အခန်း - ၂၀ - ဥပုသ်နေ့
သနားခြင်းကရုဏာနှင့်ပြည့်စုံသော ဖန်ဆင်းရှင်သည်
ခြောက်ရက်ပတ်လုံးဖန်ဆင်း ခြင်းလုပ်ငန်းကို
ဆောင်ရွက်ပြီးနောက် သတ္တမနေ့ရက်တွင်ငြိမ်ဝပ်စွာနေခဲ့သည်။ သူသည်
ဥပုသ်နေ့ကိုလူသားအားလုံးအတွက် ဖန်ဆင်းခြင်းအထိမ်းအမှတ်အဖြစ် စတင်ပြဋ္ဌာန်းခဲ့ သည်။ ဘုရားသခင်၏ မပြောင်းလဲနိုင်သော ပညတ်တော်၏
စတုတ္ထပညတ်သည် ဤ သတ္တမနေ့ဥပုသ်ကို ငြိမ်ဝပ်ရာနေ့နှင့်ဝတ်ပြုကိုးကွယ်ရာနေ့အဖြစ်၊
ဥပုသ်နေ့၏အရှင် သခင်ဖြစ်သောယေရှု၏
သွန်သင်ချက်နှင့်ကျင့်သုံးမှုများအတိုင်း စောင့်ထိန်းရန်တောင်း ဆိုသည်။ ဥပုသ်နေ့သည် ဘုရားသခင်နှင့်လည်းကောင်း၊
လူသားအချင်းချင်းတို့နှင့်လည်း ကောင်း၊
နှစ်သက်ဖွယ် သောပေါင်းသင်းဆက်ဆံရာနေ့ဖြစ်သည်။ ဥပုသ်နေ့သည် ခရစ် တော်၌ရရှိသော ကယ်တင် ခြင်း၏ အထိမ်းအမှတ်၊
ကျွန်ုပ်တို့၏စင်ကြယ်သန့်ရှင်းခြင်း လက္ခဏာ၊
ကျွန်ုပ်တို့၏ သစ္စာစောင့်သိခြင်းသင်္ကေတ၊ ဘုရားသခင်၏အနာဂတ် ထာ၀ရနိုင်ငံတော်ကို ကျွန်ုပ်တို့ကြိုတင်ခံစားခြင်းဖြစ်သည်။
ဥပုသ်နေ့သည် ဘုရားသခင် နှင့်သူ၏လူတို့အကြား
ထာ၀ရပဋိညာဉ်၏ရာသက်ပန် အမှတ်လက္ခဏာဖြစ်သည်။ ဤ သန့်ရှင်းသောအချိန်ကို ညဦးချိန်မှညဦးချိန်အထိ၊ နေဝင်ချိန်မှ
နေဝင်ချိန်အထိ ဝမ်း မြောက်စွာစောင့်ထိန်းခြင်းသည်
ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် ရွေးနုတ်ခြင်းလုပ် ဆောင်မှုများကို ဆင်ယင်ကျင်းပခြင်းဖြစ်သည်။ (က ၂း၁-၃။ ထွက်
၂ဝး၈-၁၁။ ၃၁း၁၃-၁၇။ ဝတ် ၂၃း၃၂။ တရား ၅း၁၂-၁၅။ ဟေရှာ ၅၆း၅၊၆။ ၅၈း၁၃၊၁၄။ ယေဇ
၂ဝး၁၂၊၂၀။ မ ၁၂း၁-၁၂။ မာ ၁း၃၂။ လု ၄း၁၆။ ဟေဗြဲ ၄း၁-၁၁။)
အာဒံနှင့်ဧ၀တို့သည် ဘုရားသခင်နှင့်အတူသူတို့၏ပါရဒိအိမ်ကို
စူးစမ်းလေ့လာ ခဲ့ကြ၏။ ရှုခင်းသည် ဖော်ပြသည်ထက်ကျော်လွန်၍၊
ရင်သပ်ရှုမောဖွယ်ကောင်းလှ သည်။ ဖန်ဆင်းခြင်း၏
ဆဌမနေ့သောကြာနေ့တွင် နေမင်းကြီးသည်ဖြည်းဖြည်းချင်းဝင် သွားပြီး၊ ကြယ်တာယာများလည်း
အရောင်အဝါစတင်ထွန်းတောက်လာချိန်တွင် “ဘုရား သခင်သည် မိမိဖန်ဆင်း သမျှသောအရာတို့ကိုကြည့်ရှုလျှင်၊
အလွန်ကောင်းသည်ကို မြင်တော်မူ၏”
(က ၁း၃၁)။ ထိုသို့ဖြင့် “ကောင်းကင်မြေကြီးနှင့်တကွ၊ ခပ်သိမ်းသော တန်ဆာတို့သည်
ပြီးစီး လျက်ရှိကြ၏” (က ၂း၁)။
ဘုရားသခင်ပြီးစီး စေခဲ့ပြီးသောကမ္ဘာသည်
လှချင်တိုင်းလှနေသော်လည်း၊ အသစ် ဖန်ဆင်းသောစုံတွဲအား ဘုရားသခင်ပေးနိုင်သော အကြီးမားဆုံးဆုလာဘ်မှာ
သူနှင့်အတူ ကိုယ်တိုင်ရင်းနှီးစွာ ပေါင်းဖော်ခြင်းအခွင့်အရေးပင်ဖြစ်သည်။
ထို့ကြောင့် သူသည် ထိုသူတို့ အား အထူးကောင်းချီးပေးသောနေ့၊
မိမိတို့ဖန်ဆင်းရှင်နှင့်ရင်းနှီးပေါင်းသင်း၍ မိတ်သဟာယ ဖွဲ့သော နေ့ဖြစ်သည့်
ဥပုသ်နေ့ကိုပေးခဲ့သည်။
သမ္မာကျမ်းစာတစ်အုပ်လုံးမှဥပုသ်နေ့
ဥပုသ်နေ့သည် ဘုရားသခင်အား
ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်ခြင်းတွင် အဓိကကျ သည်။ ဖန်ဆင်းခြင်း၏အထိမ်းအမှတ်ဖြစ်သော ဥပုသ်နေ့သည်
ဘုရားသခင်အား ဝတ်ပြု ရသည့် အကြောင်းရင်းကို
ဖော်ပြသည်။ ၎င်းမှာ သူသည်ဖန်ဆင်းရှင်ဖြစ်၍၊ ကျွန်ုပ်တို့ သည် သူဖန် ဆင်းသော သတ္တဝါများဖြစ်သောကြောင့်တည်း။ “ထို့ကြောင့် ဥပုသ်နေ့သည် ဘုရားရှင်အား ဝတ်ပြုကိုးကွယ်ခြင်း၏
အဓိကအကြောင်းရင်းဖြစ်သည်။ အကြောင်းမှာ၊ ၎င်းသည် ဤကြီးမြတ်သောသမ္မာတရားကို
မြတ်နိုးဖွယ်အကောင်းဆုံးသောပုံစံဖြင့် သင် ပြပြီး၊--- အခြား
မည်သည့်အရာကမျှထိုသို့မပြုချေ။ သတ္တမနေ့ဝတ်ပြုကိုးကွယ်ခြင်း မျှသာမဟုတ်ဘဲ၊ ဘုရား
ဝတ်ပြုကိုးကွယ်ခြင်းအားလုံး၏ စစ်မှန်သောအခြေအမြစ်ကို ဖန်ဆင်းရှင်နှင့်
သူဖန်ဆင်းသော သတ္တဝါများအကြားရှိသော ခြားနားမှုတွင်တွေ့ရသည်။
ဤကြီးမားသောအမှန်တရားသည် ဘယ်ခါမျှခေတ်နောက်ကျခြင်းမရှိဘဲ၊ ဘယ်ခါမျှ
လည်းမမေ့အပ်ချေ။” ဤအမှန်တရားသည်
လူတို့ရှေ့တွင်အမြဲရှိနေစေရန် ဘုရားသခင် သည် ဥပုသ်နေ့ကိုပြဋ္ဌာန်းခဲ့သည်။
ဖန်ဆင်းခြင်းအချိန်ကဥပုသ်နေ့။ ဥပုသ်နေ့သည်
အပြစ်မဲ့သောကမ္ဘာမှ ကျွန်ုပ်တို့ ထံသို့လာသည်။ ၎င်းသည် ဘုရားသခင်၏အထူးဆုလာဘ်ဖြစ်၍၊
လူသားတို့အား မြေ ကြီးပေါ်တွင်
ကောင်းကင်ဘုံ အမှန်တကယ်ရှိနေခြင်းကို တွေ့ကြုံခံစား စေသည်။ ဘုရား သခင်သည် ထင်ရှားသောလုပ်ဆောင်မှုသုံးခုအားဖြင့်
ဥပုသ်နေ့ကိုတည်ထောင်ခဲ့သည်။
၁။ ဘုရားသခင်သည် ဥပုသ်နေ့တွင်ငြိမ်ဝပ်စွာနေခဲ့သည်။ သတ္တမနေ့တွင် ဘုရား သခင်သည် “ငြိမ်ဝပ်စွာနေလျက်အားဖြည့်တော်မူသည်” (ထွက် ၃၁း၁၇) သော်လည်း၊ သူသည် အနားယူရန်လိုအပ်သောကြောင့်
နားခြင်းမဟုတ်ချေ (ဟေရှာ ၄ဝး၂၈)။ “ငြိမ်ဝပ်စွာနေသည်” ဟူသောကြိယာသည် အလုပ် သို့မဟုတ် လှုပ်ရှားမှုမှ “ရပ်စဲသည်” ဟုတိုက်ရိုက် အဓိပ္ပါယ်ရသည် (က ၈း၂၂)။
ဘုရားသခင်၏နားနေခြင်းသည် မောပန်း နွမ်းနယ်ခြင်းကြောင့်
မဟုတ်ဘဲ၊ ယခင်အလုပ်မှရပ်စဲလိုက်ခြင်းသာဖြစ်သည်။ ဘုရား သခင်သည်ငြိမ်ဝပ်စွာနေ၍ လူသားများလိုက်လျှောက်ရန်အတွက်
ပုံနမူနာကို ထားခဲ့ သည် (ထွက်၊ ၂ဝး၁၁)။
အကယ်၍ဘုရားသခင်သည်
ဆဌမနေ့တွင်ဖန်ဆင်းခြင်းကိုပြီးဆုံးစေခဲ့သည် (က ၂း၁) ရှိသော်၊ သမ္မာကျမ်းစာက သူသည်
သတ္တမနေ့တွင် “ဖန်ဆင်းခြင်းအမှုကို လက်စ သတ်တော် မူခဲ့သည်} ဟုဆိုရာတွင်
မည်သည့် အဓိပ္ပါယ်ရှိသနည်း။ ဘုရားသခင်သည် ခြောက်ရက်အတွင်း
ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းခြင်းပြီးဆုံးခဲ့သော်လည်း၊ သူ သည် ဥပုသ်နေ့ကို ဖန်ဆင်းရဦးမည်။ သူသည်
ထိုနေ့တွင်နားနေခြင်းအားဖြင့် ဥပုသ်နေ့ ကိုဖန်ဆင်းခဲ့သည်။
ဥပုသ်နေ့သည် သူ၏နောက်ဆုံးဖန်ဆင်းခြင်းလက်ရာဖြစ်သည်။
၂။ ဘုရားသခင်သည် ဥပုသ်နေ့ကိုကောင်းချီးပေးခဲ့သည်။ ဘုရားသခင်သည် ဥပုသ်နေ့ကို ဖန်ဆင်းသည်သာမက၊
ကောင်းချီးပေးခဲ့သည်။ “ဥပုသ်နေ့ကို
ကောင်းချီးပေး ခြင်းသည် ထိုသို့အားဖြင့်
ဘုရားရှင်၏ အထူးမျက်နှာသာပေးသောအရာ အဖြစ်ကြေညာ ခြင်းနှင့် သူဖန်ဆင်းသောသတ္တဝါများအတွက်
ကောင်းချီးကိုယူဆောင်လာ ပေးသောနေ့ ဖြစ်ကြောင်း ကိုဆိုလိုသည်။”
၃။ ဘုရားသခင်သည် ဥပုသ်နေ့ကိုသန့်ရှင်းစေခဲ့သည်။ အရာတစ်ခုခုကို သန့်ရှင်း စေ သည်ဟူသောအဓိပ္ပါယ်မှာ “မြင့်မြတ်စေသည်၊” “သန့်စင်စေသည်၊” သို့မဟုတ် “သန့် ရှင်း
သောအရာအတွက်အသုံးပြုရန်၊ ဆက်ကပ်ရန် သီးသန့်ဖယ်ထားသည်” ဖြစ်သည်။ လူများ၊ (တဲတော်၊ ဗိမာန်တော် သို့မဟုတ်
ဘုရားကျောင်းကဲ့သို့သော) နေရာများ၊ အချိန် (သန့်ရှင်း သောနေ့များ) စသည်တို့ကို
သန့်ရှင်းစေ၍ရသည်။ ဘုရားသခင်သည် သတ္တမ နေ့ရက်ကို
သန့်ရှင်းစေသည်ဟူသောအဓိပ္ပါယ်မှာ ထိုနေ့သည် သန့်ရှင်း၍၊ ဘုရား ရှင်နှင့် လူသားတို့ ဆက်ဆံရေးကြွယ်၀တိုးတက်စေရန်
မြင့်မြတ်သော ရည်ရွယ်ချက်အတွက် သူသည် ၎င်းကို သီးသန့် ဖယ်ထားသည်။
ဘုရားသခင်သည် သတ္တမနေ့ဥပုသ်ကို
ကောင်းချီးပေး၍သန့်ရှင်းစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော်၊ သူသည်
ထိုနေ့တွင်အလုပ်အားလုံးမှနားခဲ့သည်။ သူသည် ထိုနေ့ကို ကောင်းချီးပေး၍၊
သန့်ရှင်းစေသည့်အရာမှာ သူကိုယ်တိုင်အတွက်မဟုတ်ဘဲ၊ လူသားများ အတွက်ဖြစ်သည်။
ဥပုသ်နေ့တွင် ဘုရားသခင်၏ကောင်းချီးနှင့် သန့်ရှင်းခြင်း ကို ယူဆောင် လာ သောအရာမှာ သူ၏ရှိနေခြင်းပင်ဖြစ်သည်။
သိနာတောင်ပေါ်ကဥပုသ်နေ့။ ဣသရေလလူများ အီဂျစ်ပြည်မှထွက်လာပြီး နောက်ပိုင်း
ဖြစ်ရပ်များက သူတို့သည် ဥပုသ်နေ့ကိုများစွာမေ့နေပြီဖြစ်ကြောင်းပြသ သည်။ ကျွန်ဖြစ်စဉ်က တင်းကျပ်သောပြဌာန်းချက်များကြောင့်
ဥပုသ်နေ့ကိုစောင့်ရန် အ လွန်ခက်ခဲဟန်ရှိသည်။
သူတို့လွတ်မြောက်လာပြီးနောက်မကြာမီတွင်၊ မန္နမုန့်ချပေးသည့် နိမိတ်အားဖြင့် လည်းကောင်း၊
ပညတ်တော်ဆယ်ပါးကိုကြေညာခြင်းအားဖြင့် လည်း ကောင်း၊ ဘုရားသခင်သည် သူတို့အားသတ္တမနေ့ဥပုသ်စောင့်ရမည့်
သူတို့၏တာ ဝန်ကို
ပြင်းထန်စွာသတိရစေခဲ့သည်။
၁။ ဥပုသ်နေ့နှင့်မန္နမုန့်။ သိနာတောင်ပေါ်မှပညတ်တော်ကို မကြေညာမီ တစ်လ က၊ ဘုရားသခင်က မိမိလူတို့သည် သူ၏ “ပညတ်တရားတော်အလိုသို့လိုက်၍၊ စီရင် တော်မူချက် တို့ကိုစောင့်ရှောက်လျှင်၊} သူတို့ကိုအနာရောဂါမှကာကွယ်မည်ဟုကတိပေး ခဲ့သည် (ထွက် ၁၅း၂၆)။ ဤကတိပေးပြီးမကြာမီ၊ ဘုရားသခင်သည်
ဣသရေလ လူတို့အား ဥပုသ်နေ့၏ သန့်ရှင်းမြင့်မြတ်ခြင်းကို ပြန်လည်သတိပေးခဲ့သည်။
မန္နမုန့်ပေး သည့်နိမိတ်အားဖြင့်၊ သူတို့သည် သတ္တမနေ့၌နားသည်ကို
ကိုယ်တော်ကမည်မျှအရေး ကြီး သည်ဟုယူဆကြောင်းကို
သူတို့အားတိကျသောစကားလုံးများဖြင့် ပြန်လည်သတိ ပေးခဲ့သည်။
စနေနေ့မှလွဲ၍ ကျန်သည့်နေ့တိုင်းတွင် ဘုရားသခင်သည်
ဣသရေလတို့အား ထိုနေ့ အတွက် သူတို့၏လိုအပ်ချက်အတိုင်း
လုံလောက်သောမန္နမုန့်ကိုပေးခဲ့သည် (ထွက် ၁၆း၄၊ ၁၆-၁၉)။ ခြောက်ရက်မြောက်နေ့တွင်
