စွာလုပ်ခြင်း
သို့မဟုတ် အချိန်ကြာကြာလုပ်ခြင်းအားဖြင့်လည်းကောင်း၊ အမြဲတမ်းတော့မဖြစ်ပါ။
ကျွန်ုပ်တို့၏ စိတ် သည် သတင်းအချက်အလက်များ၊ ဖျားနားခြင်း သို့မဟုတ် အခြား
ကိုယ်ပိုင်ပြသနာများ အားဖြင့်နွမ်းနယ်နိုင်သည်။
အပန်းဖြေခြင်းသည် အမှန်ကန်ဆုံးသောသဘောအရ
ပြန်လည်ဖန်ဆင်းခြင်းပင် ဖြစ် သည်။ ၎င်းသည် ခန္ဓာနှင့်စိတ်ကိုအားဖြည့်၊ တည်ဆောက်၍၊
လန်းဆန်းစေသည်။ ထို့ကြောင့် ယုံကြည်သူများကို အသစ်သောအားမာန်ဖြင့်
မိမိတို့အလုပ်သို့ပြန်ဝင်ရန်ပြင် ဆင်ပေးသည်။
အသက်တာကိုအကောင်းဆုံးနေထိုင်ရန်အတွက်၊ ခရစ်ယာန်တို့သည် ခရစ်တော်နှင့်သူတို့၏
ရင်းနှီးမှုကိုခိုင်မာစေ၍၊ ကျန်းမာရေးကိုတိုးတက်စေသော အပန်း ဖြေ ခြင်းနှင့် ဖျော်ဖြေမှု
ပုံစံများကိုသာလေ့လာလိုက်စားရမည်။
ခရစ်ယာန်တို့သည် ကောင်းသောအပန်းဖြေခြင်းကို ရွေးချယ်နိုင်စေရန်၊ သမ္မာ ကျမ်းစာသည် အောက်ပါအခြေခံမူကိုချပြသည်။ “လောကကိုလည်းကောင်း၊ လောက၌ ရှိသောအရာတို့ကိုလည်းကောင်း၊ မချစ်ကြနှင့်။
လောကကိုချစ်သောသူမည်သည်ကား၊ ခမည်းတော် ကိုချစ်ခြင်းမေတ္တာမရှိ။
လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ် ကာယတပ်မက်ခြင်း၊
မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊
လောကနှင့်သာစပ်ဆိုင်ကြ၏” (၁ယော ၂း၁၅၊ ၁၆)။
၁။ ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် ဗွီဒီယိုများ။ ဤဖော်ပြပါ မီဒီယာ များသည်
ကြီးမားသော ပညာရေးကို ဆောင်ကြဉ်းပေးနိုင်သည်။ ၎င်းတို့သည် “ကျွန်ုပ်တို့ ခေတ်သစ် လောက၏
အခြေအနေတစ်ခုလုံးကို ပြောင်းလဲခဲ့သည်။ ၎င်းသည် ကျွန်ုပ်တို့ ကို ကမ္ဘာကြီးတစ်ခုလုံး၏ သက်ရှိလောက၊ အတွေးအခေါ်နှင့်
လှုပ်ရှားမှုများ တို့နှင့် လွယ် ကူစွာထိတွေ့စေသည်။”
ရုပ်မြင်သံကြားနှင့် ဗွီဒီယိုတို့သည်
အခြားမည်သည့် လှုပ်ရှားမှု တစ်ခုခုထက် အသက်တာတွင်
ပိုမိုကြီးမားသောအကျိုးသက်ရောက်မှုရှိကြောင်းကို ခရစ် ယာန်များသတိရသင့်သည်။
ဗွီဒီယို၊ ရုပ်မြင်သံကြားတို့နှင့်
၎င်းတို့၏စဉ်ဆက်မပြတ်ဇာတ်လမ်းတင်ဆက်မှုများ သည်
အိမ်ထောင်တွင် စိတ်ဓာတ်မမြှင့်တင်ပေးသည့် မသင့်လျော်သောဩဇာ သက် ရောက်မှုများကို ယူဆောင်လာသည်။ အကယ်၍ ကျွန်ုပ်တို့သည်
ဆုံးဖြတ်နိုင်စွမ်းနှင့် ပြတ်သားမှုမရှိလျှင်၊ ]၎င်းတို့သည်
ယုတ်ညံ့သောအစီအစဉ်များကို ကျွန်ုပ်တို့၏အိမ်ထဲသို့ တန်းတန်းယူဆောင် လာ လိမ့်မည်။}
ဆက်ကပ်သောခရစ်ယာန်များသည် မလျော်မကန်၊
ကြမ်းရမ်းသော ကာမ အာရုံကြွစေသည့်ရုပ်ရှင်များနှင့် ရုပ်မြင်သံကြားအစီအစဉ်များကို
ရှောင်ကွင်းလိမ့်မည်။
မြင်နိုင်၊ ကြားနိုင်သောမီဒီယာများသည်
၎င်းတို့ကိုယ်၌အဆိုးမဟုတ်ပါ။ လူတို့၏ ဆိုး ယုတ်မှုကိုပြသသောထိုရုပ်သံလှိုင်းတွင်
ကယ်တင်ခြင်းဧဝံဂေလိတရားကို ဟောနိုင် သည်။
အခြားအကျိုးရှိသောအစီအစဉ်များကိုလည်းထုတ်လွင့်သည်။ သို့သော် လူတို့ သည် ကောင်းသောအစီအစဉ်များကိုပင် ဘ၀၏ ဝတ္တရားများကို
ရှောင်ကွင်းရန် အသုံး ပြုနိုင်သည်။
ခရစ်ယာန်တို့သည် မည်သည့်အရာကြည့်ရန်သာမက၊ မည်မျှ ကြာကြာ ကြည့်ရန်ကိုလည်း သတ်မှတ်ထားရမည်။ ထိုသို့ဖြင့်
ဝိညာဉ်ရေးကြီးထွားမှု၊ လူမှုရေး ဆက်ဆံမှုများနှင့်
ဘ၀ဝတ္တရား များစသည်တို့ထိခိုက်နစ်နာမည်မဟုတ်ချေ။
ကျွန်ုပ်တို့သည် အကဲဖြတ်နိုင်စွမ်းမရှိ၊ သို့မဟုတ်
မီဒီယာကိုထိန်းချုပ်နိုင်စွမ်းမရှိ ဖြစ်နေ ခဲ့လျှင်၊ ၎င်းတို့သည်
ကျွန်ုပ်တို့၏အသက်တာကို စိတ်ညစ်ညမ်းစေခြင်းအားဖြင့် သို့မဟုတ်
အချိန်ကိုအလွန်အကျွံအသုံးပြုခြင်းအားဖြင့် စိုးမိုးစေခြင်းထက် ၎င်းတို့ကို
ဘေးချိတ်လိုက် ခြင်းသည် သာ၍ကောင်းသည် (မ ၅း၂၉၊ ၃၀ ကိုဖတ်ပါ)။
