Monday, March 24, 2025

မမေ့အပ်သောနေ့ (Ready)

 မမေ့အပ်သောနေ့ 




မာတိကာ


မမေ့အပ်သောနေ့

        ဤစာမျက်နှာကို သင်မလှန်ခင်၊ သင်သည် ဤစာအုပ်ကို ကောက်ယူဖတ်ကြည့်သည့်အခါ သင့်ရဲ့ နှလုံးသားတွင် ဘုရားသခင်ရဲ့ အမှန်တရားဆိုသည်ကို သိလိုသည့်ဆန္ဒကြောင့် ဖြစ်ပေမည်။ သင်နှင့်နည်းတူ သန်းပေါင်းများစွာသော လူအပေါင်းတို့သည် မေ့လုနည်းပါးပညတ်တော်တစ်ခုရဲ့ အမှန်တရားကို ပြန်လည်တွေ့ ရှိပါသည်။ ပညတ်တော် ဆယ်ပါးကို သာမန်ဖတ်ရှုလျှင် စတုတ္ထမြောက် ပညတ်တော်က ဤသို့ဆိုသည်- “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက် မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်ကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ (ထွက်မြောက်၊ ၂၀း၈-၁၀)

        သို့ရာတွင် ခရစ်ယာန်အများစုက တစ်ပတ်တွင် ပထမနေ့ရက်ဖြစ်သော တနင်္ဂနွေနေ့ကို ကျမ်းစာ၏ ဥပုသ်နေ့အဖြစ် စောင့်ထိန်းကြသည်။ အဘယ်ကြောင့်နည်း။ ဘယ်နေ့ရက်ကိုပဲ ဖြစ်ဖြစ် ထူးခြားမှုရှိပါသလား။ ဥပုသ်နေ့ကို မည်သူက ပြောင်းလဲခဲ့သနည်း။ ဘုရားသခင်သည် ကနဦးအသင်းတော်အား သူ့ရဲ့ ဖန်ဆင်းခြင်း အမှုအရာအထိမ်းအမှတ်ကို ပြင်ဆင်ရန် အာဏာပေးအပ်ခဲ့ပါသလား။

        သမ္မာကျမ်းစာတော်အပေါ် ယုံကြည်မှု နည်းပါးသည့် ခေတ်ကာလတွင် သတ္တမနေ့ဥပုသ်သည် အဓိပ္ပါယ်ရှိပါ၏လား။ နှစ်ဆယ်တစ်ရာစုတွင် ဥပုသ်နေ့ကို မလိုအပ်တော့ဘူးလား။ နားနေရာရက်တစ်ရက်သည် ခေတ်နှင့်မဆီလျော်တော့ဘူးလား။

        ဤစာမျက်နှာများကို ဖတ်ရှုသည့်အခါ မထင်မမှတ်သည့် အကြောင်းအရာများနှင့် ဖြောင့်ဖြောင့်တန်းတန်းပေးထားသည့် အဖြေများကို ဖတ်ရှုရမည်ကို သတိထားပါ။ ရှိရင်းစွဲ အခြေအနေများ မပြောင်းလဲစေချင်လျှင် ဤစာအုပ်ကို ဖတ်ရှုခြင်းသည် အန္တရာယ်ရှိပါသည်။ သင့်ရဲ့မိရိုးဖလာ ယုံကြည်ချက်အစဉ်အလာ မပြောင်းလဲစေချင်လျှင် ဤစာအုပ်ကိုဖတ်ခြင်းသည် အန္တာရာယ်ရှိပေမည်။ အသင်းတော်ရဲ့အစဉ်အလာကို ထိန်းသိမ်းခြင်းသည် ဘုရားသခင်ရဲ့ အမှန်တရားထက် အရေးကြီးပါက ဤစာအုပ်ကိုဖတ်ခြင်းသည် အန္တာရာယ်ရှိပါသည်။ သို့ရာတွင် သင်ဤစာမျက်နှာပါ အကြောင်းအရာများဖတ်ရှုသည့်အခါ သင်အမှန်တရားကို သိလိုကြောင်း ကျွန်ုပ် ယုံကြည်ပါသည်။ သင်သည် မမှန်မကန်များဖြင့် လွှဲမှားခြင်းမခံလိုပါ။ သင့်ရဲ့ စိတ်နှလုံးအတွင်းတွင် ဖန်ဆင်းရှင်အရှင်သခင်ရဲ့ ငြိမ်းချမ်းမှုနှင့် နားနေမှုလိုအပ်ကြောင်း သင်ခံစားလိမ့်မည်။ အခန်းတိုင်းကို သေချာစွာ သင်လေ့လာဖတ်ရှုသည့်အခါ ကျမ်းစာပါ အချက်အလက်များနှင့် သမိုင်းအချက်အလက်အထောက်အထားများကို သင်သဘောပေါက်လာပြီး သမ္မာကျမ်းစာရဲ့ ဥပုသ်နေ့ မှန်ကန်မှုရှိကြောင်းကို ခိုင်မာသည့် အထောက်အထား တွေ့ရှိရပါမည်။ အထောက်အထားများ ရရှိတာထက် သင့်အားချစ်မြတ်နိုးသည့် ဘုရားရှင်အား သင်တွေ့ရှိရပါမည်။ သင့်အားတန်ဖိုးထားသည့် ဖန်ဆင်းရှင်နှင့် ရင်ဆိုင်တွေ့ကြုံရပါမည်။ ဥပုသ်နေ့သည် သင့်အတွက် ဘဝမုန်တိုင်းကြားမှ နားခိုရာကျွန်း တစ်ကျွန်းအဖြစ် ငြိမ်းချမ်းမှုကို ရရှိနိုင်ပါမည်။ သင့်ရဲ့ ဝိညာဉ်ရေး ရေဆာလောင်မှုအတွက် စမ်းရေသဖွယ်ဖြစ်လိမ့်မည်။ ဥပုသ်နေ့သည် သင့်အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ခံစားခွင့်ရရှိပြီး ထူးကဲသည့် နည်းများဖြင့် သင်ခံစားရလိမ့်မည်။ သင့်အား ခေါ်ဖိတ်သည့် အရှင်သခင်ရဲ့ အသံကို ကြားရလိမ့်မည်။ “ဝန်လေး၍ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ (မဿဲ၊ ၁၁း၂၈)။

        ဤစာအုပ်ကို ဆက်လက်ဖတ်ရှုပြီး ထူးကဲဆန်းကျယ်သည့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း အတွေ့အကြုံကို ခံစားကြည့်ပါ။

အခန်း (၁) အလုပ်ဖိစီးသောသူများအတွက် အနားရခြင်း

        သင်သည် တစ်ခါတစ်ရံ အလုပ်သိပ်များပြီး လုပ်ရန် အချိန်သိပ်နည်းနေကြောင်း ခံစားမိပါသလား။ သင်သည် ဖိအားခံရပြီး စိတ်နွမ်းနယ်မှုခံနေရမှာပဲ။ သင်ဘယ်မျှလောက် ကြိုးစားကြိုးစား ၎င်းအလုပ်များကို ပြီးနိုင်အောင်မတတ်နိုင်ပါ။ လုပ်စရာ အလုပ်စာရင်းတွင် တစ်ခုခုကို ကျန်ရှိနေပါမည်။

        အရေးကြီးသည့် အလုပ်များမှာ သင့်ဘဝကို ဖမ်းစားလျက်ရှိပါသည်။အလုပ်တစ်ခုမှတစ်ခု ပြေးပြီးလုပ်လျက်ရှိရာ သင်သည် ဒီလိုပြုလုပ်တာကို အဓိပ္ပါယ်များရှိပါသေးရဲ့လား ဆိုတာကို သင်တွေးမိမှာပဲ။ လုပ်သမျှအလုပ်သည် တာရှည်ခံအကျိုးရှိ နိုင်မည်လား။ ဘဝအသက်တာ ဘယ်လိုများ ဆက်စပ်မှုရှိပါသနည်း။ လုပ်စရာသိပ်ပြီး အရေးကြီးနေသည်များကို လတ်တလောလုပ်ဖို့ လိုအပ်သည်များက ဖယ်ထုတ်နေပါသလား။ သင့်အတွက် အသေးအဖွဲ့ကို ကိစ္စများအရေးပေါ်လုပ်ရန် လိုအပ်နေ၍ သင့်ရဲ့ နေ့ရက်များကို အချိန်ကုန်လွန်စေပါသလား။

        မကြာသေးမီက ကျွန်ုပ်သည် (Los Angeles Times) သတင်းစာတွင်စိတ်ဝင်စားစရာကောင်းသည့် အကြောင်းအရာတစ်ခုကို ဖတ်မိပါသည်။ကော်လံစား စာရေး ဆရာအာရီယားနားဟာဖင်တန်(Arianna Huffington)သည်multitasking အလုပ်မျိုးစုံ တစ်ပြိုင်တည်း လုပ်ကိုင်ခြင်းအကြောင်း ရေးသားခဲ့သည်။ ကျွန်ုပ်တို့ သည် တစ်ရက်ပြီးတစ်ရက် လုပ်ငန်းများကို တစ်ပြိုင်တည်း လုပ်ချင်ကြသည်၊ လုပ်နေကြပါသည်။ အလုပ်နှစ်ခုသုံးခုကို တစ်ပြိုင်တည်း လုပ်ဖို့ကြိုးစားသည်။ ရောက်လာသည့် စာအိတ်ကို ဖွင့်ဖတ်ရင်း ကလေးများနှင့်လည်း စကားပြောသည်။ ညစာ စားလျက်ရှိချိန်တွင် စီအင်အင် (CNN) သတင်းစဉ် နားထောင်ရင်း စကားစမြည်ပြောဖို့ ကြိုးစားသည်။ ကွန်ပျူတာ၊ အီးမေးလ်ဖွင့်ဖတ်ရင်း သူငယ်ချင်းတစ်ဦးနှင့် တယ်လီဖုန်းဖြင့် စကားပြောကာ တစ်ပြိုင်တည်းမှာလည်း ကျွန်ုပ်တို့ အနှစ်သက်ဆုံး အားကစားအဖွဲ့ရဲ့ အောင်မြင်မှု အခြေအနေကိုလည်း လေ့လာမှတ်သားပါသည်။ ကားမောင်းရင်း လွယ်ကူစွာ စားသုံးနိုင်သော နံနက်စာကို စားကာ ရေဒီယိုသတင်း နားထောင်လျက် အိမ်ရှိဇနီးသည်နှင့်လည်း လက်ကိုင်ဖုန်းဖြင့် စကားပြောဖို့ ကြိုးစားသည်။

        တချို့သော သူတို့မှာ အလုပ်မျိုးစုံ တစ်ပြိုင်တည်း လုပ်ကိုင်ခြင်းကိုဘိန်းစွဲသလို လုပ်ကိုင်တတ်သည်။ စာရေးဆရာအာရီယားနားက “ကျွန်တော့်သူငယ်ချင်း အချို့တို့သည် ပြဿနာဒါဇင်ဝက်ကို ဖြေရှင်းရင်း ချောက်ကမ်းပါးအစွန်းမှာ လူးလွန့်ရမှ ကျေနပ်မှုရှိသည်။ ပြီးမှ ညအချိန်အိပ်နိုင်ဖို့ အိပ်ဆေးများစားရတော့သည်”ဟု ပြောပါ သည်။ မိမိလုပ်ငန်းတို့ကို ဒီလို ရုတ်ရုတ်သဲသဲ လုပ်ကိုင်ရသည့်အတွက် နှလုံးရောဂါရရှိဖို့ လမ်းစပေါ်တော့သည်။ ၁၉၅၈ ခုနှစ် အမျိုးသားဗဟိုကျန်းမာရေးကိန်းဂဏန်း လေ့လာချက်တစ်ရပ်တွင် လေ့လာခဲ့သည့် အလုပ်သမား ၄၀၀၀၀ အနက်ထက်ဝက်တို့မှာ နှစ်ပတ်အတွင်း ဖိအားအလွန်ခံနေရခြင်းမှ အသင့်အတင့်ခံနေရကြောင်း ဖေါ်ပြထားပါသည်။ သိက္ခာရှိလေ့လာရေး အဖွဲ့တစ်ခုရဲ့ တွေ့ရှိချက်မှာ အမေရိကန်နိုင်ငံရှိ အလုပ်သမားလေးပုံတစ်ပုံတို့မှာ သူတို့ရဲ့ အလုပ်ခွင်တွင် ဖိအားခံစားနေရကြောင်း၊ သို့ဖြစ်၍ စုစုပေါင်း စိတ်ဖိစီးမှုခံရသူအရေအတွက်မှာ အလွန်များပြားပါသည်။ ယခုနှစ်အတွင်းမှာ လူဦးရေ ၁၂ဝဝဝဝဝ မှ နှလုံးရောဂါ ဖြင့်တိုက်ခတ်မှု (Heart-Attach) နှင့် နှလုံးနာကျင်မှု (Angina) တို့ကို အမေရိကန်နိုင်ငံတွင်ခံရဖွယ်ရှိသည်။ ၎င်းအနက် ၄၅ဝဝဝဝ တို့မှာ သေဆုံးဖွယ်ရှိသည်။ အမေရိကန်နိုင်ငံ၌ နှလုံးရောဂါသည် နံပါတ်တစ် သေဆုံးနိုင်သော ရောဂါအဖြစ် ရပ်တည်နေသေးသည်။

        နှလုံးရောဂါဖြစ်ရခြင်းအဓိက အကြောင်းရင်းမှာ စိတ်ဖိစီးမှုဖြစ်ပါသည်။ ဘာမဆို အမြဲတမ်း သုတ်သီးသုတ်ပျာဖြစ်ခြင်း၊ အလျင်စလို မစောင့်ဆိုင်းနိုင်ခြင်း၊ စိတ်ကျဉ်းကျပ်ခြင်းနှင့်သူများထက်သာအောင် လုပ်တတ်စမြဲရှိသည့် ပုဂ္ဂိုလ်များသည် နှလုံးရောဂါသားကောင်များဖြစ်ကြသည်။ ဒေါက်တာရေးရိုဆန်နှင့် ဒေါက်တာမေယာဖရိဒ်မင်း တို့က အေအမျိုးအစား’ အရည်အသွေးရှိ သူပုဂ္ဂိုလ်များ သတ်မှတ်ပေးပါသည်။ ဒီပုဂ္ဂိုလ်အမျိုးအစားတို့မှာရည်မှန်းချက်ကြီးသူများဖြစ်ကြသည်။ အချိန်ကို အကျိုးရှိအောင် အသုံးချဖို့ ဆန္ဒစောခြင်း၊ အများထက်သာအောင် ကြိုးပမ်းပြီး ဘယ်တော့မှ ကျေနပ်မှုမရှိသည့်အတွက် အမြဲလိုလို စိတ်ဖိစီးမှု ရှိပါသည်။ အသက် ၆ဝ အောက် နှလုံးရောဂါဖြစ်သူ ၉ဝ ရာခိုင်နှုန်းတို့မှာ ‘အေအမျိုးအစား’ နှလုံးရောဂါသည်များဖြစ်ကြ သည်။

        ၂၀၀၈ခုနစ်၊ ဇန်နဝါရီလ (၇) ရက် (MSNMC) အထူးဆေးဖက်ဆိုင်ရာ အစီရင်ခံစာတွင် သုတေသနပြုသူများက အလွန်အကျွံ စိတ်စိုးရိမ်မှုသည် နှလုံးရောဂါဖြစ်ဖို့ မြင့်မားလာစေပါသည်။ အထူးသဖြင့် ယောက်ျားများအတွက် ပိုမိုဖြစ်နိုင်စွမ်းရှိသည်။ နယူးယောက်တက္ကသိုလ်ဆေးကျောင်းမှ ဒေါက်တာနီကာဂိုလ်ဘာရီက ပြောသည်မှာ “နှလုံးနှင့် ဦးနှောက်တို့မှာ ဆက်စပ်မှုရှိပါသည် သူ၍ပင်၊ သူမသည် ဆက်လက်၍ ပြောသည်မှာ “ဆရာဝန်များသည် အဆီကော်လက်စထရောနှင့်သွေးတိုးရောဂါအတွက် ဆေးပေးကုသရုံဖြင့် မလုံလောက်ဘဲ စိတ်ပိုင်းဆိုင်ရာ လူနာဦးနှောက်ထဲဝင်ကြည့်ဖို့လိုပါသည်။” တောင်ကယ်လိုဖိုးနီးယား တက္ကသိုလ်က ဒေါက်တာဘင်ယင်ဂျမ်းရှင်းက နှလုံးကျန်းမာရေးနှင့်အသက်ကြီးရင့်လာခြင်းအကြောင်း လေ့လာချက်တွင် အေးအေးဆေးဆေး သွားလာလှုပ်ရှားသူနှင့် စာလျှင် အလွန်အမင်းစိုးရိမ်ကြောင့်ကြမှု ရှိသူများသည် ၃၀-၄၀% ထိ နှလုံးရောဂါ ဖြစ်တတ်ကြောင်း ဆိုပါသည်။

နိုင်လွန်မင်းထက် အရေးကြီးသည်များမှ ရုန်းထွက်ခြင်း

        အလွန်အမင်း အရေးကြီးသည်ဟု ယူဆရသော လုပ်ငန်းများမှရုန်းထွက်ပြီး အမှန်တကယ် လိုအပ်သည့်အရာများကို ကျွန်ုပ်တို့ဘဝထဲသို့အလယ်ဗဟို ပြန်လည်ထားနိုင်ဖို့ နည်းလမ်းမရှိတော့ဘူးလား။ ဘဝမှာအမှန်တကယ် လိုအပ်သည်များကို ပြန်လည်ရှင်သန်နိုင်ဖို့ မပြုလုပ်နိုင်ဘူးလား။ ကမ္ဘာကြီးက ပို၍ပို၍ မြန်အောင် လည်ပတ်လှုပ်ရှားနေလျှင် စည်းဘောင်ကို ဘယ်လိုထားရှိနိုင်မည်နည်း။ သင်သည် တစ်ရက်မှတစ်ရက်သို့ကူးပြောင်းခြင်း၊ တစ်ပတ်မှတစ်ပတ်သို့ ကူးပြောင်းခြင်း၊ တစ်နှစ်မှတစ်နှစ် သို့ ကူးပြောင်းခြင်းတို့သည် မြန်ဆန်လွန်းသည်ဟု ခံစားမိပါသလား။ ဒီလိုမြန်ဆန်စွာ သွားလာလှုပ်ရှားမှုကို နှေးကွေးစေပြီး နွမ်းနယ်သော စိတ်နှလုံးနှင့် ကိုယ်ကာယတို့ကို ဘယ်လိုအနားပေးနိုင်မည်နည်း။

        ကျွန်တော်အကြံပြုချင်သည်ကတော့ ဘုရားသခင်သည် အစပြုနိုင်သော နည်းလမ်းကောင်းကို ပေးထားပြီးဖြစ်ပါသည်။ ဘယ်မှာနယ်နိမိတ် သတ်မှတ်ထားရမည်ကို အချိန်နှင့်အခါဖြင့် သတ်မှတ်ထားပေးပြီး ဖြစ်ပါသည်။ ဒီဟာမှာ မွန်မြတ်သည့် အချိန်စပ်ကြားဖြစ်ပါသည်။ အစ၊ အဆုံးမရှိသော ထာဝရလက္ခဏာဖြစ်ပါသည်။ ဘုရားသခင် သည် ကျွန်ုပ်တို့ကို အနားယူပြီး အားအင်သစ်ဆန်းလာအောင် ဖိတ်ခေါ်ပါသည်။ ဤ ငြိမ်းချမ်းမှုကို ဖန်ဆင်းချိန်မှစ၍ ဧဒင်ဥယျာဉ်၌ တွေ့ရှိရပါမည်။

        ဖန်ဆင်းချိန် ခြောက်ရက်ပြီးမြောက်သည့်အခါ ဘုရားသခင်ကဥပုသ်နေ့ကို သတ်မှတ်ပေးပါသည်။ ကမ္ဘာဦးကျမ်း ၂း၁-၃ တွင် “ထိုသို့ကောင်းကင်မြေကြီးနှင့် တကွ၊ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက် ရှိကြ၏။ သတ္တမနေ့ရက်ရောက်လျှင် ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူပြီး၊ ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏။ ထိုသတ္တမနေ့ကို ဘုရားသခင်သည်ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။အကြောင်းမူကား ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာအလုံးစုံတို့သည်ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌ ငြိပ်ဝပ်စွာနေတော်မူ၏” ဟူ၍ ရေးသားထားသည်။ ဘုရားသခင်သည် သတ္တမနေ့၌ “နားရန် ရက်” ဖန်ဆင်းပေးသည်။ ဥပုသ်နေ့သည် ခုနစ်ရက်တစ်လီ တစ်ပတ်တွင် သန့်ရှင်းသောနယ်နိမိတ်သတ်မှတ်ချက် ဖြစ်ပါသည်။ နေ့ရက်အချိန် စီးဆင်းမှုကို ရပ်တန့်စေပြီး နေ့စဉ်ရုန်းကန်ရမှုကို ခေတ္တအနားပေးခြင်း ဖြစ်ပါသည်။နေ့စဉ်အချိန်လုလုပ်ကိုင်နေရသော လုပ်ငန်းမှရပ်တန့်စေသည်။ ဥပုသ်နေ့သည် ရှုပ်ထွေးပြေးလွှားနေရသော လောကကြီးမှရှောင်ထွက်ပြီး နားနေရန် ရက်မြတ်တစ်ရက်အဖြစ် ဘုရားသခင်ဖန်ဆင်းပေးသည်။ တစ်ပတ်မှာခြောက်ရက်သောဖန်ဆင်းခြင်း နေ့ရက်များမှ သီးသန့်ဖယ်ထုတ်ထားသော အထူးရက်တစ်ရက် ဖြစ်ပါသည်။ တန်ဖိုးအရှိဆုံးအချိန်ဖြစ်ပါသည်။ ဒီနေ့ ရက်မှာ ကျွန်ုပ်တို့နှင့်ဘုရားသခင်စပ်ကြားဆက်ဆံရေးအခြေအနေကို သုံးသပ်ဖို့ အချိန်ဖြစ်ပါသည်။ နောက်ပြီးတော့ ကျွန်ုပ်တို့ဘဝကို ရှုပ်ထွေးစေသည့် အရာအားလုံးတို့ကို ငြင်းပယ်ဖို့အချိန် ဖြစ်ပါသည်။

        လူသားများသည် ဤသန့်ရှင်းသော နေရာအကန့်၊ ဘုရားမှပေးသောနယ်နိမိတ် အထူးလိုအပ်လျက်ရှိပါသည်။ ကမ္ဘာကြီးသည် ခါတိုင်းထက် ပိုရှုပ်ထွေးသည်၊ ပို ဆူညံသည်၊ ပိုမိုပြင်းထန်ပြီး လူတွေရဲ့ ဂရုစိုက်မှုကို ပိုမိုတောင်းဆိုလျက်ရှိပါသည်။ သို့ဖြစ်၍ ဥပုသ်နေ့သည် ဤတောင်းဆိုမှုကြီးမားခြင်းရဲ့ လောင်ကျွမ်းမှုမှ ကာကွယ်ပေးနိုင်မည်။ 

        ရာဘီဒေးဗစ်ဝပ်က ရဟူဒီကျမ်းတတ်ဆရာရဲ့ မှတ်သားချက်တစ်ခုမှာ “ခေတ်သစ်ကမ္ဘာကြီးသည် အသံထွက်သည့်အခါ တီးတိုးစွာ အသံမထွက်ပါ။ မြို့ပြကြီးများတွေဟာ ထွက်ပေါက်မရှိသည့် ဈေးတန်းကြီးများရှိသည့်လမ်းများနှင့် တူပါသည်။ အရေးကြီးသည့် အသံဗလံများ၊ မီးရောက်ထွန်းဆိုင်းဘုတ်များနှင့် မီဒီယာရုပ်ပုံလွှာများဖြင့် ကျွန်ုပ်တို့ကို ဝန်းရံထားပါသည်။ ကျွန်ုပ်တို့ ပြည့်လျှံလွန်း၍ ဖိအားများသည့် ဘဝအသက်တာသည် အနားယူဖို့လိုပါသည်။ အကြောင်းအရာအမျိုးမျိုးရဲ့ရိုက်ခတ်မှုမှ သက်သာမှုလိုအပ်ပြီး ဘုရားသခင်နှင့် အဓိပ္ပါယ်ရှိသည့် ပျော်ရွှင်ဆက်ဆံရေးလိုအပ်ပါသည်။

        ဘာသာရေးသမိုင်းတစ်လျှောက်လုံးတွင် ဥပုသ်နေ့သည် အနှိုင်းမဲ့ဖြစ်ပါသည်။ ကမ္ဘာကြီးရဲ့ အခြားသော ဘာသာရေးများ၌ သန့်ရှင်းမွန်မြတ်သောအရာအမျိုးမျိုး ရှိကြပါသည်။ လူတွေဟာ ထွက်မြတ်သော နွားများမှအစ သူတော်စင်များရဲ့ ရုပ်ကြွင်း အရိုးစုတို့ကို သန့်ရှင်းမွန်မြတ်ကြောင်း ယူဆကြသည်။ ရုပ်တုအမျိုးမျိုး ကိုးကွယ်ကြပါသည်။ နောက်ပြီး ကမ္ဘာ့သမိုင်းတွင် သန့်ရှင်းမွန်မြတ်သည့် နေရာအများအပြား ရှိကြသည်။ ဟိန္ဒူဘာသာဝင်တို့သည် မိုင်ထောင်ပေါင်းများစွာ ခရီးသွားပြီးမြင့်မြတ်သည့် ဂင်္ဂါမြစ်တွင် ရေချိုးရသည်။ မွတ်ဆလင်ဘာသာဝင်တို့သည် ဝေးလံသည့် သန့်ရှင်းမွန်မြတ်သော မက္ကာမြို့သို့ ဘုရားဖူးခရီးဆန့်ခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓဘုရား မဂ်ဖိုရသောနေရာကို အမြတ်တနိုးထားကြသည်။ အချို့ခရစ်ယာန်များမှာ ရောမမြို့ (သို့တည်းမဟုတ်) ယေရုရှလင်မြို့သို့ သွားကြပြီး သန့်ရှင်းမွန်မြတ်သည့် အတွေ့ကြုံခံစားဖို့ ဖြစ်ပါသည်။

        သို့ရာတွင် သမ္မာကျမ်းစာ၌ အနှိုင်းမဲ့သန့်ရှင်းမွန်မြတ်မှု သဘောတရားကို အချိန်အခါ၌ တည်ရှိကြောင်း တွေ့ရပါသည်။ သတ္တမနေ့ကို ဘုရားသခင် ကောင်းချီးမင်္ဂလာပေးပြီး သန့်ရှင်းစေပါသည်။ ဥပုသ်နေ့ကို ဘုရားသခင်ဖန်ဆင်းပေးပြီး လူသားများကို ကောင်းချီးမင်္ဂလာပေးနိုင်ဖို့ ဖြစ်ပါသည်။ သို့ရာတွင် နေရာတစ်ခုတည်းတွင် မသတ်မှတ်ပေးပါ။ ခရီးရှည်သွားရမှ ဘုရားသခင်ရဲ့ မွန်မြတ်သည့် နေရာ ဒေသသို့ရောက်နိုင်မည်မဟုတ်ဘဲ ဥပုသ်နေ့တိုင်းတွင် ကောင်းကင်သည် မြေကြီးသို့သက်ဆင်းထိ တွေ့ပါသည်။ ဘုရားသခင်ရဲ့ ထာဝရအချိန်အခါသည် ကောင်းကင်မှသက်ဆင်းလာပါသည်။ သူ့ရဲ့ သန့်ရှင်းမွန်မြတ်သည့် အချိန်အခါ သတ်မှတ်ချက်သည် လူသားတိုင်းအတွက် ချဉ်းကပ်မှုပြုနိုင်သည်။ ဘုရားသခင်ရဲ့ နာမတော်ဖြင့် အနားယူနိုင်သည်။ ဤကိစ္စများမြောင်သည့်ကမ္ဘာကြီးမှ မွန်မြတ်သည့် အချိန်အကန့် တစ်ခုဖြစ်ပါသည်။ စကြဝဠာအရှင်သခင်သည် ဘဝရဲ့ အပြိုင်အဆိုင်များထားခဲ့ပြီး အရှင်သခင်ရဲ့ နန်းတော် သို့ ဝင်ရောက်ပါရန် ဖိတ်ခေါ်မှုတစ်ရပ် ဖြစ်ပါသည်။

        ကျွန်ုပ်တို့နေ့စဉ် ကုန်းရုန်းနေရသော လောကီအလုပ်၊ ကျွန်ဘဝမှ လွတ်လပ်မှုရရှိပြီး ကောင်းကင်နယ်ပယ်သို့ ချဉ်းကပ်ဖို့ အခွင့်အရေးရပါသည်။ ဆာလံဆရာများနည်းတူ သီဆိုနိုင်သည်မှာ “ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသော နေ့ရက်ဖြစ်၍ ယနေ့ ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့” (ဆာလံ ၁၁၈း၂၄)။

        “အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်းအခွင့်နှင့် လက်ယာတော်နားမှာ အစဉ်အမြဲပျော်မွေ့ခြင်း အခွင့်ရှိပါ၏” (ဆာလံ ၁၆း၁၂)။ ဥပုသ်နေ့သည် ကောင်းကင်ဘုံမှ မွန်မြတ်သည့် ဖိတ်ကြားချက်အဖြစ် ဖန်ဆင်းရှင်ရဲ့ အထံတော်ပါး၌ အနားရခြင်း၊ ငြိမ်သက်မှုရှိခြင်းနှင့်ပျော်ရွှင်ခြင်း ဆုကျေးဇူးရရှိဖို့ ဖြစ်ပါသည်။ ဟိုပြေးသည် ပြေးခြင်းမှ ရပ်တန့်ပြီး နားနေဖို့ဖိတ်ခေါ်ချက်ဖြစ်ပါသည်။ ဘယ်အရာများကိုမှ အလေးထားသင့်သည်ကိုကောင်းကင်ဘုံမှ တောင်းဆိုမှုပြုပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုဖန်ဆင်းခဲ့၍ သူပိုင်ဆိုင်ကြောင်း တစ်ပတ်လျှင် တစ်ကြိမ် သတိရအောက်မေ့ဖို့ ဖြစ်ပါသည်။ ဥပုသ်နေ့သည် ကျွန်ုပ်တို့ရဲ့ ဇာစ်မြစ်ကို ဖော်ညွှန်းပြီး ဘုရားသခင်နှင့် အဓိပ္ပါယ်ရှိသည့် ဆက်ဆံမှုအသစ်ကို ဖိတ်ခေါ်နေပါသည်။

ဝိညာဉ်ရေးရာနှင့် ကျမ်းမာရေး

        ဥပုသ်နေ့နားရက်သည် ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် မိသားစုတို့ရဲ့ဆက်ဆံရေးအား အသစ်တစ်ဖန် ဂဟေဆက်ပေးပါသည်။ ကျွန်ုပ်တို့ စိတ်ဦးနှောက်ပိုင်းနှင့် ကိုယ်ကာယပိုင်းကို အားပြန်လည် ဖြည့်တင်းပေးပါသည်။ ဘုရားသခင်ကတိပြုခဲ့သည်မှာ “ထိုသို့ပြုသောသူ၊ အမြဲစွဲလမ်းသောလူသားသည် ဥပုသ်နေ့ကို မရှုပ်ချ၊ စောင့်ရှောက်၍ မိမိလက်ကို ဒုစရိုက်နှင့် ကင်းစင်သူသည် မင်္ဂလာရှိ၏” (ဟေရှာယ ၅၆း၂)။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့ အချိန်ဖယ်ထားသောသူကို ဘုရားသခင်က အထူးကောင်းချီး မင်္ဂလာပေးကမ်းပါမည်။ များမကြာမီက ပြုလုပ်ခဲ့သည့် ဘာသာရေးနှင့်ကျန်းမာရေး သိပ္ပံလေ့လာချက်တွင် ဘုရားသခင်ကတိပြုချက်သည် အမှန်တကယ် စစ်မှန်ကြောင်းဖော်ညွှန်းပါသည်။ (The International Journal of Psychitry in Medicine) စိတ်ပိုင်းဆိုင်ရာ ဆေးကျမ်းစာစောင်တွင် ထိုစိတ်ဝင်စားစရာကောင်းသည့် တွေ့ရှိချက်ကို ဖော်ပြထားပါသည်။ “ဘာသာရေးလှုပ်ရှားမှုနှင့်သွေးတိုးနှုန်း ဆက်စပ်မှုတို့ကို သက်ကြီးရွယ်အို လူနာ ၄ဝဝဝ တို့အား ခြောက်နှစ်ကာလအတွင်း လေ့လာစစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။ လေ့လာချက်တွင် ဘာသာရေးဝတ်ပြုကိုးကွယ်မှုကို တစ်ပတ်လျှင် တစ်ကြိမ်နှင့်အထက်တက်ရောက်သူများ၊ တစ်နေ့လျှင် တစ်ကြိမ်နှင့်အထက် ဆုတောင်းခြင်းသော်လည်းကောင်း၊ ကျမ်းစာဖတ်ခြင်းသော်လည်းကောင်း၊ ပြုလုပ်သောသူတို့သည် ဤထက် ဘာသာရေးလှုပ်ရှားမှု မပြုလုပ်သောသူများနှင့်စာလျှင် သူတို့ရဲ့ သွေးတိုးနှလုံး ဖိနှုန်းသည် ၄၀% လျော့နည်းပါသည်။ (အသက်၊ အမျိုးသမီး၊ အမျိုးသားဖြစ်ခြင်း၊ လူမျိုး၊ ဆေးလိပ်သောက် မသောက်၊ ဖြစ်သည့် ရောဂါဆိုးအခြေအနေနှင့် ကိုယ်ကာယအလေးချိန်တို့ကို ညှိနှိုင်းမှုပြုပြီးသည့် အချိန်အခြေအနေ)။ တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ဝတ်ပြုကိုးကွယ်မှုသည် ကျမ်းမာရေးအတွက် ကောင်းကျိုးပေးပါသည်။ အခြားသောလေ့လာချက်များတွင်လည်း ဝတ်ပြုကိုးကွယ်ခြင်း အတွေ့အကြုံကြောင့်သွေးတိုးမှု လျော့ကျခြင်း၊ ခြေလက်ကိုက်ခဲသည့် ရောဂါလျော့နည်းသွားခြင်းနှင့် နှလုံးရောဂါဖြစ်ဖို့ အန္တရာယ်လျော့နည်းစေကြောင်း တွေ့ရှိခဲ့ပါသည်။ 

        ဥပုသ်နေ့သည် စောင့်ထိန်းရန် တရားဥပဒေသတ်မှတ်ချက်မဟုတ်ပါ။ ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းတစ်လျှောက်လုံးတွင် ဥပုသ်နေ့ကို ကျွန်ုပ်တို့အားချစ်မြတ်နိုးသည့် ဖန်ဆင်းရှင်က လက်ဆောင်မွန်အဖြစ် ပေးသနားခြင်းဖြစ်ပါသည်။ ဖန်ဆင်းခြင်းနေ့ရက်တွင် ဖန်ဆင်းရှင်အား ဝတ်ပြုကိုးကွယ်သည့်အခါ ကျွန်ုပ်တို့ပြန်လည်လန်းဆန်းပြီး အားအင်တစ်ဖန်ပြန်လည်ပြည့်ဝလာပါတော့သည်။

ဥပုသ်နေ့ဆုမင်္ဂလာများ

        ဥပုသ်နေ့သည် ဆုမင်္ဂလာများသော နေ့တစ်နေ့ပင်ဖြစ်ပါသည်။ သို့ဖြစ်၍ ဓမ္မဟောင်းကျမ်းပုရောဖက်များသည် လူများကို ဖန်ဆင်းရှင်ဘုရားသခင်၊ ဥပဒေကိုပေးသော အရှင်သခင်၊ ကယ်တင်ခြင်းကို ပေးသောဘုရားသခင်ထံတော်ပါးသို့ ပြန်လာရန် အမြဲခေါ်ဖိတ်ပါသည်။ ဓမ္မဟောင်းကျမ်း ပုရောဖက်များ ထပ်ခါတလဲလဲ သတိပေးချက်အချို့မှာ “ဥပုသ်နေ့၌ ဝန်ကို မထမ်းရွက်၊ ယေရုရှလင်မြို့တံခါးမှ မဆောင်သွင်းဖို့ သတိပြုကြလော့” (ယေရမိ ၁၇း၂၁၊ ၂၂)။

        ပုရောဖက်ယေရမိသည် ကျွန်ုပ်တို့အားလုံးရင်ဆိုင်ရမည့် အန္တရာယ်အကြောင်းကို ပြောပြနေပါသည်။ သူနေခဲ့သည့်အချိန်နှင့်ပတ်သက်သည့်ပြဿနာ အကြောင်းပြောခြင်းဖြစ်သော်လည်း ယနေ့ ကျွန်ုပ်တို့ခေတ်နှင့်လည်း ဆက်စပ်ပတ် သက်မှုရှိပါသည်။ ထိုအချိန် ထိုအခါ၌ သက်ရှိလူသားများအတွက်သာမကဘဲ ယနေ့ နှစ်ဆယ့်တစ်ရာစု လူသားများနှင့်လည်းပတ်သက်မှုရှိပါသည်။ ဤပြဿနာမှာ အမြဲတောက်လျှောက် အလုပ်လုပ်ခြင်းသည် ဝိညာဉ်ရေးကို ညှစ်ထုတ်လိုက်သလို ဖြစ်ပါသည်။ ငွေနောက်သို့ လိုက်ပြေးခြင်းသည် အချိန်အားလုံးကုန်ခန်းစေပါသည်။ ပစ္စည်းအတွက် ရှာဖွေခြင်းသည် ထာဝရအရာများကို တွန်းဖယ်လိုက်သလို ဖြစ်သည်။ဤလို အခြေအနေများသည် ယေရမိရဲ့ ယေရုရှလင်အချိန်အခါမှာ ဖြစ်ခဲ့သည်။ ကျွန်ုပ်တို့ အချိန်အခါမှာလည်း ဖြစ်ပျက်နေပါသည်။ ကျွန်ုပ်တို့အိမ်မှာ၊ ကျွန်ုပ်တို့အလုပ်ဌာနမှာ၊ ကျွန်ုပ်တို့ မြို့ပြတွေမှာ ဖြစ်နေပါသည်။ သို့ဖြစ်၍ ဘုရားသခင်က ကျွန်ုပ်တို့အား ဥပုသ်နေ့အားဖြင့် အလေးထားရမည့်အရာများသို့  ပြန်လည်ခေါ်ဆောင်ပါသည်။ ပစ္စည်းလုံခြုံလောက်မှုရှိအောင် နောက်သို့လိုက်ခြင်းသည် အမှန်တကယ် အရေးကြီးလိုအပ်ချက်များကို မလွှမ်းမိုးစေနှင့်။

        ပုရောဖက်ဟေရှာယသည်လည်း ဤကဲ့သို့ပင်သတိပေးပါသည်။ ဣသရေလလူမျိုးတို့သည် ကျမ်းစာပါဥပုသ်နေ့ကို လျစ်လျူရှုလျက်ရှိနေသည်။ မိစ္ဆာဒိဋ္ဌိအယူဝါဒ ယဉ်ကျေးမှုများနှင့် ဆက်ဆံနေကြသဖြင့်ထာဝရဘုရားသခင်၏ နေ့ထူးနေ့မြတ်ကို ဂရုမစိုက်ဘဲ ရှိကြသည်။ ဟေရှာယ အခန်းကြီး ၅၈ တွင် ဘုရားသခင်က သူတို့ကို မိမိတို့ရဲ့ ယုံကြည်ချက်ကို အသစ်တစ်ဖန်ပြန်လည်တည်ဆောက်ဖို့ ခေါ်နေပါသည်။ သူတို့ကိုဝိညာဉ်ရေးရာတန်ဖိုးထားတတ်ဖို့ ဖိတ်ခေါ်နေပါသည်။ ခေတ်အဆက်ဆက်၊ မျိုးအဆက်ဆက်ရဲ့ အုတ်မြစ်ကို ပြန်လည်တည်ဆောက်ပြုပြင်ဖို့ ခေါ်နေပါသည်။ ဘုရားသခင်က “ငါ့ကို ကိုးစားသောသူမူကား၊ပြည်တော်ကိုပိုင်၍ ငါ၏သန့်ရှင်းသောတောင်ကို အမွေခံရလိမ့်မည်။ ထိုအခါ မြေကိုဖို့ကြ၊ မြေကိုဖို့ကြ ငါ့လူတို့၏ လမ်းခရီး၌ အဆီးအတားမရှိစေနှင့်ဟုငါပြောဆိုရ၏”ဟုမြွက်ဆို၏။ (ဟေရှာယ၊ ၅၈း၁၂-၁၄)။

        ယုံကြည်ခြင်းကို ပြန်လည်တည်ဆောက်သူများသည် “ပြိုလဲနေသော မြို့ရိုးပြုပြင်သူများ” ဟု ခေါ်တွင်သည်ကို တွေ့ရပါသည်။ ဘုရားသခင်ရဲ့လူများကို ကာကွယ်တည်ဆောက်ထားသည့် မြို့ရိုးပေါက်သွားခဲ့ပါသည်။ဥပုသ်နေ့သည် အကွယ်အကာပေးသည့် နယ်နိမိတ်မြို့ရိုးပင်ဖြစ်ပါသည်။ ဘုရားသခင်က ပြုလုပ်ပေးသော စည်းဝိုင်းလုံခြုံ သည့် နေရာဖြစ်ပါသည်။ ဥပုသ်နေ့သည် ဘုရားသခင်ရဲ့ ချစ်မြတ်နိုးခြင်းအကာအကွယ် စောင့်ရှောက်မှုကို တစ်ပတ်တစ်ကြိမ်ခံစားနိုင်ဖို့ ဖြစ်ပါသည်။

        ဥပုသ်နေ့တွင် ဖန်ဆင်းရှင်ရဲ့ ကောင်းမြတ်ခြင်းကို စဉ်းစားနိုင်ဖို့ အချိန်ဖြစ်ပါသည်။ ဘဝရဲ့ အမှန်တရားအဓိပ္ပါယ်ကို အာရုံပြုနိုင်သည်။ ပုရောဖက်ဟေရှာယ ပြောလိုက်ပါသေးသည်။ ဥပုသ်နေ့ကို စောင့်ထိန်းသောသူတို့အား စကြဝဠာအရှင်သခင် ဖန်ဆင်းရှင်က ကမ္ဘာအထက်နေရာများ၌ စိုးစံခွင့်ပေးမည်ဖြစ်ကြောင်း ကတိတော်ပေးခဲ့သည်။ ဥပုသ်နေ့ကိုစောင့်ထိန်းခြင်းအားဖြင့် ဘုရားသခင်ရဲ့ လူတို့သည် ကာယအားဖြင့်သော်လည်းကောင်း၊ ဉာဏ်အားဖြင့်လည်းကောင်း၊ ဝိညာဉ်ရေးအားဖြင့်သော်လည်းကောင်း၊ လူမှုအဖွဲ့အစည်းများ၌သော်လည်းကောင်း အဖက်ဖက်မှာ ကြီးပွားတိုးတက်မည် ဖြစ်ပါသည်။

        ဓမ္မသစ်ကျမ်းများတွင် ယေရှုခရစ်သည် အခြားသောရက်များနှင့်စာလျှင် ဥပုသ်နေ့များတွင် အံ့ဖွယ်သောကုသရေးအမှုတို့ကို ဆောင်ရွက်ခဲ့ပါသည်။ တစ်ဆယ့်ရှစ်နှစ်လုံးလုံး နတ်ဆိုးစွဲ၍ ဖျားနာခဲ့သည့် မိန်းမတစ်ဦးကို ရောဂါပျောက်ကင်းစေသည် (လုကာ၊ ၁၃း၁၀-၁၂)။ မျက်စိကန်းနေသူတစ်ဦးကို ဥပုသ်နေ့မှာ မျက်စိအလင်းပြန်ရစေသည် (ယောဟန် ၉း၁-၁၂)။ သူသည် သိမ်းသွားသည့်လက်များ၊ အကြောသေသူများ၊ သေလုမြောပါး ကလေးများတို့ကို ဥပုသ်နေ့မှာ ပျောက်ကင်းစေသည်။ သူ၏ အထူးခြား ဆုံး အံ့ဖွယ်အမှုသည် ၃၈ နှစ်လုံးလုံး ခြေလက်မသန်စွမ်းရောဂါကြောင့် မထနိုင်သည့် လူနာတစ်ဦးကို ဗေသေသဒရေကန်၌ ဥပုသ်နေ့တွင် ပျောက်ကင်းစေပါသည်။

        ဥပုသ်နေ့မှာ ပြုလုပ်ခဲ့သည့် အံ့ဖွယ်အမှုများသည် ယေရှုခရစ်နှင့် ဥပုသ်အကြောင်း ဘာကိုဆိုလိုချင်သနည်း။ မိမိ၏ သားသမီးတို့ကို ပြည့်ဝလျှံပယ်သည့် ဘဝကို ပေးသနားလိုသည့် ခရစ်တော်အကြောင်း ပြောပြခြင်းဖြစ်ပါသည်။ ဥပုသ်နေ့တိုင်း ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့ရဲ့ ဘဝကိုအသစ်တစ်ဖန် ပြုပြင်ပေးနေသည်။ ခုနစ်ရက်တိုင်း ဘဝပြည့်ဝမှု ပြန်လည်ရရှိအောင် ပေးသနားသည်။ ကျွန်ုပ်တို့ကို ဖန်ဆင်းပေးသူသည်ကျွန်ုပ်တို့အား ကာယ၊ ဉာာဏနှင့် ဝိညာဉ်းရေးဘက်၌ ပြည့်ဝစုံလင်အောင်ဖြစ်စေချင်ပါသည်။

        ဥပုသ်နေ့သည် ယေရှုခရစ်အတွက် ကုသမှုရက်ဖြစ်ပါသည်။ ဒီလိုအချိန်မှာ သူ့ကို မှီခိုအားထားနားနေမှု ရရှိပါသည်။ ယေရှုခရစ်သည်လူသားတို့ကို ဖိအားများ၍ မနိုင်သည့်ဝန်မှ လွန်မြောက်စေချင်သည်။ဥပုသ်နေ့နှင့် သက်ဆိုင်သည့်အကြောင်းအရာတို့ကို သူ့အားပြစ်တင်ကဲ့ရဲ့သူတို့အား ပြန်လည်ချေပရာ၌ “သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏” (မာကု ၂း၂၇၊ ၂၈)။

        ယေရှုခရစ်သည် ကိန်းခန်းများခြင်းနှင့် ဥပဒေသတ်မှတ်ချက်များကိုရှောင်ရှားပြီး နိုင်ငံတော်သွားရာလမ်းသို့ ပိုမိုကောင်းမွန်သည့် လမ်းကိုပြသပါသည်။ သူသည် ဥပုသ်နေ့ရဲ့သခင်ဖြစ်ကြောင်းကို ကြေညာပါသည်။ ဒီဟာမှာ အထူးပင်ထူးခြားချက် တစ်ရပ်ဖြစ်ပါသည်။ အချို့လူတို့သည်ဥပုသ်နေ့ကို ဓမ္မဟောင်းကျမ်းရဲ့ ကျင့်ဝတ်အဖြစ်ယူဆပြီး တရားဥပဒေနှင့်သာသက်ဆိုင်ကြောင်းထင်သူများကို ယေရှုခရစ်က သူသည် ဥပုသ်နေ့ရဲ့ အရှင်သခင်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သူပြောခဲ့သည်မှာ ဥပုသ်နေ့သည် လူအဖို့ဖြစ်၏။ ဥပုသ်နေ့သည် ကျွန်ုပ်တို့ကို ကောင်းချီးမင်္ဂလာပေးဖို့နှင့် ကျွန်ုပ်တို့ကို အကျိုးပြုဖို့ ဖြစ်ပါသည်။ အခြားဘာသာရေးတာဝန် တစ်ခုမျှသာမဟုတ်ဘဲ ခက်ခဲသည့် ဝန်ထုပ်ဝန်ပိုးမဟုတ်ပါ။ ဓမ္မသစ်ချိန်ဥပုသ်နေ့သည် ကရုဏာကျေးဇူး ခံစားရာနေရာနှင့် နားနေရာဖြစ်သည်။ဥပုသ်နေ့သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့စပ်ကြား ဆက်ဆံရေးကို ပဋိညာဉ်အသစ်တစ်ဖန် ပြန်လည်ပြုလုပ်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ကျွန်ုပ်တို့၏ ဗဟိုအချက်အချာဖြစ်ကြောင်း တွေ့နိုင်သော နေရာဖြစ် သည်။

        ဟေဗြဲအခန်းကြီး ၄ တွင် သမ္မာကျမ်းစာရေးသူသည် ပညတ်တော်လေးချက်မြောက်ကို သတ္တမနေ့ကို သန့်ရှင်းအောင် စောင့်ထိန်းဖို့ အမိန့်တော်ပေးခဲ့ပါသည်။ ကျမ်းစာဖတ်သူများကို “ဘုရားသခင်သည်မိမိအမှုအရာအလုံးစုံတို့ကို ပြီးစီး၍ ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏” ဟူ၍ သတိရရန် အသိပေးပါသည် (ဟေဗြဲ ၄း၄)။ နောက်အခန်းငယ် အနည်းငယ်မှာ “ဘုရားသခင်သည် မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေတော်မူသည်နည်းတူ၊ ထိုချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏” (ဟေဗြဲ ၄း၉၊၁ဝ)။ ဒီကျမ်းပိုဒ်တွေဟာ ကျွန်ုပ်တို့ကို ဘာတွေပြောပြချင်ပါသနည်း။ ကျွန်ုပ်တို့ကို အလုပ်အကိုင်မှ နားနေနိုင်ကြောင်း ဆိုလိုပါသည်။ပို၍ပို၍အများကြီးရအောင် စေစားမှုရဲ့ ဖိအားမှ နားနေဖို့ အခွင့်အရေးရှိသည်။

        ကျွန်ုပ်တို့ကို ချစ်မြတ်နိုးသည့် ဖန်ဆင်းရှင်၏ စောင့်ထိန်းမှုဖြင့်အနားယူနိုင်သည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းလုပ်ငန်းနှင့် ကယ်နုတ်ခြင်း လုပ်ငန်းပြီးစီးသည့်အတွက် နားနေနိုင်ပါသည်။ ကျွန်ုပ်တို့သည် တစ်စစပြောင်းလဲလာခြင်း မဟုတ်ဘဲ ဘုရားသခင်က အချိန်အကန့်အသတ်တစ်ပိုင်းတွင် ဖန်ဆင်းခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့သည့်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် အထူးလူသားများ ဖြစ်ကြသည်။ ကျွန်ုပ်တို့ကို ဖန်ဆင်းသည်မကဘဲ ကျွန်ုပ်တို့ကို ရွေးနုတ် ကယ်တင်ခဲ့ပါသည်။ ဘုရားသခင်ရဲ့ သားတော် ကားစင်တင်ခံရ၍ ကျေးဇူးတော်ဖြင့် ကယ်တင်ခြင်း ရရှိခဲ့ပါသည်။ ကောင်းမှုကုသိုလ်ပြုပြီးမှ ဒီဆုကျေးဇူးကိုရရှိခြင်း မဟုတ်ဘဲ လက်ခံယူဖို့သာ ဖြစ်ပါသည်။ အပတ်စဉ် ဥပုသ်နေ့ကို စောင့်ထိန်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် စိတ်ချယုံကြည်မှုရှိပြီး ဖန်ဆင်းရှင်၌ခိုလှုံမှု ရရှိနိုင်ပါသည်။

        ဥပုသ်နေ့သည် ဖန်ဆင်းရှင်ရဲ့ ရှေ့မှောက်တွင် ကျွန်ုပ်တို့ရဲ့ အမှန်တန်ဖိုးကို သိနိုင်သည်။ ကျွန်ုပ်တို့ရဲ့အခြေအမြစ်ကို ဘုရားသခင်၌ ရှာတွေ့နိုင်ပါသည်။ ကျွန်ုပ်တို့သည် အရိုးကို ဖုံးအုပ်နေသည့် အရေပြားသာမကဘဲ ဖန်ဆင်းရှင်၏ မျက်မှောက်တွင် တန်ဖိုးရှိသူများဖြစ်ကြသည်။ မျိုးဗီဇ တစ်စစပြောင်းလဲလာခြင်း မဟုတ်ဘဲ ဘုရားသခင်ရဲ့သားသမီးများ ဖြစ်ကြပါသည်။ အပတ်စဉ်ဥပုသ်နေ့၌ ဝတ်ပြုကိုးကွယ်မှုဖြင့် ကျွန်ုပ်တို့ ဘယ်ကလာခဲ့သလဲ၊ ဘာကြောင့် ရှင်သန်တည်ရှိရသည်ကို အမြဲသတိရအောက်မေ့စေပါသည်။ ဥပုသ်နေ့ဝတ်ပြုကိုးကွယ်ခြင်းအားဖြင့် ဘဝရည်ရွယ်ချက် အစစ်အမှန်ကို သိရှိနိုင်ပြီး ဖန်ဆင်းရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းနိုင်ပါမည်။

        ဥပုသ်နေ့သည် နားနေမှုကို သခင်ယေရှုထံမှ ရရှိနိုင်ခြင်း၊ ဖန်ဆင်းခြင်းသည် ကျွန်ုပ်တို့ အလုပ်မဟုတ်၊ ကယ်တင်ခြင်းသည်လည်း ရယူအောင်မလုပ်နိုင်ပါ။ ကျွန်ုပ်တို့အတွက် အသေခံသည့် ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရပါသည်။ ဥပုသ်နေ့သည် အလုပ်လုပ်ရန်မဟုတ် နားနေရမည့်နေ့ ဖြစ်ပါသည်။ အပြစ်များဖြင့် ပြည့်နှက်သည့် ကျွန်ုပ်တို့ရဲ့ဝိညာဉ်ကို ဥပုသ်နေ့၌ နားနေခြင်းဖြင့် ကယ်တင်ခြင်း ရယူနိုင်သည်ကို ကျေးဇူးထောမနာပြုနိုင်သည်။ 

        သွားလာလှုပ်ရှားမှု မြန်ဆန်နေသည့် ကမ္ဘာကြီးအတွက် ဥပုသ်နေ့သည် ဘုရားသခင်ပေးသနားသည့် နားနေရာရက်ဖြစ်သည်။

အခန်း (၂) နာခံရန်အတွက် လွတ်မြောက်မှုပေးခြင်း

        လွန်ခဲ့သည့် နှစ်ပေါင်းများစွာက မိသားစုနေအိမ်သည် နားခိုရာနေရာ၊စိတ်ချလုံခြုံရာနေရာ ဖြစ်ပါသည်။ ရာစုနှစ်ပေါင်းများစွာကပင် တည်ငြိမ်မှုရှိသည့် ခိုလှုံရာနေရာ ဖြစ်ပါသည်။ စုံစမ်းနှောင့်ယှက်မှု၊ ဒုက္ခသုတ်ခနှင့် ဘဝအခက်အခဲ အားလုံးတို့မှ ရှောင်ပြေးပြီး ခိုလှုံရာနေရာ ဖြစ်ပါသည်။ တံခါးပေါက်သို့ ချင်းနင်းဝင်ရောက်ပြီး အိမ်အထဲရောက်သည်နှင့် စိတ်ချလုံခြုံမှု ခံစားရတော့သည်။ မိသားစုရဲ့ အိမ်သည် အစဉ်အလာအားဖြင့်မိသားစုဝင်များ အားလုံးစုစည်းရာနေရာ ဖြစ်ပါသည်။

        ပြီးသည့် အနှစ်သုံးဆယ် အတောအတွင်း မိသားစုအိမ်သည်အပြောင်းအလဲကြီး ပြောင်းခဲ့ပါသည်။ နှစ်ဆယ့်တစ်ရာစု နေအိမ်သည် မကြာမဏ စစ်မြေပြင်ကဲ့သို့ ဖြစ်နေပါသည်။ အိမ်အကြောင်း ရှင်းလင်းပြောပြသည့်အခါ မတော်တရော်ဖြစ်ခြင်း၊ ခိုက်ရန် ဒေါသဖြစ်ခြင်း၊ ရန်လိုမှုရှိခြင်းစသည့် ဝေါဟာရစကားများသည် ရိုးနေသောစကားများ ဖြစ်ကြသည်။ အိမ်မှာ အနေကျဲသည့် မိသားစုအကြောင်း ဖတ်ရပါသည်။ ကလေးများသည် ပြေးရင်းလွှားရင်း အစားအသောက်များကို ဖြစ်သလိုစားကြသည်။ မိသားစုခပ်များများမှာ အိမ်မှာအတူတကွ အစားအစာမစားကြတော့ပါ။ အတတ်နိုင်ဆုံးဖြစ်နိုင်သည်က အိမ်ကိုကပျာကယာ ထမင်းပြန်ပြေးစားပြီး၊ တစ်ဖန်ထွက်ခွါကြတော့သည်။ အိမ်သည် အစားအသောက်စားဖို့နေရာနှင့် အိပ်ဖို့နေရာသာ ဖြစ်တော့သည်။ မိဘနှစ်ပါးစလုံး အလုပ်လုပ်ရသည့်အခါ ထောင်ပေါင်းများစွာသော ကလေးများသည် ကိုယ့်ဘာသာကိုယ်ကြည့်ရှုပြီး ကြီးပြင်းလာခဲ့ရသည်။ 

        အစိတ်စိတ်အမြွှာမြွှာဖြစ်ကြသည့် မိသားစုအကြောင်း ဖတ်ရှုရသည်။ ကျွန်ုပ်တို့ ရဲ့ လူ့အဖွဲ့အစည်းတွင် မိဘတစ်ပါးနှင့်သာရှိသည့် အိမ်ထောင်များ တစ်နေ့တခြားကို များလာလျက်ရှိပါသည်။ အိမ်သည် ယခင်နှင့်မတူ ခြားနားပြောင်းလဲသွားပါပြီ။ ယနေ့ အိမ်ထောင်ဖွဲ့စည်းမှု အခြေအနေသည် ကွာခြားလျက်ရှိပါသည်။

        အနာဂတ်အကြောင်းအရာ လေ့လာသူများသည် နောက်နှစ်အနည်းငယ်အတွင်း အိမ်တွေမှာ အပြောင်းအလဲ ထပ်မံဖြစ်လာဦးမည်ကိုဟောကိန်းထုတ်ကြသည်။ သူတို့ရဲ့ ဟောကိန်းများမှာ အိမ်တွင်ထူးကဲသည့် အပြောင်းအလဲများ ဖြစ်လာအုံးမည်ဟု ပြောပါသည်။ အိမ်မှာပဲအလုပ်လုပ်မည့်သူများ တိုးလာမည်၊ ဈေးဝယ်ဖို့ (Online) ကွန်ပျူတာမှ တစ်ဆင့်ဝယ်ယူကြတော့မည်။ တကယ့်မေးခွန်း မေးရမှာကတော့ နှစ်ဆယ်တစ်ရာစုတွင် မိသားစုတန်ဖိုးရှင်သန်နိုင်ပါအုံးမည်လား ဖြစ်ပါသည်။

        သင့်အိမ်တွင် ဘယ်လိုအခြေအနေရှိသလဲ။ ဘာတွေထူးခြားလာမည်၊ဘာတွေကတော့ ယခင်အတိုင်း ကျန်ရှိနေမှာလဲ။ ဤအပြောင်းအလဲများကြောင့် သင့်ရဲ့ အိမ်၌ မိသားစုအတွက် ရှင်သန်တိုးတက်မှု ကြိုးပမ်းချက်ကို ဘယ်လိုထိခိုက်နိုင်မည်နည်း။ မိဘခပ်များများသည် အင်တာနက်မှ တစ်ဆင့် မိမိတို့ရဲ့ အိမ်အထဲသို့ ဘာတွေများ ဝင်လာအုံးမှာလဲ ဆိုတာကို စိုးရိမ်ကြသည်။

        အိမ်သည် စိတ်ချယုံကြည်ရေသာ ခိုလှုံနေရာ ဖြစ်ခဲ့သည်။ ဒါပေမယ့်ယနေ့ ဒါတွေအားလုံး ပြောင်းလဲခဲ့ပါပြီ။ ရုပ်မြင်သံကြားနှင့် အင်တာနက်မှတဆင့် လွန်ကဲသည့် အကြမ်းဖက်မှုများ၊ လိင်ဖောက်ပြန်မှုနှင့် သိက္ခာသမာဓိ လူ့ကျင့်ဝတ်များ ကင်းမဲ့ခြင်းတို့သည် ကျွန်ုပ်တို့ အိမ်အတွင်းသို့ အတင်းတိုးဝင် လျက်ရှိပါသည်။ ကျွန်ုပ်တို့ရဲ့ လူ့ အဖွဲ့အစည်းတွင် ဘာတွေဖြစ်ကုန်ကြပြီလဲ၊ ဘာ့ကြောင့်ရမ်းကားမှု၊ လူကျင့်ဝတ်နှင့် လောဘကြီးမှုတို့သည် တစ်နေ့တခြား တိုးပွားလာပါသနည်း။

        လူ့ကျင့်ဝတ်ပျက်ပြားရခြင်းအကြောင်း ဘာတွေများ ဖြစ်ကြသလဲ၊စီးပွားရေးကောပိုရေးရှင်း အကြီးအကဲများသည် မိမိကိုယ်ကျိုးအတွက်မကောင်းသည့် နည်းဖြင့် အခွင့်အရေးယူပြီး ကုမ္ပဏီများပျက်စီးပြီး ဒေဝါလီခံရသော အခြေအနေသို့ တွန်းပို့ ခဲ့သည်ကို တွေ့ရပါသည်။ ဘာကြောင့်ကျောင်းများတွင် ရမ်းကားမှုများ ပေါက်ကွဲလျက် ရှိပါသနည်း။ 

        ကြည့်ရတာလူတွေက မုန်းတီးမှုဖြင့် လှုံလျက်ရှိကြသည်။ အမုန်းတရားဖက်တွယ်သည့် အုပ်စုများသည် သူတို့ရဲ့ မုန်းတီးမှုများကို ဝက်(ဗ်)ဆိုက်မှတဆင့် ထုတ်လွှင့် လျက်ရှိကြသည်။ အဆင့်မြင့်နည်းပညာ မီဒီယာထုတ်လွှင့်မှုတစ်ခုသည် လိင်ဆက်ဆံရေးဇာတ်လမ်း၊ ရမ်းကားမှုနှင့် လောဘဇောဇာတ်လမ်းများကို ပရိသတ်အကြည့်များသည့် အချိန်၌ အစီအစဉ်ကို ထုတ်လွှင့်လျက်ရှိပါသည်။ ထိုထုတ်လွှင့်သည့် အဖွဲမှာ ယခုပြဿနာနှင့် ဒုက္ခရောက်နေပါသည်။

        ဟောလီဝုဒ်ရုပ်ပုံလွှာများသည် အိမ်အတွင်းသို့ ဖောက်ဝင်လျက် ရှိပါသည်။ သို့ရာတွင် ထိုအထဲတွင်ဘာတွေပါနေသလဲ။ ကျွန်ုပ်တို့ကိုပြင်းထန်စွာ ရိုက်ခတ်လာသည့် သတင်းကို ဘယ်လိုလုပ်ရပါမည်နည်း။

        အိမ်ထောင်ပြုပြီးခါစ မောင်နှံနှစ်ဖော်ရဲ့ ပြောစကားကို နားထောင်ကြည့်စို့။ သူတို့က “ရုပ်မြင်သံကြားကို ဖွင့်ကြည့်သည့်အခါ မိသားစုအကြောင်း မတွေ့ရတော့ပါ။ မိသားစုအကြောင်းအရာတို့မှာ ဝိနည်းကျင့်စဉ်တစ်ခုမဟုတ်တော့ပါ။ သင့်အတွက် အိမ်ထောင်ရေးကို ဘဝရည်မှန်းချက်အဖြစ် တန်ဖိုးထားနိုင်ခြင်းသည် ယုံကြည်ခြင်း အတော်ပင်ရှိမှသာဖြစ်သည်။

        ယနေ့လူငယ်များများတို့သည် ဖိုမ ဆက်ဆံရေးနှင့် ပတ်သတ်၍ သူတို့မှာ ရွေးရန် လမ်းအများကြီးရှိသည်အနက် အိမ်ထောင်ပြုခြင်းသည် မပါဝင်ကြောင်း ပြောဆိုကြသည်။ သူတို့သည် လက်ထပ်ထိမ်းမြားခြင်း မပြုဘဲ အတူတကွ နေထိုင်ကြသည်။ လူ့ကျင့်ဝတ်စံထားမှု မရှိခြင်း၊ ကိုယ်ကျင့်တရား အိမ်မြှောင်လမ်းပြမှု မရှိခြင်းတို့ကြောင့် အခြေအနေရှုပ်ထွေးရပါသည်။ လူမှုရေးဖရိုဖရဲကျဆင်းသည့် အချိန်အခါနှင့် ရင်ဆိုင်ရပါ သည်။

        အိမ်မှာတွင်ပဲ တန်ဖိုးထားရှိမှုများ ရွဲ့စောင့်လျက်ရှိနေပါသည်။ အရာရာတိုင်း ကရုတ်ခြည်းထူးခြားစွာပြောင်းလဲနေပါသည်။ နှစ်ဆယ်တစ်ရာစုအတွက် စိုးရိမ်ရသော အချက်ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့ကို လမ်းပြဖို့ ဓူဝံကြယ်များ မရှိနိုင်တော့ဘူးလား၊ ဘယ်သူက ကျွန်ုပ်တို့အတွက် လူ့ကျင့်ဝတ်ကျင့်စဉ်တို့ကို ပုံဖော်ပေးနေပါသေးသလဲ။ ကျွန်ုပ်တို့သည် ဘယ်အရပ်သို့ ဦးတည်နေပါသလဲ။ မှီတွယ်စရာဘာမှ မရှိတော့ဘူးလား။ လူ့ကျင့်ဝတ်စံထားမှုတို့သည် ကျွန်ုပ်တို့ ခြေဖနောင့်အောက်မှာပဲပြိုလဲကြပြီလား။

        လူ့ကျင့်ဝတ်ကျင့်စဉ်တို့သည် ကိုယ်တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်မှု ပေါ်မူတည်နေပါသလား။ စိတ်ချရသည့်အရာများ မကျန်ရှိတော့ဘူးလား။(National Institute of Mental Health) ဒါရိုက်တာဖြစ်သူ ဒေါက်တာရှာဗတ်ဖရေဇီယာ သည် သူ့ ရဲစာအုပ် “Psychotrends” တွင် စိုးရိမ်စွာ ပြောသည်မှာ “ကျွန်ုပ်တို့သည် စုပေါင်းရမ်းကားသည့် လူ့အဖွဲ့အစည်းတွင် နေထိုင်ကြပြီး ရုပ်ရုပ်သဲသဲ ဖြစ်စဉ်များကို တစ်ပြိုင် တည်း ဂုဏ်ယူပြီး၊ ရှုတ်ချလည်း ရှုတ်ချကြသည် ဟူ၍ပင်၊ တစ်ဖက်မှာ ရမ်းကားမှုကို ရှုတ်ချပြီး တစ်ဖက်မှာ ကျွန်ုပ်တို့ရဲ့ ကလေးများတွေကို ရုပ်မြင်သံကြားမှတစ်ဆင့် ဖျော်ဖြေမှုပေးနေပါသည်။ တစ်ဖက်မှာ လူသတ်မှုကို ရှုတ်ချပြီး၊ တစ်ဖက်ကြတော့ ရုပ်ရှင်ဇာတ်လမ်းတွင် ချီးမြှောက်ဖော်ပြလျက် ရှိပါသည်။ တစ်ဖက်မှာ ကျင့်ဝတ်ပျက်ပြားမှုများကို ရှုတ်ချပြီး၊ တစ်ဖက်မှာ စုပြုံပြီး ကျင့်ဝတ်ပျက်ပြားမှုဇာတ်လမ်းများကိုရုပ်ရှင်ရုံတွင် တိုး၍ကြည့်ကြသည်။

        ဟောလီးဝုဒ်သည် သူတို့ရဲ့ ရုပ်ရှင်ဇာတ်လမ်းများတွင် ဖိုမဆက်ဆံရေး အညှီအဟောက်များနှင့် ကြမ်းတမ်းရမ်းကားသည့် ဇာတ်လမ်းများသည် စီးပွားရေးအရ အောင်မြင်မှုရှိသည် ကို နားလည်ကြသည်။ ကျွန်ုပ်တို့ရဲ့ လူ့အဖွဲ့အစည်းတွင် တစ်ခုခုတော့ မှားနေပြီ။ ကျွန်ုပ်တို့ ရဲ့ ကလေးများသည် အမှန်နှင့် အမှားအကြောင်းအရာများကို ပုံစံအမျိုးမျိုးဖြင့် ရင်ဆိုင်တွေ့ရှိရပါသည်။ သူတို့ကို သွန်သင်ရာ၌ အလုံးစုံမှန်ကန်ခြင်းနှင့် အလုံးစုံမှားယွင်းခြင်းဆိုသည်မှာ မရှိနိုင်ကြောင်း ပြောပြပါသည်။ သို့ဖြစ်၍ အမှန်နှင့်အမှားတို့ကို ကိုယ်တိုင် ကောင်းမကောင်း ဆုံးဖြတ်ရမည်သာဖြစ်ကြောင်း ယုံကြည်လာပါသည်။

        ကျွန်ုပ်တို့ရဲ့ ကလေးများအတွက် တန်ဖိုးထားရှိနိုင်မှုကို ကလေးများရဲ့စိတ်တွင် ယှဉ်ပြိုင်နေရာယူသည့်အကြောင်းအရာများအမျိုးမျိုးရှိကြပါသည်။ တိုင်းမ် မဂ္ဂဇင်း ရေးသားတင်ပြချက်တစ်ခုတွင် အမေရိကန်နိုင်ငံကို (America the Violent ရမ်းကားသည့် အမေရိကန်နိုင်ငံ)ဟုဖော်ပြထားပါသည်။ တင်ပြရေးသားချက်တွင် အမေရိကန် နိုင်ငံကို ရမ်းကားမှုနှင့်လူသတ်မှုတို့အား မီဒီယာသတင်းဖြန့်ချီရေးတွင် ပျော်မွေ့စွာ ဖော်ကျူးလျက်ရှိပါသည်။ 

        နောက်တင်ပြရေးသားမှုတစ်ခုတွင် တစ်နှစ်အတွင်း နိုင်ငံတွင် လူသတ်မှု ၂၃၇ဝဝ ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ ဒါကိုပဲစဉ်းစားကြည့်ပါ၊ ရုပ်မြင်သံကြား အစီအစဉ်တွင် ရမ်းကားရက်စက်မှုအကြောင်းကို များစွာအသားပေး တင်ဆက်ခဲ့ပါ သည်။ သာမန် ၁၈ နှစ်သားလေးတစ်ဦးသည် ရုပ်မြင်သံကြား အစီအစဉ်နှင့် ရုပ်ရှင်များတွင် ရမ်းကားမှု မြင်ကွင်းပေါင်း ၂ဝဝဝဝဝ ရှုမြင်ခဲ့ရသည်။ ၎င်းအထဲတွင် လူသတ်မှု အစီအစဉ်ပေါင်း ၄ဝဝဝဝ ပါဝင်နေသည်ကို ရှုမြင်ရပါသည်။ သင်စဉ်းစား ကောင်း စဉ်းစားလိမ့်မည်။ ကျွန်ုပ်တို့ ရှုမြင်ရသည့် ဖျော်ဖြေမှုများသည် ကျွန်ုပ်တို့ရဲ့ စဉ်းစားဆင်ခြင်မှုကို ထိခိုက်နိုင်ပါစေသလား။

        ကျွန်ုပ်အနေကတော့ မြင်ရသည့်အရာအားလုံတို့သည် ကျွန်ုပ်တို့ရဲ့စရိုက် အမျှင်အစများ ဖြစ်လာတတ်သည်။ လေ့လာမှုများအရ ကျမ်းစာတော်မြတ်တွင် ဖော်ပြထားသည့် အမှန်တရားကို ထောက်ခံထားပါသည်။ “ကြည့်မြင်ခြင်းအား ပြောင်းလဲခြင်းရှိကြ၏” (၂ကော၊ ၃း၁၈) 

        လူသတ်မှုဇာတ်လမ်း ၄ဝဝဝ လောက်ကြည့်ပြီးသည့်အခါ ရမ်းကားမှုအပေါ် ကျွန်ုပ်စိတ်တို့သည် ထုံသွားတော့သည်။ ရုပ်မြင်သံကြား ဖန်သားပြင်မှ ရမ်းကားမှု အရေအတွက် ၂ဝဝဝဝဝ ကို ရှုမြင်ပြီးသည့်အခါ သင်ရရှိသောသင်ခန်းစာမှာ ရမ်းကားသည့် အပြုအမူသည် လက်ခံနိုင်စရာ ဖြစ်သွားတတ်သည်။ မေးစရာတစ်ခုရှိတာကတော့ ဘယ်သူ့ရဲ့ စံနမူနာဖြင့်လက်ခံနိုင်စရာ ဖြစ်သွားပြီလဲဆိုတာ ဖြစ်ပါသည်။

        သင့်ရဲ့ စဉ်းစာဉာဏ်အထဲသို့ မဖွယ်မရာ လူ့ကျင့်ဝတ်များဖြင့် ဖြည့်ထည့်ထားပါက ရရှိသည့် သဘောထားမှာ မဖွယ်မရာ ကျင့်စဉ်တို့သည်တရားဝင်လုပ်ရပ်များဖြစ်ကြောင်း လက်ခံလာပါသည်။ ဆက်၍ မေးစရာရှိတာကတော့ ဘယ်သူ့ စံနှုန်းဖြင့် တရားဝင်ဖြစ်သွား ရပါသလဲ။ ကျွန်ုပ်တို့ရဲ့ လူ့အဖွဲ့အစည်းဆောင်ပုဒ်ကတော့ “ခံစားမှု ကောင်းလျှင် လုပ်သာလုပ်လိုက်ပါ၊ သင်ပျော်ရွှင်လျှင်လည်း လုပ်လိုက်ပါ။” ကျွန်ုပ်တို့ရဲ့ လူ့အဖွဲ့အစည်းတွင် လူ့ကျင့်ဝတ်ကျင့်စဉ်စံနှုန်းကော ရှိပါသေးရဲ့ လား။ ဘာဖြစ်လို့ ရာဇဝတ်မှုခင်း ဒီလောက်များပြားရပါသနည်း။ ဘာဖြစ်လို့ နေရာတိုင်းမှာ ရမ်းကားမှု ရှိရပါသနည်း။ ဘာဖြစ်လို့ အိမ်ထောင်ရေးများ ကြောက်စရာ ကောင်းလောက်အောင် များပြားစွာ ပြိုပျက်နေရပါသလဲ။ကျမ်းစာတော်မြတ်က တိကျသည့် အဖြေအချို့ပေးထားပါသည်။လူ့ကျင့်ဝတ်နှင့် မူလတန်ဖိုးထားရှိမှု ယိုယွင်းလာရခြင်း အဓိက အကြောင်းရင်းကို ဖော်ပြထားသည်။

        ပြဿနာအတိအကျကတော့ ကျွန်ုပ်တို့ရဲ့ လူ့အဖွဲ့အစည်းသည်ဘုရားသခင်၏ လူ့ကျင့်ဝတ်စံနှုန်းမှ ကျောခိုင်းခဲ့ခြင်း ဖြစ်ပါသည်။ဘုရားသခင် ချမှတ်ခဲ့သည့် စည်းကမ်းကို လွှင့်ပစ်ခဲ့ခြင်း ဖြစ်ပါသည်။ 

        ဤလူ့အဖွဲ့အစည်းကတော့ “သင့်ရဲ့ စိတ်နှလုံးသည် သာလျှင် စံနှုန်းဖြစ်သည်၊ ဘယ်သူ့မှ သင့်ကို ဘာလုပ်ရမည်ကို မပြောပြနိုင်ပါ” ဟူ၍ပင်။ရှောလမုန်မင်းကြီးက ကိုယ်ရဲ့ အသိဉာဏ်ကို ယုံကြည်အားထားမှုကိုမိုက်မဲကြောင်း ဤသို့ ဆို၏ “မိမိစိတ် နှလုံးကို ကိုးစားသော သူသည်လူမိုက်ဖြစ်၏” (သုတ္တံ ၂၈း၂၆)။ ကျွန်ုပ်တို့ စိတ်နှလုံး တစ်ခုတည်းသည်ကျွန်ုပ်တို့ကို မှားယွင်းနိုင်စေသည်။ ဓမ္မဟောင်းကျမ်းရဲ့ ပုရောဖက် ဟေရှာယက ထာဝရအမှန်တရားကို ဤသို့ဆို၏ “ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ့်လမ်းသို့ အသီးသီး လိုက်သွားကြသည်” (ဟေရှာယ၊ ၅၃း၆)။

        သင့်ရဲ့ ကိုယ်ပိုင်စဉ်းစားဉာဏ်ကို အားထားလျှင် ဘာမဆိုတရားမျှတအောင် ဆင်ခြင်ပေးနိုင်သည်။

        ဟောရှေက ဤသို့ဆိုသည် “လေမျိုးစေ့ကို ကြဲ၍ လေပွစပါးကို ရိတ်ရကြလိမ့်မည်” (ဟောရှေ၊ ၈း၇)။ လေမျိုးစေ့ကို စိုက်လျှင် လေမုန်တိုင်းကို ရိတ်ရမည်။ သတင်းဖြန့်ချီရေး မီဒီယာမှ ရမ်းကားမှုမျိုးစေ့ကို စိုက်ခဲ့သည့်အတွက် လေမုန်တိုင်းတည်းဟူသော ရာဇဝတ်မှုများကို ရိတ်ရတော့သည်။

        မဖွယ်မရာလူ့ကျင့်ဝတ် မျိုးစေ့များ စိုက်ပျိုးခဲ့သည့်အတွက် လေမုန်တိုင်းတည်းဟူသော လင်မယားပြတ်စဲခန်းကို ရိတ်သိမ်းခဲ့ရပါသည်။ လေမျိုးစေ့များဖြစ်သော ဖိုမဆက်ဆံရေးကို ရုပ်မြင်သံကြားမှာ ပြတ်ပြတ်သားသား ဖော်ပြစိုက်ပျိုးခဲ့သည့် အတွက် လေမုန်တိုင်းတည်းဟူသော စိတ်နှလုံးမမှန်မကန် စိတ်ထားယုတ်ညံ့သော လူတို့က ကျွန်ုပ်တို့ရဲ့ကလေးများကို ချောင်းမြောင်းဖျက်ဆီးဖို့ မွေးထုတ်လာခဲ့သည်။ အကြောင်းနှင့်အကျိုးဆက်စပ်မှု ရှိပါသည်။ လူ့ကျင့်ဝတ်ကို လူ့ကျင့်ဝတ်မဲ့နေသော ကမ္ဘာမှာ ဘယ်လိုနည်းဖြင့် ကာကွယ်ပေးနိုင်မည်နည်း။

        ကျွန်ုပ်တို့ လေမျိုးစေ့ကြဲခဲ့သဖြင့် လေမုန်တိုင်းကို ရိတ်သိမ်းနေရပါသည်။ ကျွန်ုပ်တို့ရဲ့ စိတ်ဦးနှောက်ကို မည်ကဲ့သို့ ကာကွယ်ပေးနိုင်မည်နည်း။ သင့်ရဲ့ ကလေးများ၊ သင့်ရဲ့ မြေမြစ်တို့ရဲ့ ဦးနှောက်ကို ဘယ်လိုကာကွယ်ပေးနိုင်ပါသလဲ။ လူ့ကျင့်ဝတ်မရှိသော ကမ္ဘာပေါ်တွင် လူ့ကျင့်ဝတ်နှင့်အညီ သင်ဘယ်လို နေထိုင်သွားနိုင်မည်နည်း။ ဗျာဒိတ်ကျမ်းတွင် ရှင်းလင်းပြတ်သားသည့် အဖြေအချို့ပေးနေပါသည်။ ဗျာဒိတ်ကျမ်းသည် သခင်ယေရှုကို ရှင်းလင်းဖော်ပြသော ကျမ်းပင်ဖြစ်ပါသည်။ ထိုကျမ်းသည် ကမ္ဘာမြေကြီး၏ နိဂုံးချုပ် သမိုင်းအချိန်ကာလအတွက် ဘုရားသခင်ပေးသော သတင်းစကား ဖြစ်ပါသည်။

        သမ္မာကျမ်းစာ၏ နောက်ဆုံးကျမ်းစာအုပ်၊ ဗျာဒိတ်ကျမ်းသည် ကမ္ဘာမြေကြီးဟု ခေါ်တွင်သော ဤဂြိုဟ်ပေါ်တွင် နောက်ဆုံးနေထိုင်ကြသည့်မိန်းမ၊ ယောက်ျားတို့အတွက် သတင်းစကားကမ်းလှမ်းပေးခဲ့သည်။ဗျာဒိတ်ကျမ်းသည် သင်နှင့်ကျွန်ုပ်တို့အတွက် သတင်းစကားပေးရန် ရှိပါသည်။ ကျွန်ုပ်တို့ကို ကိုယ်ကျင့်တရားရှိဖို့ ခေါ်ဆောင်နေပါသည်။ဘုရားသခင်၏ စံနှုန်းထားဘက်သို့ ပြန်လည်ခေါ်ဆောင်ပါသည်။ ဤသတင်းစကားသည် နောဧလက်ထက်က လူသားများအတွက် အရေးကြီးသလို ကျွန်ုပ်တို့ခေတ်ရှိသည့် လူများအတွက်လည်း ဤသတင်းစကားများအရေးကြီးနေပါသည်။

        ဤသတင်းစကားများသည် လူသားများအတွက် နောက်ဆုံးပိတ်သတင်းစကားများ ဖြစ်ပါသည်။ “မြေကြီးပေါ်မှာ နေသောသူတည်းဟူသော အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တစ်ပါးက” (ဗျာဒိတ်၊ ၁၄း၆)။ 

        ဤသတင်းစကားများသည် အရေးကြီးသော သတင်းစကားများဖြစ်သည်။ တစ်ကမ္ဘာလုံးအတွက် သတင်းစကားများ ဖြစ်သည်။ ပထဝီမြေကြီး အဆီးအတား နယ်နိမိတ်ကို ကျော်လွှားပြီး ပြောသော သတင်းစကားများဖြစ်ပါသည်။ 

        ဤသတင်းစကားများသည် ဘာသာစကားကွဲလွဲမှု အခက်အခဲကိုဖောက်ထွင်းပြီး အရှေ့မှအနောက်သို့၊ တောင်မှမြောက်ဖက်သို့ ပြေးလွှားလျက် ရှိပါသည်။ 

        ဤသတင်းစကားသည် ကမ္ဘာရဲ့ ထောင့်ဆုံးတိုင်အောင် ကူးသွားသည်။ ဤ သတင်းစကား ဘာကိုပြောနေပါသလဲ။ အခန်းငယ် ၇ တွင် “ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ” (ဗျာဒိတ်၊ ၁၄း၇)။ ဘုရားသခင်ကို ကြောက်ရွံ့လော့ ဆိုသည်မှာ ကြောက်ဖျားတုန်အောင် ဖြစ်ဖို့မဟုတ်ပါ၊ အဓိပ္ပါယ်မှာ ဘုရားသခင်ကို ကြည်ညိုရိုသေလေးစားပြီး နာခံဖို့ ဖြစ်ပါသည်။

        ဤကျမ်းပိုဒ်ရဲ့ အရေးကြီးပုံကို သတိထားမိပါသလား။ ပြန်၍ လေ့လာ ကြည့်ရအောင် “ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊တရားစီရင်သော အချိန်ရောက်လာပြီ။” 

        ဤကျမ်းပိုဒ်သည် ကိုယ်ကျင့်တရားနှင့်စပ်ဆိုင်သော တာဝန်ဝတ္တရားမေးခွန်းများရဲ့ အဖြေဖြစ်ပါသည်။ ဘာကြောင့် လူ့အဖွဲ့အစည်းတွင် ရမ်းကားမှုနှင့် မှုခင်း ရာဇဝတ်မှု များပြားရပါသလဲ။ ဥပဒေမဲ့ ဖြစ်ကြပြီး မတရားသည့် လူ့ကျင့်ဝတ် ဤမျှလောက် များပြားနေရပါသလဲ။ ဒီပြဿနာသည် ကိုယ်ကျင့်တရားနှင့် တာဝန်ဝတ္တရားများအပေါ် တဝဲလည်လည် လှည့်ပတ်နေပါသည်။ တရားစီရင်မှုသည် ကျွန်ုပ်တို့ရဲ့ လုပ်ရပ်အပေါ်  တာဝန်ယူရပါမည်။ ကျွန်ုပ်တို့ ရွေးချယ်ခဲ့သည့် လုပ်ရပ်အပေါ် တာဝန်ရှိပါသည်။

        အကယ်၍သာ ကျွန်ုပ်ရဲ့ လုပ်ရပ်အတွက် တာဝန်မရှိဘူးဆိုလျှင်ဘုရားသခင်၏ တရားစီရင်မှုသည် ထိရောက်မှု မည်ကဲ့သို့ ရှိမည်နည်း။ကျွန်ုပ်လူဖြစ်လာရခြင်း အကြောင်းသည် ကံတရားအားဖြင့်သာ ဖြစ်နေခြင်း၊ ကျွန်ုပ်သည် အဏုမြူဒြပ်ပေါင်း တစ်ခုမှ ကြီးထွားမှုသာ ဖြစ်လျှင်ကျွန်ုပ်လုပ်ရပ်အတွက် တာဝန်ရှိနိုင်မည် မဟုတ်ပါ။ အကယ်၍ ကျွန်ုပ်အရက်သမားဖြစ်ရခြင်းသည် ကျွန်တော့ အဖေ၊ အဘိုးတို့က အရက်သမားဖြစ်သည့်အတွက် အရက်သမား တစ်ဦးဖြစ်ရလျှင် ကျွန်ုပ်လုပ်ရပ်အတွက် တာဝန်မရှိဘူး ဖြစ်ချင်ဖြစ်မည်။ ငယ်စဉ်ကတည်းက ကျွန်ုပ်အား စော်ကားထားပြီး မူးယစ်ထုံထိုင်းဆေး အတင်းတိုက်ကျွေးခံရသဖြင့် မူးယစ်ဆေးဝါး ကျွန်ခံနေရလျှင် ဤလုပ်ရပ်အတွက် တာဝန်မရှိဖြစ်ချင် ဖြစ်မည်။ ကျွန်ုပ်ရာဇဝတ်ကောင် ဖြစ်ခဲ့လျှင် ကျွန်ုပ်ရဲ့ မျိုးဗီဇဒြပ်က ဒီလိုဖြစ်အောင်လုပ်ခဲ့လျှင် ကျွန်ုပ်ရဲ့ လုပ်ရပ်အတွက် တာဝန်မရှိနိုင်ပါ။ ကျွန်ုပ်ရဲ့လုပ်ရပ်အပေါ် ကျွန်ုပ်ရွေးချယ်လုပ်ကိုင်ခြင်း မဟုတ်လျှင် အခြားသူ တစ်ဦးဦး က တာဝန်ရှိနိုင်ပါလိမ့်မည်။ ကျွန်ုပ်တို့နေထိုင်သည့် လူ့အဖွဲ့အစည်းတွင် ကျွန်ုပ်တို့လုပ်သမျှ အရာအားလုံးတို့အတွက် တာဝန်မရှိကြောင်းပြောနေလေ့ရှိသည်။ သင်လုပ်ခဲ့သည့် လုပ်ရပ်အားလုံးတို့သည် ဘဝဖိအားမှုကြောင့် လုပ်ခဲ့ရသည်ဟု ဆိုကြသည်။ 

        အမှန်နှင့်အမှားတို့သည် သင်ရဲ့ တွေးခေါ်မှုအပေါ် မူတည်နေကြောင်းဆိုကြသည်။ သဘောတရားကတော့ ကျွန်တော်ရဲ့တာဝန်သည် ကျွန်ုပ်အပေါ်၌သာ မူတည်နေ၍ ကျွန်ုပ်သာလျှင်ဆုံးဖြတ်သည့်အတိုင်း တာဝန်ရှိနိုင်ပါသည်။ ကျွန်ုပ်ရဲ့ စဉ်စားဉာဏ်ထက်မြင့်သည့် တာဝန်ခံဖို့မလိုပါ။ ဘုရားသခင်အား တာဝန်ခံဖို့ သန်းပေါင်းများ စွာသော လူအတွက် နေရာမပေးခဲ့ပါ။ 

        သင့်ထက်မြင့်မားသော အာဏာကို တာဝန်ခံဖို့မလိုကြောင်း သင်အယူအဆ လက်ခံထားပါက၊ နောက်ဆုံးစီရင်ချက်သင့်အတွက် မရှိဘူးလို့ ယူဆပါက ဤကဲ့သို့ ယူဆခဲ့လျှင် အမှန်တကယ်ပင် သင့်ဘဝကို ထိန်းကျောင်းပေးမည့် လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရားမရှိနိုင်တော့ပါ။ တရားစီရင်မှုဆိုသည်မှာ ကိုယ်ကျင့်တရားနှင့်သက်ဆိုင်သော ရွေးချယ်မှု အပေါ်တာဝန်ယူနိုင်ခြင်းကို ဆိုလိုပါသည်။ 

        နောက်ဆုံးကမ္ဘာကြီးရဲ့ သမိုင်းနေ့ရက်များတွင် ဘုရားသခင်က မိန်းမ၊ ယောက်ျား၊ လူအပေါင်းတို့ကို တရားစီရင်ဖို့ ခေါ်ယူနေပါသည်။ ဘုရားသခင်၏ နောက်ဆုံးစီရင်ချက်နေ့အတွက် ကိုယ်ကျင့်တရား ‘စံ’တင်ထားမှု ရှိပါသလား၊ ရှိပါသည်။ ဘုရားသခင်ရဲ့ ဥပဒေသ ပညတ်တော်နှင့် ပတ်သက်သော ကိုယ်ကျင့်တရားသည် စံ’အဖြစ် တရားစီရင်မှု ပြုသွားပါလိမ့်မည်။

        ဗျာဒိတ်ကျမ်းသည် သင့်အားပြုသမျှ လုပ်ရပ်အတိုင်းအတွက် သင့်မှာ တာဝန်ရှိကြောင်း ပြောနေပါသည်။ “တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။” ကျမ်းစာတော်မြတ်သည် ကျွန်ုပ်တို့အား ဘုရားသခင်၏ ဥပဒေပညတ်တော်သို့ ပြန်လည် ခေါ်ဆောင်ပါသည်။ ဘုရားသခင်၏ ပညတ်တော်တို့သည် ထာဝရတည်မြဲသော ကိုယ်ကျင့်တရား စံထားမှုဖြစ်ပါသည်။

        သခင်ယေရှုရဲ့ ညီအစ်ကိုဖြစ်သူ ရှင်ယာကုပ်က ဤကဲ့သို့ ဆိုပါသည်။

“လွှတ်ခြင်းတရားအတိုင်း စီရင်ခံရလတ္တံ့သော သူကဲ့သို့၊ ပြောဆိုပြုမူကြလော့ (ယာကုပ်၊ ၂း၁၂)။

        ဘုရားသခင်၏ ပညတ်တော်တိုင်းသည် လွတ်မြောက်မှုပေးသည့်ဥပဒေများ ဖြစ်ပါသည်။ ဥပမာအချို့မှာ ဆဋ္ဌမမြောက်ပညတ်တော်က “လူ့အသက်ကို မသတ်နှင့်” (ထွက်မြောက်၊ ၂၀း၁၃) လွတ်မြောက်စေသည်။ အသက်ကို အထွတ်အမြတ်ပြုပါသည်။

        သတ္တမမြောက်ပညတ်တော်က “သူ့မယားကို မပြစ်မှားနှင့်’(ထွက်မြောက် ၂၀း၁၄)၊ မိသားစုကို အထွက်အမြတ် ထိန်းသိမ်းထားသည်။ အိမ်ထောင်ပြုမှုကို ကာကွယ်ပေးသည်။

        အဋ္ဌမမြောက်ပညတ်တော်က ‘သူ့ ဥစ္စာကိုမခိုးနှင့်’ (ထွက်မြောက်၊၂၀း၁၅)။ ဤပညတ်တော်လည်း လွတ်မြောက်မှုနှင့် သက်ဆိုင်သော ဥပဒေဖြစ်ပါသည်။ ကိုယ်ပိုင်ဆိုင်သောအရာများနှင့် ပိုင်ဆိုင်ပစ္စည်းများကို ကာကွယ်ပေးသည်။

        ဥပုသ်နေ့နှင့်စပ်ဆိုင်သော စတုတ္ထမြောက်ပညတ်တော်က “ဥပုသ်နေ့ကို အောက်မေ့လော့” ကျွန်ုပ်တို့အား အလုပ်အကိုင် ချည်နှောင်မှုမှ လွတ်မြောက်မှု ပေးပါသည်။ ကမ္ဘာရဲ့ တန်ဖိုးထားမှုစနစ်၊ အလုပ်အကိုင်ဖြင့် ကျွန်ခံမှုမှ လွတ်မြောက်မှု ပေးပါ သည်။ အခြားနေ့ရက်များထက် ဥပုသ်နေ့သည် မိဘများက သားသမီးကလေးများသို့ ကိုယ်ကျင့်တရားတန်ဖိုးလွှဲအပ်ပေးနိုင်သည်။ မိသားစုများနှင့် အပေါင်းအသင်း သူငယ်ချင်းများအတွက် လောကီရေးရာနှင့် ပတ်သက်မှုရှိသည့် ခေတ်တွင် ဝိညာဉ်ရေးရာတို့ကို ပြန်လည်ခံစားမှုပြုနိုင်သည့် ပတ်ဝန်ကျင်ကို ဖန်တီးပေးပါသည်။

        ဥပုသ်နေ့ကို ဧဒင်ဥယျာဉ်အတွေ့အကြုံပြန်လည် ခံစားရန်ဘုရားသခင်က တမင်သီးသန့်စွာ ဖန်တီးပေးခဲ့ပါသည်။ ဘုရားသခင်သည်သူ့ရဲ့သားသမီးများနှင့် မိတ်သဟာယပြုလို၍ သားသမီးများကို ချစ်မြတ်နိုးသည့်မိဘများနည်းတူ တယ်လီဖုန်းခေါ်သံကို စောင့်ဆိုင်းခြင်း၊ နှုတ်ဆက်ကတ်ပြားနှင့် အီးမေးလ်ကို မျှော်နေခြင်းတို့ကို ဥပုသ်နေ့တိုင်း ဘုရားသခင်သည် သူ့သားသမီးများနှင့်အတူ ထာဝရအရသာကို မြည်းစမ်းစေချင်သည်။

        လူသားများအတွက် ဘုရားသခင်၏ နောက်ဆုံးနေ့ သတင်းစကားကိုကောင်းကင်တမန်သုံးပါးမှ မိုးယံစပ်ကြားအသံကြီးစွာဖြင့် ဟစ်ကြွေးခြင်းကို သင်သတိထားမိပါသလား။ “ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ကြလော့ (ဗျာဒိတ်၊ ၁၄း၇)။ ဥပုသ်နေ့သည် ကျွန်ုပ်တို့ကို ချစ်မြတ်နိုးသော ဖန်ဆင်းရှင်အကြောင်းကို ပြောပြပါသည်။ ဥပုသ်နေ့အပတ်စဉ်တွင် ကျွန်ုပ်တို့သည် တစ်စတစ်စပြောင်းလဲလာခြင်း (Evolve) မဟုတ်ဘဲ စကြဝဠာဘုရင်အရှင်သခင်၏ သားသမီးများဖြစ်ကြောင်း သတိရ အောက်မေ့စေပါသည်။ 

        ကျွန်ုပ်တို့သည် ကံအလျောက် ဖြစ်ပေါ်လာခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့ဘဝသည် အထိန်းအကွပ်မဲ့ ပရမ်းပတာအဖြစ်အပျက်များဖြင့် စုစည်းထားခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့ရဲ့ ဥပဓိရုပ်နှင့်လက္ခဏာ အမှတ်အသားတို့သည် မျိုးဗီဇနှင့် ပတ်ဝန်းကျင်ပေါ်သာ မူတည်ခြင်းမဟုတ်ဘဲ ဆိုးဝါးသည့် အဖြစ်အပျက်နှင့် အတွေ့အကြုံများ ထက်ကြီးမားသည့် စွမ်းအားရှင်ပေါ် မူတည်နေပါသည်။ ဤစွမ်းအားသည် ဖန်ဆင်းရှင်မှ လာပါသည်။ ဖန်ဆင်းရှင် ဘုရားသခင်သည် ကျွန်ုပ်တို့ရဲ့ အတွေးအခေါ် ပုံစံကို ပြန်လည် တည်ဆောက်ပေးနိုင်သည်။ ကျွန်ုပ်တို့၏ စရိုက်အပြုအမူကို ပြောင်းလဲပေးနိုင်သည်။ ကျွန်ုပ်တို့၏ အတွင်းနှလုံးကို ကုစားပေးနိုင်သည်။

        ဥပုသ်နေ့သည် ဤအကြောင်းအရာ များနှင့် ပတ်သက်သည်။ စကားအားဖြင့် မိန့်ဆို၍ မြေကြီးပေါ်လာသည်၊ နေ၊ လ၊ ကြယ်များကို ဖန်ဆင်းတော်မူသော ဖန်ဆင်းရှင် ဘုရားသခင်သည် သင့်ရဲ့ ဘဝကို ပြောင်းလဲပေးနိုင်သည်။ ဥပုသ်နေ့သည် မျှော်လင့်ခြင်းအကြောင်း ပြောပြနေပါသည်။ကျွန်ုပ်တို့သည် အင်အားချည့်နဲ့သော်လည်း ဘုရားရှင်သည် အင်အားကြီးမားပါသည်။ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးအပေါ်တွင် သူ့ရဲ့ပညတ်တော်ကို အစကနဦးက မိဘများနည်းတူ ရေးမှတ်လိုကြောင်းကို ဥပုသ်နေ့ကပြောပြနေပါသည်။ 

        ဥပုသ်နေ့သည် ကျွန်ုပ်တို့ကို အများသိကြသည့် သီချင်းစာသားများ ပြောသလို ကျွန်ုပ်တို့ကို ဖိတ်ခေါ်နေပါသည်။

        Turn your eyes upon Jesus, look full in His wonderful face and the things of earth will grow strangely dim in the light of his glory and grace.”