ထိုနေ့နှင့်ဥပုသ်နေ့တွင် သူတို့၏ လိုအပ်မှု အတွက် လုံ လောက်မည့် ခါတိုင်းထက်နှစ်ဆကို
ကောက်ကြရန်ဖြစ်သည်။ ဆဌမနေ့သည် ပြင်ဆင်ရာနေ့ ဖြစ်ကြောင်းနှင့်
ဥပုသ်နေ့ကိုမည်သို့စောင့်ရမည်ဖြစ် ကြောင်း
သွန်သင်ခြင်းဖြစ်သည်။ ဘုရား သခင်က၊ “နက်ဖြန်နေ့သည်
ထာ၀ရဘုရားရှေ့၌ သန့်ရှင်းသောဥပုသ်နေ့၊ ငြိမ်ဝပ်စွာနေရ သောနေ့ဖြစ်၏။
မုန့်ကိုပေါင်းချင်သည်အတိုင်း ပေါင်းကြလော့။
ကျန်သောအရာကို နံနက်တိုင် အောင်စောင့်၍၊ သိုထားကြလော့” (ထွက် ၁၆း၂၃)။ သတ္တမနေ့တွင်သာ မန္နမုန့်သည်
မပျက်မစီးရှိနေသည် (ထွက် ၁၆း၂၄)။ စတုတ္ထ ပညတ်ချက်
တွင်ပါရှိသော အလားတူစကားလုံးကို မောရှေကဤနေရာတွင်သုံးခဲ့သည်။ “ခြောက်ရက် ပတ်လုံးသိမ်းယူရကြ၏။ ဥပုသ်နေ့တည်း ဟူသော
ခုနစ်ရက်မြောက်သော နေ့တွင်မတွေ့ရ” (ထွက် ၁၆း၂၆)။
နှစ်ပေါင်း (၄၀) သို့မဟုတ် အပတ်စဉ်ဥပုသ်နေ့ဆက်တိုက် (၂၀၀၀)
ကျော် ပတ်လုံး၊ ဣသရေလတို့သည် တောထဲ၌ရှိ၍၊ မန္နမုန့်နိမိတ်သည် ခြောက်ရက်ပတ်လုံး
အလုပ်လုပ် ၍
သတ္တမနေ့တွင်နားရမည်ဟူသောပုံစံကို ပြန်လည်သတိရစေသည်။
၂။
ဥပုသ်နေ့နှင့်ပညတ်တော်။ ဘုရားသခင်သည်
ဥပုသ်နေ့ပညတ်ကို ပညတ် တော်
ဆယ်ပါး၏အလယ်တွင်ထားရှိသည်။ ၎င်းမှာ အောက်ပါအတိုင်းဖြစ်သည်။
“ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊
ထိုနေ့ရက်ကိုအောက်မေ့လော့။- ခြောက်ရက် ပတ် လုံးအလုပ်မျိုးကို
ကြိုးစား၍လုပ်ဆောင်လော့။- သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင် ထာ၀ရဘုရား၏
ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍သင်၏သား သမီး၊ ကျွန်ယောက်ျားမိန်းမ၊ တိရစ္ဆာန်၊
သင်၏တံခါးအတွင်း၌နေသောဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။- အကြောင်းမူကား၊
ထာ၀ရဘုရားသည်မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှ တို့ကို
ခြောက်ရက်တွင်ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ် စွာနေတော်မူ၏။ ထိုကြောင့် ထာ၀ရဘုရားသည် သတ္တမနေ့ရက်ကိုကောင်းချီးပေး၍
သန့်ရှင်းစေတော်မူ၏” (ထွက် ၂ဝး၈-၁၁)။
ပညတ်တော်ဆယ်ပါးမှပညတ်ချက်အားလုံး သည်
မရှိမဖြစ်အရေးကြီးပြီး၊ မည် သည့်ပညတ်ချက်ကိုမျှ လျစ်လျူရှုရမည်မဟုတ်ချေ (ယာ ၂း၁၀)။
သို့သော်လည်း ဘုရားသခင်သည် ဥပုသ်နေ့ပညတ်ကို အခြားသောပညတ် ချက်အားလုံးမှခွဲခြားသည်။ ဤအရာနှင့် သက်ဆိုင်၍၊ သူက “အောက်မေ့လော့” ဟုမိန့် တော်မူရာတွင်၊ ၎င်း၏အရေးကြီးမှုကို မေ့သည့်
အန္တရာယ်မှသတိရှိစေသည်။
ဤပညတ်ကို “ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာ
ထိုနေ့ရက်ကိုအောက်မေ့လော့” ဟူ သော
စကားလုံးများသည် ဥပုသ်နေ့မှာ သိနာတောင်၌ပထမအကြိမ်ပြဋ္ဌာန်းခြင်းမဟုတ်
ကြောင်းကိုပြသသည်။ အမှန်မှာ ၎င်းပညတ်သည် အခြားသောပညတ်ချက်များကဲ့သို့
ဖန်ဆင်းခြင်းအချိန်ကအစပြုခဲ့သည်ကို ဤစာကြောင်းကညွှန်ပြသည်။ ဥပုသ်နေ့ကို ဘုရား
သခင်၏ ဖန်ဆင်းခြင်းအထိမ်းအမှတ်အဖြစ် ကျွန်ုပ်တို့စောင့်ထိန်းရန် ဘုရားသခင်
ရည်ရွယ်သည်။ ထိုနေ့သည် အနားယူရာနှင့်ဝတ်ပြုကိုးကွယ်ရာနေ့ဖြစ်၍၊ ဘုရားသခင်နှင့် သူ၏
လက်ရာ များကိုအာရုံပြုရန် ကျွန်ုပ်တို့ကိုညွှန်ကြားသည်။
ဖန်ဆင်းခြင်း၏အထိမ်းအမှတ်အဖြစ်၊
ဥပုသ်နေ့ကိုစောင့်ထိန်းခြင်းသည် ရုပ်တု ကိုးကွယ်ခြင်းအတွက်ဖြေဆေးဖြစ်သည်။
ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းခဲ့ကြောင်း ကျွန်ုပ်တို့အား ပြန်လည်အမှတ်ရစေခြင်းအားဖြင့်၊ ၎င်းသည်
ဘုရား သခင်ကို
မှားယွင်းသောဘုရားအားလုံးမှ ခွဲခြားသိမြင်စေသည်။ ထိုကြောင့် ဥပုသ်စောင့် ခြင်းသည် စစ်မှန်သောဘုရားသခင်အပေါ်
ကျွန်ုပ်တို့သစ္စာရှိခြင်း၏ အမှတ်အသား၊ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်နှင့်
ရှင်ဘုရင်အဖြစ်သူ၏အချုပ်အခြာအာဏာကို အသိအမှတ် ပြုခြင်း၏ လက္ခဏာဖြစ်လာ သည်။
ဥပုသ်နေ့ပညတ်သည် ဘုရားသခင့်ပညတ်တော်၏ အမှတ်တံဆိပ်အဖြစ်လုပ် ဆောင်သည်။ ယေဘုယျအားဖြင့်တံဆိပ်တုံးများသည်
တံဆိပ်ပိုင်ဆိုင်သူ၏ နာမည်၊ ရာ ထူးနှင့်
စီရင်ပိုင်သောနယ်စသည်ဖြင့် သုံးခုပါရှိသည်။ တရားဝင်တံဆိပ်များကို အရေး ကြီးသော စာရွက်စာတမ်းများ၏ခိုင်လုံမှုအတွက်အသုံးပြုသည်။
စာရွက်စာတမ်းတွင် တံ ဆိပ်ရိုက်နှိပ်
သောအရာရှိ၏အခွင့်အာဏာသက်ရောက်သည်။ အရာရှိကိုယ်တိုင် ထိုစာ ရွက်စာတမ်းကို အတည်ပြု၍၊ ၎င်း၏နောက်ကွယ်တွင်
သူ့ရာထူး၏လုပ်ပိုင်ခွင့်အားလုံး ပါရှိသည်ဟု
တံဆိပ် ခတ်ခြင်းကဆိုလိုသည်။
ပညတ်တော်ဆယ်ပါးတွင် တံဆိပ်တစ်ခု၏ မရှိမဖြစ်လိုအပ်သော
အရာများပါ ရှိသောပညတ်မှာ ဥပုသ်နေ့ပညတ်ဖြစ်သည်။ ပညတ်ဆယ်ချက်ထဲက ဤတစ်ခုတည်းက သာလျှင်
စစ်မှန်သောဘုရား၏နာမတော်ဖြစ်သော “သင်၏ဘုရားသခင်ထာ၀ရဘုရား၊” သူ၏ရာထူး ဖြစ်သော “ဖန်ဆင်းရှင်” နှင့် သူ၏နယ်ပယ်ဖြစ်သော “ကောင်းကင်နှင့်
မြေ ကြီး” တို့ပါရှိသည် (ထွက် ၂ဝး၁၀၊ ၁၁)။ စတုတ္ထပညတ်ကသာ၊ ပညတ်တော်
ဆယ် ပါးကိုမည် သူ၏ အခွင့်
အာဏာနှင့်ပေးသည်ကို ပြသသောကြောင့်၊ ၎င်းသည် “ဘုရား သခင်၏တံဆိပ်ပါရှိသည်။” ဤအချက်သည်
ပညတ်တော်မှန်ကန်ကြောင်းနှင့် လိုက် လျှောက်ရမည်
ဖြစ်ကြောင်းကို ပြသ သည်။
အမှန်စင်စစ်၊ ဘုရားသခင်သည် ဥပုသ်နေ့ကို “အပြစ်နှင့်ပုန်ကန်ခြင်းတို့ဖြင့် မစွန်း ထင်းခဲ့သောကမ္ဘာကြီး၌ သူ့တန်ခိုးနှင့်အာဏာကို
ပြန်လည်သတိပေးသောအရာ သို့မ ဟုတ်
အမှတ်အသားအဖြစ်ဖန်ဆင်းခဲ့သည်။ “ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာထို
နေ့ရက် ကိုအောက်မေ့လော့” (ထွက် ၂ဝး၈)
ဟူသောသတိပေးချက်အားဖြင့် ဤနေ့ကို အစဉ်အမြဲ စောင့်ထိန်း
ရမည့် ကိုယ်ပိုင်တာဝန်ကို ညွှန်ပြပေးသည်။”
ဤပညတ်ချက်သည် ရက်သတ္တပတ်ကိုနှစ်ပိုင်းခွဲသည်။ ဘုရားသခင်သည်
လူသား တို့အား “အလုပ်မျိုးကိုကြိုးစား၍လုပ်ဆောင်” ရန် (၆) ရက်ကိုပေးသည်။ သို့သော် သတ္တမနေ့ ရက်တွင်မူ “အလုပ်မလုပ်ရ” (ထွက် ၂ဝး၉၊၁၀)။
ဤပညတ်က (၆) ရက်သည် အလုပ်လုပ်သောနေ့၊ သတ္တမနေ့သည် နားရသောနေ့ဖြစ်သည်ဟုဆိုသည်။
သတ္တမနေ့ ရက်သည်
ဘုရားသခင်၏တစ်မူထူးသော နားရာနေ့ဖြစ်သည်ကို၊ ဤပညတ်၏အစ “ဥပုသ်နေ့ (နားနေရာနေ့) ကိုသန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကို
အောက်မေ့လော့” ဟူသော စာသားက သက်သေထူ၏။
လူသားများသည် သူတို့၏ကိုယ်ခန္ဓာပြန်လည်အားရှိစေရန်
ကာယအနားယူခြင်း ကိုလိုအပ်သော်လည်း၊ ဘုရားသခင်၏ပုံနမူနာအတိုင်းကျွန်ုပ်တို့သည်
ဥပုသ်နေ့တွင် နား သည်ဟူသောအချက်အပေါ်တွင်
ဘုရားသခင်သည် ဤပညတ်ချက်ကိုတည်သည်။ ကမ္ဘာ မြေကြီးဖန်ဆင်းခြင်းပထမအပတ်လုပ်ဆောင်မှုအားလုံးမှ
သူသည် နားခဲ့သော ကြောင့်၊ ကျွန်ုပ်တို့လည်းနားရမည်။
၃။ ဥပုသ်နေ့နှင့်ပဋိညာဉ်တရား။ ဘုရားသခင်၏ပညတ်တော်သည် ပဋိညာဉ် တရား၏ အဓိကကျသောအရာဖြစ်သကဲ့သို့ (ထွက် ၃၄း၂၇)၊ ပညတ်တော်၏
အလယ် ဗဟိုတွင်ရှိ
သောဥပုသ်နေ့သည် ကိုယ်တော်၏ပဋိညာဉ်တရားတွင်အရေးပါသည်။ ဘုရား သခင်က “ငါထာ၀ရဘုရားသည် သူတို့ကို
သန့်ရှင်းစေသည်ဟု သူတို့သည် သိမည် အကြောင်း၊
ငါနှင့်သူ တို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေခြင်းငှာ၊ ငါ၏ဥပုသ် နေ့ ကို ငါခန့်ထား၏” (ယေဇ ၂ဝး၁၂၊၂၀။ ထွက် ၃၁း၁၇) ဟုဆိုသည်။ ထို့ကြောင့်၊ သူက
ဥပုသ်စောင့်ခြင်းသည် “ထာ၀ရ ပဋိညာဉ်” ဖြစ်သည်ဟုဆိုသည် (ထွက် ၃၁း၁၆)။
“ပဋိညာဉ်တရားသည်
ဘုရားသခင်၏မိမိလူတို့အပေါ်ထားရှိသောမေတ္တာ၌ အခြေ ခံသကဲ့သို့ (တရား ၇း၇၊၈)၊
ပဋိညာဉ်၏အမှတ်လက္ခဏာဖြစ်သောဥပုသ်နေ့သည် ဘုရား ရှင် မေတ္တာ၏အမှတ်အသားဖြစ်သည်။”
၄။
နှစ်စဉ်ကျင်းပသောဥပုသ်နေ့များ။ အပတ်စဉ်ဥပုသ်နေ့များ (ဝတ် ၂၃း၃) များအပြင်၊
ဣသရေလတို့၏ဘာသာရေးပြက္ခဒိန်တွင် နှစ်စဉ်ကျင်းပရသော ဥပုသ်နေ့ခုနစ်ခုရှိသည်။ ဤ
နှစ်စဉ်ကျင်းပရသောဥပုသ်နေ့များသည် သတ္တမနေ့ဥပုသ် သို့မဟုတ် အပတ်စဉ် ဥပုသ်နေ့နှင့်
တိုက်ရိုက်ဆက်စပ်မှုမရှိချေ။ ဤဥပုသ်နေ့များသည် “ထာ၀ရဘုရား၏ ဥပုသ်နေ့” အပြင်
အခြားသောဥပုသ်နေ့များဖြစ်သည် (ဝတ် ၂၃း၃၈)။ ထိုဥပုသ်နေ့များမှာ ပသခါပွဲ၊
ပင်တေကုတ္တေပွဲ၊ တံပိုးမှုတ်ပွဲ၊ အပြစ်ဖြေရာနေ့နှင့် သကေနေပွဲတို့၏ ပထမ နေ့နှင့် နောက်ဆုံးနေ့တို့ဖြစ် သည် (ဝတ် ၂၃း၇၊၈၊၂၁၊၂၄၊၂၅၊
၂၇၊၂၈၊၃၅၊၃၆)။
ဤဥပုသ်နေ့များကိုတွက်ဆမှုသည်
လပြက္ခဒိန်ကိုအခြေခံသည့်နှစ်၏အစအပေါ် မှီတည် နေသောကြောင့်၊
ရက်သတ္တပတ်၏မည်သည့်ရက်တွင်မဆို ဥပုသ်နေ့ကျရောက် နိုင်သည်။ ၎င်းတို့သည် အပတ်စဉ်ဥပုသ်နေ့နှင့်
တိုက်ဆိုင်သောအခါ “ကြီးမြတ်သောဥ ပုသ်နေ့” (ယော ၁၉း၃၁)
ဟုခေါ်သည်။ “အပတ်စဉ်ဥပုသ်နေ့သည်
ဖန်ဆင်းခြင်း၏ အဆုံး တွင် လူသားအားလုံး
အတွက်အစပြုခဲ့သော်လည်း၊ ဤနှစ်စဉ်ဥပုသ်နေ့များသည် သိနာ တောင်ပေါ်တွင်ပေးသည့် ယုဒလူတို့၏ထုံးတမ်းစနစ်နှင့်
ပွဲများနှင့်တစ်သားတည်း ဖြစ် သည်။...
