Sunday, March 2, 2025

 



အခန်း- ၁၅ - ရေနှစ်ခြင်း

ရေနှစ်ခြင်း ခံယူခြင်းအားဖြင့် ယေရှု၏ အသေခံခြင်းနှင့် ထမြောက်ခြင်းကို ယုံကြည်ကြောင်း ကျွန်ုပ်တို့ဝန်ခံကြပြီး၊ အပြစ်၌သေခြင်းနှင့်အသစ်သောအသက်တာ၌ လျှောက်လှမ်း ရန်စိတ်ပိုင်းဖြတ်ခြင်းကို ကျွန်ုပ်တို့သက်သေခံသည်။ ဤနည်းဖြင့် ကျွန်ုပ် တို့သည် ခရစ်တော်ကိုအရှင်သခင်နှင့် ကယ်တင်ရှင်အဖြစ် အသိအမှတ်ပြုပြီး၊ သူ၏ လူများဖြစ်လာကာ၊ သူ၏ အသင်းတော်တွင် အသင်းဝင်များအဖြစ်ပါဝင်ခွင့်ရရှိသည်။ ရေနှစ်ခြင်းသည် ခရစ်တော်နှင့် ကျွန်ုပ်တို့ ပေါင်းစည်းခြင်း၊ ကျွန်ုပ်တို့၏ အပြစ်များကို လွှတ်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ် တော်သည် ကျွန်ုပ်တို့ကိုလက်ခံရရှိခြင်းတို့၏ သင်္ကေတဖြစ်သည်။ ရေထဲနှစ်ခြင်းသည် ယေရှု အား ယုံကြည်ခြင်းကိုသစ္စာဆိုခြင်းနှင့် အပြစ်နောင်တရခြင်း၏အထောက်အထားကို ဖော်ပြ သောအရာဖြစ်သည်။ ၎င်းသည် သမ္မာကျမ်းစာ၏ညွှန်ကြားချက်များ၊ သွန်သင်ချက်များနှင့် ညီညွတ်သည်။ (မ ၂၈း၁၉၊၂၀။ တ ၂း၃၈။ ၁၆း၃၀-၃၃။ ၂၂း၁၆။ ရော ၆း၁-၆။ ဂလ ၃း၂၇။ ကော ၂း၁၂၊၁၃။)

ညောင်ဝီရာ (Nyangwira) သည် အဖရိကအလယ်ပိုင်းတွင်နေထိုင်သည်။ ရေနှစ် ခြင်းသည် ရွေးစရာတစ်ခုမျှသာဟု သူမမယူဆချေ။ တစ်နှစ်ကျော်မျှ သမ္မာကျမ်းစာကို စိတ်ပါစွာ လေ့လာခဲ့သည်။ သူမသည် ခရစ်ယာန်တစ်ဦးဖြစ်လာချင်သည်။

တစ်ညနေခင်းတွင် သူမသည် သူသင်ယူခဲ့သော အရာများကို သူမ၏ခင်ပွန်းသည် အားပြောပြခဲ့သည်။ ယမ်းပုံမီးကျသည့်အလား သူက ဒီလိုမျိုးဘာသာရေးကို ငါ့အိမ်မှာ ငါမလိုချင်ဘူး။ မင်းဆက်ပြီး လေ့လာမယ်ဆိုရင်၊ မင်းကိုငါသတ်မယ်ဟု အော်ငေါက် ခဲ့သည်။ သူမသည် ကြေကွဲသော်လည်း၊ ကျမ်းစာကိုဆက်လေ့လာပြီး၊ မကြာမီ ရေနှစ် ခြင်းခံရန် အဆင်သင့်ဖြစ်နေခဲ့သည်။

ရေနှစ်ခြင်း မင်္ဂလာပွဲသို့ မသွားမီ၊ ညောင်ဝီရာသည် လင်ယောက်ျားရှေ့တွင် ရိုသေ စွာဒူးထောက်၍၊ ရေနှစ်ခြင်းခံမည့် အကြောင်းကိုပြောပြခဲ့သည်။ သူသည် အမဲလိုက် ဓားမကိုကောက်ယူ၍၊ င်းရေနှစ်ခြင်းခံတာ ငါမလိုချင်ဘူးလို့ငါပြောပြီးပြီ။ မင်းရေနှစ် ခြင်းခံတဲ့နေ့မှာ မင်းကိုငါသတ်မယ်ဟုအော်ဟစ်ခဲ့သည်။

သို့သော်ညောင်ဝီရာသည်၊ သူ့သခင်၏နောက်သို့လိုက်ရန်ဆုံးဖြတ်ပြီး၊ ယောက်ျား ၏ ခြိမ်းခြောက်မှုသည် နားထဲပဲ့တင်ထပ်နေရင်း၊ ထွက်သွားခဲ့သည်။

ရေထဲသို့မဆင်းမီ၊ ထိုနေ့တွင် သူမ၏အသက်ကို သူ့သခင်ဘုရားထံပေးဆပ်ရမည် မပေးဆပ်ရမည်ကို မသိသည်ဖြစ်ရာ၊ သူမ၏အပြစ်များကိုဖော်ပြဝန်ချ၍၊ မိမိ၏ အ သက်ကို သူမ၏ ကယ်တင်ရှင်ထံသို့အပ်နှံခဲ့သည်။ ရေနှစ်ခြင်းခံသောအခါ သူမ၏ စိတ် နှလုံးသည် ငြိမ်သက် ခြင်းနှင့်ပြည့်နေခဲ့သည်။

သူမအိမ်သို့ပြန်ရောက်သောအခါ၊ ဓါးကိုယူ၍ ယောက်ျားကိုကမ်းပေးလိုက် သည်။ သူကမင်းရေနှစ်ခြင်းခံပြီးလားဟုဒေါသတကြီးမေးခဲ့သည်။ ညောင်ဝီရာက ဟုတ်ကဲ့၊ ရော့ဒီမှာဓါးဟု ရိုးရိုးပင်ပြန်ဖြေခဲ့သည်။ မင်းအသတ်ခံဖို့အဆင်သင့် ပဲလားဟုမေးရာ၊ ဟုတ်ကဲ့၊ အဆင်သင့်ပဲဟုပြန်ဖြေခဲ့သည်။ သူမ၏သတ္တိ အပေါ်အံ့ဩပြီး၊ ယောက်ျား သည် သူမကို သတ်လို စိတ်မရှိတော့ချေ။

ရေနှစ်ခြင်းသည်မည်မျှအရေးကြီးသနည်း။

ရေနှစ်ခြင်းအတွက် မိမိအသက်ကို စွန့်စားထိုက်ပါသလား။ ဘုရားသခင်သည် အမှန်တကယ် ရေနှစ်ခြင်းကို တောင်းဆိုပါသလား။ ကယ်တင်ခြင်းသည် ရေနှစ်ခြင်းခံ ခြင်း၊ မခံခြင်း အပေါ်မူတည်ပါသလား။

ယေရှု၏ပုံနမူနာ။ တစ်နေ့တွင်ယေရှုသည်   မိသားစုကိုနှုတ်ဆက်၍၊ နာဇရက် မြို့မှထွက် ခွာလာကာ၊ သူ၏တစ်ဝမ်းကွဲ ယောဟန်တရားဟောသည့်နေရာ ယော်ဒန်မြစ် သို့ ကြွလာခဲ့ သည်။ ယောဟန်ဆီသို့ချည်းကပ်လာပြီး ရေနှစ်ခြင်းပေးရန် တောင်းဆိုခဲ့သည်။ ယောဟန် သည် အံ့ဩလျက်၊ ]အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည်အကြောင်း ရှိပါသည် ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ကြွလာ တော်မူသလော} ဟု မလုပ်ရန်ဖျောင်းဖျခဲ့၏။

ယေရှုကလည်း၊ အလုံးစုံသော တရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍၊ ယခု အခွင့်ပေးပါဟု ပြန်ပြောတော်မူ၏” (မ ၃း၁၃-၁၅)။ ယေရှု၏ ရေနှစ်ခြင်းခံခြင်းသည်      ဘုရားရှင် ပြဌာန်းသော အမိန့်ဖြစ်ကြောင်းကို အမြဲပြသသည် (မ ၃း၁၃-၁၇)။ ဖြောင့်မတ် ခြင်းကို ယုံကြည်လက်ခံခြင်းနှင့် မိမိ၏ အသက်တာတိုးတက်အောင်အပ်နှံခြင်းအဖြစ်ရေ နှစ်ခြင်း သည် လူအားလုံးပါဝင်နိုင်သော ဝိညာဉ်ရေးလုပ်ဆောင်မှုတစ်ခုဖြစ်သည်။ အပြစ်မဲ့သော ခရစ်တော်သည် အလုံးစုံသောတရားတို့ပြည့်စုံစေရန် ရေနှစ်ခြင်းခံသည် ဖြစ်ရာ၊ အပြစ်သား ကျွန်ုပ်တို့သည် အလားတူ ပြုလုပ်သင့်ပေသည်။

ယေရှု၏ပညတ်ချက်။ သူ၏သာသနာအဆုံးတွင် ခရစ်တော်သည် မိမိတပည့် တော်တို့ကို ဤသို့မိန့်ကြားခဲ့သည်။ သင်တို့သည်သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကိုစောင့်ရှောက် စေ ခြင်းငှာ ဆုံးမဩဝါဒပေးကြလော့” (မ ၂၈း၁၉၊၂၀)။

