အခန်း - ၂၃
လက်ထပ်ခြင်းနှင့်မိသားစု
လက်ထပ်ခြင်းကို ဧဒင်ဥယျာဉ်တွင် ဘုရားရှင်သည်ထူထောင်ခဲ့ပြီး၊
ကြင်နာသော ပေါင်းဖော်ခြင်း၌ ယောက်ျားတစ်ဦးနှင့်မိန်းမတစ်ဦးအကြား ဘ၀တစ်လျှောက်
ပေါင်း သင်းနေထိုင်ရန်
ယေရှုအားဖြင့်အတည်ပြုခဲ့သည်။ ခရစ်ယာန်များအတွက်လက်ထပ်ခြင်း သည် ဘုရားနှင့် သာမကအိမ်ထောင်ဖက်နှင့် ကတိကဝတ်ပြုခြင်းဖြစ်ပြီး ယုံကြည်ခြင်း တူသော
ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးအကြား၌သာ ပြုရသည့်ကတိဖြစ်သည်။ အပြန်အလှန်ချစ်ခြင်း၊
ဂုဏ်ပြုခြင်း၊ လေးစားခြင်းနှင့် တာဝန်ယူခြင်းတို့သည် ဤဆက် ဆံရေး၏အဆောက်အအုံဖြစ်၍၊
ခရစ်တော်နှင့်သူ၏အသင်းတော်အကြားချစ်ခြင်း၊ မွန် မြတ်သန့်ရှင်းခြင်း၊ ရင်းနှီးခြင်းနှင့်
ဆက်ဆံရေးတို့ကိုရောင်ပြန်ဟပ်ရန်ဖြစ်သည်။ လင် မယားကွာရှင်းခြင်းနှင့်စပ်လျဉ်း၍၊ မှားယွင်း ခြင်းမှတစ်ပါး
ခင်ပွန်းသည် ကိုကွာရှင်းပြီး
အခြားတစ်ယောက်ကိုလက်ထပ်သောသူသည် အိမ်ထောင်ရေးဖောက်ပြန် သူဖြစ်သည် ဟု
ယေရှုသွန်သင်ခဲ့သည်။ အချို့သောမိသားစု ဆက်ဆံရေးသည် စံချိန်စံညွှန်းထက် လျော့နည်းနိုင်သော်လည်း၊ လက်ထပ်ခြင်းအားဖြင့်
ခရစ်တော်၌တစ်ဦးကိုတစ်ဦး မိမိတို့ ကိုယ်ကိုလုံးလုံး
အပ်နှံသောလင်မယားတို့သည် သန့်ရှင်း သောဝိညာဉ်တော်၏လမ်းပြမှု နှင့် အသင်းတော် ၏ပြုစုပျိုးထောင်ခြင်းတို့အားဖြင့် ချစ်ခင်
စုံ မက်ဖွယ်ပေါင်းစည်းမှုကို ရရှိနိုင်ကြသည်။
ဘုရားသခင်သည် မိသားစုကိုကောင်းချီး ပေး၍၊ မိသားစုဝင်များသည် ပြည့်စုံရင့်ကျက်မှု
ဘ၀သို့ရောက်ရှိနိုင်ကြရန်အတွက် အချင်းချင်း ကူညီ ကြရန်ရည်ရွယ် သည်။ မိသားစုရင်းနှီး မှုတိုးပွားခြင်းသည် နောက်ဆုံး
ဧဝံဂေလိ တရား၏ လျာထားချက် တစ်ခုဖြစ်သည်။ မိဘများသည်
သားသမီးများအား ဘုရားသခင်ကို ချစ်၍၊ နာခံ ရန်ပြုစုပျိုးထောင်ရမည်။ သူတို့၏
စံနမူနာနှင့်စကားများအားဖြင့်၊ သူတို့သည် သား သမီးများအား၊ ခရစ်တော်သည် ချစ်ခင်၊
ကြင်နာ၊ ပြုစုသောလမ်းပြဖြစ်ကြောင်းနှင့် သူ၏ ကိုယ်ခန္ဓာ တည်းဟူသော
လူလွတ်နှင့်အိမ်ထောင်သည်တို့အကျုံးဝင်သော ဘုရားသခင် ၏ မိသားစုတွင် သူတို့ကို လည်း
မိသားစုဝင်ဖြစ်စေလိုကြောင်းသွန်သင်ရမည်။ (က ၂း၁၈-၂၅။ ထွက် ၂ဝး၁၂။ တရား ၆း၅-၉။ သု
၂၂း၆။ မာလ ၄း၅၊၆။ မ ၅း၃၁၊၃၂။ ၁၉း၃-၉၊၁၂။ မာ ၁ဝး၁၁၊ ၁၂။ ယော ၂း၁-၁၁။ ၁ကော
၇း၇၊၁၀၊၁၁။ ၂ကော ၆း၁၄။ ဧ ၅း၂၁-၃၃။ ၆း၁-၄။
အိမ်ထောင်သည်လူတို့တွင် ဘုရားသခင်၏ပုံသဏ္ဌာန်ကို၊
နဂိုအတိုင်းပြန်ဖြစ်လာ စေရန် အဓိကအုတ်မြစ်ဖြစ်သည်။ မိသားစုအတွင်း ဖခင်၊
မိခင်နှင့်သားသမီးတို့သည် သက်ဆိုင်မှု၊ ချစ်ခြင်းနှင့်ရင်းနှီးမှုတို့အတွက်
အချင်းချင်း၏လိုအပ်ချက်ကိုဖြည့်ဆည်းရန် မိမိတို့ကိုယ်ကို အပြည့်အဝသိမြင်စေနိုင်ကြသည်။
မိမိသားစုထဲတွင် ကိုယ်ပိုင်လက္ခဏာ ကိုတည်ဆောက်ကြပြီး၊
ကိုယ်ပိုင်တန်ဖိုးကိုတိုးတက်စေကြသည်။ ဘုရားသခင်၏ ကျေး ဇူးတော်အားဖြင့်
အိမ်ထောင်သည် စစ်မှန်သောခရစ်ယာန်ဘာသာ၏စည်းမျဉ်းများကို ကျင့်သုံးသောနေရာ၊
၎င်း၏တန်ဖိုးကို မျိုးဆက်တစ်ခုပြီးတစ်ခုပေးပို့သောနေရာလည်း ဖြစ် သည်။
မိသားစုသည် အလွန်ပျော်ရွှင်ဖွယ်နေရာဖြစ်နိုင်သည်။ ၎င်းသည်
ကြောက်မက်ဖွယ် နာကျင်မှုဖြစ်ပွားရာ နေရာလည်း ဖြစ်နိုင်သည်။ သင့်မြတ်သော
မိသားစုအသက်တာ သည် ခရစ်ယာန် ဘာသာ၏စည်းမျဉ်းများအတိုင်း နေထိုင်မှုကိုပြသပြီး၊
ဘုရားသခင်၏ စာရိတ္တ တော်ကိုဖော်ပြသည်။ ဤလက္ခဏာများ ခေတ်သစ်အိမ်ထောင်များတွင် အလွန်
ရှားပါးနေခြင်းမှာ ဝမ်းနည်းဖွယ်ဖြစ်သည်။ ထို့အစား၊ များစွာသော မိသားစုများသည်
ရန်ဖြစ်ခြင်း၊ ပုန်ကန်ခြင်း၊ ပြိုင်ဆိုင်ခြင်း၊ မရိုးသားမှု၊
ရက်စက်မှုပင်ဖြစ်သောကိုယ်ကျိုး ဖက်သည့်
လူ့စိတ်နှလုံးနှင့်အတွေးများကိုဖော်ပြနေကြသည်။ ဤလက္ခဏာများသည် ဘုရားသခင်၏ မူလ အစီ
အစဉ် ကိုဖီဆန်သည်။ ယေရှုက “အစအဦး၌ ထိုသို့မဟုတ်” (မ ၁၉း၈) ဟု ဆိုခဲ့သည်။
ရှေးဦးစွာမှစ၍
ဥပုသ်နေ့နှင့်လက်ထပ်ခြင်းသည် လူ့မိသားစုအတွက် ဘုရားသခင်၏မူလ
လက် ဆောင်နှစ်ခုဖြစ်သည်။ ၎င်းတို့ကိုနားနေခြင်း၏ပျော်ရွှင်မှုများနှင့် အချိန်၊
နေရာ၊ လူမျိုးတို့ ကို ပဓာနမထားဘဲ သက်ဆိုင်မှုတို့ကိုပေးရန်ရည်ရွယ်သည်။
ဤထုံးတမ်းဓလေ့ နှစ်ခုကို ထူထောင်ခြင်း နှင့်အတူ၊ ဤကမ္ဘာမြေအတွက်
ဘုရားသခင်၏ဖန်ဆင်းခြင်းအကြံ အစည် သည် ပြီးဆုံးသွားခဲ့သည်။ ၎င်းတို့သည်
သူ၏အထွတ်အထိပ်၊ ဖန်ဆင်းခြင်း၌ လူသား တို့ကိုပေးသောအကောင်း ဆုံးလက်ဆောင်ဖြစ်သည်။
ပုသ်နေ့ကိုထူထောင်ရာတွင်၊ ဘုရားသခင်သည် လူသားတို့အား နားနေ၍အားသစ်လောင်းရန်အချိန်၊
သူနှင့် မိတ်သဟာ ယဖွဲ့ရန်အချိန်ကိုပေးသည်။ ရှေးဦးမိသားစုကိုထူထောင်ရာတွင်၊
လူသားတို့ အတွက် အခြေခံလူမှုရေးအစုအဖွဲ့ကို ထူထောင် ခြင်းဖြစ်သည်။ ဘုရားသခင်နှင့်
လူတို့၏ အမှုကို ထမ်းရွက်ရာတွင် ဘက်စုံတိုးတက်သော သူဖြစ်ရန်အတွက်
အခွင့်အရေးကိုသူတို့အားပေး သည်။
ဘုရားသခင်၏ပုံသဏ္ဌာန်ရှိသောယောက်ျားနှင့်မိန်းမ။
ကမ္ဘာဦးကျမ်း ၁း၂၆၊၂၇ တွင် ဘုရားသခင်သည် ဤမြေကြီးပေါ်တွင်နေထိုင်မည့်လူသားများကို ဖန်ဆင်းသည့်
အကြောင်းဖော်ပြသည်။ “တစ်ဖန်ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့် တညီ တသဏ္ဌာန် တည်း
လူကို ဖန်ဆင်းကြစို့။.... ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဌာန် နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။
ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်း တော်မူ၏။” ဤ ကျမ်း ချက်တွင်
ယေဘုယျသဘောအရ၊ “လူ” ဟူသောဝေါဟာရကို
(ဟေဗြဲဘာသာနှင့် အင်္ဂလိပ် ဘာသာ) ဓမ္မဟောင်းကျမ်းတွင် အကြိမ်ပေါင်း (၅၀၀) မက အသုံးပြုသည်။
ဤဝေါဟာရသည် ယောက်ျားနှင့်မိန်းမ တို့ပါဝင်သည်။ ဤကျမ်းချက် သည်
ယောက်ျားကိုဘုရားသခင်၏ ပုံသဏ္ဌာန်နှင့် ဖန်ဆင်း၍၊ မိန်းမကိုမူ ယောက်ျား ၏ပုံသဏ္ဌာန်ဖြင့်
ဖန်ဆင်းခြင်းမဟုတ် ကြောင်းကို ရှင်းလင်းစွာဖော်ပြသည်။ ထိုအရာနှင့် ဆန့်ကျင်၍၊
သူတို့နှစ်ဦးစလုံးသည် ဘုရားသခင် ၏ပုံသဏ္ဌာန်နှင့်အညီဖန်ဆင်းခြင်းခံခဲ့ ကြရသည်။
ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့သည်
ဘုရားဖြစ်သကဲ့ သို့၊ ယောက်ျားနှင့်မိန်းမတို့သည် အတူတူ “လူ” ဖြစ်ကြသည်။ သုံးပါးတစ်ဆူဘုရားကဲ့သို့၊ ယောက်ျားနှင့် မိန်းမတို့သည်
တစ်သားတစ်ကိုယ်တည်းဖြစ်သော်လည်း၊ သူတို့သည် လုပ်ငန်းအပိုင်းတွင်
တစ်သားတည်းမဟုတ်ကြချေ။ သူတို့သည် ဖြစ်ခြင်းအရာ၌ လည်း ကောင်း၊
တန်ဖိုးရှိခြင်းအရာ၌လည်းကောင်း အတူတူဖြစ်သော်လည်း၊ လူ ကိုယ်တိုင်မူ တစ်ထပ်တည်း မကျ
ချေ (ယော ၁ဝး၃၀။ ၁ကော ၁၁း၃)။ သူတို့၏ ခန္ဓာကိုယ်သည် ဖြည့်စွက်ဖက်ဖြစ်၍၊ သူတို့ ၏
လုပ်ငန်းသည်လည်း ပူးပေါင်းဆောင်ရွက်မှု ရှိသည်။
ယောက်ျားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းနှစ်ခုစလုံးသည်
ကောင်းမွန်သကဲ့သို့ (က ၁း၃၁)၊ ၎င်းတို့၏ခြားနားသောကဏ္ဍသည်လည်းကောင်းသည်။ အိမ်ထောင်
မိသားစုကို မတူညီ သောလိင်နှစ်မျိုးအပေါ်တည်ဆောက်သည်။ တချို့သောလိင်အင်္ဂါမဲ့
တိရစ္ဆာန်တို့ မျိုးပွား သကဲ့သို့၊ ဘုရားသခင်သည် အထီးအမမဖန်ဆင်းဘဲ ဤကမ္ဘာမြေကြီး
တွင် မျိုးပွား စေနိုင်သည်။ သို့သော် ဘုရားသခင်သည် “ယေဘုယျအားဖြင့် ပုံပန်းသဏ္ဌာန်
နှင့် ပင်ကိုလက္ခဏာတို့တွင် ချွတ်စွပ်တူသောတစ်ဦးချင်းစီကို သီးခြားဖန်ဆင်းသည်။
သို့သော်၊ အတွင်း၌လိုအပ်သော အရာများကို အချင်းချင်းဖြည့်စွက်ကြသည်။” လိင်တစ်မျိုးမျိုး ကင်းမဲ့သောကမ္ဘာသည်
ပြည့်စုံလိမ့်မည်မဟုတ်ချေ။ အထီးနှင့်အမပါဝင်သော အသိုက် အဝန်း၌သာ စစ်မှန်သော
ပြည့်စုံမှုရှိ လာနိုင်သည်။ ဤနေရာတွင် တန်းတူဖြစ်ခြင်း သည် ပြဿနာမဟုတ်ဘဲ၊
နှစ်မျိုးစလုံးသည် မရှိမဖြစ်လိုအပ်သည်။
ပထမဆုံးဖန်ဆင်းခြင်းခံရ၍ လူသားမျိုးနွယ်၏ဦးခေါင်းဖြစ်သော
အာဒံ၏ပထမ နေ့တွင်၊ သူသည် ဘာနှင့်မျှမတူသည့် တစ်မူထူးခြားမှုကိုခံစားခဲ့သည်။ “သို့သော်လည်း၊
လူနှင့်တော် သောအထောက်အမ မပေါ်မရှိသေး” (က ၂း၂၀)။
ဘုရားသခင်သည် ဤလို အပ်ချက်ကိုစာနာခဲ့သည်။ အကြောင်းမှာ “ထာ၀ရအရှင်ဘုရားသခင်ကလည်း၊ယောက်ျား
သည် တစ်ယောက်တည်းမနေကောင်း၊ သူနှင့်တော်သောအထောက်အမကို သူ့ အဖို့ငါ လုပ်ဦးမည် ဟု
အကြံရှိတော်မူ၏” (က ၂း၁၈)။
“တော်သော” ဟူ၍ဘာသာပြန်သောဟေဗြဲစကားလုံး နဲဂက် (neged) သည် တစ်စုံ တစ်ဦး သို့မဟုတ် တစ်စုံတစ်ခု၏ “အလျင်က၊
ရှေ့တွင်၊ ဆန့်ကျင်ဘက်၊ သက်ဆိုင်” ၌ ရပ် သည် ဟုအဓိပ္ပါယ်ရသည်။ ဤအာဘော်အရ၊ အာဒံ၏ရှေ့တွင်
မတ်တတ်ရပ်သောသူ သည် သူ့၏ပါရမီဖြည့်ဖက်ဖြစ်သည်။ ထိုကြောင့်၊ “ဘုရားသခင် သည်
လူကိုကြီးသော အိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊.... နံရိုးတစ်ချောင်းကို....
