Friday, March 7, 2025

 



အခန်း - ၁၈ - ပုရောဖက်ပြုခြင်းဆုကျေးဇူး

သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးများအနက်မှ တစ်ခုသောဆုကျေးဇူးမှာ ပုရော ဖက်ပြုခြင်းဖြစ်ကြောင်း သမ္မာကျမ်းစာကသက်သေခံသည်။ ဤဆုကျေးဇူးသည် ကျန်ကြွင်း သောအသင်းတော်ကို ခွဲခြားနိုင်သောအမှတ်အသားဖြစ်၍၊ ၎င်းသည် အယ် လင်ဂျီဝှိုက်၏ သာသနာလုပ်ငန်းတွင် ထင်ရှားသည်ဟု ကျွန်ုပ်တို့ယုံကြည်သည်။ သူမ၏ စာပေလက်ရာသည် ပုရောဖက်ပြုသောအခွင့်အာဏာပြောဆို၍၊ အသင်းတော်အတွက် နှစ်သိမ့်ခြင်း၊ လမ်းညွှန်မှု၊ သင်ကြားပို့ချမှုနှင့် အမှားပြင်ခြင်းတို့ကိုပေးသည်။ အားလုံး သောသွန်သင်မှုများနှင့် အတွေ့အကြုံတို့ကို စစ်ဆေးရသောစံချိန်စံညွှန်းမှာ သမ္မာကျမ်း စာဖြစ်ကြောင်းကို သူမ၏ စာပေများကရှင်းလင်းစွာဖော်ပြသည်။ (တော ၁၂း၆၊ ၆ရာ၊ ၂ဝး၂၀။ ယောလ ၂း၂၈၊၂၉။ အာ ၃း၇။ တ ၂း၁၄-၂၁။ ၂တိ၊ ၃း၁၆၊၁၇။ ဟေဗြဲ ၁း၁-၃။ ဗျာ၊ ၁၂း၁၇။ ၁၉း၁၀။ ၂၂း၈၊၉။)

ယုဒရှင်ဘုရင်ယောရှဖတ်သည် စိတ်သောကရောက်ခဲ့သည်။ ရန်သူစစ်တပ်ကြီး သည် ချဉ်းကပ်လာနေပြီး၊ အလားအလာရှိသည့်အခြေအနေမှ မျှော်လင့်ချက်ကင်းမဲ့ဟန် ရှိသည်။ ယောရှဖတ်သည်..... ထာ၀ရဘုရားကိုရှာခြင်းငှာ သဘောချလျက်၊ အစာရှောင် ရာအချိန်ကို ယုဒပြည်တစ်လျှောက်လုံး၌ ကြေညာစေတော်မူ၏” (၆ရာ ၂ဝး၃)။ လူတို့ သည် ဘုရားသခင်ကယ်နုတ်ခြင်းကိုတောင်းခံရန် ဗိမာန်တော်သို့တဖွဲဖွဲ ရောက်လာခဲ့ကြ သည်။

ယောရှဖတ်သည် ဆုတောင်းခြင်းကို ဦးဆောင်နေချိန်တွင်၊ သူသည် အခြေအနေ ကို ပြောင်းသွားစေရန် ဘုရားသခင်ကိုတောင်းလျှောက်ခဲ့သည်။ သူသည် ဘိုးဘေးတို့၏ ဘုရားသခင်ထာ၀ရဘုရား၊ ကိုယ်တော်သည် ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ဖြစ် တော်မူသည်မဟုတ်လော။ တစ်ပါးအမျိုးသားနေရာတိုင်းနိုင်ငံရှိသမျှတို့ကို အစိုးရတော် မူသည် မဟုတ်လော။ အဘယ်သူမျှမတားဆီးနိုင်အောင် ခွန်အားတန်ခိုးကြီးတော်မူသည် မဟုတ်လောဟု ဆုတောင်းခဲ့သည်။ (၆ရာ ၂ဝး၆)။ ဘုရားသခင်သည် မိမိလူတို့ကို အလျင်က အထူးကာကွယ်ခဲ့သည်မဟုတ်လော။ ဤပြည်ကိုသူရွေးချယ်သော လူမျိုးတို့ အားပေးခဲ့ပြီ မဟုတ်လော။ ထို့ကြောင့် ယောရှဖတ်သည် အိုအကျွန်ုပ်တို့၏ဘုရားသခင်၊ သူတို့ကို မစီရင်ဘဲနေတော်မူမည်လော။ ကျွန်ုပ်တို့သည်..... မတတ်နိုင်ပါ။ အဘယ်သို့ပြု ရမည်ကို မသိပါ။ ကိုယ်တော်ကိုသာ မျှော်ကြည့်လျက်နေကြပါသည်” (၆ရာ ၂ဝး၁၂) ဟူ၍ အသနား ခံခဲ့သည်။

ယုဒလူအားလုံးသည် ထာ၀ရဘုရားရှေ့တွင်ရပ်နေကြစဉ်၊ ယဟာဇေလသည် ထလာခဲ့သည်။ သူ၏သတင်းစကားသည် ကြောက်ရွံ့နေသောလူတို့ကိုသတ္တိနှင့် ညွှန်ကြား ချက်များကို ပေးသည်။ သူက မကြောက်ကြနှင့်။..... စစ်မှုသည် သင်တို့တာ မဟုတ်၊ ဘုရားသခင့်တာဖြစ်၏။..... သင်တို့သည် စစ်တိုက်စရာအကြောင်းမရှိသည် ဖြစ်၍၊ တည် ကြည်စွာမတ်တတ်ရပ် နေလျက်၊ ထာ၀ရဘုရား၏ကယ်တင်တော်မူခြင်း ကျေးဇူး ကို ကြည့်ရှုကြလော့။..... ထာ၀ရဘုရားသည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည် ဟု မြွက် ဆို၏” (၆ရာ ၂ဝး၁၅-၁၇)။ နံနက် အချိန်တွင် ယောရှဖတ်သည် မိမိတပ်စု ကြီးကို သင် တို့၏ဘုရားသခင်ကိုယုံကြည်ကြလော့။ သို့ပြုလျှင်တည်ကြည်ကြလိမ့်မည်။ ပုရောဖက် တို့ကိုယုံကြည်ကြလော့။ သို့ပြုလျှင် အောင်မြင် ကြလိမ့်မည်ဟုမိန့်တော်မူ၏” (၆ရာ ၂ဝး၂၀)။

ရှင်ဘုရင်သည် လူသိနည်းသောပုရောဖက်ယဟာဇေလကိုအပြည့်အဝယုံကြည် သည်ဖြစ်ရာ၊ စစ်တပ်ကြီး၏အရှေ့တွင် ထာ၀ရဘုရား၏ သန့်ရှင်းခြင်း အသရေကိုချီး မွမ်းရသောသီချင်းသည်တို့ကိုချထားသည်။ ချီးမွမ်းခြင်းသီချင်းကိုစဆိုသောအခါ၊ ထာ၀ရ ဘုရားသည် ယုဒလူတို့ကို တိုက်မည့် မဟာမိတ်စစ်တပ်ကြီး အကြားတွင် ရှုပ်ထွေးမှုဖြစ် စေခဲ့သည်။ လူသတ်ပွဲသည် အလွန်ကြီးမားသည်ဖြစ်ရာ တစ်ယောက်မျှမလွတ်ခဲ့ချေ (၆ရာ ၂ဝး၂၄)။

