Friday, March 7, 2025


                                                                           
အခန်း - ၂၄

ကောင်းကင်သန့်ရှင်းရာဌာနထဲက

ခရစ်တော်၏အမှုတော်

ကောင်းကင်နိုင်ငံတွင်လူမဆောက်ဘဲ၊ ထာ၀ရဘုရားဆောက်သောတဲတော် စစ် တည်းဟူသောသန့်ရှင်းရာဌာနတစ်ခုရှိသည်။ ထိုနေရာတွင် ခရစ်တော်သည် ကျွန်ုပ် တို့၏ ကိုယ်စားအမှုတော်ကို ဆောင်ရွက်ပြီး၊ လက်ဝါးကပ်တိုင် ပေါ်တွင် လူသားများအား လုံးအတွက်တစ်ကြိမ်တည်း အပြစ်ဖြေရာယဇ်၏ အကျိုးကျေးဇူးများကို ယုံကြည် သူတို့ အားရရှိနိုင်စေသည်။ ကောင်းကင်သို့ တက်ကြွချိန်တွင် ကျွန်ုပ်တို့၏ ယဇ်ပုရော ဟိတ် မင်းအဖြစ် ခန့်အပ်ခြင်းကိုခံရ၍၊ မြေကြီးပေါ်ရှိသန့်ရှင်းရာဌာနတွင် ယဇ်ပုရော ဟိတ်မင်း ၏လုပ်ငန်းက ပုံဆောင်သောသူ၏ ကြားဖျန်ဖြေခြင်းလုပ်ငန်းကိုစတင်ခဲ့သည်။ ရက်ပေါင်း (၂၃၀၀) ၏ အနာဂတ္တိကာလ၏ အဆုံးဖြစ်သော (၁၈၄၄ ခုနှစ်) တွင်၊ သူ၏အပြစ်ဖြေခြင်း လုပ်ငန်း၏ဒုတိယနှင့် နောက်ဆုံး ကဏ္ဍကိုစတင်ခဲ့သည်။ ထိုအမှုတော်ကို မြေကြီးပေါ် ရှိ အသန့်ရှင်းဆုံးဌာနတွင် ယဇ်ပုရော ဟိတ်မင်း၏အလုပ်ကပုံဆောင်သည်။ ၎င်းသည် အပြစ်အားလုံးကို နောက်ဆုံးဖယ်ရှားပစ်ခြင်း၏ အစိတ်အပိုင်းဖြစ်သည့် စုံစမ်းစစ်ဆေး သော တရားစီရင်ခြင်းဖြစ်၍၊ ၎င်းကိုအပြစ် ဖြေရာနေ့တွင် ရှေးဟေဗြဲတို့၏သန့်ရှင်းရာ ဌာနကို သန့်ရှင်းစင်ကြယ်စေခြင်းဖြင့်လည်း ကိုယ် စားပြုခဲ့သည်။ ထိုပုံဆောင်မှုလုပ်ငန်း တွင် သန့်ရှင်းရာဌာနကို ယဇ်ကောင်၏ အသွေးဖြင့် သန့်စင်စေရပြီး၊ သို့သော် ကောင်း ကင်နှင့် ဆိုင်သောအရာများကိုမူ ယေရှု၏ပြီးပြည့်စုံသော အသွေးဖြင့် စင်ကြယ်စေသည်။ စုံစမ်းစစ်ဆေးသောတရားစီရင်ခြင်းသည် ကောင်းကင်သား တို့အား ကွယ်လွန်သောသူတို့ တွင် မည်သူများသည် ခရစ်တော်၌အိပ်ပျော်၍၊ ပထမ ရှင်ပြန် ထမြောက်ခြင်းနှင့် ထိုက် တန်သော သူဖြစ်သည်ကိုဖော်ပြပေးသည်။ ၎င်းပြင် အသက်ရှင် သော သူတို့တွင်လည်း ခရစ်တော်၌ တည်၍၊ ကိုယ်တော်၌ဘုရားသခင်၏ပညတ်ချက်များနှင့် ယေရှု၏ယုံကြည် ခြင်းကို စောင့်ရှောက်သောကြောင့် ထာ၀ရနိုင်ငံထဲသို့ ယူဆောင်ခြင်းကို ခံရ ရန် အဆင် သင့်ရှိစေ သောသူတို့ကိုလည်း ပေါ်လွင်စေလိမ့်မည်။ ဤတရားစီရင်ခြင်းသည် ယေရှုကို ယုံကြည် သောသူတို့အားကယ်တင်ရာတွင် ဘုရားသခင်၏ တရားမျှတမှုကို သက်သေထူ လျက်ရှိသည်။ ၎င်းသည် ဘုရားသခင်ဘက်၌သစ္စာရှိလျက် ကျန်ခဲ့သောသူတို့သည် နိုင်ငံ တော်ကို ဝင်စားမည်ဖြစ်ကြောင်းကိုကြေညာသည်။ ဤခရစ်တော်၏ ယဇ်ပုရော ဟိတ် လုပ်ငန်း ပြီးဆုံးခြင်းကို ခရစ်တော်ဒုတိယအကြိမ်မကြွလာမီ လူသားများအတွက် ကရု ဏာအချိန် ကုန်ဆုံးခြင်းကပြသလိမ့်မည်။ (ဝတ် ၁၆။ တော ၁၄း၃၄။ ယေဇ ၄း၆။ ဒံ ၇း၉-၂၇။ ၈း၁၃၊၁၄။ ၉း၂၄-၂၇။ ဟေဗြဲ ၁း၃။ ၂း၁၆၊၁၇။ ၄း၁၄-၁၆။ ၈း၁-၅။ ၉း၁၁-၂၈။ ၁ဝး၁၉-၂၂။ ဗျာ ၈း၃-၅။ ၁၁း၁၉။ ၁၄း၆၊ ၇။ ၂ဝး၁၂။ ၁၄း၁၂။ ၂၂း၁၁၊၁၂။)

ညနေပိုင်း ယဇ်ပူဇော်သည့်အချိန်ရောက်လာသည်။ ယဇ်ပုရောဟိတ်သည် ယေရု ရှလင်မြို့ရှိ ဗိမာန်တော်တွင် သိုးသငယ်ပူဇော်ရန် အဆင်သင့်ရှိနေသည်။ ယဇ်ကောင်ကို သတ်ရန် လက်မြှောက်သည့်အချိန်တွင် အပြင်းအထန်မြေကြီးလှုပ်လာသည်။ ကြောက်ရွံ့ ၍၊ ဓားမြှောင် ကို လွှတ်လိုက်ရာ၊ သိုးသငယ်လွတ်မြောက်သွားသည်။ မြေငလျင်လှုပ်သံ ထက်ကျယ်သည့် မမြင်နိုင်သောလက်က ဗိမာန်တော်ရှိကန့်လန့်ကာကို အထက်မှအောက် သို့ ဆုတ်ဖြဲသည့် အသံ ကျယ်ကြီးကို သူကြားရသည်။

မြို့အနှံ့၊ တိမ်မည်းကြီးသည် လက်ဝါးကပ်တိုင်ကိုဖုံးထားသည်။ ထိုအချိန်တွင် ဘုရားသခင်၏ပသခါသိုးသငယ်တည်းဟူသောယေရှုသည် “အမှုပြီးပြီဟုကြွေးကြော် သည်။ သူသည် လောကီသားတို့အပြစ်များအတွက် အသေခံခဲ့သည်။

စစ်မှန်သော အရာသည် ပုံဆောင်သော အရာကို ပြည့်စုံစေခဲ့ပြီ။ ရာစုနှစ်များ တစ် လျှောက် ဗိမာန်တော်လုပ်ငန်းများကညွှန်ပြခဲ့သော ထိုဖြစ်ရပ်သည်ဖြစ်လာခဲ့ပြီ။ ကယ် တင်ရှင်သည် သူ၏အပြစ်ဖြေခြင်းယဇ်ကိုပြည့်စုံစေခဲ့ပေပြီ။ စစ်မှန်သောအရာသည် ပုံဆောင်မှုကို ပြည့်စုံစေသောကြောင့်၊ ဤအသေခံခြင်းကို နိမိတ်ပြခဲ့သောဝိနည်းထုံး ဖွဲ့များသည် အစားထိုးခံရလေပြီ။ ထို့ကြောင့် ကန့်လန့်ကာသည်စုတ်ပြဲ၍ ဓားမြှောင် လွှတ် ကျကာ၊ သိုး သငယ်လွတ်မြောက်ခဲ့သည်။

သို့သော်၊ ကယ်တင်ခြင်းစီမံကိန်းသည် ဤအရာထက်ပိုသည်။ ၎င်းသည် လက်ဝါး ကပ်တိုင်တစ်ဖက်ကမ်းသို့ပင်ရောက်ရှိသည်။ ယေရှု၏ထမြောက်ခြင်းနှင့် ကောင်းကင်သို့ တက် ကြွခြင်းတို့သည် ကျွန်ုပ်တို့၏အာရုံကိုကောင်းကင်ဆိုင်ရာ သန့်ရှင်းရာဌာနသို့ ရောက်သွားစေ သည်။ ထိုနေရာတွင် ယေရှုသည် သိုးသငယ်အဖြစ်မဟုတ်တော့ဘဲ၊ ယဇ်ပုရောဟိတ် အဖြစ် အမှုထမ်းရွက်နေသည်။ သူသည် တစ်ကြိမ်တည်းနှင့်အပြီး ယဇ်ပူဇော်ခဲ့သည် (ဟေဗြဲ ၉း၂၈)။ ယခုတွင် သူသည် ဤအပြစ်ဖြေရာယဇ်၏ အကျိုးကျေးဇူးအားလုံးကိုရရှိနိုင်စေသည်။

ကောင်းကင်ကသန့်ရှင်းရာဌာနတော်

ဘုရားသခင်သည်မောရှေအား သူ၏ကိန်းဝပ်ရာနေရာကိုတည်ဆောက်ရန် ညွှန် ကြားခဲ့သည် (ထွက် ၂၅း၈)။ ပထမသန့်ရှင်းရာဌာနသည် ပထမ (အဟောင်း) ပဋိညာဉ် တရားအောက်တွင် လုပ်ငန်းလည်ပတ်ခဲ့သည် (ဟေဗြဲ ၉း၁)။ ဤနေရာသည်လူတို့အား ကယ်တင်ခြင်း လမ်းစဉ်ကို သင်ပေးသော နေရာဖြစ်သည်။ နှစ်ပေါင်း (၄၀၀) ခန့် လွန်ပြီး နောက်၊ ရှောလမုန်မင်းကြီးသည် မောရှေ၏ရွှေ့ပြောင်းနိုင်သောတဲတော်ကိုအစား ထိုး သည့် မရွှေ့ပြောင်းနိုင်သော ဗိမာန်တော်ကို ယေရုရှလင်မြို့တွင် တည်ဆောက်ခဲ့သည်။ နေဗုခဒ် နေဇာမင်းကြီးသည် ထိုဗိမာန်တော်ကိုဖျက်ဆီးပြီးနောက်၊ ဗာဗုလုန်အချုပ် အ နှောင်မှပြန်လာ သောသူတို့သည် ဒုတိယဗိမာန်တော်ကို တည်ဆောက်ပြန်သည်။ ထိုဗိမာန် တော်ကို ဟေရုဒ်မင်းကြီးသည် မွမ်းမံအလှဆင်ခဲ့ပြီး၊ (အေဒီ ၇၀) တွင် ရောမလူ များကဖျက်ဆီးခဲ့၏။

ပဋိညာဉ်အသစ်ကလည်း ကောင်းကင်တွင်သန့်ရှင်းရာဌာနတစ်ခုရှိကြောင်းကို ဓမ္မ သစ်ကျမ်းကဖော်ပြသည်။ ထိုနေရာတွင် ခရစ်တော်သည် “တန်ခိုးအာနုဘော်တော်၏ ပလ္လင် လက်ယာဘက်မှာယဇ်ပုရောဟိတ်မင်းအဖြစ် အမှုထမ်းလျက်ရှိသည်။ ဤ သန့် ရှင်းရာဌာနသည် “လူမဆောက်ဘဲထာ၀ရဘုရားဆောက်တော်မူသောတဲတော်စစ်} ဖြစ် သည် (ဟေဗြဲ ၈း၁၊၂)။ သိနာတောင်ပေါ်တွင် မောရှေအားကောင်းကင်သန့်ရှင်းရာ ဌာန၏ “ပုံ” ကိုပြသခဲ့ သည် (ထွက် ၂၅း၈၊ ၉၊ ၄၀)။ သူဆောက်သောသန့်ရှင်းရာ ဌာနသည် ကောင်းကင်ဘုံ၌ ရှိသောအရာတို့၏ "ပုံ၊” မှန်သောသန့်ရှင်းရာဌာနတို့၏ပုံဖြစ်သည် (ဟေဗြဲ ၉း၂၃၊၂၄)။ ထို့ကြောင့် မြေကြီးဆိုင်ရာသန့်ရှင်းရာဌာနနှင့် ၎င်း၏ လုပ်ငန်းများ သည် ကောင်းကင်ဆိုင်ရာ သန့်ရှင်းရာဌာန၏လုပ်ငန်းကို အထူးထိုးထွင်း မြင်နိုင်စေသည်။

သမ္မာကျမ်းစာသည် ကောင်းကင်ဆိုင်ရာသန့်ရှင်းဌာန သို့မဟုတ် ဗိမာန်တော် ရှိကြောင်း ကိုမှတ်ယူသည် (ဥပမာ ဆာ ၁၁း၄။ ၁၀၂း၁၉။ မိ ၁း၂၊၃)။ ရူပါရုံ တွင် ဗျာဒိတ် ကျမ်းရေးသော ယောဟန်သည် ကောင်းကင်၏သန့်ရှင်းရာဌာနကိုမြင်ခဲ့သည်။ သူက “ဖင်းကင်ဘုံ၌ သက်သေခံတော်မူချက်ဌာပနာရာတဲတော်ရှိသော ဗိမာန်တော်” (ဗျာ ၁၅း၅) ဟူ၍ လည်း ကောင်း၊ “ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော် (ဗျာ ၁၁း၁၉) ဟူ၍ လည်းကောင်း ဖော်ပြသည်။ သူသည် မြေကြီးဆိုင်ရာ တဲတော်၏သန့်ရှင်းသောအခန်းရှိ သည့် ပရိဘောဂများ ကဲ့သို့ သောရွှေမီးခွက်ခုနစ်လုံး (ဗျာ ၁း၁၂) နှင့် နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင် (ဗျာ ၈း၃) တို့ကို မြင်ခဲ့သည်။ တဲတော်၏ အသန့်ရှင်းဆုံးသော အခန်း၌ ရှိသည့်အရာ ကဲ့သို့သော    ပဋိညာဉ် သတ္တာကိုလည်းမြင်ခဲ့ သည် (ဗျာ ၁၁း၁၉)။