၎င်းတို့သည် ကြွလာမည့် မေရှိယကိုညွှန်ပြ၍၊ လက်ဝါးကပ်တိုင်ပေါ် အသေ ခံခြင်းနှင့်အတူ ထိုဥပုသ်နေ့များကို စောင့်
ခြင်းလည်းအဆုံးသတ်ခဲ့သည်။
ဥပုသ်နေ့နှင့်ခရစ်တော်။ အဖခမည်းတော် ကဲ့သို့ပင်၊ အမှန်စင်စစ် ခရစ်တော်သည်
ဖန်ဆင်းရှင်ဖြစ်ကြောင်းကို သမ္မာကျမ်းစာကဖော်ပြသည် (၁ကော ၈း၆၊ ဟေဗြဲ ၁း၁၊၂။ ယော
၁း၃)။ ထို့ကြောင့် သူသည် လူသားများအတွက် သတ္တမနေ့ကို နားနေရာနေ့အဖြစ် သီးသန့်
ဖယ်ထားသောသူဖြစ်သည်။
အနှေးနှင့် အမြန်ခရစ်တော်သည် ဥပုသ်နေ့ကို
သူ၏ရွေးနုတ်ခြင်းနှင့် လည်း ကောင်း၊
သူ၏ဖန်ဆင်းခြင်းနှင့်လည်းကောင်းတွဲဖက်ခဲ့သည်။ “ငါဖြစ်သည်” (ယော ၈း၅၈။ ထွက် ၃း၁၄) ဟူသောဘုရားအဖြစ်၊ သူသည်
ဤအပတ်စဉ်ဖန်ဆင်းရှင်နှင့်အတူ ဝတ်ပြု ကိုးကွယ်
ခြင်းကို အားမာန်ပါသောသတိပေးချက်အဖြစ် ဥပုသ်နေ့ကိုပညတ် တော်ဆယ်ပါးတွင်ထည့် သွင်းခဲ့သည်။ ထို့နောက် သူသည်
ဥပုသ်နေ့စောင့်ရခြင်း၏ အခြား
အကြောင်းရင်းတစ်ခုကို ထပ်ပေးခဲ့သည်။ ၎င်းမှာ လူတို့ကိုရွေးနုတ်ခြင်း အကြောင်းဖြစ်သည် (တရား ၅း၁၄၊၁၅)။ ထို့ကြောင့် ဥပုသ်နေ့သည်
ယေရှုအားဖန်ဆင်း ရှင်နှင့် ကယ်တင်ရှင်
အဖြစ်လက်ခံပြီးသော သူတို့ကို အမှတ်အသားပြုသည်။
ဖန်ဆင်းရှင်နှင့်ကယ်တင်ရှင်အဖြစ် ခရစ်တော်၏ကဏ္ဍနှစ်ရပ်သည်၊
လူသား အနေဖြင့် သူသည် “ဥပုသ်နေ့ကိုပင်အစိုးရသည်” (မာ ၂း၂၈) ဟုအဘယ်ကြောင့် ပြောဆို သည်ကို ရှင်းလင်းစေသည်။ ထိုသို့သောအခွင့်အာဏာဖြင့် သူသည်
အလိုရှိခဲ့သော် ဥပုသ်နေ့ကို ဖယ်ရှားပစ်နိုင်သည်၊ သို့သော် ထိုသို့မပြုခဲ့ချေ။
ထိုအရာနှင့်ဆန့်ကျင်၍၊ သူသည် ဥပုသ်နေ့ကို လူသားအားလုံးအတွက်အကျိုးသက်ရောက်စေ၍၊ “ဥပုသ်နေ့ သည်
လူ့အဖို့ဖြစ်၏” (မာ ၂း၂၇) ဟုဆို
ခဲ့သည်။
မြေကြီးပေါ် အမှုဆောင်စဉ်တစ်လျှောက် ခရစ်တော်သည်
ကျွန်ုပ်တို့အတွက် သစ္စာရှိစွာ ဥပုသ်စောင့်ခြင်းကိုနမူနာပြခဲ့သည်။ ဥပုသ်နေ့တွင်
ဝတ်ပြုကိုးကွယ်ခြင်းသည် သူ၏ထုံးစံဖြစ် သည် (လု ၄း၁၆)။ ဥပုသ်နေ့ဝတ်ပြုခြင်းများ၌
သူပါဝင်ခြင်းက သူသည် ထိုနေ့ကို ဝတ်ပြု ကိုးကွယ် ရာနေ့အဖြစ်
အတည်ပြုကြောင်းကိုဖော်ပြသည်။
ခရစ်တော်သည် ဥပုသ်နေ့၏သန့်ရှင်းမွန်မြတ်ခြင်းကို အလွန်အလေးထားသည်ဖြစ် ရာ၊ သူသည်
ကောင်းကင်ဘုံသို့တက်ကြွပြီးနောက် ဖြစ်ပျက်မည့်ညှဉ်းဆဲခြင်း အကြောင်း ကို ပြောကြားရာတွင် သူ၏တပည့်တို့ကိုအကြံပြုသည်မှာ၊ “သင်တို့ပြေးရသောအချိန် သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်းမကျမည်အကြောင်း
ဆုတောင်းကြလော့” (မ ၂၄း၂၀) ဟူ၍ဖြစ်သည်။ “ထိုအချိန်က ခရစ်ယာန်များ ပင်လျှင် ဥပုသ်နေ့ကို ကျပ်တည်း စွာ စောင့်ထိန်းကြရကြောင်း” ကို ရှင်းလင်းစွာပြသသည်။
ခရစ်တော်သည် ဖန်ဆင်းခြင်းအမှုကို ပြီးသောအခါ၊
သတ္တမနေ့တွင်နားခဲ့သည်။ ဤ နား နေခြင်းသည် ပြည့်စုံခြင်းနှင့် ပြီးမြောက်ခြင်း
တို့ကိုညွှန်ပြသည်။ မြေကြီးပေါ်အမှု ထမ်းခြင်း၏ အဆုံးအချိန်၊
သမိုင်းတွင်သူ၏ကြီးမားသော ဒုတိယ အပိုင်းလုပ်ဆောင်မှုကို အပြီးသတ်သော အခါအလားတူပြုခဲ့သည်။
ရက်သတ္တပတ်၏ဆဌမနေ့သောကြာနေ့မွန်း လွဲပိုင်းတွင်
ခရစ်တော်သည် ဤမြေကြီးပေါ်သူ၏ရွေးနုတ်ခြင်းလုပ်ငန်းကို အပြီးသတ်ခဲ့ သည်။ သူ၏နောက်ဆုံး စကားမှာ “အမှုပြီးပြီ” (ယော ၁၉း၃၀) ဟူ၍ဖြစ်သည်။ သမ္မာ ကျမ်းစာကသူအသေခံချိန်သည် “အဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့အချိန်နီးသတည်း” (လု ၂၃း၅၄) ဟု အလေးပေးဖော်ပြသည်။ သူသေပြီးနောက်သချုØင်းဂူတွင်နားနေခြင်းသည်၊ လူတို့၏ရွေးနုတ်ခြင်းကို
သူပြီးမြောက်စေခဲ့ ပြီ ဖြစ်ကြောင်းပုံဆောင်သည်။}
ထို့ကြောင့် ဥပုသ်နေ့သည်
ခရစ်တော်၏ဖန်ဆင်းခြင်းလုပ်ငန်းနှင့် ရွေးနုတ်ခြင်း အမှုတို့ ကိုသက်သေခံသည်။
ဥပုသ်နေ့ကိုစောင့်ခြင်းအားဖြင့် သူ၏နောက်လိုက်များ သည် သူနှင့် အတူလူသားများအတွက်
သူ၏ပြီးမြောက်စေခဲ့မှုများအပေါ်ဝမ်းမြောက်ကြ သည်။
ဥပုသ်နေ့နှင့်တမန်တော်များ။ တမန်တော်တို့သည် ဥပုသ်နေ့ကိုလွန်စွာ အလေး ထားခဲ့ကြသည်။ ဤအရာသည် ခရစ်တော်အသေခံချိန်တွင်
ပေါ်လွင်ထင်ရှားသည်။ ဥပုသ်နေ့
ရောက်လာသောအခါ၊ မြေမြှုပ်ရန်ပြင်ဆင်ခြင်းကိုရပ်၍၊ “ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲနေကြ” ပြီးလျှင်၊ “ခုနစ်ရက်တွင်ပထမနေ့” တနင်္ဂနွေနေ့ တွင် ဆက်လုပ်ရန် စီ စဉ် ခဲ့ကြသည်။ (လု ၂၃း၅၆။
၂၄း၁)။
ခရစ်တော်ပြုသကဲ့သို့၊ တမန်တော်တို့သည်
သတ္တမနေ့ဥပုသ်တွင်ဝတ်ပြုကိုးကွယ် ခဲ့ကြ သည်။ သူ၏သာသနာခရီးစဉ်တွင် ပေါလုသည်
ဥပုသ်နေ့တွင်တရားဇရပ်၌ တက်ရောက်၍ ခရစ်တော်အကြောင်းကိုဟောခဲ့သည် (တ ၁၃း၁၄။ ၁၇း၁၊၂။
၁၈း၄)။ တစ်ပါးအမျိုးသားများ ကပင်လျှင် သူ့ကိုဥပုသ်နေ့တွင် ဘုရားသခင်၏နှုတ်ကပတ်တော်
ကိုဟောပြောရန်ဖိတ်ခဲ့ သည် (တ ၁၃း၄၂၊၄၄)။ တရားဇရပ်မရှိသည့်ဒေသများတွင်၊ သူသည်
ဥပုသ်နေ့ ဝတ်ပြုကိုးကွယ်ခြင်းအတွက် ထုံးတမ်းနှင့်ညီသော နေရာ ကိုရှာခဲ့ သည် (တ ၁၆း၁၃)။ ဥပုသ်နေ့ဝတ်ပြု ခြင်းအစီအစဉ်တွင်
ခရစ်တော်၏ပါဝင်ခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်း အတွက်အထူးနေ့
အဖြစ်သတ္တမနေ့ကိုသူလက်ခံကြောင်းပြသသ ကဲ့သို့၊
ပေါလုလည်းပြုခဲ့သည်။
ပေါလု၏အပတ်စဉ်ဥပုသ်နေ့ကို သစ္စာရှိစွာစောင့်ခြင်းသည်
နှစ်စဉ်ထုံးဖွဲ့ဆိုင်ရာ ဥပုသ်နေ့များအပေါ် သူ၏သဘောထားနှင့်လုံး၀ဆန့်ကျင်နေသည်။
ခရစ်တော်သည် ဝိနည်းထုံးဖွဲ့ ဆိုင်ရာပညတ်များကို လက်ဝါးကပ်တိုင်တွင်
သံမှိုရိုက်ပြီးသောကြောင့်၊ ခရစ်ယာန်တို့သည် နှစ်စဉ်ကျင်းပသောနားနေရက်များကိုစောင့်ရန် တာဝန်မရှိတော့ ကြောင်းသူရှင်းပြသည်။
သူက “ထိုကြောင့်
စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကိုစောင့်ခြင်း
အမှုတွင်သင်တို့ကိုအဘယ်သူမျှမစစ်ကြောမစီရင်စေနှင့်။ ထို အရာတို့သည် နောက်ဖြစ် လတ္တံ့သောအရာတို့၏အရိပ်ဖြစ်ကြ၏။
ကိုယ်မူကား၊ ခရစ်တော်၏ကိုယ်ဖြစ်၏” (ကော ၂း၁၆၊ ၁၇)
ဟုဆိုသည်။ “ဤကျမ်းချက်၏ ရှေ့နောက် စကားစပ်သည် ထုံးတမ်း ဓလေ့ကိစ္စများနှင့် သက်ဆိုင်သည်။
ဤကျမ်းချက်မှ ဥပုသ် နေ့များသည် ခရစ်တော်၌
ပြည့်စုံသည့် အရိပ်များဖြစ်သော ယုဒလူတို့၏နှစ်စဉ်ပွဲနေ့
များ၏ထုံးတမ်းဆိုင်ရာဥပုသ်နေ့များဖြစ်သည်။”
ထိုနည်းတူ၊ ဂလာတိဩဝါဒစာတွင် ပေါလုသည်
ဝိနည်းထုံးဖွဲ့ဆိုင်ရာပညတ်၏ တောင်း ဆိုမှုများ နာခံခြင်းကို ကန့်ကွက်ခဲ့သည်။ သူက၊
]နှစ်၊ လ၊ နေ့ရက်၊ အချိန် ကာလများကို စောင့်ကြလေပြီတကား။ ငါသည်
သင်တို့ဆီမှာအချည်းနှီးကြိုးစားအား ထုတ် သည်ဟု
သင်တို့၏ အကြောင်းကြောင့်စိုးရိမ်လျက်ရှိ၏} (ဂလ ၄း၁၀၊ ၁၁)။
ယောဟန်က၊ ငါသည် “သခင်ဘုရားနေ့၌ဝိညာဉ်တော်ကိုခံရသည်” ဟုဆိုသည့် စကားပါရှိသော (ဗျာ ၁း၁၀) သည်
မကြာခဏနားလည်မှုလွဲခံရသောကျမ်းချက် ဖြစ် သည်။ သူသည် “သခင်ဘုရားနေ့” ဟုပြောသောအခါ၊
ယောဟန်သည် တနင်္ဂနွေနေ့ကို ဆိုလိုသည်ဟု များစွာသော သူတို့ကစွဲမှတ်ကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုနေ့တွင် ခရစ်တော် ထမြောက် သောကြောင့်ဖြစ်သည်။ သို့သော်
ဤကျမ်းချက်သည် ရှင်ပြန် ထမြောက်သောနေ့ နှင့် ဘာမျှ သက်ဆိုင်မှုမရှိချေ။
သမ္မာကျမ်းစာတွင် ဘုရားသခင်၏ အထူးပိုင်ဆိုင်မှုအဖြစ်ရည်ညွှန်းသည့်
တစ်ခုတည်းသောနေ့ရက်မှာ ဥပုသ်နေ့ဖြစ်သည်။
ခရစ်တော်က “သတ္တမနေ့ရက်သည်
သင်၏ဘုရားသခင်ထာ၀ရဘုရား၏ ဥပုသ်နေ့ ဖြစ်၏” (ထွက် ၂ဝး၁၀)
ဟုဖော်ပြပြီး၊ နောက်ပိုင်းတွင် ထိုနေ့ကို “ငါ့သန့်ရှင်းသောနေ့” (ဟေရှာ ၅၈း၁၃) ဟုခေါ်သည်။ ထိုနောက် ခရစ်တော်သည် မိမိကိုယ်ကို
ဥပုသ်နေ့ကို အစိုးရသောသူဟုခေါ်ခဲ့သည် (မာ ၂း၂၈)။ သမ္မာကျမ်းစာတွင် ထာ၀ရဘုရားသည်
သူ့ကိုယ်ပိုင် ပိုင်ဆိုင်သည့် တစ်ခုတည်းသောနေ့ရက်မှာ သတ္တမနေ့ဥပုသ်ဖြစ်သော ကြောင့်၊ ယောဟန်သည် ဥပုသ်နေ့ကိုရည်ညွှန်းသည်ဟုကျိုးကြောင်း
ဆီလျော်စွာ ကောက်ချက်ချနိုင်သည်။
သူသည် ထိုဝေါဟာရကို ရက်သတ္တပတ်၏ ပထမနေ့ သို့မဟုတ် တနင်္ဂနွေနေ့ ရည်ညွှန်းရန်
အသုံးပြုကြောင်း အမှန်ပင်ကျမ်းစာမှ သာဓကမရှိချေ။
သမ္မာကျမ်းစာသည် ကျွန်ုပ်တို့အားဥပုသ်နေ့မှလွဲJ၍၊ တစ်ရက်ရက်ကိုစောင့်ရန် ပညတ် သည့်ကျမ်း
ဘယ်နေရာတွင်မျှမရှိချေ။ အခြားနေ့များကိုကောင်းချီးပေးသည် သို့မဟုတ်
သန့်ရှင်းစေသည်ဟူသောကျမ်းချက်မရှိချေ။ ဘုရားသခင်သည် ဥပုသ်နေ့ကို အခြားတစ်ရက်
ရက်သို့ပြောင်းခဲ့သည်ဟူ၍လည်း ဓမ္မသစ်ကျမ်းကမညွှန်ပြချေ။
ထိုအရာနှင့်ဆန့်ကျင်၍၊ ဘုရားသခင်သည်
သူ၏လူတို့အားဥပုသ်နေ့ကိုထာ၀ရ ကာလ တစ်လျှောက်လုံးစောင့်ရန်ရည်ရွယ်ကြောင်း
သမ္မာကျမ်းစာကဖော်ပြသည်။ “ငါ
ဖန်ဆင်းသောကောင်းကင်သစ်နှင့်မြေကြီးသစ်သည် ငါ့ရှေ့၌တည်သကဲ့သို့၊ သင်တို့၏
အမျိုးအနွယ်နှင့် သင်တို့၏နာမသည်လည်းတည်ရလိမ့်မည်။. လူသတ္တဝါအပေါင်းတို့ သည် ငါ့ရှေ့မှာကိုး ကွယ်ခြင်းငှါ လဆန်းနေ့နှင့်