        ဘုရားသခင်ရဲ့ ပညတ်တော်များသည် ပြည့်ဝသောဘဝကို ရှင်သန်နေထိုင်ဖို့အတွက် လွတ်မြောက်မှုပေးပါသည်။ ဘုရားသခင်ရဲ့ ပညတ်တော်ကို လိုက်လျှောက်ခြင်းသည် ပျော်ရွှင်ချမ်းမြေ့မှုအတွက် ကောင်းကင်မှပြဌာန်းချက်ဖြစ်ပါသည်။ ဘုရားသခင်၏ ပညတ်တော်များကို လုံးလုံးလျားလျား ဂရုမစိုက်ကြလျှင် လူ့အဖွဲ့အစည်းတွင် ဖြစ်ပေါ်နိုင်သည့် ရုန်းရင်းဆန်ခတ်မှုတို့ကို စဉ်းစားကြည့်ပါ။ ဘုရားသခင်၏ ပညတ် တော်ကို ကျောခိုင်းလျှင် လူ့အဖွဲ့အစည်း တစ်ခုလုံးတွင် လူထုအရေးအခင်း ရမ်းကားမှုများဖြစ်ခြင်း၊ နေရာအနှံ့ မတရားသည့် လူ့ကျင့်ဝတ်ဖောက်ဖျက်ခြင်း၊ ဓါးပြတိုက်မှု၊ လုယက်မှုနှင့် တစ်နိုင်ငံလုံးအတွက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်သွားမည်။

        ဘုရားသခင်၏ ပညတ်တော်သည် သူ့ပလ္လင်တော်ရဲ့ အုတ်မြစ်ဖြစ်သည်။ အခြားသော ဥပဒေများအားလုံး၏ အခြေခံ ဖြစ်ပါသည်။ တစ်ဦးတစ်ယောက်က ပြောသေးသည်။ “ကျွန်ုပ်ထင်တာကတော့ ကျေးဇူးတော်ဖြင့် ကယ်တင်ခြင်း ရရှိပြီးဖြစ်၍ ဘုရားသခင်၏ ပညတ်တော်ကိုစောင့်ထိန်းရန် မလိုတော့ဘူး မဟုတ်ပါလား” ဟူ၍ပင် ပြောလိုက်သည် (ဧဖက်၊ ၂း၈)။ သခင်ခရစ်တော် ကပ်တိုင်ပေါ် သတ်ခံရန် တင်ခြင်းခံရသောအခါ သူသည် ကျွန်ုပ်တို့ရဲ့ အပြစ်အတွက် အပြစ်သားတစ်ဦးလို စီရင်မှုခံရပါသည်။ သူ့မှာ အပြစ်မရှိသော်လည်း ကျွန်ုပ်တို့ အပြစ်များအတွက် ရှုတ်ချစီရင်မှု ခံရပါသည်။ သို့မှသာ ကျွန်ုပ်တို့ကိုယ်တိုင် ရှိသည့်အပြစ်အားလုံးမှ ခွင့်လွှတ်ခြင်းခံရပါမည်။

        ဘုရားသခင်သည် သူ၏ ပညတ်တော်များကို ပြင်ဆင်လိုက်ပါက သခင်ယေရှုသည် အသေခံရန် လိုအပ်မည် မဟုတ်ပါ။

        “အပြစ်၏ အခကားသေခြင်းပေတည်း” ကျမ်းစာကပြောသည် (ရောမ၊ ၆း၂၃)။ ဘုရားသခင်သည် သူရဲ့သားတော်ကို ဘာကြောင့် ဤရက်စက်သော သေခြင်းသို့ စေလွှတ်ရပါသနည်း။ သူ့ရဲ့ ပညတ်တော်ကို သူ့အစွမ်းအားဖြင့် ပြင်လိုက်လျှင် ဤကဲ့သို့သော သေခြင်းမျိုးကိုသူ့ရဲ့သားတော်ခံဖို့လိုမည် မဟုတ်ပါ။

        ပညတ်တော်ဥပဒေနှင့် စီရင်ချက်သည် သခင်ခရစ်တော်၏ ဧဝံဂေလိတရားတော် တစ်စုတစ်စည်းတည်း ဖြစ်ပါသည်။ 

        “ဒုစရိုက်ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကို လွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော်ကို လွန်ကျူးခြင်း ဖြစ်သတည်း” (၁ယောဟန်၊ ၃း၄)။

        ကျွန်ုပ်ခိုးမှုပြုသည့်အခါ ထိုပြုမူချက်ကို အပြစ်ဟူ၍ မစဉ်းစားချင်ပါ။အပြစ်သည် ပညတ်တော်ကို လွန်ကျူးခြင်းဖြစ်သည်။ အပြစ်ဒုစရိုက်ဟူသည်ကား ကျွန်ုပ်စဉ်းစားချင်သလို မကဘဲ သီးသန့်ဖြစ်ပါသည်။ ကျမ်းစာတော်မြတ်ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ အပြစ်ဒုစရိုက်သည် ဘုရားသခင်၏ ပညတ်တော်ကို ချိုးဖောက်ခြင်းဖြစ်သည်။

        လူတစ်ဦးတစ်ယောက်ကပြောလိုက်သည်မှာ “ကျွန်ုပ်အိမ်ထောင်ရေးနှင့်ပတ်သက်၍ မကျေနပ်ပါ။ သို့ဖြစ်၍ ရုံးပိတ်ရက်တွင် ကျွန်ုပ်ရဲ့ အတွင်းရေးမှူးနှင့် ခရီးထွက်ပါက အပြစ်မရှိပါ။ နှစ်ဦးနှစ်ယောက်သော လူကြီး နှစ်ဦးရဲ့ သဘောတူခြင်း ဖြစ်တာပဲ” ကျမ်းစာတော်က ဘယ်လိုပြောပါသလဲ၊ ကျမ်းစာတော်မြတ်က “သူ့မယားကို မပြစ်မှားနှင့်” ဆိုပါသည်။ ဘုရားသခင်၏ ပညတ်တော်သည် သူ့ရဲ့ ထာဝရတည်မြဲသည့် ကိုယ်ကျင့်တရားစံနှုန်း ဖြစ်ပါသည်။ ယင်းစံနှုန်းသည် အပြစ်ကို အဓိပ္ပါယ်ဖော်ပြပြီး ဘုရားနှင့်စာရင်းရှင်း စီရင်မှုခံယူရန် ဖြစ်ပါသည်။

        ယနေ့ကျွန်ုပ်တို့ကလေးများအတွက် ရုပ်မြင်သံကြားအစီအစဉ်တွင်လူသတ်မှု ဇာတ်လမ်း၊ ရက်စက်ကြမ်းကြုတ်မှု ဇာတ်လမ်းနှင့် မဖွယ်မရာကိုယ်ကျင့်တရားပျက်ပြားမှု ဇာတ်လမ်းများ မဟုတ်ပါ။ ကျွန်ုပ်တို့ ကလေးများတွက် ဘုရားသခင်ချမှတ်ပေးသော ကိုယ်ကျင့်တရားအကြောင်းသွန်သင်ပြောကြားဖို့ ဖြစ်ပါသည်။ ဘုရားသခင် ရဲ့ ကိုယ်ကျင့်တရားသည်ကျွန်ုပ်တို့ကို အကာအကွယ်ပေးသည်။ ဘုရားသခင်ရဲ့ ပညတ်တော်သည် ကျွန်ုပ်တို့၏ ပျော်ရွှင်မှုကို ချုပ်ချယ်ရန် တစ်ဖက်သတ်ရေးဆွဲသော စည်းကမ်းချက်မဟုတ်ပါ။ ဘုရားသခင်၏ ပညတ်တော်သည် လွတ်မြောက်မှု လမ်းစဖြစ်ပြီး စစ်မှန်သောပျော်ရွှင်မှုကို ပေးနိုင်သည်။

        ဘုရားသခင်၏ ပညတ်တော်သည် ကျွန်ုပ်တို့ကို ပျက်စီးခြင်းသို့ပို့ဆောင်မည့် လူနေမှုအနေအထားမှ ကာကွယ်ပေးသည်။ အချို့သောခရစ်ယာန်များက သူတို့ရဲ့ ဘုရားကျောင်းတွင် ပညတ်တော်အကြောင်း မဟောကြားတော့ပါ။ ဘုရားသခင်၏ မေတ္တာတော်အကြောင်းကိုသာဟောကြားတော့သည်။ ဘုရားသခင်၏ ပညတ်တော်နှင့် ဘုရားသခင်ရဲ့မေတ္တာတော်ကို သီးခြားကွဲပြားသောအကြောင်းအရာ နှစ်ခုအဖြစ် ယူဆကြသည်။

        ချစ်ခြင်းမေတ္တာသည် အမြဲပင်နာခံမှုဘက်သို့ ယိမ်းယိုင်ပို့ဆောင် ပေးပါသည်။ ချစ်ခြင်းမေတ္တာသည် ဘယ်တော့မှ မနာခံမှုဘက်သို့ မပို့ဆောင်ပါ။ တာဝန်သိသည့် ခရစ်ယာန်များအား ဘုရားသခင်၏ ပညတ်တော်ကိုစောင့်ထိန်းဖို့ ပို့ဆောင်ပါသည်။ သခင်ယေရှုမိန့်ကြားသည်မှာ “ငါ့ကို ချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့” (ယောဟန်၊ ၁၄း၁၅)။

        သခင်ယေရှုသည် “ငါ့ကို ချစ်လျှင် ငါ့ပညတ်ကို မစောင့်ရှောက်ပါနှင့်” လို့ ပြောခဲ့ပါသလား၊ မဟုတ်ပါ။ ချစ်ခြင်းမေတ္တာရဲ့တုံ့ပြန်မှုသည်ဘုရားသခင်၏ ပညတ်တော်ကို စောင့်ထိန်းစေပါသည်။ 

        ပညတ်တော်ကို စောင့်ထိန်းရခြင်းအကြောင်းက ဘုရားသခင်ရဲ့ မျက်နှာသာရဖို့ မဟုတ်ဘဲ သူ့ကို ချစ်သည့်အတွက် ကျွန်ုပ်တို့ရဲ့ ပြန်လည် တုံ့ပြန်မှုဖြစ်သည်။ ဘုရား သခင်ကို နာခံခြင်းသည် ကျွန်ုပ်ကယ်တင်ခြင်း ခံရဖို့မဟုတ်ပါ။ ကျွန်ုပ် ကယ်တင်ခြင်း ရရှိခဲ့ပြီး ဖြစ်ပါသည်။

        ကျွန်ုပ်ရဲ့ နာခံမှုအားလုံးတို့သည် ကယ်တင်ခြင်းကို မရရှိနိုင်ပါ။ ကျွန်ုပ်ကယ်တင်ခြင်းရရှိခြင်းသည် ကပ်တိုင်မှာဆောင်ရွက်ပေးပြီး ဖြစ်ပါသည်။ “ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကို အဘယ်သို့ သိသနည်းဟူမူကား၊ပညတ်တော်တို့ကို စောင့်ရှောက်လျှင်သိရသတည်း” (၁ယောဟန်၊ ၂း၃)။ပြတ်ပြတ်သားသား ဖော်ပြချက်မှာ သူ့ပညတ်တော်ကို စောင့်ရှောက်လျှင်သူ့ကိုသိကျွမ်းရခြင်းဖြစ်ပါသည်။

        ရှင်ယောဟန်က ဘုရားသခင်ကို သိကျွမ်းရခြင်း အထောက်အထားသည် ဤအချက်ပေါ်တွင် မူတည်ပါသည်။ ကျွန်ုပ်တို့သည် အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်းရဲ့ အထောက်အထားကို သိရှိရသောနည်းဖြစ်ပါသည်။ သခင်ခရစ်တော် ကျွန်ုပ်တို့ကို ပိုင်ဆိုင်ကြောင်း အထောက်အထားပင်ဖြစ်ပါသည်။ “ထိုသခင်ကို ငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသားကိုသုံးသော သူဖြစ်၍ ထိုသူ၌ သစ္စာမရှိ” (၁ယောဟန်၊ ၂း၄)။

        သခင်ခရစ်တော်သို့ အပ်နှံခြင်းခံရလျှင်၊ သူ့ကို အမှန်တကယ်သိကျွမ်းခဲ့လျှင်၊ ကျွန်ုပ်တို့ရဲ့ နှလုံးသားကို သူ့အားပေးအပ်လျှင် ကျွန်ုပ်တို့ရဲ့သဘာဝတုံ့ပြန်မှုသည် သူ့ကိုနာခံဖို့ ဖြစ်ပါသည်။ ကျေးဇူးတော်နှင့် ပညတ်တော်တို့သည် ဆန့်ကျင်ဘက် သဘောတရားများ မဖြစ်ကြပါ။ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရရှိသည့်အခါ၊ သင့်အား ကယ်တင်ခြင်းသည် မနာခံဖို့အတွက် ကယ်တင်ခြင်းရသည် မဟုတ်ပါ။ နာခံဖို့ ကယ်တင်ခြင်း ရရှိပါသည်။ 

        ကယ်တင်ခြင်းအားလုံးတို့သည် ကျေးဇူးတော်အားဖြင့် ရရှိပါသည်။ ဓမ္မဟောင်းကျမ်းအချိန်က ယုံကြည်သူများသည် လာလတ္တံ့သော ခရစ်တော်ကို မျှော်ကိုးလျက်ရှိပါသည်။ ဓမ္မသစ်အချိန်အခါတွင် လာရောက်ခဲ့သည့် ခရစ်တော်ကို ရှုမျှော်ခဲ့ရသည်။ ယခင်က ယုံကြည်သူများသည် လာလတ္တံ့သော ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း ရရှိပါမည်။ကျွန်ုပ်တို့ခေတ်တွင် ရောက်ရှိလာခဲ့သည့် ကျေးဇူးတော်အားဖြင့်ကယ်တင်ခြင်းကို ရရှိခဲ့ပါသည်။ 

        ကယ်တင်ခြင်းသည် ကျေးဇူးတော်အားဖြင့် တစ်ခုတည်းသာဖြစ်လျှင်၊ ဘုရားသခင်၏ ပညတ်တော်အခန်း ကဏ္ဍသည် ဘယ်လိုဖြစ်မည်နည်း။ တမန်တော် ရှင်ပေါလုသည် ရှင်းရှင်းပဲဖော်ပြပါသည်။ “ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်” (ရောမ၊ ၃း၂၀)။ ပညတ်တော်ကို ဖယ်ထုတ်လျှင် အပြစ်ဒုစရိုက်ကိုလည်း ဖယ်ထုတ်ရမည်။ ပညတ်တော်မရှိလျှင် အပြစ်လည်းမရှိပါ။ အပြစ်မရှိလျှင် ကယ်တင် ခြင်းအတွက် ပြစ်လည်းမရှိပါ။

        ဘုရားသခင်သည် သူ၏ပညတ်တော်အားဖြင့် အပြစ်ကိုဖော်ထုတ်ပါသည်။ ရှင်ပေါလုက “ပညတ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ၏။ အဘယ်သို့ နည်းဟူမူကား၊ လောဘစိတ်မရှိစေနှင့်ဟု ပညတ်တရားမဆိုလျှင် လောဘသဘောကို ငါမသိ” (ရောမ၊ ၇း၇)။

        ဘုရားသခင်၏ ပညတ်တော်ကိုချိုးဖောက်လျှင် အပြစ်ဖြစ်သည်။ပညတ်တော်သည် အပြစ်ကို သိဖို့ အဓိပ္ပါယ်ဖော်ပြပေးသည်။ ပညတ်တော်က “ဒီကမှန်သည်၊ ဒီဟာကတော့ မှားသည် ဖော်ပြသည်။ပညတ်တော်သည် တရားစီရင်ဖို့အတွက် ဘုရားသခင်၏ ကိုယ်ကျင့်တရား စံနှုန်းဖြစ်ပါသည်။ ပညတ်တော်သည် လူ့အဖွဲ့အစည်းအားလုံးရဲ့  အုတ်မြစ်ကို အဓိပ္ပါယ် ဖော်ထုတ်ပေးပါသည်။

        တရားစီရင်မှုသည် အမျိုးသမီး၊ အမျိုးသားတိုင်းကို ပညတ်တော်စောင့်ထိန်းဖို့ ခေါ်ယူနေပါသည်။ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း ရရှိသည့် ခရစ်ယာန်တိုင်းကို နာမခံမှုရှိသည့်အသက်တာ၊ ဖြောင့်မတ်သည့် အသက်တာ၊ သန့်ရှင်းမြင့်မြတ်သည့် အသက်တာကို နေထိုင်သွားဖို့ ခေါ်ဖိတ်သည်။

ကျေးဇူးတော်ရဲ့ အခန်းကဏ္ဍဘယ်သို့နည်း

        “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာဖြစ်သတည်း” (ဧဖက် ၂း၈)။ ကျေးဇူးတော်သည်ဘုရားသခင်ရဲ့ သနားညှာတာမှု၊ ဘုရားသခင်ရဲ့ လွတ်မြောက်ပေးခြင်းနှင့်ဘုရားသခင်ရဲ့ ခွင့်လွှတ်ပေးခြင်း ဖြစ်ပါသည်။ ကျေးဇူးတော်သည်ဘုရားသခင်၏ ဘုန်းတန်ခိုး၊ ဘုရားသခင်မှလာသည့် ချစ်ခြင်းမေတ္တာကိုအပြစ်သားများသို့ ကမ်းလှမ်းမှုဖြစ်သည်။ ကျေးဇူးတော်သည် ဘုရားသခင်၏ ပညတ်တော်ကို ဖယ်ထုတ်ပါသလား။

        ကျွန်ုပ်သည် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရရှိပါကဘုရားသခင်၏ ပညတ်တော်ကို ချိုးဖောက်နိုင်ပါသလား။ “ယုံကြည်ခြင်းအားဖြင့် ပညတ်တော်ကို ပျက်ပြယ်စေပါသလား၊ လုံးဝမဟုတ်ပါ။ အမှန်အားဖြင့် ပညတ်တော်ကိုသာ၍ တည်ဆောက်ရပါမည် (ရောမ၊ ၃း၃၁)။ ရှင်ပေါလုက ပြောလိုက်သည်မှာ ယုံကြည်ခြင်းအားဖြင့် ငါတို့သည်ပညတ်တော်ကို အလျှင်းမပယ် သာ၍တည်စေ၏။

        ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း ရရှိသူများသည် နားထောင်မှုရှိကြသည်။ ပညတ်တော်ကို တည်ဆောက်သည်၊ ပညတ်တော်ကို စောင့်ထိန်းပါသည်။ အောက်ပါအဖြစ်အပျက်မှာ ကျေးဇူးတော်အားဖြင့် ပညတ်တော်ကို စောင့်ထိန်းရမည်၊ မဖောက်ဖျက်ရပါ။

        လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကျွန်ုပ်သည် ကျမ်းစာလာ ဗျာဒိတ်ဟောကြားချက်ကို အမေရိကန်နိုင်ငံအရှေ့ကမ်းခြေဒေသများတွင် တရားဟောအစီအစဉ်များ ကျင်းပပေးခဲ့သည်။ တစ်ညနေတွင်တရားဟောအစီအစဉ်ပြီးဆုံးသည့်အခါ နောက်တစ်နေရာသို့ တရားဟောရန် စိတ်လောနေ၍ သတ်မှတ်သည့် ကားမောင်း အမြန်ဆုံး သတ်မှတ်ချက် တစ်နာရီလျှင် မိုင် ၆ဝ ဖြစ်သော်လည်း ကျွန်ုပ် မိုင် ၇ဝ ထိ ကားမောင်းလျက်ရှိပါသည်။ ယာဉ်ထိန်းရဲက ကျွန်ုပ်၏ကားမောင်းလိုင်စင်ကို တောင်းယူပါသည်။ ကျွန်တော်က သင်းအုပ်ဆရာ လိုင်စင်ကို ပေးလိုက်သည်။ ရဲအရာရှိက ပြုံးလိုက်သည်။     

        ကျွန်တော်နှင့် ရဲအရာရှိနှစ်ဦးတို့ စကားခဏ ပြောကြသည်။ကျွန်တော်က ရဲအရာရှိကို ဤကဲ့သို့ ပြောမိလိုက်သည်။ “ရဲအရာရှိရယ် ဟိုတစ်နေရာမှာ တရားဥပဒေ၊ ပညတ်တော်အကြောင်းကို ကျွန်တော်တရားဟောခဲ့ပါသည်။ ကျွန်တော်က လူတွေကို တရားဥပဒေ၊ ပညတ်တော်စောင့်ထိန်းဖို့ ဟောပြောခဲ့သည်။ သို့ပါ၍ ဒီတစ်ကြိမ်လောက်ပဲ ကျွန်တော့ကို သနားကရုဏာပေးပါ။ ရဲအရာရှိရယ် ခင်ဗျားနှင့် ကျွန်တော်က ဥပဒေဘက်တော်သားတွေပါ။ လူတွေဥပဒေကို ချိုးဖောက်လျှင် ခင်ဗျားက သူတို့ကို ဖမ်းဆီးသည်၊ ကျွန်တော်က သူတို့ကို ဥပဒေလိုက်နာဖို့ဟောပြောပေးသည်။ ဒါကြောင့် ဒီတစ်ကြိမ်ပဲ ကျွန်တော့်ကို သနားကရုဏာပေးပါ။ ရဲအရာရှိက မဲ့ပြုံးပြုံးပြီး၊ ကောင်းပါပြီ၊ ဒီတစ်ကြိမ်တော့  ခင်ဗျားကရုဏာ ကျေးဇူးတော်အောက်မှာ ရှိနေပြီးသွားပါ။”

        ဥပဒေကို ချိုးဖောက်သည့်အခါ ကျွန်ုပ်ဘာကို ရထိုက်ပါသလဲ။ ကားမောင်းမြန်လွန်းတဲ့ ဒဏ်ခတ်တဲ့ လက်မှတ်. . . ဟုတ်ပါသည်။ လွတ်ငြိမ်းခွင့် ရရှိသည့်အခါ ဥပဒေရဲ့ ဒဏ်ခတ်မှုမှ လွတ်ကင်းခွင့် ရရှိခဲ့ပါ သလား။ ရရှိပါတယ်။ ဥပဒေအာဏာစက်အောက်မှ ကင်းလွတ်ခွင့် ရှိပါသလား။ လုံးဝမဟုတ်ပါဘူး။ ကားထဲပြန်ဝင်ပြီး ကျွန်ုပ်ဇနီးသည်ကိုကျွန်တော် ဥပဒေဘောင်အောက်မှာ မရှိတော့ဘူးပြောပြီး ကရုဏာကျေးဇူးအောက်မှာရှိသည့်အတွက် မြန်နိုင်သလောက်မြန်အောင် မောင်းနိုင်ပြီလို့ ပြောနိုင်သလား။ ရဲအရာရှိရဲ့ သနား ကရုဏာအောက်မှာ ရှိသည့်အတွက် တစ်နာရီမိုင် ၉၀ ထိကား မောင်းနိုင်ပြီလို့ ပြောနိုင်သလား။ လုံးဝပြောလို့မရပါ။ ဘာတွေဖြစ်ခဲ့သလဲ။ ကျွန်ုပ်အခု ကျေးဇူးတော်အောက်မှာ ရှိနေသည့်အတွက် ဥပဒေမချိုးဖောက်မိအောင် အထူးဂရုစိုက်ရပါသည်။ သခင်ယေရှုက ကျွန်ုပ်ကိုသူ့ရဲ့  ကရုဏာကျေးဇူးကြောင့် ကယ်တင်သည် စ၍ သူရဲ့ ဥပဒေပညတ်တော်ကို မချိုးဖောက်ချင်ပါ။ သူရဲ့ ပညတ်တော်များကို ကျောမပေးချင်ပါ။

        သင်သည် ကရုဏာကျေးဇူးကြောင့် ကယ်တင်ခြင်း ရရှိသည့်အတွက်ဥပဒေပညတ်တော်ရဲ့ စီရင်ချက် ဒဏ်ခတ်မှု မခံရတော့ပါ။ သခင်ယေရှုကပြောသည် “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်၊ ပြည့်စုံခြင်းငှာ ငါလာသတည်း” (မဿဲ၊ ၅း၁၇)။

        သခင်ယေရှုသည် ပညတ်တော်တရားကို ပယ်ဖျက်ရန် ကြွလာသည် မဟုတ်။ ပဉ္စမမြောက်ပညတ်တော် ဖြစ်သော “သင်၏ မိဘကို ရိုသေစွာပြုလော့” ဟူ သော ပညတ်တော်ကို ပယ်ဖျက်ဖို့လာသည် မဟုတ်ဘဲ သူနှင့်တွေ့သူအားလုံးအပေါ်  သနားကြင်နာ စာနာထောက်ထားတတ်သော သူရဲ့နှလုံးသားကို ဖော်ပြဖို့ ဖြစ်ပါသည်။ သခင်ယေရှုသည် သတ္တမမြောက်ပညတ်တော် “သူ့မယားကို မပြစ်မှားနှင့်”ကို ပယ်ဖျက်ရန် ကြွလာသည်မဟုတ်၊ သန့်ရှင်းစင်ကြယ်မှုကို စံပြအဖြစ် ဖော်ထုတ်ရန်သာ ဖြစ်ပါသည်။ ထိုနည်းတူ သခင်ယေရှုသည် စတုတ္ထမြောက် ပညတ်တော်ကိုပယ်ဖျက်ရန်မလာ၊ “ဥပုသ်နေ့ကို အောက်မေ့လော့” ကျမ်းစာတော်မြတ်က ဤသို့ဆိုသည်၊ “ယေရှုသည် ထုံးစံရှိသည့်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ကျမ်းစာကို ဖတ်ရွတ်ခြင်းငှာ ထတော်မူ၏” (လုကာ၊

၄း၁၆)။

        ပညတ်တော်များဖြစ်သော လူ့အသက်ကို မသတ်နှင့်၊ သူ့မယားကို မပြစ်မှားနှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ အခြားသော ပညတ်တော်များကို ပယ်ဖျက်ရန် ယေရှုလာသည် မဟုတ်သလို၊ ဥပုသ်နေ့ကို ပယ်ဖျက်ရန်ကိုလည်း လာရောက်ခြင်း မဟုတ်ပါ။ ဥပုသ်နေ့ကို စောင့်ထိန်းဖို့ ပညတ်တော်သည်ပညတ်တော်ဆယ်ပါးရဲ့ အလယ်ဗဟိုတွင် တည်ရှိခြင်းသည် အကြောင်းအရာ ရည်ရွယ်ချက်ရှိပါသည်။ ပထမလေးခုသော ပညတ်တော်သည် ဘုရားနှင့်ကျွန်ုပ်တို့ စပ်ကြားဆက်စပ်မှုကို ဖော်ပြပြီး နောက်ဆုံးပညတ်တော်လေးခုက ကျွန်တော်တို့နှင့် ပတ်သက်မှုရှိသည့် လူသားအချင်းချင်း ဆက်ဆံမှုကို ဖော်ပြပါသည်။ ဥပုသ်နေ့ပညတ်တော်သည် ကျွန်ုပ်တို့ရဲ့ ဖန်ဆင်းရှင်ကို ဝတ်ပြုကိုးကွယ်ဖို့ ပညတ်တော်ဖြစ်ပြီး နာခံမှုရှိဖို့ အခြေခံအားလုံး ဖြစ်သည်။

        ကျွန်ုပ်တို့ကို ဖန်ဆင်းသည့်အတွက် သူ့အား အခြားသော ဘုရားများကို မကိုးကွယ်ဘဲ သူ့အားကိုးကွယ်ရပါမည်။ သူသည် ကျွန်ုပ်တို့ရဲ့ ဖန်ဆင်းရှင်ဖြစ်သည့်အတွက် အခြားသော လူသားအားလုံးတို့ကို နောက်ဆုံးပညတ်တော်ခြောက်ပါး မိန့်မှာသည့်အတိုင်း လေးစားရပါမည်။ ဥပုသ်နေ့ပညတ်တော်သည် ဘုရားသခင်ရဲ့ ပညတ်တော်ဆယ်ပါး စောင့်ထိန်းရခြင်း၏ အကြောင်းရင်း ဖော်ပြထားခြင်းကို ရှင်းပြပါသည်။ နာခံမှုအားလုံးရဲ့ အခြေခံအုတ်မြစ်သည် ဖန်ဆင်းရှင်အား ဥပုသ်နေ့တွင် ဝတ်ပြုကိုးကွယ်ဖို့ ဖြစ်ပါသည်။

        ဧဖက်၊ ၃း၉ တွင် တမန်တော်ရှင်ပေါလုက “အလုံးစုံကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏ ရှေးကပ်ကာလပတ်လုံးဝှက်ထားလျက် ရှိသည့် ဤနက်နဲသောအရာ၏ အမှုအရေးကိုလူတိုင်းအား ရှင်းလင်းစေမည်။” သခင်ယေရှုသည် ဘုရားသခင်ရဲ့ အစီအစဉ်အတိုင်း ဥပုသ်နေ့ကို စောင့်ထိန်းခြင်းအားဖြင့် ဥပုသ်နေ့တွင် ဝတ်ပြုကိုးကွယ်ဖို့ စံပြနမူနာ ပြသသွားသည်။

ပညတ်တရားနှင့် ကျေးဇူးတော်တရား နားလည်မှုရှုပ်ထွေးခြင်း

        ခရစ်ယာန်ခပ်များများသည် ပညတ်တရားနှင့် ကျေးဇူးတရားဆက်စပ်မှုအကြောင်း စိတ်ရှုပ်ထွေးလျက် ရှိပါသည်။ ရှင်ပေါလုက “သင်တို့သည် ပညတ်တရား လက်၌မရှိ၊ ကျေးဇူးတရားလက်၌ ရှိသောကြောင့်အပြစ်တရားသည် သင့်ကို မအုပ်စိုးရ” (ရောမ၊ ၆း၁၄)။

        အပြစ်သည် သင့်အား ဘယ်အချိန်မှာ အုပ်စိုးသနည်း။ ဘုရားသခင်ရဲ့လမ်းကို မလျှောက်ဘဲ ကိုယ့်လမ်းကိုယ်လျှောက်သည့်အခါ၊ ဘုရားသခင်ပညတ်ကို ချိုးဖောက်သည့်အခါ အပြစ်သည် ကျွန်ုပ်တို့ကို အုပ်စိုးတော်မူသည်။

        ပညတ်တော်အောက်မှာရှိသည် အဓိပ္ပါယ်က ဘာကိုဆိုလိုပါသလဲ။ပညတ်တော်အောက်မှာ ရှိသည်ဆိုသည်မှာ ပညတ်တော်အားဖြင့်ကယ်တင်ခြင်းကို ရရှိခြင်းဖြစ်ပါသည်။ ပညတ်တော်ကို စောင့်ထိန်းဖို့အတွက် ကိုယ့်အားကိုယ်ကိုးလျှင် အတ္တလန်တိတ်သမုဒ္ဒရာကို ကူးဖို့ကြိုးစားသလိုဖြစ်သည်။ သင်သည် အိုလံပစ် ရေကူချန်ပီယံ ဖြစ်လင့်ကစား ခရီးဝေးကွာလွန်း ဖြစ်နေပါသည်။ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ဘုရားသခင်ရဲ့ ပညတ်တော်ကို ကိုယ်အားတစ်ခုတည်းဖြင့် မစွမ်းဆောင်နိုင်ပါ။ ကယ်တင်ခြင်း ရရှိဖို့အတွက် ပညတ်တော်ကို အားကိုး စောင့်ထိန်းလျှင် ကျွန်ုပ်တို့သည် မကြာခဏ စိတ်ပျက်မှုရှိပြီး စီရင်ချက်အမြဲခံစား နေရမည်ဖြစ်သည်။ သို့ရာတွင် သခင်ယေရှုအား ကျွန်ုပ်တို့ရဲ့ ကယ်တင်ခြင်း အရင်းအမြစ်ဖြစ်လျှင် အရာရာတိုင်း လဲသွားပါမည်။

        ကျေးဇူးတရားလက်အောက်မှာ ရှိသည်ဆိုသည်မှာ သခင်ခရစ်တော်ရဲ့ ခွင့်လွှတ်ခြင်းကို လက်ခံပြီး၊ ခွင့်လွှတ်ခြင်းကိုရကာ ကျွန်ုပ်တို့တွင် သူ့ရဲ့အင်အားဖြင့် ပြည့်ဝသွားသည်ကို ဆိုလိုသည်။ သခင်ယေရှုသည် ကျွန်ုပ်ရဲ့ နှလုံးသားတွင် သူရဲ့ ပညတ်တော်ကို ရေးမှတ်ပါသည်။ သူ့အား နာခံရန် ဆန္ဒရှိသည်။

        သမ္မာကျမ်းစာသည် ဤအချက်နှင့် ပတ်သက်၍ ရှင်လင်းပြတ်သားသည်။ ကျွန်ုပ်တို့သည် ယေရှုခရစ်တော်ထံပါးသို့လာပြီး သနားကရုဏာခံယူလျှင် သူက “ငါသား သင်သည် ယခင်က ဘာပဲလုပ်ခဲ့လုပ်ခဲ့၊သင့်ဘဝဘယ်လောကပဲ ရှိပါစေ၊ ငါသည် သင့်အားအပြစ်လွှတ်မည်။ သင်နောက်တစ်ခါ အစကနေပြန်စေနိုင်ပြီ ပညတ်တော်သည် ကျွန်ုပ်တို့လိုအပ်ချက်ကို ဖော်ပြပေးပါသည်။ ဘုရားသခင်၏ ပညတ်တော်ကို ကြည့်သည့်အခါ ကျွန်ုပ်သည် ဘယ်လိုလူစားမျိုးဖြစ်သည်ကို မြင်နိုင်သည်။ ဘုရားသခင်ရဲ့ ကျင့်ဝတ်နှင့် ကျွန်ုပ်ဘယ်လိုမှ နှိုင်းယှဉ်၍ မရနိုင်ပါ။

        တစ်ခါတစ်ရံ ကျွန်ုပ်၌ စိတ်မရှည်ခြင်း၊ တစ်ခါတစ်ရံ သနားကြင်နာမှုရှိသင့်သလောက် မရှိခဲ့ပါ။ ဘုရားသခင်ရဲ့ ပညတ်တော်ကို မစောင့်ထိန်းခဲ့သဖြင့် သူရဲ့ ကရုဏာကျေးဇူးကိုရရှိဖို့အတွက် သူ့ကိုရှာရပါသည်။ ဆာလံ ဆရာဒါဝိဒ်မင်းက “ထာဝရဘုရား၏ တရားတော်သည် စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏ (ဆာလံ၊ ၁၉း၇)။ ပညတ်တော်ဆယ်ပါးသည် ကျွန်ုပ်အား သခင်ယေရှုထံပါးသို့ တွန်းပို့ပါသည်။ ကျွန်ုပ်က “အိုယေရှု၊ ကျွန်ုပ်ရဲ့ နှလုံးကြေကွဲပါပြီ။ ကျွန်ုပ်အပြစ်များဖြင့် ပိ၍ နေပါသည်။ ကျွန်ုပ်ကို အပြစ်လွှတ်တော်မူပါ။ ကျွန်ုပ်ရဲ့ အပြစ်ကို ယူဆောင်သွား ပါသည်။ ပညတ်တော်ကို စောင့်ထိန်းနိုင်ဖို့နှင့် နာခံတတ်ဖို့ ကူညီမစပါ။

        တစ်ကြိမ်က ရှေ့နေကြီး တစ်ဦးသခင်ယေရှု ထံရောက်လာပြီးမေးသည်။ “အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်ပညတ်သည်သာ၍ ကြီးသနည်းဟု မေးလျှောက်သော်၊ ယေရှုက သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှနှင့် ချစ်လော့” ဟု ပြန်ဖြေသည် (မဿဲ၊ ၂၂း၃၆-၄ဝ)။ ဤဟာသည် ပထမဆုံးနှင့် အကြီးမားဆုံး ပညတ်တော်ဖြစ်သည်။ ဒုတိယကတော့ ဤအတိုင်းပင်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ ဟူ၍ပင်။

        သခင်ယေရှုဘာများဆိုလိုသလဲ။ သူသည် ပညတ်တော်ဆယ်ပါးကိုခြုံ၍ ပြောနေသည်။ သူကဆက်၍ ရှင်းပြသည်မှာ “ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင် ဖြစ်သတည်းဟု မိန့်တော်မူ၏။” 

        ပညတ်တော် တစ်ခုလုံးကို စာလုံးတစ်လုံးတည်းဖြင့် ချုပ်ဆိုနိုင်သည် “အချစ်” ပင်တည်း။ (Love) သခင်ယေရှုသည် ပထမပညတ်တော်လေးပါးကို ဘုရားသခင်ကို ချစ်ခြင်းဖြင့် ချုပ်လိုက်သည်။ နောက်ဆုံးပညတ်တော်ခြောက်ပါးကို ကိုယ်နှင့်စပ်ဆိုင်သော သူ့ကို ချစ်လော့ဟူ၍ပင်။

        သခင်ယေရှုပြောခဲ့သည်မှာ သင်သည် လုံးလုံးလျားလျား ချစ်တတ်မယ်ဆိုလျှင် ဘုရားသခင်ကို ချစ်မည်။ သင်သည် လုံးလုံးလျားလျား ချစ်တတ်မည်ဆိုလျှင်လည်း လူသားချင်းကို ချစ်တတ်မည်။

        ချစ်ချင်းမေတ္တာသည် နာခံမှုသို့အမြဲပို့ဆောင်မည်။ ဘုရားသခင်၏ ပညတ်တော် ဆယ်ပါးကို ကျောက်ပြားပေါ်၌ သူ၏ကိုယ်တော်တိုင် လက်ညှိုးဖြင့် ရေးသားခဲ့သည်။ ဘုရားသခင်၏ ပညတ်တော်များကို စောင့်ရှောက်ခြင်းသည် သင့်အားအချုပ်အနှောင် မဖြစ်စေပါ။ အချုပ်အနှောင်မှ ကင်းလွတ်အောင် ဆောင်ကြဉ်းပေးသည်။ ပညတ်တော်ဆယ်ပါးကို ပေးခြင်းသည် ကျွန်ုပ်တို့၏ လွတ်လပ်မှုကို ချုပ်ချယ်ရန် မဟုတ်ဘဲ လွတ်လပ်မှု အမှန်တကယ်ရှိအောင်ပေးခြင်း ဖြစ်သည်။ ပညတ်တော်သည် ဘုရားသခင်ကိုယ်တော်တိုင် ပေးအပ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ စကားတော်အားဖြင့် “ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏” (ထွက်မြောက်၊ ၂၀း၂)။ ဤကျမ်းချက်၌ ဆက်၍ ပညတ်တော်ဆယ်ပါးကို ပေးအပ်ခဲ့သည်။ ထိုပညတ်တော်များကိုကောင်းကင်နှင့် မြေကြီး၏ အရှင်သခင် ဘုရားသခင် ကိုယ်တော်တိုင်၏ လက်ညှိုးတော်နှင့် ကျောက်ပြားပေါ်၌ရေးခဲ့သော ပညတ်ဖြစ်သည်။ ထိုပညတ်တို့သည် ခေတ်အဆက်ဆက် အစဉ်ထာဝရတည်မြဲသော ကျင့်ဝတ်ဖြစ်သည်။

        ပညတ်တော်ဆယ်ပါးကို လေ့လာသုံးသပ်ကြစို့၊ ယင်းတို့သည်ဘုရားသခင်၏ ကျင့်ဝတ်လမ်းညွှန် အဖြစ်အသက်တာ ရှင်သန်နိုင်ဖို့ ဖြစ်သည်။

        “ငါမှတစ်ပါး အခြားသော ဘုရားကို မကိုးကွယ်နှင့်” ဘုရားသခင်ပြောနေသည်မှာ “ငါသည် သင့်ဘဝအသက်တာ၌ အထွတ်အထိပ် ဖြစ်ရမည်” အခြားသော ဘုရား၊ သင့်အိမ်၊ သင့်ငွေ သင့်ဥစ္စာပစ္စည်း စသည်တို့မှာ ဘုရားသခင်ထက် ဦးစားပေးလျှင် သူမကျေနပ်နိုင်ပါ။

        ဒုတိယပညတ်တော်က “ရုပ်တုဆင်းတုကို ကိုယ့်အဖို့ မလုပ်နှင့်” အဓိပ္ပါယ်ကတော့ ဘုရားသခင်သာလျှင် အထွတ်အထိပ်ဖြစ်၍ သူ့ကိုသာလျှင် ဝတ်ပြုကိုးကွယ်ရမည်။ ဘုရားသခင်ဆိုလိုသည်မှာ ငါ့ဆီကိုတိုက်ရိုက်လာပါ။ ရုပ်တုဆင်းတုမှ တစ်ဆင့် မလာပါနှင့်။

        တတိယပညတ်တော်က “သင်၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသားနှင့်ဆိုင်၍ မမြွက်ဆိုနှင့်” ဘုရားသခင်က ပြောနေသည်မှာ ငါ၏ နာမကိုလေးစား၍ ငါ့အားချစ်မြတ်နိုးလော့။” စဉ်းစားလိုက်ပါ။ သခင်ယေရှု၏ နာမတော်သည် ကောင်းကင်တမန်များပင် လေးစားသောအားဖြင့် သူတို့၏ မျက်နှာကိုပင် ကာထားရသည်။ ထိုနာမတော် ကို “သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း” ဟူ၍ပင် ကောင်းကင်တမန်များက သီဆိုလျက် ရှိနေသည်ကို ဆဲဆိုလျက်ရှိနေလျှင် ဘယ်သို့ ဖြစ်မည်နည်း။

        ကျွန်ုပ်တို့၏ ခေတ်နှင့် လိုက်ဖက်အောင် ပညတ်တော်ဆယ်ပါးက စကားပြောနေသည်၊ သခင်ယေရှု၏ နာမတော်ကို လေးစားမြတ်နိုးစွာအားဖြင့်သာ အသုံးပြုဖို့သင့်ပါသည်။ 

        စတုတ္ထပညတ်တော်သည် ဥပုသ်နေ့နှင့် ပတ်သက်၍ ဘုရားသခင်၏ ပညတ်တော်များအနက်မှ အချုပ်အချာအလယ်ဗဟို၌ ရပ်တည်သည်။  ဘုရားသခင်သည် လူသားတိုင်းအား ဥပုသ်နေ့ကို အောက်မေ့ရန် မိန့်မှာသော်လည်း သူတို့တတွေ မေ့လျှော့သွားပုံရသည်။ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံးကို အလုပ်ကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏” (ထွက်မြောက်၊ ၂၀း၈-၁၀)။

        လူသည် တစ်စတစ်စပြောင်းလဲလာပြီး လူအဖြစ်သို့ ကူးပြောင်းလာကြောင်းယုံကြည်သည့် ဤဘုရားမဲ့ခေတ်ကြီးတွင် ဘုရားသခင်က ကောင်းကင်မြေကြီး ဖန်ဆင်းရှင်ကို ကိုးကွယ်ရန် ခေါ်ယူနေပါသည်။ ဥပုသ်နေ့ပညတ်သည် ကျွန်ုပ်တို့အား မြေကြီးနှင့်စပ်ဆိုင်သော ဆိုးကျိုးများမှ လွတ်မြောက်စေပြီး ထာဝရတန်ဖိုးရှိသည်များနှင့် အပတ်စဉ်နေ့တစ်နေ့တွင် ထိတွေ့ပေးသည်။ ဦးနှောက်ကို ထုံထိုင်းစေသည့် လောကီရေးရာချုပ်နှောင်မှုမှ လွတ်ကင်းစေပြီး ထွတ်မြတ်သည့် အမှန်တရားနှင့် ထိတွေ့ပေးသည်။

        ပဉ္စမပညတ်တော် “သင်၏ မိဘကို ရိုသေစွာပြုလော့” ဟူသောကတိတော်နှင့် တစ်ပါးတည်းရှိသည်။ “သင်၏ ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသော ပြည်၌ သင်၏အသက်တာရှည်မည့် အကြောင်း။ ကောင်းမြတ်လိုက်သည့် ကတိတော်ပါပဲ။ မိဘနှင့်သားသမီး စပ်ကြားဆက်ဆံရေး အပေါင်းလက္ခဏာရှိလျှင် အသက်တာရှည်ပြီးကျန်းမာပျော်ရွှင်မှုနှင့် ပြည့်ဝပါသည်။

        ဆဋ္ဌမပညတ်တော် “လူ့အသက်ကို မသတ်နှင့်” သည် ခေတ်နှင့်အညီမိန့်မှာခြင်းဖြစ်သည်။ ယခုခေတ်အချိန်တွင် နိုင်ငံများများရဲ့ စစ်လက်နက် စုဆောင်မှုသည် သန်းပေါင်းများစွာကို သတ်သေနိုင်စေသည်။ လိုသည့်အခါ ကိုယ်ဝန်ဖျက်ချသည့် အချိန်ဖြစ်သည်။ ချောင်းမြောင်းနေသည့်သေနတ်သမားများ အပြစ်မဲ့သူများကို သတ်ဖြတ်ကြခြင်း၊ ဒီဒုက္ခများကြားပညတ်တော်တစ်ခုသည် လူ့အသက်ကို တန်ဖိုးထားသေးသည်ကို တွေ့ရပါသည်။ လူ့အသက်ကို မသတ်နှင့်၊ ဆဋ္ဌမပညတ်တော်သည် လူ့အသက်ကို သတ်ဖို့၊ စစ်ခင်းကျင်းမှုမှ လွတ်မြောက်စေသော ပညတ်ဖြစ်သည်။ လူတိုင်းလူတိုင်းကို အသက်ရှင်ခြင်းဆိုသည်မှာ ဘုရားထံတော်မှ ရရှိခဲ့သည့်လက်ဆောင်မွန်ဖြစ်ကြောင်း အသိပေးသည်။

        သတ္တမပညတ်တော်သည် “သူ့မယားကို မပြစ်မှားနှင့်” ဆိုသည်မှာယခု ခေတ်လူနေမှုဆက်ဆံရေး အခြေအနေကို သတိပေးအော်ပြောနေပါသည်။ ကိုယ်ကျင့်တရားပျက်ပြားချိန်၊ စာရိတ္တ သန့်ရှင်းမှု မရှိသည့် အချိန်တွင် ဘုရားသခင်၏ ပညတ်တော်သည် ဤခေတ်ရှိလူတွေကို သတိပေးစကားပြောနေပါသည်။

        လူ့အဖွဲ့အစည်းတစ်ခုသည် ဘုရားသခင်၏ ပညတ်တော်ကိုကျောခိုင်းပြီး လူ့ကျင့်ဝတ်ကို ပွင့်ပွင့်လင်းလင်း ဖောက်ဖျက်သည့်အခါ ထိုလူ့အဖွဲ့အစည်းသည် ပျက်စီးခြင်းသို့ ဦးတည်နေပါသည်။ သတ္တမပညတ်တော်သည် ကိုယ်ကျင့်တရား သန့်ရှင်းမွန်မြတ်ဖို့ ခေါ်ယူနေပါသည်။ ကျွန်ုပ်တို့ကို လိင်ဆက်ဆံမှုမှ ကူးစက်တတ်သော ရောဂါဆိုးတို့မှ ကင်းလွတ်စေပါသည်။ ဤရောဂါဆိုးများသည် နိုင်ငံတစ်နိုင်ငံလုံးကို ပျက်သုဉ်းစေနိုင်သည်။ ကျွန်ုပ်တို့ဘဝ သန့်ရှင်းမှုအတွက် ရေးမှတ်ထားသည့် ပညတ်တော်ကို ဖောက်ဖျက်ခြင်း၏ ကိုယ်ကာယပျက်စီခြင်း၊ စိတ်နှလုံးနှင့်ခံစားချက် ပျက်စီးယိုယွင်းခြင်းတို့မှ ပြန်လည်ခေါ်ယူနေပါသည်။ ဤအခြေခံကိုယ်ကျင့်တရားကို ဖောက်ဖျက်၍ ခံစားရသောကြီးမားသည့် အပြစ်ရှိခံစားချက်တို့မှ လွတ်ကင်းစေပါသည်။

        ရှစ်ပါးသောပညတ်တော် ‘သူ့ ဥစ္စာကိုမခိုးနှင့်’ ဘုရားသခင်ပေးသနားသော ဥစ္စာပစ္စည်းများကို ကာကွယ်ပေးပါသည်။ ခိုးယူခြင်းသည် မှားပါသေးသည်။ ခါးပိုက်နှိုက်ယူခြင်းသည်လည်း မှားပါသည်။ ကိုယ်မပိုင်ဆိုင်သည်များကို ယူလျှင် မှားပါသည်။ ရှစ်ပါးမြောက်သော ပညတ်တော်သည် ကိုယ်ပိုင်ဆိုင်သည်များကို အခြားသူများက ကိုယ်ကျိုးအတွက် ခိုးယူခြင်းမှ ကာကွယ်စိတ်အေးချမ်းမှု ရှိစေသည်။

        ကိုးပါးမြောက်ပညတ်တော် “ကိုယ်နှင့်စပ်ဆိုင်သော သူတစ်ဘက်၌ မမှန်သော သက်သေကို မခံနှင့်” သင့်ရဲ့ သိက္ခာကို ကာကွယ်ပေးသည်။လိမ်လည်ခြင်းသည် မှားယွင်းသည်။ သူများကို အတင်းအဖျင်းဆိုခြင်းသည်လည်း မှားယွင်းသည်။ သူများရဲ့ သိက္ခာကို ညစ်ညမ်းအောင် ပြုလုပ်ခြင်းသည်လည်း မှားယွင်းသည်။ ကျွန်ုပ်တို့ရဲ့ သိက္ခာနှင့် နာမည်ကောင်းကို ဘုရားသခင်က ကာကွယ်ပေးပါသည်။ 

        ဆယ်ပါးမြောက်ပညတ်တော်သည် ကျွန်ုပ်တို့ရှိသည်များနှင့်ကျေနပ်မှုရှိကြရန် ဘုရားသခင်က တောင်းဆိုနေသည်။ ဘုရားသခင်ကောင်းမှု၌ ကျေနပ်မှုရှိရန် ကောင်းကင်ဘုံမှ တောင်းဆိုချက်ဖြစ်ပါသည်။ဤနောက်ဆုံးသော ပညတ်တော်မှာ “ကိုယ်နှင့် မစပ်ဆိုင်သောအရာအားလုံးအပေါ် တပ်မက်လိုချင်သော စိတ်မရှိစေနှင့်” (ထွက်မြောက်၊၂၀း၁၇)။ ဘုရားသခင် ပေးသနားတော်မူသော အရာများအတွက် ကျေးဇူးတင်၍ ကျေနပ်မှုရှိရန် အာရုံပြုပေးသည်။ ကျွန်ုပ်တို့၌ မရှိသည်များကို မကျေနပ်၍ ညည်းညူခြင်းမပြုရန်ဖြစ်သည်။

        ပညတ်တော်ဆယ်ပါးသည် ယနေ့ခတ်ရှိ လူအပေါင်းတို့ကိုစကားပြောနေပါသည်။ ယနေ့ လူ့အဖွဲ့အစည်းအသီးသီးတို့အား အဓိပ္ပါယ်အပြည်နှင့်စကားပြောလျက် ရှိပါသည်။ ဆာလံကျမ်းဆရာရဲ့ ဖော်ပြချက်မှာ ဘုရားသခင်၏ ပညတ်တော်သည် ထာဝစဉ်တည်မြဲလျက်ရှိပါသည်။ (ဆာလံ၊ ၁၁၁း၇-၉)။ သူ့ရဲ့ လက်တော်အားဖြင့် ပြုသမျှအရာအားလုံးတို့သည် အမှန်စင်စစ်ဖြစ်၍ တရားမျှတမှု ရှိပါသည်။ သူ့ရဲ့ တရားတော်သည် စိတ်ချယုံကြည်ရပြီး ထာဝစဉ်ရပ်တည်လျက် ရှိပါသည်။ သူရဲ့ ပဋိညာဉ်ကို ထာဝစဉ်မိန့်တော်မူလျက် ရှိပါသည်။ စာတန်မာရ်နတ်သည်နာခံမှုမရှိသည့်အတွက် ကောင်းကင်ဘုံကို ဆုံးရှုံးရပါသည်။ အာဒံနှင့်ဧ၀တို့သည် နာခံမှုမရှိသည့်အတွက် ဧဒင်ဥယျာဉ်ကို ဆုံးရှုံးခဲ့ရပါသည်။

        ဘုရားသခင်သည် လူအပေါင်းတို့ကို ပညတ်တော်ဆယ်ပါး ပြန်လည်စောင့်ထိန်းရန် ခေါ်နေပါသည်။ သူသည် ကျွန်ုပ်တို့အား ဤကတိတော်ကို ပေးထားပါသည်။ “နောင်ကာလ အခါ ဣသရေလအမျိုးတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့စိတ်ဝိညာဉ်ထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာ ငါရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့လည်း ငါ၏လူဖြစ်ကြလိမ့်မည်” (ဟေဗြဲ၊ ၈း၁ဝ)။

        ဘုရားသခင်ကပြောသည်။ သူရဲ့ ပညတ်တော်ကို ကျွန်ုပ်တို့ စိတ်နှလုံးထဲတွင် ထည့်သွင်းပေးမည်။ ဒါက ဘာအဓိပ္ပါယ်ကို ဆိုလိုပါသလဲ။ဘုရားသခင်ရဲ့ ပညတ်တော်သည် ကျွန်ုပ်တို့ စိတ်နှလုံးထဲတွင် ရှိပါကကျွန်ုပ်တို့ သတိရနားလည်သွားပါမည်။ ဘုရားသခင်၏ ပညတ်တော်သည်ကျွန်ုပ်တို့ စိတ်နှလုံးထဲတွင်ရှိလျှင် ကျွန်ုပ်တို့ ချစ်မြတ်နိုးသွားမည်။နောက်ဆုံးကာလ ဘုရားသခင်ရဲ့ လူတို့၏ စိတ်နှလုံးထဲသို့ ပညတ်တော်ရေးမှတ်ထားပေးလိမ့်မည်။ သူတို့သည် ဘုရားရှင်ကိုချစ်မြတ်နိုး၍ သူ့အားနာခံမှု ရှိပါသည်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် နာခံဖို့အတွက် လွတ်မြောက်မှု ရရှိခဲ့ပါသည်။ သခင်ခရစ်တော်၏ တန်ခိုးအာနုဘော်အားဖြင့် မကောင်းဆိုးဝါးလက်များမှ လွတ်ကင်းသွားပါ သည်။ ချုပ်နှောင်မှုမှ ကယ်တင်ခြင်း ရရှိသွားပါသည်။ သခင်ယေရှုအားဖြင့် ဘုရားတရားဘဝ နေထိုင်သွားနိုင်ရန် လွတ်မြောက်မှု ရရှိပါသည်။ နောက်ဆုံးကာလ ဘုရားသခင်၏ လူနှင့်ပတ်သတ်သော မှတ်ချက်မှာ-

        “ဘုရားသခင်၏ ပညတ်တော်တို့ကို လည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏” (ဗျာဒိတ်၊ ၁၄း၁၂)။

        သူတို့ဒီမှာ ရှိသည်။ သစ္စာရှိသူတို့ ဘုရားသခင်၏ ပညတ်တော်ကိုစောင့်ထိန်းပြီး ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း ဖြစ်ကြပါသည်။ဗျာဒိတ်ကျမ်း၏ နောက်ဆုံးအခန်းတွင် ကယ်တင်ခြင်းခံရသူများကို ဤသို့ ဖော်ပြထားသည် “အသက်ပင်နှင့်ဆိုင်၍ မြို့တံခါအတွင်းသို့ ဝင်အံ့သောငှာ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ (ဗျာဒိတ်၊ ၂၂း၁၄) ယေရှုခရစ်သည် ကျွန်ုပ်တို့ကို အပြစ်မှ ဖြေလွှတ်ခဲ့သည်။ သခင်ယေရှုက ကျွန်ုပ်တို့ကို သူ့ထံလာရန်ခေါပြီး သနားကြင်နာမှုပေးသည်။                ကျွန်ုပ်တို့မျက်စိ အထဲသို့ ကြည့်ပြီး ကျွန်ုပ်တို့ဘဝကို ပြောင်းလဲပေးပါသည်။ ကျွန်ုပ်တို့ ယောက်ျားသစ်၊ မိန်းမအသစ်များအဖြစ် ပြုပြင်ပြောင်းလဲပေးပါသည်။ ကျွန်ုပ် တို့သည် ယေရှုကို ဖိတ်ခေါ်ပြီး ကိုယ်မလုပ်နိုင်သောအရာများကို ကျွန်ုပ်တို့ဘဝအား ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုပါမည်လား။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက မိခင်တစ်ဦးသည် သားငယ်အား ထင်ပေါ်ကျော်ကြားသည့် တရားဟော ဆရာဒွိုက်မူးဒီစကားပြော စည်းဝေးသို့ ခေါ်သွားသည်။ စည်းဝေးပွဲပြီးသည့်အခါ ဧဝံဂေလိဆရာမူးဒီအား လက်ဆွဲနှုတ်ဆက်ရန် တန်းစီပါသည်။ သူ့မရဲ့ ဆန္ဒကတော့ သူ့သားကလေးကို တရားဟောဆရာနှင့် လက်ဆွဲနှုတ်ဆက်ဖို့ ဖြစ်ပါသည်။ လက်ဆွဲနှုတ်ဆက်ဖို့ အလှည့်ကျသည့်အခါ သားကလေးက သူ့လက်ကို ဆုပ်ကိုင်ပြီး နှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့သည်။ မိခင်ဖြစ်သူက ချော့မော့ပြီး သားငယ်ရဲ့ လက်ကို တရားဟောဆရာလက်ထဲသို့ ထည့်ပေးသည်။ ကလေးငယ်တော့ သူ့လက်ကလေးများကို ဖွင့်မပေးပါ။ လက်ကလေးများကို နောက်ဆုံးသော ဖွင့်လိုက်သည့်အခါ လှပသည့် ဂေါ်လီလုံးအနည်းငယ်ကို တွေ့လိုက်ရသည်။ သူထင်တာကတော့ တရားဟောဆရာကသူ့ဂေါ်လီလုံးကို ယူသွားမည် စိုးရိမ်၍ သူ့လက်ကလေးများ ဆုပ်ထားခြင်းဖြစ်သည်။

        သင်ဘာကို ဆုပ်ကိုင်ထားသလဲ မိတ်ဆွေတို့၊ ဘာကို ဆွဲကိုင်နေထားသလဲ။ ယေရှုသည် သင့်လက်များကို ဆွဲယူသည့်အခါ သင်ဘာကိုမျှ မှီခိုစွဲကိုင်ထားရန် မလိုပါ။ သင့်ရဲ့ဘဝကို ယေရှုလက်သို့ အပ်နှံပြီး ကောင်းမွန်နာခံသည့် ဘဝကို နေထိုင်သွားနိုင်အောင် လွတ်မြောက်မှု ရရှိနိုင်ပါသည်။

        ယခုပင် သခင်ယေရှုရဲ့ လက်ကို ဆွဲကိုင်ဖို့အတွက် အခြားဘာများအရေးကြီးနေပါသလဲ။ ဘာဖြစ်လို့ တုံ့ဆိုင်းနေရပါသလဲ။ သင်ယခင်ကပြုလုပ်ခဲ့သည့် အပြစ်အမှားတို့ကို သူ၏ ကျေးဇူးတော်ဖြင့် အပြစ်ဖြေလွှတ်ပေးမည်။ သင့်ဘဝကို ပြုပြင်ပြောင်းလဲ၍ လူသစ်ဖြစ်သွားမည်။

        ကျွန်ုပ်သည် ဤဓမ္မတေးသီချင်းဟောင်းကို ချစ်မြတ် နိုးပါသည်။ “ချစ်ဖွယ် ဘုရားရှင် အံ့ဖွယ်ကရုဏာ၊ ပြစ်ဒုစရိုက်ထက်သာလွန် ကရုဏာ၊သိုးသငယ် သေခံရာ ကရာနီ၊ ဟိုတောင်ကုန်းပေါ်သွားတော်သွန်းခဲ့ပြီ။ ဘုရားရှင်၊ ကရုဏာ (အံ့ဖွယ် ကရုဏာ ကန့်သတ်မရှိ) ဘုရားသခင်ကရုဏာ (အံ့ဖွယ်ကရုဏာ ကန့်သတ်မရှိ) အပြစ်အားလုံး ထက်ကြီးမားပေသည်။ ဘုရားရှင်ရဲ့ ကျေးဇူးတော် ကရုဏာသည် သူ၏သလွန်တော်မှကျွန်ုပ်တို့ နှလုံးသားထဲသို့ စီးဆင်းလျက် ရှိနေပါသည်။ ယခုပင်သင့်ရဲ့ ဘဝကို သူ့လက်ထဲတွင် အပ်နှံပါလား။ သူ၏ကရုဏာ ကျေးဇူးဝင်နိုင်ဖို့ သင့်နှလုံးသားကို ဖွင့်ပေးပါလား။ သင့်ပြုခဲ့သမျှသော အပြစ်ဒုစရိုက်များကိုဖြေလွှတ်ပြီး နာခံသောဘဝကို နေထိုင်သွားနိုင်မည်။

        သင်ရဲ့ ငြိမ်သက်လျက်ရှိသည့် ဝိညာဉ်နှလုံးသားမှ သူ့ကို ရိုသေစွာနာခံဖို့ ပြောပြလိုက်ပါလား။ ဘုရားရှင်၏လမ်းသည် အကောင်းဆုံးလမ်းဖြစ်၍ သူ့အား နားထောင်ဖို့ ပျော်မွေ့လျက်ရှိကြောင်း ပြောပြလိုက်ပါလား။


အခန်း (၃) အောက်မေ့ရန် ရက်တစ်ရက်

        ၁၉၉၁ ခုနှစ်တွင် သိပ္ပံလေ့လာရေးဂြိုဟ်တု COBE သည် ရာစုနှစ်၏ ထူးခြားသော တွေ့ရှိချက်ကို ပေးဆောင်ခဲ့သည်။ COBE စာသားသည် The Cosmic Background explorer စကြဝဠာ တည်နေပုံရဲ့ နောက်ခံ အနေအထားလေ့လာမှု ဟူ၍ အဓိပ္ပါယ်ရသည်။ နေ၊ လ၊ နက္ခတ် လေ့လာသူများ၊ အာကာသဗေဒ ပညာရှင်များနှင့် စကြဝဠာဗေဒ ပညာရှင်တို့သည် COBE ၏ တွေ့ရှိချက်များနှင့် ပတ်သက်၍ အတော်ပင် အံ့အားသင့်ပါသည်။

        အသက်ဖြစ်တည်လာမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စဉ်းစားသည့်အခါ အဖြေနှစ်ခုသာ ထွက်နိုင်သည်။ ရုပ်ပစ္စည်းသည် အစအဆုံးမရှိ၊ အမြဲတည်ရှိခဲ့သည်။ သို့တည်းမဟုတ် ဘုရားသခင်သည် အမြဲတည်ရှိခဲ့သည်။ ဤနှစ်ချက်ကိုပဲ စဉ်းစားရမည်။ တစ်စတစ်စ ပြောင်းလဲခြင်း evolutionist တွေကတော့ ရုပ်ပစ္စည်းသည် အမြဲတည်ရှိခဲ့သည်ဟု ပြောကြသည်။ အစဆိုသည်မှာ မရှိပါ။ သို့ရာတွင် COBE ဂြိုဟ်တု ကရရှိခဲ့သည့် အချက်အလက်များအရ စကြဝဠာသည် အစကနဦး အတိအကျရှိခဲ့ ကြောင်း ဖော်ညွှန်းနေပါသည်။ COBE ဂြိုဟ်တုရဲ့ တိုင်းတာတွက်ချက်မှုအရ ဤအစအဆုံးမရှိ ကျယ်ပြန့်သော စကြဝဠာကြီးတွင် သက်ရှိများရဲ့ အစကနဦး တည်ရှိလာမှုကို လေ့လာရန်ဖြစ်သည်။ COBE ရဲ့ တိုင်းတာတွက်ချက်မှု ရရှိလာသည့်အခါ ကမ္ဘာအနှံ့သိပ္ပံလောကတွင် တုန်လှုပ်ချောက်ချားမှု ရိုက်ခတ်ခဲ့သည်။ တိုင်းတာချက်အရ ရုပ်ပစ္စည်းသည် ထာဝစဉ်အမြဲ မတည်ရှိခဲ့ပါ။ COBE ရရှိသည့် အချက်အလက်များအရ စကြဝဠာသည် အစရှိခဲ့သည်။

        ဒီထူးခြားတွေ့ရှိချက်များနှင့် ပတ်သက်၍ ဒေါက်တာဟာ့ဂ်ရော့စ်ကသူရဲ့ The Creator and the Cosmos ဖန်ဆင်းရှင်နှင့် စကြဝဠာဗေဒစာအုပ်တွင် ရေးသားဖော်ပြခဲ့ပါသည်။ သူရဲ့ ရေးသားချက်မှာ ဤရာစုနှစ်ရဲ့ အထူးခြားဆုံးတွေ့ရှိချက်နှင့် ပတ်သက်၍ ဘုရားသခင်ရှိကြောင်းဖော်ညွှန်းနေပါသည်။ ဒေါက်တာရော့စ်က ဤသို့ပြောသည် “COBE ဂြိုဟ်တုရဲ့တိုင်းတာချက်အရ၊ အကယ်၍ စကြဝဠာကြီး အစရှိခဲ့သော် တိုင်းတာမှု၏ အတိုင်းအဆသည် အစရှိသည့် စကြဝဠာ၏ အတိုင်းအဆနှင့် ညီမျှသည်။” ယခင်တုန်းက သိပ္ပံဆရာများသည် စကြဝဠာနှင့် ပတ်သက်၍ စဉ်းစားသည့်အခါ ရုပ်ပစ္စည်းများသည် အစမရှိအတိုင်းအတာ အကန့်အသတ်မရှိကြောင်း ယူဆကြသည်။ COBE ရဲ့ တွေ့ရှိချက်သည် ဤအယူအဆကို စိန်ခေါ်နေပါသည်။

        စကြဝဠာတွင် အစများရှိပါသလား။ အစရှိလျှင် စတင်သူရှိမှာပဲ။ဖန်ဆင်းမှု ရှိခဲ့လျှင် ဖန်ဆင်းရှင်လည်းရှိမှာပဲ၊ ဟုတ်ပါသည်။ သိပ္ပံဆရာများ နောက်တစ်ကျော့ ပြန်ကြည့်ကြသည်။ ထပ်၍ စဉ်းစားကြသည်။ ဘဂ်လီနေလနက္ခတ် လေ့လာသူ သိပ္ပံပညာရှင်တစ်ဦးသည် COBE ဂြိုဟ်တို့နှင့် ပတ်သက်၍ ဤသို့ပြောသည်။ “ကျွန်ုပ်တို့တွေ့ရှိခဲ့သည်က စကြဝဠာကြီးသည် စတင်မွေးဖွားလာခဲ့ကြောင်း အထောက်အထား တွေ့ရသည်ဘုရားသခင်ကို ရှုမြင်ရသလိုဖြစ်နေသည်။”

        အံ့ဖွယ်သော ဖန်ဆင်းခြင်းနှင့် ပတ်သက်၍ ဘုရားသခင်သည် သူ့ရဲ့လက်ရာကို စကြဝဠာအနှံ့တွင် ထားခဲ့ပါသည်။ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းအမှုကို လေ့လာရှုမြင်သည့် သိပ္ပံဆရာများသည်၊ ဖန်ဆင်းရှင်ရဲ့လက်ရာကို တွေ့မြင်ရသည်။ ဘုရားသခင်ရှိကြောင်းကို အထောက်အထား တွေ့ကြသည်။ ကမ္ဘာကြီးကို ပုံဖော်ခဲ့သည့် ဖန်ဆင်းရှင် ဘုရားသခင်ရှိကြောင်း အထောက်အထား တွေ့ကြသည်။ သမ္မာကျမ်းစာရဲ့ နောက်ဆုံးစာအုပ် ဗျာဒိတ်ကျမ်းသည် နောက်ဆုံးနာရီ အချိန်အခါမှာ နေထိုင်ကြသည့် အမျိုးသမီး၊ အမျိုးသားတို့ကို ခရာမှုတ်သံဖြင့် ဖန်ဆင်းရှင်ဘုရားသခင်ထံသို့ ပြန်လာကြရန် နိုးဆော်ပါသည်။

        ပုရောဖက်ရူပါရုံအားဖြင့် တမန်တော်ရှင်ယောဟန်သည် စကြဝဠာကြီးရဲ့ ပလ္လင်တော်အခန်းကို မြင်ခဲ့ရပါသည်။ ဘုရားသခင်၏ ကောင်းကင်တမန်များသည် သူ့အားဘုရားသခင်ထံတော်ပါးသို့ ဖိတ်ခေါ်ခဲ့သည်။ ကောင်းကင်တမန်က “ဤအရပ်သို့ တက်လော့။ နောင်ကာလ၌ ဖြစ်ရမည့်အရာတို့ကို ငါပြမည်” (ဗျာဒိတ်၊ ၄း၁)။

        ပုရောဖက်ရူပါရုံအားဖြင့် ရှင်ယောဟန်သည် စကြဝဠာကြီးရဲ့ ပလ္လင်ခန်းမသို့ သွားခဲ့ရသည်။ သူသည် ကောင်းကင်သတ္တဝါများ သီဆိုသည့်ကောင်းချီးထောမနာကို ကြားရသည်။ “အနန္တတန်ခိုးနှင့် ပြည်စုံ၍ ပစ္စုပ္ပန်၊အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်သည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏” (ဗျာဒိတ်၊ ၄း၈)

        “အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသော အရာတို့ကိုဖန်ဆင်းတော်မူပြီ၊ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက် ရှိကြပါ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုန်းအသရေ တန်ခိုးတော်ကို ခံစားထိုက်တော်မူ၏” (ဗျာဒိတ် ၄း၁၁)။

        ကောင်းကင်မှ အားလုံးသီဆိုကြသည်။ သိပ္ပံဆရာအချို့ မေးခွန်း ထုတ်ချင်မည်။ ပညာရှင် အချို့ သံသယရှိနိုင်မည်။ စာပေကျမ်းဂန်ရှင်များ အံ့အားသင့်မည်။ သို့ရာတွင် ကောင်းကင်အားက သီဆိုနေပါသည်။ “ကိုယ်တော်သည် ဘုန်းအသရေ တန်ခိုးတော်ကို ခံစားထိုက်တော်မူ၏” ဘာကြောင့်နည်း။ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၍ အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက် ရှိကြပါ ၏။ ကျွန်ုပ်တို့သည် သက်ရှိနေထိုင်ခြင်းမှာ ကံသဘောကြောင့် မဟုတ်ပါ။ ဒြပ်မော်လီကြူး မတော်တဆ ပေါင်းစည်းမှုကြောင့် တည်ရှိလာခြင်းမဟုတ်ပါ။ ကလပ်စည်းဒြပ်နှင့် မျိုးဗီဇပေါင်းစည်းမှု ရံဖန်ရံခါရှိခြင်းကြောင်းမဟုတ်ပါ။

        ကျွန်ုပ်တို့သည် ချစ်မြတ်နိုးတတ်သော ဘုရားသခင်က ဖန်ဆင်းခြင်းကြောင့် ဖြစ်ရပါသည်။ သင့်ရဲ့ မိခင်ဝမ်း၌ ကိုယ်ဝန်မတည်ခင်ကတည်းက သင်သည် ဘုရားသခင်၏ ဉာဏ်တော်တွင် တည်ရှိပြီး ဖြစ်ပါသည်။ဘုရားသခင်သည် သင့်အားပုံဖော်သည်၊ ပုံသွင်းသည်၊ ဖန်ဆင်းခဲ့သည်။ဗျာဒိတ်ကျမ်းသည် လူသားတို့အား ဖန်ဆင်းရှင်ကို ကိုးကွယ်ရန် ပြန်ခေါ်နေပါသည်။

        ဗျာဒိတ်ကျမ်းက ဤသို့ကြေညာသည်။ “ငါတို့၏ ဘုရားသခင်သည်ကမ္ဘာ အဆက်ဆက်ကောင်းချီးမင်္ဂလာ၊ ဘုန်း၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်သရေ၊ တန်ခိုး၊ အစွမ်းသတ္တိရှိတော်မူ စေသတည်း။ အာမင်ဟု ဆိုကြ၏” (ဗျာဒိတ် ၇း၁၂) သူ့ကို ဝတ်ပြုကိုးကွယ်ဖို့ “ကောင်းကင်၊မြေကြီး၊ သမုဒ္ဒရာကိုလည်းကောင်း အရပ်ရပ်၌ ရှိရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကို” (ဗျာဒိတ်၊ ၁၀း၆)။ ဗျာဒိတ်အခန်းကြီး ၁၀တွင် ကောင်းကင်တမန် တစ်ပါးက ကောင်းကင်မှဆင်းလာပြီး ခြေတစ်ဖက်ကို မြေပေါ်ချပြီး တစ်ဖက်က ပင်လယ်ပေါ်ချပါသည်။ အဓိပ္ပါယ်က အရပ်ရပ်နေရာတိုင်း၌ လူအပေါင်းတို့အတွက် သတင်းယူဆောင်ခြင်း ဖြစ်သည်။ “ဖန်ဆင်းရှင်အားဝတ်ပြုပါ” ဟူ၍ ဖြစ် သည်။

        အဘယ်ကြောင်း ဘုရားသခင်သည် ဝတ်ပြုကိုးကွယ်ဖို့ ထိုက်ပါသနည်း။

        ဘုရားသခင်အားချီးမွမ်းထောမနာပြုထိုက်သည်မှာ ကျွန်ုပ်တို့ကိုဖန်ဆင်းတော်မူသည်။ ကျွန်ုပ်တို့ကို ပုံသွင်းခဲ့သည်။ ကျွန်ုပ်တို့သည်တစ်စတစ်စနှင့် ကူးပြောင်းဖြစ်ပေါ်လာသည် မဟုတ်ပါ။ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ထိုက်သည်မှာ ကျွန်ုပ်တို့အား အသက်ပေးခဲ့သည့်အတွက် ဖြစ်သည်။ သို့ဖြစ်၍ အံ့ဖွယ်သော အသက်ပေးသနားသည့်အတွက် သူ့ အား ဝတ်ပြုကိုးကွယ် ချီးမွမ်းရပါမည်။

        ဘုရားသခင်သည် ကျွန်ုပ်တို့ရဲ့ ဖန်ဆင်းရှင်ဖြစ်ခြင်းသဘောတရားကိုအဘယ်ကြောင့် ပျောက်ဆုံးခဲ့ရသနည်း။ ခေတ်သစ်သိပ္ပံပညာကြောင့် မည်သည့်အကြောင်းများဖြင့် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသော ဘုရားအယူအဆကို စွန့်လွှတ်ပြီး၊ အသက်တည်ရှိမှုသည် တစ်စတစ်စ ပြုပြင်ပြောင်းလဲမှုကြောင်း EVOLUTION ဖြစ်လာရခြင်းကို လက်ခံရသလဲ။ တစ်ချိန်ချိန်မှာ တွန်းပို့သည့် ပြောင်းလဲမှုများ ရှိခဲ့ပါသလား။

        ၁၈၃၁ ခုနှစ်တွင် လူငယ်သိပ္ပံဆရာချားလ်(စ်)ဒါဝင်သည် ဗြိတိသျှသင်္ဘော ဘီဂယ်လ်ဖြင့် “ဂါလာပါရို့စ်” ကျွန်းစုသို့ ဂန္တဝင်ခရီးဆန့်ခဲ့သည်။ထိုကျွန်းပေါ်တွင် ရှိသည့်များပြားသည့် ငှက်များ၊ တွားသွားသတ္တဝါများနှင့်ပင်လယ်သက်ရှိများကို လေ့လာခဲ့ပါသည်။ ကျွန်းပေါ်ရှိမရေမတွက်နိုင်သော အပင်များနှင့်သက်ရှိသတ္တဝါမျိုး ပေါင်းများစွာတို့ကို စိတ်ဝင်စားမှုရှိခဲ့သည်။ သူသတိပြုခဲ့သည်မှာ လိပ်များ၊ အိမ်မြှောင်မျိုး၊ ငှက်မျိုး အထဲမှမျိုးကွဲအမျိုးမျိုး ရှိသည်ကို မှတ်တမ်းပြုခဲ့သည်။ ထိုအချိန်အခါ အသင်းတော်များ သွန်သင်ခဲ့သည့်အရာရာတိုင်းကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း အယူအဆကို သူစွန့်လွှတ်ခဲ့ပြီး ထူးကဲခြားနားသည့် အယူအဆကို လက်ခံလာသည်။အသင်းတော်များရဲ့သွန်သင်မှုသည် သိပ္ပံနည်းမကျ၊ ဟောင်းနွမ်း လျက်ရှိကြောင်း သူယူဆခဲ့သည်။

        သဘာဝလောကတွင် သူတွေ့ရှိခဲ့သည့် မျိုးကွဲအမျိုးမျိုးရှိသည့်အတွက် ဤအရာများအားလုံးသည် တစ်စတစ်စပြောင်းလဲခြင်း evolution ဖြစ်လာကြောင်း ယူဆခဲ့သည်။ သူ့အယူအဆတွင် အပင်များနှင့် တိရစ္ဆာန်များ စပ်ကြားကွဲလွဲမှု ရှိခဲ့သော်လည်း evolution သဘောတရားကို လက်ခံခဲ့သည်။ ထိုကွဲလွဲမှုများအတွက် နောင်လာ နောက်သား သိပ္ပံဆရာတို့က ဆက်စပ်မှုအကြောင်းတရား ရှာဖွေတွေ့ရှိသွားလိမ့်မည်ဟု ယူဆခဲ့သည်။ ဒါဝင်ရဲ့ အဓိက ယူဆခဲ့သည့် မျိုးကွဲများ အဆက်အစပ်ရှိသည့် သဘောတရားမှာ ချွတ်ယွင်းချက် ရှိပါသည်။

        ကမ္ဘာဦးကျမ်း အချိန်အခါက ရှိသည့် တိရစ္ဆာန်မျိုးနွယ်စုမှ ပြုပြင်ပြောင်းလဲလာခဲ့ခြင်းကို သူမှန်ကန်စွာ လေ့လာတွေ့ရှိခဲ့ပါသည်။ ရှေးသက်ဦးဆံပိုင်ခေတ် အသင်းတော်များသည် မှားယွင်းစွာ ယူဆခဲ့သည်မှာအရာရာတိုင်း၊ မျိုးနွယ်စုတိုင်း သည် ဖန်ဆင်းမှုကြောင့်ဖြစ်သည်။ ဘုရားသခင်သည် ခွေအမျိုးပေါင်းအားလုံး၊ ကြောင် အမျိုးပေါင်းအားလုံး၊ပန်းအမျိုးပေါင်းအားလုံကို ဖန်ဆင်းခဲ့သည်ကို မှားယွင်းစွာ ယူဆခဲ့သည်။ယနေ့တွင် ကျွန်ုပ်တို့တွေ့ ရှိရသည်မှာ ခွေးကို အခြားခွေအမျိုးနှင့် စပ်ပြီးမွေးလျှင် အခြားသော ခွေးမျိုးကွဲရရှိနိုင်သည်။ တိရစ္ဆာန်မျိုးနွယ်စု အတွင်းမှာသော်လည်းကောင်း၊ သီးနှံပန်းမန်၌သော်လည်းကောင်း၊ မျိုးနွယ်စုမျိုးနွယ်ကွဲရရှိအောင် ပေါင်းစပ်မွေးထုတ် နိုင်သည်ကို တွေ့ရပါသည်။

        ဒါဝင်သည် မျိုးကွဲဗီဇလေ့လာမှုကို သူ့ရဲ့ ကျိုးကြောင်းဆင်ခြင်တွေးခေါ်မှုကို အဆုံးစွန်သို့ တွေးခေါ်၍ နိဂုံးအနေဖြင့် ဖန်ဆင်းရှင်ဘုရားမရှိကြောင်းကို ဖယ်ထုတ်ခဲ့သည်။ သူသည် ဖန်ဆင်းရှင် မလိုအပ်တော့ကြောင်း လက်ခံလာသည်။

        ဒါဝင်သည် သဘာဝတရားနိယာမသည် ကျွန်ုပ်တို့ အသက်ရှင်ရခြင်းဖြစ်ကြောင်း သွန်သင်မှုပြုခဲ့သည်။ အနှိုင်းမဲ့ ဖန်ဆင်းရှင်ကို စွန့်လွှတ်ဖယ်ရှားခဲ့သည်။ ဒါဝင်ရဲ့ စာအုပ် “The Origin of the Species ” မျိုးဗီဇများရဲ့ အစသည် သန်းပေါင်းများစွာသော လူအပေါင်းတို့ကို ကမ္ဘာကြီးအပေါ် အမြင်ပြောင်းလဲ စေခဲ့သည်။ ဒါဝင်ရဲ့ အမြင်မှာ လူသားများသည် အဆင့်နိမ့်သက်ရှိမှ အဆင့်မြင့်သက်ရှိသို့ နှစ်ပေါင်းသန်းပေါင်းများစွာ က တစ်စတစ်စပြောင်းလဲလာခဲ့ကြောင်း သူယူဆသည်။ အယူအဆတစ်ခုကြောင့်၊ ထောက်ခံမှုမရရှိသည့် အယူအဆကြောင့် သန်းပေါင်းများစွာ လူအပေါင်းတို့၏ အမြင်ကို ပြောင်းလဲစေသည်။

        ကမ္ဘာအနှံ့ရှိ လူအပေါင်းတို့သည် မျိုးဗီဇပြောင်းလဲမှုသည် တစ်စတစ်စပြောင်းလဲခြင်း Evolution သွန်သင်မှုကို လက်ခံကြသည်။ သဘာဝလောကတွင် မျိုးဗီဇကွဲရှိနိုင်သည်ကို အထောက်အထား ရှိသော်လည်း ဒါဝင်ရဲ့ Evolution Theory မျိုးဗီဇပြောင်းလဲမှု အယူအဆသည် သက်ရှိများရဲ့ အစနှင့်ပတ်သက်သော မေးခွန်းအားလုံးကို ဖြေကြားမှု မပြုနိုင်ပါ။ ကြီးမားသည့် ဟာကွက်များ ကျန်ရှိပါသေးသည်။ နှစ်ပေါင်းတစ်ရာခုနစ်ဆယ်ငါးကျော်လာသည့် တိုင်အောင် မေးခွန်းကြီးများအတွက်အဖြေမရရှိ သေးပါ။ အောက်ပါတို့မှာ ကျန်ရှိသေးသည့် မေးခွန်းအချို့

ဖြစ်ပါသည်။

၁။ မျိုးဗီဇပြောင်းလဲမှု Evolution သည် မှန်မည်ဆိုလျှင် မျိုးကွဲကြား ကွာဟမှု ရှိရပါသနည်း။ ပျောက်နေသည့် ကွင်းဆက်ကို ဘယ်လိုဖြည့်ပေးရမှာလဲ။ တိရစ္ဆာန်မျိုးကွဲများကြား ကွင်းဆက်ဘယ်မှာ ရှိသလဲ။ လူသားများနှင့် တိရစ္ဆာန်များကြား ကွင်းဆက် ဘယ်မှာလဲ။ ပင်လယ်သတ္တဝါများနှင့် ကုန်းပိုင်းသတ္တဝါများ စပ်ကြား စသည် စသည်တို့ဖြစ်သည်။

၂။ ဇီဝဗေဒဥပဒေမှာ သက်ရှိများသည် သက်ရှိကို ဖန်တီးပေးသည်။ ဒါဝင်ရဲ့ အဆိုအရ အချိန်အခါ လုံလောက်မှုရှိပါက သက်မဲ့မှ သက်ရှိသို့ကူးပြောင်းနိုင်သည်။ သို့ရာတွင် ဘာကြောင့် သိပ္ပံလောကတွင် ဤအတွက်အထောက်အထားများ မရှိပါသလဲ။

၃။ ဇီဝဗေဒဥပဒေ သဘောတရားတွင် တူညီသော သက်ရှိမှ တူညီသည့်သက်ရှိကို ဖန်တီးပေးသည်။ Evolution သဘောတရားတွင် တူညီသည့် သက်ရှိမှ လုံးဝမတူညီသည့် သက်ရှိကို ဖန်တီးပေးနိုင်သည်။ ဆိုလိုသည်မှာ မျိုးဗီဇတစ်ခုမှ ပထမမျိုးဗီဇနှင့် လုံးလုံးကွာခြားသည့် မျိုးဗီဇကို ဖန်တီးပေးနိုင်သည်။

        အထက်ပါဖော်ပြချက်မှာ တစ်စတစ်စပြောင်းလဲလာမှု Evolution အဖြေ မပေးနိုင်သည့် မေးခွန်အချို့ဖြစ်ပါသည်။ သို့ရာတွင် ဘုရားသခင်၌ Evolution နှင့် ပတ်သက်သော ပြဿနာများအတွက် အဖြေရှိပါသည်။ လူသားအားလုံးအတွက် သူ့ ရဲ့ နောက်ဆုံးသတင်းစကားများဖြစ်သည်။ 

        ဗျာဒိတ်ကျမ်းသည် ဘုရားသခင်ကို ကိုးကွယ်ရန် ခေါ်နေသည်။ “ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်လော့” (ဗျာဒိတ်၊ ၁၄း၇)။