ကောင်းကင်ဆိုင်ရာနံ့သာပေါင်းရှို့ရာယဇ်ပလ္လင် (ဗျာ ၈း၃။ ၉း၁၃) သည် ဘုရား သခင်၏ ကောင်းကင်ဗိမာန်တော်၌ရှိသော (ဗျာ ၄း၂။ ၇း၁၅။ ၁၆း၁၇) ဘုရားသခင်၏ ပလ္လင်ရှေ့တွင် တည်ရှိသည်။ ထို့ကြောင့် ကောင်းကင်ဆိုင်ရာ ရာဇပလ္လင် အခန်းမြင်ကွင်း သည် (ဒံ ၇း၉၊ ၁၀) ကောင်းကင်ဗိမာန်တော် သို့မဟုတ် သန့်ရှင်းရာ ဌာနတော်တွင်ရှိသည် (ဗျာ ၁၅း၅-၈)။

ထို့ကြောင့်၊ သမ္မာကျမ်းစာက ကောင်းကင်ဆိုင်ရာသန့်ရှင်းရာဌာနသည် ပုံဆောင်မှု သို့မဟုတ် စိတ်ကူးသက်သက်မဟုတ်ဘဲ၊ အစစ်အမှန်နေရာအဖြစ်တင်ပြသည်မှာ ရှင်းနေ သည်။ ကောင်းကင်သန့်ရှင်းရာဌာနသည် ဘုရားသခင်၏အဓိကကိန်းဝပ်ရာနေရာဖြစ် သည်။

ကောင်းကင်သန့်ရှင်းရာဌာနထဲကလုပ်ငန်း

သန့်ရှင်းရာဌာန၏သတင်းစကားသည် ကယ်တင်ခြင်းသတင်းစကားဖြစ်သည်။ ဘုရားသခင်သည် ၎င်း၏လုပ်ငန်းများကို ဧဝံဂေလိသတင်းထုတ်ဖော်ကြေညာရန် အသုံး ပြုခဲ့သည် (ဟေဗြဲ ၄း၂)။ တဲတော်လုပ်ငန်းများသည် ယေရှုပထမအကြိမ်ကြွလာသည် တိုင်အောင် “မျက်မှောက်ကာလပတ်လုံးပုံပမာဖြစ်၏” (ဟေဗြဲ ၉း၉၊၁၀)။ “ပုံဆောင်မှုနှင့် လုပ်ငန်းစဉ်များ အားဖြင့်၊ လောက၏အပြစ်ကိုသယ်ဆောင်မည့် ဘုရားသခင်၏သိုး သငယ်တည်းဟူသော လောကကိုရွေးနုတ်သောအရှင်၏အသေခံခြင်းနှင့် ယဇ်ပုရော ဟိတ်လုပ်ငန်းကို ဣသရေလ တို့သည်ယုံကြည်ကြရန် ဘုရားသခင်ရည်ရွယ်သည် (ဂလ ၃း၂၃။ ယော ၁း၂၉)။

သန့်ရှင်းရာဌာနသည် ခရစ်တော်၏လုပ်ငန်းသုံးဆင့်ဖြစ်သော (၁) အစားထိုး အသေခံခြင်း၊ (၂) ယဇ်ပုရောဟိတ်၏ကြားဖျန်ဖြေခြင်းနှင့် (၃) နောက်ဆုံးတရားစီရင်ခြင်း တို့ဖြစ်၏။

အစားထိုးအသေခံခြင်း။ တဲတော်ကယဇ်ပူဇော်မှုအားလုံးသည် အပြစ်ဖြေလွှတ် ခြင်းအတွက် ခရစ်တော်၏သေခြင်းကိုပုံဆောင်ပြီး၊ “အသွေးမသွန်းလောင်းဘဲ အပြစ် လွှတ်ခြင်းမရှိ” (ဟေဗြဲ ၉း၂၂) ခြင်းကိုဖော်ပြသည်။ ထိုယဇ်ပူဇော်ခြင်းများသည် အောက်ပါ သမ္မာတရား များ ကိုပုံဖော်သည်။

၁။ အပြစ်အပေါ်ဘုရားသခင်၏တရားစီရင်ခြင်း။ အပြစ်သည် ကောင်းသော အရာ၊ စင်ကြယ်သောအရာနှင့် မှန်ကန်သောအရာအားလုံးကို အနက်ရှိုင်းဆုံးတိုက်ခိုက် နေသည် ဖြစ်ရာ၊ ၎င်းကိုလျစ်လျူရှု၍မရနိုင်ချေ။ “အပြစ်တရား၏အခကား၊ သေခြင်းပေ တည်း (ရော ၆း၂၃)။

၂။ ခရစ်တော်၏အစားထိုးအသေခံခြင်း။ “ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲ..... ကြသည်ဖြစ်၍၊ ထာ၀ရဘုရားသည် ခပ်သိမ်းသောငါတို့၏အပြစ်များကို သူ့အပေါ် ၌တင် တော်မူ၏ (ဟေရှာ ၅၃း၆)။ “ခရစ်တော်သည် ကျမ်းစာလာသည် အတိုင်း၊ ငါတို့ အပြစ်ကြောင့် အသေခံတော်မူ၏” (၁ကော ၁၅း၃)။

၃။ ဘုရားသခင်သည်အပြစ်ဖြေရာယဇ်ကိုစီစဉ်သည်။ ယေရှုခရစ်၏ အသွေး တော်ကို ယုံကြည်ခြင်းအားဖြင့်၊ ထိုခရစ်တော်ကိုအပြစ်ဖြေစရာအကြောင်းဖြစ်စေ ခြင်း ငှာခန့်ထား တော်မူပြီ (ရော ၃း၂၄၊ ၂၅၊ ၂၆)။ “ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူ (ခရစ်တော်) ကို ငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူ ကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင့်ရှေ့တော်၌ဖြောင့်မတ်သောသူ ဖြစ်မည် အကြောင်းတည်း” (၂ကော ၅း၂၁)။ ထို့ကြောင့်၊ ]ကျွန်ုပ်တို့သည် ခရစ်တော် ခံထိုက်သော အရာကို ခံရမည် အကြောင်း၊ သူသည် ကျွန်ုပ်တို့ခံထိုက်သောအပြစ်ဒဏ်ကို ခံခဲ့သည်။ ကျွန်ုပ်တို့နှင့် မထိုက်တန်သော သူ၏ဖြောင့်မတ်ခြင်းတရားအားဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှာ သူသည် ကျွန်ုပ်တို့၏အပြစ်များကြောင့် မိမိနှင့် မသက်ဆိုင်သော အပြစ်ဒဏ်စီရင်ခြင်းကိုခံခဲ့သည်။ ကျွန်ုပ်တို့သည် သူ၏အသက်ကိုရနိုင် မည်အကြောင်း၊ သူသည် ကျွန်ုပ်တို့၏အငန်းအတာဖြစ်သော သေခြင်းကိုခံခဲ့သည်။ “သူခံရ သောဒဏ်ချက်အားဖြင့် ငါတို့သည်အနာပျောက်လျက်ရှိကြ၏” (ဟေရှာ၊ ၅၃း၅)။

မြေကြီးပေါ်ရှိသန့်ရှင်းရာဌာနတွင် ထပ်ခါထပ်ခါယဇ်ပူဇော်ရသည်။ ပုံပြင်ကဲ့သို့ ပင်၊ ဤ ရွေးနုတ်ခြင်းကို ပုံဆောင်သော ထုံးတမ်းများကို တစ်နှစ်ပြီးတစ်နှစ်ပြန်၍ ပြောပြ ကြသည်။ ထိုအရာနှင့်ဆန့်ကျင်၍၊ အစစ်အမှန်ဖြစ်သော ကျွန်ုပ်တို့သခင်ဘုရား၏အမှန် အကန်အပြစ် ဖြေရာအသေခံခြင်းသည် ကရာနိကုန်းပေါ်တွင် တစ်ခါတည်းပြီးဆုံးသွားခဲ့ သည် (ဟေဗြဲ ၉း၂၆-၂၈။ ၁ဝး၁၀-၁၄)။

လက်ဝါးကပ်တိုင်ပေါ်တွင် လူတို့အပြစ်အတွက်အပြစ်ဒဏ်ကို အပြည့်အဝပေး ဆပ်ခဲ့ပြီ။ ဘုရားရှင်၏တရားစီရင်ခြင်းသည် အလိုပြည့်စုံသွားခဲ့သည်။ တရားရေးရှု ထောင့်မှ ဆိုရသော်၊ လောကီသားများသည် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်သွားရ သည် (ရောမ ၅း၁၈)။ အပြစ်ဖြေခြင်းသို့မဟုတ် ပြန်လည်သင့်မြတ်ခြင်းသည် ယဇ်ပူ ဇော်ခြင်းများက ပုံနိမိတ်ပြခဲ့ သကဲ့သို့လက်ဝါးကပ်တိုင်ပေါ်တွင် ပြည့်စုံသွားခဲ့သည်။ ထို အခါနောင်တရသော ယုံကြည်သူသည် ဤပြီးဆုံးသွားပြီဖြစ်သော ကျွန်ုပ်တို့သခင်ဘုရား ၏ အမှုကို ယုံကြည်ကိုးစားနိုင်သည်။

ယဇ်ပုရောဟိတ်ဆိုင်ရာကြားဖျန်ဖြေသူ။ ယဇ်ပူဇော်ခြင်းသည် အပြစ်ကို ဖြေသည်ရှိ သော်၊ အဘယ်ကြောင့်ယဇ်ပုရောဟိတ်လိုအပ်သနည်း။ ယဇ်ပုရောဟိတ်၏ လုပ်ငန်းသည် အပြစ်သားများနှင့် သန့်ရှင်းသောဘုရားသခင်အကြား ကြားဖျန်ဖြေခြင်း လိုအပ်ချက်ကို အာရုံ ရောက်သွားစေသည်။ ယဇ်ပုရောဟိတ်၏ကြားဖျန်ဖြေခြင်းသည် အပြစ်၏ ကြီးလေးမှုကို လည်းကောင်း၊ အပြစ်မဲ့သောဘုရားသခင်နှင့် အပြစ်ရှိသူအကြား စိမ်းကားမှုကိုလည်း ကောင်း ဖော်ပြသည်။ “ယဇ်ပူဇော်ခြင်းအားလုံးသည် ခရစ်တော်၏ သေခြင်းကိုပုံနိမိတ်ပြခဲ့သကဲ့သို့၊ ယဇ်ပုရောဟိတ်တိုင်းသည်လည်း ကောင်းကင်သန့်ရှင်း ရာဌာနတွင် ယဇ်ပုရော ဟိတ်မင်းအဖြစ် ခရစ်တော်၏ကြားဖျန်ဖြေခြင်းအလုပ်ကို နိမိတ် ပြခဲ့သည်။ “ဘုရားသခင်နှင့် လူတို့စပ်ကြားမှာ၊ လူဖြစ်သောယေရှုခရစ်တည်းဟူသော အာမခံတစ်ဦးတည်းရှိ၏” (၁တိ ၂း၅)။

၁။   ကြားဖျန်ဖြေသူနှင့်အပြစ်ဖြေခြင်း။  ယဇ်ပုရောဟိတ်၏ကြားဖျန်ဖြေခြင်းဆိုင် ရာအမှုကိုထမ်းရွက်နေစဉ် အပြစ်ဖြေသောအသွေးကိုသုတ်လိမ်းခြင်းသည်လည်း အပြစ် ဖြေခြင်းပုံစံ အဖြစ်မြင်နိုင်သည် (ဝတ် ၄း၃၅)။ အပြစ်ဖြေခြင်းဟူသောဝေါဟာရသည် စိမ်းကားနေသော နှစ်ဦးနှစ်ဖက်အကြား ပြန်လည်ရင်ကြားစေ့သင့်မြတ်ခြင်းကိုဆိုလို သည်။ ခရစ်တော်၏ အပြစ် ဖြေရာအသေခံခြင်းသည် လောကီသားများကို ဘုရားသခင် နှင့် ပြန်လည်သင့်မြတ်စေသကဲ့ သို့၊ သူ၏ကြားဖျန်ဖြေခြင်း သို့မဟုတ် သူ၏အပြစ်မဲ့သော အသက်တာကို အကျိုးသက်ရောက် စေခြင်းနှင့် အစားထိုးသေခြင်းသည် ယုံကြည်သူကို ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်စေ သည် သို့မဟုတ် သူ၏အပြစ်ကိုဖြေသည်မှာ သူ့အတွက်အမှန်တကယ်ဖြစ်စေသည်။

လေဝိသားတို့၏ ယဇ်ပုရောဟိတ် လုပ်ငန်းသည် အသေခံကတည်းက ထမ်း ဆောင်ခဲ့သော ခရစ်တော်၏ကယ်တင်ခြင်းလုပ်ငန်းကို သရုပ်ဖော်သည်။ ကျွန်ုပ်တို့၏ ယဇ်ပုရော ဟိတ်မင်းသည် “ကောင်းကင်ဘုံ၌တန်ခိုးအာနုဘော်တော်၏ ပလ္လင်လက်ယာ ဘက် မှာ..... လူမဆောက်ဘဲ ထာ၀ရဘုရားဆောက်တော်မူသော တဲတော်စစ်တည်း ဟူသော၊ သန့်ရှင်းရာ ဌာန၌ ဘုရားဝတ်ကိုပြုသောသူဖြစ်တော်မူ၏” (ဟေဗြဲ ၈း၁၊၂)။

ကောင်းကင်သန့်ရှင်းရာ ဌာနသည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက် ခရစ်တော် ၏ ယဇ်ပုရောဟိတ်ဆိုင်ရာ လုပ်ငန်းထမ်းဆောင်သောနေရာ၊ မဟာကွပ်ကဲရာ ဌာနဖြစ် သည်။ “အကြင်သူသည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ချဉ်းကပ်ကြ၏။ ထိုသူ ၏ အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလအစဉ် အသက်ရှင်သောကြောင့်၊ သူတို့ ကို အစဉ်ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူ၏” (ဟေဗြဲ ၇း၂၅)။ ထို့ကြောင့်၊ ကျွန်ုပ် တို့အား “သနားခြင်း ကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်းကျေးဇူးတော် ကိုလည်း ကောင်းခံရမည် အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချဉ်းကပ်ကြ” (ဟေဗြဲ ၄း၁၆) ရန် တိုက်တွန်းထားသည်။