ထုတ်ပြီးလျှင်” (က ၂း၂၁၊၂၂)၊ သူ့အဖေါ် ကို
ဖန်ဆင်းခဲ့သည်။
နိုးထလာရာတွင်၊ အာဒံသည်
ရင်းနှီးသောဆက်နွှယ်မှုကိုအသိအမှတ်ပြုခဲ့သည်။ သူက “ယခုဤသူသည် ငါ့အရိုးထဲကအရိုး၊
ငါ့အသားထဲကအသားဖြစ်၏။ လူထဲက ထုတ် သော ကြောင့်
သူ့ကိုလူမိန်းမဟုခေါ်ဝေါ်အပ်သည်ဟုဆိုလေ၏” (က ၂၂း၂၃)။
လက်ထပ်ခြင်း။
ယောက်ျားနှင့်မိန်းမတို့၏ခြားနားမှုမှ ဘုရားသခင်သည် တစ်လုံး တစ်၀တည်းဖြစ်ခြင်းကိုစီစဉ်ခဲ့သည်။
ထိုပထမဆုံးသော သောကြာနေ့တွင်၊ သူ့ ပုံသဏ္ဌာန် ရှိသောထိုသူနှစ်ဦးကိုပေါင်းစပ်၍၊
ပထမလက်ထပ်ခြင်းကိုကျင်းပကာ၊ သူတို့ ကို တစ် သားတစ်ကိုယ် တည်းဖြစ်စေခဲ့သည်။
လက်ထပ်ခြင်းသည် မိသားစု၏အုတ်မြစ် ဖြစ်သော ကြောင့်၊ ၎င်းကိုယ်၌ က
လူ့အဖွဲ့အစည်း၏အခြေခံဖြစ်သည်။
လက်ထပ်ခြင်းသည် စွန့်ခွာခြင်းနှင့်ပူးတွဲခြင်းအတွက်
ပြတ်သားသောဆုံးဖြတ် ချက်အဖြစ် သမ္မာကျမ်းစာကဖော်ပြသည်။ လူတစ်ဦးသည် “ကိုယ်မိဘကိုစွန့်၍၊
ကိုယ်ခင် ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်” (က ၂း၂၄)။
၁။ စွန့်ခြင်း။
လက်ထပ်ခြင်းဆက်ဆံရေးတွင် မရှိမဖြစ်လိုအပ်သောအရာမှာ ယခင်က ဦးစားပေးဆက်ဆံရေးများကို
နောက်ချန်ထားခဲ့ခြင်းဖြစ်သည်။ လက်ထပ်ခြင်း ဆက်ဆံရေးသည်
မိဘနှင့်သားသမီးဆက်ဆံရေးကိုအစားထိုးရမည်။ ဤသဘောတွင်၊ မိဘနှင့်ဆက်ဆံ ရေးကို “စွန့်ခြင်း” သည် အခြားသူတစ်ဦးအား “မှီဝဲခြင်း” ကိုလမ်းဖွင့်ပေး သည်။ ဤ လုပ်ငန်း စဉ်မရှိလျှင်၊
လက်ထပ်ခြင်းအတွက် ခိုင်မြဲသောအုတ်မြစ်မရှိချေ။
၂။ မှီဝဲခြင်း။ “မှီဝဲသည်” ဟူ၍ဘာသာပြန်သောဟေဗြဲဝေါဟာရသည်
“ကပ်သည်၊ စွဲစေသည်၊ ပူးပေါင်းသည်၊ စွဲကိုင်သည်” ဟူ၍အဓိပ္ပါယ်ရသည်။
နာမ်အဖြစ်၊ ၎င်းကို ကြေးနီဂဟေ ဆော်ခြင်းနှင့် သံဂဟေဆော်ခြင်းတို့အတွက်အသုံးပြုသည်
(ဟေရှာ ၄၁း၇)။ ဤစွဲကပ်မှု၏ ပူးကပ်မှုနှင့်ကြံ့ခိုင်မှုသည် လက်ထပ်ခြင်းအနှောင်
အဖွဲ့၏သဘောသဘာ၀ ကိုပုံဖော်သည်။ ဤ ရင်းနှီးသောပေါင်းစည်းမှုကို ကွဲသွားစေရန်
ကြိုးပမ်းမှုတစ်စုံတစ်ရာ သည် ဤအနှောင်အဖွဲ့ ၌ ရှိသူတစ်ဦးချင်းစီကို
အနာတရဖြစ်စေလိမ့်မည်။ ဤလူသား အနှောင်အဖွဲ့၏ရင်းနှီးမှုကို
ဘုရားသခင်နှင့်သူ၏လူတို့အကြား အနှောင် အဖွဲ့အတွက် အသုံးပြုသည့်
ထိုစကားလုံးကဖော်ပြသည်။ “သင်၏ဘုရားသခင်ထာ၀ရဘုရားကို ကြောက်ရွံ့၍၊
အမှုတော်ကိုဆောင်ရွက်ရမည်။ ကိုယ်တော်၌ဆည်းကပ် (မှီဝဲ) ရမည်။ နာမတော်အားဖြင့်
ကျိန်ဆိုခြင်းကိုပြုရမည်” (တရား ၁ဝး၂၀)။
(၃)ကတိကဝတ်ပြုခြင်း။ လက်ထပ်သောသူစုံတွဲကို ပေါင်းစည်းပေးသော ဤ ကတိကဝတ်ကို
သမ္မာကျမ်းစာတွင် အလေးအနက်ဆုံးအနှောင်အဖွဲ့အတွက် အသုံးပြု သောဝေါ ဟာရဖြစ်သည့် “ပဋိညာဉ်” ကဲ့သို့ဖော်ပြသည် (မာလ
၂း၁၄။ သု ၁း၁၆၊၁၇)။ လင် နှင့်မယား အကြားဆက်ဆံရေးသည် ဘုရားသခင်နှင့် သူ၏လူတို့တည်း
ဟူသော အသင်းတော်အကြားရှိ ထာ၀ရပဋိညာဉ်၏ပုံစံအတိုင်းဖြစ်ရမည် (ဧ ၅း၂၁-၃၃)။ သူတို့ အချင်းချင်းအကြား
ဆုံးဖြတ်ထားပြီးသောအမှုသည် ဘုရားသခင်၏ ပဋိညာဉ်ကပြ သသောသစ္စာရှိခြင်းနှင့် သည်းခံ
နိုင် ရည်တို့ကို အတုယူရမည် (ဆာ ၈၉း၃၄။ မြည် ၃း၂၃)။
ဘုရားသခင်နှင့်စုံတွဲတို့၏မိသားစု၊ မိတ်ဆွေများ၊
ရပ်ကွက်လူထုတို့သည် သူတို့ အချင်းချင်းပြုသောကတိကဝတ်ကို မျက်မြင်တွေ့ခဲ့ကြသည်။
ထိုပဋိညာဉ်ကို ကောင်း ကင်ဘုံတွင် အတည်ပြုသည်။ “ဘုရားသခင်ဖက်စပ်၍
ထမ်းပိုးတင်တော်မူသော အရာကို လူမခွဲမခွါ စေနှင့်” (မ ၁၉း၆)။ ခရစ်ယာန်စုံတွဲတို့သည် လက်ထပ်ရာတွင်၊ သူတို့နှစ် ဦးအသက်ရှင်နေသရွေ့
အချင်းချင်းအပေါ်သစ္စာရှိကြရန် ကတိကဝတ်ပြုခဲ့ကြ သည်။
၄။ တစ်သားတစ်ကိုယ်တည်းဖြစ်လာခြင်း။ စွန့်ခွာခြင်းနှင့်မှီဝဲရန်ကတိ ကဝတ်ပြု ၍
ပေါင်းစည်းခြင်းသည် ဆန်းကြယ်လှသည်။ တစ်သားတစ်ကိုယ်တည်း ဖြစ်ခြင်း၏ စုံ လင်သောသဘောမှာ
လက်ထပ်သောစုံတွဲသည် အတူတကွလျှောက်လှမ်းခြင်း၊ ရပ်တည် ခြင်း၊
နက်ရှိုင်းသောရင်းနှီးမှုကို မျှဝေခြင်းဖြစ်သည်။ အစ၌ဤတစ်သား တစ်ကိုယ်တည်း ဖြစ်ခြင်းသည်
လက်ထပ်ခြင်း၏ ကိုယ်ကာယပေါင်းစည်းမှုကို ရည်ညွှန်းသည်။ သို့သော် ဤအရာ၏ တစ်ဖက်တွင်
ဤကိုယ်ကာယဆက်ဆံရေးကိုခိုင်မာစေသော စိတ်နှလုံးခံစား မှုကို ရင်းနှီးစွာနှောင်ဖွဲ့
ခြင်းကို ရည်ညွှန်းသည်။
(က) အတူတကွလျှောက်လှမ်းခြင်း။ မိမိလူတို့နှင့် ဆက်ဆံရေးကို ရည်ညွှန်းလျက်၊ ဘုရားသခင်က “လူနှစ်ဦးသည်သဘောမတူလျှင်၊
ပေါင်းဖော်၍ခရီးသွားနိုင်သလော} (အာ ၃း၃)
ဟူ၍မေးခွန်းထုတ်သည်။ ထိုမေးခွန်းသည် လက်ထပ်ခြင်းအားဖြင့် တစ်သားတစ် ကိုယ်တည်း
ဖြစ်လာမည့်သူတို့အတွက်လည်း သင့်လျော်သည်။ ဘုရားသခင်သည် ဣသ ရေလတို့အား အိမ်နီးချင်း
လူမျိုးများနှင့် လူမျိုးမတူ လက်ထပ်ခြင်း မပြုရန်ညွှန်ကြားခဲ့ သည်။ “အကြောင်းမူကား၊
သူတို့သည် သင်၏သားကိုငါ၌မဆည်း မကပ်စေဘဲ၊ အခြား တစ်ပါးသော ဘုရား အား
ဝတ်ပြုစေခြင်းငှာသွေးဆောင်ကြလိမ့်မည်” (တရား ၇း၄။ ယောရှု ၂၃း၁၁-၁၃)။ ဣသရေလတို့သည်
ဤညွှန်ကြားချက်များကို လျစ်လျူရှုသော အခါ၊ သူတို့သည် ဆိုးဝါးသော
အကျိုးဆက်များကိုရင်ဆိုင်ခဲ့ကြရသည် (သူကြီး ၁၄-၁၆။ ၃ရာ ၁၁း၁-၁၀။ ဧဇ ၉၊ ၁၀)။
ပေါလုသည် ဤအခြေခံမူကိုကျယ်ပြန့်သောအသုံးအနှုန်းဖြင့်
ထပ်လောင်းပြောဆို ၏။ “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော
ထမ်းပိုးကို မထမ်းကြ နှင့်။ တရားသောအမှုသည် မတရားသောအမှုကို
အဘယ်သို့လက်ခံနိုင်မည်နည်း။ အလင်း သည် မှောင်မိုက်နှင့်အဘယ်သို့ဆက်ဆံနိုင်မည်နည်း။
ခရစ်တော်သည် ဗေလျာလနှင့် အ ဘယ်သို့ သင့်တင့်နိုင်မည်နည်။ ယုံကြည်သောသူသည်
မယုံကြည်သောသူနှင့်အတူ အ ဘယ်အကျိုး အပြစ်ကိုခံရမည်နည်း။ ဘုရားသခင်၏ဗိမာန်တော်သည်
ရုပ်တုတို့နှင့် အ ဘယ်သို့ စပ်ဆိုင်ရမည်နည်း။ ဘုရားသခင်မိန့်တော်မူသည်ကား၊
သူတို့တွင် ငါကိန်း ဝပ်မည်” (၂ကော ၆း၁၄-၁၆)။
ယုံကြည်သူများသည် ယုံကြည်သူများကိုသာလက်ထပ်ရမည်ဟု
သမ္မာကျမ်းစာက ရည် ရွယ်သည်မှာရှင်းနေသည်။ သို့သော် ဤအခြေခံမူသည် ဤအရာ၏တစ်ဖက်ကမ်း
သို့ပင် အကျုံးဝင်သည်။ စစ်မှန်သောတစ်သားတစ်ကိုယ်တည်းဖြစ်ခြင်းသည် ယုံကြည်မှု များနှင့်
ကျင့်စဉ်များ၌ သဘောတူညီချက်ရှိခြင်းကိုတောင်းဆိုသည်။ ဘာသာရေး၌ ခြား နားမှုများသည်
နေထိုင်မှုပုံစံတွင် ခြားနားမှုများကိုဖြစ်စေပြီး၊ လက်ထပ်ခြင်း၌ နက်ရှိုင်း သောအားပြိုင်မှုများနှင့်
စိတ်ဝမ်းကွဲမှုများကိုဖြစ်ပေါ်စေနိုင်သည်။ သမ္မာကျမ်းစာကဆို ထားသောတစ်သား
တစ်ကိုယ်တည်းဖြစ်ခြင်းကိုရရှိရန်၊ လူတို့သည် မိမိတို့အသိုက်အဝန်း ထဲမှ အခြားသူများကို
လက်ထပ်ရမည်။
(ခ) အတူတကွရပ်တည်ခြင်း။ တစ်သားတည်းဖြစ်လာရန်၊ လူနှစ်ဦးသည် တစ်ဦး အပေါ်တစ်ဦး
လုံးလုံးသစ္စာရှိရမည်။ တစ်စုံတစ်ဦးသည် လက်ထပ်လိုက်သောအခါ၊ သူ သည်
အရာရာကိုအရဲစွန့်၍၊ မိမိအဖော်၌ဖြစ်လာသမျှကိုလက်ခံရသည်။ လက်ထပ် ကြ သောသူတို့သည်
မိမိအဖော်၏တာဝန်ခံမှုကိုမျှဝေရန်၊ သူတို့အဖော်ရင်ဆိုင်သမျှတို့၌ ရပ် တည်ရန်
လိုလိုလားလားရှိခြင်းကိုကြေညာကြသည်။ လက်ထပ်ခြင်းသည် ဘယ်ခါမျှ အရှုံးမပေးသော
ချစ်ခြင်း မေတ္တာ ကိုလိုအပ်သည်။
“လူနှစ်ဦးသည်
သူတို့၏ပိုင်ဆိုင်မှုအားလုံးဖြစ်သော ကိုယ်ခန္ဓာနှင့် ပစ္စည်းဥစ္စာ အား လုံးကိုမျှဝေကြသည်သာမက၊