ဥပုသ်နေ့အစဉ် အတိုင်းလာကြလိမ့်မည် ဟု ထာ၀ရဘုရား
မိန့် တော်မူ၏” (ဟေရှာ ၆၆း၂၂၊
၂၃)။
ဥပုသ်နေ့၏အဓိပ္ပါယ်။ ဥပုသ်နေ့သည် ကျယ်ပြန့်သောအဓိပ္ပါယ်ရှိပြီး၊ နက်နဲကြွယ် ၀သော ဝိညာဉ်ရေးနှင့်ပြည့်သည်။
၁။ ဖန်ဆင်းခြင်း၏ရာသက်ပန်အထိမ်းအမှတ်။ ကျွန်ုပ်တို့လေ့လာခဲ့ သကဲ့သို့၊ ဥပုသ်နေ့
ကိုပညတ်တော်ဆယ်ပါးတွင် ထည့်သွင်းရခြင်း၏အခြေခံအကြောင်းရင်း မှာ ၎င်းသည်
ဘုရားသခင်အားဖန်ဆင်းရှင်အဖြစ် အမှတ်ရစေသောကြောင့်ဖြစ်သည်။ ထို ပညတ်ချက်သည် လူယောက်ျားမိန်းမအားလုံးကို
ဘုရားသခင်အားဖန်ဆင်းရှင်အဖြစ် ကြည်ညို၊ ကိုးကွယ်ရန် တောင်းဆိုသည် (ထွက် ၂ဝး၁၁၊
၁၂)။ သတ္တမနေ့ကို ဥပုသ်နေ့ အဖြစ်စောင့်ရမည်ဟူသော ပညတ်သည် “ဖန်ဆင်းခြင်း အမှုနှင့်ခွဲ၍ မရနိုင်အောင် ဆက် နေသည်။ ဥပုသ်နေ့ကို တည်ထောင်၍၊
ထိုနေ့ကိုစောင့်စေသောအမိန့်သည် ဖန်ဆင်း ခြင်း
အမှု၏တိုက်ရိုက် အကျိုးဆက် ဖြစ်သည်။ ထို့ပြင်မက၊ လူသားမိသားစုတစ်ခုလုံးသည်
ဘုရားရှင်၏ ဖန်ဆင်းခြင်းကြောင့် တည်ရှိလာသည်ဖြစ်ရာ၊ ထိုနေ့ကိုအောက်မေ့ရမည်။
သို့ဖြစ်၍၊ ဘုရားသခင်၏ ဖန်ဆင်းခြင်းတန်ခိုး၏ အထိမ်းအမှတ်အဖြစ် ဥပုသ်နေ့ပညတ် ကို လိုက်နာရန်ဝတ္တရားသည် လူသားမျိုး
နွယ်တစ်ခုလုံးအပေါ်တွင် လွဲပြောင်းကျရောက် သည်။” “ဥပုသ်နေ့သည် သူ၏ဖန်ဆင်းခြင်း လုပ်ငန်းကိုသတိရရန်
ဘုရားသခင်သတ်မှတ် သည့် ထာ၀ရဝတ္တရားဖြစ်သည်။”
ဥပုသ်နေ့ကိုဖန်ဆင်းခြင်းအထိမ်းအမှတ်အဖြစ် စောင့်သောသူတို့က “ဘုရားသခင် သည် သူတို့၏ ဖန်ဆင်းရှင်နှင့်
သူတို့၏စစ်မှန်သောအချုပ်အခြာအာဏာပိုင်ဖြစ်ကြောင်း-၊ သူတို့သည်
သူ၏ဖန်ဆင်းခြင်းလက်ရာများဖြစ်၍၊ သူ၏အာဏာအောက်၌ရှိကြောင်းကို
ဝမ်းမြောက်စွာအသိအမှတ်ပြုခြင်းအဖြစ် ဥပုသ်နေ့ကိုစောင့်ကြခြင်းဖြစ်သည်။ ထို ကြောင့် ဥပုသ်နေ့သည်
လုံးလုံးဂုဏ်ပြုသောအထိမ်းအမှတ်ဖြစ်၍၊ လူသားအားလုံးကို ပေးသည်။ ၎င်း၌ အရိပ်ဟူသည်မရှိ၊
မည်သူနှင့်မျှလည်းကန့်သတ်ထားခြင်းမရှိချေ။} ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သောကြောင့်၊ ကျွန်ုပ်တို့သည်
သူ့ကိုကိုးကွယ်နေသ ရွေ့၊ ဥပုသ်နေ့သည်
ဖန်ဆင်း ခြင်း၏အမှတ်လက္ခဏာနှင့် အထိမ်းအမှတ်အဖြစ်ဆက် ရှိနေလိမ့်မည်။
၂။ ရွေးနုတ်ခြင်း၏အမှတ်အသား။ ဘုရားသခင်သည် ဣသရေလတို့ကို အီဂျစ် ပြည်၏ အချုပ်အနှောင်မှကယ်နုတ်သောအချိန်က၊
ဖန်ဆင်းခြင်း၏အထိမ်းအမှတ်အဖြစ် နှင့်ပြီးသောဥပုသ်နေ့သည်
ကယ်နုတ်ခြင်း၏အထိမ်းအမှတ်လည်းဖြစ်လာခဲ့သည် (တရား ၅း၁၅)။ “အပတ်စဉ်ဥပုသ်နေ့နားနေခြင်းကို
ကောင်းစွာစောင့်ခဲ့မည်ဆိုလျှင်၊ ဘုရားသခင် သည်
လူတို့ကိုအီဂျစ်ပြည်သာမက၊ ခေတ်အဆက်ဆက်ကမည်သည့် တိုင်းပြည်၏ အချုပ်အနှောင်ထဲက
မဆိုအစဉ်လွှတ်ပေးရန်ကြံရွယ်ခဲ့သည်။ ယနေ့လူတို့သည် လောဘ ကြီးခြင်း၊ အကျိုးအမြတ် နှင့်တန်ခိုးအာဏာ၊
လူမှုရေးမညီမျှမှု၊ အပြစ်နှင့်တစ်ကိုယ် ကောင်းဆန်ခြင်း
စသည်တို့မှ လာသောအချုပ်အနှောင်မှလွတ်မြောက် ရန်လိုအပ်သည်။”
ကျွန်ုပ်တို့သည် လက်ဝါးကပ်တိုင်ကို ကြည့်သောအခါ၊ ဥပုသ်နေ့
နားနေခြင်းသည် ရွေးနုတ်ခြင်း၏အထူးအမှတ်အသားအဖြစ်ထင်ရှားနေသည်။ “၎င်းသည် ဧမာနွေလ ဘုရား၏
ခေါင်းဆောင်မှုအောက်၌ အပြစ်၏အချုပ် အနှောင်မှလွတ်မြောက်ခြင်း အ ထိမ်းအမှတ်ဖြစ်သည်။
ကျွန်ုပ်တို့သယ်ဆောင်သောအကြီးမားဆုံးဝန်ထုပ်မှာ ကျွန်ုပ်တို့ နားမထောင်သော
အပြစ်ဖြစ်သည်။ အပြစ်ကိုအောင်နိုင်သည့်နားနေခြင်းဖြစ်သော သချု Øင်းဂူတွင် ခရစ်တော်၏ နားနေခြင်းကို
ပြန်လည်ညွှန်းဆိုခြင်းအားဖြင့် ဥပုသ်နေ့ နားနေ ခြင်းသည် ခရစ်ယာန်တို့အား ခရစ်တော်၏အပြစ်လွှတ်ခြင်း၊
ငြိမ်သက်ခြင်းနှင့် နားနေ ခြင်းကို
လက်ခံရရှိရန်နှင့် တွေ့ကြုံ ခံစားရန် သေချာသောအခွင့်အရေးဖြစ်သည်။}
၃။ သန့်ရှင်းစင်ကြယ်ခြင်း၏အမှတ်အသား။ ဥပုသ်နေ့သည် ဘုရားသခင့် ပြောင်း လဲစေ ခြင်းတန်ခိုးအမှတ်အသား၊
သန့်ရှင်းခြင်းနှင့်စင်ကြယ်ခြင်း၏လက္ခဏာဖြစ် သည်။ “ငါသည်
သင်တို့ကိုသန့်ရှင်းစေသောထာ၀ရဘုရားဖြစ်ကြောင်းကို သင်တို့ သိစေခြင်းငှာ၊
ငါနှင့်သင်တို့၏ သားစဉ်မြေးဆက်စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဖို့ရာ၊ ငါ့ပုဥသ်နေ့ ကိုစင်စစ်စောင့်ရကြမည်” (ထွက် ၃၁း၁၃)။ ထိုကြောင့် ဥပုသ်နေ့သည် သန့်ရှင်းစင် ကြယ်စေသူအဖြစ် ဘုရားသခင်၏ အမှတ်အသားဖြစ်သည်။ ဟေဗြဲဩဝါဒစာ
ကိုရေး သားသောသူက ဘုရားသခင်သည်
ကျွန်ုပ်တို့ကိုခရစ်တော်၏အသွေးအားဖြင့် သန့်ရှင်း စင်ကြယ်စေသည်ဟုဖော်ပြသည် (ဟေဗြဲ ၁၃း၁၂)။ ဤအကြောင်းကြောင့်၊
ကျွန်ုပ်တို့၏ အပြစ်များခွင့်လွှတ်ခြင်းအတွက်
ခရစ်တော်သွန်းသော အသွေးကိုလက်ခံခြင်း အားဖြင့် ကျွန်ုပ်တို့သည်
သန့်ရှင်းစင်ကြယ်ခြင်း သို့ရောက်ကြောင်း အမှတ်လက္ခဏာအဖြစ် ဥပုသ်နေ့သည်ရပ်တည်နေသည်။
ဘုရားသခင်သည် ဥပုသ်နေ့ကိုသန့်ရှင်းသောရည်ရွယ်ချက်အတွက်
သီးသန့် ဖယ် ထားသည်နည်းတူ၊
သူ၏လူတို့ကိုလည်း သူ၏အထူးသက်သေခံများဖြစ်စေရန်၊ သန့်ရှင်း သော ရည်ရွယ်ချက်အတွက် သီးသန့်ထားရှိသည်။ သူတို့သည်
ကိုယ်တော်နှင့် အတူ ထိုနေ့၌ ရင်းနှီး သောဆက်ဆံမှုသည်
သန့်ရှင်းခြင်းသို့ပို့ဆောင်သည်။ သူတို့သည် မိမိတို့ ကိုယ်ပိုင်အင်အား
အပေါ်မမှီခိုဘဲ၊ သူတို့ကို သန့်ရှင်းစေသောဘုရားသခင်အပေါ် မှီခိုရန် သင်ယူကြသည်။
“အရာခပ်သိမ်းကိုဖန်ဆင်းသောတန်ခိုးသည်
လူကိုသူ၏ပုံသဏ္ဌာန်အတိုင်း ပြန် လည်
ဖန်ဆင်းသောတန်ခိုးပင်ဖြစ်သည်။ ဥပုသ်နေ့ကိုသန့်ရှင်းစွာစောင့်သောသူတို့ အတွက်၊
ထိုနေ့သည် သန့်ရှင်းစင်ကြယ်ခြင်း၏အမှတ်အသားဖြစ်သည်။ စစ်မှန်သော သန့်ရှင်းစင်
ကြယ်ခြင်းသည် ဘုရားသခင်နှင့်စိတ်သဘောထားချင်းညီညွတ်၍၊ စရိုက် တွင် တစ်လုံးတစ်၀တည်းရှိသည်။ ဤသို့သောအဖြစ်ကို
သူ၏ဂုဏ်တော်ကိုကူးယူထား သောစည်းမျဉ်းများနာခံခြင်းအားဖြင့်ရရှိသည်။
ထိုနောက် ဥပုသ်နေ့သည် နာခံခြင်း၏ အမှတ်အသားဖြစ်သည်။
စိတ်နှလုံးထဲက စတုတ္ထပညတ်ကိုနာခံသောသူသည် ပညတ် တော် တစ်ခုလုံးကို လိုက်လျှောက် လိမ့်မည်။ ထိုသူသည်
နားထောင်ခြင်းအားဖြင့် သန့် ရှင်းစင်ကြယ်
သည်။”
၄။ သစ္စာရှိခြင်း၏အမှတ်အသား။ အာဒံနှင့်ဧ၀တို့၏သစ္စာရှိခြင်းကို ဧဒင်ဥယျာဉ်၌ ရှိသော ကောင်းမကောင်းသိကျွမ်းရာအပင်အားဖြင့်
စမ်းသပ်သကဲ့သို့၊ လူသား တိုင်း၏ ဘုရားသခင်အပေါ်သစ္စာရှိခြင်းကို
ပညတ်တော်ဆယ်ပါး၌ပါရှိသောဥပုသ်နေ့ပညတ် အား ဖြင့်
စမ်းသပ်လိမ့်မည်။
ခရစ်တော် ဒုတိယအကြိမ် မကြွလာမီ လောကီသား အားလုံးသည် “ဘုရားသခင် ၏
ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ယုံကြည်ခြင်းကိုလည်းကောင်း၊ စောင့်ရှောက် သောသန့်ရှင်းသောသူတို့” နှင့် “သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်} သောသူတို့ဟူ၍ နှစ်ဖွဲ့ ကွဲလိမ့်မည်ဟု
သမ္မာကျမ်းစာကဖော်ပြသည် (ဗျာ ၁၄း၁၂၊၉)။ ထိုအချိန်တွင် ဘုရား သခင်၏ သမ္မာတရားသည် လောကီသားများရှေ့တွင်ထင်ရှား၍၊
သမ္မာကျမ်းစာထဲက သတ္တမနေ့ဥပုသ်ကို စောင့်သည့်နာခံမှုရှိသောသူအားလုံး
ဖန်ဆင်းရှင်အပေါ်သစ္စာရှိခြင်း ၏ သက်သေကိုပြကြ၏။
၅။ မိတ်သဟာယဖွဲ့သောအချိန်။ ဘုရားသခင်သည် တိရစ္ဆာန်များကို လူသားတို့၏
အပေါင်းအဖော်အတွက်ဖန်ဆင်းခဲ့သည် (က ၁း၂၄၊ ၂၅)။ ပိုမိုအဆင့် မြင့်သော ပေါင်းဖော်မှု
အတွက် လူယောက်ျားနှင့်မိန်းမတို့ကို အချင်းချင်းအတွက်ပေးခဲ့သည် (က ၂း၁၈-၂၅)။
သို့သော်၊ ဥပုသ်နေ့တွင်မူ၊ ဘုရားသခင်သည် အကြီးမားဆုံးသော ပေါင်းဖော် ခြင်းဖြစ်သည့် သူနှင့်ပေါင်းဖော်ခြင်း
အခွင့်ကိုဆုချပေးခဲ့သည်။ လူသားတို့သည် တိရစ္ဆာန် များနှင့် လည်းကောင်း၊ လူသားအချင်းချင်းနှင့်သော်လည်းကောင်း
ပေါင်းဖော်ရန်သာ မဟုတ်ပါ။ သူတို့သည်
ဘုရားသခင်အတွက်ဖန်ဆင်းခြင်းခံရကြ သည်။
ဥပုသ်နေ့တွင် အထူးသဖြင့်ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အလယ်၌
ဘုရားသခင် ရှိခြင်း ကို
တွေ့ကြုံခံစားနိုင်သည်။ ဥပုသ်နေ့မရှိခဲ့သော် လူတိုင်းသည်အလုပ်သာလုပ်ရ၍ ချွေး ထွက်ခြင်းလည်း ဆုံးတော့မည်မဟုတ်ချေ။ နေ့တိုင်းသည်
အတူတူဖြစ်၍၊ လောကီ ရေးရာများနှင့်သာကုန်ဆုံးလိမ့်မည်။ သို့သော်လည်း
ဥပုသ်နေ့ရောက်လာခြင်းသည် မျှော် လင့်ချက်၊ ဝမ်းမြောက်မှု၊ ရည်မှန်းချက်နှင့်
သတ္တိကိုယူဆောင်လာသည်။ ၎င်းသည် ဝတ်ပြုကိုးကွယ်ခြင်း၊ ဆုတောင်းခြင်း၊
သီချင်းဆိုခြင်း၊ နှုတ်ကပတ်တော်လေ့လာ ခြင်း နှင့်
ဧဝံဂေလိတရားကိုတစ်ပါးသူတို့အား ဝေငှခြင်းတို့အားဖြင့် ဘုရားသခင်နှင့် အတူ
ရင်းရင်းနှီးနှီးပေါင်းဖော်ရသော အချိန်ကိုစီမံပေးသည်။ ဥပုသ်နေ့သည် ဘုရားသခင်၏
ရှိနေခြင်းကိုတွေ့ကြုံခံစားရန် ကျွန်ုပ်တို့၏ အခွင့်အရေး ဖြစ်သည်။
၆။ ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ခြင်းအမှတ်အသား။ ဥာဏ်အလင်းရသော ဩတ္တပ္ပ စိတ်၏လမ်းပြမှုအားဖြင့်
