Sunday, March 16, 2025



အခန်း - ၂၆

ဘုရားသခင်၏ပညတ်တော်အမြဲတည်ခြင်း

၁။ ဘုရားသခင်၏ဂုဏ်တော်၌ ခြားနားစေသောလက္ခဏာတစ်ပါးသည်ဘယ်အရာဖြစ်သနည်း။

        ငါသည်ထာ၀ရဘုရားဖြစ်၏။ ပြောင်းလဲခြင်းမရှိ။ ထိုကြောင့် ယာကုပ်အမျိုးသားတို့၊ သင်တို့သည် ဆုံးရှုံးခြင်းသို့ မရောက်ရကြ။ (မာလ၊ ၃း၆။ တရား၊ ၃၃း၂၇။)

၂။ ၎င်းလက္ခဏာသည် ပညတ်တော်၏လက္ခဏာဖြစ်သလော။

        လက်တော်နှင့်ပြုသောအမှုတို့သည် သစ္စာနှင့်လည်းကောင်း၊ တရားနှင့်လည်းကောင်းယှဉ်ကြ၏။ ပညတ်တော်အလုံးစုံတို့သည် ဖေါက်ပြန်ခြင်းသဘောနှင့် ကင်းလွတ်ကြ၏။ (ဆာ၊ ၁၁၁း၇။)

မှတ်ချက်။ ဘုရားသခင်သည် ပညတ်တော်၊ ဘုရားသခင်သည် ဂုဏ်တော်မှကူးရေးသည့်သမ္မာကျမ်းစာက ဖေါ်ပြသည်အတိုင်း ကိုယ်တော်သည် သန့်ရှင်း(ဝတ်ပြု၊ ၁၁း၄၄။) စုံလင်(မ၊ ၅း၄၈။) ဖြောင့်မတ်(ဆာ၊ ၁၄၅း၁၇) သစ္စာစောင့်တော်မူသောဘုရား (ဆာ၊ ၃၁း၅) ချစ်ခြင်းမေတ္တာဘုရား (၁ယော၊ ၄း၈၊၁၆) ပြောင်းလဲခြင်းမရှိ (မာလ၊ ၃း၆) ဤဂုဏ်တော်၏ လက္ခဏာတို့သည် ဘုရားသခင်၏ ပညတ်တော်၌တည်ရှိကြ၏။ ပညတ်တော်လည်းသန့်ရှင်း (ရော၊ ၇း၁၂) ၊ စုံလင် (ဆာ၊ ၁၉း၇။ ယာ၊ ၁း၂၅ ) ဖြောင့်မတ်(ဆာ၊ ၁၁၉း၁၇၂)၊ သစ္စာတရား (ဆာ၊ ၁၁၉း၁၄၂။မာလ၊ ၂း၆) ချစ်ခြင်းတရား (မ၊ ၂၂း၃၇-၄၀။) ဖေါက်ပြန်ခြင်းသဘောနှင့် ကင်းလွတ်သည်။(ဆာ၊ ၁၁၁း၇-၈)

၃။ ခရစ်တော်သည် မြေကြီးပေါ်မှာရှိစဉ် ပညတ်တော်ကို စောင့်သလော။

        ငါသည်ငါ့ခမည်းတော်၏ ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏ မေတ္တာတည်နေသကဲ့သို့ သင်တို့သည် ငါ့ပညတ်တို့စောင့်ရှောက်လျှင် ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။ (ယော၊ ၁၅း၁၀။)

၄။ ကျွန်ုပ်တို့သည် ခရစ်တော်၏ တပည့်ဖြစ်လျှင် ဘာပြုအပ်သနည်း။

        ထိုသခင်ကိုငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသားကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။ (၁ယော၊ ၂း၄။ ၁ပေ၊ ၂း၂၁။)

၅။ ခရစ်တော်သည် ပညတ်တော်ကို ဖျက်ပယ်သလော့။

        ပညတ္တိကျမ်း ၊ အနာဂတ္တိကျမ်းကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။ (မဿဲ၊ ၅း၁၇-၁၉။)

၆။ ပညတ်တော်အမြဲတည်ကြောင်း ခရစ်တော်သည် အဘယ်မျှလောက်ခိုင်မာစွာ ပြောတော်မူသနည်း။

        ပညတ္တိကျမ်း၌ အငယ်ဆုံးသော ဗိန္ဓုတစ်လုံးပျက်စီးလွယ်သည်ထက် ကောင်းကင်နှင့်မြေကြီး ပျက်စီးလွယ်၏။ (လု၊ ၁၆း၁၆-၁၇။)