ကောရိန္တုအသင်းတော်ကိုစာရေးရာတွင်၊ ပေါလုသည်
အကျင့်စာရိတ္တပြောင်း လဲခြင်း၏
အရေးကြီးသော အခြေခံမူကိုဖော်ပြခဲ့သည်။ ခရစ်တော်ကိုကြည့်ခြင်း အား ဖြင့်၊ ကျွန်ုပ်တို့သည် “ဘုန်းအသရေတိုးပွား၍၊
ပုံသဏ္ဌာန်တော်နှင့်အညီပြောင်းလဲ ခြင်းရှိ ရကြ၏” (၂ကော ၃း၁၈)။ ကြည့်ခြင်းသည် ပြောင်းလဲခြင်းကိုဖြစ်စေသည်။
ဤအခြေ ခံမူသည် အပျက်သဘော
ဆောင်သည့်ဘက်၌လည်း ဖြစ်လာသည်ကို ခရစ်ယာန်များ သည် အစဉ်သတိရရမည်။ လူသတ်မှု၊ လင်မယားအကြားဖောက်ပြန်မှု၊
ဓားပြတိုက်မှုနှင့် အခြားပျက်စီးစေသောလုပ် ဆောင်မှုများ
စသည့်လူသားတို့၏အပြစ်များနှင့် ရာဇဝတ်မှု များကို ကွက်ကွက်ကွင်းကွင်း
ပြသသောရုပ်ရှင်များသည် လက်ရှိကိုယ်ကျင့် တရား ပျက်ပြားမှုကိုဖြစ်စေသည်။
ဖိလိပ္ပိဩဝါဒစာ
၄း၈ မှ ပေါလု၏အကြံပြုချက်သည် တန်ဖိုးရှိသောအပန်းဖြေမှု ပုံစံများ
ကိုခွဲခြားသိမြင်နိုင်ရန် အခြေခံစည်းမျဉ်းကိုချပြသည်။ ]ညီအစ်ကိုတို့၊
သမ္မာတရားနှင့် ဆိုင် သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊
စင်ကြယ်သောအကျင့်၊ သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့်
ရှိသမျှတို့ကိုလည်းကောင်း၊ ပါရမီတစ်ပါးပါး၊ ကောင်းသောသတင်းတစ်ပါးပါးနှင့်
ဆိုင်သောအကျင့်တို့ကိုလည်းကောင်း၊ နှလုံးသွင်းကြလော့။}
၂။ စာဖတ်ခြင်းနှင့်တေးဂီတ။ အလားတူမြင့်မားသောစံချိန်စံညွှန်းသည် စာဖတ် ခြင်းနှင့် တေးဂီတတို့နှင့်လည်းသက်ဆိုင်သည်။ တေးဂီတသည်
စင်ကြယ်မြင့်မြတ်သော အတွေး အခေါ် များကိုနိုးထစေရန် ဘုရားသခင်၏ဆုလက်ဆောင်ဖြစ်သည်။
ထို့ကြောင့် ကောင်းသော တေးဂီတသည် အကျင့်စာရိတ္တ၏အကောင်းဆုံးသော အရည်အချင်း များ ကို
တိုးမြှင့်သည်။
အခြားတစ်ဖက်တွင်မူ၊ အဆင့်မရှိသောတေးဂီတသည် “ကိုယ်ကျင့်တရားကို ပျက် စီးစေပြီး၊ ဘုရားသခင်နှင့်ဆက်ဆံခြင်းမှကျွန်ုပ်တို့ကိုအဝေးသို့ဆွဲထုတ်သည်။ ”ထိုကြောင့်
ခရစ်တော်၏ နောက်လိုက်များသည် “JaZZ, rock တေးဂီတ၊ ထိုသို့သော တေးဂီတမျိုး သို့မဟုတ်
မိုက်မဲပေါ့တန်သောစိတ်ကူးယဉ်စာသားများကို ရှောင်ရှားရမည်” ခရစ်ယာန် တစ်ဦးသည် စိတ်ကူးယဉ်စာသား သို့မဟုတ်
သံစဉ်များဖြင့်ဖွဲ့ဆိုသော တေးဂီတကို နား မထောင်ချေ” (ရော ၁၃း၁၁-၁၄။ ၁ပေ၊ ၂း၁၁)။
စာဖတ်ခြင်းသည်လည်း အလွန်အဖိုးတန်သည်။ ကောင်းသောစာပေသည်
စိတ်ကို ပျိုးထောင်ပေး၍၊ အမြင်ကျယ်စေသည်။ သို့သော်၊ “မြောက်မြားစွာထွက်ရှိလာသော စာ ပေများသည် မကြာမကြာဆွဲဆောင်မှုအရှိဆုံးသောအသွင်ဖြင့်
စိတ်နှင့်ကိုယ်ကျင့် တရား ကို ဖျက်ဆီး သည်။
ပရမ်းပတာစွန့်စားမှု၊ အကျင့်သိက္ခာလျော့ရဲမှုဆိုင်ရာပုံပြင်တို့ သည် အမှန်ဖြစ်စေ၊
စိတ်ကူးယဉ်ဖြစ်စေ၊ မည်မျှပင်ကောင်းသော်လည်း၊ ခရစ်ယာန်များ မည်သည့်အရွယ်
အတွက်မဆိုမသင့်လျော်ချေ။} အဘယ်ကြောင့်ဆိုသော်၊
၎င်းတို့သည် မြင့်မြတ်၊ ရိုးသား၊ စင်ကြယ်သောနေထိုင်မှုပုံစံကို
အရသာမတွေ့ဖြစ်စေပြီး၊ ခရစ်တော် နှင့်
ပေါင်းစည်းခြင်း၏ တိုးတက်မှုကိုဟန့်တားသည်။
၃။ လက်မခံနိုင်သောအပြုအမူများ။ မြော်လင့်ခြင်းအသင်းသားများသည် လောင်းကစား ပြုခြင်း၊
ဖဲရိုက်ခြင်း၊ ပွဲလမ်းသဘင်သွားခြင်း၊ ကခုန်ခြင်းတို့ကိုရှောင်ကြဉ် ရန်လည်းသွန်သင်
သည် (၁ယော ၂း၁၅-၁၇)။ သူတို့သည် ကြမ်းကြုတ်သောအားကစား များကိုကြည့်ခြင်း၌
အချိန်ကုန်စေခြင်းကိုလည်း မေးခွန်းထုတ်သည် (ဖိ ၄း၈)။ ကျွန်ုပ် တို့၏ သခင်ဘုရားနှင့် ဆက် ဆံရေးကို အားနည်းစေ၍၊
ထာ၀ရကောင်းကျိုးကိုမျက်ခြည် ပြတ်စေသော အပြုအမူတစ်ခုခုသည်
ကျွန်ုပ်တို့ကိုစာတန်၏သံကြိုးများနှင့် ချည်နှောင် သည်။ ခရစ်ယာန်တို့ ကာယ၊ ဉာဏ၊ ဝိဉာဏတို့ကိုအားဖြည့်ပေးသော
သင့်မြတ်လျော် ကန်သည့် အပြုအမူများ၌
သာပါဝင်ကြ၏။