ဤစေစားချက်တွင် ခရစ်တော်သည် သူ၏အသင်းတော်တည်းဟူသော သူ၏ ဝိညာဉ်ရေးနိုင်ငံတော်၏ အသင်းဝင်ဖြစ်လိုသောသူတို့ကို ရေနှစ်ခြင်းပေးရန်လိုအပ် ကြောင်းရှင်းလင်းပြသခဲ့သည်။ တပည့်တော်တို့၏သာသနာပြုခြင်းအားဖြင့်၊ သန့်ရှင်း သောဝိညာဉ်တော်သည် လူတို့ကိုနောင်တရစေ၍၊ ယေရှုကိုမိမိတို့ကယ်တင်ရှင်အဖြစ် လက်ခံစေသောအခါ၊ သူတို့သည် သုံးပါးတစ်ဆူဘုရား၏နာမဖြင့်ရေနှစ်ခြင်းခံရမည်။ သူတို့၏ ရေနှစ်ခြင်းခံခြင်းက သူတို့သည် ခရစ်တော်နှင့်ကိုယ်တိုင်ဆက်ဆံရေးကိုစတင် ခြင်းနှင့် ကျေးဇူးတော် နိုင်ငံတော်၏ စည်းမျဉ်းနှင့်အညီ နေထိုင်မည်ဖြစ်ကြောင်း အပ်နှံ ခြင်းတို့ကိုပြသသည်။ ရေနှစ်ခြင်း ပေးရန်ပြဋ္ဌာန်းချက်ကို ယေရှုက ငါသည်လည်းကပ် ကမ္ဘာကုန်သည် တိုင်အောင် သင်တို့နှင့် အတူအစဉ်မပြတ်ရှိသည်” (မ ၂၈း၂၀) ဟူ သော အာမခံချက် ဖြင့်အဆုံးသတ်သည်။

ခရစ်တော်တက်ကြွ သွားပြီးနောက်၊ တမန်တော်တို့သည် ရေနှစ်ခြင်းခံရန် လိုအပ် ကြောင်းနှင့် အရေးတကြီးဖြစ်ကြောင်းကိုကြေညာခဲ့ကြသည် (တ ၂း၃၈။ ၁ဝး၄၈။ ၂၂း ၁၆)။ လူများစွာတို့သည် ရေနှစ်ခြင်းခံခြင်းဖြင့်တုံ့ပြန်ခဲ့ကြပြီး ဓမ္မသစ် အသင်းတော်ကို တည်ထောင်ခဲ့ကြသည် (တ ၂း၄၁၊၄၇။ ၈း၁၂)။ သူတို့၏ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ် တော် ၏အခွင့်အာဏာကိုလက်ခံကြ သည်။

ရေနှစ်ခြင်းနှင့်ကယ်တင်ခြင်း။  ခရစ်တော်က  ယုံကြည်၍ဗတ္တိဇံကိုခံသော သူ သည် ကယ်တင်တော်မူခြင်းသို့ရောက်လတ္တံ့” (မာ ၁၆း၁၆) ဟု သွန်သင်ခဲ့သည်။ တမန် တော် ခေတ်အသင်းတော်တွင်၊ ခရစ်တော်ကိုလက်ခံပြီးနောက် ရေနှစ်ခြင်းက လိုက်လာ သည်။ ၎င်းသည် ယုံကြည်သူအသစ်၏ယုံကြည်ခြင်းကို အတည်ပြုခြင်းဖြစ် သည် (တ ၈း၁၂။ ၁၆း၃၀-၃၄)။

ပေတရုသည်ရေနှစ်ခြင်းနှင့် ကယ်တင်ခြင်းအကြားဆက်စပ်မှုကိုဖော်ပြရန် နောဧ အချိန် ကရေလွှမ်းမိုးခြင်းအတွေ့အကြုံကိုအသုံးပြုခဲ့သည်။ ရေမလွှမ်းမိုးမီအချိန် တွင် အပြစ်သည် လွန်စွာကြီးမားရာ၊ နောဧအားဖြင့်ဘုရားသခင်သည် လောကီသားတို့ ကို နောင်တရရန် သို့မဟုတ် ပျက်စီးခြင်းကိုရင်ဆိုင်ရန်သတိပေးခဲ့သည်။ လူရှစ်ဦးသာ ယုံ ကြည်၍ သင်္ဘော ထဲ သို့ဝင်ကာ၊ ရေအားဖြင့်ကယ်တင်ခြင်းခံခဲ့ကြရသည်။ ပေတရု က ထိုသို့သော ဥပမာအတိုင်း၊ ဗတ္တိဇံ (ကိုယ်ကာယ၏ အညစ်အကြေးဆေးကြော ခြင်းကို မဆိုလို။ ကိုယ်ကိုကိုယ် သိသော စိတ်ကြည်လင်၍၊ ဘုရားသခင့်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသည်။) ယေရှုခရစ် ထမြောက် တော်မူသောအားဖြင့်၊ ငါတို့ကိုကယ်တင်တတ်၏” (၁ပေ ၃း၂၀၊၂၁) ဟုဆိုသည်။

နောဧနှင့် သူ၏ မိသားစုသည် ရေအားဖြင့် ကယ်တင်ခြင်းခံရသကဲ့သို့ ကျွန်ုပ်တို့ သည် ရေနှစ်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြောင်း ပေတရုရှင်းပြခဲ့သည်။ အမှန်မှာ လွှမ်းမိုးသော ရေအားဖြင့်မဟုတ်ဘဲ၊ ဘုရားသခင်သည် နောဧကိုကယ်တင်ခဲ့သည်။ အလားတူ၊ ရေနှစ်ခြင်း မဟုတ်ဘဲ၊ ခရစ်တော်၏အသွေးသည် ယုံကြည်သူ၏အပြစ်ကို ဖယ်ရှားပေးသည်။ သို့သော်၊ သင်္ဘောထဲဝင်ရန် (နောဧ၏) နားထောင်ခြင်းကဲ့သို့၊ ရေနှစ်ခြင်းသည် ကိုယ်ကိုကိုယ်သိ သောစိတ်ကြည်လင်၍၊ ဘုရားသခင့်ရှေ့၌ဝန်ခံခြင်း ကိုဆိုလိုသည်။လူတစ်ဦးကို ဘုရားသခင်၏ တန်ခိုးတော်သည် အဖြေကိုပေးသောအခါ၊ ခရစ်တော်ထမြောက်ခြင်းအားဖြင့် ပေးသော ကယ်တင်ခြင်းသည် အကျိုးသက်ရောက် မှု ရှိလာသည်။

ရေနှစ်ခြင်းသည် ကယ်တင်ခြင်းနှင့်အလွန်ဆက်နွှယ်မှုရှိသော်ငြားလည်း၊ ကယ် တင်ခြင်းကိုအာမမခံချေ။ ပေါလုသည် ဣသရေလတို့၏ ထမြောက်ခြင်း အတွေ့အကြုံ သည် ရေနှစ် ခြင်းကို ပုံဆောင်သည်ဟုထင်မှတ်သည်။ ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုးတိမ်အောက်မှာ ရှိ၍၊ ပင်လယ်အလယ်၌လျှောက်သွားကြသည်ဟူ၍လည်းကောင်း၊ မိုး တိမ်နှင့် ပင်လယ်ထဲမှာမောရှေ၌ဗတ္တိဇံကို ခံကြသည်ဟူ၍လည်းကောင်း၊ ဓမ္မအစာကို အတူစားကြသည်ဟူ၍ လည်းကောင်း၊ ဓမ္မရေကိုအတူသောက်ကြသည်ဟူ၍လည်း ကောင်းသင်တို့မသိမမှတ်ဘဲ နေစေခြင်းငှာ ငါအလိုမရှိ။ ထိုသူတို့နောက်၌လိုက်သောဓမ္မ ကျောက်မှ ထွက်သောရေကိုသောက်ကြ၏” (၁ကော ၁ဝး၁-၄)။ မိုးတိမ်အောက်နှင့် ပင်လယ်အလယ်မှာနေသော ဣသရေလလူတို့သည် ပင်လယ်နီဖြတ်သွားချိန်တွင် ရေ၌ နှစ်ခြင်း ကဲ့သို့ဖြစ်ကာ၊ ၎င်းသည်ရေနှစ်ခြင်း ကိုပုံဆောင်သည်။ သို့ရာတွင် ၎င်းအတွေ့ အကြုံ ရှိလင့်ကစား၊ ထိုသူတို့တွင် များ စွာသော သူတို့ကိုဘုရားသခင်သည် အားရနှစ် သက်တော်မမူ” (၁ကော ၁ဝး၅)။ ထိုကြောင့်၊ ယနေ့တွင်လည်း၊ ရေနှစ်ခြင်းသည် အလိုအလျောက် ကယ်တင်ခြင်းကိုအာမမခံချေ။ ဣသရေလတို့အတွေ့အကြုံသည် ကပ်ကာလအဆုံးတွင် ဖြစ်သော ငါတို့ကို ဆုံးမစရာဖို့ ကျမ်းစာ၌ရေးထားလျက်ရှိသ တည်း။ ထို့ကြောင့် အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏၊ ထိုသူသည် မလဲခြင်းငှာသတိပြုစေ” (၁ကော ၁ဝး၁၁၊၁၂)။