ယဟာဇေလသည် ထိုအထူးအချိန်အခါအတွက် ဘုရားသခင်၏သတင်းကို ပြောသူဖြစ်ခဲ့သည်။

ပုရောဖက်တို့သည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းအချိန်တို့တွင် မရှိမဖြစ် လိုအပ် သော ကဏ္ဍ၌ပါဝင်ခဲ့ကြရသည်။ သို့သော် သမ္မာကျမ်းစာအချိန် အဆုံးသတ်သွား ချိန်တွင် ပုရောဖက်ပြုခြင်းလုပ်ငန်းရပ်စဲသွားပါသလား။ အဖြေကိုရရှိနိုင်ရန်၊ ပုရောဖက် ပြုခြင်း သမိုင်း ကြောင်းကိုခြေရာပြန်ကောက်ကြပါစို့။

သမ္မာကျမ်းစာအချိန်ကပုရောဖက်ပြုခြင်းဆုကျေးဇူး

အပြစ်သည် ဘုရားသခင်နှင့်လူသားတို့အကြား မျက်နှာချင်းဆိုင်ဆက်သွယ်မှုကို နိ ဂုံးချုပ်ခဲ့သော်လည်း (ဟေရှာ ၅၉း၂)၊ ဘုရားသခင်သည် လူသားတို့နှင့်ရင်းနှီးမှုကို အဆုံးမ သတ်ခဲ့ချေ။ ထို့အစား၊ သူသည် အခြားဆက်သွယ်ရေးနည်းလမ်းများကို ဖန်တီး ခဲ့သည်။ သူသည် အမျိုးသားအမျိုးသမီးပုရောဖက်များအားဖြင့် မိမိ၏အားပေးခြင်း၊ သတိပေး ခြင်းနှင့် အပြစ်တင်ခြင်းသတင်းစကားများကိုစတင်ပေးပို့ခဲ့သည်။ သမ္မာကျမ်းစာ ထဲတွင် ပုရောဖက်သည် ဘုရားသခင်ထံမှသတင်းပေးပို့ချက်ကိုရရှိ၍၊ ၎င်းတို့၏ရည်ရွယ် ချက်ကို ဘုရားသခင်၏လူတို့ထံသို့ သယ်ဆောင်သောသူဖြစ်သည်။} ပုရောဖက်များ သည် မိမိတို့သဘောဖြင့် မဟောပြောကြချေ။ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအ လိုအားဖြင့်ဖြစ်ဖူးသည် မဟုတ်။ ဘုရားသခင်၏သန့်ရှင်းသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော် မူခြင်းကိုခံရ၍ဟောပြောကြ၏” (၂ပေ ၁း၂၁)။ ဓမ္မ ဟောင်းကျမ်းတွင် ပုရောဖက်ဟူသော စကား လုံးသည် ဟေဗြဲစကားလုံး နာဘီး” (nabi) မှ ဘာသာပြန်ဆိုခြင်းဖြစ်သည်။ ၎င်း၏ အဓိပ္ပါယ်ကို (ထွက် ၇း၁၊ ၂) တွင်ဖော်ပြ ထားသည်။ ထာ၀ရဘုရားကလည်း၊ သို့ဖြစ်၍ သင့်ကို ဖာရောဘုရင်၏ ဘုရားအရာ ၌ငါခန့်ထား၏။ သင်၏အစ်ကို အာရုန်သည် သင်၏ပုရောဖက် ဖြစ်ရလိမ့်မည်။ ငါမိန့် တော်မူသမျှတို့ကို သင်သည်ပြန်ပြောရမည်။ ဖာရောဘုရင်သည် ဣသရေလ အမျိုးသား တို့ကို မိမိပြည်မှလွှတ်လိုက်ရမည် အကြောင်းကို၊ သင်၏အစ်ကို အာရုန်သည် သူ့ထံ၌ လျှောက်ရမည်။မောရှေနှင့်ဖာရောဘုရင်တို့၏ဆက်နွှယ်မှုသည် ဘုရားသခင်သည် မိမိလူတို့ကို ဆက်ဆံသကဲ့သို့ဖြစ်သည်။ အာရုန်သည် မောရှေ၏ သတင်း စကားကို ဖါရောဘုရင် အားပြောပြသကဲ့သို့၊ ပုရောဖက်သည်လည်း ဘုရားသခင်၏ သတင်း စကားကို လူတို့ထံသို့ သယ်ဆောင်ပေးသည်။ ထို့ကြောင့် ပုရောဖက်သည် ဘုရားရှင် ခန့်ထားသော ဘုရားသခင်အတွက်ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။ ဟေဗြဲစကား နာဘီးနှင့် အဓိပ္ပါယ် တူသောဟေလသစကားလုံး ပုရောဖက်တီးစ်” (prophetes) မှ ပုရောဖက် (အင်္ဂလိပ် စကားလုံး) ဟူသောစကားလုံးမှဆင်းသက်လာသည်။

မြင်သောသူသည် ဟေဗြဲစကား ရိုအဲ့” (မသန့ ဟေရှာ ၃ဝး၁၀) သို့မဟုတ် ချိုဇက်” (ခ့သဖန့ ၂ရာ ၂၄း၁၁။ ၄ရာ ၁၇း၁၃) ကိုဘာသာပြန်ဆိုခြင်း ဖြစ်ပြီး၊ ပုရော ဖက်ပြုခြင်း ဆုကျေးဇူးကို ရရှိသောသူတို့အတွက် အခြားဂုဏ်ထူးဖြစ်သည်။ ပုရော ဖက်နှင့် မြင်သောသူသည် နီးကပ်စွာဆက်စပ်သည်။ ၎င်းကို သမ္မာကျမ်းစာကရှင်း ပြသည်။ ရှေးကာလ၌ ဣသရေလအမျိုးသားတို့သည် ဘုရားသခင် ကိုမေးမြန်းခြင်းငှာ သွားမည်ဟု အကြံရှိလျှင်၊ မြင်သောသူထံသို့သွားကြစို့ဟုဆိုတတ်ကြ၏။ ပုရောဖက်ဟူ၍ ယခုခေါ်ဝေါ်သောသူကို ရှေးကာလ၌မြင်သောသူဟူ၍ ခေါ်ဝေါ်ကြသတည်း” (၁ရာ ၉း၉)။ မြင်သောသူ ဟူသောဂုဏ်ထူးသည် ပုရောဖက်က ဘုရားသခင်၏သတင်းစကားလက်ခံ ရရှိခြင်းကို အလေးပေးသည်။ ဘုရားသခင်သည် ပုရောဖက်တို့အား သူ၏လူများတို့ထံ သို့သယ်ဆောင်စေလိုသော သတင်းအချက်အလက် အတွက် သူသည် သူတို့၏ မျက်စိသို့မဟုတ် စိတ်ကိုဖွင့်ပေးသည်။

