အခန်း - ၃၈
ကျန်ကြွင်းသောအသင်းတော်
၁။ ဘုရားသခင်၏စကားတော်ကို နားထောင်သောသူတို့သည် အစဉ်နည်းသည် မဟုတ်လော။
ကျဉ်းသောတံခါးကို ဝင်ကြလော။ ပျက်စီးခြင်းတို့ရောက်သော လမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့သည် များကြ၏။ အသက်ရှင်ခြင်းသို့ရောက်သော လမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍ တွေ့ဝင်သောသူတို့သည် နည်းကြ၏။ (မ၊ ၇း၁၃၊၁၄။)
မှတ်ချက်။ ရေလွမ်းမိုးစဉ်အခါ လူပေါင်း (၈) ယောက်သာ ကယ်တင်ခြင်းရသည်။ သောဒုံမြို့၊ ဂေါမောရမြို့၊ ပျက်စီးသောအခါ လောတနှင့်သူ၏ သမီးနှစ်ယောက်သာ အသက်ချမ်းသာရသည်။ အဲဂုတ္တုပြည်မှ ထွက်ကြသော လူခြောက်သိန်းကျော်ထဲက ကာလတ်နှင့် ယောရှုနှစ်ယောက်သာ ခါနာန်ပြည်သို့ဝင်ရသည်။ မိဒျန်လူတို့နှင့် စစ်တိုက်ခြင်းငှာ စု၍ရသော ဣသရေလလူပေါင်း ၃၂၀၀၀ ကျော်ထဲက အစမ်းခံနိုင်၍ မိမိရန်သူတို့ကိုနိုင်မည်ဟု ယုံကြည်သောလူပေါင်း ၃၀၀ သာ ရှိသည်။ (ဟေရှာ၊၂၄း၁၃။ ယေ၊ ၃း၁၄။ ဖတ်ကြည့်ပါ။)
၂။ ဣသရေလလူထဲက ဘယ်မျှလောက်ကယ်တင်ခြင်းရမည်နည်း။
ပုရောဖက်ဟေရှာယသည်လည်း ဣသရေအမျိုးကို ရည်မှတ်၍ ကြွေးကြော်သည်ကား၊ ဣသရေလအမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသော်လည်း ကြွင်းသောသူတို့သာလျှင် ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။ (ရော၊ ၉း၂၇။)
၃။ ကျန်ကြွင်းသောအသင်းတော်ကို ရည်မှတ်၍ အဘယ်ကဲ့သို့ အနာဂတ်ရိုက်ထားသနည်း။
နဂါးသည် မိန်းမကိုအငြိုးထား၏။ ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍ ယေရှု၏သက်သေခံတော်မူချက်ကို စွဲလမ်းသော သူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသောအမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာသွား၏။ (ဗျာ၊ ၁၂း၁၇။)
မှတ်ချက်။ နဂါးသည်စတန်မာရ်နတ်ဖြစ်၏။ (ငယ်၊ ၉ ကြည့်) မိန်းမတစ်ဦးသည် အနာဂတ္တိစကားတွင် အသင်းတစ်ပါးဖြစ်၏။ (၂ကော၊ ၁၁း၂။ ယေ၊ ၆း၂။) သီလနှင့်ပြည့်စုံသော မိန်းမသည် တည်ကြည်သောအသင်းတော်ဖြစ်၏။ ကြွင်းသောအရာဆိုလျှင် တစ်စုံတစ်ခုသော အရာမှာ အများကုန်ပြီးသည် နောက်ကျန်နေသော အရာဖြစ်သည်။ ထိုကြောင့် မိန်းမ၏ ကြွင်းသောအမျိုးအနွယ်သည် ကမ္ဘာပေါ်တွင်နောက်ဆုံးသောအသင်းတော်ဖြစ်၏။
၄။ အများတို့တွင် အကြီးဖြစ်သောပထမလက္ခဏာသည် ကြွင်းကျန်သောအသင်းတော်၌ အဘယ်သို့နည်း။
"ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်" သည်။ (ဗျာ၊ ၁၂း၁၇။၁၄း၁၂။)
၅။ ဒုတိယလက္ခဏာအဘယ်သို့နည်း။
"ယေရှု၏ သက်သေခံတော်မူချက်ကိုစွဲလမ်း" သည်။ (ဗျာ၊ ၁၂း၁၇။)
မှတ်ချက်။ ယေရူ၏သက်သေခံတော်မူချက်သည် ပုရောဖက်ဟောသောစကားချက်သဘောဖြစ်၏။ (ဗျာ၊၁၉း၁၀။ ကြည့်။) ထိုကြောင့် စာတန်မာရ်နတ်၏ နောက်ဆုံးထွက်သော အမျက်ဒေါသခံရသောအသင်းတော်၌ ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ရှောက်ခြင်း၊ ပုရောဖက်ဟောသော စကားချက်သဘော၊ ခြားနားသော လက္ခဏာနှစ်ပါး ရှိမည်။
၆။ ကျန်ကြွင်းသောအသင်းတော်သည် ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းကို မျှော်လင့်သလော။
ညီအကိုတို့ ၊ ထိုနေ့ရက်သည်သူခိုးကဲ့သို့ သင်တို့အပေါ်သို့ရောက်လာမည်အကြောင်း၊ သင်တို့သည် မှောင်မိုက်၌နေကြသည်မဟုတ်။ (၁သက်၊ ၅း၄။ မာ၊ ၁၅း၃၅-၃၇။ မ၊ ၂၅း၁၃။)
၇။ ကျန်ကြွင်းသောအသင်းတော်၌ ဘာခြားနားသော လက္ခဏာရှိသေးသနည်း။
သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏။ (ဗျာ၊ ၁၄း၁၂။)
၈။ သည်းခံခြင်းကို ဘာကပွားစေတတ်သနည်း။
သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ်သည်။ (ယာ၊ ၁း၂၊၃။) ထိုမျှမက ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏။ (ရော၊ ၅း၃။)
၉။ နောက်ဆုံးကာလ၌ စာတန်မာရ်နတ်၏ အမျက်ဒေါသသည် အထူးထင်ရှားမည်လော။
မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလ တစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီ။ (ဗျာ၊ ၁၂း၁၂။ ၂သက်၊ ၂း၉၊၁၀။)
၁၀။ သူသည်ကျန်ကြွင်းသောအသင်းတော်ကို အဘယ်သို့ပြုမည်နည်း။
ထိုမိန်းမ၌ ကြွင်းသောအမျိုးအနွယ်ကိုစစ်တိုက်ခြင်းငှာ သွား၏။ (ဗျာ၊၁၂း၁၇။)
၁၁။ အဘယ်နည်းအားဖြင့် စာတန်ကိုအောင်မြင်နိုင်သနည်း။
လောကကိုအောင်ခြင်းအကြောင်းမူကား ငါတို့၏ယုံကြည်ခြင်းပေတည်း။ (၁ယော၊၅း၄။)
၁၂။ ကျန်ကြွင်းသောအသင်းတော်၌ ဘာယုံကြည်ခြင်းမျိုးရှိရမည်နည်း။
ဘုရားသခင်၏ ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ယုံကြည်ခြင်းကိုလည်းကောင်း စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏။ (ဗျာဒိတ်၊ ၁၄း၁၂။)
No comments:
Post a Comment