ဗတ္တိဇံတစ်ပါး

ခရစ်ယာန်လောကတွင် နှစ်ခြင်းပေးသည့် အလေ့အကျင့် နည်းအမျိုးမျိုးရှိသည်။ တချို့ သော သူတို့သည် ရေထဲ၌နှစ်ခြင်း၊ အခြားသူတို့ကရေဖျန်းခြင်း၊ နောက်ထပ်အခြား သူတို့ကမူ ရေလောင်းခြင်းစသည်ဖြင့်အသုံးပြုကြသည်။ သို့သော် သမ္မာကျမ်းစာက နှစ် ခြင်းတစ်မျိုး တည်းရှိသည်ဟုဆိုသည် (ဧ ၄း၅)။ ၎င်းသည် အသင်းတော်၏ သဘော သဘာ၀ကို မီးမောင်းထိုးပြသော စည်းလုံးခြင်းလက္ခဏာဖြစ်သည်။ ဗတ္တိဇံဟူသော ဝေါ ဟာရ၏အဓိပ္ပါယ်မှာ၊ ၎င်းကို လက်တွေ့လုပ်ခြင်းနှင့် ၎င်း၏ဝိညာဉ်ရေးဆိုင်ရာအရေးပါမှု တို့ကို သမ္မာကျမ်းစာသည် မည်ကဲ့သို့ဖော်ပြသနည်း။

ဗတ္တိဇံ၏အဓိပ္ပါယ်။ ဟေလသစကားလုံးဗတ္တိဇံသည် နစ်မြုပ်ခြင်းဟုသွယ် ဝိုက်ဆို လိုပြီး၊ အထဲသို့ သို့မဟုတ် အောက်သို့နှစ်သည်ဟူ၍အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ဗတ္တိဇံဟူသော စကားလုံးသည် နှစ်ခြင်းကိုညွှန်းဆိုရာတွင်၊ ရေထဲနှစ်လိုက်ခြင်း သို့မ ဟုတ် လူကိုရေအောက်၌ နှစ်ခြင်းဟူသောသဘောကိုဆောင်သည်။

ဓမ္မသစ်ကျမ်းတွင် ဗတ္တိဇံဟူသောစကားလုံးကို (၁) ရေ၌နှစ်ခြင်းကိုရည်ညွှန်းရန် (မ ၃း၆။ မာ ၁း၉။ တ ၂း၄၁)။ (၂) ခရစ်တော်၏ဆင်းရဲဒုက္ခနှင့် သေခြင်းကိုတင်စားရန် (မ ၂ဝး၂၂၊၂၃။ မာ ၁ဝး၃၈၊၃၉။ လု ၁၂း၅၀)။ (၃) သန့်ရှင်းသောဝိညာဉ်တော်၏ ဆင်းသက် လာခြင်း (မ ၃း၁၁။ မာ ၁း၈။ လု ၃း၁၆။ ယော ၁း၃၃။ တ ၁း၅။ ၁၁း၆) နှင့် (၄) လက် ဆေးခြင်း ထုံးတမ်းဓလေ့ (မာ ၇း၃၊၄။ လု ၁၁း၃၈) အတွက်အသုံးပြုခဲ့သည်။ ဤနံပါတ် (၄) အချက်သည် ဝိနည်းအရ မစင်ကြယ်မှုကိုစင်ကြယ်စေခြင်းသာဖြစ်ပြီး၊ ရေလောင်း ခြင်းဖြင့် နှစ်ခြင်းပေးခြင်းကို တရားဝင်စေ ခြင်းမဟုတ်ပါ။ သမ္မာကျမ်းစာသည် ဗတ္တိဇံကို ရေနှစ်ခြင်းနှင့် ခရစ်တော်၏ သေခြင်းတို့ အတွက် အသုံးပြုသည် (မ ၃း၇။ ၂ဝး၂၂)။

ဓမ္မသစ်ကျမ်းသည် တမန်တော်များကရေဖျန်းခြင်းကို ကျင့်သုံးသည့်အထောက် အထားကို မပေးချေ။ အမှန်မှာ၊ ၎င်းသည် နောက်ပိုင်းမှကျင့်သုံးခဲ့ကြောင်း အထောက် အထား အားလုံးက ညွှန်ပြသည်။

ဓမ္မသစ်ကျမ်းထဲကဗတ္တိဇံ။ ဓမ္မသစ်ကျမ်း၌ မှတ်တမ်းတင်ထားသော နှစ်ခြင်းခံ သည့် ဖြစ်စဉ်များတွင် နစ်မြုပ်ခြင်းပါဝင်သည်။ ယောဟန်သည် ယော်ဒန်မြစ် (မ ၃း၆) နှင့် ရှာလိမ်မြို့ နှင့်အနီး အဲနုန်အရပ်၌ရေများသောကြောင့်” (ယော ၃း၂၃) ရေနှစ် ခြင်းပေးသည်ကို ကျွန်ုပ်တို့ ဖတ်ရသည်။ ရေထဲနှစ်ရန် ရေများများလိုအပ် သည်။

ယောဟန်သည် ယေရှုကိုရေအောက်သို့နှစ်ခဲ့သည်။ သူသည် ယေရှုကို ယော်ဒန် မြစ်တွင် ရေနှစ်ခြင်းပေး၍၊ နှစ်ခြင်းခံအပြီးတွင် ယေရှုသည် ရေမှပေါ်ထလာခဲ့သည်။ (မာ ၁း၉၊၁၀)။

တမန်တော်ခေတ်ကအသင်းတော်သည် ရေ၌နစ်မြုပ်ခြင်းအားဖြင့် နှစ်ခြင်းပေးခဲ့ သည်။ တရားဟောဆရာဖိလိပ္ပုသည် အဲသယောပိအမတ်ကိုနှစ်ခြင်းပေးသောအခါ သူ တို့နှစ်ဦး သည် ရေထဲသို့ဆင်း၍ဗတ္တိဇံကိုပေး၏” (တ ၈း၃၈၊၃၉)။

သမိုင်းထဲကရေနှစ်ခြင်း။ ခရစ်ယာန်ခေတ်မရောက်မီ ယုဒလူတို့သည် သူတို့၏ ဘာသာကို လက်ခံသူတို့အား ရေ၌နှစ်၍နှစ်ခြင်းပေးခဲ့ကြသည်။ ခွန်ရမ်အရပ်၌ နေထိုင်ခဲ့ သော သူတို့ သည် အသင်းဝင်များနှင့် ပြောင်းလဲလာသူများကို ရေနှစ်ခြင်းပေးခဲ့ သည်။

မြေအောက်သချုØင်းဂူများနှင့် ဘုရားကျောင်းများရှိပန်းချီများ၊ ကြမ်းပြင်၊ နံရံနှင့် မျက်နှာကြက်တို့မှကျောက်စီပန်းချီများ၊ ပန်းပုရုပ်ကြွင်းများ၊ ရှေးဓမ္မသစ်ချိန်ကပန်းချီ များ စသည်တို့မှ အထောက်အထားသည် ပထမရာစု (၁၀) စု မှ (၁၄) ရာစုနှစ်အတွင်း ခရစ်ယာန်အသင်းတော်၌ ရေ၌နှစ်ခြင်းမှာ ပုံမှန်နှစ်ခြင်းပေးသည့်ပုံစံဖြစ်ကြောင်း အလွန် ပင်သက်သေခံလျက်ရှိသည်။ ရှေးဘုရားကျောင်းကြီးငယ်များ၌ရှိသော ရေနှစ်ခြင်းကန် များ၊ မြောက်အာဖရိက၊ တူရကီ၊ အီတလီ၊ ပြင်သစ်နှင့် အခြားနေရာများက အပျက်အစီး များတို့သည် ဤဓလေ့မှာ ရှေးကပင်ရှိခဲ့ကြောင်းသက်သေခံနေသေးသည်။

ရေနှစ်ခြင်း၏အဓိပ္ပါယ်

ရေနှစ်ခြင်းသည် ၎င်းကိုကျင့်သုံးသည့်နည်းနှင့် နီးနီးကပ်ကပ်ဆက်စပ်သည်။ နှစ်ခြင်းခံရာ တွင် ရေ၌နှစ်မှသာ ၎င်း၏ပြည့်စုံသောအဓိပ္ပါယ်ကိုမြင်နိုင်သည်။

ခရစ်တော်၏သေခြင်းနှင့်ထမြောက်ခြင်းတို့၏သင်္ကေတ။ ရေအားဖြင့် ဖုံးအုပ်သ ကဲ့သို့ဒုက္ခဝေဒနာလွှမ်းမိုးခြင်းကိုပုံဆောင်သည် (ဆာ ၄၂း၇။ ၆၉း၂။ ၁၂၄း၄၊၅)။ ထို့ကြောင့် ခရစ်တော်၏ရေနှစ်ခြင်းခံခြင်းသည် ပုရောဖက်ပြုဟောခဲ့သောသူ၏ ဆင်းရဲဒုက္ခ၊သေ ခြင်းနှင့် မြှုပ်နှံခြင်း   (မာ   ၁ဝး၃၈။   လု   ၁၂း၅၀)   ကို လည်းကောင်း၊ ရေထဲကပေါ် ထွက်လာခြင်းသည် နောက်ဆက်တွဲထမြောက်ခြင်း (ရော ၆း၃-၅) ကိုလည်းကောင်းပုံ ဆောင်သည်။