တဲတော်တွင် ယဇ်ပုရောဟိတ်များသည် ကွဲပြားသောလုပ်ငန်းနှစ်ခုကို ထမ်းဆောင် ခဲ့ကြသည်။ ၎င်းတို့မှာ သန့်ရှင်းသောအခန်း သို့မဟုတ် ပထမအခန်းတွင် နေ့စဉ်အမှု ထမ်းခြင်းနှင့် အသန့်ရှင်းဆုံးအခန်း သို့မဟုတ် ဒုတိယအခန်းတွင် နှစ်စဉ်အမှုထမ်း ဆောင်ခြင်းတို့ဖြစ် သည်။ ထိုလုပ်ငန်းများသည် ခရစ်တော်၏ယဇ်ပုရောဟိတ်လုပ်ငန်းကို သရုပ်ဖော်ခဲ့သည်။

၂။ သန့်ရှင်းသောအခန်း၌အမှုထမ်းခြင်း။ တဲတော်၏သန့်ရှင်းသောအခန်း၌ ဆောင် ရွက်သော ယဇ်ပုရောဟိတ်၏လုပ်ငန်းသည် ကြားဖျန်ဖြေခြင်း၊ အပြစ်ခွင့်လွှတ်ခြင်း၊ ပြန် လည် သင့်မြတ်ခြင်းနှင့် ပြန်လည်အသစ်ဖြစ်စေခြင်းတို့ကိုသရုပ်ဖော်သည်။ အစဉ်ဆောင် ရွက်သောအမှုသည် ယဇ်ပုရောဟိတ်မှတစ်ဆင့် ဘုရားသခင်ထံသို့ အစဉ် ရောက်ရှိနိုင် ကြောင်းကိုပြသသည်။ နောင်တရသောအပြစ်သားသည် ကြားဖျန်ဖြေသူ အဖြစ် ခရစ် တော်၏ ယဇ်ပုရောဟိတ် လုပ်ငန်းအားဖြင့် ဘုရားသခင်ထံသို့ချက်ချင်းနှင့် အမြဲတမ်း ရောက်ရှိနိုင်သည်ဟူ သောအမှန်တရားကို ၎င်းကပုံဆောင်ခဲ့သည် (ဧ ၂း၁၈၊ ဟေဗြဲ ၄း၁၄-၁၆။ ၇း၂၅။ ၉း၂၄။ ၁ဝး၁၉-၂၂)။

နောင်တရသော အပြစ်သားသည် ယဇ်ကောင်နှင့် သန့်ရှင်းရာဌာနကို လာသော အခါ၊ သူသည် မိမိလက်ကိုအပြစ်မဲ့သော တိရစ္ဆာန်အပေါ်တင်၍၊ မိမိအပြစ်ကို ဝန်ချ တောင်းပန်သည်။ ဤလုပ်ဆောင်မှုသည် သူ၏အပြစ်နှင့် ၎င်း၏အကျိုးဆက်ကိုယဇ် ကောင်ထံသို့ပြောင်း သည်ဟုအမှတ်သညာဖြင့် သရုပ်ဖော်သည်။ ထိုသို့ဖြင့် သူသည် အပြစ်မှခွင့်လွှတ် ခြင်းကိုရရှိသည်။ ယုဒစွယ်စုံကျမ်းတွင် ဤသို့ဖော်ပြသည်။ “ယဇ် ကောင်၏ခေါင်းပေါ်တွင် လက်ကိုတင်ခြင်းသည် အစားထိုးခြင်းနှင့် အပြစ်များ ပြောင်းရွှေ့ ခြင်းတို့ကို အကျိုးသက် ရောက်မှုရှိစေသောသာမန်လုပ်ထုံးဖြစ်သည်။ ယဇ်ပူဇော်ခြင်း အားလုံးတွင် အစားထိုးခြင်း ဟူသောသဘောတရားရှိသည်။ ယဇ်ကောင်သည် လူသား အပြစ်သားကိုအစားထိုးသည်။” အပြစ် ဖြေရာ ယဇ်ကောင်၏အသွေးကို နှစ်မျိုးနှစ်စား ကျင့်သုံးသည်။ (၁) အကယ်၍ ၎င်းကို သန့်ရှင်း သောအခန်းသို့ယူသွားခဲ့သော်၊ အတွင်း ကန့်လန့်ကာရှေ့တွင် ပက်ဖျန်း၍၊ နှံ့သာပေါင်း ရှို့ရာ ယဇ်ပလ္လင်၏ဦးချိုတွင် သုတ်လိမ်း သည် (ဝတ် ၄း၆၊၇၊၁၇၊၁၈)။ (၂) အကယ်၍ ၎င်းကို တဲတော်သို့မယူသွားခဲ့သော်၊ တဲတော်ပရိဝုဏ်အတွင်းရှိ မီးရှို့ရာယဇ်ပလ္လင်၏ ဦးချိုများတွင် သုတ်လိမ်းသည် (ဝတ် ၄း၂၅၊၃၀)။ ဤသို့ပြုလျှင်၊ ယဇ်ပုရောဟိတ်သည် ယဇ်ကောင်၏ အသားတစ်စိတ်တစ်ပိုင်း ကိုစားရသည် (ဝတ် ၆း၂၅၊၂၆၊၃၀)။ အထက်ပါလုပ်နည်း နှစ်ရပ်တွင်၊ ပါဝင်သူများက သူတို့၏အပြစ်များနှင့် တာဝန်ခံမှုသည် သန့်ရှင်းရာဌာနနှင့် ယဇ်ပုရော ဟိတ်တို့၌ ပြောင်း ရွှေ့သွားကြောင်းကိုနားလည်ကြသည်။

ဤပုံပမာဆောင်သောလုပ်ထုံးများတွင်၊ နောင်တရသောသူသည် အပြစ်ဖြေရာ ယဇ်ကို ပူဇော်၍၊ မိမိအမှားများကိုဝန်ခံသောအခါ၊ သန့်ရှင်းရာဌာနသည် နောင်တရသော သူ၏ အပြစ် နှင့်တာဝန်ခံမှုတို့ကို ခဏတာတာဝန်ယူထားသည်။ သူသည် အပြစ်ပြေလျက် ထွက်သွားပြီး၊ ဘုရားသခင်၏လက်ခံမှုကိုယုံကြည်စိတ်ချသည်။ ထို့သို့ဖြင့် အပြစ်သား တစ်ယောက်ကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခရစ်တော်ကိုမိမိကယ်တင်ရှင်နှင့် အရှင်သခင်အဖြစ် လက်ခံရန် နောင်တတရားသို့ဆွဲခေါ်သောအခါ၊ ခရစ်တော်သည် သူ၏ အပြစ်များနှင့် တာဝန်ခံမှုတို့ကိုတာဝန်ယူသည်။ သူသည် အခမဲ့အပြစ်လွှတ်ခြင်းခံရသည်။ ခရစ်တော်သည် ယုံကြည်သူ၏အာမခံသူနှင့် သူ၏အစားထိုးသူဖြစ်သည်။

ပုံဆောင်သောအရာနှင့် အစစ်အမှန်တို့တွင် သန့်ရှင်းသောအခန်း၌ဆောင်ရွက် သောအမှုသည် တစ်ဦးတစ်ယောက်စီကို အဓိကဦးတည်သည်။ ခရစ်တော်၏ ယဇ်ပုရော ဟိတ်လုပ်ငန်းသည် အပြစ်သား၏ခွင့်လွှတ်ခြင်း၊ ဘုရားသခင်နှင့်ပြန်လည် သင့်မြတ် ခြင်း တို့ကို စီမံပေးသည် (ဟေဗြဲ ၇း၂၅)။ “ခရစ်တော်အဖို့အလိုငှာ၊ ဘုရားသခင်သည် နောင် တရသော အပြစ်သားကိုခွင့်လွှတ်သည်။ မိမိသားတော်၏ဖြောင့်မတ်သော စာရိတ္တနှင့်နား ထောင်ခြင်းကို ထိုသူအားပေးသည်။ သူ၏အပြစ်များကိုခွင့်လွှတ်၍၊ သူ၏နာမည်ကိုအ သက်စာစောင်တွင် သူ့၏သားအဖြစ်ရေးမှတ်လေသည် (ဧ ၄း၃၂။ ၁ယော ၁း၉။ ၂ကော ၅း၂၁။ ရော ၃း၂၄။ လု ၁ဝး၂၀)။ ယုံကြည်သူသည် ခရစ်တော်၌တည်သောအခါ၊ ကျွန်ုပ်တို့ ၏သခင်ဘုရားသည် သန့်ရှင်းသောဝိညာဉ်တော် အားဖြင့်ဝိညာဉ်ရေးကျေးဇူးတော်ကို သူ့ အားပြန်ဆက်သွယ်ပေးသည်။ ထိုသို့ဖြင့်သူသည် ဝိညာဉ်ရေးအရကြီးထွား၍၊ ဘုရားရှင် ၏ ပုံသဏ္ဌာန်ကို ထင်ဟပ် စေ သောပါရမီများနှင့် ကျေးဇူးတရားများကိုတိုးတက်စေသည် (၂ပေ ၃း၁၈။ ဂလ ၅း၂၂၊၂၃)။}

သန့်ရှင်းသော အခန်းထဲက လုပ်ဆောင်မှုများသည် အပြစ်သား၏ ဖြောင့်မတ်ခြင်း နှင့် သန့်ရှင်းစင်ကြယ်ခြင်းကိုဖြစ်စေသည်။

နောက်ဆုံးတရားစီရင်ခြင်း။ အပြစ်ဖြေရာနေ့တွင် ဆောင်ရွက်သောအမှုသည် ဘုရားသခင်၏ နောက်ဆုံးတရားစီရင်ခြင်းအဆင့် (၃) ဆင့်ကိုသရုပ်ဖော်သည်။ ၎င်းတို့မှာ (၁) “နှစ်ပေါင်းတစ်ထောင်မတိုင်မီတရားစီရင်ခြင်း” သို့မဟုတ် “စစ်ကြောစီရင်ခြင်းဟု ခေါ်သော “မကြွလာမီတရားစီရင်ခြင်း၊ (၂) “နှစ်ပေါင်းတစ်ထောင်တရားစီရင်ခြင်း နှင့် (၃) နှစ်ပေါင်း တစ်ထောင်အဆုံး၌ ဖြစ်ပျက်မည့် “စီရင်ဆုံးဖြတ်ခြင်း” တို့ဖြစ်ကြသည်။

၁။ အသန့်ရှင်းဆုံးအခန်းထဲကလုပ်ငန်း။  ယဇ်ပုရောဟိတ်လုပ်ငန်း၏ ဒုတိယ အပိုင်းသည် အဓိကအားဖြင့်၊ တဲတော်ကိုဗဟိုပြု၍၊ သန့်ရှင်းရာဌာနနှင့် ဘုရားသခင်၏ လူတို့သန့်ရှင်းစင်ကြယ်စေခြင်းကိုမဏ္ဍိုင်ပြုသည်။ ဤလုပ်ငန်းပုံစံသည် တဲတော်၏ အသန့်ရှင်းဆုံး အခန်းကိုဗဟိုပြု၍၊ ယဇ်ပုရောဟိတ်မင်းကသာ ဆောင်ရွက်နိုင်ပြီး၊ ဘာ သာရေးပြက္ခဒိန်၏ ရက်စွဲတစ်ရက်ဖြင့်သာကန့်သတ်ထားသည်။

သန့်ရှင်းရာဌာနကိုဆေးကြောရာတွင် ထာ၀ရဘုရားအဖို့ဆိတ်နှင့် လွတ်လပ်လဟာ အဖို့ ဆိတ် (Azazel in Hebrew) ဟူ၍ ဆိတ်နှစ်ကောင်လိုအပ်သည်။ ယဇ်ပုရောဟိတ်မင်း သည် ထာ၀ရဘုရားအဖို့ဆိတ်ကိုပူဇော်၍၊ “သန့်ရှင်းရာဌာနတော် (အသန့်ရှင်းဆုံးအခန်း) အဖို့၊ ပရိသတ်စည်းဝေးရာတဲတော် (သန့်ရှင်းသောအခန်း) အဖို့၊ ယဇ်ပလ္လင် (တဲတော် ပရိဝုဏ်) အဖို့ အပြစ်ဖြေခြင်းကိုပြီးစီးစေသည်” (ဝတ် ၁၆း၂၀။ ၁၆း၁၆-၁၈)။

ခရစ်တော်၏ အသွေးကိုပုံဆောင်သော ထာ၀ရဘုရားအဖို့ ဆိတ်၏အသွေးကို အ သန့်ရှင်းဆုံးသော အခန်းကိုယူသွား၍၊ ယဇ်ပုရောဟိတ်မင်းသည် ဘုရားသခင် ရှိရာကရု ဏာပလ္လင်တည်းဟူသော ပညတ်တော်ဆယ်ပါးထည့်ထားသော ပဋိညာဉ်သေတ္တာတော် ၏ အဖုံးပေါ်တွင် ဘုရားသခင်၏ သန့်ရှင်းသော ပညတ်တော်၏ တောင်းဆိုမှုကို ဖြည့် ဆည်းရန်ပက်ဖျန်းသည်။ သူ၏လုပ်ဆောင်မှုသည် ကျွန်ုပ်တို့အတွက် ခရစ်တော်ပေးဆပ် ခဲ့သည့် အတိုင်းမသိတန်ဖိုးကိုပုံဆောင်ပြီး၊ ဘုရားသခင်သည် မိမိလူတို့နှင့်ပြန်လည် သင့် မြတ်ရန် မည်မျှ စိတ် အားထက်သန်ကြောင်းကိုဖော်ပြသည် (၂ကော ၅း၁၉)။ ထိုနောက် သူသည် ဤအသွေးကို နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်တွင် သုတ်လိမ်းသည်။ ဤပလ္လင် ပေါ်တွင် တစ်နှစ်ပတ်လုံးသုတ် လိမ်းခဲ့သောအသွေးသည် ဝန်ချတောင်းပန်ခဲ့သော အပြစ် များကိုပုံဆောင်သည်။ ထိုသို့ဖြင့် ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းရာဌာနနှင့် လူတို့ အတွက်အပြစ်ဖြေခြင်းကိုပြုလုပ်ခဲ့ပြီး၊ ၎င်းတို့ကိုသန့်ရှင်းစင်ကြယ်စေခဲ့သည် (ဝတ် ၁၆း ၁၆-၂၀၊၃၀-၃၃)။

ဟေဗြဲသန့်ရှင်းရာဌာန၏ပုံစံ

 

 

