အခန်း - ၂၆
သေခြင်းနှင့်ထမြောက်ခြင်း
အပြစ်၏အခကားသေခြင်းပေတည်း။ သို့ရာတွင်
မသေနိုင်သည့်တစ်ပါးတည်း သော ဘုရားသခင်သည် သူရွေးနုတ်သောသူတို့အား
ထာ၀ရအသက်ကိုပေးလိမ့်မည်။ ထို နေ့ရက်
အချိန်တိုင်အောင် သေခြင်းသည် လူအားလုံးအတွက်သတိမေ့မြောနေသော အ ဖြစ်၌ရှိနေသည်။ ကျွန်ုပ်တို့၏အသက်တည်းဟူသော
ခရစ်တော်ပေါ်ထွန်းလာသောအခါ ထမြောက်သော ဖြောင့်မတ်သူများနှင့်
အသက်ရှင်သောဖြောင့်မတ်သူတို့သည် ဘုန်းတော် ဝင်စား၍၊
မိမိတို့ အရှင်သခင်နှင့်တွေ့ဆုံရန် ချီဆောင်ခြင်းခံရကြလိမ့်မည်။ ဒုတိယထ မြောက်ခြင်း တည်းဟူသော
မဖြောင့်မတ်သူတို့၏ထမြောက်မြောက်ခြင်းသည် နှစ်ပေါင်း (၁ç၀၀၀) ကြာပြီး မှ ဖြစ်လာလိမ့်မည်။ (ယောဘ ၁၉း၂၅-၂၇။ ဆာ
၁၄၆း၃၊၄။ ဒေ ၉း၅၊၆၊ ၁၀။ ဟေရှာ ၂၅း၈။ ဒံ
၁၂း၂၊၁၃။ ယော ၅း၂၈၊၂၉။ ၁၁း၁၁-၁၄။ ရော ၆း၂၃။ ၁ကော ၁၅း၅၁-၅၄။ ကော ၃း၄။ ၁သက် ၄း၁၃-၁၇။
၁တိ ၆း၁၅။ ဗျာ ၂ဝး၁-၁၀)။
ဖိလိတ္တိစစ်တပ်သည် ရှုနင်မြို့မှာတပ်ချ၍၊
ဣသရေလတို့ကိုတိုက်ခိုက်ရန် အဆင် သင့်ပြင်ထားသည်။
အကောင်းမြင်စိတ်မရှိဘဲလျက်၊ ရှင်ဘုရင်ရှောလုသည် ဣသရေလ စစ်တပ်ကို
ဂိလဗောမြို့တွင်တပ်ချထားသည်။ လွန်ခဲ့သောအချိန်တွင် ဘုရားသခင်ပါရှိ ကြောင်းအာမခံချက်ကို ရရှိလျက် ရှောလုမင်းသည် ရန်သူများကို
တိုက်ရန် မကြောက် မရွံ့ဘဲ
ဣသရေလတို့ကိုဦးဆောင်ခဲ့သည်။ သို့သော်၊ ရှောလုမင်းသည် ဘုရားသခင်၏ အမှုတော် ထမ်းခြင်းမှလွဲသွားခဲ့ပြီးဖြစ်၍၊
ဖောက်ပြန်သောရှင်ဘုရင်သည် တိုက်အံ့သော စစ်ပွဲ၏ရလဒ်အကြောင်းမေးရန်
ဘုရားသခင်ကိုကြိုးစားဆက်သွယ်ခဲ့သော်လည်း၊ ဘုရား သခင်သည် သူနှင့် အဆက်အသွယ်ပြုခြင်းကို ငြင်းဆန်ခဲ့သည်။
မသိနိုင်သောနောက်တစ်နေ့အတွက် ရှောလုမင်းသည်
အလွန်ကြောက်ရွံ့နေခဲ့ သည်။ ရှမွေလကိုအလွန်တောင့်တနေသည်။ ရှမွေလသည်သေပြီးဖြစ်၍၊
သူ့ကိုအကြံ မပြုနိုင်တော့ချေ။
သို့တည်းမဟုတ် အကြံပြုနိုင်ပါဦးမည်လော။
“နတ်ဝင်သည်ကိုမေးလျှင် ကောင်းမည်လော” ဟူ၍ရှောလုမင်းသည် သူ့ကိုယ်သူ ပြောခဲ့သည်။
အစောပိုင်းရှောလုမင်းသည် ဘုရားသခင်နှင့်နီးကပ်ချိန်က၊ သူသည် ဣသ ရေလလူတို့ကို မှော်အတတ်နှင့်စုန်းကဝေအတတ်ဝေးကွာစေရန်
ကြိုးပမ်းသည့် အနေ ဖြင့် ဣသရေလနိုင်ငံထဲမှ
နတ်ဝင်သည်အားလုံးကိုမောင်းထုတ်ခဲ့သည်။ ယခုတွင်မူ ထို ရှောလုမင်းသည် ဖြစ်အံ့သောစစ်ပွဲ၏ကြမ္မာအကြောင်းမေးမြန်း
နိုင်မည့် နတ်ဝင်သည်ကို ရှာရန်ကြိုးစားနေသည်။
သူသည် နတ်ဝင်သည်မိန်းမတစ်ဦးကို အင်္ဒေါရမြို့ တွင် ရှာတွေ့ ခဲ့ပြီး၊ နောက်တစ်နေ့စစ်ပွဲ၏ ရလဒ် အကြောင်းကိုမေးခဲ့သည်။ “ရှမွေလကိုဖော်ပါ” ဟု တောင်းဆိုခဲ့သည်။ နတ်ကို မေးမြန်း ချိန်အတွင်း နတ်ဝင်သည်သည်
မြေကြီးထဲကဝိညာဉ် ထွက်လာသည်ကိုမြင်သည်။
ထိုဝိညာဉ် က ဣသရေလတို့ သည် စစ်ရှုံးမည်သာမက၊ သူနှင့်သူ့သားတို့သည် အသတ်ခံရမည်ဟူ၍
ခိုကိုးရာမဲ့ နေသောရှောလုမင်းကို သတင်း ပေးခဲ့သည် (၁ရာ
၂၈)။
ကြိုတင်ဟောကိန်းသည် အမှန်ဖြစ်လာခဲ့သည်။
ကြိုတင်ဟောကိန်းထုတ်သောသူ သည် အမှန်ပင်ရှမွေလ၏ဝိညာဉ်ဟုတ်ပါသလား။
ဘုရားသခင်ရှုတ်ချခဲ့သောနတ်ဝင် သည် သည် ဘုရားသခင်ပုရောဖက်ရှမွေလ၏ဝိညာဉ်အပေါ်
အဘယ်သို့ဩဇာရှိနိုင်သ နည်း။ ရှမွေလသည်
မည်သည့်အရပ်ကထွက်လာသနည်း။ အဘယ်ကြောင့်သူ့ဝိညာဉ် သည် မြေကြီးထဲက ထွက်လာသနည်း။ သေခြင်းသည် ရှမွေလအပေါ်
မည်သည့်အရာကို ဖြစ်စေခဲ့သနည်း။
ရှောလုမင်းအား စကားပြောခဲ့သောသူသည် ရှမွေလ၏ ဝိညာဉ်မဟုတ် ခဲ့သော်၊ မည်သည့် အရာဖြစ်မည်နည်း။ သေခြင်း၊
သေသောသူတို့နှင့်ဆက်သွယ်ခြင်းနှင့် ရှင်ပြန် ထမြောက်ခြင်း အကြောင်းသမ္မာကျမ်းစာ၏သွန်သင်ချက်များကိုလေ့လာကြပါ စို့။
မရဏာနှင့်ကင်းလွတ်ခြင်းနှင့်သေခြင်း
မရဏာနှင့်ကင်းလွတ်ခြင်းမှာ မသေနိုင်သောအခြေအနေ သို့မဟုတ်
အရည်အချင်း ကို ဆိုလိုသည်။ ကျမ်းစာကိုဘာသာပြန်သူတို့သည် “မရဏာနှင့်ကင်းလွတ်ခြင်း” ဟူ၍ ပြန်ဆို သော မူရင်းဂရိစကားလုံး “အသားနားရှား” (athanasia) သည် “သေခြင်းမဲ့ခြင်း၊”
“ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းလွတ်ခြင်း” ဟူ၍အဓိပ္ပါယ်ရသည်။ ဤသဘောတရား သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူတို့နှင့်လည်းကောင်း
မည်ကဲ့သို့ဆက်စပ်မှုရှိသ နည်း။
မရဏာနှင့်ကင်းလွတ်ခြင်း။ သမ္မာကျမ်းစာက ဘုရားသခင်သည် ဖောက်ပြန် ပျက်စီးခြင်း
နှင့်ကင်းလွတ်ကြောင်းကို ဖော်ပြသည် (၁တိ ၁း၁၇)။ အမှန်မှာ၊ သူသည် မရဏာနှင့်ကင်း
လွတ်သောသူတစ်ပါးတည်းဖြစ်တော်မူသည် (၁တိ ၆း၁၆)။ သူသည် ဖန်ဆင်းသောအရာ မဟုတ်၊
မိမိဘာသာတည်ရှိပြီး၊ အစနှင့်အဆုံးမရှိချေ။
သမ္မာကျမ်းစာသည် မသေနိုင်ခြင်းကိုမွေးရာပါလူ သို့မဟုတ် သူ၏
စိတ်ဝိညာဉ်၏ အဖြစ် ကဲ့သို့ မည်သည့်နေရာ၌မျှဖော်ပြခြင်းမရှိချေ။ “စိတ်” နှင့် “ဝိညာဉ်” ဟူသော ဝေါဟာရသည် ကျမ်းစာတွင်အကြိမ်ပေါင်း (၁.၆၀၀) ကျော်မျှရှိပြီး၊ သို့သော် “မသေနိုင် သော” သို့မဟုတ် “မသေနိုင်ခြင်း” ဟူသောစကားလုံးများနှင့် ဘယ်ခါမျှတွဲဖက်၍မဖော် ပြချေ။
ထို့ကြောင့်၊ ဘုရားသခင်နှင့်ဆန့်ကျင်၍လူသားများသည်