        ဤသတင်းစကားသည် ကျွန်ုပ်တို့အားလုံးအတွက် ဖြစ်သည်။ ဤသတင်းစကားမှာ ဘာသာကွဲများအတွက် မဟုတ်ပါ။ ဂိုဏ်းဂဏကွဲများအတွက် မဟုတ်ပါ။ ဘုရားကျောင်းတစ်ခုအတွက် သော်လည်းကောင်းအခြားတစ်ခုအတွက် မဟုတ်ပါ။ 

        ဘုရားသခင်ရဲ့ လူများအားလုံးအတွက် ခေါ်ယူခြင်းဖြစ်သည်။ ဖန်ဆင်းရှင်ကို ကိုးကွယ်ရန်ခေါ်သော သတင်းစကားဖြစ်ပါသည်။ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသော ဖန်ဆင်းရှင်ကို မည်သို့ဝတ်ပြုကိုးကွယ်နိုင်ပါသနည်း။

        သူ့ရဲ့ ပြန်လည်ဖန်ဆင်းနိုင်သည့် အစွမ်းကို ကျွန်ုပ်တို့အား မည်ကဲ့သို့သတိရစေသနည်း။ ဖန်ဆင်းချိန်တွင် သူ့ရဲ့ အစွမ်းသင်္ကေတ ဘယ်လိုချန်ထားပေးသလဲ။ ဗျာဒိတ်ကျမ်းသည် နောက်ဆုံးကျမ်းစာအုပ်ဖြစ်သည်။ နောက်ဆုံးကျမ်းကို သိရှိနားလည်ဖို့ ကျမ်းရဲ့အစ စာအုပ်ကို သိရှိနားလည်ဖို့ လိုအပ်ပါသည်။ ယနေ့ကြီးမားသည့် ပြဿနာများ နားလည်ဖို့ ဖန်ဆင်းချိန်ကာလမှာရှိသည့် အကြောင်းအရာများကို နားလည်မှဖြစ်မည်။ ဖန်ဆင်းရှင်ကို ကိုးကွယ်ဖို့ ဗျာဒိတ်ကျမ်းရဲ့ လူမျိုးတိုင်းအား ခေါ်ယူနေခြင်းသည် ကမ္ဘာဦးကျမ်းတွင် အစပြုခဲ့သည်။

        မှန်ကန်သည့် ဝတ်ပြုကိုးကွယ်မှုဆောင်ပုဒ်သည် သမ္မာကျမ်းစာ တစ်ခုလုံးတွင် ဖန်ဆင်းရှင်ကို ကိုးကွယ်ဖို့ သတင်းအမျှင်တန်းကြီး တစ်ခုပါသည်။ ကျမ်းဂန်ရဲ့ အရေးကြီးဆုံးဆောင်ပုဒ်တစ်ခု ဖြစ်ပါသည်။ ဗျာဒိတ်ကျမ်းရဲ့ အချက်အချာကတော့ မှန်ကန်သည့် ဝတ်ပြုမှုနှင့်မှားသော ဝတ်ပြုမှု ပြဿနာပင် ဖြစ်ပါသည်။ ဖန်ဆင်းရှင်ကို ကိုးကွယ်ဖို့အချက်သည် ပြဿနာရဲ့ အလယ်ဗဟိုမှာ ရှိပါသည်။ ကျွန်ုပ်တို့ရဲ့ ကနဦး အစသို့ ပြန်သွားပြီး ကျွန်ုပ်တို့ရဲ့ အနာဂတ်ကို နားလည်ဖို့ ကြိုးစားပါ။ ပထမစာအုပ်အစကမ္ဘာဦးကျမ်းကို ပြန်သွားပြီး ကျမ်းဆုံးဗျာဒိတ်ကျမ်းကို နားလည်ဖို့ကြိုးစားရမည်။ ယနေ့ ရှုပ်ထွေးအံ့ဩစရာဖြစ်သည့် ကမ္ဘာကြီးသည် စာလာသည့်အတိုင်း ခြောက်ရက်အတွင်း ဖန်ဆင်းခြင်းခံရသည်။

        ပုံမရှိပန်းမရှိ အစိုင်အခဲ မည်းမည်းကြီးကို ကမ္ဘာကြီး အဖြစ်သူ၏ နှုတ်အားဖြင့် တည်ရှိစေသည်။ အလင်းရောင်ထွန်းလင်းစေသည်။ စမ်းချောင်း၊ မြစ်ရေတို့ဖြင့် တင့်တယ်စေသည်။ ရောင်စုံပန်းများနှင့် အပင်မျိုးစုံဖြင့် ခြယ်သစေသည်။ သက်ရှိသတ္တဝါအမျိုးမျိုးဖြင့် ပျော်မြူးစေပြီး သူ့ရဲ့ လက်ရာကို ပြန်ကြည့်လိုက်။ အရာရာအားလုံးတို့သည် ကောင်းမွန်လျက်ရှိပါသည်။

        ဖန်ဆင်းရှင်သည် အထွတ်အထိပ်အကြီးမားဆုံး ဖန်ဆင်းမှုအတွက် “ငါတို့ ပုံသဏ္ဌာန်နှင့် တစ်ညီ၊ တစ်သဏ္ဌာန်တည်းလူကို ဖန်ဆင်းကြစို့ ထိုသို့ ဘုရားသခင်သည် ပုံသဏ္ဌာန်နှင့်အညီ လူယောက်ျားနှင့် လူမိန်းမကို ဖန်ဆင်းသည် (ကမ္ဘာဦးကျမ်း ၁း၂၆၊ ၂၇)။

        လူသားများသည် ဤထက်ကြီးမြတ်သော ဂုဏ်ပြုခြင်းမရှိနိုင်တော့ပါ။ ဘုရားသခင်သည် ဤမျှထက်ကြီးမြတ်သော မြတ်နိုးခုံမင်မှု၊ ချစ်သနားခြင်းမျိုးကို ပေးဆောင်နိုင်ခြင်း မရှိနိုင်တော့ပါ။ လူသားမျိုးသည် ဘုရားသခင်၏ ပြောင်မြောက်သော ဖန်ဆင်းမှုတစ်ရပ် ဖြစ်ပါသည်။ သူ၏ အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာ ဖြစ်ပါသည်။ ဤချစ်ခြင်း မေတ္တာသည် မျှဝေခံစားဖို့ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်က “အချင်းတို့၊ များပြားစွာ မွေးဖွားကြလော့၊ မြေကြီးကို ပြည်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို လည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့ မိန့်တော်မူ၏။အာဒံနှင့် ဧဝက “ထိုသို့ ကောင်းကင်မြေကြီးနှင့် တကွ၊ ခပ်သိမ်းသောတန်ဆာတို့သည် ပြီးစီးလျက် ရှိကြ၏” (ကမ္ဘာဦးကျမ်း၊ ၂း၁)။

        ခြောက်ရက်မျှနှင့် ဖန်ဆင်းခြင်း အလုပ်ပြီးမြောက်ခဲ့သည်။ တကယ်ပင် အချိန်တိုတိုလေးအတွင်း ဖြစ်သည်။ သို့ရာတွင် ဘုရားအတွက်တော့ မဖြစ်နိုင်စရာ အကြောင်းမရှိပါ။ သမ္မာကျမ်းစာ ဖော်ပြချက်မှာ “ထာဝရဘုရားမြွက်ဆို၍၊ မြွက်ဆိုတော်မူသည့်အတိုင်း ဖြစ်၏။အမိန့်တော်ရှိ၍ မိန့်တော်မူသည့်အတိုင်း တည်လျက်နေ၏” (ဆာလံ ၃၃း၉) အာဒံနှင့် ဧဝတို့သည် ဖန်ဆင်းခြင်း ခံရပြီးနောက် ခြောက်ရက်မြောက်နေ့တွင် ပူပြင်းသော နေလုံးကြီး၊ မိုးကုပ်စက်ဝိုင်းအောက်သို့ ဆင်းသွားသည်ကို မြင်ရသောအခါ အလွင်ပင် အံ့အားသင့်သွားမည် ဖြစ်ပါသည်။

        ကမ္ဘာဦးကျမ်းပါ ဖန်ဆင်းခြင်းအကြောင်းသည် ထိုနေရာမှာအဆုံးမသတ်ပါ။ သမ္မာကျမ်းစာ၏ ဖော်ပြချက်မှာ ‘သတ္တမနေ့ရက် ရောက်လျှင်ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူပြီး၍၊ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီးပြီးမှ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏” (ကမ္ဘာဦးကျမ်း ၂း၂)။

        ဘာကြောင့် ဘုရားသခင်ရပ်နားတော်မူသနည်း။ သူမောပန်းလို့မဟုတ်ပါ။ ဘုရားသခင်သည် ဘယ်တော့မှ မောပန်းသည် မရှိကြောင်းကိုပုရောဖက်ဟေရှာယက ပြောပြပါသည် (ဟေရှာယ၊ ၄ဝး၂၈)။ စကြဝဠာဖန်ဆင်းရှင်သည် သူဖန်ဆင်းခဲ့သမျှကို ကောင်းမြတ်ခြင်းဖြစ်ကြောင်း၊ကျေနပ်မှုရှိကြောင်းကို ပြသခြင်းဖြစ်သည်။

        ဘုရားသခင်သည် ကမ္ဘာမြေကြီး၏ ပထမခြောက်ရက်ပတ်လုံးဖန်ဆင်းခဲ့သမျှ အလုပ်ကို ကျေနပ်လျက်ရှိပါသည်။ ပြီးသည့်အခါဘုရားသခင်သည် ထူးခြားသည့် လုပ်ရပ်တစ်ခုကို လုပ်လိုက်သည်။ “ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းချီးပေး ၍ သန့်ရှင်းစေတော်မူ၏။အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာ အလုံးစုံတို့သည် ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏ (ကမ္ဘာဦးကျမ်း ၂း၃)။

        ဖန်ဆင်းချိန်တွင်ပေးထားသော သတ္တမနေ့ဥပုသ်သည် ကျွန်ုပ်တို့လူသားများ ဘယ်အခြေအမြစ်ကလာသည်ကို သတိရအောက်မေ့ဖို့ဘုရားသခင်က ပေးအပ်ခဲ့သည်။ “ဘုရားသခင်သည် သတ္တမနေ့ကိုကောင်းချီးပေးခဲ့သည်” ဟူ၍ သမ္မာကျမ်းစာက ဖော်ပြပါသည်။ သတ္တမနေ့ကို မခန်းခြောက်နိုင်သော စမ်းပေါက်တစ်ခုအဖြစ် ဝိညာဉ်ရေး လန်းဆန်းဖို့ထာဝစဉ် မှီဝဲဖို့ ဖြစ်သည်။ နောက်ပြီးတော့ သတ္တမနေ့ကို သန့်ရှင်းစေတော်မူ၏။ ဤနေ့ရက်ကို သီးခြားခွဲထုတ်ပြီး သန့်ရှင်းသောနေ့အဖြစ် သတ်မှတ်ခါ သတ္တမနေ့ကျရောက်တိုင်း ကျွန်ုပ်တို့ အစပထမ ဘယ်ကလာသည်ကို သတိရအောက်မေ့ဖို့ ဖြစ်ပါသည်။

        အောက်ဖော်ပြပါ အချက်သုံးချက်သည် သတ္တမနေ့၌ ဘုရားသခင်ပြုလုပ်သော သီးသန့်လုပ်ရပ်ဖြစ်သည်။

    (၁) ထိုနေ့ရက်ကို ကောင်းချီးပေး၏။

    (၂) ထိုနေ့ရက်ကို သန့်ရှင်းစေတော်မူ၏။

    (၃) ထိုနေ့ရက်၌ ငြိမ်ဝပ်စွာ နေတော်မူ၏။

        ဘုရားသခင်သည် ပထမနေ့ရက်သော်လည်းကောင်း၊ တတိယနေ့သော်လည်းကောင်း၊ ပဉ္စမနေ့ကိုသော်လည်းကောင်း၊ အခြားအခြားသောနေ့ကို သော်လည်းကောင်း ကောင်းချီးမပေးခဲ့ပါ။ သတ္တမနေ့ကိုသာ ကောင်းချီးပေးခဲ့သည်။

        ၁ရာဇဝင်ချုပ် ၁၇း၂၇ ဖော်ပြသည့်အတိုင်း ဘုရားသခင်ကောင်းချီးပေးသောအရာတို့သည် ထာဝစဉ်ကောင်းချီးပေးခဲ့သည်။ကောင်းချီးပေးခြင်းသည် ဘုရားသခင်၏ တည်နေမှုကို သွင်းပေးခြင်းဖြစ်သည်။ ဘုရားသခင်သည် သတ္တမနေ့ကို ကောင်းချီးပေးခြင်းသည် သူ၏တန်ခိုးကြီးမားမှုကို ဖန်ဆင်းခြင်း၌သော်လည်းကောင်း၊ အဆုံးမရှိ သောချစ်ခြင်း မေတ္တာကို သော်လည်းကောင်း၊ ထာဝစဉ် နိမိတ်လက္ခဏာ အဖြစ် ပြသခြင်းဖြစ်သည်။ ဥပုသ်နေ့တိုင်းမှာ စကြဝဠာ၏ ဖန်ဆင်းရှင်အား ဝတ်ပြုကိုးကွယ်သည့်အခါ ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏ အထူးကောင်းချီးမင်္ဂလာကို ရရှိနိုင်ပါသည်။ သူ၏ ငြိမ်ချမ်းမှု ကောင်းချီးကို ရရှိနိုင်သည်။ သူ၏ ရောက်ရှိလာမှုကို ခံစားရသည်။ ပြန်လည်ရှင်သန်မှုရှိသော ကောင်းချီးကိုရသည်။ အသက်တာ၏ စစ်မှန် သော အဓိပ္ပါယ်ကောင်းချီးမင်္ဂလာကို ရရှိပါသည်။ ဥပုသ်နေ့ကောင်းချီး မင်္ဂလာသည် ပျော်ရွှင်မှုနှင့်ပြည့်ဝသော နှလုံးသား၏။ ကောင်းချီးမင်္ဂလာကို ကျွန်ုပ်တို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်းမှ ရလာသည်။

        ဘုရားသခင်သည် သတ္တမနေ့၌ ငြိမ်ဝပ်စွာ နားနေခြင်းသည် သူမောပန်း၍ ဖြစ်ခြင်းကြောင့် မဟုတ်ပါ။ ကျွန်တော်တို့ကပဲ မောပန်းမည်ကိုသူသိသည်။ သတ္တမနေ့ကို ဘုရားသခင် သန့်ရှင်းစေတော်မူသည်။ သန့်ရှင်းသောအလုပ်အတွက် အသုံးပြုရန် ခွဲထုတ်ပေးခြင်း ဖြစ်သည်။ သန့်ရှင်းခြင်း (Sanctified) ဆိုသော စကားလုံးသည် လက်ထပ်မင်္ဂလာပွဲ၌ လူယောက်ျားတစ်ယောက်အတွက်၊ လူမိန်းမအတွက် သီးသန့်စွာ ဖယ်ထုတ်၍ သန့်ရှင်းစေသည်။

        ဥပုသ်နေ့နှင့် ပတ်သတ်ပြီး အချို့လူတို့သည် တစ်ပတ်မှာ ရက်တစ်ရက်ကို သီးသန့်ရွေးပြီး ဝတ်ပြုဖို့ မလိုပါ။ ဘုရားကို ဝတ်ပြုရန် ကိုယ်ကြိုက်သည့် ရက်တစ်ရက်ကိုရွေးလျှင် ရတာပဲလို့ ဆိုကြသည်။ ဤလိုကော လုပ်လို့ရပါသလား။

        ဥပမာတစ်ခုပေးရမည်ဆိုလျှင် လူတစ်ယောက်သည် ညီအစ်မခြောက်ယောက်ရှိသည့် မိန်းမတစ်ဦးကို လက်ထပ်ယူခဲ့ပါသည်။ သူရဲ့မိန်းမအပါအဝင် ညီအစ်မအားလုံး ခုနစ်ဦးပေါ့။ လက်ထပ်မင်္ဂလာအခမ်းအနားပြီးသည့်အခါ သူသည် ကိစ္စမပြီးပြတ်သည့် သူ့ရဲ့ ဇနီးကို အပြင်၌ ကားထဲထိုင်ပြီး စောင့်နေသည်။ သူတို့ရဲ့ ပျားရည်ဆမ်း ခရီးထွက်ဖို့ ရှိပါသည်။ အဲဒီအချိန်မှာ အခြားညီအစ်မ တစ်ဦးက သူ့ဘေးတွင် ဝင်ထိုင်ပြီး “သွားကြစို့” ဟုပြောလိုက်သည်။ သူက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “ငါမင်းကို လက်ထက်ယူတာ မဟုတ်ဘူး၊ နင့်အစ်မကို လက်ထပ်ခဲ့တာလေ” သူမကတော့ ပြန်ဖြေလိုက်ရာမှာ “ဘာထူးလို့လဲ၊ ငါလည်း ခုနစ်ဦးထဲက တစ်ဦးပဲလေ” ဟူ၍ ဖြေလိုက်သည်။ ထူးလား၊ မထူးဘူးလား၊ လက်ထပ်ခဲ့သည့် ဇနီးမောင်နှံနှစ်ဦးအတွက်တော့ ထူးတာပေါ့။ သူ့အတွက် သီးသန့်ထားသည့် မိန်းမဖယ်ထားပေးပြီလေ။

        အမျိုးသမီးတိုင်းက မတူဘူးလေ၊ နေ့ရက်တို့သည်လည်း အတူတူမဟုတ်ဘူးလေ။ ဂျူးလူမျိုးမပေါ်ခင် နှစ် ၂၃ဝဝ မတိုင်ခင် ကတည်းကဥပုသ်နေ့သည် ဘုရားသခင် ဖန်ဆင်းပေးခဲ့သည်။ ဣသရေလလူမျိုးတို့သည် သူတို့ရဲ့ ဇာစ်မြစ်ကို အာဗြဟံသို့ ကောက်ကြောင်း ပြန်ယူသည်။အာဗြဟံ၏သား ဣဇာက်သည် သားနှစ်ဦးမှ သားယာကုပ် နောင်တစ်ကြိမ်ဣသရေလ တစ်ဆယ့်နှစ်အုပ်စု ဖြစ်လာခဲ့သည်။ အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့သည် ဖန်ဆင်းချိန်ပြီး နောက်နှစ်ပေါင်း နှစ်ထောင် ကောင်းစွာကျော်ပြီးမှ အသက်ရှင်သူများဖြစ်ကြသည်။ ယုဒလူမျိုး မပေါ်လာခင်ကတည်းက ဘုရားသခင်ရဲ့ လူများသည် ဥပုသ်ပေါင်း ၁ဝဝဝဝဝ ကျော်စောင့်ထိန်းခဲ့ပြီး ဖြစ်သည်။ ဥပုသ်နေ့သည် လူမျိုးတိုင်း စောင့်ထိန်းဖို့ ဖန်ဆင်းခဲ့သည်။ အသက်ကို ပေးသနားခဲ့သော ဖန်ဆင်းရှင်အား ဝတ်ပြုဖို့၊ ချီးမွမ်းနိုင်ဖို့၊ နေ့တစ်နေ့ ဖြစ်သည်။ သို့ဖြစ်၍ ယေရှုက “ဥပုသ်နေ့သည် လူအဖို့ ဖြစ်၏။ လူသည် ဥပုသ်နေ့အဖို့ ဖြစ်သည် မဟုတ်” (မာကု၊ ၂း၂၇)။ ဘုရားသခင်သည် လူသားများအားလုံးအတွက် ကောင်းချီးမင်္ဂလာဖြစ်ဖို့ ဥပုသ်နေ့ကို ဖန်ဆင်းခဲ့သည်။ သို့ဖြစ်၍ ထိုနေ့ကို သီးခြားခွဲထုတ်ပြီး သန့်ရှင်းစေခဲ့သည်။ သို့ဖြစ်၍ နားနေရန်ရက်ကို ဖန်ဆင်းချိန်ကတည်းက လက်ဆောင်အဖြစ်ပေးခဲ့သည်။

        ဥပုသ်နေ့ကို ကျွန်ုပ်တို့ရဲ့ မိဘများဖြစ်သူ အာဒံနှင့် ဧဝတို့အား ဧဒင်ဥယျာဉ်တွင် ပေးသနားခဲ့သည်။ ဥပုသ်နေ့ကို ဖန်ဆင်းခြင်းအချိန်တွင်ဘုရားသခင်၏ ဖန်ဆင်းနိုင်စွမ်း နိမိတ်လက္ခဏာအဖြစ် ခေတ်အဆက်ဆက် လူသားတိုင်းအတွက် ဖယ်ထားပေးသည်။ အာဒံနှင့်ဧဝံတို့သည် ဥယျာဉ်တော်မှ ထွက်ခွာသွားရသည့်အခါ ဘုရားသခင်၏ ထာဝစဉ်ချစ်ခြင်းမေတ္တာကို အောက်မေ့ဖို့ ဥပုသ်နေ့ကို ချန်ထားပေးခဲ့သည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းအချိန် နှစ်ခုစလုံးတွင် ဥပုသ်နေ့သည် ဘုရားသခင်နှင့် သူ့ရဲ့ လူမျိုးတို့ စပ်ကြား အမှတ်အသား ဖြစ်ပါသည်။ ဘုရားသခင်သည် သိနာတောင်ပေါ်မှ ဣသရေလလူမျိုးအတွက် ပညတ်တော်ဆယ်ပါး မပေးခင်ကတည်းက သူတို့သည် ဖန်ဆင်းခြင်း ဥပုသ်နေ့ကိုစောင့်ထိန်းခဲ့သည်။ ထွက်မြောက်ရာကျမ်း အခန်းကြီး ၁၆ တွင် ကောင်းကင်မှထူးခြားသည့် မန္ဒမုန့်ကျရောက်ခြင်းကို ဖတ်ရှုရပါသည်။ ဥပုသ်ကြိုတစ်ရက်တွင် မန္နမုန့်များနှစ်ဆ ကျလာပြီး၊ ဥပုသ်နေ့တွင် မန္နမုန့်လုံးဝမကျလာပါ။

        ဘုရားသခင်ကပြောသည် “ခြောက်ရက်ပတ်လုံးသိမ်းယူကြရ၏၊ဥပုသ်နေ့ တည်းဟူသော ခုနစ်ရက်မြောက်နေ့တွင် မရှိမတွေ့ရဟု ဆိုလေ၏” (ထွက်မြောက်၊ ၁၆း၂၆)။ ဣသရေလလူမျိုးအတွက် ဘုရားသခင်ကအံ့ဖွယ်များ ပြုလုပ်ပေးခဲ့သည်။ သူတို့ရဲ့ လိုအပ်ချက်အတွက် ကောင်းကင်မှ မန္နမုန့်ချပေးခဲ့သည်။ မန္နမုန့်သည် ဥပုသ်နေ့မှ လွဲ၍ နေ့တိုင်းကျရောက်ပေးခဲ့သည်။

        ဣသရေလလူမျိုးတို့သည် သူတို့ စားနိုင်တာထက် ကောက်ယူလျှင်ပိုလျှံသည်များက ပျက်သွားသည်။ ခြောက်ရက်မြောက် သောကြာနေ့တွင်ခါတိုင်းရက်ထက် နှစ်ဆကျရောက်ပြီး ဥပုသ်နေ့တွင် လုံးဝမကျရောက်ပါ။ဤဥပုသ်နေ့အံ့ဖွယ်သည် ဣသရေလလူမျိုးများ တောလည်ရာတစ်လျှောက်လုံးတွင် ဤအချက်က သူတို့ကို ဘုရားသခင်က ပိုင်ဆိုင်ကြောင်း သတိရအောက်မေ့စေပါသည်။ အချို့ ဣသရေလများ ဥပုသ်နေ့တွင် မန္နမုန့်ထွက်ကောက်သည့်အခါ ဘုရားက “သင်တို့သည် ငါပညတ် တရားတို့ကို အဘယ်မျှကာလပတ်လုံး ငြင်းပယ်ကြမည်နည်းဟု မိန့်ကြား၏ (ထွက်မြောက်၊ ၁၆း၂၈)။

        ဘုရားသခင်သည် သိနာတောင်ပေါ်မှ ပညတ်တော်ဆယ်ပါးကို ချရေးမပေးခင်ကတည်းက သူ့လူများသည် သူ့ပညတ်ကို သိရှိနားလည်ထားပြီးဖြစ်သည်။ သိနာတောင်ပေါ်မှ ပညတ်တော်ဆယ်ပါး မချမှတ်ပေးမီ ကာဣနသည် အာဗေလကို သတ်ခြင်းသည် မှားနေပါသည်။ သိနာတောင်ပေါ်မှပညတ်တော်ဆယ်ပါး မတိုင်ခင် အာဗြဟံသည် ဘုရားသခင်၏ ပညတ်တော်ဆယ်ပါးကို စောင့်ခဲ့သည် (ကမ္ဘာဦးကျမ်း ၂၆း၅)။ ဣသရေလလူမျိုးများ တောလည်ရာ တစ်လျှောက်လုံး သိနာတောင်မတိုင်မီ ဥပုသ်နေ့ကို စောင့်ထိန်းခဲ့သည်။

        ဘုရားသခင်သည် အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့စဉ် သူ့ရဲ့ ပညတ်တော်ကို ၎င်းတို့၏ နှလုံးသားနှင့် ဦးနှောက်ထဲတွင် ရေးမှတ်ထားခဲ့သည်။ ဥပမာ၊ ကာဣနသည် အာဗေလကို သတ်ခဲ့ခြင်းသည် မှားယွင်းကြောင်း သိခဲ့ပါသည်။ ဣသရေလလူမျိုးတို့သည် ဥပုသ်နေ့ကို ချိုးဖောက်ခြင်းအတွက်မှားယွင်းကြောင်း သိသည်။ သိနာတောင်ပေါ်မှာ ပညတ်တော်ဆယ်ပါး ပေးရခြင်းမှာ ဘုရားသခင်ရဲ့ လူများတို့ သည် အစကနဦး ကတည်းက အမှားနှင့် အမှန်မသိခဲ့သည့်အတွက် မဟုတ်ဘဲ၊ သူတို့ရဲ့ အပြစ်နှင့် ပုန်ကန်မှုကြောင့် ဘုရားသခင်၏ ပညတ်တော်ကို ပြန်လည်ပေးအပ်ရခြင်း ဖြစ်ပါသည်။ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ ပညတ်တော်ဆယ်ပါးကိုကျောက်ပြားပေါ်တွင် ရေးမှတ်ခဲ့ပါသည်။ သဲပေါ်တွင်ရေးပြီး ရေစားနိုင်အောင်ရေးမှတ်ခြင်း မဟုတ်ပါ။ စက္ကူနှင့်ဖျင်ချပ်ပေါ် ရေးပြီး မီးစွဲလောင်သွားနိုင်အောင် မရေးမှတ်ခဲ့ပါ။ ဘုရားသခင်သည် ပညတ်တော်ကိုကျောက်ပြားပေါ် ရေးပြီး ထာဝစဉ်တည်မြဲအောင် ဖြစ်ပါသည်။ဘုရားသခင်သည် ပညတ်တော်ကို မောရှေအားရေးသားရန် တာဝန်မအပ်နှင်းခဲ့ပါ။ ပုရောဖက်တစ်ပါးကို ရေးမှတ်ရန် တာဝန်မပေးခဲ့ပါ။ကျမ်းစာတော်မှာ ပညတ်တော် တစ်မျိုးတည်းသာရှိ၍ ဘုရားသခင်ကိုယ်တော်တိုင် ကျောက်ပြားပေါ်ရေးသားခဲ့လျှင် ထိုပညတ်တော်မှာ ကျွန်ုပ်တို့လွယ်ကူစွာ ကျောခိုင်းနိုင်ပါသလား။ ကျမ်းစာတော်မြတ်က ပြောသည် “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့” (ထွက်မြောက် ၂၀း၈-၁၁)။

ဘုရားသခင်က သန့်ရှင်းအောင်ပြုလုပ်ခဲ့သည့် အရာများကိုသာ သန့်ရှင်း အောင်ထားနိုင်သည်။ ဥပုသ်နေ့ကို ဘုရားသခင်က သန့်ရှင်းအောင်ပြုလုပ်ခဲ့သည်။ ဥပုသ်နေ့ကို ဖန်ဆင်းချိန်တွင် ကောင်းချီးမင်္ဂလာပေးခဲ့သည်။ ဘုရားသခင်က “အောက်မေ့လော့” ဘာကြောင့် ဘုရားသခင်ကအောက်မေ့လော့ဟု ပြောရသနည်း။ ကျွန်ုပ်တို့ မေ့သွားမည်ကို သူသိသည်။ လောကီရေးရာနှင့် ပစ္စည်းမက်သည့် ခေတ်တွင် မိန်းမ၊ ယောက်ျားတို့သည် ဥပုသ်နေ့ကို မေ့သွားမည်။ သို့ဖြစ်၍ ဘုရားသခင်က “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့” ဟု ပြောသည်။ဘုရားသခင်သည် ဖန်ဆင်းချိန်အထိမ်းအမှတ်သို့ ပြန်လည်ခေါ်ယူသည်။ဥပုသ်နေ့သည် ကျွန်ုပ်တို့အား ဘုရားသခင်နှင့် ပေါင်းစည်းပေးသည်။ “ခြောက်ရက်ပတ်လုံး အလုပ်ကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍-- အလုပ်မလုပ်ရ” (ထွက်မြောက် ၂၀း၉၊၁ဝ)။

        ဥပုသ်နေ့ပညတ်တော်သည် “ရဟူဒီဥပုသ်နေ့” ဟုပြောပါသလား။ မပြောပါ။ သင်၏ ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏ဟု ဆိုပါသည်။ အဘယ်ကြောင့် သတ္တမနေ့သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်ပါသနည်း။

        ဥပုသ်နေ့ရဲ့ အစမူလသည် ဘိရှော့ဂိုဏ်းအုပ်၊ ဘုန်းတော်ကြီး၊ သင်းအုပ်ဆရာမှ စသည်မဟုတ်ပါ။ ဥပုသ်နေ့အစမူလသည် ဖန်ဆင်းရှင်ကိုယ်တိုင်မူလမှဖြစ်သည်။ သူ့ရဲ့ နိမိန်လက္ခဏာဖြစ်သည်။ သူ့ရဲ့အောက်မေ့ဖွယ်ဖြစ်သည်။ သူ့ရဲ့ တံဆိပ်တော်ဖြစ်သည်။ သူ့ရဲ့ အမိန့်တော်ဖြစ်သည်။ တစတစဖြစ်ခြင်း (evolution) မှ ကာကွယ်ရန် ခံတပ်ကြီးတစ်ခု ဖြစ်ပါသည်။ ကောင်းကင်နှင့်မြေကြီးရဲ့  ဖန်ဆင်းရှင်အဖြစ် သူ့အားကိုးကွယ်ရန် ဥပုသ်နေ့ကို ပုံဖော်ခဲ့သည်။ ဥပုသ်နေ့ကို စောင့်ထိန်းခြင်းအားဖြင့် ကျွန်ုပ်၏ နှလုံးခုန်တိုင်းသည် ဘုရားသခင်မှလာကြောင်းကိုအသိအမှတ်ပြုရာ ရောက်ပါသည်။ အသက်ရှူတိုင်း သူ့ထံတော်မှ ရရှိကြောင်း အသိအမှတ်ပြုသည်။

        ဥပုသ်နေ့တွင် နားနေပြီး ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သည့်အခါ သူ့အား ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်အဖြစ် သစ္စာခံယူပါသည်။ အရှင်၊ ကျွန်ုပ်တို့ရဲ့ ဘဝအသက်ကို ကိုယ်တိုင် မဖန်ဆင်းပါ၊ ကိုယ်တော်သာလျှင် အသက်ကို ပေးဆောင်နိုင်သည်။ ဘုရားသခင်သည် ဥပုသ်နေ့ကို ခုနစ်ရက်တစ်ရက်ဖြစ်ကြောင်း မပြောပါ။ သူက သတ္တမနေ့သည် ဥပုသ်နေ့ဖြစ်သည်ဟု ပြောပါသည်။ သင့်ရဲ့ မွေးနေ့မတိုင်မီ တစ်ရက်သော် လည်းကောင်း၊ မွေးနေ့လွန်နောက်တစ်ရက်၌ မွေးနေ့ပွဲ ကျင်းပခဲ့သော် ထိုပွဲသည် မွေးနေ့အစစ်အမှန် မဟုတ်ပါ။ မွေးနေ့မတိုင်မီတစ်ရက် မွေးနေ့ပြီး နောက် တစ်ရက်တွင် ပွဲကျင်းပပေးနိုင်ပါသည်။ သို့ရာတွင် သင်အမှန်တကယ် မွေးဖွားသည့် နေ့ရက်ကို မပြောင်းနိုင်ပါ။ ထိုနည်းတူ ဘုရားသခင် သတ်မှတ်ပေးသော ဥပုသ်နေ့ကို မပြောင်းလဲနိုင်ပါ။ ဥပုသ်နေ့ကို တစ်ပတ်၏ ခြောက်ရက်နေ့၌သော်လည်းကောင်း၊ ပထမနေ့ရက်၌ သော်လည်းကောင်း၊ ဝတ်ပြုခြင်းမှာ ဘုရားသခင် ဖယ်ပေးထားသော သတ္တမနေ့ ဥပုသ် အမှန်တရားကို မဖယ်ရှားနိုင်ပါ။ သူက ပညတ်အမိန့်ရှိသည်မှာ “ဥပုသ်နေ့ကို အောက်မေ့လော့”။ သို့ရာတွင် သန်းပေါင်းများစွာသော လူအပေါင်းတို့သည် ဤပညတ်ကို မေ့လျော့ခဲ့သည်။ သူတို့အတွက်မှာ ဥပုသ်နေ့သည် အခြားရိုးရိုးနေ့ရက်နှင့်တူပါသည်။ ဘုရားသခင်သည် သတ္တမနေ့ကို ကောင်းချီးမင်္ဂလာပေးသည်။ သတ္တမနေ့ကို သန့်ရှင်းစေ သည်။ သတ္တမနေ့၊ ဥပုသ်နေ့တွင် ဘုရားသခင်နားတော်မူသည်။

        ပညတ်တော်ဆယ်ပါးတွင် ဘာကြောင့် ဥပုသ်နေ့တွင် ဝတ်ပြုကိုးကွယ်ရမည်ကို ဘုရားသခင်က ပြောပြသည်။ “ထာဝရဘုရားသခင်သည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏” (ထွက်မြောက် ၂၀း၁၁)။

        ပညတ်တော်ဆယ်ပါးသည် ကမ္ဘာဦးကျမ်းကို ခေါ်ဆောင်သွားပြီး ကမ္ဘာမြေကြီးကို ဘုရားသခင်ဖန်ဆင်းတော်မူသည့် အချိန်သို့ ပြန်လည်ခေါ်ဆောင်သွားသည်။ ဥပုသ်နေ့သည် ရဟူဒီ-ဂျူးလူမျိုးများအတွက်သက်သက်သာ မဟုတ်ဘဲ၊ ကျွန်ုပ်တို့ အားလုံးအတွက် ဖြစ်ပါသည်။ပညတ်တော်ဆယ်ပါးသည် လူသားများအတွက် ပြုပြင်ပြောင်းလဲ၍ မရသော ဘုရားသခင်၏ ပညတ်တော်ဖြစ်သည်။ “သူ့မယားကို မပြစ်မှားနှင့်” ဆိုသည့် ပညတ်သည် ဂျူးလူမျိုးအတွက်သာ မဟုတ်ပါ။ “လူ့အသက်ကို မသတ်နှင့်” ပညတ်သည်လည်း ဂျူးလူမျိုးအတွက်သာ မဟုတ်ပါ။ “ရုပ်တုဆင်းတုကို ကိုယ်အဖို့ မလုပ်နှင့်၊ ဦးမချဝတ်မပြုနှင့် ဆိုသည်မှာဂျူးလူမျိုးတွက် သက်သက် မဟုတ်ပါ။ ဥပုသ်နေ့သည် ဂျူးလူမျိုးအတွက်သီးသန့်မဟုတ်ပါ။ ဤပညတ်တော်များသည် အကောင်းဆုံးဘဝကိုနေထိုင်သွားဖို့ ဖော်ပြပါသည်။ အဓိပ္ပါယ်ရှိရှိ ပျော်ရွှင်စွာ နေထိုင်သွားဖို့အုတ်မြစ် ဖြစ်ပါသည်။

        ဥပုသ်နေ့ပညတ်သည် ကျွန်ုပ်တို့ အချို့အတွက်သာ မဟုတ်ပါ။ကျွန်ုပ်တို့ အားလုံးအတွက် ဖြစ်ပါသည်။ ပုရောဖက်ဟေရှာယက ဤအမှန်တရားကို ထောက်ခံပြောဆိုသည် “ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍၊ ငါ၏ပဋိညာဉ်ကို စွဲလမ်းသောသူ အပေါင်းတို့ကိုလည်းကောင်း ငါ၏ သန့်ရှင်းသော တောင်ပေါ်သို့ ခေါ်ဆောင်ခဲ့၍၊ ငါ၏ ပတ္ထနာအိမ်၌ ဝမ်းမြောက်စေမည်” (ဟေရှာယ၊ ၅၆း၆၊ ၇)။ ဘုရားသခင်၏ သန့်ရှင်း သောတောင်ဆိုသည်မှာ အဘယ်နည်း။ ယေရုရှလင်မြို့သစ် ဖြစ်ပါသည်။ ဘုရားသခင်က “လူအမျိုးမျိုးတို့သည် သူ၏ ပလ္လင်တော်ရှေ့တော်၌ အသစ်သော ယေရုရှလင်မြို့ တွင် ဥပုသ်နေ့တိုင်းမှာ ဝတ်ပြုကိုးကွယ်ကြမည်”ဟု မိန့်တော်မူခဲ့သည်။ ဤအရာများသည် ဗျာဒိတ်ကျမ်းတွင် ဖော်ပြခဲ့သည့် ရူပါရုံ ဝတ်ပြုရာအိမ်တော် ဖြစ်ပါသည်။ အသစ်သော ယေရုရှလင်မြို့တော်ရှိ ဝတ်ပြုရာအိမ်တော် ဖြစ်သည်။ ဒီနေရာမှာ ဘုရားသခင်၏ ပလ္လင်တော်ရှေ့၌ သူ၏လူမျိုးများ ဖန်ဆင်းရှင်ကို သီချင်းသီဆိုထောမနာပြုကြမည်။ ကမ္ဘာဦးကျမ်း ဖန်ဆင်းချိန်နှင့် ဗျာဒိတ်ကျမ်း ဖန်ဆင်းချိန်တို့ကို ကွင်းဆက်ပေးသည့် ရွှေကွင်းဆက်သည် သတ္တမနေ့ဥပုသ်၊ ဘုရားသခင် ငြိမ်ဝပ်စွာ နားနေသောနေ့၊ ဘုရားသခင် ကောင်းချီးမင်္ဂလာပေးပြီး သန့်ရှင်းစေသောနေ့ဖြစ်ပါသည်။

        ဘုရားသခင်၏ ပညတ်တော်များသည် ထာဝစဉ်တည်မြဲသည့်သဘောရှိ၍ ဥပုသ်နေ့သည်လည်း ထာဝစဉ်တည်မြဲလျက်ရှိပါသည်။ တစ်ခါမျှ မပြောင်းလဲမပယ် ဖျက်ခဲ့ပါ။ ဘုရားသခင်၏ လက်တော်ဖြင့် ကျောက်ပြားပေါ် ရေးမှတ်ခဲ့သည်။ သူ့ရဲ့ လူများအားလုံးအတွက် ထာဝစဉ်တည်မြဲလျက်ရှိသော နိမိတ်လက္ခဏာအဖြစ် ဥပုသ်နေ့ကို ဓမ္မဟောင်းကျမ်းတွင် တောက်လျှောက်တွေ့ရပါသည်။ ထာဝစဉ်တည်မြဲလျက်ရှိသော ဥပုသ်နေ့ကို ပုရောဖက်ယေဇကျေလက ဤသို့ ရှင်းပြပါသည်။ “ထိုမှ တစ်ပါး ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေသည်ဟု သူတို့သည် သိမည်အကြောင်း၊ ငါနှင့်သူတို့ စပ်ကြားမှာ လက္ခဏာ သက်သေဖြစ်စေခြင်းငှာ၊ ငါ၏ ဥပုသ်နေ့တို့ကို ငါခန့်ထား၏” (ယေဇကျေလ ၂၀း၁၂)။

        ဥပုသ်နေ့သည် ဘုရားသခင်က ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့ကြောင်းသက်သေလက္ခဏာ သာမကဘဲ ကျွန်ုပ်တို့နှလုံးသားကို ပြန်လည်ပြုပြင်ဖန်တီးပေးနိုင်ကြောင်း အမှတ်လက္ခဏာ ဖြစ်ပါသည်။ ဥပုသ်နေ့သည် သန့်ရှင်းမှုအထိမ်းအမှတ် ဖြစ်ပါသည်။ ကျွန်ုပ်တို့ကို မဖန်ဆင်းနိုင်သလိုပြန်လည်ပြီး ပြုပြင်ဖန်တီးမှု မပြုလုပ်နိုင်ပါ။ ကိုယ့်ကိုကိုယ် သန့်ရှင်းအောင်မပြုလုပ်နိုင်ပါ။ ဘုရားသခင်သာလျှင် သန့်ရှင်းသောဝိညာဉ်တော် မှ တစ်ဆင့် ကျွန်ုပ်တို့ကို သန့်ရှင်းစေနိုင်သည်။ ဥပုသ်နေ့သည် ကမ္ဘာကြီးကို ဖန်ဆင်းခဲ့သော ဘုရားသခင်၏ တန်ခိုးတော်ကို ဖော်ပြသော အထိမ်းအမှတ်ဖြစ်ပြီး ကျွန်ုပ်တို့ နှလုံးသားကို ပြန်လည်ပြုပြင်ပေးနိုင်သည့် တန်ခိုးတော်ကို ဖော်ပြခြင်းဖြစ်သည်။

        ဥပုသ်နေ့မှာတတ်ပြုကိုးကွယ်ခြင်း ပြုလုပ်သည့်အခါ ဘုရားသခင်အားအလုံး စုံတန်ခိုးကြီးမားသော ဖန်ဆင်းရှင်းအဖြစ် အသိအမှတ်ပြုခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ရဲ့ နှလုံးသားကို ဘုရားသခင်က ပြုပြင်ပြောင်းလဲနိုင်သည်။ ဥပုသ်နေ့ကို ဘုရားသခင်က အာဒံနှင့်ဧဝကို ဖန်ဆင်းခြင်းအချိန်တွင် ပေးခဲ့ပါသည်။ ဘုရားသခင်သည် သိနာတောင်ပေါ်တွင် မောရှေအား ပညတ်တော်ဆယ်ပါးတွင် ဥပုသ်နေ့ကို ပေးအပ်ခဲ့ပါသည်။

        ဓမ္မဟောင်းကျမ်းအချိန်တွင် သူ၏ ဖန်ဆင်းနိုင်မှု အာဏာကို ဥပုသ်နေ့ကို အထိမ်းအမှတ်ဖြစ်စေပါသည်။ သူ၏ထာဝရတန်ခိုးတော်နှင့်မကုန်ခန်းနိုင်သည့် မေတ္တာတော်ကို ဓမ္မဟောင်းချိန် တစ်လျှောက်လုံးတွင် ပြသခဲ့သည်။ ဒါကြောင့် မေးခွန်းတစ်ခု မကြာခဏ ပေါ်လာတတ်သည်။ ဓမ္မသစ်အချိန်မှာကော ဘယ်လိုရှိပါသလဲ။ သခင်ခရစ် တော်သည် ဥပုသ်နေ့ကို ဖယ်ရှားဖို့လာပါသလား။ သူ့ရဲ့ တပည့်တော်များက ဥပုသ်နေ့ကို ပြောင်းလဲလိုက်ပါသလား။ သူတို့သည် အခြားနေ့ရက် တစ်ရက်ရက်မှာ ဝတ်ပြုကိုး ကွယ်ပါသလား။ ဓမ္မသစ်ကိုလေ့လာကြည့်ရအောင်၊ သခင်ယေရှုက ကျမ်းစာတော်ဥပုသ်နေ့နှင့် ပတ်သက်ပြီး ဘယ်သို့သွန်သင်ပေးပါသနည်း။

        “ကြီးပွားတော်မူရာ နာဇရက်မြို့ သို့ ပြန်ရောက်လျှင်၊ ထုံးစံတော်ရှိသည့်အတိုင်း ဥပုသ်တော်နေ့၌ တရားဇရပ်သို့ဝင်၍ ကျမ်းစာကို ဖတ်ရွတ်ခြင်း ငှါထတော်မူ၏” (လုကာ ၄း၁၆)။ သခင်ယေရှုသည် အလေ့အကျင့်တစ်ခုရှိသည်။ ဥပုသ်နေ့တိုင်း ဝတ်ပြုကိုးကွယ်ဖို့ ပျော်မွေ့တော်မူသည်။

        အခြားသော ဝတ်ပြုကိုးကွယ်နည်းကို သခင်ယေရှုပြသလိုပါကအထိမ်းအမှတ် တစ်ခုခု၊ သို့တည်းမဟုတ် သူ့ရဲ့ ပြုကျင့်မှု တစ်ခုခုကို ပြသသွားမည် မဟုတ်ပါလား။ ပုဂ္ဂိုလ်တစ်ဦးဦးသည် သူရေးသားခဲ့သည့်သေတမ်းစာပါ အချက်အလက်များသည် သူသေဆုံးသည့်အခါ ထိုသေတမ်းစာသည် အတည်ဖြစ်သွားသည် မဟုတ်ပါလား။ ထိုသူသေသွားလျှင် သူ၏သေတမ်းစာကို ပြင်လို့မရတော့ပါ။ သို့ဖြစ်၍ သခင်ခရစ်တော်၏ သက်သေခံမှုနှင့် ဆန္ဒတို့သည် သူ၏ သေခြင်းဖြင့်အတည်ဖြစ်ခဲ့ပါသည်။ သူ၏ အသက်တာမှာ ဥပုသ်နေ့ဝတ်ပြုကိုးကွယ်မှု၊စောင့်ထိန်းမှုကို ပြသခဲ့သည်။ ကျမ်းစာတော်ဥပုသ်နေ့ကို သခင်ခရစ်တော်က စောင့်ထိန်းခဲ့သည်။ သူကိုယ်တိုင်က ဤသို့ပြောခဲ့သည် “ဥပုသ်နေ့သည် လူအဖို့ဖြစ်၏၊ လူသည် ဥပုသ်နေ့အဖို့ ဖြစ်သည်မဟုတ်” (မာကု ၂း၂၇)။

        ဥပုသ်နေ့သည် ဂျူးလူမျိုးအတွက်ဖြစ်သလား၊ ဟုတ်ပါသည်။ ဂျူးလူမျိုးသည် လူသားဖြစ်ပါသည်။ လူသားအားလုံးအတွက် ဖြစ်ပါသည်။ဥပုသ်နေ့သည် ဂျူးလူမျိုးအတွက်ရော ဂျူးလူမျိုးမဟုတ်သူများအတွက်ပါ မှန်ကန်မှု အထိမ်းအမှတ်ဖြစ်သည်။ သူ့ကို လုံးလုံးလျားလျားဝတ်ပြုကိုးကွယ်ခြင်း အထိမ်းအမှတ် သူ့ကို ကြီးမြတ်စွာ ချစ်မြတ်နိုးကြောင်း အထိမ်းအမှတ်ဖြစ်သည်။

        ကျွန်ုပ်တို့သည် ဥပုသ်နေ့အဖို့ မဟုတ်ပါ။ ဘုရားသခင်က ဥပုသ်နေ့ကိုသူ၏ မွန်မြတ်သော လက်ဆောင်အဖြစ် ဖန်ဆင်းပေးပါသည်။ အာဒံနှင့်ဧဝတို့သည်ပထမ ဖန်ဆင်းမှုခံရပါသည်။ ဥပုသ်နေ့သည် လူသားများအတွက်ဘုရားသခင်၏ ချစ်မေတ္တာ လက်ဆောင်ဖြစ်ပါသည်။ ဥပုသ်နေ့တိုင်း လောကီ၏ ဘဝဖိစီးမှုမှ ပြေးထွက်ပြီး သူ၏ ပလ္လင်တော်ရှေ့တွင် သွားရောက်ပါသည်။ ဘဝရဲ့ တင်းမာမှုတို့ သည် သူ၏ရှေ့တော်၌ ပျော်ကွယ်သွားတော့သည်။ ဥပုသ်နေ့သည် ကျွန်ုပ်တို့ကို ဘုရားသခင်က ဖန်ဆင်းခဲ့ကြောင်း အထိမ်းအမှတ်ဖြစ်သည်။ ဖန်ဆင်းချိန်ပြီး မြောက်သည့်အတွက် ကျွန်ုပ်တို့ နားနေပါသည်။ ကယ်တင်ခြင်း စီမံချပ်ပြီးမြောက်၍ ကျွန်ုပ်တို့နားနေပါသည်။ အသက်ရှင်နေစဉ်အခါ၌ သော်လည်းကောင်း၊ သေခြင်းအချိန်၌သော်လည်းကောင်း၊ သခင်ယေရှုသည် ဥပုသ်နေ့တွင် နားနေပါသည်။ ဥပုသ်နေ့ကို ကျောက်ပြား ပေါ်မှာ ရေးမှတ်ပြီး မည်သည့်အခါမျှမပြုပြင် မပြောင်းလဲရတော့ပါ။

        သခင်ယေရှုသည် ဥပုသ်နေ့မှာ မည်သည့်ရက်ဖြစ်ကြောင်း သံသယဖြစ်အောင် မချန်ထားခဲ့ပေးပါ။ ဥပုသ်နေ့နှင့် ပတ်သက်သော ဥပဒေရေးရာဂျူးလူမျိုးတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုတော့..သူမေးခွန်းထုတ်ခဲ့သည်။ သို့ဖြစ်၍ ယေရှုက ပြောသည်မှာ “လူသည် သိုးထက် အလွန်မြတ်ပေ၏။ ထိုကြောင့် ဥပုသ်နေ့၌ ကျေးဇူးပြုအပ် သည်ဟု ပြောတော်မူ၏ (မဿဲ၊ ၁၂း၁၂)။ သခင်ခရစ်တော်အတွက် ဥပုသ်နေ့သည် ကရုဏာကြင်နာမှု လုပ်ငန်း၊ ဝတ်ပြုကိုးကွယ်မှုနှင့် ချီးမွမ်းခြင်း အမှုအရာများ၊ တစ်ဦးနှင့် တစ်ဦး မိတ်သဟာယပြုခြင်း၊ အခြားသူများအတွက် မင်္ဂလာရှိသည့်လုပ်ငန်းပြုလုပ်ရန် နေ့ရက်ဖြစ်သည်။ သခင်ယေရှုသည် အခြားနေ့ရက်များနှင့်စာလျှင် ဥပုသ်နေ့တွင် အံ့ဖွယ်သောအမှုအရာတို့ကို ဆောင်ရွက်ခဲ့သည်။ သူ့အား ဥပုသ်နေ့ကို ဖောက်ဖျက်သူအဖြစ် ဝေဖန်ရှုတ်ချခဲ့သော်လည်း သူသည် ဥပုသ်နေ့ကို အခြားသူများအတွက် ကောင်းကျိုးပြုပြီး ဥပုသ်နေ့ကို ကောင်းချီးမင်္ဂလာပြုပါသည်။

        ဥပုသ်နေ့သည် တရားရေးရာ၊ အမြင်ကျဉ်းသည့် လိုအပ်ချက် မဟုတ်ပါ။ သေသည့် အချိန်၌လည်း ယေရှုခရစ်တော်သည် နားနေခြင်းဖြင့်စောင့်ထိန်းခဲ့သည်။ ဥပုသ်နေ့လွန်မှ ပြန်လည်ထမြောက်ပါသည်။ သခင်ယေရှု၏ အနီးကပ်ဆုံး တပည့်တော်များက ပညတ်တော်လာသည့်အတိုင်းသတ္တမနေ့ဥပုသ်ကို နားနေစောင့် ထိန်းကြသည်။ သခင်ခရစ်တော်၏ အလောင်းကို ဥပုသ်နေ့တွင် အမွှေးအထုံဆေးများဖြင့် ထုပ်ပိုးမှု မပြုခဲ့ပါ။ သခင်ယေရှုသည် ဥပုသ်နေ့မှာ နားနေပြီး ပထမနေ့ရက်တွင် ပြန်လည်ထမြောက်ခဲ့သည်။ သခင်ယေရှုသည် သက်တော်ထင်ရှားစဉ် ဥပုသ်နေ့ကို စောင့်ထိန်းသည်၊ သေသည့်အခါ၌လည်း စောင့်ထိန်းခဲ့သည်။ သူက ‘ငါ့ကိုချစ်လျှင် ငါပညတ်ကို စောင့်ထိန်းပါ” (ယောဟန် ၁၄း၁၅)။

        ချစ်ခြင်းမေတ္တာသည် နာခံဖို့ ပို့ဆောင်သည်။ ချစ်ခြင်းမေတ္တာသည်သူ့ပညတ်တော်ကို စောင့်ထိန်းဖို့ ပို့ဆောင်သည်။ ကပ်တိုင်ခြေရင်းအောက်တွင် ကျွန်ုပ်ဒူးထောက်သည့်အခါ သူ့လက်တွင် ရိုက်ထားသည့် သံရဲ့ အရာများကို တွေ့ရ၍ သူ့ကိုနာခံဖို့ လိုလားပါသည်။

        ကပ်တိုင်မှာ သနားကြင်နာခြင်း ရှိသည်။ ကပ်တိုင်မှာ ခွင့်လွှတ်ခြင်းရှိ

သည်။ ကပ်တိုင်မှာ ကျွန်ုပ်တို့၏ နှလုံးသား ပြောင်းလဲသွားသည်။ ထိုနေရာ၌ ဒူးထောက်ပြီး သူသည် သခင်ယေရှု၏ ချစ်ခြင်းမေတ္တာကြီးမားမှုကို အံ့အားသင့်ပါသည်။ သူ့ရဲ့စကား မှာ “ငါ့ကို ချစ်လျှင် ငါပညတ်ကိုစောင့်ထိန်းပါ” ဟူ၍ ဖြစ်ပါသည်။ နာခံခြင်းသည် တာဝန်တစ်ရပ်မဟုတ်ပါ။ နာခံမှုသည်ကျေနပ်စွာ ရွှင်ပြုံးစရာ ဖြစ်သည်။ ချစ်ခြင်း မေတ္တာသည်သူ့အားဥပုသ်နေ့တိုင်း ဝတ်ပြုကိုးကွယ်ဖို့ ဆော်ဩပါသည်။ တရားဥပဒေ နှင့်စပ်ဆိုင်သည့် သတ်မှတ်ချက်ကြောင့် လှုံ့ဆော်မှု မဟုတ်ပါ။ သူ့အား ချစ်မြတ်နိုး၍ နာခံချင်စိတ်လှုံဆောင်မှုကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အသက်တာဘဝကို ကျွန်ုပ်တို့ကို အသက်ပေးသနားခဲ့သူထံသို့ ပြန်လည်အပ်နှံခြင်း ဖြစ်ပါသည်။ သခင်ယေရှုသည် ဥပုသ်နေ့ကို “ဂျူးလူမျိုးတို့ ဓလေ့ထုံးစံ” အဖြစ် မရှုမြင်ခဲ့ပါ။ သူကပ်တိုင်ပေါ် အသေခံပြီးလျှင် ဒီဂျူးလူမျိုးတို့ရဲ့ ဓလေ့သည် ပြီးဆုံးခြင်းသို့ ရောက်သွားမည့် အဖြစ်ကို သူမရှုမြင်ခဲ့ပါ။ ပထမရာစုနှစ် အချိန်အခါတွင် သူသည် ဥပုသ်နေ့မှာ ဟေဗြဲလူမျိုးအတွက်သာ ဖြစ်ကြောင်း မသွန်သင်ခဲ့ပါ။ ဥပုသ်နေ့သည် သခင်ယေရှုအတွက် ထာဝရအထိမ်းအမှတ်ဖြစ်သည်။ သူ၏ ဖန်ဆင်းနိုင်မှု တန်ခိုး၊ ဥပုသ်နေ့ကို စောင့်ထိန်းခြင်းအားဖြင့် အတွင်းစိတ်တွင် သူ့အပေါ် သစ္စာခံယူခြင်းဖြစ်သည်။

        တစ်ကြိမ်တစ်ခါမှာ သခင်ယေရှုသည် သူ့ရဲ့နောက်လိုက် အနီးစပ်ဆုံးတပည့်တော်တွေကို ဖော်ပြခဲ့သည်မှာ၊ သူသည် ကပ်တိုင်ပေါ် အတင်ခံရပြီး၊ သေဆုံး၍ ပြန်လည်ရှင်သန်ထမြောက်ပြီးသည့် နောက်ပိုင်းဥပုသ်နေ့ကို ဆက်လက်စောင့်ထိန်းသွားကြမည်။

        ကောင်းမွန်စွာ ပြုစုထားသည့် တရားဟောချက်တွင် ယေရုရှလင်မြို့တော် ဖျက်ဆီးခြင်းခံရမည့် အကြောင်းကို ဆွေးနွေးခဲ့သည်။ သူ့တပည့်တော်များကို သတိ ပေးညွှန်ကြားခဲ့သည်မှာ “သင်တို့ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်း မကျမည် အကြောင်း ဆုတောင်းကြလော့” (မဿဲ ၂၄း၂၀)။

        သခင်ယေရှု၏ တပည့်တော်များသည် ဥပုသ်နေ့ကို မစောင့်ထိန်းပါက တပည့်တော်များအား “ပြေးရသော အချိန်သည် ဥပုသ်နေ့၌ မကျမည့်အကြောင်း ဆုတောင်းပါ” ဟူသော မိန့်မှာချက်မှာ အဓိပ္ပါယ်ရှိမည် မဟုတ်ပါ။

        ခရစ်ယာန်များသည် ဥပုသ်နေ့၌ တစ်နေရာတည်းတွင် ဝတ်ပြုကိုးကွယ်မှုပြုပါက၊ ယေရုရှလင်မြို့ကို ရောမစစ်တပ် ဝင်ရောက်တိုက်ခိုက်ပါက ဘာတွေဖြစ်သွားမည်နည်း။ သူတို့ကို ရောမစစ်တပ်ကအားလုံးသတ်ပစ်မည်ဆိုလျှင် ပိုမိုလွယ်ကူမည်ဖြစ်သည်။ သမိုင်းဆရာဂျိုဆီဖက် (Josephus) က ပြောပြခဲ့သည်မှာ ရောမစစ်တပ်သည် မြို့ကို ဥပုသ်နေ့မှာ အမှန်တကယ် ချဉ်းကပ်ခဲ့ပါသည်။ သခင်ယေရှုက “ပြေးရသောအချိန်သည် ဥပုသ်နေ့၌ မကျမည့်အကြောင်း ဆုတောင်းပါ။” ဤပထမရာစု ခရစ်ယာန်များသည် ဆုတောင်းကြပါသည်။ အံ့ဩဖွယ်ရာမှာ အကြောင်းမရှိဘဲနှင့် ရောမစစ်တပ်သည် နောက်ပြန်ဆုတ်ခဲ့သည်။ ဒီအချိန် စပ်ကြားကလေးမှာ ခရစ်ယာန်များသည် မြို့မှာ လွန်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သည်။ သို့ဖြစ်၍ ယေရုရှလင်မြို့ ဖျက်ဆီးချိန်တွင် ခရစ်ယာန်တစ်ဦးတစ်ယောက်မျှ သေကြေပျက်စီးခဲ့ခြင်း ရှိသည်ကို မှတ်တမ်းများတွင် မတွေ့ရှိရပါ။

        သခင်ယေရှုသည် သူရဲ့ တပည်တော်များကို သူသေပြီးသည်နောက်ဥပုသ်နေ့အား ဆက်လက်စောင့်ထိန်းဖို့အတွက် ရှင်းလင်းပြတ်သားစွာကြားခဲ့သည်။ ယေရှုရှလင်မြို့သည် အေဒီ (၇ဝ) ခုနှစ်တွင် ဖျက်ဆီးခြင်းခံရသည်။ ဒီအချိန်မှာ သခင်ယေရှု ကောင်းကင်ဘုံသို့ ကြွမြန်းပြီး ဖြစ်ပါသည်။အချို့လူများက ဒီအတောအတွင်း နေ့ရက်အချိန်အခါများ ပျောက်ဆုံးမှုများ မရှိခဲ့ဘူးလားဟူ၍ မေးကြသည်။ မည်သည့်နေ့ရက်သည် ဥပုသ်နေ့ဖြစ်ကြောင်း ကျွန်ုပ်တို့ ဘယ်လိုသိနိုင်မည်နည်း။ ယနေ့တစ်ပတ်ရဲ့ သတ္တမနေ့သည် ကျမ်းစာတော်အချိန်သတ္တမနေ့ အတိုင်းပဲ ဖြစ်ပါသလား။ ပြက္ခဒိန်နေ့ရက်များ ပြောင်းလဲမှု မရှိခဲ့ဘူးလား။ 

        နေ့ရက်များ ပြောင်းလဲမှု ရှိ၊ မရှိသိနိုင်ရန် နည်းလမ်းအနည်းဆုံး သုံးခုရှိပါ သည်။ ကျမ်းစာမှ သိရှိနိုင်သည်၊ ဘာသာစကားအားဖြင့် သိနိုင်သည်။ နက္ခတ်ပညတ်အားဖြင့် သိနိုင်သည်။ ဥပုသ်နေ့ကို ဖန်ဆင်းခြင်း အချိန်တွင် ဖော်ပြထားပါသည်။ တဖန် မောရှေကို ပညတ်တော်ဆယ်ပါးပေးသည့်အခါ တစ်ဖန် ပြန်လည်ဖော်ပြပါသည်။ အာဒံနှင့် မောရှေစပ်ကြား အချိန်ပျောက်ဆုံးမှု မရှိခဲ့ပါ။ အာဒံနှင့် မောရှေတို့သည် သတ္တမနေ့ဥပုသ်ကို စောင့်ထိန်းခဲ့သည်။ ဓမ္မဟောင်းအချိန် မောရှေမှ သခင်ယေရှုအထိ ဥပုသ်နေ့ကို စောင့်ထိန်းကြ၍ ထိုအတောအတွင်းအချိန်ပျောက်ဆုံးမှု မရှိပါ။ ကပ်တိုင်ပေါ် သခင်ယေရှု အသေသတ်ခြင်းခံရသည်မှ ယနေ့အထိ တစ်ပတ်ရဲ့ နေ့ရက်လည် ပတ်မှု မပြောင်းလဲခဲ့ပါ။

        ဤနေ့ရက်ဖြစ်စဉ်များကို သမ္မာကျမ်းစာမှ လေ့လာကြည့်ရအောင်၊သခင်ယေရှုသေဆုံးချိန်မှ စတင်ကြည့်ရအောင်။ ကျမ်းစာက ဤကဲ့သို့ဖော်ပြထားပါသည်။ “ထိုနေ့ကား အဖိတ်နေ့ ဖြစ်၍ ဥပုသ်နေ့ အချိန်နီးသတည်း။ ဂါလိလဲပြည်က ကိုယ်တော်နှင့် အတူလာသော မိန်းမများသည် သင်္ချိုင်းတော်ကိုလည်းကောင်း၊ အလောင်းတော်ကို အဘယ်သို့ ထားသည်ကို လည်းကောင်း၊ အကြည့်အရှု လိုက်လာကြ၏။ ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကို ပြင်ဆင်၍ ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲ နေကြ၏” (လုကာ၊ ၁၃:၅၄၊ ၅၅)။ သခင်ယေရှုကပ်တိုင်တင်ခြင်းနှင့် စပ်ဆိုင်သော ရက်သုံးရက်ကို သေချာစွာ လေ့လာကြစို့။ အဖိတ်နေ့သခင်ခရစ်တော် သေဆုံးသောနေ့ရက်ကို “Good Friday” အဖြစ်ကျင်းပကြသည်။ ဒီရက်ပြီးလျှင် သတ္တမနေ့ဥပုသ် ရောက်လာပါသည်။ ဥပုသ်နေ့တွင် ခရစ်တော်၏ အနီးစပ်ဆုံး နောက်လိုက်များ ပညတ်တော်လာသည့်အတိုင်း နားနေကြသည်။ ဘုရားသခင်၏ မွန်မြတ်သော သားတော်ယေရှုခရစ်တော်သည်လည်း သင်္ချိုင်းဂူတွင် ဥပုသ်နေ့၌ နားနေသည်။

        သခင်ယေရှုသည် ခုနစ်ရက်တစ်ပတ်တွင် ပထမနေ့ရက်တွင် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်။ ထိုနေ့ရက်ကို သန်းပေါင်းများစွာသောခရစ်ယာန်များက “Easter Sunday” အဖြစ်စောင့်ထိန်းကြသည်။ သတ္တမနေ့ဥပုသ်၏ အသွင်လက္ခဏာမှာ ရှင်းနေပါသည်။ ထိုနေ့ရက်သည် သခင်ယေရှုသေသောနေ့၊ သောကြာနေ့ နှင့် သခင်ယေရှု ထမြောက်သောနေ့၊တနင်္ဂနွေနေ့ နှစ်ခု၏ စပ်ကြားစနေ့နေ့ပင် ဖြစ်ပါသည်။ စနေ့နေ့သည်ကျမ်းစာတော်ဥပုသ်နေ့ဖြစ်ကြောင်း တွေ့ရှိခြင်းမှာ အံ့အားသင့်စရာ ဖြစ်ချင်ဖြစ်မည်။

        ဓမ္မသစ်ကျမ်းတွင် တစ်ပတ်၏ ပထမနေ့၊ တနင်္ဂနွေနှင့်ပတ်သက်၍ ကျမ်းပိုဒ်ရှစ်ခုရှိပါသည်။ ထိုကျမ်းပိုဒ်အားလုံးတို့သည် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဝတ်ပြုကိုးကွယ်ရမည်အကြောင်း ဖော်ပြမှု

မရှိခဲ့ပါ။ ရှင်ပြန်ထမြောက်ခြင်းနှင့် ပတ်သက်၍ သခင်ခရစ်တော်က ကျွန်ုပ်တို့ကို အထိမ်းအမှတ်ပေးခဲ့သည်။ ရှင်ပြန်ထမြောက်ခြင်းကို မည်ကဲ့သို့ ဂုဏ်ပြုရမည်နည်း။ ကျမ်းစာတော်မြတ်ကပဲ ကိုယ်တိုင်ပြောပြပါစေ။ “ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည် နည်းတူ၊ ငါတို့သည်လည်း အသစ်သော အသက်၌ကျင်လည် ရကြသတည်း”(ရောမ ၆း၃၊ ၄)။

        ဗတ္တိဇံပြုခြင်းသည် ဓမ္မသစ်ကျမ်း၏ ရှင်ပြန်ထမြောက်မှု အထိမ်းအမှတ်ဖြစ်သည်။ အသစ်သော၏ယုံကြည်သူများ ရေသင်္ချိုင်းကို လုံးလုံးနစ်ဝင်ခြင်းသည် အသစ်တာအဟောင်း၏ သေခြင်းကို ဖော်ညွှန်းပြီး ရေမှပြန်ထွက်လာခြင်းသည် သခင်ယေရှု၏ ဘဝသစ်အဖြစ်ပြန်လည်ရှင်ပြန်ထမြောက်ခြင်းကို သက်သေအထိမ်းအမှတ် ဖြစ်သည်။သခင်ယေရှု သင်္ချိုင်းဝင်ပြီး တစ်ဖန်ပြန်လည် ရှင်သန်ထမြောက်လာသလို ဗတ္တိဇံရေနှစ်ခြင်းခံယူခြင်းသည်လည်း ပြန်လည်အသစ်တစ်ဖန် မွေးဖွားလာသည့် ခရစ်ယာန်များအတွက် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသက်တာအသစ် ပေးအပ်ခြင်းခံရသည့် အထိမ်းအမှတ်ဖြစ်ပါသည်။ ဗတ္တိဇံခံယူခြင်းသည် တနင်္ဂနွေနေ့ကို ဝတ်ပြုကိုးကွယ်ခြင်း အထိမ်းအမှတ်မဟုတ်ဘဲ ပြန်လည်ရှင်ပြန်ထမြောက်မှု အထိမ်းအမှတ် ဖြစ်ပါသည်။သမ္မာကျမ်းစာကပြောသည် “ဥပုသ်နေ့ကို အောက်မေ့လော့” ဥပုသ်နေ့ကို စောင့်ထိန်းခြင်းအားဖြင့် ကိုယ်တော်ရှင်အား ဖန်ဆင်းရှင်အဖြစ်အသိအမှတ်ပြု ဂုဏ်ပြုခြင်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဘာသာစကားများ အနက် ဘာသာပေါင်း ၁၄၀ ကျော်တို့တွင် တစ်ပတ်၏ သတ္တမနေ့ကို ဥပုသ် “Sabbath”ဟုခေါ်ဝေါ်ကြသည်။ 

        ရုရှားဘာသာစကား၊ ယူကရိန်းဘာသာစကားနှင့် ဘူဂေးရီးယားဘာသာစကားတွင် သတ္တမနေ့ကို “စာဘိုးတာ- SABBOTA” ဟုခေါ်ဝေါ်ပါသည်။ အာရာဘီစကားတွင် “အာစဘတ် As SABAT” ဟုခေါ်ဝေါ်ပါသည်။ ဟေဗြဲဘာသာတွင် “ရှာဘတ် SHABBAT” လို့ ခေါ်ပါသည်။ ကမ္ဘာ့ဘာသာစကားများသည် သတ္တမနေ့ ဖြစ်သော စနေနေ့ကို အင်္ဂလိပ်ဘာသာစကား SABBATH ဥပုသ်နေ့ဖြစ်ကြောင်းကို ရှင်းလင်းစွာ ဖော်ပြပါသည်။ ယုံကြည်စိတ်ချရသော အဖွဲ့အစည်းများဖြစ်သည့် အင်္ဂလိန်နိုင်ငံ၊ ဂရင်းနစ်ရှ်မြို့ရှိ (The Royal Greenwich Observatory) နှင့် အမေရိကန်နိုင်ငံရှိ (Naval Observatory)တို့သည် တစ်ပတ်၏ လည်ပတ်မှုမှာ တစ်ကြိမ်တစ်ခါမျှ ပြောင်းလဲခဲ့ခြင်း မရှိကြောင်းဆိုပါသည်။ ကမ္ဘာ့သမိုင်းတွင် AD, 1582 ခုနှစ်၌ Pope Gregory XI သည် ပြက္ခဒိန်နေ့ရက်များနှင့် ရာသီချိန် ကွဲလွဲမှုကြောင့် နေ့ရက်ညှိနှိုင်းမှု ပြုလုပ်ခဲ့ပါသည်။

        သူသည် ၁၅၈၂ ခု၊ အောက်တိုလာလ ၄ရက်၊ ကြာသပတေးနေ့ကိုနောက်လာသည့် သောကြာနေ့အား ၁၅၈၂ ခု၊ အောက်တိုဘာလ ၁၅ရက်၊သောကြာနေ့ အဖြစ်မှတ်ယူကြရန် မင်းအမိန့်ထုတ်ပြန်ခဲ့သည်။

        သို့ရာတွင် မှတ်သားရန်အချက်မှာ ဤပြောင်းလဲမှုသည်တစ်ပတ်၏ နေ့ရက်လည်ပတ်မှုကို မထိခိုက်ပါ။ သောကြာနေ့သည် ကြာသပတေးနေ့နောက်မှလာသည်။ စနေနေ့သည်လည်း သောကြာနေ့ပြီးမှလာသည်။တနင်္ဂနွေမှာ တစ်ပတ်၏ ပထမနေ့ရက်ပင်ဖြစ်သေးသည်။ ၁၉၇၆ ခုနှစ်တွင် ကျွန်တော်က Royal Greenwich Observatory ရှိ Astronomer Royal သို့ မပြောင်းလဲသည့် တစ်ပတ်ရက်လည်ပတ်မှု နှင့်ပတ်သက်၍ စာရေးမေးမြန်းခဲ့ပါသည်။ ကျွန်ုပ်အနေဖြင့် နေ့ရက်ပြောင်းလဲမှု မရှိကြောင်းကို သေချာအောင် အထောက်အထား သိလိုခြင်းဖြစ်ပါသည်။ အောက်ပါတို့မှာ ကျွန်တော်ရေးသောစာနှင့် ရရှိခဲ့သည့် ပြန်စာဖြစ်ပါသည်။ ပြန်စာနှင့်ပါဝင်သည် အချက်အလက်များကို သေချာစွာ သတိပြုပါ။ 

လူကြီးမင်းခင်ဗျား၊ 

        ကျွန်တော်သည် လက်ရှိမှာ မပြတ်တောက်ခဲ့သည့် အပတ်စဉ်ရက်လည်ပတ်မှုနှင့် စပ်လျဉ်းသည့် သုတေသနပြုလုပ်နေပါသည်။ ဥရောပနက္ခတ်ဗေဒ ပညာရှင်အများ အပြားသည်အပတ်စဉ်ရက်လည်ပတ်မှုများ ရှေးခေတ်မှ ယနေ့ အထိပြတ်တောက်မှု မရှိဘဲ ဆင်းသက်လာခဲ့ကြောင်း ပြောပါသည်။ တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ယနေ့သတ္တမနေ့သည် ကျမ်းစာခေတ်အခါက သတ္တမနေ့နှင့် ထပ်တူထပ်မျှ ဖြစ်ကြောင်း ဆိုလိုပါသည်။ ကျွန်တော်မေးလိုသည့် အချက်မှာ သုံးခုရှိပါသည်။

၁။ သင်၏လေ့လာချက်အရ ရှေးပဝေသဏီမှ ယခုအချိန်အထိ မပြတ်တောက်သည့် အပတ်စဉ်ရက်လည်ပတ်မှုနှင့် ပတ်သက်သောတွေ့ရှိချက်ဘာတွေရှိပါသလဲ။

၂။ လွန်ခဲ့သည့် ရာစုနှစ်များအတွင်း ပြက္ခဒိန်ပြင်ဆင်မှုနှင့် ပတ်သက်၍ အပတ်စဉ်ရက်လည်ပတ်မှုကို ထိခိုက်ပါသလား။ ( Julian မှ Gregorian သို့၊ စသည်များ)

၃။ ယနေ့အချိန်စနေနေ့သည် ကျမ်းစာခေတ်က ကပ်တိုင်တင်ခြင်း မှတ်တမ်းမှ စနေနေ့နှင့် တိုက်ရိုက်ဆင်းသက်လာသည့် အပတ်စဉ် ရက်လည်ပတ်မှုနှင့် မပြတ်တောက်ဘဲ ထပ်တူထပ်မျှဖြစ်ပါသလား။

        အချိန်ယူပြီး ကျွန်တော့်မေးခွန်းများဖြေကြားဖို့ ကျေးဇူးအများကြီး တင်ပါသည်။ ဆောလျင်စွာအဖြေမျှော်ရင်း ကျေးဇူးတင်လျက်။ စိတ်ရင်းမှန်စွာဖြင့် မာ့ဒ်ဖင်း နလီ။


        R.H. Tucker, Information Officer, Royal Greenwich Observatory 1974 မှ ပြန်စာ။

လူကြီးမင်းခင်ဗျား၊

        (Astronomer Royal at Greenwich) သို့ ရေးသောစာကို ကျွန်ုပ်တို့ဆီရောက်လာပြီး ညွှန်ကြားရေးမှူးက ကျွန်ုပ်အား ပြန်လည်ဖြေကြားရန် ပြောပါသည်။ အပတ်စဉ်ရက်လည်ပတ်မှု အဆက်မပြတ်မှုသည် ဂျူးလူမျိုးတို့ရဲ့ ဘာသာစတင်ခြင်း အစောဆုံးအချိန်မှ ယနေ့တိုင်ပြတ်တောက်မှု မရှိဘဲဆက်လက်တည်မြဲနေပါသည်။ နက္ခတ်ပညာရှင်သည် ပြက္ခဒိန်အချိန်နှင့်ခုနှစ်သက္ကရာဇ် တိကျမှုကို ဆုံးဖြတ်ပေးဖို့တော့ ဝန်လေးချင်ဝန်လေးနိုင်မည်။ သို့ရာတွင် တစ်ပတ်၏ သတ်မှတ်ချက်မှာ မြို့ပြရေးရာ၊ လူမှုအဖွဲ့အစည်းရေးရာနှင့်ဘာသာရေးရာ အပတ်စဉ်လည်ပတ်မှုဖြစ်နေ၍ သက္ကရာဇ်ပြင်ဆင်မှုကြောင့် အပတ်စဉ်ကို ထိခိုက်နိုင်မည် မဟုတ်ပါ။ တစ်ပတ်လျှင် ခုနစ်ရက်လည်ပတ်မှုကို ပြင်ဆင်နှောင့်ယှက်ရန် ကြိုးပမ်းမှုအားလုံးတို့သည် ဂျူးလူမျိုးအာဏာပိုင်များမှ အပြင်းအထန်ကန့်ကွက်မှုနှင့် ရင်ဆိုင်ခဲ့ရပါသည်။ သို့ဖြစ်၍ အပတ်စဉ် ခုနစ်ရက်လည်ပတ်မှုကို နှောင့်ယှက်ထိခိုက်မှု မရှိကြောင်း ပြောနိုင်ပါသည်။ Julian ပြက္ခဒိန်မှ GERGORION ပြက္ခဒိန်သို့ (1582-1927) ကူးပြောင်းခြင်း သည် ရက်လည် ပတ်မှုမထိခိုက်အောင် ပြုလုပ်ပါသည်။ သစ္စာရှိစွာဖြင့်၊

R.H. Tucker

Information Officer

        သင်သည် သံသယရှိအုံးမည်ဆိုလျှင် “Webster's International Dictionary” အဘိဓာန်ကို လေ့လာကြည့်ပါ။ သင်ဖတ်ရှုရမည်မှာ “စနေနေ့သည် တစ်ပတ်၏ သတ္တမနေ့ဖြစ်သည် ဟူ၍ တွေ့ရပါမည်။ အာဒံသည် ဥပုသ်နေ့ကို စောင့်ထိန်းသည်၊ မောရှေသည် ဥပုသ်နေ့ကို စောင့်ထိန်းသည်၊ ဟေရှာယ ဥပုသ်နေ့ကို စောင့်ထိန်းသည်။ ယေရမိ ဥပုသ်နေ့ကို စောင့်ထိန်းသည်။ ယေရှုသည် ဥပုသ်နေ့ကို စောင့်ထိန်းသည်။ ပေတရု၊ယာကုပ်၊ ယောဟန်နှင့် ပေါလုတို့သည် ဥပုသ်နေ့ကို စောင့်ထိန်းကြသည်။ ဓမ္မသစ်ကျမ်းသည် ဥပုသ်နေ့ကို စောင့်ထိန်းရန် တပည့်တော်များအတွက် ရှင်းလင်းစွာ ဖေါ်ပြပေးနေပါသည်။

        “ထိုနောက်၊ အံဖိပေါလိမြို့၊ အာပေါလောန်မြို့ ကို လျှောက်သွား၍ သက်သာလောနိတ်မြို့သို့ ရောက်ကြ၏။ ထိုမြို့မှာ ယုဒတရားဇရပ်ရှိ၏။ ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုဇရပ်သို့ ဝင်၍၊ ဥပုသ်နေ့ သုံးရက်တိုင် ကျမ်းစာကိုအမှီပြု၍ ထိုသူတို့နှင့် ဆွေးနွေးနှီးရောသဖြင့်” (တမန်တော်၊ ၁၇း၁၊၂)။

        ခရစ်တော်အကြောင်း ရှင်ပေါလုဟောပြောသည်။ ထိုနေ့သည်ဥပုသ်နေ့ ဖြစ်သည်။ ထူးခြား၍ စိတ်ဝင်စားစရာကောင်းသည်။ ယုဒလူမျိုးမဟုတ်သည့် အခြားလူမျိုးတို့သည်လည်း ဥပုသ်နေ့ အစည်းအဝေးသို့တက်ရောက်ကြပါသည်။ ရှင်လုကာသည် (တမန်တော်၊ ၁၃း၄၂) တွင်မှတ်တမ်းတင်ခဲ့သည်မှာ “လူများတို့သည် တရားဇရပ်မှ ထွက်သွားကြစဉ်၊ထိုအကြောင်းအရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။” တမန်တော်ရှင်ပေါလုသည် နောက် တစ်ရက် ပထမနေ့ဖြစ်သော တနင်္ဂနွေနေ့ကို စောင့်ထိန်းရန် အားမပေးခဲ့ကြောင်း ကျမ်းစာတော်မှ ပြောပြသည်။ “နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နားထောင်အံ့သောငှာ၊ တစ်မြို့လုံးကုန်မတတ် စည်းဝေးကြ၏” (တမန်တော်၊ ၁၃း၄၄)။

        တစ်မြို့လုံး လာရောက်ကြပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြ၊ သင်၏ မြို့၌ လူအားလုံးတို့သည် ဖန်ဆင်းရှင်အား ဥပုသ်နေ့တိုင်း လာရောက်ဝတ်ပြုကြလျှင် ဘယ်သို့ဖြစ်မည်နည်း။ ဥပုသ်နေ့သည်လူမျိုးအားလုံးတို့ကြား တစ်လုံးတစ်ဝတည်း ပေါင်းစည်းညီညွတ်တည်း ရှိကြသည်ကို ဖေါ်ပြပါသည်။ သခင်ခရစ်တော် အားဖြင့် လူမျိုးတိုင်းသည်လူသားများ တစ်ခုတည်းဖန်ဆင်းမှု ပြုခဲ့သည်။ သို့ဖြစ်၍ ဥပုသ်နေ့တွင်ကျွန်ုပ်တို့ တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းကို ချီးမွမ်းကြသည်။ 

        ဥပုသ်နေ့တွင် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရန် လာသည့်အခါ ကျွန်ုပ်တို့ကို သူသည် လူသားတစ်ခုတည်းအဖြစ် ပေါင်းစည်းပေးခဲ့သည်။ တပည့်တော်များသည် လူအုပ်ကြီးရှိပါက ဥပုသ်ကို အများနှင့်အတူစောင့်ထိန်းကြသည်။ ယုံကြည်သူအမြောက်မြားရှိသည့်အခါ ဥပုသ်နေ့ကိုအုပ်စုကလေးနှင့်အတူ ပုဂ္ဂလိက စောင့်ထိန်းကြသည်။

        “ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ ထွက်လျှင်၊ ပတ္ထနာဇရပ်ရှိတတ်ရာ မြစ်နားသို့ သွား၍ ထိုင်ပြီးမှ ၊ ထိုအရပ်၌ စည်းဝေးသော မိန်းမတို့အားဟောပြောကြ၏ (တမန်တော်၊ ၁၆း၁၃)။

        ဤမြို့မှာ ဥပုသ်နေ့စောင့်ထိန်းသည့် အုပ်စုသော်လည်းကောင်း၊ ဓမ္မဇရပ်သော်လည်းကောင်း၊ မရှိသည့်အတွက် တမန်တော် ရှင်ပေါလုသည် ဆိတ်ငြိမ်စွာစီးဆင်းနေသည့် မြစ်ချောင်းနံဘေးတွင် ယုံကြည်သူတစ်စုကလေးနှင့် ဥပုသ်နေ့ကို စောင့်ထိန်းခဲ့သည်။ ဓမ္မသစ်ကျမ်း အထောက်အထားများက ရှင်းနေပါသည်။ သခင်ခရစ်တော်သည် သူ၏ တပည့်တော်များကို မှာကြားခဲ့သည်မှာ ကပ်တိုင်နောက်ပိုင်းတွင် ဥပုသ်နေ့ ကို ဆက်လက်စောင့်ထိန်းသွားရပါမည်။ ပေတရုနှင့် ပေါလုတို့သည် ဥပုသ်နေ့ကို စောင့်ထိန်းခဲ့သည်။ ဗျာဒိတ်ကျမ်းသည် ကျွန်ုပ်တို့အား ဖန်ဆင်းရှင်ကို ပြန်လည်ဝတ်ပြုကိုးကွယ်ရန် ဥပုသ်နေ့တိုင်းတွင် ခေါ်ယူနေပါသည်။

        ကမ္ဘာ့သမိုင်း၏ နောက်ဆုံးအချိန်ကာလတွင် ယေရှုခရစ်တော်ရဲ့ဗျာဒိတ်သည် မှန်ကန်သည့် ဝတ်ပြုကိုးကွယ်မှုကို ပြန်လည်ခေါ်ယူနေပါသည်။ ခရစ်ယာန်ခပ်များများသည် ဗျာဒိတ်၊ ၁း၁၀ တွင် ဖေါ်ပြခဲ့သည့် “သခင်ဘုရားနေ့ရက်” နှင့် ပတ်သက်၍ နားလည်မှု ရှုပ်ထွေးကြသည်။ တမန်တော်ယောဟန်က ကြေညာပြောဆိုခဲ့သည်မှာ “သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကို ခံရ၍” သခင်ဘုရား၏နေ့ဆိုသည်မှာ အဘယ်နည်း။ သခင်ဘုရား၏ နေ့နှင့်ကျမ်းစာတော် ဥပုသ်နေ့နှင့်ကွာခြားမှု ရှိပါသလား။ ဒီရက်နှစ်ရက်တို့သည် တစ်ရက်က ဓမ္မဟောင်းအတွက်ဖြစ်ပြီး၊ အခြားတစ်ရက်က ဓမ္မသစ်အချိန်အတွက် ဖြစ်နေပါသလား။ သို့တည်းမဟုတ် ဒီရက်နှစ်ရက်သည် တစ်ရက်တည်းပင် ဖြစ်ပါသလား။

        ကျွန်ုပ်တို့သည် “သခင်ဘုရားနေ့” ကို ကိုယ်လိုရာဆွဲပြီး အဓိပ္ပါယ်လှည့်ချင်လှည့်ဖို့ ကြိုးစားမည်ဖြစ်သော်လည်း သခင်ယေရှု ကိုယ်တိုင်ကဤသို့ဆိုသည်။ 

“လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မှု၏” (မဿဲ၊ ၁၂း၈)။ 

“သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မှု၏” (မာကု၊၂း၂၈)။ 

“ထိုမှတစ်ပါး လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မှု၏” (လုကာ၊ ၆း၅)။

        သင်သည် သမ္မာကျမ်းစာတွင် ဤအချက်နှင့်ပတ်သက်၍ သုံးကြိမ်တိုင်တိုင် ဖေါ်ပြနေရသည့်အကြောင်း မည်သို့ထင်ပါသနည်း။ အကြောင်းကတော့ တစ်ခုပဲဖြစ်နိုင်သည်။ ဤအချက်သည် အထူးပင် အရေးကြီးသည့်အတွက်ကြောင့် ဖြစ်ပါသည်။ လူသားသည် ဥပုသ်နေ့ကို အစိုးရမှုရှိလျှင် ဥပုသ်နေ့သည် သခင်ဘုရားနေ့ပင် ဖြစ်ရပါမည်။ ကမ္ဘာဦးကျမ်းမှာ ဖေါ်ပြခဲ့သည့် ဥပုသ်နေ့သည် ဖန်ဆင်းရှင်သခင်ဘုရား၏ ဗျာဒိတ်နေ့ပင် ဖြစ်ပါသည်။

        ဗျာဒိတ်ကျမ်းမှာ ဖေါ်ပြခဲ့သည့် ဖန်ဆင်းရှင်သည် ကမ္ဘာဦးကျမ်းမှာဖေါ်ပြခဲ့သည့် ဖန်ဆင်းရှင်နှင့်တစ်ဦးတစ်ယောက်တည်းပင် ဖြစ်ပါသည်။ပထမဦးဆုံး ကမ္ဘာပေါ် ရှိ လူသားတို့အားပြောခဲ့သည့် “ဥပုသ်နေ့ကို ငါကောင်းချီးမင်္ဂလာပေးပြီး၊ သန့်ရှင်းအောင်ပြုခဲ့၍ နားနေပါသည်။” ဤစကားသည်လည်း လူသားများကို ဖန်ဆင်းရှင်အား ပြန်လည်ဝတ်ပြုကိုးကွယ်ဖို့ နောက်ဆုံးအချိန်ကာလတွင် ထပ်မံခေါ်ယူနေပါသည်။ သူသည် မပြောင်းလဲပါ။ နောက်ဆုံးအချိန်ကာတွင် ဘုရားသခင်၏ လူသားတို့ကို ဗျာဒိတ်ကျမ်းမှ ဤသို့ ဖေါ်ပြထားပါသည်။ “ဘုရားသခင်၏ ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤရာ၌ သည်းခံစရာအကြောင်းရှိ၏” (ဗျာဒိတ်၊ ၁၄း၁၂)။

        ဘုရားသခင်၏ လူအပေါင်းသည် မကြာမီကြွလာတော်မှုခြင်းကိုစောင့်ဆိုင်းရင်း သူ၏ ပညတ်တော်ကို သတ္တမနေ့ ဥပုသ်အပါအဝင်စောင့်ထိန်းသွားမည် ဖြစ်ပါသည်။ ဥပုသ်နေ့သည် နောက်ဆုံးအချိန်ကာလအတွက် မှန်ကန်သည့် ဝတ်ပြုအထိန်းအမှတ်ဖြစ်မည်။ ဥပုသ်နေ့သည် မှန်ကန်သည့် ဝတ်ပြုကိုးကွယ်မှု၏ အထိမ်းအမှတ်အဖြစ် ထာဝရစဉ် တည်မြဲသွားပါမည်။ ထာဝရကာလပတ်လုံးကျွန်ုပ်တို့သည် အရှင်သခင် အားလုံးစုံ တန်ခိုးကြီးမြတ်သည့် ချစ်မြတ်နိုးရသော ဖန်ဆင်းရှင်အဖြစ် ဝတ်ပြုကိုး ကွယ်သွားပါမည်။ 

        “ငါဖန်ဆင်းသော ကောင်းကင်သစ် မြေကြီးသစ်သည် ငါ့ရှေ့၌ တည်သကဲ့ သို့ သင်တို့၏ အမျိုးအနွယ်နှင့် သင်တို့၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မှု၏။ လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှာ၊ လဆန်းနေ့နှင့် ဥပုသ်နေ့ အစဉ်အတိုင်း လာကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏” (ဟေရှာယ၊ ၆၆း၂၂၊၂၃)။ 

        ကမ္ဘာအရပ်ရပ်မှလာကြပြီး လူသားတစ်ခုတည်းအဖြစ် မိသားစုတစ်ခုတည်းမှ  ညီရင်းအစ်ကို၊ ညီအစ်မများအဖြစ် ကိုယ်တော်ရှင်အား ချီးမွမ်းထောမနာပြုခြင်း၊ ဂုဏ်ကျက်သရေနှင့် ပြည့်စုံခြင်းသို့ ရောက်ရှိသွားမည်။ကျွန်ုပ်တို့အတွက် အသေခံတော်မှုသော သခင်ခရစ်တော်အား ချီးမွမ်းထောမနာပြုသွားမည်။ ကျွန်ုပ်တို့ ပေါင်းစည်းပြီး ဖခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်ကို ချီးမွမ်းသွားပါမည်။

        သင်အခု စဉ်းစားလျှင် စဉ်းစားနေမည်။ ဤအရာများ ကျွန်ုပ်အတွက်အသစ်အဆန်း ဖြစ်နေပါသလား။ သို့ရာတွင် သင်၌ ဆန္ဒတစ်ခုပဲ ရှိနေပါမည်။ ထိုဆန္ဒသည် ယေရှုသခင်၏ နောက်သို့လိုက်ပြီး သူ့ဆန္ဒကို လိုက်လျောဖို့ ဖြစ်ပါသည်။ ဘုရားသခင်သည် ပညတ်တော်ဆယ်ပါးကို သူ၏ လက်တော်ဖြင့် ကျောက်ပြားပေါ် ရေးသည့်အခါ ပညတ်တော် တစ်ပါးတည်း၌သာ “အောက်မေ့ပါ” ဆိုသည့် စကားလုံးပါရှိခဲ့သည်။ သို့ဖြစ်၍ ဘုရားသခင်မိန့်မှာချက်များကို မေ့လျော့ခဲ့ပါက ဥပုသ်နေ့၏ ကြီးမားသော ကောင်းချီးမင်္ဂလာနှင့် လွဲသွေ့သွားမည် ဖြစ်ပါသည်။ ဥပုသ်နေ့၏ ငြိမ်းချမ်းမှု၊ ငြိမ်သက်နားနေမှုနှင့် ပျော်ရွှင်ချမ်းမြေ့မှုတို့နှင့် သွေဖယ်သွားမည် ဖြစ်သည်။ 