၇။ ပညတ်တော်စောင့်ခြင်းသည် ကယ်တင်ခြင်းနှင့် ဆိုင်သည်ဟုကိုယ်တော်သွန်သင်ဆုံးမသလော့။

        ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တော်မူ၏။ အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင် ပညတ်တော်တို့ကို စောင့်ရှောက်လောဟု မိန့်တော်မူ၏။ (မဿဲ၊၁၉း၁၇။)

၈။ ယေရှုခရစ်၏ ဧဝံဂေလိတရားလက်ခံခြင်းအားဖြင့် ဘုရားသခင် ၏ ပညတ်တော်ကို စောင့်ရှောက်ခြင်းဝတ္တရားမှ ကျွန်ုပ်တို့ကို လွက်ကင်းစေသလော။

        ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော့။ အလျင်းမပယ် သာ၍တည်စေကြ၏။ (ရော၊ ၃း၃၁။)

၉။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများအမှန်ဖြစ်ကြောင်း    စိတ်ချစေရန် ဘာရှိသနည်း။

        ငါတို့သည် ဘုရားသခင်ကိုချစ်၍ ပညတ်တော်တို့ကို စောင့်ကြလျှင်ဘုရားသခင်၏ သားတို့ကို ချစ်ကြသည်ကို ငါတို့သိရကြ၏။ (၁ယော၊ ၅း၂။)

၁၀။ ဘုရားသခင်၏ပညတ်တော်ကို အဘယ်သူတို့ မစောင့်ရှောက်နိုင်သနည်း။

        အဘယ်ကြောင့်နည်းဟူမူကား ဇာတိပကတိစိတ်သဘောသည်ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏ တရားတော်အလိုသို့ မလိုက်တတ်၊ ထိုမျှမက မလိုက်နိုင်။ (ရော၊ ၈း၇။)

၁၁။ ဘုရားသခင်၏ပညတ်တော်တို့ကို ဆာလံဆရာက ဘယ်ကဲ့သို့ ခေါ်သနည်း။

        အလုံးစုံသော ပညတ်တော်တို့သည် ဖြောင့်မတ်ပါသည်ဖြစ်၍ အကျွန်ုပ်လျှာသည် ဖေါ်ပြချက်ကို သီချင်းဆိုရပါမည်။ (ဆာ၊ ၁၁၉း၁၇၂။)

၁၂။ ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်း အမြဲတည်ကြောင်းကို အဘယ်တို့ဆိုထားသနည်း။

        ဖြောင့်မတ်တော်မူခြင်းသည် အမြဲထာ၀ရဖြောင့်မတ်ခြင်းဖြစ်ပါ၏။ကိုယ်တော်၏ တရားသည် သစ္စာတရားဖြစ်ပါ၏။ (ဆာ၊ ၁၁၉း၁၄၂။ ဟေရှာ၊ ၅၁း၆။)

၁၃။ ခရစ်တော်ကို ဤလောကသို့ အဘယ်ကြောင့် စေလွတ်တော်မူသနည်း။

        သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည်ဖြစ်သောကြောင့် ယေရှုဟူသော အမည်ဖြင့်မှည့်ရမည်။ (မ၊ ၁း၂၁။ ၁တိ၊ ၁း၁၅။ ၁ယော၊ ၃း၄။)

မှတ်ချက်။ ခရစ်တော်သည် ကျွန်ုပ်တို့ကို အပြစ်မှကယ်ချွတ်သောအခါပညတ်တရား၏ ကျိန်ခြင်းမှလည်း ရွေးနုတ်တော်မူ၏။ (ဂလ၊ ၃း၁၃။) ဘုရားသခင်သည် ထာ၀ရအုပ်စိုးခြင်း အာဏာစက်တိုက်မြစ်ဖြစ်သောပညတ်တရားကို ပြောင်းလဲနိုင်စရာအကြောင်း ရှိခဲ့လျှင် ခရစ်တော်သည်အသေခံတော်မမူ။ ဘုရားသခင်၏ ပညတ်တော်တို့ကို လွန်ကျူးသော သူတို့အား ကယ်ချွတ်ရန် ပူဇော်သကာကို မလွဲသာဘဲ ပူဇော်ခြင်းအားဖြင့်ဘုရားသခင်၏ ပညတ်တရားတော်သည် ဖြောင့်မတ်စုံလင်ကြောင်း ခိုင်လုံဆုံးသော သက်သေခံဖြစ်သည်။

၁၄။ ဤကမ္ဘာကုန်လုနီးသောကာလ၌ ဘုရားသခင်၏ လူတို့သည် ဘာလုပ်နေကြမည်နည်း။

        နဂါးသည် မိန်းမကိုအငြိုးထား၏ ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍ ယေရှု၏သက်သေခံတော်မူချက်ကိုစွဲလမ်းသော သူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသောအမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာသွား၏။ (ဗျာ ၁၂း၁၇။ ၁၄း၁၂။)

မူလ မာတိကာသို့

No comments:

Post a Comment