သမ္မာတရားကိုရိုးရိုးသားသားရှာဖွေသော ခရစ်ယာန် မဟုတ်သော သူတို့ကို သန့်ရှင်းသော
ဝိညာဉ်တော်သည် ဘုရားသခင်၏ ပညတ်တော်မှ အထွေထွေ စည်းမျဉ်းများကိုနားလည်နိုင်ရန်
ပို့ဆောင်ပေးနိုင်သည် (ရော ၂း၁၄-၁၆)။ ဤအရာက ခရစ်ယာန်မဟုတ်သောသူတို့သည်
ဥပုသ်နေ့မှလွဲ၍ ကျန်ပညတ်ချက်ကိုး ချက်ကို
အဘယ်ကြောင့်လိုက်နာသည်ကိုရှင်းပြသည်။ သို့သော် ဥပုသ်နေ့ ပညတ်ကိစ္စ မှာ ထိုသို့မဟုတ်ချေ။
များစွာသောလူတို့သည် အပတ်စဉ်နားနေခြင်း၏အကြောင်းရင်းကို
မြင်နိုင်ကြ သည်။ သို့သော်၊ ရက်သတ္တပတ်၏အခြားနေ့များတွင် လုပ်ကောင်းသောအရာများကို
သတ္တမနေ့တွင် ပြုလုပ်ခြင်းသည် အပြစ်ဖြစ်ကြောင်းကို နားလည်ရန်အခက်အခဲရှိနေကြ သည်။ သဘာ၀တရားသည် သတ္တမနေ့ကိုစောင့်ရန်အတွက်
မည်သည့်အခြေခံမျှ မပေး ချေ။ ဂြိုဟ်တို့သည်
မိမိတို့လမ်းကြောင်းအတိုင်းရွေ့လျားကြသည်၊ ကောက်ပဲသီးနှံ များ ကြီးထွားကြသည်၊ မိုးရေ နှင့်နေရောင်ခြည်သည်
တစ်လှည့်စီဖြစ်ပေါ်နေသည်၊ တောသား ရဲများသည်လည်း
နေ့ရက် တိုင်းသည် အတူတူဖြစ်နေသည့်အလားသွားလာ နေကြ သည်။ ထိုသို့ဆိုသော်၊ အဘယ်ကြောင့် လူတို့သည်
သတ္တမနေ့ဥပုသ်ကို စောင့်ရမည် နည်း။ “ခရစ်ယာန်များ အတွက် အကြောင်းရင်းတစ်ခုသာရှိသည်၊ အခြားမရှိ။
သို့သော် ထိုအကြောင်းရင်းမှာ လုံလောက် သည်။ ၎င်းမှာ
ဘုရားသခင်မိန့်တော်မူခဲ့ပြီးဖြစ်သော ကြောင့်တည်း။”
ဘုရားသခင့်အထူးဖော်ပြမှု၏အခြေခံအကြောင်းရင်းအားဖြင့်သာ
လူတို့သည် သတ္တမ နေ့စောင့်ရခြင်း၏ကျိုးကြောင်းသင့်မှုကို နားလည်နိုင်သည်။
ထို့ကြောင့် သတ္တမ နေ့ကို
စောင့်သောသူတို့သည် ၎င်းကိုစောင့်ရန်ပညတ်ချက်ပေးသော ခရစ်တော်ကိုယုံ ကြည် အားကိုးခြင်းဖြင့်စောင့်ကြသည်။
ဥပုသ်နေ့ကိုစောင့်ခြင်းအားဖြင့်၊ ယုံကြည်သူတို့ သည် မိမိတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်အပေါ်မှီခိုမည့်အစား၊
မိမိတို့အသက်တာအတွက် ဘုရားသခင်၏ အလိုတော်ကို
လိုလိုလားလားလက်ခံခြင်းကိုဖော်ပြကြသည်။
သတ္တမနေ့စောင့်ခြင်းအားဖြင့်၊ ယုံကြည်သူတို့သည်
မိမိတို့ကိုယ်ကိုဖြောင့်မတ်ရန် ကြိုးစားနေခြင်းမဟုတ်ပါ။ အမှန်မှာ၊
ဖန်ဆင်းရှင်နှင့်ရွေးနုတ်ရှင်ဖြစ်သောခရစ်တော်နှင့် အတူ
ဆက်ဆံရေးရှိခြင်း၏အကျိုးဆက်အဖြစ် သူတို့သည် ဥပုသ်နေ့ကိုစောင့်ကြသည်။ ဥပုသ်
စောင့်ခြင်းသည် ဖြောင့်မတ်ရာ သို့ရောက်ခြင်းနှင့် သန့်ရှင်းစင်ကြယ် စေခြင်းအရာ တို့၌ ခရစ်တော်၏ ဖြောင့်မတ်ခြင်း၏အကျိုးရလဒ်ဖြစ်၍၊
သူတို့သည် အပြစ်၏အချုပ် အနှောင်မှ
လွတ်မြောက်ပြီးကြောင်းနှင့် ခရစ်တော်၏စုံလင်သောဖြောင့်မတ်ခြင်းကို ရရှိ ပြီးကြောင်းကို
ဖော်ပြသည်။
“ပန်းသီးပင်သည် ပန်းသီးများသီးခြင်းအားဖြင့်
ပန်းသီးပင်ဖြစ်မလာချေ။ ၎င်းသည် ရှေးဦးစွာပန်းသီးပင်ဖြစ်နေရမည်။
ထိုအခါပန်းသီးများသည် သဘာ၀အလျောက်သီးလာ လိမ့်မည်။ ထို့ကြောင့် စစ်မှန်သော
ခရစ်ယာန်တို့သည် ဥပုသ်နေ့ သို့မဟုတ် အခြား ပညတ် ကိုး ချက်တို့ကို
မိမိတို့ကိုယ်ကိုဖြောင့်မတ်စေရန် စောင့်ကြခြင်းမဟုတ်ချေ။ အမှန် မှာ၊ ခရစ်တော် သည်
သူတို့အားမျှဝေသောဖြောင့်မတ်ခြင်း၏အသီးဖြစ်သည်။ ဤနည်း လမ်းဖြင့် ဥပုသ်နေ့
ကိုစောင့်သောသူသည် အကျင့်သမားမဟုတ်ချေ။ အဘယ် ကြောင့်ဆိုသော်၊ အပြင်ပန်းဥပုသ်စောင့်ခြင်းသည်
ယုံကြည်သူ၏အတွင်းပိုင်းဖြောင့် မတ်ခြင်းနှင့်
သန့်ရှင်းစင်ကြယ်ခြင်း အတွေ့အကြုံကိုညွှန်ပြသည်။ သို့ဖြစ်၍ စစ်မှန်သော ဥပုသ်စောင့် သူသည် ဘုရားသခင်၏ မျက်နှာသာကိုရလိုသောအားဖြင့်
ဥပုသ်နေ့တွင် တားမြစ်သော အရာများကို
မပြုလုပ်ခြင်း မဟုတ်ဘဲ၊ သူသည် ဘုရားသခင်ကို ချစ်သော ကြောင့် သူနှင့် အနီကပ်ဆုံး မိတ်သဟာယဖွဲ့လို သောကြောင့်
ဥပုသ်နေ့ကိုစောင့်ခြင်းဖြစ် သည်။”
ထို့ကြောင့် ဖန်ဆင်းရှင်ခရစ်တော်ကသာလျှင်
ကျွန်ုပ်တို့ကိုကယ်တင်နိုင်ကြောင်း ကို
သဘောပေါက်သည်ဖြစ်ရာ၊ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုအားကိုးခြင်းမှရပ်တန့်လိုက် ပြီဖြစ်ကြောင်း ဥပုသ်နေ့စောင့်ခြင်းကဖော်ပြသည်။ အမှန်မှာ၊ “စစ်မှန်သောဥပုသ်နေ့ စောင့်ခြင်း၏
စိတ်ဓာတ်မှာ ကျွန်ုပ်တို့ကို အသစ်သောပုဂ္ဂိုလ်များဖြစ်စေသည့် ဖန်ဆင်း ရှင်နှင့် ကယ်တင်ရှင် ဖြစ်သောယေရှုခရစ်တော်ကို
အကြီးမြတ်ဆုံးချစ်ကြောင်းကိုဖော် ပြသည်။
မှန်ကန်သော နေ့ရက်ကို မှန်ကန်သောနည်းလမ်းဖြင့်စောင့်ခြင်းသည် ယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်ခြင်း၏ အမှတ် အသားဖြစ်သည်။”
၇။ ခရစ်တော်၌နားနေခြင်း၏အမှတ်အသား။ ခါနာန်ပြည်တွင်နားနေရန် ဘုရား သခင်သည် ဣသရေလတို့ကိုအီဂျစ်ပြည်မှကယ်နုတ်ခြင်း၏
အထိမ်းအမှတ်ဖြစ်သော ဥပုသ်နေ့ သည် ထိုအချိန်က ရွေးနုတ်ခြင်းခံရသောသူတို့ကို
ပတ်ဝန်းကျင်လူမျိုးများ မှခွဲခြားသိမြင်စေ သည်။ အလားတူနည်းလမ်းဖြင့် ဥပုသ်နေ့သည်
လောကီသားများမှ ရွေးနုတ်ခံသူတို့ကို သီးသန့်ဖယ်ထားခြင်းတည်းဟူသော
ဘုရားသခင်၏ငြိမ်ဝပ်ခြင်းကို ရရှိရန်
အပြစ်မှကယ်နုတ်ခြင်း ၏ အမှတ်အသားဖြစ်သည်။
ဘုရားသခင်ဖိတ်ခေါ်သည့် နားနေခြင်းထဲသို့ဝင်သော သူအားလုံးသည်
“ဘုရား သခင်သည်
မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေတော်မူသည်နည်းတူ၊ မိမိအမှု အရာ ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏” (ဟေဗြဲ ၄း၁၀)။ “ဤငြိမ်ဝပ်စွာနေခြင်းသည်
ဝိညာဉ် ရေးဆိုင်ရာနားနေခြင်း၊
မိမိတို့ကိုယ်ပိုင်အလုပ်များမှနားခြင်း၊ အပြစ်ပြုခြင်းမှ ရပ်တန့် ခြင်းဖြစ်သည်။ ဘုရားသခင် သည် မိမိလူတို့ကိုဖိတ်ခေါ်သည်မှာ
ဤချမ်းသာခြင်း ထဲသို့ ဖြစ်သည်။ ၎င်းသည်
ဥပုသ်နေ့ နှင့် ခါနာန်ပြည်၌ ငြိမ်ဝပ်စွာနေခြင်း၏အမှတ်အသား ဖြစ်သည်။}
ဘုရားသခင်သည် မိမိ၏ဖန်ဆင်းခြင်းအမှုကိုပြီးဆုံး၍
သတ္တမနေ့တွင်နားနေ သော အခါ၊ သူသည်
ဥပုသ်နေ့တွင်အာဒံနှင့်ဧ၀တို့အား သူ့၌နားနေခြင်းအခွင့်ကိုပေးခဲ့ သည်။ သူတို့သည်
ကျရှုံးခဲ့သော်လည်း၊ လူသားများအတွက် နားနေခြင်းကိုပေးသော ဘုရား သခင်၏ မူလရည်ရွယ်ချက်သည် မပြောင်းမလဲရှိနေသည်။
အပြစ်ဝင်လာပြီး နောက်ပိုင်း တွင် ဥပုသ်နေ့သည်
ထိုနားနေခြင်းကို ပြန်လည် သတိရစေသော အရာအဖြစ် ဆက်လက် ရှိနေသည်။ “ထို့ကြောင့်
သတ္တမနေ့ဥပုသ်ကိုစောင့်ခြင်းသည် ဘုရားသခင် အားအရာခပ် သိမ်းကိုဖန်ဆင်းသောအရှင်အဖြစ် ယုံကြည်ခြင်းကိုသာမက၊
အသက်တာကို ပြောင်းလဲ ၍၊ မြေကြီးပေါ် တွင်
နေထိုင်သောသူတို့အတွက် မူလရည်ရွယ်သည့် “နားနေခြင်း” ထဲသို့ လူယောက်ျားမိန်းမတို့ ကို အရည်အချင်းပြည့်မီစေသောတန်ခိုးကို
ယုံကြည်ခြင်းဖြစ် သည်။”
ဘုရားသခင်သည် တကယ့်ဣသရေလတို့အား ဤဝိညာဉ်ရေးချမ်းသာကို ကတိ
ပေးခဲ့ ပြီးဖြစ်သည်။ သူတို့သည် ထိုချမ်းသာခြင်းထဲသို့ဝင်စားရန် မအောင်မြင်ခဲ့လင့်
က စား၊ ဘုရားသခင်၏ ဖိတ်ခေါ်
ခြင်းသည် ရှိနေဆဲဖြစ်သည်။ “ထိုကြောင့် ဘုရားသခင် ၏ လူတို့အဖို့
အလိုငှာ၊ ငြိမ်ဝပ်ခြင်းချမ်းသာတစ်မျိုးသည် ကျန်ရစ်သေး၏” (ဟေဗြဲ ၄း၉)။ ထိုငြိမ်ဝပ်ခြင်း ချမ်းသာသို့
ဝင်လိုသောသူအားလုံးသည် ယုံကြည်ခြင်းအားဖြင့် ကိုယ် တော်၏ ဝိညာဉ်ရေးနားနေခြင်း
တည်းဟူသောအပြစ်နှင့်ကယ်တင်ခြင်းအတွက် ကြိုး စား
လုပ်ဆောင်ခြင်းတို့မှ နားနေခြင်းကို အလျင်ရှိရမည်။”
ဓမ္မသစ်ကျမ်းသည် ခရစ်ယာန်တို့အား
ဤကျေးဇူးတော်နှင့်ယုံကြည်ခြင်းတို့၏ ငြိမ်ဝပ် ခြင်းကိုတွေ့ကြုံခံစားရန်အတွက်
စောင့်ဆိုင်းမနေရန်တောင်းဆိုသည်။ အဘယ် ကြောင့်ဆို သော်၊
“ယနေ့” သည်
ထိုငြိမ်ဝပ်ခြင်းထဲသို့ ဝင်ရမည့်အခွင့်ထူးအချိန်ဖြစ်သည်။ (ဟေဗြဲ ၄း၇။ ၃း၁၃)။
ဤငြိမ်ဝပ်ခြင်းတည်းဟူသော ယေရှုခရစ်တော်ကို ယုံကြည် ခြင်းအားဖြင့် ကယ်တင်သောကျေးဇူးတော်ကိုရရှိသောသူအားလုံးသည်
မိမိတို့ ကိုယ်ပိုင် အကျင့်အားဖြင့်
ဖြောင့်မတ် ခြင်းကိုရလိုသောကြိုးပမ်းမှုအားလုံးကို ရပ်စဲလိုက်ကြ သည်။ ဤနည်းအားဖြင့်
သတ္တမနေ့ ဥပုသ်ကိုစောင့်ခြင်းသည်
ယုံကြည်သူတို့သည် ဧဝံဂေလိတရား၏ ငြိမ်ဝပ်ခြင်း ချမ်းသာထဲဝင်ရောက်ခြင်း၏
အမှတ်သင်္ကေတဖြစ် သည်။
ဝတ်ပြုကိုးကွယ်ရာနေ့ကိုပြောင်းလဲရန်ကြိုးပမ်းမှု
ဥပုသ်နေ့သည် ဘုရားသခင်ကိုဖန်ဆင်းရှင်နှင့်
ကယ်တင်ရှင်အဖြစ်ကိုးကွယ်ရာ တွင် မရှိ
မဖြစ်ကဏ္ဍ၌ပါဝင်သောကြောင့်၊ စာတန်သည် ဤမြင့်မြတ်သောပြဋ္ဌာန်းချက်ကို အစွမ်းကုန်
တိုက်ခိုက်သည်မှာ အံ့ဩစရာမရှိချေ။
ဘုရားသခင်သည် ဧဒင်ဥယျာဉ်တွင်ဖန်ဆင်း၍၊
သိနာတောင်တွင်ပြန်လည်ဖော်ပြ ခဲ့သော ဝတ်ပြုကိုးကွယ်ရာနေ့မှပြောင်းလဲခြင်းကို
သမ္မာကျမ်းစာသည် မည်သည့်နေရာ တွင်
မျှလုပ်ပိုင်ခွင့်မပေးချေ။ တနင်္ဂနွေနေ့ကိုစောင့်သောသူများကိုယ်တိုင်၊ အခြားသော
ခရစ်ယာန်များသည် ဤအရာကို အသိအမှတ်ပြုကြသည်။ ကာသိုလိပ် အသင်းတော် ဘုန်းကြီး
ဂျိန်းစ်ဂိဘွန်း (Cadsinal Gibbon) အချိန်က “သင်သည်သမ္မာကျမ်းစာ ကို ကမ္ဘာဦး