        ကျမ်းစာတော်မြတ်တစ်ခုလုံးတွင် ဥပုသ်နေ့ ပညတ်တော်၏ မိန့်မှာချက်သည် ရှင်းလင်းပြတ်သားသည်။ ဥပုသ်နေ့သည် ဘုရားသခင်နှင့် သူ့လူစပ်ကြား နိမိတ်လက္ခဏာ အဆက်အသွယ်ဖြစ်သည်။ ဓမ္မဟောင်းကျမ်း အချိန်ရှိ ယုံကြည်သူများသည် ဥပုသ်နေ့ကို စောင့်ထိန်းသည်။ ပေတရု၊ ယာကုပ်၊ ယောဟန်တို့သည် ဥပုသ်နေ့ကို စောင့်ထိန်းသည်။ ရှင်ပေါလုသည် မြို့တစ်ခုလုံးကို ဥပုသ်နေ့ စောင့်ထိန်းရန် သွန်သင်ပေးခဲ့သည်။ ဓမ္မသစ်ကျမ်းအချိန်ရှိ ယုံကြည်သူအားလုံးတို့သည် ဥပုသ်နေ့ကို စောင့်ထိန်းသည်။

        သခင်ယေရှုကိုယ်တော်တိုင် ဖခမည်းတော်ကို ဥပုသ်နေ့တိုင်း ဝတ်ပြုကိုးကွယ်ခဲ့သည်။ ယေရှုက “ငါ့ကို ချစ်လျှင် ငါ့ပညတ်ကို စောင့်ထိန်းပါ” ဟုပြောခဲ့သည်။ ဥပုသ်နေ့၏ ထူးခြားလှပမှုကို သိရှိလာသည့်အခါသခင်ခရစ်တော်ကို နှလုံးကွဲလုမတတ် ချစ်မြတ်နိုးရပါသည်။ ကျွန်ုပ်တို့ဘဝအနက်ဆုံးမှ သူ့နောက် လိုက်လျှောက်မည်ဟု အော်ပြောနေပါသည်။သခင်ယေရှု အများယူဆသည်များ၊ အများက သွန်သင်ပြောပြသည်များနှင့် မည်သို့ ခြားနားသည် ဖြစ်စေ၊ ကျွန်ုပ်သည် ကျမ်းစာမှာရှိသည့် အမှန်တရားကိုသာ လိုလားပါသည်။ ကျွန်ုပ်၏ နှလုံးသားသည် အရာတစ်ခုတည်းကိုသာ လိုလားပါသည်။ ထိုအရာကား သခင်ယေရှုပင် ဖြစ်ပါသည်။

        ယခုအချိန်မှာ သင်၏ဦးခေါင်းကို ညွှတ်ပြီး “သခင်ယေရှု ကျွန်ုပ်ကိုသင်၏ အမှန်တရားကို သွင်သင်ပါ။ ကျွန်ုပ်အား မည်သည့် အရပ်သို့ခေါ်ခေါ် ကျွန်ုပ်လိုက်လျှောက်မည်။”

        သင်ဤသို့ပြောလိုပါသလား။ “သခင်ယေရှု အခြားသူများကို မည်သို့ပင် သွန်သင်ခဲ့ပေမယ့်၊ သခင်ယေရှု၏ နောက်သို့ လိုက်လျှောက်ပြီးကျွန်ုပ်၏ ဖန်ဆင်းရှင်နှင့် အရှင်သခင်အဖြစ် ဝတ်ပြုကိုးကွယ်လိုပါသည်။အပတ်စဉ်တွင်လည်း ဥပုသ်နေ့၏နားနေမှု ဆုကျေးဇူးကို ခံစားနိုင်လိုပါသည်။”

        ကျွန်ုပ်အတွက်မှာ ဘဝရဲ့ အရေးအကြီးဆုံးအရာသည် သခင်ယေရှုနောက်သို့ လိုက်လျှောက်ရန်ဖြစ်သည်။ သင်၏ ဆန္ဒမှာလည်း ဤကဲ့သို့ ဖြစ်ပါသလား။ သင်၏အပ်နှံမှုသည် ဤအတိုင်းပင် ဖြစ်ပါသလား။ သင်၏ဘဝတွင် သခင်ယေရှုသည် အရာရာတိုင်းထက် အရေးကြီးပါသလား။ သင့်အတွက် သခင်ယေရှုလမ်းပြ၍ သူ့အလိုတော် လိုက်လျှောက်နိုင်ဖို့ ဆုတောင်းပေးလိုပါသလား။

        သင့်ရဲ့နှလုံးသားကို ဖွင့်ပြီး အခုပင် သခင်ယေရှုအား “ဟုတ်ကဲ့၊သင့်အလိုတော်ကို လိုက်လျှောက်ပါမည်” ဟူ၍ ပြောဆိုသွားနိုင်မည်လား။


အခန်း (၄) သမိုင်းဝင်အကြီးမားဆုံးလိမ်လည် လှည့်စားမှု

        သင်သည် အရာရာတိုင်းက ထင်သလို မဟုတ်တော့ကြောင်း သတိပြုမိပါသလား။ ရာစုနှစ်ပေါင်းများစွာက သိပ္ပံဆရာများကကမ္ဘာမြေကြီးသည် စကြဝဠာ၏ ငြိမ်သက်ရပ်တည်နေသော အလယ်ဗဟိုဖြစ်ပြီး၊ အခြားသော အရာအားလုံးတို့သည် နေနှင့်ကြယ်အပါအဝင် ကမ္ဘာမြေကြီးကို လှည့်ပတ်သွားလာနေသည်ဟု ယုံကြည်ခဲ့ကြသည်။ လွတ်လွတ်လပ်လပ် တွေးခေါ်တတ်သော ပိုလန်သားကို ပါနီးကပ်စ် (COPERGNICUS) သည် ကမ္ဘာမြေကြီးသည်လည်း လှည့်ပတ်သွားလာနေပြီး နေကို လည်ပတ်နေကြောင်း တွက်ဆခဲ့သည်။ ဒီအတွေးအခေါ်ကို သူက ငြိမ်သက်စွာရှိသည့် ပင်လယ်ပြင်ပေါ်ရှိ သင်္ဘောသားတစ်ဦးက သူသည် ငြိမ်သက်စွာရှိပြီး သူ့နံဘေးပတ် လည် အရာအားလုံးတို့သည် လှုပ်ရှားနေကြောင်း ခံစားချက်မျိုးနှင့် တူကြောင်းကို နှိုင်းယှဉ်ပြသည်။

        ဤနည်းတူ ကမ္ဘာမြေကြီးကို လှည့်ပတ်နေသလို အမြင်အားဖြင့်ရှိသော်လည်း၊ အမှန်တကယ် ဖြစ်ချင်မှ ဖြစ်မယ်။ သင် အရာတစ်ခုခုကို ယုံကြည်သည့်အတွက် ထိုအရာ မှန်ချင်မှမှန်မည်။ အခြားသူများ အားလုံးက ဟုတ်မှန်ကြောင်း ယုံကြည်သည့်အတွက် ဟုတ်မှန်ရမည် ဆိုတာလည်း ဖြစ်ချင်မှ ဖြစ်မည်။ ပင့်ကူအကြောင်း စဉ်းစား ကြည့်ပါ။ (Aristotle) က ပင့်ကူကို အင်းဆက် (Insect) အဖြစ် သတ်မှတ်ခဲ့သည်။ အင်းဆက်မျိုးသည် ခြေခြောက်ချောင်းရှိပါသည်။ 

        သို့ဖြစ်၍ ရာစုနှစ်ပေါင်းများစွာ အထင်ကရ အာရီစတော်တယ်လ်၏ သတ်မှတ်ချက်ကို မည်သူမျှ စောဒကမတက်ကြပါ။ ဆက်လက်ပြီး ပင့်ကူကို အင်းဆက်အဖြစ် ယူဆကြပြီး၊ ခြေခြောက်ချောင်းရှိမှာဘဲလို့ လက်ခံကြသည်။ သို့ရာတွင် Jean Baptiste Lamarck ဆိုသူက ပင့်ကူသည် arachnid အမျိုးအစား ခြေရှစ်ချောင်း ပိုးမွှား၊ ကင်းမြီးကောက်လို၊ မွှားတို့လို အမျိုးအစားထဲမှ ဖြစ်ကြောင်း သတ်မှတ်လိုက်သည်။ ရာစုနှစ်ပေါင်းများစွာ တစ်ခုခုကို ယုံကြည်ထားလို့မှန်ရမည်ဆိုသည့် သဘောထားမှာ ခရစ်ယာန်အသင်းတော်များ အတွင်းသို့ စိမ့်ဝင်သွားနေပြီလား။

        အမှန်တရားအစား မဟုတ်မမှန်သည်များကို မေးခွန်းထုတ်မှုမရှိဘဲသန်းပေါင်းများစွာသော လူတွေက လက်ခံနေပြီလား။ အသင်းတော်အများစုမှာ ဘုရားသခင်၏ပညတ်တော် တစ်ခုကို ဖယ်ထုတ်ပြီး လူသားများရဲ့ အစဉ်အလာ ဓလေ့ထုံးတမ်းဖြင့် အစားထိုးနေသည်ကို သင်ယုံနိုင်ပါမလား။ ဤဓလေ့ထုံးတမ်းမှာကြာမြင့်စွာ ရောက်ရှိလာခဲ့သဖြင့် လူသားများမှတစ်ဆင့် အစပြုခဲ့သော်လည်း အမှန်တရားအဖြစ် လက်ခံနေကြပါသလား။ ဤနည်းအားဖြင့် စာတန်မာရ်နတ်သည် နောက်ဆုံးအချိန်ကာလတွင် ဘုရားသခင်၏ လူများကို လိမ်လည်လှည့်ဖြားဖို့ ကြိုးစားနေပါသည်။

        ဗျာဒိတ်ကျမ်းသည် ခရစ်ယာန်အသင်းတော်များကို စာတန်မာရ်နတ်က လိမ်လည်လှည့်ဖြားဖို့ ကြိုးစားအားထုတ်သွားမည်အကြောင်းဟောကိန်းထုတ်ခဲ့ပါသည်။ ဗျာဒိတ်ကျမ်းတွင် ထူးဆန်းအံ့ဩဖို့ ကောင်းသည့် ဖေါ်ပြချက်ကို စဉ်းစားပါ။ “ထိုအခါ ဤလောက တစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏ တမန်တို့ကို လည်းကောင်း၊ မြေကြီးသို့ ချလိုက်သည်” (ဗျာဒိတ်၊ ၁၂း၉) ။ သူသည် နဂါးဖြစ်သည်။ ဧဝကို ဧဒင်ဥယျာဉ်၌ နဂါးက လှည့်ဖြားခဲ့သည်။ သူသည် လူသားတို့ကို ခေတ်အဆက်ဆက် လိမ်လည်လှည့်ဖြားခဲ့သည်။ 

        စာတန်၏ လိမ်လည်လှည့်ဖြားမှုသည် အလွန်ပင်ပါးနပ်ပြီး ကမ္ဘာတစ်ခုလုံး အပေါ် ဖိအားပေးလျက် ရှိပါသည်။ ကျမ်းစာက နဂါးအား “သူနှင့်အတူ သူ၏တမန်တို့ကို လည်းကောင်း၊ မြေကြီးသို့ ချလိုက်သည်” ဟူ၍ ဗျာဒိတ် ၁၂း၉ နောက်ဆုံးပိုင်းတွင် ဖေါ်ပြထားပါသည်။ စာတန်မာရ်နတ်သည် လိမ်လည်လှည့်ဖြားသူ ဖြစ်သည်။ သို့ဖြစ်၍ ဘာသာရေး အတုအယောင် ဖန်တီးဖို့ သူမပြုလုပ်နိုင်ဘူးလား။ အတုအယောင်ဆိုသည်မှာ အစစ်နှင့်တူနိုင်သမျှ တူအောင် ဖန်တီးထားရသည်။ ကမ္ဘာပေါ်ရှိ ငွေအတု ပြုလုပ်သူများသည် အမေရိကန်ဒေါ်လာ ၃ ဒေါ်လာတန်သော်လည်းကောင်း၊ ဒေါ်လာ၁၃ တန် သော်လည်းကောင်း မပြုလုပ်နိုင်ပါ။ ထိုနည်းတူ မြန်မာကျပ်ငွေ ၃၀၀ တန်သော် လည်းကောင်း၊ ၆ဝဝ တန်သော်လည်းကောင်း၊ မပြုလုပ်နိုင်ပါ။ ဘာကြောင့်နည်း။ အဖြေကတော့ ထိုငွေအမျိုးအစား အစစ်မရှိသည့်အတွက်ဖြစ်သည်။ စာတန်၏ မဟာ ဗျူဟာကတော့ မွန်မြတ်သော အမှန်တရားကို အတုအယောင် ဖန်တီးပြီး၊ အထူးသဖြင့် ဘုရားသခင်၏ ပညတ်တော်ကို တိုက်ခိုက်ဖို့ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မဟာလိမ်လည်လှည့်ဖြားသူ စာတန်သည် ဘုရားသခင်၏ ပညတ်တော်ကို တိုက်ခိုက်ဖို့ အဓိပ္ပါယ် ရှိသည်မဟုတ်လား။

        ဘုရားသခင်၏ ပညတ်တော်သည် ဘုရားသခင်၏ တန်ခိုးအာဏာကိုပုံဆောင်ပါသည်။ စာတန်သည် ဘုရားသခင်၏ ပညတ်တော်ကို ဖယ်ရှားနိုင်ပါက ဘုရားသခင်၏ တန်ခိုးအာဏာကို ဖယ်ရှားသွားနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ပညတ်တော်သည် သူ၏ အုပ်စိုးရေးအာဏာအုတ်မြစ် ဖြစ်ပါသည်။ ဘုရားသခင်၏ ပညတ်တော်သည် မည်သည့်အရာက အမှန်ဖြစ်ပြီး၊ မည်သည့်အရာက မှားသည်ကို အဓိပ္ပါယ်ဖေါ်ပြပါသည်။ သို့ဖြစ်၍ စာတန်သည် ဘုရားသခင်၏ လူများကို ပညတ်တော်နှင့် ပတ်သက်၍ လှည့်ဖြားနိုင်မည်ဆိုလျှင် ဘုရားသခင်၏ သလွန်တော် အုတ်မြစ်တစ်ခုလုံးကိုပါ အားနည်းစေနိုင်သည်။ ထိုသို့ဖြစ်လျှင် ဘုရားသခင်၏ တန်ခိုး၊ အာဏာနှင့် ယုံကြည်ထိုက်မှုကိုပါ အားနည်းစေနိုင်သည်။ သို့ရာတွင် ဘုရားသခင်၏ ပညတ်တော်၏ အလယ်ဗဟိုအချက်အချာတွင် ဥပုသ်နေ့က ရှိနေပါသည်။ သို့ဖြစ်၍ ဖန်ဆင်းရှင်ကို တိုက်ခိုက်ဖို့အတွက် ဖန်ဆင်းမှု အထိမ်းအမှတ်ဖြစ်သော ဥပုသ်နေ့ကို တိုက်ခိုက်သွားမည်ဆိုသည်မှာ ယုံကြည်ထိုက်သော အရာမဟုတ်ပါသလော။

        အခုသင်သည် ကျမ်းစာပါ ဥပုသ်နေ့ကို သတ္တမနေ့ (စနေနေ့) မှ ပထမနေ့ (တနင်္ဂနွေနေ့) သို့ မည်ကဲ့သို့ ပြောင်းလဲသွားသည်ကို စဉ်းစာမိနေပြီလား။ ဤအကြောင်းအရာနှင့် ပတ်သက်၍ ကျမ်းစာမှ ရှင်းရှင်းလင်းလင်းဖေါ်ပြခဲ့သည်ကို အဘယ်ကြောင့် လူခပ်များများက စိတ်ရှုပ်ထွေးနေရပါသလဲ။ မည်သူက ဥပုသ်နေ့ကို ပြောင်းလဲခဲ့သနည်း။ ဘာကြောင့် ပြောင်းလဲရသနည်း။ ဒီမေးခွန်းများအတွက် အဖြေကောင်းများရှိပါသည်။ အဖြေကတော့ ကျမ်းစာတော်မှ သော်လည်းကောင်း၊ ကမ္ဘာ့သမိုင်းမှ သော်လည်းကောင်း၊ အဖြေရှိနေပါသည်။

        တစ်ခုကတော့ သေချာနေပါသည်။ ဘုရားသခင်က ဥပုသ်နေ့ကို မပြောင်းလဲခဲ့ပါ။ ပုရောဖက် မာလခိက ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဤသို့ဆိုသည်။ “ငါထာဝရဘုရားဖြစ်၏။ ပြောင်းလဲခြင်းမရှိ” (မာလခိ ၃း၆)။

        ကမ္ဘာဦးကျမ်းကို ဖတ်ရှုသော လူအချို့သည် စိတ်သဘောထားရိုးဖြောင့်စစ်မှန်ပြီး၊ ဖန်ဆင်းခြင်းအကြောင်းတွင် ဥပုသ်နေ့ကို ဘုရားသခင်က သတ္တမနေ့အား ကောင်းချီးမင်္ဂလာပေးပြီး သန့်ရှင်းစေတော်မှုကြောင်းကို တွေ့ရှိခဲ့သည်။ ဘုရားသခင် သည် သတ္တမနေ့ ဥပုသ်တွင် နားနေကြောင်းကိုလည်း တွေ့ရှိခဲ့သည်။ သူတို့ ဖတ်ရှုခဲ့သည့် အကြောင်းအရာများမှာ ဥပုသ်နေ့ကို ဘုရားသခင်က အာဒံ လက်ထက်၊ ဂျူးလူမျိုး မပေါ်ပေါက်မီ နှစ်ပေါင်း ၂၃ဝဝ ကျော်ကတည်းက တည်ထောင်ပေးခဲ့ကြောင့် တွေ့ရှိခဲ့သည်။

        ဤအမှန်တရားကို ရှာဖွေနေသည့် ခရစ်ယာန်များသည် ဘုရားသခင်၏ လက်ညှိုးတော်ဖြင့် ရေးသားခဲ့သော ပညတ်တော်ဆယ်ပါးကို ဖတ်ရှုရင်း စတုတ္ထပညတ်တော်ကို ဤသို့ ဖတ်ရှုရသည်။ “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်ကိုကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏” (ထွက်မြောက်၊ ၂၀း၈-၁၀)။

        သူတို့ စိတ်ရှုပ်ထွေးနေပါသည်။ သူတို့ တက်ရောက်နေသည်။ ဘုရားကျောင်းမှာ တနင်္ဂနွေနေ့၌ ဥပုသ်စောင့်ကြသည်။ သူတို့ စိတ်ဇဝေဇဝါ ဖြစ်နေသည်။ ဥပုသ်နေ့ပညတ်အကြောင်း ရှင်းရှင်းလင်းလင်း ဖြစ်နေပါသည်။သူတို့သည် ယေဇကျေလ ၂၀း၁၂ တွင်လည်း “ငါ့နှင့်သူတို့ စပ်ကြားမှာ လက္ခဏာသက်သေ ဖြစ်စေခြင်းငှာ၊ ငါ၏ ဥပုသ်နေ့တို့ကို ငါခန့်ထား၍” ဖတ်ရှုရသည်။ သူတို့သည် ဥပုသ်နေ့မှာ ဘုရားသခင်နှင့် သူ၏ လူများစပ်ကြား သက်သေလက္ခဏာဖြစ်ကြောင်း တွေ့ရှိရသည်။

        ခေတ်အဆက်ဆက် ဘုရားသခင်၏ သက်သေလက္ခဏာဖြစ်ခဲ့ပါသည်။ ဤရိုးဖြောင့်စစ်မှန်သည့် ခရစ်ယာန်များသည် လုကာ၊ ၄း၁၆ တွင် သခင်ယေရှုက သူ၏ ထုံးစံတော်ရှိသည့်အတိုင်း ဥပုသ်နေ့၌ တရားစရပ်သို့ဝင်၍ ဥပုသ်နေ့ကို စောင့်ထိန်းသည်။

        မဿဲ၊ ၂၄း၂ဝ တွင် သခင်ခရစ်တော်က သူ၏ တပည့်တော်များ ကပ်တိုင် လွန်မြောက်ပြီးနောက် အနှစ်လေးဆယ် ဆက်လက်ပြီးစောင့်ထိန်းဦးမည့်အကြောင်း ဖေါ်ပြပါသည်။ တမန်တော်၊ ၁၃း၄၂-၄၄ တွင် တမန်တော်ရှင်ပေါလုက တစ်မြို့လုံးကုန်မတတ် ဥပုသ်နေ့ကို စောင့်ထိန်းဖို့ သွန်သင်ခဲ့ကြောင်းကို ဖတ်ရှုရပါသည်။

        ဗျာဒိတ် ၁း၁၀ တွင် ဘုရားသခင်၌ နေ့တစ်နေ့ရှိသည်။ လုကာ၊ ၆း၅ တွင် ဥပုသ်နေ့သည် ဘုရားသခင်၏ နေ့ဖြစ်သည်။ မာကု၊ ၂း၂၇၊၂၈ နှင့် မဿဲ၊ ၁၂း၈ တွင်လည်း ဤအကြောင်းအရာများကိုပင် ဖတ်ရှုရပါသည်။

        ဤခရစ်ယာန်များ မေးကြပါသည်။ “မည်သူက ဥပုသ်နေ့ကိုပြောင်းလဲလိုက်ပါသနည်း” ဘုရားသခင် မပြောင်းလဲခဲ့ကြောင်း မာလခိ၊ ၃း၆ တွင် သူတို့တွေ့ကြသည်။ ဘုရားသခင်က ပြောလိုက်သည် “ငါသည်ထာဝရဘုရားဖြစ်၏။ ပြောင်းလဲခြင်းမရှိ။ တဖန်သူတို့ ကျမ်းစာကို ကြည့်ပြီး သခင်ယေရှုက ဥပုသ်နေ့ကို မပြောင်းလဲခဲ့ကြောင်း တွေ့ရသည်။အဘယ်ကြောင့်ဆိုသော် “ယေရှုခရစ်သည် မနေ့ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲ နေတော်မှု၏” (ဟေဗြဲ၊ ၁၃း၈)။

        ယေရှုခရစ်၏ သွန်သင်မှုများသည် အချိန်အတိုင်းအတာအကန့်အသတ် မရှိပါ။ ယုံကြည်ချက်နှင့် စပ်ဆိုင်သည့် သွန်သင်ချက်များမှာ ထာဝရစဉ်တည်မြဲပါသည်။ သခင်ယေရှုသည် ဖခမည်းတော်၏ ပညတ်တရားနှင့်ပတ်သက်၍ နှောင့်ယှက်မည် မဟုတ်ပါ။ သူ၏ တပည့်တော်များကိုလည်း ပြောင်းလဲပေးနိုင်သည့် အာဏာကိုလည်းအပ်နှင်းမည်မဟုတ်ပါ။

        ရောမအာဏာပိုင်များသို့ ရှင်ပေတရု၏ ပြောကြားချက်ကို နားထောင်ကြည့်ပါ။ “ပေတရုနှင့် အခြားသော တမန်တော်တို့ကလည်း လူ၏ စကားထက် ဘုရားသခင်၏ စကားကို နားထောင်သင့်ပါ၏” (တမန်တော်၊ ၅း၂၉)။ သို့ဖြစ်၍ မေးခွန်းကတော့ ဘုရားသခင်က ဥပုသ်နေ့ကို မပြောင်းလဲလိုက်လျှင်၊ သခင်ယေရှုက မပြောင်းချင်ဘူးဆိုလျှင်တပည့်တော်များက မပြောင်းလဲနိုင်ဘူးဆိုလျှင်၊ မည်သူက ဥပုသ်နေ့ကိုပြောင်းလဲလိုက်ပါသနည်း။

        ဗျာဒိတ်အခန်းကြီး ၁၃ တွင် ပင်လယ်ပြင်မှ ထွက်ပေါ်လာသည့် သားရဲတစ်ကောင်အကြောင်းကို ဖတ်ရှုရပါသည်။ ထိုသားရဲသည် ခရစ်တော်၏ ဆန့်ကျင်ဘက်ဟူ၍လည်း သိကြပါသည်။ ကမ္ဘာသားအားလုံးက သားရဲ၏ လှည့်စားမှုနောက်သို့ လိုက်လျှောက်ကြသည်။ ဗျာဒိတ်အခန်းကြီး ၁၃ တွင် စိတ်ဝင်စားဖွယ်ကောင်းသော ပုံဖေါ်မှုကို တွေ့ ရပါသည်။ “ပင်လယ်နား၊ သဲပေါ်မှာ ငါရပ်၍၊ သားရဲ တစ်ကောင်သည် ခေါင်း ခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ချိုပေါ်၌ သရဖူဆယ်ဆူကို ဆောင်းလျက်၊ ခေါင်းပေါ်၌လည်း ဘုရားသခင်၏ အသရေကို ရှုပ်ချသော နာမရှိလျက် ပင်လယ်ထဲက တက်သည်ကို မြင်၏” (ဗျာဒိတ်၊ ၁၃း၁)။

        ကျမ်းစာတွင်ပါသည့် သားရဲဆိုသည်မှာ ဘုရင်တစ်ဆူ၊သို့တည်းမဟုတ် နိုင်ငံတော်တစ်ခုခုကို ဆိုလိုသည် (ဒံယေလ၊ ၇း၁၇၊၂၃)။နိုင်ငံရေးအာဏာပိုင် ဘာသာရေးအာဏာပိုင်၊ သို့တည်းမဟုတ် နိုင်ငံဟူ၍ ဖြစ်နိုင်သည်။ ဤသားရဲသည် ပင်လယ်မှ ထွက်ပေါ်လာသည်။ ပင်လယ်သည် လူသားများ၊ သို့တည်းမဟုတ် နိုင်ငံများကို ပုံဆောင်သည် (ဗျာဒိတ်၊ ၁၇း၁၅)။

        ထွက်ပေါ်လာသည့် အာဏာပိုင်သည် ဘုရားသခင်၏ အသရေတော်ကို ရှုပ်ချသော နာမရှိ၏။ ကျမ်းစာတော်အရ ဘုရားသခင်၏ နာမတော်ဖြင့် ကျိန်ဆဲခြင်းဆိုသည်မှာ လောကီအာဏာပိုင်၊ သို့တည်းမဟုတ် လူတစ်ဦးဦးက ဘုရားသခင်၏ ရပိုင်ခွင့်၊ အထူးအခွင့်အရေးကို အသွင်ဆောင်သည့် အခါဖြစ်သည် (မဿဲ၊ ၁၂း၃၁)။

        ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲခြင်း တစ်ရပ်မှာ ဘုရားသခင်၏ လက်ညှိုးတော်ဖြင့် ရေးသားသော ပညတ်တော်ကိုပင် ပြောင်းလဲနိုင်သော အာဏာရှိကြောင်း ပြောဆိုခြင်းဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ ပညတ်တော်ကို ပြောင်းလဲနိုင်သော အာဏာရှိသည်ဟု လောကီအာဏာပိုင်က ပြောဆိုလျှင် ထိုသူသည် ပညတ်တော်ကို ပေးသည့် အာဏာထက်ကြီးမြတ်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။ ဘုရား သခင်၏ ပညတ်တော်သည် သူ၏ အစိုးရတော်မှုသော ထာဝရအုတ်မြစ် ဖြစ်ခဲ့လျှင်၊ သူ၏ ပညတ်တော်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့လျှင် ထိုကြိုးပမ်း ချက်သည် ပညတ်တော်ကိုပေးသော သူအားတိုက်ခိုက်ရာ ရောက်သည်။ ဘုရားသခင်၏ ပညတ်တော်ကို ပြောင်းလဲသောသူသည် ဘုရားသခင်ထက် ကြီးမြတ်ကြောင်းကို သူ့ကိုယ်သူပြုလုပ်ခြင်းဖြစ်သည်။ ထိုလုပ်ရပ်သည် ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲသောသူ ဖြစ်ပါ သည်။ ဗျာဒိတ် ၁၃း၂ တွင် ပုံဆောင်မှုကို ဖတ်ရပါသေး၏။ “ထိုသို့ ငါမြင်သော သားရဲသည် ကျားသစ်နှင့်တူ၏။ သူ၏ ခြေသည် ဝံခြေကဲ့သို့ ဖြစ်၏။ သူ၏ နှုတ်သည်လည်း ခြင်္သေ့နှုတ်ကဲ့သို့ ဖြစ်၏။ နဂါးသည် မိမိတန်ခိုးနှင့် မိမိပလ္လင်တော်ကို လည်းကောင်း၊ ကြီးစွာသော အာဏာစက်ကို လည်းကောင်း သားရဲ၌ အပ်ပေး၏ (ဗျာဒိတ်၊ ၁၃း၂)။

        အနာဂတ်မှာဘာတွေဖြစ်လာဦးမည်ကိုသိရှိနိုင်ရန်အတွက်ခြင်္သေ့၊ကျားသစ်နှင့် နဂါးအကြောင်းကို နားလည်ဖို့ အထူးအရေးကြီးပါသည်။စကြဝဠာ၌ ဝတ်ပြုခြင်းနှင့် ပတ်သက်၍ အကောင်းနှင့်အဆိုး တိုက်ခိုက်ပွဲအကြောင်း နားလည်ဖို့ လိုပါသည်။ ဘုရားသခင်၏ ပညတ်တော်နှင့်ပတ်သက်သည်။ ဝတ်ပြုကိုးကွယ်ခြင်းနှင့် ပတ်သက်၍ ဥပုသ်နေ့သည် အချက်အချာ ပြဿနာဖြစ်သည်။

        ဗျာဒိတ်ကျမ်းကို နားလည်ဖို့ ပထမဦးစွာ ဒံယေလကျမ်းကို နားလည်ရန် လိုအပ်ပါသည်။ ဒံယေလကျမ်း အနာဂတ္တိအကြောင်းအရာများသည်ဗျာဒိတ်ကျမ်း အနာဂတ္တိအကြောင်းအရာများနှင့် ဆက်နွှယ်ပါသည်။ ဒံယေလကျမ်း အခန်းကြီး ၇ ကို ကြည့်သည့်အခါ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ မှာ ဖေါ်ပြသည့် ပုံဆောင်မှုတို့သည် တူညီလျက်ရှိပါသည်။ ခြင်္သေ့၊ ဝတ်ဝံ၊ ကျားသစ် နှင့် နဂါးတို့ ပုံဆောင်မှုသည် ဒံယေလကျမ်း ပုံဖေါ်မှု အဓိပ္ပါယ်နှင့် တူညီနေပါသည်။ ဒံယေလကျမ်း အခန်းကြီး ၇ တွင် ရာစုနှစ် အစောပိုင်းတုန်းက ကြီးစိုးလာမည့် အင်အားစုကို ဖေါ်ပြခဲ့ပါသည်။ ထိုအင်အားမှာ အသင်းတော်နှင့် နိုင်ငံတော်ကို ပေါင်းစည်းမှု ပြုသွားလိမ့်မည်။

        ဤဘာသာရေးအင်အားသည် ဘုရားသခင်၏ တန်ခိုးအာဏာကို လုယူသွားမည်။ ဘုရားသခင်၏ ပညတ်တရားကို ပြောင်းလဲနိုင်သည့်အာဏာရှိကြောင်း ထိုဘာသာရေးအင်အားက အခိုင်အမာဆိုသည် ဒီအင်အားက မည်သူနည်း။ ဤအင်ပါယာက ဘယ်ကထွက်ပေါ်လာပါသနည်း။ ဤအင်အားက ဘာတွေလုပ်ခဲ့သနည်း ဆိုသည်ကို ဖေါ်ထုတ်ရပါမည်။ ကျမ်းစာတော်တွင်ပါရှိသည့် အနာဂတ္တိ ဟောကြားချက်များကိုလေ့လာပြီး ဘုရားသခင်၏ ပညတ်တရားတော်ကို ပြောင်းလဲဖို့ ကြိုးစားမည့် ထိုအင်အားသည် မည်သူမည်ဝါ ဖြစ်မည်နည်းကို ဖေါ်ထုတ်ရပါမည်။သမိုင်းစာမျက်နှာများကို လှန်လှောပြီး ထိုအင်အားက ဘုရားသခင်၏ ဥပုသ်နေ့ကို ပြောင်းလဲနိုင်သည့် သူ့ အာဏာအကြောင်းကိုကိုယ်တိုင်ပြောပြပါစေ။ 

        ဤစာကို ဆက်လက်ဖတ်ရှုသည့်အခါ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာအဓိကပြဿနာအကြောင်းကို သင့်အသက်တာတွင် ပထမဦးဆုံး အချိန်ဘုရားသခင်၏ ဥပုသ်နေ့သည် မည်မျှအရေးကြီးကြောင်းကို သိရှိလာမည်ဖြစ်ပါသည်။ ခရစ်ယာန် အသင်းတော်အတွင်းသို့ တနင်္ဂနွေနေ့ဝတ်ပြုကိုးကွယ်မှု မည်ကဲ့သို့ ဝင်ရောက်လာခဲ့သည်ကိုလည်း သင်သဘောပေါက် နားလည်သွားမည် ဖြစ်ပါသည်။

        ဤလေ့လာချက် ခရီးစဉ်တွင် ကျမ်းစာပါ အနာဂတ္တိဟောကြားချက်များနှင့် သမိုင်းဝင်ဖြစ်ရပ်များ ကိုက်ညီမှုရှိသည်ကို အလွန်အံ့အားသင့်စရာ ကောင်းသည်ကို တွေ့ရပါမည်။

        ညတစ်ညတွင် ပုရောဖက် ဒံယေလသည် အိပ်နေစဉ် အိပ်မက်တစ်ခုကို မက်ခဲ့သည်။ ကျမ်းစာ၏ဖေါ်ပြချက်အရ အိပ်မက်သည် “ငါဒံယေလသည် ညဉ့်အခါ အာရုံပြု၍၊ မိုးကောင်းကင် လေးမျက်နှာ၌ လေတို့သည်မဟာသမုဒ္ဒရာပေါ် မှာ အချင်းချင်းတိုက်ကြလျှင်၊ သဏ္ဌာန်ချင်း မတူသောသားရဲလေးကောင်တို့သည် သမုဒ္ဒရာထဲက ထွက်လာကြ၏” (ဒံယေလ၊ ၇း၂၊၃)။

        သားရဲလေးကောင် သမုဒ္ဒရာထဲက ထွက်လာကြ၏။ ဤသားရဲလေးကောင် တို့သည် တစ်ကောင်နှင့် တစ်ကောင်သဏ္ဌာန်ချင်း မတူကြပါ။ ကျမ်းစာပါ ဗျာဒိတ် ဟောကြားချက်၌ သားရဲသည် ဘာကိုပုံဆောင်ပါသနည်း။ “ဤသားရဲလေးကောင်တို့ သည် မြေကြီးပေါ်မှာ ပေါ်လတ္တံ့သော နိုင်ငံလေး ပါးဖြစ်၏” (ဒံယေလ၊ ၇း၁၇)။

        “ထိုသူကလည်း၊ စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ အခြားသောနိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံ ဖြစ်၏” (ဒံယေလ၊ ၇း၂၃)။ဤသားရဲလေးကောင်တို့သည် နိုင်ငံလေးပါးဖြစ်၏။ ဤနိုင်ငံလေးပါးတို့သည် ဒံယေလခေတ်လက်ထက်မှ ခေတ်အဆက်ဆက်သို့ ကမ္ဘာကို လွှမ်းမိုးအုပ်ချုပ်သွားခဲ့သည့် နိုင်ငံများဖြစ်ပါသည်။

        ဒံယေလ အခန်းကြီး ၇ တွင် ဤ ကမ္ဘာကို လွှမ်းမိုးအုပ်ချုပ်သွားမည့်အင်ပါယာလေးပါးတို့သည် သားရဲအဖြစ် ပုံဆောင်ထားပါသည်။ ဒံယေလအခန်းကြီး( ၂) တွင်မူ ဤအင်ပါယာတို့ကို ရုပ်တု၏ သတ္တုအစိတ်အပိုင်းအဖြစ်ကွာခြားသည့် တန်ဖိုးနှင့် အင်အားတောင့်တင်းမှုအဖြစ် ဖေါ်ပြထားပါသည်။

        ဒံယေလ အခန်းကြီး( ၂ )တွင် နေဗုခဒ်နေဇာမင်းသည် ကြီးမားသောရုပ်တုတစ်ခုကို အိပ်မက်ခဲ့သည်။ ရုပ်တုကြီး၏ ဦးခေါင်းမှာ ရွှေ၊ ရင်ဘတ်နှင့် လက်များမှာ ငွေ၊ ဝမ်းဗိုက်နှင့် ပေါင်များမှာ ကြေးဝါ၊ ခြေသလုံးနှင့် ဖက်သံနှင့် ခြေဖဝါးနှင့် ဖမိုးသည် သံတစ်ပိုင်း တရွက်တစ်ပိုင်းဖြစ်ကြကုန်၏။ ဤကြီးမားသောရုပ်တု၏ သတ္တုလေးမျိုး အကြောင်းကို အဓိပ္ပါယ်မည်သို့ရှိသည်ကို ခန့်မှန်းဖို့မလိုပါ။ ဒံယေလက နေဗုခဒ်နေဇာမင်းကြီးအား ဤသို့ဆို၏။ “ကိုယ်တော်သည် ရုပ်တု၏ ရွှေဦးခေါင်းဖြစ်တော်မှု၏။ ကိုယ်တော်နောက်၌ ကိုယ်တော်၏ နိုင်ငံလောက် မမြတ်သော နိုင်ငံတစ်ခုသည် တည်ထောင်လိမ့် မည်။ ထိုနောက် မြေကြီးတစ်ပြင်လုံးကို အုပ်စိုးသော ကြေးဝါနိုင်ငံဖြစ်သော တတိယနိုင်ငံသည် တည်ထောင်လိမ့်မည်။ စတုတ္ထနိုင်ငံသည် သံကဲ့သို့ ခိုင်မာသော နိုင်ငံဖြစ်လိမ့်မည်”(ဒံယေလ၊ ၂း၃၈-၄ဝ)။

        ဗာဗုလုန်နိုင်ငံကြီးသည် ပထမဦးဆုံးသော နိုင်ငံကြီးလေးနိုင်ငံ အထဲမှအမည်အားဖြင့် ဒံယေလက တိုက်ရိုက်ခေါ်တွင်ပါသည်။ ဗာဗုလုန်နိုင်ငံကိုဖြိုချမည့် နိုင်ငံက မေဒိ-ပေရသိ (NEDIA-PERSIA) ဖြစ်ပါသည်။ မေဒိ-ပေရသိ နိုင်ငံတော်ကို ဖြိုချမည့် နိုင်ငံက ဟေလသ (GREECE) ဖြစ်သည် (ဒံယေလ၊ ၈း၂ဝ၊၂၁)။ ထိုနောက်မှ စတုတ္ထနိုင်ငံဖြစ်သော ရောမနိုင်ငံ (ROME) အုပ်စိုးသွားပါသည်။

        သို့ဖြစ်၍ ရုပ်တုရှိသတ္တုလေးမျိုးတို့မှာ ကမ္ဘာကိုအုပ်စိုးသွားသည့်အင်အားကြီး နိုင်ငံများဖြစ်သော ဗာဗုလုန်၊ မေဒိ-ပေရသိ၊ ဟေလသနှင့်ရောမနိုင်ငံများ ဖြစ်ကြသည်။ ရုပ်တုကြီးသည် ခြေဖဝါးနှင့် ခြေဖမိုးတို့သည် သံနှင့် သရွက်တို့ဖြင့် ရော၍နေသည်ကို ဥရောပတိုက်၏ ကွဲပြားသော နိုင်ငံတည်ရှိလာပုံကို ဖေါ်ညွှန်းပါသည်။ ထိုနောက်မှ လူတို့၏ လက်ဖြင့် ဖြတ်တောက်မှုမရှိသည့် ကျောက်တုံးကြီးသည် ထိုရုပ်တု ခြေမွလိုက်သည်။ ကျောက်တုံးကြီးမှာ ယေရှုခရစ်ကို ပုံဆောင်ပြီး တစ်နေ့သောအခါမှာ ဤကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးကို ချေမှုန်းပြီး သူ၏ ထာဝရတည်မြဲ သည့် နိုင်ငံတော်ကို တည်ထောင်လိမ့်မည်။ 

        ဒံယေလ အခန်းကြီး ၇ တွင် ဖေါ်ပြခဲ့သည့် သားရဲတို့၏အကြောင်းကို စေ့စေ့စပ်စပ်ကြည့်ပြီး သူတို့ ပုံဆောင်ခဲ့သည့် ရှေးနိုင်ငံတော်များအကြောင်းကို လေ့လာရအောင်။

        ဤသို့ ပြုလုပ်ပြီးလျှင် ခရစ်တော်ရှိစဉ်အခါ ရှေးဦးခရစ်ယာန်များပေါ်ထွက်စဉ် အချိန်၌ ဘုရားသခင်၏ ဥပုသ်နေ့ကို ပြောင်းလဲရန် ကြိုးစားခဲ့သည့် အင်အားအကြောင်းကို လေ့လာကြစို့။ ကျမ်းစာတော်က အနာဂတ်တွင်ဖြစ်ပေါ်လာမည့် အရာများဟောပြောသည့်အတိုင်း သမိုင်းအဖြစ်ပျက်များက အတည်ပြုခဲ့သည်များကို လေ့လာကြရအောင်။ ဤသားရဲများ ခေတ်အချိန်မြင်ကွင်း၌ လျှောက်လှမ်းခဲ့ရာ သမိုင်းအဖြစ်အပျက်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတော့သည်။ “ပထမသားရဲသည် ခြင်္သေ့နှင့်တူ၏။ လင်းယုန်အတောင်လည်းရှိ၏။ ငါကြည့်ရှု၍ နေစဉ် သူ၏ အတောင်ကို နုတ်ကြ၏။ မြေမှကိုယ်ကို ချီကြွလျက် လူကဲ့သို့ ခြေဖြင့် မက်တပ်ရပ်၍ လူစိတ်သဘောကိုလည်းရ၏”(ဒံယေလ၊ ၇း၄)။

        ပထမသားရဲသည်ခြင်္သေ့နှင့်တူပြီး လင်းယုန်တောင်ပံရှိသည်။ ဗာဗုလုန်နိုင်ငံသည် မည်သည့်အရပ်၌ ရှိပါသလဲ။ ဗာဗုလုန်နိုင်ငံသည် ယခုခေတ်သစ် အီရတ်နိုင်ငံတွင် ရှိသည်။ ဘဂ္ဂဒက်မြို့နှင့်တောင်ဘက် မိုင် ၆ဝဝေးသည်။ ရှေးဟောင်း သုတေသနပညာရှင်များ အီရတ်နိုင်ငံတွင် တူးဖေါ်မှုပြုလုပ်ခဲ့စဉ် ဗာဗုလုန်မြို့ နံရံပေါ်တွင် လင်းယုန်တောင်ပံရှိသည့် ခြင်္သေ့ရုပ်ကို ထွင်းထားသည်ကို တွေ့ခဲ့ရသည်။

        လင်းယုန်တောင်ပံနှင့် ခြင်္သေ့သည် အများသိ ဗာဗုလုန်နိုင်ငံအထိမ်းအမှတ် ဖြစ်သည်။ ပုရောဖက်ယေရမိက ဗာဗုလုန်နိုင်ငံ အကြောင်းကို ဤသို့ဆို၏။ “ခြင်္သေ့သည် မိမိနေရာ ခြုံထဲက ထွက်လာပြီး တိုင်းနိုင်ငံတို့ကို ဖျက်ဆီးသောသူသည် လမ်း၌ လာဆဲရှိ၏” (ယေရမိ၊ ၄း၇)။ ဆက်ပြီး “သူ၏ရထားတို့သည် လေပွေကဲ့သို့ ဖြစ်ကြ၏။ သူ၏ မြင်းတို့သည် လင်းယုန်ထက်သာ၍ လျင်မြန်ကြ၏” (ယေရမိ၊ ၄း၁၃)။                နိုင်ငံများကို ချေမှုန်းသည့် ဗာဗုလုန်သည် ယေရုရှလင်မြို့သို့ ဖျက်ဆီးရန် ချီတက်နေကြောင်း ပုရောဖက်ယေရမိက ပြောပြနေသည်။ ခေတ်ဟောင်း အချိန်ကာလတွင် လင်းယုန်တောင်ပံရှိသည့် ခြင်္သေ့သည် ဗာဗုလုန်၏ အထိန်းအမှတ်ဖြစ်သည်။ ဒံယေလခေတ်တွင် ဗာဗုလုန်နိုင်ငံသည် ကမ္ဘာကိုအုပ်စိုးရသော အင်အားကြီး တစ်ရပ်ဖြစ်သည်။            ထိုနောက် အခြားအင်အားကြီး နိုင်ငံတစ်ခုက တက်လာပါမည်။ ဗာဗုလုန်နိုင်ငံသည် ကမ္ဘာကို အမြဲမအုပ်စိုးရပါ။ “ဒုတိယသားရဲသည် ဝံနှင့်တူ၏။ တစ်ဖက်၌ ကိုယ်ကို ချီကြွ၏။ ပါးစပ်၌ နံရိုးသုံးချောင်းကို ကိုက်လျက်ရှိ၏။ သင်ထလော၊ အသားများကို ကိုက်စားလော့ဟု သူ့အားပြောကြ၏” (ဒံယေလ၊ ၇း၅)။

        ဒုတိယအင်ပါယာမှာ ဝံနှင့်တူပြီး မိမိကိုယ်ကို တစ်ဖက်သို့ စောင်းပြီးဗာဗုလုန်ကို ဖျက်ဆီးခဲ့သည့် မေဒိ-ပေရသိ နိုင်ငံဖြစ်သည်။ မေဒိ-ပေရသိ ဝက်ဝံသည် မိမိကိုယ်ကို တစ်ဖက်စောင်း၍ ထခြင်းသည် ပေရသိ-ပါရှန်နိုင်ငံက ဗာဗုလုန်ကို ပထမဦးစွာဖြိုချပြီး မေဒိ (MEDES) ကို အနိုင်ယူအုပ်စိုးတော်မှုသည်။ ဝက်ဝံ၏ ပါးစပ်တွင် ဘာတွေပါရှိသနည်း။ နံရိုးသုံးချောင်း ကိုက်ထားပါသည်။ မေဒိ-ပေရသိနိုင်ငံသည် ကမ္ဘာကိုအောင်နိုင်ခဲ့ရာ၌ ပထမဦးစွာ ဗာဗုလုန်နိုင်ငံကို အောင်နိုင်ပြီး မြောက်ဘက်သို့တက်၍ Lydia ကို အောင်နိုင်ခဲ့သည်။ ထို့နောက် တောင်ဘက်ဆင်းပြီး အီဂျစ်ကိုသိမ်းပိုက်အောင်နိုင်ခဲ့ပြန်သည်။ ဤသုံးနိုင်ငံဖြစ်သော ဗာဗုလုန် Lydia နှင့်အီဂျစ်တို့သည် နံရိုးသုံးချောင်း ပုံဖေါ်ခြင်းနှင့် ကိုက်ညီသည်။ ကျမ်းစာတွင် ဖေါ်ပြထားသည့် ဗျာဒိတ်နိမိတ်ဖတ်ခြင်းသည် အလွန်ပင်တိကျ မှန်ကန်ပါသည်။ အထူးပင် အံ့ဖွယ်ကောင်းပါသည်။ 

        ထိုအင်အားကြီး နှစ်နိုင်ငံပြီးသည် နောက်တတိယ အင်ပါယာပေါ်ထွက်လာပါသည်။ “တစ်ဖန်ငါ ကြည့်ရှုပြန်၍၊ ကျားသစ်နှင့်တူသော သားရဲတစ်ကောင်သည် ထင်ရှား၏။ ကျောပေါ်မှာ ငှက်အတောင် လေးခုရှိ၏။ ခေါင်းလေးလုံးနှင့် ပြည့်စုံ၏။ အစိုးရသော အခွင့်လည်းရှိ၏” (ဒံယေလ၊ ၇း၆)။ 

        ဟေလသနိုင်ငံ (Greece) သည် မေဒိ-ပေရသိနိုင်ငံကို သိမ်းပိုက်လိုက်သည်။ ဟေလသ (Greece) နှင့် ပတ်သက်၍ သင်ဘယ်လောက် သိခဲ့ပါသနည်း။ ဟေလသ ခေါင်းဆောင်ကြီးမည်သူဖြစ်သနည်း။ Alexander the Great သည် အသက် သုံးဆယ်ဝန်းကျင်တွင် ကမ္ဘာကိုသိမ်းပိုက်အောင်နိုင်ခဲ့သော ဟေလသခေါင်းဆောင်ကြီး ဖြစ်ပါသည်။ဟေလသနိုင်ငံသည် ကမ္ဘာကို လျင်မြန်စွာအောင်နိုင်၍ သိမ်းပိုက်ခဲ့သည်။ မြန်မြန်ဆန်ဆန် အောင်နိုင်ခြင်း အထိမ်းအမှတ်ကို ဖေါ်ပြလိုလျှင် မည်သည့် သားရဲဖြင့် ပုံဆောင်မည်နည်း။ ကျားသစ်ကိုပဲ ပုံဆောင်သွားပါမည်။ သို့ပေမယ့် အထူးထူးမြန်ဆန်စွာ အောင်ပွဲခံခြင်းကို ဖေါ်ပြလိုလျှင် ကျားသစ်ကို တောင်ပံတပ်ပြီး ပုံဆောင်သွားမည် ဖြစ်ပါသည်။ ဘုရားသခင်သည် Alexander the Great ၏ မြန်ဆန်သော အောင်မြင်မှုကို ကျမ်းစာတွင် ပုံဆောင်ထားသည့် ကျားသစ်ကို တောင်ပံတပ်ပေးထားပါသည်။

        ဦးခေါင်းလေးလုံးကျတော့ ဘာအဓိပ္ပါယ်ဆောင်ပါသလဲ။ Alexander the Great သည် အသက် ၃၃ နှစ်တွင် သေဆုံးခဲ့သည်။ ဦးခေါင်း လေးလုံးသည် Alexander ၏ လက်အောက်ခံ ဗိုလ်ချုပ်ကြီး လေးဦးဖြစ်သော Cassander, Seleucis, Ptolemy နှင့် Antigonus တို့ဖြစ်ပါသည်။ ထိုဗိုလ်ချုပ်ကြီး လေးဦးတို့သည် Alexander သေဆုံးပြီး နောက် အင်ပါယာကြီးကို လေးခြမ်းခွဲယူလိုက်သည်။ ဤအဖြစ်ကို ကြည့်ခြင်းအားဖြင့် ကျမ်းစာတွင်ပါရှိသည့် အနာဂတ်ဟောကိန်းတို့သည် အလွန်ပင် တိကျမှန်ကန်သည်ကို တွေ့ရပါသည်။ Alexander ၏ ဗိုလ်ချုပ်ကြီး လေးဦးတို့သည် ကျမ်းစာက ဖေါ်ပြသည့်အတိုင်း အင်ပါယာကြီးကို အုပ်ချုပ်ခဲ့သည်။

        သမ္မာကျမ်းစာသည် စတုတ္ထအင်ပါယာ အကြောင်းကို ဆက်လက်၍ ဖေါ်ပြခဲ့ပါသည်။ “ထိုညအခါ၊ တစ်ဖန် ငါသည် အာရုံပြုစဉ်၊ ကြီးစွာသော ခွန်အားနှင့်ပြည့်စုံ၍ အလွန်ကြောက်မက်ဖွယ်သော စတုတ္ထသားရဲသည် ထင်ရှား၏။ ကြီးစွာသော သံသွား လည်းရှိ၏။ ကိုက်စားချိုးဖဲ့၍ ကြွင်းသောအရာကို ခြေဖြင့်နင်းချေ၏။ သူသည် အရင်သားရဲရှိသမျှတို့ထက် ထူးခြား၏” (ဒံယေလ၊ ၇း၇)။

        ဤစတုတ္ထသားရဲသည် ရောမအင်ပါယာကို ပုံဆောင်ခြင်းဖြစ်ကြောင်း အလွန်ရှင်းလင်းနေပါသည်။ ဤအချိန်ကာလသည် သခင်ခရစ်တော် သက်တော်ထင်ရှားစဉ် အချိန်အခါသို့ ရောက်ရှိနေပါသည်။ ရောမဥပဒေအမိန့်ကြောင်း ယောသပ်သည် သခင်ယေရှု မွေးဖွားရာ ဗက်လင်မြို့သို့ ရောက်ရှိခဲ့ရခြင်း ဖြစ်ပါသည်။

        ရောမသား ပိလတ်မင်းကပင် သခင်ယေရှုကို တရားစစ်ဆေးမေးမြန်းခဲ့သည်။ ရောမစစ်သားတစ်ဦးက သခင်ယေရှုကို ကပ်တိုင်ပေါ်၌ ခြေလက်များကို သံနှင့်ရိုက် ထည့်ခဲ့သည်။ ရောမအင်ပါယာသည် သခင်ယေရှုလက်ထက်တွင် ကမ္ဘာကြီးကို အုပ်စိုးခဲ့သည်။ ခရစ်ယာန်များသည် ဤရောမအင်ပါယာ လက်ထက်တွင် ကြီးထွက်လာခဲ့သည်။ သမ္မာကျမ်းစာသည် ရောမအင်ပါယာ ပြိုလဲခြင်းကို ခြေဖဝါးနှင့် ခြေဖမိုးအားဖြင့်သော်လည်းကောင်း၊ စတုတ္ထသားရဲ၏ ချိုအားဖြင့်သော်လည်းကောင်း၊ ပုံဆောင်ခြင်းများ ပြုလုပ်ခဲ့သည်။

        ဒံယေလကျမ်း အခန်းကြီး ၂ တွင် ဖေါ်ပြခဲ့သည့် ရုပ်တု၏ ခြေဖဝါးနှင့်ခြေဖမိုးတို့ကို သံနှင့် သရွက်တွဲထားခြင်း၏ အဓိအပ္ပါယ်မှာ ဥရောပနိုင်ငံများ အကွဲကွဲအပြားပြားဖြစ်ခြင်းကို ပုံဆောင်ခဲ့သည်။

        စတုတ္ထသားရဲသည် ချိုဆယ်ချောင်းရှိပါသည်။ ရောမ နိုင်ငံတော်သည် အဓိက အပိုင်းကြီး ဆယ်ပိုင်းခွဲခြမ်းခြင်း ခံခဲ့ရပါသည်။ ရိုင်းစိုင်းရက်စက်သောလူမျိုးစုတို့သည် ရောမအင်ပါယာ တစ်ခွင်လုံးကို ဝင်ရောက်စီးနင်းပြီး ပစ္စည်းများ အဓမ္မလုယူ ခိုးဝှက်လုယက်ခြင်းတို့ကို ပြုလုပ်ကာ ရွာများကို ဖျက်ဆီးခြင်း၊ မြို့ပြများကို သိမ်းပိုက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ဤရိုင်းစိုင်းရက်စက်သော လူမျိုးစုတို့သည် ရောမအင်ပါယာကို ဘုရင်မင်းအုပ်ချုပ်သော နိုင်ငံကလေးများအဖြစ် ခွဲခြမ်းလိုက်ကြသည်။ Anglo-Saxons အုပ်စုက အင်္ဂလန်မှာ နေထိုင်ကြသည်။ Franks သို့တည်းမဟုတ် ပြင်သစ်အုပ်စုတို့သည် ပြင်သစ်နိုင်ငံမှာ နေထိုင်သွားသည်။ ALAMANNI အုပ်စုကတော့ ဂျာမနီနိုင်ငံမှာ နေထိုင်သွားသည်။ OSTOGOTHS အုပ်စုကဩစတြီးယားမှာ နေထိုင်သွားသည်။ အခြားလူမျိုးစု အုပ်စုတွေက မြောက်ပိုင်းဘက်မှလာပြီး အင်ပါယာအတွင်းသို့ အနှံ့ဝင်ရောက်ခါ မြေနေရာတွေ ကို ခွဲခြမ်းယူ၍ ယနေ့တွေ့ရှိရသည့် နိုင်ငံများအဖြစ် တည်ရှိနေပါသည်။ ဤခွဲခြမ်း စိတ်ဖြာမှုတို့သည် သားရဲ၏ချိုဆယ်ချောင်းတို့ဖြင့် ဖေါ်ပြထားပါသည်။ ဘုရားသခင်က ရှေးဘိုးဘေးများယုံကြည်ချက်ကို စွန့်လွှတ်ခြင်းသည် မြောက်ပိုင်းမှ ဝင်ရောက်လာသည့် ရိုင်းစိုင်းရက်စက်သော မျိုးနွယ်စုများ ရောမအင်ပါယာကို ဝင်ရောက်စီးနင်းရသည့် အချိန်အခါတွင် ဖြစ်ပေါ်လာမည်။

        ဒံယေလအခန်းကြီး ၇ တွင် ဖေါ်ပြခဲ့သည့် ဗျာဒိတ်ဟောကြားချက်များမှာ ဝတ်ပြုကိုးကွယ်ခြင်းနှင့်ပတ်သက်သည့် ပဋိပက္ခတို့ကို ရှင်းလင်းစွာ ဖေါ်ပြထားပါသည်။ ဥပုသ်နေ့ကို ရက်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ဖေါ်ပြထားပါသည်။

        ဒံယေလသည် ရူပါရုံအားဖြင့် ချိုဆယ်ချောင်းကို ကြည့်နေစဉ်အတွင်းထူးခြားသည့် ဖြစ်ရပ်ကို မြင်ရပါသည်။ “ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ်တစ်ချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်လည်းကောင်း၊ ကြီးစွာသော စကားကိုပြောတတ်သော နှုတ်နှင့်လည်းကောင်း ပြည့်စုံ၏” (ဒံယေလ၊ ၇း၈)။ 

        ဤချိုငယ်သည် အခြားသောချိုများနှင့် ထူးခြားလျက်ရှိသည်ကို သမ္မာကျမ်းစာက ပြောပြပါသည်။ ချိုဆယ်ချောင်းအတွင်း ထွက်ပေါ်လာသည့် ချိုငယ်သည် မည်သူဖြစ်ပါမည်နည်း။ ဤထူးခြားဆန်းကျယ်သည့် ချိုငယ်၏အကြောင်းကို ရှာကြည့်ရအောင်၊ ကျမ်းစာတော်တွင် ထိုချိုငယ်သည် အခြားချိုဆယ်ချောင်းအတွင်း ပေါ်ထွက်လာသည် (ဒံယေလ၊ ၇း၈)။

        ချိုဆယ်ချောင်းသည် ရောမနိုင်ငံဆယ်ခြမ်းဖြစ်ခဲ့လျှင် ဤချိုငယ်သည် ဥရောပအနောက်ခြမ်းနိုင်ငံမှ ထွက်ပေါ်လာရပါမည်။ ဤချိုငယ်သည် အာရှတိုက်မှ သော်လည်းကောင်း၊ အာဖရိကတိုက်မှ သော်လည်းကောင်း၊ တောင်နှင့်မြောက်အမေရိကတိုက်မှ သော်လည်းကောင်း၊ မပေါ်ထွက်လာနိုင်ပါ။ ၄င်း၏ ဇာစ်မြစ်မှာ ဥရောပမြေမှ ဖြစ်ရပါမည်။

        ဒုတိယအချက်အနေနှင့်၊ ဤချိုငယ်သည် ချိုဆယ်ချောင်းပြီးမှ ထွက်ပေါ် လာမည် (ဒံယေလ၊ ၇း၈)။ ဤချိုငယ်သည် ဗာဗုလုန်အချိန်အခါတွင်လည်းကောင်း၊ မေဒိ-ပေရသိ အချိန်အခါ၌လည်းကောင်း၊ ဟေလသနှင့် ရောမအချိန်အခါ၌လည်းကောင်း မပေါ်ထွက်လာခဲ့ပါ။ ရောမအင်ပါယာပြိုကျပြီးမှ ပေါ်လာပါသည်။ ရောမအင်ပါယာ ခွဲခြမ်းခြင်းပြုသည့် အချိန်အခါတွင် ပေါ်ထွက်လာသည်။ ဤတန်ခိုးအင်အားစုသည် ရောမအင်ပါယာအတွင်းမှ ရှေးရာစုနှစ်များတွင်ပေါ်ထွက်ခဲ့သည်။ 

        ကျွန်ုပ်တို့နောက်တွေ့ရမှာက ဤကြီးမားသည့် အင်အားသည် ဘုရားသခင်၏ ပညတ်တော်တို့ကိုပင် ပြောင်းလဲဖို့ စဉ်းစားနေမည်။ ကျမ်းစာတော်က တတိယအချက်အနေဖြင့် ဤချိုငယ်၌ လူမျက်စိလို မျက်စိရှိကြောင်း ဖေါ်ပြထားသည်။ ဒါဘာကို ပုံဆောင်ပါသနည်း။ ကျမ်းစာတော်တွင် ပုရောဖက်ကို Seer မြင်သူဖြစ်ကြောင်း ခေါ်ဝေါ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပုရောဖက်သည် ဘုရားသခင်၏ မျက်စိဖြင့် မြင်နိုင်သည်။ လူ၏မျက်စိသည် မြင့်မြတ်သော ဘုရားသခင်၏ ဉာဏ်ပညာကို ပုံမဆောင်ပါ။ လူ၏ ဉာဏ်ပညာကိုသာ ပုံဆောင်ပါသည်။ လူသားများ၏ ဘာသာရေးသွန်သင်ချက်စနစ်ဖြစ်ပြီး ရောမနိုင်ငံမှ ပေါ်ထွက်လာပါမည်။

        ဒံယေလ၊ ၇း၂၄ တွင် ဖေါ်ပြချက်မှာ ဤချိုငယ်သည် အခြားနှင့်လုံးဝခြားနားမည်။ ဤအချက်သည် ချိုငယ်အကြောင်းနားလည်ဖို့ စတုတ္ထသဲလွန်စ ဖြစ်ပါသည်။ “အရင်မင်းကြီးထက် ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်”(ဒံယေလ၊ ၇း၂၄)။

        ချိုငယ်ထက်စောသော ဗာဗုလုန်၊ မေဒိ-ပေရသိ၊ ဟေလသနှင့် ရောမအင်ပါယာတို့သည် နိုင်ငံရေးတန်ခိုးရှင်များ ဖြစ်ကြသည်။ ယခုအင်အားစုကတော့ အခြားနှင့် ထူးခြားသည်။ အဓိကအားဖြင့် နိုင်ငံရေးအင်အားမဟုတ်ပါ။ ဘာသာရေးအင်အားစု ဖြစ်သည်။ ဘာသာရေးနှင့် နိုင်ငံရေးအင်အား ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။

        ဤတန်ခိုးအင်အားကြီးသည် ဘာကို ပြုလုပ်မည်နည်း။ ဤအင်အားကြီးသည် ဘုရားသခင်၏ ပညတ်တော်ကိုပင် ပြောင်းလဲဖို့ ကြိုးစားသွားလိမ့်မည်။

        ဒံယေလ၊ ၇း၂၅ တွင် မည်သို့ဆိုပါသနည်း။ “အမြင့်ဆုံးသော ဘုရားကိုဆန့်ကျင်ဘက်ပြု၍ ကြီးကျယ်သောစကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့်ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်” (ဒံယေလ၊ ၇း၂၅)။

        အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍ ကြီးကျယ်သောစကားကို ပြောလိမ့်မည်ဟူသော စကားရပ်သည် ဘုရားသခင်၏ ပညတ်တော်ကို ပြောင်းလဲဖို့ ကြိုးစားခြင်း၊ အထူးသဖြင့် ဘုရားသခင်၏ ဥပုသ်နေ့။ 

        ဤတန်ခိုး အာဏာရှင်သည် ဘုရားသခင်၏ ပညတ်တော်ကိုပင်ပြောင်းလဲရန် ကြိုးစားလိမ့်မည်။ ဤအကြောင်းအရာသည် ဘုရားသခင်၏ မြင့်မြတ်သော ပညတ်တရားအကြောင်းအရာကို ဆိုလိုခြင်းဖြစ်သည်။ မထင်မရှားသည့် အခွန်ဥပဒေ၊ နိုင်ငံရေး ဥပဒေ အကြောင်းအရာကို ပြောခြင်းမဟုတ်ပါ။ နိုင်ငံရေးအင်အားစု တစ်ခုပြီးတစ်ခု ပြောင်းလဲသည့်အခါ လူသားများထုတ်ပြန်ခဲ့သည့် ဥပဒေများကို ပြောင်းလဲသွားလေ့ ရှိပါသည်။ ဤပြောင်းလဲချက်များသည် အခြားသော သားရဲများ၏ ပြောင်းလဲချက်များနှင့် အံ့ဩစရာမရှိပါ။ သို့ရာတွင် ဤချိုငယ်လေး၏ တန်ခိုးအာဏာသည် အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင်ဘက်ပြု၍ ကြီးကျယ်သော စကားကိုပြောလိမ့်မည်။ဘုရားသခင်၏အခွင့်အာဏာကို အစားထိုးပြီး ဘုရားသခင်၏ ပညတ်တရားများကို ပြောင်းလဲဖို့ ကြိုးစားလိမ့်မည်။

        သတိပြုရမှာကကျမ်းစာတော်က ချိုငယ်သည် ဘုရားသခင်၏ ပညတ်တော်ကို ပြောင်းလဲနိုင်သည်ဟု မပြောပါ။ ပြောင်းလဲဖို့ စဉ်းစားလိမ့်မည်ဟုသာ ဆိုပါသည်။ 

        ကမ္ဘာပေါ်ရှိ လူသားတန်ခိုး အာဏာရှင်တို့သည်၊ သူတို့ကိုယ်သူတို့ ဘယ်လောက်ပဲ အာဏာရှိသည် ဆိုပေမယ့် ဘုရားသခင်၏ ပညတ်တော်ကို ဘယ်သောအခါမျှ မပြောင်းလဲနိုင်ပါ။ ဤအာဏာရှင်သည် ဘုရားသခင်၏ ပညတ်တော်ကို ပြောင်းလဲနိုင်သည့် အာဏာရှိကြောင်း ထင်လိမ့်မည်။

        ဤအာဏာရှင်သည် ဘုရားသခင်၏ ပညတ်တရားကိုပင် ပြောင်းလဲဖို့ ကြိုးစားလိမ့်မည်။ ဒီလိုလုပ်တာ မည်သို့ ဖြစ်နိုင်ပါသနည်း။ ဒံယေလ၊ ၈း၁၂ တွင် ချိုငယ်လေး လုပ်သွားမည့်အကြောင်းကို ပြောပြသည်။

“နေ့ရက်အစဉ်ပြုသော ဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်း ထိုချိုသည် ရ၍ သမ္မာတရားကို မြေသို့နှိမ့်ချ၏။ ထိုသို့ပြု၍ အောင်မြင်ခြင်းသို့ ရောက်လေ၏” (ဒံယေလ၊ ၈း၁-၁၂)။

        ဒံယေလ၏ ဗျာဒိတ်ဟောကြားချက်သည် ရောမအင်ပါယာဟောင်းမှအင်အားကြီးမားသော ဘာသာရေးအာဏာပိုင်တစ်ခုသည် ပေါ်ထွန်းလာမည့်အကြောင်း ဟောကိန်းထုတ်ခဲ့သည်။ ပထမတော့ အာဏာသည် သေးငယ်သော်လည်း တစ်စတစ်စနှင့် အင်အားအလွန်ကြီးမားသွားမည်။ ဘုရားသခင်၏ ပညတ်တရားကိုပင် ပြောင်းလဲနိုင်သည့် အခွင့်အာဏာရှိ ကြောင်း အခိုင်အမာ ပြောဆိုနေသည်။ ဘုရားသခင်၏ ဥပုသ်နေ့သည် တနင်္ဂနွေနေ့သို့ အမှန်တကယ် မည်ကဲ့သို့ ပြောင်းလဲခဲ့ပါသနည်း။

        သမိုင်းအရ အမှန်တကယ် မည်ကဲ့သို့ ဖြစ်ခဲ့သနည်း။ ကျွန်ုပ်တို့ ဒံယေလ အခန်းကြီး (၇) နှင့် ပတ်သက်၍ ဘာတွေလေ့လာ နားလည်ခဲ့သနည်း။သားရဲလေးကောင်သည် ကမ္ဘာကို အုပ်စိုးခဲ့သော အင်ပါယာကြီး လေးခုဖြစ်သည့် ဗာဗုလုန်၊ မေဒိ-ပေရသိ၊ ဟေလသနှင့်ရောမတို့ကို ပုံဆောင်ခဲ့သည်။ ချိုငယ်ကလေးသည် ရောမအင်ပါယာဟောင်းမှ ထွက်ပေါ်လာပြီး ခေါင်းဆောင်အဖြစ် လူသားတစ်ဦးဖြစ်၍ ခရစ်ယာန်အသင်းတော်၏ ရာစုနှစ်ဦးပိုင်းက ဖြစ်ပါသည်။ အုပ်စုအစုလိုက်၊ အပြုံလိုက် အသင်းတော်ထဲသို့ ဝင်ရောက်လာသည့် ဒိဌိအယူဝါဒရှင်များကို ကျေနပ်နှစ်သိမ့်ဖို့အတွက် ဤဒိဌိများခရစ်ယာန်ဘာသာကိုပိုမိုလက်ခံနိုင်ဖို့ ရောမအင်ပါယာ ဟောင်းမှ ထွက်ပေါ် လာသည့် အာဏာပိုင်သည် ဘုရားသခင်၏ ပညတ်တရားကို ပြောင်းလဲဖို့ ကြိုးစားခဲ့ သည်။ ဘုရားသခင်၏ ဥပုသ်နေ့ကို အချိန်ကာလ ကြာမြင့်စွာဖြင့် တဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့သည်။ ဤပြောင်းလဲမှုမှာ လူမှုရေးနှင့် ဘာသာရေးအကြောင်းအရာများပေါ်တွင် မှုတည်ခဲ့သည်။

        သမ္မာကျမ်းစာ အဘိဓါန်တွင် ဒေါက်တာ ဂျွန်အယ်ဒီသည် ဤပြောင်းလဲခြင်း၏ အရင်းအမြစ်ကို အောက်ပါအတိုင်း ရှင်းပြသည်။

“ဥပုသ်နေ့ ဆဲ့ဘက်သည် ဟေဗြဲဘာသာအဓိပ္ပါယ်မှာ နားနေခြင်း ဖြစ်ပါသည်။ ဒိဌိများသည် တနင်္ဂနွေနေ့ကို ကိုးကွယ်သောနေ့ ဖြစ်သည်” (Bible Encyclopedia, Page 561, John Eadie, DD.,L.L.D). အီဂျစ်၊ ဗာဗုလုန်၊ ပါးရှားနှင့် ရောမနိုင်ငံများတွင် နေကို ကိုးကွယ်သည့် ဓလေ့ရှိပါသည်။ 

        လေးရာစုအချိန်တွင် ရောမဧကရာဇ်ဘုရင် ကွန်စတန်တိုင်း(Constantin) သည်လည်း နေကိုးကွယ်မှုနှင့်လည်း သက်ရောက်မှုရှိခဲ့ပါသည်။ ကွန်စတန်တိုင်းသည် သူ၏ အင်ပါယာကို စုစည်းလိုသော ဆန္ဒရှိပါသည်။ ဧကရာဇ်ဘုရင်သည် သူ၏ အင်ပါယာကို မည်ကဲ့သို့ စုစည်းရပါမည်နည်း။ ကွန်စတန်တိုင်းသည် သူ၏ အင်ပါယာတစ်ခွင်လုံးတွင် အများနားနေ ပျော်ရွှင်မှုရှိသည့် နေ့တစ်နေ့ကို ဥပဒေပြု ပြဌာန်းခဲ့ပါသည်။ သူ၏ ရည်ရွယ်ချက်ကတော့ သူအုပ်စိုးခဲ့ရသော ခွင်တစ်ခုလုံးတွင် ဒိဌိနှင့်ခရစ်ယာန်များ ညီညွတ်မှုရှိအောင် ဖြစ်ပါသည်။

        အေဒီ ၃၂၁ တွင် ဤအမိန့်အာဏာကို ထုတ်ပြန်ခဲ့သည်။ “ဩဇာတိက္ကမရှိသော နေဘုရား၏နေ့တွင် မြို့တွင်းရှိ တရားသူကြီးများနှင့်လူအပေါင်းတို့သည် နားနေရမည်။ ဆိုင်များအားလုံး ပိတ်ထားရပါမည်” (Constantine AD 321)။

        ကွန်စတန်တိုင်းသည် တနင်္ဂနွေနေ့ကို “လေးစားထိုက်သော နေဘုရား၏နေ့ Venerable Day of the Sun အဖြစ် ခေါ်တွင်ပါသည်။ ဤနေ့ရက်တွင် ဈေးဆိုင်အားလုံး ပိတ်ရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သူ၏ အင်ပါယာကြီးကို စုစည်းဖို့အတွက် ပထမဦးဆုံးသော တနင်္ဂနွေနေ့ ဥပဒေကို ပြဌာန်းခဲ့သည်။ သူသည် နေဘုရားကို စိတ်ညွတ်နေသဖြင့် ငွေဒင်္ဂါး တစ်ဖက်တွင် သူ့ ရုပ်ပုံကိုထားပြီး အခြားတစ်ဖက်တွင် နေဘုရား၏ပုံကို ထည့်ထားပါသည်။

        ကွန်စတန်တိုင်း၏ လက်ထက်တွင် ဒိဌိ အယူဝါဒ ရှိသူများကိုခရစ်ယာန်ဖြစ်ဖို့ အတွက်နှင့် သူ၏အင်ပါယာကြီးကို စုစည်းဖို့အတွက်အသင်းတော်နှင့် နိုင်ငံတော် အာဏာနှစ်ရပ်ကို ပူးပေါင်းခဲ့သည်။ ရောမနိုင်ငံအစိုးရနှင့် ရောမအသင်းတော်တို့ ပေါင်းစည်းလိုက်သည်။ ကာသိုလိပ် ကမ္ဘာ၏ ၁၉၉၄ ခု၊ မတ်လ ပုံနှိပ်ထုတ်ဝေမှုတွင် ဤအံ့ဩစရာ ကောင်းသော ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်ကို တွေ့ရပါသည်။ “ဒိဋ္ဌိ အယုံအကြည်ရှိသူများထဲတွင် နေသည် အထွတ်အထိပ်ဖြစ်ခြင်း၊ ရာဇဩဇာနှင့် ပြည့်စုံပါသည်။ သို့ဖြစ်၍ နေသည် ယေရှု၏ အမှတ်တံဆိပ် ခံယူထိုက်၍ နေ၏တရားမျှတမှု အဓိပ္ပါယ်ကို ဆောင်ပါသည်။ (The Sun of Justice) သို့ဖြစ်၍ ဤနိုင်ငံများတွင် ထိုဒိဋ္ဌိနာမကို ဆက်လက်၍ အသင်းတော်များက ထိန်းသိမ်းသင့်ပါသည်။ ဆက်လက်၍ မြင့်မြတ်စွာထားရှိခြင်းနှင့် သန့်ရှင်းစင်ကြယ်ရပါမည်။ ထိုသို့ဖြစ်၍ ဒိဋ္ဌိတို့၏ တနင်္ဂနွေနေ့ကိုဘောလ်ဒါ (Balder)ကို ဂုဏ်ပြုသောအားဖြင့် ခရစ်ယာန်များတို့၏ တနင်္ဂနွေနေ့သည် ယေရှုအတွက် သန့်ရှင်းမြင့်မြတ်သည်။ (March 1894, Catholic World, Page 809)

        ဘယ်လိုဖြစ်သွားသလဲ မြင်ရပြီလား။ အသင်းတော်ထဲသို့ တနင်္ဂနွေနေ့ ဘယ်လိုရောက်လာသည်ကို မြင်ရပါပြီလား။ ကွန်စတန်တိုင်းသည် သူ့အင်ပါယာကြီးကို စုစည်းလိုသည်။ ရောမအသင်းတော်က ဒိဋ္ဌိ များကို ခရစ်ယာန်ဘာသာဝင်အဖြစ်သို့ ပြောင်းလဲလိုသည့် ဆန္ဒများရှိကြသည်။ ဒီလိုအင်ဆန္ဒနှစ်ခုစလုံး ဖြစ်မြောက်အောင် တနင်္ဂနွေနေ့သည် ယာဉ်အဖြစ် အောင်မြင်စွာ သယ်ဆောင်ပေးနိုင်ခဲ့သည်။ သို့ဖြစ်၍ ကျမ်းစာတော်လာ ဥပုသ်နေ့ကို ရောမအသင်းတော်နှင့် ရောမအစိုးရတို့ကပြောင်းလဲလိုက်ခြင်း ဖြစ်ပါသည်။ နောက်ဖြစ်ရပ် တစ်ခုကတော့ ပါဝင်ပတ်သက်မှု ရှိနေပါသည်။ ရောမအသင်းတော်သည် ယုဒဘာသာဝင်တို့နှင့် ဝေးအောင် ခွဲထုတ်ပြချင်သည်။ ရောမအင်ပါယာတွင် ဟေဗြဲလူမျိုးများကို ဆန့်ကျင်ရေး ခံစားချက်များ ရှိနေပါသည်။ ဘုရားသခင်သည် ဥပုသ်နေ့ကို မပြောင်းလဲခဲ့ပါ၊ သခင်ယေရှုမပြောင်းလဲခဲ့ပါ၊ သခင်ခရစ်တော်၏ တပည့်များ မပြောင်းလဲခဲ့ပါ။

        Laodicea - လောဒိကိမြို့မှာ ရောမအသင်းတော်ကောင်စီမှ ကျမ်းစာတော်၏ ဥပုသ်နေ့ကို စောင့်ထိန်းရန် တားမြစ်ခဲ့သည်ကို ပထမဆုံးတွေ့ရပါသည်။ ရောမကာသိုလိပ် ဘုန်းကြီးများ လောဒိကိမြို့မှာ ဆုံကြပြီး ဤအမိန့်ကို ထုတ်ပြန်ခဲ့သည်။ “ခရစ်ယာန်များသည် ယုဒလို မကျင့်ရ (ဆိုလိုသည်မှာ ကျမ်းစာပါ ဥပုသ်နေ့ကို မစောင့်ထိန်းရ) စနေနေ့တွင် ဘာမျှမလုပ်ဘဲ နားနေခြင်း မပြုလုပ်ရ (Council of Laodicea AD 325).

        ဒီနေရာမှာ အသင်းတော်ကောင်စီက ပြောဆိုနေသည်မှာ “ခရစ်ယာန်များကို ဥပုသ်နေ့မှာ နားနေဖို့ တားမြစ်သည်။ ထိုဥပုသ်နေ့မှာ အလုပ်လုပ်ရမည်။” သို့ရာတွင် ဘုရားသခင်နေ့ (The Lord's Day) ကို အထူးဂုဏ်ပြုရမည်။ ခရစ်ယာန်ဖြစ်သည့်နည်းတူ အတတ်နိုင်ဆုံး ထိုနေ့ရက်တွင် အလုပ်မလုပ်ရ။ အကယ်၍ ယုဒလို ကျင့်သည်ကို သူတို့ကို တွေ့ရှိပါက (ဆိုလိုသည်မှာ ကျမ်းစာပါ ဥပုသ်နေ့ကို စောင့်ထိန်းပါက) သူတို့ကိုခရစ်တော်ထံပါးမှ ပိတ်ပင်ခြင်း ခံရမည်။

        ဤကြေညာချက်သည် အခြားအကြောင်းအရာ တစ်ခုကြောင့် ထူးကဲနေသည်ကို တွေ့ ရပါသည်။ ခရစ်ယာန်ခေါင်းဆောင်များသည် ဥပုသ်နေ့ကို ဂျူးလူမျိုးတို့၏ ဥပုသ်နေ့ဖြစ်သည်ဟု ထင်ကြသည်။ ထိုအချိန်အခါမှာ ရောမအင်ပါယာတစ်ခွင်လုံးတွင် ဂျူးလူမျိုးဆန့်ကျင်ရေးရှိနေသဖြင့် ယုဒဘာသာဝင်တို့နှင့် ခြားနားကွဲပြားအောင် လုပ်လိုသော ဆန္ဒရှိပါသည်။

        ဒီနေရာမှာ အသင်းတော်ကောင်စီသည် ကွန်စတန်တိုင်းလက်အောက်ရှိ ရောမအစိုးရနှင့် ပူးပေါင်းပြီး ဥပုသ်နေ့၏ အာဏာသက်ရောက်မှုကို တနင်္ဂနွေနေ့ သို့ ပြောင်းလဲဖို့ ကြိုးပမ်းခဲ့သည်။ ဥပုသ်နေ့ ပြောင်းလဲခြင်းမှာ တစ်စတစ်စနှင့် တဖြည်းဖြည်း ပြောင်းလဲခဲ့သည်။ အင်ပါယာကြီးကိုစုစည်းဖို့ အသင်းတော်နှင့်နိုင်ငံတော်အစိုးရအဖွဲ့ ခေါင်း ဆောင်များ လက်တွဲလုပ်ဆောင်ခဲ့သည်။ ကျမ်းစာတော်က ဤအဖြစ်ကို ရှင်းရှင်းလင်းလင်း ဖေါ်ပြထားပါသည်။ “ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်။” (ဒံယေလ၊ ၇း၂၅)။

        ဒံယေလ၊ ၇း၂၅ မှာ ရောမနိုင်ငံမှ ပေါ်ထွက်လာမည့် မြေကြီးသား တန်ခိုးအာဏာရှင်က ဘုရားသခင်၏ ပညတ်တရားတော်ကို ပြောင်းလဲဖို့ကြိုးစားလိမ့်မည်ဟု ဖေါ်ပြထားပါသည်။ ဘုရားသခင်က သတိထားကြပါဟု ပြောပါသည်။ ရောမ ကာသိုလိပ်အသင်းတော်မှ ဥပုသ်နေ့ကို ပြင်ဆင်ပြောင်းလဲခဲ့ကြောင်း ဝန်ခံပြောဆိုချက်များစွာ ရှိခဲ့ပါသည်။ (The Converts Catechism of Catholic Doctrine) သည် မေးခွန်းများ ထုတ်ခဲ့ပါသည်။

မေး၊ တတိယပညတ်တော်သည် အဘယ်နည်း။

ဖြေ၊ တတိယ ပညတ်တော်သည် ဥပုသ်နေ့ကိုသန့်ရှင်းစေအောင် ထားရမည်။

မေး၊ ဥပုသ်နေ့သည် မည်သည့်ရက်ဖြစ်သနည်း။

ဖြေ၊ စနေနေ့သည် ဥပုသ်နေ့ဖြစ်သည်။

မေး၊ အဘယ်ကြောင့် စနေနေ့အစားတနင်္ဂနွေကို စောင့်ထိန်းရပါသနည်း။

ဖြေ၊ စနေနေ့သည် ဥပုသ်နေ့ကို စောင့်ထိန်းခြင်းအကြောင်းကတော့ ကာတိုလိပ်အသင်းတော်က အထွတ်အမြတ်နေ့ကို စနေနေ့မှ တနင်္ဂနွေနေ့သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ (Converts Catechism of Catholic doctrine by Rev. Peter German, Page 50.)

        ကာသိုလိပ်တို့၏ အမေးအဖြေ (Catholic Catechism) တွင် ဥပုသ်နေ့ပညတ်ကို စတုတ္ထပညတ်တော်အစား တတိယပညတ်တော် ဟူ၍ ဖော်ပြခြင်းသည် ဒုတိယပညတ်ဖြစ်သော “ရုပ်တုဆင်းတုတို့ကို ကိုယ်အဖို့ မလုပ်နှင့်” ကို ဖြုတ်ချပြီး ဒဿမပညတ်တော်ကို နှစ်ပိုင်းခွဲခြမ်း၍ တစ်ပိုင်းကို “ကိုယ်နှင့် စပ်ဆိုင်သောသူ၏ မယားကို တပ်မက်လိုချင်သော စိတ်မရှိစေနှင့်” နှင့် ဒုတိယတစ်ပိုင်းကို “ကိုယ်နှင့်စပ်ဆိုင်သော သူ၏အိမ်ကိုတပ်မက်လိုချင်သော စိတ်မရှိစေနှင့်” ဟူ၍ နှစ်ပိုင်းခွဲခြမ်းထား၍ ဒုတိယပညတ်တော်ကို ဖြုတ်ချခဲ့သော်လည်း သူတို့အတွက် ပညတ်တော်မှာ ဆယ်ပါးရှိမြဲရှိစေသည်။

        ဘုရားသခင်၏ ပညတ်တော်ကို ရောမကာသိုလိပ်အသင်းတော်ကစတုတ္ထနှင့် ပဉ္စမရာစုနှစ်အချိန် အပိုင်းအခြား၌ ပြောင်းလဲခဲ့သည်။ သံသယရှိစရာမလိုပါ။ သူတို့၏ အသင်းတော်က ဘွင်းဘွင်းဝန်ခံသည်။

        (The Catholic Mirror of September 23, 1893) စာစောင်တွင် ထုတ်ပြန်ချက်များအရ၊ “ပရိုတက်စတင်း (Protestant) အသင်းတော် မပေါ်ပေါက်မီ နှစ်ပေါင်းတစ်ထောင်ကျော်ကတည်းက သူတို့၏မြင့်မြတ်သော တာဝန်တစ်ရပ်အနေဖြင့် ဥပုသ်နေ့ကို “စနေ့နေ့” မှ “တနင်္ဂနွေနေ့” သို့ပြောင်းလဲလိုက်သည်။

        (The Catholic Encyclopedia, volume 4, Page 153.) ဆက်၍ ပြောသည်မှာ “ကာသိုလိပ်အသင်းတော်သည် ဂျူးလူမျိုးတို့၏ ခုနစ်ရက်နေ့ဥပုသ်မှ ပထမနေ့သို့ ပြောင်းလဲပြီးနောက် တတိယပညတ်တော်ကို တနင်္ဂနွေနေ့ ဥပုသ်အဖြစ် ဘုရားသခင်၏ နေ့ (The Lord's Day) ကို သန့်ရှင်းအောင်ထားရမည်။ (ကာသိုလိပ်တို့၏ တတိယ ပညတ်တော်မှာ ဥပုသ်နေ့ကို ဆိုလိုသည်)။ ဒီနေရာမှာ ကျွန်ုပ်တွေ့ရသည်မှာ ကာသိုလိပ်အသင်းတော်သည် ဥပုသ်နေ့ကို ပြောင်းလဲခဲ့ကြောင်း အတိအလင်း ဝန်ခံခဲ့သည်။ အမှန်တကယ်အားဖြင့် ဥပုသ် နေ့သည် ဂျူးလူမျိုးတို့အတွက် သီးသန့်မဟုတ်ပါ။ ဘုရားသခင်၏ ဥပုသ်နေ့အဖြစ် အမြဲရပ်တည်ခဲ့သည်။

        မစ်ချီဂန်ပြည်နယ်၊ အလွန်ခွင်းန်မြို့ရှိ (St. Catherine Catholic Church) သည် ဤထူးခြားသည့် စာစောင်ထုတ်ပြန်ချက်ကို ၁၉၉၅ ခု၊ မေလ (၂၁) ရက်နေ့တွင် သတင်းအဖြစ် ဖော်ပြခဲ့သည်။ “ရဲစွမ်းပြီးတော်လှန်မှု တစ်ရပ်အဖြစ် အသင်းတော်၏ အရေးယူဆောင်ရွက်ချက် တစ်ခုမှာ ပထမရာစုနှစ်မှာ ဖြစ်ပျက်ခဲ့သည်။ သန့်ရှင်းသော ဥပုသ်နေ့ကို စနေနေ့မှ တနင်္ဂနွေနေ့သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ ထိုပြောင်းလဲ ခြင်းသည် ကျမ်းစာတော်မှ ပညတ်အမိန့်တစ်စုံတရာ မဟုတ်ဘဲ အသင်းတော်၏ ကိုယ်ပိုင်အခွင့်အာဏာအသိတရားဖြင့် ပြောင်းလဲခဲ့သည်။”

        ရှေ့ပြေးနာမည်ကျော် ကာသိုလိပ်အမေရိကန်စာရေးဆရာ ကားလ်ကီးတင်းသည် ပရိုတက်စတင်း (Protestant) အသင်းသားများအား စိန်ခေါ်မှု တစ်ရပ်အနေဖြင့် စာအုပ်တစ်အုပ်ကို ရေးသားခဲ့သည်။ သူသည်ဥပုသ်နေ့ကို ဤသို့ ရှင်းပြသည်။ “အခြေခံ ဝါဒီသမားတို့သည် တနင်္ဂနွေနေ့မှာ ဝတ်ပြုကိုးကွယ်ဖို့ တွေ့ဆုံကြသည်။သို့ရာတွင် သမ္မာကျမ်းစာ၌ ဝတ်ပြုကိုးကွယ်ခြင်းကို တနင်္ဂနွေနေ့မှာ ပြုလုပ်ရမည့်အကြောင်းအထောက်အထား တစ်စုံတစ်ရာမရှိပါ။ ဂျူးလူမျိုးတို့၏ ဥပုသ်နားနေရာနေ့ရက်မှာ စနေနေ့ဖြစ်ပါသည်။ ခရစ်ယာန်များ ဝတ်ပြုကိုးကွယ်ရာနေ့ကိုတနင်္ဂနွေသို့ ပြောင်းလဲဝတ်ပြုခြင်းကို ကာသိုလိပ်အသင်းတော်မှ ဆုံးဖြတ်ခဲ့သည်။ ထိုနေ့ရက်ကို သခင်ခရစ်တော် ပြန်လည်ထမြောက်ခြင်းကို ဂုဏ်ပြုခဲ့သည်။ (Catholic and Fundamenta-lism. Page 38).

        ဤကာသိုလိပ်စာရေးဆရာသည် ပရိုတက်စတင်းများနှင့်အသေအချာ စဉ်းစားဆုံးဖြတ်ဖို့ တိုက်တွန်းနေသည်။ သူဆိုလိုချင်သည်မှာ သမ္မာကျမ်းစာကို လိုက်လျှောက်လိုလျှင် သမ္မာကျမ်းစာ ဥပုသ်နေ့ကို စောင့်ထိန်းသင့်သည်။ သူငြင်းခုံနေသည်က သမ္မာကျမ်းစာတစ်ခုတည်းဖြင့် အသင်းတော်၏ အာဏာနှင့် အဓိပ္ပါယ်ဖွင့်ဆိုလျက်မပါဘဲ လုံလောက်သည့် လမ်းညွှန်တစ်ခုမဖြစ်နိုင်ပါ။ မစ်ချီဂန်ပြည်နယ်၊ St. Catherine အသင်းတော်၏ တရားဟောဆရာသည် ဤနည်းတူ ငြင်းခုံခဲ့သည်။ သူဤကဲ့သို့ ငြင်းခုံပြီး ထူးခြားသည့် ရှုမြင်ချက်ကို ထုတ်ပြန်သည်။ “ကျမ်းစာတော်များကို တစ်ခုတည်းသော အာဏာသက်ရောက်မှုအဖြစ် လက်ခံသူများသည် သဘာဝအားဖြင့် သတ္တမနေ့ ဥပုသ်အသင်းသားများ ဖြစ်ဖို့နှင့် စနေနေ့ကို သန့်ရှင်းစွာ စောင့်ထိန်းဖို့ သင့်သည်။” (St, Catherine Catholic Church Sentinel; May 21, 1995).

