အခန်း - ၄၃
နှစ်သက်တော်မူကြောင်းသက်သေများ
၁။ ဘုရားသခင် နှစ်သက်တော်မူသော သူသည် အဘယ်သူနည်း။
အကယ်စင်စစ်ထာ၀ရဘုရားသည် လူမျက်နှာကို မှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏။ (တ၊ ၁ဝး၃၄၊၃၅။)
၂။ လူသည် မိမိတန်ခိုးနှင့်တရားသဖြင့် ကျင့်နိုင်သလော။
ငါသည် ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်။ မကျင်ချင်သော အကျင့်ဆိုးကို ကျင့်၏။ (ရော၊ ၇း၁၉။ ၈း၇။ ဂလ၊ ၅း၁၉-၂၁။ ဟေရှာ၊ ၆၄း၆။)
၃။ ထိုကြောင့် လူသည် မည်ကဲ့သို့ပြုလုပ်ရမည်နည်း။
ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်ရ။ (ယော၊ ၃း၃။ ၁ပေ၊ ၁း၂၂၊၂၃။၂ကော၊ ၅း၁၇။)
၄။ ထိုအသစ်သောအသက်ကို အဘယ်တန်ခိုးအားဖြင့်ရသနည်း။
ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ယော၊ ၆း၆၃။ ရေနှင့်ဝိညာဉ်တော်မမွေးသောသူ မည်သည်ကား ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရ။ (ယော၊ ၃း၅။)
၅။ လူသည် အဘယ်သို့သောသူဖြစ်ကြောင်း ဘာကိုထောက်၍ သိနိုင်သနည်း။
အကျင့်ကိုထောက်သော် သူတို့၏သဘောကို သိရကြလိမ့်မည်။ (မ၊ ၇း၂၀။)
၆။ ဝိညာဉ်သည် ဘာအသီးမျိုးသီးသနည်း။
ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ကို ချုပ်တည်းခြင်းပေတည်း။ (ဂလ၊ ၅း၂၂၊၂၃။)
၇။ ငါတို့သည် ခရစ်ယာန်ဖြစ်ကြသည်ဟုဆိုလျှင် လုံလောက်ပြီလော။
သခင်သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုကိုဆောင်သောသူ သာလျှင် ဝင်ရလိမ့်မည်။ (မ၊ ၇း၂၁။)
၈။ လူသည်ဒုက္ခရောက်လျှင် ဘုရားသခင် နှစ်သက်တော်မမူကြောင်း သက်သေဖြစ်သလော။
ထာ၀ရဘုရားသည် ချစ်တော်မူသောသူတို့ကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏။ (ဟေဗြဲ၊ ၁၂း၆။ ရော၊ ၅း၃-၅။ ယာ၊ ၁း၂-၄။ မ၊ ၅း၁၀၊၁၂။)
၉။ လောသားတို့သည် ဘုရားသခင်၏သားတို့ကို မည်ကဲ့သို့သဘောသနည်း။
သင်တို့သည် လောကနှင့် မဆက်ဆံ၊ လောကထဲက ငါရွေးကောက်သောသူ ဖြစ်သောကြောင့် လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။ (ယော၊ ၁၅း၁၉၊၂၁။ ၁ပေ၊ ၄း၁၂-၁၆။ ၂ကော ၁၂း၁၀။)
၁၀။ ဒုက္ခခံရသော်လည်းဘာအကျိုးရမည်နည်း။
သူသည် နာဖျား၍ တုံးလုံးနေသောအခါ ထာ၀ရဘုရားသည် ထောက်ပင့်တော်မူမည်။ နာ၍နေစဉ်ကာလ ကိုယ်တော်သည် သူအိပ်ရာရှိသမျှကို လှန်ပြန်တော်မူမည်။ (ဆာ၊ ၄၁း၃။ ၃၄း၁၉။ ဟေရှာ၊ ၄၃း၂။)
၁၁။ ကျွန်ုပ်တို့ကို ညှဉ်းဆဲသောသူအား မည်ကဲ့သို့ သဘောထားရမည်နည်း။
ငါပညတ်သည်ကာ၊ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကိုနှောင့်ယှက်ညှဉ်းဆဲသော သူတို့အဖို့ဘုရားသခင်ကို ဆုတောင်းကြလော့။ (မ၊ ၅း၄၄။)
၁၂။ ပြောင်းလဲသောသူတို့၏နှလုံးထဲ၌ ဘာရှိသနည်း။
ကြွင်းသောစကားဟူမူကား၊ ညီအကိုတို့၊ သမ္မာတရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့်ရှိသမျှ တို့ကိုလည်းကောင်း၊ ကျင့်ကောင်းတစ်ပါးပါး၊ ကောင်းသောသတင်းတစ်ပါးပါးနှင့်ဆိုင်သော အကျင့်တို့ကို လည်းကောင်း နှလုံးသွင်းကြလော့။ (ဖိ၊ ၄း၈။)
၁၃။ ၎င်းသူသည် မည်သည့်အရာကိုနှစ်သက်သနည်း။
ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ ပညတ်တရားတော်ကို နှစ်သက်၏။ (ရော၊ ၇း၂၂။ ဆာ၊ ၁း၁၊၂။)
၁၄။ ကျွန်ုပ်တို့ကို နှစ်သက်တော်မူကြောင်း ဘာသက်သေခံသနည်း။
ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟုဝိညာဉ်တော်သည် ငါတို့ဝိညာဉ်နှင့် အတူသက်သေခံတော်မူ၏။ (ရော၊ ၈း၁၆။)
၁၅။ ဘုရာသခင်သည် ကျွန်ုပ်တို့ကို နှစ်သက်တော်မူကြောင်း ကျွန်ုပ်တို့သည် ဧကန်အမှန်မည်ကဲ့သို့ သိနိုင်သနည်း။
ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကို အဘယ်သို့ သိရသနည်းဟူမူကား ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ (၁ယော၊ ၂း၃၊၄။)
၁၆။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို နှစ်သက်တော်မူကြောင်း လောကီသားတို့သည် မည်ကဲ့သို့သိနိုင်သနည်း။
သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည်ငါ၏ တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။ (ယော၊ ၁၃း၃၅။)
No comments:
Post a Comment