အာဟာရဖြစ်သောအစာ၏ကောင်းကျိုး။ ရှေးဦးစုံတွဲတို့အား ဖန်ဆင်းရှင်သည် အကောင်းဆုံးသော
အစားအစာကိုပေးခဲ့သည်။ “မြေတစ်ပြင်လုံး၌
စပါးသီးကိုဖြစ်စေ သော
စပါးပင်အမျိုးမျိုးတို့ကိုလည်းကောင်း၊ မျိုးစေ့ကိုဖြစ်စေသောအသီးနှင့် ပြည့်စုံ သောသစ်ပင်
အမျိုးမျိုးတို့ကိုလည်းကောင်း၊ သင်တို့စားစရာအဖို့ငါပေး၏” (က ၁း၂၉)။ အပြစ်ကျရောက်ပြီး နောက်၊ ဘုရားသခင်သည် “လယ်၌ဖြစ်သောဟင်းသီးဟင်းရွက်တို့ ကို” စားစရာအဖို့ထပ်
ပေးခဲ့သည် (က ၃း၁၈)။
ယနေ့ကျန်းမာရေးပြဿနာများသည် အစားအစာနှင့်
နေထိုင်မှုပုံစံတို့မှတိုက်ရိုက် လာသောရောဂါများကြောင့် ပိုဆိုးလာနေသည်။
ဘုရားသခင်စီမံသောအစားအစာတွင် ဂျုံ၊ စပါး၊ သစ်သီးများ၊ အခွံမာသီးများနှင့်
ဟင်းသီးဟင်းရွက်များပါဝင်ပြီး၊ ၎င်းတို့သည် အသင့်လျော် ဆုံးသောကျန်းမာရေးကို
ထောက်ပံ့သောအာဟာရများပါရှိသည်။
၁။ မူလအစားအစာ။ သမ္မာကျမ်းစာသည်
သန့်ရှင်းသောအသားစားခြင်းကို မရှုတ် ချပါ။ သို့သော်
လူသားများအတွက် ဘုရားသခင်၏မူလအစားအစာတွင် အသား မပါဝင် ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော်၊ ဘုရားသခင်သည်
တိရစ္ဆာန်အသက်ကိုသတ်ရန် မမျှော် မှန်းခဲ့ချေ။
သိပ္ပံပညာ၏အထောက်အထားများအရ မျှတသောဟင်းသီးဟင်းရွက်ကို စား ခြင်းသည် ကျန်းမာ ရေးအတွက်အကောင်းဆုံးဖြစ်သည်။
ဘက်တီးရီးယာပိုး သို့မဟုတ် ဗိုင်းရပ်စ်ပိုး ပါရှိ သော တိရစ္ဆာန်ထွက်အစားအစာကို
လူများစားသုံးခြင်းသည် သူတို့၏ ကျန်းမာရေးကို ထိခိုက်စေသော
ရောဂါကိုဖြစ်စေနိုင်သည်။ နှစ်စဉ်အမေရိကန်နိုင်ငံ တစ်ခု တည်းတွင် ကြက်ဘဲ အသားကြောင့် လူပေါင်းသန်းချီ၍
သေဆုံးရသည်ဟု ခန့်မှန်း ထားသည်။ အကြောင်းမှာ
ရောဂါ ပိုးများ ကို စစ်ဆေးရန်ပျက်ကွက်သောကြောင့်ဖြစ် သည်။
“အစားအစာမှဓာတုပစ္စည်းနှင့် တာရှည်ခံဆေးတို့ထက်
ဘက်တီးရီးယားပိုးမွှား သည် များစွာသာလွန်၍
အန္တရာယ်ရှိပြီး၊” ဤဘက်တီးရီးယားပိုးများကြောင့်
ဖြစ်သော ရောဂါများ အထောက်
အထားကိုလည်း ပိုမိုတိုးပွားလိမ့်မည်ဟု ကျွမ်းကျင်သူများက ဖော်ပြသည်။
ထို့ပြင်မက၊ မကြာသေးမီကလေ့လာမှုများအရ၊
အသားကိုပိုမိုစားသုံးလာခြင်း သည် သွေးကြောကျဉ်းရောဂါ၊ ကင်ဆာ၊ ကျောက်ကပ်ရောဂါ၊
အရိုးပွရောဂါ၊ အသား စားခြင်းမှ ရသော ရောဂါများကိုဖြစ်စေနိုင်ပြီး၊
အသက်ကိုတိုစေနိုင်သည်။
ဘုရားသခင်သည် ဧဒင်ဥယျာဉ်တွင်ပေးသောအစာဖြစ်သည့်
ဟင်းသီးဟင်းရွက် သည် အကောင်းဆုံးအစားအစာဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည်
တစ်ခါတစ်ရံ အ ကောင်းဆုံးကို
မရရှိနိုင်ချေ။ ထိုသို့သောအခြေအနေ သို့မဟုတ် နေရာမျိုးတွင် အသင့် လျော်ဆုံးသော ကျန်းမာရေးကိုရရှိလိုသောသူသည်
သူတို့ရနိုင်သည့်အကောင်းဆုံး သော အစာကိုစားလိမ့်မည်။
၂။ စင်ကြယ်သောအသားနှင့်မစင်ကြယ်သောအသား။ ရေလွှမ်းမိုးပြီး နောက်မှသာ ဘုရားသခင်သည် အသားကို
အစားအစာအဖြစ် စတင်ပေးခဲ့သည်။ ဟင်းသီး ဟင်းရွက် အားလုံးပျက်စီးသည်ဖြစ်ရာ၊
ဘုရားသခင်သည် နောဧနှင့်သူ၏မိသားစုအား အသားစား ခွင့် ကို ပေးခဲ့ပြီး၊ အသားထဲကအသွေးကိုမူ
မစားရန်စည်းကမ်းချမှတ်ခဲ့သည် (က ၉း၃-၅)။
ဘုရားသခင်သည် နောဧနှင့်သူ၏မိသားစုအား
စင်ကြယ်သောတိရစ္ဆာန်အဖြစ် ဘုရားခွဲ ခြား သတ်မှတ်သောအရာကိုသာပေးကြောင်း
သမ္မာကျမ်းစာကဖော်ပြသည်။ နောဧနှင့် သူ့ မိသားစုသည် အစားအစာအတွက်နှင့်
ယဇ်ပူဇော်ရန်အတွက် သန့်ရှင်းသော တိရစ္ဆာန်များကို လိုအပ်သည်ဖြစ်ရာ (က ၈း၂၀)၊
ဘုရားသခင်သည် နောဧကိုစင်ကြယ် သောတိရစ္ဆာန်တစ်မျိုးစီ
ကိုခုနစ်စုံစီနှင့် မစင်ကြယ်သောတိရစ္ဆာန်ကိုမူ တစ်မျိုးလျှင် တစ်စုံသာ ယူရန်ညွှန်ကြားခဲ့သည် (က ၇း၂၊၃)။ ဝတ်ပြုရာကျမ်း ၁၁