နှစ်ကာလများတစ်လျှောက်၊ ဘုရားသခင်သည် သူ့လူတို့အတွက်သူ့အလိုတော် ဖော်ပြ ချက်များကို ပုရောဖက်ပြုခြင်း ဆုကျေးဇူးရရှိသော သူတို့အားဖြင့် ပေးခဲ့ပြီးဖြစ် သည်။

အကယ်စင်စစ်၊ အရှင်ထာ၀ရဘုရားသည် မိမိကျွန်ပုရောဖက်တို့အား မဖော်မပြ ဘဲ အဘယ်အမှုကိုမျှစီရင်တော်မမူ” (အာ ၃း၇)။

ဓမ္မသစ်ကျမ်းတွင် ပုရောဖက်ပြုခြင်းဆုကျေးဇူး၏လုပ်ဆောင်မှုများ။ ဓမ္မသစ် ကျမ်းသည် ပုရောဖက်ပြုခြင်းကို သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးများ အထဲတွင် အရေးပါသော နေရာတွင်ထားသည်။ အသင်းတော်အတွက် အသုံးဝင်ဆုံးသော သာသ နာလုပ်ငန်းများ အထဲတွင် တစ်ကြိမ်ပထမနေရာ၌လည်းကောင်း၊ နှစ်ကြိမ် ဒုတိယနေ ရာ၌လည်းကောင်း သတ်မှတ်သည် (ရော ၁၂း၆။ ၁ကော ၁၂း၂၈။ ဧ ၄း၁၁)။ ၎င်းသည် ယုံကြည်သူတို့အား ဤ ဆုကျေးဇူးကို အလိုရှိရန်တိုက်တွန်း သည် (၁ကော ၁၄း၁၊ ၃၉)။

ဓမ္မသစ်ကျမ်းသည် ရောဖက်တို့၏လုပ်ဆောင်မှုများကို အောက်တွင်ဖော်ပြသည်။

 ၁။ သူတို့သည် အသင်းတော်တည်ထောင်ရာတွင်ကူညီခဲ့ကြသည်။ အသင်းတော် သည် တမန်တော်တို့မှစ၍ ပုရောဖက်များတည်းဟူသောတိုက်မြစ်အပေါ်၌... တည် ဆောက် လျက်ရှိကြ၏။ ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ် သတည်း” (ဧ ၂း၂၀၊၂၁)။

၂။ သူတို့သည်အသင်းတော်၏ပြင်ပသာသနာကိုစတင်ခဲ့ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ပေါလုနှင့်ဗာနဗတို့ကို သူတို့၏ပထမသာသနာခရီး အတွက် ရွေးချယ် ၍ (တ ၁၃း၁၊၂)၊ သူတို့သည် ဘယ်နေရာတွင်သာသနာပြုရမည် အကြောင်း ညွှန်ကြားချက်ပေး ခဲ့ သည်မှာ ပုရောဖက်များအားဖြင့်ဖြစ်သည် (တ ၁၆း၆-၁၀)။

၃။ သူတို့သည် အသင်းတော်ကိုတည်ဆောက်ခဲ့ကြသည်။ ပေါလုက ပုရောဖက်ပြု သော သူမူကား၊ အသင်းတော်ကိုတည်ဆောက်၏။} ]ပုရောဖက်ပြုသောသူ မူကား၊ တည် ဆောက်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ သက်သာခြင်းအလိုငှာ လူတို့အား ဟောပြော ကြ၏” (၁ကော ၁၄း၃၊ ၄) ဟုဆိုသည်။ ဘုရားသခင်သည် ယုံကြည်သူများအား ခရစ် တော်၏ ကိုယ်တော်ကိုတည်ဆောက်၍၊ ဓမ္မဆရာ၏အမှုတို့ကိုပြုတတ် မည်အကြောင်း” (ဧ ၄း၁၁) ပြင်ဆင်ရန် အသင်းတော်သို့ ပုရောဖက်ပြုခြင်းအရာ ကိုပေးခဲ့သည်။

၄။ သူတို့သည် အသင်းတော်ကိုစည်းလုံး၍ကာကွယ်ခဲ့ကြသည်။ ပုရောဖက် များ သည် ယုံကြည်ခြင်း၌စည်းလုံးရန်ကူညီ၍၊ မှားယွင်းသောယုံကြည်ချက်များမှ အသင်း တော်ကို ကာကွယ်ခဲ့ကြသည်။ ထို့ကြောင့် သူတစ်ပါးတို့သည် လူပရိယာယ်နှင့် အပြစ်သို့ သွေးဆောင် ခြင်းငှာ လှည့်ဖြားပြောဆိုသဖြင့်၊ ငါတို့သည် နောက်တစ်ဖန် ခပ်သိမ်းသော ဩဝါဒလေတိုက်၍၊ ဖရိုဖရဲလွင့်သွားသောသူငယ်မဖြစ်ရမည်အကြောင်းတည်း” (ဧ ၄း ၁၄)။

၅။ သူတို့သည် အနာဂတ်အခက်အခဲများကိုသတိပေးခဲ့ကြသည်။ ဓမ္မသစ်ကျမ်း အချိန်တွင် ပုရောဖက်တစ်ပါးသည် ချဉ်းကပ်လာနေသည့်အငတ်ဘေးကို သတိပေးခဲ့ သည်။ ထိုသို့တုံ့ပြန်ရာတွင် အသင်းတော်သည် ငတ်မွတ်ဘေးကြောင့်ဒုက္ခ ရောက်သော သူတို့ကိုကူညီရန် ကယ်ဆယ်ရေးအစီအစဉ်ကို အစပြုခဲ့ကြသည် (တ ၁၁း၂၇-၃၀)။ အခြားပုရောဖက်များကလည်း ပေါလုကိုဖမ်းဆီး၍၊ ယေရုရှလင်မြို့၌ ထောင်ချမည့် အကြောင်းကိုသတိပေးခဲ့ကြသည် (တ ၂ဝး၂၃။ ၂၁း၄၊ ၁၀-၁၄)။