        ဥပုသ်နေ့ပြဿနာ၏ ဗဟိုအချက်အချာမှာ အသင်းတော်သည်ဘုရားသခင်၏ ပညတ်တရားတော်ကို ပြောင်းလဲဖို့ အခွင့်အာဏာ ရှိပါ၏လား။

        သင်သည် တနင်္ဂနွေနေ့ကို လက်ခံလျှင် အသင်းတော်၏အခွင့်အာဏာဖြင့် ပြဌာန်းသောနေ့ကို လက်ခံခြင်းဖြစ်သည်။ ကာသိုလိပ်အသင်းတော်၏ ငြင်းခုံချက်မှာ တနင်္ဂနွေနေ့ကို လက်ခံလျှင်အသင်းတော်၏ အခွင့်အာဏာကို လက်ခံခြင်းဖြစ်သည်။ ဥပုသ်နေ့ကိုပြောင်းလဲခဲ့သည့် အသင်းတော်၏ အခွင့်အာဏာကို သင်လက်ခံလျှင် သင် သည် ကာသိုလိပ်ဝင်တစ်ဦးဖြစ်သင့်သည်။

        ဘိုးဘွားများ၏ ယုံကြည်ချက် (Faith of our Fathers) စာအုပ်တွင် (Cardinal James Gibbons)က ထပ်၍ဆိုပြန်သည်။ (Cardinal James Gibbons) သည် ၁၉ ရာစုအမေရိကန်နိုင်ငံတွင် ရှေ့တန်းရောက် ကာသိုလိပ်စာရေးဆရာ တစ်ဦးဖြစ်ပါသည်။ ၁၉ ရာစုနှောင်းပိုင်းတွင် သူ၏ ရေးသားချက်၌ “သင်သည် ကျမ်းစာကို ထွက်မြောက်ရာကျမ်းမှဗျာဒိတ်ကျမ်းအထိ ဖတ်သော်လည်း တနင်္ဂနွေနေ့ကို မွန်မြတ်သန့်ရှင်းအောင်ပြုလုပ်ခြင်း အကြောင်းတစ်စုံတစ်ရာ စာကြောင်းရှာ၍ တွေ့မည် မဟုတ်ပါ။ ကျမ်းစာတော်သည် သတ္တမနေ့စနေနေ့ကို ဝတ်ပြုကိုးကွယ်ရန် နေ့ရက်ဖြစ်ကြောင်း ထောက်ခံမှုပြုပါသည်။ (Faith of Our Father, Page 56, Cardinal James Gibbons)။

        (Monsignor Segura) သည် သူ၏ ရေးသားချက်၌ ဤပြဿနာကိုလင်းထင်းမှုရှိအောင် ဖော်ပြသည်။ “ကာသိုလိပ်အသင်းတော်သည် ယေရှုခရစ်တော်၏ အာဏာအခွင့်အရေးအရ၊ နားနေရာနေ့ရက်ကို တနင်္ဂနွေနေ့သို့ အရှင်ထမြောက်ရာနေ့အဖြစ် ပြောင်းလဲခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ တနင်္ဂနွေနေ့ကို စောင့်ထိန်းခြင်းအားဖြင့် ပရိုတက်စတင်းတို့သည် မိမိသဘောလျှောက် ကာသိုလိပ်အသင်းတော်၏ အခွင့်အာဏာကို လက်ခံခြင်းဖြစ်သည်။” (Plian Talk About the Protestantism of Today, Page

225).

        ပြဿနာကတော့ ဟိုရက်ဒီရက်ထက် နက်ရှိုင်းသည်၊ ပြဿနာသည်ကျွန်ုပ်တို့ကို ဦးဆောင်လမ်းပြမည့်အရာသည် ဘာကို ဖြစ်မည်နည်း။သမ္မာကျမ်းကို လက်ခံမှာလား၊ ရိုးရာအစဉ်အလာကို လက်ခံမှာလား။ပြဿနာသည် ဘုရားသခင်၏ လက်ညှိုးတော်ဖြင့် ကျောက်ပြားပေါ်တွင်ရေးသားခဲ့သော ပညတ်တရားတော်ကို လူသားများ၏ အသင်းတော်၊လူသားဘာသာရေးအခေါင်းဆောင်တို့မှ မည်သည့် အကြောင်းအရာပဲ ဖြစ်ဖြစ် ပြောင်းလဲသော အခွင့်အာဏာရှိနိုင်ပါသလား။

        ဘုရားသခင်သည် အသင်းတော်တစ်ခုခုကို သော်လည်းကောင်း၊လူသားပုဂ္ဂိုလ်တစ်ဦးဦးကို သော်လည်းကောင်း၊ သူ၏ ပညတ်တရားကိုပြောင်းလဲဖို့ အခွင့်အာဏာပေးခဲ့ပါသလား။ ဒီအခွင့်အာဏာကို သူပေးခဲ့ပါသလား။ လုံးဝမဟုတ်ပါ။ သို့ဖြစ်၍ ပြဿနာသည် အခွင့်အာဏာနှင့်ပတ်သက်သော ပြဿနာဖြစ်ပါသည်။ ဘုရားသခင်ကမိန့်တော်မူသည်။ “ငါ၏ပဋိညာဉ်တရားကိုလည်း မရှုတ်ချ။ ငါမိန့်မြွက်သော စကားလည်းဖောက်ပြန်ခြင်း မရှိရ။” (ဆာလံ၊ ၈၉း၃၄)။

        Toronto Daily Star သတင်းစာ၏ ၁၉၄၉ ခု၊ အောက်တိုဘာလ ၂၆ ရက် ထုတ်ပြန်မှုတွင် ပရိုတက်စတင့် အင်္ဂလီကန် ဘုန်းတော်ကြီးတစ်ပါးက တစ်ကမ္ဘာလုံးရှိ ပရိုတက်စတင့်ခရစ်ယာန်များကို တုန်လှုပ်ခဲ့စေသည်။ Toronto Daily Star ၏သတင်းထုတ်ပြန်မှုတွင် “သိက္ခာတော်ရဖီးလစ်ကာ ရင်တန်(Anglican Archbishop of Quebec သည် သူ၏စကားများကြောင့် ဒေသရှိ သင်းအုပ်ဆရာများကို စုစည်းစေပြီး တီးတိုးဆွေးနွေးကြပါသည်။ သူပြတ်သားစွာ ပြောသောစကားများမှာ တနင်္ဂနွေနေ့ကို သန့်ရှင်းအောင်ထားဖို့ ဘာအထောက်အထားမှ မရှိပါ။ ကာရင်တန်သည် ဒီမြို့ရှိ ပရိုတက်စတင်းအသင်းတော် အစည်းအဝေးတစ်ခု၌ တနင်္ဂနွေနေ့ကို ဝတ်ပြုကိုးကွယ်ရာနေ့အဖြစ် သတ်မှတ်ခြင်းသည် သမ္မာကျမ်းစာမှ မဟုတ်ဘဲ ရိုးရာ အစဉ်အလာအားဖြင့် ဖြစ်ပေါ်လာသည်။”

        သင်မြင်ပြီလား၊ နေ့ရက်သည်အကြောင်းအရာ မဟုတ်ပါ။အကြောင်းအရာကတော့ အခွင့်အာဏာနှင့် ပတ်သက်သည်။ ပြဿနာကသင်၏သခင်သည် မည်သူနည်း။ ယေရှုသခင်လား၊ သို့တည်းမဟုတ်အသင်းတော်များ၏ ဘာသာရေးခေါင်းဆောင်လား။ သင်၏ ယုံကြည်ခြင်းအုတ်မြစ်သည် အဘယ်နည်း။ သမ္မာကျမ်းစာ ဖြစ်ပါသလား၊ သို့တည်းမဟုတ် လူသားများပြောသောစကားလား၊ တစ်ထောင့်ငါးရာ ခုနှစ်များတွင် ဘာသာရေးပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုအချိန်အခါတွင် မာတင်လူသာသည် ဥရောပရှိ ဘုန်းတော်ကြီးများနှင့် အဆင့်မြင့်ဘုန်းတော်ကြီးတို့ ရှေ့တွင် “သမ္မာကျမ်းစာသည်သာလျှင် ခရစ်ယာန်များ၏ ယုံကြည်ခြင်း ဥပဒေနှင့် လက်တွေ့ဆောင်ရွက်ရမည့် လမ်းညွှန်ချက် ဖြစ်သည်။” သူအတည်ပြုပြောသည်မှာ “ကျွန်ုပ်၏ အသိစိတ်၌ ဘုရားသခင်၏နှုတ်ကပတ်ဖြင့်သာ ထိန်းချုပ်ပါသည်။” ဒေါက်တာ မဲလ်ဗင်အက်ခ်သည် ထူးကဲပြောင်မြောက်သည့် ကာသိုလိပ်ကျမ်းတတ် ပုဂ္ဂိုလ်သည် မာတင်လူသာကို စကားရည်လုပွဲယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့သည်။

        မာတင်လူသာကို ငြင်းခုံဖို့ ဒေါက်တာအက်ခ်အသုံးပြုခဲ့သည်မှာဥပုသ်နေ့ နှင့်ပတ်သက်သော ပြဿနာဖြစ်သည်။ သူ၏ ဆိုလိုချက်တွင် “အသင်းတော်၏ အခွင့်အာဏာသည် ကျမ်းစာတော်၏ အခွင့်အာဏာဖြင့် ထိန်းချုပ်ထား၍ မဖြစ်ပါ။ အဘယ်ကြောင့်ဆိုသော် အသင်းတော်သည် ဥပုသ်နေ့ကို တနင်္ဂနွေနေ့သို့ ပြောင်းလဲခဲ့ခြင်းသည် ခရစ်တော်၏ အမိန့်တော်အားဖြင့်မဟုတ်ဘဲ၊ မိမိ၏ အခွင့်အာဏာပိုင်မှုအားဖြင့် ပြောင်းလဲခဲ့သည်။” (Holtzman, Canon and Tradition, Page 263). 

        ဥပုသ်နေ့နှင့် ပတ်သက်သော ပြဿနာသည် အခွင့်အာဏာနှင့် စပ်ဆိုင်ပါသည်။ မာတင်လူသာ၏ နာမည်ကြီးသည့် ကြေညာချက်ဖြစ်သည့် သမ္မာကျမ်းစာသည်သာလျှင် အဓိကဟူသော အဆိုပြုချက်သည် ရိုးစင်းလှကြောင်း ဒေါက်တာအက်ခ်က ငြင်းဆိုခဲ့သည်။ ရိုးရာအစဉ်အလာသည် ကျမ်းစာတော်ကို လွှမ်းမိုးသွားပြီး၊ လူသာအနေဖြင့် တနင်္ဂနွေနေ့ဝတ်ပြုခြင်းကို လက်ခံခဲ့သဖြင့် ကျမ်းစာတော်တစ်ခုလုံးကို လက်မခံခဲ့ကြောင်း ထင်ရှားကြောင်း ဒေါက်တာအက်ခ်က ပြောသည်။ တနင်္ဂနွေနေ့ကို လက်ခံထားသဖြင့် လူသာသည် ရောမကာသိုလိပ်အသင်းတော်၏ အခွင့်အာဏာကို လက်ခံခြင်းဖြစ်သည်။

        သခင်ခရစ်တော်ကို သင်အမှန်တကယ်ချစ်လျှင် သူသည် သင့်ရဲ့နောက်ဆုံး အခွင့်အာဏာပိုင်စိုးသူဖြစ်သည်။ သူ၏နှုတ်ကပတ်တော်သည်သင့်ရဲ့ လမ်းညွှန်ဖြစ်သည်။ အချို့အရာများသည် လူတစ်ဦးတစ်ယောက်၏ ရွေချယ်မှုအပေါ်မူတည်သည်။ ဘုရားသခင်၏ ပညတ်တရားပြောင်းလဲခြင်းသည် ရွေးချယ်မှုအပေါ်မူတည်ဖို့ မသင့်ပါ။ 

        ဘုရားသခင်၏ ဖန်ဆင်းခြင်း အခွင့်အာဏာကို ဖော်ပြသည့် ဥပုသ်နေ့အား စွန့်လွှတ်ခြင်းသည် အရေးပါသော ကိစ္စတစ်ခုဖြစ်ပါသည်။ မိတ်ဆွေတို့၊ ဘုရားသခင်၏ ပညတ်တရားကို ပြောင်းလဲခြင်းသည် အလွန်ပင်အရေးကြီးသော ကိစ္စဖြစ်သည်။ ကျွန်ုပ်အနေဖြင့် ဘုရားသခင်က အာဒံနှင့် ဧဝတို့အား ဧဒင်ဥယျာဉ်၌ ပေးခဲ့သည့် ဥပုသ်နေ့ကို လိုက်လျှောက်လိုသည်။ သင်ကော ဘယ်လိုရွေးမည်နည်း။ ကျွန်ုပ်အနေဖြင့် ဘုရားသခင်ကမောရှအား ပညတ်တော်ဆယ်ပါးတွင်ပေးသည်ကို လိုက်လျှောက်လိုသည်။ ကျွန်ုပ်အနေဖြင့် ယေရှုခရစ်ပေးသောနမူနာကို လိုက်လျှောက်လိုပါသည်။

        ဘုရားသခင်က ဥပုသ်နေ့သည်သူ၏ ကြီးမားသော နိမိတ်လက္ခဏာ ဖြစ်ကြောင်းပြောသည်။ သခင်ခရစ်တော်အား ကျွန်ုပ်တို့၏ သစ္စာခံမှုကိုဖော်ပြသော နိမိတ်လက္ခဏာဖြစ်သည်။ ဤကမ္ဘာကြီးကို သူဖန်ဆင်းခဲ့ကြောင်းကို ကျွန်ုပ်တို့ ယုံကြည်လက်ခံခြင်းဖြစ်သည်။

        သူ၏ နှုတ်ကပတ်တော်အားလုံးကို လိုက်လျှောက်လိုကြောင်း နိမိတ်လက္ခဏာဖြစ်သည်။ ကမ္ဘာကြီး၏ သမိုင်းနောက်ဆုံးနေ့ရက်များတွင်ဘုရားသခင်၏ နှုတ်ကပတ်တော်က “ဘုရားသခင်၏ ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း၊ စောင့်ရှောက်သောသန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာ အကြောင်းရှိ၏” (ဗျာဒိတ်၊ ၁၄း၁၂)။

        ကမ္ဘာ၏သမိုင်းနောက်ဆုံးနေ့ရက်များတွင် ယေရှုကိုချစ်မြတ်နိုးသောဘုရားသခင်၏ လူအချို့ ရှိမည်။ သူ့ကို ချစ်မြတ်နိုးလွန်၍ သူ့အား နားထောင်မှုရှိသည်။ နေ့ရက်တစ်ခုနှင့် တစ်ခုထက်အရေးကြီးသည်။ ဧဒင်ဥယျာဉ်တွင် စာတန်က ဧဝအား ပြောသည်။ “ဘယ်အပင်ဘယ်အပင်ကထူးခြားပါမည်နည်း၊ အပင်အားလုံးက အတူတူပါပဲ” ဧဝသည် ထိုလိမ်လည်လှည့်စားမှုကို ယုံလိုက်သဖြင့် ဧဒင်ဥယျာဉ်ကို ဆုံးရှုံးခဲ့သည်။            ယနေ့ခရစ်ယာန်အများစုသည် ထိုလိမ်လည်လှည့်စားမှုကို လက်ခံခဲ့ကြသည်။ လူတွေကပြောသည် “နေ့ရက်တစ်ရက်ကလေးနှင့် ဘာထူးမည်နည်း။ တစ်နေ့ တစ်နေ့ ဆိုသည်က အတူတူပဲလေ” ဟုပြောကြသည်။ ဘုရားသခင်နှင့် ပတ်သက်လျှင် နေ့ရက်တိုင်းက မတူပါ။ သတ္တမနေ့ရက် တစ်ရက်ကို ဘုရားသခင်က မင်္ဂလာပေးခဲ့သည်။ သတ္တမနေ့ကို ခွဲထုတ်ပြီး သန့်ရှင်းစေသည်။ ဘုရားသခင်သည် နေ့ရက်တစ်ရက် သတ္တမနေ့တွင် နားနေသည်။

        ပြဿနာနှင့် ရင်ဆိုင်နေရသည်က အခွင့်အာဏာနှင့် ပတ်သက်ပါသည်။ နားထောင်မှုနှင့် ပတ်သက်သော ပြဿနာဖြစ်ပါသည်။ 

        ကျွန်ုပ်တို့ ရွေးချယ်ရာလမ်းမှာ၊--

        သမ္မာကျမ်းစာ- (သို့တည်းမဟုတ်) ရိုးရာအစဉ်အလာ၊

        သခင်ယေရှု- (သို့တည်းမဟုတ်) ဘာသာရေးခေါင်းဆောင်များ၊

        ဘုရားသခင်၏ ပညတ်တရား- (သို့တည်းမဟုတ်) လူတို့၏ အယူဝါဒ။

        ဘုရားသခင်ညွှန်ကြားချက်များ- (သို့တည်းမဟုတ်) လူသားများ

        သွန်သင်မှု ဘုရားသခင်၏လမ်းစဉ်- (သို့တည်းမဟုတ်) လူတို့၏လမ်းစဉ်။

        ယခုအချိန်မှာ ဘုရားသခင်က သင်နှင့်ကျွန်ုပ်အား ပြောနေပါသည်။ “အဘယ်မည်သော ဘုရားတို့အား ဝတ်ပြုမည့်အရာကို ယနေ့ရွေးကြလော့ -- ငါနှင့် ငါ့အိမ်သား ဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟုဆို၏” (ယောရှုမှတ်စာ၊ ၂၄း၁၅)။

        သင်သည် “အကျွန်ုပ်သခင်ယေရှုကို ရွေးသည်၊ သူပြသော လမ်းကိုရွေးမည်။ သူ၏ ပညတ်တော်ကို လိုလိုလားလားနားထောင်ဖို့ ရွေးချယ်သည်။”

        မေးခွန်းတစ်ခုတော့ရှိသည်။ တနင်္ဂနွေနေ့ကို စောင့်ရှောက်သူတိုင်းမျှော်လင့်ချက်ကင်း၍ ပျက်စီးခြင်းသို့ ရောက်မည်ဟု ဆိုလိုပါသလား။

        ရှင်းရှင်းကလေး ရှင်းပြပါရစေ။ တနင်္ဂနွေနေ့ကို စောင့်ထိန်းသူတိုင်းပျက်စီးခြင်းသို့ မရောက်ပါ။ တနင်္ဂနွေနေ့ကို စောင့်ထိန်းသော ခရစ်ယာန်အများကြီးတို့သည် ယေရှုခရစ်တော်ကို ချစ်မြတ်နိုးပြီး၊ သူတို့ရရှိထားသည့် အလင်းတရားအတိုင်း လိုက်လျှောက်ကြပါသည်။ အလင်းတရားများဒီထက်ရရှိသွားလျှင် ထိုအလင်းတရားအတိုင်း လိုက်လျှောက်ဖို့ ဆန္ဒရှိပါသည်။ ကမ္ဘာအနှံ့မှာ ထောင်ပေါင်းသောင်းပေါင်းများစွာသော လူတို့သည် ဘုရားသခင်၏ ခေါ်တော်မူသော အသံကိုကြားရ၍ အမှန်တရားဘက်သို့ ရပ်တည်လျက်ရှိပါသည်။

        သင်သည် ယောရှုလိုဘုရားသခင်၏ အလင်းတရားရရှိ၍ ဘုရားသခင်၏ နောက်သို့ လိုက်လျှောက်ရန် ရွေးချယ်သည်။ ယနေ့သခင်ယေရှုနောက်သို့ လိုက်လျှောက်မည်။ သခင်ယေရှုသည် ယနေ့သင့်အားခေါ်နေပါသည်။ သင့်အား လူအုပ်ကြီးအထဲမှ ထွက်ပြီးရပ်ဖို့ ခေါ်နေပါသည်။ သူသည်သင့်အားနောက်သို့ လိုက်ရန်နှင့် နားထောင်ဖို့ ခေါ်နေသည်။ သူသည်သင့်အား သူ၏စကားကို လက်ခံဖို့နှင့် သူ့စကားသာလျှင် သင်၏ယုံကြည်ချက်အခြေခံဖြစ်ဖို့ တိုက်တွင်းနေပါသည်။သင်၏နှလုံးသားထဲတွင် သခင်ယေရှုအား “သခင်ယေရှု၏ နောက်သို့အစဉ် လိုက်လျှောက်မည်။” ယခုအချိန်မှာ သင်၏ ဦးခေါင်းကိုညွှတ်ပြီး သင်၏အသက်တာကို ဘုရားသခင်အား ဆက်ကပ်ဖို့ အပ်နှံပါသလား။


အခန်း (၅) ထာဝရသို့ ကြိုတင်စပေါ်ရရှိခြင်း

        နှစ်ဘက်စလုံး ထိခိုက်ဒဏ်ရမှုကတော့ မြင့်မားပါသည်။ အမြောက်ပစ်ခတ်မှုသည် ပြင်းထန်ပါ၏။ အမြောက်တပ်မှ တစ်နေ့လုံးပစ်ခတ်မှု ရှိခဲ့သည်။ ဝင်ရိုးစွန်းတပ်ဖွဲ့မှ လေယာဉ်ဗုံးကြဲချမှုကြောင့် မြေကြီးသည် ပြင်းစွာ တုန်ခါခဲ့သည်။ မဟာမိတ်တပ်ဖွဲ့မှလည်း သူတို့၏ လက်နက်မျိုးစုံတို့ဖြင့် ပြန်လည်တုံ့ပြန်သည်။ ရန်သူနှစ် ဘက်စလုံးမှ ကတုတ်ကျင်းတစ်ဖက်တစ်ချက်မှာ မျက်နှာချင်းဆိုင် ရင်ဆိုင်နေကြပါသည်။ 

        အသက်ဆယ့်ရှစ်နှစ်အရွယ်ရှိ အမေရိကန်စစ်သားကလေးဂျိုးသည် သူကိုယ်တိုင် မကြာမီက အသစ်တူးထားသည့် ကတုတ်ကျင်း၏နံရံကို မောဟိုက်စွာ မှီလျက်ရှိပါသည်။ နေလုံးကြီးသည် ဝင်စပြုနေပြီ။ သူမသေဘဲ နောက်ထပ်တစ်ရက်တော့ ကုန်လွန်သွားပါပြီ။ ထိုနေ့သည် ၁၉၄၃ ခုနစ်၊ ခရစ္စမတ်အကြိုနေ့ဖြစ်သည်။ သူ့ခေါင်းထဲတွင် အိမ်အကြောင်းဝင်လာပါသည်။

        အမေ၊ အဖေ၊ အစ်ကိုကြီးတောမ်၊ အစ်မအဲလစ်၊ လတ်လတ်ဆတ်ဆတ်ဖုတ်ပြီးသား ထာပဌာမုန့်၊ ကူကီမုန့်၊ ဆီပြန်နှပ်ကြက်ဆင်သား၊ ရောင်စုံစက္ကူများဖြင့် ထုပ်ပိုးထားသည့် လက်ဆောင်များ၊ ခရစ္စမတ်သစ်ပင်၊အပြုံးကလေးများ၊ ဖက်တွယ် မှုများ၊ မီးဖိုတွင် ထင်းတုံးလောင်နေသည်ပုံ၊ချောကလက်အနွေး၊ ငြိမ်းချမ်းရေး၊ ဒါတွေဟာ သူ့ခေါင်းထဲတွင် နွေးထွေးစွာ စိမ့်ဝင်လာသည်။ သို့ရာတွင် အိပ်မက်ဆိုးကြီးတည်းဟူသော စစ်ပွဲသည် သူအား သေမင်းမျက်နှာနှင့် အမြဲစိုက်ကြည့်လျက် ရှိသည်။ “ကမ္ဘာပေါ်တွင် ငြိမ်းချမ်းမှုနှင့်လူသားအားလုံး အတွက် မိတ်သဟာရှိကြပါစေ” ဟူသောဆောင်ပုဒ်သည် စိတ်ကူးယဉ် အမျှင်သက်သက်သာ ဖြစ်နေသည်။

        ယခုစစ်မြေပြင်မှာ ငြိမ်သက်လျက်ရှိပါသည်။ လေထဲမှာအေးစိမ့်ပြီး မြူကင်းနေသည်။ လ၏အလင်းရောင်ထက်တွင် ကြယ်များမှိတ်တုတ်မှိတ်တုတ် လင်းလျက် ရှိပါသည်။ သူသည် သီချင်းသံများ ကြားရသလို ဖြစ်နေသည်။ ဟုတ်ကော ဟုတ်ပါရဲ့လား။ ၁၉၄၃ ခု၊ ခရစ္စမတ်အကြိုနေ့ညမှာ နားကြားများမှားနေသလား။ မသိမသာ ထောင်ချောက်တစ်မျိုးမျိုးများ ဆင်နေသလား။ ဒုစရိုက်အန္တရာယ် တစ်မျိုးမျိုးများ ဖြစ်နေသလား ဟူ၍ သူမယုံနိုင်အောင် ဖြစ်နေသည်။ 

        ကြားနေကျ ခရစ္စမတ်သီချင်းသံ ပျော်ရွှင်စွာ ထွက်ပေါ်လာပါသည်။ ဆိုသည့် အသံကတော့ ဂျာမန်ဘာသာဖြစ်သော်လည်း တေးသံကတော့ မမှားနိုင်ပါ။ 

        “Silent night, Holy night, Al is calm, Al is bright......

        ကိုက်အနည်းငယ်ဝေးသည့် နေရာမှ ဘွင်းဘွင်းမြင်နိုင်သည့် ဂျမန်စစ်သားတို့သည် ခရစ္စမတ်သီချင်းများ ဆိုနေကြသည်။ တဖြည်းဖြည်းနှင့် သတိကြီးစွာ ဂျိုးသည် သူ၏ မြေကတုတ်ကျင်းမှ ခေါင်းပြူထွက်ကြည့်သည်။ သူ၏နှလုံးသားနှင့်ခံစားချက်တို့သည် မြင့်တက်လာပြီး စိတ်မထိန်းနိုင်တော့ဘဲ သူလည်း တစ်ဆက်တည်း သီချင်းဆို တော့သည်။

         “Silent night, Holy night, Al is calm, Al is bright. ....

သူ၏ အမေရိကန်အဖော်စစ်သားများလည်း သီချင်းလိုက်ဆိုနေကြသည်။ မကြာမီအတွင်းမှာ အသံများသည် ယခင်နာရီပေါင်းအနည်းငယ်က ဆဲသံဆိုသံ၊ အနိဌာရုံအသံတို့သည် ချီးမွမ်းခြင်း သီချင်းသံများဖြင့် ပဲ့တင်ထပ်တော့သည်။ နှစ်ဘက်သော စစ်သည်များသည် တစ်ဦးမှတစ်ဦးသို့ ချဉ်ကပ်လာပြီး၊ တစ်ဦးကိုတစ်ဦး ဖက်ကြသည်၊ ရယ်မောကြသည်၊ အတူတကွ သီချင်းဆိုကြသည်။ တစ်ညတာ အတွက်တော့ သူတို့သည် ညီရင်းအစ်ကို ဖြစ်ကြသည်။ တူညီသည့် လူသားချင်း ဆက်ဆံမှုကို မျှဝေခံစားကြသည်။ တိုက်ပွဲများ ရပ်တန့်သွားသည်၊ ဗုံးကြဲမှုစဲသွားသည်။ မော်တာအမြောက်သံများ မကြားရတော့ပါ။ ထိုခရစ္စမတ်အကြိုညတွင် ခဏတစ်ဖြုတ်ရန်သူများသည် သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။ တစ်နည်းအားဖြင့်တော့ တမန်တော်၊ ၁၇း၂၄၊ ၂၆ တွင် ဖော်ပြသည့် အမှန်တရားကို သဘောပေါက်ကြသည်။

        “လောကဓါတ်မှစ၍ လောကဓါတ်၌ ရှိလေသမျှသော အရာတို့ကိုဖန်ဆင်းတော်မူသော ဘုရားသခင်သည်၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍ လူတို့လက်ဖြင့် ပြုလုပ်သော ဗိမာန်၌ ကိန်းဝပ်တော်မူသည် မဟုတ်။ ဘုရားသခင်သည် မြေတစ်ပြင်လုံး၌နေရသော လူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့် ဖန်ဆင်းတော်မူ၍ သူတို့အား ခွဲဝေစီမံသော အချိန်ကာလကိုလည်းကောင်း၊ သူတို့၏ နေရာအပိုင်းအခြားကိုလည်းကောင်း မှတ်သားတော်မူ၏” (တမန်တော်၊ ၁၇း၂၄၊ ၂၆)။

        လူသားတိုင်းတို့၏ သိက္ခာ၏အနှစ်သာရ အာလုံးမှာ ဖန်ဆင်းခြင်းခံရ၍ ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံးသည် အလွန်ထူးခြားစွာ ဖန်ဆင်းခြင်းခံရ၍ ဘုရားသခင်သည် လူသားတိုင်း အပေါ်တန်ဖိုးထားရှိပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဖခင်ဖြစ်သည်။ ကျွန်ုပ်တို့၌ တူညီသော အမွေဆက်ခံနိုင်မည့်အရာ ရှိကြပါသည်။ ကျွန်ုပ်တို့သည် စကြဝဠာဘုရင်ကြီး၏ သားသမီးများ ဖြစ်ကြသည်။ တစ်မိသားစုတည်းက ဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် ဘုရားတစ်ဆူတည်းက ပုံဖော်ထားသည့်ညီအစ်ကို မောင်နှမများ ဖြစ်ကြသည်။

        ဖန်ဆင်းခြင်းခံရ၍ မိမိကိုယ်ကို မိမိတန်ဖိုးထားနိုင်သော သဘောရှိပါသည်။ စကြဝဠာကို ဖန်ဆင်းခဲ့သောဖန်ဆင်းရှင်သည် ကျွန်ုပ်တို့ကိုဖန်ဆင်းခဲ့သည်။ ကျွန်ုပ်တို့သည် သူ၏မျက်မှောက်၌ ထူးကဲသော သူများဖြစ်ကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား မျိုးဗီဇနှင့် ဗီဇသက်မျှင်များ ပေါင်းစည်းပေးပြီးသည့်အခါ ကျွန်ုပ်တို့အား အကျင့်စရိုက်တစ်မျိုးစီဖြင့် ဖန်ဆင်းခဲ့သည်။ ထိုသို့ ပြုလုပ်ခဲ့ပြီးသည့်အခါ ပုံဖော်သည့် မှိုပုံစံခွက်များကို လွှင့်ပစ်ပြီး စကြဝဠာတစ်ခုလုံး၌ ကျွန်ုပ်တို့နှင့်တူသော အခြားတစ်ဦးတစ်ယောက်မျှ မရှိနိုင်တော့ပါ။ သင်သည်ထူးကဲစွာ အမျိုးအစားတွင် တစ်ဦးသာ ရှိပါသည်။

        Evolution တစ်စတစ်စဖြစ်တည်ခြင်း သဘောတရားသည် လူသားဆန်မှု မရှိပါ။ အကယ်၍သာ ကျွန်ုပ်သည် ဒြပ်ပေါင်းများစုစည်းမှုဖြင့်သက်ရှိဖြစ်လာခဲ့လျှင် ကျွန်ုပ်သည် ကံတရားအားဖြင့်သာ လူသားဖြစ်လာခဲ့ရသည်။ ကျွန်ုပ်သည် တိရစ္ဆာန်အဆင့်မှ တိုးတက်လာပြီး လူသားဖြစ်လာခဲ့လျှင် အသက်တာဘဝသည် ဘာမျှအဓိပ္ပါယ်ရှိနိုင်မည် မဟုတ်ပါ။ ထိုသို့ဖြစ်လျှင် ကျွန်ုပ်သည် ကမ္ဘာဟုခေါ်တွင်သော ဂြိုဟ်ပေါ်ရှိ အခြားသော လူခြောက်ဘီလျှံနှင့် နေရရှိဖို့အတွက် တစ်ဦးနှင့်တစ်ဦးကို ကုတ်ဖဲ့ရသည့် အဖြစ်မျိုးနှင့်သာ အသက်ရှင်ရမည် ဖြစ်ပါသည်။ ဖန်ဆင်းခြင်းမှာ အသက်ရှင်နေထိုင်ဖို့ ကိုယ်ကျင့်တရားနှင့် အညီအသက်ရှင်ဖို့ အကြောက်တရားဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်ကို ဖန်ဆင်းခဲ့သည့်အတွက် ကျွန်ုပ်၏လုပ်ရပ်အတွက် တာဝန်ယူရပါမည်။ ကျွန်ုပ်ကို ဖန်ဆင်းခဲ့သည့် အတွက် သူ့အပေါ်၌ တာဝန်ရှိပါသည်။ သူသည် ကိုယ်ကျင့်တရားလောက၌ လုံးဝဥဿုံသဘောတရားကို တည်ဆောက်ခဲ့သည်။                           တစ်စတစ်စဖြစ်တည်ခြင်း (Evolution) သည် အသက်ရှင်နေထိုင်ဖို့၊ကိုယ်ကျင့်တရားလိုက်နာဖို့ ဥပဒေသများ ဖန်တီးမှုမရှိခဲ့ပါ။ လူသားသည် အဆင့်မြင့်တိရစ္ဆာန်ဖြစ်၍ အမြင့်ဆုံးစံနှုန်းမှာ စိတ်ဦးနှောက်မျှသာ ဖြစ်ပါသည်။ ကိုယ်ကျင့်တရားဆိုသည်မှာ လူ့အတွင်းမှဖြစ်ပေါ်လာသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ အပြုအမူအတွက် ထိန်းကွပ်ရန်လုံးဝဥဿုံစံနှုန်းများ မရှိနိုင်ပါ။ ဖန်ဆင်းခြင်းမှာမူ ကျွန်ုပ်တို့အတွက် မျှော်လင့်ခြင်း သဘောတရားရှိပါသည်။ ကျွန်ုပ်ကို ဖန်ဆင်းခဲ့သော ဘုရားသည် ကျွန်ုပ်အားချစ်ပါသည်။သူသည် ကျွန်ုပ်အားအရေးစိုက်၍ ဤဘဝတစ်ခုလုံးတွင် ကျွန်ုပ်အားထိန်းကျောင်းသွားပါလိမ့်မည်။

        Evolution သည် ဘဝစိတ်ခေါ်မှုအတွက် ရင်ဆိုင်ဖို့ မိမိကိုယ်တွင်းမှအင်အား ရှာဖွေရသည်။ ဖန်ဆင်းခြင်း၌ အင်အားရယူဖို့ ကိုယ်၏ ပြင်ပ၌ ရှာဖွေနိုင်သည်။ တန်ခိုးကြီးမား၌ အလုံးစုံသော အရာတို့ကို သိနားလည်သော မေတ္တာရှင် ဘုရားသခင်အား မျှော်ကိုးနိုင်သည်။ ဖန်ဆင်းခြင်းသည် ဦးတည်ရာလမ်းကြောင်းကို ပြသခံစားနိုင်သည်။ ကျွန်ုပ်ကို ဖန်ဆင်း၍ ချစ်မြတ်နိုးသောဘုရားသည် ကျွန်ုပ်အတွက် ကောင်းကင်ဘုံ၌  နေရာစီစဉ်ပေးနေပါသည်။ သေခြင်းသည် နံနက်မိုးလင်း ချိန်မရှိသော ရှည်လျားသည့် ညဉ့်မဟုတ်ပါ။ သင်္ချိုင်းသည် မှောင်မိုက်သည့် မြေကြီးတွင်းတစ်ခု မဟုတ်ပါ။ ဘုရားသခင်သည် ကြီးကျယ်ခမ်းနားသော နံနက်ယံအသစ်ကို စီစဉ်ထားပါသည်။

        တစ်စတစ်စဖြစ်တည်မှု (evolution) ယုံကြည်သူများအတွက် သေခြင်းသည် နိဂုံးချုပ်ဖြစ်သည်။ နောက်တစ်နေ့ နံနက်ခင်းမရှိတော့ပါ။ဖန်ဆင်းခြင်းသည် မျှော်လင့်ခြင်း အကြောင်းပြောပြနေပါသည်။ evolution သည် သေခြင်းအကြောင်း ပဲ့တင်သံထပ်သည်။ ဖန်ဆင်းခြင်းသည် ထာဝစဉ်ဘဝမေးခွန်းများအတွက် အဖြေပေးသည်။ ကျွန်ုပ်ဘယ်ကနေလာပါလဲ။ ကျွန်ုပ်ဒီနေရာမှာ ဘာလုပ်နေသလဲ။ ကျွန်ုပ်ဘယ်သို့သွားအုံး မည်နည်း။ evolution မှာမူ ရှုပ်ထွေးရွဲ့စောင်းသည့် သက်ရှိအစကနဦးအကြောင်းကို ဖော်ပြသည်။ ဘဝ၏ ရည်ရွယ်ချက်မေးခွန်းကို အဖြေမပေးဘဲ နောက်ဆုံးဘဝ၏ ဦးတည်ချက်ကို ဟာလာဟင်းလင်းချန်ထားခဲ့ပါသည်။ ဖန်ဆင်းခြင်းသည် ကျွန်ုပ်တို့အား ဘုရားသခင်နှင့် ပေါင်းစည်းပေးသည်။ ကိုယ့်ကိုကိုယ် လေးစားမှုရှိအောင် ဖန်တီးပေးသည်။ အခြားလူသားအားလုံးနှင့် ပေါင်းစည်းပေးသည်။ ကျွန်ုပ်တို့အားလုံးသည် တစ်နေရာတည်းမှ လာကြသည်ကို ဖန်တီးပေးခဲ့သည်။ ဂရုစိုက်တတ်သောဘုရားအား ယုံကြည်ကိုးစားဖို့ အားပေးသည်။ ဘုရားသခင်၏ မကုန်ခန်းနိုင်သော တန်ခိုးတော်နှင့် ဆက်သွယ်ပေးပြီး သေခြင်း၏ နောက်မျှော်လင့်နိုင်သော အသက်တာကို ပေးဆောင်နိုင် သည်။

ဖန်ဆင်းခြင်းနှင့်ဥပုသ်နေ့

        ကျွန်ုပ်တို့၏ ကမ္ဘာတွင် ဖန်ဆင်းခြင်း၏ မျှော်လင့်ခြင်းတရားကိုအလွန်လိုအပ်နေသဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ဥပုသ်နေ့ကို ပေးသနားခဲ့သည်။ 

        ၁၈ဝဝ ခုနှစ် အလယ်ပိုင်းလောက်တွင် (evolution Hypothesis) တစ်စတစ်စဖြစ်တည်မှု၏ ဖြစ်နိုင်ခြေတွက်ချက်မှု သဘောတရားသည် စာတတ်ပေတတ် ကမ္ဘာကို အလုံးအရင်းဖမ်းစားချိန်တွင် ဘုရားသခင်သည် မယုံနိုင်လောက်အောင် မျှော်လင့်ခြင်းသတင်းကို ဗျာဒိတ်၊ ၁၄း၆-၇ တွင် တွေ့နိုင်ပါသည်။ “မြေကြီးပေါ်မှာ နေသောသူအသီးသီးဘာသာစကားကိုပြောသော လူမျိုးနွယ်ခပ်သိမ်းတို့အား ထာဝရ ဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တစ်ပါးက ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့။” ကောင်းကင်၊ မြေကြီးနှင့် သမုဒ္ဒရာတို့ကို ပြုလုပ်သောသူကို ဘယ်လိုခေါ်ပါသလဲ။ ဖန်ဆင်းရှင်ပါ။ သမ္မာကျမ်းစာ၏ နောက်ဆုံးစာအုပ်တွင် ကောင်းကင်ဘုံမှ လူသားတို့အား ဖန်ဆင်းရှင်ကိုကိုးကွယ်ရန် ပြောပါသည်။

        လူသားများတို့အား ဘုရား သခင်၏ နောက်ဆုံးနေ့သတင်းစကားမှာကောင်းကင်နှင့် မြေကြီးကို ပြုလုပ်ဖန်ဆင်းသောသူ၊ ဖန်ဆင်းရှင်အားဝတ်ပြုကိုးကွယ်ဖို့ ခေါ်ယူ နေပါသည်။ ဝတ်ပြုကိုးကွယ်ခြင်း၏ အခြေခံသဘောတရားကတော့ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့သည်။တစ်စတစ်စ ဖြစ်တည်မှု (Evolution) ကို သင်လက်ခံပါက ဝတ်ပြုကိုးကွယ်ခြင်း၏ အခြေခံကို ဖျက်ဆီးလိုက်ပါသည်။ ဗျာဒိတ်ဆရာယောဟန်သည် ဤကဲ့သို့ တိုတုတ်ပြတ်သား စွာဆိုသည်။ “အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက် ရှိကြပါ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးကို ခံစားထိုက်တော်မူ၏ (ဗျာဒိတ်၊ ၄း၁၁)။

        သူသည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဖန်ဆင်းခဲ့သည်။ အကယ်၍သာ သူသည် ကျွန်ုပ်တို့ကို မဖန်ဆင်းခဲ့ပါက၊ ကျွန်ုပ်တို့သည် အလိုအလျောက်တစ်စနှင့်တစ်စ ဖြစ်တည်လာခဲ့ပါက ဇီက အသက်တာဘဝသည် စကြဝဠာ၏ ကံအားလျော်စွာ ရွေးချယ်မှုကြောင့် ဖြစ်တည်လာလျှင် ဝတ်ပြုကိုးကွယ်ဖို့ အကြောင်းအရာ တစ်စုံတစ်ရာ မရှိနိုင်တော့ပါ။

        တစ်စတစ်စ ဖြစ်တည်မှု (Evolution) ခေတ်တွင် ဘုရားသခင်သည်ကျွန်ုပ်တို့ကို ဥပုသ်နေ့အားပေးသနားခြင်းမှာ သူ၏ ဖန်တီးမှုတန်ခိုးနှင့်အာဏာကို ထာဝရပုံဆောင်ခြင်းအဖြစ် ထားရှိခဲ့ပါသည်။ အပတ်စဉ် ဥပုသ်နေ့သည် ကျွန်ုပ်တို့ကို ကိုယ့် ဘာသာကိုယ် ဖြစ်လာသည် မဟုတ်ဘဲ သူသည် ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့ကြောင်း သတိရအောက်မေ့ဖို့ ဖြစ်ပါသည်။ သူနှင့်ကင်းကွာပြီး ဇီဝအသက်မတည်ရှိနိုင်ပါ။

        “ကျွန်ုပ်တို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏” (တမန်တော်၊ ၁၇း၂၈)။

        ဥပုသ်နေ့သည် ကျွန်ုပ်တို့အား ကိုယ်၏အရင်းအမြစ်သို့ ပြန်လည်ခေါ်ယူနေပါသည်။ ကျွန်ုပ်တို့၏ မိသားစုအစနှင့် အဆက်အသွယ်ပြုလုပ်ပေးပါသည်။ ဤကမ္ဘာကြီး စတင်ကတည်းက ဥပုသ်နေ့ကို အစဉ်အဆက်စောင့်ရှောက်ခဲ့ကြသည်။ ပြတ်တောက်မှုမရှိ အချိန်စတင်သည်မှ ဖန်ဆင်းရှင်နှင့် အဆက်အသွယ် ပြုလုပ်ပေးပါသည်။ ကျွန်ုပ်တို့သည်ဘုရားသခင်၏ သားသမီးများဖြစ်ကြောင်း ကြီးကျယ်ခမ်းနားသည့် အမှန်တရားအပေါ် အာရုံစူးစိုက်ဖို့ သတိပေးပါသည်။ ဥပုသ်နေ့သည် ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် နီးစပ်ရင်းနှီးမှုရှိအောင် ခေါ်ဖိတ်ပါသည်။

        ရှီယာကလေးသည် အသက်လေးနှစ်အရွယ်တွင် သူ၏ မောင်လေးမွေးဖွားခဲ့သည်။ ရှီယာသည် မိဘတို့အား ကလေးလေးကို သူနှင့်သီးသန့်ထားခဲ့ဖို့ တောင်းဆိုပါသည်။ မိဘများက လေးနှစ်သားကလေး၏ မနာလိုစိတ်ကြောင့် သူ့မောင်လေးကို ရိုက်မိမှာစိုး၍ ခွင့်မပြုခဲ့ပါ။ အချိန်ကြာလာတော့ရှီယာကလေးမနာလိုစိတ် တစ်စုံတစ်ရာ မပြသည့်အတွက် ရှီယာကလေးကို သူမ၏ မောင်လေးနှင့် သီးသန့်နေခွင့်ပေးလိုက်သည်။ ဝမ်းသာအားကြီးစွာဖြင့် ရှီယောလေးသည် ကလေးလေးအခန်းသို့ ဝင်ပြီးတံခါးပိတ်လိုက်သည်။ သို့ရာတွင် မိဘနှစ်ဦးချောင်းကြည့်နိုင်ဖို့ အနည်းငယ် တံခါးဟထားခဲ့ပါသည်။ ရှီယာသည် ကလေးလေးအနားသို့ သွားပြီး မျက်နှာနီးကပ်စွာထားသည်ကို မိဘများက တွေ့ရသည်။ ရှီယာက ကလေးလေးအား “ကလေးလေးရေ၊ နင်ဘုရားသခင်ကို ဘယ်လိုခံစားရသလဲ ဆိုတာပြောပြပါ။ ငါမေ့စပြုလာပြီ။”

        အမှန်ကတော့ ကျွန်ုပ်တို့သည် မေ့တတ်နိုင်ပါသည်။ သို့ဖြစ်၍ ဘုရားသခင်က ကျွန်ုပ်တို့အား “အောက်မေ့ပါ” ဟူ၍ သတိပေးနေပါသည်။ အပတ်စဉ်ဥပုသ်နေ့တွင် ကျွန်ုပ်တို့အား ဘုရားသခင်သည် ဘယ်ပုံဘယ်နည်းရှိသည်ကို သတိရအောက်မေ့စေပါသည်။ ဘုရားသခင်နှင့်ကျွန်ုပ်တို့စပ်ကြား အသစ်သော ဆက်ဆံရေးသို့ ဖိတ်ခေါ်နေပါသည်။

မသိမသာလွန်း မဟုတ်သည့် လိမ်လည်လှည့်စားခြင်း 

        ကျွန်ုပ်တို့ကို ဖန်ဆင်းခြင်း၏ ထူးကဲခြားနားမှု အခြေအနေကို ဖျက်ဆီးလို၍ စာတန်သည် သိပ်ပြီးမထင်မရှား မဟုတ်သည့်နည်းဖြင့် အတုအပကို အစားထိုးဖို့ ကြိုးစားသည်။ ဤအတုအပများကို အချို့သော ခရစ်ယာန်များကို စိတ်ကောင်းထားပြီး ဖန်ဆင်းခြင်းနှင့် တစ်စတစ်စဖြစ်တည်မှု (Evolution) တို့ကို သဟဇာတဖြစ်အောင် ပေါင်းစည်းဖို့ ကြိုးစားခဲ့သည်။ သူတို့၏ တွေးခေါ်မှုမှာ “ဘုရားသခင်သည် အရာရာတိုင်းကို ဖန်ဆင်းခြင်း၏ အကြောင်းအရာဖြစ်သည်။ သို့ရာတွင် ကမ္ဘာကြီး ဖြစ်ပေါ်လာဖို့ အချိန်သိပ်ပြီး ကြာမြင့်ခဲ့သည်။” ဤနည်းဖြင့် သိပ္ပံအချက်များနှင့် ကမ္ဘာဦးကျမ်း၏ ဖန်ဆင်းခြင်းအကြောင်းအရာတို့ကို သဟဇာတလိုက်ဖက်အောင် ကြိုးစားခဲ့သည်။ သူတို့ပြောဆိုရာမှာ ဖန်ဆင်းခြင်းနေ့ရက်များသည် အတိုင်းအတာ မရှိကြာရှည်ခဲ့သည်။ တစ်စတစ်စဖြစ်တည်မှု (Evolution) အမြင်ကို လက်ခံခဲ့၍ အကြောင်းအရာများ ရှင်းပေးသည်ထက် ပြဿနာပိုမိုရှုပ်ထွေးစေခဲ့သည်။ ဆာလံဆရာ၏ ပြောဆိုချက်များကို ပစ်ပယ်လိုက်သည်။ ဆာလံဆရာ၏ ပြဆိုချက်မှာ “ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ်တော်အသက်အားဖြင့် မိုးကောင်းကင်တန်ဆာ များကိုလည်းကောင်း ဖန်ဆင်းတော်မူ၏” (ဆာလံ၊ ၃၃း၆၊ ၉)။

        ရှင်းလင်းပြတ်သားသည့် ဟေဗြဲ၊ ၁၁း၃ ၏ ကြေညာချက်ကိုလျစ်လျူရှုခဲ့သည်။ “ယခုမြင်ရသော အရာတို့သည် အရင်ထင်ရှားသောအရာထဲကမဖြစ်ဘဲ၊ လောကဓါတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏” (ဟေဗြဲ၊ ၁၁း၃)။

        သမ္မာကျမ်းစာသည် ကမ္ဘာကြီးကို ဘုရားသခင်က စာသားအတိုင်း ၂၄ နာရီ ရှိသည့်ရက်၊ ခြောက်ရက်အတွင် ဖန်ဆင်းခဲ့သည်။ သတ္တမနေ့၌ နားနေတော်မူသည်။ စာသားတည်ဆောက်မှုအရ ကမ္ဘာဦးကျမ်း အခန်းကြီး (၁) နှင့် (၂) ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အခြားသော အဓိပ္ပါယ်ကို မဆောင်နိုင်ပါ။ ဟေဗြဲဘာသာဖြင့် ရက်ကို “ယောင်မ်”(YOM) ဟူ၍ ဖြစ်သည်။ သမ္မာကျမ်းစာတွင် “ယောင်မ်” အရှေ့တွင် နံပါတ်တစ်ခုခုကနာမဝိသေသနအဖြစ် ဖော်ပြပါက အချိန်ကို ၂၄နာရီ အကန့်အသတ်ကိုဖော်ပြခြင်း ဖြစ်ပါသည်။ သမ္မာကျမ်းစာတွင် ဘယ်သောအခါမျှ “ယောင်မ်” အရှေ့တွင် နံပါတ်ဖော်ပြလျှင် ထိုအချိန်ကို အကန့်အသတ်မရှိ ရှည့်လျားသောအချိန်ကို အဓိပ္ပါယ်မဆောင်ပါ။ ခြွင်းချက်မရှိ ၂၄ နာရီ ရက်ကိုသာ အဓိပ္ပါယ်ဆောင်သည်။ ဖန်ဆင်းခြင်း၏ အချိန်အတိုင်းအတာကိုအကန့်အသတ်မရှိ ကြာရှည်ခဲ့သည်ဟု မှားယွင်းသော အယူအဆကိုလက်ခံလျှင် သမ္မာကျမ်းစာ၏တိကျသော ဘာသာစကားကို စိန်ခေါ်ရာကျပါသည်။ ထိုမှားယွင်းသော အယူအဆကို လက်ခံလျှင် ကျမ်းစာတော်၊နှုတ်ကပတ်တော်၏ သဒ္ဒါကို မိမိ၏ ကိုယ်ပိုင်အယူအဆဖြင့် အစားထိုးရာကျပါသည်။ အကယ်၍သာ ကမ္ဘာဦးကျမ်းကို ရေးသားခဲ့သော မောရှေသည် ကမ္ဘာကြီးက နှစ်ပေါင်းသန်းပေါင်းများစွာ ဖြစ်တည်ဖို့ကြာခဲ့လျှင် သူအခြားစကားလုံးကို ရွေးပြီးရေးသားဖော်ပြပါလိမ့်မည်။

        ဒီထက်မက ဘုရားသခင်သည် ကမ္ဘာကြီးကို စာသားပါသည့် အတိုင်းခြောက်ရက်အတွင်း ဖန်ဆင်းမှု မပြုခဲ့သော် သတ္တမနေ့ဥပုသ်သည် ဘာအဓိပ္ပါယ်ရှိပါတော့မည်နည်း။ ဘုရားသခင်က “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့၊ ခြောက်ရက်ပတ်လုံးအလုပ်ကို ကြိုးစား၍ လုပ်ဆောင်လော့၊ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏” ဟူ၍ အဘယ်သို့ မိန့်တော်မူမည်နည်း (ထွက်မြောက်၊ ၂း၈-၁၁)။

        ဖန်ဆင်းခြင်း၏ နေ့ရက်ကို တစ်ပတ်လျှင် ခြောက်ရက်အတွင်း မပြုလုပ်ခဲ့လျှင် သတ္တမနေ့ဥပုသ်ကို ထာဝရအောက်မေ့ဖွယ် နေ့ရက်အဖြစ်ထားရှိခြင်းမှာ အဓိပ္ပါယ် လုံးဝမရှိနိုင်တော့ပါ။ ခုနစ်ရက် တစ်ပတ်သည်လည်း အစကနဦးကပင် မရှိခဲ့ကြောင်း ဖြစ်သွားမည်။ ဖန်ဆင်းခြင်းသည်နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ကြောင်း လက်ခံလျှင် သတ္တမနေ့ဥပုသ်ကို စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်လိမ့်မည်။ သမ္မာကျမ်းစာတော်မြတ်၏ အခွင့်အာဏာကို စိန်ခေါ်ခြင်းဖြစ်သည်။ ဤသို့ ပြုလုပ်လျှင် ကျမ်းစာတော်မြတ်၏ ကောင်းမြတ်ခြင်းကိုလေးနက်သည့် မေးခွန်များမေးမြန်းရာသက်ရောက်ပါလိမ့်မည်။

        စာတန်သည် ဘုရားသခင်၏ အာဏာကို စိန်ခေါ်မှု တစ်ရက်အနေဖြင့်ဥပုသ်နေ့ကို တိုက်ခိုက်နေပါသည်။ ဥပုသ်နေ့ကို စောင့်ထိန်းခြင်းသည်ကောင်းသော အကြံပေးချက် တစ်ခုသာမကဘဲ ဘုရားသခင်၏ ပလ္လင်တော်မှထုတ်ပြန်သော အမိန့်တစ်ရပ်ပင်ဖြစ်သည်။ ဥပုသ်နေ့ကို ပေါ့ပေါ့တန်တန်ယူဆပြီး အခြားသော ရိုးရိုးနေ့ရက်များ နည်းတူ သတ်မှတ်ခဲ့လျှင် ဘုရားသခင်နှင့် မိတ်သဟာယဆက်ဆံရေး ယုံကြည်ချက်သည် အရေးပါလှသော ရှုထောင့်တစ်ခုကို လွဲချော်သွားလိမ့်မည်။

        ဥပုသ်နေ့ကို ကျွန်ုပ်တို့အားပေးကမ်းခြင်းသည် ဖန်ဆင်းရှင်က ကျွန်ုပ်တို့ကို သူနှင့်ပေါင်းစည်းနိုင်ဖို့ ဖြစ်သည်။ ဥပုသ်နေ့၏ အချက်အချာရည်ရွယ်ချက်သည် ဆက်သွယ်မှုဖြစ်၏။ ဘုရားသခင်သည် ဘုန်းအသရေတန်ခိုးတော် ခံစားထိုက်၍ ကျွန်ုပ်တို့၏ အမြင့်မားဆုံး ကိုးကွယ်မျှော်ကိုးခြင်း၊ အနက်ရှိုင်းဆုံး သစ္စာခံမှုနှင့် လုံးလုံးလျားလျား သစ္စာထားအသိအမှတ်ပြုရန် ဖြစ်သည်။

ဥပုသ်နေ့နှင့် ကယ်တင်ခြင်း

        ဥပုသ်နေ့နှင့် ပတ်သက်၍ အခြားအဓိပ္ပါယ်အကြောင်းအရာ ရှိပါသေးသည်။ ဥပုသ်နေ့သည် မောပန်းလျက်ရှိသော ကျွန်ုပ်တို့၏ နှလုံးသားသို့ အားပေးစကား ပြောလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိဖို့အတွက် ဥပုသ်နေ့တွင် ခရစ်တော်၌ နားနေခြင်းပြုနိုင်သည်။ ဥပုသ်နေ့သည် သူ၏ နားနေခြင်း အထိမ်းအမှတ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ကြိုးပမ်းမှု တစ်ရပ်မဟုတ်ပါ။ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့ ရောက်ရှိခြင်း၏ အထိမ်းအမှတ်ဖြစ်သည်။ ကိုယ်၏ ကုသိုလ်အားထုတ်မှု ကြောင့် မဟုတ်ပါ။ ကိုယ့်ကိုကိုယ် အားကိုးခြင်းမပြုဘဲ သူ၌သာ ယုံကြည်ကိုးစားဖို ခရာ ခေါ်သံဖြစ်ပါသည်။

        ဟေဗြဲကျမ်းကို ပြုစုရေးသားသူသည် ဥပုသ်နေ့ကို ခရစ်တော်၌ နားနေဖို့ ပြုနိုင်သည့် သရုပ်ဆောင်မှုကို ရေးသားဖော်ပြထားသည်။ သူက “ထိုကြောင့် ဘုရား သခင်၏ လူတို့အဖို့အလိုငှာ၊ ငြိမ်ဝပ်ခြင်းချမ်းသာတစ်မျိုးသည် ကျန်ရစ်သေး၏။ ဘုရားသခင်သည် မိမိအမှုအရာတို့ကို ပြီးစီ၍ ငြိမ်ဝပ်စွာနေတော်မူသည် နည်းတူ၊ ထိုချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိတို့အမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေရ၏” (ဟေဗြဲ ၄း၉၊ ၁၀)။

        မှန်ကန်သည့် ဥပုသ်စောင့်နားနေခြင်းသည် ကယ်တင်ခြင်းရရှိဖို့အတွက် ကိုယ်၏ကြိုးစားမှုတစ်ရပ်မှ နားနေရပ်နားခြင်းကို ဆိုလိုသည်။ဘုရားသခင်သည် ခရစ်တော်အားဖြင့် ကယ်တင်ခဲ့ပါသည်။ ကပ်တိုင်ပေါ်တွင် သခင်ယေရှုက ကျွန်ုပ်တို့ သေသင့်သည့် သေခြင်းကို သူကိုယ်တိုင်လိုလိုလားလား အသက်ပေးသေပေးခဲ့သည်။ သူ၏ဖြောင့်မတ်သောအသက်တာကို ကျွန်ုပ်တို့၏ အပြစ်နှင့်ပြည့်ဝသော အသက်တာ အစားအစတေးခံပေးခဲ့သည်။ ဥပုသ်နေ့သည် ကယ်တင်ခြင်းရရှိဖို့ ခရစ်တော်၌ နားနေခြင်းအားဖြင့် ထာဝစဉ်အောက်မေ့ဖွယ်ရာ အထိမ်းအမှတ် ဖြစ်ပါသည်။ 

        နာဇရက်မြို့မှ လက်သမားသည် ကျွန်ုပ်တို့ နေဖို့အတွက် နေရာအထူးစီစဉ် ပေးနေပါသည်။ ထိုနေရာ၌ ခိုလှုံရာ နေရာရရှိမည် ဖြစ်သည်။သူ၏လုပ်ငန်းသည် ပြည့်စုံစွာပြီး မြောက်သည့်အတွက် ထိုနေရာ၌ကျွန်ုပ်တို့ လုံခြုံမှုရရှိပါသည်။ ခရစ်တော်အားဖြင့် အဖဘုရားသည် ကျွန်ုပ်တို့ကိုကြိုဆိုလက်ခံမည်ဖြစ်ကြောင်း သိပါသည်။ ဥပုသ်နေ့မှာ ကျွန်ုပ်တို့နားနေသည့်အခါ သူ၏ ကျေးဇူးတော်အားဖြင့် နားနေရပါသည်။ သူ၏ ဖြောင့်မတ်ခြင်းတွင် နားနေရပါသည်။ သူ၏ ကယ်တင်ခြင်းမှာ နားနေရပါသည်။

        ဥပုသ်နေ့နားနေခြင်းသည် ခရစ်တော်နှင့် ယုံကြည်ခြင်းအတွေ့အကြုံအထိမ်း အမှတ် ဖြစ်သည်။ သူ့ကို ယုံကြည်ကိုးစားခြင်း၏ ပုံဖော်သရုပ်ပြခြင်း ဖြစ်ပါသည်။ တစ်ပတ်လုံးလုံး ကျွန်ုပ်တို့ အလုပ်လုပ်ပြီး သတ္တမနေ့တွင် ကျွန်ုပ်တို့နားနေပါသည်။ ထိုနေ့၌ အလုပ်မှ လုံးလုံးရပ်နားပြီး သခင်ခရစ်တော်နှင့်အတူ နားနေပါသည်။ သခင်ယေရှု၌ ပိုင်ဆိုင်သော နေရာရရှိပါသည်။ ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက် ပင်ပင်ပန်းပန်းမလုပ်ရပါ။ ကျွန်ုပ်တို့၏ အသက်တာအတွက် စိုးရိမ်ပူပန်မှုနှင့် အပြစ်ရှိကြောင်း ခံစားချက်တို့နှင့် ပြည့်လျှံဖို့ မလိုပါ။ ဥပုသ်နေ့သည် စိတ်သက်သာမှု၊ ခံစားချက်တို့ ဖော်ဆောင်ပါသည်။ ကယ်တင်ခြင်းသည် သခင်ယေရှုမှတစ်ဆင့် ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းနှင့် မထိုက်တန်ပါ။ ကယ်တင်ခြင်းရရှိဖို့ မလုပ်ဆောင်နိုင်ပါ။ ကယ်တင်ခြင်းရရှိဖို့ ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ ဥပုသ်နေ့၌ နားနေဝတ်ပြုကိုးကွယ်မှု ပြုနိုင်သည်။

        သခင်ယေရှုနောက်ဆုံး အသက်ရှူထုတ် “အမှုပြီးပြီ” ဟူ၍ ပြောပြီးမျက်စိမှိတ်ခါ သေသွားသည်။ ဤသည်မှာ ကယ်နုတ်ခြင်းအလုပ် ပြည့်စုံခြင်းသို့ ရောက်သည်။ သခင်ယေရှုသည် ဥပုသ်နေ့တွင် ရပ်နားသည်။ ထိုရပ်နားခြင်းသည် အမှုအားလုံးပြီးဆုံးကြောင်း ပုံဆောင်ခြင်း ဖြစ်သည်။

            ဖန်ဆင်းခြင်း အလုပ်ပြီးဆုံးသည့်အခါ ဘုရားသခင်နားနေတော်မူသည်။ ဤကမ္ဘာကို ဖန်ဆင်းခြင်း အလုပ်ပြီးဆုံးခဲ့သည်။ အပတ်စဉ်တွင် နောက်ဆုံးရက်၌ ကျွန်ုပ်တို့လည်း ကြေညာလိုက်သည်။ “ဘုရားသခင် ကပ်တိုင်ပေါ်ခရစ်တော်ပြီး မြောက်ခဲ့သည့် အလုပ်အတွက် အကျွန်ုပ်လည်း နားနေပါမည်။ ကျွန်ုပ်လက်ထဲတွင် ဘာမျှမပါလာဘဲ သင်၏ကပ်တိုင်ကို အကျွန်ုပ်ဖက်တွယ်ပါ၏။”

        ပုရောဖက်ယေဇကျေလကြေညာခဲ့သည်မှာ “ထိုမှတစ်ပါး ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေသည်ဟု သူတို့သည် သိမည်အကြောင်း၊ ငါနှင့်သူတို့ စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေခြင်းငှါ၊ ငါ၏ ဥပုသ်နေ့တို့ကို ငါခန့်ထား၏” (ယေဇကျေလ၊ ၂၀း၁၂)။

        ဘုရားသခင် ကျွန်ုပ်တို့ကို ဥပုသ်နေ့ ပေးရခြင်းအကြောင်းအရာနောက်တစ်ခု ကတော့၊ ဘုရားသခင်သည် ကျွန်ုပ်တို့ သန့်ရှင်းပေးသူ ဖြစ်သည်။ ဒီလိုမျိုးပဲ သတ္တမနေ့ကို ဘုရားသခင်က သန့်ရှင်းစေသည်။ သတ္တမနေ့သည် ဖန်ဆင်းချိန် အခြားနေ့ရက်များ နည်းတူ သာမန်ရက်တစ်ရက် ဖြစ်ပါသည်။ သို့ရာတွင် ဤသတ္တမနေ့ရက်ကို ခွဲထုတ်ပြီး သန့်ရှင်းစေသည်။ ဥပုသ်နေ့မှတစ်ဆင့် ကျွန်ုပ်တို့ကိုလည်း ဘုရားသခင်က “သင်တို့အတွက်လည်း ဤနည်းတူ ပြုလုပ်ပေးချင်ပါသည်။ သင်တို့ကို ခွဲထုတ်ပြီး ငါ၏ထူးမြတ်သော သားသမီးများအဖြစ် ပြုလုပ်ပေးစေချင်သည်။ အကျွန်ုပ်၏ကိုယ်ကို သင်တို့၏ကိုယ်ထဲသို့ လောင်းချပြီး သန့်ရှင်းစေချင်သည်။ ငါ၏သန့်ရှင်းမှုကို သင်တို့၌ မျှဝေပေးချင်ပါသည်။

        ဥပုသ်နေ့သည် ကျွန်ုပ်တို့အား သတိရအောက်မေ့စေသည်မှာ ကျွန်ုပ်တို့၏ ပင်ကိုယ်အရည်အချင်း ဘယ်ကရလာပါသလဲ၊ ကျွန်ုပ်တို့၏ ကောင်းကင်ဘုံ အရှင်အဖဘုရားနှင့် ယေရှုခရစ်တော်တို့၏ ဆက်ဆံမှုတွင် အကျွန်ုပ်ဘယ်နေရာမှာ ရှိနေပါသလဲဆိုတာကို သတိရအောက်မေ့စေပါသည်။ ဥပုသ်နေ့သည် အမြဲတစေရှင်သန်သော ဘုရားသခင်၏ ကတိတော်ကို ကျွန်ုပ်တို့၏ ဘဝအတက်အကျ၌ သူသည် ကျွန်ုပ်တို့ကို ကြီးထွားတိုးတက်နိုင်ဖို့ ကူညီပေးနိုင်သော တန်ခိုးရှိပါသည်။ ကျွန်ုပ်တို့သည် အဖဘုရားနှင့် ထိုထူးခြားသည့်အချိန်ကို လိုအပ်ပါသည်။ ဥပုသ်နေ့၏ ထူးကဲသော အချိန်ကို ကျွန်ုပ်တို့အား သန့်ရှင်းစေသော ဘုရားသခင်နှင့်အတူလိုအပ်ပါသည်။ သို့မှသာ ကျွန်ုပ်တို့ ဆက်လက်ပြီး ကြီးထွားလာနိုင်ပါသည်။

        ဥပုသ်နေ့သည် ခုရစ်ရက်အပတ်စဉ်လည်ပတ်မှုတွင် ဖန်ဆင်းချိန်မှစ၍ ယခုထက်တိုင် ဆက်လက်၍ တည်မြဲနေပါသည်။ ဥပုသ်နေ့သည် ဧဒင်ဥယျာဉ်မှစတင်ပြီး သခင်ခရစ်တော် ဒုတိယကြွလာပြီးနောက် ကမ္ဘာမြေကြီး အသစ်တစ်ဖန် ဖြစ်လာသည့်အခါ ဧဒင်ဥယျာဉ်၌ ဆက်လက်၍ အောင်ပွဲခံလိမ့်မည်။ ပုရောဖက်ဟေရှာယသည် ဘုရားသခင်က ကောင်းကင်သစ်နှင့် မြေကြီးသစ်ပြန်လည် ဖန်ဆင်းပေးမည့် အချိန်ကို ပြောပြပါသည် (ဟေရှာယ၊ ၆၅း၁၇)။ သူသည်ဆက်၍ “လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာကိုးကွယ်ခြင်းငှာ၊ လဆန်းနေ့နှင့် ဥပုသ်နေ့ အစဉ်အတိုင်းလာကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏” (ဟေရှာယ၊ ၆၆း၂၃)။

         ဥပုသ်နေ့သည် ဘုရားသခင်နှင့် အစဉ်အမြဲဆက်ဆံခြင်းကို လှပစွာသက်သေ ထူပေးပါသည်။ ဧဒင်ဥယျာဉ်မှစတင်ပြီး ကမ္ဘသစ်၌ဘုရားသခင်တည်ပေးမည့် ဥယျာဉ်တော်အထိ တည်မြဲခဲ့ပါသည်။ ပျောက်ဆုံးခဲ့သည့် ပရဒိသုဘုံမှစ၍ တစ်ဖန်ပြန်လည်ပေးအပ်မည့် ပရဒိသုဘုံအထိ ဥပုသ်နေ့သည် ဆက်လက်၍ တည်မြဲလိမ့်မည်။ ကျွန်ုပ်တို့သည် ထိုအစဉ်အမြဲကို ကျွန်ုပ်တို့၏ အသက်တာတွင် လိုအပ်ပါသည်။ အဖဘုရား သခင်နှင့် ကျွန်ုပ်တို့စပ်ကြား အမြဲထာဝစဉ်ဆက်ဆံမှု လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် နေရာတစ်ခုကို ကျွန်ုပ်တို့အတွက် ဘုရားသခင်အမြဲရှိမည့် အာမခံချက်လိုအပ်နေပါသည်။ ဥပုသ်နေ့အားဖြင့် ကျွန်ုပ်တို့သည် ကျေနပ်စွာ နားနေနိုင်သော ငြိမ်သက်မှုကို ရရှိပါမည်။ ထိုနေရာ၌ သူ၏သားသမီးများဖြစ်သည့်အလျောက် ကျွန်ုပ်တို့၏အရင်းအမြစ် ကို ရှာတွေ့နိုင်ပါလိမ့်မည်။ ထိုနေရာ၌ ကျွန်ုပ်တို့ ဆက်လက်ကြီးထွားပြီး ရင့်ကျက်မှု ရရှိနိုင်ပါလိမ့်မည်။ ဟုတ်ပါသည်၊ ကျွန်ုပ်တို့ ထိုအစဉ်အမြဲ ထာဝစဉ်တည်ရှိမည့် နေရာကို ဘုရားသခင်နှင့် ကျွန်ုပ်တို့အသက်တာ ဘဝထာဝစဉ် ချည်နှောင်ခြင်းခံရဖို့ လိုအပ်ပါသည်။

        Reader Digest စာအုပ်တွင် ကွယ်လွန်သူ ဟာဗီပင်းနစ် အကြောင်းကို ဤသို့ ရေးသားခဲ့သည်။ “အသက် ၉ဝ နှစ်ရှိကြေးစားဂေါက်သီး ရိုက်သမား ဟာဗီပင်းနစ်အတွက် အောင်မြင်မှုသည် နောက်ကျစွာ ရောက်ရှိလာခဲ့သည်။” သူရေးသားခဲ့သော ပထမဆုံး “စာအုပ်နီကလေး” သည် စာအုပ်ရေပေါင်း တစ်သန်းကျော် ရောင်းချရရှိခဲ့ပါသည်။ သူ၏ စာအုပ်ထုတ်ဝေသူများဖြစ်သည့် ဆိုင်မွန်နှင့် ရူးစတား တို့သည် အားကစား စာအုပ်များအနက် ခေတ်အဆက်ဆက်၌ အရောင်းရအတွင်ဆုံး စာအုပ်ဖြစ်သည်ဟု ယုံကြည်ပါသည်။ ဟာဗီပင်းနစ်၏ စာအုပ်ထုတ်ဝေမှုနှင့် ရောင်းချမှုအကြောင်းမှာ အတော်ပင် စိတ်ဝင်စားစရာ ကောင်းပါသည်။ ယာယီသည် ငွေကြေးအတွက် စာအုပ်မရေးပါ။

        ၁၉၂ဝ နှစ်ပိုင်းတွင် ဟာဗီပင်းနစ်မှတ်စု စာအုပ်နီတစ်အုပ် ဝယ်ပြီးဂေါက်သီး ရိုက်ခြင်းနှင့်ပတ်သက်၍ သူ့အမြင်ကို မှတ်စုစာအုပ်တွင်ရေးမှတ်ခဲ့သည်။ သူ့သားမှလွဲ၍ အနှစ် (၂၀) လုံးလုံးမည်သူ့ကိုမှ မပြသခဲ့ပါ။ ၁၉၉၁ ခုနှစ်တွင် ဒေသရှိ စာရေးဆရာတစ်ဦးအားပြသပြီး စာအုပ်ထုတ်ဝေဖို့ သင့်၊ မသင့် သဘောထားမေးခဲ့သည်။ စာရေးဆရာက ဖတ်ရှုပြီး အလွန်ပင်ပျော်ရွှင် စိတ်လှုပ်ရှားခဲ့ပါသည်။ သူသည် အကြီးဆုံးစာအုပ်ထုတ်ဝေသူဆိုင်မွန်နှင့် ရူးစတားတို့ကို ချက်ချင်းဆက်သွယ်လိုက်သည်။နောက်တစ်ရက်ညနေတွင် စာအုပ်ထုတ်ဝေသူများက ကြိုတင်ငွေကျပ် ၉ဝဝဝဝ နှင့် သဘောတူခဲ့သည်။ ဝမ်းမြောက်သည့် စာရေးဆရာက ဟာဗီပင်းနစ်၏ဇနီးကို သတင်းကောင်း ပေးလိုက်သည်။

        ထိုညနေပိုင်းနောက်မှ စာရေးဆရာနှင့်ပင်းနစ်တွေ့ဆုံသည့်အခါအဘိုးကြီးက စိတ်မသက်မသာ ဖြစ်နေသည်ကို တွေ့ရသည်။ အကြောင်းအရာတစ်ခုခုက အဘိုးကြီးကို စိတ်သောက ဖြစ်နေပုံရသည်။ နောက်ဆုံးသော အဘိုးကြီးက ပွင့်ပွင့်လင်းလင်းပဲ ရှင်းပြတော့သည်။ သူမှာ ကျန်းမာရေး ကုန်ကျစရိတ်ပေးဆောင်နေရ၍ ထိုမျှလောက်ကြီးမားသော ငွေပမာကို စာအုပ်ထုတ်ဝေဖို့ ဆိုင်မွန်နှင့်ရူးစတားသို့ပေးနိုင်မည် မဟုတ်ပါ။ စာရေးဆရာသည် ထိုငွေပမာဏကို ပင်းနစ်ပေးရမည် မဟုတ်ဘဲ သူရရှိမည့် ငွေဖြစ်ကြောင်း ရှင်းပြရသည်။ ငွေကျပ် ၉ဝဝဝဝ သည် သူရရှိမည့် ငွေဖြစ်သည်ကို သူလုံးဝ သဘောမပေါက်ခဲ့ပါ။ ဥပုသ်နေ့အားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အားထာဝရကို ကြိုတင်စပေါ် ထားခဲ့ပါသည်။ 

        ဂျူးစာရေးဆရာ(Abraham Herschel) က ဥပုသ်နေ့တိုင်း ကောင်းကင်ဘုံသည် ကမ္ဘာမြေကြီးကို ထိတွေ့ခဲ့ကြောင်းကို ဤသို့ရေးသားခဲ့သည်။ “The Sabbath is a palace in time” ဥပုသ်နေ့ဟူသည် အချိန်နှင့်ဖွဲ့စည်းသော နန်းတော်တစ်ခုဖြစ်သည် ဥပုသ်နေ့သည် ကျွန်ုပ်တို့အား ဘုရားသခင်၏ ကောင်းကင်နားနေရာသို့ဝင်စားရန် ခေါ်ဖိတ်လျက်ရှိပါသည်။ ထာဝစဉ်ကာလပတ်လုံး ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်နှင့် ဆက်ဆံရေးမိတ်သဟာယ ရှိဖို့ခေါ်ဖိတ်လျက်ရှိသည်။ အမှန်တကယ်တော့ ဥပုသ်နေ့သည် ထာဝရနှင့်စပ်ဆိုင်သောအရာတို့ကို ကြိုတင်စပေါ်ရရှိခြင်း ဖြစ်ပါသည်။ နောက်ထပ်ကောင်းမြတ်ခြင်းတို့ကို ကျွန်ုပ်တို့ အများကြီးရရှိဦးမည်၊ သို့သော် ဥပုသ်နေ့သည် စပေါ်၏ ပထမအရစ်အဖြစ် ရရှိခြင်းဖြစ်သည်။ သန်းပေါင်းများစွာ လူအပေါင်းတို့သည် သူတို့၏ “အလုပ်အလွန်များခြင်း” နှင့် အချိန်ကုန်လွန်ပြီး အသက်တာ၏ အကြီးမားဆုံးကောင်းချီးမင်္ဂလာနှင့် လွဲချော်နေရပါသလား။ အရာရာပစ္စည်းများကို ရရှိအောင် ကြိုးပမ်းချက်များကြောင့် အရေးကြီးဆုံးဖြစ်သည့် ဘုရားသခင်နှင့် ကိုယ်အနီးစပ်ဆုံးသူတို့အား ကောင်းမြတ်သည့် ဆက်ဆံရေးကို လွဲချော်နေပြီလား။ သင်မျှော်မှန်းနိုင်သည်ထက် ဘုရားသခင်သည် ကျွန်ုပ်တို့အား သူနှင့်ပိုမိုနက်ရှိုင်းသည့် ဆက်ဆံရေးလိုလားကြောင်း သင်ခံစားမိပါသလား။ ဥပုသ်နေ့၏ ငြိမ်သက်ခြင်းသည် ကျွန်ုပ်တို့အား အချက်ပြခေါ်နေပါသည်။ ပျော်ရွှင်မှုရှိသည့် ဥပုသ်နေ့ ဝတ်ပြုစောင့်ရှောက်ခြင်းသည် သင့်အား ခေါ်နေပါသည်။ ဥပုသ်နေ့ဝတ်ပြု ကိုးကွယ်ခြင်း၏ မိတ်သဟာယသည် သင့်အား ဖိတ်ခေါ်နေသည်။ ဒီအပတ် ဥပုသ်နေ့တွင် သခင်ယေရှုကိုယ်တိုင်သင့်အား ဝတ်ပြုကိုးကွယ်ဖို့ ခေါ်နေပါသည်။ လာပါ၊ “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါထံလာကြလော့၊ ငါသည် ချမ်းသာပေးမည်” (မဿဲ၊ ၁၁း၂၈)။

        ယခုပင်သင့်၏ နှလုံးသားကို ဘုရားသခင်အား ဖွင့်ပေးပါလား။ သင်၏ဝိညာဉ် ဆာလောင်မွတ်သိပ်မှုအတွက် ဖြည့်ဆည်းပေးရန် သူ့အားတောင်းဆိုပါလား။ ဒီအပတ်ဥပုသ်နေ့တွင် ထာဝရ၏ခံစားချက်ကို မြီးစမ်းကြည့်ဖို့ သူ့အားတောင်းဆိုပါလား။ သင်၏ မျက်လုံးကို ဖွင့်ပေးပြီးဥပုသ်နေ့၏ မိတ်သဟာယအလှကိုမြင်နိုင်ဖို့ တောင်းဆိုပါလား။

အခန်း (၆) သင့်မေးခွန်းများအတွက် သမ္မာကျမ်းစာမှ အဖြေပေးခြင်း

        ဂျွန်သည် မိမိကိုယ်ကို ဆက်ကပ်အပ်နှံထားသူ ခရစ်ယာန်တစ်ဦးဖြစ်သည်။ သူနှင့် သူ့ဇနီးတို့သည် သစ္စာရှိသည့်ယုံကြည်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ အလိုတော်ကို လုပ်လိုကြသည်။ သမ္မာကျမ်းစာ၌ ရှိသည့် ဗျာဒိတ်ဟောကြားချက်များနှင့် ပတ်သက်၍ ကျွန်ုပ်ဦးဆောင်ပြုလုပ်သည့် အစည်းအဝေးများကို သူတို့ ဇနီးမောင်နှံများ တက်ရောက်ခဲ့၍ သူတို့ မကြားခဲ့ဘူးသည့် အမှန်တရားနှင့်ရင်ဆိုင် တွေ့ရှိခဲ့သည်။ သူတို့၏ ဦးနှောက်ထဲတွင် မေးခွန်းကြီးများ ဝဲပျံနေပါသည်။ ဥပုသ်နေ့နှင့် ပတ်သက်၍ သူတို့ကို စိတ်သောက ဖြစ်စေပါသည်။ ဥပုသ်နေ့သည် ကျမ်းစာတော်မှလာသည့် အမှန်တရားဖြစ်ကြောင်း သူတို့ ယုံကြည်လာသည် ဖြစ်သော်လည်း သူတို့၏ အသင်းတော်မှ ပါစတာ တရားဟောဆရာများက မေးခွန်းမေး၍ သူတို့ ဇဝေဇဝါ သံသယရှိ လာတော့သည်။ သူတို့မှာ စိတ်စနောင့်စနင်း ဖြစ်နေ၍ သူတို့၏ မေးခွန်းများအတွက် အဖြေလိုအပ်နေပါသည်။ ကျွန်ုပ်နှင့် သူတို့ နှစ်ဦး သမ္မာကျမ်းစာကို အတူတကွ လေ့လာသည့်အခါ အမှန်တရားကို သူတို့ ပိုမိုနက်ရှိုင်းစွာ နားလည် လာပါတော့သည်။ သူတို့၏ မေးခွန်းများအတွက် တိကျခိုင်မာသည့် အဖြေများတွေ့ရှိ လာပါတော့သည်။ သူတို့၏ သံသယများ ပျောက်ကွယ်ပြီး ဥပုသ်နေ့စောင့်ထိန်းရခြင်း၏ မှန်ကန်သော ပျော်ရွှင်မှုနှင့်ဆုမင်္ဂလာ အပေါင်းတို့ကို တွေ့ရှိခဲ့သည်။

        သင့်မှာလည်း ကျမ်းစာတော်နှင့် ပတ်သက်သော မေးခွန်းများလည်း ရှိချင်ရှိနိုင်မည်။ အချို့ ကျမ်းပိုဒ်များသည် သင့်အတွက် နားလည်ဖို့ခက်ခဲပါလိမ့်မည်။ ကျွန်ုပ်တို့၏ မေးခွန်းများအတွက် သမ္မာကျမ်းစာမှရှင်းလင်းပြတ်သားသော အဖြေများ ပေးနိုင်ပါသည်။ အမှန်အားဖြင့် ကျမ်းစာတော် တစ်လျှောက်လုံးတွင် သခင်ဘုရားက မေးခွန်းများ မေးဖို့ ဖိတ်ခေါ်ပြီး သူ၏နှုတ်ကပတ်တော်ဖြင့် တိကျထိရောက်သည့် အဖြေများကို ပေးပါသည်။

        သခင်ယေရှုက ပြောသည်မှာ “ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မှုပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏” (ယောဟန်၊ ၁၇း၁၇)။ ရှင်ပေတရုသည် ဆက်၍ စိတ်နှလုံးထဲ၌ ထာဝရအရှင် ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ သင့်တို့ မျှော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသူ ရှိသမျှတို့အား နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြောခြင်းငှာ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့”(၁ပေ၊ ၃း၁၅)။

        တမန်တော် ရှင်ပေါလုသည် တိမောသေအား အကြံပြုခဲ့သည်မှာ “သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော” (၂တိ၊ ၂း၁၅)။ဓမ္မဟောင်းကျမ်းမှ ပုရော ဖက် ဟေရှာယသည် ဤသို့မေး၏ “ဘယ်သူကိုပညာသွန်သင်ချင်သနည်း။ ပညတ်တစ်ခုပေါ်မှာ တစ်ခု၊ တစ်ခုပေါ်မှာ တစ်ခု၊ တစ်နည်းပေါ်မှာတစ်နည်း၊ တစ်နည်းပေါ်မှာ တနည်း၊ ဒီဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ရှိပါသည်တကား။ (ဟေရှာယ ၂၈း၉-၁ဝ)။ တစ်နည်းအားဖြင့် ပြောရလျှင် အကြောင်းအရာ တစ်ခုအပေါ်မှာ သမ္မာကျမ်းစာ၏ သွန်သင်မှု အတိုင်းအတာကို သေချာစွာ သိရှိနားလည်ဖို့လိုသည်။ မထင်မပေါ်သည့် ကျမ်းပိုဒ်တစ်ခုအပေါ်၌သာ နားလည်မှု မတည်ဆောက်ပါနှင့်။ အကြောင်းအရာတစ်ခုအပေါ်မှာ သမ္မာကျမ်းစာမှ ဆိုလိုချက်ကို အမှန်တကယ် သိရှိနားလည်လိုလျှင် ထိုအကြောင်းအရာကို ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ လေ့လာပါ။ ကျမ်းစာတော်မြတ်၏ သွန်သင်ပြောကြားချက်ကို သင်၏ နှလုံးသားသို့ သန့်ရှင်းသော ဝိညာဉ်တော် ပြောကြားပါစေ။ 

        ကိုယ်ကိုကိုယ် မေးခွန်းထုတ်ကြည့်ပါ။ ဤအကြောင်းအရာပေါ် လေးနက်သည့် အထောက်အထား ဘယ်မှာရှိပါသနည်း။ ကျမ်းပိုဒ်အများစုက ဘာကိုသွန်သင်ပေးနေပါသလဲ။ သင့်အတွက် မရှင်းလင်းသည်များကို သင့်အတွက် ရှင်းလင်းပြီးသည်များအား အရိပ်မလွမ်းစေနှင့်။ကျမ်းပိုဒ်တစ်ခုတွင် သင်နားမလည်ပါက ကျမ်းစာတွင် ရှင်းလင်းသည့်ကျမ်းပိုဒ်များ သင့်အား ရှင်းလင်းပေးစေပါ။ သင်သည် ယခင်က သွန်သင်ထားချက်များကြောင့် ကာကွယ်လိုသည့် သဘောဖြင့် သင့်အတွက် သိပ်ပြီးမရှင်းလင်းသည်များကို စွဲကိုင်၍ လွယ်ကူစွာ ရှင်းလင်းသည့် ကျမ်းပိုဒ်များကို လျစ်လျူမရှုပါနှင့်။

        အမှန်တရားကို ရှာဖွေဖို့အတွက် အောက်ပါအချက် လေးချက်တို့သည်မှု နည်းလမ်းများဖြစ်သည်။

(၁) ကျမ်းစာကို လေ့လာရန် ချဉ်းကပ်ရာ၌ စိတ်နှလုံးပွင့်လင်းစွာနှင့်ချဉ်းကပ်ပြီး သခင်ခရစ်တော် သင့်အား ပြောသည့်အတိုင်း လုပ်ကြည့်ပါ။ (ယောဟန် ၇း၁၇)။

(၂) အမှန်တရား ဖေါ်ထုတ်နိုင်ဖို့ ဘုရားသခင်အား သန့်ရှင်းသောဝိညာဉ်တော် အကူအညီကို တောင်းယူပါ။ (မဿဲ၊ ၇း၇။ ယောဟန်၊ ၁၆း၁၃)။

(၃) အကြောင်းအရာ တစ်ခုအပေါ်မှာ ဆက်စပ်မှုရှိသည့် ကျမ်းပိုဒ်နှင့်နှိုင်းယှဉ် ကြည့်ပါ။ (၁ကော၊ ၂း၁၃)။

(၄) ဘုရားသခင် ဖေါ်ပြပေးသော အမှန်တရားအပေါ် လုပ်ဆောင်ကြည့်ပါ။

        သို့မှသာ အမှန်တရားများစွာတို့ကို သင့်အား ဖေါ်ပြပေးပါမည်။အမှန်တရားစွာတို့ကို သင့်အားဖေါ်ပြပေးပါမည်။ အမှန်တရားအားပေါ်ပေါက်ဖို့ မစောင့်ဆိုင်းပါနှင့်။ သင်သိရှိပြီးထားသည့် အမှန်တရားအပေါ် လုပ်ဆောင်ထားကြည့်ပါ။ (ယောဟန်၊ ၁၂း၃၅)။

        သူ၏ နှုတ်ကပတ်တော်များကို စစ်မှန်သော သဘောထားနှင့်ချဉ်းကပ်လာ သည့်အခါ ဘုရားသခင်သည် အမှန်တရားကို ဖေါ်ပြပါလိမ့်မည်။ သင်၏ဦးနှောက်ကို ပွင့်လင်းပေးစေမည်။ ကျွန်ုပ်တို့အား သူ၏ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ထင်ရှားပေးစေမည်။ သင်၌ မေးခွန်းများနှင့် ရှိသော်လည်း ဘုရားသခင်၌ အဖြေရှိပါသည်။ အောက်ဖေါ်ပြပါ မေးနေကျ မေးခွန်းများနှင့် ကျွန်တော် ပြုစုပေးထားသည့် သမ္မာကျမ်းစာများမှ အဖြေတို့ ဖတ်ရှုသည့်အခါ ဘုရားသခင်အား ဉာဏ်ပညာနှင့် နားလည်မှု ပေးသနားရန် ဆုတောင်းပါ။

        ဘုရားသခင်၏ ပညတ်တရားများနှင့် ပတ်သက်၍ မေးနေကျ မေးခွန်းများမေး။ သခင်ယေရှုသည် ချစ်ချင်းမေတ္တာ ပညတ်တော်သစ် တည်ဆောက်ဖို့ ကြွလာပြီး ပညတ်တော်ဆယ်ပါးကို ဖျက်သိမ်းရန် ကြွရောက်လာခြင်း မဟုတ်ပါသလား။ မဿဲ၊ ၂၂း၃၇-၄ဝ နှင့် ပတ်သက်၍ “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ကိုယ်နှင့် စပ်ဆိုင်သော သူကိုကိုယ်နှင့် အမျှချစ်လော့။” ဤကျမ်းပိုဒ်နှင့် ပတ်သက်၍ ထာဝရဘုရားနှင့် ကိုယ်နှင့်နီးစပ်သူတို့ကို ချစ်လျှင် ပြီးတာဘဲ မဟုတ်ဘူးလား။ ဤအရာများသည် ပညတ်တော် အသစ်မဟုတ်ပါလား။

ဖြေ။ အမှန်အားဖြင့် သခင်ယေရှုသည် ဓမ္မဟောင်းကျမ်းတွင် ဖေါ်ပြပေးသည့် ပညတ်တော်ဆယ်ပါးကို ချုံ့၍ ပြောဆိုခြင်းဖြစ်သည်။ တရားဟောရာကျမ်း၊ ၆း၅ က “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့” ဝတ်ပြုရာကျမ်း ၁၉း၁၈ က ဆက်၍ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်။” ဓမ္မဟောင်းကျမ်းက ဘုရားသခင်သည် ထာဝရချစ်ခြင်းမေတ္တာရှိသော ဘုရား ဖြစ်သည်။ (ယေလမိ၊ ၃၁း၃)။ မဿဲ၊ ၂၂း၄ဝ တွင် သခင်ယေရှုက “ဤပညတ်နှစ်ပါး (ဘုရားကို ချစ်ခြင်းနှင့် ကိုယ်နှင့်စပ်ဆိုင်သော သူကို ချစ်ခြင်း) တို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင် ဖြစ်သတည်း” ဟူ၍ မိန့်တော်မှု၏။ ပညတ်တော်ဆယ်ပါးမှ ပထမပညတ်လေးပါးတို့သည် လူသားများက ဘုရားသခင်အား မည်ကဲ့သို့ ထင်ရှားစွာ ချစ်ခြင်းကို ပြသနိုင်သည်ကို ဖေါ်ပြထားသည်။ နောက်ဆုံး ပညတ်တော်ခြောက်ပါးတို့သည် ကိုယ်နှင့်စပ်ဆိုင်သူတို့အား ချစ်ခြင်း မေတ္တာပြသနိုင်သည်ကို ဖေါ်ပြထားသည်။ “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း” ဟူ၍ သခင်ယေရှုက ပြောပြသည်။ (မဿဲ၊ ၅း၁၇)။ ပညတ်တရားများ ကို ချစ်မြတ်နိုးစွာ စောင့်ထိန်းနိုင်ဖို့ သူပြသခဲ့သည်။