သူတို့၏စဉ်းစားတွေးခေါ်မှုနှင့်ခံစားမှု၊ သူတို့၏ ပျော်ရွှင် မှုနှင့် နာကျင်မှု၊
သူတို့၏မျှော်လင့်ချက်များနှင့် ကြောက်ရွံ့မှုများ၊ သူတို့၏အောင်မြင် မှုများနှင့် ကျရှုံးမှုများကိုလည်း
မျှဝေခံစားကြသည်။ တစ်သားတစ်ကိုယ်တည်းဖြစ်ခြင်း ဆိုသည်မှာ လူနှစ်ဦး သည်
မတူညီသောပုဂ္ဂိုလ်များအဖြစ်ရှိနေသော်လည်း၊ ခန္ဓာ၊ စိတ်၊ ဝိညာဉ်တို့၌ အလျှင်း တစ်
လုံး တစ်၀ တည်းဖြစ်လာခြင်းဖြစ်သည်။”
(ဂ) ရင်းနှီးကျွမ်းဝင်မှု။ တစ်သားတစ်ကိုယ်တည်းဖြစ်ခြင်း၌ ကာမဆက်ဆံ ခြင်းပါ ဝင်သည်။ “ထိုနောက်၊
လူအာဒံသည် မယားဧ၀နှင့်ဆက်ဆံသဖြင့် ဧ၀သည် ပဋိသန္ဓေစွဲ၏} (က ၄း၁)။ မိမိတို့အလိုဆန္ဒ၌အတူတူပါဝင်ကြရာတွင်၊ အာဒံနှင့်ဧ၀
အချိန်ကတည်းက ခံစားခဲ့သော ယောက်ျားမိန်းမတို့၏အလိုဆန္ဒဖြင့်၊ စုံတွဲတိုင်းသည် မိမိ
တို့၏ ပထမ အချစ်ဇာတ်လမ်း ကိုခင်းကြသည်။ ကာမဆက်ဆံခြင်းသည် သူတို့အတွက် အနီးကပ်ဆုံး ကိုယ်ခန္ဓာပေါင်းစပ်ခြင်းဖြစ်သည်။
၎င်းသည် စုံတွဲတို့အကြားရှိနိုင်သော စိတ်ခံစားမှုနှင့် ဝိညာဉ်ရေးတို့၌
ရင်းနှီးမှုကိုပုံဆောင်သည်။ ခရစ်ယာန်စုံတွဲ၏ချစ်ခြင်း မေတ္တာကိုနွေး ထွေးမှု၊
ပျော်ရွှင်မှုနှင့် သာယာ ကြည်နူးမှုတို့ဖြင့် သရုပ်ဖော်ကြသည် (သု ၅း၁၈၊၁၉)။
“ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့်
သစ္စာသံဝါသပြုခြင်းအမှုသည် အသ ရေ ရှိစေလော့” (ဟေဗြဲ ၁၃း၄)။ “လင်နှင့်မယားအကြားရှိမေတ္တာကို ထုတ်ဖော်သော
ပျော်ရွှင်ဖွယ်ကာမဆက်ဆံခြင်းသည် ဘုရားသခင်၏အကြံအစည်ဖြစ်သည်ဟု သမ္မာ ကျမ်းစာက
ကျွန်ုပ်တို့အားရှင်းလင်းစွာဖော်ပြသည်။ ဟေဗြဲဩဝါဒစာကိုရေးသားသောသူ သည်
အသားပေးသကဲ့သို့၊ ၎င်းသည် “အသရေရှိ” ပြီး၊ အပြစ်မဟုတ်၊ ညစ်ပတ်ခြင်းလည်း မရှိချေ။ ၎င်းသည်
လက်ထပ်ခြင်း၌ကြီးမားသောဂုဏ်ပြုခြင်းနေရာ၊ လင်နှင့်မယားတို့ သည်
တစ်ဦးအပေါ်တစ်ဦး၏ချစ်ခြင်းမေတ္တာကို ချီးကျူးဂုဏ်ပြုသည့် အသန့်ရှင်းဆုံး နေရာဖြစ်သည်။
ဤ အချိန်သည် နှစ်ဦးစလုံးအတွက် သန့်ရှင်းသောအချိန်၊ အလွန်ပျော် ရွှင်ဖွယ်
အချိန်ဖြစ်သည်။”
၅။ ကျမ်းစာလာချစ်ခြင်းမေတ္တာ။ လင်မယားအကြားချစ်ခြင်းမေတ္တာသည် တစ်ဦး အပေါ်တစ်ဦးအကြွင်းမဲ့၊
ကြင်နာကျွမ်းဝင်သောစွဲလမ်းမှုဖြစ်သည်။ ၎င်းသည် လူတစ်ဦး ၏ ကဏ္ဍအားလုံးတည်းဟူသော
ကာယ၊ စိတ်ခံစားမှု၊ အသိဉာဏ်နှင့် ဝိညာဉ်ရေးတို့၌ ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ
အပြန်အလှန်ကြီးထွားစေခြင်းကို အားပေးသည်။ လက်ထပ်ခြင်း၌
မတူညီသောချစ်ခြင်းမေတ္တာအမျိုးအစားများက အကျိုးသက်ရောက် သည်။ ၎င်း၌ကြည်နူး
ဖွယ်ရမ္မက်ကြီးသောအချိန်၊ စိတ်လက်ချမ်းသာရှိသော အချိန်၊ အချင်းချင်းပိုင်ဆိုင်၍
အဖော်ပြုချိန်စသည်များရှိသည်။ ဤအရာအားလုံးထက်လင်မ ယားအကြားချစ်ခြင်းမေတ္တာသည်
ဓမ္မသစ်ကျမ်းတွင်ဖော်ပြသော အဂ္ဂပေမေတ္တာတည်း ဟူသောကိုယ်ကျိုးမဖက်၊ အားလုံးကို
ပေးဆပ်သောအချစ်ဖြစ်၍၊ စစ်မှန်တည်တံ့သော လက်ထပ်ခြင်း၏အုတ်မြစ်ပင်ဖြစ်သည်။
ယေရှုသည် ကျွန်ုပ်တို့၏အပြစ်များနှင့်
၎င်း၏အကျိုးဆက်များကိုလက်ခံ၍၊ လက် ဝါးကပ်တိုင်ပေါ်တက်သောအချိန်တွင် ဤအမြင့်မားဆုံးသောမေတ္တာကိုပြသခဲ့သည်။
“ဤ လောက၌ ရှိသောမိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော် မူ၏” (ယော ၁၃း၁)။ ကျွန်ုပ်တို့၏အပြစ်သည် သူ့ကိုသေဆုံးစေသော်လည်း၊
သူသည် ကျွန်ုပ်တို့ကိုချစ်ခဲ့သည်။ ဤအချစ်သည်
ယေရှုခရစ်တော်၏အကြွင်းမဲ့အဂ္ဂပေမေတ္တာဖြစ် သည်။
ဤသို့သောမေတ္တာကိုပေါလုက
ဤသို့ဖော်ပြခဲ့သည်။ ]မေတ္တာသည်စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည်
ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ မလျောက် ပတ်စွာမကျင့်တတ်၊
ကိုယ်အကျိုးကိုမရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည် ဟုမထင်တတ်၊
မတရားသောအမှု၌ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက် တတ်၏။
ခပ်သိမ်းသောအရာကိုဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကိုယုံတတ်၏။ ခပ်သိမ်း သောအရာကို
မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ မေတ္တသည် ဖောက်
ပြန်ခြင်းသဘောနှင့်အစဉ်ကင်းလွတ်၏} (၁ကော ၁၃း၄-၈)။
“အဂ္ဂပေမေတ္တာသည် ထာ၀ရစွမ်းအားအရင်းအမြစ်နှင့်ဆက်ထားသည်။
အခြား သောမေတ္တာအမျိုးမျိုးကျရှုံးချိန်တွင် ၎င်းသည် ဆက်လက်ချစ်နေနိုင်သည်။
၎င်းသည် ဘာပဲဖြစ်ဖြစ်ချစ်သည်။ အခြားသူတစ်ယောက်သည် မည်မျှပင်ချစ်စရာမရှိစေကာမူ၊
အဂ္ဂပေမေတ္တာသည် ဆက်လက်ချစ်နေနိုင်သည်။ အဂ္ဂပေမေတ္တာသည် ကျွန်ုပ်တို့အတွက်
ဘုရားသခင်၏ အကြွင်းမဲ့မေတ္တာမျိုး ဖြစ်သည်။ ၎င်းသည် စိတ်အလိုကို တမင်ရွေးချယ် မှုအပေါ်
အခြေခံသောစိတ်သဘောထားဖြစ်သည်။”
၆။ တစ်ဦချင်းစီ၏ဝိညာဉ်ရေးတာဝန်။ လက်ထပ်သောစုံတွဲသည် တစ်ဦးပေါ်
တစ်ဦးကတိကဝတ်ပြုခဲ့ပြီးသော်လည်း၊ သူတို့တစ်ဦးစီသည် မိမိတို့၏ရွေးချယ်မှုအတွက်
တာဝန်ရှိ သည် (၂ကော ၅း၁၀)။ ထိုသို့သောတာဝန်ယူခြင်းသည် သူတို့ကိုယ်တိုင်ပြုခဲ့
သောအရာအတွက် အခြားသူကိုဘယ်ခါမျှအပြစ်မတင်ရန်ဖြစ်သည်။ သူတို့သည် မိမိတို့ ၏
ကိုယ်ပိုင်ဝိညာဉ်ရေးကြီးထွားမှုအတွက်လည်း တာဝန်ကိုလက်ခံရမည်။ မည်သူမျှ အ ခြားသူ
တစ်ဦး၏ ဝိညာဉ်ရေးခွန်အားအပေါ် မှီခို၍မရနိုင်ချေ။ အခြားတစ်ဖက်တွင်၊ တစ် ဦးချင်းစီ၏
ဘုရားသခင်နှင့် ဆက်ဆံရေးသည် အချင်းချင်းအားပေးမှုအတွက် အရင်းအ မြစ်ဖြစ်နိုင်သည်။
လက်ထပ်ခြင်းအပေါ်အပြစ်၏အကျိုးဆက်များ
ဘုရားသခင်၏ပုံသဏ္ဌာန်ကို လူတို့၏ရောင်ပြန်ဟပ်မှုတွင်
ရုပ်ပျက်စေသောအပြစ် သည် အခြားသောကဏ္ဍ၌ လူတို့၏အတွေ့အကြုံကိုထိခိုက်သကဲ့သို့
လက်ထပ်ခြင်းကို လည်း အမှန်ပင်ထိခိုက်စေသည်။ ကိုယ်ကျိုးကြည့်ခြင်းသည်
တစ်ချိန်ကမေတ္တာနှင့် စည်းလုံး ဖမှုတို့ ကြီးစိုး သော နေရာကိုကျူးကျော်လာသည်။
တစ်ကိုယ်ကောင်းဆန်မှု သည် ခရစ်တော်၏ မေတ္တာဖြင့်
လှုံ့ဆော်သောအရာမဟုတ်သည့်အရာအားလုံးကို အဓိက လှုံ့ဆော်ပေးသောအရာဖြစ်သည်။
ဧဝံဂေလိတရားက သရုပ်ဖော်သောအပ်နှံခြင်း၊ ကိုယ် ကျိုးမဖက်ခြင်း၊ အစေခံခြင်း၊ ပေးဆပ်
ခြင်းစသည့်အရေးပါသောအခြေခံမူအားလုံးကို ဆန့်ကျင်တန်ပြန်သည့် တစ်ကိုယ်ကောင်း
ဆန်ခြင်းသည် ခရစ်ယာန်တို့၏ကျရှုံးမှုအားလုံး ၏ အဓိကတရားခံဖြစ်၏။
သူတို့၏မနာခံမှုအားဖြင့်၊ အာဒံနှင့်ဧ၀တို့သည်
သူတို့အားဖန်ဆင်းခြင်း၏ ရည်ရွယ် ချက်ကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်ခဲ့ကြသည်။
အပြစ်မပြုမီ သူတို့သည် ဘုရား သခင်ရှေ့တွင် ပွင့်လင်းမှုအပြည့်ရှိခဲ့သည်။
အပြစ်ပြုပြီးနောက် သူတို့သည် ဘုရားသခင် ထံ ပျော်ရွှင်စွာလာ မည့်အစား၊
ကြောက်ရွံ့စွာ ပုန်းကွယ်၍၊ မိမိတို့၏ အဖြစ်မှန်ကို ဖုံးကွယ်ရန်နှင့် မိမိတို့
လုပ်ဆောင်မှုအတွက် တာဝန်ယူမှုကိုငြင်းပယ်ရန်ကြိုးပမ်းခဲ့ကြ သည်။ အပြစ်ရှိကြောင်း
နားလည် မှုသည် သူတို့၏လုပ်ရပ်ကိုမဖျောက်ဖျက်နိုင်သည်ကို အလေးအနက်သိရှိ သောကြောင့်၊
သူတို့သည် ဘုရားသခင်နှင့် သန့်ရှင်းသောကောင်းကင် တမန်တို့၏ မျက်လုံးကို
မရင်ဆိုင်နိုင်ခဲ့ကြချေ။ ထိုအချိန်မှစ၍ ဤရှောင်လွှဲမှုနှင့် မိမိကိုယ် ကိုမှန်သည်ဟုသာ
မြင်ခြင်းတို့သည် လူသားတို့နှင့်ဘုရားသခင်အကြား ဆက်ဆံမှုပုံစံဖြစ် လာခဲ့သည်။