ခရစ်တော်၏ ဆင်းရဲဒုက္ခ ခံခြင်းကို ပုံဆောင်သည့် အနေဖြင့် တမန်တော်ခေတ် ကအသင်းတော်သည် နှစ်ခြင်းကိုရေ၌နှစ်ခြင်းဖြင့်မဟုတ်ဘဲ အခြားနည်းဖြင့်ကျင့် သုံးခဲ့ လျှင်၊ရေနှစ်ခြင်းသည် အဓိပ္ပါယ်ကင်းမဲ့သွားလိမ့်မည်။ ထို့ကြောင့် ရေ၌နှစ်၍နှစ်ခြင်း ပေးခြင်းသည် ကျမ်းစာ၏သွန်သင်ချက်နှင့် အကိုက်ညီဆုံးဖြစ်သည်။

အပြစ်၌သေခြင်းနှင့်ဘုရားသခင်၌အသက်ရှင်ခြင်း၏သင်္ကေတ။ ယုံကြည် သူများ သည် ရေနှစ်ခြင်းခံရာတွင် ကျွန်ုပ်တို့သခင်ဘုရား၏ဝေဒနာခံစားခြင်းပါဝင်ကြောင်း ပုံ ဆောင်သည်။ ပေါလုက ယေရှုခရစ်၌ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော် မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟုသင်တို့မသိကြသလော။ ထို့ကြောင့်၊ အသေခံတော်မူ ခြင်း၌ ဗတ္တိဇံကိုခံသော အားဖြင့်၊ ထိုသခင်နှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံကြ၏။ ခရစ်တော် သည်..... ထမြောက်တော်မူသည် နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကြင်လည်ရကြ သတည်း” (ရော  ၆း၃၊ ၄)  ဟု  ဆိုသည်။

ယုံကြည်သူများနှင့် ခရစ်တော်၏ရင်းနှီးသောဆက်ဆံမှုကို ယေရှုခရစ်၌ဗတ္တိဇံခံ သည်၊” “အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံသည်။” “ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံသည်ဟူ သော အသုံးအနှုန်းများကဖော်ပြသည်။ ဟောင်းဝပ်က ယုံကြည်သူ၏ ရေနှစ်ခြင်းခံခြင်းသည် ခရစ်တော်၏သေခြင်း၌ပါဝင်ခြင်းကိုပုံဆောင်၍၊ ထိုသေခြင်း သည် သူ၏သေခြင်းဖြစ်လာသည်။ ထို့နောက် သူသည် ခရစ်တော်၏ထမြောက်ခြင်း၌ ပါဝင်၍၊ ထိုထမြောက်ခြင်းသည် သူ၏ထမြောက်ခြင်းဖြစ်လာသည်ဟုဆိုသည်။ ကျွန်ုပ် တို့ သခင်ဘုရား၏ဝေဒနာခံစားခြင်း၌ ယုံကြည်သူ၏ပါဝင်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။

၁။ အပြစ်၌သေခြင်း။ ရေနှစ်ခြင်းခံရာတွင် ယုံကြည်သူများသည် ထိုသခင်နှင့် အတူ..... စိုက်ပျိုးလျက်ရှိကြသည်” (ရော ၆း၅)။ ဆိုလိုသည်မှာ ငါတို့၏ လူဟောင်းသည် ထိုသခင် နှင့် အတူလက်ဝါးကပ်တိုင်မှာ  အသေသတ်ခြင်းကိုခံပြီ။..... အကြောင်းမူကား၊ ငါတို့သည် နောက်မှအပြစ်တရား၏အစေကိုမခံစေခြင်းငှာ၊ အပြစ်တရား၏ ကိုယ်ကို ဖျက်ဆီးမည် အကြောင်းတည်း။ သေသောသူသည် အပြစ်တရား၏ လက်မှလွှတ်လျက် ရှိ၏” (ရော ၆း၆၊၇)။ သခင် ဘုရား၏ပဋိညာဉ်သည် သူ၏ သန့်ရှင်းသူများနှင့်အတူရှိ၏။ လူတိုင်းသည် မိမိစာရိတ္တ၏ အားနည်းချက်ကိုခွဲခြား သိမြင်၍၊ အားသွန်ခွန်စိုက်စောင့် ထိန်းရမည်။ ရေနှစ်ခြင်း၌ ခရစ်တော်နှင့်အတူသင်္ဂြိုဟ်ခြင်း ခံရ၍၊ သူထမြောက်သည် နည်းတူ ထမြောက်သော သူအားလုံးသည် အသစ်သောအသက် တာ၌ကြင်လည်ရန် မိမိတို့ကိုယ်ကိုကတိပြုခဲ့ကြပြီ။

ယုံကြည်သူများသည် သူတို့၏ယခင်အသက်ရှင်နေထိုင်မှုပုံစံကို စွန့်လွှတ်ခဲ့ ကြ သည်။ သူတို့သည် အပြစ်၌သေဆုံးခဲ့ပြီးဖြစ်ရာ၊ ဟောင်းသောအရာတို့သည် ပြောင်းလဲ” (၂ကော ၅း၁၇) သွားကြောင်းကိုခိုင်မာစေပြီး၊ သူတို့၏အသက်သည် ဘုရားသခင်၌ ခရစ် တော်နှင့် အတူဝှက်ထားခြင်းခံလျက်ရှိသည်။ ရေနှစ်ခြင်းသည် အသက်တာဟောင်းကို ကပ်တိုင်တင် သတ်ခြင်းကိုပုံဆောင်သည်။ ၎င်းသည် သေခြင်း သာမကဘဲ၊ သင်္ဂြိုဟ်ခြင်း လည်းပါသည်။ ကျွန်ုပ်တို့သည် ဗတ္တိဇံအားဖြင့် ထိုသခင်နှင့် အတူသင်္ဂြိုဟ်ခြင်းကိုခံကြ ” (ကော ၂း၁၂)။ လူတစ်ယောက်သေဆုံးပြီးနောက် သင်္ဂြိုဟ်ရသကဲ့သို့၊ ယုံကြည်သူ သည် ယေရှုခရစ်တော် သင်္ဂြိုဟ်ခြင်းကိုလက်ခံသောအခါ သူ၏လူဟောင်းကို ရေသချု Øင်း၌သင်္ဂြိုဟ်လိုက်သည်။

ရေနှစ်ခြင်းခံရာတွင်  ယုံကြည်သူသည် လောကကိုစွန့်လွှတ်လိုက်သည်။ သင်တို့ သည် ထိုသူတို့အထဲမှထွက်၍၊ အသီးအခြားနေကြလော့။ မစင်ကြယ်သော အရာကို လက်နှင့်မျှ မတို့ကြနှင့်” (၂ကော ၆း၁၇) ဟူသောပညတ်ချက်ကိုနားထောင်၍၊ ရေနှစ်ခြင်း ခံယူသူသည် စာတန်၏ အမှုထမ်းရွက်ခြင်းကို စွန့်လွှတ်ကြောင်းနှင့် ခရစ်တော်ကို မိမိ အသက်တာ၌ လက်ခံရရှိကြောင်းကို လူသိရှင်ကြားကြေညာသည်။

တမန်တော်ခေတ်အသင်းတော်၌ နောင်တရရန်ဖိတ်ခေါ်ခြင်းတွင် ရေနှစ်ခြင်းခံရန် ဖိတ်ခေါ်ခြင်းလည်းပါဝင်သည် (တ ၂း၃၈)။ ထိုကြောင့် ရေနှစ်ခြင်းသည်စစ်မှန်သော နောင်တ၏ အမှတ်အသားဖြစ်သည်။ ယုံကြည်သူများသည် ပညတ်တော်ကိုကျူး လွန်ခြင်း ၌သေ၍၊ စင်ကြယ်စေသောယေရှုခရစ်တော်၏အသွေးအားဖြင့် အပြစ်လွှတ် ခြင်းကိုရရှိသည်။ နှစ်ခြင်း မင်္ဂလာသည် ဝန်ချတောင်းပန်သောအပြစ်များကိုဆေးကြော ၍၊ စိတ်နှလုံး စင်ကြယ်ခြင်း ကို ပြသည်။

၂။ ဘုရားသခင်၌အသက်ရှင်ခြင်း။ ခရစ်တော်၏ထမြောက်သော တန်ခိုးသည် ကျွန်ုပ်တို့၏အသက်တာတွင်အလုပ်လုပ်သည်။ ၎င်းသည် ကျွန်ုပ်တို့ကိုအသစ်သော အ သက်တာ၌ လျှောက်လှမ်းစေနိုင်သည် (ရော ၆း၄)။ ကျွန်ုပ်တို့သည် ယခုအပြစ်၌ သေ၍၊ သခင်ယေရှု ခရစ်အားဖြင့်အသက်ရှင်သည်” (ရော ၆း၁၁)။ လူဟောင်းအပေါ် အသက် တာ၏ အောင်မြင်ခြင်းအတွက် တစ်ခုတည်းသောမျှော်လင့်ချက်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အားရှိစေသော တန်ခိုးအားဖြင့် အသစ်သောအသက်တာကိုပေးသည့် ထမြောက်တော်မူသော သခင်ဘုရား၏ကျေးဇူးတော်၌ရှိသည်။ ဤအသက်တာအသစ် သည် ကျွန်ုပ်တို့ကို လူသားတို့ အတွေ့အကြုံမှမြှင့်တင်ပေး၍၊ ယေရှုခရစ်တော်ထံဆက် ကပ်အပ်နှံခြင်းကို အာရုံပြုသော အသစ်သောစံနှုန်း၊ ပြင်းပြသောရည်မှန်းချက်နှင့် ဆန္ဒတို့ ကို ကျွန်ုပ်တို့အားပေးသည်။