သေမျိုးဖြစ်ကြသည်။ သမ္မာကျမ်းစာသည် လူ့အသက်ကို “ခဏထင်ရှားပြီးမှကွယ်ပျောက်တတ်သောအခိုးအ ငွေ့” နှင့် နှိုင်းယှဉ်ထားသည် (ယာ ၄း၁၄)။ လူတို့သည် “အသားဖြစ်ကြောင်းကို လည်း ကောင်း၊ စုတေ၍နောက်တစ်ဖန်မလာတတ်သော
ဝိညာဉ်ဖြစ်ကြောင်းကိုလည်း ကောင်း အောက်မေ့တော်မူ၏” (ဆာ ၇၈း၃၉)။ လူသည် “ပန်းပွင့်ကဲ့သို့ပွင့်၍၊ ရိတ်ဖြတ်ခြင်းကို ခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ရွေ့သွားတတ်ပါ၏” (ယောဘ ၁၄း၂)။
ဘုရားသခင်နှင့်လူသားသည် လုံး၀ခြားနားသည်။ ဘုရားသခင်သည်
အကန့် အသတ်မရှိ၊
ကျွန်ုပ်တို့သည် အကန့်အသတ်နှင့်လူသားဖြစ်သည်။ ဘုရားသခင်သည် မရ ဏာနိုင်ငံနှင့် ကင်းလွတ်၍၊ ကျွန်ုပ်တို့သည် သေမျိုးဖြစ်သည်။
ဘုရားသခင်သည် ထာ၀ရ တည်ရှိ၍ ကျွန်ုပ်တို့သည်
အချိန်ပိုင်းမျှသာခံသည်။
အခြေအနေအရမသေနိုင်ခြင်း။ ဖန်ဆင်းချိန်တွင် “ဘုရားသခင်သည်
မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ဇီ၀အသက်ကိုမှုတ်တော်မူလျှင်၊
လူသည် အသက် ရှင်သောသတ္တဝါဖြစ်လေ၏” (က ၂း၇)။ ဖန်ဆင်းခြင်းဖြစ်စဉ်ကလူသည် အသက်ကို ဘုရား သခင်ထံမှ ရရှိကြောင်းဖော်ပြသည်။ ဤအခြေခံအမှန်တရားကို
ကျိုးကြောင်း ဆက်စပ်မှု က မသေနိုင်ခြင်းသည်
လူသားတို့၏မွေးရာပါမဟုတ်ဘဲ၊ ဘုရားသခင်၏ ဆုလာဘ်ဖြစ် ကြောင်းကိုပြသ၏။
ဘုရားသခင်သည် အာဒံနှင့်ဧ၀တို့ကိုဖန်ဆင်းချိန်က
လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ကို ပေးခဲ့သည်။ သူတို့သည် နာခံနိုင်သည် သို့မဟုတ်
နာမခံလည်းနေနိုင်သည်။ သူတို့၏ ဆက် လက်တည်ရှိနေခြင်းသည် ဘုရားသခင်၏တန်ခိုးအားဖြင့်
ဆက်လက်နာခံမှုအပေါ် တည်၏။ ထို့ကြောင့် သူတို့၏မသေနိုင်သောဆုကျေးဇူးပိုင်ဆိုင်မှုသည်
အခြေအနေ အရ ဖြစ်သည်။
ဘုရားသခင်သည်
ဤဆုကျေးဇူးကိုသူတို့လက်လွတ်နိုင်သည့်အခြေအနေကို သေ ချာစွာရှင်းလင်းဖော်ပြခဲ့သည်။ “ထိုအပင်၏အသီးကိုကားမစားရ၊ စားသောနေ့တွင် ဧကန် အမှန် သေရမည်ဟု လူကိုပညတ်တော်မူ၏” (ကမ္ဘာ၊ ၂း၁၇)။
အပြစ်၏အခဖြစ်သောသေခြင်း။ နာခံမှုမရှိခြင်းသည် သေခြင်းကိုဖြစ်ပေါ်စေမည် ဖြစ်ကြောင်း ဘုရားသခင်၏သတိပေးချက်နှင့်ဆန့်ကျင်၍၊ စာတန်က “သင်တို့သည် ဧကန် အမှန်
သေရမည်မဟုတ်” (က ၃း၄)
ဟုအခိုင်အမာဆိုခဲ့သည်။ သို့သော် သူတို့သည် ဘုရား ခင်၏ ပညတ်ချက်ကိုကျူးလွန်ပြီးနောက်ပိုင်း၊ အာဒံနှင့်ဧ၀တို့က
အပြစ်၏ အခသည် အ မှန်ပင်
သေခြင်းဖြစ်ကြောင်းကို တွေ့ရှိခဲ့ကြသည် (ရော ၆း၂၃)။ သူတို့၏ အပြစ်သည် ဤ အပြစ်ဒဏ်
စီရင်ချက်ကိုယူဆောင်လာခဲ့သည်။ “သင်သည် မြေမှုန့်ဖြစ်၍၊
မြေမှုန့်သို့ပြန် ရမည်” (က ၃း၁၉)။ ဤစကားက အသက်သည်ဆက်လက်သွား နေခြင်းမဟုတ်ဘဲ၊ ရပ်နား သွားခြင်းကို ညွှန်ပြသည်။
ဤစီရင်ချက်ကိုချပြီးနောက်၊ ဘုရားသခင်သည်
အပြစ်ရှိသောစုံတွဲကို အသက်ပင် ၏ အသီးစားခြင်းမှ
တားဆီးခဲ့သည်။ ထို့သို့ဖြင့် သူတို့သည် “ထာ၀ရအသက်ကို
ရခြင်းငှာ၊ လက်ကိုဆန့်၍ အသက်ပင်၏အသီးကိုယူ၍မစားဘဲနေလိမ့်မည် (က ၃း၂၂)။ ဤလုပ် ရပ်သည် နာခံမှုအပေါ်မူတည်၍ ကတိပြုထားသောမသေနိုင်ခြင်းသည်
အပြစ်အားဖြင့် ဆုံးရှုံးရကြောင်း
အထက်ပါကျမ်းချက်ကရှင်းလင်းစွာဖော်ပြသည်။ ယခုတွင် သူတို့သည် သေမျိုးဖြစ်လာခဲ့ကြသည်။
အာဒံသည် သူမပိုင်ဆိုင်သောအရာကိုဆက်လက် မသယ် ဆောင်နိုင်သောကြောင့်၊
“အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအ ပေါင်းတို့သည် အပြစ်ရှိသော ကြောင့်သေခြင်းသို့ရောက်ရကြ၏” (ရော ၅း၁၂)။
အာဒံနှင့်ဧ၀တို့ကို
ချက်ချင်းလဲသေခြင်းမှထိန်းသိမ်းသောအရာသည် ဘုရားသခင် ၏ သနားခြင်းကရုဏာသာလျှင်ဖြစ်သည်။ သူတို့သည်
ဒုတိယအခွင့်အရေးကိုရရှိစေခြင်း ငှာ ဘုရားသခင်၏သားတော်သည်
သူ၏အသက်ကိုပေးရန်ကမ်းလှမ်းခဲ့သည်။ သူသည် ကမ္ဘာဦး က ပင်ကွပ်မျက်သောသိုးသငယ်ဖြစ်သည်
(ဗျာ ၁၃း၈)။
လူသားတို့အတွက်မျှော်လင့်ချက်။ လူတို့သည် သေမျိုးအဖြစ်မွေးဖွားလာသော် လည်း၊
သမ္မာကျမ်းစာသည် သူတို့အားမသေနိုင်ခြင်းကိုရှာဖွေရန် တိုက်တွန်းသည် (ဥပမာ၊ ရော
၂း၇)။ ယေရှုခရစ်တော်သည် မသေနိုင်ခြင်း၏အရင်းအမြစ်ဖြစ်သည်။ “ဘုရားသခင် ပေး တော်မူသော
ဆုကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာ၀ရအသက် ပေတည်း” (ရော ၆း၂၃)။ သူသည် “သေခြင်းအကြောင်းကိုပယ်ရှား၍၊
အသက်ရှင်ခြင်း အကြောင်းနှင့် မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့်
ထင်ရှားစေတော် မူပြီ” (၂တိ ၁း၁၀)။ “လူအပေါင်းတို့သည် အာဒံအားဖြင့်သေခြင်း သို့ရောက်သည်နည်းတူ၊
လူအပေါင်းတို့သည် ခရစ်တော်အားဖြင့်အသက်ရှင်ခြင်းသို့ ရောက်ရကြလတ္တံ့” (၁ကော ၁၅း၂၂)။ သူ၏အသံသည် သချုØင်းများကိုပွင့်ထွက်စေ၍၊ သေသောသူတို့ကို ထမြောက် စေ မည် ဟု
ခရစ်တော်ကိုယ်တိုင်မိန့်ဆိုခဲ့သည် (ယော ၅း၂၈၊ ၂၉)။
ခရစ်တော်မကြွလာခဲ့သော်၊ လူသား၏အခြေအနေသည်
မျှော်လင့်ချက်ကင်းမဲ့မည် ဖြစ်၍၊ သေသောသူတို့သည် အစဉ်ပျက်စီးနေရမည်။