သူတို့ကိုပုန်းအောင်းစေသော ကြောက်လန့်မှုသည်
အာဒံနှင့်ဧ၀တို့၏ ဘုရားသခင် နှင့် ဆက်ဆံရေးကိုသာမက၊
သူတို့အချင်းချင်းဆက်ဆံရေးကိုလည်း ပုံပျက်စေခဲ့သည်။ ဘုရားသခင်သည်
သူတို့ကိုမေးသောအခါ၊ အခြားသူကိုအပြစ်ဖို့ခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်ရန်
သူတို့ကြိုးပမ်းခဲ့ကြသည်။ သူတို့၏အပြစ်စွပ်စွဲမှုများသည် ဖန်ဆင်းချိန်က ဘုရားသခင်
တည်ဆောက်ပေးခဲ့သည့် ချစ်စရာဆက်ဆံရေး၌ ဖြစ်ပေါ် လာသောအကြီး အကျယ် ပျက်စီးမှု၏
သက်သေပင်ဖြစ်သည်။
အပြစ်ပြုပြီးနောက်၊ ဘုရားသခင်သည် မိန်းမအား “ကိုယ်ခင်ပွန်း၏အလိုသို့လိုက်
၍၊ သူ၏ အုပ်စိုးခြင်းကိုလည်းခံရမည်ဟုမိန့်တော်မူ၏” (က ၃း၁၆)။ ယောက်ျားနှင့် မိန်းမ တို့၏ တန်းတူ ရှိခြင်းကို
မပြောင်းလဲစေခဲ့သော ထိုအခြေခံမူသည် ရှေးဦးစုံတွဲနှင့် နောက် ပိုင်းလက်ထပ်
သောစုံတွဲများကိုအကျိုးပြုစေရန် ဘုရားရှင်ရည်ရွယ်ခဲ့သည်။ ဤအခြေ ခံမူသည်
ဝမ်းနည်းဖွယ်ပုံပျက်ခဲ့ရသည်။ ထိုအချိန်မှစ၍၊ အာဏာ၊ ကြိုးကိုင်ခြယ်လှယ် ခြင်း
တို့အားဖြင့်ကြီးစိုးခြင်း နှင့်တစ်ဦးချင်းစီ၏ပျက်စီးမှုတို့သည် ခေတ်အဆက်ဆက် တွင်
လက်ထပ်ခြင်းကို ပုံဖော်လာခဲ့သည်။ အတ္တဆန်ခြင်းသည် အချင်းချင်းလက်ခံ တန်ဖိုး ထားမှုကို
ကုန်ခန်းသွားစေခဲ့သည်။
ခရစ်ယာန်ဘာသာ၏ အနှစ်သာရသည် အပြစ်မကျရောက်မီ လက်ထပ်ခြင်းက
ပုံဖော်သော ကိုယ်ကျိုးစွန့်ခြင်း၌ စိတ်သဘောညီလျက်နေထိုင်မှုပင်ဖြစ်သည်။ အပြစ် သည်
ဤ စိတ်သဘောထားညီညွတ်ခြင်းကိုဖျက်ဆီးခဲ့သည်။ လင်နှင့်မယားတို့၏ချစ်ခြင်း သည်
အချင်းချင်း၏ပျော်ရွှင်မှုကိုပေးရန်ဖြစ်သည်။ တစ်ဦးစီသည် အခြားသူ၏ပျော်ရွှင်မှု ကို
ပြုစုပျိုးထောင်ရန် ဖြစ်သည်။ သူတို့သည် မိမိ၏ပင်ကိုလက္ခဏာကိုဆုံးရှုံးခြင်းမရှိဘဲ၊
တစ်သားတည်းပေါင်းစည်း၍၊ ဘုရားသခင်နှင့်သက်ဆိုင်နေရန်ဖြစ်သည်။”
ဘုရားသခင်၏စံနမူနာမှသွေဖည်ခြင်း
မယားပြိုင်ယူခြင်း။ တစ်ချိန်တည်း မယားတစ်ယောက် မကယူသော ဓလေ့သည် ဧဒင်ဥယျာဉ်တွင်
ဘုရားသခင်သည် ပထမဆုံးထူထောင်ခဲ့သောလက်ထပ်ခြင်း၏ တစ် သားတည်း
ပေါင်းစည်းခြင်းနှင့်ဆန့်ကျင်သည်။ တစ်ချိန်တည်းမယားသို့မဟုတ် လင်တစ် ယောက်မကယူခြင်းတွင်
အခြားလူအားလုံးကိုကျောခိုင်းခြင်းမရှိချေ။ ရှေးဘိုးဘေးများ အချိန်တွင်
မယားပြိုင်ယူသောဓလေ့သည် အမှန်ရှိခဲ့ကြောင်း သမ္မာကျမ်းစာကဖော်ပြ သော်လည်း၊ ထိုသို့
သော လက်ထပ်ခြင်းမျိုးသည် ဘုရားရှင်၏စံနမူနာမဟုတ်ကြောင်းကို ၎င်းဖော်ပြမှုများက
ရှင်းလင်း စွာပြသသည်။ ထိုသို့သောလက်ထပ်မှုများအထဲက အုပ်စု ငယ်ကလေးများသည်
အာဏာပြိုင်ဆိုင်မှု၊ ခါးသီးသောမကျေမချမ်းမှုနှင့် အဆက်ဖြတ် ခြင်းတို့၌ပါဝင်လာကြပြီး
(က ၁၆။ ၂၉း၁၆-၃ဝး၂၄)၊ သားသမီးများကို အခြားမိသား စုဝင် များအားနာကျင်ထိခိုက်စေရန်
စိတ်ခံစားမှုလက်နက်အဖြစ်အသုံးပြုခဲ့ကြသည်။
တစ်လင်တစ်မယားစနစ်သည်
သူတို့၏ရင်းနှီးမှုနှင့်သံယောဇဉ်အနှောင်အဖွဲ့ကို ခိုင် မာ
စေသောသက်ဆိုင်ခြင်းသဘောထားကိုပေးသည်။ သူတို့၏ဆက်ဆံရေးသည် တစ်မူ ထူးခြားပြီး၊
သူတို့လုပ်ဆောင်သောအရာကို အဘယ်သူနှင့်မျှဝေမျှ၍မရနိုင်ကြောင်း သူတို့ သဘောပေါက်ကြသည်။
တစ်လင်တစ်မယားဆက်ဆံရေးသည် ခရစ်တော်နှင့်သူ၏ အသင်းတော် အကြားဆက်ဆံရေး၊
တစ်ဦးချင်းစီနှင့် ဘုရားသခင်အကြားဆက်ဆံရေး တို့ကိုအရှင်းလင်းဆုံး ရောင်ပြန်ဟပ်သည်။
မတရားသောမေထုန်ပြုခြင်းနှင့် အိမ်ထောင်ရေးဖောက်ပြန်ခြင်း။
လက်ရှိ အတွေး အခေါ်များနှင့် အကျင့်ဓလေ့များသည် သေသည့်တိုင်အောင်တစ်ယောက်ပေါ် တစ် ယောက်
လိင်ပိုင်း၌ သစ္စာစောင့်သိရန်သစ္စာဆိုကြသော ကြင်ဖော်နှစ်ဦး၏တည်မြဲသော ကတိကဝတ်ကို
ပေါ့ပျက်စေသည်။ သို့သော် လက်ထပ်ခြင်းအပြင်ဘက်တွင် မည်သို့ သော ကာမဆက်ဆံမှုမျိုး
မဆို အပြစ်ဖြစ်သည်ဟုသမ္မာကျမ်းစာကဖော်ပြသည်။ သတ္တမ ပညတ်သည် မပြောင်းလဲ
ဆက်လက်တည်မြဲနေသည်။ “သူ့မယားကိုမပြစ်မှားနှင့်” (ထွက် ၂ဝး၁၄)။ ဤပညတ်က မည်သူသည်ပြစ်မှားသည်၊ မည်သူသည်
မပြစ်မှားဟူ၍မဖော်ပြ ချေ။ ဤပညတ်ချက်သည် လင်မယားဆက်ဆံရေးကို သဝန်တိုစွာကာကွယ်ပေးသော
စည်းမျဉ်းဖြစ်သည်။
မှောက်မှားခြင်းနှင့်
ပြစ်မှားခြင်းဆိုင်ရာသမ္မာကျမ်းစာ၏အမြင်သည် ယနေ့လူအ များကလက်ခံသော
နှစ်ဦးသဘောတူလုပ်ဆောင်မှုများနှင့် တိုက်ရိုက်ဆန့်ကျင်သည်။ ဓမ္မ ဟောင်းကျမ်းနှင့်
ဓမ္မသစ်ကျမ်းတို့က ထိုသို့သောအကျင့်ဓလေ့များကိုရှုတ် ချသည်။ (ဝတ် ၂ဝး၁၀-၁၂။ သု
၆း၂၄-၃၂။ ၇း၆-၂၇။ ၁ကော ၆း၉၊၁၃၊၁၈။ ဂလ ၅း၁၉။ ဧ ၅း၃။ ၁သက် ၄း၃။)
ထိုသို့သောအချစ်ဇာတ်လမ်းများ၏ အကျိုးဆက်များသည်
ခရီးဝေးစွာရောက်၍၊ ကြာ ရှည်စွာရှိနေနိုင်သည်။ ၎င်းတို့သည်
တရားဝင်ဘ၀ကြင်ဖော်ကိုလှည့်ဖြားခြင်းဖြစ်၍၊ သူ့ကိုရုပ် ပိုင်းအရ၊ စိတ်ခံစားမှုအရ၊
ငွေရေးကြေးရေးအရ၊ တရားရေးအရနှင့် လူမှုရေး အရထိခိုက် နစ်နာစေနိုင်သည်။ ၎င်းသည်
နှစ်ဖက်သောမိသားစုများ၊ သားသမီးများကို နာကျင်စေပြီး၊
အထူးသဖြင့်သူတို့ကိုယ်တိုင်ကိုထိခိုက်သည်။
ဤတိတ်တိတ်ပုန်းအချစ်ဇာတ်လမ်းများသည် ကာလသားရောဂါ၊ အေအိုင်ဒီ
အက်စ်တို့ကိုကူးစက်စေနိုင်ပြီး၊ တရားမဝင်သားသမီးကိုမွေးဖွားနိုင်သည်။ ထိုအခါ၊ လိမ်
လည်မှုများနှင့် မရိုးသားမှုတိမ်တိုက်သည် ထိုသို့သောအချစ်ရေးအပေါ်ရစ်ဝဲနေခြင်း ကြောင့်၊
ယုံကြည်မှု သည်ပျက်စီး၍၊ ဘယ်ခါမျှပြုပြင်၍မရဖြစ်နိုင်သည်။ ဤအကျင့် ပျက်ပြားမှု
ပုံစံမျိုးကို သမ္မာကျမ်းစာ၏ တားမြစ်ချက်အပြင်၊ ထိုသို့ပြုမူသူတို့ကို အကျိုး ဆက်တသီကြီးဖြင့်
အလုံ အလောက်သတိပေးထားသည်။
မစင်ကြယ်သောအတွေး။ အပြစ်သည် အပြင်ပန်းလုပ်ဆောင်မှုသာ မဟုတ်ချေ။ အမှန်မှာ၊
၎င်းသည် စိတ်နှလုံးမှစတင်၍၊ စဉ်းစားမှုပုံစံဖြစ်လာသည်။ စမ်းချောင်းသည်
ညစ်ညမ်းနေလျှင်၊ မြစ်များသည်လည်း သန့်ရှင်းလိမ့်မည်မဟုတ်ချေ။ စိတ်အတွေးသည်
လုပ်ဆောင်မှုကို ဖြစ်စေသည်ဟုယေရှုမြင်ခဲ့သည်။ “မကောင်းသော ကြံစည်ခြင်း၊ လူ အသက်ကိုသတ်ခြင်း၊
သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊
မမှန်သော သက်သေ ကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်းအရာ တို့သည် နှလုံးထဲ ကထွက်လာ၏”
(မ ၁၅း၁၉)။ လင်မယားကိစ္စ၌ သစ္စာမရှိခြင်းသည်
အတွေးနှင့် စိတ်ခံ စားမှုမှဖြစ်လာသည်ဟုသူဆိုခဲ့သည်။ “သူ့မယားကိုမပြစ်မှားရ
ဟူသောရှေးပညတ်စကား ကို သင်တို့ကြားရပြီ။ ငါ့ပညတ်သည်ကား၊ ကိလေသာစိတ်နှင့်
သူ့မယားကိုကြည့်သောသူ သည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ” (မ ၅း၂၇၊၂၈)။
လုပ်ဆောင်မှု တစ်ခုလုံးသည် ဖောက်ပြန်သော စိတ်ကူးယဉ်မှုမှ
ဖြစ်ပေါ်လာခြင်း ဖြစ် သည်။ ကာမဂုဏ်အာရုံကိုဆွပေးသောရုပ်ရှင်၊ ဗွီဒီယိုနှင့်
စာအုပ်များသည် ခရစ်ယာန် အသက်တာတွင်နေရာမရှိပေ။ ၎င်းတို့သည်
တရားမဝင်သောဆက်ဆံရေးများကိုအားပေး သည်သာမက၊ လူယောက်ျားနှင့်မိန်းမတို့ကို
လိင်ပိုင်းဆိုင်ရာအရာဝတ္ထုအဆင့်သို့လျှော့ချ သည်။ ထိုသို့ဖြင့်
လိင်ဆက်ဆံခြင်း၏မှန်ကန်သောရည်ရွယ်ချက်ကိုဖျက်ဆီး၍၊ ဘုရား သခင်၏
ပုံသဏ္ဌာန်ကိုမှေးမှိန်စေသည်။ ခရစ်ယာန်များသည် ထာ၀ရကာလပတ်လုံး သန့် ရှင်းသော