ထို့နောက်၊ ကြားဖျန်ဖြေသူအဖြစ် ခရစ်တော်ကို ပုံဆောင်သော ယဇ်ပုရောဟိတ် မင်းသည် သန့်ရှင်းရာဌာနကိုညစ်ညူးစေသောအပြစ်များကို မိမိအပေါ်ယူတင်၍၊ တစ်ဖန် အသက် ရှင်သောအဇာဇယ် (Azazel) ဆိတ်ပေါ်သို့ပြောင်းရွေ့ကာ၊ ဘုရားသခင်၏လူတို့ နေထိုင်ရာစခန်းမှ အဝေးသို့လွှတ်လိုက်သည်။ ဤလုပ်ဆောင်မှုသည် နေ့စဉ်အပြစ်ဖြေ ခြင်း လုပ်ငန်းမှယဇ်ကောင်၏အသွေး သို့မဟုတ် အသားအားဖြင့်၊ နောင်တရသောယုံ ကြည်သူတို့ ထံမှသန့်ရှင်းရာဌာနသို့ပုံဆောင်၍ ပြောင်းရွှေ့လိုက်သောလူတို့၏အပြစ်များ ကိုဖယ်ရှားခဲ့သည်။ ဤနည်းအားဖြင့် သန့်ရှင်းရာဌာနသည် စင်ကြယ်သွားခဲ့ပြီ၊ နောက် တစ်နှစ်၏ လုပ်ငန်း အတွက် ပြင်ဆင်ထားနှင့်သည် (ဝတ် ၁၆း၁၆-၂၀၊၃၀-၃၃)။ ထိုသို့ဖြင့် အရာ အားလုံးသည် ဘုရားသခင်နှင့်သူ၏လူတို့အကြားတွင် ပြေလည်သွားခဲ့သည်။

ထို့ကြောင့်၊ အပြစ်ဖြေရာနေ့သည် အပြစ်ကိုအမြစ်ဖြတ်သောတရားစီရင်ခြင်းကို သရုပ်ပြ သည်။ ဤနေ့တွင် လုပ်ဆောင်သောအပြစ်ဖြေခြင်းသည် “အပြစ်ရှိနေခြင်းကို ထာ၀ရကာလ တစ်လျှောက်ထုတ်ပစ်ရန်နှင့် ဘုရားသခင်၏အုပ်စိုးမှုအောက်တွင် စကြ ၀ဠာတစ်ခုလုံးသည် တညီတညွတ်တည်း အပြည့်အဝပြန်လည်သင့်မြတ်ခြင်းကိုဖြစ် မြောက်စေရန်ခရစ်တော်၏ ဖြောင့်မတ်ခြင်းကို နောက်ဆုံးအကျိုးသက်ရောက်စေခြင်း ကို နိမိတ်ပြခဲ့သည်။

၂။ အဇာဇယ်တည်းဟူသောလွတ်လပ်လဟာဆိတ်။ “လွတ်လပ်လဟာဆိတ်” ဟူ၍ ဘာသာပြန်ဆိုသောဟေဗြဲစကားလုံး “အဇာဇယ်” (azazel) သည် “အဝေးသို့ လွှတ်လိုက် သောဆိတ်ဟူ၍အဓိပ္ပါယ်ရသည် (ဝတ် ၁၆း၈)။ ဝတ်ပြုရာကျမ်း ၁၆ ကိုအသေအချာ လေ့လာခြင်းက အဇာဇယ်သည် လူတချို့ထင်သကဲ့သို့ ခရစ်တော်ကို မပုံဆောင်ဘဲ၊ စာတန်အားကိုယ်စားပြုကြောင်းကို ဖော်ပြသည်။ ဤအနက် ဖွင့်ဆိုချက်ကို ထောက်ပံ့ ပေးသော အကြောင်းပြချက်များမှာ၊ (၁) လွတ်လပ်လဟာဆိတ်သည် ယဇ်ပူဇော် ရာအ ဖြစ်အသတ်မခံရချေ။ “အသွေးမသွန်းလောင်းဘဲအပြစ်လွှတ်ခြင်းမရှိ (ဟေဗြဲ ၉း၂၂)၊ (၂) လွတ်လပ်လဟာ ဆိတ်ကိုထုံးတမ်းနှင့်အညီမဆောင်ရွက်မီ၊ ထာ၀ရဘုရားအဖို့ ဆိတ်၏ အသွေးဖြင့် သန့်ရှင်းရာဌာနကိုလုံးလုံးစင်ကြယ်စေခဲ့ပြီ (ဝတ် ၁၆း၂၀)။ (၃) ကျမ်းချက် သည် လွတ်လပ်လဟာ ဆိတ်ကို ဘုရားသခင်နှင့်ဆန့်ကျင်သောပုဂ္ဂိုလ်အဖြစ် ဖော်ပြ သည်။ (ဝတ် ၁၆း၈- ထိုဆိတ် နှစ်ကောင်ကို ထာ၀ရဘုရားအဖို့နှင့် လွတ်လပ်လဟာ အဖို့ စာရေးတံချသည်။) ထိုကြောင့်၊ တဲတော်လုပ်ငန်း၏ပုံဆောင်မှုသည် ထာ၀ရဘုရား အဖို့ဆိတ်ကို ခရစ်တော်အားပုံဆောင် သောအရာအဖြစ်လည်းကောင်း၊ လွတ်လပ် လဟာ ဆိတ်တည်းဟူသောအဇာဇယ်ကို စာတန်အား ပုံဆောင်သောအရာအဖြစ်လည်းကောင်း ရှုမြင်ရန်မှာ ပိုမိုလိုက်လျောမှုရှိ၏။

၃။ ခြားနားသောတရားစီရင်ခြင်းအဆင့်များ။ အပြစ်ဖြေရာနေ့တွင် လွတ်လပ် လဟာဆိတ်နှင့်ဆိုင်သော လုပ်ထုံးများသည် ကရာနိတစ်ဖက်ကမ်း၊ အပြစ်ပြဿနာ နောက်ဆုံးပြီး ဆုံးမည့်အချိန်၊ အပြစ်တရားနှင့် စာတန်အားရှင်းပစ်မည့်ကာလကိုညွှန် ပြခဲ့သည်။ “အပြစ် အတွက် အပြည့်အဝတာဝန်ခံမှုသည် အပြစ်ကိုအစပြုသူနှင့် လှုံ့ဆော် သူ စာတန်အပေါ် သို့ ပြန် လိမ့်သွားလိမ့်မည်။ စာတန်နှင့်သူ၏နောက်လိုက်များနှင့်အတူ အပြစ်၏ အကျိုးဆက်အားလုံးကို ဖျက်ဆီးပစ်ခြင်းအားဖြင့် စကြ၀ဠာမှရှင်းထုတ်ပစ် လိမ့်မည်။ ထို့ကြောင့်၊ တရားစီရင်ခြင်း အားဖြင့် အပြစ်ဖြေလွှတ်ခြင်းသည် အပြည့်အဝ ပြန်လည်သင့် မြတ်ခြင်းနှင့် စကြ၀ဠာတစ်ခု လုံးကို သဟဇာတဖြစ်စေလိမ့်မည် (ဧ ၁း ၁၀)။ ဤအရာသည် ကောင်းကင်သန့်ရှင်းရာ ဌာန တွင် ခရစ်တော်၏ယဇ်ပုရောဟိတ်လုပ် ငန်း၏ ဒုတိယနှင့် နောက်ဆုံးအဆင့်၏ ရည်ရွယ်ချက် ဖြစ်သည်။} ဤတရားစီရင်ခြင်း သည် ဘုရားသခင်၏ နောက်ဆုံး သက်သေ ထူခြင်းကို စကြ၀ဠာရှေ့တွင်ပြသလိမ့်မည်။

အပြစ်ဖြေရာနေ့သည် နောက်ဆုံးတရားစီရင်ခြင်း၏အဆင့်သုံးဆင့်ကို သရုပ်ပြ သည်။

က။ သန့်ရှင်းရာဌာနမှအပြစ်များကိုဖယ်ရှားခြင်းသည် ပထမ သို့မဟုတ် ခရစ်တော် မကြွလာမီ တရားစီရင်ခြင်းတည်းဟူသော တရားစီရင်ခြင်း၏စုံစမ်းစစ်ဆေးခြင်း အဆင့် နှင့်ဆက်စပ်သည်။ “အပြစ်ဖြေရာနေ့တွင် နောင်တရသောသူ၏ဝန်ခံသောအပြစ်များကို သန့်ရှင်းရာ ဌာနမှ ဖယ်ရှားခြင်းအပေါ် အာရုံစိုက်သကဲ့သို့၊ ၎င်းသည် အသက် စာစောင် တွင် နာမည်များ ရေးမှတ်ခြင်းကိုမီးမောင်းထိုးပြသည်။ မှားယွင်းသောယုံကြည်သူများကို ဆန်ခါချ ပစ်လိမ့်မည်။ စစ်မှန်သောယုံကြည်သူတို့၏ယုံကြည်ခြင်း၊ ခရစ်တော်နှင့် အတူ ပေါင်းစည်းခြင်းတို့သည် သစ္စာရှိသောစကြ၀ဠာရှေ့တွင် ထပ်လောင်းအတည်ပြုလိမ့် မည်။ ပြီးနောက် သူတို့၏ အပြစ်မှတ်တမ်းများကို လုံး၀မေ့ပစ်လိုက်မည်။

ခ။ လွတ်လပ်လဟာဆိတ်ကို တောထဲသို့မောင်းထုတ်ပစ်လိုက်ခြင်းသည် ဤ လူသူ ကင်းမဲ့ သောမြေကြီးပေါ်တွင် စာတန်အားအနှစ်တစ်ထောင်အကျဉ်းချခြင်းကို ပုံဆောင် သည်။ ၎င်းသည် ခရစ်တော်ဒုတိယအကြိမ်ကြွလာချိန်တွင်အစပြု၍၊ ကောင်းကင်၌ စီရင်မည့် နောက်ဆုံးတရားစီရင်ခြင်း၏ ဒုတိယအဆင့်နှင့်တစ်ထပ်တည်းကျသည် (ဗျာ ၂ဝး၄။ ၁ကော ၆း၁-၃)။ ဤနှစ်ပေါင်းတစ်ထောင်ဆိုင်ရာတရားစီရင်ခြင်းသည် ဆိုးယုတ် သောသူတို့အပေါ် တရားစီရင်ခြင်းကိုပြန်လည်ဆန်းစစ်ခြင်းပါဝင်သည်။ ၎င်းသည် ရွေးနုတ်ခံ သူတို့အား အပြစ် တရားနှင့်ကယ်တင်ခြင်းမခံရသောအပြစ်သားများအပေါ် ဘုရားသခင် ကိုင်တွယ်ပုံကို သိမြင် ရသော အခွင့်ရရှိကြလိမ့်မည်။ ဘုရားသခင်၏သနား ခြင်းကရုဏာနှင့် တရားမျှတခြင်း အကြောင်း ရွေးနုတ်ခံသူများက မေးနိုင်သည့်မေးခွန်း အားလုံးကို ၎င်းက အဖြေပေးသွားလိမ့်မည်။

ဂ။ သန့်ရှင်းစင်ကြယ်သောစခန်းသည် တရားစီရင်ခြင်း၏တတိယ သို့မဟုတ် ပြစ် ဒဏ်စီရင်ခြင်းအဆင့်၏ရလဒ်ကိုပုံဆောင်သည်။ မီးသည် ဆိုးယုတ်သောသူတို့ကို ဖျက် ဆီးသော အခါ၊ ကမ္ဘာမြေကိုသန့်ရှင်းစင်ကြယ်စေသည် (ဗျာ ၂ဝး၁၁-၁၅။ မ ၂၅း၃၁-၄၆။ ၂ပေ ၃း၇-၁၃)။

အနာဂတ္တိစကားထဲကကောင်းကင်သန့်ရှင်းရာဌာန

အထက်ပါ ဆွေးနွေးခန်းတွင် ပုံဆောင်သော အရာနှင့် အစစ်ဖြစ်သော အရာရှု ထောင့်မှ သန့်ရှင်းရာဌာနအကြောင်းကို အာရုံစိုက်ခဲ့ကြသည်။

ကောင်းကင်သန့်ရှင်းရာဌာနကိုဆီလိမ်းခြင်း။ ဒံယေလအနာဂတ္တိကျမ်း (၉) ၏ အ ပတ်ပေါင်း (၇၀) အနာဂတ္တိကျမ်းစကားသည် ကောင်းကင်သန့်ရှင်းရာဌာနတွင် ခရစ်တော် ၏ ယဇ်ပုရောဟိတ်လုပ်ငန်းဖွင့်လှစ်ခြင်းကိုညွှန်ပြသည်။ နှစ်ပေါင်း (၄၉၀) အတွင်း ဖြစ် ပျက်ခဲ့ သောဖြစ် ရပ်တစ်ခုမှာ “အလွန်သန့်ရှင်းသော အရပ်ဌာနကို လိမ်းစေခြင်း” ဖြစ် သည် (ဒံ ၉း၂၄)။ “အလွန်သန့်ရှင်းသောအရပ်ဌာန ဟူ၍ ဘာသာပြန်ဆိုသောဟေဗြဲစကား လုံး ခိုဒဲရှ် ခိုဒဲရှင်း (qodesh qodeshim) သည် “အသန့်ရှင်းဆုံး” ဟူ၍အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ၎င်းစကားစုကို “အသန့်ရှင်းဆုံးကိုဆီလိမ်းသည်} သို့မဟုတ် “အသန့်ရှင်းဆုံး အခန်းကို ဆီလိမ်းသည်” ဟူ၍ဘာသာပြန်ဆိုလျှင် သာ၍ကောင်းပေလိမ့်မည်။

မြေကြီးပေါ်ရှိသန့်ရှင်းရာဌာနကိုဖွင့်လှစ်ချိန်အတွင်း၊ ၎င်း၏လုပ်ငန်းများအတွက် ၎င်းကို ဆက်ကပ်ရန် သန့်ရှင်းသောဆီလိမ်းသကဲ့သို့၊ ကောင်းကင်သန့်ရှင်းရာဌာနကို ဖွင့်လှစ်ရာတွင် ခရစ်တော်၏ကြားဖျန်ဖြေခြင်းလုပ်ငန်းအတွက်ဆက်ကပ်ရန် ၎င်းကိုဆီ လိမ်းရန်လိုအပ်သည်။ အသေခံပြီးမကြာမီ ကောင်းကင်သို့တက်ကြွခြင်းနှင့်အတူ (ဒံ ၉း၂၇)၊ ခရစ်တော်သည် သူ၏လုပ်ငန်းကို ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းနှင့် ကြားဖျန် ဖြေသူ အဖြစ် စတင်ခဲ့သည်။