သို့သော်ငြားလည်း၊ သူ့ကြောင့်၊ မည်သူမျှပျက်စီးရန်မလိုတော့ချေ။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အ ပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊
ထာ၀ရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင် သည် မိမိ၌တစ်ပါး
တည်းသော သားတော်ကိုစွန့်တော်မူ၏” (ယော ၃း၁၆)။
ထိုကြောင့် ခရစ်တော်ကို ယုံကြည် ခြင်းသည် အပြစ်၏ပြစ်ဒဏ်ကိုဖျက်ပယ်သည်သာမက၊ ယုံကြည် သူတို့အတွက် တန်ဖိုးမဖြတ် နိုင်သော
မသေနိုင်ခြင်းဆုကျေးဇူးကို သေချာစေသည်။
ခရစ်တော်သည် “မဖောက်ပြန်ခြင်းအကြောင်းကို
ဧဝံဂေလိတရားအားဖြင့် ထင် ရှားစေတော်မူပြီ”
(၂တိ၊ ၁း၁၀)။ “ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်
ကယ်တင်ခြင်း အ လိုငှာ ပညာကို” ပေးနိုင်သောအရာမှာ သမ္မာကျမ်းစာဖြစ်ကြောင်း ပေါလုက
ကျွန်ုပ်တို့အား အခိုင်အမာဆိုသည် (၂တိ ၃း၁၅)။ ဧဝံဂေလိတရားကို လက်မခံသောသူတို့သည်
မသေ နိုင်သော
အဖြစ်ကိုရရှိကြလိမ့်မည်မဟုတ်။
မသေနိုင်သောအဖြစ်ကိုရရှိခြင်း။ မသေနိုင်ခြင်းဆုလာဘ်အပ်နှင်းသောအချိန် အခါကို
ပေါလုကဖော်ပြသည်။ ]နက်နဲသောအရာတစ်ခုကိုငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ရ
ကြမည်မဟုတ်။ သို့သော်လည်း၊ နောက်ဆုံးသောတံပိုးမှုတ်သောအခါ၊ တစ် ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည်
ပြောင်းလဲခြင်းသို့ရောက်ရကြမည်။ ထို တံပိုး
မှုတ်ချိန် ရောက်သောအခါ၊ သေလွန်သောသူတို့သည် မပုပ်နိုင်သောအဖြစ်၌တည် လျက်ထမြောက် ၍၊ ငါတို့ရှိသမျှသည်
ပြောင်းလဲခြင်းသို့ရောက်ရကြလိမ့်မည်။ ယခုမျက် မှောက် ပုပ်တတ်သော အရာသည်
မပုပ်နိုင်သောအဖြစ်သို့ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ဝင်စားရမည်။
ဤပုပ်တတ်သော အ ရာသည် မပုပ်နိုင်သော အဖြစ်သို့လည်းကောင်း၊ ဤသေတတ်သောအရာသည်
မသေနိုင် သောအဖြစ်သို့ လည်းကောင်း၊
ဝင်စားသောအခါ၊ သေခြင်းသည်အောင်ခြင်း၌ နစ်မြုပ် ပြီဟု ကျမ်းစာ၌လာ ချက်ပြည့်စုံလိမ့်မည်” (၁ကော ၁၅း၅၁-၅၄)။ ဤကျမ်းချက်က၊ ဘုရားသခင်သည် မသေနိုင်သော
အဖြစ်ကို ယုံကြည်သူများသေသည့်အချိန်တွင် အပ် နှင်းခြင်း မဟုတ်ဘဲ၊ နောက်ဆုံးသော တံပိုးမှုတ်သောအချိန်၊
ရှင်ပြန်ထမြောက်ခြင်း၌ ပေးမည် ဖြစ်ကြောင်း
ရှင်းလင်းစွာဖော်ပြ သည်။ ထိုအခါ “သေနိုင်သော” သူသည် “မသေနိုင်သောအဖြစ်” ကိုဝင်စားလိမ့်မည်။
ကျွန်ုပ်တို့သည်ထာ၀ရအသက်ကို ယေရှု ခရစ်အားကိုယ်ပိုင်
ကယ်တင်ရှင်အဖြစ် လက်ခံသော အချိန်တွင်ရရှိသည် (၁ယော ၅း၁၁-၁၃) ဟုဆိုသော်လည်း၊
ဤဆုကျေးဇူး၏ အမှန် တကယ် ပြည့်စုံမှုသည် ခရစ်တော် ပြန်ကြွလာသောအချိန်တွင် ဖြစ်ပျက်လိမ့်မည်။
ထိုအချိန်၌သာလျှင် ကျွန်ုပ်တို့သည် သေ နိုင်သောအဖြစ်မှ
မသေနိုင်သောအဖြစ်သို့လည်းကောင်း၊ ပုပ်တတ်သောအရာမှမပုပ် တတ်သောအဖြစ်သို့ လည်းကောင်း ပြောင်းလဲကြလိမ့်မည်။
သေခြင်း၏သဘောတရား
အကယ်၍သေခြင်းသည် အသက်ရပ်ဆိုင်းသွားခြင်းဖြစ်သော်၊ လူတစ်ဦး၏
သေ သည့် အခြေအနေကို
သမ္မာကျမ်းစာကမည်သို့ဆိုထားသနည်း။ ခရစ်ယာန်တို့သည် ဤ သမ္မာကျမ်း
စာ၏သွန်သင်ချက်ကိုနားလည်ရန် မည်သည့်အရာကအရေးကြီးစေသနည်း။
သေခြင်းသည်အိပ်ပျော်ခြင်းဖြစ်သည်။
သေခြင်းသည် လုံးလုံးပျက်သုဉ်းသွားခြင်း မဟုတ်၊ လူတစ်ဦးသည်
ထမြောက်ခြင်းကိုစောင့်ဆိုင်းနေစဉ် ယာယီသတိမေ့နေသည့် အခြေအနေသာဖြစ်သည်။
သမ္မာကျမ်းစာသည် ဤစပ်ကြားကာလကို အိပ်ပျော်ခြင်းဟု ထပ်တလဲ လဲခေါ်ဆိုသည်။
သူတို့၏သေခြင်းကိုရည်ညွှန်း၍၊ ဓမ္မဟောင်းကျမ်းသည် ဒါဝိဒ်၊
ရှောလမုန်နှင့် အ ခြားသောယုဒနှင့်ဣသရေလတို့၏ရှင်ဘုရင်များတို့သည်
ဘိုးဘေးများနှင့်အတူ အိပ်ပျော် သည် ဟု ဖော်ပြသည်
(၃ရာ ၂း၁၀။ ၁၁း၄၃။ ၁၄း၂၀၊၃၁။ ၁၅း၈။ ၆ရာ၊ ၂၁း၁။ ၂၆း၂၃)။ ယောဘသည်
သေခြင်းကိုအိပ်ပျော်ခြင်းဟု (ယောဘ ၁၄း၁၀-၁၂)၊ ဒါဝိဒ် (ဆာ ၁၃း၃)၊ ယေရမိ (ယေ ၅၁း၃၉၊
၅၇) နှင့် ဒံယေလ (ဒံ ၁၂း၂) တို့ကဲ့သို့ခေါ်ဆိုသည်။
ဓမ္မသစ်ကျမ်းသည်လည်း အလားတူပုံရိပ်ကိုအသုံးပြုသည်။ သေနေသော
ယာဣ ရု၏
သမီးအခြေအနေကိုဖော်ပြရာတွင် ယေရှုကမိန်းမငယ်သည် အိပ်ပျော်နေသည် ဟုဆို ခဲ့သည် (မ ၉း၂၄။ မာ ၅း၃၉)။ သူသည် သေဆုံးသောလာဇရုကိုလည်း
အလားတူပုံစံဖြင့် ရည်ညွှန်းခဲ့သည် (ယော ၁၁း၁၁-၁၄)။ မဿဲက ခရစ်တော်ရှင်ပြန်
ထမြောက်ပြီးနောက် “ကျိန်းစက် လျက်ရှိသော
သန့်ရှင်းသောသူတို့၏အလောင်းများစွာတို့ သည် ထမြောက်ကြ သည်” (မ ၂၇း၅၂)
ဟုရေးခဲ့သည်။ သတေဖန်၏မာတုရသေခြင်းကို မှတ်တမ်းတင်ရာတွင်၊ လုကာက ]ကျိန်းစက်လေ၏}
(တ ၇း၆၀) ဟုရေးခဲ့သည်။ ပေါလုနှင့်ပေတရုတို့ကလည်း
သေခြင်းကို အိပ်ပျော်ခြင်းကဲ့သို့ခေါ်ဆိုကြသည် (၁ကော ၁၅း၅၁၊၅၂။ ၁သက် ၄း၁၃-၁၇။ ၂ပေ
၃း၄)။
သေခြင်းကိုအိပ်ပျော်ခြင်း အဖြစ်ကျမ်းစာ၏ သရုပ်ဖော်ခြင်းမှ
သေခြင်း၏ သဘောသဘာ၀နှင့် ရှင်းလင်းစွာကိုက်ညီကြောင်း၊
အောက်ပါနှိုင်းယှဉ်ချက်များကဖော်ပြ သည်။ ၁။
အိပ်ပျော်သောသူတို့သည် အသိမရှိကြချေ။ “သေသောသူမူကား၊
အဘယ်အ ရာကို မျှမသိ” (ဒေ ၉း၅)။ ၂။ အိပ်ပျော်ချိန်တွင် သတိမူခြင်း၊
စဉ်းစားခြင်းမရှိချေ။ “သူသည်အသက် ထွက်၍ .....
