Wednesday, March 19, 2025

 


အခန်း - ၆၅

မကောင်းသောအမှုအမျိုးမျိုးတို့၏ မူလအမြစ်


၁။ မကောင်းသောအမှု၏ မူလအမြစ် ဘယ်အရာနည်း။

        အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင်ထိုး ကြပြီ။ (၁တိ၊ ၆း၁၀။)

မှတ်ချက်။ ငွေများသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ ငွေကိုယ်၌ အပြစ်မရှိ။ ငွေကိုတပ်မက်ခြင်း၌သာ အပြစ်ရှိသည်။

၂။ အရှင်ဘုရားသည် အကျွန်ုပ်တို့သတိပြုဖို့ရန် အဘယ်သို့နှိုးဆော်တော်မူသနည်း။

        ထိုမှတစ်ပါး လောဘကျူးခြင်းကို သတိနှင့်ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား စည်းစိမ်ရှိသော်လည်း စည်းစိမ်၌အသက်မတည်ဟု မိန့်တော်မူ၏။ (လု၊ ၁၂း၁၅။) 

၃။ ပေါလုသည် လောကလွန်ကျူးခြင်းကို အဘယ်သို့အမည်မှည့်သနည်း။

        ထိုကြောင့်မတရားသော မေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သော တပ်မက်ခြင်း၊ မယုံကြည်သူဖြစ်သောလောဘလွန်ကျူးခြင်း။ (ကော၊ ၃း၅။)

၄။ လောဘလွန်ကျူးခြင်းသည် ယုဒရှကာရုတ်ကို မည်ကဲ့သို့ မှောက်မှားစေသနည်း။

        ထိုအခါ တပည့်တော်တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ကိုယ်တော်ကို အပ်ခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ သွားလေ၏။ ထိုသူတို့သည်ကြားလျှင် ဝမ်းမြောက်သော စိတ်ရှိ၍ ငွေပေးမည်ဟု ဝန်ခံကြ၏။ ထိုနောက်အဆင်သင့်သော အချိန်ကာလ၌ကိုယ်တော်ကို အဘယ်သို့ အပ်ရမည်နည်းဟု ရှာကြံလျက်နေ၏။ (မာ၊ ၁၄း၁၀၊၁၁။)

၅။ လောဘကြီးသောသူသည် ဘုရားသခင်ကို ချစ်နိုင်သလော။

        မတရားသောသူသည် မိမိစိတ်အလို၌ဝါကြွားတတ်ပါ၏။ လောဘကြီးသောသူသည် ထာ၀ရဘုရားကိုပယ်၍ မထီမဲ့မြင်ပြုတတ်ပါ၏။ (ဆာ၊ ၁ဝး၃။)

၆။ ဘုရားသခင်သည် ဤကဲ့သို့သောသူအား မိမိအမှုတော်ကို အပ်နှင်းတော်မူမည်လော။

        ထိုကြောင့်သင်းအုပ်သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊ မယားတစ်ယောက်တည်း ရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာကျင့်သောသူ၊ ဧည့်သည်ဝတ်ကိုပြုတတ်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမည်။ စပျစ်ရည်နှင့် ပျော်မွေ့ခြင်း၊ သူတစ်ပါးကိုရိုက်ပုတ်ခြင်း၊ မစင်ကြယ်သောစီးပွားကို တပ်မက်ခြင်းမရှိ၊ စိတ်ဖြည်းညင်းသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကိုမတပ်မက်သောသူ ဖြစ်ရမည်။ (၁တိ၊ ၃း၂၃။ ထွ၊ ၁၈း၂၁။)


သူဌေးကလေးသည် သခင်ယေရှုမိန့်တော်မူသော စကားအတိုင်း ဆင်းရဲသားတို့အား စွန့်ကြလျှင် 

မိမိတပ်မက်မောသောဘဏ္ဍာတို့ကို ကောင်းကင်၌ ဆည်းပူးခွင့်ရလိမ့်မည်


၇။ သူဌေးဖြစ်ချင်သောသူတို့သည် ဧကန်အမှန်ဘာအကျိုးရမည်နည်း။

        ငွေရတတ်ခြင်းငှာ အလိုရှိသူသော သူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်း များထဲသို့ကျရောက် တတ်ကြ၏။ ထိုသို့သော အားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။ (၁တိ၊ ၆း၉။)