ကောင်းကင်သန့်ရှင်းရာဌာနကိုဆေးကြောခြင်း။ ကောင်းကင်သန့်ရှင်းရာ ဌာနကို ဆေးကြောခြင်းနှင့်သက်ဆိုင်၍ ဟေဗြဲဩဝါဒစာကဤသို့ဆိုသည်။ “ခပ်သိမ်းသော အရာ တို့ကို ကုန်မတတ်အသွေးအားဖြင့်စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အ ပြစ်လွှတ် ခြင်းမရှိ။ ထိုကြောင့်၊ ကောင်းကင်ဘုံ၌ရှိသောအရာတို့၏ပုံများ [မြေကြီးပေါ်ရှိ သန့်ရှင်းရာဌာန] ကို ထိုသို့သောယဇ်ပူဇော်ခြင်း «ယဇ်ကောင်၏အသွေး» အားဖြင့်စင်ကြယ် စေရသည်ဖြစ်၍၊ ကောင်းကင်အရာတို့ «ကောင်းကင်သန့်ရှင်းရာဌာန » ကို သာ၍မြတ်သော ယဇ်ပူဇော်ခြင်း «ခရစ်တော်၏အဖိုးထိုက်သောအသွေး» အားဖြင့် စင်ကြယ်စေရ၏} (ဟေဗြဲ ၉း၂၂၊ ၂၃)။

ကျမ်းစာအနက်ဖွင့်သူ တချို့တို့သည် ဤကျမ်းစာ၏ သွန်သင်ချက်ကို ဂရုပြုခဲ့ကြ သည်။ “ကောင်းကင် [သန့်ရှင်းရာဌာန] ကိုယ်၌က ခရစ်တော်၏အပြစ်ဖြေရာ အသွေး အားဖြင့် သန့်ရှင်းစင်ကြယ်ခြင်းကို လိုအပ်ခဲ့သည်၊ ရလည်းရရှိခဲ့သည်။   “ကောင်းကင်အ ရာများပင်လျှင် လူသားတို့အနာဂတ်အသက်တာ၏အခြေအနေများကို ပုံဖော်ပေးသည် ဖြစ်ရာ၊ အပြစ်ကူးစက်သောအရာသည် ဆေးကြောရန် လိုအပ်သည်။ မြေကြီးပေါ် ရှိသန့် ရှင်းရာဌာန၏ အစစ်ဖြစ်သော ကောင်းကင်သန့်ရှင်းရာဌာနကို  ဆေးကြောသော အရာမှာ  ခရစ်တော်၏ အသွေးဖြစ်သည်။

ဘုရားသခင့်လူတို့၏အပြစ်များကို ယုံကြည်ခြင်းအားဖြင့်အပြစ်ဖြေရာယဇ်ကောင် အပေါ်သို့တင်၍၊ ပုံဆောင်ခြင်းဖြင့် သန့်ရှင်းရာဌာနသို့ပြောင်းရွှေ့သည်။ ထိုနည်းတူ၊ ပဋိညာဉ်အသစ်အောက်တွင် နောင်တရသောသူ၏ဝန်ခံသောအပြစ်များကို ယုံကြည်ခြင်း အားဖြင့် ခရစ်တော်အပေါ်တွင်တင်လျက်ရှိသည်။

အပြစ်ဖြေရာနေ့တွင် သန့်ရှင်းရာဌာန၌ စုပုံနေသောအပြစ်များကိုဖယ်ရှား၍ ဆေး ကြောသကဲ့သို့၊ ကောင်းကင်သန့်ရှင်းရာဌာနကိုလည်း ကောင်းကင်စာစောင်များမှ အပြစ် မှတ်တမ်းများကို နောက်ဆုံးဖယ်ရှားခြင်းအားဖြင့်ဆေးကြောသည်။ သို့သော်၊ မှတ်တမ်း များကို နောက်ဆုံးမရှင်းလင်းမီ၊ မည်သူသည် နောင်တတရားဖြင့် ခရစ်တော်ကိုယုံ ကြည်၍၊ သူ၏ ထာ၀ရ နိုင်ငံတော်ဝင်စားရန် အခွင့်ရှိသည်ကိုသူတို့ဆုံးဖြတ်ကြလိမ့်မည်။ ထိုကြောင့် ကောင်းကင်သန့်ရှင်းရာဌာနကိုဆေးကြောခြင်းသည် စုံးစမ်းစစ်ဆေးခြင်း သို့မ ဟုတ် တရားစီရင်ခြင်း အလုပ်ပါဝင်ပြီး၊ ၎င်းသည် တရားစီရင်ရာနေ့အဖြစ် အပြစ်ဖြေရာ နေ့၏သဘောတရားကို အပြည့်အဝထင်ဟပ်သည်။ မည်သူသည် ကယ်တင်ခြင်းခံရ၍၊ မည်သူသည် ပျောက်ဆုံးမည့် အကြောင်းဆုံးဖြတ်ချက်ကိုအတည်ပြုပေးသော ဤတရား စီရင်ခြင်းသည် ခရစ်တော်မကြွ လာမီအချိန်တွင် ဖြစ်ပျက်လိမ့်မည်။ အကြောင်းမှာ ထိုအချိန်တွင် ခရစ်တော်သည် “အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီး အသီးတို့ အားမိမိတို့အကျင့်အတိုင်းဆပ်ပေးမည်” (ဗျာ ၂၂း၁၂)။ ထိုအခါ၊ စာတန်၏ စွပ်စွဲချက်များ ကိုလည်း အဖြေပေးသွားလိမ့်မည် (ဗျာ ၁၂း၁၀)။

အမှန်တကယ်နောင်တရ၍ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၏အပြစ်ဖြေသော အသွေးကို တောင်းဆိုသောသူအားလုံးသည် အပြစ်လွှတ်ခြင်းကိုရရှိကြသည်။ သူတို့၏ နာမည်များသည် ဤတရားစီရင်ခြင်းတွင်တက်လာသောအခါ၊ သူတို့သည် ခရစ်တော်၏ ဖြောင့်မတ်ခြင်း ဝတ်ရုံကိုဝတ်ဆင်၍၊ သူတို့၏အပြစ်များသည်လည်း ချေဖျက်ခြင်းခံရ ကာ၊ သူတို့သည် ထာ၀ရအသက်အတွက် ထိုက်တန်သူများဖြစ်ကြသည် (လု ၂ဝး၃၅)။ ယေရှုက “ထိုသူ၏ နာမကို အသက်စာစောင်မှ ငါသည်အလျှင်းမချေ။ ငါ့ခမည်းတော် ရှေ့၌လည်းကောင်း၊ ကောင်းကင်တမန်တော်တို့ရှေ့၌လည်းကောင်း သူ၏နာမကိုငါ ဝန်ခံ မည်” (ဗျာ ၃း၅) ဟုဆိုသည်။

ပုရောဖက်ဒံယေလသည် ဤ စုံစမ်းစစ်ဆေးသော တရားစီရင်ခြင်း၏ သဘော သဘာ၀ ကိုဖော်ပြသည်။ ချိုငယ်ကပုံဆောင်သော အယူဖောက်ပြန်သည့်အာဏာစက် သည် ဘုရားသခင်ကို စော်ကားပြီးမြေကြီးပေါ်ကသူ၏ လူတို့ကိုညှဉ်းဆဲနေစဉ် (ဒံ ၇း၈၊ ၂၀၊၂၁၊၂၅)၊ ပလ္လင်များကိုစီထား၍၊ ဘုရားသခင်သည် နောက်ဆုံးတရားစီရင်ခြင်းကိုဦး ဆောင်သည်။ ဤတရားစီရင်ခြင်းကို ကောင်းကင်သန့်ရှင်းရာဌာန၏ပလ္လင်များရှိရာခန်း မတွင်ကျင်းပပြီး၊ များစွာသော ကောင်းကင်သားတို့သည် တက်ရောက်၍မြင်တွေ့ကြ သည်။ တရားစီရင်ခြင်း စတင်သော အခါ၊ စာစောင်များကိုဖွင့်ထားပြီး၊ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်အစပြုကြောင်း ကိုအချက်ပြသည် (ဒံ ၇း၉၊၁၀)။ ဤတရားစီရင်ခြင်းမပြီးမီ တိုင်အောင် အယူဖောက်ပြန်သော အာဏာစက် သည် ဖျက်ဆီးခြင်းမခံရချေ (ဒံ ၇း၁၁)။

တရားစီရင်ခြင်းကာလ။ ခရစ်တော်နှင့်ခမည်းတော်တို့သည် စုံစမ်းစစ်ဆေးသော တရား စီရင်ခြင်းတွင်ပါဝင်ကြသည်။ ခရစ်တော်သည် မြေကြီးပေါ်သို့ကောင်းကင်မိုးတိမ် များဖြင့် မကြွလာမီ၊ “လူသား အဖြစ်ခရစ်တော်သည် မိုးတိမ်ကိုစီးလျက် “အသက်ကြီး သောသူ} တည်းဟူသောခမည်းတော်ထံသို့လာ၍ အထံတော်ရှေ့တွင်ရပ်လျက်နေ၏ (ဒံ ၇း၁၃)။ ကောင်းကင်သို့တက်ကြွချိန်မှ ခရစ်တော်သည်          ယဇ်ပုရောဟိတ်မင်းအဖြစ် ဘုရား သခင်၏ ရှေ့တွင် ကြားဖျန်ဖြေခြင်းလုပ်ငန်းကိုထမ်းဆောင်နေသည် (ဟေဗြဲ ၇း၂၅)။ သို့သော်၊ ယခု အချိန်တွင်မူ၊ သူသည် နိုင်ငံတော်ကိုလက်ခံရရှိရန်ကြွလာသည် (ဒံ ၇း၁၄)။

၁။  ခရစ်တော်၏ယဇ်ပုရောဟိတ်လုပ်ငန်း  မှေးမှိန်သွားခြင်း။  ဒံယေလ အနာဂတ္တိ ကျမ်း (၈) သည်အကောင်းနှင့်အဆိုးအကြား ပဋိပက္ခနှင့် ဘုရားသခင်၏ နောက်ဆုံးအောင် ပွဲအကြောင်း ကိုပြောပြသည်။          ဤအခန်းကြီးသည် ခရစ်တော်၏ ယဇ်ပုရောဟိတ်မင်း လုပ်ငန်းစတင်ဖွင့်လှစ်ချိန်နှင့် ကောင်းကင်သန့်ရှင်းရာဌာနကိုဆေးကြော ခြင်းတို့အကြား တွင် မြေကြီးပေါ် ကအာဏာစက်သည် ခရစ်တော်၏လုပ်ငန်းကိုမှေးမှိန်စေမည်ဖြစ် ကြောင်းဖော်ပြသည်။

ဤရူပါရုံထဲကသိုးထီးသည် မေဒိ-ပေရသိအင်ပါယာကိုပုံဆောင်သည် (ဒံ ၈း၃)။ ချို နှစ် ချောင်းထဲက နောက်မှထွက်လာသည့်ပိုမိုရှည်သောချိုသည် နောက်မှတက်လာသော ပါးရှား နိုင်ငံကိုပုံဆောင်သည်။ ဒံယေလကြိုတင်ဟောသကဲ့သို့၊  ဤအရှေ့ပိုင်းနိုင်ငံသည် “အနောက်၊ တောင်၊ မြောက်၊ သုံးမျက်နှာသို့တိုးခွေ့သောကြောင့်    ကြီးမားခြင်းသို့ ရောက် လေ၏” (ဒံ ၈း၄)။

အနောက်အရပ်ကလာသောဆိတ်ထီးသည် ဂရိနိုင်ငံကိုပုံဆောင်၍၊ ၎င်း၏ချိုကြီး သည် “ပထမမင်း” ဖြစ်သည့်ကြီးမြတ်သောအလက်ဇန္ဒား (Alexander) ကိုပုံဆောင် သည် (ဒံ ၈း၂၁)။ အနောက်အရပ်ကလာသောအလက်ဇန္ဒားသည် ပါးရှားနိုင်ငံကိုအလျင် အမြန် အောင်နိုင်ခဲ့သည်။ ထို့နောက်၊ သူသေဆုံးပြီးနှစ်အနည်းငယ်အတွင်း၊ ဂရိအင်ပါယာ ကြီးသည် “နိုင်ငံလေးပါး သို့ကွဲသွားခဲ့သည်။ ထိုနိုင်ငံများကို ခါဆန်းဒါး (Cassandef)၊ လီစီမာချိုးစ်  (Lysimachus)၊  ဆယ်လူခါးစ်  (Selucus)   နှင့်  တိုလက်မီ  (Ptolemy) တို့က ဦးဆောင် ခဲ့ ကြသည်။

ထိုနိုင်ငံတို့၏အဆုံးစွန်သောကာလ၌ (ဒံ ၈း၂၃)၊ တနည်းအားဖြင့်၊ ကွဲသွားသော ဂရိအင်ပါယာ၏အဆုံးတွင် “ချိုတက်တစ်ချောင်း” (ဒံ ၈း၉) ပေါ်လာလိမ့်မည်။ လူတချို့က၊ ဤအနာဂတ္တိစကား၏ ဤအပိုင်းသည် ခရစ်တော်မပေါ်မီ ဒုတိယရာစုတွင် ပါလေတိ နပြည်ကို ခဏတာအုပ်စိုးသော ဆီးရီးယားဘုရင် အန်တီအိုချိုးစ်အယ်ပီဖာနီးစ် (Antiochus Eqiphanes) ၌ ပြည့်စုံသည်ဟုယူဆကြသည်။ သာသာရေးပြုပြင်ပြောင်းလဲ သူများစွာအပါ အဝင်၊ အခြားလူများကမူ၊ ဤချိုငယ်သည် ရောမနိုင်ငံနှင့် ပုပ်ရဟန်းမင်း၏ ကြီးစိုးမှု အဆင့်တို့ ဖြစ်ကြောင်းဖော်ထုတ်ခဲ့ကြသည်။ ဤဒုတိယအနက်ပြန်ဆိုချက်သည် ဒံယေလ ပေးသည့် အချက်အလက်များနှင့် ကိုက်ညီသည်၊ သို့သော် အခြားတစ်ခုမှာမူ ကိုက်ညီခြင်း မရှိချေ။ အောက်ပါအချက်များကိုမှတ်သားပါ။

က။ ချိုငယ်၏တန်ခိုးသည် ဂရိအင်ပါယာကျရှုံးချိန်မှစ၍၊ “အမှုကုန်ဆုံးရသော ကာ လ တိုင်အောင်တည်သည် (ဒံ ၈း၁၇)။ ရုပ်တုကိုးကွယ်သောရောမနိုင်ငံနှင့် ပုပ်ရဟန်း မင်းအုပ်စိုး မှုတို့ ကသာ ဤကာလသတ်မှတ်ချက်များနှင့်ကိုက်ညီသည်။