ထိုနေ့ချင်းတွင်၊ သူ၏အကြံအစည်တို့သည်ပျက်စီးကြ၏” (ဆာ ၁၄၆း၄)။ ၃။
အိပ်ပျော် ခြင်းသည် တစ်နေ့တာလုပ်ဆောင်မှုအားလုံးကို အဆုံး သတ်သည်။ “မရဏာနိုင်ငံ၌ လုပ်
ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား” (ဒေ ၉း၁၀)။ ၄။ အိပ် ပျော်ခြင်းသည် ကျွန်ုပ်တို့အားနိုးလျက်
ရှိ သောသူများနှင့် သူတို့၏
လုပ်ဆောင်မှုများမှခွဲခြားသည်။ “နေအောက်မှာပြုသမျှသော အ မှု၌ သူတစ်ပါးနှင့်ရောနှော၍မဆိုင်ရ” (ဒေ ၉း၆)။ ၅။
ပုံမှန်အိပ်ပျော်ရာတွင် စိတ်ခံစားမှု သည်အလုပ်မလုပ်ချေ။
“သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်း လည်းပျောက်ပျက်၏” (ဒေ ၉း၆)။ ၆။ အိပ်ပျော်ချိန်တွင် လူတို့သည် ဘုရားသခင်ကို
မချီးမွမ်း ကြချေ။ “သေလွန် သောသူ..... ရှိသမျှတို့သည် ထာ၀ရဘုရားကိုမချီးမွမ်းရကြ” (ဆာ ၁၁၅း၁၇)။ ၇။ အိပ် ပျော်သောသူသည်
ပြန်နိုးမည်ဟုကောက်ချက်ချနိုင်သည်။ “သချုØင်းများ မှာရှိသော သူအပေါင်းတို့သည် သားတော်၏အသံကိုကြား၍၊
ထွက်ရမည့်အချိန်ကာလ ရောက် လတ္တံ့”
(ယော ၅း၂၈၊၂၉)။
လူသည်မြေမှုန့်သို့ပြန်သွားသည်။ လူတစ်ဦးသေသည့်အချိန်တွင် ဘာဖြစ်သည်ကို နားလည်နိုင်ရန်၊ သူ့အားမည်သည့်အရာဖြင့်ဖန်ဆင်းထားခဲ့သည်ကို
နားလည်ရမည်။ သမ္မာ ကျမ်းစာက လူကိုဇီ၀အခြေခံစုစည်းခြင်းကိုဖော်ပြသည်။
တစ်ခါတစ်ရံ ]ဝိညာဉ်} ဟူ သော စကားလုံးသည် လူတစ်ယောက်ကိုရည်ညွှန်းပြီး၊
အချို့နေရာများတွင် ချစ်ခြင်းမေတ္တာနှင့် စိတ်ခံစားမှု တို့ကိုရည်ညွှန်းသည်။
သို့သော်၊ လူကိုနှစ်ပိုင်းခွဲခြား၍ ဖွဲ့စည်းသည်ဟုမဆိုလို ချေ။ ခန္ဓာနှင့် ဝိညာဉ်သည် အတူတူသာရှိနေပြီး၊ ၎င်းတို့သည်
မမြင်နိုင်အောင်ပေါင်းစည်း ထားသည်။
လူကိုဖန်ဆင်းချိန်တွင်
မြေမှုန့်နှင့်ဇီ၀အသက်ကိုပေါင်းစည်းလိုက်သောအခါ၊ အ သက်ရှင်သောလူ သို့မဟုတ် ဝိညာဉ်ဖြစ်လာသည်။ အာဒံသည်
သီးခြားရပ်တည် သော အရာ (ဝိညာဉ်) ကိုရရှိ၍
အသက်ရှင်သောသတ္တဝါဖြစ်လာခြင်းမဟုတ်ချေ (က ၂း၇)။ သေဆုံးချိန်တွင်
၎င်းနှင့်ပြောင်းပြန်ဖြစ်သည်။ မြေမှုန့်မှဇီ၀အသက်ကိုနုတ်လိုက်လျှင် ဘာ အသိမျှမရှိသော လူသေသို့မဟုတ် သေသောဝိညာဉ်ဖြစ်သည် (ဆာ
၁၄၆း၄)။ ခန္ဓာကိုယ် ကို
တည်ဆောက်သောမြေကြီးသည် ၎င်းလာရာမြေကြီးသို့ပြန်သွားသည် (က ၃း၁၉)။ ဝိညာဉ်သည်
ခန္ဓာကိုယ်မှခွဲထွက်၍ အသိဉာဏ်ရှိသောအရာမဟုတ်ချေ။ လူသည် သေဆုံး ချိန်တွင် ဝိညာဉ် သည်သီးခြားရပ်တည်သောအရာအဖြစ်
သမ္မာကျမ်းစာက ဖော်ပြမထား ချေ။ အမှန်မှာ၊ “ပြစ်မှား သောသူ [ဝိညာဉ်] သည် အသေခံရမည်”
(ယေဇ ၁၈း၂၀)။
သေသောသူတို့၏ဘုံဗိမာန်။ ဓမ္မဟောင်းကျမ်းတွင် သေသောသူတို့ သွားသော နေ ရာ ကို “ရှယ်အောလ်” (shdes - Hebrew)၊ မရဏာနိုင်ငံဟူ၍လည်းကောင်း၊ ဓမ္မသစ်ကျမ်းတွင် “ဟာဒက်စ်” (hades - Greek)၊ မရဏာနိုင်ငံဟုခေါ်သည်။ သမ္မာကျမ်းစာတွင် ရှယ်အောလ် သည်
တစ်ခါတစ်ရံသချုØင်းဟုရိုးရိုးဆိုလိုသည်။
ဟာဒက်စ်၏အဓိပ္ပာယ်သည် ရှယ်အော လ်၏
အဓိပ္ပာယ်နှင့်အတူတူဖြစ်သည်။
ဖြောင့်မတ်သောသူဖြစ်စေ၊ ဆိုးယုတ်သောသူဖြစ်စေ၊
သေသောသူအားလုံးသည် ဤ နေရာသို့သွားကြသည် (ဆာ ၈၉း၄၈)။ ယာကုပ်က “မရဏာနိုင်ငံ «ရှယ်အောလ်»
သို့..... ဆင်း သက်တော့မည်” (က ၃၇း၃၅) ဟုဆိုခဲ့သည်။ “မြေကြီးသည်
ကွဲပွင့်လျက်၊” ဆိုးယုတ်
သောကောရနှင့်သူ၏အပေါင်းအပါတို့သည် “အသက်ရှင်လျက်
သေမင်းနိုင်ငံ [ရှယ်အော လ်] သို့ ဆင်းသွားကြသည်” (တော ၁၆း၃၀)။
ရှယ်အောလ်သည် သေသောလူတစ်ခုလုံးကိုလက်ခံသည်။ ယေရှုသည် သေသော
အခါ၊ မရဏာနိုင်ငံ [ဟာဒက်စ်] သို့ဆင်းသက်သွားခဲ့သော်လည်း၊ ရှင်ပြန်ထမြောက်ချိန် တွင် သူ့
ဝိညာဉ်ကိုမရဏာနိုင်ငံ «ဟာဒက်စ်» ၌ပစ်မထားခဲ့ချေ (တ ၂း၂၇၊၃၁)။ ဒါဝိဒ်သည် ရောဂါ
ပျောက်ကင်းခြင်းအတွက် ဘုရားသခင်ကိုကျေးဇူးတင်ရာတွင်၊ သူ၏ ဝိညာဉ်ကို “မရဏာ နိုင်ငံ «ရှယ်အောလ်»
ထဲကနုတ်ယူတော်မူပြီ” (ဆာ ၃ဝး၃) ဟု သက်သေခံခဲ့သည်။
မရဏာနိုင်ငံသည်
အသိတရားရှိသောနေရာမဟုတ်ချေ။ သေခြင်းသည် အိပ်ပျော် ခြင်း ဖြစ်သောကြောင့်၊
သေသောသူသည်၊ မရဏာနိုင်ငံသည် ၎င်း၌သေသောသူတို့ကို ပေးအပ် မည့်အချိန် (ဗျာ ၂ဝး၁၃)၊
ရှင်ပြန်ထမြောက်ခြင်းအချိန်တိုင်အောင် အသိတရားမရှိဘဲ လျက် မရဏာနိုင်ငံတွင်ရှိနေလိမ့်မည်။
ဝိညာဉ်သည်ဘုရားသခင်ထံသို့ပြန်သွားသည်။ ခန္ဓကိုယ်သည် မြေမှုန့်သို့ ပြန်သွား သော်လည်း၊ ဝိညာဉ်သည် ဘုရားသခင်ထံသို့ပြန်သွားသည်။
ရှောလမုန်မင်းက သေသော အချိန်တွင် “မြေမှုန့်သည်
နေရင်းမြေသို့လည်းကောင်း၊ ဝိညာဉ်သည် အရင်ပေးတော်မူ သောဘုရားသခင့်ထံသို့လည်းကောင်း ပြန်သွားရလိမ့်မည်” (ဒေ ၁၂း၇) ဟုဆိုသည်။ ဤ အချက်သည် ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူအားလုံးအတွက်ပါ
မှန်ကန် သည်။
သို့သော် ဤကျမ်းချက်က လူသည်သေဆုံးပြီးနောက် ဆက်လက်အသက်ရှင်
သေး သည် ဟု သွန်သင်ပါသလား။ သမ္မာကျမ်းစာတွင် ဝိညာဉ် (ဟေဗြဲစကားလုံး “ရူအ” ruach နှင့် ဂရိစကားလုံး “နူးမား” pneuma)
သည် ခန္ဓာကိုယ်မရှိဘဲ၊ သီးခြားရပ်တည်နိုင်သည့်
အသိဉာဏ်ရှိသောအရာကို ညွှန်းဆိုခြင်းမဟုတ်ပါ။ ထို့အစား၊ ဤစကားလုံးများသည်
တိရစ္ဆာန်များနှင့်လူတို့အား သက်ဝင်လှုပ်ရှားစေသော ထွက်သက် ဝင်သက်ကိုရည်ညွှန်း ၏။
ရှောလမုန်ကဤသို့ရေးခဲ့သည်။ “လူသားတွေ့ကြုံသောအမှုကို
တိရစ္ဆာန်တွေ့ကြုံ တတ်၏။ ထိုနှစ်ဦးတို့သည် တစ်ပါးတည်းသောအမှုကိုတွေ့ကြုံလျက်၊
တစ်ဦးသေသကဲ့ သို့၊ တစ်ဦးသေတတ်၏။
အလုံးစုံတို့သည် အသက်တစ်မျိုးတည်းရှိကြ၏။ သို့ဖြစ်၍၊ လူသည် တိရစ္ဆာန်
ထက်ထူးမြတ်သောအကြောင်းမရှိ။..... အလုံးစုံတို့သည် တစ်ခုတည်း သော အရပ်သို့ရောက်တတ်ကြ၏။ အလုံးစုံတို့သည်
မြေမှုန့်ထဲကဖြစ်သည်နှင့်အညီ၊ မြေ မှုန့်ထဲသို့ပြန်သွားတတ်ကြ၏။