ကျမ်းမှဗျာဒိတ်ကျမ်းအထိဖတ်နိုင်ခဲ့သည်။ တနင်္ဂနွေနေ့ကို သန့်ရှင်းစေသည့်
ခွင့်ပြုချက် အထောက်အထား စာကြောင်းတစ်ကြောင်းမျှ သင်တွေ့ရလိမ့်မည်မဟုတ်ပါ။ သမ္မာ ကျမ်းစာသည် သတ္တမနေ့ကိုဘာသာရေးနှင့်ဆိုင်၍
စောင့်ရန်အတင်းအကျပ်ပြုသည်” ဟု ဆိုသည်။
ကာသိုလိပ်အသင်းတော်မှခွဲထွက်သူတစ်ဦးဖြစ်သော အေတီလင်ကွန်း (A. T. Lincon) က “ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကစ၍ ဘုရားသခင်သည် ပထမနေ့ကို
ဥပုသ်နေ့ကဲ့သို့စောင့်ရမည်ဟု သတ်မှတ်သည်ဟူသောယုံကြည်ချက်အတွက် ဓမ္မသစ် ကျမ်းကိုယ်၌က ခွင့်ပြုချက်ပေးသည်ဟုငြင်းခုံ၍မရနိုင်ပါ”
ဟုဝန်ခံခဲ့သည်။ ဆက်လက်၍ သူက၊ “သတ္တမနေ့ဥပုသ်ကိုစောင့်သောသူဖြစ်လာခြင်းသည်
ပညတ်တော်ဆယ်ပါးတစ်ခု လုံးကို
လူ့ကျင့်ဝတ်ဆိုင်ရာပညတ်အဖြစ် လိုက်နာသောသူမည်သူမဆိုအတွက် တစ်ခု တည်းသော တစ်သမတ်တည်းရှိသည့်လမ်းကြောင်းဖြစ်သည်} ဟုအသိအမှတ်ပြုခဲ့သည်။
ခရစ်တော် သို့မဟုတ် သူ၏တပည့်တော်တို့သည်
ဝတ်ပြုကိုးကွယ်ရာနေ့ကို သတ္တ မနေ့မှ
ပြောင်းခဲ့သည့်ကျမ်းစာအထောက်အထားမရှိခဲ့သော်၊ မည်သို့သောအားဖြင့်အလွန် များစွာသော ခရစ်ယာန်တို့သည် ထိုနေ့အစား
တနင်္ဂနွေနေ့ကိုလက်ခံလာကြ သနည်း။
တနင်္ဂနွေနေ့ကိုစောင့်ခြင်းပေါ်ပေါက်လာခြင်း။ ဥပုသ်နေ့မှတနင်္ဂနွေနေ့ ဝတ်ပြုကိုး ကွယ်ခြင်း အပြောင်းအလဲသည် တဖြည်းဖြည်းချင်း ဖြစ်လာခဲ့သည်။
ဒုတိယရာစု မတိုင် မီ၊ ခရစ်ယာန်တို့၏
အပတ်စဉ် တနင်္ဂနွေနေ့ဝတ်ပြုကိုးကွယ်ခြင်းအထောက်အထား မရှိ ချေ။ သို့သော် ထိုရာစုနှစ်၏အလယ်တွင်
တနင်္ဂနွေနေ့ကိုနားနေရာနေ့အဖြစ်မဟုတ်ဘဲ၊ ဝတ်ပြု ကိုး ကွယ်ရာနေ့အဖြစ်
ခရစ်ယာန်တချို့သည် မိမိတို့ဆန္ဒအလျောက်စောင့်ခဲ့သည့် အထောက် အထား ရှိသည်။
တနင်္ဂနွေနေ့ဝတ်ပြုကိုးကွယ်ခြင်းကို ဦးတည်လာခြင်းသည်
တစ်ပါးအမျိုးသား ယုံ ကြည် သူအများစုဖြင့်
ဖွဲ့စည်းသော (ရော ၁၁း၁၃) ရောမအသင်းတော်နှင့် အဓိက အားဖြင့် စတင်ခဲ့သည်။ ရောမအင်ပါယာ၏ မြို့တော်ရောမမြို့တွင်
ပြင်းထန်သော ယုဒလူတို့ကို ဆန့်ကျင်သည့် သဘောထားပျံ့နှံ့ခဲ့ပြီး၊
အချိန်ကြာလာသည်နှင့်အမျှ ပိုမို ပြင်းထန်လာသည်။ ဤ သဘောထား
များကိုတုံ့ပြန်သောအားဖြင့် ထိုမြို့ထဲကခရစ်ယာန် တို့သည် ယုဒလူမျိုးများမှ မိမိတို့ကိုယ်ကို ခွဲခြားရန်
ကြိုးပမ်းလာခဲ့ကြသည်။ သူတို့ သည် ယုဒလူတို့နှင့် အတူတူကျင့်သုံးခဲ့သော
အရာတချို့ကိုထားရစ်ခဲ့ပြီး၊ ဥပုသ်နေ့ကို ကြည်ညို
ကိုင်းရှိုင်းမှုမှစတင်ထွက်ခွာလာပြီး၊ တနင်္ဂနွေ နေ့ ကို သာစောင့်ခြင်းဘက်သို့
ဦးတည်လာ ခဲ့ကြသည်။
နှစ်ရာစုမှငါးရာစုနှစ်အထိ တနင်္ဂနွေနေ့စောင့်ခြင်းအရှိန်သည်
ကြီးထွားလာ နေချိန် တွင်၊
ရောမအင်ပါယာတစ်ခုလုံးနီးပါးတွင် ခရစ်ယာန်များသည် သတ္တမနေ့ဥပုသ်ကို ဆက်လက်
စောင့်ခဲ့သည်။ ငါးရာစုနှစ်၏သမိုင်းဆရာ ဆိုကရေးတီး (Sozcrates) က ဤသို့ရေးခဲ့သည်။ “ကမ္ဘာအနှံ့အသင်းတော်အားလုံးနီးပါးက
အပတ်စဉ်ဥပုသ်နေ့တွင် မွန် မြတ်သော
အခမ်းအနားများကိုကျင်းပကြသည်။ သို့ရာတွင် အလက်ဇန္ဒယားမြို့နှင့် ရော မမြို့ရှိ ခရစ်ယာန်များ မှာမူ
ထိုသို့သောလုပ်ဆောင်မှုကိုရပ်တန့်လိုက်ပြီး၊ ရှေးထုံးတမ်း
တချို့ကိုလိုက်လျှောက်ကြသည်။”
လေးရာစုနှင့်ငါးရာစုတွင် များစွာသောခရစ်ယာန်တို့သည်
ဥပုသ်နေ့နှင့် တနင်္ဂနွေ နေ့တွင်
ဝတ်ပြုကိုးကွယ်ကြသည်။ ထိုခေတ်က အခြားသမိုင်းဆရာဖြစ်သူ ဆိုဇိုမင်း (Sozomen) ကလည်း ဤသို့ရေးခဲ့သည်။ “ကွန်စတန်တီနိုဘယ်လ်မြို့နှင့်
နေရာတိုင်းနီးပါး တွင် လူတို့သည်
ဥပုသ်နေ့တွင်လည်းကောင်း၊ ရောမမြို့ သို့မဟုတ် အလက်ဇန္ဒယားမြို့ တို့တွင် ဘယ်ခါမျှ
စောင့်သည့်ထုံးစံမရှိခဲ့သောရက်သတ္တပတ်၏ပထမ နေ့တွင်လည်း ကောင်းစုရုံးခဲ့ကြသည်။” ဤ
ကိုးကားချက်များသည် ဥပုသ်နေ့စောင့်ခြင်းကို ဥပေက္ခာ ပြုရာတွင် ရောမမြို့၏ ဦးဆောင်မှုကို ဖော် ပြ သည်။
အဘယ်ကြောင့် သတ္တမနေ့တွင် ဝတ်ပြုကိုးကွယ်ခြင်းမှ
လှည့်ထွက်သွားသောသူ တို့သည်
အခြားနေ့ကိုမရွေးဘဲ၊ တနင်္ဂနွေနေ့ကိုရွေးခဲ့ကြသနည်း။ အဓိကအကြောင်း ရင်းမှာရက် သတ္တပတ်၏ပထမနေ့ဖြစ်သောတနင်္ဂနွေနေ့သည်
ယေရှု၏ရှင်ပြန်ထမြောက် ရာနေ့ဖြစ်
သောကြောင့်ဖြစ်သည်။ ဥပုသ်နေ့ကိုသတ္တမနေ့မှ ပထမနေ့သို့ပြောင်းလဲခြင်း အတွက် ရှင်ပြန်ထမြောက်ရာနေ့ကို
အကြောင်းရင်းအဖြစ်ထားရှိရာတွင်၊ ရှေးဦးအသင်း တော်သည် ရှင်ပြန်ထမြောက်ခြင်းကိုဂုဏ်ပြုသောအားဖြင့်
တနင်္ဂနွေနေ့တွင်ဝတ်ပြုကိုး ကွယ်ခြင်းကို
တရားဝင် ခွင့်ပြုသည်ဟု လူတချို့ကဆိုကြသည်။ သို့ရာတွင် ထိုသို့သော အကြောင်းပြချက်ကို ဓမ္မသစ် ကျမ်းတွင်မတွေ့ရပါ။ အမှန်မှာ “ဒုတိယနှင့်တတိယ ရာစုနှစ်ကစာရေးဆရာ တစ်ဦးတစ် ယောက်ကမျှ
ဥပုသ်နေ့အစား တနင်္ဂနွေနေ့ဝတ်ပြု ကိုးကွယ်ခြင်းအတွက်
တရားဝင်ခွင့်ပြုသော ကျမ်းချက်တစ်ခုမျှမကိုးကားခဲ့သည်မှာ အ လွန်ထူးဆန်းလှသည်။ ယေရှုနှင့်မရှေး မနှောင်း
အသက်ရှင်ခဲ့ကြသည့် စာရေးဆရာများ ဖြစ်သော
ဗားနဗားစ်၊ အစ်နီးရှားစ်၊
ဂျားစ်တင်း၊ အီရဲနီးယားစ်၊ တာတူးလျံ၊
ရောမ မြို့က ကလေးမန့်၊ အလက်ဇန္ဒယားမြို့က ကလေးမန့်၊
အော်ရီဂန်၊ ဆိုင်ပရီယန်၊ ဗစ်တိုး ရီးနားစ်၊
သို့မဟုတ် အခြားတစ်ဦးဦးကမျှ ယေရှုထံမှလည်းကောင်း၊ ကျမ်းချက်တစ်ခုခုမှ သော်လည်းကောင်း၊ ထိုသို့သောမည်သည့်
ညွှန်ကြားချက်မျှမသိခဲ့ကြချေ။”
ဤကဲ့သို့တနင်္ဂနွေနေ့စောင့်ခြင်းသည်
ခိုင်လုံသည့်ကျမ်းချက်အထောက်အထား မရှိ သော်လည်း၊
ရုပ်တုကိုးကွယ်သည့်ရောမမြို့သားများအကြား နေကိုကိုးကွယ်ခြင်း၏ လူကြိုက်
များမှုနှင့် ဩဇာလွှမ်းမိုးမှုနှင့် တနင်္ဂနွေနေ့ကိုဝတ်ပြုကိုးကွယ်ရာနေ့အဖြစ် လက်ခံမှု တိုးပွား လာခြင်းတို့သည်
သဘောထားချင်းတိုက်ဆိုင်လျက်ရှိသည်။ နေကိုကိုး ကွယ်ခြင်းသည် ရှေးဟောင်း ကမ္ဘာတစ်ခုလုံးတွင်
အရေးကြီးသောကဏ္ဍတွင်ပါဝင်သည်။ ၎င်းသည် “ရောမ
ဘာသာ၏သက်တမ်းအရင့်ဆုံးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။”
အရှေ့တိုင်းတွင် နေကိုကိုးကွယ်ခြင်းအစွန်းရောက်များကြောင့် “ဒုတိယရာစုနှစ် အစော ပိုင်းကာလမှစ၍၊ ရောမမြို့နှင့်
ရောမအင်ပါယာ၏အခြားဒေသများတွင် နေ ဘုရား (Sol Lnvictus) ကိုးကွယ်မှုသည်ကြီးစိုးနေခဲ့သည်။
ဤရေပန်းစားသော ဘာသာရေးသည် ရှေးဦးအသင်းတော်ကို အသစ်ပြောင်းလဲ လာသော သူများအားဖြင့် အကျိုးသက်ရောက်စေခဲ့သည်။ “ရုပ်တုကိုးကွယ်ခြင်းမှပြောင်း လဲလာ သောခရစ်ယာန်များ၏ နေကိုအမွန်အမြတ်ထားခြင်းသည်
အစဉ်ဆွဲဆောင်မှုရှိ နေခဲ့သည်။
ဤအရာကိုရှေးအသင်းတော်ခေါင်းဆောင်များက ဤကျင့်စဉ်ကိုမကြာခဏ ပြစ်တင် ရှုတ်ချမှု က သာမက၊
ခရစ်ယာန်တို့ဝတ်ပြုချိန်တွင်ဖတ်သည့် ဝတ်တက်စာတွင် နေကိုးကွယ် ခြင်းကိုပါ
ရှိစေခြင်းတို့ကပြသသည်။”
စတုတ္ထရာစုနှစ်တွင် တနင်္ဂနွေနေ့ကို စောင့်ရန်ဥပဒေများ
စတင်ထွက်ရှိ လာခဲ့ သည်။ ပထမတွင်
အရပ်ဘက်ဆိုင်ရာတနင်္ဂနွေနေ့ဥပဒေများထုတ်ခဲ့သည်။ ထို့နောက် ဘာသာရေး အသွင်ဆောင်သော
တနင်္ဂနွေနေ့ဥပဒေများထပ်ထွက်လာခဲ့သည်။ ဧကရာဇ် မင်း ကွန်စတန် တင်း သည်
ပထမအရပ်ဘက်ဆိုင်ရာတနင်္ဂနွေနေ့ဥပဒေကို (အေဒီ၊ ၃၂၁ ခု၊ မတ်လ ၇ရက်) တွင်
ထုတ်ပြန်ကြေညာခဲ့သည်။ နေကိုကိုးကွယ်သူများအကြား တနင်္ဂနွေနေ့ ရေပန်းစားမှုနှင့်
များစွာသောခရစ်ယာန်များကလည်း ၎င်းကိုအလေးထားမှု တို့ကြောင့်၊ ကွန်စတန်တင်းသည်
တနင်္ဂနွေနေ့ကိုအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခြင်း အားဖြင့်၊ သူ၏အစိုးရအတွက် ဤ နှစ်ဖွဲ့
၏ထောက်ခံမှုကိုအသေအချာရရှိနိုင်မည်ဟု သူမျှော် လင့်ခဲ့ သည်။
ကွန်စတန်တင်း၏ တနင်္ဂနွေနေ့ဥပဒေသည် နေကိုကိုးကွယ် သူအဖြစ်
သူ၏ နောက် ကြောင်းကို ထင်ဟပ်စေခဲ့သည်။ “ကြည်ညိုဖွယ်နေ၏နေ့
(တနင်္ဂနွေနေ့) တွင် မြို့များ၌ ရှိကြ ကုန်သောဝန်ထမ်းများနှင့်
လူထုတို့သည်နားကြစေ။ အလုပ်ရုံအားလုံး လည်းပိတ်စေ၊
သို့သော်လည်း၊ တိုင်းပြည်ထဲတွင်စိုက်ပျိုးရေးလုပ်သောသူတို့သည် လွတ် လွတ်လပ်လပ်၊ ဥပဒေ နှင့်လျော်ညီစွာ
မိမိတို့၏လုပ်ငန်းကိုဆက်လက်လုပ်နိုင်သည်” ဟူ၍ဖြစ်သည်။
ဆယ်စုနှစ် ကာလ တစ်ခုကျော်လွန်လာပြီးနောက်၊ အသင်းတော်သည် သူ၏နမူနာကို လိုက်ခဲ့သည်။
အသင်းတော်အားလုံးမပါဝင်ဘဲ၊ ရိုမန်ကာသိုလိပ်ကသာ ကျင်းပသည့် လောဒိကိကောင်စီ (အေဒီ၊ ၃၆၄ ခုနှစ်) တွင်၊
ပထမဦးဆုံးခရစ်ယာန် အသင်းတော်နှင့် ဆိုင်သော
တနင်္ဂနွေနေ့ ဥပဒေကိုထုတ်ခဲ့သည်။ ဥပဒေပုဒ်မ (၂၉) တွင် ခရစ်ယာန်တို့ သည်
တနင်္ဂနွေနေ့ကို လေးစား ဂုဏ်ပြုရမည် ဖြစ်ကြောင်းနှင့် “အကယ်၍ ဖြစ်နိုင်လျှင် ထိုနေ့တွင် အလုပ်မလုပ်ရ” ဟူ၍ အသင်းတော်ကပြဋ္ဌာန်းခဲ့သည်။ တစ်ချိန် တည်းတွင် ဥပုသ်နေ့တွင် နားနေခြင်းဓလေ့ကို ရှုတ်ချပြီး၊
ခရစ်ယာန်တို့သည် “စနေနေ့ တွင်ပျင်းရိမနေဘဲ၊ ထိုနေ့တွင်အလုပ်လုပ်ကြရမည်” ဟုပါရှိသည်။
