အခန်း - ၅၅
ဂရုပြုဖွယ်ဖြစ်သောနားထောင်ခြင်း
၁။ သမ္မာတရားကိုသိနားလည်ဖို့ရန် ဘာကတိတော်ရှိသနည်း။
သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ သမ္မာတရားကိုသင်တို့အား အကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်။ (ယော၊ ၁၆း၁၃။)
၂။ ပိလတ်မင်းသည် ကယ်တင်တော်မူသော အရှင်အားသမ္မာတရားအကြောင်း မည်ကဲ့သို့ မေးသနည်း။
ပိလတ်မင်းကလည်း သမ္မာတရားကား အဘယ်သို့နည်း။ (ယော၊ ၁၈း၃၈။)
၃။ ဘယ်စကားတော်ကြောင့် ဤအမေးကိုမေးရသနည်း။
သမ္မာတရားဘက်၌ သက်သေခံခြင်းငှါ ဤလောကသို့ကြွလာပြီ။ သမ္မတရားနှင့် စပ်ဆိုင်သမျှသော သူတို့သည် ငါ့စကားကို နားထောင်ကြသည်ဟု မိန့်တော်မူ၏။ (ယော၊ ၁၈း၃၇။)
၄။ သမ္မာတရားဆိုသော် အဘယ်သို့နည်း။
ကိုယ်တော်၏ နှုတ်ထွက်တရားတော်သည် သမ္မာတရားဖြစ်ပါ၏။ (ယော၊ ၁၈း၃၇။)
၅။ ကျွန်ုပ်တို့သည် သမ္မာတရားအားဖြင့် စင်ကြယ်ခြင်းကို မည်ကဲ့သို့ ရကြသနည်း။
သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဖွားသည်မဟုတ်၊ မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းသူသော အသက်ရှင်၍ အစဉ်အမြဲ မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော် မူသော ဘုရားသခင်၏ နှုတ်ကပါဌ်တော်အားဖြင့် ဖြစ်ဖွားသောကြောင့် ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်းအလိုငှါ စိတ်ထဲမှာ သမ္မာတရားကို နားထောင်လျက် ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ စင်ကြယ်သော စိတ်နှင့်အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့။ (၁ပေ၊ ၁း၂၂၊ ၂၃။)
၆။ လူသည် မိမိ၏အရှင်သခင်ဖြစ်ကြောင်း ဘာအားဖြင့် ပြသနည်း။
အကြင်သူ၏ အထံ၌ အစေခံကျွန်ဖြစ်ခြင်းငှာ သင်တို့ဝင်၍ အစေခံ၏။ ထိုသူသည် သေခြင်းနှင့် ယှဉ်သော အပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ရောက်ခြင်းနှင့် ယှဉ်သော နားထောင်ခြင်းတရားဖြစ်စေ သင်တို့၏ သခင်ဖြစ်သည်ကို မသိကြသလော။ (ရော ၆း၁၆။)
၇။ အမှန်နားထောင်ခြင်းကို မည်ကဲ့သို့ သိနိုင်သနည်း။
အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင် ပညတ်တော်တို့ကို စောင့်ရှောက်လော့။ (မ၊ ၁၉း၁၇။)
၈။ ဤပညတ်တော်ကို မည်ကဲ့သို့ ကျပ်တည်းစွာနှင့် စောင့်ရှောက်ရမည်ဟု မိန့်တော်မူသနည်း။