သို့ရာတွင်အထက်သို့တက်တတ်သောလူသား၏ ဝိညာဉ် [ruach] ကိုလည်းကောင်း၊
အောက်အရပ်မြေသို့ဆင်းတတ်သော တိရစ္ဆာန်၏ ဝိညာဉ် [ruach] ကိုလည်းကောင်း၊
အဘယ်သူပိုင်းခြား၍သိနိုင်သနည်း” (ဒေ ၃း၁၉-၂၁)။
ထို့ကြောင့် ရှောလမုန်မင်း၏ အဆိုအရ၊ သေသောအချိန်တွင် လူနှင့်တိရစ္ဆာန်အကြား၌ ခြားနား မှုမရှိချေ။
ရှောလမုန်မင်းက ဘုရားသခင်ထံသို့ပြန်သွားသည်ဟုဆိုသောဝိညာဉ်
(မကခေ့) သည် ဘုရားသခင်ပေးသောအသက်ကိုဆိုလိုသည်။ ဝိညာဉ် သို့မဟုတ် ထွက်သက် ဝင်သက်သည်
ခန္ဓာကိုယ်မရှိဘဲ သီးခြားရပ်တည်နိုင်သည့်အသိရှိသောအရာဖြစ်သည်ဟု ညွှန်းဆိုသော
အရာအဖြစ်မရှိချေ။ ဤဝိညာဉ် (မကခေ့) သည် အသက်မဲ့သောရုပ်ခန္ဓာကို သက်ဝင်လှုပ်ရှား
စေရန် မထမလူသားအထဲသို့ ဘုရားသခင်မှုတ်သွင်းသောဇီ၀အသက် နှင့် အတူတူပင်ဖြစ် သည် (က ၂း၇)။
သမ္မာကျမ်းစာတစ်အုပ်လုံးတွင်ညီညွတ်မှုရှိခြင်း။
သေခြင်းအကြောင်း ကျမ်းစာ၏ သွန် သင်ချက်ကို အစုံအလင်မလေ့လာသည့်
ရိုးသားသောခရစ်ယာန်များစွာ တို့က သေ ခြင်းသည်
ရှင်ပြန်ထမြောက်ခြင်းတိုင်အောင် အိပ်ပျော်ခြင်းဖြစ်ကြောင်းကို မသိကြချေ။
သေပြီးနောက် အသိဉာဏ်ရှိသောဝိညာဉ်ရှိကြောင်း ထောက်ပံ့သည့်ကျမ်းပိုဒ်များရှိ သည် ဟု သူတို့ယူဆကြသည်။ သေခြင်းသည်
အသိဉာဏ်ကိုရပ်စဲပစ်လိုက်ကြောင်း သမ္မာကျမ်း စာကို သေချာစွာ
လေ့လာ ခြင်းကပြသသည်။
လိပ်ပြာခေါ်ခြင်း။ အကယ်၍ သေသောသူတို့သည် လုံး၀အာရုံခံစားမှုမရှိတော့ လျှင်၊
နတ်ဝင်သည်တို့သည် မည်သူတို့နှင့်ဆက်သွယ်သနည်း။
ရိုးသားသော သူတိုင်းသည် ဤဖြစ်စဉ်တချို့မှာ
လိမ်လည်မှုဖြစ်သည်ဟုဝန်ခံကြ လိမ့်မည်။ သို့သော်၊ အခြားထိုသို့သောအရာများကိုမူ
ရှင်းပြ၍မရနိုင်ချေ။ ဤအကြောင်း ကို သမ္မာ
ကျမ်းစာသည် မည်ကဲ့သို့သင်ပေးသနည်း။
၁။
လိပ်ပြာခေါ်ခြင်း၏အခြေခံစနစ်။ လိပ်ပြာခေါ် ခြင်းသည် “သင်သည် ဧကန် အမှန် သေရမည်မဟုတ်” (က ၃း၄) ဟူ၍ ဧ၀ အားစာတန်၏
ပထမဦးဆုံး လိမ်လည် ခြင်းနှင့် စတင်ခဲ့သည်။
သူ၏စကားသည် ဝိညာဉ်မသေနိုင်ပါဟူသော ပထမဆုံး တရား ဟောချက်ဖြစ်သည်။ များ စွာသောသူတို့အတွက် “ပြစ်မှားသောသူ [ဝိညာဉ်] သည် အသေခံရမည်” (ယေဇ ၁၈း၂၀) ဟူသော
ဘုရားသခင်၏ပြစ်ဒဏ်ချမှတ်ချက် သည်၊ “လူ (ဝိညာဉ်) သည်
ပြစ်မှားသော်လည်း အစဉ်မပြတ်အသက်ရှင်လိမ့်မည်” ဟူ၍ ပြောင်းပြန် ဖြစ်သွားရသည်။
ဤမှားယွင်းသည့် မသေနိုင်သောအဖြစ်ယုံကြည်ချက်သည်
သေသောအချိန်တွင် အသိတရားရှိနေသည်ဟူသော ယုံကြည်ချက်ကိုလက်ခံစေသည်။
ကျွန်ုပ်တို့လေ့လာခဲ့ သ ကဲ့သို့၊
ဤရပ်တည်ချက်များသည် ဤအကြောင်းအရာအပေါ် သမ္မာကျမ်းစာ၏ သွန်သင် ချက်နှင့် တိုက်ရိုက်ဆန့်ကျင်သည်။ သူတို့သည်
ခရစ်ယာန်ယုံကြည်ခြင်းထဲသို့၊ မယုံကြည် သူတို့၏ အတွေးအခေါ်၊ အထူးသဖြင့်
ကြီးမားသောအယူဖောက်ပြန်မှုကာလအတွင်း ပလေတို (Plato) ၏ အတွေးအခေါ်တို့ကို ထည့်သွင်းလာခဲ့ကြသည်။ ဤယုံကြည်ချက်
များ သည် ခရစ်ယာန်ဘာသာအထဲတွင်
လွှမ်းမိုးလာပြီး၊ ယနေ့အထိကြီးစိုးသောယူဆချက် အပြစ်ဆက် လက်ရှိနေသည်။
သေသောသူတို့သည် အသိနိုးကြားသည် ဟူသောယုံကြည်ချက်သည်
များစွာသော ခရစ်ယာန်တို့အား လိပ်ပြာခေါ် ခြင်းကိုလက်ခံစေသည်။ အကယ်၍သေသော သူတို့သည်
ဘုရားသခင်၏ရှေ့တွင် အသက်ရှင်နေခဲ့သော်၊ အဘယ်ကြောင့်သူတို့သည် မြေကြီးသို့
ဝန်ဆောင်မှုပေးသောဝိညာဉ်များအဖြစ် မပြန်လာနိုင်ကြသနည်း။ သူတို့သည် ပြန်လာနိုင်
သည်ရှိသော်၊ သူတို့၏အကြံဉာဏ်နှင့် ညွှန်ကြားချက်များကိုရရှိရန်၊ မကောင်းသော အရာ များကိုရှောင်နိုင်ရန်၊ ဝမ်းနည်းသောအချိန်တွင်
နှစ်သိမ့်ခြင်းကိုရရှိရန် အဘယ်ကြောင့် သူ တို့ နှင့်
ဆက်သွယ်ရန်မကြိုးစားကြသနည်း။
ဤအကြောင်းပြချက်များအပေါ်အခြေခံ၍၊ စာတန်နှင့်သူ၏တမန်တို့သည်
(ဗျာ ၁၂း၄၊ ၉) ဤဆက်သွယ်ရေးလမ်းကြောင်းကို တည်ထောင်၍၊ ဤအရာအားဖြင့် လှည့် ဖြားကြသည်။ နတ်ကိုမေးခြင်းကဲ့သို့သော ဤနည်းလမ်းများအားဖြင့်၊
သူတို့သည် ဆုံး သွားပြီးသော
ချစ်ရသူတို့အယောင်ကိုဆောင်၍၊ အသက်ရှင်နေသောသူတို့အား နှစ်သိမ့် ခြင်းနှင့် အာမခံချက်ကို ပေးကြသည်။ တစ်ခါတစ်ရံ၊
အနာဂတ်ဖြစ်ရပ်များကို ကြိုတင် ဟော
ကိန်းထုတ်သည်များဖြစ် ပျက်လာသောအခါ၊ သူတို့ကိုအများကယုံကြည် လက်ခံ လာကြသည်။ ထိုအခါ၊ သူတို့ဟော ပြောသည့်အန္တရာယ်ရှိသော
အယူအမှားများ၏ မှန် ကန်မှုသည်
အပေါ်ယံမျှသာရှိပြီး၊ သမ္မာကျမ်းစာနှင့်လည်းကောင်း၊ ဘုရားသခင်၏
ပညတ်တော်နှင့်လည်းကောင်း ဆန့်ကျင်၍ ပင်နေလေသည်။ မကောင်းမှုကိုတားဆီးသော
အရာကိုဖယ်ရှားလိုက်ခြင်းအားဖြင့်၊ စာတန်သည် လူတို့ကိုဘုရားသခင်ထံမှအဝေးသို့
ဇက်ကိုင်ဆွဲငင်၍၊ အမှန်တကယ်ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။
၂။ လိပ်ပြာခေါ်ခြင်းကိုသတိပေးခြင်း။ မည်သူမျှလိပ်ပြာခေါ် ခြင်း၏ လှည့်ဖြားမှု ကို ခံရန်မလိုချေ။ သမ္မာကျမ်းစာက ၎င်း၏ပြောဆိုမှုသည်
မှားယွင်းကြောင်း ရှင်းလင်းစွာ ဖော်ထုတ် လျက်ရှိသည်။
ကျွန်ုပ်တို့လေ့လာခဲ့သကဲ့သို့၊ သေသောသူတို့သည် မည်သည့် အရာမျှ မသိကြောင်း၊ သေပြီးနောက် အသိနိုးကြားမှုမရှိကြောင်း၊
မြေမှုန့်မှ လာ၍ မြေမှုန့် သို့ပြန်သွားရခြင်း
ဖြစ်ကြောင်းကို သမ္မာကျမ်းစာက ကျွန်ုပ်တို့အားပြောပြသည်။
သေသောသူများ သို့မဟုတ် ဝိညာဉ်လောကနှင့်ဆက်သွယ်ရန်
မည်သည့်ကြိုးပမ်း မှုကို
မဆိုသမ္မာကျမ်းစာကပြင်းထန်စွာတားမြစ်ထားသည်။ ယနေ့ဝိညာဉ်ခေါ်သူနတ်ဆရာ များကဲ့သို့၊ သေသောသူများနှင့်ဆက်သွယ်သည်ဟုဆိုသောသူတို့သည်
နတ်ဝင်သူ၊ စုန်းဝင် သူများဖြစ်ကြသည်။ ဤလုပ်ဆောင်မှုများသည် ညစ်ညူးစေခြင်းဖြစ်၍၊
ကျူးလွန် သောသူတို့ကို သေဒဏ်ပေးရမည်ဟု ထာ၀ရဘုရားမိန့်ဆိုခဲ့သည် (ဝတ် ၁၉း၃၁။
၂ဝး၂၇)။
ဟေရှာယသည် လိပ်ပြာခေါ် ခြင်း၏မိုက်မဲမှုကို