ခ။ ဒံယေလအနာဂတ္တိကျမ်း ၂၊ ၇ နှင့် ၈ တို့သည် တစ်ခုနှင့်တစ်ခုတူညီသည်။ ဒံယေလ ၂ မှ ရုပ်တုတို့၏သတ္တုလေးမျိုးနှင့် ဒံယေလ ၇ မှသားရဲလေးကောင်တို့သည် ဗာဗုလုန်နိုင်ငံ၊ မေဒိ-ပေရသိနိုင်ငံ၊ ဂရိနိုင်ငံနှင့် ရောမနိုင်ငံတည်းဟူသော တူညီသော ကမ္ဘာ့အင်ပါယာများ ကိုပုံဆောင်သည်။ သံနှင့်ရွှံ့ရောနှောသောခြေထောက်နှင့် စတုတ္ထ သားရဲ၏ ချိုဆယ်ချောင်း တို့သည် ရောမအင်ပါယာမှကွဲထွက်သွား၍ ဒုတိယအကြိမ် မကြွလာ မီတိုင်အောင်ရှိ နေမည့် နိုင်ငံများကိုပုံဆောင်သည်။ ဤအနာဂတ္တိစကားနှစ်ခုစ လုံးသည် ရောမနိုင်ငံအား ဂရိနိုင်ငံကို ဆက်ခံသောနိုင်ငံအဖြစ်နှင့် ဒုတိယအကြိမ်ကြွလာ ခြင်းနှင့် နောက်ဆုံးတရားစီရင်ခြင်း မတိုင်မီရှိသည့် နောက်ဆုံးအင်ပါယာအဖြစ် ညွှန်ပြ သည်။ ဒံယေလ ၈ ထဲကချိုငယ်သည်လည်း ထိုအရာနှင့်ခွင်ဝင်သည်။ ၎င်းသည် ဂရိအင် ပါယာ ကိုလိုက်လာပြီး၊ သဘာ၀လွန် ဖျက်ဆီး ခြင်း ခံရသည်၊ သို့မဟုတ် “လူလက်ဖြင့် ဒဏ်မခတ်ဘဲ ကျိုးပဲ့ပျက်စီးခြင်းသို့ရောက်လိမ့်မည်” (ဒံ ၈း၂၅။ ၂း၃၄)။

ဂ။ မေဒိ-ပေရသိနိုင်ငံကို “ကြီးမားသည် ဟူ၍လည်းကောင်း၊ ဂရိနိုင်ငံကို “အလွန် ကြီး မားသည်ဟူ၍လည်းကောင်း၊ ချိုငယ်ကို “အလွန့်အလွန်ကြီးမားသည် ဟု ခေါ်ဆို သည် (ဒံ ၈း၄၊၈၊၉)။ အကြီးမားဆုံးသော ကမ္ဘာ့အင်ပါယာတစ်ခုဖြစ်သော ရောမအင်ပါ ယာသည် ဤသတ်မှတ်ချက်နှင့်ကိုက်ညီသည်။

ဃ။ ရောမနိုင်ငံကသာလျှင် ၎င်း၏အင်ပါယာကို တောင်အရပ် (အီဂျစ်)၊ အရှေ့ အရပ် (မာကေဒေါနိနှင့်အာရှမိုင်းနား) နှင့် “သာယာသောပြည် (ပါလေတိနပြည်) သို့ အနာဂတ္တိ ဟော ပြောခဲ့သည်အတိုင်း တိုးချဲ့ခဲ့သည် (ဒံ ၈း၉)။

င။ ရောမနိုင်ငံသည် ဗိုလ်ခြေသခင်တည်းဟူသော သခင်တို့၏သခင် (ဒံ ၈း၁၁၊ ၂၅)၊ ယေရှုခရစ်တော်ကိုဆန့်ကျင်ဘက်ပြုခဲ့သည်။ “ကိုယ်တော်နှင့်သူ၏လူများ၊ သူ၏ သန့်ရှင်း ရာ ဌာနကိုဆန့်ကျင်ဘက်ပြုသော ရောမအာဏာတန်ခိုးသည် အံ့ဖွယ်အကောင်း ဆုံးသော စစ်ပွဲ ကိုတိုက်ခိုက်ခဲ့သည်။ ဤသို့ဆိုရာတွင် ရုပ်တုကိုးကွယ်သောရောမနှင့် ပုပ်ရဟန်းမင်း ၏ အုပ်စိုးမှုနှစ်ခုစလုံးအကျုံးဝင်သည်။ ရုပ်တုကိုးကွယ်သောရောမသည် ခရစ်တော်ကို တိုက် ခိုက်၍၊ ယေရုရှလင်မြို့ရှိဗိမာန်တော်ကို အမှန်ပင်ဖျက်ဆီးခဲ့စဉ်၊ ရောမ အသင်း တော်သည် ကောင်းကင်သန့်ရှင်းရာဌာနတွင် အပြစ်သားများကိုယ်စား ခရစ်တော်၏ ယဇ်ပုရောဟိတ်မင်း အလုပ်တည်းဟူသော ကြားဖျန်ဖြေခြင်းအလုပ်ကို (ဟေဗြဲ ၈း၁၊၂)၊ လူသားတို့၏ ကြားဖျန်ဖြေ ခြင်း အားဖြင့် အပြစ်လွှတ်ခြင်းကိုပေးသည့် ယဇ်ပုရောဟိတ် လုပ်ငန်းအားဖြင့် မှေးမှိန်စေခဲ့သည်။ ဤအယူဖောက်ပြန်သောအာဏာစက်သည် အလွန် အောင်မြင်လိမ့်မည်။ အကြောင်းမှာ၊ ၎င်းသည် “သမ္မာတရားကို မြေသို့နှိမ့်ချ၏။ ထိုသို့ပြု ၍ အောင်မြင်ခြင်းသို့ရောက်လေ၏” (ဒံ ၈း၁၂)။

၂။ ပြန်လည်အသစ်ဖြစ်စေခြင်း၊ ဆေးကြောခြင်းနှင့် တရားစီရင်ခြင်းအချိန်။ ဘုရားသခင်သည် ခရစ်တော်၏ယဇ်ပုရောဟိတ်မင်းဆိုင်ရာလုပ်ငန်း၏ သမ္မာတရားသည် ဆက်လက်၍ အတိုင်းအဆမရှိ မှေးမှိန်သွားမည်ကိုခွင့်ပြုလိမ့်မည်မဟုတ်ချေ။ သစ္စာရှိပြီး ဘုရားသခင်ကို ကြောက်ရွံ့သောအမျိုးသားအမျိုးသမီးအားဖြင့်၊ သူသည် မိမိ၏ အမှုတော်ကိုပြန်လည် ဖော်ထုတ်ခဲ့သည်။ ကျွန်ုပ်တို့၏ကြားဖျန်ဖြေသူအဖြစ် ခရစ်တော် ၏ လုပ်ငန်းကို တစ်ပိုင်းတစ်စပြန်လည်ဖော်ထုတ်သော ပြုပြင်ပြောင်းလဲခြင်းသည် ခရစ် ယာန်လောကထဲတွင် ကြီးမားသောပြန်လည်နိုးကြားခြင်းကိုဖြစ်စေခဲ့သည်။ သို့သော်၊ ခရစ်တော်၏ ကောင်းကင်ဆိုင်ရာ လုပ်ငန်း အကြောင်းကိုဖော်ပြရန် များစွာသောသမ္မာ တရား ရှိနေသေးသည်။

ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းအဖြစ် ခရစ်တော်၏လုပ်ငန်းသည် သူ၏အမြဲ လုပ် ဆောင်သောကြားဖျန်ဖြေခြင်းလုပ်ငန်း (ဟေဗြဲ ၇း၂၅) အပြင်၊ ဆေးကြောခြင်းနှင့် တရားစီရင်ခြင်း အထူးလုပ်ငန်းစတင်သည့်အချိန်၊ “အမှုကုန်ရသောကာလ” (ဒံ ၈း၁၇) တွင်အထူးထင်ရှားလိမ့်မည်ဟု ဒံယေလ၏ရူပါရုံကညွှန်ပြသည်။ ဤရူပါရုံသည် အပြစ် ဖြေရာနေ့က ပုံဆောင်သော စုံစမ်းစစ်ဆေးခြင်း (ဒံ ၇) နှင့် “ရက်ပေါင်းနှစ်ထောင့် သုံးရာ တိုင်တိုင်တည်လိမ့်မည်။ ထို့နောက် သန့်ရှင်းရာဌာနကိုတစ်ဖန်ဆေးကြောသုတ် သင်လိမ့် မည် (ဒံ ၈း၁၄) ဟူသော သန့်ရှင်းရာဌာနကိုဆေးကြောခြင်းတို့ကို ခရစ်တော် စတင်မည့် အချိန်ကို သတ်မှတ်သည်။ ဤရူပါရုံသည် အမှုကုန်ဆုံးရာကာလကိုညွှန်ထား သော ကြောင့်၊ မြေကြီးပေါ် ရှိ သန့်ရှင်း ရာဌာနကိုပြောဆိုခြင်းမဖြစ်နိုင်ချေ။ အကြောင်းမှာ၊ ၎င်း သည် အေဒီ (၇၀) တွင်ဖျက်ဆီးခြင်းခံရသည်။ ထို့ကြောင့်၊ အနာဂတ္တိစကားသည် ကျွန်ုပ် တို့၏ကယ်တင်ခြင်းအတွက် ခရစ်တော်အမှုဆောင်ရာကောင်းကင်၌ရှိသော ပဋိညာဉ် အသစ်နှင့် ဆိုင်သောသန့်ရှင်းရာ ဌာနကိုရည်ညွှန်းသည်။

ရက်ပေါင်း (၂၃၀၀) သို့မဟုတ် “ညဦးနှင့်နံနက် ၂၃၀၀” သည် မူရင်းဟေဗြဲ ကျမ်းစာတွင် မည်သည့်အရာဖြစ်သနည်း။ (ကမ္ဘာဦးကျမ်း ၁) အရ၊ ညဦးနှင့်နံနက်သည် တစ်ရက်ဖြစ်သည်။ ဤစာအုပ်၏အခန်းကြီး ၄ နှင့် ၁၃ တွင် တွေ့ရသကဲ့သို့၊ ပုံဆောင် မှုများနှင့် အနာဂတ္တိစကားတွင် အချိန်ကာလသည်လည်းပုံဆောင်မှုဖြစ်၍၊ အနာဂတ္တိ တွင် တစ်ရက်သည် တစ်နှစ်ကို ကိုယ်စားပြုသည်။ ထို့ကြောင့်၊ ခေတ်အဆက်ဆက်က၊ ခရစ် ယာန်များစွာတို့ ယုံကြည် သကဲ့ သို့၊ (ဒံယေလကျမ်း ၈) မှ ရက်ပေါင်း (၂၃၀၀) သည် နှစ်ပေါင်း (၂၃၀၀) ကိုကိုယ်စားပြုသည်။

က။ ဒံယေလ (၉) သည် ဒံယေလ (၈) ၏အနက်ကိုဖွင့်သောသော့ဖြစ်သည်။ ဒံယေလသည် “ဗျာဒိတ်ရူပါရုံကို နားလည်စေခြင်းငှာ” (ဒံ ၈း၁၆) ဘုရားသခင်သည် ကောင်းကင် တမန်ဂါဗြေလ ကိုစေခိုင်းခဲ့သည်။ သို့သော်၊ ရူပါရုံ၏ အကျိုးသက်ရောက် မှုသည် အလွန်အံ့ဩ စေသည်ဖြစ်ရာ၊- ဒံယေလသည် ဖျားပြီး၊ ဂါဗြေလကဆက်လက် မရှင်းပြနိုင်တော့ချေ။ (အခန်းကြီး ၈) အဆုံးတွင် ဒံယေလက ဤသို့မှတ်ချက်ပြုသည်။ “ထိုအခါ ငါဒံယေလသည် မော၍ နာလျက်နေ၏။ ဗျာဒိတ် ရူပါရုံကို ငါအံ့ဩသော်လည်း၊ ထိုအမှုကို အဘယ်သူမျှ မရိပ်မိကြ (ဒံ ၈း၂၇)။

ဤအနှောင့်အယှက်ကြောင့်၊ ဂါဗြေလသည် သူ၏ရှင်းပြချက်ကိုရပ်ထားလိုက် သည်။ (ဒံယေလ ၉) သည် ဤရှင်းပြသည့်တာဝန်ကို လက်စသတ်ရန်ပြန်လာကြောင်း ဖော်ပြသည်။ ထို့ကြောင့်၊ (ဒံယေလ ၈ နှင့် ၉) သည် ဆက်နွှယ်နေပြီး၊ (အခန်းကြီး ၉) သည် ရက်ပေါင်း (၂၃၀၀) ၏နက်နဲမှုကိုဖွင့်ပြပေးသောသော့ဖြစ်သည်။ ဂါဗြေလသည် ပေါ်လာ ၍၊ ဒံယေလကို ဤသို့ဆိုခဲ့သည်။ “ငါသည် သင်၌ဉာဏ်ပညာတိုးပွားစေမည် အကြောင်း ထွက်လာပြီ။..... ထိုကြောင့်၊ ဗျာဒိတ်တော်အချက်ကိုဆင်ခြင်၍၊ နားလည်ရ သောအခွင့် ရှိ၏ (ဒံ ၈း၂၂၊၂၃)။ ဤနေရာတွင်သူသည် ရက်ပေါင်း (၂၃၀၀) နှင့် ဆိုင်သော ရူပါရုံကို ရည်ညွှန်းသည်။ သူသည် (ဒံယေလ ၈) မှရူပါရုံနှင့်ဆိုင်သောအချိန် ကာလကို အပတ် ပေါင်း (၇၀) အနာဂတ္တိစကား နှင့် တွဲ၍ရှင်းလင်းပြခဲ့သည်။

အပတ်ပေါင်း (၇၀) သို့မဟုတ် နှစ်ပေါင်း (၄၉၀) သည် ယုဒလူမျိုးတို့နှင့် ယေရုရှ လင်မြို့ အဖို့ “ဆုံးဖြတ်ထားသည် (ဒံ ၉း၂၄)။ ဤနေရာတွင် အဓိကဟေဗြဲ စကားလုံးမှာ “ချာသတ်” (chathak) ဖြစ်သည်။ ဤစကားလုံးကို သမ္မာကျမ်းစာတွင် တစ်ကြိမ်သာ အသုံးပြုသော် လည်း၊ ၎င်း၏အဓိပ္ပါယ်ကို ဟေဗြဲအရင်းအမြစ်များမှနားလည် နိုင်သည်။ ၎င်းသည် “ဖြတ် သည် သို့မဟုတ် “ခွဲစိတ်သည်” ဟူ၍မှန်မှန်ကန်ကန်ဆို လိုသည်။

