Thursday, March 13, 2025

 အခန်း ၁၆

မြဲမြံသော အနာဂတ္တိစကားတော်


၁။ သမ္မာကျမ်းစာ ရှိသမျှသည် ဘယ်နည်းအားဖြင့် ဖြစ်လာသနည်း။

        ကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်

ဖြစ်၍။ (၂တိ၊ ၃း၁၆။)

၂။ သမ္မာကျမ်းစာသည် အဘယ်ကျေးဇူးကို ပြုတတ်သနည်း။

        ဘုရားသခင်၏ လူသည် စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုး

တို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ ဩဝါဒပေး

ခြင်း၊ အပြစ်ကို ဖော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်

ခြင်း ကျေးဇူးများကို ပြုတတ်၏။ (၂တိ၊ ၃း၁၇။)

၃။ ဖော်ပြတော်မူသောအရာတို့သည် မည်သူတို့၏ အငန်းအတာဖြစ်သနည်း။ 

        မထင်ရှားသောအရာတို့သည် ငါတို့ဘုရားသခင် ထာ၀ရဘုရား၏ 

အငန်းအတာ ဖြစ်ကြ၏။ ဖော်ပြတော်မူသောအရာတို့သည် ကာလ

အစဉ်မပြတ် ငါတို့နှင့် ငါတို့သားသမီးများတို့၏ အငန်းတာဖြစ်၍။ 

(တရား၊ ၂၉း၂၉။)

၄။ ဘုရားသခင်သည် မိမိ၏ နက်နဲသောအရာတို့ကို လူတို့အား

ဘယ်နည်းအားဖြင့် ဖော်ပြသနည်း။

        အကယ်စင်စစ် အရှင်ထာ၀ရဘုရားသည် မိမိကျွန်ပုရောဖက်တို့အား

မဖော်မပြဘဲ အဘယ်အမှုကို မျှစီရင်တော်မမူ။ (အာ၊ ၃း၇။)

၅။ ဓမ္မဟောင်းကျမ်း၏ အနာဂတ္တိစကားသည် ဘယ်နည်းအားဖြင့်

ဖြစ်သနည်း။

        အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့်

ဖြစ်ဖူးသည်မဟုတ်၊ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသော

ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။ 

(၂ပေ၊ ၁း၂၁။)

၆။ ပုရောဖက်များတို့သည် မည်သူ၏ ဝိညာဉ်အားဖြင့် ဟောပြောသနည်း။

        ထိုကယ်တင်ခြင်း အကြောင်းအရာကို ပုရောဖက်တို့သည်

စေ့စေ့စစ်ကြော မေးမြန်းရှာဖွေ၍ သင်တို့ခံရသော ကျေးဇူးတော်

အကြောင်းကို ဟောပြောကြပြီ။ ခရစ်တော်ခံတော်မူရသော ဆင်းရဲကို 

လည်းကောင်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကို

လည်းကောင်း၊ သူတို့ အထဲ၌ရှိသော ခရစ်တော်၏ ဝိညာဉ်သည်

သက်သေခံနှင့်သောအခါ အဘယ်မည်သောသူကို လည်းကောင်း၊

အဘယ်သို့သော အချိန်ကာလကို လည်းကောင်း ဆိုလိုတော်မူသည်ဟု

မေးမြန်းရှာဖွေကြ၏။ (၁ပေ၊ ၁း၁၀၊ ၁၁။)

        သခင်ခရစ်တော်သည် ဧမောက်ရွာသို့ တပည့်တော်နှစ်ယောက်နှင့် 

အတူခရီးသွားရာတွင် အနာဂတ္တိစကားအချို့တို့ကို ဖော်ပြတော်မူ၏။

၇။ အဘယ်အရာကို သတိပြု၍ မှတ်ထားဖို့ရန် ကျွန်ုပ်တို့ကို ဆုံးမထားသနည်း။

        သာ၍ မြဲမြံသော အနာဂတ္တိစကားတော်သည် ငါတို့၌ရှိသေး၏။

စိတ်နှလုံးထဲ၌ အရုဏ်တက်၍ ကြယ်နီပေါ်ထွန်းသည် ကာလတိုင်အောင်

ထိုအနာဂတ္တိစကားတော်ကို မှောက်မိုက်အရပ်၌ ထွန်းလင်းသော ဆီမီး

ကဲ့သို့မှတ်၍ သင်တို့သည် အမှီပြုသင့်ကြ၏။ (၂ပေ၊ ၁း၁၉။)