ကောင်းစွာဖော်ပြခဲ့သည်။ “တိုးတိုးပြော ၍၊
မန္တန်သရဇ္ဈာယ်တတ်သောနတ်ဝင်နှင့် စုန်းတို့၌ဆည်းကပ်ကြလော့ဟု သင်တို့အားဆို
လျှင်မူကား၊ လူတို့သည် မိမိတို့ဘုရားသခင်၌မဆည်းကပ်အပ်သလော။ အသက်ရှင်သော သူ၏
အမှုမှာ အသက်သေသောသူ၌ဆည်းကပ်အပ်သလော။ တရားတော် ကိုလည်း ကောင်း၊ သက်သေခံတော်မူချက်ကိုလည်းကောင်း၊ နားထောင်ကြကုန်။
သူတို့ပြော သော စကားသည်
နှုတ်ကပတ်တော်နှင့်မညီလျှင်၊ သူတို့၌အရုဏ်မတက်သေး” (ဟေရှာ ၈း၁၉၊ ၂၀)။ အမှန်
စင်စစ်၊ သမ္မာကျမ်းစာ၏သွန်သင်မှုများကသာလျှင် ဤလွှမ်းမိုးနေသော လှည့် ဖြားမှုမှ ခရစ်ယာန် များကိုကာကွယ်နိုင်သည်။
၃။ လိပ်ပြာခေါ်ခြင်းကိုထုတ်ဖော်ပြခြင်း။ သမ္မာကျမ်းစာသည် ဖာရောဘုရင်၏ မျက်လှည့်ဆရာများ၊
နိနေဝေမြို့နှင့် ဗာဗုလုန်မြို့၏မျက်လှည့်ဆရာများ၊ ဗေဒင်ဆရာ များ၊ မှော်ဆရာများ၊ ဣသရေလတို့၏နတ်ဝင်သည်များနှင့်
စုန်းလုပ်သောသူများဟူ၍ လိပ်ပြာခေါ်ခြင်း လှုပ်ရှားမှု များကို မှတ်တမ်းတင်ထားပြီး၊
ထိုအရာအားလုံးကို ပြစ်တင် ရှုတ်ချထားသည်။
ဥပမာတစ်ခုမှာ၊ ဤသင်ခန်းစာ၏အစတွင် ဖော်ပြသောရှောလုမင်းက
အင်္ဒေါရမြို့မှနတ်ဝင်သည်အား နတ်မေး ခြင်းဖြစ်သည်။
ရှောလုသည် “ထာ၀ရဘုရားကိုမေးလျှောက်သော်လည်း
ထာ၀ရဘုရားသည် ထူး တော်မမူ” အိပ်မက်အားဖြင့်လည်းကောင်း၊ ဥရိမ်အားဖြင့်လည်းကောင်း၊
ပုရောဖက် အားဖြင့်လည်း ကောင်းထူးတော်မမူ” (၁ရာ ၂၈း၆)။
ထို့ကြောင့်၊ ဘုရားသခင်သည် အင်္ဒေါ ရမြို့၌ ဖြစ်သော
အရာနှင့် ဘာမျှသက်ဆိုင်ခြင်းမရှိချေ။ ရှောလုမင်းသည် သေဆုံး ပြီး သော ရှမွေလအယောင်
ကို ဆောင်သော နတ်ဆိုး၏လှည့်ဖြားခြင်းကိုခံခဲ့ရသည်။ သူသည် ရှမွေလအစစ်အမှန်ကို
မမြင်ခဲ့ပါ။ နတ်ဝင်မိန်းမသည် လူအိုတက်လာသည်ကိုမြင်ခဲ့ပြီး၊ ရှောလုက ရှမွေလဖြစ်သည်
ဟု တွေးဆခြင်း သို့မဟုတ် ကောက်ချက်ချခြင်းသာဖြစ် သည် (၁ရာ ၂၈း၁၄)။
ကျွန်ုပ်တို့သည်
ထိုသေလွန်ပြီးသောသူ၏ရုပ်သွင်မှာ
ရှမွေလအစစ်အမှန်ဟု ယုံ ကြည်လျှင်၊
စုန်းလုပ်သူများ၊ မှော်ဆရာများ၊ အောက်လမ်းဆရာများ၊ ဗေဒင်ဆရာများ၊ ဝိညာဉ်ခေါ်
သူနတ်ဆရာတို့သည် သေလွန်ပြီးသောဖြောင့်မတ်သူတို့အား သူတို့သေချိန်က ရောက်ရှိသည့်
နေရာမှခေါ်ထုတ်နိုင်သည်ဟုယုံကြည်ရန် အသင့်ပြင်ထားရမည်။ လူအို သည် မြေကြီးထဲကတက်လာသောကြောင့် (၁ရာ ၂၈း၁၃)၊
ဘုရားတရားရှိသောရှမွေလ သည်
အသိနိုးကြားသောအနေအထားဖြင့် မြေကြီးထဲ၌ရှိနေသည်ဟုလည်း ယုံကြည်ရ လိမ့်မည်။ သေလွန် ပြီးနောက်အသက်ရှိနေသေးသည်ဟူသော
မည်သည့်ယူဆချက်ကိုမျှ သမ္မာကျမ်းစာက ခွင့်မပြုချေ။ ထိုအစား၊
စာတန်နှင့်သူ၏အပေါင်းအပါတို့သည် သေလွန် သောသူ၏
ရုပ်သွင်ဖြင့် လူများကိုလှည့်ဖြားနိုင်သည်။ သေဆုံးသောချစ်ရသူ၏ အ ကြောင်း အသေးစိတ်ကိုပင်
ဖော်ပြပြီး၊ သူတို့နှင့်ဆက်သွယ်သည်ဟု ဟန်ဆောင်ကြ သည်။ ရှောလုမင်း၏နတ်ကို မေးမြန်းခြင်းသည်
ထိုသို့သောအဖြစ်မျိုးသာဖြစ်သည်။
ဤနတ်ဝင်သည်အားမြေးမြန်းခြင်းသည်
ရှောလုကိုမျှော်လင့်ချက်မပေးဘဲ၊ စိတ် ပျက်စေခဲ့သည်။
နောက်တစ်နေ့တွင် သူသည် မိမိကိုယ်ကိုအဆုံးစီရင်ခဲ့သည် (၁ရာ ၃၁း၄)။
ရှမွေလဟုယူဆရသောသူသည် ထိုနေ့တွင် ရှောလုနှင့်သူ၏သားတို့သည် သူနှင့် အတူရှိလိမ့်မည်ဟုကြိုတင်ဟောခဲ့သည် (၁ရာ ၂၈း၁၉)။ အကယ်၍သူသည်
မှန်ခဲ့သည်ရှိ သော်၊ နာခံမှုမရှိ
သောရှောလုသည် သေဆုံးပြီးနောက် ဖြောင့်မတ်သောရှမွေလနှင့် အတူနေမည်ဟူ၍ ကောက်ချက်ချနိုင်လိမ့်မည်။ ထိုအစား၊ နတ်ဆိုးသည်
ဤနတ်မေးမြန်း ခြင်းဖြစ်ရပ်တွင်
လှည့်ဖြားသည်ဟု ကောက်ချက်ချရမည်မဟုတ်လော။
၄။ နောက်ဆုံးသောလှည့်ဖြားခြင်း။ လွန်ခဲ့သောအချိန်တွင် လိပ်ပြာခေါ် ခြင်းကို ဂမ္ဘီရလောက
(လျှို့ဝှက်ဆန်းကြယ်သောပညာ) အဖြစ်ကန့်သတ်ခဲ့ကြသည်။ သို့သော်၊ မကြာသေးမီကစ၍
လိပ်ပြာခေါ် ခြင်းသည် ခရစ်ယာန်အသွင်လာပြီး၊ ထိုသို့ဖြင့် ခရစ် ယာန်လောကကို လှည့်ဖြားနိုင်လိမ့်မည်။
ခရစ်တော်နှင့်သမ္မာကျမ်းစာကိုလက်ခံရန် ဝန်ခံ ခြင်း၌၊ လိပ်ပြာခေါ်ခြင်းသည်
ယုံကြည်သူတို့၏အလွန်အန္တရာယ်ကြီးသောရန်သူဖြစ် လာခဲ့သည်။ ၎င်း၏အကျိုး သက် ရောက်မှုသည်
သိမ်မွေ့ပြီးလှည့်စားသည်။ လိပ်ပြာ ခေါ်ခြင်း၏ဩဇာလွှမ်းမိုးမှုအားဖြင့် “သမ္မာကျမ်းစာကို စိတ်နှလုံးပြောင်းလဲခြင်းမရှိသော
သူတို့၏စိတ်ကြိုက်အနက်ပြန်ဆိုပြီး၊ ၎င်း၏လေးနက်ပြီး အရေးကြီးသော သမ္မာတရား များသည် အကျိုးသက်ရောက်မှု မရှိတော့ချေ။ ချစ်ခြင်းမေတ္တာသည်
ဘုရားသခင်၏ အဓိကဂုဏ်တော်ဖြစ်သည်။
သို့သော်၊ ၎င်းကို အား နည်းသော စိတ်ကူးယဉ်ဆန်မှုအဖြစ် အဆင့်လျှော့ချပြီး၊
အကောင်းနှင့်အဆိုးအကြား ခွဲခြားမှု မရှိကြတော့ချေ။ ဘုရားသခင်၏ တရားမျှတမှု၊ အပြစ်ကိုရှုတ်ချမှု၊ သူ၏ သန့်ရှင်းသော ပညတ်
တော်၏ တောင်းဆိုမှုတို့ကို ဝေးရာသို့ပို့လိုက်ကြသည်။ လူတို့အား ပညတ်တော် ဆယ်ပါး
သည် သေဆုံးနေသောစာ အဖြစ်မှတ်ယူစေကြသည်။
သာယာနာပျော်ဖွယ် ဒဏ္ဍာရီပုံပြင်များ က သူတို့၏အာရုံကို ဖမ်းစားပြီး၊ သူတို့ ယုံကြည်ခြင်း၏အုတ်မြစ်ဖြစ်သော
ကျမ်းစာကို ငြင်း ပယ်ကြသည်။”
ဤနည်းအားဖြင့် အမှန်နှင့်အမှားသည် ဆွေမျိုးတော်စပ်ပြီး၊
လူတစ်ယောက်၊ သို့မဟုတ်အခြေအနေတစ်ခု သို့မဟုတ် ယဉ်ကျေးမှုတစ်ခုခုသည် “သမ္မာတရား” ၏
စံချိန်စံညွှန်းဖြစ်လာသည်။ အဓိကမှာ လူတစ်ဦးစီသည် ဘုရားဖြစ်လာ၍၊ စာတန်က “ဘုရားကဲ့သို့ဖြစ်လာမည်” (က ၃း၅)
ဟူသောကတိပြည့်စုံလာမည်။ ကျွန်ုပ်တို့၏ရှေ့တွင်
“မြေကြီးအပေါ်၌ နေသောသူတို့ကို စုံစမ်းစေခြင်းငှာ၊
လောကီနိုင်ငံအရပ်ရပ်တို့ကို နှံ့ပြား လတ္တံ့သော
စုံစမ်းရာ ကာလ} (ဗျာ ၃း၁၀) ရှိနေသည်။
စာတန်သည် လောကီသားများကို လှည့်ဖြားရန်သူ၏
နောက်ဆုံး ကြိုး ပမ်းမှု၌ ကြီးမားသော နိမိတ်လက္ခဏာများကို အသုံး ပြုတော့မည်။- ဤပြောင်မြောက် သောလှည့်စားမှုကိုပြောရာတွင်၊