 

 

ဤနောက်ခံနှင့်အတူ၊ ဂါဗြေလ၏ရှင်းလင်းချက်သည် အလွန်သရုပ်ပေါ်လွင်သည်။ သူသည် ဒံယေလအား၊ နှစ်ပေါင်း (၄၉၀) ကို ပိုမိုကြာရှည်သောနှစ်ပေါင်း (၂၃၀၀) မှ ဖြစ်ခြင်း ဖြစ်သည်ဟုပြောပြသည်။ နှစ်ပေါင်း (၄၉၀) သည် “ယေရုရှလင်မြို့ကိုတစ်ဖန် တည်ထောင် ပြုစုစေခြင်းငှာ၊ အမိန့်တော်ရှိသည့်နေ့” (ဒံ ၉း၂၅) မှစတင်မည်ဖြစ်ကြောင်း ဂါဗြေလရှင်းပြ၏။ ထိုအမိန့်သည် အာတဇေရဇ်မင်းကြီးနန်းစံခုနှစ်နစ်မြောက် ဘီစီ ၄၅၇ တွင် ထွက်လာခဲ့ သည်။

နှစ်ပေါင်း (၄၉၀) သည် အေဒီ (၃၄) တွင် ပြီးဆုံးခဲ့သည်။ နှစ်ပေါင်း (၂၃၀၀) မှ (၄၉၀) နှစ် ကို ခွဲထုတ်လိုက်သောအခါ၊ နှစ်ပေါင်း (၁၈၁၀) ကျန်ရှိသည်။ နှစ်ပေါင်း (၂၃၀၀) သည် အေဒီ (၃၄) ၏အလွန်နှစ်ပေါင်း (၁၈၁၀) ထိဆက်သွား မည်ဖြစ်သောကြောင့်၊ အေဒီ (ခရစ်နှစ်) ၁၈၄၄ ခုနှစ်အထိရောက်ရှိသည်။

ခ။ ခရစ်တော်၏လုပ်ငန်းကိုပိုမိုနားလည်ခြင်းဆီသို့။ (၁၉) ရာစုနှစ်အစောပိုင်း ကာ လအတွင်း နှစ်ခြင်း၊ ပရက်စ်ဘီတီးရီးယာန်း၊ မက်သဒစ်၊ လူသာရင်၊ အင်္ဂလီကန်နှင့် အခြားသော အသင်းများမှ ခရစ်ယာန်များစွာတို့သည် (ဒံယေလ ၈) မှ အနာဂတ္တိစကားကို အပြင်းအထန်လေ့လာခဲ့ကြသည်။ ဤကျမ်းစာလေ့လာသူအားလုံးသည် နှစ်ပေါင်း (၂၃၀၀) အဆုံးတွင် အလွန်အရေးပါသောဖြစ်ရပ်တချို့ဖြစ်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြ သည်။ ချိုငယ်အာဏာစက် နှင့် သန့်ရှင်းရာဌာနအကြောင်း သူတို့၏နားလည်မှုကိုမှီငြမ်း ၍၊ သူတို့က ဤအနာဂတ္တိကာလ သည် အသင်းတော်ကိုစင်ကြယ်စေခြင်း၊ ပါလေတိန ပြည်နှင့် ယေရုရှလင်မြို့တို့ လွတ်လပ် ခြင်း၊ ယုဒလူတို့ပြန်လာခြင်း၊ တူရကီလူမျိုး သို့မ ဟုတ် မူစလင်တို့ကျရှုံးခြင်း၊ ရောမအသင်း တော်ကိုဖျက်ဆီးခြင်း၊ စစ်မှန်သောဝတ်ပြုကိုး ကွယ်ခြင်းကို ပြန်လည်အသစ်ဖြစ်စေခြင်း၊ မြေကြီးပေါ်နှစ်ပေါင်းတစ်ထောင်စတင်စိုးစံ ခြင်း၊ တရားစီရင်ရာနေ့၊ မြေကြီးကို မီးဖြင့်ဆေး ကြောခြင်း သို့မဟုတ် ဒုတိယအကြိမ်ကြွ လာခြင်း စသည်တို့ဖြင့် အဆုံးသတ်သွားမည်ဟု စောင့်စားခဲ့ကြသည်။

ဤကြိုတင်ဟောပြောချက်များတစ်ခုမျှဖြစ်မလာခဲ့ချေ။ ပြီးနောက် ၎င်းတို့ကိုယုံ သော သူတို့အားလုံးလည်း စိတ်ဓာတ်ကျခဲ့ကြသည်။ သို့ရာတွင်၊ သူတို့၏ပြင်းထန်သော စိတ်ဓာတ်ကျခြင်းသည် ဤကြိုတင်ဟောပြောချက်၏ အစိတ်အပိုင်းပင်ဖြစ်သည်။ (၁၈၄၄) ခုနှစ်တွင် ခရစ်တော်ကြွလာခြင်းကိုမျှော်လင့်သောသူတို့သည် ယုဒလူမျိုးများ ပါလေတိန တိုင်းပြည်သို့ ပြန်လာရန် စောင့်မျှော်သောသူတို့ထက် ပိုမိုသောကရောက် ခဲ့ကြသည်။

သူတို့၏အလွန်စိတ်ပျက်ခြင်း၏ရလဒ်အဖြစ်၊ များစွာသောသူတို့သည် အနာဂတ္တိ စကား လေ့လာခြင်း သို့မဟုတ် ဤရလဒ်များပေါ်ထွက်စေသောသမိုင်းကို အခြေခံသည့် အနက်ဖွင့် ခြင်းနည်းလမ်းကို စွန့်လွှတ်လိုက်ကြသည်။ သို့သော်ငြားလည်း၊ လူတချို့သည် များစွာ ဆုတောင်းခြင်း နှင့်အတူ ဤအနာဂတ္တိစကားနှင့် သန့်ရှင်းရာဌာနအကြောင်းတို့ကို အပြင်း အထန်လေ့လာပြီး၊ သူတို့ကိုယ်စား ကောင်းကင်သန့်ရှင်းရာဌာနမှခရစ်တော်၏ လုပ်ငန်းကို ဆက်လက်မျှော်လင့်ခဲ့ကြသည်။ သူတို့၏ကြိုးပမ်းမှုကြောင့် ခရစ်တော်၏ လုပ်ငန်းကိုများစွာ သိရှိလာရသည်။ သူတို့သည် ရှေးဦးအသင်းတော်၏ အနာဂတ္တိအပေါ် ယုံကြည်ခြင်းနှင့် ဘာသာရေးပြုပြင်ပြောင်လဲခြင်းသည် ဆက်လက်ခိုင်လုံကြောင်းကိုရှာ ဖွေ တွေ့ရှိခဲ့ကြသည်။ ဤအနာဂတ္တိအချိန်ကိုတွက်ချက်မှုများသည် စင်စစ်မှန်ကန်သည်။ ထို့ကြောင့်နှစ် ၂၃၀၀ သည် ၁၈၄၄ ခုနှစ်တွင်အဆုံးသတ်သွားသည်။ သူတို့နှင့်ထိုအချိန် ကအနက်ဖွင့်ဆိုသူ အားလုံး၏အမှားမှာ၊ ဤအနာဂတ္တိအချိန်၏အဆုံးတွင် ဖြစ်ပျက်မည့် ဖြစ်ရပ်ကိုနားလည်ခြင်းဖြစ်၏။ ခရစ်တော်၏သန့်ရှင်းရာဌာနဆိုင်ရာ လုပ်ငန်းကို အသစ် နားလည်ခြင်းသည် သူတို့၏ ဝမ်းနည်းစိတ်ပျက်မှုကို မျှော်လင့်ခြင်းနှင့် ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။

သန့်ရှင်းရာဌာနအကြောင်း ကျမ်းစာ၏သွန်သင်ချက်များကို သူတို့၏လေ့လာမှု သည် (၁၈၄၄) ခုနှစ်တွင် ခရစ်တော်သည် အသက်ကြီးသောသူထံသို့လာ၍၊ ကောင်းကင် သန့်ရှင်း ရာဌာနတွင် သူ၏ယဇ်ပုရောဟိတ်မင်းလုပ်ငန်း၏နောက်ဆုံးအဆင့်ကို စတင်ခဲ့ ကြောင်းဖော်ပြခဲ့သည်။ ဤလုပ်ငန်းသည် ခရစ်တော်မကြွလာမီ စုံစမ်းစစ်ဆေး သောတ ရားစီရင်ခြင်းအဖြစ် (ဒံယေလ ၇) ကဖော်ပြသည့် အပြစ်ဖြေရာနေ့တွင် သန့်ရှင်းရာ ဌာနဆေးကြောခြင်းက ပုံဆောင်သောလုပ်ငန်းဖြစ်သည်။

ဤခရစ်တော်၏ ကောင်းကင်ဆိုင်ရာ လုပ်ငန်းကို အသစ်သိရှိခြင်းသည် “ရှေးဦး ခရစ်ယာန် ယုံကြည်ခြင်းမှခွဲထွက်ခြင်းမဟုတ်ချေ။ ၎င်းသည် ထိုယုံကြည်ခြင်းကို ကျိုး ကြောင်း ဆီလျော်ပြီး၊ မလွဲဧကန်ပြည့်စုံစေခြင်းပင်ဖြစ်တော့သည်။”

မဟာတိုက်လှန်မှုအထဲကရည်ရွယ်ချက်

ဒံယေလကျမ်း ၇ နှင့် ၈ ကအနာဂတ္တိစကားသည် ဘုရားသခင်နှင့်စာတန် အကြား မဟာ တိုက်လှန်မှုနောက်ဆုံးရလဒ်၏ ပိုမိုကျယ်ပြန့်သောရှုထောင့်ကို ဖွင့်ပြထား သည်။

ဘုရားသခင်၏စာရိတ္တတော်ကိုသက်သေထူခြင်း။ ချိုငယ်၏လုပ်ဆောင်မှုများအား ဖြင့်စာတန်သည် ဘုရားသခင်၏အခွင့်အာဏာကိုစိန်ခေါ်ရန် ကြိုးပမ်းခဲ့သည်။ ထိုအာဏာ စက်၏ လုပ်ဆောင်မှုများသည် ဘုရားသခင့်အုပ်ချုပ်မှု၏ ဗဟိုအချက်အချာဖြစ်သော ကောင်းကင် သန့်ရှင်းရာ ဌာနကိုပြစ်တင်ဝေဖန်ပြီး၊ နင်းခြေထားသည်။ ဒံယေလ၏ ရူပါရုံများသည် ချိုငယ်နှင့် စာတန်အပေါ် ဘုရားသခင်သည် ပြစ်တင်ရှုတ်ချသည့် စီရင် ချက်ကိုချမည့် စစ်ဆေးစီရင်ခြင်းကိုညွှန်ပြသည်။ ခရစ်တော်၏အသေခံခြင်းသည် စာတန် ၏ စိန်ခေါ်မှု အားလုံးကို ချေပလိမ့်မည်။ လူအားလုံးက ဘုရားသခင်သည် မှန်ကန်ကြောင်း နှင့် အပြစ်ပြဿနာအတွက် တာဝန်မရှိကြောင်းတို့ကိုနားလည်လာ၍၊ သဘောတူလက် ခံလာမည်။ ကိုယ်တော်၏ စာရိတ္တ သည် မချေပနိုင်အောင်သိသာထင်ရှားလာပြီး၊ သူ၏ မေတ္တာ အခြေခံသောအုပ်စိုးမှုသည် ထပ် လောင်း အတည်ပြုခြင်းခံရမည်။

ဘုရားသခင်၏လူတို့ကိုသက်သေထူခြင်း။ တရားစီရင်ခြင်းသည် အယူဖောက်ပြန် သော ချိုငယ်အာဏာစက်ကို ပြစ်တင်ရှုတ်ချသော်လည်း၊ ၎င်းသည် အမြင့်ဆုံးသော ဘုရားသခင်၏ သန့်ရှင်းသူတို့အား မျက်နှာသာကိုရစေသည် (ဒံ ၇း၂၂)။ အမှန်မှာ ဤ တရားစီရင်ခြင်းသည် စကြ၀ဠာရှေ့တွင် ဘုရားသခင်ကိုသာမက၊ သူ၏လူတို့ကိုလည်း သက်သေထူသည်။ သန့်ရှင်းသူတို့သည် ခေတ်အဆက်ဆက်ခရစ်တော်ကိုယုံကြည်ခြင်း ကြောင့် မထီမဲ့မြင်ပြုခြင်းနှင့် ညှဉ်းဆဲခြင်းကိုခံခဲ့ကြသည်။ ဘုရားသခင်၏လူတို့သည် “အကြင်သူသည် လူတို့ရှေ့မှာငါ့ကိုဝန်ခံအံ့၊ ကောင်းကင်ဘုံ၌ရှိသောငါ့ခမည်းတော်ရှေ့မှာ ထိုသူကိုငါဝန်ခံမည် (မ ၁ဝး၃၂) ဟူသော ခရစ်တော်၏ကတိတော်ကို သဘောပေါက် ကြလိမ့်မည်။

တရားစီရင်ခြင်းနှင့်ကယ်တင်ခြင်း။ စုံစမ်းစစ်ဆေးသော တရားစီရင်ခြင်းသည် ယေရှု ခရစ်တော် ကိုယုံကြည်သောသူတို့၏ကယ်တင်ခြင်းကို ထိခိုက်စေပါသလား။ လုံး၀ မထိခိုက်စေပါ။ စစ်မှန်သောယုံကြည်သူတို့သည် ခရစ်တော်နှင့်အတူပူးပေါင်းအသက်ရှင် ၍၊ သူ့အားကြားဖျန်ဖြေသူအဖြစ်ယုံကြည်ကိုးစားကြသည် (ရော ၈း၃၄)။ သူတို့ အတွက် အာမခံချက်သည် “ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှု ဆောင်သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ၏” (၁ယော ၂း၁) ဟူသော ကတိတော်၌ တည်သည်။

ထိုသို့ဆိုသော်၊ အဘယ်ကြောင့် ခရစ်တော်မကြွလာမီ စစ်ကြောစီရင်ခြင်းလိုအပ် သနည်း။ ဤတရားစီရင်ခြင်းသည် ဘုရားသခင်၏ ကောင်းကျိုးအတွက် မဟုတ်ချေ။ ၎င်း သည် အဓိကအားဖြင့် စကြ၀ဠာ၏ ကောင်းကျိုးအတွက်ဖြစ်၍၊ စာတန်၏စွပ်စွဲမှုများကို အဖြေပေးကာ၊ အမှန်တကယ်ပြောင်းလဲသောသူတို့သည်သာ သူ၏နိုင်ငံတော်တွင် ဘုရား သခင်သည် ဝင်ခွင့်ပေးမည်ဖြစ်ကြောင်းကို မကျရှုံးသောသတ္တဝါတို့အား အာမခံချက် ပေး၏။ ထို့ကြောင့်၊ ဘုရားသခင်သည် ဘက်မလိုက်သောစစ်ဆေးခြင်းအတွက် မှတ်တမ်း စာစောင် များ ကိုဖွင့်ထားသည် (ဒံ ၇း၉၊၁၀)။