၈။ အနာဂတ္တိစကားတော်တို့ကို ဂရုပြုသောသူတို့သည် ခရစ်တော်ကြွလာတော်မူသောအခါ အဘယ်ကဲ့သို့ ရှိနေကြမည်နည်း။

        သို့သော်လည်း ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့

အပေါ်သို့ ရောက်လာမည် အကြောင်း သင်တို့သည် မှောင်မိုက်၌ နေကြ

သည်မဟုတ်…။ (၁သက်၊ ၅း၄။)

၉။ ဒံယေလ အနာဂတ္တိကျမ်းနှင့် ပတ်သက်၍ ခရစ်တော်သည် အဘယ်သို့

ဖော်ပြပြောဆိုသနည်း။

        ထိုကြောင့် ပုရောဖက်ဒံယေလဟောသည်အတိုင်း ဖျက်ဆီးတတ်

သောရွံရှာဖွယ်အရာသည် သန့်ရှင်းသော အရပ်ဌာန၌ စိုက်နေသည်ကို

သင်တို့မြင်ရလျှင် ကျမ်းစာကို ကြည့်သောသူသည် နားလည်ပါစေ။ 

(မ၊ ၂၄း၁၅။)

၁၀။ ဒံယေလ အနာဂတ္တိကျမ်းကို ဘယ်ကာလအဖို့ အထူးစီရင်ရေးထားသနည်း။

        သင်ဒံယေလမူကား၊ အမှုကုန်ရသည် ကာလတိုင်အောင် ဤစကား

တော်တို့ကို ပိတ်၍ စာစောင့်ကို တံဆိပ်ခတ်ထားလော့။ အများသော

သူတို့သည် ထိုစာကို ကြည့်ရှုသော အားဖြင့် ပညာတိုးပွားလိမ့်မည်။ 

(ဒံ၊ ၁၂း၄။)

၁၁။ အဘယ်သူတို့အဖို့ ဒံယေလ အနာဂတ္တိကျမ်းကို ပိတ်ထားသနည်း။

        မတရားသောသူတို့သည် မတရားသဖြင့် ပြု၍ တစ်ယောက်မျှ

နားမလည်ရ။ (ဒံ၊ ၁၂း၁၀။)

၁၂။ ထိုအနာဂတ္တိကျမ်းကို နားလည်သောသူ ရှိသလော။

        ပညာရှိသောသူတို့မူကား နားလည်ကြလိမ့်မည်။ 

        (ဒံ၊ ၁၂း၁၀ နောက်ဆုံးပိုင်း။)

၁၃။ အဘယ်ဥပမာအားဖြင့် ခရစ်တော်သည် ဤလူနှစ်စားတို့ကို ခွဲခြား၍

ဖော်ပြသနည်း။

        အဖြေ။ (မ၊ ၂၅း၁-၁၃။)

၁၄။ အမှုကုန်ရသည် ကာလအဖို့ အဘယ်ကျမ်းကို ပေးထားသနည်း။

    ကာလအချိန်ရောက်လုနီးပြီးဖြစ်၍ ဤအနာဂတ္တိစကားကို ကြည့်ရှု

ဖတ်ရွတ်နားထောင်၍ ရေးထားသမျှတို့ကို စောင့်ရှောက်သော သူတို့သည် 

မင်္ဂလာရှိကြ၏။ (ဗျာ၊ ၁း၃။ ၂၂း၁၀။)

၁၅။ဗျာဒိတ်ကျမ်းကို ကြားသိရန် အဘယ်သူကို သတိပေးနှိုးဆော်သနည်း။

        ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်

ကိုနားရှိသောသူမည်ကား ကြားပါစေဟု မိန့်တော်မူ၏။ (ဗျာ၊ ၃း၂၂။)

၁၆။ ဗျာဒိတ်ကျမ်းတွင်ပါသော ဩဝါဒအချက်များကို လိုက်နာသော

သူတို့သည် ဘာအကျိုးရမည်နည်း။

        ငါသည် အလျင်အမြန်လာမည်။ ဤစာစောင်၏ အနာဂတ္တိစကားကို

စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏။ (ဗျာ၊ ၂၂း၇။)

မူလ မာတိကာသို့

No comments:

Post a Comment