အခန်း - ၆၃
ဝတ်ဆင်တန်ဆာ
၁။ ဘုရားသခင်သည် စိတ်မြင့်ခြင်းကို ဘယ်အပြစ်တန်း၌ ထည့်တော်မူသနည်း။
ထာ၀ရဘုရားမုန်းတော်မူသောအရာ ခြောက်ပါးမက စက်ဆုပ်ရွံ့ရှာတော်မူသော အရာခုနစ်ပါး ဟူမူကား၊ ထောင်လွှားသောမျက်နှာ တစ်ပါး၊ မုသား၌ ကျင်လည်သောလျှာတစ်ပါး၊ အပြစ်မရှိသော သူ၏အသက်ကို သတ်သော လက်တစ်ပါး၊ မကောင်းသောအကြံကို ကြံစည်သော နှလုံးတစ်ပါး၊ အပြစ်ပြုရာသို့အလျင်အမြန်ပြေးတတ်သောခြေတစ်ပါး၊ မုသားစကားကိုပြော၍ မမှန်သောသက်သေတစ်ပါး၊ အပေါင်းအဖေါ်ချင်းရန်တွေ့စေခြင်းငှာ ပြုတတ်သောသူတစ်ပါးတည်း။ (သု၊ ၆း၁၆-၁၉။)
၂။ ဝါကြွားသောသူသည် ခမည်းတော်ဘုရားနှင့်စပ်ဆိုင်သလော။
လောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ (၁ယော၊ ၂း၁၆။)
၃။ သောဒုံမြို့၏အပြစ်များထဲက တစ်ခုသည် ဘယ်အပြစ်နည်း။
သင့်ညီမ သောဒုံ၏အပြစ်ဟူမူကား၊ သူနှင့်သူ့သမီးတို့သည် မာနကြီးခြင်း။ (ယေဇ၊ ၁၆း၄၉။)
၄။ သောဒုံမြို့သည် ဘာဒဏ်ခံရသနည်း။
ထိုအခါထာ၀ရဘုရားသည် ကောင်းကင်ထက်အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့်မီးမိုးရွာစေတော်မူ၏။ (က၊ ၁၉း၂၄။)
၅။ ထိုအခါကဲ့သို့ ယခုကာလ၌မာနထောင်လွှားခြင်းသည် ဘုရားကို ရှာခြင်းမှ လူကိုဆီးတားသလော။
မတရားသောသူသည် မာနထောင်လွှားသောကြောင့် မစဉ်းစားတတ်ပါ၊ ဘုရားသခင်မရှိဟု အစဉ်အောက်မေ့တတ်ပါ၏။ (ဆာ၊ ၁ဝး၄။)
၆။ ရှေးကာလ၌ အချို့လူတို့သည် ထောင်လွှားခြင်းကို ဘယ်အရာအားဖြင့် ဖေါ်ပြကြသနည်း။
ခြေချင်း၊ ဇာဦးထုတ်၊ လဆန်းရုပ်လည်ဆွဲ၊ နားသန်းသီး၊ လက်ကောက်၊ မျက်နှာဖုံး၊ ပေါင်းသရဖူ၊ ရွှေခြေကြိုး၊ ခါးပန်း၊ နှာခေါင်းဘူး၊ လက်ဖွဲ့၊ လက်စွပ်၊ နှာဆွဲ။ (ဟေရှာ၊ ၃း၁၆ ၊ ၂၄။)
၇။ မည်သူစ၍ တန်ဆာဝတ်ဆင်သနည်း။
အဖြေ။ မယုံကြည်သူ စ၍ ဝတ်ဆင်ပါသည်။
မှတ်ချက်။ အာဗြဟံသည် ရုပ်တုကိုးကွယ်သောအမျိုးထဲက ရွေးကောက်ခြင်းခံရသော သူဖြစ်၍ (က၊ ၁၂း၁။ ယောရှု၊ ၂၄း၂။) ၎င်းအမျိုးထဲက ဣဇာက်ဖို့ မိန်းမတစ်ယောက်ကို တောင်းဆိုဖို့ရန် မိမိကျွန်ဧလျာဇာကို စေလွှတ်သောအခါ ရုပ်တုကိုးကွယ်သော လူမျိုးတို့ထုံးစံရှိသည့်အတိုင်း အဖိုးထိုက်သော တန်ဆာများကို ပေးလိုက်သည်။ (က၊ ၂၄း၂၂။) ဣသရေလလူတို့သည် မိဒျန်လူမျိုးတို့မှလုယူ၍ ရသောပစ္စည်းတို့မှာ နားတောင်း၊ ဝတ်ဆင်သောတန်ဆာ၊ လည်ဆွဲ၊ နီမောင်းသောအဝတ်၊ ကုလားအုတ်လည်ကြိုးများဖြစ်သည်။ (သူကြီး၊ ၈း၂၂၊၂၆။) မိဒျန်လူတို့သည် ကျွန်ဟာဂရ၏သား ဣရှမွေလကဆင်းသက်သောသူ ဖြစ်ကြသည်။ ဘုရားသခင်၏ လူမျိုးအား ကျွန်မနှင့် သူ၏သားကို နှင်ထုတ်လော့ဟု ဘုရားသခင်၏ မိန့်တော်မူ၏။ (ဂလ၊ ၄း၃၀၊၃၁။) စာရာသည် ကျွန်မ မဟုတ်သောမိန်းမဖြစ်၍ ခရစ်ယာန်လူတို့ သည် သူ၏ပုံသက်သေကို လိုက်ရကြမည်။ (၁ပေ၊ ၃း၃-၆။)