ယောဟန်က “ဖား ကောင်ကဲ့သို့ ညစ်ညူးသော ဝိညာဉ်သုံး ပါးထွက်သည်ကိုငါ မြင်၏။
နိမိတ်လက္ခဏာ တို့ကိုပြသော နတ်ဆိုး၏ ဝိညာဉ်ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီ
တစ်နိုင်ငံလုံး တွင်ရှိသော
ရှင်ဘုရင်တို့ထံသို့ထွက်သွား၍၊ အနန္တ တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရား သခင်၏နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှာ စုဝေးစေကြ၏” (ဗျာ ၁၆း၁၃၊၁၄)။
ဘုရားသခင်၏ ကာကွယ်ခြင်းကိုခံရ၍၊ သမ္မာကျမ်းစာ၏ သမ္မာတရား၌
စိတ်နှလုံး ကို ခိုင်မာစေကာ၊
၎င်း၏အခွင့်အာဏာကိုသာ လက်ခံသောသူတို့သာလျှင် လွတ်မြောက် နိုင် လိမ့်မည်။
အခြားသူအားလုံးသည် အကာအကွယ်မရှိသောကြောင့်၊ ဤလှည့်ဖြားမှု အားဖြင့်
အဝေးသို့ဖယ်ရှားခြင်းခံရကြလိမ့်မည်။
ပထမနှင့်ဒုတိယသေခြင်း။ ဒုတိယသေခြင်းသည် အသက်စာစောင်၌စာရင်း မဝင် သောနောင်တမရသည့် အပြစ်သားများ၏ နောက်ဆုံးပြစ်ဒဏ်ဖြစ်သည်။
၎င်းသည် နှစ် ပေါင်း (၁ç၀၀၀) အဆုံးတွင်ဖြစ်လိမ့်မည်။
ဤသေခြင်းမှရှင်ပြန်ထမြောက်ခြင်းမရှိချေ။ စာတန်နှင့် မဖြောင့်မတ်သောသူများကိုဖျက်ဆီးခြင်းနှင့်အတူ၊
အပြစ်သည်လည်း အမြစ် ပြတ်ချေမှုန်း ခြင်းခံရ၍၊
သေခြင်းပင်လျှင်ဖျက်ဆီးခြင်းခံရမည် (၁ကော ၁၅း၂၆။ ဗျာ ၂ဝး၁၄။ ၂၁း၈)။ ခရစ်တော်သည်
လူတိုင်းအား “အောင်မြင်သောသူကို
ဒုတိယသေခြင်း သည် မညှဉ်းဆဲရ” (ဗျာ ၂း၁၁)
ဟူ၍ကတိပေးခဲ့လေပြီ။
သမ္မာကျမ်းစာသည် ဒုတိယသေခြင်းကိုသတ်မှတ်ထားသည့်အပေါ်
အခြေခံ၍၊ ပထမသေခြင်းသည် အသက်ရှင်၍ ပြောင်းလဲသောသူများမှလွဲ၍၊ အာဒံ၏ ကျူးလွန်မှု၏
ရလဒ်အဖြစ် လူတိုင်းတွေ့ကြုံရသောအရာဖြစ်သည်ဟု ကျွန်ုပ်တို့ယူဆနိုင်သည်။ ၎င်း သည် လူသား များအပေါ်
အပြစ်၏ပုံမှန်ယိုယွင်းမှုရလဒ်ပင်ဖြစ်သည်။
ထမြောက်ခြင်း
ထမြောက်ခြင်းသည် “သေလွန်ပြီးနောက်
ပင်ကိုစရိုက်အပြည့်အစုံဖြင့် ဖြစ်တည် ခြင်းနှင့် အတူအသက်ကိုပြန်လည်
ရရှိခြင်းဖြစ်သည်။” လူသည် သေမျိုးဖြစ်သောကြောင့်၊ သူတို့
သည်သင်္ချိုင်း၏တစ်ဖက်တွင် အသက်ကိုရရှိမည့်သူများဖြစ်ခဲ့သော်၊ ရှင်ပြန်ထ မြောက်ခြင်း သည်ရှိရလိမ့်မည်။
ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းတစ်ခုလုံးတွင် ဘုရားသခင် ၏ စေတမန်များသည်
ရှင်ပြန်ထမြောက်ခြင်း၌မျှော်လင့်ချက်ကိုဖော်ပြခဲ့ကြသည် (ယော ဘ ၁၄း၁၃-၁၅။ ၁၉း၂၅-၂၉။ ဆာ ၄၉း၁၅။ ၇၃း၂၄။ ဟေရှာ ၂၆း၁၉။ ၁ကော
၁၅)။
ထမြောက်ခြင်းဆိုင်ရာ ခိုင်မာသောကျမ်းစာ၏ အထောက်အထားသည်
လူတိုင်း အတွက် ခရီးလမ်းဆုံးဖြစ်သောသေခြင်းရှိနေရာ လက်ရှိဤကမ္ဘာ၏တစ်ဖက်ကမ်း၌
ပိုမို ကောင်း မွန်သောအနာဂတ်တွင် ဝမ်းမြောက်နိုင်သည်ဟု ကျွန်ုပ်တို့ကိုအားပေးသည်။
ခရစ်တော်၏ထမြောက်ခြင်း။ သေလွန်သောဖြောင့်မတ်သူတို့သည်
မသေနိုင်သော အဖြစ်သို့ထမြောက်ခြင်းသည် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းနှင့်
နီးကပ်စွာဆက် နွှယ်သည်။
အဘယ်ကြောင့်ဆိုသော်၊ အဆုံးတွင်သေလွန်သောသူတို့ကို ထမြောက်စေ မည့် သူမှာ ထမြောက်သောခရစ်တော်ပင်ဖြစ်သည် (ယော ၅း၂၈၊ ၂၉)။
၁။ ၎င်း၏အရေးကြီးမှု။ ခရစ်တော်သည်ထမြောက်ခြင်းမရှိခဲ့သော် ဘာဖြစ်မည် နည်း။ ပေါလုသည် အကျိုးဆက်များကိုအကျဉ်းချုပ်ထားသည်။ (က)
ဧဝံဂေလိ တရား ဟောပြော ခြင်းသည်
အကျိုးရှိလိမ့်မည်မဟုတ်ချေ။ “ခရစ်တော်သည် ထမြောက်တော် မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌အကျိုးမရှိ” (၁ကော ၁၅း၁၄)။ (ခ) အပြစ်လွှတ်ခြင်း ရှိလိမ့်မည်မဟုတ်ချေ။ “ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည်..... ဒုစ ရိုက်အပြစ်အောက်၌ ရှိသေး၏” (၁ကော ၁၅း၁၇)။ (ဂ) ယေရှုကိုယုံကြည်ခြင်းသည်
ရည်ရွယ်ချက်ကင်းမဲ့နေလိမ့်မည်။ “ခရစ်တော်သည်
ထမြောက်တော်မမူလျှင်၊ သင်တို့ သည် ယုံကြည်သော်လည်းအကျိုးမရှိ” (၁ကော ၁၅း၁၇)။ (ဃ) သေလွန်သောသူတို့ အ တွက်ထမြောက်ခြင်းရှိနိုင်မည်မဟုတ်ချေ။ “ခရစ်တော်သည် သေခြင်းမှ ထမြောက်တော် မူကြောင်းကို
ဟောပြောရသည်ဖြစ်၍၊ သေသောသူတို့သည် ထမြောက်ခြင်းမရှိဟု သင် တို့တွင်အချို့သောသူတို့သည် အဘယ်ကြောင့် ဆိုရသနည်း”
(၁ကော ၁၅း၁၂)။ (င) သချုØင်း၏တစ်ဖက်တွင် မျှော်လင့်ချက်ရှိလိမ့် မဟုတ်ချေ။ “ခရစ်တော်သည် ထမြောက် တော်မမူလျှင်၊
သင်တို့သည် ယုံကြည်သော်လည်း အကျိုး မရှိ၊ ဒုစရိုက် အပြစ်အောက် ၌ရှိကြသေး၏။ ထိုမှတစ်ပါး၊ ခရစ်တော်ကိုယုံကြည်၍ အိပ်ပျော်သော
သူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ” (၁ကော ၁၅း၁၇၊၁၈)။
၂။ ရုပ်ခန္ဓာဖြင့်ထမြောက်ခြင်း။ သချုØင်းဂူထဲကထွက်လာသောခရစ်တော်သည်
အသွေးအသားဖြင့်အသက်ရှင်ခဲ့သော ထိုယေရှုပင်ဖြစ်သည်။ ယခုတွင် သူသည် ဘုန်း တော်နှင့် ပြည့်၀သော ခန္ဓာကိုရရှိသော်လည်း၊ ၎င်းသည်
ရုပ်ခန္ဓာအစစ်အမှန်ပင် ဖြစ်နေ သေးသည်။
အလွန်စစ်မှန်သည်ဖြစ်ရာ၊ အခြားသောသူတို့သည် ခြားနားမှုကိုပင် မမြင် တွေ့ခဲ့ကြချေ (လု ၂၄း၁၃-၂၇။ ယော ၂ဝး၁၄-၁၈)။
ယေရှုကိုယ်တိုင်က သူသည် တစ္ဆေသို့မဟုတ်
ဝိညာဉ်မဟုတ်ကြောင်းကို ပြောဆို သည်။
တပည့်တော်တို့အား ဤသို့မိန့်ဆိုခဲ့သည်။ “ငါ့လက်ကိုကြည့်ကြလော့။
ငါ့ခြေကို လည်း ကြည့် ကြလော့။
ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကိုကြည့်ရှုစမ်းသပ်ကြလော့။ ငါသည် သင်တို့မြင်သည် အတိုင်း
အရိုးအသားနှင့်ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့မ ပြည့်စုံ” (လု ၂၄း၃၉)။ သူသည်
ရုပ်ခန္ဓာစစ်စစ်နှင့်ထမြောက်ကြောင်းကို သက်သေပြရန်၊ သူတို့ရှေ့တွင် အစာစားခဲ့ သည်
(လု ၂၄း၄၃)။
၃။ ၎င်း၏အကျိုးသက်ရောက်မှုများ။ ခရစ်တော်၏ထမြောက်ခြင်းသည် သူ၏တ ပည့်များ