        ပညတ်တရား၏ အနက်အဓိပ္ပါယ်ကို ပိုမိုရှင်းလင်းအောင်လာခြင်းဖြစ်ပါသည်။ (ဟေရှာယ၊ ၄၂း၂၁)။ သခင်ယေရှုသည် ချစ်ခြင်းမေတ္တာအားဖြင့် ပညတ်တရားကို ပြည့်စုံခြင်းသို့ ရောက်ခဲ့သည်ကို ဖေါ်ပြခဲ့သည်။ (ရောမ၊ ၁၃း၁၀)။ သူဆက်၍ ပြောသည်မှာ “ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့” (ယောဟန်၊ ၁၄း၁၅)။

မေး။ ရှင်ပေါလုသည် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိသည့်ခရစ်ယာန်တို့သည် ပညတ်တရားကို စောင့်ရှောက်ဖို့ မလိုကြောင်းသွန်သင်ခဲ့ပါသလား။

ဖြေ။ ရှင်ပေါလုသည် ခရစ်ယာန်များ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း မရရှိနိုင်ဘဲ ကယ်တင်ခြင်းသည် ယုံကြည်ခြင်းမှ တစ်ဆင့်ကျေးဇူးတော်အားဖြင့် ရရှိနိုင်သည်။ ယုံကြည်ခြင်းသည် သခင်ယေရှုက အခမဲ့ပေးသနားသော ကယ်တင်ခြင်း ဆုကျေးဇူးကို လှမ်းယူနိုင်သည့် လက်ဖြစ်သည်။ ယုံကြည်ခြင်းသည် နာမခံမှုသို့ မခေါ်ဆောင်ဘဲ နာခံမှုသို့သာ ခေါ်ဆောင်ပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ ရှင်ပေါလုက အတိအလင်း ပြောပြသည်။ “သို့ဖြစ်လျှင် ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကိုပယ်ကြသလော။ အလျှင်းမပယ် ၊ သာ၍ တည်စေ၏” (ရောမ၊ ၃း၃၁) ။ရောမ၊ ၆း၁၊၁၄၊၁၅ ဆက်၍ ရှင်းလင်းပြောပြသည်မှာ “ကျေးဇူးတော်ပွားများစေခြင်းငှာ အပြစ်တရားကို ကျင့်၍ ( ပညတ်တော်ကို ဖေါက်ဖျက်ခြင်း) နေရမည်လော။ ထိုသို့မပြုရ။”

မေး။ ဓမ္မဟောင်းကျမ်းခေတ်၌ရှိသော လူတို့သည်ပညတ်တရားကိုစောင့်ရှောက်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိခဲ့ပြီး ဓမ္မသစ်ကျမ်း အချိန်၌ ကယ်တင်ခြင်းကို ကျေးဇူးတော်အားဖြင့် ရရှိပါသည်ဆိုသည်မှာမှန်ကန်ပါသလား။

ဖြေ။ ဓမ္မဟောင်းအချိန်၌ သော်လည်းကောင်း၊ ဓမ္မသစ်အချိန်၌ သော်လည်းကောင်း ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့်ကျေးဇူးတော်ကြောင့် ရရှိကြပါသည်။ ဘုရားသခင်သည် ကယ်တင်ခြင်းအတွက် နည်းနှစ်မျိုးမထားရှိပါ။ တိတု၊ ၂း၁၁ က အတည်ပြုသည်မှာ “လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ ကျေးဇူးတော်သည် ထင်ရှာပေါ်ထွန်းလျက်ရှိ၏”(တိတု၊ ၂း၁၁)။ ဓမ္မဟောင်းအချိန်တွင် လူသားများက လာလတ္တံ့သော ခရစ်တော်အားဖြင့် ကယ်တင်ခြင်း ရရှိခဲ့သည်။ သိုးကလေးများကို ပူဇော်ပသသည့် အခါတိုင်းလာလတ္တံ့သော ကယ်တင်ရှင် မေရှိယကို ညွှန်ပြလျက်ရှိသည် (ကမ္ဘာဦး၊ ၃း၂၁။ ၂၂း၉-၁၃)။ ဓမ္မသစ်အချိန်တွင် လူသားတို့သည် လာရောက်ပြီးသော သခင်ယေရှုအားဖြင့် ကယ်တင်ခြင်း ရရှိခဲ့ပါသည်။ တစ်နည်းအားဖြင့် ယုံကြည်ခြင်း သည် ကပ်တိုင်ကို ပြန်လှမ်းမျှော်သည်။ သခင်ယေရှုအားဖြင့် ကယ်တင်ခြင်း တစ်နည်းသာလျှင် ရရှိနိုင်ပါသည်။ ( တမန်တော်၊ ၄း၁၂)။

မေး။ ကျွန်ုပ်တို့သည် ပဋိညာဉ်သစ် လက်အောက်တွင် ရှိသည့်အတွက်ဘုရားသခင်၏ ပညတ်တော်ကို စောင့်ရှောက်ဖို့ လိုအပ်ပါသေးလား။

ဖြေ။ ပဋိညာဉ်သစ်သည် အမှန်အားဖြင့် ပဋိညာဉ်ဟောင်းထက် စောခဲ့သည်။ ထိုပဋိ ညာဉ်သစ်ကို ဘုရားသခင်ကိုယ်တော်တိုင် ဧဒင်ဥယျာဉ်၌ ပေးအပ်ခဲ့သည်။ ထိုအချိန်၌ စာတန်၏ အသေအချာ လူသားများကို ဖမ်းချုပ်ထားခြင်းမှ ဖြည်ထုတ်ပေးမည့် ကယ်တင်ရှင် မေရှိယရောက်ရှိလာမည်ကို ကတိတော် ပေးခဲ့သည်။ ပဋိညာဉ်သစ်တွင် အပြစ်မှလွတ်ကင်းဖို့ သခင်ခရစ်တော်၏ ကျေးဇူးတော်အားဖြင့် ရရှိနိုင်မည့်အကြောင်း ကတိတော်ပါရှိခဲ့သည်။ သူသည် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သည် သူသည် ပညတ်တရားကို ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် ရေးသားပေးသည်။ ချစ်ခြင်းမေတ္တာသည် လိုက်လျှောက်ဖို့ လှုံ့ဆော်မှု တစ်ရပ်ဖြစ်ပါသည်။ အသက်တာ အင်အားသစ် တစ်ရပ်ရရှိလာပါသည်။ (ဟေဗြဲ၊ ၈း၁၀)။ ယေဇကျေလ၊ ၃၆း၂၆။ ဆာလံ၊ ၄၀း၈။ ပဋိညာဉ်ဟောင်းတွင် ဣသရေလလူမျိုးတို့သည် ဘုရားသခင်၏ပညတ်တော်ကို မိမိအားအင်ဖြင့်စောင့်ရှောက်ရန် ကတိပြုခဲ့သည်။ သူတို့က ဘုရားသခင်ပြောသည့်အတိုင်း လိုက်လျှောက်မည်ဟု ဆိုကြသည်။ (ထွက်မြောက်ရာ၊ ၁၉း၈။ ၂၄း၃၊၇။) ဘုရားသခင်၏ ပညတ်တော်များ လိုက်လျှောက်ရန် အပြင်ပန်း၌ ကြိုးစားအားထုတ်မှုသည် စိတ်ပျက်ခြင်းနှင့် ဆုံးရှုံးခြင်းတို့နှင့်ရင်ဆိုင်ရတော့သည်။ ကျွန်ုပ်တို့ အင်အားဖြင့် မစောင့်ရှောက်နိုင်သော ပညတ်တရားသည် ကျွန်ုပ်တို့ကို စီရင်လိမ့်မည်။ (ရောမ၊ ၃း၂၃။၆း၂၃) ပဋိညာဉ်သစ်တွင် ကျွန်ုပ်တို့သည် သခင်အသစ်က ပိုင်ဆိုင်သည်။ ယင်းမှာ ယေရှုခရစ်တော်ပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် နှလုံးသားအသစ်နှင့် ဘုရားသခင်ရှေ့မှောက်တွင် အသစ်သောရပ်တည်မှုဖြင့် ရပ်တည်နိုင်ပါသည်။

မေး။ ရှင်ပေါလုသည် ကောလောသဲ၊ ၂း၁၆၊၁၇ တွင် “ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြော မစီရင်စေနှင့်” ဟု ဆိုခဲ့သဖြင့် ဥပုသ်နေ့ကို စောင့်ရှောက်ခြင်းသည် မလိုအပ်သောအရာမဟုတ်ပါသလား။

ဖြေ။ သမ္မာကျမ်းစာတွင် ကောလောသဲ၊ ၂း၁၆၊ ၁၇ သည် လူအများ နားလည်မှု အလွဲချော်ဆုံးကျမ်းပိုဒ်ဖြစ်သည်။ကျမ်းစာတော်ကို အဓိပ္ပါယ်ဖွင့်ဆိုချက်မှု တစ်ခုကတော့ သင့်အတွက် မရှင်းလင်းသည့် အချက်ကို ရှင်းလင်းနေသည့် အချက်တို့အား မရှုပ်ထွေးစေသင့်ပါ။ ဥပုသ်နေ့နှင့်ပတ်သက်၍ သမ္မာကျမ်းစာက ရှင်းရှင်းလင်းလင်း ဖေါ်ပြခဲ့ပါသည်။ (ကမ္ဘာဦးကျမ်း၊ ၂း၁-၃)။ သခင်ယေရှုသည် စောင့်ရှောက်ခဲ့သည်။ (လုကာ၊ ၄း၁၆)။ ရှင်ပေါလု စောင့်ရှောက်ခဲ့သည်။ (တမန်တော်၊ ၁၃း၄၂-၄၄)။ ကောင်းကင်တော်တွင်လည်း စောင့်ရှောက်သွားပါမည်။ (ဟေရှာယ၊ ၆၆း၂၂-၂၃)။ ကျမ်းစာတော်တွင် ဥပုသ်နေ့ နှစ်မျိုးအကြောင်း ဖေါ်ပြထားပါသည်။ သတ္တမနေ့ ဥပုသ်နေ့နှင့် နှစ်စဉ်ပြုလုပ်သည့် ဥပုသ်များဖြစ်သည်။ သတ္တမနေ့ ဥပုသ်နေ့သည် ဖန်ဆင်းချိန်ကတည်းက သတ်မှတ်ပေးပြီး ပညတ်တော်ဆယ်ပါး၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ထိုဥပုသ်နေ့ သည် ကျွန်ုပ်တို့ကို ချစ်မြတ်နိုးပြီး တန်ခိုးတော်ကြီးမားသည့် ဖန်ဆင်းရှင်ကို အပတ်စဉ် အောက်မေ့ဖွယ်ရာ ဝတ်ပြုကိုးကွယ်သည့် နေ့ဖြစ်သည်။ နှစ်စဉ်ပြုလုပ်သည့် ဥပုသ်နေ့များမှာ ဣသရေလလူမျိုးတို့၏ သမိုင်းနှင့် သီးသန့် ပတ်သက်နေပါသည်။ ကောလောသဲ၊ ၂း၁၆-၁၇ မှာ အတိအလင်း ဖေါ်ပြခဲ့သည်မှာ “ဥပုသ်နေ့တို့ကို စောင်ရှောက်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြောမစီရင်စေနှင့်။ ထိုအရာတို့သည် နောက်ဖြစ် လတ္တံ့သော အရာတို့၏ အရိပ်ဖြစ်ကြ၏။” ဟေဗြဲ၊ ၁၀း၁ တွင် အရိပ်အဖြစ် ဖေါ်ပြသော ပညတ်တရားတို့ကို တိရစ္ဆာန်များယဇ်ပူဇော်ခြင်း နှင့် ဆက်စပ်ခြင်းပြုပါသည်။ ယေဇကျေလ၊ ၄၅း၁၇ တွင်လည်း ကောလောသဲ၊ ၂း၁၆-၁၇ နှင့်နည်းတူ ပွဲတော်ကျင်းပရေးစနစ်နှင့် ပတ်သက်သော စားသောက်ခြင်းပွဲတော်နှင့် ယဇ်ပူဇော်ခြင်း (အသားယဇ်ပူဇော်ခြင်း၊ သောက်သုံးယဇ် ပူဇော်ခြင်း၊ ပွဲတော်များ၊ လသစ်နှင့် ဥပုသ်များစောင့်ထိန်းခြင်း) တို့ကို ဖေါ်ပြချက် အစဉ်အဆက်တို့သည် တူညီနေပါသည်။ ဤစောင့်ထိန်းရသော ပွဲတော်များနှင့် ဥပုသ်များတို့သည် ဣသရေလအိမ်တော်အတွက် ညှိနှိုင်းမှု ပြုလုပ်ဖို့ ဖြစ်ပါသည်။ ဝတ်ပြုရာကျမ်း၊ ၂၃း၅-၃၂ တွင် ပွဲတော်ဥပုသ်များအကြောင်း ဖေါ်ပြသည် (ပသခါပွဲ-အခန်းငယ် ၅၊ တဆေးမဲ့မုန့်- အခန်း ငယ် ၆၊ ကောက်လှိုင်းစည်း အခန်းငယ် ၁ဝ၊ အဦးသီးသောအသီး- အခန်းငယ် ၁၇၊ တံပိုးမှုတ်ပွဲ - အခန်းငယ် ၂၄၊ အပြစ်ဖြေရာနေ့ - အခန်းငယ် ၂၇-၃၂၊ မီးဖြင့်ပူဇော်သကာ- အခန်းငယ် ၂၅ နှင့်အပြစ်ဖြေရာနေ့- အခန်းငယ် ၂၇) တို့သည် ဥပုသ်များအဖြစ် တိတိကျကျ ခေါ်ဝေါ်ပါသည်။ ဤနှစ်စဉ် ပြုလုပ်ရသောပွဲတော် ဥပုသ်များသည် ခရစ်တော်အသေခံရခြင်းနှင့် ခရစ်တော်၏ ဒုတိယအကြိမ်ပြန်လည်ကြွရောက်လာမည့်အကြောင်း တိကျစွာဆက်စပ်နေသော အရိပ်လက္ခဏာများ ဖြစ်ပါသည်။

ဘုရားသခင်က အရိပ်အဖြစ် (သို့တည်းမဟုတ်) လာလတ္တံ့သောကယ်တင်ရှင်ကို ညွှန်ပြရာ နိမိတ်လက္ခဏာအဖြစ် ဖန်တီးမှုဖြစ်သည်။ဝတ်ပြုရာကျမ်း၊ ၂၃း၃၇ သည် ကောလောသဲ၊ ၂း၁၆-၁၇ မှာ အသုံးပြုသည့်စကားရပ်များအတိုင်း ပွဲတော်ဥပုသ်များကို ရှင်းပြပါသည်။ ဝတ်ပြုရာကျမ်း၊ ၂၃း၃၈ တွင် ပွဲတော်ဥပုသ်များနှင့် သတ္တမနေ့ဥပုသ်ကွာခြားမှုကို ဤအသုံးအနှုန်းဖြင့် သုံးခဲ့သည်ကို တွေ့ရပါသည်။ “ဤရွေ့ကား၊ထာဝရဘုရား၏ ဥပုသ်နေ့ ထာဝရဘုရားအား ဆက်ကပ်ရသောထာဝရဘုရား၏ပွဲတော်များ ဖြစ်သတည်း” (ဝတ်ပြုရာကျမ်း၊ ၂၃း၃၈)။ဤဥပုသ်နှစ်မျိုးကို ခွဲခြားဖေါ်ပြထားသည်ကို တွေ့ရပါသည်။ ခရစ်တော်ကြွရောက်လာပြီဖြစ်၍ ထိုအရိပ်ပြပွဲတော် ပညတ်များသည် ပြည့်စုံမှုသို့ရောက်ရှိခဲ့ပါသည်။ သတ္တမနေ့ ဥပုသ်မှုကား ကျွန်ုပ်တို့ကို ဆက်လက်ပြီးဖန်ဆင်းရှင်သို့ ပြန်လည် ပို့ဆောင်ပါသည်။ ဘုရားသခင်၏ လူတို့သည် ဤဥပုသ်ကို ထူးကဲသည့် ဘုရားနှင့်ဆက်စပ်မှုအဖြစ် စောင့်ရှောက်ပါလိမ့်မည်။ (ဗျာဒိတ်၊ ၁၄း၁၂။ ယေဇကျေလ၊ ၂၀း၁၂၊၂၀)။

မေး။ ရောမ၊ ၁၄း၅ မှာ “နေ့ရက်တစ်ရက်ထက် တစ်ရက်သာ၍ မြတ်သည်ဟု လူအချို့ ထင်တတ်၏။ လူအချို့တို့ မထင် ။လူတိုင်းမိမိ စိတ်သဘောကျပါစေ” ဟူ၍ ဆိုထားသည့်အတွက် နေ့ရက်တစ်ရက်နှင့် တစ်ရက်ခွဲခြား၍ ပြုလုပ်ဖို့ လိုပါသေးသလား။

ဖြေ။ တစ်ခါတစ်ရံ ကျမ်းပိုဒ်များ ဖေါ်ပြချက်များထက် မဖေါ်ပြခဲ့သည်များကို သတိပြုဖို့လိုပါသည်။ အပိုဒ်ခွဲ ၅ နှင့် ၆ တို့မှာ ဥပုသ်နေ့ဝတ်ပြုခြင်းနှင့် ပတ်သက်၍ ဘာမျှမပြောဆို မဖေါ်ပြခဲ့ပါ။ နေ့ရက်တစ်ရက် တစ်ရက်အကြောင်းကိုပဲ ပြောဆိုကြပါသည်။ ဒီနေ့ရက်အကြောင်း ဆွေးနွေးချက်ကို ဥပုသ်နေ့အကြောင်းပြောနေသည်ကို ယူဆလျှင် မလိုအပ်ဘဲ ရွေးပြီးယူဆသလို ဖြစ်ပါသည်။ ရောမ၊ ၁၄း၁ တွင် “ယုံကြည်အားနည်းသော သူတို့ကို လက်ခံကြလော့၊ သို့ရာတွင် ယုံမှားဖွယ်သော ပြဿနာတို့ကို သူနှင့် မဆွေးနွေးကြနှင့် ” ဟူ၍ ပါရှိသည် ။ ဖန်ဆင်းချိန်ကတည်းက ဖယ်ရှားထားသော သတ္တမနေ့ ဥပုသ်သည် (ထွက်မြောက်ရာကျမ်း၊ ၂း၁-၃) လူတို့၏ လူ့ဝတ်တွင် ထည့်သွင်းထားခြင်း (ထွက်မြောက်ရာကျမ်း၊ ၂း၈-၁၁) မှာ သံသယဖြစ်စရာအကြောင်း တစ်ရပ်လား။ လုံးဝမဟုတ်ပါ။ ဤကိစ္စ ဖြေရှင်းဖို့သော့ချက်ကတော့ ရောမ (၁၄) အခန်းငယ် ၆ တွင် ဖေါ်ပြထားသည်။

        “နေ့ရက်ကို စောင့်သောသူသည် သခင်ဘုရားကို ထောက်၍စောင့်၏။ နေ့ရက်ကို မစောင့်သောသူသည်လည်း သခင်ဘုရားကို ထောက်သောစိတ်နှင့်စား၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။ မစားသော သူသည်လည်း သခင်ဘုရားကို ထောက်သောစိတ်နှင့် မစားဘဲနေ၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏ဟု ဖေါ်ပြထားသည်။ ဤနေ့ရက် ပြဿနာနှင့် ပတ်သက်၍ ဥပုသ်နေ့များနှင့် မသက်ဆိုင်ပါ။ အစာရှောင်ခြင်း နေ့ရက်များနှင့် ပတ်သက်သည်။ အချို့သော ဂျူးလူမျိုး ခရစ်ယာန်များသည် အစာရှောင်ရာ၌ နေ့ရက်တစ်ရက်မှာ စောင့်လျှင်ပို၍ မွန်မြတ်ကြောင်း ယုံကြည်ကြ သည်။ အခြားသူများကို သူတို့၏ ခံယူချက်များနှင့် စီရင်ကြသည်။ ဖါရိရှဲတို့သည် တစ်ပတ်လျှင် နှစ်ကြိမ်အစာရှောင်ပြီး ဝါကြွားကြသည် (လုကာ၊ ၁၈း၁၂)။ သို့ဖြစ်၍ ရောမအခန်းကြီး (၁၄) တွင် ရှင်ပေါလုက နေ့ရက်တစ်ရက်တွင် အစာရှောင်ခြင်းသည် လူတိုင်း၏ မိမိစိတ်နှလုံးတွင် ရှိသည့် ခံယူချက်အရ ရွေးချယ်နိုင်သည် ဘုရားသခင်၏မိန့်မှာချက် မဟုတ်ပါ။

မေး။ တမန်တော်၊ ၂၀း၇ တွင် တပည့်တော်များတစ်ပတ်၏ ပထမနေ့ရက်တွင် စုရုံးကြသည် မဟုတ်ပါသလော။

ဖြေ။ ဒီစုရုံးတွေ့ဆုံခြင်း၏ အကြောင်းရင်းမှာ ရှင်ပေါလုသည် နောက်တစ်ရက် ခရီးထွက်ရမည်ဖြစ်၍ စုစည်းတွေ့ဆုံကြခြင်း ဖြစ်ပါသည်။ ခရီးမထွက်မီ ရှင်ပေါလုသည် သန်းခေါင်တိုင်အောင် ဟောပြောနေသည်။ ပေါလုသည် ကြာမြင့်စွာ ဟောပြောနေ၍ ပြတင်းပေါက်နားမှာ ထိုင်၍ အိပ်ငိုက်နေသော လုလင်တစ်ယောက်သည် အိမ်သုံးဆင့် အထက်မှ အောက်သို့ကျ၍ သေသွားသည်။ ထိုလုလင်ကို ရှင်ပေါလုထံ ယူဆောင်လာပြီး ရှင်ပေါလုက ထိုဥတုခု အမည်ရှိလုလင်ပေါ် ကိုယ်ကို လှဲလျက် ဖက်ယမ်းပြီး အသက်ရှိသေးသည်ဟု ပြောလိုက်သည်။ ဥသုခ သေပြီးမှ ပြန်လည်ထမြောက်သော ကြီးမားသည့် အံ့ဖွယ်ဖြစ်ပါသည်။ ရှင်းနေသည်က ထိုအစည်းအဝေးကို ညအချိန်မှာ ပြုလုပ်သော အစည်းအဝေးဖြစ်သည်။ တစ်ပတ်၏ ပထမနေ့ရက် အမှောင်ပိုင်းမှာ ဖြစ်ပါသည်။ (တမန်တော်၊ ၂း၇)။

        သမ္မာကျမ်းစာတော် အချိန်မှာ ရက်တစ်ရက်၏ အမှောင်ပိုင်းသည်အလင်းပိုင်းထက် စောပြီးစတင်သည်။ (ကမ္ဘာဦး၊ ၁း၅။) ဥပုသ်နေ့ကိုသောကြာနေ့ နေဝင်ချိန်မှ စနေနေ့နေဝင်ချိန်အထိ စောင့်ရှောက်ကြပါသည်။ (ဝတ်ပြုရာကျမ်း၊ ၂၃း၃၂။ မာကု၊ ၁း၃၂)။ ဤအစည်းအဝေးကို တစ်ပတ်၏ ပထမနေ့ရက် အမှောင်ပိုင်းတွင် ပြုလုပ်ခြင်းဖြစ်လျှင် စနေနေ့ညသာ ဖြစ်ပါလိမ့်မည်။ ရှင်ပေါလုသည် ယုံကြည်သူများနှင့် ဥပုသ်နေ့ တစ်နေ့လုံး ဆုံတွေ့ခဲ့သည်။ တောက်တစ်ရက် တနင်္ဂနွေနေ့မှာ ခရီးထွက်မည်ဖြစ်၍ ယခုအစည်းအဝေးကို စနေနေ့ ညဉ့်နက်သည် အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရှင်ပေါလုသည် ခြေလျင်ဖြင့် အာသုမြို့သွားပြီး မိတုလင်မြို့သို့  ရွက်လှေဖြင့်သွားသည်။ အင်္ဂလိပ်ကျမ်းစာသစ်တွင် တမန်တော်၊ ၂း၇ ပြန်လည်ရေးသားချက်၌ ထိုအစည်းအဝေးကို စနေနေ့ည အစည်းအဝေးဖြစ်ကြောင်း အတည်ပြုထားပါသည်။ အကယ်၍သာ ရှင်ပေါလုသည် တနင်္ဂနွေနေ့ကို သန့်ရှင်းသောနေ့ဖြစ်ကြောင်း ပြန်လည် ထမြောက်ခြင်းနေ့ကို ဂုဏ်ပြုခဲ့ပါလျှင် ဘာကြောင့် ဝတ်ပြုကိုးကွယ်ခြင်းမပြုဘဲ တစ်နေကုန် ခရီးသွားနေရပါသလဲ။ မှတ်တမ်းအရ ရှင်ပေါလုသည် ဥပုသ်နေ့ကို စောင့်ထိန်းသူတစ်ဦးဖြစ်ကြောင်း ထင်ရှားပေါ် လွင်နေပါသည်။ (တမန်တော်၊ ၁၃း၄၂-၄၄။ ၁၇း၂။ ၁၆း၁၂-၁၃။ ၁၈း၄)။

မေး။ သတ္တမနေ့ရက်ကို ဘယ်နေ့ရက်များ ဖြစ်မည်နည်း။ ကျွန်ုပ်တို့ အတိအကျ ပြောနိုင်ပါသလား။

ဖြေ။ စနေနေ့သည် သတ္တမနေ့ ဖြစ်ကြောင်း နည်းလေးနည်းဖြင့် အတိအကျ ပြောနိုင်ပါသည်။

၁။ ကျမ်းစာတော်အရ။ ကျမ်းစာ၌ အဖိတ်နေ့တွင် သခင်ယေရှုကပ်တိုင်တင်ခံရ ကြောင်း ရှင်းလင်းစွာ ဖေါ်ပြထားပါသည်။ (လုကာ၊ ၂၃း၅၄)။ သူ၏ အနီးစပ်ဆုံး တပည့်တော်များ ပညတ်ထားသည့်အတိုင်း ဥပုသ်နေ့တွင် နားနေကြပါသည် (လုကာ၊ ၂၄း၁။ မာကု၊ ၁၆း၉)။ ခရစ်ယာန်အများစုသည် သခင်ယေရှု သောကြာနေ့ အဖိတ်နေ့တွင် သေဆုံးကြောင်း လက်ခံကြသည်။ နောက်တစ်ရက်တွင် ရပ်နားပြီး တနင်္ဂနွေ ပထမနေ့ရက်၌ ပြန်လည်ထမြောက်ခဲ့သည်။ ဥပုသ်နေ့သည် သောကြာနေ့နှင့် တနင်္ဂနွေနေ့ စပ်ကြားတွင် ဖြစ်သည်။ သတ္တမနေ့ သို့တည်းမဟုတ် စနေနေ့ ဖြစ်သည်။

၂။ ဘာသာစကားအရ။ ကမ္ဘာပေါ်ရှိ ဘာသာစကား (၁၄၀) ကျော်တွင်သတ္တမနေ့-စနေနေ့ကို “စက်ဘက်” ဟူ၍ ခေါ်တွင်ကြသည်။ ရာစုနှစ်ပေါင်းများစွာ၌ ဥပုသ်နေ့ကို ထိန်းသိမ်းထားကြောင်း ဘာသာစကားများက အတည်ပြုထားပေးပါသည်။

၃။ နက္ခတ် ပညာအရ။ နက္ခတ် ပညာဆရာကျော်များက အပတ်စဉ် နေ့ရက်လည်ပတ်မှုတို့သည် မည်သည့်အခါမျှ မပြောင်းလဲခဲ့ကြောင်း ထောက်ခံပါသည်။ Royal Naval Observatory (U.S) နှင့် The Royal Greenwich Observatory (England) တို့လို ဌာနများက အပတ်စဉ် လည်ပတ်မှု တည်မြဲခဲ့ကြောင်းကို အတည်ပြုခဲ့ပါသည်။

၄။ သမိုင်းအရ။ ဂျူးလူမျိုးတို့သည်တိကျသည့် ဥပုသ်နေ့မှတ်တမ်းတို့ကိုရာစုနှစ်များစွာ မှန်ကန်စွာ ထားရှိပါသည်။ နှစ်ပေါင်း ၄ဝဝဝ ကျော်အတွင်းမှန်ကန်သည့် ဥပုသ်နေ့ကို စနေနေ့တွင် ထိန်းသိမ်းထားရှိပါသည်။

မေး။ ကျွန်ုပ်သည် ထမြောက်ရာနေ့ တနင်္ဂနွေနေ့ကို ဂုဏ်ပြုစောင့်ရှောက်ပါသည်။ ဒါဘာအမှားများ ရှိလို့လဲ ။ သခင်ယေရှုသေခြင်းမှ ထမြောက်ခဲ့သည်မှာ တနင်္ဂနွေနေ့မှာ မဟုတ်ဘူးလား။

ဖြေ။ ဟုတ်ပါသည်။သခင်ယေရှုသည် တနင်္ဂနွေနေ့မှာ ရှင်ပြန်ထမြောက်ခဲ့ပါသည်။ သို့ရာတွင် ရှင်ပြန်ထမြောက်ခြင်းနေ့ကို ဂုဏ်ပြုခြင်းအားဖြင့် ဝတ်ပြုကိုးကွယ်ရမည်ကို သူအမိန့်ပညတ်ခြင်း မပြုလုပ်ခဲ့ပါ။ ပွဲတော်စားခြင်းသည် သခင်ယေရှု၏ သေခြင်းကို ပုံဆောင်သလို (၁ကော၊ ၁၁း၂၄၊၂၆)။ ရေနှစ်ခြင်း မင်္ဂလာသည်လည်း သူ၏ ရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်ခဲ့သည် (ရောမ၊ ၆း၁-၆)။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်း ကို ပုံဆောင်ခြင်းသည် ဒိဠိရောမ နေကိုးကွယ်မှုမှ ခရစ်ယာန်နေ၏နေ့တွင် ဝတ်ပြုကိုးကွယ်ဖို့ ထည့်သွင်းလာခြင်း အတွက်မဟုတ်ပါ။ လှပသည့် ရေနှစ်ခြင်းမင်္ဂလာအဖြစ် ပုံဆောင်ထားသော သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် ဘဝအသက်တာသစ်ကို ရယူနိုင်ခြင်းကို ပုံဆောင်ထားပါသည်။ ရေနှစ်ခြင်းတွင် ရေသင်္ချိုင်း၌ ဘဝဟောင်း လူဟောင်းက သဘောအားဖြင့် သေခြင်း နစ်မြုပ်ခြင်းခံရ၍ သခင်ခရစ်တော်နှင့်အတူ ဘဝသစ်သို့ ကူးပြောင်းရှင် ပြန်ထမြောက်ခဲ့ပါသည်။

မေး။ တစ်ပတ်လျှင် ခုနှစ်ရက်အထဲမှ တစ်ရက်ရက်ကို ရွေးလျှင် မပြီးဘူးလား။ ဘာကြောင့် ဥပုသ်နေ့ကို ဒီလောက် အလေးထားရပါသလဲ။

ဖြေ။ ပြဿနာသည် နေ့ရက်တစ်ခုတည်းဖြင့် မပတ်သက်ပါ။ ပြဿနာကတော့ သခင်များပြဿနာ ဖြစ်ပါသည်။ စာတန်သည် ဆရာကြီးလှည့်ကွက်ဖြင့် မူလယုံကြည်ချက်မှ သွေဖည်သည့် ဘာသာရေးမှတစ်ဆင့် ဘုရားသခင်၏ ပညတ်တရားကို ပြောင်းလဲရန် ကြိုးပမ်းခဲ့သည် (ဒံယေလ၊ ၇း၂၅)။ သမ္မာတရားကို မြေသို့နှိမ့်ချ၏။ (ဒံယေလ၊ ၈း၁၂)။ ဘုရားသခင်၏ သမ္မာတရားနံရံတွင် အပေါက်ဖေါက်ခဲ့သည်။ ဤအပေါက်ကို ဖာထေးဖို့ ဘုရားသခင်က သူ၏ ဥပုသ်နေ့ကို စောင့်ရှောက်ခိုင်းပါသည်။ (ထွက်၊ ၂၀း၈-၁၁)။ မှားယွင်းသော နေ့ရက်အတုတစ်ခုကို သိလျက်နှင့် ဝတ်ပြုကိုးကွယ်လျှင် မူလယုံကြည်ချက်ကို စွန့်လွှတ်သည့် လူက ပြဌာန်းသည့် အဖွဲ့အစည်းတစ်ရပ်၏ သွန်သင်မှုကို လက်ခံလိုက်သလို ဖြစ်ပါသည်။ တကယ့်မေးခွန်းကတော့ ကျွန်ုပ်သည် မည်သူ့ အစေအပါး ဖြစ်ပါသနည်း။ ဘုရားလား၊ လူသားတို့လား (ရောမ၊ ၆း၁၆)။ ကျွန်ုပ်မွေးနေ့ မတိုင်မီနှင့် မွေးနေ့လွန်နေ့များတွင် ဂုဏ်ပြုပွဲကျင်းပပေးခြင်းသည် ထိုနေ့ရက်များကို ကျွန်ုပ်၏ မွေးနေ့အစစ် မဖြစ်စေပါ။ ကမ္ဘာ၏ မွေးနေ့သည် သမ္မာကျမ်းစာ၏ ဥပုသ်နေ့ သတ္တမနေ့ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်အား အောက်မေ့ဖွယ်ရာ နေ့တစ်နေ့ ဖြစ်ပါသည်။အခြားနေ့ရက်များ အစားထိုး၍ မရနိုင်ပါ။

မေး။ ရှင်ပေတရုသည် ပထမဦးဆုံး ပုပ်ရဟန်းမင်းလား၊ သခင်ယေရှုသည်ရှင်ပေတရုအား “သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းတော်ကို ငါတည်ဆောက်မည်”(မဿဲ၊ ၁၆း ၁၃-၁၉) ဟု ပြောဆိုရာ၌ မည်သို့သော အဓိပ္ပါယ်ကို ဆိုလိုပါသနည်း။

ဖြေ။ (ဖိလပ္ပုကဲသရိမြို့) Cesarea Philippic ဆိုသည်မှာ ဟေလသ-ဂရိလူမျိုးတို့၏ ဒဿနိကဗေဒ တွေးခေါ်ရှင်များ၏ ဗဟိုဌာန၊ ရောမတို့၏ ဆင်တုံတရားနှင့် ဂျူးလူမျိုးတို့၏ ရိုးရာအစဉ်အလာ ဘာသာရေး ဌာနတို့ ဖြစ်ပါသည်။ သခင်ယေရှုသည် ဤဘာသာရေးနှင့် တွေးခေါ်ရှင်များကို နောက်ခံထားပြီး မေးခွန်းကို မေးသည်။ “ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မှုလျှင်” “တချို့လူများက ဗတ္တိဇံ ဆရာယောဟန်၊ ဧလိယ၊ ယေရမိ ဟူ၍ တပည့်တော်များက ဖြေရာ ယေရှုက တပည့်တော်များကို တဖန်မေးပြန်သည်။ “သင်တို့ကော ငါဘယ်သူဖြစ်သနည်း။ သခင်ယေရှုသည် သူတို့၏ ယုံကြည်ချက်ကို နက်ရှိုင်းစေပြီး ကယ်တင်ခြင်းဝန်ခံချက် ထွက်ပေါ်ဖို့ ထုတ်နုတ်ဖို့ လိုလားသည်။ ပေတရုကတော့ ချက်ချင်း ဖြေကြား ရာမှာ “ကိုယ်တော်သည် ခရစ်တော်တည်းဟူသော၊ အသက်ရှင်တော်မှုသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူပါသည်။” ဤလို တွေးခေါ်မှုမျိုးသည် သန့်ရှင်းသောဝိညာဉ်တော်၏ လှုံ့ဆော်မှုဖြင့်သာ ဖြစ်နိုင်သည်။ ပေတရု၏ ယုံကြည်ချက်ကို သခင်ယေရှု အသိအမှတ်ပြု၍ ကြေညာလိုက်သည်။ “သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ”(မဿဲ ၁၆း၁၈)။ အသင်းတော်သည် ယေရှုခရစ်တော် အပေါ်၌ တည်ဆောက်ပါသည်။ သူသည်လူတို့ပယ်ထား၍ ဘုရားသခင် ရွေးချယ်တော်မူသော အသက်ကျောက်မျက် ဖြစ်ပါသည်။ (၁၊ ပေတရု ၂း၄-၈)။ ပေတရုသည် ထိုကျောက်မှာ သခင်ယေရှုဖြစ်ကြောင်း ရှင်းလင်းသိမြင်ပါသည်။ ရှင်ပေါလုသည် ဤကိစ္စကို ၁ကော၊ ၁၀း၄ တွင် ရှင်းလင်း ပြောကြားပါသည်။ ထိုကျောက်သည် ခရစ်တော်ဖြစ်သည်။ ဒါဝိဒ်မင်းက “ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါ့ကို ကယ်တင်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏။ အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ငါခိုလှုံရာ ဖြစ်တော်မူ၏” ဟူ၍ပြောသည်။ (ဆာလံ၊ ၆၂း၁-၂)။ ယေရှုမှတစ်ပါး အခြားသော တိုက်မြစ် မရှိပါ။ (၁ကော၊ ၃း၁၁)။ မရဏာနိုင်ငံ၏ တံခါးတို့သည် မည်သည့်ခါ၌ သူ၏ အသင်းတော်ကို မနိုင်ရာ။ သတ္တိရှိသော တပည့်တော် ပေတရုသည် သခင်ယေရှု၏လုပ်ငန်းကို နားလည်မှု လွဲခဲ့သည်။ အသင်းတော်သည် ပေတရု၏ အားနည်းချက်အပေါ် တည်ဆောက်ခြင်း မဟုတ်ဘဲ သခင်ယေရှု၏ အင်အားအပေါ်မှာ တည်ဆောက်ခဲ့သည်။ ဤအံ့ဖွယ်သော အမှန်တရားကို ပေတရုကိုယ်တိုင်တွေ့ရှိလာသည်။ သခင်ယေရှုသည် ပေတရုအား ယူရာနေရာနှင့် သူ့ ဘဝတွင် ရပ်တည်ရာ အုတ်မြစ်ဖြစ်သည်။

မေး။ ပေတရုနှင့် အခြားသော တပည့်တော်များအား သခင်ယေရှုပေးသော ကောင်းကင်နိုင်ငံတော်၏ သော့များဆိုသည်မှာ ဘယ်အရာနည်း။

ဖြေ။ သော့များသည် တံခါးများကို ဖွင့်ပေးနိုင်သည်။ ပိတ်ပေးနိုင်သည်။သခင်ယေရှုက “ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” ဟူ၍ ပြောသည် (ယောဟန်၊ ၁၄း၆)။ ထိုသခင်၏ နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ (တမန်တော်၊ ၄း၁၂)။ ကျမ်းစာအားလုံးတို့သည် သခင်ယေရှု၏ သက်သေဖြစ်၏။ (ယောဟန်၊ ၅း၃၉)။ ကျမ်းတတ်တို့သည် ပညာဖွင့်သောသော့ကို သိမ်းထား၍ ကယ်တင်ရှင်ထံ သူတို့လည်း မဝင်၊ ဝင်လိုသူတို့ကိုလည်း ဆီးတားကြသည် (လုကာ၊ ၁၁း၅၂)။ ပေတရုသို့ သခင်ယေရှုပေးသော “သော့” တို့မှာ သူ၏နှုတ်ကပတ်တော်၊ သူ၏သွန်သင်မှုတို့ ဖြစ်သည်။ သူ၏ သွန်သင်မှုများသည် လူအပေါင်းတို့ ရရှိနိုင်သော အပြစ်ဖြေလွှတ်ခြင်း၊ စီရင်တော်မူခြင်းမှ လွတ်ကင်းခြင်းနှင့် ငြမ်သက်ခြင်း ကရာနီကုန်းမှ သွန်းသောသူ၏ အသွေးတော်အားဖြင့် ရရှိနိုင်သည်။ ကယ်တင်ရှင် ယေရှုသခင်အား သိကျွမ်းခြင်းသည် ကောင်းကင်တံခါးကို ဖွင့်ပေးစေပါသည် (ဟေရှာယ၊ ၂၂း၂၂)။

အခန်း (၇) ဥပုသ်နေ့ကို လုံးလုံးလျားလျားစောင့်ထိန်းခြင်း

        ဂျွန်နသန်သည် စိတ်ရှုပ်ထွေးလျက် ရှိနေပါသည်။ သူ၏ နောက်ဆုံးစာမေးပွဲကြီးသည် ဥပုသ်နေ့တွင် ကျရောက်နေပါသည်။ ဒီစာမေးပွဲကို ဖြေဆိုလျှင် သူ၏အမှားအမှန် သိမြင်သော အတွင်းစိတ်ကို ဆန့်ကျင်ရာကျမည်။ စာမေးပွဲကို အခြားရက်စွဲ တစ်ခုခုမှာ ဖြေနိုင်ဖို့ သူ၏ပရောဖက်ဆာနှင့် ဆွေးနွေးဖို့ ရက်ချိန်းယူလိုက်သည်။ ပရောဖက်ဆာနှင့်တွေ့ရသည့်အခါ ပရောဖက်ဆာက အပြတ်ငြင်းလိုက်သည်။ သူ့အား ပရောဖက်ဆာက ရှင်းပြလိုက်သည်။ ဂျွန်နသန်ကို အခြားရက်တစ်ရက်မှာ စာမေးပွဲ ဖြေခွင့်ပေးလိုက်လျှင် အခြားသူများလည်း အကြောင်းတစ်ခုခုပြပြီး အခွင့်အရေးမျိုး တောင်းဆိုမှာပဲ။ ဂျွန်နသန် ဘာမျှမတတ်နိုင်တော့ပါ။ သူ့မှာ ရွေးချယ်ရန် လမ်းနှစ်လမ်း ပဲရှိတယ်။ စာမေးပွဲအောင်ရန် ဖြေလျှင်ဖြေ (သို့မဟုတ်) မဖြေဘဲ နေလျှင်နေ၍ စာမေးပွဲကျရှုံးဖို့ပဲ ရှိတော့သည်။

        တကယ်တန်းဆိုလျှင် သူ Semester (နှစ်ဝက်) တစ်ခုလုံးကို အဆုံးအရှုံး မခံချင်ပါ။ နောက်တစ်ကြိမ် ဒီသင်ကြားမှုအတွက် ထပ်ပြီး တက်ရောက်ဖြေဆိုဖို့ မနှစ်သက်ပါ။ သူသည် ဤစာမေးပွဲကို ဥပုသ်နေ့မှအပ ဖြေဆိုခွင့်ပြုဖို့ စိတ်ပါလက်ပါ တည်ကြည်စွာ ဆုတောင်းပါသည်။ ဘုရားသခင်အား သူ့အတွက် လမ်းဖွင့်ပေးဖို့ ဆုတောင်းပါသည်။ စနေနေ့၌ စာမေးပွဲအချိန်နီးလာသည့်အခါ သူသည် ဥပုသ်နေ့မနက်တွင် ဘုရားကျောင်းသို့ တည်ငြိမ်စွာ လျှောက်သွားသည်။ သူ့၏ယုံကြည်ခြင်း အားကိုးချက်ကို ဘုရားသခင်က ဖြည့်ဆည်းဖြေရှင်းမယ်လို့ သူယုံကြည်သည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် သူ၏ကြီးမြတ်မူကို ပြသရန် အံ့ဖွယ်ကောင်းအောင် ပြင်းထန်စွာ လုပ်ပြတတ်သည်။ စာမေးပွဲ ပြီးဆုံးသည့်အခါ ပရောဖက်ဆာက ကျောင်းသားများ၏ အဖြေလွှာကို သူ့လက်ဆွဲအိတ်တွင် လုံခြုံစွာထည့်ပြီး အိမ်သို့ လမ်းပြန်လျှောက်ခဲ့သည်။ သူသည် လမ်းတွင်ပြန်သွားစဉ် ဓါးပြအတိုက် ခံလိုက်ရပြီး အဖြေလွှာထည့်ထားသည့် လက်ဆွဲတစ်ခုသာ ပါသွားသည်။ သူဘာမှမဖြစ်ပေမယ့်စာမေးပွဲအဖြေလွှာ အားလုံးတို့မှာ အမြဲတမ်း ပျောက်ဆုံးသွားတော့သည်။ အတန်းဆုံးဘွဲ့နှင်းသည့် နေ့ရက်အနည်းငယ်လိုတော့သည့်အခါ ကျောင်းအုပ်ကြီးသည် ထူးဆန်းသည့် ကြေညာချက် ထုတ်ပြန်လိုက်သည်။အတန်းတွင်ရှိသည့် ကျောင်းသားတိုင်းသည် စာမေးပွဲအောင်မှတ်အားလုံး ရရှိမည်။ စာမေးပွဲ မတိုင်မီအထိ လွန်ခဲ့သည့်စာမေးပွဲ ရမှတ်စုစုပေါင်း၏ ပျမ်းမျှကို တွက်ချက်ပြီး အောင်လက်မှတ်ပေးမည်။ ဂျွန်နသန်သည်ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဤကဲ့သို့ ဖြစ်ရသည်ကို ကျေးဇူးတင်၍ မဆုံးတော့ပါ။ သူ၏ ဆုတောင်းသံကို ဘုရားသခင်နားညောင်းပြီး သူ့ရဲ့ယုံကြည်ချက်ကို ဂုဏ်ပြုလိုက်ခြင်းဖြစ်သည်။ ဘုရားသခင်သည် သစ္စာရှိသူကို ကောင်းချီးမင်္ဂလာပေးသည်။

        သမ္မာကျမ်းစာခေတ်တွင် သစ္စာစောင့်ထိန်းသည့် ဘုရားသခင်၏လူတို့ကို ကတိပေးခြင်းသည် ယနေ့တွင်လည်း မှန်ကန်မှုရှိပါသည်။ ကျွန်ုပ်တို့၏ သခင်သည် ကြေညာပြောဆိုခဲ့သည်မှာ “ငါ့ကို ချီးမြှောက်သော သူတို့ကို ငါချီးမြှောက်မည်။ ငါ့ကို မထီမဲ့မြင်ပြုသော သူတို့သည် ဂုဏ်အသရေ ပျက်ရကြလိမ့်မည်။ (၁ရာ၊ ၂း၃၀)။ ကျမ်းစာတော်များ၏ စာသားများသည် ရာစုနှစ်အဆက်ဆက် ပဲ့တင်ထပ်၍ ဆင်းသက်လာပါသည်။ ယခင်လိုပဲဤနှုတ်ကပတ်များသည် ကျွန်တော်တို့ကို ဩဇာနှင့် ပြောဆိုနေပါ သည်။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာကမှန်သလို ယခုတွင်လည်း မှန်ကန်မှုရှိပါသည်။ “သင်၏ ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကိုနားထောင်လျှင် သင့်အပေါ်မှာ သက်ရောက်လတ္တံ့သော ကောင်းချီးမင်္ဂလာဟူမှုကား ၊ သင်သည် မြို့၌မင်္ဂလာရှိလိမ့်မည်။ တော၌ မင်္ဂလာရှိလိမ့်မည်။ (တရား၊ ၂၈း၂-၃)။ ဘုရားသခင်သည် သူ့အား နားထောင်သူတို့အား အကြွယ်ဝဆုံးသော ကောင်းချီးမင်္ဂလာပေးဖို့ ကတိတော် ထားပါသည်။ သူ၏ သတ္တမနေ့ ဥပုသ်ကို အပတ်စဉ်စောင့်ရှောက်သူတို့ အားလည်း ဤသို့နည်းတူ ခံစားရလိမ့်မည်။ ဖန်ဆင်းချိန်၌ ဘုရားသခင်သည် သတ္တမနေ့ကို ကောင်းချီးမင်္ဂလာပေးခဲ့သည် (ကမ္ဘာ ၂း၃)။ ဘုရားသခင် ကောင်းချီးမင်္ဂလာပေးသော အရာရာတိုင်းသည်ထာဝရစဉ်ရှိလိမ့်မည် (၁ရာ၊ ၁၇း၂၇)။ ဘုရားသခင်၏ ထာဝရကောင်းချီးမင်္ဂလာသည် သတ္တမနေ့ဥပုသ်တွင် တည်ရှိသည့်အတွက် ကျွန်ုပ်တို့လိုက်နာစောင့်ရှောက်လျှင် ကြီးမားသော ကောင်းချီးမင်္ဂလာခံစားရမည် (ဟေရှာယ၊ ၅၆း၂)။

        ဒီနေရာမှာ တိကျသော မေးခွန်းများကို မေးဖို့လိုအပ်ပါသည်။ ဥပုသ်နေ့ကို မည်သို့ စောင့်ရှောက်ရပါမည်နည်း။ ကျွန်ုပ်တို့ရရှိသည့် ဥပုသ်နေ့ကောင်းချီးမင်္ဂလာကို ဖျက်စီးနိုင်သည့် အရာများ ရှိပါသလား။ အချို့သောအပြုအမှုတို့သည် ဥပုသ်နေ့နှင့် မဆီလျော်သည်များ ရှိပါသလား။ ဥပုသ်နေ့ကို မည်သည့် ရည်ရွယ်ချက်ဖြင့် ဘုရားသခင် ပေးတော်မူသနည်း။ 

        ဘုရားသခင်သည် ဥပုသ်နေ့တွင် “ဘာတွေလုပ်နိုင်သည်” “ဘာတွေမလုပ်နိုင် ဘူး” စာရင်းပြုမထားပေးပါ။ ဥပုသ်နေ့တွင် အသေးစိတ်ပြဌာန်းချက်တည်းဟူသော လုပ်နိုင်သည်၊ မလုပ်နိုင်သည်ကို ဖေါ်ပြထားပါ။ ဥပုသ်နေ့ အတွေ့အကြုံမှုအားဖြင့်သာ ကျွန်ုပ်တို့ကို လမ်းပြထိန်း ကွပ်သွားလိမ့်မည်။ ဘုရားသခင်ထံ ဆုတောင်းပြီး အပ်နှံမှုပြုပါက ဥပုသ်နေ့စောင့်ရှောက်ခြင်း၏ ကြွယ်ဝသော အတွေ့အကြုံကို ရရှိလိမ့်မည်။ ကျွန်ုပ်တို့နှင့်အတူ ဘုရားသခင်ရှိနေခြင်းကို ခံစားနိုင်ပြီး သူ၏မေတ္တာတော်တို့ကို ဥပုသ်နေ့တိုင်းတွင် ခံစားနိုင်လိမ့်မည်။

        ဥပုသ်နေ့ စောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ သမ္မာကျမ်းစာ၌ ပါရှိသည့် မူကြီးသုံးချက်ကို လေ့လာစစ်ဆေးကြည့်ရအောင်။

ပထမမူ။ ဥပုသ်နေ့သည် ဖန်ဆင်းရှင်အား ဝတ်ပြုကိုးကွယ်ဖို့ ပြဌာန်းသော နေ့တစ်နေ့ ဖြစ်သည်။

        ဥပုသ်နေ့၏ စောင့်ရှောက်ခြင်း အနှစ်သာရမှာ ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်သည်။ ကောင်းကင်သားများ အားလုံးနှင့်အတူ ဥပုသ်နေ့တွင် ကျွန်ုပ်တို့အတူတကွ ဘုရားသခင်အား “အိုထာဝရဘုရား၊ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထို့ကြောင့် ကိုယ်တော်သည် ဘုန်းအသရေ တန်ခိုးတော်ကို ခံစားထိုက်တော်မှု၏။” ဟု ကြွေးကြော်ကြကုန်၏ (ဗျာဒိတ်၊ ၄း၁၁)။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ချစ်မြတ်နိုးသော ဘုရားသခင်က ဖန်ဆင်းခဲ့သည်။ ဥပုသ်နေ့တိုင်းတွင် ဇီဝအသက်ကို ပေးသနားခဲ့သော ဘုရားသခင်အား ဖန်ဆင်းရှင်အဖြစ် ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်ပါသည်။ ဝတ်ပြုရာကျမ်း၊ ၂၃း၃ တွင် “ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည်ငြိမ်ဝပ်စွာနေရသော ဥပုသ်နေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုရသောနေ့ဖြစ်၏။” (ဝတ်ပြုရာကျမ်း၊ ၂၃း၃)။ ဥပုသ်နေ့သည် သန့်ရှင်းသော ဓမ္မစည်းဝေးပွဲ ဖြစ်သည်။ ထိုနေ့၌ ဘုရားသခင်၏ လူအပေါင်းတို့က သန့်ရှင်းသော စုရုံးခြင်းဖြင့်ဝတ်ပြုကိုးကွယ်ခြင်းနှင့် ဂုဏ်တော်ကို ချီးမွမ်းခြင်းတို့ကို ပြုလုပ်ကြသည်။

        ရာစုနှစ်ပေါင်းများစွာကပင် ဘုရားသခင်ရွေးချယ်ခဲ့သော ဂျူးလူမျိုးတို့သည် ဥပုသ်နေ့တိုင်း၌ သူ့အား ကိုးကွယ်ခဲ့သည်။ ဓမ္မသစ်ကျမ်းတွင် ဥပုသ်နေ့ စောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ သခင်ယေရှုက ကျွန်ုပ်တို့ကို နမူနာ ပေးခဲ့သည်။ ဧဝံဂေလိတရားတော် စာရေးဆရာရှင်လုကာသည် ဥပုသ်နေ့နှင့် ပတ်သက်၍ သခင်ယေရှု မည်ကဲ့သို့ စောင့်ရှောက်ခဲ့သည်ကို ဤကဲ့သို့ မှတ်တမ်းတင်ခဲ့သည်။

        “ကြီးပွားတော်မူရာ နာဇရက်မြို့သို့ ပြန်ရောက်လျှင် ထုံးစံတော်ရှိသည့်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ ဝင်၍ ကျမ်းစာကို ဖတ်ရွက်ခြင်းငှာ ထတော်မူ၏” (လုကာ၊ ၄း၁၆)။ သခင်ယေရှုအတွက် ဥပုသ်နေ့သည် ဝတ်ပြုကိုးကွယ်ခြင်းအားဖြင့် အဖဘုရားနှင့် ခင်မင်ရင်းနှီးမူ ရယူသည်။ ဘုရားသခင်၏ လူအပေါင်းတို့သည် စုရုံးကြပြီး ဘုရားသခင်၏ နာမတော်ကို ချီးမွမ်းထောမနာသီဆိုခြင်း၊ သူ၏ နှုတ်ကပတ်တော်ကို လေ့လာခြင်း၊ သူ့အားဆုတောင်းခြင်းဖြင့် ရှာခြင်းနှင့် အချင်းချင်းမိတ်သဟာရ ရှာယူသည့်အခါ သူတို့သည် ချမ်းသာကြွယ်ဝစွာသော ကောင်းချီးမင်္ဂလာကို ရရှိပါသည်။ ဥပုသ်နေ့တိုင်း သခင်ယေရူသည် သူ၏ လက်သမားပစ္စည်းများကို နာဇရက်မြို့ရှိ ယောသ၏ လက်သမားရုံတွင် ထားခဲ့ပြီး ဓမ္မဇရပ်တွင်သွားရောက်ဝတ်ပြုမှု ပြုခဲ့သည်။ ဥပုသ်နေ့ ဝတ်ပြုကိုးကွယ်ခြင်းသည် သခင်ယေရှုအတွက် အရေးကြီးပါသည်။ သူ၏ထုံးစံတော်မှာ ကောင်းကင်ဘုံရှင် အဖဘုရားသခင်အား ချီးမွမ်းထောမနာပြုရန်နှင့် နှုတ်ကပတ်တော်ကို စိမ့်ယူခံစားရန်ဖြစ်ပြီး သူ၏လူအပေါင်းတို့နှင့် ဥပုသ်နေ့တိုင်း မိတ်သဟာရပြုဖို့ ဖြစ်ပါသည်။ 

        ဥပုသ်နေ့ဝတ်ပြုကိုးကွယ်ခြင်းသည် သခင်ယေရှုအတွက် ဝိညာဉ်တော်အား အင်ပြည့်ဝစေပါသည်။ ကျွန်ုပ်တို့အတွက်လည်း ဝိညာဉ်တော်၌ လန်းဆန်းစေမည် ဖြစ်ပါသည်။ 

        ဓမ္မသစ်ခေတ် ခရစ်ယာန်များသည် ဥပုသ်နေ့တိုင်း၌ သူတို့၏ ဝိညာဉ်ရေးအင်အားကို ပြန်လည်ဆန်းသစ်စေပါသည်။ ဟေဗြဲလူမျိုးတို့ကို တမန်တော် ရှင်ပေါလု၏ မိန့်မှာချက်တို့ကို လိုက်ရှောက်သည်။ “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသော အခွင့်ကိုရှာ၍ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရူကြကုန်အံ့။ လူအချို့တို့၏ ထုံးစံရှိသည့်အတိုင်း အချင်းချင်းစုဝေးခြင်းအမှုကို အရှောင်မလွဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကို ထောက်သဖြင့်သာ၍ ကြိုးစားကြလော့” (ဟေဗြဲ၊ ၁၀:၂၄၊၂၅)။ ဥပုသ်နေ့တိုင်းတွင် ဝတ်ပြုကိုးကွယ်ခြင်း၏ ကျေနပ်မှုရရှိနိုင်ဆုံးကို ရရှိအောင် ဘုရားသခင်က ဖိတ်ခေါ်ပါသည်။ ဥပုသ်နေ့သည် ကောင်းကင်ဘုံ၏ အခြမ်းတစ်ခြမ်း ဖြစ်ပါသည်။ ဘုရားသခင်၏ ကောင်းကင်ဘုံစီမံချက်တွင် ကျွန်ုပ်တို့အား ထာဝရခံစားနိုင်ဖို့ ဝမ်းမြောက်စွာ ဥပုသ်နေ့တိုင်း၌ ဝတ်ပြုကိုးကွယ်ခြင်းဖြင့် ခံစားနိုင်ဖို့ ဖြစ်ပါသည်။ ဥပုသ်နေ့တွင် ဝတ်ပြုကိုးကွယ်ခြင်း၌ အလေးထားပါသည်။ အလုပ်အပေါ်၌ ဦးစားပေးခြင်း မပြုရပါ။ နေ့စဉ် ရုန်းကန်လှုပ်ရှားနေရသည့် ဒုက္ခမှ ဥပုသ်နေ့သည် ကျွန်ုပ်တို့အား လွတ်မြောက်မူပေးပါသည်။ ဝမ်းစာရှာဖွေရသည့် ဝန်ထုပ်မှ ဥပုသ်နေ့သည် ကျွန်ုပ်တို့အား လွတ်မြောက်စေပြီး ဘဝ၏ အကောင်းဆုံးအရာကို ခံစားနိုင်ဖို့ အခွင့်အရေး ပေးပါသည်။

        စတုတ္ထပညတ်တော်သည် ရိုးရှင်းလွန်း၍ နားလည်မှု လွဲစရာအကြောင်းမရှိပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကောင်းမွန်သည့် အကြံပေးလျှင် ကျွန်ုပ်တို့ဂရုမစိုက်ဘဲ ရှိမည်ဖြစ်၍ ပညတ်တော် အမိန့်ဖြင့်ပေးလိုက်သည်။ “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ ဖြစ်၏။ ထိုနေ့၌ အလုပ်မလုပ်ရ” (ထွက်မြောက်ရာကျမ်း၊ ၂၀း၈-၁၀)။ ဘုရားသခင်သည် “ထိုနေ့ရက်ကို အောက်မေ့လော့” ဟု ပြောသော်လည်း ကမ္ဘာရှိလူအများစုက မေ့လျော့ သွားကြပြီ။ ဥပုသ်နေ့သည် လူအများက မေ့လုနီးပါး ပညတ်တော်ဖြစ်သည်။ ဘုရားသခင် သန့်ရှင်းအောင် ပြုလုပ်ထားသည့် အရာများကိုသာ ကျွန်ုပ်တို့ သန့်ရှင်းအောင် ထားနိုင်သည်။ ဥပုသ်နေ့တွင် ဝတ်ပြုကိုးကွယ်ခြင်းအားဖြင့် သန့်ရှင်းအောင် ပြုလုပ်နိုင်သည်။ အလုပ်ပေါ်၌သာ ဦးစားပေးလျှင် ဘုရားသခင် သန့်ရှင်းအောင်ပြုလုပ်ပေးခဲ့သည့် ဥပုသ်နေ့ကို ညစ်ညမ်းအောင် ပြုလုပ်ခြင်းဖြစ်ပြီး ဘုရားသခင်ကို လေးစားမှုမရှိသည်ကို သက်ရောက်ပါသည်။

        သခင်ယေရှုပြောခဲ့သည်မှာ “သမ္မာတရားကိုလည်း သိသဖြင့် ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည် (ယောဟန်၊ ၈း၃၂)။ ဥပုသ်နေ့ ဝတ်ပြုကိုးကွယ်ခြင်း၏ သမ္မာတရားသည် ကျွန်ုပ်တို့အား အမြဲတစေ ရုန်းကန်လှုပ်ရှားနေရသော အလုပ်အကိုင်မှ လွတ်မြောက်မှုပေးပါသည်။ ဥပုသ်နေ့ အပတ်စဉ်တိုင်း၌ အလုံးစုံတန်ခိုးတော် ကြီးမြတ်သည့် ဘုရားသခင်၊ ချစ်ခင်မြတ်နိုးတတ်သော ဖန်ဆင်းရှင်က ကျွန်ုပ်တို့၏ စစ်မှန်သည့် တန်ဖိုးမှာ ကြိုးပမ်းရရှိသည့် ရလဒ်ပေါ်မူတည်မှု မရှိကြောင်း အမြဲသတိပေးပါသည်။ အလုပ်မှ နားဖို့ခေါ်ယူပြီး ဝတ်ပြုကိုးကွယ်မှုပြုရန် ခေါ်ယူနေပါသည်။

        သန်းပေါင်းများစွာသော လူအပေါင်းတို့သည် သူတို့ကိုယ်သူတို့ အလုပ်မရရှိသည့်ရလဒ်၌ တန်ဖိုးထားတတ်သည်။ သူတို့၏ အလုပ်သည် သူတို့ဘယ်လိုလူစားမျိုး ဖြစ်သည်ကို ဖေါ်ပြနေပါသည်။ ဥပုသ်နေ့သည် ကျွန်ုပ်တို့၏ စစ်မှန်သောတန်ဖိုးကို သိရှိနိုင်ရန် အခွင့်အရေးပေးပါသည်။ ကျွန်ုပ်တို့ မည်မျှလောက် လုပ်ကိုင်နိုင်သည် အပေါ်မှာမမူတည်ဘဲ ကျွန်ုပ်တို့ ဘယ်လိုလူစားမျိုးဖြစ်သည်ကို တန်ဖိုးဖြတ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ရှေ့မှောက်၌ ကျွန်ုပ်တို့၏ ထာဝရတန်ဖိုး မည်မျှရှိသည်ကို ဥပုသ်နေ့က သတိပေးအောက်မေ့စေပါသည်။

ပြင်သစ်တော်လှန်ရေး

        ဘုရားမဲ့သည့်ပြင်သစ် တော်လှန်ရေးခေတ်တွင် ပြင်သစ်နိုင်ငံသည် (The French Republican Calendar သို့မဟုတ် French Revolutionary Calendar ဆိုသည့် ပြင်သစ်တော်လှန်ရေး ပြက္ခဒိန်ကို ၁၇၉၃ မှ ၁၈၀၅ ခုနစ်အထိ (၁၂) နှစ် တာမျှ အသုံးပြုခဲ့သည်။ ဤပြက္ခဒိန်သည် ခုနစ်ရက်တစ်နှင့် ဝတ်ပြုကိုးကွယ်မှုကို ဖျက်သိမ်းပြီး ဆက်ရက်တစ်ပတ်ကို ဖန်တီးခဲ့သည်။ အလုပ်သမားတိုင်းသည် ကိုးရက်ကို အလုပ်လုပ်ရပြီး ဆယ်ရက်မြောက်နေ့တွင် အနားယူပြီး ပျော်ပွဲရွှင်ပွဲနေ့အဖြစ် ရရှိကြသည်။ 

        နပိုလီယံဧကရာဇ်မင်းသည် ဆယ်ရက်တစ်ပတ် ပြင်သစ်တော်လှန်ရေး ပြက္ခဒိန်ကို ဖျက်သိမ်းပြီး ပြင်သစ်နိုင်ငံကို ခုနစ်ရက်တစ်ပတ်အစဉ်သို့ ပြန်လည်အသုံးပြုရန် အမိန့်ပြုလိုက်သည်။ ပြင်သစ် အလုပ်သမားများသည် ပြက္ခဒိန်သစ်ဖြစ်တဲ့ ကိုးရက်အလုပ်လုပ်ပြီး တရက်နားသည့် အပတ်စဉ်နှင့် အဆင်မပြေခဲ့ပါ။ ခုနစ်ရက်တစ်ပတ် အပတ်စဉ်တွင် သဘာဝလည်ပတ်မှုရှိပြီး ဖန်ဆင်းရှင်အား တစ်ရက်တွင် ဝတ်ပြုကိုးကွယ်ဖို့ ပို့ဆောင်ပေးပါသည်။ ဧဒင်ဥယျာဉ်မှာ ဖန်ဆင်းခြင်းနေ့များကတည်းက ပေးခဲ့သည့် ခုနစ်ရက်တစ်ပတ် အပတ်စဉ်ကို ဂရုမစိုက်နေလျှင် စိတ်၊ ကိုယ်နှစ်ဖြာသော စိတ်ဓါတ်ပျက်စီးမှုကို ခံစားရလိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဝတ်ပြုကိုးကွယ်တတ်သော လူသားများအဖြစ် သူ့အတွက် ဖန်ဆင်းခဲ့ပါသည်။ ဥပုသ်နေ့ကို သန့်ရှင်းအောင် စောင့်ရှောက်ရန် မိမိကိုယ်ကို ဆက်ကပ်အပ်နှံထားပါက ကျွန်ုပ်တို့၏ အသက်တာတွင် ထူးခြားမှုရှိပါမည်။

        ကျွန်ုပ်သည် နိုင်ငံပေါင်း (၇ဝ) ကျော်သို့ သွားရောက်ပြီး သခင်ယေရှုနှင့် သူ၏သမ္မာတရားအကြောင်းကို မျှဝေပေးရာ၌ ထောင်ပေါင်းများစွာသော လူအပေါင်းတို့သည် သခင်ယေရှုနောက်သို့လိုက်ရန် မိမိကိုယ်ကို ဆက်ကပ်ပြီး ဥပုသ်နေ့ကို သန့်ရှင်းအောင် စောင့်ရှောက်ရန် ကတိပြုကြသည်ကို တွေ့ရပါသည်။ ထိုလူများအထဲမှ အများအပြားတို့မှာ အလုပ်ဖြုတ်ခံရမည့် ခြိမ်းခြောက်မှုဖြင့် ရင်ဆိုင်ရပါသည်။ အလုပ်ရှင်များကဥပုသ်နေ့တွင် အလုပ်မဆင်းပါက အလုပ်ဖြုတ်ပစ်မည်ဖြစ်ကြောင်း ပြတ်ပြတ်ဘဲ ပြောလိုက်သည်။ ထို့သို့အခါများ၌ ဘုရားသခင်သည် အံ့ဖွယ်သောအလုပ်အမှုတို့ကို ပြုလုပ်ခဲ့သည်ကို ထပ်ခါတလဲလဲ ကျွန်ုပ်တွေ့ခဲ့ရသည်။

ဥပုသ်နေ့စောင့်ရှောက်ခြင်း အတွေ့ အကြုံများ

        စန်ဒရာသည် အီလီနွိုင်းမြို့စာတိုက်တွင် အလုပ်လုပ်သူ ဖြစ်ပါသည်။ သူမသည် လုပ်သက်ရင့်သူတစ်ဦး ဖြစ်သော်လည်း သူမ၏ကြီးကြပ်ရေးမှူးသည် ဥပုသ်နေ့တွင် လာရောက်အလုပ်မလုပ်ပါက အလုပ်ဖြုတ်ခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက်သည်။ စန်ဒရာအတွက် ကျွန်ုပ်တို့စုပြီး လေးလေးနက်နက် ဆုတောင်းပေးကြသည်။ မဿဲ၊ ၆း၃၃၊၃၄ တွင် ဖေါ်ပြခဲ့သည့် သခင်ခရစ်တော်၏ ကတိတော်ကိုခံယူပြီး ဆုတောင်းကြသည်။ “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မှုလတ္တံ့။ ထို့ကြောင့် နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့် (မဿဲ၊ ၆း၃၃၊၃၄)။ အံ့ဖွယ်များစွာဖြင့် စန်ဒရာ၏ ကြီးကြပ်ရေးမှူးသည် ယခင်ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး အလုပ်မဖြုတ်ဘဲ ဥပုသ်နေ့ကို စောင့်ရှောက်ခွင့် ရရှိပါသည်။

        ရော်ဂျာသည် သူ၏ လက်လီကုန်စုံဆိုင်ကို ဥပုသ်နေ့တွင် ပိတ်ထားလိုက်သည်။ ထို့နေ့တွင် သူ့စီးပွားရေး၏ သုံးဆယ်ရာခိုင်နူန်း လုပ်ကိုင်နေရ၍ ဤသို့ ဆိုင်ပိတ်လိုက်ခြင်းသည် သူရူးသွားပြီဟု သူငယ်ချင်းများက ထင်ကြသည်။ သူသည် “ဥပုသ်နေ့မှာ ဆိုင်ပိတ်သည်” ဟု ဆိုင်၏ မှန်တံခါးတွင် စာချိတ်ထားလိုက်သည်။ ရောင်းအား တကယ်ဘဲ ကျဆင်းသွားသည်။ သို့ရာတွင် အံ့ဩစရာကောင်းသည်က ရောင်းအားတဖြေးဖြေး ပြန်၍ ကောင်းလာသည်ကို တွေ့ရပါသည်။ ရော်ဂျာသည် ဘုရားသခင်၏ ကတိတော်ကို ခံယူထားသည်။ “ငါ၏ ဘုရားသခင်သည် ဘုန်းအာနုဘော်စံပယ်တော်မှုသော စည်းစိမ်ရှိသည့်အတိုင်း သင်တို့အလိုရှိသမျှတို့ကို ယေရှုူခရစ်အားဖြင့် ပြည့်စုံစေတော်မှုလိမ့်မည် (ဖိလပ္ပိ၊ ၄း၁၉)။ သူသည် ဘုရားသခင်၏ ကတိတော် မှန်ကန်ကြောင်း တွေ့ခဲ့ပါသည်။ ဥပုသ်နေ့၌ အလုပ်လုပ်ခြင်း၊ မလုပ်ခြင်းပြဿနာသည် ယုံကြည်ကိုးစားမှုနှင့် ပက်သက်ပါသည်။ ကျွန်ုပ်တို့၏ အသက်တာဘဝကို လုံးလုံးလျားလျား ဘုရားသခင်၏ လက်တော်တွင် အပ်နှံဖို့သူ့အား ယုံကြည်မှု လုံလောက်ပါ၏လား။ သူ့အား သစ္စာရှိလျှင် သူသည် ကျွန်ုပ်တို့ကို ကြည့်ရှုစောင်မမည်ဖြစ်ကြောင်း ယုံကြည်မှု ရှိပါသလား။ 

        ဥပုသ်နေ့တွင် အထူးပင်ခက်ခဲပါသည်။ ပေးစရာ သုံးစရိတ်များအတွက် စိတ်ပူစရာပင် ဖြစ်ပါသည်။ ဘုရားသခင်သည် အခြားလုပ်ငန်းများ၌ လစာပိုမိုရရှိနိုင်ဖို့ ကူညီချင်မှ ကူညီမည်။ သို့ရာတွင် သူ့အား သစ္စာရှိဖို့ ဆုံးဖြတ်လျှင် ကျွန်ုပ်တို့၏ လိုအပ်ချက်များကို ဖြေရှင်းပေးသွားပါမည်။ မှန်ကန်သည့် လုပ်ရပ်ကိုလုပ်လျှင် ကျွန်ုပ်တို့၏ အသက်တာကို ကောင်းချီးမင်္ဂလာပေးသည်။ စိတ်နှလုံးကို အေးချမ်းသာယာမှုကို ပေးပါ သည်။ သူ၏ ပလ္လင်တော်သိက္ခာသည် သူပြုသမျှသော ကတိတော်အတွက် အာမခံဖြစ်သည်။ ဟေဗြဲ ၆း၁၈ တွင် ဆိုသည့်အတိုင်း ဘုရားသခင်သည် “မုသာမသုံးနိုင်သည့်အတွက်” သူ့အပေါ်သစ္စာရှိလျှင် အမှန်ပင် ကျွန်ုပ်တို့လိုအပ်ချက် အားလုံးကို သူပေးဆောင်ပါလိမ့်မည်။

        ဥပုသ်နေ့ဝတ်ပြုကိုးကွယ်ခြင်းသည် ရှင်သန်ကောင်းမွန်သည့် ဝိညာဉ်ရေးအသက်တာအတွက် အထူးလိုအပ်ပါသည်။ သခင်ခရစ်တော်၌ ကြီးထွားလိုလျှင် ဥပုသ်နေ့ဝတ်ပြုကိုးကွယ်ခြင်းသည် အထူးအရေးကြီးပါသည်။

ဒုတိယမူ။ ဥပုသ်နေ့သည် ကိုယ်ကာယ၊ စိတ်ပိုင်းနှင့်ဝိညာဉ်ရေးဆိုင်ရာ ပြန်လည်ဆန်းသစ်မှုအတွက် သီးခြားဖယ်ထားသော နေ့တစ်နေ့ဖြစ်သည်။

        ဣသရေလ လူမျိုးတို့သည် ဘုရားသခင်၏ ဥပုသ်နေ့ကို ညစ်ညမ်းစော်ကားသည့်အခါ ဘုရားသခင်နှင့် ဝေးကွားခဲ့သည်။ ပုရောဖက် နေဟမိလက်ထက်တွင် နေ့စဉ်ဘဝအသက်တာ အလုပ်အကိုင်များသည် သန့်ရှင်းမွန်မြတ်သော ဥပုသ်နေ့ ဝတ်ပြုကိုးကွယ်ခြင်းကို တွန်းဖယ်ခြင်း ပြုခဲ့သည်။ ဣသရေလတို့သည် သူတို့၏ အိမ်နီးချင်း ဘုရားမဲ့ဒိဋ္ဌိ အပေါင်းအသင်းတို့၏ အပြုအမှုသက်ရောက်မှု ရှိခဲ့သည်။ ထိုအချိန်အခါ ဖြစ်ပေါ်နေသည့် အခြေအနေကို ပုရောဖက်နေဟမိက ဤသို့ ဖော်ပြခဲ့သည်။ “ထိုကာလ ယုဒပြည်မှာ အချို့တို့သည် ဥပုသ်နေ့၌ စပျစ်သီးကို နယ်လျက်၊ ကောက်လှိုင်းကို သွင်းလျက်၊ မြည်းပေါ်မှာ ဝန်ကိုတင်လျက် လုပ်ဆောင်ကြသည်ကိုလည်းကောင်း၊ ဥပုသ်နေ့၌ စပျစ်ရည်၊ စပျစ်သီး၊ သင်္ဘောသဖန်းသီး အစရှိသည်တို့ကို တင်၍ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြသည်ကိုလည်းကောင်း ငါမြင်၍ ဤမည်သော နေ့ရက်၌သာ စားစရာများကို ရောင်းအပ်သည်ဟု သူတို့အား ပြောကြား၏” ဟူ၍ သတိပေးခဲ့သည် (နေဟမိ၊ ၁၃း၁၅)။

        ပုရောဖက် နေဟမိသည် စိုးရိမ်ခဲ့သည်။ ဘုရားသခင်၏ ဥပုသ်နေ့သည် သာမန်နေ့တစ်နေ့ ဖြစ်ခဲ့သည်။ ကာယပိုင်း၊ စိတ်ပိုင်းနှင့် ဝိညာဉ်ရေးဆိုင်ရာ ပြန်လည်ဆန်းသစ်ဖို့ ဖယ်ထားသောနေ့ရက်သည် ရုန်းကန်လှုပ်ရှားရသော နေ့တစ်နေ့ပင် ဖြစ်ခဲ့သည်။ ရောင်းဝယ်ဖေါက်ကားခြင်းနှင့် ဝမ်းစာရှာဖွေလုပ်ကိုင်ခြင်း၏ ချည်နှောင်မှုမှ လွတ်ကင်းစေသည့် ဥပုသ်နေ့သည် သာမန် “ပုံမှန်နေ့တစ်နေ့ဖြစ်ခဲ့တော့သည်။ ပုရောဖက် နေဟမိသည်ဆိတ်ငြိမ်အောင် မနေနိုင်တော့ပါ။ သူ၏စကားသည် ယေရုရှလင်လမ်းမပေါ်၌ မိုးကြိုးခြိမ်းသံလို မြည်ဟီးတော့သည်။ “ထိုအခါ ငါက၊ သင်တို့သည် ဥပုသ်နေ့ကို ဖျက်၍ပြုသော ဒုစရိုက်ကား အဘယ်သို့နည်း” (နေဟမိ ၁၃း၁၇)။ သဘော သဘာဝမူကတော့ ရှင်းနေပါသည်။ လောကီရေးရာနှင့် သက်ဆိုင်သောအရာတို့၌ နစ်နေမိလျှင် ထာဝရရေးရာကိုမေ့ပြီး ဥပုသ်နေ့ကို စော်ကားရာရောက်သည်။ ဟေရှာယကျမ်း၌လည်း ဤသို့ဆိုသည်။ “သင်သည် ဥပုသ်နေ့ကို မရှုတ်မချ၊ ငါ၏သန့်ရှင်းသော နေ့မှာ ကိုယ်အလိုသို့မလိုက်၊ ဥပုသ်နေ့ကို မွေ့လျော်ရာနေ့၊ ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့၊ ရိုသေဖွယ်သောနေ့ဟူ၍ ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ်အလို သို့မလိုက်၊ ကိုယ်စကားကို မပြောဘဲနေ၍ ထိုနေ့ရက်ကို ရိုသေလျှင် သင်သည် ထာဝရဘုရား၌ ပျော်မွေ့ရလိမ့်မည်။ မြေကြီးပေါ်မှာ မြင့်သော အရပ်တို့ကို ငါစီးစေ၍” (ဟေရှာယ၊ ၅၈း၁၃၊၁၄)။ တစ်နည်းအားဖြင့် ပြောရလျှင် ကျွန်ုပ်တို့သည် များစွာသောကောင်းချီးမင်္ဂလာ ခံစားရမည်။

ကိုယ်ပိုင်သက်သေခံချက်

        ကျွန်တော် ခရစ်ယာန်တစ်ဦး ဖြစ်လာချိန်တွင် ကျွန်ုပ်သည် ကွန်နက်တိကတ်နယ်၊ နောရစ်မြို့ကလေးရှိ (YMCA) ကျောင်း၏ အားကစားအသင်းတစ်ခုတွင် ဘတ်စကတ်ဘော ကစားခဲ့သည်။ ကျွန်ုပ်တို့အသင်းသည် လက်ရည်စစ်ပွဲအောင်ပြီး နယူးအင်္ဂလန် ဗိုလ်လုပွဲသို့ တက်ရောက်ရန် ရှိပါသည်။ ဤအဖြစ်သည် မြို့ငယ်လေး တစ်မြို့ရှိ ဆယ်ကျော်သက် ယောက်ျားလေးများအတွက် အတော်စိတ်လှုပ်ရှားစရာ အဖြစ်အပျက်ပါဘဲ။ ပြိုင်ပွဲသည် ကြာသပတေးနေ့မှ တနင်္ဂနွေနေ့အထိ မက်ဆီကျူးဆက်ပြည်နယ် စပရင်းဖီးလ်မြို့တွင် ကျင်းပမည်ဖြစ်သည်။ သို့ဖြစ်၍ ထိုဘတ်စကက်ဘောပွဲကို ကစားလျှင် ကျွန်တော်ဥပုသ်နေ့ပါ ကစားရမည်ဖြစ်ပြီး ဝတ်ပြုကိုးကွယ်မှုကိုပါ ပျက်ကွက်မည် ဖြစ်ပါသည်။ ကျွန်တော်သည် မကြာသေးမီကမှ သမ္မာကျမ်းစာ၏ ဥပုသ်နေ့ အဓိပ္ပါယ်သဘောထားကို နားလည်လာပြီး ဥပုသ်နေ့တွင် ဘုရားကျောင်းသို့ တတ်ရောက်နေပါသည်။ ကျွန်ုပ်အတွက် ဥပုသ်နေ့ကို ဖျက်လျှင် သခင်ခရစ်တော်အား နာခံမှုမရှိကြောင်း နားလည်ပါသည်။ ဥပုသ်နေ့ သည်ကျွန်ုပ်အတွက် ဘုရားသခင်အား သစ္စာခံယူခြင်း အထိမ်းအမှတ်ဖြစ်ပါသည်။ ကျွန်တော်ရွေးချယ်ရန် လမ်းကတော့ အတော်ပင် ခက်ခဲပါသည်။ ကျွန်တော် အိမ်မှာနေခဲ့ပြီး ဥပုသ်နေ့ကို စောင့်ရှောက်ရမည်လား သို့တည်းမဟုတ် ခရီးထွက်ပြီး ဘတ်စကပ်ဘော အသင်းနှင့်အတူ ကျွန်တော်နှစ်သက်သော အားကစားကို ကစားရမည်လား။ ကျွန်တော့်ဦးနှောက်၌ စဉ်းစားတွက် ချက်တော့သည်။ ဒီတစ်ကြိမ်လောက်ဘဲ ကစားလျှင် ဘာများမှားနိုင်မှာလဲ။ သို့ရာတွင် စိတ်နှလုံးအတွင်း၌ နက်နဲစွာအသိတရားက ဘုရားသခင်၏ ဥပုသ်နေ့ကို ဖျက်လျှင် ကျွန်ုပ်၏အသိစိတ်ကို ချိုးဖေါက်ရာကျမည်။ 

        ကျွန်တော်သည် အတော့်ကို သွားချင်ပါသည်။ သို့ရာတွင် ကျွန်ုပ်၏ဦးနှောက်တွင် မေးခွန်းတစ်ခုက ထပ်ခါတလဲလဲ ရိုက်ခတ်နေပါသည်။ ဘယ်အရာက ပိုအရေးကြီးပါသလဲ။ ဘတ်စကက်ဘောလား၊ သခင်ယေရူလား။ ကျွန်တော်စိတ်ညစ်ညစ်နှင့် ဘုရားတရားကိုင်းရှိုင်းသူ ခရစ်ယာန်အမျိုးသမီး တစ်ဦးအား အကြံဉာဏ်တောင်းယူလိုက် သည်။ သူသည် သမ္မာကျမ်းစာကို ကြိုးစားလေ့လာသူဖြစ်ပြီး ကျွန်တော်၏ အတိုင်ပင်ခံ တစ်ဦးအဖြစ် သဘောရှိပါသည်။ ကျွန်တော့် မေးခွန်းကြောင့် ရိုးစင်းသော အဖြေကို ပေးပါသည်။ “မာ့ခ်-သခင်ယေရှုအပေါ် သစ္စာရှိပါ သူမ၏ အကြံပြုချက်နှင့် ကျွန်ုပ်၏ အတွင်းစိတ် ယုံကြည်ချက်တို့ကြောင့် ပြိုင်ပွဲသို့ မသွားရန် ဆုံးဖြတ်လိုက်သည်။ ကြည့်ရပုံက ကျွန်တော့်အတွက် ခရီးသွားလာရခြင်း၊ ဟော်တယ်မှာ အိပ်ပြီး စားကောင်းဖွယ်စားခြင်းနှင့် ပတ်ဝန်းကျင်ကမ္ဘာကို ရှုမျှော်ရခြင်းအခွင့်အရေးကို ဆုံးရှုံးခဲ့ရသည်။ 

        ဒီအဖြစ်အပျက်ကို ပြန်လည်စဉ်းစားလျှင် ကျွန်တော်ပြုံးလိုက်ရပါသည်။ ယနေ့မှာ ကျွန်တော်သည် ကမ္ဘာအနှံ့တိုင်းပြည်များသို့ သွားရောက်ရပြီး သမ္မာတရားနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မျှဝေခံစားခွင့် ရရှိနေပါသည်။ မွန်တြီအော်မြို့မှ မော်စကိုမြို့အထိ၊ ရုရှားနိုင်ငံမှ ရဝမ်ဒါနိုင်ငံ၊ ချီလီနိုင်ငံမှ တရုတ်ပြည်အထိ ခရစ်တော်ဘုရားထံသို့ လူအများ လာရောက်ချဉ်းကပ်သည်ကို တွေ့ရသည့်အခါ မဖေါ်ပြနိုင်သော ဝမ်းမြောက်ပီတိဖြစ်မှုကို ခံစားရပါသည်။ ထိုကနဦး ဆုံးဖြတ်ချက်နှင့် ဆက်ကပ်မှုကြောင့် ကျွန်ုပ်၏ အသက်တာဘဝကို ဘုရားသခင်က ကောင်းချီးမင်္ဂလာ အမြောက်အမြား ပေးအပ်ခဲ့သည်ကို ကျွန်တော်ခံစားရပါသည်။ ကျွန်တော်၏ မူလရည်မှန်းချက် အိပ်မက်ကို စွန့်လွှတ်ခဲ့၍ ဘုရားသခင်၏ ရည်ရွယ်ချက်အိပ်မက်ကို လိုက်လျှောက်မိ၍ ကျွန်တော့်အတွက် ဘုရားသခင်၏ရည်ရွယ်ချက် အသက်တာကို ရရှိခဲ့ပါသည်။ ဘုရားသခင်၏ နောက်သို့လိုက်လျှောက်ဖို့ ဆုံးဖြတ်သည့်အခါ ကျွန်ုပ်တို့ အများကြီးစွန့်လွှတ်ခဲ့ရကြောင်း ထင်ချင်ထင်ပေမည်။

        သို့ရာတွင် ဘုရားသခင်က ကျွန်ုပ်တို့အားပို၍ မြောက်မြားစွာ ပြန်လည်ပေးအပ်ပါသည်။ တမန်တော် ရှင်ပေတရုက သခင်ယေရှုအား ဤသို့ဆို၏ “အကျွန်ုပ်တို့ ရှိသမျှကို စွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီ (မာကု၊ ၁၀း၂၈)။ ရှင်ပေတရု ဤကဲ့သို့ ဆိုလိုက်သည်မှာ နောက်မေးခွန်းက ပြန်၍ ဘာလုပ်ရမည်နည်း” ဟူ၍ အသံထွက်မတတ် မေးနိုင်မည်ဟု ကျွန်ုပ်တို့ ကြားမိသယောင် ရှိနိုင်သည်။ ပေတရုသို့ သခင်ယေရှု၏အဖြေမှာ ထူးကဲလှသည်။ “ယေရှုက၊ ငါအမှန် ဆိုသည်ကား အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း၊ အိမ်၊ လယ်၊ ညီအကို၊ နှမ၊ မိဘ၊ သားမယား တည်းဟူသော တစ်ပါးပါးကို စွန့်၏။ ထိုသူသည် အဆတစ်ရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့” (မာကု၊ ၁၀း၂၉၊၃ဝ)။ အခြားတစ်နည်းအားဖြင့်ဆိုလျှင် သခင်ယေရူက သူ၏နောက်သို့ လိုက်လျှောက်ရန် ဆက်ကပ်သော သူများအတွက် အခက်အခဲအမျိုးမျိုးနှင့် စိန်ခေါ်မှုအမျိုးမျိုး ရင်ဆိုင်နိုင်ပါသည်။ သို့ရာတွင် သူတို့ စွန့်လွှတ်ခဲ့ရသည်များအတွက် အဆတစ်ရာသော ကောင်းချီးမင်္ဂလာကို ရရှိပါလိမ့်မည်။ သခင်ယေရှုနောက်သို့ လိုက်လျှောက်ရန် ဆုံးဖြတ်သည့်အခါ သူသည် ကျွန်ုပ်တို့၏ လိုအပ်ချက်နှင့်အသက်တာကို ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း၊ ခွင့်လွှတ်ခြင်း၊ အားအင်၊ ကျေနပ်ရောင့်ရဲမှုနှင့် အဓိပ္ပါယ်ရှိသော ရည်ရွယ်ချက်တို့ဖြင့် ပေးဆောင်သွားမည်ကို ကတိပြုခဲ့ပါသည်။ ကျွန်တော့်အနေဖြင့် ဘုရားသခင်သည် သူကတိပြုခဲ့သမျှကို သစ္စာရှိစွာ ပြည့်စုံအောင် ဖြည့်ပေးသည်ကို သက်သေခံနိုင်ပါသည်။

        ဘုရားသခင် အကြီးမားဆုံးပေးနိုင်သည့် ကောင်းချီးမင်္ဂလာကတော့ ဥပုသ်နေ့၏ ငြိမ်သက်နားနေခြင်း ဖြစ်ပါသည်။ ဥပုသ်နေ့ကို စောင့်ရှောက်သည့်အခါ ကျွန်ုပ်တို့ရရှိသည့် ကိုယ်ကာယဆန်းသစ်မူ၊ စိတ်နှလုံးနှင့်ဝိညာဉ်ရေး ငြိမ်သက်မှုတို့အပေါ် တန်ဖိုးမည်သို့တွက်ချက် နိုင်ပါမည်နည်း။ ကျွန်တော့်အနေနဲ့တော့ ဝိညာဉ်ရေးငြိမ်သက်မှုသည် ကျွန်ုပ်အတွက် အသက်တစ်ဘဝလုံး လိုအပ်သောအရာ ဖြစ်ပါသည်။ ပြင်းထန်စွာ လုပ်ကိုင်နေရသော အလုပ်အကိုင်တွင် ဆက်လက်ပြီး လှုပ်ရှားနိုင်အောင် ပြုလုပ်ပေးပါသည်။ ကျွန်ုပ်၏ မိသားစုနှင့် ပိုမိုခိုင်မြဲအောင် ကူညီပေးနိုင်သည်။ ဤသည်မှ သမ္မာကျမ်းစာ၏ တတိယမြောက်ဥပုသ်နေ့ စောင့်ရှောက်ခြင်းမှုကြီးအကြောင်း လေ့လာဖို့ ရောက်ရှိလာပြီ။

တတိယမူ။ ဥပုသ်နေ့သည် မိသားစုနှင့် မိတ်ဆွေတို့အား ပိုမိုရင်းနှီးသည့် ဆက်ဆံရေးများရှိအောင် တည်ဆောက်ရန်နေ့ဖြစ်ပြီး ကျွန်ုပ်တို့ အနီးအနားရှိ သူများကို ကောင်းချီးမင်္ဂလာရရှိနိုင်ဖို့ ဆောင်ရွက်ခြင်း။                သင်၏စိတ်နှလုံးကို ထောင်စုနှစ် နောက်ဖက်သို့ ပြန်လွှင့်ပြီး လှပထူးကဲ့သည့် ဧဒင်ဥယျာဉ်သို့ စိတ်အမှတ်ယူလိုက်ပါ။ ဆဋ္ဌမနေ့တွင် ဘုရားသခင်သည် အာဒံနှင့်ဧဝကို ဖန်ဆင်းခဲ့သည်။ သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားသည်မှာ “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ၏” (ကမ္ဘာ၊ ၁း၃၁)။ ထိုဥယျာဉ်၌ အပြစ်ကင်းစင်၊ ဖျားနာမှုမရှိ၊ နာကျင်မှုဝေသနာမရှိ၊ သေခြင်းလည်းမရှိပါ။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်၍ ကျွန်ုပ်တို့အား ချစ်မြတ်နိုးတတ်ရန် ဖန်းဆင်းခြင်းခံရ၍ ပထမဦးဆုံး မိဘနှစ်ပါးတို့ကို ချစ်ခြင်းမေတ္တာတည်းဟူသော ဥပုသ်နေ့ကို လက်ဆောင်အဖြစ် ပေးသနားသည် (၁ယော၊ ၄း၈။ ကမ္ဘာ၊ ၂း၁-၃)။ အာဒံနှင့်ဧဝတို့သည် ပထမဦးဆုံးရက်အပြည့်ကို အတူတကွနေရသည်မှာ ဥပုသ်နေ့ဖြစ်သည်။ သူတို့နှစ်ဦး နီးကပ်စွာ ဆက်ဆံရသည့်နေ့မှာ ဥပုသ်နေ့ပင် ဖြစ်ပါသည်။ ဥပုသ်နေ့သည်ဆက်ဆံရေး ပိုမိုခိုင်မြဲအောင် တည်ဆောက်သောနေ့ဖြစ်သည်။ ထိုဥပုသ်နေ့၌ အဖဘုရားသခင်နှင့် လူတို့ကြား မိတ်သဟာရပြုဖို့ အချိန်ရရှိပါသည်။ ဥပုသ်နေ့သည် တစ်ဦးနှင့်တစ်ဦး ပိုမိုသိကျွမ်းမှုရှိအောင် နေ့ပင် ဖြစ်သည်။ထိုနေ့ရက်သည် ကျွန်ုပ်တို့ချစ်မြတ်နိုးသူများနှင့် ဘုရားသခင်တို့အား ဆက်ဆံပေါင်းသင်းခြင်း ပိုမိုခိုင်မြဲအောင် အချိန်ပေးခြင်း ဖြစ်သည်။