၆။ သူတို့သည် အငြင်းပွားမှုအချိန်ကာလတွင် ယုံကြည်ခြင်းကိုတည်မြဲစေ ခဲ့ကြ သည်။ အသင်းတော်၏ပထမကောင်စီအစည်းအဝေးတွင် သန့်ရှင်းသောဝိညာဉ်တော် သည် အသင်းတော်ကိုတစ်ပါးအမျိုးသားခရစ်ယာန်များ၏ ကယ်တင်ခြင်း အကြောင်းနှင့် ပတ်သက်သော ငြင်းခုံမှုကိုဆုံးဖြတ်ရန်လမ်းပြခဲ့သည်။ ထို့နောက် ဝိညာဉ်တော်သည် ပု ရောဖက်များအားဖြင့် ယုံကြည်သူများကိုမှန်ကန်သောယုံကြည်ချက်၌ ထပ်လောင်းအ တည်ပြုခဲ့သည်။ အစည်းအဝေးဆုံးဖြတ်ချက်ကို အသင်းသူအသင်းသား တို့အားပေး သိပြီးနောက်၊ ယုဒနှင့်သိလတို့ သည် ပုရောဖက်ဖြစ်သောကြောင့်များစွာသောစကားနှင့် ညီအစ်ကိုတို့ကိုဆုံးမ၍၊ မြဲမြံခိုင်ခံ့ စေကြ၏” (တ ၁၅း၃၂)။

နောက်ဆုံးသောနေ့ရက်၌ပုရောဖက်ပြုခြင်းဆုကျေးဇူး

များစွာသောခရစ်ယာန်များက ပုရောဖက်ပြုခြင်းဆုကျေးဇူးသည် တမန်တော်များ ခေတ် အဆုံးတွင် နိဂုံးချုပ်သွားပြီဟုယုံကြည်ကြသည်။ သို့သော် သမ္မာကျမ်းစာသည် နောက်ဆုံး သောအချိန် အကျပ်အတည်းကာလအတွင်းတွင် အသင်းတော်၏ အထူး ဆုကျေးဇူးလိုအပ် ချက်ကိုဖော်ပြသည်။ ဓမ္မသစ်ကျမ်းအချိန်ပြီးနောက် ပုရောဖက် ဆုကျေးဇူးကို ဆက်လက် ပေး အပ်ရန်လိုအပ်ကြောင်း ၎င်းကသက်သေခံသည်။

ဝိညာဉ်ဆုကျေးဇူးများဆက်လက်လုပ်ဆောင်ခြင်း။ အသင်းတော်ကိုပေးသော ဝိညာဉ် ဆုကျေးဇူးများ၏ရည်ရွယ်ချက်မပြည့်စုံမီ ဘုရားသခင်သည် ၎င်းတို့ကို ရုပ်သိမ်း မည်ဟု သမ္မာကျမ်းစာကမည်သည့်နေရာတွင်မျှမပြောချေ။ ပေါလု၏အဆိုအရ၊ ၎င်း၏ ရည်ရွယ်ချက် မှာ ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်၏ သားတော်ကို သိကျွမ်း ခြင်း သို့လည်းကောင်း၊ တညီတညွတ်တည်းရောက်၍၊ ခရစ်တော် ၏ ပြည့်စုံခြင်းပမာဏ အရပ် တည်းဟူသော ကြီးရင့်သောလူအဖြစ်သို့ရောက်ကြသည် တိုင်အောင် ဖြစ်သတည်း” (ဧ ၄း၁၃)။ အသင်းတော်သည် ဤအခြေအနေသို့မရောက် ရှိသေးသောကြောင့်၊ ဝိညာဉ် ဆုကျေးဇူးအားလုံးကို လိုအပ်နေသေးသည်။ ပုရောဖက် ပြုခြင်းဆုကျေးဇူးအပါအဝင်ဤ ဆုကျေးဇူးများသည် ခရစ်တော်မကြွလာမီတိုင်အောင် ဘုရားသခင့်လူတို့၏ ကောင်းကျိုး အတွက် ဆက်လက်လုပ်ဆောင်နေဦးမည်။ ထို အကြောင်းကြောင့် ပေါလုသည် ယုံကြည်သူ များအား ဝိညာဉ်တော်၏အရှိန်ကိုမငြိမ်း စေကြနှင့်။ ပုရောဖက်ပြုခြင်းကို မထီမဲ့မြင် မမှတ်ကြနှင့်” (၁သက် ၅း၁၉၊၂၀) ဟူ၍ သတိပေးပြီး၊ ဝိညာဉ်ဆုကျေးဇူးကိုအလွန်အလိုရှိသည်တွင်၊ ပုရောဖက်ပြုရသောအခွင့် ကို သာ၍လိုချင်စိတ်ရှိကြလော့ဟု အကြံပြုခဲ့သည် (၁ကော ၁၄း၁)။

ဤဆုကျေးဇူးများသည် ခရစ်ယာန်အသင်းတော်တွင် အမြဲတမ်းအလျှံပယ် မထင် ရှားချေ။ တမန်တော်များသေဆုံးပြီးနောက်၊ ပုရောဖက်များသည် အေဒီ (၃၀၀) တိုင် အောင်နေရာအတော်များများတွင် သိက္ခာရှိနေခဲ့ကြသည်။ သို့သော် အသင်းတော်၌ ဝိညာဉ်ရေးကျဆင်းခြင်းနှင့် ၎င်း၏အကျိုးဆက်အယူဖောက်ပြန်ခြင်းတို့သည် ဝိညာဉ် တော်ရှိနေခြင်းနှင့် သူ၏ဆုကျေးဇူးများတို့ကို လျော့နည်းလာစေသည်။ တစ်ချိန်တည်း တွင် မှားယွင်းသော ပုရောဖက်တို့သည် ပုရောဖက်ပြုခြင်းဆုကျေးဇူးအပေါ် ယုံကြည် စိတ်ချရမှုကို ပျောက်ဆုံးစေခဲ့ကြသည်။ ကာလတစ်ခုအတွင်း အသင်းတော်သမိုင်း၌ ပုရောဖက်ပြုခြင်း ဆုကျေးဇူးကျဆင်းခြင်းသည် ဘုရားသခင်ကဤဆုကျေးဇူးကို အမြဲ တစေရုပ်သိမ်းသွားပြီဟုမဆိုလိုပါ။ နောက်ဆုံးသောကာလ ဤဆုကျေးဇူးသည် ထိုခက် ခဲသောကာလ တစ်လျှောက် အသင်း တော် ကိုကူညီရန် ရှိနေလိမ့်မည်ဖြစ်ကြောင်း သမ္မာကျမ်းစာကညွှန်ပြသည်။ ထိုမျှမက၊ ဤ ဆုကျေးဇူးသည် သာ၍ပင်တိုးပွားမည် ဖြစ်ကြောင်းကိုဖော်ပြ သည်။

ဒုတိယအကြိမ်ကြွလာခြင်းမတိုင်မီအချိန်လေးတွင် ရှိမည့်ပုရောဖက်ပြုခြင်း ဆုကျေးဇူး။ ဘုရားသခင်သည် ပုရောဖက်ပြုခြင်းဆုကျေးဇူးကို နှစ်ခြင်းဆရာ ယောဟန် အားခရစ်တော်၏ ပထမကြွလာခြင်းကိုကြေညာရန်ပေးခဲ့သည်။ ထိုနည်း အတိုင်း၊ ကျွန်ုပ် တို့သည် ဒုတိယအကြိမ်ကြွလာခြင်းကိုဟောပြောရန်၊ တစ်ဖန်ပုရောဖက် ပြုခြင်းဆု ကျေးဇူးကို ဘုရားသခင်ပို့ ပေးမည်ဟုမျှော်လင့်နိုင်သည်။ ထိုသို့ဖြင့် လူတိုင်းသည် ကယ်တင်ရှင်ကိုတွေ့ဆုံခြင်းငှာ ပြင် ဆင်ရသောအခွင့်ကိုရရှိကြလိမ့်မည်။