၈။ ခါနာန်ပြည်သို့ အပြန် မှန်သောဘုရားကို ကိုးကွယ်ဖို့ ယဇ်ပလ္လင်ကို တည်ဆောက်သောအခါ ဘုရားသခင်နားမညောင်းမီ ယာကုပ်သည် ဘာလုပ်ခဲ့သနည်း။
အဖြေ။ ယာကုပ်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား တစ်ပါးအမျိုးသားတို့၏ ဘုရားတို့နှင့် ရှိသမျှဝတ်ဆင်တန်ဆာတို့ကို ငါ့အားပေးလော့ဟူ၍ ဆိုသည်အတိုင်း ပေးကြသောအခါ မြေ၌မြှုပ်လိုက်လေ၏။ (က၊ ၃၅း၁-၅။)
၉။ လူတို့သည် ဘုရားမှလွဲသောအခါ မိမိတို့ကိုယ်ကို မည်ကဲ့သို့ အဝတ်တန်ဆာဆင်ကြသနည်း။
အဖြေ။ ဟော၊ ၂း၁၃။ ယေဇ၊ ၂၃း၄၀-၄၂။
၁၀။ ဘုရားသခင်သည် သူတို့နှင့်အတူရှိတော်မူစေခြင်းငှာ ဣသရေလလူတို့သည် ဘာလုပ်ကြသနည်း။
အဖြေ။ ထွ၊ ၃၃း၁-၆။
၁၁။ ခရစ်ယာန်လူတို့သည် ထိုဝတ်ဆင်တန်ဆာတို့ကို ဝတ်အပ်ကြသလော။
အစာမဟုတ်သော အရာအဖို့ သင်တို့ငွေကို လည်းကောင်း၊ အမွတ်မပြေနိုင်သောအရာအဖို့ သင်တို့ဥစ္စာကိုလည်းကောင်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ (ဟေရှာ၊ ၅၅း၂။)
မှတ်ချက်။ ဤတန်ဆာဝတ်ဆင်သောသူတို့သည် မှန်သောအကျိုးတန်ဖိုးမရှိ။ အေးသောအခါ မနွေးစေနိုင်။ ပူသောအခါ မအေးစေနိုင်။ ဆာသောအခါ ၎င်းတို့ကို မစားနိုင်။ နာသောအခါလည်းမစခြင်းမရနိုင်။ ဝတ်ဆင်ထားသောသူတို့၏အချည်းနှီး တပ်မက်ခြင်းကိုသာ တိုးပွားစေသည်။
၁၂။ ဓမ္မသစ်ကျမ်းက ထိုနည်းအတိုင်းမြစ်တားသလော။
ထိုနည်းတူ မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ၊အဖိုးထိုက်သောအဝတ်နှင့် ကိုယ်ကို မဆင်ဘဲ၊ (၁တိ၊ ၂း၉။)
၁၃။ ခရစ်ယာန်ဖြစ်သောသူသည် ဘယ်ဝတ်ဆင်တန်ဆာမျိုးကို တပ်မက်ခြင်းမပြုအပ်သနည်း။
သင်တို့၌ တန်ဆာဆင်ခြင်းမူကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာဆင်ခြင်း မဖြစ်စေဘဲ။ (၁ပေ၊ ၃း၃။)
၁၄။ မည်ကဲ့သို့ အဝတ်ကိုဝတ်ရကြသနည်း။
ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့် လျောက်ပတ်သောအဝတ်နှင့် လည်းကောင်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသောမိန်းမ ဆင်သင့်သည်အတိုင်း ကောင်းသောအကျင့်နှင့်လည်းကောင်း၊ ကိုယ်ကိုတန်ဆာဆင်စေခြင်းငှာ ငါအလိုရှိ၏။ (၁တိ၊ ၂း၉၊၁၀။)
မှတ်ချက်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုဖို့ရန် စည်းဝေးကြသောအခါ စင်ကြယ်သော အဝတ်ကို ဝတ်ဆင်လျှင် ကိုယ်တော်နှစ်သက်တော်မူသည်။ (၂ကော၊ ၇း၁။ ထွ၊ ၁၉း၁၀၊၁၄။) ကျောက်သံပတ္တမြားတို့ကို ဝတ်ဆင်ခြင်းနှင့်တူ၏။
၁၅။ အလှဆုံးသောတန်ဆာ ဆင်ခြင်းသည် အဘယ်သို့နည်း။
ဘုရားသခင်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်း သဘောတည်းဟူသော မဖေါက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏အတွင်းလူဖြစ်စေကြလော့။ (၁၊ ပေ၃း၄။)
No comments:
Post a Comment