အသိုက်အဝန်း၌နေထိုင်ရန် ပြင်ဆင်နေကြသည်ဖြစ်ရာ၊ သူတို့သည် စင်ကြယ် သောအတွေးကို တွေးရန်နှင့်
စင်ကြယ်သောအသက်တာဖြင့်နေထိုင် ရန်ခေါ် ဖိတ်ခြင်းခံရ ကြသည်။
သွေးရင်းစပ်ယှက်မှု။ မိဘတချို့သည် သားသမီးများအပေါ် အချစ်ကိုဖော်ပြရာ တွင်
သတ်မှတ်သောဘောင်ကိုကျော်၍၊ သူတို့နှင့်အတူကိုယ်ထိလက်ရောက်နှင့် စိတ်ခံ စားမှုတို့အရ
အလွန်ရင်းနှီးမှု ရှိလာသည်။ ပုံမှန်လင်မယားဆက်ဆံရေးကို လျစ်လျူရှု သောအချိန်တွင်
မကြာမကြာဖြစ်တတ်ပြီး၊ သားသမီးတစ်ယောက်ယောက်ကို ခင်ပွန်း နေရာတွင် ပါဝင်ရန် ရွေး
ချယ်တတ်သည်။ ဤသတ်မှတ်ထားသောစည်းသည် မောင်နှမ များအကြား၊ ဆွေမျိုး
သားချင်းများအကြားတွင် မှုန်ဝါးနေတတ်သည်။
သွေးရင်းစပ်ယှက်ခြင်းကို ဓမ္မဟောင်းကျမ်းတွင်တားမြစ်ထားပြီး
(ဝတ် ၁၈း၆-၂၉။ တရား ၂၇း၂၀-၂၃)၊ ဓမ္မသစ်ကျမ်းတွင်ရှုတ်ချထားသည် (၁ကော ၅း၁-၅)။
ဤကဲ့သို့သော အလွဲသုံးစားပြုခြင်းသည် ကလေး၏ လိင်ပိုင်းကြီးထွားမှုကိုဖျက်ဆီး၍၊
နောက်ပိုင်း အိမ် ထောင်ပြုသောအခါ အကြောင်းမဲ့ရှက်ရွံ့ခြင်း၏ဝန်ထုပ်ကို
သူ့၌ဖန်တီးပေးသည်။ မိသား စုဝင်များသည် လိင်ပိုင်းဆိုင်ရာစည်းကိုကျော်၍
သွေးရင်းစပ်ယှက်မှုပြုသောအခါ၊ အပြစ် မဲ့သူ ယုံကြည်မှုသဘောထားသည်
အကြီးအကျယ်ပျက်စီးသွားရသည်။
လင်မယားကွာရှင်းခြင်း။ ယေရှုသည် ကွာရှင်းခြင်းအပေါ်ကျမ်းစာ၏ သွန်သင် ချက်ကို
အကျဉ်းချုပ်ထားသည်။ “ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်တော်မူသော အရာ ကို
လူမခွဲမခွာစေနှင့်” (မ ၁၉း၆။ မာ ၁ဝး၇-၉)။
ဘုရားသခင်သည် လက်ထပ်ခြင်းကို သန့်ရှင်းစေသောကြောင့် စင်ကြယ်မွန်မြတ်သည်။
အဆုံးတွင်လင်နှင့် မယားကိုပေါင်းစပ် ပေးသောအရာမှာ လူသားတို့၏ကတိစကား သို့မဟုတ်
ကာမဆက်ဆံ ခြင်းမျှသာမဟုတ် ဘဲ၊ ဘုရားသခင် ကိုယ်တိုင်ပေါင်းစပ်ပေးခြင်းဖြစ်သည်။
ထို့ကြောင့် သူတို့၏ပေါင်းစပ် မှုကို တံဆိပ်ခတ်သော သူသည် ဘုရားရှင်ပင်ဖြစ်သည်။
ထို့ကြောင့် ကွာရှင်းခြင်းနှင့် လက် ထပ်ခြင်းအကြောင်း ခရစ်ယာန် တို့၏နားလည်မှုသည်
သမ္မာကျမ်းစာ အပေါ်တွင်အခြေ ခံရမည်။
ကွာရှင်းခြင်းဆိုင်ရာခရစ်ယာန်နားလည်မှုကို
ခိုင်မာစေသောအရာမှာ ကျမ်းစာ၏ အခြေခံစည်းမျဉ်းကို
ရှင်းလင်းစေသောယေရှု၏မိန့်ဆိုချက်ဖြစ်သည်။ ဘုရားသခင်သည် လက်ထပ်
ခြင်းကိုတည်တံ့ခိုင်မြဲစေရန်ရည်ရွယ်သည်။ လင်မယားအကြား သဘောထား ချင်း မတိုက်
ဆိုင်မှုသည် ကွာရှင်းခြင်းအတွက် လုံလောက်သောအကြောင်းပြချက်ဖြစ်ပါ သလားဟု ဖာရိရှဲ
တို့သည်မေးသောအခါ၊ “ကိုယ်တော်က၊ သင်တို့စိတ်နှလုံးခိုင်မာသော ကြောင့် မယားနှင့်
ကွာရသောအခွင့်ကိုမောရှေစီရင်၏။ အစအဦး၌ ထိုသို့မဟုတ်} (မ ၁၉း၈) ဟုပြန်ဖြေခဲ့သည်။ ကွာရှင်းခြင်းအတွက်
တရားဝင်အကြောင်းရင်းမှာ ကာမသစ္စာ ဖောက်ခြင်း တစ်ခုသာ ဖြစ် ကြောင်း
ဆက်လက်ဖွင့်ဆိုခဲ့သည် (မ ၅း၃၂။ ၁၉း၉)။
သူတို့သည် သစ္စာစောင့်ခြင်းကိုသိသည်ထက် ယေရှုသည်သာလွန်၍နက်နက်
နဲနဲ နားလည်ကြောင်း၊ ဖာရိရှဲတို့အားတုံ့ပြန်မှုက ရှင်းလင်းစွာဖော်ပြသည်။
သူမိန့်ဆိုခဲ့သည့် အရာမှ လည်းကောင်း၊ လက်ထပ်ခြင်းနှင့်ပတ်သက်၍ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းတို့က
အခြေခံမူများမှ လည်းကောင်း၊ လက်ထပ်သောသူတို့သည် အမြဲတမ်းပေါင်းဖော်ခြင်း အားဖြင့်
ဘုရားသခင်၏ပုံသဏ္ဌာန်ကိုရောင်ပြန်ဟပ်စေရန် ဘုရားရှင်ရည်ရွယ်ကြောင်း ထပ်လောင်း အတည်
ပြုနိုင်သည်။
ခင်ပွန်းသို့မဟုတ်ဇနီး၏ သစ္စာဖောက်ခြင်းကပင် လက်ထပ်ခြင်းကို
ကွာရှင်းခြင်း ဖြင့် အဆုံးသတ်ရမည်ဟုမဆိုလိုချေ။ ကပ်တိုင်လမ်းသည်
နက်ရှိုင်းသောနောင်တ တရား ကို အားပေး၍၊ ခါးသီးမှုကိုဖယ်ရှားပြီး
ခွင့်လွှတ်ရန်တိုက်တွန်းသည်။ ဖောက်ပြန်ခြင်း ကိစ္စ၌ပင် စိတ်ဒဏ်ရာရသောကြင်ဖော်သည်
ခွင့်လွှတ်ခြင်းနှင့်ဘုရားသခင်၏ပြန် လည် သင့်မြတ်စေသော တန်ခိုးအားဖြင့်
ဖန်ဆင်းခြင်းအချိန်က ဘုရားသခင်၏မူလ ရည်ရွယ် ချက်ကို ထိန်းသိမ်းရန် ကြိုးပမ်းရမည်။ “ကျမ်းစာအရဆိုရသော်၊
အခြားသော အပြစ် တစ်စုံတစ်ရာ ထက်ဖောက် ပြန် ခြင်းသည်
အိမ်ထောင်ရေးကိုသာ၍ဖျက်ဆီးနိုင် သည်။..... သင်သည်ခွင့်လွှတ်ရန်နှင့် အပျက်သဘော
ဆောင်သောစိတ်ထားကိုဖယ်ရှားရန် အဆင် သင့်ဖြစ်သောအခါ၊ ဘုရားသခင်သည်
သင့်အနာကိုငြိမ်းစေ၍၊ သင်တို့၏အချင်းချင်းချစ် ခြင်းကို အသစ်ပြန်စပေးရန်
အဆင်သင့်ရှိ လိမ့်မည်။”
လက်ထပ်ခြင်းအတွက် ဘုရားရှင်၏စံနမူနာမှာ
ကြင်ဖော်တစ်ဦးဦးသေဆုံးသည် အထိချစ်ခင်စွာအမြဲတမ်းပေါင်းစည်းရန်ဖြစ်သော်လည်း၊ လင်၊
မယား သို့မဟုတ် သား သမီးတစ်ဦးဦးသည် ကိုယ်ကာယအနိုင်ကျင့်ခြင်းမျိုးကြောင့်
တရားဝင်ကွာရှင်းခြင်း လို အပ်လာသည်။ “တချို့သောတရားစီရင်ရေးတွင်
ထိုသို့သောကွဲနေခြင်းကို လင်မယား ကွာ ရှင်းခြင်း အားဖြင့်သာလုံခြုံစိတ်ချရသည်။
ကိုယ်ကာယအကြမ်းဖက်ခြင်း သို့မဟုတ် လက်ထပ်ခြင်း ကတိကဝတ်ကို
သစ္စာဖောက်ခြင်းကြောင့်ခွဲနေခြင်း သို့မဟုတ် ကွာရှင်း ခြင်းသည် မည်သူတစ်ဦး
တစ်ယောက်ကိုမျှ ပြန်လည်လက်ထပ်ရန် ကျမ်းစာကအခွင့် မပေးချေ။ အခြားတစ်ဦးက ပြန် လည်
လက်ထပ်၊ ဖောက်ပြန် သို့မဟုတ် သေဆုံးမှသာ ပြန်လည်လက် ထပ်နိုင်ခွင့်ရှိသည်။”
လက်ထပ်ခြင်းသည် ဘုရားရှင်၏ပြဋ္ဌာန်းချက်ဖြစ်သောကြောင့်၊
အသင်းတော် သည် ကွာရှင်းခြင်းကို ကာကွယ်ရန် တစ်မူထူးပြီးလေးနက်သောတာဝန်ရှိပြီး၊
ကွာရှင်းမှု ဖြစ်ခဲ့ပါသော် လည်း၊ ဖြစ်နိုင်သမျှအနာကိုကုသပေးရန်ဝတ္တရားရှိသည်။
လိင်တူဆက်ဆံခြင်း။ ဘုရားသခင်သည် အဖိုနှင့်အမကိုခြားနား၍ ဖန်ဆင်းကာ၊
တစ်ဦးနှင့် တစ်ဦးဖြည့်စွက်ရန်ဖြစ်သည်။ ထိုသို့ဖန်ဆင်းရာတွင်၊ ဆန့်ကျင်ဘက်လိင်အ ပေါ်လိင်ပိုင်း
ဆိုင်ရာစိတ်ခံစားမှုကိုင်းညွတ်စေခဲ့သည်။ ခြားနားမှုနှင့်ဆက်စပ်မှုသည် လူ တို့အားဆွဲဆောင်မှုကိုပေး၍၊
လိင်နှစ်မျိုးကိုအချင်းချင်းအပြည့်အဝဆက်ဆံရေးကိုဖန်တီး ပေးသည်။
တချို့သောကိစ္စများတွင်၊ အပြစ်တရားသည်
အခြေခံလိင်ပိုင်းဆိုင်ရာစိတ်ကိုင်း ညွတ်မှုကိုထိခိုက်သည်။
ထိုသို့သောကိစ္စများတွင်၊ ဆန့်ကျင်ဘက်လိင်ကို စိတ်ကိုင်းညွတ် မှုသည်
ပြောင်းပြန်ဖြစ်၍၊ လိင်တူသောသူကိုစိတ်ဝင်စားမှုဖြစ်လာသည်။
သမ္မာကျမ်းစာသည် လိင်တူဆက်ဆံခြင်းကို
ပြင်းထန်သောအသုံးအနှုန်းများဖြင့် ရှုတ်ချသည် (က ၁၉း၄-၁၀။ ယု ၇၊၈။ ဝတ် ၁၈း၂၂။
၂ဝး၁၃။ ရော ၁း၂၆-၂၈။ ၁တိ ၁း၈-၁၀)။ လိင်တူဆက်ဆံခြင်းသည် လူယောက်ျားမိန်းမတို့တွင်
ဘုရားသခင်၏ ပုံသဏ္ဌာန်ကို အကြီးအကျယ်ရုပ်ပျက်စေသည်။
“လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍၊ ဘုရားသခင့်ရှေ့တော်၌
အသရေပျက်ကြပြီ” (ရော ၃း၂၃)
ဖြစ်သောကြောင့်၊ ခရစ်ယာန်တို့သည် ဤလိင်စိတ်ဖောက်ပြန်သော သူတို့ ကိုပြန်လည်
အဖတ်ဆယ်နိုင်စေရန် ဆက်ဆံရမည်။ သူ့ထံသို့ခေါ်လာသည့်ပြစ်မှားသော အမျိုးသမီးကို “ငါသည်လည်းသင်၏အမှုကိုမစီရင်။
သွားလော့။ နောက်တစ်ဖန် ဒုစရိုက် ကိုမပြုနှင့်” (ယော ၈း၁၁) ဟုဆိုသောခရစ်တော်၏စိတ်ထားကိုထင်ဟပ် စေရမည်။ လိင် တူ
စိတ်ကိုင်းညွတ်သော သူတို့သာမက၊ စိုးရိမ်မှု၊ ရှက်ရွံ့မှုနှင့် အပြစ်ရှိ သည်ဟု
ခံစား ခြင်းတို့ဖြစ်စေသည့် အပြုအမူများ သို့မဟုတ် ဆက်ဆံရေးတို့၌ကျော့ကွင်းမိနေ
သောသူ တို့သည်လည်း၊ လေ့ကျင့်၍ အတွေ့အကြုံရှိသော ခရစ်ယာန်အကြံပေးဆရာတို့၏ ကြင် နာသောကြား