ပဋိညာဉ်ဆိုင်ရာဆက်ဆံရေး၏သင်္ကေတ။ ဓမ္မဟောင်းကျမ်းအချိန်တွင် အရေဖျား လှီးခြင်းသည် ဘုရားသခင်နှင့်အာဗြဟံတို့အကြားပဋိညာဉ်ဆိုင်ရာဆက်ဆံရေး၏ အမှတ် အသားဖြစ်သည် (က ၁၇း၁-၁၁)။

အာဗြဟံနှင့်ဆိုင်သောပဋိညာဉ်သည် ဝိညာဉ်ရေးနှင့်လူမျိုးရေးဟူ၍ ကဏ္ဍနှစ်ခု ရှိ သည်။ အရေဖျားလှီးခြင်းသည် လူမျိုးနှင့်ဆိုင်သောအမှတ်အသားဖြစ်သည်။ အာဗြဟံ ကိုယ်တိုင်နှင့် သူ၏ မိသားစုထဲမှ (၈) ရက်နှင့်အထက်ကြီးသောယောက်ျားဟူသမျှသည် အရေဖျားလှီး ကြရသည်။ (က ၁၇း၁၀-၁၄၊၂၅-၂၇)။ အရေဖျားမလှီးသောယောက်ျား မှန်သမျှသည် ဘုရား သခင်၏လူထဲမှ ပယ်ရှင်းရမည်။ အကြောင်းမှာ သူသည် ပဋိညာဉ်ကို ချိုးဖောက်သော ကြောင့်ဖြစ်သည် (က ၁၇း၁၄)။

ပဋိညာဉ်သည် ဘုရားသခင်နှင့် အရွယ်ရောက်ပြီး အာဗြဟံနှင့်ပြုခြင်းသည် ၎င်း၏ ဝိညာဉ်ရေး ပမာဏကိုဖော်ပြသည်။ အာဗြဟံ၏အရေဖျားလှီးခြင်းသည် သူ၏အလျင်က ယုံကြည်ခြင်းဖြင့်ဖြောင့်မတ်ရာသို့ရောက်ခြင်းကိုဖော်ပြ၍၊ အတည်ဖြစ်စေသည်။ သူ၏ အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်းကိုမခံမီရှိသော ယုံကြည်ခြင်း၏ဖြောင့်မတ် ခြင်း တံဆိပ်တည်း” (ရော ၄း၁၂)။

သို့သော် အရေဖျားလှီးခြင်း တစ်ခုတည်းသည် ပဋိညာဉ်၏ စစ်မှန်သောဝိညာဉ် ရေးပမာဏထဲသို့ ဝင်နိုင်မည့်အာမခံချက်ကိုမပေးချေ။ ဘုရားသခင်၏ပြောရေးဆိုခွင့်ရှိ သူများက ဝိညာဉ်ရေးပမာဏသည်သာ လုံလောက်မည်ဖြစ်ကြောင်းကို သတိပေးခဲ့ကြ သည်။ သင်၏ နှလုံးအရေဖျားကိုလှီးဖြတ်လော့။ နောက်တစ်ဖန်ခိုင်မာသော လည်ပင်း မရှိစေနှင့်” (တရား ၁ဝး၁၆)။ စိတ်နှလုံးအားဖြင့် အရေဖျား လှီးခြင်းကို မခံသောသူ သည်သာသနာပ လူများနှင့် အတူ ပြစ်ဒဏ်ခံရကြမည်။ (ယေ ၉း၂၅၊၂၆)။

ယုဒလူတို့သည် ယေရှုကိုမေရှိယအဖြစ်ငြင်းပယ်ကြသောအခါ၊ သူတို့၏ဘုရား သခင်နှင့် ဖွဲ့သော ပဋိညာဉ်ကိုချိုးဖောက်ပြီး၊ သူ၏ရွေးချယ်သောလူမျိုးအဖြစ် အထူးအ ဆင့်အတန်းသည် နိဂုံးချုပ်ခဲ့သည် (ဒံ ၉း၂၄-၂၇)။ ဘုရားသခင်၏ပဋိညာဉ်နှင့် သူ၏ကတိ များသည် မပြောင်းမလဲရှိနေသေးသော်လည်း၊ သူသည် လူမျိုးအသစ်ကိုရွေးချယ်ခဲ့ သည်။ ဝိညာဉ်ရေး ဆိုင်ရာဣသရေလလူမျိုးသည် ယုဒလူမျိုးကိုအစားထိုးခဲ့သည် (ဂလ ၃း၂၇- ၂၉။ ၆း၁၅၊၁၆)။

ခရစ်တော်၏သေခြင်းသည် ပဋိညာဉ်အသစ်ကိုအတည်ပြုခဲ့သည်။ လူတို့သည် ဤ ပဋိညာဉ်တွင် ဝိညာဉ်ရေးအရေဖျားလှီးခြင်းတည်းဟူသော ခရစ်တော်၏အပြစ်ဖြေ သောသေခြင်းကိုယုံကြည်ခြင်းအားဖြင့်ပါဝင်သည်။ ခရစ်ယာန်များသည် အရေဖျား လှီး ခြင်းနှင့် မစပ်ဆိုင်သောဧဝံဂေလိတရားရှိသည် (ဂလ ၂း၇)။ ပဋိညာဉ်အသစ်သည် ဝိညာဉ်ရေး ဣသရေလတို့၏ အပြင်ပန်းဘာသာရေးဓလေ့မဟုတ်ဘဲ၊ အတွင်းပိုင်း

ယုံကြည်ခြင်းကိုတောင်းဆိုသည်။ တစ်စုံတစ်ဦးသည် မျိုးရိုးအားဖြင့်ယုဒလူမျိုး ဖြစ်နိုင်သော်လည်း၊ အသစ်မွေးဖွားခြင်းအားဖြင့်သာ ခရစ်ယာန်တစ်ဦးဖြစ်နိုင်သည်။ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ။ မခံဘဲနေခြင်းလည်းအကျိုးမရှိ။ မေတ္တာ အားဖြင့် ပြုပြင်တတ် သောယုံကြည်ခြင်းသာအကျိုးရှိ၏” (ဂလ ၅း၆)။ အရေးကြီး သောအရာမှာ ဝိညာဉ်တော်၌ စိတ်နှလုံးအရေဖျားလှီးခြင်းဖြစ်သည် (ရော ၂း၂၈၊၂၉)။

ယေရှုနှင့်ကယ်တင်သော ဆက်ဆံရေးရှိခြင်း၏အမှတ်အသားဖြစ်သော ရေနှစ် ခြင်းသည် ဤဝိညာဉ်ရေးအရေဖျားလှီးခြင်း ကိုပုံဆောင်သည်။ ခရစ်တော်၏အရေဖျား လှီးခြင်းအားဖြင့် ဇာတိပကတိအပြစ်၏ကိုယ်ကိုပယ်ရှင်း၍၊ လက်ဖြင့်မလုပ်သောအရေ ဖျားလှီးခြင်းကို ထိုသခင်၌သင်တို့သည်ခံကြသည်ဖြစ်၍၊ ဗတ္တိဇံအားဖြင့် ထိုသခင်နှင့် အတူသင်္ဂြိုဟ်ခြင်းကိုခံကြ၏။ ခရစ်တော်ကိုသေခြင်းမှထမြောက်စေတော်မူသော ဘုရား သခင်၏ ပြုပြင်အားထုတ် တော်မူခြင်းကိုယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင် နှင့်အတူ ထမြောက်ခြင်း သို့ ရောက်ကြ၏” (ကော ၂း၁၁၊၁၂)။

ယေရှု၏ဝိညာဉ်ရေး အရေဖျားလှီးခြင်းအားဖြင့်၊ ဇာတိပကတိအပြစ်၏ကိုယ်ကို ပယ်ရှင်း၍၊ရေနှစ်ခြင်းကို ခံသောသူသည် ယခုတွင် ခရစ်တော်ကို ယူတင်ဝတ် ဆောင် ၍၊ ခရစ်တော်နှင့် ပဋိညာဉ်နှင့်ဆိုင်သောဆက်ဆံရေးတွင်ပါဝင်လာသည်။ ရလဒ်အနေ ဖြင့်၊ သူသည် ပဋိညာဉ်နှင့်ဆိုင်သောကတိတော်များကိုရရှိနိုင်တော့မည်။” “ခရစ်တော်၌ ဗတ္တိဇံကိုခံသော သူရှိသမျှတို့သည် ခရစ်တော်ကိုယူတင်ဝတ်ဆောင်သောသူဖြစ်ကြ ၏။.... ခရစ်တော်နှင့် စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ဖြစ်၍၊ ကတိတော်အတိုင်း အမွေခံ၏ အရာ၌တည်ကြ၏” (ဂလ ၃း၂၇-၂၉)။ ဤပဋိညာဉ်ဆိုင်ရာဆက်ဆံရေး၌ ပါဝင်သော သူတို့သည် ငါသည် သူတို့ ၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်” (ယေ ၃၁း၃၃) ဟူသော ဘုရားသခင်၏အာမခံချက်ကို တွေ့ကြုံ ခံစားရကြလိမ့်မည်။