        သင်သည် တစ်ပတ်ပြီးတစ်ပတ် အချိန်သည် လျင်မြန်စွာကုန်ဆုံးပြီးမိသားစုအတွက် အချိန်မပေးနိုင်သည်ကို ခံစားမိပါသလား။ လေ့လာမှုများအရ ဖခင်များသည် သူတို့၏ သားသမီးများနှင့်တစ်ဦးချင်း အလိုက်တစ်ပတ်လျှင် နှစ်နာရီထက်နည်းအောင် တွေ့ဆုံမှုပြုခဲ့သည်။ ဥပုသ်နေ့သည် မည်သည့်အရာသည် အရေးကြီးကြောင်းကို သတိရအောက်မေ့ စေသည်။ ဂျူးလူမျိုးဇာတ်ညွှန်းရေးသူ ဟာမင်ဝုခ်သည် သူ့အသက်တာ၌ ဥပုသ်နေ့မရှိဘဲ မနေနိုင်ပါ။ Broad Way က ဇာတ်လောကတွင် ဥပုသ်နေ့သည် သူ့အတွက် ရှုပ်ထွေးနေသည့် အခြေအနေကြားမှ ငြိမ်သက်ခြင်း ကျွန်းကဲ့သို့ ဖြစ်ခဲ့သည်။ 

        သောကြာနေ့ နေဝင်ချိန်တွင် ကဇာတ်ပွဲဖွင့်ရန် နာရီပိုင်းလောက်ဘဲလိုသည့် အချိန်တွင် သူရှုတ်ထွေးနေသည့် (Broad Way) နေရာကို ထွက်ခွာခဲ့သည်။ သူအိမ် ပြန်လည်ရောက်ရှိသည့်အခါ အိမ်၏ နွေးထွေးမှုနှင့်မိသားစု၏ဖက်မှုက သူ့ကို ဝိုင်းရံလျက် ရှိပါသည်။ ဖယောင်းတိုင်များ ထွန်းညှိပြီး စားစရာများကို စားပွဲပေါ်တွင် ခင်းကျင်းလိုက်သည်။ ထိုအချိန်တွင် မိသားစုများသည် မျှဝေစားသုံးကြသည်။ ကလေးများသည် မေးခွန်းများမေးကြပြီး ပြဇာတ်လောကအကြောင်းကို လုံးဝမေ့လျော့သွားကြသည်။ ဝုခ်သည် စနေနေ့ဝင်ချိန်တွင် ပြဇာတ်ရုံသို့ ပြန်သွားသည့်အခါ ဘာမျှထူးခြားမှု မရှိသည်ကို တွေ့ရသည်။ နားနေရပြီး အားအင်ပြန်လည် ဖြည့်ဆည်းပေးခဲ့သည့် သူ့ ဥပုသ်နေ့သည် သူ၏ဘုရားသခင်နှင့် မိသားစုတို့နှင့် ပိုမိုနီးကပ်အောင် ဆွဲဆောင်မှု ပေးလိုက်ပါသည်။ 

        ဝုခ်၏လုပ်ဖော်ကိုင်ဖက် တစ်ဦးက သူစနေနေ့ည ပြဇာတ်ရုံသို့ ပြန်လည် ရောက်ရှိသည့်အခါ ဤသို့ဆို၏။ “မင်းရဲ့ဘာသာရေးကို မနာလို မဖြစ်ဘူး သို့ရာတွင် မင်းရဲ့ဥပုသ်နေ့ကိုတော့ မနာလိုဖြစ်မိတယ်”ဟူ၍ ပြောလိုက်သည်။ ကိုယ်ချစ်မြတ်နိုးသူများနှင့် တစ်ရက်လုံးလုံး ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ဖို့ အချိန်မယူဘဲ ရှိနိုင်မည်လား။ 

        သခင်ယေရှုအတွက်တော့ ဥပုသ်နေ့သည် ချစ်ခြင်းမေတ္တာ ဆက်ဆံရေးပွားများအောင် နေ့တစ်နေ့ပင်ဖြစ်သည်။ အကျိုးပြု လုပ်ဆောင်မှုတစ်ရပ် ဖြစ်သည်။ သို့ဖြစ်၍ ဥပုသ်နေ့၌ များစွာသော အံ့ဖွယ်ကူညီမှုများပြုလုပ်ခဲ့သည်။ ဥပုသ်နေ့တွင် ဖျားနာနေထိုင် မကောင်းမှုဒုက္ခတို့ကို ခံစားနေရသော လူသားတို့အား အဖဘုရား သခင်၏ သနားဂရုဏာရှိခဲ့ကြောင်းကို ဖေါ်ပြပါသည်။ ဂျူးလူမျိုး ဘာသာရေးခေါင်းဆောင်များက သူ့အား ဥပုသ်နေ့နှင့် ပတ်သက်၍ ဝေဖန်မှုပြုသည့်အခါ သခင်ယေရှုက ဖြေလိုက်သည်မှာ “ဥပုသ်နေ့တွင် ကောင်းမှုလုပ်လျှင် တရားဝင်သည်” ဟူ၍ ဖြေသည် (မဿဲ၊ ၁၂း၁၂)။ ဥပုသ်နေ့တွင် ကောင်းမှုပြုလုပ်ခြင်းနေ့ဖြစ်သည်။ အိမ်နီးချင်း နေထိုင်သူများ နေထိုင်မကောင်း ဖြစ်နေသလား။ သူအတွက် ပူနွေးသည့် တစ်ခွက် ယူလာပေးပါ။စိတ်ဓါတ်ကျနေသည့် သူငယ်ချင်း တစ်ဦးအကြောင်း ကြားမိပါသလား။ စိတ်ဓါတ်ပြန်မြင့်တတ်လာအောင် ဖုန်းဆက် အားပေးပါ။ လမ်းဆုံးရှိ မုဆိုးမသည် အထီးကျန် ခံစားနေရပါသလား။ သူ့အား နေ့လည်စာ စားဖို့ဖိတ်ခေါ်ပါ။

        ဥပုသ်နေ့တွင် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်အား သတိရအောက်မေ့ပါသည်။ သဘာဝတော၌ သွားလည်ပတ်လျှင် အကောင်းဆုံးလုပ်ရပ် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကလေးများ ကြီးပြင်းလာသည့်အခါ ကျွန်ုပ်နှင့် ကျွန်ုပ်၏ဇနီးတို့သည် ဥပုသ်နေ့၌ အတူတကွ လမ်းလျှောက် ထွက်ကြသည်။ ယခုအချိန်ထိ ကလေးများ ကြီးပြင်း၍ အိမ်ထောင်ကြပြီ ဖြစ်သော်လည်း ကျွန်ုပ်နှင့်ဇနီးတို့သည် ဥပုသ်နေ့တွင် သဘာဝတောအတွင်း၌ အချိန်ယူကြသည်။ သဘာဝရေးရာ ရှုခင်းတောတွင်အတူတကွ အလှများကို မျှဝေခံစားကြသည်။ အိမ်နားပတ်ဝန်းကျင် လမ်းကလေးများတွင် လမ်းလျှောက်ပြီး ငှက်ကလေးများ မြည်သံ၊ တစ်ခါတလေ သမင်ကလေး တစ်ကောင်တွေ့ရခြင်း၊ ပန်းရိုင်းများ မွှေးကြိုင်သည့် အနံအရသာတို့သည် ညောင်းညာနေသော ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာနှင့်စိတ်ဓါတ်ကို လျော့သွားစေပြီး နောက်တစ်ပတ်အတွက် အားအင်ပြန်လည်စုပေးပါသည်။                     ဥပုသ်နေ့သည် ငြီးငွေ့စရာ မဟုတ်ပါ။ အသက်သွေးကြောပေးပါသည်။ ဥပုသ်နေ့သည် ဝန်ထုတ်ဝန်ပိုး မဟုတ်ပါ။ ကောင်းချီးမင်္ဂလာ ရရှိသောနေ့ဖြစ်သည်။ ဥပုသ်နေ့သည် တာဝန်တစ်ရပ်မကဘဲ ပျော်ရွှင်ရန်နေ့ ဖြစ်သည်။

        သင်သည် ပျော်ရွှင်စရာကောင်းသော ဥပုသ်နေ့ ဝတ်ပြုကိုးကွယ်ခြင်း အတွေ့အကြုံ မခံစားရဘူးသေးလျှင် ဒီအပတ်မှစပြီး ပြုလုပ်ပါလား။ ဥပုသ်နေ့၏ နားနေရာ ငြိမ်သက်ခြင်းကို ပါဝင်မှုမရှိသေးပါက ယခုပင်စပြီး ခံစားကြည့်ပါလား။ သင်၏ ချစ်မြတ်နိုးရသည့် သူများနှင့်နီးကပ်သည့် ဆက်ဆံရေးများ မခံစားရသေးပါက ဥပုသ်နေ့အတွေ့အကြုံသည် သင့်အား စောင့်ဆိုင်းလျက်ရှိသည်။ ဥပုသ်နေ့၏ ကောင်းကျိုးကို စကားရည်လုဖို့မဟုတ်ပါ။ ဥပုသ်နေ့၏ ပျော်ရွှင်မှုကို ခံစားဖို့ဖြစ်ပါသည်။ ဥပုသ်နေ့၏ ကောင်းချီးမင်္ဂလာကို သင်ကိုယ်တိုင် ခံစားကြည့်ပါလား သခင်ယေရှုသည် သူ၏လက်ကိုဖြန့်ပြီး ဖိတ်ခေါ်နေသည်။ “ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။”

အခန်း (၈) စာတန်၏ လိမ်လည်လှည့်ဖြားမှုကို ဖေါ်ထုတ်ခြင်း

        လွန်ခဲ့သည့် အပတ်အနည်းငယ်တွင် ညနေ CNN သတင်းမဖမ်းယူမီ ကျွန်တော်၏ ရုပ်မြင်သံကြားစက်တွင် ထုတ်လွင့်သည့် လိုင်းများကို ရှာကြည့်နေပါ သည်။ ထုတ်လွင့်သည့် ချယ်နယ်တစ်ခုမှာ တင်ပြသည့် “Magician's Secrets Revealed” မျက်လှည့်ဆရာများ၏ လျှို့ဝှက်ချက်ဖေါ်ထုတ်ခြင်း အစီစဉ်သည် ကျွန်တော်၏ အာရုံသတိကို ဖမ်းစားလိုက်သည်။ မျက်လှည့်ဆရာသည် အမျိုးသမီးတစ်ဦးကို လွှဖြင့် နှစ်ပိုင်းဖြတ်နေသည်ကို တွေ့ရပါသည်။ သို့ရာတွင် ဤမြင်ကွင်းမှာ မျက်စိလှည့်ကွက် တစ်ခုမျှသာ ဖြစ်ပါသည်။ မျက်စိကို လှည့်စားသည့် ထွင်လုံးတစ်ခုမှာ မျက်လှည့်ဆရာသည် ဓါးတစ်ချောင်းကို ယူပြီး သူ၏တပည့်တစ်ဦး၏ ဝမ်းပိုက်ထဲသို့ ထိုးသွင်းလိုက်သည်ကို၊ ဓါးဖျားမှာ တစ်ဖက်သို့ ထုတ်ခြင်းဖေါက်သွားသည်ကို ပရိတ်သတ်များ မြင်ရလိမ့်မည်။ ဓါးအစစ် ဖြစ်ကြောင်းကို ပြသလို မျက်လှည့်ဆရာသည် ဓါးသွားကို စမ်းကြည့်လိုက်၊ သစ်တော်သီးတစ်လုံးကို ထက်ခြမ်းခွဲပြလိုက်နှင့် ပရိတ်သတ်၏ အာရုံကို ဖမ်းစားလျက်ရှိပါသည်။ သီချင်းတီးလုံးများ ထွက်လာပြီး မီးရောင်ကို မှိန်လိုက်သည်တွင် စိတ်လှုပ်ရှားစရာဖြစ်လာတော့သည်။ ပရိတ်သတ်က ငြိမ်လျက်ရှိစဉ် မျက်လှည့်ဆရာသည် သူ့ဓါးကို သူ၏လှပသော မော်ဒယ်အမျိုးသမီး ကိုယ်ထဲသို့ စိုက်သွင်းလိုက်သည်။

        မျက်လှည့်ဆရာ၏ လျှို့ဝှက်ချက်များ ဖေါ်ထုတ်ခြင်း ဇာတ်လမ်းတွင် အမှန်တကယ်ဖြစ်ရပ်ကို ပြသသွားသည်။ မီးကို မှိန်လိုက်သည့်အချိန်တွင် ပရိတ်သတ်တို့၏ မျက်စိမှာ မော်ဒယ်အမျိုးသမီးဖက်သို့ အာရုံရောက်လိုက်သည်။ ထိုတစ်ခဏချင်းတွင် ဒုတိယလက်ထောက်က မျက်လှည့်ဆရာကို နောက်ထပ်ဓားတစ်ချောင်းကို ပေးလိုက်သည်။ ဒုတိယဓါးချောင်းသည် ပါးလွှာပြီးကွေးရန် လွယ်ကူပါသည်။ ဓါးကို စိုက်သွင်းသည့်အခါ အမျိုးသမီးကိုယ်ထဲသို့ အမှန်တကယ်မဝင်ဘဲ ခါးတွင်တပ်ထားသည့် ပြွန်ချောင်းထဲသို့ ကွေ့ပတ်ဝင်ပြီး ကျောဖက်သို့ ပြန်ထွက်လာသည်ကို တွေ့ရပါလိမ့်မည်။ ပြကွက်တစ်ခုလုံးသည် မျက်စိကို လှည့်စားခြင်းသာ ဖြစ်ပါသည်။ မျက်လှည့်ဆရာက ဓါးကို မော်ဒယ်၏ ကိုယ်ထဲသို့ ဟန်ဆောင်ပြီး ထိုးသွင်းသည်။ မော်ဒယ်အမျိုးသမီးကလည်း နာကြင်စွာဖြင့် မျက်နှာကို စာတန်၏လိမ်လှည်လှည့်ဖြားမှုကို ဖေါ်ထုတ်ခြင်း ရှုံ့မဲ့ပြသည်။ သို့ရာတွင် ဤအဖြစ်ပျက်များ အားလုံးတို့သည် ယုံတမ်းဟန်ဆောင်မှုသာ ဖြစ်သည်။

        ဒေးဗစ်ကော်ပါဖီးလ်သည် မျက်စိကို လှည့်စားသူ ထင်ပေါ်ကျော်ကြားဆုံး မျက်လှည့်ဆရာဖြစ်သည်။ တစ်နှစ်တစ်နှစ် ကမ္ဘာအနှံမှာ ပွဲပေါင်း ၅၀၀ ကျော် မျက်လှည့်ပြခဲ့သည်။ မျက်စိလှည့်စားမှုများ အထဲတွင် (Statue of Liberty) အမေရိကန်နိုင်ငံရှိ ရုပ်ထုကို ပျောက်သွားအောင်လုပ်ပြခြင်း၊ အမေရိကန်နိုင်ငံရှိ (Grand Cayon) နက်စောက်သော ချောက်ကြီးထဲတွင် ပျံသန်းခြင်းနှင့် တရုတ်ပြည်ရှိ မဟာတန်တိုင်းကြီးကို လမ်းလျှောက်ပြီး ဖြတ်ကျော်ခြင်းတို့ ပါဝင်သည်။ (Forbes Magazine) စာစောင်တွင် ၂၀၀၃ ခုနစ်မှ ၂၀၀၅ ခုနစ် အတွင်း အမေရိကန်ဒေါ်လာသန်း(၁၅၀) ဝင်ငွေရရှိခဲ့ကြောင်း မှတ်တမ်း သတင်းတင်ပြခဲ့သည်။ ကြည့်ရပုံက သန်းပေါင်းများစွာသော လူတို့သည် အလှည့်စားခံဖို့အတွက် ငွေမြောက်များစွာ အကုန်အကျ ခံချင်ကြသည်။ သို့ရာတွင် စကြဝဠာကြီး၏ အကြီးမားဆုံး လှည့်စားသူနှင့်နှိုင်းယှဉ်လျှင် ဒေးဗစ်ကော်ပါဖီးလ်သည် ဖယောင်းတိုင်ကလေး တစ်မျှတောင် ခြေရာမမှီပါ။ စာတန်သည် လိမ်လည်လှည့်စားသူ အကြီးမားဆုံး ဆရာတစ်ဦးဖြစ်ပါသည်။ သူသည် “လိမ်ညာသူ မုသာဖခင်ဖြစ်သည်” (ယောဟန်၊ ၈း၄၄)။ ခြောက်ပြစ်ကင်းငြိမ်းချမ်းမှုရှိသည့် ကောင်းကင်ဘုံတွင် ကောက်ကျစ်စဉ်းလဲသည့် စာတန်သည် ပါးနပ်စွာဖြင့် ကောင်ကင်တမန်သုံးပုံတစ်ပုံကို သူ့ဖက်ပါအောင် လှည့်စားနိုင်ခဲ့သည် (ဗျာဒိတ်၊ ၁၂း၁၁)။ ဧဒင်ဥယျာဉ်တွင် လက်လှည့်အတတ်ဖြင့် ဧဝပြီးအာဒံကို လှည့်စားခဲ့သည်။ ထောင်စုနှစ်များ တစ်လျှောက်လုံး စာတန်သည် သူ၏ဆိုးညစ်သော လိမ်လည်လှည့်စားမှုဖြင့် သန်းပေါင်းများစွာသော လူအပေါင်းတို့အား လမ်းလွဲအောင် ပြုလုပ်ခဲ့သည်။ သူ၏ အကြီးမားဆုံးသော လိမ်လည်လှည့်ဖျားမှုသည် ထင်ယောင်ထင်မှား အတတ်ပင် ဖြစ်ပါသည်။ မဟုတ်သည့် အရာများကို ဟုတ်သယောင်ယောင်ဖြစ်အောင် လုပ်တတ်သည်။ သူသည် လိမ်လည်လှည့်စားမှု၊ မှားယွင်းမှုများနှင့် သစ္စာမဲ့မှုများကို အသုံးချပြီး သူ့လို တဖက်သို့ ဆွဲသွင်းသည်။ 

        သူ၏ အကြီးမားဆုံးသော လိမ်လည်လှည့်ဖျားမှုတို့မှာ ဘာသာတရားများနှင့် သက်ဆိုင်ပါသည်။ မမှန်မကန်သည်များကို အမှန်တရားအဖြစ် တန်ဆာဆင်ပေးသည်။ သူ၏ လိမ်လည်မှုတို့ကို အမှန်တရားအဖြစ် အထင်မှား အမြင်မှား ဖြစ်သွားအောင် လုပ်တတ်သည်။ ဦးနှောက်ကို ရှုတ်ထွေးအောင် မိစ္ဆာဒိဌိ အယူဝါဒများကို ခရစ်ယာန်များ၏ ကျင့်စဉ်အဖြစ် ပြုပြင်ပြောင်းလဲပေးလိုက်သည်။ သူသည် အမှားများကို အမှန်တရားနှင့် အနီးစပ်ဆုံးဖြစ်အောင်လုပ်နိုင်လျှင် သူ၏ လိမ်လည်လှည့်ဖျားမှုသည် တန်ခိုးအာဏာ ပိုရှိလာသည်။ 

        သမ္မာကျမ်းစာ၏ နောက်ဆုံးကျမ်းစာအုပ် ဗျာဒိတ်ကျမ်းသည် စာတန်မာရ်နတ်၏ အစီအစဉ်ကို မျက်နှာဖုံးခွာချပေးလိုက်သည်။ သူ၏ ထင်ယောင်ထင်မှားအောင် လှည့်စားခြင်းကို ဖေါ်ထုတ်လိုက်သည်။ သူ၏ မုသာတို့ကို ဗူးပေါ်သလို ပေါ်သွားပါသည်။ ဗျာဒိတ်ကျမ်းသည် ကျွန်ုပ်တို့၏ အမြင်မှန်အောင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်စေသည်။ အမှန်တရားသည် ကြီးကျယ်ခမ်းနားစွာ တောက်ပြောင်ပါသည်။ အထူးသဖြင့် ဗျာဒိတ်ကျမ်းမှာ ဖေါ်ပြခဲ့သည့် မိန်းမနှစ်ယောက်အကြောင်းတွင် အကောင်းနှင့်အဆိုးအမှန်တရား ဖေါ်ပြချက်မှာ မှန်ကန်ပါသည်။ အဖြူရောင် ဝတ်ဆင်သည့် မိန်းမအကြောင်းကို ဗျာဒိတ်အခန်းကြီး (၁၂) တွင် ဖေါ်ပြပြီး အနီရောင်ဝတ်ဆင်သည့် မိန်းမအကြောင်းကို ဗျာဒိတ်ကျမ်းအခန်းကြီး (၁၇) တွင် ဖေါ်ပြထားပါသည်။ ဖေါ်ပြပါ ဗျာဒိတ်ကျမ်း အခန်းကြီး နှစ်ခုတွင် အမှန်တရားနှင့် အမှားတို့ကို ကွဲကွဲပြားပြား နှိုင်းယှဉ်ပြီး ဖေါ်ပြခဲ့သည်။ အဖြူရောင်ဝတ်ဆင်သူ မိန်းမနှင့်အနီရောင်ဝတ်ဆင်သူ မိန်းမတို့၏ ပုံဆောင်မှု အကြောင်းအရာနှင့် ပတ်သက်၍ ဗျာဒိတ်ဆရာယောဟန်သည် ရှင်းလင်းပြတ်သားစွာ နှိုင်းယှဉ် ဖေါ်ပြခဲ့ပါသည်။ ၄င်းမှာ ဘာသာရေး စနစ်နှစ်ခု ဖြစ်ပါသည်။ အမှန်တရားနှင့်မှားသော ဘာသာရေးစနစ်တို့ ဖြစ်ပါသည်။ အဝတ်ဖြူဝတ်ဆင်သော မိန်းမသည် “ဘုရားသခင်၏ ပညတ်တော်ကို စောင့်ရှောက်သည်” (ဗျာဒိတ်၊ ၁၂း၁၇)။ အဝတ်နီကို ဝတ်ဆင်သောမိန်းမသည် “လက်ထဲ၌ ရွှေဖလားကို ကိုင်ထားသည်။ ရွှေဖြင့်ပြုလုပ်သော ဖလားသည် အထဲမှာရှိသည့် အရာများသည်လူအပေါင်းတို့ကို လိမ်လည်လှည့်စားခဲ့သည်။ ကြီးကျယ်ခမ်းနားသည့် ရွှေဖလားအတွင်းဝယ် စက်ဆုပ်ဖွယ်ရာကောင်းသောအရာများနှင့်ပြည့်နေသည်” (ဗျာဒိတ်၊ ၁၇း၄)။ စက်ဆုပ်ဖွယ်ရာကောင်းခြင်းဆိုသည်မှာ ပုန်ကန်မှုနှင့် တရားမဲ့ပြုကျင့်ခြင်း အဓိပ္ပါယ်ရရှိပါသည်။ ဗျာဒိတ်ကျမ်း အခန်းကြီး (၁၂) ပါ အဝတ်ဖြူဝတ်ဆင်သော မိန်းမသည် သူ၏ နောက်လိုက်များကို ဘုရားသခင်၏ပညတ်တော်များ စောင့်ထိန်းရန် ခေါ်သွားပြီး အဝတ်နီ- ခရမ်းရောင်ဝတ်ဆင်သော မိန်းမသည် သူ၏ နောက်လိုက်များကို ရွှေဖလားမှ မမှန်သည့် တရားဖက်သို့ ခေါ်ဆောင်ပြီး ဘုရားသခင်ပညတ်တော်ကို ဆန့်ကျင်ရန် ပြုလုပ်ပါသည်။ 

        အခြေခံပြဿနာကတော့ ဘုရားသခင်၏လမ်းစဉ် သို့တည်းမဟုတ် လူတို့၏ လမ်းစဉ်ဖြစ်သည်။ ဒီနေရာမှာ ဥပုသ်နေ့သည် ပြဿနာ၏ အချက်အချာ အလယ်ဗဟိုမှာ ရှိသည်ကို တွေ့ရပါလိမ့်မည်။ 

        ဗျာဒိတ်ကျမ်းသည် အသင်းတော်ကို သန့်ရှင်းသောမိန်းမနှင့် နှိုင်းယှဥ်သည်။ ခရစ်တော်သည် သူမ၏ ခင်ပွန်းဖြစ်သည်။ အသင်းတော်မှာ သူ၏ သတို့သမီးဖြစ်သည်။ အသင်းတော်၏ ခေါင်းဆောင်ဖြစ်သူ ခရစ်တော်သည် သတို့သမီး လမ်းညွှန်ထိန်းကွပ်ခြင်း ပြုပါသည်။ သမ္မာကျမ်းစာသည် မှန်ကန်သော အသင်းတော်ကို သန့်ရှင်းသောမိန်းမနှင့် နှိုင်းယှဉ်ထားသည်။ သူမသည် ဝိညာဉ်ရေးဆိုင်ရာ မှားယွင်းမှုများ မကျူးလွန်ခဲ့သည့် ခင်ပွန်းသည်အပေါ် သစ္စာစောင့်ထိန်းသည်။ မှားယွင်းသော အသင်းတော်ကို သမ္မာကျမ်းစာက ပြည့်တန်ဆာ (သို့မဟုတ်) မတရားသော မေထုန်ကျူးလွန်သူအဖြစ် ပုံဆောင်ထားပါသည်။ ဤမိန်းမသည် စစ်မှန်သော ချစ်သူ ယေရှုခရစ်တော်အား စွန့်လွှတ်ပြီး လောကီနှင့် ပူးပေါင်းသွားခဲ့သည်။ 

        စိတ်လှုပ်ရှားဖွယ်ရာကောင်းသည့် ဖြစ်ရပ်တစ်ခုတွင် ဗျာဒိတ်ဆရာယောဟန်သည် လူသားများ၏သမိုင်းတွင် အထူးခြားဆုံးအချိန် အကန့်တစ်ခုကို ဖေါ်ပြထားသည်။

        “ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာဟူမူကား၊ မိန်းမတစ်ဦးသည် နေကို ဝတ်လျက်၊ လကို ခြေဖြင့်နင်းလျက် မိမိခေါင်းပေါ်၌ ကြယ်ဆယ့်နှစ်လုံးဖြင့်ပြီးသော သရဖူကို ဆောင်းလျက် ပေါ်လာ၏။ ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ ဖွားအံ့သော ဝေဒနာပြင်းသောကြောင့် ဟစ်အော်လေ၏” (ဗျာဒိတ်၊ ၁၂း၁၊၂)။

        ကျမ်းစာတော်အရ ဤကလေးသည် ကမ္ဘာပေါ်ရှိရှိသမျှ လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်ချုပ်သွားမည်။ နောက်ဆုံးမှာ “ထိုသားကို ဘုရားသခင်ထံသို့ လည်းကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီယူတော်မှု၏” (ဗျာဒိတ်၊ ၁၂း၅)။ ဤကျမ်းပိုဒ်သည် သခင်ယေရှုကို ရည်ညွှန်းခြင်း ဖြစ်သည်ကို ရှင်းနေပါသည်။

        သမ္မာကျမ်းစာက ဤမိန်းမသည် လပေါ်ရပ်လျက်ရှိသည်ကို ဖေါ်ပြထားပါသည်။ လသည် နေရောင်ခြည် အလင်းရောင်ကို ထင်ဟပ်သည်ဖြစ်၍ ဓမ္မဟောင်းခေတ် အသင်းတော်သည် သခင်ယေရှု၏ ဧဝံဂေလိ သတင်းစကားကို ထင်ဟပ်ပေးပါသည်။ ဓမ္မဟောင်းခေတ် သတင်းဖြန့်ပေးခြင်း မှေးမှိန်ကုန်ဆုံးသည့်အခါ ဓမ္မသစ်ခေတ် အသင်းတော်သည် သခင်ယေရှုခရစ်အားဖြင့် ဧဝံဂေလိသတင်းစကားသည် ကြီးကျယ်ခမ်းနားစွာ  တောက်ပတော့သည်။ မိန်းမ၏ ခေါင်းပေါ်၌ ဆောင်းထားသော ကြယ်ဆယ့်နှစ်လုံးမှာ ဓမ္မသစ်အသင်းတော်သည် သန့်ရှင်းမြင့်မြတ်စွာ ခံစားချက်ရှိသည့် တမန်တော်များဖြင့် ထိန်းကျောင်းလမ်းသွားမည်ကို ဆိုလိုပါသည်။ ဤရုပ်ပုံလွှာသည် ဘုရားသခင်၏ မှန်ကန်သော အသင်းတော်ဖြစ်သည်။ ခရစ်တော်၏ ဖြောင့်မတ်ခြင်းဖြင့် တန်ဆာဆင်လျက် ရှိပါသည်။ အသင်းတော်သည် ဝိညာဉ်ရေးရာနှင့်ပြည့်စုံသော အုပ်ထိန်းသူများဖြင့် လမ်းပြလမ်းညွှန်မှုကို ခံယူပြီး သမ္မာကျမ်းစာ၌ ခိုင်မြဲလျက်ရှိပါသည်။ မှန်ကန်သော အသင်းတော်၏ ပုံဖော်ခြင်းသည် အလွန်လှပပါသည်။ လူသားများ၏ အစဉ်အလာနှင့် ရောနှောခြင်းမရှိဘဲ လူတို့၏ ဝါဒရေးရာတို့သည် မသိနိုင်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တွင် အခြေခံသည်။ သို့ရာတွင် ဗျာဒိတ်အခန်းကြီး (၁၇) တွင် ရုပ်ပုံသည် ရုတ်ချည်း ပြောင်းလဲသွားသည်။ ရှင်ယောဟန်၏ ရူပါရုံသည် ဤအခန်းကြီး (၁၇) ၌ ဗျာဒိတ် အခန်းကြီး (၁၂) နှင့် လုံးလုံးလျားလျား ကွာခြားနေပါသည်။

        “ငါ့ကို ဝိညာဉ်တော်အားဖြင့် တောသို့ ခေါ်ဆောင်သွားလေ၏။ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၏။ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသောနာမတို့နှင့် အပြည့်ရှိသော သားရဲနီပေါ်မှာ ထိုင်လျက်ရှိသော မိန်းမတစ်ဦးကို ငါမြင်၏။ ထိုမိန်းမသည် အနီရောင်အဝတ်၊ ခရမ်းရောင်အဝတ်ကို ဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မျက်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက်ရှိ၏။ စက်ဆုပ်ရွံရှာဖွယ်သော အရာနှင့်လည်းကောင်း၊ ပြည့်သော ရွှေဖလားကို ကိုင်လျက်ရှိ၏။ နဖူး၌ အက္ခရာတင်သောဘွဲ့မှုကား၊ နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည်တန်ဆာတို့၏ အမိ၊ မြေ၌ စက်ဆုပ်ရွံရှာ ဖွယ်သောအရာတို့၏ အမိပေတည်း။(ဗျာဒိတ်၊ ၁၇း၃-၅)။

        ကျောက်မျက်တန်ဆာဝတ်ဆင်သော ဤမိန်းမသည် မှားယွင်းသော ခွက်ဖလားရှိ သဘောတရားများကို လှည့်ပြီး တိုက်ကျွေးသည့်အတွက် ကမ္ဘာကြီးသည် မှားယွင်းသော သဘောတရား အယူအဆများနှင့် မူးယစ်ကြသည်။ သူမသည် ပြည့်တန်ဆာဖြစ်သည်။ အမှန်ချစ်သူ ယေရှုခရစ်အား စွန့်လွှတ်ခဲ့သည်။ ဗျာဒိတ်ကျမ်း အခန်းကြီး (၁၂) တွင် တမန်တော် ရှင်ယောဟန်သည် မှန်ကန်သော အသင်းတော်ကို ရှင်းလင်းဖေါ်ပြခဲ့သည်။ ဗျာဒိတ်အခန်းကြီး (၁၇) တွင် မှားယွင်းသော အသင်းတော်ဖွဲ့စည်းပုံကို ရှင်းလင်းဖေါ်ပြခဲ့ပါသည်။ အမှန်တရားကို စွန့်ပယ်သည့် ဤမိန်းမပျက် သည် “ပြည်တန်ဆာများ၏ မိခင်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူ့မှာ သမီးအများ(သို့မဟုတ်) အသင်းတော်များ ရှိသည်။ ထိုအသင်းတော်များသည် သူမ၏ မှားယွင်းသော အယူဝါဒစပျစ်ရည်ဖြင့် မူးယစ်ကြပြီး လမ်းမှားသို့ ရောက်ရှိခဲ့ကြသည်။

        မိန်းမနှစ်ဦး၏ ပုံဝတ္တုအကြောင်း၊ တစ်ဦးက အဝတ်ဖြူတန်ဆာနှင့် အခြားတစ်ဦးက ခရမ်းရောင်နှင့် အနီရောင်ဝတ်ဆင်သူ အကြောင်းမှာ အကောင်းနှင့်အဆိုး၊ အမှန်နှင့်အမှား၊ ဘုရား၏ နှုတ်ကပတ်တော်နှင့် လူသားများ၏ ရိုးရာအစဉ်အလာတို့သည် ထူးခြားသည့် အငြင်းပွားမှုဇာတ်လမ်းရှည်ကြီး ဖြစ်ပါသည်။

        ဗျာဒိတ်ကျမ်းတွင် လွန်ခဲ့သည့် နှစ်ပေါင်းထောင်ပေါင်းများစွာကပင် ကောင်းကင်ဘုံ၌ ဖြစ်ပွားခဲ့သည့် စစ်ပွဲကြီးအကြောင်းကို ဖေါ်ပြခဲ့သည်။ 

        “ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့ နေစရာမရှိ။ ထိုအခါ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်သူ၏ တမန်တို့ကိုလည်းကောင်း မြေကြီးသို့ ချလိုက်ကြ၏” (ဗျာဒိတ်၊ ၁၂း၇-၉)။

        ကောင်းကင်၌ ဖြစ်ပွားခဲ့သည့် စစ်ပွဲကြီးတွင် စာတန်မာရ်နတ်သည် ကောင်းကင်တမန် သုံးပုံတစ်ပုံကို လှည့်ဖြားလိုက်သည်။ ဗျာဒိတ်ကျမ်းကဆက်၍- “သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစ်စုကို ဆွဲငင်၍ မြေကြီးသို့ ချလိုက်ကြ၏” (ဗျာဒိတ်၊ ၁၂း၄)။ စာတန်မာရ်နတ်သည် လိမ်လည်သူတစ်ဦး၊ လှည့်စားသူတစ်ဦး ဖြစ်သည်။ သူသည် မြေကြီးပေါ်သို့ ချလိုက်သည့်အခါ အာဒံနှင့်ဧဝတို့ကို ဧဒင်ဥယျာဉ်၌ လိမ်လည်လှည့်ဖျားခဲ့သည်။ လက်တွေ့သူသည် ဧဝအား ထိုသစ်ပင်၏ အသီးကို စားနိုင်သည်၊ သင်သည် လုံးဝ မသေရပါ။ ဥယျာဉ်မှာရှိသည့် သစ်ပင်အားလုံး အတူတူပါဘဲ ဒီအသီးကိုပဲစားစား၊ မစားစား ဘာမျှမထူးခြားပါ။ သခင်ယေရူသည် စာတန်နှင့် ပတ်သက်၍ ရှင်းရှင်း ပြောလိုက်သည်မှာ “သူသည် မုသာစကားကို ပြောသည့်အခါ မိမိ ပကတိအတိုင်း ပြော၍ မုသာစကား၌ ကျင်လည်သောသူ ဖြစ်၏။ မုသာ၏အဘလည်း ဖြစ်၏” (ယောဟန်၊ ၈း၄၄)။

အဝတ်ဖြူတန်ဆာနှင့်မိန်းမ

        သမ္မာကျမ်းစာသည် ဘာသာရေးစနစ်နှစ်မျိုးရှိကြောင်း သွန်သင်ပြသပါသည်။ တစ်ခုက သခင်ယေရှု၌ ဗဟိုအခြေခံပြီး သူသည် “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏” (ယောဟန်၊ ၁၄း၆)။ ကျမ်းစာတော်၌ ခိုင်မြဲစွာ အခြေခံသည်။ သို့ဖြစ်၍ ဗျာဒိတ်အခန်းကြီး (၁၂) တွင် မှန်ကန်သော အသင်းတော်ကို အဖြူရောင်တန်ဆာဖြင့် ဝတ်ဆင်သော မိန်းမနှင့် နှိုင်းယှဉ်ပါသည်။ သူမ၏ တရားတော်သည် သန့်ရှင်းမွန်မြတ်သည်။ သခင်နှင့် သစ္စာရှိသည်။ အမှန်တရားကို အပေးအယူ ညှိနှိုင်းမှု မပြုပါ။ 

        အမှန်တရားနှင့် အမှားတို့သည် ရေနှင့် ဆီကွာခြားသလို မရောနှောနိုင်ပါ။ ဘုရားသခင်သည် အမှားနှင့်အမှန်ကို မရောနှောသောအသင်းတော်ကို ရှာနေပါသည်။ သူသည် နှုတ်ကပတ်တော်နှင့် အညီနေထိုင်သော လူမျိုးတို့ကို ရှာနေပါသည်။ ဗျာဒိတ်အခန်းကြီး (၁၂) တွင် ဖေါ်ပြသည့် အဖြူရောင်တန်ဆာဆင်သူ မိန်းမသည် ကမ္ဘာပေါ် တွင် မြင်နိုင်သော ဘုရားသခင်၏ မှန်ကန်သော အသင်းတော်ကို ပုံဆောင်ထားသည်။ ခေတ်အဆက်ဆက် သစ္စာရှိသောသူတို့၏ သမ္မာကျမ်းစာ သွန်သင်မှုကို အပေးအယူ ညှိနှိုင်းအလျှော့မပေးခဲ့ခြင်း သဘောကိုဆောင်သည်။

အနီရောင်တန်ဆာဆင်သူမိန်းမ

        သမ္မာကျမ်းစာတွင် အဖြူရောင်ဝတ်ဆင်သူ မိန်းမအပြင် အနီရောင်ဝတ်ဆင်သူ မိန်းမအကြောင်းကိုလည်း ဖေါ်ပြထားပါသည်။ အနီရောင်ဝတ်ဆင်သူ မိန်းမ၏ လက်တွင် စပျစ်ရည်ဖလားကို ကိုင်ထားပြီး ထိုစပျစ်ရည်ဖလားသည် မှားယွင်းသောသွန်သင်မှုကို ပုံဆောင်ပါသည်။ သူမသည် အမှန်တရားမှ လွဲမှားသူ မိခင်အသင်းတော် ဖြစ်သည်။သူမ၏ လွဲမှားသောသွန်သင်မှု စပျစ်ရည်ကို များစွာသော အသင်းတော်တို့က သောက်သုံးမိခဲ့သည်။ သူမသည် သားရဲနီပေါ်မှာ ထိုင်စီးကြောင်း ကျမ်းစာတော်က ဖေါ်ပြပါသည်။ ကျမ်းစာတော်မှာ သားရဲကို နိုင်ငံရေးစနစ် တစ်ခုကို ဆိုလိုသည်။ (ဒံယေလ၊ ၇း၁၇၊၂၃)။

        ဤမှားယွင်းသော အသင်းတော်သည် အနီရောင်နှင့် ခရမ်းရောင်ကို ဆင်မြန်းပြီး ပြည့်တန်ဆာ၏ မိခင်ဖြစ်ပါသည်။ သူမသည် စစ်မှန်သော ချစ်သူယေရှုအား စွန့်လွှတ်ပြီး လူသားများ၏ ရိုးရာအစဉ်အလာနှင့် အသင်းတော် ကောင်စီတို့၏ ဥပဒေ ပြဌာန်းချက်ကို ဘုရားသခင်၏နှုတ်ကပတ်တော် အထက်၌ တင်ထားပါသည်။ ကျမ်းစာတော်၏ သွန်သင်မှုကို သစ္စာဖေါက်ခဲ့သည်။ သူမသည် မိခင်အသင်းတော်ကြီးဖြစ်ပြီး သူမနှင့်အတူအခြားသော အသင်းတော်များက ကျမ်းစာတော် အမှန်တရားသွန်သင်မှုမှ စွန့်လွှတ်ခဲ့ကြသည်။

        ဗျာဒိတ်၊ ၁၇း၅ တွင် “နဖူး၌ အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသောအရာ ဗာဗုလုန်မြို့ကြီး” ဟူ၍ ပါရှိပါသည်။ ဗျာဒိတ်ကျမ်း အခန်းကြီး (၁၇) ကို နားလည်ဖို့ အတွက် “နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး” ဟူသောစာကြောင်းကို ပထမဦးစွာ နားလည်ဖို့လိုပါသည်။ ကျဆုံးသော ဗျာဒိတ်ကျမ်းအခန်းကြီး (၁၇) အသင်းတော်စနစ်သည် ရှေးဓမ္မဟောင်းကျမ်း ဗာဗုလုန်မြို့ကြီး၏ မိစ္ဆာဒိဠိ သွန်သင်မှုမျိုးနှင့် ဆင်တူရိုးမှား သွန်သင်မှုများ ရှိကြသည်။ ထူးကဲအံ့ဩစရာဖြစ်သော်လည်း ဒါဟာအမှန်ဖြစ်ခဲ့သည်။ ဓမ္မဟောင်းကျမ်း၌ ဘုရားသခင်၏ လူမျိုးဣသရေလတို့သည် ဗာဗုလုန်မြို့ကြီးနှင့် အမြဲတစေ ဆန့်ကျင်ဖြစ်ခဲ့သည်။ ဘုရားသခင်၏ မှန်ကန်သော အသင်းတော်သည် ဣသရေလနိုင်ငံဖြစ်သည်။ သမ္မာသစ်ကျမ်းခေတ်တွင် ခရစ်ယာန်အသင်းတော်သည် ဝိညာဉ်ရေး ဣသရေလ ဖြစ်ခဲ့သည်။ တမန်တော်ရှင်ပေါလုကနေပြီး သခင်ဘုရားသည် “ခရစ်တော်နှင့် စပ်ဆိုင်လျှင် အာဗြဟံ၏ မျိုးနွယ်ပင်ဖြစ်၍ ကတိတော်အတိုင်း အမွေခံ၏ အရာ၌ တည်ကြ၏ (ဂလာတိ၊ ၃း၂၉)။ ဝတ်ရုံဖြူနှင့် မိန်းမသည် ဝိညာဉ်ရေး ဣသရေလ အစစ်အမှန်ကို ပုံဆောင်ထားသည်။ ခရစ်တော်၏ စစ်မှန်သော နောက်လိုက်များ ဖြစ်ကြသည်။ ဆက်လက်၍ သခင်ဘုရားက “အပြင်အားဖြင့်သာ ယုဒလူဖြစ်သော သူသည် ယုဒလူ မှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား၌ အရေဖျားလှီးခြင်း အမှန်မဟုတ်။ အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်ဖြစ်၏ (ရောမ၊ ၂း၂၈၊၂၉)။

        လူအမျိုးမျိုးမှ ပုဂ္ဂိုလ်တစ်ဦးချင်းသည် သခင်ယေရှုနှင့် သူ၏သွန်သင်မှုကို လက်ခံသောသူသည် သခင်၏ စစ်မှန်သော နောက်လိုက်များ ဖြစ်ကြသည်။ ယခင်က ဣသရေတို့သည် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသည့် လူမျိုးဖြစ်ခဲ့သလို ယနေ့တွင် ခရစ်တော်ကို လက်ခံသောသူအားလုံးတို့သည် အရွေးချယ်ခံရသော သူများဖြစ်ကြသည်။ 

        ဓမ္မဟောင်းကျမ်းခေတ်တွင် ဗာဗုလုန်နိုင်ငံသည် ဝတ်ပြုကိုးကွယ်ခြင်း စနစ်အတုကို တည်ထောင်ခဲ့သည်။ ဤနည်းတူ ဝိညာဉ်ရေးဗာဗုလုန်သည် ဝတ်ပြုကိုးကွယ်ခြင်း စနစ်အတုကို ဗျာဒိတ်ကျမ်းတွင် ဖေါ်ပြထားပါသည်။ ဝိညာဉ်ရေးဗာဗုလုန်သည် ဓမ္မဟောင်းကျမ်း ဗာဗုလုန်အစစ်နည်းတူ ဘာသာရေးဝတ်ပြု ကိုးကွယ်မှုကို ဆက်လက်ထိန်းသိမ်းလျက် ရှိပါသည်။ 

ဝိညာဉ်ရေးဗာဗုလုန်၏ အသွင်လက္ခဏာ 

        အနီရောင်ဝတ်ဆင်သော မိန်းမသည် မည်သူနည်း။ မည်သည့် ဓမ္မဟောင်းခေတ် ဗာဗုလုန်မှ အမူအကျင့်တို့ကို အတုယူနေပါသနည်း။ ဗျာဒိတ်၊ ၁၇း၂ တွင် သူမသည် လောကီရှင်ဘုရင်တို့နှင့် မတရားသောမေထုန်ကို ပြုကြသည်။ မတရားမေထုန်သည် ဥပဒေနှင့်ဆန့်ကျင်သည့် ပေါင်းစည်းမှုဖြစ်သည်။ “မြေကြီးသားတို့ သည် သူ၏မတရားသော မေထုန်၏ စပျစ်ရည်နှင့် ယစ်မှုးကြပြီး” (အခန်းငယ် ၂)။ သို့ဖြစ်၍ ဗျာဒိတ်ကျမ်းဖေါ်ပြခဲ့သည့် မိန်းမသည် သားရဲနီပေါ် ထိုင်၍ စီးခြင်းသည် အသင်းတော်နှင့် နိုင်ငံတော်ကို အစိုးရတို့၏ ပေါင်းစည်းခြင်းကို ပုံဆောင်သည် ဒီနေရာမှာ အလေးအနက်ထားရမည်က အသင်းတော်သည် နိုင်ငံတော် အစိုးရအာဏာပိုင်တို့အပေါ် လွှမ်းမိုးခြင်းကို ဖေါ်ပြနေသည်။ အနီရောင်မိန်းမသည် (ကျဆုံးသောအသင်းတော်စနစ်) သားရဲကိုစီးခြင်း ဆိုသည်မှာ (သို့တည်းမဟုတ်) လွှမ်းမိုးခြင်း (နိုင်ငံတော် အာဏာပိုင်) ပြုခဲ့သည်။ ကျမ်းစာတော်သည် မှားယွင်းသော အသင်းတော်က စပျစ်ရည်ဖလားကို လှည့်ပြီး တိုက်ကျွေးသည့်အတွက် လူမျိုးအမြောက်အမြားတို့ကို သူ၏ မှားယွင်းသော သွန်သင်မှုဖြင့် အမှားကို အမှန်နေရာ၌ လက်ခံကြခြင်းကို ဖေါ်ညွှန်းခြင်း ဖြစ်ပါသည်။

        သမ္မာကျမ်းစာတော်၌ အခြေခံဘာသာရေးစနစ် နှစ်မျိုးရှိကြောင်းကို ဖေါ်ပြထားပါသည်။ အမှန်တရားရှိသည့် စနစ်ကို ဗျာဒိတ်အခန်းကြီး (၁၂)တွင် ဖေါ်ပြထားပြီး မမှန်မကန် မှားယွင်းသည့် စနစ်ကို ဗျာဒိတ် အခန်းကြီး (၁၇) တွင် ဖေါ်ပြထားပါသည်။ မှန်ကန်သည့် အသင်းတော်တွင် လူတိုင်းက ကယ်တင်ခြင်းရမည် မဟုတ်ပါ။ အချို့သော သူတို့သည် ခရစ်တော်နှင့် နှလုံးသား ထိတွေ့မှု မရှိခဲ့သည့်အတွက် ကယ်တင်ခြင်း စီမံချက်၌ ကျကျန်ခဲ့မည် ဖြစ်ပါသည်။ မှန်ကန်သည့် အသင်းတော်၌ အသင်းဝင်ဖြစ်ရုံနှင့် ကယ်တင်ခြင်း စိတ်ချရသည် မဟုတ်ပါ။ ကျမ်းစာတော် မြတ်မှာလည်း ဖေါ်ပြသေးသည်။ မှားယွင်းသော အသင်းတော်၌ရှိသည့် လူအချို့တို့သည် သခင်ယေရှုကို သိကျွမ်းပြီး ချစ်ခင်လေးစားကြသည်။ သို့ရာတွင် နောက်ဆုံးကာလအတွက် အမှန်တရားကို ပြည့်ပြည့်စုံစုံ မသိရှိခဲ့ပါ။ ဘုရားသခင်သည် လူတိုင်းလူတိုင်းကို မှားယွင်းသော ဘာသာရေးစနစ်မှ မှန်ကန်သော ဘာသာရေးစနစ်သို့ ဆွဲခေါ်ဖို့ ကြိုးပမ်းနေပါသည်။

        အနီရောင်ဝတ်ဆင်သူ မိန်းမ၏ နဖူးတွင် ဘာရေးမှတ်ထားသည်ကို သေချာသတိထား ကြည့်ပါ။ ‘နက်နဲသောအရာ ဗာဗုလုန်မြို့ကြီး’ (ဗျာဒိတ်၊ ၁၇း၅)။ ကမ္ဘာကြီးကို ရေလွှမ်းမိုးပြီးသည့်နောက် ဆိုးသွမ်းသော လူတို့သည် ဘုရားသခင်ကို အံတုလာသည်။ သူတို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မနာခံဘဲ သူတို့၏ ကိုယ်ပိုင်ဘာသာရေးစနစ်ကို တည်ထောင်ပြီး ဗာဗုလုန်ရဲတိုက် မျှော်စင်ကြီးကို တည်ဆောက်ခဲ့သည်။ ဒီနေရာမှာ ဘုရားသခင်သည် သူတို့၏ ဘာသာစကားကို ရှုတ်ထွေးစေပါသည်။ နောက်ပိုင်းတွင် ဗာဗုလုန်ရဲတိုက်မျှော်စင်ကြီး၏ နေရာ၌ ဗာဗုလုန်မြို့ကြီးကို တည်ဆောက်ခဲ့လေသည်။ ဗာဗုလုန်ဆိုသော နာမည်မှာ ဟေဗြဲဘာသာ၌ ရှုတ်ထွေးခြင်းခေါ်သံနှင့် အသံထွက်တူညီသလို ဖြစ်ပါသည်။ ဗာဗုလုန်ရဲတိုက်ကြီး၌ ဘာသာစကားကို ရှုတ်ထွေးစေသောနေရာကို သတိရအောက်မေ့ခြင်း ဖြစ်ပါသည်။

        သားရဲနီကို စီးသောမိန်းမ၊ ဗာဗုလုန် - ပုံဆောင်ခြင်းတို့နှင့် ပတ်သက်၍ (Bible Cometary) ကျမ်းစာတော် ဝေဖန်ဆွေးနွေးခြင်း၌ (Robert Janieson, A. R Fausset) နှင့် (David) တို့သည် ဤသို့ ဝေဖန်ကြသည်။ “နိုင်ငံတော်အစိုးရနှင့် အသင်းတော်တို့ သည် ဘုရားသခင်၏ ထူးမြတ်သော လက်ဆောင်ဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံတော်အစိုးရကို ညစ်ညမ်းအောင်ပြုလုပ်လျှင် နိုင်ငံတော်သည် သားရဲလို ဖြစ်သွားသည်။ အသင်းတော်ကြီးမှာလည်း အမှန်တရားကို စွန့်လွှတ်လျှင် ပြည့်တန်ဆာ ဖြစ်သွားသည်။” (စာမျက်နှာ၊ ၅၉၃)။

ဗာဗုလုန်- မြေကြီးသားများ၏ စနစ်

        ဓမ္မာဟောင်းကျမ်း၌ ဗာဗုလုန်ကို ဖေါ်ပြသည့် သဘောသဘာဝ ငါးချက်ကို လေ့လာကြစို့။ ကမ္ဘာဦးကျမ်း ၁၁း၈-၁၀တွင် ဗာဗုလုန်မြို့၏ အစဦးပိုင်း ဖြစ်ပေါ်လာပုံကို ရှင်းပြသည်။ “ကုရှသည် သားနိမ်ရောဒကိုလည်းရသေး၏။ ထိုသားသည် မြေကြီးပေါ်မှာ အဦးစွမ်းနိုင်သော သူဖြစ်၏။ ထို့ကြောင့် စကားပုံ၌ ဘုရားရှေ့ နိမ်ရောဒ၊ အားကြီး မုဆိုးပြုလုပ်လိုသည်ဟု စပ်ဆိုသတည်း။ သူ၏ နိုင်ငံအဦးကား ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရကမြို့၊ အက္ကဒ်မြို့၊ ကာလာနေမြို့တည်း” (အခန်းငယ် ၈-၁၀)။ ဗာဗုလုန်သည် ဘုရားသခင်ကို တော်လှန်ပြီး ဘုရားသခင်နှင့် ဆန့်ကျင်သောစနစ်ကို တည်ထောင်ခဲ့သည်။

        ဒံယေလခေတ်တွင် နေဗုဒ်ခနေဇာသည် ဤသို့ကြွားဝါခဲ့သည်။ ‘ဤမြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ရွှေဘုန်းတော်ကို ချီးမြှောက်ရာဖို့၊ ငါ့တန်ခိုးအာနုဘော်အားဖြင့် ငါတည်လုပ်သော ဗာဗုလုန်မြို့ကြီး မဟုတ်လောဟု မြွတ်ဆို၏’ (ဒံယေလ၊ ၄း၃၀)။ သူ့ထက်စောပြီး လူစီဖာလိုဘဲ နေဗုဒ်ခနေဇာသည် ‘ငါ’ ဆိုသည့် ဒုက္ခနှင့် ရင်ဆိုင်နေရပါသည်။ ဝိညာဉ်ရေးဗာဗုလုန်သည် လူက တီထွင်သောဘာသာရေးစနစ် ဖြစ်သည်။ ခေါင်းဆောင်မှုပိုင်းမှာ မြေကြီး၏ လူသားခေါင်းဆောင်မှုမှ ခရစ်တော်၏ ခေါင်းဆောင်မှုကို အစားထိုးလိုက်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ မှန်ကန်သော အသင်းတော်သည် လူအပေါင်းတို့ကို ယေရှုခရစ်တော်၏ ခေါင်းဆောင်မှုကို လက်ခံဖို့ ဦးတည်ပေးသည်။ မှားယွင်းသော ဘာသာရေးစနစ်သည် လူအပေါင်းတို့ကို သခင်ယေရှုအား ကျွန်ုပ်၏ တစ်ဦးတည်းသော ယဇ်ပုရောဟိတ်ချုပ်အဖြစ်မှ လွဲပြီး ဘာသာရေးခေါင်းဆောင်များသို့  ဦးတည်ပေးသည်။ သခင်ယေရှုအကြောင်းနှင့် ပတ်သက်၍ သမ္မာကျမ်းစာက “သူသည် အသင်းတော်တည်းဟူသော ကိုယ်၏ ဦးခေါင်းဖြစ်တော်မှု၏။ အရာရာ၌ ထူးမြတ်ခြင်းငှာ မူလအရင်းဖြစ်၍ သေသောသူတို့တွင် သားဦး ဖြစ်တော်မူ၏” (ကောလောသဲ၊ ၁း၁၈)။

        သမ္မာကျမ်းစာသည် ဘုရားသခင်၏ မှန်ကန်သော အသင်းတော်၏ ခေါင်းဆောင်မှာ မြေကြီးပေါ်ရှိခေါင်းဆောင်များ မဟုတ်ဘဲကောင်းကင်ဘုံ၌သာ ခေါင်းဆောင် ရှိပါသည်။ ပုဂ္ဂိုလ်တစ်ဦးက ပြောဖူးသည် “ဘုရားသခင်၏ မှန်ကန်သော အသင်းတော်သည် တစ်ခုတည်းအကြီးမားဆုံး အဖွဲအစည်းဖြစ်သည်။ ကိုယ်ထည်ပိုင်းက မြေကြီးပေါ် ရှိပြီး ခေါင်းပိုင်းက ကောင်းကင်ဘုံတွင် ရှိပါသည်” ဘုရားသခင်၏ မှန်ကန်သောအသင်းတော်သည် လူအပေါင်းတို့ကို သခင်ယေရှုဖက်သို့ လက်ညှိုးထိုးပြသနိုင်သည်။ သခင်ယေရှုသာ ကျွန်ုပ်တို့၏ အပြစ်ဒုစရိုက်များကို ဖြေလွှတ်ပြီး အပြစ်၏ ချည်နှောင်မှုမှ လွတ်ကင်းနိုင်သည်။ ဗျာဒိတ်ကျမ်းမှာ ဖေါ်ပြသည့် ဝိညာဉ်ရေးဗာဗုလုန်သည် ကမ္ဘာမြေကြီးမှာ ပေါက်ဖွားလာပြီး လူသားတို့၏ ရိုးရာအစဉ်အလာစာတန်၏ လိမ်လှည်လှည့်ဖြားမှုကို ဖေါ်ထုတ်ခြင်း ဘာသာရေးစနစ် ဖြစ်ပါသည်။ ခေါင်းဆောင်မှုမှာ လူသားခေါင်းဆောင်များ ဖြစ်ကြသည်။ ပြန်၍ ခြုံကြည့်လျှင် မှားယွင်းသော ဗာဗုလုန်၏ ဘာသာရေးဝိသေသ လက္ခဏာ ပထမနှစ်ခုမှာ (၁) ရိုးရာအစဉ်အလာကို ဘုရားသခင်၏မှန်ကန်သော နှုတ်ကပတ်တော် အထက်၌လက်ခံခြင်း (၂) ခရစ်တော် အစားမြေကြီးပေါ်ရှိ လူသားခေါင်းဆောင်ကို အသင်းတော်၏ ခေါင်းဆောင်အဖြစ်ထားရှိခြင်းတို့ ဖြစ်သည်။

ဗာဗုလုန် - ရုပ်တုကိုးကွယ်ခြင်းစနစ်၌ အခြေစိုက်ခြင်း

        ရှေးဗာဗုလုန်၏ တတိယ ဝိသေသလက္ခဏာမှာ ဗာဗုလုန်သည် ရုပ်တုဆင်းတုကို ကိုးကွယ်သော နေရာဖြစ်သည်။ ရှေးဗာဗုလုန်အကြောင်းကို နားလည်မှ ဝိညာဉ်ရေးဗာဗုလုန်သည် မည်သူ ဖြစ်မည်နည်း။ ဘာကြောင့် ထိုနေရာမှ ထွက်ခွာရမည်နည်းဆိုသည်ကို နားလည်နိုင်မည်။ Dr. Aleravdo Hisolp က ဆိုသည် ‘ဗာဗုလုန်သည် ရုပ်တုဆင်းတုကို ကိုးကွယ်ရာ အဓိကနေရာ ဖြစ်ပါသည် (The Tow Babylons, 12). ဓမ္မဟောင်းခေတ်တွင် ဗာဗုလုန်သည် ရုပ်တုဆင်းတု ကိုးကွယ်ရာဌာနချုပ် ဖြစ်သည်။ ဗာဗုလုန်မြို့၏ ကြီးကျယ်ခမ်းနားသော ဘုရားကျောင်းများတွင် ဗာဗုလုန်ရုပ်တု ဘုရားများနှင့်ပြည့်ညှပ်လျက် ရှိပါသည်။ ထိုရုပ်တု ဘုရားများရှေ့၌ မိစ္ဆာဒိဠိ ပုဂ္ဂိုလ်များ ဦးညွတ်အရိုအသေပေး ကိုးကွယ်ကြသည်။ ယေရုရှလင်မြို့ရှိ ဘုရားသခင်၏ ဗိမာန်တော်တွင် ထိုရုပ်တုမျိုး မရှိပါ။ ဓမ္မသစ်ခေတ်တွင် ခရစ်ယာန်အသင်းတော်များ၌ ပုဂ္ဂိုလ်တစ်ဦးချင်းသည် ခရစ်တော်ကို တိုက်ရိုက်ဝတ်ပြုကိုးကွယ်ရန် ညွှန်ကြားထားပါသည်။ ရုပ်တုဆင်းတု ကိုးကွယ်မှု အစီအစဉ်မရှိရပါ။

သမ္မာကျမ်းစာကတော့ ရှင်းရှင်းလေးဘဲ ဆိုသည်-

        “အထက်မိုးကောင်းကင်၌လည်း၊ အောက်အရပ် မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီး အောက်ရေထဲ၌ လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင် ရုပ်တုဆင်းတုကို ကိုယ့်အဖို့မလုပ်နှင့်။ ဦးမချ ဝတ်မပြုနှင့်”(ထွက်မြောက်ရာကျမ်း၊ ၂၀း၄၊ ၅)။ 

        ကျမ်းစာတော်မြတ်၏ ညွှန်ကြားချက်ကတော့ ရှင်းလင်းပါသည်။အကယ်၍ ရုပ်တုဆင်းတုများကို ဝတ်ပြုရာ ဗိမာန်တော်ထဲတွင် ထည့်သွင်းပါက ထိုအရာများကိုလည်း ထွက်မြတ်သည်ဟု ယူဆပြီး ဘုရားသခင်တစ်ဦးတည်းကိုသာလျှင် ဆက်ကပ်ကိုးကွယ်ရမည်ကို ထိုအရာများကိုလည်း ထွက်မြတ်ကိုးကွယ်ရန် ရှိသွားပါမည်။ သမိုင်းတွင် ဤလို အခြေအနေမျိုး မကြာခဏ ထပ်တလဲလဲဖြစ်ခဲ့သည်။ ရုပ်တုဆင်းတုများကို ရိုသေကိုင်းရှိုင်းပြီး နမ်းရှုတ်ကြသည်။ ဓာတ်တော်၊ မွေတော်များကို သန့်ရှင်းခြင်းအဖြစ် ယူဆခြင်းနှင့် ရုပ်တုများကို ဘုရားအဖြစ် ဝတ်ပြုကိုးကွယ်ကြသည်။ ဘုရားသခင်သည် မှန်ကန်သော ဘာသာရေးစနစ်မှာ လူအပေါင်းတို့အား သူ့ကို တိုက်ရိုက် ကိုးကွယ်ဖို့ ဖြစ်သည်။ ရုပ်တုဆင်းတုများကို အသုံးမပြုဘဲ သန့်ရှင်းသော ဝိညာဉ်တော်က သူတို့ စိတ်နှလုံးသားတွင် ကိန်းဝပ်စေသည်။ ဗာဗုလုန်သည် လူသားတို့အား လူပြုလုပ်သော ရိုးရာအစဉ်အလာ နောက်သို့ လိုက်ပြီး မြေကြီးသား ခေါင်းဆောင်ကို အထွတ်အမြတ်ထား၍ သူ၏ ရုပ်တုကို ဝတ်ပြုကိုးကွယ်ခြင်း ပြုလုပ်သွားမည်။

ဗာဗုလုန် - ဘိုးဘွားများ ဝိညာဉ်ဝတ်ပြုကိုးကွယ်ခြင်း

        ရှေးဗာဗုလုန်ကို သိမြင်နိုင်သည့် စတုတ္ထ ဝိသေသလက္ခဏာမှာ လူတစ်ဦးသည် သေပြီးနောက် သူ၏ ဝိညာဉ်သည် မပျောက်ကွယ်ဘဲ ထာဝစဉ်တည်ရှိနေကြောင်း အယူအဆ ဖြစ်ပါသည်။ ယေဇကျေလ ၈း၁၃ တွင်သမ္မာကျမ်းစာက ဆိုသည်။ “တဖန် လှည့်၍ သွားဦးလော့။ သူတို့ပြုသော အမှုတို့တွင် သာ၍ကြီးစွာသော စက်ဆုပ်ရွံရှာဖွယ် အမှုတို့ကို မြင်လိမ့်မည်။ (ဆိုလိုသည်မှာ ရုပ်တုဆင်းတု ကိုးကွယ်ခြင်းထက် ပို၍ စက်ဆုပ်စရာ အပြုအမှုများ)။ အခန်းငယ် (၁၄) ကဆက်ပြီး “ဗိမာန်တော် မြောက်ဖက် ဝင်ပေါက်ဝဖြင့် အစောင့်သွား၍ ထိုအရပ်၌ မိန်းမတို့သည် တမ္ဗုဇနတ် အဖို့ ငိုကြွေးကြ၏။

        တမ္ဗုဇနတ်သည် မည်သူနည်း၊ မိန်းမများသည် မည်သည့်အတွက်ကြောင့် ငိုကြွေးရသနည်း။

        တမ္မဇဆိုသည်မှာ ဗာဗုလုန်၏ သီးနှံဘုရား ဖြစ်သည်။ ဗာဗုလုန်ပြည်သားတို့က နွေဦးကာလ ကုန်ဆုံးသည့်အခါ နွေရာသီရောက်လာပြီး နွေရာသီ၏ အပူဒဏ်ကြောင့် သီးနှံပင်များ အပူလောင်ကျွမ်း၍ တမ္ဗုဇ သေသွားပါသည်။ သို့ဖြစ်၍ သူတို့တတွေ ငိုကြွေးပြီး တမ္မဇအား သေရွာပြန်လာရန် ဆုတောင်းကြသည်။ မသေနိုင်သော ဝိညာဉ်အယူအဆသည် သမ္မာကျမ်းစာမှလာသည် မဟုတ်ပါ။ ဗာဗုလုန်သားတို့၏ ယုံကြည်ချက်မှာ ခရစ်ယာန် အသင်းတော်သို့ စိမ့်ဝင်ခဲ့ခြင်းဖြစ်ပါသည်။ ယုံကြည်ချက် အခြေအမြစ်မှာ ဗာဗုလုန်မှာ ဖြစ်သည်။ သို့ရာတွင် ယုံကြည်ချက် သဘောတရားသည် (Greek Philosophy) ဟေလသတွေးခေါ်မှုတွင် ခိုင်မာစွာ စွဲမြဲလျက်ရှိသည်။ အောက်ဖေါ်ပြပါ အဆိုသည် မိစ္ဆာဒိဠိတို့၏ ထာဝရရှင်သန်နေထိုင်သော ဝိညာဉ်သည် မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတတ်လာသည်ကို ရှင်းပြပါသည်။ ပထမ အဆိုကတော့ ၁၈ဝ၅ မှ ၁၈၇၄ ထိ အသက်ရှင်နေထိုင်ခဲ့သော မက်သဒစ် အသင်းအုပ်ဆရာ Amos Phelps မှ ဖြစ်သည်။ 

        “ဤယုံကြည်ပို့ချချက် သဘောတရားသည် အကျင့်ပျက် နောက်ကျနေသော ခရစ်ယာန်တို့၏ သမိုင်းမှ ပြန်လည်ရှာဖွေနိုင်ပါသည်။ သိက္ခာမဲ့သည့် ယုဒ ယုံကြည်ချက်၊ မိစ္ဆာဒိဠိတို့၏ အတွေးခေါ်ချက်၊ အယူသည်းသည့် ရုပ်တုဆင်းတု ကိုးကွယ်ခြင်း၊ ဧဒင်ဥယျာဉ် ရှုတ်ထွေးအောင်ပြုလုပ်သည့် အဖျက်သမားစာတန် အထိ နောက်ကြောင်းပြန် ရှာဖွေတွေ့ရှိနိုင်ပါသည်။ Protestaant ဘာသာဝင်တို့က ကာတိုလစ်တို့ထံမှ ငှားယူသည်။ ကာတိုလစ်တို့က ဖါရိရှဲထံမှ ငှားယူသည်။ ဖါရိရှဲတို့က မိစ္ဆာဒိဠိထံမှ ငှားယူသည်။ မိစ္ဆာဒိဠိတို့က ရှေးမြွေဟောင်းထံမှလည်းကောင်း အဆင့်ဆင့် ငှားယူကြသည်။ ရှေးမြွေဟောင်း စာတန်သည် ပါရဒိသုဘုံ၌ သူ့စကားကို သိပ်နားထောင်လိုသည့် ပရိသတ်နှစ်ဦးတို့အား ဤယုံကြည်ချက် သဘောတရားကို ဟောပြောခဲ့သည်။ “သင်တို့အမှန်ပင် မသေရပါ။ (Amos Phelps, Is Man by Nature Immortal.)

        A.D 165 နှစ်တွင် သေဆုံးခဲ့သည့် ရှေးဦးခရစ်ယာန် ခေါင်းဆောင်တစ်ဦးဖြစ်သူ Justin Martyr ၏ စကားကိုလည်း နားထောင်ကြည့်ပါဦး- “အကယ်၍ သင်သည် ရှင်ပြန်ထမြောက်ခြင်း၏ အမှန်တရားကို လက်မခံသော ခရစ်ယာန်တစ်ဦးနှင့် အပေါင်းအသင်းဖြစ်ခဲ့သော် ထိုသူသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား၊ အမည်ကို ကဲ့ရဲပြီး လူသေ၏ထမြောက်မှု မရှိခြင်း၊ ၄င်းလူသေ၏ ဝိညာဉ်သည် ကောင်းကင်ဘုံသို့ သယ်ဆောင်မှု ပြုကြောင်း ထိုသူဆိုလျှင် ၄င်းလူသည် ခရစ်ယာန်တစ်ဦး ဖြစ်နိုင်ချေမရှိပါ။ (Justin Martyr, Dialogue With Trypho, chapter Ixxx, Ante Nicene Father,1;239)

        သမ္မာကျမ်းစာသည် လူသေပြီးလျှင် ဘာတွေဖြစ်သွားမည်ကို ရှင်းရှင်းလင်းလင်း ဖေါ်ပြထားသည်။

        “အပြစ်တရား၏ အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးသော လက်ဆောင်ကျေးဇူးတော်ကား ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း” (ရောမ၊ ၆း၂၃)။

        “လူသည် အသက်ထွက်၍ မြေသို့ ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင် သူ၏ အကြံအစည်တို့သည် ပျက်စီးကြ၏” (ဆာလံ၊ ၁၄၆း၄)။

        “အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ (ဒေသနာကျမ်း၊ ၉း၅)။

        The King James Version. သမ္မာကျမ်းစာအုပ်တွင် (Soul) ဝိညာဉ်ဆိုသော စာလုံးကို ၁၆၀၀ ကြိမ် အသုံးပြုခဲ့သော်လည်း Immortal soul ထာဝရဝိညာဉ်ဟူသော အသုံးအနှုန်းကို တစ်ကြိမ်တစ်ခါမျှ မသုံးခဲ့ပါ။ကျမ်းစာတော်မြတ်တွင် ထပ်ခါတလဲလဲ ဘုရားသခင်၌သာ ထာဝရရှိသည် (၁တိ၊ ၆း၁၆ ကိုကြည့်ပါ)။ ဗာဗုလုန်လူမျိုးသာလျှင် လူသေသည့်အခါ ၄င်း၏ ထာဝရဝိညာဉ်သည် ကိုယ်မှ ထွက်ခွာသွားသည်။ သို့ဖြစ်၍ ဗာဗုလုန်လူမျိုးတို့သည် ဘုရားနှင့် ဘုရားမတို့၏ စနစ်ကို တည်ထောင်ပြီး ဆက်လက်၍ အသက်ရှင်နေသေးသည့် ထာဝရဝိညာဉ်ကို ဝတ်ပြုကိုးကွယ်ကြသည်။ ဘုရားသခင်၏လူမျိုး ဣသရေလတို့သည် လုံးလုံးလျားလျား ကွာခြားသည့် ယုံကြည်ချက်များ ရှိကြသည်။ သူတို့မှာ လူသေသည့်အခါ အသက်ထွက်၍ မြေသို့ ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏ဟူ၍ သွန်သင်ပြသသည်။ လူသားများ သေသည့်အခါ အခြေအနေ မည်သို့ဖြစ်သွားသည်ကို သမ္မာကျမ်းစာက စိတ်ချယုံကြည်ရသော အဖြေပေးနိုင်သည့် ကျမ်းစာအုပ်ဖြစ်သည်။ ဆာလံ၊ ၁၁၅း၇ တွင် "သေလွန်သောသူ ငြိမ်းရာထဲသို့ ဆင်းသောသူ ရှိသမျှတို့သည် ထာဝရဘုရားကို မချီးမွမ်းရကြ" လူသေ၏ငြိမ်သက်မှုကို ဖျက်သိမ်းပြုလုပ်နိုင်ခြင်းသည် သမ္မာကျမ်းစာ၏ အဆိုနှင့် သဟဇာတ မရှိနိုင်ပါ။

        မိတ်ဆွေတို့၊ ဗျာဒိတ်ကျမ်းသည် ဘာသာရေးစနစ်ကြီး နှစ်ခုရှိကြောင်း ဖေါ်ပြထားသည်။ စစ်မှန်သော စနစ်သည် ဗျာဒိတ်အခန်းကြီး (၁၂) ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် အခြေခံပါသည်။ ထိုစနစ်သည် သူ၏ နှုတ်ကပတ်တော်ဖြင့် လူသားတို့ကို သခင်ယေရှုတစ်ပါးတည်းကိုသာ ယုံကြည်စိတ်ချဖို့ သွန်သင်သည်။ လူသားများသည် ရုပ်တုဆင်းတုမှ တစ်ဆင့်မပါဘဲ သခင်ယေရှုသို့ တိုက်ရိုက်လာပြီး ဝတ်ပြုကိုးကွယ်ဖို့ ခေါ်ယူနေပါသည်။ လူသေသည့်အခါ သူတို့သည် ရှင်ပြန်ထမြောက်မှု မရှိမချင်း အိပ်စက်ရမည်ကို သွန်သင်ပေးပါသည်။ သမ္မာကျမ်းစာ၏ အမှန်တရားကို ထောက်ခံပေးပါသည်။ လူသေပြီးသည့်အခါ သူတို့၏ ဝိညာဉ်သည် အသိတရား တစ်မျိုးမျိုးဖြင့် ဝိညာဉ်လောက၌ အဆုံးမရှိနေထိုင်ခြင်း မရှိကြောင်း သွန်သင်ပြသည်။

        ဗျာဒိတ်အခန်းကြီး (၁၇) သည် မှားယွင်းသော ဘာသာရေးစနစ်ကို ရှင်းလင်းဖေါ်ပြပါသည်။ ထိုစနစ်ကို ဗာဗုလုန်မြို့ကြီး အဖြစ်ဖေါ်ညွှန်းပါသည်။ အမှန်တရားကို စွန့်လွှတ်သည့် မိခင်အသင်းတော်ဖြစ်သည်။ ဤအသင်းတော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ပေါ်တွင် အခြေခံခြင်းကို မပြုဘဲ ရိုးရာအစဉ် အလာပေါ်၌ အခြေခံသွားပါသည်။ ခရစ်တော်၏နေရာတွင် မြေကြီးသား ခေါင်းဆောင်က နေရာယူထားပါသည်။ ၄င်း၏ အရောင်အသွေးမှာ အနီနှင့်ခရမ်းရောင် ဖြစ်ပါသည်။ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်တွင် ရုပ်တုဆင်းတုကို အသုံးပြုသည်။ ရုပ်တုဆင်းတုဘုရားနှင့် ဘုရားမတို့အစား သူတော်စင် (Saints)များကို ဝတ်ပြုကိုးကွယ်ခြင်း၌ အသုံးပြုသည်။သူတို့၏ သွန်သင်မှုတွင် လူသေသည့်အခါ ရှင်ပြန်ထမြောက်မှုနေ့အထိ အိပ်စက်ခြင်းမရှိဘဲဝိညာဉ်လောကတွင် ထာဝရဝိညာဉ်က ဆက်လက်နေထိုင်သည်။ မှားယွင်းသော သွန်သင်မှုထည့်ထားသော ခွက်ဖလားကို တစ်ဆင့်တစ်ဆင့် ကမ်းလှမ်းပေးပြီး အခြားသော အသင်းတော်များက မိခင်အသင်းတော်၏ မှားယွင်းသော သွန်သင်မှုကို သောက်သုံးလျက်ရှိပါသည်။ ဤအခြားသော အသင်းတော်များလည်း လူသေပြီးလျှင် သူ၏ဝိညာဉ်က ကိုယ်ထည်နှင့်ခြားနားပြီး သီးသန့်နေထိုင်သွားကြောင်း မှားယွင်းသည့် အယူအဆကိုလက်ခံလျက် ရှိကြပါသည်။

ဗာဗုလုန် - နေကိုးကွယ်မှု ဗဟိုဌာန

        ဗာဗုလုန်မြို့ကြီး၏ ပဉ္စမ ဝိသေသလက္ခဏာမှာ ဓမ္မဟောင်းကျမ်း၌သော် လည်းကောင်း၊ ဓမ္မသစ်ကျမ်း၌ သော်လည်းကောင်း ယေဇကျေလကျမ်း၊ ၈း၁၆ တွင် ဖေါ်ပြထားပါသည်။ အမှန်အားဖြင့် ဤအချက်သည် ဗာဗုလုန်မြို့ကြီးကို ဖေါ်ပြသည့် သော့ချက် ဖြစ်ပါသည်။ 

        “ထာဝရဘုရား၏ အိမ်တော်အတွင်း တံတိုင်းထဲသို့ ဆောင်သွား၍ ဗိမာန်တော်ဦးနှင့် ယဇ်ပလ္လင်ကြားမှာ လူနှစ်ကျိပ် ငါးယောက်တို့သည် ဗိမာန်တော်ကို ကျောခိုင်းလျက်၊ အရှေ့သို့ မျက်နှာပြုလျက် အရှေ့မျက်နှာ၌ နေကို ကိုးကွယ်ကြ၏” (ယေဇကျေလ၊ ၈း၁၆)။

     ပုရောဖက် ယေဇကျေလသည် နေကို ကိုးကွယ်သည့် ဗာဗုလုန်သားတို့၏ အစဉ်အလာကို ဤလူတို့က လိုက်နာပြီး နေကို ကိုးကွယ်နေသည်ကို တွေ့ရသည်။ သူတို့သည် နေထွက်ရာအရပ် အရှေ့ဖက်သို့ ဒူးထောက် မျက်နှာမူပြီး နေထွက်လာသည့်အခါ နေကို ကိုးကွယ်ကြသည်။ ရှေးကျသော ဗာဗုလုန်ပြက္ခဒိန်များတွင် နေကို အလယ်ဗဟိုမှာ ထားပါသည်။ နေကိုးကွယ်မှုကို အလေးထားသည့် သဘောဖြစ်ပါသည်။ ဗာဗုလုန်သားတို့သည် နေကို ဖန်ဆင်းရှင် သူ၏ လက်တော်ဖြင့်ဖန်ဆင်းခဲ့ကြောင်းကို မယုံကြည်ပါ။ သူတို့အနေဖြင့် ကောင်းကင်ယံ၌နေသည် အတောက်ပဆုံး အရာဖြစ်ပြီး သက်ရှိအားလုံးတို့၏ အခြေအမြစ်ဖြစ်ကြောင်း ယုံကြည်ကြသည်။ သို့ဖြစ်၍ နေကို ချစ်မြတ်နိုးစွာ ဦးညွတ်ရှိခိုးကြပါသည်။ “ရှေးခေတ် ဗာဗုလုန်မြို့တွင် နေကို ကိုးကွယ်ခြင်းသည် ရှေးပဝေသဏီကတည်းက ပြုလုပ်ခဲ့သည်။" (James G, Frazer, The Worship of Nature, 1;529).

        Millennium ထောင်စုနှစ်များ အဆက်ဆက်တွင် မှားယွင်းသော ဝတ်ပြုကိုးကွယ်မှုများတွင် နေကို ကိုးကွယ်မှု၌ အခြေအမြစ်ရှိခဲ့သည်။ စာတန်သည် ဖန်ဆင်းခြင်းခံရသည့် အရာပစ္စည်းများကို ဖန်ဆင်းရှင် အထက်၌ မြှင့်တင်ထားသည်။ Assyrians လူမျိုးတို့သည် နေဘုရားရှာမါး(ရ) SHAMASH ကိုးကွယ်သည်။ အီဂျစ်လူမျိုး တို့သည် နေဘုရား “အာမွန်ရာ” Armonra ကို ကိုးကွယ်သည်။ Hittites လူမျိုးတို့သည် “အာရီနာ” နေဘုရားမ Arinna ကိုးကွယ်သည်။ အိန္ဒိယနိုင်ငံတွင် “ကိုနရ (Konark) နေဘီလုံးကြီးသည် ထင်ပေါ်ကျော်ကြားသော တံဆိတ်ပင်ဖြစ်သည်။ Nordic Trundholm နေ၏ မြင်းရထားသည် Vikings ဗိုက်ကင်းလူမျိုးတို့၏ နေဘုရားကိုးကွယ်မှုကို ဖေါ်ပြသည်။ Greek လူမျိုးတို့၏ Helios နေဘုရား၊ ပါးရှားနှင့် ရောမတို့၏ နေဘုရား Mithra တို့သည် လူအုပ်ကြီးတို့မှ ကိုးကွယ်ကြသည်။ ဘုရားသခင်၏ ဥပုသ်နေ့သည် ဖန်ဆင်းရှင်အားဝတ်ပြုကိုးကွယ်ရန် ဘုရား၏လူမျိုးတို့ကို ဖိတ်ခေါ်နေပါသည်။ နေဘုရားကိုးကွယ်ခြင်းသည် ဖန်ဆင်းခြင်းခံရသော အရာဝတ္ထုများကို ကိုးကွယ်ဖို့ ဖိတ်ခေါ်နေသည်။ 

        ပထမနှင့်ဒုတိယ ရာစုနှစ်များတွင် ရောမမြို့ရှိ ခရစ်ယာန်အသင်းတော်၌ ဟေဗြဲဂျူးလူမျိုး မဟုတ်သည့် အသင်းသားများ အဓိက ပါဝင်နေပါသည်။ ဒီအခြေအနေက ယေရုရှလင်မြို့ရှိ အသင်းတော်နှင့်အရှေ့အလယ်ပိုင်း အသင်းတော်များနှင့်အတော်ပင် ခြားနားနေသည်။ ဤနေရာများတွင် အသင်းသားများမှာ အဓိက ဂျူးနှင့်ဂျူးခရစ်ယာန်များ ဖြစ်ကြသည်။ တမန်တော်အခန်းကြီး (၂) တွင် ဖေါ်ခဲ့သည့် ပင်တေကုတ္တေနေ့တွင် ခရစ်ယာန်အဖြစ်သို့ ပြောင်းလဲသွားသည့် အသင်းသားသစ်များသည် ဂျူးအနွယ်ဝင်များ ဖြစ်ကြသည်။ ရောမမြို့၌ ဝင်လာသည့် ဂျူးအနွယ်များ မဟုတ်သည့် အသင်းသားသစ်များသည် ဒိဌိအယူဝါဒ နောက်ခံမှဖြစ်၍ နေကို ကိုးကွယ်ခြင်းဓလေ့သည် သူတို့ကို ထိတွေ့သက်ရောက်မှု ရှိပါလိမ့်မည်။ The New Schaff- Herzog Encyclopedia of Religious Knowledge, vol.7, Page 421 တွင် အောက်ဖေါ်ပြပါ ထူးခြားထိတ်လန့်ဖွယ်ကောင်းသော တွေ့ရှိချက်ကို မှတ်တမ်းတင်ခဲ့သည်။

        “ပထမခရစ်ယာန် ရာစုနှစ်တွင် ရောမမြို့၌ Mithra နောက်လိုက်အသင်းအဖွဲ့ကို ဖွဲ့စည်းလိုက်သည်” ရောမနိုင်ငံသားတို့သည် နေဘုရား jithra ကို အများက “Soliuvectus-“The Invisible Sun” “မမြင်နိုင်သောနေ” အဖြစ်သိကြသည်။ ဧကရာဇ်ဘုရင် Aurelian ၏ မိခင်သည် နေဘုရား၏ ယဇ်ပုရောဟိတ်မ ဖြစ်ခဲ့သည်။ ဧကရာဇ်ဘုရင် ကိုယ်တိုင်ကလည်း နေဘုရားကိုးကွယ်မှုကို အထူးကြည်ညိုပါသည်။ သူ၏ မှတ်တမ်းရေးမှတ်သူ Falvius Vopiscus က ပြောသည်မှာ ဧကရာဇ်မင်းသည် နေနတ်ဘုရားကို “Sol Dominus Imperil Romanic” (The Sun, Lord of the Roman empire) နေကို ရောမအင်ပါယာ၏ အရှင်သခင်အဖြစ် တရားဝင်ကြေညာလိုက်သည်။

        အများသိ သမိုင်းဆရာ Arthus Weigall က သူ၏ စာအုပ် Pagamisan in Our Christianity Page ၁၄၅ တွင် ဤသို့ ဆို၏။ “နေ၏ ပွဲသဘင်အဖြစ် တနင်္ဂနွေနေ့သည် Mithra ၏ သန့်ရှင်းရာနေ့ ဖြစ်သည်” သို့ဖြစ်၍ စိတ်ဝင်စားဖွယ်ကောင်းသည်က Mithra ကို Dominus Lord သခင်အဖြစ်ခေါ်ယူနေ၍ ခရစ်ယာန်များ အချိန်မတိုင်မီ တနင်္ဂနွေနေ့ကို The Lord's Day ပေ သခင်၏ နေ့အဖြစ် ရပ်တည်ခဲ့သည်။ သမိုင်းဆရာကြီးက ဤနေရာမှာ သိသာထင်ရှားအောင် ပြောလိုက်သည်မှာ “တနင်္ဂနွေ” နေ့သည် ဒိဋ္ဌိဘုရား Mithra အတွက် ရည်စူးသတ် မှတ်ခဲ့သည့် Mithra ကို လည်း Lord သခင်အဖြစ် ယူဆသည့်အတွက် တနင်္ဂနွေနေ့ကို ခရစ်တော်အားဖြင့် ရည်စူးခြင်း မဟုတ်ဘဲ ဒိဠိတို့၏ ဘုရားအတွက် ရည်စူးခြင်း ဖြစ်ရမည်။ ဤသတ်မှတ်ချက်သည် Tel-el-Amarma စာများ၌ အသုံးပြုသည့် ခေါ်ဝေါ်သမုတ်မှုများဖြစ်သော “The King my Lord, the Sun from heaven”; “My Lord the Sun”; The Sun – god my Lord ဆိုသည့် အခေါ်အဝေါ်များက ပို၍တိကျအောင် ထောက်ခံနေပါသည်။

        The Catholic Encyclopedia က ထိုးထွင်းအမြင်ကို ဤသို့ဆို၏ “တနင်္ဂနွေ နေ့ကို Mithra အား ဂုဏ်ပြုသည့်အနေဖြင့် သန့်ရှင်းအောင်ထားသည်” (Vol.10, p.403,404 article Mithraisn) ပညာရှင်က Frang Curmont ဆက်၍ “The deist Solis (Sunday) တနင်္ဂနွေနေ့သည် Mithra ၏ သစ္စာရှိနောက်လိုက်အတွက် သန့်ရှင်းသောနေ့ဖြစ်၍ ခရစ်ယာန်များနည်းတူ ဥပုသ်နေ့ကို မစောင့်ထိန်းဘဲ တနင်္ဂနွေနေ့ကို သန့်ရှင်းအောင် စောင့်ရှောက်ရခြင်း ဖြစ်ပါသည်။ (F. Curmont, textes, monuments, figures, relatifs aux my steries de Mithra, vol,1, Page 119).

        Professor Agratiufro de Alweida က သူ၏ စာအုပ်အကြောင်းနှင့် ပတ်သက်၍ ဤသို့ပြောပြသည်။ “အပတ်စဉ်တိုင်း၏ ပထမနေ့ရက် ‘တနင်္ဂနွေ ကို Mithra အတွက် မြင့်မြတ်ကြောင်း ကြေညာသည်။အဘယ်ကြောင့်ဆိုသော် စာရေးဆရာ ခပ်များများက ခေတ်အဆက်ဆက်၌ အတည်ပြု လက်ခံခဲ့ကြသည်။ နေသည် အထူး မြင့်မြတ်သည့် ဘုရားဖြစ်၍ တနင်္ဂနွေနေ့ကို The Lord's Day သခင်၏ နေ့အဖြစ် နောက်ပိုင်းခရစ်ယာန်လောကမှလည်း အတည်ပြုခေါ်ဝေါ်ခဲ့သည်။ Mithraisn, p.3).

        အထောက်အထားကတော့ ငြင်း၍ပင်မရပါ။ ရောမမြို့တွင် ခရစ်ယာန်ဖြစ်လာသော ဂျူးလူမျိုးမဟုတ်သူများသည် Mithra နေဘုရားကိုးကွယ်မှု၏ လွှမ်းမိုးမှုခံရပါသည်။ သူတို့မှာ တနင်္ဂနွေနေ့ကို “သခင်၏နေ့” (The Lord's Day) သဘောတရားကို ခံစားမှုရှိပြီးသား ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် Mithra သို့မဟုတ် Helios (နေ) သည် သခင်ပင်ဖြစ်သည်။ သို့ဖြစ်၍ ဂျူးလူမျိုး မဟုတ်သည့် ခရစ်ယာန်များသည် Mithra အစားသခင်ယေရှုဖက်သို့ သစ္စာခံ ပြောင်းရွှေ့ဖို့ နေ၏နေ့ရက်ကို လက်ခံနိုင်ရန် လွယ်ကူသွားသည်။

        ဧကရာဇ်ဘုရင် Constantine ရောမအင်ပါယာ၏ ဧကရာဇ်အဖြစ်လက်ခံ ယူသည့်အခါ သူ၏မိသားစု ဘုရားအဖြစ် Apollo နေဘုရားကို ရွေးချယ်ခဲ့သည်။ Apollo သည် ဆီစာဘုရင်များ အဆက်ဆက်က Romans သူ ရောမတို့၏ နေဘုရားနှင့် ဆက်စပ်မှုရှိသည့်အတွက် ဖြစ်သည်။ “Constantine ဧကရာဇ်ဘုရင်၏ အကာအကွယ်ပေးသူ၊ ယှဉ်၍ မရနိုင်သော လမ်းပြအဖြစ် ရောမအင်ပါယာ တစ်ခွင်လုံးတွင် အောင်ပွဲခံပွဲ လမ်းသဘင်များ ကျင်းပသည်။” (Edward Gibbon, The Delive and Fall of the Roman empire, vol.2,chapter 20,p.251.)