အနာဂတ္တိစကား၏နှစ်ပေါင်း (၁၂၆၀) ၏အစဖြစ်သော (အေဒီ၊ ၅၃၈
ခုနှစ်) တွင်၊ ရိုမန် ကာသိုလိပ် အသင်းတော်သည် အော်လင်းစ် (ဥမူနညျေ) က တတိယ
ကောင်စီတွင် ကွန်စတန်တင်း၏ ဥပဒေထက်သာ၍ပင် ပိုမိုပြင်းထန်သော
ဥပဒေတစ်ခုကိုထုတ်ခဲ့သည်။ ထိုအစည်းအဝေး၏ဆုံးဖြတ်ချက် နံပါတ် (၂၈) တွင်၊ တနင်္ဂနွေနေ့၌
“လူတို့သည် ဘုရား ကျောင်းကိုတက်ရောက်ခြင်းမှ မဟန့်တားစေရန်၊
စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများကို ဘေးဖယ် ထားရမည်” ဟူ၍ပါရှိသည်။
ကြိုတင်ဟောခဲ့သောအပြောင်းအလဲ။ ခရစ်ယာန်တို့၏ပြဋ္ဌာန်းချက်အဖြစ် တနင်္ဂ နွေနေ့ကို စောင့်ခြင်းသည် ပေါလုအချိန်ကရှိနှင့်ခဲ့ပြီးသော “ဝှက်ထားလျက်ရှိသော ထိုအဓမ္မအရာ” (၂သက် ၂း၇) မှစတင်ခဲ့ကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ ဒံယေလ အနာဂတ္တိကျမ်း ၇ အားဖြင့် ဘုရားသခင်သည် ဝတ်ပြုကိုးကွယ်ရာနေ့
ပြောင်းလဲခြင်းကို သူကြိုတင်သိ ခဲ့ကြောင်း ဖော်ပြသည်။
ဒံယေလ၏ရူပါရုံသည် ဘုရားသခင်၏လူတို့နှင့် သူ၏ပညတ်တော်အပေါ်
တိုက် ခိုက်မှု
ကိုပုံဖော်ထားသည်။ ချိုငယ်အားဖြင့်ပုံဆောင်သည့်တိုက်ခိုက်သောအာဏာ စက် နှင့် (ဗျာ ၁၃း၁-၁၀ မှသားရဲ) သည်
ခရစ်ယာန်အသင်းတော်ထဲတွင် ကြီးမားသော အယူဖောက်ပြန် ခြင်းကိုယူဆောင်လာသည်။
စတုတ္ထသားရဲမှပေါ်ထွက်လာ၍၊ ရောမ ကျဆုံးပြီးနောက် အဓိကညှဉ်းဆဲသည့်အာဏာဆက်ဖြစ်လာသောချိုငယ်သည်
“ပညတ်တရားတို့ကိုပြောင်းလဲစေခြင်းငှာ ကြိုးပမ်းသည်” (ဒံ ၇း၂၅)။ ဤအယူ ဖောက်ပြန်သောအာဏာစက်သည်
လောကီသားအများစုကိုလှည့်ဖြားရာတွင် အလွန် အောင်မြင် သည်။ သို့သော်လည်း
အဆုံးတွင်၎င်းကိုတရားစီရင်လိမ့်မည် (ဒံ ၇း၁၁၊ ၂၂၊ ၂၆)။ နောက်ဆုံး သော
ဆင်းရဲဒုက္ခအတွင်း ဘုရားသခင်သည် မိမိလူတို့ကိုယ်စား ကြားဝင်လာ၍ သူတို့ကို
ကယ်နုတ်လိမ့်မည် (ဒံ ၁၂း၁-၃)။ ဤအနာဂတ္တိစကားသည်
ခရစ်ယာန်ဘာသာအထဲတွင် အာဏာစက်တစ်ခု
တည်းနှင့်သာကိုက်ညီသည်။ ဘာသာ ရေးအဖွဲ့အစည်း
တစ်ခုတည်း ကသာ ဘုရားရှင်၏ ပညတ်တော်များကို ပြောင်းလဲနိုင် သောအခွင့်အာဏာပိုင်ဆိုင်သည်ဟု အခိုင်အမာဆိုသည်။
သမိုင်းတစ်လျှောက် ရိုမန်ကာ သိုလိပ်
အာဏာပိုင်များ၏ ပြောဆို ချက် များ ကိုသတိပြုပါ။
ခရစ်နှစ် (၁၄၀၀) ခန့်တွင် ပက်တရားစ်ဒီအန်ကျာရာနို (Petru De
Ancharano) က၊ “ပုပ်ရဟန်းမင်း၏ တန်ခိုးသည် လူတန်ခိုးမဟုတ်ဘဲ၊ ဘုရားသခင်၏
တန်ခိုးဖြစ် သော ကြောင့် သူသည် ဘုရားရှင်၏ပညတ်တော်ကိုပြောင်းလဲနိုင်သည်။
ပြီးနောက် သူသည် မြေကြီးပေါ် တွင် ဘုရားသခင်၏ကိုယ်စား
သူ၏သိုးတို့အားချည်နှောင်ခြင်းနှင့် လွှတ်ခြင်း ကို အစွမ်းကုန် တန်ခိုးဖြင့်လုပ်ဆောင်သည်” ဟုပြတ်ပြတ်သားသားပြောခဲ့ သည်။
ဤအံ့ဖွယ်ပြတ်သားစွာ ပြောဆိုခြင်း၏ အကျိုးသက်ရောက်မှုသည်
ဘာသာရေး ပြုပြင်
ပြောင်းလဲခြင်းကာလအတွင်းထင်ရှားခဲ့သည်။ လူးသာက အသင်းတော်၏ထုံး တမ်း စဉ်လာမဟုတ်ဘဲ၊ သမ္မာကျမ်းစာသည်
သူ၏အသက်တာ၌လမ်းပြဖြစ်သည်ဟု အခိုင်အမာ ဆိုခဲ့သည်။ သူ၏ဆောင်ပုဒ်မှာ “သမ္မာကျမ်းစာတစ်ခုတည်းသာ” ဟူ၍ဖြစ် သည်။ ကာသိုလိပ်
အသင်းတော်၏ ယုံကြည်ခြင်းကို အလျင်ဦးဆုံးကာကွယ်သောသူများ ထဲမှ တစ်ဦး ဖြစ်သော ဂျွန်အိုက် (John Eck) က
အသင်းတော်၏အခွင့်အာဏာသည် သမ္မာ ကျမ်းစာအထက်တွင်
ရှိသည်ဟု ပြတ်သားစွာပြောဆိုခြင်းဖြင့် လူးသာကိုတိုက်ခိုက်ခဲ့ သည်။ သူသည် လူးသာကို ကျမ်းစာ၏ဥပုသ်နေ့အစား တနင်္ဂနွေနေ့စောင့်ခြင်းအပေါ် စိန်ခေါ်ခဲ့သည်။ သမ္မာကျမ်းစာသည် “ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို
ကြိုးစား၍လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင်ထာ၀ရ ဘုရား၏ဥပုသ်နေ့ဖြစ်၏}
ဟုသွန်သင် သည်။ သို့ရာတွင် အသင်းတော်သည် ၎င်း၏ ကိုယ်ပိုင်
အခွင့်အာဏာဖြင့် ဥပုသ် နေ့ကိုတနင်္ဂနွေနေ့
သို့ပြောင်းလဲခဲ့ပြီ၊ ဤအရာကို သင် (လူးသာ) သည် ကျမ်းစာ၌ ရှာတွေ့မည်မဟုတ်ပါ” ဟုသူဆိုခဲ့သည်။
ပရိုတက်စတန့်ဝါဒကို တန်ပြန်ရန်၊ ပုပ်ရဟန်းမင်း၏
စီမံမှုဖြင့် ကျင်းပသော ထရန့်မြို့ က အစည်းအဝေး (၁၅၄၅-၁၅၆၃) တွင်
ရက်ဂျီအိုမြို့၏ဂိုဏ်းချုပ်သည် ဤပြဿနာကို ပြန်ဖော် ထုတ်သည်။ သူက “ထိုကြောင့်အသင်းတော်၏ အခွင့်အာဏာကို သမ္မာကျမ်းစာသည်
ရှင်းလင်းစွာဖော်ပြသည်။ တစ်ဖက်တွင် အသင်းတော်သည် ကျမ်းစာ ကိုထောက်ခံသည်၊
ဘုရားရှင်ထံမှလာသည်ဟုကြေညာသည်၊ ဖတ်ဖို့ရာကျွန်ုပ်တို့ကိုပေး သည်။..... အခြားတစ်ဖက် တွင်မူ
သခင်ဘုရားသွန်သင်ခဲ့သောသမ္မာကျမ်းစာက တရား ဝင်ပညတ်ချက်များသည်
(သူသည် ပညတ်တော်တို့ကိုဖျက်ဆီးခြင်းငှာမလာ၊ ပြည့်စုံစေ ခြင်းငှာလာသ တည်းဟူသော) ခရစ်တော်၏သွန်သင်ချက်အားဖြင့်
ရပ်စဲသွားခဲ့ပြီဖြစ် သည်။ သို့သော်
ပညတ်တော်သည် အသင်းတော်၏အခွင့်အာဏာအားဖြင့်ပြောင်းလဲခဲ့ပြီ” ဟုဆိုသည်။
အသင်းတော် (ကာသိုလိပ်) သည် ဤရပ်တည်ချက်ကိုထိန်းသိမ်းပေးပါ
သလား။ (၁၉၇၇) ခုနှစ်တွင်ထုတ်ဝေသော “ကာသိုလိပ်
ယုံကြည်ချက်ဆိုင်ရာ အမေးအဖြေများ” စာအုပ်တွင်
အောက်ပါမေးခွန်းများနှင့် အဖြေများပါရှိသည်။
မေး။ မည်သည့်နေ့သည်ဥပုသ်နေ့ဖြစ်ပါသနည်း။
ဖြေ။ စနေနေ့သည်ဥပုသ်နေ့ဖြစ်သည်။
မေး။ အဘယ်ကြောင့်ကျွန်ုပ်တို့သည်
စနေနေ့အစားတနင်္ဂနွေနေ့ကိုစောင့်ပါသ နည်း။
ဖြေ။ ကျွန်ုပ်တို့သည်
စနေနေ့အစားတနင်္ဂနွေနေ့ကိုစောင့်ရခြင်းမှာ ကာသိုလိပ် အသင်းတော်သည်
စနေနေ့၏လေးနက်မှုကိုတနင်္ဂနွေနေ့သို့ပြောင်းခဲ့သောကြောင့် ဖြစ် သည်။
သူ၏အရောင်းရဆုံးစာအုပ် “သန်းပေါင်းများစွာတို့၏ယုံကြည်ခြင်း” တွင် ကာသို လိပ်ကျမ်းတတ် ဂျွန်အေအိုဘရိန်း (John A. O’
Brien) က အတင်းအကျပ် လက်ခံရမည့် သဘောသက်ရောက်သော ကောက်ချက်ကိုချခဲ့သည်။ “တနင်္ဂနွေနေ့မဟုတ်ဘဲ၊ စနေနေ့ သည်
သမ္မာကျမ်းတွင်အတိအကျရှိသည့်အတွက်၊ မိမိတို့ဘာသာကို (ကာသိုလိပ်)
အသင်းတော်မှမဟုတ်ဘဲ၊ သမ္မာကျမ်းစာမှတိုက်ရိုက်ယူသည်ဟုဝန်ခံသည့် ကာသိုလိပ်အ သင်းသား မဟုတ်သောသူတို့သည်
စနေနေ့အစားတနင်္ဂနွေနေ့ကိုစောင့်ခြင်းမှာ ထူးဆန်း သည် မဟုတ် ပါလား။ အမှန်စင်စစ် ၎င်းသည် ရှေ့နောက်မညီချေ။”
သူက၊ တနင်္ဂနွေနေ့ ကိုစောင့်ခြင်းသည် “သမ္မာကျမ်းစာထဲက တိကျသောကျမ်းချက်အပေါ်၌မတည်ဘဲ၊ ကာ သိုလိပ်အသင်းတော်၏ အခွင့်အာဏာအပေါ်တည်သည်။ ထို
(တနင်္ဂနွေနေ့) စောင့်ခြင်း သည်
အိမ်မှထွက်ပြေး သော် လည်း သူ၏အိတ်ကပ်ထဲတွင် အမေ့ဓာတ်ပုံ သို့မဟုတ်
ဆံညှပ်ကိုထည့်ထားဆဲ ဖြစ်သောယောက်ျားလေးကဲ့သို့၊ ကာသိုလိပ်မဟုတ်သော အသင်း ကွဲ များသည်
မိခင်အသင်းတော်မှ ခွဲထွက်ခဲ့ကြောင်း အမှတ်ရစေသောအရာ အဖြစ် ကျန်ရစ်နေသည်” ဟုဆိုသည်။
ဤအခွင့်အာဏာများကိုရရှိသည်ဟုပြောဆိုခြင်းများသည်
အနာဂတ္တိစကားကို ပြည့်စုံ စေ ၍၊ ချိုငယ်အာဏာစက်၏ပင်ကိုလက္ခဏာကိုပေါ်လွင်စေသည်။
ဥပုသ်နေ့ကိုပြန်လည်အသက်သွင်းခြင်း။
ဟေရှာယအနာဂတ္တိကျမ်း ၅၆ နှင့် ၅၈ တွင် ဘုရားသခင်သည်
ဣသရေလတို့ကိုဥပုသ်နေ့ပြုပြင်ခြင်းအတွက်ခေါ်သည်။ သူ၏ သိုးခြံထဲသို့ တစ်ပါးအမျိုးသားများစုရုံးလာမည့်အနာဂတ်
အထူးကြည်နူးဖွယ်ရာကို ဖော်ပြခြင်းဖြင့်၊ ဘုရား သခင်သည်
ဤကယ်တင်ခြင်းလုပ်ငန်း၏အောင်မြင်ခြင်းကို သန့်ရှင်းစွာဥပုသ်နေ့စောင့်ခြင်း နှင့်
တွဲဖက်ထားသည် (ဟေရှာ ၅၆း၁၊ ၂၊ ၆၊ ၇)။
ဘုရားသခင်သည် သူ့လူများတို့၏အလုပ်အတိအကျကို
ဂရုတစိုက်စီထားသည်။ သူတို့၏ သာသနာသည် ကမ္ဘာနှင့်ချီသော်လည်း၊
မိမိတို့ကိုယ်ကိုယုံကြည်သူများ ဟုဝန်ခံ လျက်ပင်၊
လက်တွေ့တွင် ဘုရားရှင်၏ပညတ်ချက်များမှထွက်ခွာသွားသော သူတို့ကိုရည် ရွယ်သည် (ဟေရှာ ၅၈း၁၊ ၂)။
ယုံကြည်သူများဟုဝန်ခံသောသူတို့ထံသို့ ဟောရမည့် တာဝန်ကို ဘုရားရှင်သည်အောက်ပါအတိုင်းဖော်ပြသည်။ “သင်၏အမျိုးအနွယ်သည်
ရှေးပြိုပျက်ရာတို့ကိုပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌တည်ဖူးသောတိုက်မြစ် များအပေါ် မှာ ထပ်ဆင့်၍ တည်ဆောက်ကြလိမ့်မည်။ သင်သည်လည်း ပြိုပျက်သော
မြို့ရိုးကိုပြု ပြင်သောသူ၊ လူနေရာလမ်း
များ ကိုပြင်ဆင်သောသူဟူ၍ သမုတ်ခြင်းကိုခံရလိမ့်မည်။ သင်သည် ဥပုသ်နေ့ကိုမရှုတ်ချ၊
ငါသန့်ရှင်းသောနေ့မှာ ကိုယ်အလိုသို့မလိုက်၊ ဥပုသ်နေ့ ကိုမွေ့လျော်ရာနေ့၊ ထာ၀ရဘုရား အဖို့သန့်ရှင်းသောနေ့၊
ရိုသေဖွယ်သောနေ့ ဟူ၍ခေါ် သဖြင့် ကိုယ်အမှုကိုမပြု၊
ကိုယ်အလိုသို့မလိုက်၊ ကိုယ်စကားကိုမပြောဘဲနေ၍၊ ထိုနေ့ကို ရိုသေလျှင်၊ သင်သည် ထာ၀ရဘုရား၌ မွေ့လျော်ရလိမ့်မည်။
မြေကြီးပေါ်မှာ မြင့်သော အရပ်တို့ကိုငါစီးစေ၍၊
သင့်အဘယာကုပ်၏ အမွေ ဥစ္စာနှင့် ငါကျွေးမည်ဟု ထာ၀ရ ဘုရား၏နှုတ်တော်ထွက်အမိန့်တော်ရှိ၏” (ဟေရှာ ၅၈း၁၂-၁၄)။
ဝိညာဉ်ရေးဣသရေလတို့နှင့် ရှေးဣသရေလတို့၏လုပ်ငန်းတာဝန်သည်
အတူတူ ပင်ဖြစ်သည်။
ချိုငယ်အာဏာစက်သည် ဥပုသ်နေ့ကိုပြောင်းသောအချိန်တွင် ဘုရား သခင်၏ ပညတ်တော်သည် ချိုးဖျက်ခြင်းခံရသည်။