ခရစ်တော်၏အမှုတော်၌ဆက်ကပ်ခြင်း၏သင်္ကေတ။ ရေနှစ်ခြင်း ခံယူချိန်တွင် ယေရှုသည် အထူးသန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခြင်းကိုရရှိ၍၊ သူ၏ ခမည်း တော်ပေးသောလုပ်ငန်းတာဝန်အတွက် ဘိသိက်ပေးခြင်း သို့မဟုတ် ဆက်ကပ်ခြင်း ကိုဖော်ပြသည် (မ ၃း၁၃-၁၇။ တ ၁ဝး၃၈)။ သူ၏အတွေ့အကြုံသည် ရေနှစ်ခြင်းနှင့် သန့် ရှင်းသော ဝိညာဉ်တော်ကို ရရှိခြင်းတို့သည် တစ်ခုနှင့်တစ်ခုသက်ဆိုင် ကြောင်းပြသ သည်။ သန့်ရှင်း သော ဝိညာဉ်တော်မရရှိသောရေနှစ်ခြင်းခံယူခြင်းသည် မပြည့်စုံချေ။

တမန်တော်ခေတ်အသင်းတော်တွင် ရေနှစ်ခြင်းခံယူပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော် သွန်းလောင်းခြင်းကလိုက်လာသည်။ ထို့ကြောင့် ယနေ့ကျွန်ုပ်တို့သည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုခံသောအခါ၊ ကျွန်ုပ်တို့သည် သုံးပါးတစ်ဆူဘုရားနှင့်ပူးပေါင်း၍၊ ထာ၀ရဧဝံဂေလိတရားကိုဖြန့်ဝေရန် ဆက်ကပ်ကြသည်။

သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ စိတ်နှလုံးကို အပြစ်မှစင်ကြယ် စေခြင်းအားဖြင့် ဤအမှုတော် အတွက်ကျွန်ုပ်တို့ကိုပြင်ဆင်သည်။ ယောဟန်က၊ ယေရှု သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ မီးနှင့်လည်းကောင်း သင်တို့ကို ဗတ္တိဇံပေးမည်” (မ ၃း၁၁) ဟုကြွေးကြော်ခဲ့သည်။ ဘုရားသခင်သည် မိမိလူတို့ကို တရားစီရင်သောဝိညာဉ်၊ မီးလောင်သောဝိညာဉ်တော်အားဖြင့်” (ဟေ ၄း၄) သူတို့၏ ညစ်ညူးခြင်းမှ သန့်ရှင်းစေမည်ဟု ဟေရှာယဖော်ပြခဲ့သည်။ ဘုရားသခင်သည် သင့်ကိုလည်း ငါကိုင်ယူပြီး လျှင်၊ ချော်နှင့်ရှင်းရှင်းကင်းစင်စေ၍၊ သင်၏ကြေးဖြူရှိသမျှ ကိုလည်း ပယ်ရှားမည်” (ဟေ ၁း၂၅) ဟုဆိုခဲ့သည်။ အပြစ်အတွက် ဘုရားသခင်သည် လောင်သောမီးဖြစ်တော်မူ၏” (ဟေဗြဲ၊ ၁၂း၂၉)။ သန့်ရှင်းသောဝိညာဉ်တော်သည် မိမိတို့ အသက်တာကို သူ့ထံသို့အပ်နှံ သောသူအားလုံးကို၊ သူတို့၏အပြစ်များလောင်ကျွမ်း စေခြင်းဖြင့် စင်ကြယ်စေလိမ့်မည်။

ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အား သူ၏ဆုကျေးဇူးများကိုပေး သည်။ သူ၏ ဆုကျေးဇူးများမှာ အသင်းတော်ကို အလုပ်အကျွေးပြုနိုင်ရန်နှင့် ယေရှုခ ရစ်တော်ကို လက်မခံသေးသော သူတို့ကိုသာသနာပြုနိုင်ရန် ယုံကြည်သူသည် ရေနှစ် ခြင်းခံချိန်တွင် ရရှိသောဘုရားရှင်၏အထူးပံ့ပိုးမှုဖြစ်သည်။သန့်ရှင်းသော ဝိညာဉ်တော် ၏ ဗတ္တိဇံသည် ရှေးဦးအသင်းတော်ကိုသက်သေခံရန် တန်ခိုးကိုပေးခဲ့သည် (တ ၁း၅၊၈)။ ထို အလားတူ ဗတ္တိဇံ ကသာလျှင်၊ အသင်းတော်ကို နိုင်ငံတော်၏ထာ၀ရဧဝံဂေလိတရား ဟောပြောရမည့် တာဝန်ကို ပြီးမြောက်စေလိမ့်မည် (မ ၂၄း၁၄။ ဗျာ ၁၄း၆)။

အသင်းတော်ထဲဝင်ခြင်း၏သင်္ကေတ။ လူတစ်ယောက်၏အသစ်ပြုပြင်ခြင်း သို့မ ဟုတ် အသစ်မွေးဖွားခြင်း၏လက္ခဏာဖြစ်သကဲ့သို့ (ယော ၃း၃၊၅)၊ ရေနှစ်ခြင်း သည် လည်း ခရစ်တော်၏ ဝိညာဉ်ရေးနိုင်ငံတော်ထဲသို့ လူတစ်ယောက်ဝင်ခြင်း၏အမှတ် အ သားဖြစ်သည်။ ရေနှစ်ခြင်းသည် ယုံကြည်သူကိုခရစ်တော်နှင့်ပေါင်းစည်းပေးသော ကြောင့်၊ ၎င်းသည် အသင်းတော်၏တံခါး၀အဖြစ် အမြဲလုပ်ဆောင်သည်။ ရေနှစ်ခြင်း အားဖြင့် သခင်ဘုရားသည် တပည့်တော်အသစ်များကို သူ၏ကိုယ်ခန္ဓာတည်းဟူသော အ သင်းတော်ထဲသို့သွင်းသည် (တ ၂း၄၁၊၄၇။ ၁ကော ၁၂း၁၃)။ ထိုအခါသူတို့ သည် ဘုရား သခင်၏ မိသားစုဝင်များ ဖြစ်လာ ကြသည်။ အသင်းတော်မိသားစုနှင့် မပေါင်းစည်းဘဲ တစ်ဦးတည်း နှစ်ခြင်းခံယူခြင်း မျိုးမရ နိုင် ပါ။

ရေနှစ်ခြင်းအတွက်သတ်မှတ်ချက်များ

ယုံကြည်ခြင်း။ ရေနှစ်ခြင်းခံယူရန်မရှိမဖြစ်လိုအပ်ချက်မှာ ယေရှု၏အပြစ် ဖြေ သောယဇ်ကို အပြစ်မှကယ်တင်ခြင်းအတွက် တစ်ခုတည်းသောနည်းလမ်းအဖြစ် ယုံ ကြည်ခြင်းဖြစ်၏။ ယေရှုက ယုံကြည်၍ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော် မူခြင်း သို့ရောက်လတ္တံ့” (မာ ၁၆း၁၆) ဟု ဆိုခဲ့သည်။ တမန်တော်ခေတ်အသင်းတော်တွင် ဧဝံဂေလိတရားကို ယုံကြည် သော သူတို့သာလျှင် ရေနှစ်ခြင်းခံယူခဲ့ကြသည် (တ ၈း၁၂၊ ၃၆၊၃၇။ ၁၈း၈)။

ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ဘုရား သခင် ၏ စကားတော်အားဖြင့်ဖြစ်၏” (ရော ၁ဝး၁၇)။ ထိုကြောင့် ရေနှစ်ခြင်း အတွက် ပြင်ဆင်ရာတွင် အရေးပါသောအရာတစ်ခုမှာကျမ်းစာသင်ပေးခြင်းဖြစ်သည်။ ခရစ် တော်၏ မဟာစေခိုင်းချက်သည် ထိုသို့သောသင်ပေးခြင်း၏ အရေးကြီးမှုကိုအတည် ဖြစ်စေသည်။   သင်တို့သွား၍   လူမျိုးတကာတို့ကို   ငါ့တပည့်ဖြစ်စေလျက်၊ ခမည်း တော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အားပေး သမျှသော ပညတ်တော်တို့ကိုစောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေး ကြလော့။” (မ ၂၈း၁၉၊၂၀)။ တပည့် တော်တစ်ဦးဖြစ်လာခြင်းတွင် စေ့စေ့စပ်စပ် ကျမ်းစာသင်ပေးခြင်းပါဝင်သည်။