ငါမှာထားသော စကား၌ သင်တို့သည် အသစ်မသွင်းရ။ အလျှင်းမနုတ်မပယ်ရ။ ငါမှာထားသည်အတိုင်း သင်တို့ဘုရားသခင် ထာ၀ရဘုရား၏ ပညတ်တော်တို့ကို စောင့်ရှောက်ရကြမည်။ (တရား၊ ၄း၂။)
၉။ နှုတ်ထွက်တရားတော်နားထောင်ခြင်းကို ဘုရားသခင်မည်ကဲ့သို့ ထောက်ထားတော်မူသနည်း။
ထာ၀ရဘုရား၏ အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။
၁၀။ အမိန့်တော်ကိုငြင်းဆန်လျှင် မည်ကဲ့သို့ထောက်ထားတော်မူသနည်း။
ငြင်းဆန်သော သဘောသည် နတ်ဆိုးနှင့် ပေါင်းခြင်းကဲ့သို့လည်းကောင်း၊ ခိုင်မာသော သဘောသည် ဗေဒင်တန်ဆာကို သုံခြင်းကဲ့သို့ လည်းကောင်း အပြစ်ကြီး၏။ (ငယ် ၂၃။)
၁၁။ နားမထောင်စေသော စုံစမ်းခြင်းများကိုတွေကြုံသောအခါ မည်ကဲ့သို့သဘောထား အပ်သနည်း။
နန်းတော်တစ်ဝက်ကို ပေးသော်လည်း သင်နှင့်အတူငါမလိုက်။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်းမသောက်ရ၊ ငါအား ပညတ်တော်မူပြီ။ (၃ရာ၊ ၁၃း၈၊ ၉။)
၁၂။ ဘုရားသခင်၏ တိလင်းသော အမိန့်တော်များကို ယဇ်ပုရောဟိတ်နှစ်ပါး နားမထောင်သောအခါ ဘာဖြစ်ကြသနည်း။
ထိုအခါ ထာ၀ရဘုရားထံတော်မှ မီးထွက်၍ သူတို့ကို လောင်သဖြင့် ရှေ့တော်၌သေကြ၏။ (ဝတ်၊ ၁ဝး၂၊ ၁-၃။ ၉-၁၁ ကိုကြည့်ပါ။)
မှတ်ချက်။ ဘုရားသခင်သည် အရာရာ၌စေ့စပ်တော်မူသည်။ လူသည်အမိန့်တော်ကို ကျပ်တည်းစွာနားထောင်၍ မိမိသိသော ဝတ္တရားကို ပြုစဉ်တွင် အသစ်မသွင်း၊ အလျှင်းမနုတ်မပယ်ဘဲစောင့်ရှောက်ရသည်။ဤကဲ့သို့ မစောင့်ရှောက်လျှင်၊ ဘုရားသခင် အုပ်ချုပ်စီမံတော်မူခြင်းသည် မတည်နိုင်။ စီမံတော်မူခြင်းရှိသမျှ၏ ခိုင်ခံ့မြဲမြံခြင်းသည် နိုင်ငံသားအပေါင်းတို့၏ နားထောင်ခြင်း၌တည် လေသည်။
၁၃။ နားမထောင်သောသူတို့သည် ဒဏ်ခံရသည်အကြောင်း အဘယ်ကြောင့် ရေးမှတ်ထားစေတော်မူသနည်း။
ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေဖြစ်အံ့သောငှါ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလအဆုံးတွင် ဖြစ်သောငါတို့ကို ဆုံးမစရာဖို့ ကျမ်းစာ၌ ရေးထားလျက်ရှိသတည်း။ (၁ကော၊ ၁ဝး၁၁။)
၁၄။ ဤအရာကိုသိကြပြီဖြစ်၍ အဘယ်သို့ ကျင့်အပ်ကြသနည်း။
တရားကိုကျင့်သောသူဖြစ်ကြလော့။ (ယာ၊ ၁း၂၂။ ၂း၁၀၊ ၁၂။)
၁၅။ ကောင်းကင်နိုင်ငံတော်သို့ ဘယ်သူသာဝင်ရမည်နည်း။
သခင်၊ သခင်ဟု ငါ့ကို လျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်နိုင်ငံတော်၌ ရှိတော်မူသော ငါခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ (မ၊ ၇း၂၁။)
No comments:
Post a Comment