၈။ ဘယ်တင်း၊ ဘယ်အလေးချိန်တို့ကို ဘုရားသခင်နှစ်သက်တော်မူမည်နည်း။

        တိုင်းထွာသောအမှု၊ ချိန်တွယ်သောအမှု၊ ခြင်တွက်သောအမှု၌ မတရားစွာမပြုရ၊ မှန်သောချိန်ခွင်၊ မှန်သောအလေး၊ မှန်သောဧဖါ၊ မှန်သောဟိန်တို့ကို သုံးရမည်။ ငါသည် သင်တို့ကို အဲဂုတ္ထုပြည်မှ နုတ်ဆောင်သော သင်တို့၏ ဘုရားသခင်ထာ၀ရဘုရား ဖြစ်၏။ (ဝတ်၊ ၁၉း၃၅၊ ၃၆။)

၉။ မမှန်သောချိန်ခွင်ကို မည်ကဲ့သို့ကြည့်မှတ်တော်မူသနည်း။

        မမှန်သောချိန်ခွင်သည် ထာ၀ရဘုရားစက်ဆုပ်ရွံရှာတော်မူဖွယ်၊ မှန်သောအလေးမူကား နှစ်သက်တော်မူဖွယ်ဖြစ်၏။ (သု၊ ၁၁း၁။)

၁၀။ လူသည်ဘုရားပစ္စည်းကို အဘယ်သို့လုယူနိုင်သနည်း။

        လူသည်ဘုရားသခင်၏ ဥစ္စာတော်ကို လုယူရမည်လော။ သို့သော်လည်း သင်တို့သည် ငါ့ဥစ္စာကို လုယူကြပြီ။ အကျွန်ုပ်တို့သည် အလယ်သို့လုယူပါသနည်းဟု သင်တို့မေးလျှင် ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း၊ပူဇော်သကာတို့ကို လည်းကောင်း လုယူကြပြီ။ (မာလ၊ ၃း၈။)

၁၁။ ဘုရားသခင်သည် အလှူပေးခြင်းအကြောင်း မည်ကဲ့သို့ မိန့်တော်မူသနည်း။

        စွန်ကြဲသော်လည်း ဥစ္စာတိုးပွားတတ်သောသူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သောသူလည်းရှိ၏။ စွန့်ကြဲတတ်သောသူသည် ကြွယ်၀လိမ့်မည်။သူတစ်ပါးကိုရေလောင်းသော သူသည်ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရလိမ့်မည်။ (သု၊ ၁၁း၂၄၊ ၂၅။ တ၊ ၂ဝး၃၅။)

၁၂။ ကျွန်ုပ်တို့သည် လောကကိုချစ်အပ်သလော။

        လောကကိုလည်းကောင်း၊ လောက၌ ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြနှင့်။ လောကကိုချစ်သောသူ မည်သည်ကား ခမည်းတော်ကိုချစ်ခြင်းမေတ္တာမရှိ။ (၁ယော၊ ၂း၁၅။)

၁၃။ ကျွန်ုပ်တို့သည် ဥစ္စာပစ္စည်းကို ဘယ်အရပ်မှာသိုထားရမည်နည်း။

        သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းမဖောက်မခိုးမယူရာကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းပူးကြလော့။

(မ၊ ၆း၂၀။)

၁၄။ ဘယ်အရာသည် ကြီးစွာသောအကျိုးစီးပွားမှန်ဖြစ်သနည်း။

        ရောင့်ရဲသောစိတ်ပါလျှင် ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွားမှန်၏။ (၁တိ၊ ၆း၆။)

၁၅။ ကျွန်ုပ်တို့သည် ဘယ်အရာတို့နှင့်ရောင့်ရဲ၍ နေရမည်နည်း။

        စစ်သူရဲတို့ကလည်း အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင် သင်တို့သည် အဘယ်သူကိုမျှ အနိုင်အထက်မပြုကြနှင့်။ အဘယ်သူကိုမျှမလျှပ်ကြနှင့်။ ကိုယ်ရသောအခနှင့် ရောင့်ရဲကြလော့ဟု ပြန်ပြောလေ၏။ (လု၊ ၃း၁၄။ ၁တိ၊ ၆း၈။)

မူလ မာတိကာသို့

No comments:

Post a Comment