နောင်တ။      ပေတရုက    "သင်တို့၏အပြစ်ကိုလွှတ်စေခြင်းငှာ တစ်ယောက် မျှမ ကြွင်း နောင်တရကြလော့” (တ၂း၃၈) ဟုဆိုခဲ့သည်။         ဘုရားသခင်၏ နှုတ်ကပတ်တော် ကို သွန်သင်ခြင်းသည် ယုံကြည်ခြင်းကိုသာမက၊ နောင်တနှင့်ပြောင်းလဲခြင်းကိုလည်းဖြစ် စေသည်။ ဘုရားသခင်၏ ခေါ်တော်မူခြင်းကိုတုံ့ပြန်ရာတွင်၊ လူတို့သည် သူတို့၏ ပျောက် ဆုံးနေသော အခြေအနေကိုမြင်၍၊ သူတို့၏အပြစ်များကိုဝန်ချတောင်းပန် ကြသည်။ သူ တို့သည် မိမိကိုယ်ကို ဘုရားသခင်ထံအပ်နှံ၍၊ အပြစ်ကိုနောင်တရကြသည်။ ခရစ်တော် ၏ အပြစ်ဖြေခြင်းကို လက်ခံကာ၊ ကိုယ်တော်နှင့်အတူအသစ်သောအသက်တာ၌ မိမိတို့ ကိုယ်ကို ဆက်ကပ်ကြသည်။ ပြောင်းလဲခြင်းမရှိဘဲ သူတို့သည် ယေရှုခရစ်တော်နှင့် အတူကိုယ်ပိုင်ဆက်ဆံရေး မရှိ နိုင်ချေ။  နောင်တရခြင်းအားဖြင့်သာလျှင်၊ သူတို့သည် ရေနှစ်ခြင်းခံရန်အတွက် မရှိမဖြစ် လို အပ် သောအဖြစ်၌ သေခြင်းကိုတွေ့ကြုံခံစားနိုင် သည်။

နောင်တ၏အကျိုးကျေးဇူးများ။ ရေနှစ်ခြင်းခံလိုသောသူသည် ယုံကြည်ခြင်းကို ဝန်ခံ၍၊ နောင်တရရမည်။ သို့သော် သူတို့သည် နောင်တရခြင်းနှင့် ထိုက်တန်သော အကျင့်ကို” (မ ၃း၈) မယူဆောင်သေးလျှင်၊ သူတို့သည် ရေနှစ်ခြင်းခံရန် ကျမ်းစာ၏ သတ်မှတ်ချက်နှင့် မပြည့်စုံသေးချေ။ သူတို့၏အသက်တာသည် ယေရှု၌ ရှိသောသမ္မာ တရား၌ သူတို့၏ ဆက် ကပ်မှုကိုဖော်ပြ၍၊ ဘုရားသခင်၏ပညတ်ချက်များကို လိုက် လျှောက်ခြင်းအားဖြင့် သူ့ကို ချစ်ကြောင်းပြသရမည်။ ရေနှစ်ခြင်းအတွက်ပြင်ဆင်ရာ တွင် မှားယွင်းသောယုံကြည်မှုများနှင့် ဓလေ့ထုံးစံများကို စွန့်လွှတ်ရမည်။ သူတို့၏ အ သက်တာ၌ ထင်ရှားသော ဝိညာဉ်တော် အသီး သည် သူတို့၌ဘုရားသခင်တည်နေ၍၊ သူတို့သည်လည်း ဘုရားသခင်၌ တည်နေကြောင်းကို ဖော်ပြ လိမ့်မည် (ယော ၁၅း၁- ၈)။ သူတို့၏ခရစ်တော်နှင့်ဆက်ဆံရေးကို အထောက်အထား မပြသနိုင်သေးလျှင်၊ သူတို့ သည် အသင်းတော်ထဲဝင်ရန်အဆင်သင့်မရှိကြသေးချေ။

ရေနှစ်ခြင်းခံမည့်သူများကိုစစ်ဆေးခြင်း။ အသင်းသားတစ်ဦးဖြစ်လာခြင်းတွင် ဝိညာဉ်ရေးခြေလှမ်းလှမ်းခြင်းပါဝင်သည်။ ၎င်းသည် အသင်းတော်မှတ်တမ်း စာအုပ်တွင် နာမည်ရေးရုံမျှသာမဟုတ်ပါ။ ရေနှစ်ခြင်းပေးသောသူတို့သည် ရေနှစ်ခြင်း ခံယူမည့်သူ တို့၏ အဆင်သင့် ရှိနေမှုကိုဆုံးဖြတ်ရန်တာဝန်ရှိသည်။ ရေနှစ်ခြင်းခံယူမည့် သူ၏အ သင်းတော်၏ ရပ်တည်ချက် စည်းမျဉ်းများကိုနားလည်ခြင်း၊ အသစ်သောအသက်တာနှင့် သခင်ယေရှု၌ ပျော်ရွှင်သောအတွေ့အကြုံရှိခြင်း စသည်တို့ကိုသေချာအောင်လုပ် ရမည်။

သို့သော်၊ သူတို့သည်ရေနှစ်ခြင်းခံယူရသည့်ရည်ရွယ်ချက်များကိုမူ မစစ်ဆေးရ ချေ။ လူတစ်ယောက်အသင်းဝင်ဖြစ်လာရန် မိမိကိုယ်ကိုတင်ပြလာသောအခါ၊ ကျွန်ုပ်တို့ သည် သူ့အသက်တာ၏အသီးအပွင့်များကို စစ်ဆေးရမည်ဖြစ်သော်လည်း၊ သူ၏ရည် ရွယ်ချက် ကိုမူ သူ့ ဘာသာသူစစ်ဆေးပါလေစေ။

လူတချို့သည်နှစ်ခြင်းခံရာတွင်ရေ၌ အရှင်လတ်လတ်သင်္ဂြိုဟ်ခြင်းခံရကြသည်။ သို့သော်သူတို့၏လူဟောင်းသည်မသေခဲ့ချေ။ ဤသူတို့သည် ခရစ်တော်၌အသစ်သော အသက်တာ ကိုမရရှိကြချေ။ ဤနည်းဖြင့်အသင်းတော်ထဲဝင်လာသူတို့သည် ဆိုးယုတ် ခြင်းနှင့် အယူဖောက်ပြန်ခြင်းမျိုးစေ့ကို သူတို့နှင့်အတူယူဆောင်ခဲ့ကြသည်။ သူတို့၏ မစင်ကြယ်သော ဩဇာလွှမ်းမိုးမှုသည် အသင်းသားများနှင့် အပြင်လူတို့ကိုရှုပ်ထွေးစေ ပြီး၊ အသင်းတော်၏ သက်သေခံခြင်းကိုထိခိုက်စေသည်။

နို့စို့သူငယ်များနှင့်ကလေးများကိုရေနှစ်ခြင်းပေးသင့်သလော။ရေနှစ်ခြင်းသည်ယုံကြည် သူအသစ်များကိုအသစ်မွေးဖွားခြင်းဖြင့် အသင်းတော်နှင့်ပေါင်းစည်း စေသည်။ သူတို့၏ ပြောင်းလဲခြင်းသည် ရေနှစ်ခြင်းခံရန်နှင့် အသင်းသားဖြစ်လာရန် ဘောင်ဝင်စေ သည်။ ဤ ပါဝင်ပေါင်းစည်းခြင်းသည် မွေးဖွားချိန်တွင်မဟုတ်ဘဲ အသစ် မွေးဖွားချိန် တွင်ဖြစ်လာသည်။ ထို့ကြောင့် ယောက်ျား၊ မိန်းမတို့သည် ဗတ္တိဇံကိုခံကြ၏” (တ ၈း၁၂၊ ၁၃၊၂၉-၃၈။ ၉း၁၇၊၁၈။ ၁ကော ၁း၁၄)။ ဓမ္မသစ်ကျမ်းတွင် နို့စို့သူငယ်ကိုနှစ်ခြင်း ပေးရန် ခွင့်ပြုချက် သို့မဟုတ် ပညတ်ချက်မည်သည့်နေရာတွင်မျှမရှိပါ။ ကျွန်တော် ကိုယ်တိုင် ဓမ္မသစ်ကျမ်း အချိန်အသင်းတော်၏ ဗတ္တိဇံတွင် နို့စို့သူငယ်အား နှစ်ခြင်းပေးသည်ကို သတိမပြုမိပါ။

နို့စို့သူငယ်များနှင့်ကလေးငယ်များသည် ပြောင်းလဲခြင်းကိုတွေ့ ကြုံခံစားနိုင်ခြင်း မရှိသေးသောကြောင့်၊ သူတို့သည် ရေနှစ်ခြင်းအတွက်ကန့်သတ်ချက်မပြည့်မီသေးချေ။ ထိုသို့ဆိုရာတွင် သူတို့သည် ပဋိညာဉ်အသစ်နှင့်ဆိုင်သော အသင်းသားစုမှဖယ်ထုတ် ရ မည်လော။ ယေရှုသည် သူတို့ကိုသူ၏ကျေးဇူးတော်နိုင်ငံတော်မှမချန်လှပ်ချေ။ သူက ထိုသူငယ်တို့ကိုရှိစေတော့။ ငါ့ထံသို့လာသည်ကိုမဆီးတားကြနှင့်။ ကောင်းကင် နိုင်ငံ တော်သည် ထိုသို့သော သူတို့၏နိုင်ငံဖြစ်သည်ဟုမိန့်တော်မူ၍၊ သူငယ်တို့အပေါ်မှာ လက် ကိုတင်လေ၏” (မ ၁၉း၁၄၊ ၁၅) ဟုဆိုသည်။ ယုံကြည်သူမိဘများသည် မိမိတို့ သား သမီး များကို ခရစ်တော်နှင့်အတူ ဆက်ဆံရေးရှိစေရန်ဦးဆောင်ရာတွင် အရေးကြီးသော လုပ် ငန်းကိုထမ်းဆောင်ရမည်။ ၎င်းသည် နောက်ဆုံးတွင် သူတို့ကိုရေနှစ်ခြင်းကို ခံယူစေ လိမ့်မည်။