အပေါ်တွင် ကြီးမားသောအကျိုးသက်ရောက်မှုရှိခဲ့သည်။ အားနည်း၍ ကြောက် တတ်သော သူတို့ကို မိမိတို့သခင်ဘုရားအတွက်
ဘာမဆိုလုပ်ပေးရန်အဆင်သင့် ရှိသည့် ရဲရင့်သော တမန်တော်များအဖြစ်သို့ပြောင်းလဲခဲ့သည်
(ဖိ ၃း၁၀၊ ၁၁။ တ ၄း၃၃)။ ၎င်း၏ ရလဒ်အဖြစ်
သူတို့ထမ်းဆောင်သောသာသနာသည် ရောမအင်ပါယာကို တုန်လှုပ်စေပြီး၊ ကမ္ဘာကို
မှောက်လှန်ခဲ့သည် (တ ၁၇း၆)။
“ခရစ်တော်ထမြောက်ခြင်း၏ သေချာမှုသည် ဧဝံဂေလိတရားဟော
ပြောရာတွင် အင်အားဖြစ်စေသည် (ဖိ ၃း၁ဝး၁၁)။ ပေတရုသည် ယုံကြည်သူများ၌ “မျှော်လင့်ခြင်း အကြောင်းရှိစေခြင်းငှာ၊” “ယေရှုခရစ်ကိုသေခြင်းမှထမြောက်စေတော်မူကြောင်း” ကို ပြောခဲ့သည် (၁ပေ ၁း၃)။
တမန်တော်တို့သည် မိမိတို့ကိုယ်ကိုထမြောက်ခြင်း၏ သက် သေခံများအဖြစ် ဘိသိက်ခံရသည်ဟုယူဆခဲ့ကြသည် (တ ၁း၂၂)။
ခရစ်တော်၏ ထ မြောက်ခြင်းအပေါ်
သူတို့၏သွန်သင်ချက်သည် ဓမ္မဟောင်းကျမ်းတွင် မေရှိယအကြောင်း ကြိုတင် ဟောပြော ချက် အပေါ်အခြေခံခဲ့သည် (တ ၂း၃၁)။ သူတို့၏
သက်သေခံချက်ကို “ကြီးသောတန်ခိုး” ပေးသောအရာမှာ “သခင်ယေရှုထမြောက်ခြင်း
အကြောင်းကို” သူတို့ ကိုယ်တိုင်သိရှိ နေခြင်း ဖြစ်သည် (တ ၄း၃၃)။ “သေခြင်းမှ ထမြောက်ခြင်းတရားကို} ဟောပြောရာတွင်၊ တမန်တော် တို့သည် ယုဒခေါင်းဆောင်
တို့၏အတိုက်အခံပြုခြင်းကို ခံခဲ့ကြရသည် (တ ၄း၂)။
ယုဒတို့၏ လွှတ်တော်တွင် ရုံးတင်စွပ်စွဲခြင်းခံရချိန်တွင်၊ ပေါလု က “သေသောသူတို့သည် ထမြောက်
မည်ဟု မျှော်လင့်ခြင်းအကြောင်းကြောင့်၊ အကျွန်ုပ် သည် စစ်ကြောစီရင်ခြင်းကိုခံရ၏” ဟုဆို ခဲ့သည် (တ ၂၃း၆။ ၂၄း၂၁)။ ရောမအသင်း သားများထံသို့ ပေါလုက ယေရှုခရစ်တော်သည် “သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအား ဖြင့် တန်ခိုးရှိသောဘုရားသခင်၏သားအဖြစ် ခန့်အပ်ခဲ့ ရသည်”
(ရော ၁း၄ NIဠ)။ ရေနှစ် ခြင်းခံရာတွင်၊
ခရစ်ယာန်တို့သည် ခရစ်တော်၏ ထမြောက် ခြင်း၌ သူတို့၏ယုံကြည်ခြင်း ကို သက်သေခံကြသည်ဟု ပေါလုရှင်းပြခဲ့သည် (ရော ၆း၄၊ ၅။)}
ရှင်ပြန်ထမြောက်ခြင်းနှစ်မျိုး။ ခရစ်တော်သည်
အကြမ်းဖျင်းအားဖြင့်ရှင်ပြန် ထ မြောက်ခြင်းနှစ်မျိုးရှိသည်ဟုသွန်သင်ခဲ့သည်။
၎င်းတို့မှာ ဖြောင့်မတ်သောသူတို့၏ “အ သက်ရှင်ရာ ထမြောက်ခြင်း” နှင့်ဆိုးယုတ်သောသူတို့၏ “အပြစ်စီရင်ရာထမြောက်ခြင်း” တို့ဖြစ်ကြသည် (ယော ၅း၂၈၊၂၉။ တ ၂၄း၁၅)။
ဤထမြောက်ခြင်းနှစ်ခုသည် နှစ်ပေါင်း (၁ç၀၀၀) ခြားနား သည်
(ဗျာ ၂ဝး၄၊၅)။
၁။ အသက်ရှင်ရာထမြောက်ခြင်း။ ပထမထမြောက်ခြင်းကို ဝင်စားသော သူသည် “မင်္ဂလာ ရှိသောသူ၊ သန့်ရှင်းသောသူ” (ဗျာ ၂ဝး၆) ဟုခေါ် သည်။ သူတို့သည် အနှစ် (၁.၀၀၀) အဆုံးတွင်
မီးအိုင်၌ဒုတိယသေခြင်းကို တွေ့ကြုံရလိမ့်မည်မဟုတ်ချေ (ဗျာ ၂ဝး၁၄)။ ဤ
အသက်ရှင်ရာထမြောက်ခြင်းနှင့် မသေနိုင်သောအဖြစ်ကိုခံယူခြင်း သည် (ယော ၅း၂၉။ ၁ကော
၁၅း၅၂၊ ၅၃) ဒုတိယအကြိမ်ကြွလာချိန်တွင် ဖြစ်ပျက် လိမ့်မည် (၁ကော ၁၅း၂၂၊ ၂၃။ ၁သက်
၄း၁၅-၁၈)။ ၎င်းကိုတွေ့ကြုံသောသူတို့သည် ဘယ်ခါမျှသေ နိုင်တော့မည်မဟုတ်ချေ (လု ၂ဝး၃၆)။ သူတို့သည် ခရစ်တော်နှင့်
အတူအစဉ်အမြဲပေါင်း စည်းကြသည်။
ထမြောက်သောရုပ်ခန္ဓာသည် ဘာနှင့်တူမည်နည်း။
ခရစ်တော်ကဲ့သို့ပင်၊ ထမြောက် သောသန့်ရှင်းသူတို့သည်
ရုပ်ခန္ဓာအမှန်အကန်ရှိကြလိမ့်မည်။ ခရစ်တော်သည် ဘုန်းထွန်း
သောအဖြစ်၌ထမြောက်သကဲ့သို့၊ ဖြောင့်မတ်သောသူတို့သည်လည်း ထမြောက် ကြလိမ့် မည်။
ပေါလုက ခရစ်တော်သည် “ယုတ်ညံ့သောငါတို့၏ကိုယ်ခန္ဓာကိုပင်၊
ဘုန်းအသရေ နှင့် ပြည့်စုံသော
ကိုယ်ခန္ဓာတော်၏နည်းတူဖြစ်စေခြင်းငှာ အသစ်ပြင်ဆင် တော်မူလတ္တံ့” ဟု ဆိုသည် (ဖိ ၃း၂၁)။ သူသည် ဂုဏ်အသရေပျက်သော ကိုယ်ခန္ဓာကို “ဇာတိပကတိ ကိုယ်” ဟု ခေါ်ပြီး၊ ဂုဏ်အသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာကို “ဝိဉာဏကိုယ်” ဟုခေါ် သည်။ ပုပ်တတ် သောသဘောမှ မပုပ်နိုင်သောအဖြစ်သည်
ထမြောက်ချိန်တွင် ချက်ချင်း ဖြစ်ပျက်လိမ့်မည်
(၁ကော ၁၅း၄၂-၅၄)။
၂။ အပြစ်စီရင်ရာထမြောက်ခြင်း။ မဖြောင့်မတ်သောသူတို့သည် အနှစ် (၁.၀၀၀) အဆုံးတွင်ဖြစ်ပျက်မည့် ဒုတိယထမြောက်ခြင်း၌
ထမြောက်ကြလိမ့်မည်။ ဤ ထမြောက် ခြင်းပြီးနောက်
နောက်ဆုံးတရားစီရင်ခြင်းနှင့် အပြစ်စီရင်ခြင်းတို့ကလိုက်လာ သည် (ယော ၅း၂၉)။
အသက်စာစောင်၌ နာမည်စာရင်းမဝင်သောသူတို့သည် ဤအချိန်တွင် ထမြောက်လာမည် ဖြစ်ပြီး၊
မီးအိုင်ထဲသို့ချပစ်ခြင်းကိုခံရကာ၊ ဒုတိယသေခြင်း ကိုတွေ့ ကြုံရကြမည် (ဗျာ ၂ဝး၁၄၊ ၁၅)။
သူတို့သည် ဤဝမ်းနည်းဖွယ် အဆုံးသတ်မှုကို
ရှောင်ရှားနိုင်ခဲ့သည်။ မမှားနိုင်သော ဘာသာ စကားဖြင့်သမ္မာကျမ်းစာသည်
ဘုရားသခင်၏လွတ်မြောက်ခြင်းလမ်းကိုပြသ သည်။ “ပြောင်းလဲကြလော့။
ဒုစရိုက်အပြစ်ကြောင့် ထိမိ၍ဆုံးခြင်းသို့မရောက်ကြနှင့်။ သင်တို့သည်
ပြုသမျှသောလွန်ကျူးခြင်းအမှုတို့ကိုစွန့်ပစ်၍၊ အသစ်သောနှလုံး၊ အသစ် သောစိတ်သဘော ကိုပြင်ဆင်ကြလော့။ သင်တို့သည်
အဘယ်ကြောင့်အသေသတ်ခြင်း ကိုခံလိုသနည်း။.....
အသေခံရသောသူ၏ အသေခံခြင်းအမှု၌ ငါသည် ပျော်မွေ့ခြင်း မရှိ။ ထိုကြောင့်၊ ပြောင်းလဲ၍
အသက် ရှင်ကြလော့” (ယေဇ ၁၈း၃၀-၃၂)။
ခရစ်တော်သည် “အောင်မြင်သောသူကို
ဒုတိယသေခြင်းသည်မညှဉ်းဆဲရ} (ဗျာ ၂း၁၁) ဟု
ကတိပေးခဲ့သည်။ ယေရှုနှင့်သူယူဆောင်လာသောကယ်တင်ခြင်းကိုလက်ခံ သောသူတို့သည် သူ၏အရေးကြီးဆုံးသော ပြန်ကြွလာချိန်တွင်
မဖော်ပြနိုင်သော ဝမ်း မြောက်ခြင်းကို
တွေ့ကြုံခံစားကြလိမ့်မည်။ ဘယ်ခါမျှမဆိတ်သုဉ်းသော ဝမ်းမြောက်ခြင်း ၌၊ သူတို့သည် မိမိတို့ အရှင်သခင်၊ ကယ်တင်ရှင်နှင့်အတူ
ထာ၀ရကာလပတ်လုံးပျော်ရွှင် စွာဆက်ဆံကြလိမ့်မည်။
-၀-
No comments:
Post a Comment