အမှန်မှာ၊ ခရစ်တော်သည် သူကြွလာခြင်းနီးကြောင်း လက္ခဏာတစ်ခုအဖြစ် မှားယွင်း သောပုရောဖက်များပေါ်လာမည်ကိုဖော်ပြခဲ့သည် (မ ၂၄း၁၁၊၂၄)။ အကယ်၍ နောက်ဆုံးသော ကာလတွင် မှန်ကန်သောပုရောဖက်များရှိမည်မဟုတ်ပါက၊ ဤဆုကျေး ဇူးရသည်ဟု ဆိုသောသူတစ်စုံတစ်ဦးနှင့်သက်ဆိုင်၍ ခရစ်တော်သည် သတိပေးလိမ့်မည် မဟုတ်ချေ။ သူ၏မှားယွင်းသော ပုရောဖက်နှင့်ပတ်သက်သော သတိပေးချက်သည် မှန်ကန်သော ပုရောဖက်များလည်းရှိမည်ဖြစ်ကြောင်းကို အဓိပ္ပါယ်ပေါ်လွင်စေသည်။

ပုရောဖက် ယောလသည် ခရစ်တော်မကြွလာမီ အချိန်လေးတွင် ပုရောဖက်ပြု ခြင်း၊ ဆုကျေးဇူးသွန်းလောင်းခြင်းကို ဤသို့ကြိုတင်ဟောခဲ့သည်။ ထိုနောက်မှလူမျိုး တကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့ သည် ပုရောဖက် ဉာဏ်နှင့်ဟောပြောရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ် အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည်လည်း ဗျာဒိတ်ရူပါ ရုံကိုမြင်ရကြလိမ့်မည်။ ငါ၏အမှုကိုဆောင်ရွက်သောယောက်ျား၊ မိန်းမတို့အပေါ်သို့ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပုရောဖက်ဉာဏ်နှင့်ဟောပြောရကြလိမ့် မည်။ မိုးကောင်းကင်၌ လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း အံ့ဖွယ်သောအရာ တည်းဟူသောသွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကိုငါပြမည်။ ထာ၀ရဘုရား၏ကြောက်မက် ဖွယ်သောနေ့ကြီးမတိုင်မီ နေသည် မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေး ဖြစ်လိမ့်မည်” (ယောလ ၂း၂၈-၃၁)။

ပထမပင်တေကုတ္တေပွဲတွင်    ဝိညာဉ်တော်၏မှတ်သားဖွယ်ထင်ရှားမှုကိုမြင်ခဲ့ရ သည်။ ပေတရုသည် ယောလ၏အနာဂတ္တိစကားကိုကိုးကား၍၊ ထိုသို့သောကောင်းချီး များကို ဘုရား သခင်ကတိပေးကြောင်း ထောက်ပြခဲ့သည် (တ ၂း၂-၂၁)။ သို့သော်လည်း၊ ကျွန်ုပ်တို့သည် ပင်တေကုတ္တေပွဲနေ့တွင် ယောလ၏အနာဂတ္တိစကားသည် အဆုံးစွန်ပြည့် စုံခြင်းသို့ရောက်ပြီလော၊ သို့တည်းမဟုတ် အခြားသာ၍စုံလင် သောပြည့်စုံမှုကိုရှိ လိမ့်ဦး မည်လောဟူ၍ မေးနိုင်သည်။ ယောလပြောခဲ့သောနေ၊ လတို့၌ နိမိတ်များသည် ထိုဝိညာဉ်တော်သွန်းလောင်းခြင်း မတိုင်မီ သို့မဟုတ် ၎င်းအပြီးတွင် ဆက်တိုက်ဖြစ်ပွား ခြင်းအထောက်အထားများမတွေ့ရပါ။ ဤနိမိတ်များသည် နောက်ပိုင်းရာစုနှစ်များစွာ အချိန်အထိမဖြစ်ပျက်ခဲ့ချေ။

ထိုကြောင့်၊ ပင်တေကုတ္တေပွဲသည် ခရစ်တော်မကြွလာမီဝိညာဉ်တော်အပြည့်အဝ ထင်ရှားခြင်း၏အမြည်းဖြစ်သည်။ ကောက်ပဲသီးနှံများစိုက်ပျိုးပြီးမကြာမီ၊ ဆောင်းရာသီ အကူးတွင် ရွာသောပါလေတိနပြည်၏အလျင်မိုးကဲ့သို့၊ ပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်း သောဝိညာဉ်တော်သွန်းလောင်းခြင်းသည် ဝိညာဉ်တော်၏ဖြန့်ဝေခြင်းကို သမိုင်းသစ် စတင်ခဲ့သည်။ ယောလ၏အနာဂတ္တိစကားနောက်ဆုံးအစုံအလင်ပြည့်စုံမှုသည် သီးနှံများ ကိုမှည့်စေသည့်နွေဦးကာလတွင်ရွာသော နောက်မိုးနှင့်အလားသဏ္ဌာန်တူသည် (ယောလ ၂း၂၃)။ ထိုနည်းတူ၊ ဘုရားသခင်၏ဝိညာဉ်တော်ကို နောက်ဆုံးအပ်နှင်းခြင်း သည် ကြိုတင်ဟောခဲ့ သောနေ၊ လ၊ ကြယ်နိမိတ်များအပြီး၊ ခရစ်တော်မကြွလာမီ အချိန်လေး တွင်ဖြစ်ပျက်လိမ့်မည် (မ ၂၄း၂၉။ ဗျာ ၆း၁၂-၁၇။ ယောလ ၂း၃၁)။ နောက်မိုးကဲ့သို့၊ ဤ ဝိညာဉ်တော်ကို နောက်ဆုံး သွန်းလောင်းခြင်းသည် မြေကြီးပေါ် ရိတ်သိမ်းခြင်းကို မှည့်ဝင်းစေလိမ့်မည်။ ]ထိုအခါ၊ ထာ၀ရ ဘုရားကိုပတ္ထနာပြုသော သူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ကြလတ္တံ့} (ယောလ ၂း၃၂)။