မိမိသားသမီးများကို ကောင်းချီးပေးရန်ခေါ်လာသော မိခင်များအပေါ် ယေရှု၏ အပြုသဘော ဆောင်သောတုံ့ပြန်မှုသည် ကလေးဆက်ကပ်ခြင်းဓလေ့ကိုဖန်တီးခဲ့သည်။ ဤ အစီအစဉ်တွင် မိဘတို့သည်မိမိတို့သားသမီးများကို ဘုရားသခင်ထံဆက်ကပ်ရန် ဘုရားကျောင်း သို့ခေါ်လာကြသည်။

လူတစ်ယောက်သည် မည်သည့်အသက်အရွယ်တွင် ရေနှစ်ခြင်းအတွက်အဆင် သင့်ဖြစ်သနည်း။ တစ်စုံတစ်ဦးသည် အကယ်၍ (၁) ရေနှစ်ခြင်းခံယူခြင်း၏အဓိပ္ပါယ်ကို နားလည်နိုင် သောအရွယ်ရောက်၍၊ (၂) ခရစ်တော်ထံအပ်နှံ၍ပြောင်းလဲသောအချိန်၊ (၃) ခရစ်ယာန်ဘာသာ၏ အခြေခံစည်းမျဉ်းများကိုနားလည်သောအချိန်နှင့် (၄) အသင်းဝင် ဖြစ်ခြင်း၏ အရေးပါ မှုကိုသဘောပေါက်သောအချိန်တွင် ရေနှစ်ခြင်းခံနိုင်သည်။ လူတို့ သည် တာဝန်ခံမှုကို ယူနိုင်သည့်အသက်အရွယ်ရောက်လာချိန်တွင် သန့်ရှင်းသောဝိညာဉ် တော်၏ ဩဇာလွှမ်းမိုးမှုကို ငြင်းပယ်သောအခါမှသာ   သူတို့၏ကယ်တင်ခြင်းကိုထိခိုက် နိုင်သည်။

လူတစ်ဦးချင်းစီသည် ဝိညာဉ်ရေးရင့်သန်မှု အရွယ်ခြားနားသောကြောင့်၊ အချို့ သောသူတို့သည် အခြားသော သူများထက်ရေနှစ်ခြင်းခံရန် အသက်ငယ်စဉ်တွင်စောစော အဆင်သင့်ဖြစ်ကြသည်။ ထို့ကြောင့်ရေနှစ်ခြင်းခံရမည့် အသက်အရွယ်ကိုသတ်မှတ်၍ မရပါ။ မိဘများသည် သားသမီးများစောစောရေနှစ်ခြင်းခံယူခြင်းကို သဘောတူ သော အခါ၊ သူတို့သည် သားသမီးတို့၏ဝိညာဉ်ရေးနှင့် စာရိတ္တကြီးထွားတိုးတက်မှုအတွက် တာဝန်ယူရမည်။

ရေနှစ်ခြင်း၏အကျိုး

ရေနှစ်ခြင်းခံယူခြင်း၏ထူးကဲသောအသီးမှာ ခရစ်တော်အတွက်အသက်ရှင် နေ ထိုင်သောအသက်တာဖြစ်သည်။ ရည်မှန်းချက်ပန်းတိုင်များသည် မိမိအပေါ်အာရုံ မစိုက် ဘဲ၊ ခရစ်တော်အပေါ်၌သာအာရုံပြုသည်။ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက် ကြသည် မှန်လျှင်၊ ဘုရားသခင်၏လက်ယာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေ တော်မူရာအရပ်၌ ရှိသော အထက်အရာတို့ကိုရှာကြလော့။ မြေကြီးပေါ်မှာရှိသော အရာ တို့ကို စွဲလမ်းသော စိတ်မရှိကြနှင့်။ အထက်အရာတို့ကိုသာစိတ်စွဲလမ်းကြလော့” (ကော ၃း၁၊၂)။ ရေနှစ်ခြင်း ခံယူခြင်းသည် ခရစ်ယာန်အသက်တာ၌ရရှိနိုင်သော အမြင့်ဆုံးနေရာ ကိုရောက်ရှိခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအရကြီးထွားသောအခါ၊ တိုးပွား ခြင်းအတွက် ဘုရားသခင်၏ အကြံအစည်အပေါ် အခြားသူတို့အားအလုပ် အကျွေးပြုရာ တွင်အသုံးပြုရန် ခရစ်ယာန်ကျေးဇူးတော်ကိုရရှိသည်။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌ များပြားပါစေသော” (၂ပေ ၁း၂)။ ကျွန်ုပ်တို့သည် နှစ်ခြင်းမင်္ဂလာ ကတိခံဝန်ချက်ကို သစ္စာရှိရှိ လိုက်လျှောက်သောအခါ၊ ကျွန်ုပ်တို့သည် သူတို့၏နာမ၌ ဗတ္တိဇံကိုခံခဲ့သော ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် ဘုရားက၊ ကျွန်ုပ် တို့ရေနှစ်ခြင်းခံပြီးနောက် ရင်ဆိုင် နိုင်သည့် အရာရာတိုင်း၌ကူညီရန် ဘုရားရှင်၏တန်ခိုး ကိုရရှိကြောင်းအာမခံသည်။

ဒုတိယအသီးမှာ ခရစ်တော်၏အသင်းတော်အတွက် အသက်ရှင်သောအသက်တာ ဖြစ်သည်။ ကျွန်ုပ်တို့သည် သီးခြားရှိမနေတော့ချေ။ ကျွန်ုပ်တို့သည် ခရစ်တော်၏ အ သင်းတော်တွင် အသင်းဝင်များဖြစ်လာကြပြီ။ အသက်ရှင်သောကျောက်များကဲ့သို့ ကျွန်ုပ် တို့သည် ဘုရားသခင်၏ဗိမာန်တော်ကိုတည်ဆောက်ကြသည် (၁ပေ ၂း၂-၅)။ ကျွန်ုပ်တို့ သည် အသင်းတော်၏ ဦးခေါင်းတည်းဟူသော ခရစ်တော်နှင့်အထူးသောဆက် ဆံရေးကို ထိန်းသိမ်းကြသည်။ ကျွန်ုပ်တို့သည် မေတ္တာ၌ကြီးထွားတိုးတက်ရန်အတွက် သူ့ထံမှ ကျေးဇူးတော်ကို နေ့စဉ်ရရှိသည် (ဧ ၄း၁၆)။ ကျွန်ုပ်တို့သည် ပဋိညာဉ်နှင့် ဆိုင်သော အသင်းသား လူစုထဲ တွင် ရေနှစ်ခြင်းခံယူသူအသစ်များအတွက် တာဝန်ယူကြရသည် (၁ကော ၁၂း၁၂-၂၆)။ သူတို့ကိုယ်တိုင်နှင့် အသင်းတော်ကောင်းစားရေးအတွက် ဤအ သင်းဝင်အသစ်များသည် ဝတ်ပြုကိုးကွယ်ခြင်း၊ ဆုတောင်းခြင်းနှင့် အမှုတော်တို့၌ ပါဝင် ရမည်။

နောက်ဆုံးအသီးမှာ လောက၌ လောကီသားများအတွက်အသက်ရှင်နေထိုင်သော အသက်တာဖြစ်သည်။ ရေနှစ်ခြင်းခံယူပြီးသောကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံသား အ ဖြစ် ကိုကိုင်ဆောင်ကြသည်မှာ အမှန်ပင်ဖြစ်သည် (ဖိ ၃း၂၀)။ ကျွန်ုပ်တို့သည် ခရစ်တော် ၏ ကိုယ်ခန္ဓာ (အသင်းတော်) ၌သင်တန်းယူပြီး၊ လောကသို့ပြန်သွားကာ အစေခံများ ကဲ့သို့ ခရစ်တော်၏ကယ်တင်ခြင်းအမှုတော်၌ပါဝင်ရန်အတွက် လောကမှခေါ်ထုတ်ခြင်း ခံခဲ့ကြရသည်။ စစ်မှန်သောတပည့်တော်များသည် အသင်းတော်ထဲဝင်ရန် လောကကို စွန့်ခွာမသွားကြချေ။ ကျွန်ုပ်တို့သည် ခရစ်တော်၏နိုင်ငံတော်တွင် သာသနာပြုများ အ ဖြစ်မွေးဖွားလာကြသည်။ နှစ်ခြင်းဆိုင်ရာကတိဝန်ခံချက်ကို သစ္စာရှိရှိစောင့်ခြင်းတွင် သူတစ်ပါးကို ကျေးဇူးတော် နိုင်ငံထဲသို့ခေါ်ဆောင်ခြင်းလည်းပါသည်။

ယနေ့ဘုရားသခင်သည် ကျွန်ုပ်တို့ကို သူကြင်နာစွာပေးသည့်ကြွယ်၀သော အ သက်တာ ထဲသို့ဝင်ရန် လိုလားတောင့်တစွာစောင့်နေသည်။ သင်သည် အဘယ်ကြောင့် ဆိုင်းလင့်၍ နေသနည်း။ ထလော့။ သခင်ဘုရားကိုပတ္ထနာပြုလျက် ဗတ္တိဇံကိုခံ၍၊ သင်၏ အပြစ်များကို ဆေးကြောလော့” (တ ၂၂း၁၆)။

- ၀ -


မူလမာတိကာသို့

No comments:

Post a Comment