နာလိုစိတ်ကိုလို အပ်ကြသည်။ ဘုရားသခင်၏အနာငြိမ်းစေသော ကျေးဇူး တော်က လက်လှမ်းမမီသော
အပြုအမူမရှိပါ။
မိသားစု
ဘုရားသခင်သည် အာဒံနှင့်ဧ၀တို့ကိုဖန်ဆင်းပြီးနောက်၊
လောကကိုအုပ်စိုးစေခဲ့ သည် (က ၁း၂၆။ ၂း၁၅)။ သူတို့သည် အဦးဆုံးသောမိသားစုနှင့်
အသင်းတော်ကို ထူထောင် ခဲ့ပြီး၊ လူ့အသိုက်အဝန်းကိုစတင်ခဲ့ကြသည်။ ထိုသို့ဖြင့်
လူ့အဖွဲ့အစည်းကို လက်ထပ်ခြင်း နှင့် မိသားစု အပေါ်တွင်တည်ဆောက်ထားသည်။
သူတို့သာလျှင် ကမ္ဘာပေါ်တွင် နေထိုင် သောသူဖြစ် သောကြောင့်၊ ဘုရားသခင်ကသူတို့ကို “အချင်းတို့၊
များပြားစွာမွေးဖွားကြ လော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့” (က ၁း၂၈) ဟု မိန့်ခဲ့ သည်။
ကမ္ဘာ့လူဦးရေကိန်းဂဏာန်းအရ၊ ကမ္ဘာပေါ်တွင်
လူမနေထိုင်သောနေရာမရှိတော့ ချေ။ သို့သော် ကလေးမွေးရန်ဆုံးဖြတ်ထားသည့်
လက်ထပ်သောခရစ်ယာန်စုံတွဲ များ သည် ဘုရားသခင်၏သတိပေးချက်အတိုင်း
သားသမီးများကိုပြုစုပျိုးထောင်ရန် တာဝန်ရှိ နေသေးသည် (ဧ ၆း၄)။
လက်ထပ်ထားပြီးစုံတွဲများသည် ဤလမ်းခရီးကို မစတင်မီ၊ မိသားစုအတွက်
ဘုရားသခင်၏စံနမူနာကိုစဉ်းစားရမည်။
မိဘများ
၁။ ဖခင်။ သမ္မာကျမ်းစာသည်
လင်နှင့်ဖခင်အား အိမ်ထောင်ဦးစီးအရာနှင့် အိမ် ထောင်၏
ယဇ်ပုရောဟိတ်တာဝန်ကိုပေးခဲ့ပြီ (ကော ၃း၁၈-၂၁။ ၁ပေ ၃း၁-၈)။ သူသည် အသင်းတော်၏
ဦးခေါင်းဖြစ်သော ခရစ်တော်၏ပုံစံဖြစ်သည်။ “ခရစ်တော်သည် အသင်း တော်၏အပေါ်မှာ
ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျားသည် မိမိခင်ပွန်းအပေါ် မှာခေါင်း ဖြစ်၏။
ခရစ်တော် သည်လည်း မိမိကိုယ်ကိုကယ်တင်သောသူဖြစ်တော်မူ၏။ အသင်း တော်သည် ခရစ်တော်၏
အုပ်စိုးမှုကိုဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ် စိုးခြင်းကို
အရာရာ၌ ဝန်ခံရကြမည်။ အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော် ကိုချစ်တော်မူသကဲ့သို့၊
သင်တို့ လည်း ကိုယ့်ခင်ပွန်းကိုချစ်ကြလော့။ အသင်းတော်သည် သန့်ရှင်းလျက်၊
အပြစ်ကင်းလျက် ရှိသည်ဖြစ်၍၊ အညစ်အကြေး တင်ခြင်း၊ အရေတွန့် ခြင်းမှ
စသည်တို့နှင့်လွတ်လပ်သဖြင့်၊ အသရေ တင့်တယ်လျက် ရှိသောအသင်းတော်ကို ခရစ်တော်သည်
မိမိအားဆက်သအံ့ သောငှာ၊ နှုတ်ကပတ်တော် ရေ၌ဆေးကြောခြင်းအား ဖြင့်စင်ကြယ်သန့်ရှင်းစေမည်
အကြောင်း၊ ထိုအသင်းတော်အဖို့ အလိုငှာ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။ ထိုနည်းတူ၊
ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။
ခင်ပွန်းကို ချစ် သော သူသည် ကိုယ်ကို ချစ်သောသူဖြစ်၏” (ဧ ၅း၂၃-၂၈)။
ခရစ်တော်သည် အသင်းတော်ကိုဦးဆောင်သကဲ့သို့၊
လင်နှင့်မယားတို့နှစ်ဦး စလုံး သည် အချင်းချင်းအလျှော့ပေးရကြမည်။ သို့သော်၊
ဩတ္တပ္ပစိတ်နှင့် မသက်ဆိုင် သော အရာများတွင် လင်၏ ဆုံးဖြတ်ချက်ထက် ဘုရားသခင်၏
နှုတ်ကပတ်တော်ကို ဦးစားပေး ရမည်။ တစ်ချိန်တည်းတွင် လင်သည် မယား၏ပင်ကိုလက္ခဏာကို
လေးစားမှုအပြည့်ဖြင့် ဆက်ဆံ ရန်တာဝန်ရှိသည်။
ခရစ်တော်သည် သိမ်မွေ့သောအုပ်စိုးမှုကိုပြသ၍၊ အစေခံမှုဖြင့်
ကပ်တိုင်လမ်းကို လျှောက်သကဲ့သို့၊ လင်သည်လည်း ပေးဆပ်မှုဖြင့်ဦးဆောင်ရမည်။ “ခရစ်တော်သည်
ပညာနှင့် လည်းကောင်း၊ မေတ္တာနှင့်လည်းကောင်း အုပ်ချုပ်သည်။ လင်တို့သည် မိမိတို့
မယားများအပေါ် မိမိတို့ဝတ္တရားများကိုကျေပွန်သောအခါ၊ အသင်းတော်အပေါ် ခရစ် တော်သိမ်မွေ့သကဲ့သို့
သူတို့သည် မိမိတို့အာဏာကိုအသုံးပြုလိမ့်မည်။ ခရစ်တော်၏ ဝိညာဉ်တော်သည်
လင်ယောက်ျားကို ထိန်းချုပ်သောအခါ၊ မယား၏ဝန်ခံမှုသည် ငြိမ်း ချမ်းခြင်းနှင့်
ကောင်းကျိုးကိုသာ ဖြစ်ပေါ်စေလိမ့်မည်။ အကြောင်းမှာ သူသည်မယားထံမှ
ကောင်းကျိုးကိုသာတောင်းခံသော ကြောင့်ဖြစ်သည်။ ထိုနည်းတူ ခရစ်တော်သည် အ သင်းတော်အား
အပ်နှံရန်တောင်းဆိုသည်။..... လင်ယောက်ျားများသည် မယားကသူတို့ ကိုမည်မျှအောက်ကျို့ခံနားထောင်ရမည်
ဟူသောအချက်ကိုရှာရန်မဟုတ်ဘဲ၊ သူသည် ခရစ်တော်၏စိတ်ထားကို မည်သို့ရှိရမည် အကြောင်း၊
အိမ်ထောင်ဦးစီးဖြစ်ရန် သန့်ရှင်း စင်ကြယ်၍ သင့်လျော်မှုရှိစေမည်အကြောင်း၊
နှုတ်ကပတ်တော်ကိုလေ့လာရမည်။”
အာဗြဟံကဲ့သို့ မိသားစု၏ယဇ်ပုရောဟိတ်အဖြစ်၊ ဖခင်သည်
မိသားစုကိုနံနက် ချိန် တွင်စုရုံး၍၊ သူတို့ကို ဘုရားသခင်၏စောင့်ရှောက်မှုအောက်တွင်
ဆက်ကပ်လိမ့်မည်။ ည နေတွင် သူသည် မိသားစုဝင်များကို
ဘုရားသခင်အားချီးမွမ်းရန်နှင့်ပေးသော ကောင်းချီး များ အတွက် ကျေးဇူးတင်ရန် တစ်ဖန်စုရုံးလိမ့်မည်။
ဤမိသားစုဝတ်ပြုချိန်သည် ချည် နှောင်သော နှောင် ကြိုးနှင့် မိသားစု၌
ဘုရားသခင်ကိုဦးစားပေးသည့်အချိန်ဖြစ်သည်။
ပညာရှိသောဖခင်သည် သားသမီးများနှင့်အချိန်ကုန်စေသည်။
မိသားစုကို ဆက်ဆံ သည့်ပုံစံအားဖြင့် သားသမီးများသည် မိခင်ကိုချစ်ကြောက်ရိုသေခြင်း၊
ဘုရားသခင်ကို ချစ်ခြင်း၊ ဆုတောင်းခြင်း၏အရေးကြီးမှု၊ သူတစ်ပါးကိုချစ်ခြင်း၊ အလုပ်
လုပ်နည်း၊ ဣန္ဒြေရှိခြင်း၊ ဘုရားသခင်ဖန်ဆင်းသောသဘာ၀တရားကိုချစ်ခြင်းစသည့်
သင်ခန်းစာ များစွာကို သင်ယူနိုင်သည်။ သို့သော် ဖခင်သည် ဘယ်ခါမျှအိမ်မကပ်လျှင်၊
သားသမီးများ ကို ဤအခွင့်အရေးနှင့် ပျော်ရွှင်မှုတို့ကိုဆုံးရှုံးရသည်။
၂။ မိခင်။ မိခင်ဘ၀သည်
ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ရန် ကမ္ဘာပေါ်တွင် အနီး ဆုံးအရာဖြစ်သည်။ “ရာဇပလ္လင်ပေါ်ထိုင်သောရှင်ဘုရင်သည်
မိခင်၏အလုပ်ထက် သာ၍ မြင့်မြင့် မြတ် သောအလုပ်မရှိချေ။ မိခင်သည်
အိမ်ထောင်၏မိဖုရားဖြစ်သည်။ မိခင်သည် မိမိသား သမီးတို့၏စာရိတ္တကိုပြုပြင်ရန်
အာဏာရှိပြီး၊ ထိုသို့ဖြင့် သူတို့သည် ပိုမိုမြင့်မား သည့်
ထာ၀ရအသက်အတွက်သင့်လျော်လာနိုင်သည်။ ကောင်းကင်တမန်သည် ပိုမိုမြင့် မြတ်သောအလုပ်ကို
တောင်းဆို၍မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် မိခင် လုပ်သော အလုပ်သည် ဘုရားသခင်၏
အမှုတော်ဖြစ်သောကြောင့်တည်း။ မိခင်သည် သူမ၏ အလုပ်ကိုသဘောပေါက်၍၊ ဘုရားသခင်၏
လက်နက်စုံကို ဝတ်ဆင်စေ။ ထိုသို့ဖြင့် လော ကီဆန်ရန်စုံစမ်းခြင်းကို
တွန်းလှန်နိုင်မည်။ သူမ၏အလုပ်သည် ယခုအချိန်အတွက်နှင့် ထာ၀ရကာလ အတွက်ဖြစ်သည်။”
မိသားစုထဲက တစ်စုံတစ်ဦးသည် သားသမီးများ၏ အကျင့်စာရိတ္တအတွက်
အဓိက တာဝန်ယူရမည်။ သားသမီးတို့အား သင်ကြားလေ့ကျင့်ခြင်းကို ဖြစ်ကတတ်ဆန်း သို့မ ဟုတ်
သူတစ်ပါးကိုလွှဲအပ်၍မရချေ။ အကြောင်းမှာ သားသမီးကိုမိဘကဲ့သို့မည်သူမျှ မ ချစ်နိုင်ချေ။
ဘုရားသခင်သည် မိခင်ကိုသူမကိုယ်ထဲကမွေးသောကလေးကို တာဝန်ယူ ရန်၊ နို့ချိုတိုက်ရန်၊
ပြုစုပျိုးထောင်ရန်နှင့် ချစ်ရန်အစွမ်းအစနှင့်ဖန်ဆင်းခဲ့သည်။ ငွေကြေး
အခက်အခဲကြောင့် သို့မဟုတ် တစ်ခုလပ်ဖြစ်ခြင်းကြောင့်မှလွဲ၍၊ မိခင်သည် လက်ခံမည်
ဆိုလျှင် တစ်နေ့လုံးသားသမီးများနှင့်အတူရှိနေရန် အထူးအခွင့်ရှိသည်။ သူမသည် သား သမီးတို့၏စာရိတ္တကို
ထာ၀ရနိုင်ငံအတွက်ပုံသွင်းရာတွင် ဖန်ဆင်းရှင်နှင့်အတူ ပျော်ရွှင် စွာလုပ်ဆောင်နိုင်သည်။
“သမီးရည်းစားရှိသောသူသည်
မိသားစုအရေးကို လုပ်ငန်းတစ်ခုအဖြစ် စဉ်းစားရန် လိုအပ်သည်။.....