ကျန်ကြွင်းသောအသင်းတော်အထဲက ပုရောဖက်ပြုခြင်းဆုကျေးဇူး ဗျာဒိတ်ကျမ်း ၁၂တွင် ကြီးမားသောညှဉ်းပန်းနှိပ်စက်ခြင်းကာလနှစ်ခုကိုဖော်ပြသည်။ ပထမညှဉ်းပန်း ခြင်း ကာလသည် အေဒီ (၅၃၈) မှ အေဒီ (၁၇၉၈) အထိရှည်ကြာခဲ့ပြီး၊ သစ္စာရှိသော ယုံကြည် သူများသည် ပြင်းထန်သောညှဉ်းပန်းခြင်းကိုခံခဲ့ကြရသည်။ တစ်ဖန်၊ ခရစ်တော် ဒုတိယ အကြိမ် မကြွလာမီ၊ စာတန်သည် မိန်းမ၌ ကြွင်းသောအမျိုးအနွယ်} တည်းဟူ သောခရစ်တော်၌ သစ္စာရှိသည့်ကျန်ကြွင်းသောအသင်းတော်ကို တိုက်ခိုက်လိမ့်မည်။ ဗျာ ဒိတ်ကျမ်းသည် ကျန်ကြွင်းသူများဖြစ်သည့် သစ္စာရှိသောယုံကြည်သူများကို ဘုရား သခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေခံတော်မူချက်ကိုစွဲလမ်းသောသူများအဖြစ် သရုပ်ဖော်သည် (ဗျာ ၁၂း၁၇)။

ယေရှု၏ သက်သေခံတော်မူချက်ဟူသော စကားစုသည် ကောင်းကင်တမန်နှင့် ယောဟန် တို့အကြား နောက်ပိုင်းပြောဆိုသောအနာဂတ္တိဖော်ပြချက်တွင်ရှင်းလင်းသည်။

ဗျာဒိတ်ကျမ်း၏ အဆုံးပိုင်းတွင်  ထိုကောင်းကင်တမန်သည် မိမိကိုယ်ကို ယေရှု၏ သက်သေခံတော်မူချက်ကို ဆောင်သော သင်၏ညီအစ်ကိုတို့၏လုပ်ဖော်ကိုင်ဖက်} (ဗျာ ၁၉း၁၀) နှင့် သင်၏လုပ်ဖော်ကိုင်ဖက်ဖြစ်၏။ သင်၏အစ်ကိုပုရောဖက်တို့နှင့် ဤ စာ၏ စကားကိုစောင့်ရှောက်သောသူတို့၏ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်၏” (ဗျာ ၂၂း၉) ဟု ထုတ်ဖော်သည်။ ခရစ်တော်၏သက်သေခံတော်မူချက်ကို ပိုင်ဆိုင်သောသူတို့မှာ ပုရော ဖက်များ ဖြစ်ကြောင်းကို ဤကျမ်းချက်နှစ်ခုကရှင်းလင်းသည်။ ဤအရာက ပုရောဖက် ဟော သော စကားချက်သဘောသည် ယေရှု၏သက်သေ” (ဗျာ ၁၉း၁၀) ဖြစ်ကြောင်း ကောင်းကင်တမန် ၏ ဖော်ပြချက်ကိုရှင်းပြသည်။

ဤကျမ်းချက်ကို ဂျိမ်းစ်မောဖတ်” (James Moffatt) က ဤသို့သုံးသပ် ရေးသားခဲ့ သည်။ ယေရှု၏သက်သေခံချက်သည် ပုရောဖက်ပြု၍ဟောပြောချက်ဖြစ်သည်။} ဤ အရာသည် အထူးသဖြင့် ယေရှု၏သက်သေခံချက်ကို စွဲလမ်းသောသူတို့ကို ပုရောဖက် ပြု၍ ရေးသားချက်များအဖြစ် ပိုင်ဆိုင်သောသူများဖြစ်သည်ဟု သတ်မှတ်ထားသည်။ ယေရှု၏ သက်သေခံချက်သည် ယေရှု၏သက်သေခံခြင်းအတူတူနီးနီးဖြစ်သည်။ ၎င်း သည် ခရစ်ယာန်ပုရောဖက်များကို စေ့ဆော်တိုက်တွန်းသောယေရှု၏ မိမိကိုယ်ကို ဖွင့်ချ ခြင်းဖြစ်သည်။

ထိုကြောင့် ပုရောဖက်ပြုဟောပြောချက်ဟူသော အသုံးအနှုန်းသည် (၁) သန့်ရှင်း သော ဝိညာဉ်တော်သည် ဘုရားသခင်ထံမှဖော်ပြချက်ဖြင့် ပုရောဖက်များကို မှုတ်သွင်း ခြင်း၊ (၂) ပုရောဖက်ပြုဟောပြောချက်၏လုပ်ငန်း၊ သို့မဟုတ် (၃) ပုရောဖက်ပြုခြင်း တစ်ခုတည်း၏ ဆက်သွယ်ရေးနည်းလမ်းကို ရည်ညွှန်းနိုင်သည်။

ပုရောဖက်ပြုခြင်း၏ ဆက်သွယ်ရေးနည်းလမ်းအားဖြင့် အသင်းတော်သို့ ယေရှု၏ သက်သေခံချက်တည်းဟူသော ပုရောဖက်ပြုခြင်းဆုကျေးဇူးသည် ကျန်ကြွင်းသော အသင်းတော်၏ တစ်မူထူးသော လက္ခဏာဖြစ်သည်။ ယေရမိသည် ဤဆုကျေးဇူးပျက် စီးခြင်းကို ပညတ်ချက် မလိုက်နာမှုနှင့်ဆက်စပ်သည်။ တရားတော်မရှိ၊ ပုရောဖက်တို့ သည် ထာ၀ရဘုရား၏ ဗျာဒိတ်တော်ကိုမခံမရကြ” (မြည် ၂း၉)။ ဗျာဒိတ်ကျမ်းသည် နောက်ဆုံး အသင်းတော်ပိုင်ဆိုင်သည့် တစ်မူထူးသောလက္ခဏာနှစ်ခုကိုဖော်ပြသည်။ ၎င်း၏အသင်းဝင်များသည် ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏ သက်သေခံ တော်မူချက်ကို စွဲ လမ်းသောသူ} များဖြစ်ကြသည် (ဗျာ ၁၂း၁၇)။

ဘုရားသခင်သည် လွတ်မြောက်လာသော အသင်းတော်” (ဣသရေလလူတို့) ကို ဖွဲ့စည်းရန်၊ သူ၏လူတို့ကိုညွှန်ကြားရန်နှင့်လမ်းပြရန် ပုရောဖက်ပြုခြင်းကျေးဇူးကို ပေးခဲ့ သည် (တ ၇း၃၈)။ ထာ၀ရဘုရားသည် ပုရောဖက်အားဖြင့် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ ကယ်နုတ်၍၊ ပုရောဖက်အားဖြင့်လည်း စောင့်မတော်မူ၏} (ဟောရှေ ၁၂း၁၃)။ ထို့ကြောင့် ကောင်းကင်ခါနာန်ပြည်သို့သွားရန် အပြစ်နှင့်ညစ်ညမ်းသော ကမ္ဘာ ဂြိုဟ်မှ နောက်ဆုံး လွတ်မြောက်ခြင်း၌ပါဝင်မည့်သူများအထဲတွင် ပါဝင်သောသူတို့၌ ထိုဆုကျေးဇူးကိုတွေ့ရသည်မှာ အံ့ဩစရာအကြောင်းမရှိချေ။ ဒုတိယအကြိမ်ကြွလာ ခြင်းတွင် ဤလွတ်မြောက်ခြင်းသည် ပြည့်စုံသွားလိမ့်မည်။ ထိုကာလ၌ ထာ၀ရဘုရား သည် လက်တော်ကိုဆန့်၍၊ ကျန်ကြွင်းသောကိုယ်တော်၏လူတို့ကို.   ကယ်ယူခြင်းငှာ တစ်ဖန်ပြုတော်မူလိမ့်မည်။ (ဟေရှာ ၁၁း၁၁)။

