အခန်း - ၅၆
အချင်းချင်းအပြစ်လွှတ်ခြင်း
၁။ ဆုတောင်းသောအခါ မည်ကဲ့သို့ စိတ်မျိုးထားရမည်နည်း။
သင်တို့သည် ဆုတောင်းသောအခါ သူတစ်ပါး၌ အပြစ်တင်ခွင့်ရှိလျှင် သူ့အပြစ်ကိုလွှတ်ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။ (မာ၊ ၁၁း၂၅။)
၂။ သူတစ်ပါးအပြစ်ကို မလွှတ်သောသူ၏အပြစ်ကိုလွှတ်တော်မူမည်လော။
သင်တို့သည် သူ့အပြစ်ကို မလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။ (ငယ်၊ ၂၆။)
၃။ အပြစ်ကို ဘယ်မျှတိုင်အောင်လွှတ်ရမည်နည်း။
ထိုအခါ ပေတရုသည် ချဉ်းကပ်၍ သခင်၊ ညီအကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏အပြစ်ကို ဘယ်နှစ်ကြိမ် လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော် ယေရှုက ခုနစ်ကြိမ်မြောက်အောင်လွှတ်ရမည် ငါမဆို၊ အကြိမ်ခုနစ်ဆယ်ခုနစ်လီမြောက်အောင်လွှတ်ရမည် ငါဆို၏။ (မ၊ ၁၈း၂၁၊၂၂။ ၆း၁၂။)
၄။ အပြစ်လွှတ်ခြင်းသည် ဘယ်ကထွက်လာရမည်နည်း။
သင်တို့သည်လည်း ညီအကိုအချင်းချင်းတို့ကို စိတ်နှလုံးပါလျက် အပြစ်မလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ အဘသည် ထိုနည်းတူသင်တို့ကို စီရင်တော်မူလတ္တံ့။ (မ၊ ၁၈း၃၅။)
၅။ အချင်းချင်းတို့၌ မည်ကဲ့သို့ သဘောထား အပ်ကြသနည်း။
ငါသသည် သင့်ကိုသနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ်သလော။ (ငယ်၊ ၃၃။)
၆။ သူတစ်ပါးက အပြစ်ကိုဝန်ချသောအခါ ကျွန်ုပ်တို့သည် မည်ကဲ့သို့ပြုရမည်နည်း။
သို့ဖြစ်၍ ထိုသို့သောသူသည် ဝမ်းနည်းခြင်းအားကြီးလျက်မိန်းမောတွေဝေခြင်းမရှိသစေခြင်းငှာ သင်တို့သည် ခြာနားသော အားဖြင့် သူ၏အပြစ်ကိုလွှတ်၍ သူ့ကိုနှစ်သိမ့်စေခြင်းငှာပြုသင့်၏။ (၂ကော၊ ၂း၇။ ယောသပ်၏ ပုံသက်သေကိုကြည့်ပါ။ က၊ ၄၅း၁၅။) ဆိုးသော သား၏ အပြစ်ကို လွှတ်သော ဖခင်ကဲ့သို့ ကျွန်ုပ်တို့သည် အချင်းချင်းတို့၏ အပြစ်ကို လွှတ်ရကြမည်။
၇။ မှားယွင်းသောသူကို မည်ကဲ့သို့ သဘောမျိုးနှင့် ပြန်တည်ရသနည်း။
ညီအကိုတို့၊ လူသည် သတိလစ်၍ တစ်စုံတစ်ခုသောအပြစ်ကို ပြုမိလျှင် ဝိညာဉ်ဆုကျေးဇူးကို ခံရသော သင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့်ကိုယ်တိုင်လွတ်မည် အကြောင်း ကိုယ်ကိုသတိပြုလျက် သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကို မစ၍ သူ၏နေရာ၌ တည်မြဲတည်စေပြန်ကြလော့။ (ဂလ၊ ၆း၁။)
၈။ သူတစ်ပါး၏အပြစ်ကိုလွှတ်ကြသောအခါ ဘယ်သူ၏ပုံသက်သေကို လိုက်ကြနည်း။
တစ်ယောက်၌ တစ်ယောက်အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြလော့။ (ကော၊ ၃း၁၃။)
၉။ ငြင်းခုံပြစ်တင်ခြင်းအကြောင်း ဘုရားသခင်မည်ကဲ့သို့ ဆုံးမတော်မူသနည်း။
ညီအကိုတို့၊ စစ်ကြောစီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း အချင်းချင်းငြင်းခုံပြစ်တင်ခြင်းကို မပြုကြနှင့်။ တရားစီရင်သောသူသည် တံခါးနားမှာ ရှိတော်မူ၏။ (ယာ၊ ၅း၉။ ဝတ်၊ ၁၉း၁၈။)
မှတ်ချက်။ အများသောသူတို့က သူတစ်ပါးအပြစ်ကိုလွှတ်သည်။ သို့သော်လည်း ထိုအပြစ်ကိုငါမမေ့ နိုင်ဟူ၍ ဆိုတတ်ကြသည်မှာ မှားသောအပြစ်လွှတ်ခြင်းဖြစ်သည်။ မှန်သောအပြစ်လွှတ်ခြင်းမှာ အပြစ်ကိုလွှတ်ပြီးသည်နောက် မိမိစိတ်ထဲမှာ ၎င်းအပြစ်ကို မသိမမှတ်တတ်။
၁၀။ ထိုကြောင့် သူတစ်ပါးအပြစ်ကိုလွှတ်အပ်သလော့။
သူတစ်ပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကို လွှတ်တော်မူပါ။ သင်တို့သည် သူတစ်ပါးတို့၏ အပြစ်ကိုလွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွတ်တော်မူမည်။ သင်တို့သည် သူတစ်ပါးတို့၏ အပြစ်ကိုမလွှတ်လျှင် သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။ (မ၊ ၆း၁၂၊၁၄၊၁၅။)
၁၁။ အပြစ်လွှတ်ဖို့ရန် သဘောသည် ဘယ်ပါရမီကဖြစ်လာသနည်း။
အဖြေ။ ၁ကော၊ ၁၃။ကို ဖတ်ပါ။
No comments:
Post a Comment