မိခင်နှင့်ဇနီးသည်၏အလုပ်ကိုလုပ်ခြင်းသည် ယနေ့ကမ္ဘာတွင် ထူးကဲ သောတစ်ဘ၀စာအလုပ်ဖြစ်၍၊
စိန်ခေါ်မှုကြီးမားသောလုပ်ငန်းဖြစ်သည်။ အချဉ်းနှီးသော အလုပ်လော။
ကျေးဇူးမတင်ထိုက်သောအလုပ်လော။ သိက္ခာမရှိသောကျွန်ဘ၀လော။ လုံး၀မဟုတ်ပါ။
၎င်းအလုပ်သည် ဒီရေကိုပြန်ဆုတ်သွားစေရန်၊ မျိုးစိတ်ကို ထိန်းသိမ်းရန်၊ သမိုင်းကို
ရေးမှတ်ရန်၊ အမြဲတမ်းထပ်၍ထပ်၍ခံစားကြားနိုင်သောအရာကို လုပ်ဆောင် ရန် စိတ်လှုပ်ရှား
ဖွယ်အကောင်းဆုံးသော ဖြစ်နိုင်ချေလုပ်ငန်းဖြစ်သည်။”
ဓမ္မဟောင်းကျမ်းအချိန်တွင် လူတစ်ဦး၏နာမည်သည် သူ၏စာရိတ္တ၊
အဖြစ်ကို ဖော်ပြ သည်။ ဧ၀သည်လည်း အပြစ်ထဲကျရောက်ပြီးနောက် သူမ၏နာမည်ကိုရရှိခဲ့သည်
(က ၃း၂၀)။ သူမသည် လူသားမျိုးနွယ်အားလုံး၏မိခင်ဖြစ်လာမည်ဖြစ်သောကြောင့်၊ သူမ ၏
နာမည်သည် “အသက်ရှင်သည်” ဟူသောစကားလုံးမှဆင်းသက်လာသည်။ ၎င်းသည် လူ့သမိုင်းတွင်
သူမသည် တစ်မူထူးသည့်ဂုဏ်သရေရှိသောရာထူးကိုသိမ်းပိုက် ထား ကြောင်းထင်ဟပ်စေသည်။
မျိုးပွားခြင်းနှင့်မိဘဖြစ်ခြင်းသည် အာဒံနှင့်ဧ၀တို့ကသာရရှိသောအခွင့်ထူးမဟုတ်
ချေ။ မိဘဖြစ်ခြင်းသည်လည်း တာဝန်ခွဲဝေရန်ဖြစ်သည်။ ထို့ကြောင့် ကလေးမွေးဖွားခြင်း ၌
သာမက၊ သူတို့ကိုပြုစုပျိုးထောင်ခြင်း၌လည်း တာဝန်ရှိကြသည်။ ထာ၀ရဘုရား၌ ပြု သကဲ့သို့
သားသမီးများကိုပျိုးထောင်ရန် မိဘတစ်ဦးစီ၌ တာဝန်များရှိသည်။ “ဖွားမြင် သောသားသမီး
တို့သည် ထာ၀ရဘုရားဆုချ၍ ပေးသနားတော်မူသောအမွေဥစ္စာဖြစ်ကြ ၏” (ဆာ ၁၂၇း၃)။
သားသမီးများ
၁။ ဦးစားပေးခြင်း။ ထာ၀ရဘုရားနှင့် မိမိခင်ပွန်းအပေါ်ပြုသောကတိကဝတ် မှလွဲ ၍၊
မိဘတို့သည် သားသမီးများအပေါ်ရှိသည့်တာဝန်ထက် ပို၍ကြီးသောတာဝန်မရှိ ချေ။ သူတို့သည်
သားသမီးတို့၏ကောင်းကျိုးများကို မိမိတို့၏တိုးတက်မှုနှင့် သက်သာ မှုထက် ဦးစားပေးရမည်။
သားသမီးများသည် လောကထဲသို့ရောက်လာရန်ရွေးချယ်ကြ သည် မဟုတ်။ သူတို့၏ အသက်တာအစတွင်
အကောင်းဆုံးဖြစ်နိုင်ချေကိုပေးရမည်။ မိဘ၏ ဩဇာလွှမ်းမိုးမှုသည်
သားသမီးတို့၏ဝိညာဉ်ရေး၊ စိတ်၊ ကာယကျန်းမာရေးကိုပဓာန အကျိုးသက်ရောက်စေသည် ဖြစ်ရာ၊
ကလေးငယ်မမွေးဖွားမီကပင် သူ၏ကောင်းစား ရေးကို ဦးစားပေးရမည်။
၂။ ချစ်ခြင်းမေတ္တာ။ မိဘတို့၏ချစ်ခြင်းမေတ္တာသည် အကြွင်းမဲ့ပေးဆပ် သော ချစ်ခြင်းမေတ္တာဖြစ်သည်။
၎င်းကို ဘယ်ခါမျှအပြည့်အဝတုံ့ပြန်နိုင်မည်မဟုတ် သော် လည်း၊ သားသမီး များသည်
ကောင်းသောဥပဓိရုပ်နှင့် စိတ်ကျန်းမာရေးအတွက် အ သက် တာတစ်လျှောက်လုံး
မိဘမေတ္တာကိုလိုအပ်သည်။ မေတ္တာငတ်သောသူ သို့မဟုတ် ငြင်း ပယ်ခြင်းနှင့် အရေးမကြီး
ဟုခံစားသောသားသမီးတို့သည် မိဘမေတ္တာကိုရရှိရန် သူတို့ အကျင့်ဖြစ်လာသော မနှစ်မြို့
ဖွယ် အပြုအမူများအားဖြင့် ကြိုးစားကြလိမ့်မည်။
မိဘမေတ္တာ၌လုံခြုံသောသားသမီးတို့သည် အခြားသူများကိုလည်း
ဝေငှပေးလိမ့် မည်။ သူတို့အားပေးကမ်းရန်နှင့် လက်ခံရရှိရန်သင်ပေးရသည်။
မိမိအတွက်သာအသက် ရှင်ခြင်း မဟုတ်ကြောင်းကိုလည်း သင်ပေး၍ရသည်။
သားသမီးများကြီးလာသောအခါ၊ သူတို့သည် ဘုရားသခင်၏ ဘုန်းတော်ကိုထင်ရှားစေရန်
သင်ယူနိုင်သည်။
၃။ ဆက်ကပ်ခြင်း။
ခရစ်ယာန်မိဘများသည် မိမိတို့၏သားသမီးများကို ဘုရား သခင်၏ အမှုတော်တွင်
အစောနိုင်ဆုံးဆက်ကပ်ရမည်။ ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့ အသင်းတော်သည်
ယောသနှင့်မာရိက သူငယ်ယေရှုကိုဗိမာန်တော်၌ ဘုရား သခင်ထံဆက် ကပ်သကဲ့သို့၊
အသင်းသူအသင်းသားများရှေ့တွင် ရိုးစင်းသော ကလေး ဆက်ကပ်ခြင်းကို ကျင်းပကြသည် (လု
၂း၂၂-၃၉)။ ဤနည်းအားဖြင့် ကလေးငယ်သည် ဝိညာဉ်ရေး မိသားစု တွင်စတင်ပါဝင်လာသည်။
ဘုရားသခင်၏သားနှင့် ခရစ်တော်၏ ကိုယ်ခန္ဓာ၏ အစိတ်အပိုင်း အဖြစ်
ကလေးငယ်၏လူမှုရေးနှင့်ဝိညာဉ်ရေး ကြီးထွားမှုတွင် အသင်းသားများ ပါဝင်ကြ၏။
ဤဆက်ကပ်ခြင်းအစီအစဉ်တွင်၊ ကလေးငယ်၌ ဘုရားသခင်၏ပုံသဏ္ဌာန်ကို
ဆောင်၍ ထာ၀ရဘုရား၏လမ်းစဉ်အတိုင်း ကလေးငယ်ကိုပညာပေးရန် မိဘတို့သည် မိမိတို့ကိုယ်ကို
လည်းဆက်ကပ်ကြသည်။ ဤပန်းတိုင်ကိုရောက်ရှိရန် မိဘများသည် မိမိ တို့သားသမီးများကို
ဥပုသ်စာဖြေကျောင်းနှင့် ဘုရားကျောင်းကိုပုံမှန်ခေါ်ဆောင်ရမည်ဖြစ် ပြီး၊
ထိုသို့ဖြင့်ကလေး များသည် ငယ်ရွယ်ချိန်မှစ၍ ခရစ်တော်၏ ကိုယ်ခန္ဓာ၏အစိတ်
အပိုင်းဖြစ်လာမည်။ ထို့နောက်၊ ကလေးသည် ကျောင်းတက်သည့် အရွယ်ရောက်လာ သောအခါ၊
မိဘများနှင့် အသင်းတော်သည် ခရစ်ယာန်ပညာကိုရရှိနိုင်ရန် ကြိုးစားလိမ့် မည်။
ထိုပညာသည် ကလေး ငယ်အား ထာ၀ရဘုရားကိုပိုမိုချစ်စေရန် ပျိုးထောင်ပေးလိမ့် မည်။
၄။ တစ်သမတ်တည်းရှိခြင်း။ မိဘတို့၏ဝိညာဉ်ရေးသွန်သင်မှုသည် သားသမီးတို့ ၏
ဘ၀အဆင့်ဆင့်အတွက် ဆက်လက်ရှိနေရမည်။ “ထိုစကား (ထာ၀ရဘုရား ၏ပညတ် ချက်များ)
ကိုသင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ ထိုင်လျက်နေ သည်ဖြစ်စေ၊
ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကို ပြောရမည်။ ထို
စကားကိုလည်း သင်၏လက်၌ လက္ခဏာသက်သေဖို့ရာ လည်းကောင်း၊ သင်၏ မျက်စိကြား မှာ
သင်းကျစ်ကဲ့သို့လည်းကောင်း ချည်ထားရမည်” (တရား ၆း၇-၉)။
ကလေးကို အိမ်ထောင်၏လုပ်ဆောင်မှုအရေးကိစ္စအားလုံးက
ဩဇာလွှမ်းမိုး သည်။ မိဘတို့သည် မိသားစုဝတ်ပြုခြင်းတစ်ခုတည်းအားဖြင့်
ဝိညာဉ်ရေးကိုသိစေ၍ မရပါ။ ၎င်းသည် ယေရှုကိုသူတို့က အစဉ်ကိုးစားခြင်းမှလာရမည်။
၎င်းသည် သူတို့၏ နေထိုင်မှုပုံစံ၊ ဝတ်စားဆင်ယင်မှုနှင့်
အိမ်တွင်းအလှဆင်မှုကပင်ထင်ရှားစေရမည်။ ဘုရားသခင်အား ချစ်ဖွယ် မိဘ
အဖြစ်သိကျွမ်းခြင်းသည် ကလေးငယ်၏ ခရစ်ယာန်ရေး ကြီးထွားမှု အတွက် မရှိမဖြစ်လိုအပ်
သည်။
၅။ နာခံမှုကိုသင်ယူခြင်း။ “သူငယ်သွားရာလမ်း၀၌ ဆုံးမသွန်သင်လော့။ သို့ပြု လျှင် သူသည်
အိုသောအခါ၊ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်} (သု ၂၂း၆)။ ဤသင်ကြား လေ့လာမှုသည်
မည်သည့်အရာကိုဖြစ်ပေါ်စေသနည်း။ ထိန်းသိမ်းကြပ်မတ်ခြင်း သည်
အပြစ်ပေးခြင်းထက်များစွာအကျိုးရှိသည်။ အပြစ်ပေးခြင်းသည် လွန်ပြီးသောအရာ နှင့် သက်ဆိုင်၍၊
ထိန်းသိမ်းကြပ်မတ်ခြင်းသည် အနာဂတ်ကိုရှေးရှုသည်။ ထိန်းသိမ်း ကြပ် မတ်ခြင်းသည်
သားသမီးတို့သည် လေ့ကျင့်သင်ကြားမှု၊ လမ်းပြမှုနှင့် ပုံနမူနာတို့ အတွက်
မိဘတို့ထံတွင် အလုပ်သင်အဖြစ်လေ့ကျင့်ခြင်းဖြစ်သည်။ ၎င်းသည် သစ္စာ ရှိခြင်း၊ မှန် ကန်ခြင်း၊
မျှတမှုရှိခြင်း၊ ရှေ့နောက်ညီခြင်း၊ သည်းခံခြင်း၊ စည်းစနစ်ကျခြင်း၊ ကြင်နာခြင်း၊
ရက်ရောခြင်းနှင့် အလုပ်လုပ်ခြင်းစသည်တို့ကဲ့သို့သော အရေးကြီး သည့်အခြေခံစည်း မျဉ်းများ
သင်ပေးခြင်းကို ဆိုလို သည်။
သားသမီးများသည် မိဘစကားကိုအကြွင်းမဲ့နာခံရန်
ဆောလျင်စွာသင်ယူသော အခါ၊ အာဏာဆိုသည်မှာ သူတို့အသက်တွင်ပြဿနာမဖြစ်တော့ချေ။ သို့သော်
သင်ယူ သောနာခံမှုပုံစံသည်လည်း အရေးကြီးသည်။ စစ်မှန်သောနာခံမှုသည် လိုအပ်၍သာ ပေါ် လာခြင်း
မဟုတ်ဘဲ၊ စိတ်ထဲမှထွက်လာခြင်းဖြစ်သည်။ ဤကဲ့သို့သောနားထောင်ခြင်း၏ လျှို့ဝှက်ချက်