နောက်ဆုံးသောအကျပ်အတည်းမှအကူအညီ။  ကမ္ဘာ့သမိုင်း၏အဆုံးပိုင်းတွင် ရှိ သော ဘုရားသခင်၏လူတို့သည် သူတို့ကိုနောက်ဆုံးဖျက်ဆီးရန် ကြိုးစားသောစာတန်၏ အဆုံးစွန် အမျက်ဒေါသကို တွေ့ကြုံခံစားကြလိမ့်မည် (ဗျာ ၁၂း၁၇)။ လူမျိုးတစ်စုံတစ် မျိုးမျှဖြစ်သည် ကာလမှစ၍ ထိုကာလတိုင်အောင်၊ မဖြစ်စဖူးသောဆင်းရဲဒုက္ခကပ်ကာ လသည် ရောက်လိမ့်မည်” (ဒံ ၁၂း၁)။ ခေတ်အဆက်ဆက်၏အပြင်းထန်ဆုံးသော ပဋိ ပက္ခကို သူတို့ကျော်လွှားနိုင်စေရန်၊ ဘုရားသခင်သည် မေတ္တာကရုဏာဖြင့် သူ၏ လူတို့ ကို အထီးကျန်ထားမည် မဟုတ်ကြောင်း အာမခံချက်ပေးခဲ့သည်။ ယေရှု၏ သက်သေ ခံချက်တည်းဟူသော ပုရော ဖက်ပြုဟောပြောချက်သည် ဒုတိယအကြိမ်ကြွလာချိန်တွင် သူတို့၏ ကယ်တင်ရှင်နှင့် ပေါင်းစည်းရမည့် နောက်ဆုံးရည်မှန်းချက်အထိ သူတို့ကို လုံခြုံစွာလမ်းပြလိမ့်မည်။

အောက်ပါသရုပ်ဖော်ပြချက်သည် သမ္မာကျမ်းစာနှင့် ကျမ်းစာနောက်ပိုင်း ပုရော ဖက်ပြုခြင်း ဆုကျေးဇူး၏ ဖြစ်စဉ်များအကြား ဆက်စပ်မှုကို ရှင်းပြသည်။ ကျွန်ုပ်တို့ သည် ရေကြောင်း ခရီးရှည်စတင်ထွက်သည်ဆိုပါစို့။ သင်္ဘောပိုင်ရှင်သည် ကျွန်ုပ်တို့ခရီး စဉ် တစ်ခုလုံး အတွက် လုံလောက်သောညွှန်ကြားချက်များပါရှိသည့် လမ်းညွှန်စာအုပ်ကို ပေးလိုက်သည်။ ကျွန်ုပ်တို့သည် ၎င်းတို့ကိုအရေးစိုက်မည်ဆိုလျှင် လိုရာဆိပ်ကမ်းကို လုံခြုံစွာရောက်ရှိနိုင်မည်။ ရွက်လွင့်လာရာတွင်၊ ကျွန်ုပ်တို့သည် စာအုပ်ထဲကအကြောင်း အရာများကို လေ့လာရန်ဖွင့်လိုက်သည်။ စာရေးသူသည် ရေကြောင်းခရီးစဉ်၌ ကျွန်ုပ်တို့ ကို လိုက်နာ ရမည့် အထွေထွေစည်းမျဉ်းများကို ရေးချထားသည်။ လက်တွေ့ကျသော အရာများကို ညွှန်ကြားထားပြီး၊ ခရီးဆုံးအထိဖြစ်ပေါ်လာနိုင်သော အရေးပေါ်ကိစ္စများ ကိုလည်း ရေးသားထား သည်။ သို့သော် သင်္ဘောပိုင်ရှင်က ခရီးစဉ်၏ဒုတိယအပိုင်းသည် အထူးသဖြင့် အန္တရာယ်များကြောင်း၊ ကမ်းခြေ၏အသွင်အပြင်သည် သဲဗွက်နှင့်လှိုင်းလုံး များကြောင့် အမြဲပြောင်းလဲနေ ကြောင်းပြောပြသည်။ သူကဆက်၍ သို့သော်၊ ဤခရီး စဉ်အပိုင်းအတွက် ရေကြောင်းလမ်းပြတစ်ဦးကိုစီစဉ်ပေးမည်။ သူသည် သင်တို့နှင့်တွေ့ ဆုံ၍၊ ပတ်ဝန်းကျင်အခြေအနေများနှင့် အန္တရာယ်များအတွက်လိုအပ်လာသောအခါ သင် တို့ကို ညွှန်ကြားချက်ပေးလိမ့်မည်ဟု ပြောသွားသည်။ ဤညွှန်ကြားချက်များနှင့်အတူ ကျွန်ုပ်တို့သည် အန္တရာယ်ရှိသော နေရာကိုရောက်ရှိလာကြသည်။ ကတိပေးခဲ့သည့် တိုင်းရေကြောင်းလမ်းပြသည်လည်း ပေါ်လာသည်။ သို့သော် သူသည် လုပ်ငန်းစတင်ချိန် တွင် သင်္ဘောသားတချို့သည် သူ့ကိုဆန့်ကျင် လာကြသည်။ သူတို့က ကျွန်တော်တို့မှာ မူလ လမ်းညွှန်စာအုပ်ရှိသည်ဖြစ်၍၊ ၎င်းသည် ကျွန်တော်တို့အတွက်လုံလောက်ပြီ။ ကျွန် တော်တို့သည် ဤ စာအုပ်တစ်ခုတည်း အတိုင်း လုပ်ဆောင်ကြသည်။ ကျွန်တော်တို့ ခင်ဗျားကိုမလိုအပ်ပါဟုဆိုကြသည်။ ယခုတွင် အဘယ်သူသည် မူလလမ်းညွှန် စာအုပ် ကိုဂရုစိုက်ကြသနည်း။ ရေကြောင်းလမ်းပြကို အဘယ် သူငြင်း ပယ်သနည်း။ သို့တည်း မဟုတ် စာအုပ်ညွှန်ကြားချက်အတိုင်း သူ့ကိုအဘယ်သူ လက်ခံရရှိသနည်း။ သင်တို့စီရင် ဆုံးဖြတ် ကြကုန်။