လူသားတို့သည် ဤအဖွဲ့သုံးဖွဲ့အထဲက တစ်ဖွဲ့ဖွဲ့တွင်ပါဝင်ကြသည်။ (၁) ဘုရား သခင်၏ အခွင့်အာဏာကိုငြင်းပယ်သောလူဆိုးများ၊ (၂) ယုံကြည်ခြင်းအားဖြင့် ခရစ်တော် ၏ ကောင်းမြတ်ခြင်းကို ယုံကြည်ကိုးစား၍၊ ဘုရားသခင်၏ ပညတ်ချက်များကို လိုက် လျှောက်သည့် စစ်မှန်သောယုံကြည်သူများနှင့် (၃) စစ်မှန်သော ယုံကြည်သူများကဲ့သို့ မြင်ရသော်လည်း၊ အစစ်အမှန်မဟုတ်သူများတို့ဖြစ်ကြသည်။

မကျရှုံးသောကောင်းကင်သားများသည် ပထမအဖွဲ့ကိုခွဲခြားသိရှိပြီးဖြစ်သည်။ မည်သူ သည် စစ်မှန်သောယုံကြည်သူဖြစ်၍၊ မည်သူသည် စစ်မှန်သောယုံကြည်သူမဖြစ် သနည်း။ ဘုရားသခင်၏ အမှုတော်ထဲသို့ ဝင်ရောက်ပြီးသော သူအားလုံး၏ နာမည်များ ပါရှိသော အသက် စာစောင်တွင်   ဤနှစ်ဖွဲ့ စလုံးကိုရေးမှတ်ထားသည် (လု   ၁ဝး၂၀။ ဖိ ၄း၃။ ဒံ ၁၂း၁။ ဗျာ ၂၁း၂၇)။ အသင်းတော်ကိုယ်၌က စစ်မှန်သော ယုံကြည် သူများနှင့် မှားယွင်းသော ယုံကြည် သူ များ၊ စပါးနှင့်တောပင်တို့ပါရှိသည် (မ ၁၃း၂၈-၃၀)။

ဘုရားသခင်၏မကျရှုံးသောကောင်းကင်သားတို့သည် အရာရာကိုမသိနိုင်သည် ဖြစ်ရာ၊ သူတို့သည် စိတ်နှလုံးကိုမဖတ်နိုင်ကြချေ။ “ထို့ကြောင့် ခရစ်တော်ဒုတိယအကြိမ် မကြွလာမီ အမှားထဲကအမှန်ကိုစစ်ထုတ်ရန်နှင့် စစ်မှန်သောယုံကြည်သူကိုကယ်တင်ရာ တွင် ဘုရားသခင်၏ တရားမျှတမှုကို စိတ်ဝင်စားသောစကြ၀ဠာအားဖော်ပြရန် တရားစီ ရင်ခြင်းသည် လိုအပ်၏။ ဤကိစ္စသည် ဘုရားသခင်နှင့်စကြ၀ဠာအကြားဖြစ်ပြီး၊ ဘုရား သခင်နှင့် သူ၏ သား သမီးများအကြား အရေးကိစ္စမဟုတ်ချေ။ ဤတရား စီရင်ခြင်းတွင် စာစောင်များကိုဖွင့်၍၊ ယုံကြည်ခြင်းကိုဝန်ခံ၍အသက်စာစောင်၌စာရင်းဝင်သောသူတို့ကို ထုတ်ဖော်ရန်တောင်းဆို၏။

ခရစ်တော်သည် ဤတရားစီရင်ခြင်းကို မင်္ဂလာဆောင်ပွဲတွင်ဧည့်သည်များဖိတ် ခေါ်သည့် ဥပမာတွင်ပုံဖော်ထားသည်။ ခရစ်ယာန်အဖြစ်ခံယူရန် ရွေးချယ်သောသူအား လုံးသည် တပည့်တော်အစစ်အမှန်မဟုတ်ကြသောကြောင့်၊ ရှင်ဘုရင်က မည်သူသည် မင်္ဂလာဝတ်စုံဝတ်သည်မဝတ်သည်ကို စစ်ဆေးရန်ဝင်လာသည်။ ဤဝတ်လုံသည် “စင် ကြယ်၍ အပြစ်ကင်းသောစာရိတ္တကိုပိုင်ဆိုင်မည့် ခရစ်တော်၏စစ်မှန်သောနောက်လိုက် များကိုပုံဆောင်သည်။” အသင်းတော်သည် “စင်ကြယ်ပြောင်လက်သောပိတ်ချောကိုဝတ် ဆင်ရသောအခွင့်ကိုရပြီး၊ သန့်ရှင်းလျက်အပြစ်ကင်းလျက်ရှိသည်ဖြစ်၍၊ အညစ်အ ကြေးတင်ခြင်း၊ အရေတွန့် ခြင်းစသည်တို့နှင့်လွတ်လပ် သည် (ဗျာ ၁၉း၈။ ဧ ၅း၂၇)။ သမ္မာကျမ်းစာက၊ ပိတ်ချောသည် “သန့်ရှင်းသူတို့၏ဖြောင့်မတ်ခြင်းဖြစ် သတည်း} ဟုဆို သည် (ဗျာ ၁၉း၈)။ ၎င်းသည် ယုံကြည် ခြင်းအားဖြင့် ခရစ်တော်အား မိမိတို့ကိုယ်ပိုင်ကယ် တင်ရှင်အဖြစ် လက်ခံသောသူ အားလုံးကိုပေးသောခရစ်တော်၏ ဖြောင့်မတ်ခြင်းတည်း ဟူသော၊ သူ၏အပြစ်မဲ့သော စာရိတ္တဖြစ်၏။} ရှင်ဘုရင်သည် ဧည့်သည်များကိုစစ်ဆေး သောအခါ၊ ဧဝံဂေလိ၏ခေါ် ဖိတ်ခြင်း၌ ရက်ရက်ရောရောပေးသော ခရစ်တော်၏ဖြောင့် မတ်ခြင်းဝတ်လုံကို ဝတ်ဆင်သောသူတို့ကိုသာ စစ်မှန်သောယုံကြည် သူများအဖြစ် လက် ခံခဲ့သည်။ ဘုရားသခင်၏နောက်လိုက်ဖြစ်သည်ဟု ဝန်ခံသော်လည်း၊ နားထောင်ခြင်းမရှိ၊ ခရစ်တော်၏ဖြောင့်မတ်ခြင်းဖြင့် လွှမ်းခြုံမထားသော သူတို့သည် အသက်စာစောင်မှချေ ဖျက်ခြင်းကိုခံရကြမည် (ထွက် ၃၂း၃၃ ကိုဖတ်ပါ)။

ခရစ်တော်အားယုံကြည်သူအားလုံးကိုစစ်ကြောစီရင်ခြင်းသဘောတရားသည် ယုံကြည် ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းဆိုင်ရာကျမ်းစာ၏ သွန်သင် ချက်နှင့် ဆန့်ကျင်မှုမရှိချေ။

ပေါလုသည် တစ်နေ့သောအခါ တရားစီရင်ခြင်းကိုရင်ဆိုင်ရမည်ဖြစ်ကြောင်း သိခဲ့သည်။ ထို့ကြောင့်၊ သူသည် “ပညတ်တရားအားဖြင့်ရသောကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားဘဲ၊ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ရသော ဖြောင့်မတ်ခြင်းတည်းဟူသော ယုံကြည်ခြင်း အတွက်ကြောင့် ဘုရားသခင်ပေးတော်မူသောဖြောင့်မတ်ခြင်း” (ဖိ ၃း၉) ကိုလိုချင် တောင့်တ ခဲ့သည်။ ခရစ်တော်နှင့်အတူပေါင်းစည်းသောသူအားလုံးသည် ကယ် တင်ခြင်း အာမခံချက်ရှိသည်။ ခရစ်တော်မကြွလာမီ စစ်ကြောစီရင်ခြင်းတွင် ခရစ်တော် နှင့်အတူ ကယ်တင်သောဆက်ဆံရေးရှိသည့် စစ်မှန်သောယုံကြည်သူများသည် မကျရှုံး သောစကြ၀ဠာ ရှေ့မှောက် တွင် ထပ်လောင်းအတည်ပြုခြင်းခံရကြသည်။

သို့သော်ငြားလည်း၊ ခရစ်တော်သည် သူတို့ပြုခဲ့သည့်များစွာသောကောင်းသော အကျင့် များကိုသာအခြေခံ၍ ခရစ်ယာန်အဖြစ်ဝန်ခံသောသူတို့ကို အာမခံချက်မပေးနိုင် ချေ (မ ၇း၂၁-၂၃)။ ထို့ကြောင့်၊ ကောင်းကင်မှတ်တမ်းများသည် မှားသောအရာများမှ စစ် မှန်သော အရာများ ကိုရွေးထုတ်သော တန်ဆာပလာထက်ပိုသည်။ ၎င်းတို့သည် စစ်မှန် သောယုံကြည် သူတို့ကို ကောင်းကင်တမန်များရှေ့တွင် အတည်ပြုရန်အတွက်အခြေ အမြစ် ဖြစ်သည်။

သန့်ရှင်းရာဌာနဆိုင်ရာယုံကြည်ချက်သည် ယုံကြည်သူ၏ခရစ်တော်၌အာမခံ ချက်ကို လုယူခြင်းမပြုဘဲလျက်၊ ၎င်းကိုထိန်းသိမ်းပေးသည်။ ၎င်းသည် ယုံကြည်သူ၏ စိတ်ထဲတွင် ကယ်တင်ခြင်းစီမံကိန်းကိုရုပ်လုံးဖော်ပြီး၊ ရှင်းပြပေးသည်။ တဲတော်လုပ်ငန်း များက ပုံဆောင်သကဲ့သို့ သူ၏အပြစ်များအတွက် ခရစ်တော်၏အစားထိုးအသေခံခြင်း အမှန်ကို သဘောပေါက်ခြင်းသည် နောင်တရသောနှလုံးသားကိုဝမ်းမြောက်စေသည်။ ထို့ ပြင်မက၊ သူ၏ ယုံကြည်ခြင်းသည် သန့်ရှင်းသောဘုရားသခင်၏ရှေ့တော်တွင် ကြား ဖျန် ဖြေသူဖြစ်သည့် အသက်ရှင်သောခရစ်တော်ထံသို့ရောက်ရှိသည်။

အဆင်သင့်ရှိရမည့်အချိန်။   ဘုရားသခင်သည်   ခရစ်တော်၏ကယ်တင်ခြင်း လုပ် ငန်းအဆုံးပိုင်းဆိုင်ရာဝမ်းမြောက်ဖွယ်သတင်းစကားကို ခရစ်တော်မကြွလာမီ တစ်လော ကလုံး သို့ဟောပြောရန်ရည်ရွယ်သည်။ ဤသတင်းစကား၏အဓိကအချက်မှာ ထာ၀ရဧဝံ ဂေလိသတင်းစကားဖြစ်ပြီး၊ အရေးတကြီးကြွေးကြော်ရမည်။ အကြောင်းမှာဘုရားသခင် ၏ “တရားစီရင်တော်မူသောအချိန်ရောက်လာပြီ (ဗျာ ၁၄း၇)။ ဘုရားသခင်သည် ယခုတရားစီရင် နေ ကြောင်းကို ဤဖိတ်ခေါ်ခြင်းက လောကီသားများကိုသတိပေးသည်။

ယနေ့ကျွန်ုပ်တို့သည် ပုံဆောင်မှုမဟုတ်သော ကြီးမားသည့်အပြစ်ဖြေရာနေ့တွင် အသက်ရှင်နေထိုင်ကြသည်။ ဣသရေလတို့သည် ထိုနေ့တွင် ခြိုးခြံစွာကျင့်သကဲ့သို့ (ဝတ် ၂၃း၂၇)၊ ဘုရားသခင်သည် မိမိလူတို့အားလုံးကို အမှန်တကယ်နောင်တရရန် ခေါ်နေသည်။ အသက်စာစောင်တွင် မိမိတို့နာမည်ကိုထိန်းထားလိုသောသူတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းကာလအတွင်း (ဗျာ ၁၄း၁၇)၊ ဘုရားသခင်နှင့်လည်းကောင်း၊ မိမိတို့လူ သားချင်းတို့ နှင့်လည်းကောင်း သင့်မြတ်နေရမည်။

ယဇ်ပုရောဟိတ်မင်းအဖြစ် ခရစ်တော်၏လုပ်ငန်းသည်ပြီးဆုံးလုပြီ။ လူသားတို့ အတွက် ကရုဏာကာလသည် တစ်စတစ်စလက်လွှတ်ဆုံးရှုံးနေသည်။ “အမှုပြီးပြီ ဟု ဘုရားသခင်ကြွေးကြော်မည့်အချိန်ကို မည်သူမျှမသိချေ။ “ထိုအချိန်ကာလသည် အဘယ် သောအခါ၌ ရောက်မည်ကို သင်တို့မသိသောကြောင့်၊ သတိပြု၍ဆုတောင်း လျက် စောင့် နေကြလော့ (မာ ၁၃း၃၃)။

ကျွန်ုပ်တို့သည် အပြစ်ဖြေရာနေ့အစစ်အမှန်၏အချိန်တွင် အသက်ရှင်နေရသော် လည်း၊ ကြောက်စရာမလိုချေ။ အဘယ်ကြောင့်ဆိုသော်၊ ]ကောင်းကင်ဘုံထဲသို့ကြွဝင် တော်မူသော ယဇ်ပုရောဟိတ်မင်းအကြီးတည်းဟူသော ဘုရားသခင်၏သားတော်ယေရှု သည် ငါတို့၌ ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီးသော အရာ၌ တည်ကြည်ကြကုန်အံ့။ ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲ ဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက် ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင် ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။ ထို့ကြောင့် ငါတို့သည် သနားခြင်းကရုဏာကိုလည်းကောင်း၊ တော် လျော်သောမစခြင်း ကျေးဇူးကိုလည်း ကောင်း ခံရမည်အကြောင်း၊ ရဲ့ရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြ ကုန်အံ့} (ဟေဗြဲ ၄း၁၄-၁၆)။

- ၀ -

မူလမာတိကာသို့

No comments:

Post a Comment