အခန်း - ၆၀
သူငယ်တို့၌ ထားသောကတိတော်များ
၁။ ကတိတော်နှင့်ဆိုင်သော ပထမပညတ်တော်သည် ဘယ်ပညတ်ဖြစ်သနည်း။
မိဘကိုရိုသေစွာပြုလော့...... ကတိတော်နှင့်ဆိုင်သော ပထမပညတ်ဖြစ်၏။ (ဧ၊ ၆း၂။)
၂။ ထိုပညတ်နှင့်ဘယ်ကတိတော်ဆိုင်သနည်း။
သင်၏ဘုရားသခင်ထာ၀ရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာရှည်မည် အကြောင်း သင်၏မိဘကို ရိုသေစွာ ပြုကြလော့။ (ထွ၊ ၂ဝး၁၂။)
၃။ ဘုရားသခင်စကားတော်ကို နားထောင်သောသူငယ်တို့အား ဘာကတိထားတော်မူသနည်း။
အချင်းသူငယ်တို့ လာကြလော့။ ငါ့စကားကို နားထောင်ကြလော့။ ထာ၀ရဘုရားကို ကြောက်ရွံ့ခြင်းတရားကို သင်တို့အား ငါသွန်သင်မည်။ (ဆာ၊ ၃၄း၁၁။)
၄။ ဆင်းရဲသော်လည်း ပညာရှိသောသူငယ်ကို ဘုရားသခင်မည်ကဲ့သို့ မှတ်တော်မူသနည်း။
ဆုံးမခြင်းကို မခံ၊ အသက်ကြီး၍ မိုက်သောရှင်ဘုရင်ထက် ပညာရှိသောဆင်းရဲသား သူငယ်သည် သာ၍ မြတ်၏။ (ဒေ၊ ၄း၁၃။)
၅။ သူငယ်များတို့အကြောင်း ကယ်တင်တော်မူသောအရှင်သည် အဘယ်သို့မိန့်တော်မူသနည်း။
ယေရှုကလည်း၊ ထိုသူငယ်တို့ကို ရှိစေတော့။ ငါ့ထံသို့လာသည်ကိုမဆီးတားကြနှင့်။ ကောင်းကင်နိုင်ငံတော်သည် သူတို့၏နိုင်ငံ ဖြစ်သည်ဟု မိန့်တော်မူ၍။ (မ၊ ၁၉း၁၄။) ကလေးသူငယ်များတို့အား အစဉ်သဖြင့် ကောင်းကင်တမန်များ စောင့်ရှောက်ကြည့်ရှုမည်ဟူသော ကတိတော်ရှိ၏။
၆။ သူငယ်များတို့ကို ချစ်တော်မူကြောင်း မည်ကဲ့သို့ပြသနည်း။
သူငယ်တို့ကိုချီပိုက်၍ သူတို့အပေါ်မှာ လက်တော်ကိုတင်လျက် ကောင်းချီးပေးတော်မူ၏။ (မာ၊ ၁ဝး၁၆။)
၇။ ကမ္ဘာသစ်တွင် သူငယ်များအကြောင်း သမ္မာကျမ်း၌မည်ကဲ့သို့လာသနည်း။
တောခွေးသည် သိုးသငယ်နှင့်အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူအိပ်လိမ့်မည်။ နွားသငယ်၊ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ၍ လူသူငယ်သည်သူတို့ကို ပို့ဆောင်လိမ့်မည်။ (ဟေရှာ၊ ၁၁း၆။) မြို့လမ်းတို့သည်လည်း ကစားသောသူငယ်ယောက်ျား၊ မိန်းမတို့နှင့်အပြည့် ရှိကြလိမ့်မည်။ (ဇာ၊ ၈း၅။)
၈။ သူငယ်တို့ဆုတောင်းသောအခါ ဘုရားသခင်ကြားတော်မူမည်လော့။
ဘုရားသခင်သည် လုလင်၏အသံကိုကြားတော်မူ၍။ (က၊ ၂၁း၁၇။)
၉။ ကယ်တင်သောအရှင်သည် ယေရုရှလင်မြို့သို့အောင်မြင်စွာနှင့်ဝင်တော်မူသောအခါ ဘယ်သူတို့ချီးမွမ်းကြသနည်း။
ကိုယ်တော်ပြုတော်မူအံ့သော အံ့ဩဖွယ်အမူတို့ကိုလည်းကောင်း၊ သူငယ်တို့ကလည်း ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ် စေသတည်းဟု ဗိမာန်တော်၌ ကြွေးကြော်ကြသည်ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် ကြားမြင်လျှင် အမျက်ထွက်ကြ၍။ (မ၊ ၂၁း၁၅၊၁၆။)
၁၀။ ကျမ်းစာ၌ရှိနို့စို့သူငယ်အရွယ်မှ ဘုရားသခင်၏တရားတော်အတိုင်း ဆုံးမသွန်သင်၍ ဖြစ်သောအကျိုးနှစ်ပါး၏ပုံသက်သေများသည် ဘယ်သူတို့ဖြစ်ကြသနည်း။
အဖြေ။ (၁) ရှမွေလ (၂) တိမောသေ။ ၂တိ၊ ၁း၁၅။ ၃း၁၄၊၁၅။
၁၁။ သခင်ဘုရားဒုတိယအကြိမ်ကြွလာတော်မမူမီ မိဘနှင့်သူငယ်တို့အဖို့ ဘာအထူးအလုပ်ရှိမည်နည်း။
ကြည့်ရူလော့။ ထာ၀ရဘုရား၏ ကြောက်မတ်ဖွယ်သောနေ့ရက်ကြီး မကြာမီ ပုရောဖတ်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။ ထိုပုရောဖက်သည် သားတို့နှင့်အဘတို့ကိုလည်းကောင်း၊ အဘနှင့်သားတို့ကိုလည်းကောင်း၊ အသင့်အတင့်ဖြစ်စေမည်ဟု မိန့်တော်မူ၏။ (မာလ၊ ၄း၅၊၆။)
No comments:
Post a Comment