နှင့် တရားဟော ရာကျမ်း ၁၄ တို့သည်
စင်ကြယ်သော အစာနှင့် မစင်ကြယ်သောအစာကို ကျယ် ကျယ် ပြန့်ပြန့်ရှင်းလင်း
ထားသည်။
သဘာ၀အားဖြင့်၊ မစင်ကြယ်သောတိရစ္ဆာန်များသည်
အကောင်းဆုံးသောအစာ တွင်မပါဝင်ချေ။ ခြင်္သေ့နှင့်ဝက်မှစ၍
လင်းတနှင့်ရေအောက်မှအညစ်အကြေးစုပ် ငါး အမျိုးအစား
များအထိ များစွာသောတိရစ္ဆာန်တို့သည် အသေကောင်နှင့်အမှိုက်သရိုက် စား၊ သို့မဟုတ်
အသားစားများဖြစ်ကြသည်။ ၎င်းတို့၏အကျင့်ဓလေ့ကြောင့်၊ ၎င်းတို့ သည် ရောဂါပိုးများကို ပိုမိုသယ်ဆောင်လွယ်သည်။
“ဝက်သားနှင့် အခွံမာအကောင်တို့၌တွေ့ရသော အတန်အသင့်
ကိုလက်စထရော အပြင်၊ ၎င်းအစားအစာများသည် အဆိပ်များစွာရှိပြီး၊ အစာအဆိပ်သင့်မှုနှင့်
ဆက်နွှယ် နေသည်” ဟု
လေ့လာမှုများကဖော်ပြသည်။
မစင်ကြယ်သောအစားအစာကိုရှောင်ခြင်းအားဖြင့်၊
ဘုရားသခင်၏လူတို့သည် ပျက်စီး၍ မသန့်ရှင်းသောသူတို့၏ပတ်ဝန်းကျင်မှ
သူတို့ကိုရွေးနုတ်ခြင်းအတွက် ကျေးဇူး တင်ကြောင်း
ကိုပြသခဲ့ကြသည် (ဝတ် ၂ဝး၂၄-၁၆။ တရား ၁၄း၂)။ ဘုရားသခင်၏ ဝိညာဉ်တော် ကိန်းဝပ်ရာ
ကိုယ်ခန္ဓာထဲသို့ မစင်ကြယ်သောအစာကိုထည့်ခြင်းသည် ဘုရားသခင်၏ စံချိန်စံညွှန်းမှ
ယုတ်လျော့ခြင်းဖြစ်သည်။
ဓမ္မသစ်ကျမ်းသည် စင်ကြယ်သောအစာနှင့်
မစင်ကြယ်သောအစာတို့အကြား ခြားနား မှု ကိုမဖျက်သိမ်းခဲ့ချေ။ လူတချို့က
ဤအစားအစာဆိုင်ရာပညတ်ချက်များကို ဝတ်ပြုရာ ကျမ်းတွင်ဖော်ပြသောကြောင့်၊
၎င်းတို့သည် ဝိနည်းထုံးဖွဲ့ဆိုင်ရာများသာ ဖြစ်ရာ၊
ခရစ်ယာန်များ အတွက် အကျုံးမဝင်တော့ဟုယုံကြည်ကြသည်။ သို့ရာတွင် စင်ကြယ်
သောတိရစ္ဆာန်နှင့် မစင်ကြယ်သောတိရစ္ဆာန်အကြားခြားနားမှုသည် ဣသရေ လလူမျိုးမရှိမီ နှစ်များစွာက၊ နောဧ
အချိန်တွင်သတ်မှတ်ပြီးဖြစ်သည်။ ကျန်းမာရေးဆိုင် ရာစည်းမျဉ်းများအဖြစ်၊ ဤ အစားအစာ နှင့် ဆိုင်သောပညတ်များကို
ဆက်လက်စောင့် ထိန်းရမည်။
၃။ ရိုးစင်းမှု၊ နှစ်ဖက်ညီမျှမှုနှင့် ပုံမှန်ဖြစ်မှု။ အောင်မြင်သောအစားအစာ ဆိုင်ရာ ပြုပြင် ပြောင်းလဲခြင်းသည်
အဆင့်ဆင့်တိုးတက်ရမည်ဖြစ်၍၊ ပညာသားပါပါ လိုက် လျှောက်ရမည်။ နောက်ဆုံးတွင် အဆီများသောအစာ၊ သကြားပါသောအစား
အစာတို့ ကိုဖယ်ထုတ်ရန် သို့မဟုတ်
အနည်းငယ်သာစားသုံးရန် ကျွန်ုပ်တို့သင်ယူသင့် သည်။
ထို့ပြင်မက၊ ကျွန်ုပ်တို့စားသော အစာကို
ရိုးရိုးရှင်းရှင်းနှင့် အတတ်နိုင်ဆုံး သ ဘာ၀ကျ အောင်၊ အကောင်းဆုံးသောအကျိုးရရှိရန်အတွက်
ပြင်ဆင်ပြီး၊ အချိန်မှန်စားရမည်။ ရှုပ်ထွေး ပြီးလှုံ့ဆော်မှု ပေးသောအစာများသည်
ကျန်းမာရေး အတွက် အကောင်းဆုံး မဟုတ်ချေ။ များစွာ သောဟင်းခတ်အမွှေးအကြိုင်များသည်
အစာခြေရာလမ်းကြောင်းကို ကျိန်းစပ်စေပြီး၊ ၎င်းတို့ကိုစားသုံးသောဓလေ့သည်
ကျန်းမာရေးပြဿနာများစွာနှင့်ဆက်စပ်သည်။
ခရစ်ယာန်ဝတ်စားဆင်ယင်မှု၏ကောင်းကျိုး။ ဘုရားသခင်သည် အာဒံနှင့်ဧ၀ တို့ အတွက်
အလျင်ဦးဆုံးသောအဝတ်အစားကို စီမံပေးခဲ့ပြီး၊ ကျွန်ုပ်တို့သည်လည်း ယနေ့
သင့်လျော်သောအဝတ်အစားကို လိုအပ်ကြောင်းသိသည် (မ ၆း၂၅-၃၃)။ ကျွန်ုပ်တို့၏
အဝတ်အစားရွေးချယ်မှုသည် ရိုးရှင်းမှု၊ ဣန္ဒြေရမှု၊ အသုံးဝင်မှု၊ ကျန်းမာရေးနှင့်
ဆွဲ ဆောင်မှု စသည်
တို့အပေါ်အခြေခံရမည်။
၁။ ရိုးရှင်းသော။ ကျွန်ုပ်တို့အသက်တာ၏ အခြားကဏ္ဍအားလုံးမှာကဲ့သို့ပင်၊ ခရစ် ယာန်တို့အား ရိုးရှင်းမှုရှိရန်ဖိတ်ခေါ်ခြင်းကို
ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်မှုပုံစံက ထိခိုက် စေသည်။ “ခရစ်ယာန်သက်သေခံခြင်းသည်
ရိုးရှင်းရမည်။ ကျွန်ုပ်တို့၏ဝတ်စား ဆင်ယင် မှုက
ကျွန်ုပ်တို့ သည်မည်သူမည်ဝါဖြစ်သည်ကိုဖော်ပြသည်။”