        ရောမအင်ပါယာတွင် ဂျူးလူမျိုးဆန့်ကျင်ရေး၊ လူမှုရေးနှင့်နိုင်ငံရေး မငြိမ်မသက်မှုတို့ကြောင့် မသမာသည့် အသင်းတော် ခေါင်းဆောင်ကြီးများ အာဏာဆုပ်ကိုင်သည့် အချိန်တွင် အင်ပါယာကြီးကို ပေါင်းစည်းဖို့အတွက် တနင်္ဂနွေနေ့ကို အသုံးချခဲ့ပါသည်။ 

        များမကြာမီက ခရစ်ယာန်ဖြစ်လာခဲ့သည့် ဒိဠိရောမ ဧကရာဇ်သည်ရည်မှန်းချက်ကြီးပြီး လောဘစိတ်လွှမ်းမိုးနေသည့် အသင်းတော်ခေါင်းဆောင်များက အသင်းတော်ကြီး၏ အာဏာနှင့်ဂုဏ်အသရေ တိုးပွားဖို့အတွက် တနင်္ဂနွေနေ့မှာ ဝတ်ပြုကိုးကွယ်ဖို့ နေ့တစ်နေ့အဖြစ် သတ်မှတ်ပေးဖို့ တိုက်တွန်းပါသည်။

        Constantine ကိုယ်တိုင်ကလည်း အလက်ဇန်းဒီးယား ဘုန်းတော်ကြီး Alexander (အေဒီ ၃၁၃-၃၂၅) သို့ရေးသည့်စာတွင် သူ၏ ဘာသာရေးမှုဝါဒများကို ရှင်းရှင်းဘဲ ဆိုလိုက်သည်။ “ငါ၏ရည်ရွယ်ချက်မှာ ပထမဦးဆုံး နိုင်ငံအသီးသီးမှ နတ်ဘုရားများ အပေါ် ယူဆထားသည့် အယူအဆတို့ကို တစ်ပြေးညီရှိအောင် ပြုလုပ်လိုပါသည်။ (The Life Constantine, book 2,chapter 65).

        Constantine သည် သူ၏ အရပ်ဖက်ပိုင်းဆိုင်ရာ တနင်္ဂနွေနေ့ ဥပဒေခြောက်ခုကို ပြဌာန်းခြင်းအားဖြင့် သူ၏အင်ပါယာကို စုစည်းနိုင်မည်ဟု သူမျှော်လင့်ခဲ့ပါသည်။ ဒီလိုရဖို့သူသည် ကျွမ်းကျင်စွာ အများနားနေရန် ရက်တစ်ရက်၊ ထိုနေ့ရက်ကို ပျော်ပွဲ ရွှင်ပွဲနှင့် ကိုးကွယ်မှုပြုရန် နေ့ရက်အဖြစ် အင်ပါယာတစ်ခုလုံးတွင် စောင့်ထိန်းစေပါသည်။ ထိုနေ့ရက်ကို ဒိဠိများနှင့် ခရစ်ယာန်များနှင့် နှစ်ဖက်စလုံး သဘောတူလက်ခံနိုင်ရန် ဖြစ်ပါသည်။

        Stanley ၏ History of the eastern Church အရှေ့အသင်းတော် များ၏ သမိုင်းစာအုပ်တွင် သူဤသို့ မှတ်တမ်းတင် ရေးသားခဲ့သည်။ “ခေတ်ဟောင်းဒိဠိများ၏ Deis Solis, တနင်္ဂနွေအမည်နာမကို အပတ်စဉ် ခရစ်ယာန်များ၏ ပွဲတော်များအတွက် ဆက်လက် အသုံးပြုခြင်းသည် ဒိဋ္ဌိများနှင့် ခရစ်ယာန်များပေါင်းစည်း လက်ခံထားသော တစ်ပတ်၏ ပထမနေ့ရက်ကို Constantine အဆိုပြုခဲ့သော “Venerable day of the Sun သိက္ခာတော်နှင့်အပြည့်စုံသော နေဘုရား၏နေ့အဖြစ် အားလုံးလက်ခံဖို့ ဖြစ်ပါသည်။ သူ၏ ဥပဒေ ပြဌာန်းချက်ဖြစ်သော ဤနေ့ရက်ကို စောင့်ထိန်းဖို့လုပ်ရပ်သည် သခင်၏နေ့ရက် Lord's Day ကို သမိုင်းခေတ်သစ်အဖြစ် ခေါ်တွင်ခဲ့သည်။ သူ၏ အင်ပါယာအတွင်းရှိ ကွဲပြားနေသည့် ဘာသာရေးအဖွဲအစည်း အားလုံးကို တစ်ခုတည်းသော အဖွဲ့အစည်း တစ်ခုအောက်သို့ သဟဇာတရှိအောင် စုသည်းခြင်းဖြစ်သည် (A.P. Stanley, History of the eastern Church,P.134.)

        သမိုင်းနှင့် ဗျာဒိတ်ဟောကြားချက်သည် သမ္မာကျမ်းစာပါ ဥပုသ်နေ့မပြောင်းလဲခဲ့ပုံမှာ ရှင်းလင်းပါသည်။ ဘုရားသခင်သည် သတ္တမနေ့ဥပုသ်နေ့ကို စနေနေ့မှ တနင်္ဂနွေနေ့သို့ မပြောင်းလဲခဲ့ပါ။ သခင်ယေရှုက ဥပုသ်နေ့ကို မပြောင်းလဲခဲ့ပါ။ ဥပုသ်နေ့ ပြောင်းလဲခဲ့ခြင်းသည် တဖြေးဖြေးချင်း နှစ်ပေါင်းများစွာ ပြောင်းလဲလာခဲ့သည်။ ဒိဠိတို့၏ နေဘုရားကိုးကွယ်ခြင်း အလေ့အထက အသင်းတော်နှင့်နိုင်ငံတော်တို့ အစောပိုင်းက ပေါင်းစည်းမှုကြောင့် ခရစ်ယာန်အသင်းတော်အတွင်းသို့ ဒိဠိတို့၏ အယူအဆတို့ကို စိမ့်ဝင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

        ဣသရေလတို့သည် ဖန်ဆင်းရှင်ကို တစ်ပတ်၏ သတ္တမနေ့၊ သမ္မာကျမ်းစာ ဥပုသ်နေ့တွင် ဝတ်ပြုကိုးကွယ်ကြသည်။ ဗျာဒိတ်အခန်းကြီး (၁၂) တွင် ဖေါ်ပြထားသော ဘုရားသခင်၏ မှန်ကန်သော အသင်းတော်သည်သူ၏ ပညတ်အားလုံးတို့ကို ဥပုသ်နေ့ ပညတ်အပါအဝင် စောင့်ရှောက်ခဲ့သည်။ မှားယွင်းသော အသင်းတော်သည် ဗာဗုလုန်မြို့ကြီး၏ နေဘုရားနေ့ကို အသက်ပြန်လည်သွင်းပြီး မှားယွင်းသော သွန်သင်မှုခွက်ဖလားကို လှည့်ပြီး တိုက်ကျွေးနေပါသည်။ ထိုခွက်ဖလားမှ သောက်သုံးခဲ့သော အသင်းတော်ခပ်များများက တစ်ပတ်၏ ပထမနေ့ရက် တနင်္ဂနွေနေ့တွင် ဝတ်ပြုကိုးကွယ်ခြင်းအမှုကို စောင့်ရှောက်သည်။ 

        ဘုရားသခင်၌ နိမိတ်လက္ခဏာရှိသည်။ “ငါနှင့်သူတို့စပ်ကြားမှာ လက္ခဏာ သက်သေဖြစ်စေခြင်းငှာ ငါ၏ဥပုသ်နေ့တို့ကို ငါခန့်ထား၏” (ယေဇကျေလ၊ ၂ဝး၁၂)။ ဓမ္မဟောင်းခေတ် တစ်လျှောက်လုံး၊ ဓမ္မသစ်သို့ ရောက်၍ ခေတ်ကာလ ကုန်ဆုံးသည့်တိုင်အောင် ဘုရားသခင်၏ နိမိတ်လက္ခဏာမှာ ဥပုသ်နေ့ဖြစ်သည်။ ဤနိမိတ်လက္ခဏာသည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်အား သစ္စာစောင့်သိခံယူမှု သင်္ကေတဖြစ်သည်။ ဗာဗုလုန်မြို့ကြီး၏ သွန်သင်မှုဖြစ်သော နေဘုရားကိုးကွယ်ခြင်း၊ ဒိဠိတို့၏ အယူအဆ သဘောတရားသည် ဒိဠိတို့၏ ခေတ်အဆက်ဆက်မှ ဆင်းသက်လာပြီး ခရစ်ယာန်အသင်းတော်သို့ စိမ့်ဝင်လာခဲ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်မိန့်မှာချက် မဟုတ်ဘဲ သူတို့၏ ညှိနှိုင်းလက်ခံမှုကြောင့် ဖြစ်ပါသည်။

        Arthur P. Stanly က ဆက်၍ ပြောသည်မှာ “ရောမဧကရာဇ် ဘုရင်၏ငွေပြားစေ့တွင် တစ်ဖက်မှာ ခရစ်တော်၏ အမည်နာမအက္ခရာပါပြီး အခြားတစ်ဖက်၌ နေဘုရား၏ ရုပ်ပုံပါရှိသည်။ ကြည့်ရပုံက ထိုတောက်ပနေသော နေမင်း၏ရုပ်ပုံလွှာကို မစွန့်လွှတ်နိုင်သလို ဖြစ်နေသည်။ အံ့ဖွယ်ကောင်းပါ၏။ Constantine ငွေအကြွေစေ့ တစ်ဖက်တွင် ခရစ်တော်၏ အမည်ကိုရေးပြီး အခြားတစ်ဖက်တွင် နေဘုရား၏ ရုပ်ပုံလွှာကို ထည့်ထားပါသည်။ ဤအဖြစ်မှာ ခရစ်ယာန်အသင်းတော်နှင့် ဒိဋ္ဌိအယူဝါဒ နှစ်ခုစပ်ကြား လက်ထပ်မင်္ဂလာပွဲ ပြုလုပ်ခဲ့သည်။ Constantine ကိုယ်တိုင်သည် နာမည်အားဖြင့်သာ ခရစ်ယာန်ဖြစ်ခဲ့သည်။ သို့ဖြစ်၍ သမ္မာကျမ်းစာမှာ မပါသည့်ကျင့်စဉ် အမျိုးမျိုးတို့သည် ခရစ်ယာန်အသင်းတော်တွင် ကျင့်သုံးလာခဲ့သည်။ ကျမ်းစာ၏ သမိုင်းတွင်ဖေါ်ပြလျက်ရှိပါသည်။ Dr Alexander Hislop က ဤသို့ဆိုသည်။

        “ဒိဠိများအား အမည်အားဖြင့်သာ ခရစ်ယာန်ဖြစ်ဖို့ စိတ်ပြေရာပြေကြောင်းရရှိအောင် ရောမအစိုးရသည် လုပ်နေကျ နည်းလမ်းအားဖြင့် ခရစ်ယာန်နှင့် ဒိဋ္ဌိတို့၏ ပွဲတော်များကို ဂဟေဆက်ပေါင်းစပ်လိုက်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ဒိဠိနှင့်ခရစ်ယာန်တို့ နှစ်ဖက်စလုံးမှ ကျေနပ်၍ လက်ဆွဲနှုတ်ဆက်နိုင်သည့် အဖြစ်သို့ ပြုလုပ်ခဲ့သည်။” (The Tow Babylons, p.105).

        အခြားနည်းအားဖြင့် ပြောရမည်ဆိုလျှင် ရောမအစိုးရသည် ပြိုလဲနေသော အင်ပါယာကြီးကို စုစည်းထိန်းသိမ်းနိုင်ဖို့ ပြေရာပြေကြောင်း ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ 

        တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်းအစ ဘယ်လိုဖြစ်ခဲ့သနည်း။ ဘယ်ကနေ လာပါသနည်း။ အသင်းတော်အတွင်း မည်ကဲ့သို့ ဝင်လာပါသနည်း။

        The Baptist Manuel စာစောင်ကို ရေးသားသူ Dr. Edward T. Hiscox သည် ၁၉၈၃ ခု၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ပြုလုပ်သော Baptist Convention သင်းအုပ်ဆရာများ အစည်းအဝေးတွင် သူစာစောင်တစ်ခုတွင်သွင်းခဲ့သည်။ သူ၏ စာစောင်တွင် “ပညတ်တော်တစ်ခုရှိသည်မှာ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကို အောက်မေ့လော့” သို့ရာတွင် ဥပုသ်နေ့သည် တနင်္ဂနွေနေ့ မဟုတ်ပါ။ သို့ရာတွင် တစ်ချို့က ဝင့်ကြွားစွာ ပြောချင်ပြောမည်။ ဥပုသ်နေ့ကို သတ္တမနေ့မှ ပထမနေ့ရက်သို့ ပြောင်းရွှေ့လိုက်သည်ဘဲ။ ဒီလို ပြောင်းလဲကြောင်းကို အထောက်အထား ဘယ်မှာ ရှာလို့တွေ့မှာလဲ။ ဓမ္မသစ်ကျမ်းမှာ ဘယ်လိုမှ ရှာလို့တွေ့မှာ မဟုတ်ဘူး။ ကျမ်းစာတော်တွင် တစ်ပတ်၏ သတ္တမနေ့ဥပုသ်မှ ပထမနေ့ ဥပုသ်သို့ ပြောင်းလဲခဲ့ကြောင်း အထောက်အထား လုံးဝမရှိပါ။ ကျွန်တော့်အနေဖြင့် သခင်ယေရှုသည် သူ၏တပည့်တော်များနှင့် သုံးနှစ်လုံးလုံး ဆွေးနွေးပြောဆိုရာ၌ (ဥပုသ်နေ့နှင့်ပတ်သက်သော မေးခွန်းအပါအဝင်) ဤဥပုသ်နေ့ရက် ရွှေ့ပြောင်းခြင်းဖြင့် အကြောင်းကို လုံးဝမပြောဆိုခဲ့ပါ။ ထိုနောက် သူပြန်လည် ရှင်ပြန်ထမြောက်ပြီး ရက်ပေါင်း (၄၀)ပတ်လုံးကို အသိပေး ပြောကြားခြင်း လုံးဝမရှိခဲ့ပါ။ စိတ်မကောင်းစရာဖြစ်သည်က တနင်္ဂနွေနေ့သည် ဒိဋ္ဌိအမှတ်အသားနှင့်ပါရှိပြီး အမည်နာမကို နေဘုရား၏ အမည်ဖြင့် ပုပ်ရဟန်းမင်းတို့မှ မိမိမူလ ယုံကြည်ချက်ကို စွန့်လွှတ်၍ ဤနေ့ရက်ကို လက်ခံအတည်ပြုခဲ့ပြီးသည် နောက်ပရိုတက်စတင့် အသင်းတော်များသို့  ကြီးမြတ်သန့်ရှင်းသည့် အမွေအနှစ်အဖြစ် လွှဲအပ်ပေးခဲ့သည်။ 

        အသင်းတော်အတွင်းသို့ ဗာဗုလုန်နိုင်ငံ၏ ယုံကြည်ချက် အလေ့အကျင့်များ ဝင်နိုင်ဖို့ တံခါးဖွင့်ထားလျက်ရှိသည်။ ရောမအသင်းတော်ကဆိုသည်။ “ခရစ်ယာန်လောကသည် တနင်္ဂနွေနေ့ကို ဥပုသ်နေ့အဖြစ် ဆောင်ရွက်ပေးသည့်အတွက် ကာတိုလစ်အသင်းတော်ကို ကျေးဇူးတင်ရပါမည်။ သို့ရာတွင် ကျမ်းစာတော်မြတ်၌ ရှေ့ပြေး အထောက်အထားမရှိပါက တနင်္ဂနွေနေ့ကို ဥပုသ်နေ့အဖြစ် စောင့်ရှောက်ရန် ပညတ်တော်မရှိခဲ့ပါ။” (Our Sunday Visitor, January 4, 1931)

        စတုတ္ထရာစုနှစ်တွင် ရောမအင်ပါယာကြီး မပြိုလဲဖို့ ကြိုးပမ်းချက်တွက် ဒိဠိများကို ခရစ်ယာန်အဖြစ်သို့ ပြောင်းလဲရန် လုပ်ရပ်ကြောင့် အသင်းတော်ခေါင်းဆောင်များက ထိုတံခါးကို ဖွင့်ပေးခဲ့သည်။ အပေါ်ယံတွင် ခရစ်ယာန်တစ်ဦးအနေဖြင့် ရောမဧကရာဇ်ဘုရင် (Constantine) သည် ထိုတံခါးပေါက်မှ ဝင်လာပြီး အသင်းတော်နှင့် နိုင်ငံတော်အစိုးရတို့က ပေါင်းစည်းလိုက်သည်။ ဗာဗုလုန်နေဘုရားကို ကိုးကွယ်မှုသည် ခရစ်ယာန်အသင်းတော် အတွင်းသို့ ဝင်ရောက်ခဲ့ပါသည်။ ဒိဠိအယူဝါဒနှင့် ခရစ်ယာန်အယူဝါဒ ပေါင်းစည်းမှုကြောင့် ဗာဗုလုန် အယူဝါဒသည် ခရစ်ယာန်အသင်းတော်သို့ စိမ့်ဝင်နိုင်ခြင်း ဖြစ်ပါသည်။

        F.G. Leuts ကဆိုသည် -  “တနင်္ဂနွေနေ့ကို စောင့်ထိန်းခြင်းအားဖြင့် ကာတိုလစ်ဘာသာဝင် မဟုတ်သူများသည် နှစ်ပေါင်း ၁၈ဝဝ အားလုံး ကာတိုလစ်အသင်းတော်၏ ကျင့်စဉ်များကို ဆက်၍လိုက်လျှောက်ခြင်းသာဖြစ်သည်။ ဤသည်မှာ ရိုးရာအစဉ်အလာကို လိုက်လျှောက်ခြင်းဖြစ်ပြီး သမ္မာကျမ်းစာတော်၏ အခမ်းအနား လိုက်လျှောက်ခြင်း မဟုတ်ပါ။” (The question Mox,p.99.)

        ယေဇကျေလ၊ ၈း၁၆ တွင် ဣသရေလ ယဇ်ပုရောဟိတ် နှစ်ဆယ့်ငါးဦးတို့က နေဘုရားကို ကိုးကွယ်မှု ကျင့်စဉ်အကြောင်း ဖတ်ရပါသည်။ ဤယဇ်ပုရောဟိတ်များသည် မှန်ကန်သည့် ဘုရားကိုကျောပေးပြီး သူ၏ ပညတ်တရားနှင့် မိန့်မှာချက်တို့ကို ပုန်ကန်ပြီး သတ္တမနေ့ဥပုသ်ကို မစောင့်ရှောက်ဘဲ နေလိုက်သည်။ ယေဇကျေလသည် အကောင်းနှင့်အဆိုး ပြဿနာအဓိက အကြောင်းရင်းကို ဖေါ်ပြလိုက်သည်။

        “ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏ တရားကိုဖျက်၍ ငါ၏ သန့်ရှင်းရာဌာနကိုလည်း ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာ မသန့်ရှင်းသော အရာတို့ကို မပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကို ရောနှောကြ၏။ ငါ၏ ဥပုသ်နေ့မှလည်း မျက်နှာလွှဲကြ၏။ သူတို့အလယ်၌ ငါသည်ရှုတ်ချခြင်းကိုခံရ၏” (ယေဇကျေလ၊ ၂၂း၂၆)

        ဘုရားသခင်က ရှေးဣသရေလနိုင်ငံ၌ ယဇ်ပုရောဟိတ်များသည် သူတို့၏ မျက်စိများကို သူ၏ဥပုသ်နေ့မှ မျက်ကွယ်ပြုကြသည်။ သို့ဖြစ်၍ သူတို့အလယ်၌ ဘုရားသခင်၏ နာမတော်သည် ရှုတ်ချခြင်းခံရ၏။ နောက်ဆုံးနေ့ရက်များ၌ ဗာဗုလုန်တို့၏ နေဘုရားကို ကိုးကွယ်မှုသဘောတရားသည် ပြန်၍ လက်ခံပါလိမ့်မည်။ ဒီလိုအခါမှာ လူတို့သည် မှန်ကန်သော ဥပုသ်နေ့မှ မျက်ကွယ်ပြုကြလိမ့်မည်။ လူတို့သည် ပြောကြအုံးမည်၊ “ဘာမှထူးတာမဟုတ်ပါဘူး” ဟူ၍ ပြောမည်။ မိတ်ဆွေတို့၊ သိပ်ကို ထူးပါသည်။ James Wharley က ဤသို့ဆိုသည်။ “ဒုတိယ ရာစုနှစ် ကုန်တွင် ခရစ်ယာန်အသင်းတော်တွင် ပြောင်းလဲမှုများ လက်ခံလာသည်ကို မှတ်သားဖို့ လိုအပ်ပါသည်။ ခရစ်ယာန်လောကတွင် မိစ္ဆာဒိဌိ အယူဝါဒ လွမ်းခြုံလာသည်ကို တွေ့နေရပါပြီ။ ထိုအမှားအယွင်း မျိုးစေ့များသည် အသင်းတော်ကို လွှမ်းမိုး၍ အလှအပနှင့် ဂုဏ်အသရေကို အကျည်းတန်စေသည့် အရာတို့သည် အမြစ်တွယ်စရှိနေပါပြီ။” (Church History, Century 2 Section 7).

        ဟုတ်ပါသည်။ မင်္ဂလာလက်ထက်ပွဲ ကျင်းပဖြစ်ခဲ့သည်။ နောက်ပြီးတော့ လူသားများ ရိုးရာအစဉ်အလာမျိုးစေ့သည် ဆက်လက်၍ ဖွံ့ဖြိုးကြီးထွားလာတော့သည်။ (Hislop ဆက်၍ “မိစ္ဆာဒိဋ္ဌိတို့ကို လမ်းတစ်ဝက်လိုက်လျောဖို့ အကျင့်သည် အတော်ပင်တိုးတက် ခိုင်မာလျက်ရှိနေသည်။ ဖြောင့်မတ်သော သူများက ဤပြောင်းလဲမှု ဒီရေကို ဟန့်တားဖို့ ကြိုးစားပါသေး၏။ သို့ရာတွင် အမှန်တရားကို စွန့်လွှတ်ခြင်းအမှုသည် ဆက်လက်၍ ဖြစ်နေသဖြင့် နောက်ဆုံး၌ အုပ်စုအနည်းငယ်မှအပ အသင်းတော်သည် ဒိဠိတို့၏ အယူသည်းမှုအောက်တွင် နစ်မြုပ်လျက် ရှိတော့သည်။ (The Tow Baby-lons,p.93).

        သခင်ခရစ်တော် သေဆုံးပြီးနှင့် တမန်တော်များ၏ အချိန်လွန်လာခဲ့သော် အသင်းတော်သည် မူလသွန်သင်မှု လမ်းလွဲလျှောက်လှမ်းတော့သည်။ သို့ရာတွင် ကျန်ကြွင်းသော ယုံကြည်သူ အနည်းစုတို့သည် ဘုရားသခင်နှင့် သစ္စာစောင့်သိလျက် ရှိကြသည်။ ခေတ်အဆက်ဆက် ဘုရား၌ သစ္စာရှိသော အနည်းငယ်ကျန်ကြွင်းသော သူများသည် “ကျွန်ုပ်တို့ လျောမှု မပြုလုပ်ပါ။ အခြားသော လူအုပ်ကြီးက ဘာပဲလုပ်လုပ် ကျွန်ုပ်တို့သည် အမှန်တရားပေါ်မှာပဲ ရပ်တည်မည်။ ကျွန်ုပ်တို့၏ အသက်တာကို သခင်ခရစ်တော်၌ အပ်နှံပါသည်။ ခရစ်တော်က ငါ့ကို ချစ်လျှင် ငါ့ပညတ်ကို စောင့်ရှောက်ပါ။ (ယောဟန်၊ ၁၄း၁၅)။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့၏ လမ်းပြအဖြစ် ယူမည်။ သခင်ယေရှုအတွက် သစ္စာရှိစွာ ရပ်တည်မည်။

        တစ်ခါတစ်ရံမှာ ထိုကျန်ကြွင်းသူ အနည်းစုတို့သည် ဖိနှိပ်မှုနှင့် ညှဉ်းဆဲမှု ခံရကြသည်။ သို့ရာတွင် သူတို့သည် ဗာဗုလုန်အယူအဆနှင့်လူသားများ ထုတ်ပြန်သည့် အမိန့်များကို သမ္မာကျမ်းစာ သွန်သင်ချက်ထက်ဆန့်ကျင်ပြီး မလိုက်နာပါ။ သခင်ခရစ်တော်အစား ဗာဗုလုန်၏ လူသားခေါင်းဆောင်များကို အသင်းတော်၏ ခေါင်းဆောင်များအဖြစ် လက်မခံပါ။ ဗာဗုလုန်၏ ရုပ်တုဆင်းတု သဘောတရားများကို လက်မခံပါ။ သခင်ယေရှုအား တိုက်ရိုက်ဝတ်ပြုကိုးကွယ်သည်။ ဗာဗုလုန်တို့၏ ထာဝရဝိညာဉ်တည်ရှိမှုကို လက်မခံပါ။ ဗာဗုလုန်တို့၏ နေဘုရားကိုးကွယ်မှုကို လက်မခံပါ။

        မိတ်ဆွေတို့၊ သမ္မာကျမ်းသွန်သင်ချက်ကို နားလည်အောင်လုပ်ပြီး ဗျာဒိတ်ကျမ်းအခန်းကြီး (၁၇) တွင် ဖေါ်ပြခဲ့သည့် အနီရောင်ဝတ်မိန်းမသည် ရောမအသင်းတော်ဖြစ်ကြောင်း နားလည်ရမည်။ သူမ၏ သမီးများမှာ သူမ၏ခွက်ဖလားမှ သောက်ယူသည့် ပရိုတက်စတင့်အသင်းတော်များ ဖြစ်ပြီး သူမမှာ အမှားများကို လက်သင့်ခံကြခြင်း ဖြစ်သည်။ သို့ရာတွင် ရောမအသင်းတော် အတွင်း၌ပင်လျှင် ဘုရားသခင်သည် သူ၏ လူများရှိကြသည်။ သို့ပေမယ့် သူတို့သည် အန္တရယ်ကြီးရှိ နေပါသည်။ သူတို့၏ လုံခြုံရေးအတွက် ထိုရောမအသင်းတော်မှ ချက်ချင်းထွက်ခွာဖို့ လိုပါသည်။ (Janieson, Faisset and Brown Commentary, P.593).

        ကျွန်ုပ်ဆီကို အချို့လူများ လာရောက်ပြီး မေးပါသည်။ “ပါစတာ ကျွန်ုပ်တို့၏ အသင်းတော်တွင် နေပြီး ပြုပြင်ပေးလျှင် မရဖူးလား” ဘုရားသခင်က ပြောသည်။ ဗာဗုလုန်မှ ထွက်လာရမည်။ “အမှန်တရားကို စွန့်လွှတ်ပြီး ကမ္ဘာ့အလိုနှင့် လိုက်လျောညီထွေနေသော အသင်းတော်များတွင် အမှန်တရားကို လက်ခံသော မှန်ကန်သည့် အသင်းသားများရှိကြပါသည်။ သူတို့၏ လုံခြုံစိတ်ချမှုအတွက် ထိုနေရာမှ ထွက်ခွာရပါမည်။

        ခင်ဗျားတို့စဉ်းစားလျှင် စဉ်းစားပါလိမ့်မည်။ “အမှန်တရားကို ယုံကြည်ပြီး ရှိသည့်နေရာ၌ပင် နေလို့မရဖူးလား။ မိတ်ဆွေတို့၊ အမှန်တရားကို စွန့်လွှတ်ပြီး ကမ္ဘာ့အလိုနှင့် လိုက်လျောညီထွေနေတတ်သော အသင်းသားများ၌ မမြင်ရသော အမှန်တရားကို လက်ခံသည့် မှန်ကန်သော အသင်းသားများ ရှိကြပါသည်။ သို့ရာတွင် စိတ်ချလုံခြုံမှုအတွက် ထိုနေရာမှ ထွက်ခွာလာရမည်။ ဘုရားသခင်သည် သင်တို့အား ထွက်ခွာလာဖို့ ခေါ်နေသည်။ အဘယ်ကြောင့်ဆိုသော် ဗာဗုလုန်ကြီး ပြိုလဲနေပြီ။

        ကာတိုလစ်စာရေးဆရာကြီး Cardinal Gibbons သည် ဤသို့ဆိုသည်။ “စဉ်းစားဆင်ခြင်မှုနှင့် မူမှန်စိတ်အခြေအနေက ရွေးချယ်ရန် လမ်းနှစ်သွယ် ရှိပါသည်။ ပရိုတက်စတင့်ဖြစ်ပြီး စနေနေ့ကို ဥပုသ်နေ့အဖြစ် သန့်ရှင်းအောင် စောင့်ရှောက်ရပါမည်။ သို့တည်းမဟုတ် ကာတိုလစ်တစ်ဦးဖြစ်ပြီး တနင်္ဂနွေနေ့ကို သန့်ရှင်းအောင် ထားရမည်။ ညှိနှိုင်းလိုက်လျောမှုသည် လုံးဝမဖြစ်နိုင်ပါ။ (Catholic Mirror, December 23,1893). ဒီအချက်မှာတော့ Cardinal Gibbons နှင့် အတူ လုံးလုံးလျားလျား လက်ခံသဘောတူပါသည်။ ကာတိုလစ်၊ ကာဒီနယ်က ဤသို့ ညှိနှိုင်းလိုက်လျောမှု လုံးဝမပြုနိုင်ဘူးဆိုသည်မှာ အလွန်ပင် မှန်ကန်ပါသည်။ ဒီပြဿနာတွေက ရှင်းလွန်းပါသည်။ တစ်ခုခုကို ရွေးချယ်ရန် လိုအပ်ပါသည်။ အထောက်အထား ရှင်းလင်းနေပြီဖြစ်၍ ဆုံးဖြတ်ချက်ချရန် လိုအပ်ပါသည်။ ဘုရားသခင်သည် လူအပေါင်းတို့ကို ရပ်တည်ချက် လုပ်ဖို့ ခေါ်ယူနေပါသည်။ 

        ကျမ်းစာတော်မြတ်၏ စကားကို နားထောင်ကြည့်ပါ။ “သူသည် ကျယ်သောအသံနှင့် ကြွေးကြော်၏။ သူ၏ ရိုးရာအစဉ်အလာသည်လည်း ပြိုလဲပြီ။ ဤအသင်းတော်သည် ဝတ်ရုံတော် အနီနှင့်ခရမ်းရောင်မှာ ပြိုလဲနေပြီ။ ရုပ်တုဆင်းတုစနစ်တို့နှင့် အတူပြိုလဲပြီ။ မှားယွင်းသည့် သွန်သင်မှုနှင့် စပ်ဆုပ်စရာကောင်းသည့် စနစ်တို့သည် ပြိုလဲပြီ။ ကျမ်းစာတော်မြတ်နှင့် သွေဖည်ပြီး လမ်းလွဲသွားသည့် ယုံကြည်ချက်၊ လုပ်ဆောင်ချက်တို့သည် နိဂုံးချုပ်ခဲ့ပြီ။ 

        “အခြားသော ကောင်းကင်အသံကား၊ ငါ၏ လူမျိုးတို့၊ သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း၊ ကင်းလွတ်အံ့သောငှာ သူ၏ အထဲက ထွက်ကြလော့။” (ဗျာ၊ ၁၈း၄)။ သူ၏ အပြစ်ကိုမျှ၍ မခံရဘဲ ဗာဗုလုန်မှာ နေ၍ မရပါ။ ဗာဗုလုန်ကြီး ပြိုလဲပြီ။ သူကို ဘယ်လိုနည်းနှင့်မျှ ပြင်လို့မရပါ။ သင့်ရဲတာဝန်၊ သင့်ရဲ့အလုပ်ကတော့ ထွက်လာဖို့ပဲ ဖြစ်ပါသည်။ 

        ဘုရားသခင်သည် သစ္စာရှိသောသူတို့အား ဗာဗုလုန်၏ ခွက်ဖလားမှသောက်သုံးရသော အသင်းတော်များမှ ထွက်လာရန် ခေါ်နေပါသည်။ အချိန်သည် ကုန်လုပြီ ဖြစ်၍ ဆိုင်းနေ၍ မဖြစ်ပါ။ များမကြာမီ လူသားတိုင်းသည် နောက်ဆုံးရွေးချယ်မှု ပြုလုပ်ရတော့မည်။ ခရစ်တော်အတွက် လုံးလုံးလျားလျား သို့တည်းမဟုတ် ရိုးရာအစဉ် အလာအတွက်ကိုပဲလား။ အမှန်တရားဖက်ကိုပဲ ရွေးမှာလား သို့တည်းမဟုတ် မှားယွင်းသည့်ဖက်ကို ရွေးမှာလား၊ နှုတ်ကပတ်တော်ကျမ်းစာဖက်မှာ ရပ်တည်မှာလား သို့တည်းမဟုတ် လူသားများဖက်ကနှင့် လူသားတို့၏ အစား ရုပ်တုဆင်းတုဖက်မှ ရပ်တည်မှာလား။

        ကျွန်ုပ်တို့အတွက် စိတ်ချလုံခြုံမှုရှိသည့် တစ်ခုတည်းသောနည်းကတော့ ရိုးရာအစဉ်အလာကို အခြေခံသည့် အသင်းတော်ဝတ်ပြုကိုးကွယ်ခြင်း၌ ရုပ်တုဆင်းတုကို အသုံးချသည့် အသင်းတော်ခွက်ဖလားမှ သောက်သုံးခဲ့ပြီး တနင်္ဂနွေနေ့ဝတ်ပြုခြင်းကို ဆက်လက်ပြုလုပ်ခြင်း၊ ထိုသော အသင်းတော်များမှ ထွက်လာဖို့ဘုရားသခင်က တောင်းပန်နေပါသည်။

        သခင်ယေရှုကပြောသည် “ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။” (ယောဟန်၊ ၁၀း၂၇)။ သူကပြောသည် “ငါ့ကလေး၊ သင့်အား ငါတောင်းဆိုသည်။ အသင်းတော်တိုင်း၌ ရှိသောသူများအား သင်တို့၏ အယူအဆအမျိုးမျိုးကို ချန်ထားပြီး သမ္မာကျမ်းစာနောက်သို့ လိုက်လျှောက်ပါ။ ရိုးရာအစဉ်အလာကို အခြေခံသည့် အသင်းတော်များရှိ သူတို့၏ နှလုံးသားကို စကားပြောပြီး ထွက်လာဖို့ ဖိတ်ခေါ်ပါသည်။”

        ဟုတ်ပါသည်။ မိတ်ဆွေတို့ကို ကျွန်တော်တောင်းပန်ပါသည်။ သခင်ယေရှုနာမဖြင့် သင်တို့အား ကိုယ့်အလိုကို မလိုက်ဘဲ သူအလိုက် လိုက်လျှောက်ရန် တောင်းပန်သည်။ သင်၏ ကျမ်းစာတော်လက်မှာ ပိုက်ပြီး သခင်ယေရှုအား “အကျွန်ုပ်၏ နှလုံးသားကို ခေါ်နေသည်ကို ကြားပါ၏။ ဒိဠိများနှင့် ခရစ်ယာန်များ ထိုလွန်ခဲ့သည့်အချိန်များ၍ ပေါင်းစည်းခဲ့သည်ကို သိမြင်ပါ။ ထိုပြဿနာများကို ယခုရှင်းလင်းစွာ နားလည်ပါ၏။ နှစ်ပေါင်း (၁၈၀၀) ကျော်ကတည်းက အလျှော့အတင်း လိုက်လျောညှိနှိုင်းမှုများ ပြုခဲ့ကြသည်ကို ကျွန်တော်သိမြင်လာပါ၏။ ဘုရားသခင်သည် ကျန်ကြွင်းသော သားသမီးများကို ခေါ်ထုတ်လျက်ရှိသည်ကို ကြားရပါ၏။ သို့ဖြစ်၍  သခင်ယေရှုဘုရားအတွက် ကျွန်ုပ်ရပ်တည်ပေးပါမည်။ အကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်၌ ရပ်တည်မည်။ သခင်ခရစ်တော်နှင့် အတူ ရပ်တည်မည်။ အကျွန်ုပ်သည် တစ်ဦးတည်းပဲ ရပ်တည်နေပါရစေ ထွက်လာဖို့ကျွန်တော် ဆုံးဖြတ်သည်။”

        မိတ်ဆွေတို့၊ သင့်နှလုံးတွင် ယခုပင် ဆုံးဖြတ်ချက်ချပါလား။ သင့်စိတ်ထဲတွင် ဖြတ်ထားပြီး သခင်ယေရှုအာ “သခင်၊ သင်ပြောသော ဗာဗုလုန်ကြီးပြိုလဲပြီ ဖြစ်ကြောင်းကို ကြားသိရပါပြီ။ သခင်၏ တိုက်တွန်းချက်” ထွက်လာပါ။ ငါ့လူ အပေါင်းတို့အား ကြားပါပြီ။”

     သခင်ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် သင်တို့၏ နှလုံးသားအား နူးညံ့စွာ စကားပြောနေပါသည်။
သူသည် “ငါ့သား သင့်အား ငါချစ်သည်။ ကပ်ကြီးများနှင့် ဒုက္ခမရောက်စေလိုပါ။ ယခုသင့်အား ခေါ်ယူနေပါသည်” ဗာဗုလုန်ကြီးတွင် သခင်ယေရှု၏လူများ ကျန်ရှိနေပါသေးသည်။ “သင့်အား ခေါ်နေသည်ကို ကြားပါ၏လား၊ သင့်နှလုံးသားကို စကားပြောနေသည်ကို ကြားပါသလား။ ယခု အချိန်၌ပင် သင်သည် သခင်ယေရှုအား သခင်ယေရှု၊ သင့်အားချစ်ပါ၏။ သင့်နောက်သို့ လိုက်လျှောက်ရန် ဆုံးဖြတ်ပါ၏။ အဘယ်ကြောင့်ဆိုသော် သင့်အားချစ်ပါ၏။ သင်၏ ပညတ်တော်တို့ကို လိုက်လျှောက်သူများနှင့်အတူ ပါဝင်လိုပါ၏။ ကျွန်ုပ်အား နူးညံ့စွာ “ငါကိုချစ်လျှင် ငါ့ပညတ်ကို စောင့်ရှောက်ကြ ခေါ်လျက်ရှိသည်ကို ကြားရ၍ နောက်သို့လိုက်ရန် ဆုံးဖြတ်ပါ၏ သခင်” ဟူ၍ ပြောနိုင်ပြီလား။

အခန်း (၉) မည်သူ့ အလံကို လွှင့်ထူမည်နည်း

        တစ်ခါတစ်ရံသင်သည် ကမ္ဘာကြီးက ဒိုင်းကနဲမြည်ဟည်း ပျက်သုဉ်းသွားသည်ကို စဉ်းစားမိပါသလား။ မည်သူက ထိုထိုးနှက်သံကြီးကို ပြုလုပ်နေပါသလဲ။ အခြားတစ်နည်းပြောရမည်ဆိုလျှင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားခဲ့လျှင် ထိုပျက်စီးခြင်းအပုံပေါ်မှာ မည်သည့် အောင်လံတော်က လွှင့်ထူသွားမည် ဖြစ်ပါသနည်း။ ဘုရားသခင်မှာ အလံတော်ရှိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်အား သစ္စာခံမှုကို စိတ်ချအောင်ပြုလုပ်ပြီးပါ၏လား၊ တစ်ခုတည်းသော သမ္မာတရားကို သူ့မှာရှိသည်၊ ကိုယ့်မှာရှိသည် ယှဉ်ပြိုင်ဆိုနေသည့်ကြားမှ၊ ဘုရားသခင်ဖက်မှ သစ္စာခံရပ်တည်မှုသည် စိတ်ချရပြီလား။

        ယနေ့အချိန်အခါမှာတော့ လောင်းကြေးက ပိုမိုမြင့်မားပါသည်။ အပြန်အလှန် အသံဗလံတွေက ပိုမိုကျယ်လောင် နေပါသည်။ ယဉ်ကျေးမှုနှင့်ဘာသာရေး တိုက်ခိုက်မှုသည် ပိုမိုပြင်းထန်လာပါသည်။ ဘာသာရေးစစ်ပွဲများကို အလယ်ခေတ်တွင် ချန်ထားခဲ့ပြီလို့ ထင်ပါသည်။ ဘာသာရေးစစ်ပွဲများသည် တစ်ကျော့ပြန် ပြင်းထန်စွာ ရောက်လာပါသည်။ ထို့အပြင် လူအချို့တို့သည် သူတို့ရဲ့ အလိုမကျလျှင် သင်၏ကမ္ဘာကြီးကို ဖြိုချဖို့ ဝန်မလေးကြပါ။ သူတို့သည် မီးခိုးတလူလူနှင့် ထွက်သွားဖို့ သူတို့နှင့်အတူ ဆွဲခေါ် ဖို့ အဆင်သင့် ရှိကြသည်။ ပြီးလျှင် သူတို့ရဲ့ဘုရား၊ သူတို့ရဲ့ ယုံကြည်ချက်အပေါ် ပြင်းထန်သည့် သစ္စာခံယူချက်ကို ပြုလုပ်ကြသည်။ သူတို့သည် နောက်ဆုံးအချိန်ကာလ၌ သူတို့အလံတော်က လွှင့်ထူသွားမည်ဟု လုံးဝဥဿုံ ယုံကြည်ကြသည်။ ကျဆုံးသော်လည်း သူသည် ရပ်တည်နိုင်မည်ဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်ပါသည်။ 

        ဗာဗုလုန်သည် ထာဝရစဉ် တည်မြဲလိမ့်မည်ဟု သူဆိုသည်။ သို့ရာတွင် ကြီးမားသည့်လူထုကြီးက ရုပ်တုကြီးကို ပျပ်ဝပ်စွာ ခေါင်းငုံ့ဝတ်ပြုသည့်အခါ အစီအစဉ်တစ်ရပ်ကို အနှောင့်အယှက်ပေးသွားသည်က လူငယ်သုံးဦးတို့သည် မတ်တပ်ရပ်လျက်ရှိနေသည်။ သူတို့သည် ဂျူးလူမျိုးမင်းသားလေး သုံးပါးဖြစ်ပါသည်။ သူတို့သည် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ ဖြစ်ကြပါသည်။ သူတို့သည် ဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ်လာပြီး ဗာဗုလုန်အင်ပါယာကြီးကို ကူညီအုပ်ချုပ်ဖို့ လေ့ကျင့်ပေးထားသည့် လူငယ်များဖြစ်သည်။ အခုတော့ သူတို့သုံးဦးသည် လူထုကြီးကြားမှာ ယောင်ကိုင်းနေသောလက်မလို ထင်ပေါ်စွာ မြင်နေရသည်။ ဗာဗုလုန်အရာရှိများသည် နေဗုဒ်ခနေဇာမင်းကြီးသို့ မြန်ဆန်စွာ သတင်းပို့လိုက်သည်။ ဤအပြုအမူသည် သံတမန်ရေးရာ အမှားအယွင်း တစ်ခုမျှသာ မဟုတ်ပါ။ သစ္စာဖေါက်မှု တစ်ရပ်ပင် ဖြစ်သည်။ ဘုရင်မင်းမြတ်၏ သံတော်ဆင့်သည် မကြာသေးမီက အသံကျယ်လောင်စွာဖြင့် ကြေညာခဲ့ပြီး ဖြစ်၍ မလိုက်နာခဲ့သည့်လူငယ်သုံးဦးမှာ သစ္စာဖေါက်ခဲ့ကြောင်း ထင်ရှားပါသည်။ သံတော်ဆင့်၏ စကားမှာ ဒံယေလကျမ်းတွင် မှတ်တမ်းတင်ထားပါသည်။ “အသီးသီး အခြားခြားသော ဘာသာစကားကို ပြောသောလူအမျိုးမျိုးတို့ တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာအစရှိသော တူရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသောအခါ နေဗုဒ်ခဒ်နေဇာမင်းကြီးတည်ထောင်တော်မူသော ရွှေရုပ်တုကို ပျပ်ဝပ်ကိုးကွယ်ရမည်။ မပျပ်ဝပ်မကိုးကွယ်သော မည်သူကိုမဆို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ချင်းပစ်စေဟု အမိန့်တော်မြတ်ရှိသည်ဟု ဟစ်ကြော်၏။” (ဒံယေလ၊ ၃း၄-၆)

        ဘုရင်မင်းမြတ်သည် သူ၏ ရုပ်တုတော်ကို ဝတ်ပြုကိုးကွယ်ရန် စမ်းသပ်မှုသည် သူ့အပေါ်သစ္စာရှိမှုကို လိုလားခြင်းဖြစ်ပါသည်။ သူ့အပေါ်၌ လုံးလုံးလျားလျား သစ္စာခံယူဖို့ လိုလားသည်။ အခုတော့ ဟေဗြဲလူငယ်သုံးဦးတို့သည် ဆိုးရွားသည့်အဖြစ် နှင့် ကြုံတွေ့နေရပြီ။ သူတို့ငယ်စဉ်ကတည်းက ဝတ်ပြုကိုးကွယ်ခြင်း ခံထိုက်သူသည် ထာဝရဘုရားသခင် တစ်ပါးတည်းသာရှိကြောင်း သွန်သင်မှုခံရသည်။ ရုပ်တုရှေ့၌ ပျပ်ဝပ်ကိုးကွယ်ခြင်းသည် သူတို့၏ ယုံကြည်ခြင်းကို သစ္စာဖေါက်ရာကျပါသည်။ တစ်ဖက်မှာတော့ ပျပ်ဝပ်ကိုးကွယ်ခြင်း မပြုပါက သူတို့ကို မီးလောင်သတ်သေခြင်း ခံရမည်။

        အတော်ပင်ခက်ခဲသော ရွေးချယ်မှု တစ်ရပ်ပင် ဖြစ်သည်။ သင်သည် ဤအခြေအနေမျိုးတွင် မည်သို့ လုပ်ကိုင်ပါမည်နည်း။ ဤသစ္စာခံမှုများသည် မည်မျှ အရေးကြီးပါသနည်း။ ဤမေးခွန်းကတော့ အဓိက မေးခွန်းတစ်ခုဖြစ်သည်။ ယနေ့ မိမိကိုယ်ကို သတ်သေသည့် ဗုံးဖေါက်ခွဲရေးသမားတို့သည် သူတို့၏ ယုံကြည်ချက်အကြောင်းခံ တစ်ခုကြောင့် မိမိကိုယ်ကို အခြားအပြစ်မဲ့ အနီးအနားရှိသူများကိုပါ ဗုံးဖေါက်ခွဲ သတ်သေနေကြပါသည်။ စိတ်ဝင်စားစရာကောင်းသည်က နေဗုဒ်ခနေဇာ၏ အမိန့်တရားသည် ဗျာဒိတ်ကျမ်းတွင်လည်း ထူးခြားတူညီသည့် ဖြစ်ရပ်လည်းရှိပါသည်။ ဗျာဒိတ်ကျမ်း အခန်းကြီး (၁၃) တွင် ကာလအချိန်ဆုံးတွင် ဘုရားသခင်၏ လူတို့က ရင်ဆိုင်ရမည့် စိန်ခေါ်မှု တစ်ရပ်အကြောင်းကို ဖေါ်ပြထားပါသည်။ အန္တိခရစ်သည် သူ၏ သားရဲအားဖြင့် ရုပ်တုကို  တည်ထားပေးသည်။

        “သားရဲ၏ ရုပ်တုသည် စကားပြောနိုင်မည်အကြောင်းနှင့် မိမိကိုမကိုးကွယ်သော သူရှိသမျှတို့ကို သတ်ခြင်းငှာ ပြုနိုင်မည်အကြောင်း ရုပ်တု၌ အသက်သွင်းပေးရသော အခွင့်ကိုလည်းရ၏။ ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံရသောသူ၊ လွှတ်သောသူ အကြီးအငယ် ရှိသမျှတို့သည် လက်ျာလက်၌ ဖြစ်စေ၊ နဖူး၌ဖြစ်စေ၊ တံဆိတ်လက်မှတ်ကို ခံစေခြင်းငှာလည်းကောင်း၊ ထိုတံဆိတ်လက်မှတ်တည်းဟူသော သားရဲ၏ နာမဖြစ်စေ၊ နာမ၏ အရေအတွက်ဖြစ်စေ၊ တစ်ခုခုကိုမခံသော သူတစ်ယောက်မျှ မရောင်းမဝယ်စေခြင်းငှာလည်းကောင်း စီရင်၏။” (ဗျာဒိတ်၊ ၁၃း၁၅-၁၇)။ ဤအမိန့်နှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ သစ္စာခံမှုကိုကာလကုန်ဆုံးချိန်တွင် စမ်းသပ်မှု ခံရလိမ့်မည်။ နေဗုဒ်ခနေဇာ၏ အာဏာအမိန့်နှင့် ဗျာဒိတ်ကျမ်းပါ အမိန့်နှစ်ခု၏ စင်ပြိုင်တူညီမှုကို သတိပြုကြပါ။

- အမိန့်နှစ်ခုစလုံးတွင် ကမ္ဘာ့ခေါင်းဆောင်ကြီးက ရုပ်တုကိုကိုးကွယ်ဖို့ ဖိအားပေးသည်။

- အမိန့်နှစ်ခုစလုံးတွင် ဘုရားသခင်တစ်ဆူတည်းကိုသာ ဝတ်ပြုကိုးကွယ် ရမည့် ပညတ်တရားကို ဆန့်ကျင်သည်။

- အမိန့်နှစ်ခုစလုံးတွင် မလိုက်နာ မဆောင်ရွက်သူများကိုသတ်သေရန် အမိန့်ချမှတ်သည်။

        မည်သူကို ဦးညွတ်ပြီး ကိုးကွယ်မည်နည်း။ ဤမေးခွန်းသည် နောက်ဆုံးမေးရမည့် မေးခွန်းဖြစ်သည်။ တစ်နေ့နေ့ တစ်ကြိမ်ကြိမ်ကျလျှင် ယုံကြည်သူများသည် အင်အားကြီးမားသည့် ဘာသာရေးနှင့်နိုင်ငံရေးအာဏာပိုင်တို့နှင့် ရင်ဆိုင်ရပြီး ကျွန်ုပ်တို့၏ အကြွင်းမဲ့သစ္စာခံမှုကို တောင်းဆိုသွားမည်။ ပြဿနာသည် အလံတော်ဖြစ်ပါသည်။ ကောင်းသောဝတ်ပြုကိုးကွယ်ခြင်းနှင့် ဆိုးသည့် ဝတ်ပြုကိုးကွယ်ခြင်းရှိပါသည်။ စစ်မှန်သည့် ဝတ်ပြုကိုးကွယ်ခြင်းနှင့် လွဲမှားသည့် ဝတ်ပြုကိုးကွယ်ခြင်း ရှိတတ်ပါသည်။ ဘုရားသခင်၏ နာမကို ဟစ်ကြွေးခြင်း အားဖြင့် လူတို့သည် မှန်ကန်သည့် သစ္စာခံယူမှုရှိသည်ဟု မဆိုနိုင်ပါ။ သူတို့သည် ချီးမွမ်းထောမနာသံ မြင့်တင်သလို သူတို့၏ လက်ထဲ၌ တိုက်ခိုက်ရေးရိုင်ဖယ်သနတ်ကိုလည်း မြှောက်တင်ဝှေ့ရမ်း နိုင်ပါသည်။ 

        ဗျာဒိတ်ကျမ်း တစ်ခုလုံးတွင် ဝတ်ပြုကိုးကွယ်ခြင်း ဆောင်ပုဒ်နှင့်ပြည့်နေပါသည်။

- ဗျာဒိတ်ကျမ်း အခန်းကြီး (၄) တွင် သက်ရှိသတ္တဝါတို့သည် မြစိမ်းရောင်ကျောက်သက်တန့် အဆင်းရှိသည့် ဘုရားသခင်၏ ပလ္လင်တော်ရှေ့တွင် ဦးညွတ်လျက်ရှိပြီး နေ့ရောညပါ “သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မှု၏၊ သန့်ရှင်းတော်မှု၏၊ ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မှု၏။” (အခန်းငယ်၊ ၈)။

- ဗျာဒိတ်အခန်းကြီး ၅ တွင် ထောင်ပေါင်းများစွာသော ကောင်းကင်တမန်တို့သည် အသံကိုမြှင့်ပြီး “အသေသတ်ခြင်းကို ခံခဲ့ပြီးသော သိုးသငယ်သည် ကောင်းချီးမင်္ဂလာကို ခံထိုက်တော်မူ၏ ဟုဆိုသည်။ (အခန်းငယ် ၁၂)။

- ဗျာဒိတ်ကျမ်း အခန်းကြီး (၇) တွင် အသီးအသီးသော ဘာသာစကားပြောသည့် လူအုပ်ကြီးသည် စွန်ပလွံခက်ကို ကိုင်လျက် သူတို့၏ ကယ်တင်ရှင် ဘုရားသခင်၏ ရှေ့မှောက်တွင်ရပ်လျက် ကြွေးကြော်ကြ၏။ (အခန်းငယ် ၉ နှင့် ၁ဝ )။

        ဤကဲ့သို့သော မြင်ကွင်းများသည် ထပ်ခါတလဲလဲဆက်၍ မြင်ရပြီး နောက်ဆုံးတော့ ယေရုရှလင်မြို့သစ်တွင် ပျော်ရွှင်မှုကောင်းသည့် ဝတ်ပြုကိုးကွယ်မှုကို ပြုလုပ်နိုင်သည်။ သို့ရာ၌ ဗျာဒိတ်ကျမ်း၏အနှစ်တွက် ဤအကြောင်းအရာ ဆောင်ပုဒ် ဝင်ရောက်လာသည်ကို လေ့လာကြစို့။

        ဗျာဒိတ်ကျမ်း အခန်းကြီး ၁၂ နှင့် ၁၃ တွင် ဆိုးညစ်သည့် အင်အားစုကို သတ္တဝါသင်္ကေတအားဖြင့် ဖေါ်ပြထားပါသည်။ သားရဲ၊ နဂါးနှင့် မိစ္ဆာပုရောဖက်တို့သည် လူတိုင်းကို သားရဲ၏ ရုပ်တုကို ဦးညွတ်ဒူးထောက် စေသည်။ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၄ တွင် ဘုရားသခင်က သူတို့၏ စိတ်လှုပ်ရှားစရာဖြစ်အောင် တုံ့ပြန်ခဲ့သည်။ မှားယွင်းသည့် ဝတ်ပြုကိုးကွယ်ခြင်းအပေါ် ဘုရားသခင်၏ ပြန်လည်တုံ့ပြန်မှု ဖြစ်သည်။ ကမ္ဘာကြီးကို ဘုရားသခင်က နောက်ဆုံးသတိပေးခြင်း ဖြစ်ပါသည်။ ဤနောက်ဆုံးသတိပေးခြင်း သတင်းကို ကောင်းကင်တမန်သုံးပါးက ကောင်းကင်ယံတွင် ထာဝရဧဝံဂေလိ တရားတော်ကို ကြေညာကြ ပါသည်။ သူတို့ ဤသို့ဆိုကြသည်။ “ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မှုသောအရှင်ကို ကိုးကွယ်ကြလော့။” (ဗျာ၊ ၁၄း၇)။ မည်သူ့ကို ကိုးကွယ်ရန် ဖိတ်ခေါ်တော်မှုသနည်း။ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းသူ၊ သတ္တဝါအားလုံးကို ဇီဝအသက်ကို မှုတ်သွင်းသူဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဖန်ဆင်းသူတစ်ဦးတည်းသာလျှင် ကျွန်ုပ်တို့အား စီရင်ပိုင်ခွင့်ရှိသည်။ မှန်ကန်သော ဝတ်ပြုကိုးကွယ်မှုသည် ဘုရားသခင်အား အာရုံပြုပါသည်။ သူသည် ကျွန်ုပ်တို့အထက်တွင် ဖန်ဆင်းရှင်အဖြစ်နှင့် သော်လည်းကောင်း၊ စီရင်သူအဖြစ်နှင့်သော်လည်းကောင်း ရပ်တည်နေပါသည်။

        ဗျာဒိတ်ကျမ်း အခန်းကြီး (၁၄) ပါ ကောင်းကင်တမန်သည် သားရဲကိုကိုးကွယ်သော သူတို့၏ ကြောက်မက်ဖွယ်ရာ.. အနာဂတ်ကို သတိပေးပါသည်။ “သားရဲနှင့် သူ၏ ရုပ်တုကို ကိုးကွယ်၍ ထိုသူသည်ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော်စပျစ်ရည်ကို သောက်ရလိမ့်မည်။” (ဗျာဒိတ်၊ ၁၄း၉၊၁၀)။ ဒီနေရာမှာ ပထမကောင်းကင်တမန်၏ သတင်းစကားကို ဆန့်ကျင့်ဘက်ပြုသည့် သတင်းစကားတို့၏ အပြန်အလှန် နှစ်ခုကို တွေ့ရပါသည်။ ကျွန်ုပ်တို့သည် သားရဲကို မကိုးကွယ်ရ၊ ဖန်ဆင်းရှင်ကိုသာ ကိုးကွယ်ရမည်။ တစ်ဖက်က လူထု လုပ်ပုံသွင်းထားသည့် အရာများကို မှားယွင်းစွာ သစ္စာခံဖို့ ခေါ်ယူနေပါသည်။ “ဤရွေးချယ်ရာနှစ်ရပ်သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ရပ်တည်နေပါသည်။ ကောင်းကင်တမန်၏ သတင်းစကားကတော့ ဘုရားသခင်ကို ချီးမွမ်းဂုဏ်ပြုရန်နှင့် ဖန်ဆင်းရှင်အနေဖြင့် ဝတ်ပြုကိုးကွယ်ရန် ဖြစ်ပါသည်။ သားရဲကို ကိုးကွယ်လျှင် သေခြင်းပေတည်း။ သို့ဖြစ်၍ လိုက်လျောညီထွေဖြစ်အောင် ဖိအားခံရလျှင် ကျွန်ုပ်တို့က မည်ကဲ့သို့ ရပ်တည်ပါမည်နည်း။ သူ၏ရုပ်တုကို မကိုးကွယ်မိရန် မည်ကဲ့သို့ လုပ်ရပါမည်နည်း။ ဤနေရာမှာတော့ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်အားခြွင်းချက်မရှိ ယုံကြည်မှုထားပြီး သူ၏နာမကို ဂုဏ်ပြုခြင်းအားဖြင့် သူ၏ တန်ခိုးအာဏာသည် အရာရာတိုင်းကို လွှမ်းမိုးအောင်နိုင်ခြင်းကို ရရှိသွားလိမ့်မည်။

        ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်အဖြစ် ခြွင်းချက်မရှိ သစ္စာခံသွားနိုင်ရန် အပတ်စဉ်တွင် ပြသရန် အခွင့်အရေးပေးပါသည်။ ဤအပြုအမူသည် သူ့အား ဖန်ဆင်းရှင်အဖြစ်နှင့် သခင်အဖြစ် ဆည်းကပ်အပ်နှံမှု သက်သေပင် ဖြစ်သည်။ ကျွန်ုပ် တို့၏ သစ္စာနှင့်သစ္စာစောင့်သိမှုကို ဖေါ်ပြခြင်းဖြစ်သည်။ ဒီသစ္စာ စောင့်သိမှုသည် ပညတ်တော်ဆယ်ပါး၏ စတုတ္ထပညတ်တွင် တွေ့ရပါသည်။ ဤအချက်ကို ခရစ်ယာန်ခပ်များများက လျစ်လျူရှုမိခဲ့သည်။ “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထာဝရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာအရပ်ရပ်တို့၌ ရှိရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာ နေတော်မှု၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မှု၏။” (ထွက်၊ ၂၀း၈-၁၁)

        မည်သည့်အတွက်ကြောင့် သတ္တမနေ့ စနေနေ့ကို စောင့်ရှောက်ရမည်နည်း။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခြင်း၏ အောက်မေ့ဖွယ်ရာနေ့ ဖြစ်သည်။ ဤနေ့သည် ကျွန်ုပ်တို့အား ဖန်ဆင်းရှင်းနှင့်ချည်နှောင်မှု ပြုခဲ့သည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းအမှု ပြီးမြောက်၍ နားနေရာနေ့ ဖြစ်သည်။ စတုတ္ထပညတ်သည် မိုးကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသူအား သတိရအောက်မေ့ရန် ဖြစ်ပါသည်။ သို့ဖြစ်၍ ဥပုသ်နေ့သည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်အား ချစ်ခြင်းနှင့်သစ္စာစောင့်သိမှု အထိမ်းအမှတ်ဖြစ်သည်။ ဥပုသ်နေ့သည် မှားယွင်းသော သစ္စာခံမှုမှ ကာကွယ်ပေးသည်။ ဗျာဒိတ်ကျမ်းမှာ ရှိသည့် အန္တိခရစ်၏အမိန့်တော်ဖြစ်သော သားရဲ၏ ရုပ်တုကို ပျပ်ဝပ်ကိုးကွယ်ဖို့ လူတိုင်းအား အသေသတ်ခြင်းနှင့် ခြိမ်းခြောက်သော သစ္စာခံယူမှုမျိုးကို တစ်ခါလောက် ပြန်လည်စဉ်းစားကြည့်ပါ။ သမ္မာကျမ်းစာ၏ နောက်ဆုံးစာအုပ် ဗျာဒိတ်ကျမ်းသည် မီးခင်းသောလမ်းတည်းဟူသော ဒုက္ခသည်များသည် ကမ္ဘာ့သမိုင်းတွင် မကြုံစဖူးရောက်ရှိလာမည့်အကြောင်း ဖေါ်ပြထားပါသည်။ ဘုရားသခင်နောက်သို့ လိုက်လျှောက်သူများသည် ပညတ်တော်နှင့် ပတ်သက်သော ပြဿနာများနှင့်ရင်ဆိုင်ရလိမ့်မည်။ အာဏာကို မတရားသုံးစွဲခြင်းဖြင့် အတင်းအကြပ်ဝတ်ပြုကိုးကွယ်မှုကို ပြုလုပ်ခံရလိမ့်မည်။

        သို့ဖြစ်၍ မှန်ကန်သောဘုရားကို မှန်ကန်သောနည်းလမ်းဖြင့် ဝတ်ပြုကိုးကွယ်ကြောင်း စိတ်ချယုံကြည်ရန် လိုအပ်ပါသည်။ အဲဒါသည် ပြဿနာအရင်း အချာတစ်ရပ် ဖြစ်ပါသည်။ ဒုရကွင်းပြင်တွင် ရပ်လျက်ရှိနေသောဟေဗြဲလူငယ် သုံးဦးတို့သည် ဤပြဿနာကို ကောင်းစွာ နားလည်ပါသည်။ ဤအကြောင်းအရာ နှင့် ပတ်သက်၍ ပြန်ကြည့်ကြပါစို့။ ဘုရင်ကြီး နေဗုဒ်ခနေဇာသည် သူ၏ အောင်မြင်မှုအချိန်တွင် နှောင့်ယှက်ခြင်းခံရ၍ အမှန်တကယ်ပင် ဒေါသထွက်တော့သည်။ ထိုဟေဗြဲ လူငယ်သုံးဦးကို သူ့ ရှေ့မှောက်တွင် ခေါ်ယူပြီး မီးပြင်းစွာလောင်နေသော မီးဖိုဆီသို့ သူလက်ညှိုးထိုးပြသည်။ သူသည် တိုက်ရိုက်ဘဲ မေးတော့သည်။ “ငါ၏ လက်မှ ကယ်လွှတ်နိုင်သော ဘုရားကား အဘယ်ဘုရား ရှိသနည်း” (ဒံယေလ၊ ၃း၁၅)။ ထိုဟေဗြဲ လူငယ်သုံးဦးကို ပြန်လည်ဖြေကြားချက်မှာ အမှန်တကယ်ပင် ထင်ပေါ်ကျော်ကြားခဲ့သည်။ ကြောက်ရွံ့ခြင်း ကင်းမဲ့စွာဖြင့် သူတို့၏အဖြေမှာ အရှင်မင်းကြီး နေဗုဒ်ခနေဇာ အကျွန်ုပ်တို့ ကိုးကွယ်သော ဘုရားသခင်သည် မီးလောင်လျက်ရှိသော မီးဖိုထဲက အကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်တော်မှု၏။ ကိုယ်တော်၏ လက်မှလည်း ကယ်လွှတ်တော်မှုလိမ့်မည်။ ထိုသို့ ကယ်လွှတ်တော်မမူတော်လည်း အရှင်မင်းကြီး၊ ကိုယ်တော်၏ ဘုရားတို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါ။” (ဒံယေလ၊ ၃း၁၆-၁၈)။

        ဤလူငယ်များသည် ဝင့်ကြွားသော ဘုရင်အား မဆိုင်းမတွပြန်လည် ဖြေကြားခဲ့သည်။ ကောင်းကင်နှင့် မြေကြီး အရှင်သခင်ဘုရားသခင်အား သစ္စာခံယူမှုအားဖြင့် ပြန်လည်ဖြေကြားခြင်းဖြစ်သည်။ သူတို့အား သေဘေးမှ မကယ်လွှတ်သည့်တိုင်အောင် ဘုရားရှင်တစ်ဦးတည်းကိုသာ ဝတ်ပြုကိုးကွယ်မည် ဖြစ်ကြောင်း ဆက်ကပ်အပ်နှံခဲ့ပါသည်။ ဤသို့ဖြေကြားသည့်အတွက် ရလဒ်က ဘယ်လိုဖြစ်ပါသလဲ။ ဒေါသဖြစ်နေသော နေဗုဒ်ခနေဇာမင်းကြီးသည် မီးဖိုကို အဆမတန်ပြင်းအောင် မီးထိုးစေသည်။ ပြီးလျှင်ထိုဟေဗြဲ လူငယ်သုံးဦးကို မီးထဲသို့ ပစ်ထည့်လိုက်သည်။ သူထင်သည်က ဟေဗြဲလူငယ်တို့၏ ဘုရားသည် သူတို့အား ကယ်လွှတ်မည် မဟုတ်ကြောင်း ယုံကြည်သည်။ သို့ရာတွင် ဘုရားသခင်သည် သူတို့အား ကယ်လွှတ်ပါသည်။ လောင်ကျွမ်းနေသော မီးဖိုထဲတွင် သူကိုယ်ရောင်ထင်ဟပ်စေသည်။ နေဗုခဒ်နေဇာ မင်းကြီးသည် ဟေဗြဲလူငယ် သုံးဦးဘေးတွင် နောက်ထပ်သော တစ်ယောက်ကို အံ့အားသင့်စွာ မြင် လိုက်သည်။ သူအော်၍ ပြောသည်မှာ “လူလေးယောက်တို့သည် မတုတ်နှောင်ဘဲ မီးထဲ၌ သွားလာ၍ ဘေးဥပါဒ်နှင့်ကင်းလွှတ်သည်ကို ငါမြင်သည်တကား။ စတုတ္ထသူသည် ဘုရားသား၏ အဆင်းသဏ္ဌန်ရှိသည်။ (ဒံယေလ၊ ၃း၂၅)။ မီးဖိုထဲသို့ လူသုံးဦး ပစ်ထည့်သည်။ သို့ရာတွင် မီးဖိုထဲ၌ လူလေးဦး ပကတိ ကောင်းမွန်ရှင်သန်စွာ ရှိကြပါသည်။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် ဘုရားသခင်၏ သားတော်နှင့်အတူ ယှဉ်တွဲပြီး မီးဖိုထဲတွင် လမ်းလျှောက်နေကြပါသည်။

        ဒံယေလကျမ်းသည် ကျွန်ုပ်တို့ကို အရေးကြီးသော အကြောင်းအရာတစ်ရပ်ကို သင်ကြားပေးနေပါသည်။ ဗျာဒိတ်ကျမ်း၌ ဖေါ်ပြသည့် နောက်ဆုံးကာလ ပြဿနာများနှင့် ပတ်သက်၍ ကျွန်ုပ်တို့အား တုန်လှုပ်ကြောက်ရွံ့ဖို့ မလိုပါ။ ကျွန်ုပ်တို့၏ အဖဘုရားသခင်ကို အနှီးကပ်မြင်နိုင်ဖို့ အခွင့်အရေးရရှိနိုင်ခြင်း ဖြစ်ပါသည်။ ဤဟေဗြဲ လူငယ်သုံးဦးတို့သည် သူတို့၏အာရုံ၌ ကြီးမြတ်သော ဘုရားပေါ်၌ စိုက်ထားပါသည်။ သူတို့၏ စမ်းသပ်ရာ အချိန်နာရီတွင် သူတို့သည် ကြီးမြတ်သော ဘုရားကသူတို့နှင့်အတူ ရှိခဲ့သည်ကို တွေ့လိုက်ရသည်။ ဒီလိုမျိုး ချွင်းချက်မရှိ သစ္စာရှိမှုနှင့် ခံယူမှုတို့သည် ကျွန်ုပ်တို့အတွက် အံ့ဖွယ်သောအရာတို့ကို ပြုလုပ်ပေးနိုင်သည်။ အဆိုးဆုံးအချိန်တွက် ဘုရားသခင်ကို နီးကပ်လာအောင် ဆောင်ယူနိုင်ပါသည်။ 

        ဤလို ထူးခြားသည့် ယုံကြည်ချက်မျိုးကို ပြသခဲ့သည့် လူထူးဆန်းတစ်ဦးအကြောင်းကို ပြောပြချင်ပါသည်။ သူ့အကြောင်းကို အိန္ဒိယပြည် ဧဝံဂေလိတရားဟောဆရာ ဆွန်ဒါဆင်းမှ တစ်ဆင့်ကြားသိရသည်။ ဟိမဝန္တာခရီးစဉ် တစ်လျှောက်တွင် တီဘက်တရားဟောဆရာ တစ်ဦးအား တွေ့ရှိခဲ့ရသည်။ ထိုတရားဟောဆရာသည် အခြားသော တရားဟောဆရာများ ညှဉ်းဆဲခံရသော်လည်း သူ့အား ဒေသခံလူများက တလေးတစားဆက်ဆံကြသည်။ ဒီတရားဟောဆရာသည် သခင်ခရစ်တော်အကြောင်း ရဲဝံ့စွာ ဟောပြောနိုင်ပါသည်။ သူ့အား အန္တရယ်ပေးနိုင်သည်ကို သူစိုးရိမ်မှု မရှိပါ။

        တစ်ကြိမ်တစ်ခါတုံးက သူသည် လားမားဘုန်းတော်ကြီး တစ်ပါး၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ပန်ဂျပ်နိုင်ငံမှ ဧည့်သည်အဖြစ်ရောက်ရှိလာသည့် ခရစ်ယာန်တစ်ဦးထံမှ ဧဝံဂေလိသတင်းစကားကိုကြားသိရပြီး မကြာမီ သခင်ယေရှု၏ နောက်လိုက်သူအဖြစ် မိမိကိုယ်ကို ကြေညာခဲ့သည်။ ဒီအကြောင်း ပထမဦးဆုံးကြားရသူက သူ့ရဲ့ဆရာလားမားဘုန်းတော်ကြီးပဲ ဖြစ်ပါသည်။ ဤဘုန်းတော်ကြီးသည် အသိအမြင် အတွေ့အကြုံမရှိသူ တစ်ဦးဖြစ်ပါသည်။ တယူသန်သမားလည်း ဖြစ်ပါသည်။ ရက်အနည်းငယ် ကြာသည့်အခါ ဤတိဘက် တရားဟောဆရာကို သေဒဏ် ပေးလိုက်သည်။ အားသန်သည့်လူကြီးများသည် သူ့အားအမွှေးရှည်တိဘက် နွားရိုင်း၏ အရေခွံအစိုနှင့်ပတ်ပြီး ကြပ်တည်းစွာစည်း၍ ချုပ်ယူထားလိုက်သည်။ သူ့အား လားမားဘုန်းတော်ကြီးကျောင်းရှေ့ နေပူကျဲကျဲမှာ ထားလိုက်သည်။ အဲဒီမှာ သားရေကျုံ့ပြီး သူ့အား ဖိသတ်လိမ့်မည်။ သို့ရာတွင် တရားဆရာ မသေသည့်အတွက် သံပူချောင်းများကို သားရေစိုကို ထိုးဖေါက်ပြီး သူ၏ ကိုယ်အတွင်းသို့အထိ ထိုးသွင်းလိုက်သည်။ နောက်ပိုင်းမှာ ထိုဆရာ၏ ကိုယ်ကိုပတ်ထားသော သားရေကိုခွါပြီး လမ်းတစ်လျှောက်လုံး ဒရွတ်ထိုးဆွဲသွားပြီး မြို့ပြင် အမှိုက်ပုံဆီသို့ သွားကြသည်။ ဆက်လက်ပြီး တရားဟောဆရာကို ညှဉ်းဆဲ၍ သူ့အား နွားချေးပုံပေါ်မှာ ပစ်ထားခဲ့သည်။ သူအသက်ရှိပုံ မပေါ်သည့်အခါ လူအုပ်ကြီး ထွက်ခွာသွားသည်။ လင်းတများလည်း စုရုံးလာကြတော့သည်။ သို့သော်လည်း ဤစုတ်ပြတ်နေသော သူသည် မသေသွားပါ။ သူသည် တစ်ဖြေးဖြေး ကုန်ကတ်ပြီး ထွက်သွားနိုင်၍ ပြန်လည် ကောင်းလာနိုင်သည်။ သူသည် မထွက်ပြေးဘဲ ရွာထဲသို့ ပြန်လာသောအခါ ခရစ်တော်ဘုရားအကြောင်း တရားဟောကြားတော့သည်။ သူ၏ ယုံကြည်ချက်ကို သက်သေခံနိုင်သေးသည်။ သူသည် ကြီးမြတ်သော ဘုရားအကြောင်းကို ဟောပြောနိုင်သေးသည်။ ဒီတစ်ခါတော့ လူတွေကသူ့စကားကို အံ့ဩစွာဖြင့် နားထောင်နိုင်ကြသည်။ 

        တောက်လောင်နေသည့် မီးဖိုကြီးထဲမှ ဟေဗြဲသုံးဦးတို့သည်လည်း အတော်ပင် အထင်ကြီးခံရသည်။ နေဗုခဒ်နေဇာမင်းကြီးသည် မီးဖိုအနီးသို့သွားပြီး ထွက်လာရန် သူတို့အား ခေါ်ပါသည်။ သူတို့တစ်တွေ ထွက်လာသည့်အခါ လူအုပ်ကြီးက သူတို့အနားမှာ ဝိုင်းရံထားသည် သူတို့သတိပြုလိုက်သည်မှာ ထိုလူငယ် သုံးဦး၏ ဆံပင်များပင် လောင်ကျွမ်းခြင်း မရှိသည်ကို တွေ့ကြသည်။ သူတို့၏ အဝတ်အစားများ မီးလောင် အညှော်နံ့ပင် မရှိပါ။ နောက်ဆုံးတော့ မီးများလောင်ကျွမ်းနိုင်သည့် အရာက သူတို့ကိုချည်နှောင်ထားသော ကြိုးများသာလျှင် လောင်သွားပြီး သူတို့ချည်နှောင်ခြင်းမှ လွတ်ကင်းသွား သည်။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့သည် မီးဖိုကြီးထဲမှ အောင်မြင်သူများအဖြစ် ထွက်လာခဲ့သည်။ နေဗုခဒ်နေဇာ မင်းကြီးသည် ပထမဆုံးအကြိမ် သူ့ထက်ကြီးမြတ်သူ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိကြောင်း သူသဘောပေါက်လာသည်။ သူလက်ခံသွားသည်က ဤဟေဗြဲ လူငယ်သုံးဦးတို့သည် “အမြင့်မြတ်ဆုံးဘုရားသခင်၏ အစေခံများ” ဖြစ်ကြောင်း သူသဘော ပေါက်သွားသည်။ ဒီအချိန် မတိုင်မီအထိ သူသည် သူ၏ကြီးမားသော ရွှေရုပ်တုအားဖြင့် သူ့ကိုယ်ကို အကြီးမြတ်ဆုံးဖြစ်ဖို့ ကြိုးစားခဲ့သည်။

        ယခုတော့ သူ့မှာ ထူးခြားသည့် ဝန်ခံချက်ကို ပြုလုပ်သွားတော့သည်။ ဒံယေလ အခန်းကြီး (၃) တွင် တွေ့ရပါသည်။ “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်သည် မင်္ဂလာရှိစေတော်မှုသတည်း။ မိမိတို့ဘုရားမှတစ်ပါး အခြားသောဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည့်အကြောင်း ဘုရားသခင်ကိုယုံကြည်ကိုးစား၍ မင်းကြီး၏အမိန့်တော်ကို ဆန်လျက် မိမိကိုယ်ကိုပင် အပ်နှံသော ကျွန်တော်ရင်း ရှိရာသို့ ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ ကယ်တင်တော်မူပြီ။ (ဒံယေလ၊ ၃း၂၈)။ နေဗုခဒ်နေဇာမင်းကြီး၏ ဒေါသသည် လေးစားမှုသို့ ပြောင်းလဲသွားပါသည်။ သူသည် အခြားသော သစ္စာခံမှုသည်လည်းအရေးကြီးကြောင်းကို သဘော ပေါက်သွား ပါသည်။ သူသည် မှန်သောဘုရားကို မှန်ကန်သည့်နည်းဖြင့် ဝတ်ပြုကိုးကွယ်ရန် လိုအပ်ကြောင်း သဘောပေါက်သွားသည်။ ဒုက္ခရောက်သည့်အခါ နီးကပ်စွာ လာရောက်ကူညီမှုပြုသော ဘုရားကို ဦးညွတ်ကိုးကွယ်ရန်လိုကြောင်း နားလည်သွားပါသည်။ ထိုဘုရားကိုသာ ယနေ့တွင် ကျွန်ုပ်တို့၏ သစ္စာခံယူမှုနှင့် ထိုက်တန်ပါသည်။ 

        မိတ်ဆွေတို့၊ ကမ္ဘာ့သမိုင်းသည် အထွတ်အထိပ် အခြေအနေသို့ ဦးတည်နေပါသည်။ သစ္စာခံယူမှု နှစ်မျိုးသည် ဤသို့ ဂြိုဟ်ကမ္ဘာပေါ်မှာ အထွတ်အထိပ် အသာစည်း ရရှိမှုအတွက် တိုက်ပွဲဝင်နေကြသည်။ ဝတ်ပြုကိုးကွယ်မှု နှစ်မျိုးရုန်းကန် နေကြသည်။ ကောင်းကင်ဘုံရှင် အရှင်ဘုရားကိုဘဲ ကိုးကွယ်လျှင် ကိုးကွယ် (သို့တည်းမဟုတ်) လူလုပ်သော အရာတို့ကို ကိုးကွယ်ရပါမည်။ ကောင်းကင်မြေကြီးအရှင်သခင်ကိုပဲ ကိုးကွယ်လျှင် ကိုးကွယ် (သို့တည်းမဟုတ်) ကမ္ဘာပေါ်မှာ လောကနိဗ္ဗာန်ပေးမယ်လို့ ကတိပြုသူအား ကိုးကွယ်ရပါမည်။ ကျွန်ုပ်တို့၏ ယုံကြည်ချက်ကို မြင်နိုင်သော သန့်ရှင်းမြင့်မြတ်သည့် ဘုရားသခင်အား သစ္စာခံယူမည်။ (သို့တည်းမဟုတ်) ပြိုးပြိုးပြက်ပြက် တောက်ပနေသော ရုပ်တု၏ ဖမ်းစားခြင်းကို ခံရမည်လား (သို့တည်းမဟုတ်) လူအုပ်ကြီးနှင့် ရောပါသွားမည်လား။ သမ္မာကျမ်းစာတော်၏ ပုရောဖက်များ စကားတို့သည်ခေတ်အဆက်ဆက်၏ စင်္ကြံလမ်းမပေါ်မှ ပဲ့တင်ထပ်လျက်နေသည်။ ယနေ့တွင် ခရာသံများဖြင့် ကျွန်ုပ်တို့ကို စကားပြောနေပါသည်။

        “ငါနှင့်သူတို့ စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေခြင်းငှာ ငါ၏ဥပုသ် နေ့တို့ကို ငါခန့်ထား၏” (ယေဇကျေလ၊ ၂၀း၁၂)။ 

    “ထိုသို့ပြုသောသူ။ အမြဲစွမ်းလမ်းသော လူသားသည် ဥပုသ်နေ့ကို မရှုတ်မချ၊ စောင့်ရှောက်၍ မိမိလက်ကို ဒုစရိုက်နှင့်ကင်းစင်သူသည်မင်္ဂလာရှိ၏” (ဟေရှာယ၊ ၅၆း၂)

        “အသက်ပင်နှင့် ဆိုင်၍ မြို့ဝင်ပေါက် တံခါးအတွင်းသို့ ဝင်အံ့သောငှာ ပညတ်တော်တို့ကို ကျင့်သော သူတို့သည် မင်္ဂလာရှိကြ၏” (ဗျာဒိတ်၊ ၂၂း၁၄)

        နည်းလမ်းကြီး နည်းလမ်းငယ် အသွယ်သွယ်ဖြင့် တိုက်ပွဲမျဉ်းကြောင်းကတော့ ရေးဆွဲနေပါပြီ။ မုန်းတီးမှုကို ဘာသာရေး စိတ်အားထက်သန်မှု အဖြစ် လှည့်ကွက် ပြုသည်။ အယူသည်းအစွန်းရောက်သော ဘာသာရေး သစ္စာခံယူမှုကို တစ်ခုတည်းသော ယုံကြည်ချက် အမှန်တရားအဖြစ်ယူဆကြသည်။ ငါ့ဖက်က၊ ငါ့ဓလေ့ထုံးတမ်းတို့သည် ဘုရားသခင်၏ ပညတ်တရားကို အစားထိုးလိုက်သည်။ စာတန်၏ အင်ပါယာနှင့် ခရစ်တော်၏ အင်ပါယာတို့၏ စစ်မြေပြင် မျဉ်းကြောင်းသည် ရေးဆွဲလျက် ရှိနေပါ ပြီ။ လူဆိုးများလည်း ဦးထုပ်ဖြူ အမြဲဆောင်းထားလျက် မရှိကြပါ။

        ဤအုပ်စု၊ ထိုအုပ်စုတို့ကိုမရှုတ်ချနိုင်ပါ။ ဤယဉ်းကျေးမှု ထိုယှဉ်ကျေးမှုကို ဖယ်ထုတ်လို့ မရပါ။ သခင်ယေရှုပြောသလို ဂျုံနှင့်ပေါင်းပင်များသည် အတူတကွရောပြီး ပေါက်နေသည်။ ကောင်းခြင်းနှင့်ဆိုးခြင်းတို့သည် ရောယှက်နေပါသည်။ သို့ရာတွင် ခွဲခြမ်းထားသော မျဉ်းသည် မှိန်၍ မသွားပါ။ တစ်ဦးချင်းတို့၏ နှလုံးသားတွင် ခင်း၍ နေပါသည်။ ပြတ်သားသည့် ခွဲခြားမှု ရှိပါသည်။ ကျွန်ုပ်တို့၏ သစ္စာခံယူမှု ဘယ်မှာ ရှိပါသလဲ။ ကျွန်ုပ်တို့ထက် ကြီးမြတ်သူ ရှေ့မှောက်တွင် ပျပ်ဝပ်ကိုးကွယ် မှုပြုပါသလား။ သို့တည်းမဟုတ် ကျွန်ုပ်တို့ပြုလုပ်ထားသော ရုပ်တု၊ ကျွန်ုပ်တို့၏ တစ်ဖက်စောင်းအမြင်နှင့် လိုက်ဖက်အောင်ပြုလုပ်ခြင်း၊ ကျွန်ုပ်တို့၏ ဓလေ့ထုံးစံနှင့် ကိုယ်ပိုင်အမှန်တရားဖက်၌ သစ္စာခံယူ ရပ်တည်နေပါသလား။ ကျွန်ုပ်သည် ဒုရကွင်းပြင်တွင် ရပ်ရှိသော ဟေဗြဲလူငယ်သုံးဦးနှင့် ရပ်နေချင်ပါသည်။ ယခုပင် သူတို့နှင့်အတူ ရပ်ချင်ပါသည်။ ကာလကုန်ချိန်တွင် သူတို့နှင့်အတူ ရပ်ချင်ပါသည်။ နောက်ပြီး ကျွန်တော်ယုံကြည်သည်က သူတို့မှာရှိသည့် ယုံကြည်ချက်မျိုးမှာ ကျွန်ုပ်တို့ အားလုံးမှာလည်း ရှိနိုင်မည် ဖြစ်ပါသည်။ ဤယုံကြည်ချက်များသည် အချိန်ကာလ ကြမ်းတမ်းလာသည့်အခါ မားမားမတ်မတ် ရပ်တည်နိုင်ပါလိမ့်မည်။ တွေးပုံခေါ်ပုံ အပေါ်၌သာ မူတည်နေပါသည်။

        ကျွန်ုပ်တို့၏ အသက်တာအလယ်တွင် ဘာကိုဦးစားပေး ရွေးချယ်ထားပါသလဲ မည်သူက နံပါတ်(၁) နေရာရပါသလဲ။ မည်သူ့ အမှန်တရားသည် ဦးစားပေးခံရပါသလဲ။ ကျေးဇူးပြုပြီး ဥပုသ်နေ့တိုင်းတွင် ဖန်ဆင်းရှင်အား သတိရအောက်မေ့ပါ။ အချိန်မနှောင်းမီ ဆုံးဖြတ်ချက်ချပါ။ ဥပုသ်နေ့ ဝတ်ပြုကိုးကွယ်ခြင်းသည် သင့်အသက်တာကို ပြောင်းလဲပေးပါလိမ့်မည်။ သင်၏ ယုံကြည်ချက်ကို ပြဿနာမတက်လာမီ ခိုင်ခံလာအောင်တည်ဆောက်ပေးသွားမည်။ ဖန်ဆင်းရှင်၊ အရှင်သခင်၊ တရားသူကြီး၊ ပညတ်တရားကို ပေးအပ်သူ၊ ကယ်တင်ရှင်၊ ကျွန်ုပ်တို့ကို အကြွင်းမဲ့ချစ်ခင်သူ - သူသာလျှင် ကျွန်ုပ်တို့၏ ကိုးကွယ်မှုကို ခံယူထိုက်ပါသည်။ ဥပုသ်နေ့သည် သူ၏ အလံတော်ဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်တာတွင် စိုးမိုးပြီး ဖန်ဆင်းရှင်အား ဆက်ကပ်ခြင်း၏ အထိမ်းအမှတ်ကြီး တစ်ရပ်ဖြစ်ပါသည်။ အတုအယောင်များ လွန်စွာပေါများသော်လည်း ဖန်ဆင်းရှင် ဘုရားတစ်ဆူတည်းသာ ရှိပြီး ဥပုသ်နေ့သည် လူသားတိုင်းကို သူ့ထံသို့ ပြန်လည် ခေါ်ယူနေပါသည်။ သူ၏ အလံတော်ကို လွှင့်ထူပြီ ယနေ့၊ မနက်ဖြန်နှင့် အစဉ်အမြဲသူသည် ကျွန်ုပ်တို့နှင့်အတူ ရပ်ပေးပါလိမ့်မည်။ သူသည် သင်နှင့်အတူ မီးထဲတွင်လည်း သင်နှင့်အတူ လမ်းလျှောက်လိမ့်မည်။ 

        အဖဘုရား၊ ကျွန်ုပ်တို့သည် အဖဘုရားအား ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်အဖြစ်နှင့် ကယ်တင်ရှင်အဖြစ် အသိအမှတ်ပြုပါသည်။ တိုက်ခိုက်မှု မည်မျှကြားရသော်လည်း ဘာကိုမှ မလုပ်ပါ။ နောက်တစ်ကြိမ်မှာ သခင်ယေရှုသည် ဤသို့ဆို၏။ “ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏” (ယောဟန်၊ ၁၃း၁၇)။ ပျော်ရွှင်မှုသည် ဘုရားသခင်၏ အလိုတော်ကို သိရှိနားလည်ပြီး ထိုသို့အတိုင်း ပြုလုပ်ခြင်းဖြစ်သည်။ ဥပုသ်နေ့ကို ဘုရားသခင်၏ လူများနှင့်အတူတကွ ဝတ်ပြုကိုးကွယ်သည့်အခါ သင့်ဘဝအသက်တာတွင် အသုံးပြုသွားပါက သင်သည် ကြီးမားစွာ မင်္ဂလာရရှိပါလိမ့်မည်။ သို့ဖြစ်လျှင် သင်သည် သင်ဖြစ်နိုင်မည်ဟု မထင်မှတ်သော သခင်ယေရှုနှင့် နီးကပ်သွားလိမ့်မည်။ အပြောင်းအလဲရှိတိုင်း အခက်အခဲများလည်း ရှိနိုင်သည်ကို ကျွန်တော်နားလည်ပါသည်။ တွေးခေါ်ရန် အသစ်အဆန်း၊ စရိုက်ဟောင်းများ လွယ်လွယ်နှင့် မပျောက်ကွယ်ပါ။ ကြာမြင့်စွာ ကျင့်သုံးခဲ့ပြီးသည့် ဝတ်ပြုကိုးကွယ်ခြင်းစနစ်ကို ပြောင်းလဲရန် အလွန်ပင် ခက်ခဲနိုင်ပါသည်။ကျွန်ုပ်တို့သည် မှန်ကန်သည်ဟု ယုံကြည်ပြီး လက်တွေ့ ကြာမြင့်စွာ သုံးခဲ့သော်လည်း ထိုအရာများသည် မှန်ကန်သည်ဟု မဆိုနိုင်ပါ။ ခရစ်ယာန်သမိုင်းတစ်လျှောက်လုံးတွင် ဘုရားသခင်သည် အမှန်တရားကို လိုက်လျှောက်ရန် စိန်ခေါ်ခဲ့ပါသည်။ ဤအမှန်တရားသည် ယဉ်ကျေးမှုနှင့်ဆန့်ကျင်ဘက် ဖြစ်သော်လည်း သိရှိနားလည်ရမှာက အများနှစ်သက်မှုသည် အမြဲတမ်းမှန်ကန်သည်ဟု မဆိုနိုင်ပါ။ အများက လက်ခံတာထက်ဘုရားသခင်သည် အမှန်တရားကိုသာ တန်ဖိုးထားပါသည်။ သူ၏ နှုတ်ကပတ်တော်သည် ဆွဲဆောင်မှုကောင်းသည့် ဘာသာရေးခေါင်းဆောင်များ ထက်သာ၍ အာဏာသက်ရောက်မှုရှိသည်။ သူ၏ ပညတ်တော်သည် ကိုယ်ကျင့်တရား၏ အခြေခံနှင့် သူ၏ ပလ္လင်တော် အုတ်မြစ်ဖြစ်သည်။ ဘုရားသခင်ကို နားထောင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးအတွင်းမှ ယုံကြည်ခြင်းသည် အရေးကြီးပါသည်။

        ကျွန်ုပ်အနေဖြင့် သင်တို့အား သမ္မာကျမ်းစာ ဥပုသ်နေ့၏ အမှန်တရားကို လေးလေးနက်နက် စဉ်းစာပေးဖို့ တိုက်တွန်းပါသည်။ အကယ်၍သာ သင့်အား ဘုရားသခင်က သင်၏ အသက်တာဘဝကို ပြောင်းလဲဖို့တောင်းဆိုလျှင် လိုက်နာဖို့ သတ္တိရှိပါစေ။ ဘုရားသခင်အတွက် လမ်းဖေါက်ပေးသူ ဖြစ်နိုင်ပါစေ။ အခြားလူများ သင်၏ ခြေရာကို နင်းနိုင်ဖို့ လမ်းပြပေးပါ။ ဘုရားသခင်သည် သင့်မိသားစုနှင့် မိတ်ဆွေတို့အား သင်၏ဘုရားသခင်နောက်လိုက်ဖို့ ဆုံးဖြတ်ချက်ကြောင့် ကောင်းချီးမင်္ဂလာပေးပါလိမ့်မည်။ သင်သည် မှန်ကန်သောလုပ်ဆောင်ချက်ကြောင့် အတွင်းစိတ်နှလုံး၌ ကျေနပ်မှုရှိပါလိမ့်မည်။ အခြားသော လူသန်းပေါင်းများစွာနှင့် ပေါင်းပြီး “ဥပုသ်နေ့ကို သတိရ အောက်မေ့လိမ့်မည်။” သင့်အတွက် ဥပုသ်နေ့သည် မေ့လုနီးပါး ပညတ်တော်တစ်ခု မဟုတ်တော့ပါ။

No comments:

Post a Comment