သည် အသစ်မွေးဖွားခြင်း၌ရှိသည်။
“စောင့်ထိန်းရန်လိုအပ်သောကြောင့်သာ၊ တာဝန်အရ
ဘုရားသခင်၏ပညတ်ချက် များကို စောင့်ထိန်းရန်ကြိုးပမ်းသောသူသည်
နားထောင်ခြင်း၌ပျော်ရွှင်မှုကို ဘယ်ခါမျှ ခံစားလိမ့်မည်မဟုတ်ချေ။ သူသည်
နာခံမှုလည်းမရှိချေ။..... စစ်မှန်သောနာခံခြင်းသည် စိတ်နှလုံးထဲက အရာကို
အပြင်၌လုပ်ဆောင်ခြင်းဖြစ်သည်။ ၎င်းသည် ဖြောင့်မတ်ခြင်းကို ချစ်ခြင်း၊ ဘုရားသခင်၏
ပညတ်ကိုမြတ်နိုးခြင်းတို့မှ ပေါ်ထွက်လာသည်။ ဖြောင့်မတ် ခြင်း အားလုံး၏ အနှစ်သာရမှာ
ကျွန်ုပ်တို့၏ရွေးနုတ်ရှင်အပေါ် သစ္စာစောင့်သိခြင်းဖြစ် သည်။ ၎င်းသည် မှန်ကန်
သည်ဖြစ်ရာ၊ ကျွန်ုပ်တို့အား မှန်သောအရာကိုပြုစေသည်။ အကြောင်းမူကား၊ မှန်မှန်
ကန်ကန် လုပ်ဆောင်ခြင်းသည် ဘုရားသခင်အတွက်နှစ်သက် ဖွယ်ဖြစ်သည်။”
၆။ လူမှုရေးနှင့်ဘာသာစကားတိုးတက်မှု။ မိသားစုအထဲတွင် သားသမီးများ ကို လူသား အဖြစ်ဝင်ဆံ့စေသည်။
ဝတ္တရားများနှင့် အခွင့်အရေးများလည်းပါရှိလာသည်။ လူမှုရေးသည်
ပတ်ဝန်းကျင်အသိုက်အဝန်းတွင်ဝင်ဆံ့ရန် ကလေးများသည် အခြေခံအ တတ်ပညာကို
သင်ယူခြင်းဖြစ်စဉ်ဖြစ်သည်။ ဘာသာစကားနှင့် ၎င်း၏သိမ်မွေ့ ကွဲပြား သော ဆက်သွယ်သည့်
ကလေးများ သင်ယူသည့်အလျင်ဆုံးသောတတ်ကျွမ်းမှုဖြစ် သည်။ အိမ်တွင်း၌အသုံးပြုသော
စကားကို ဂရုတစိုက်စောင့်ကြပ်ရမည်။ စကားများသည် ဘုရားသခင်၏ စာရိတ္တတော်ကို
ဖော်ပြရမည်။ ကလေးများသည် ချစ်ခြင်းကိုကြည်နူး ဖွယ် စကားအသုံးအနှုန်းများနှင့်
ဘုရားသခင် အားချီးမွမ်းသံများကို မကြာမကြာကြားကြ ရမည်။
၇။ ကျားမလက္ခဏာ။ အိမ်ထောင်တွင်၊
မိသားစုတစ်ခုလုံးတွင်ပါဝင်သော ကျားမ တို့သည် ကိုယ်ကျင့်သိက္ခာရှိရှိအပြန်အလှန်
ဆက်ဆံခြင်းအားဖြင့်၊ ကလေးများသည် လူ့ အသိုက်အဝန်းအတွင်း ယောက်ျား သို့မဟုတ် မိန်းမအဖြစ်လုပ်ဆောင်ရန်
သင်ယူသည်။ လူကြီးသူမတို့သည် သူတို့၏ဖိုမလက္ခဏာဖွံ့ဖြိုးမှု၏တင့်တယ်လှပမှုကို
မှန်ကန်ပြီး သင့် လျော် သောသတင်းအချက်အလက်အားဖြင့် သူတို့ကိုသင်ပေးရန်လိုအပ်သည်။
သား သမီးများကို လိင်ပိုင်းဆိုင်ရာအလွဲသုံးစားမှုမှကာကွယ်ရန်လည်း သူတို့၌
တာဝန်ရှိသည်။
၈။ တန်ဖိုးကိုသင်ယူခြင်း။ အိမ်ထောင်၏ အခြေခံလူမှုရေး လုပ်ငန်းမှာ မိသားစု က
ထောက်ခံသောစံများကို စိတ်တွင်စွဲမှတ်စေခြင်းဖြစ်သည်။ မိသားစု၏စံနှုန်းနှင့်ဘာသာ ရေးအယူအဆသည်
အမြဲတမ်းတစ်ထပ်တည်းမကျချေ။ မိဘများသည် ဘာသာရေးစည်း မျဉ်းတချို့ကိုလိုက်နာရန်ပြောနိုင်သည်။
သို့သော် သူတို့သည် သားသမီးများရှေ့တွင်ပြ သော စံနမူနာနှင့်ထိုစည်းမျဉ်းများသည်
မတိုက်ဆိုင်သည်လည်းဖြစ်နိုင်သည်။ မိဘများ သည် ရှေ့နောက်ညီရန်အရေးကြီးသည်။
တူ၊ သားမြေးတို့ပါဝင်သောမိသားစု။ ဘုရားသခင်စီစဉ်သကဲ့သို့၊ လက်ထပ် ထိမ်း မြားခြင်းသည်
သီးသန့်ဖြစ်သည်။ မိသားစုမှာမူ ထိုသို့မဟုတ်ချေ။ ရွေ့လျားနေသော လူ့အ သိုက်အဝန်းတွင်
မိသားစုတွင်ပါဝင်သူများဖြစ်သည့် ဘိုးဘွားများ၊ ညီအစ်ကို မောင်နှ မများ၊ တစ်ဝမ်းကွဲများ၊
သိုက်သိုက်ဝန်းဝန်း နေထိုင်ကြသည်မှာ ရှားပါးလှသည်။ အသင်း တော်မိသားစုသည်
အဝေးရောက်သူများ သို့မဟုတ် ဆွေမျိုးအားကိုးစရာမရှိသူများကို ကူညီနိုင်သည်။
အသင်းတော်ထဲတွင် ကြင်ဖော်မဲ့ မိဘတို့သည်လည်း မိမိ တို့သားသမီး များအား
မေတ္တာနှင့်ကြင်နာမှုဖြင့် ပျိုးထောင်ရန်အဆင်ပြေသောနေရာကို ရှာတွေ့နိုင် သည်။
အသင်း တော်သည် အိမ်ထောင်တွင်လိုအပ်သည့် သင့်လျော်သောစံပြ ပုဂ္ဂိုလ်များ နေရာကို
ဖြည့်စွက် ပေးနိုင်သည်။
အသင်းတော်ထဲကသက်ကြီးရွယ်အိုများကို
ချစ်တတ်ရန်သင်ယူခြင်းအားဖြင့်၊ ကလေး များသည် ရိုသေလေးစားမှုကိုသင်ယူနိုင်သည်။
သက်ကြီးရွယ်အိုများသည်လည်း ချစ်ခင် ကြည်နူးရမည့်ကလေးများရှိခြင်းဖြင့်
ကျေနပ်နှိမ့်သိမ့်မှုတွေ့ကြုံခံစားနိုင်သည်။ “တစ်ဖန်တုံ အိုဘုရားသခင်၊
အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်တောင်၊ ယခုလူများတို့အား
ကိုယ်တော်၏အစွမ်းသတ္တိကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သော သူအပေါင်းတို့အား
တန်ခိုးကိုလည်းကောင်း၊ အကျွန်ုပ်မပြုမီတွင် အကျွန်ုပ်ကိုစွန့်ပစ် တော်မမူပါနှင့်”
(ဆာ ၇၁း၁၈)။
ဘုရားသခင်သည် အသက်ကြီးသူများကို အထူးအရေးထားသည်။ “ဖြူသော
ဆံပင်သည် ဖြောင့်မတ်ခြင်းတရားလမ်း၌တည်လျှင်၊ ဘုန်းကြီးသောသရဖူဖြစ်၏” (သု ၁၆း၃၁)။ “သင်တို့အသက်ကြီး၍ ဆံပင်ဖြူသည်တိုင်အောင်၊ ငါသည်
ထိုသို့ပြုသောသူ ဖြစ်၍၊ သင်တို့ ကို ဆောင်ရွက်မည်။ ငါပြုခဲ့ပြီးသည်အတိုင်း
ထမ်းဦးမည်။ ဆောင်ရွက်၍ ကယ်တင်မည်” (ဟေရှာ ၄၆း၄)။
အသင်းတော်သည် တစ်ကိုယ်ရေတစ်ကာယများကို
ချစ်ခင်မြတ်နိုးရန်နှင့်၊ သူတို့ ကလည်း
ပြန်၍ချစ်ခင်မြတ်နိုးနိုင်ရန်အထူးနေရာဖြစ်သည်။ ၎င်း၏သာသနာလုပ်ငန်းအား ဖြင့်
သူတို့သည် ဘုရားသခင်၏စောင့်ရှောက်မှုကိုခံစားနိုင်သည်။ “အကယ်စင်စစ်၊ ထာ၀ရ
မေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏”
(ယေ ၃၁း၃)။
ဆင်းရဲသားများကို အထူးစောင့်ရှောက်ခြင်းသည် “စင်ကြယ်သန့်ရှင်းသောသီလ” ၏ အစိတ် အပိုင်းဖြစ်သည်
(ယာ ၁း၂၇။ ထွက် ၂၂း၂၂။ တရား ၂၄း၁၇။ ၂၆း၁၂။ သု ၂၃း၁၀။ ဟေရှာ ၁း၁၇)။
အသင်းတော်မိသားစုသည် မိသားစုမရှိ သောသူတို့အတွက်ကွန်းခိုရာ၊ ကွယ်ကာရာ၊
နွေးထွေးမှုနေရာကိုပေးရန် အထူးအခွင့် အရေးရှိသည်။ ခရစ်တော်မိန့် ဆိုသည့်
ခရစ်ယာန်၏အမှတ်အသားဖြစ်သော အထူးစည်းလုံးခြင်း၌ သူတို့တစ်ဦးစီပါဝင် နိုင်သည် (ယော
၁၇း၂၀-၂၃)။
ပြန်လှည့်လာခြင်း
မိသားစုသည် အသင်းတော်နှင့် လူ့အသိုက်အဝန်း၏ စံထားစရာ
ဖြစ်သောကြောင့်၊ ခရစ်ယာန်မိသားစုကိုယ်၌က ထာ၀ရဘုရားအတွက် အသင်းသားများကိုရရှိ၍၊
ထိန်းသိမ်း ရန်ကိရိယာဖြစ်လိမ့်မည်။ ဓမ္မဟောင်းကျမ်း၏နောက်ဆုံးကျမ်းချက်သည်
ခရစ်တော် မကြွလာမီ ဖြစ်ပျက်မည့်အရာကို အနာဂတ္တိဟောပြောခြင်းဖြစ်သည်။ “ကြည့်ရှုလော့။
ထာ၀ရဘုရား၏ ကြောက်မက်ဖွယ်သောနေ့ရက်ကြီးမရောက်မီ၊ ပုရောဖက်ဧလိယကို သင်တို့ရှိရာသို့
ငါစေလွှတ်မည်။ ငါသည် လာ၍သင်တို့၏ပြည်ကိုကျိန်ခြင်းဘေးနှင့် ဒဏ်မ ခတ်မည်အကြောင်း၊
ထိုပုရောဖက်သည် သားတို့နှင့်အဘတို့ကိုလည်းကောင်း၊ အဘတို့ နှင့်သားတို့ကိုလည်းကောင်း၊
အသင့်အတင့်ဖြစ်စေမည်” (မာလ ၄း၅၊၆)။ မိသားစုထဲမှ မိသားစုဝင်များကို ဆွဲထုတ်ရန်
အင်အားစုများစွာကကြိုးပမ်းနေသော်လည်း၊ ဘုရားသခင် ၏ခေါ်တော်မူခြင်းမှာ
ပြန်လည်စည်းလုံးရန်၊ ပြန်လည်ခွန်အားရှိစေရန်၊ ပြန်လှည့်လာရန် နှင့် ပြန်လည်အသစ်
ပြုပြင်ရန် ဖြစ်သည်။ ကိုယ်တော်၏ခေါ်တော်မူခြင်းကိုတုံ့ပြန်သော ထိုမိသားစုများသည်
စစ်မှန်သော ခရစ်ယာန်ဘာသာကိုဖော်ပြလိမ့်မည်။ ထိုသို့သော မိသားစုများဖြင့်
ဖွဲ့စည်းသော အသင်းတော်များသည် ကြီးထွားလိမ့်မည်။ သူတို့၏လူငယ် များသည်လည်း
ထွက်မသွားဘဲ၊ ရှင်းလင်းသော ဘုရားသခင်၏ပုံသဏ္ဌာန်ကို လောကီ သားတို့ထံပုံဖော်ပေးကြ
လိမ့်မည်။
-၀-
No comments:
Post a Comment