၂။ ကောင်းသောအကျင့်သီလ။ ခရစ်ယာန်တို့သည် သူတို့အကျင့်စာရိတ္တ၏ တင့် တယ်မှုကို “ကိုယ်ကာယတပ်မက်ခြင်း” (၁ယော ၂း၁၆) နှိုးဆွသောစတိုင်အားဖြင့် ရုပ် ပျက်စေလိမ့် မည်မဟုတ်ချေ။ သူတို့သည်
သူတစ်ပါးကိုသက်သေခံလိုကြသည်ဖြစ်ရာ၊ လိင်ဆန္ဒကို နှိုးဆွ ပေး သည့်
ကိုယ်ခန္ဓာအစိတ်အပိုင်းများကိုပေါ်လွင်မနေစေဘဲ၊ ရိုးရိုး ယဉ်ယဉ်ဖြင့် ဝတ်စားပြမူလိမ့်မည်။
ဣန္ဒြေရခြင်းသည် ကိုယ်ကျင့်တရားကိုမြှင့်တင် ပေးသည်။ ခရစ်ယာန်တို့၏ ရည်ရွယ်ချက်သည် မိမိကိုယ်ကိုမဟုတ်ဘဲ၊
ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန် ဖြစ် သည်။
၃။ လက်တွေ့ဆန်ပြီးချွေတာရာရောက်ခြင်း။ သူတို့သည် ဘုရားသခင် ပေးသော ငွေ ကြေးကို
ထိန်းသိမ်းသောသူများဖြစ်သောကြောင့်၊ ခရစ်ယာန်တို့သည် ချွေတာရေးကို ကျင့်သုံးပြီး၊ “ရွှေတန်ဆာ၊ ကျောက်ပုလဲအဖိုးထိုက်သောအဝတ်” (၁တိ ၂း၉) များ ကိုရှောင်သည်။
သို့သော်လည်း၊ ချွေတာရေးကိုကျင့်သုံးခြင်းသည် ဈေးအနည်းဆုံးဖြင့်ရ နိုင်သောအဝတ် အစားဝယ်ခြင်းကိုမဆိုလိုပါ။ တစ်ခါတစ်ရံ၊ အရည်
အသွေးမြင့်သော အရာများသည် ရေရှည်
တွင်သာ၍ချွေတာရာရောက်သည်။
၄။ ကျန်းမာရေးနှင့်ညီညွတ်fသော။ လူတစ်ဦး၏ကျန်းမာရေးကို အစား အစာ ကသာ
အကျိုးသက်ရောက်စေသည်မဟုတ်ပါ။ ခရစ်ယာန်တို့သည် ကိုယ်ခန္ဓာကိုလုံလုံ ခြုံခြုံ မကာ
ကွယ်သောအဝတ်အစားပုံစံများ သို့မဟုတ် ကျန်းမာရေးကိုထိခိုက်စေသော ဝတ်စားဆင်
ယင်မှုများကိုရှောင်လိမ့်မည်။
၅။ ကျက်သရေရှိပြီး၊ သဘာ၀ကျသည့်လှပသောအသွင်။ ခရစ်ယာန်တို့ သည် “လောကီစည်းစိမ်၌ဝါကြွားခြင်း”
(၁ယော ၂း၁၆) အကြောင်းသတိပေးချက်ကို နားလည် ကြသည်။ တောနှင်းပင်တို့ကိုရည်ညွှန်းလျက်၊ ယေရှုက၊ “ဘုန်းကြီးသော ရှောလမုန် မင်းကြီး၏ အဝတ် သည် ထိုအပင်တစ်ပင်မျှ၏အဝတ်ကိုမမီ” (မ ၆း၂၉) ဟုဆိုခဲ့သည်။ ထို့ကြောင့်၊ ဘုရားသခင် သည်
လှပတင့်တယ်မှုကို ကျက်သရေ၊ ရိုးရှင်းမှု၊ စင်ကြယ်မှုနှင့် သဘာ၀အလှတို့အားဖြင့်
သတ်မှတ်ကြောင်း သူဥပမာပေးခဲ့သည်။ ခေတ္တခဏပန်းဖက် ရှင်များ၌ မြင်ရသကဲ့သို့၊ လောကဆန်သောဝတ်စားဆင်ယင်မှုသည်
ဘုရားသခင်၏ မျက်စိတွင်
တန်ဖိုးမရှိချေ (၁တိ ၂း၉)။
ခရစ်ယာန်တို့သည် လောကီသားကဲ့သို့ဝတ်စားမှုနှင့်
ပြုမူခြင်းအားဖြင့်မဟုတ်ဘဲ၊ ဆွဲဆောင်မှုရှိပြီး၊
လန်းဆန်းမှုရှိသောခြားနားမှုအားဖြင့် မယုံကြည်သူများကိုအောင်နိုင် သည်။ ပေတရုက မယုံကြည်သောလင်ယောက်ျားများသည် “ကြောက်ရွံ့ခြင်းနှင့် စင် ကြယ်သော အကျင့်တို့ကိုထောက်ရှု၍၊ မိမိမယား၏အကျင့်အားဖြင့်
သွေးဆောင်လျက် အတူပါမည် အကြောင်းရှိ၏” ဟုဆိုသည်။
အပြင်ပန်းတန်ဆာဆင်ခြင်းအစား၊ ယုံကြည် သူများသည် “ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်သော
နူးညံ့ငြိမ်သက်ခြင်း သဘော တည်းဟူသော
မဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေကြလော့”
(၁ပေ ၃း၁-၄) ဟုသူအကြံပြုခဲ့သည်။ သမ္မာကျမ်းစာက သွန်သင်သည်မှာ-
(က) အကျင့်စာရိတ္တသည်လူတစ်ဦး၏စစ်မှန်သောလှပမှုကိုပြသသည်။ ပေတရု နှင့်
ပေါလုတို့သည် တန်ဆာဆင်ခြင်းအရာ၌ ခရစ်ယာန်ယောက်ျားနှင့်မိန်းမတို့ကို လမ်းပြ ရန်အတွက် အခြေခံစည်းမျဉ်းကိုချပြကြသည်။ “သင်တို့၌တန်ဆာဆင်ခြင်းမူကား၊ ဆံပင် ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော
အပြင်တန်ဆာဆင်ခြင်းမဖြစ် စေနှင့်” (၁ပေ ၃း၃)။ “မိန်းမတို့သည်
ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ၊ အဖိုးထိုက် သောအဝတ်နှင့်ကိုယ်ကိုမဆင်ဘဲ၊
ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်း အား ဖြင့်လျောက်ပတ် သောအဝတ်နှင့်လည်းကောင်း၊ ဘုရားသခင်အား
ရိုသေလေးမြတ် ခြင်း ကိုဝန်ခံပြုစုသော မိန်းမဆင်သင့်သည်အတိုင်း