နင်းချေခြင်းခံရသောဥပုသ်နေ့သည် ဣသရေလ လူတို့တွင် ပြန်လည်အသက်သွင်းရန်ဖြစ်သကဲ့သို့၊
ခေတ်သစ်အချိန်တွင် ဘုရားရှင်၏ ဥပုသ် နေ့ကို ပြန်လည်အသက်သွင်းရန်နှင့်
ဘုရားသခင်၏ပညတ်တော်မှ ပြိုပျက်သောနံရံကို ပြုပြင် ရန်ဖြစ်သည်။
ဗျာ ၁၄း၆-၁၂ မှ သတင်းစကားကို ထာ၀ရဧဝံဂေလိတရားနှင့်ဆက်စပ်၍
ဟော ပြောခြင်းသည် ပညတ်တော်ကို
ပြန်လည်အသက်သွင်းခြင်းနှင့် ထင်ရှားစေခြင်းအလုပ် ကိုပြီးမြောက်စေသည်။ ဤသတင်းစကားကိုဟောပြောခြင်းသည် ဒုတိယ
အကြိမ်ကြွ လာချိန်တွင် ဘုရားသခင့်
အသင်းတော်၏ လုပ်ငန်းတာဝန်ဖြစ်သည်။ ဤသတင်းစကား သည် လောကီ သားများကိုနိုးကြားစေ၍၊ တရားစီရင်ခြင်းအတွက်
လူတိုင်းကိုပြင်ဆင် ရန်ခေါ်ဖိတ်သည်။
“ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်
စမ်းရေတွင်းတို့ကိုဖန်ဆင်းတော်မူသော အရှင်” (ဗျာ ၁၄း၇)
ဟူသောဖန်ဆင်းရှင်ကိုကိုးကွယ်ရန် လှုံ့ဆော်သောစကားအသုံး အနှုန်း သည် ဘုရားသခင့်၏ထာ၀ရတည်သောပညတ်တော်၏ စတုတ္ထပညတ်ကို တိုက်ရိုက်မှီ ငြမ်းခြင်းဖြစ်သည်။ ဤနောက်ဆုံးသတိပေးချက်တွင်
ဤအရာကိုပါဝင်စေခြင်းသည် ကျယ်ကျယ် ပြန့်ပြန့် မေ့ထားသောဥပုသ်နေ့ကို
ဒုတိယအကြိမ်ကြွလာခြင်း မတိုင်မီ ပြန် လည်အသက်သွင်းရန်
ဘုရားသခင်၏အထူးအမှုထားစရာဖြစ်ကြောင်းကို အတည်ပြု သည်။
ဤသတင်းစကားကိုဟောပြောခြင်းသည်
တစ်လောကလုံးပါဝင်မည့်ပဋိပက္ခသို့ တွန်းပို့လိမ့်မည်။ အဓိကပြဿနာမှာ
ဘုရားသခင်၏ပညတ်တော်ကိုနာခံခြင်းနှင့် ဥပုသ် နေ့ကို စောင့်ခြင်းတို့ဖြစ်လိမ့်မည်။ ဤပဋိပက္ခကိုရင်ဆိုင်ရာတွင်
လူတိုင်းသည် ဘုရား သခင်၏ ပညတ်ချက်များ
သို့မဟုတ် လူတို့၏ပညတ်ချက်များတစ်ခုခုကိုလိုက်နာ ရန်ဆုံး ဖြတ်ရမည်။ ဤ သတင်းစကားသည် ဘုရားသခင်၏ပညတ်တို့နှင့် ယေရှု၏
ယုံကြည် ခြင်းတို့ကို စွဲလမ်းသော
လူတို့ကို မွေးထုတ်ပေးလိမ့်မည်။ ၎င်းသတင်းစကားကို ငြင်းဆန် သောသူတို့သည် နောက်ဆုံးတွင်
သားရဲ၏အမှတ်တံဆိပ်ကိုရရှိကြလိမ့်မည် (ဗျာ ၁၄း၉၊ ၁၂)။
ဘုရားသခင်၏ ပညတ်တော်ကို ချီးမြှောက်ခြင်းနှင့်
လျစ်လျူရှုခံရသော ဥပုသ်နေ့ ကို
လေးစားခြင်းလုပ်ငန်းကို အောင်မြင်စွာပြီးမြောက်စေရန်၊ ဘုရားသခင်၏လူတို့သည် ဥပုသ်
နေ့ စောင့်ခြင်းနှင့် ကိုက်ညီသောချစ်ဖွယ်ပုံနမူနာကိုပြသရမည်။
ဥပုသ်နေ့ကိုစောင့်ခြင်း
“ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကိုအောက်မေ့” (ထွက် ၂ဝး၈) ရန်၊ ကျွန်ုပ်တို့သည်
တစ်ပတ်လုံးဥပုသ်နေ့အကြောင်းကိုစဉ်းစား၍၊ ဘုရားသခင်နှစ်သက် သောအပြုအမူဖြင့် ထိုနေ့ကိုစောင့်နိုင်ရန်
လိုအပ်သောပြင်ဆင်မှုများကိုပြုလုပ်ရမည်။ ကျွန်ုပ်တို့သည်
ဥပုသ်နေ့ဝတ်ပြုခြင်းအစီအစဉ်တွင် မပါဝင်နိုင်လောက်အောင်ရက် သတ္တ ပတ်အတွင်း ကျွန်ုပ် တို့၏ အင်အားများမကုန်ခန်းသွားစေရန်
သတိထားရမည်။
ဥပုသ်နေ့သည် ဖန်ဆင်းခြင်းနှင့်ရွေးနုတ်ခြင်း၌ ဘုရားသခင်၏
ကြင်နာသော လုပ် ဆောင်
မှုများကိုပျော်ရွှင်စွာကျင်းပရန် ကျွန်ုပ်တို့အားဖိတ်ခေါ်သည့်ဘုရားသခင်နှင့် အတူ
အထူးရင်း နှီးစွာပေါင်းသင်းသည့် နေ့ရက်ဖြစ်သောကြောင့်၊ ကျွန်ုပ်တို့သည် ၎င်း၏
သန့်ရှင်းမြင့်မြတ်ခြင်း ကိုလျော့ပါးစေမည့် မည်သည့်အရာကိုမဆို ရှောင်ရှားရန်အရေး ကြီးသည်။ ကျွန်ုပ်တို့သည်
ဥပုသ်နေ့တွင်လောကီရေးရာအလုပ်များကိုရပ်စဲရန် သမ္မာ ကျမ်းစာကပြဋ္ဌာန်းသည် (ထွက် ၂ဝး၁၀)။
အသက်မွေးဝမ်းကျောင်းအလုပ်များနှင့် စီးပွား ရေးလုပ်ငန်းအားလုံးကို
ရှောင်ရှားရမည် (နေ ၁၃း၁၅-၂၂)။ ကျွန်ုပ်တို့သည် “ကိုယ်အမှု ကိုမပြု၊ ကိုယ်အလိုသို့မလိုက်၊ ကိုယ် စကားကိုမပြောဘဲနေ”
(ဟေရှာ ၅၈း၁၃) ခြင်း အားဖြင့်
ဘုရားသခင်ကိုဂုဏ်ပြုရမည်။ ဤ နေ့ကိုမိမိတို့ကိုယ်ကိုပျော်ရွှင်စေခြင်း၊ လော ကီ ရေးရာအကျိုးများ၌ပါဝင်ခြင်း၊ လောကီရေးရာ
ပြောဆိုခြင်းနှင့်တွေးတောခြင်း သို့မ ဟုတ်
အားကစားများ၌ပါဝင်ခြင်းစသည်တို့သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့် ရင်းနှီးသော
ပေါင်းဖော်ခြင်းကိုရှုတ်ချမည်ဖြစ်၍၊ ဥပုသ်နေ့၏ သန့်ရှင်း မြင့်မြတ်ခြင်းကို
ကျူးလွန် ရာရောက်လိမ့်မည်။
ကျွန်ုပ်တို့၏ ဥပုသ်နေ့ ပညတ်ကို အလေးထား မှုသည် ကျွန်ုပ်တို့၏ စီရင်ပိုင်ခွင့် အောက်၌ရှိသောသူအားလုံး-
ကျွန်ုပ်တို့၏သားသမီးများ၊ ကျွန်ုပ်တို့အတွက် အလုပ်လုပ်သောသူများ၊ ကျွန်ုပ်တို့၏ဧည့်သည်များနှင့်
တိရစ္ဆာန်များ သို့ ပင်လျှင် တိုးချဲ့ ရမည် (ထွက်
၂ဝး၁၀)၊ ထိုသို့ဖြင့် သူတို့သည်လည်း ဥပုသ်နေ့၏ ကောင်းချီးများ ကို ခံစားနိုင်
ကြမည်။
ဥပုသ်နေ့သည် သောကြာနေ့ညနေနေဝင်ချိန်၌စတင်၍
စနေနေ့ညနေနေဝင်ချိန် တွင်ပြီးဆုံးသည် (က ၁း၅။
မာ ၁း၃၂)။ သမ္မာကျမ်းစာက ဥပုသ်နေ့မတိုင်မီနေ့ (သော ကြာနေ့) ကို
ဥပုသ်နေ့၏သန့်ရှင်းမြင့်မြတ်ခြင်းကိုမပျက်စီးစေရန် ဥပုသ်နေ့ အတွက်ပြင် ဆင်ရာနေ့၊ အဖိတ် နေ့ဟုခေါ်သည် (မာ ၁၅း၄၂)။ ဤနေ့တွင်
မိသားစုအတွက် အစား အစာကို ပြင်ဆင်သော သူ
တို့သည် ဥပုသ်နေ့အတွက်အစားအစာကို ပြင်ဆင်သင့်သည်။ ထိုသို့ဖြင့် ဤ မွန်မြတ်သော
အချိန်အတွင်း သူတို့သည်လည်း သူတို့၏ အလုပ် များမှနားနေနိုင်မည် (ထွက် ၁၆း၂၃)။
ဥပုသ်နေ့၏သန့်ရှင်းသောအချိန်နာရီနီးကပ်လာသောအခါ၊
မိသားစုဝင်များ သို့မ ဟုတ် ယုံကြည်သူတို့သည်
အတူတကွစုရုံး၍၊ သောကြာနေ့နေမဝင်မီအချိန် လေးတွင်
သီချင်းဆိုခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းတို့ကိုပြု၍၊ ခရစ်တော်၏ဝိညာဉ် တော်ကို ဧည့်သည် အဖြစ်ဖိတ်ခေါ်ခြင်းသည် အလွန်ကောင်းသည်။
အလားတူစွာ၊ သူတို့ သည် စနေနေ့ညနေ
ဥပုသ်နေ့အဆုံးပိုင်းတွင် စုရုံးဝတ်ပြု၍၊ လာမည့်တစ်ပတ်လုံး အတွက် ဘုရားသခင်၏ပါရှိမှုနှင့်
လမ်းပြမှုကိုတောင်းခံခြင်းအားဖြင့် ဥပုသ်နေ့ကိုအဆုံး သတ်သင့်သည်။
ဥပုသ်နေ့သည် မွေ့လျော်ရာနေ့ဖြစ်စေရန် ဘုရားသခင်သည်
မိမိလူတို့ကိုခေါ် သည် (ဟေရှာ ၅၈း၁၃)။ သူတို့သည်
ဤအရာကိုမည်သို့ပြုလုပ်နိုင်မည်နည်း။ သူတို့သည် ဥပုသ်နေ့၏ အရှင်သခင်၊
ခရစ်တော်၏ပုံနမူနာကိုလိုက်ခြင်းအားဖြင့်သာ၊ ဘုရားသခင် သည် ထိုနေ့တွင် သူတို့အတွက်ထားသော
စစ်မှန်သောဝမ်းမြောက်ခြင်းနှင့် စိတ်ကျေနပ် မှုတို့ကို တွေ့
ကြုံခံစား ရန် မျှော်လင့်နိုင်ကြသည်။
ခရစ်တော်သည် ဥပုသ်နေ့တွင်ပုံမှန်ဝတ်ပြုကိုးကွယ်သည်၊
အစီအစဉ်များတွင် ပါဝင်သည်၊ ဘာသာရေးသွန်သင်ချက်များကိုလည်းဟောခဲ့သည် (မာ ၁း၂၁။
၃း၁-၄။ လု ၄း၁၆-၂၇။ ၁၃း၁၀)။ သို့သော် သူသည်ဝတ်ပြုခြင်းထက်ပိုမိုလုပ်ဆောင်ခဲ့သည်။
သူသည် အခြား သူများနှင့်ပေါင်းဖော်သည် (မာ ၁း၂၉-၃၁။ လု ၁၄း၁)၊
ပြင်ပတွင်အချိန်ယူသည် (မာ ၂း၂၃)၊ သန့်ရှင်းသောသနားခြင်းအမှုများကိုလည်း
လုပ်ဆောင်သည်။ သူသည် တတ်နိုင်သည့် နေရာ တိုင်းတွင် ဖျားနာသူများနှင့်
ဝေဒနာခံစားသူများကိုအနာငြိမ်းစေ သည် (မာ ၁း၂၁-၃၁။
၃း၁-၅။ လု ၁၃း၁၀-၁၇။ ၁၄း၂-၄။ ယော ၅း၁-၁၅။ ၉း၁-၁၄)။
ဝေဒနာခံစားမှုကို ပြေပျောက်စေခြင်း အတွက် ဝေဖန်ခြင်းခံရ
သောအခါ၊ ယေရှုက၊ “ဥပုသ်နေ့၌ကျေးဇူးပြုအပ်သည်” (မ ၁၂း၁၂) ဟုပြန်ဖြေခဲ့သည်။ သူ၏အနာ ငြိမ်းစေခြင်း လုပ် ဆောင်မှုများသည်
ဥပုသ်နေ့ကိုချိုးဖောက်ခြင်းမဟုတ်၊ ၎င်းကိုဖျက် သိမ်းခြင်းလည်းမဟုတ်ချေ။ သို့သော် သူသည်
ဝန်ထုပ်ဝန်ပိုးများ၊ ဝိညာဉ်ရေး အားဖြည့် ခြင်းနှင့် မွေ့လျော်ခြင်းအတွက် ဘုရားသခင်၏တန်ဆာပလာအဖြစ်
ဥပုသ်နေ့၏ အဓိပ္ပါယ် ကို လွဲမှားစေသည့် လူလုပ်စည်းမျဉ်းများကို
အမှန်ပင်အဆုံးသတ်ခဲ့သည်။ ဘုရားသခင်သည် ဥပုသ်နေ့ကိုလူသားတို့၏ ဝိညာဉ်ရေးအားဖြည့်လန်းဆန်းမှုအတွက် ရည်ရွယ်သည်။ ဘုရားသခင်နှင့်
ရင်းနှီးသောပေါင်းဖော်ခြင်းကို မြှင့်တင်ပေး သောလုပ် ဆောင်မှုများသည်
သင့်လျော်သည်။ သို့သော် ထိုရည်ရွယ် ချက်မှလွဲစေ၍၊ ဥပုသ်နေ့ကို အားလပ်ရက်အဖြစ် ပြောင်းလဲစေသောလုပ်ဆောင်မှုများမှာမူ
မသင့်လျော်ချေ။
ဥပုသ်နေ့၏အရှင်သခင်သည် သူ၏စံနမူနာကိုလိုက်ရန်
လူသားအားလုံးကိုဖိတ် ခေါ်သည်။
သူ၏ခေါ်ခြင်းကိုလက်ခံသောသူတို့သည် ဥပုသ်နေ့ကို ကောင်းကင်ဘုံကိုကြို တင် မြည်းစမ်းခြင်းဖြစ်သော မွေ့လျော်ရာနှင့်
ဝိညာဉ်ရေးပျော်ပွဲအဖြစ်တွေ့ကြုံခံစား ကြ သည်။
“ဥပုသ်နေ့သည် ဝိညာဉ်ရေးစိတ်ဓာတ်ကျခြင်းကိုကာကွယ်ရန်
ဘုရားသခင်စီစဉ် ထားသောအရာဖြစ်သည်” ကို
သူတို့တွေ့ရှိကြသည်။ “တစ်ပတ်ပြီး တစ်ပတ်သတ္တမ နေ့သည် ကျွန်ုပ်တို့၏ စိတ်ကိုနှစ်သိမ့်ပေး၍၊ ကျွန်ုပ်တို့၏
မပြည့်စုံသောစာရိတ္တရှိ သော် ငြားလည်း၊ ကျွန်ုပ်တို့သည် ခရစ်တော်၌ပြည့်စုံလျက်ရပ်နေနိုင်ကြောင်းကိုစိတ် ချစေ သည်။
ကရာနိကုန်းတွင် ကိုယ်တော်၏ အောင်မြင်ခြင်းသည် ကျွန်ုပ်တို့၏ အပြစ်ဖြေ ခြင်းအဖြစ်မှတ်ယူသည်။ ကျွန်ုပ်တို့သည်
ကိုယ်တော်၏ငြိမ်ဝပ်ခြင်းချမ်းသာ ထဲသို့ဝင်စား ကြသည်။”
- ၀ -
No comments:
Post a Comment