Wednesday, March 19, 2025


 

အခန်း - ၆၁

ထိမ်းမြားစုံဖက်ခြင်း


၁။ လက်ထပ်မင်္ဂလာကို ဘယ်သောအခါ စီရင်တော်မူသနည်း။

        ထာ၀ရအရှင်ဘုရားသခင်သည် လူထဲကထုတ်သောနံရိုးဖြင့် မိန်းမကိုဖန်ဆင်း၍ လူရှိရာသို့ဆောင်ခဲ့တော်မူ၏။ (က၊ ၂း၂၂။)

မှတ်ချက်။ လူသည် အပြစ်အပြုလုပ်မီ ဥပုသ်ထားသကဲ့သို့ လက်ထက်မင်္ဂလာကို စီရင်၍ ပေးတော်မူသည်။

၂။ လက်ထပ်မင်္ဂလာကို ဘယ်အကြောင်းကြောင့် စီရင်တော်မူသနည်း။

(၁) အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့ဟု မိန့်တော်မူ၍ သူတို့ကို ကောင်းချီးပေးတော်မူသော အရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်။ သတ္တဝါနေစရာဖို့ ဖန်ဆင်းတော်မူသောဘုရား။ (ဟေရှာ၊ ၄၅း၁၈။)

(၂) ထာ၀ရအရှင်ဘုရားသခင်ကလည်း၊ ယောက်ျားသည်တစ်ယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့အဖို့ ငါလုပ်ဦးမည်။ (က၊ ၂း၁၈။)

မှတ်ချက်။ မိန်းမကိုယောက်ျား၏ ကျွန်ဖြစ်ဖို့ရန် ဖန်ဆင်းတော်မူသည်မဟုတ်။ မိန်းမသည် ယောက်ျား၏ အရိုးအသားဖြစ်၍ (က၊ ၂း၂၁-၂၃) မိမိကိုယ်ကဲ့သို့ မိမိခင်ပွန်းကို အမြဲမှတ်ရမည်။ (ဧ၊ ၅း၂၈၊၂၉) မြေကြီးကို ပြည့်စေ၍ နိုင်စေခြင်းငှာ လည်းကောင်း၊ သားသမီးများကို များပြားစွာ မွေးဖွားစေခြင်းငှာလည်းကောင်း လူယောက်ျားကို ပေးတော်မူသည်။

၃။ ဤအကျိုးများဖြစ်စေရန် တစ်ကြိမ်လျှင် ခင်ပွန်းဘယ်နှစ်ယောက် ရှိအပ်သနည်း။

        ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်။ (ဧ၊ ၅း၃၁။)

၄။ မယားအများရှိသောသူ ဦးစွာဘယ်သူနည်း။

        လာမက်သည် အာဒနှင့်ဇိလအမည်ရှိသော မိန်းမနှစ်ယောက်နှင့်အိမ်ထောင်ဖက်ပြု၍။ (က၊ ၄း၁၉။)

မှတ်ချက်။ လာမက်သည် လူကိုသတ်သောသူဖြစ်သည် ။ က၊ ၄း၂၃ ကြည့်။ သူ့အလျင်ခြောက်ဆက်ဖြစ်သော အဘိုးသည် ကာဣန ဖြစ်သည်။ လူသတ်၏အမျိုးအနွယ်ဖြစ်သော လူသတ်လာမက်သည် မယားအများကိုစယူသည်။

၅။ ရေလွမ်းမမိုးမီ လူတို့သည် လာမက်၏ပုံပမာကို အဘယ်သို့လိုက်ကြသနည်း။

        မြေကြီးမျက်နှာပေါ်မှာ လူတို့သည် များပြား၍ သမီးများကိုလည်းရကြသောအခါ ကိုယ်စိတ်ရှိသည်အတိုင်း စုံဖက်ကြ၏။ (က၊ ၆း၁၊၂။)

၆။ ထိုအခါသူတို့အပေါ်၌ ဘုရားသခင်မည်ကဲ့သို့ကြည့်မှတ်တော်မူသနည်း။

        ဘုရားသခင်သည် မြေကြီးကို ကြည့်ရှုသောအခါ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ သူတို့ကြောင့် မြေကြီးသည် မကောင်းသောအမှုနှင့် ပြည့်စုံလေ၏။ အကယ်စင်စစ်မြေကြီးနှင့်တကွ သူတို့ကို ဖျက်ဆီးမည်။ (က၊ ၆း၁၂၊ ၁၃။)

၇။ နောဧသင်္ဘောထဲသို့ လူဘယ်နှစ်ယောက်ဝင်သနည်း။

        ထိုနေ့ရက်တွင်နောဧနှင့် မိမိမယားမှစ၍ ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော နောဧသားသုံးယောက်၊ ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ဝင်ကြ၏။ (က၊ ၇း၁၃။) လူပေါင်းရှစ်ယောက်။

၈။ တစ်ဖန်မွေးဖွား၍ မြေကြီးကိုပြည့်စေခြင်းငှာ သင်္ဘောထဲက လူဘယ်နှစ်ယောက်ထွက်သနည်း။

        နည်းသောသူတည်းဟူသော လူရှစ်ယောက်။ (၁ပေ၊ ၃း၂၀။)

၉။ စာရာအသက်ရှင်စဉ်တွင် အာဗြံဟံသည် ဟာဂရကို သိမ်းပိုက်သောကြောင့် ဘုရားသခင် နှစ်သက်တော်မူသလော။

အဖြေ။ က၊ ၂၁း၁၀-၁၄။ကြည့်ပါ။

၁၀။ ဟာဂရသည် တရားအတိုင်း အာဗြဟံ၏ခင်ပွန်းအမှန်ဖြစ်လျှင် စွန့်ပစ်လိုက်လော့ဟူ၍ မိန့်တော်မူနိုင်မည်လော။

        ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်တော်မူသောအရာကို လူမခွဲမခွာစေနှင့်။ (မ၊ ၁၉း၆။)

မှတ်ချက်။ ကျမ်း၌ ဟာဂရကိုကျွန်မဟူ၍လည်းကောင်း၊ စာရဲ၏ ကျွန်ဟူ၍လည်းကောင်း၊ သင်၏ကျွန်ဟူ၍ လည်းကောင်း ခေါ်သည်။ အာဗြဟံသည် ဟာဂရကို သိမ်းပိုက်သောအခါ သတ္တမပညတ်တော်ကို လွန်ကျူး၍ နောက် နောင်တရသည်။ အာဗြဟံသည် စာရာသေပြီးသည်နောက် ဒုတိယမယားဖြစ်သော ကေတုရနှင့်စုံဖက်သည်။ (က၊ ၂၃း၁၊၂။ ၂၅း၁။)

၁၁။ ဤအကြောင်းများကို ခရစ်တော်နှင့် တမန်တော်များတို့သည် မည်ကဲ့သို့ သက်သေခံကြသနည်း။

အဖြေ။ မာ၊ ၁ဝး၆-၉။ မ၊ ၅း၃၁၊၃၂။ ဧ၊ ၅း၃၃။ ၁တိ၊ ၃း၂၊၁၂။

မူလ မာတိကာသို့

No comments:

Post a Comment