ကောင်းသောအကျင့်နှင့်လည်းကောင်း၊ ကိုယ်ကိုတန်ဆာဆင် စေ ခြင်းငှာ ငါအလိုရှိ၏” (၁တိ ၂း၉၊၁၀)။
(ခ) ရိုးရှင်းမှုသည် ပြုပြင်ပြောင်းလဲခြင်း၊
ပြန်လည်နိုးကြားခြင်းတို့နှင့်ကိုက်ညီ သည်။ ယာကုပ်သည် သူ၏မိသားစုအား မိမိတို့ကိုယ်ကို
ဘုရားသခင်ထံဆက်ကပ်ရန် တောင်းဆိုသောအခါ၊ သူတို့သည် “မိမိတို့၌ပါသော
တစ်ပါးအမျိုးသားတို့၏ ဘုရား အပေါင်းတို့နှင့်၊ နား၌ ပန်သောနားပန်တန်ဆာရှိသမျှတို့ကို
ယာကုပ်အားပေး၍၊ ယာကုပ် သည်လည်း
ရှေခင်မြို့နားတွင်ရှိသော သပိတ်ပင်အောက်၌မြှုပ်ထားလေ၏” (က ၃၅း ၂၊၄)။
ဣသရေလတို့သည် ရွှေနွားသငယ်ရုပ်ကိုးကွယ်ဖောက်ပြန်ပြီးနောက်၊ ဘုရားသခင် သည် သူတို့ကို “သင်တို့၌အဘယ်သို့ငါပြုရမည်ကိုငါသိခြင်းငှာ၊
သင်တို့တန်ဆာများကို ချွတ် ကြလော့” ဟုမိန့်တော်မူခဲ့သည်။
“ဣသရေလအမျိုးသားတို့သည် ဟောရပ်တောင် ခြေရင်း၌
မိမိတို့တန်ဆာများကိုချွတ်ကြ၏” (ထွက် ၃၃း၅၊၆)။
ဤအယူဖောက်ပြန်မှု သည် “ကပ်ကာလ အဆုံးတွင်ဖြစ်သော
ငါတို့ကိုဆုံးမစရာဖို့ ကျမ်းစာ၌ရေးထားလျက်ရှိ သတည်း” (၁ကော ၁ဝး၁၁) ဟူ၍
ပေါလုကရှင်းလင်းစွာဖော်ပြသည်။
(ဂ) ကောင်းသောဘဏ္ဍာစိုးသည် ပေးဆပ်သောနေထိုင်မှုကိုလိုအပ်သည်။ ကမ္ဘာ ပေါ်ရှိ
လူများစွာတို့သည် အာဟာရချို့တဲ့နေချိန်တွင် ခရစ်ယာန်တို့၏ရှေ့တွင် ဈေးကြီး သောအဝတ်အစားများ၊ ကားများ၊ လက်ဝတ်လက်စားနှင့်
ဇိမ်ခံအိမ်ကြီးများဟူသော ရုပ်ဝါဒစုံစမ်းခြင်းရှိနေသည်။
နေထိုင်မှုပုံစံနှင့် ပုံပန်းသဏ္ဌာန်၏ရိုးရှင်းမှုသည် ခရစ်ယာန် များကို လူထက်ပစ္စည်းဥစ္စာ ကို တန်ဖိုးထားသော (၂၁)
ရာစုလူ့အဖွဲ့အစည်းမှ လောဘ ကြီးခြင်း၊ ရုပ်ဝါဒ၊
အပြင်အဆင် လွန်ကဲခြင်းစသည်တို့နှင့် လုံး၀ခြားနားစေသည်။ ဤ သမ္မာကျမ်းစာ၏ သွန်သင်ချက်များနှင့်
အထက်ကချပြသောအခြေခံစည်းမျဉ်းတို့၏ရှု ထောင့်တွင်၊
ခရစ်ယာန်တို့သည် မိမိတို့ ကိုယ် ကို လက်ဝတ်ရတနာများမဆင်မြန်း သင့်ဟူ၍
ကျွန်ုပ်တို့ယုံကြည်သည်။ လက်စွပ်၊ နားကပ် နားကွင်း၊ လည်ဆွဲနှင့် လက်ဝတ်
တန်ဆာ၊ ကြွားလွန်းသောလည်စည်း၊ ရှပ်အင်္ကျီလက် ကြယ်သီးနှင့် ဆံထိုးရင်ထိုး
စသည်တို့ကိုဝတ်ဆင်ခြင်းသည် မလိုအပ်ကြောင်းနှင့် သမ္မာကျမ်း စာ ကတိုက်တွန်းသော
ရိုးရှင်းသောဆင်ယင်မှုနှင့်လည်း မကိုက်ညီကြောင်းကို ကျွန်ုပ်တို့ နားလည်သဘော ပေါက်ထားသည်။
သမ္မာကျမ်းစာကလွန်ကဲသောအလှပြင်ဆင်မှုကို ဒိဋ္ဌိဝါဒ၊
အယူဖောက်ပြန်ခြင်း တို့နှင့် ဆက်စပ်သည် (၄ရာ ၉း၃၀။ ယေ ၄း၃၀)။ ထို့ကြောင့်
အလှပြင်ပစ္စည်းများနှင့် ပတ်သက်၍ ခရစ်ယာန်တို့သည်
ကျန်းမာရေးနှင့်ညီညွတ်သောသဘာ၀အလှပုံပန်းကို ထိန်းသိမ်းရမည် ဟူ၍
ကျွန်ုပ်တို့ယုံကြည်သည်။ အကယ်၍ကျွန်ုပ်တို့သည် အပြောအဆို၊ အပြုအမူ၊ အဝတ်
အစားတို့တွင် ကယ်တင်ရှင်ကိုမြှောက်ထားလျှင်၊ လူများကိုသူ့ထံသို့ ဆွဲဆောင်သော
သံလိုက်ကဲ့သို့ ကျွန်ုပ်တို့ဖြစ်လာသည်။
ခရစ်ယာန်စံချိန်စံညွှန်းများ၏အခြေခံမူ
ခရစ်ယာန်နေထိုင်မှုပုံစံအားလုံးသည်
ခရစ်တော်အားဖြင့်ရသောကယ်တင်ခြင်းကို တုံ့ ပြန်ခြင်းဖြစ်သည်။ ခရစ်ယာန်တို့သည်
ဘုရားသခင်ကိုဂုဏ်ပြုရန်နှင့် ယေရှုနေထိုင် မည့်ပုံစံ ဖြင့်
အသက်ရှင်ရန်အလိုရှိကြသည်။ လူတချို့က ခရစ်ယာန်နေထိုင်မှုပုံစံသည် တားမြစ်ထား
သည့်အရာများနှင့် ပြည့်နေသည်ဟုရှုမြင်ကြသော်လည်း၊ ကျွန်ုပ်တို့သည် ၎င်းကို ကယ်တင်
ခြင်းဘောင်အတွင်းမှ အပြုသဘောဆောင်သောစည်းမျဉ်း များအဖြစ် မြင်ရမည်။
ကျွန်ုပ်တို့ သည် ကြွယ်၀သောအသက်ကိုရမည်အကြောင်း သူလာသည်ဟု
ယေရှုကအလေးပေးပြောဆိုသည်။ ကျွန်ုပ်တို့ကိုပြည့်၀သောအသက်တာသို့ ပို့ဆောင် သော အခြေခံမူများကား အဘယ်နည်း။ သန့်ရှင်းသောဝိညာဉ်တော်သည်
တစ်ဦးချင်းစီ အသက်တာထဲသို့ဝင် ရောက် လာသောအခါ၊
ထိုပုဂ္ဂိုလ်၏ပတ်ဝန်းကျင်ရှိလူတို့အတွက် ထင်ရှားသောပြောင်းလဲမှုသည် သက်သေဖြစ်သည်
(ယော ၃း၈)။ ဝိညာဉ်တော်သည် အသက်တာတွင် ပြောင်းလဲမှုကို စတင် သည်သာမက၊ သူ၏အကျိုးသက်ရောက်
စေမှုသည် ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။ ဝိညာဉ်တော်၏အသီးသည် ချစ်ခြင်းမေ တ္တာဖြစ်သည် (ဂလ ၅း၂၂၊၂၃)။ ခရစ်ယာန်ဘာသာ၏ ခိုင်လုံမှုအတွက်
အားအကောင်း ဆုံးသောအကြောင်းပြချက်မှာ
ချစ်တတ်သောခရစ်ယာန်နှင့် ချစ်စရာကောင်းသော ခရစ် ယာန်ဖြစ်ခြင်းဖြစ်သည်။
ခရစ်တော်၏စိတ်သဘောနှင့်နေထိုင်ခြင်း။ “ယေရှုခရစ်၌ရှိသော ထိုစိတ်
သဘော ကို
သင်တို့၌လည်းရှိစေကြလော့” (ဖိ ၂း၅)။
ကောင်းသည်ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ၊ အခြေအနေအားလုံးအောက်တွင်၊ ကျွန်ုပ်တို့သည်
ခရစ်တော်၏အလိုတော်နှင့် စိတ်သ ဘောကို နားလည်
ရန်နှင့် ထိုအတိုင်းအသက်ရှင်ရန်ကြိုးစားရမည် (၁ကော ၂း၁၆)။
အယ်လင်ဂျီဝှိုက်သည် ခရစ်တော်နှင့်ဆက်ဆံသောအသက်တာ၏လှပသောရလဒ်
များကို ရေးမှတ်ခဲ့သည်။ “စစ်မှန်သောနာခံမှုအားလုံးသည်
စိတ်နှလုံးမှလာသည်။ စိတ် နှလုံးသည်
ခရစ်တော်နှင့်အတူအလုပ်လုပ်သည်။ ကျွန်ုပ်တို့လိုက်လျောမည်ဆိုလျှင်၊ သူ သည် ကျွန်ုပ်တို့ ၏အတွေးများနှင့်ရည်ရွယ်ချက်များ၌
မိမိကိုယ်ကိုထင်ရှားစေ၍၊ ကျွန်ုပ် တို့၏စိတ်နှလုံးကို
သူ၏ အလိုတော်နှင့် ကိုက်ညီစေရန် ပေါင်းစပ်လိမ့်မည်။ ကျွန်ုပ်တို့ သည် သူ့စကားကိုနားထောင်သောအခါ၊
ကျွန်ုပ်တို့ကိုယ်ပိုင်ဆန္ဒဖြင့် ဆက်လက်လုပ် ဆောင်မည်။ သန့်ရှင်းစင်ကြယ်စေသောလိုအင်ဆန္ဒသည်
သူ၏အလိုတော်ကို ထမ်း ဆောင်ရာတွင်
အမြင့်မားဆုံးသော ပျော်ရွှင်မှုကိုရှာတွေ့လိမ့်မည်။ ဘုရားသခင်အား
သိကျွမ်းခြင်းကိုအခွင့်အရေးအဖြစ် ကျွန်ုပ်တို့သိလာသောအခါ၊ ကျွန်ုပ်တို့၏အသက်တာ သည် ဆက်လက်နာခံမှုရှိသော အသက်တာဖြစ်လိမ့်မည်။
ခရစ်တော်၏စာရိတ္တတော် ကိုမြတ်နိုး၍၊ ဘုရားသခင်နှင့် ရင်းနှီးစွာ
ဆက်ဆံခြင်းအားဖြင့်၊ အပြစ်သည် ကျွန်ုပ်တို့ အတွက်မုန်းစရာဖြစ်လာလိမ့်မည်။”
ဘုရားသခင်ကိုချီးမွမ်း၍
ဘုန်းတော်ထင်ရှားစေရန်အသက်ရှင်ခြင်း။ ဘုရားသခင် သည် ကျွန်ုပ်တို့အတွက်များစွာလုပ်ပေးခဲ့ပြီ။
ကျေးဇူးတင်ကြောင်းပြသနိုင်သည့် နည်း လမ်းတစ်ခု မှာ သူ့ကိုချီးမွမ်းခြင်းဖြစ်သည်။
ဆာလံကျမ်းသည် ဝိညာဉ်ရေးအသက်တာ၏ဤဘက်အခြမ်းကို အထူးအလေး ပေးသည်။ “ဘုန်းတန်ခိုးအာနုဘော်တော်ကိုမြင်ခြင်းငှာ၊
သန့်ရှင်းရာဌာနတော်၌ ထိုသို့ ကိုယ်တော်ကို ဖူးမြော်ပါပြီ။ ကရုဏာတော်သည် အသက်ထက်သာ၍
ကောင်းသော ကြောင့်၊
အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကိုချီးမွမ်းရပါမည်။ ထိုသို့အသက်ရှင်စဉ်တွင်
ကိုယ်တော် ကိုကောင်းချီးပေးပါမည်။ နာမတော်ကိုအမှီပြုလျက် လက်ကိုချီပါမည်။
အိပ်ရာပေါ် မှာ ကိုယ် တော်ကိုအောက်မေ့၍၊ ညဉ့်ယံတို့၌ ကိုယ်တော်ကိုဆင်ခြင်လျက်
နေသောအခါ၊ ဆီဥကို လည်းကောင်း၊ ဆူသောအသားကိုလည်းကောင်း စား၍၀သကဲ့သို့၊
အကျွန်ုပ်၏ဝိညာဉ်သည် ၀၍ရွှင်လန်းသောနှုတ်ခမ်းနှင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်
ကိုချီးမွမ်းပါမည်” (ဆာ ၆၃း၂-၅)။
ခရစ်ယာန်များအတွက်၊ ထိုသို့သောချီးမွမ်းသည့်စိတ်သဘောထားသည်
အသက် တာ၏
အခြားသောအရေးကိစ္စများကို သင့်လျော်သောရှုထောင့်တွင်ထားရှိလိမ့်မည်။
အပြစ်တရား၏ပြစ်ဒဏ်နှင့်တန်ခိုးတို့မှ ကျွန်ုပ်တို့ကိုကယ်နုတ်သည့်အသေခံသော ကယ် တင်ရှင် ကိုကြည့်ခြင်းဖြင့်၊ ကျွန်ုပ်တို့သည် “နှစ်သက်တော်မူသောအကျင့်တို့ကို” (၁ယော ၃း၂၂) သာလုပ်ဆောင်ရန် စိတ်တက်ကြွကြသည်။
ခရစ်ယာန်တို့သည် “သူတို့အတွက် ကြောင့်
အသေခံပြီးမှထမြောက်တော်မူသောသူ၏အလိုသို့လိုက်၍} အသက်ရှင်ကြသည် (၂ကော ၅း၁၅)။
စစ်မှန်သောခရစ်ယာန်တို့သည် သူတို့ပြုလုပ်သောအရာအားလုံး၊ စဉ်းစား သောအရာအားလုံး၊
ပြောသောအရာအားလုံး၊ လိုချင်သောအရာအားလုံးတို့၌ ဘုရား သခင်ကို ပထမနေရာတွင် ထားလိမ့်မည်။ သူတို့၏ရွေးနုတ်ရှင်မှတစ်ပါး အခြားသော ဘုရားတို့၌မရှိချေ (၁ကော ၁ဝး၃၁)။
စံနမူနာဖြစ်ရန်အသက်ရှင်ခြင်း။ ပေါလုက တစ်စုံတစ်ဦး၏ “ထိမိ၍လဲစရာ အ ကြောင်း” (၁ကော ၁ဝး၃၃)
မဖြစ်ရန်ပြောသည်။ “ဘုရားသခင်ကိုပြစ်မှားပြီ၊
လူတို့ ကိုပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည် ကိုယ်၌အပြစ်တင်ခွင့်နှင့်
အစဉ်ကင်းလွတ်မည် အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုတ်ပါ၏” (တ ၂၄း၁၆)။ ကျွန်ုပ်တို့၏ စံနမူ နာသည် တစ်ပါးသူတို့ကို အပြစ်သို့ပို့ဆောင်ခဲ့သော်၊
ကျွန်ုပ်တို့သည် ခရစ်တော်အသေခံ ခဲ့သောသူတို့အတွက် ခလုတ်တိုက်စရာဖြစ်လာသည်။ “ထိုသခင်၌ ငါတည်၏ဟု ဆိုသော သူသည် ထိုသခင်ကျင့်တော်မူ သည်နည်းတူကျင့်ရမည်” (၁ယော ၂း၆)။
အမှုဆောင်ရန်အသက်ရှင်ခြင်း။ ခရစ်ယာန်တို့အသက်ရှင်ခြင်း၏အဓိက ရည်ရွယ် ချက်မှာ
ပျောက်ဆုံးသောယောက်ျားမိန်းမတို့ကိုကယ်တင်ရန်ဖြစ်သည်။ ပေါလုက “လူ များတို့သည်
ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှာ၊ ငါသည် ကိုယ်အကျိုးကိုမရှာဘဲ၊ သူ့ အကျိုးကိုရှာ၍၊ ခပ်သိမ်းသောလူတို့၏အလိုသို့ အရာရာ၌လိုက်သည်” (၁ကော ၁ဝး၃၂၊ ၃၃)။
သတ်မှတ်ချက်များနှင့်လမ်းညွှန်ချက်များ
ကျွန်ုပ်တို့၏နေထိုင်မှုပုံစံသည်
ကျွန်ုပ်တို့၏ဝိညာဉ်ရေးအတွေ့အကြုံနှင့်သက်သေ ခံခြင်းတို့ကို
အကျိုးသက်ရောက်စေသည်ဖြစ်ရာ၊ အသင်းတော်အဖွဲ့အစည်းအနေဖြင့် ကျွန်ုပ်တို့သည်
အသင်းသားများဖြစ်လာရန်အတွက် နေထိုင်မှုပုံစံ စံချိန်စံညွှန်းတချို့ကို
အနည်းအကျဉ်းမျှသတ်မှတ်ထားသည်။ ဤစံချိန်စံညွှန်းတွင် ဆေးရွက်ကြီး၊ သေရည် သေရက်၊
စိတ်ကိုပြောင်းလဲစေသောဆေးများ၊ မစင်ကြယ်သောအသားများ စသည်တို့ ကို ရှောင်ကြဉ် ခြင်း၊ ဝတ်စားဆင်ယင်မှုကိစ္စနှင့်
အချိန်ပိုအသုံးပြုခြင်းတို့တွင် ခရစ်ယာန် အတွေ့အကြုံ၌ ကြီးထွားခြင်းတို့ပါဝင်သည်။
ဤအနည်းအကျဉ်းမျှသော စံချိန်စံညွှန်း များသည်
ယုံကြည်သူအတွက် ဘုရားသခင်၏စံနမူနာအားလုံးကိုမခြုံငုံမိချေ။ ၎င်းတို့ သည် တောက်ပသော ခရစ်ယာန်အတွေ့အကြုံ၌ ကြီးထွားခြင်း၏ပထမအဆင့် သာဖြစ် သည်။
ဤစံချိန်စံညွှန်းများသည် ယုံကြည်သူလူ့အသိုက်အဝန်းအထဲတွင် စည်းလုံးရန် အခြေခံ လိုအပ်ချက်ကိုပေး၏။
ခရစ်ယာန်အပြုအမူကြီးထွားမှုတည်းဟူသော
ဘုရားသခင်နှင့်တူခြင်းသည်အဆင့် ဆင့်တိုးတက်ပြီး၊
ခရစ်တော်နှင့် တစ်သက်လုံးပေါင်းဖော်ခြင်းလည်းပါဝင်သည်။ သန့်ရှင်း သောအသက်ရှင်ခြင်းသည် ခရစ်တော်၏စိုးမိုးမှုအောက်၌ နေ့စဉ် နေလိုစိတ်၊ သမ္မာကျမ်း နှင့် ဆုတောင်းခြင်းတို့၌ဖော်ပြသည့်
သူ၏သွန်သင်ချက်များအတိုင်းနေ့စဉ် သဘောထား ကိုက်ညီခြင်းတို့ပင်ဖြစ်သည်။
မတူညီသောစံနှုန်းများဖြင့် ကျွန်ုပ်တို့သည် ရင့်ကျက်လာ သည် ဖြစ်ရာ၊ ကျွန်ုပ်တို့သည်
ပိုမိုအားနည်းသောညီအစ်ကိုမောင်နှမများအား ဝေဖန်ခြင်း မှ ရှောင်ကြဉ်ရန် အရေးကြီးသည် (ရော ၁၄း၁။ ၁၅း၁)။
ကယ်တင်ရှင်နှင့်ရင်းနှီးသောပေါင်းဖော်ခြင်း၌
ခရစ်ယာန်တို့၏စံနမူနာတစ်ခုမှာ သူ တို့၏
ကယ်တင်ခြင်းအတွက် ကြွယ်၀သော အကြံအစည်ကိုပေးသော ကောင်းကင်ဘုံရှိ ခမည်းတော်ကို
အကောင်းဆုံးဂုဏ်ပြုခြင်းဖြစ်သည်။ ထို့ကြောင့် “သင်တို့သည်
စားသော် လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကိုပြုသော်လည်းကောင်း၊
ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့” (၁ကော ၁ဝး၃၁)။
- ၀ -
No comments:
Post a Comment