ကျမ်းစာအချိန်နောက်ပိုင်းပေါ်လာသောပုရောဖက်များနှင့်သမ္မာကျမ်းစာ

ပုရောဖက်ပြုခြင်းဆုကျေးဇူးမှ သမ္မာကျမ်းစာအုပ်ထွက်ပေါ်လာခဲ့သည်။ ကျမ်းစာ အချိန် နောက်ပိုင်းတွင် ပုရောဖက်ပြုခြင်းဆုကျေးဇူးသည် သမ္မာကျမ်းစာကိုအစားမထိုး သလို၊ ထပ်၍လည်းမပေါင်းထည့်ချေ။ အဘယ်ကြောင့်ဆိုသော် ပင်မသမ္မာကျမ်းစာသည် ယခုအပြီး သတ်ခဲ့ပြီဖြစ်သည်။

ပုရောဖက်ပြုခြင်းဆုကျေးဇူးသည် တမန်တော်များအချိန်ကကဲ့သို့ နောက်ဆုံး သောအချိန်တွင် အသုံးပြုနိုင်သည်။ ၎င်း၏ဆိုလိုရင်းမှာ ယုံကြည်ခြင်းနှင့်ကျင့်စဉ်၏ အခြေခံအဖြစ်သမ္မာကျမ်းစာကိုထိန်းသိမ်းရန်၊ ၎င်း၏သွန်သင်ချက်များကိုရှင်းပြရန်နှင့် နေ့စဉ်အသက်တာတွင် ၎င်း၏စည်းမျဉ်းများကိုလိုက်နာရန်တို့ဖြစ်သည်။ ၎င်းသည် အသင်းတော် တည်ဆောက် ရာတွင်လည်းကောင်း၊ အသင်းတော်၏ဘုရားပေးလုပ်ငန်း တာဝန်ကို ထမ်းဆောင်ရာတွင် လည်းကောင်း ပါဝင်သည်။ ပုရောဖက်ပြုခြင်းဆုကျေးဇူး သည် တစ်ဦးချင်းစီဖြစ်စေ၊ အသင်း တော်အလိုက်ဖြစ်စေ အပြစ်တင်၊ သတိပေး၊ လမ်း ပြ၍၊ အားပေး၍၊ သူတို့ကိုအယူလွဲခြင်းမှ ကာကွယ်ပြီး၊ ကျမ်းစာ၏ သမ္မာတရားများ အပေါ်စည်းလုံးစေသည်။

ကျမ်းစာနောက်ပိုင်းမှ ပေါ်လာသောပုရောဖက်များသည် ကျမ်းစာအချိန်၌ အသက်ရှင် နေထိုင်၍ သူတို့၏သက်သေခံချက်များသည် သမ္မာကျမ်းစာ၏အစိတ်အပိုင်း ဖြစ်မလာသော ပုရောဖက်များဖြစ်ကြသည့် နာသန်၊ ဂဒ်၊ အာသပ်၊ ရှေမိရာမုတ်၊ အာဇရိ၊ ဧလျာဇာ၊ အဟိယ၊ ဩဗက်၊ မိရိအံ၊ ဒေဗောရ၊ ဟုလဒ၊ ရှုမောင်၊ နှစ်ခြင်းဆရာယောဟန်၊ အာဂဗု၊ သိလ၊ အာနနှင့် ဖိလိပ္ပု၏သမီးလေးယောက် စသည် တို့ကဲ့သို့လုပ်ဆောင်မှုတွင် များစွာတူသည်။ သမ္မာကျမ်း စာကိုရေးသားခဲ့သော ပုရောဖက်များကို စကားပြောခဲ့သော ထိုဘုရားသခင်ကပင်ဤ ပုရော ဖက်များကိုမှုတ်သွင်းခဲ့သည်။ သူတို့၏သတင်းစကား များသည် ယခင်ဘုရားရှင်၏ ဖွင့်ပြချက် များကို မှတ်တမ်းတင် ခဲ့သောအရာနှင့် ဆန့်ကျင် မှုမရှိချေ။

ပုရောဖက်ပြုခြင်းဆုကျေးဇူးကိုစစ်ဆေးခြင်း။ ခရစ်တော်မကြွလာမီ မှားယွင်း သောပုရော ဖက်များပေါ်လာမည်ဖြစ်ကြောင်းကို သမ္မာကျမ်းစာသည် သတိပေး ထား သောကြောင့်၊ ကျွန်ုပ်တို့သည် ပုရောဖက်ပြုခြင်းဆုကျေးဇူးကိုရသည်ဟုဆိုသော သူအား လုံးကို စုံစမ်းစစ်ဆေးရမည်။ ပေါလုက ပုရောဖက်ပြုခြင်းကိုမထီမဲ့မြင်မပြုကြနှင့်။ ခပ် သိမ်းသောအရာတို့ကို စုံစမ်း၍၊ ကောင်းသောအရာကိုအမြဲကိုင်စွဲကြလော့။ မကောင်း သော အမှုအမျိုးမျိုးရှိသမျှကို ရှောင်ကြလော့” (၁သက် ၅း၂၀-၂၂။ ၁ယော ၄း၁)။

ကျွန်ုပ်တို့သည် စစ်မှန်သော ပုရောဖက်ပြုခြင်းကို အတုအယောင်မှ ခွဲခြားနိုင်ရန် လမ်းညွှန်ချက်တချို့ကို အောက်ပါအတိုင်းသမ္မာကျမ်းစာကပြဋ္ဌာန်းထားသည်။

၁။ သတင်းစကားသည်သမ္မာကျမ်းစာနှင့်ကိုက်ညီပါသလား။ တရားတော်ကို လည်းကောင်း၊ သက်သေခံတော်မူချက်ကိုလည်းကောင်း နားထောင်ကြကုန်။ သူတို့ ပြော သောစကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင်၊ သူတို့၌အရုဏ်မတက်သေး” (ဟေရှာ ၈း၂၀)။ ဤကျမ်းချက်ကိုဆိုလိုသည်မှာ မည်သည့်ပုရောဖက်မဆို သူ၏ သတင်းစကား များသည် ဘုရားသခင်၏ ပညတ်တော်နှင့် သမ္မာကျမ်းစာ၌ဖော်ပြသော သက်သေခံချက် တို့နှင့် ကိုက်ညီရမည်ဖြစ်သည်။ နောက်မှပေါ်လာသောပုရောဖက်သည် အလျင်ကပုရော ဖက်တို့နှင့် ဆန့်ကျင်ဘက်ပြော၍မရပါ။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူအလျင်ပေး ခဲ့သောသက်သေခံချက်နှင့် ဘယ်သောအခါမျှဆန့်ကျင်ဘက်ပြောဆိုခြင်း မရှိချေ။ အကြောင်းမှာ၊ ဘုရားသခင်သည် ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲ ခြင်းအရိပ်နှင့် ကင်းလွတ် တော်မူ၏” (ယာကုပ် ၁း၁၇)။

၂။ ကြိုတင်ဟောပြောချက်များသည် အမှန်ဖြစ်လာပါသလား။ သင်ကလည်း ထာ၀ရဘုရားမိန့်တော်မူသည်မမူသည်ကို ငါတို့သည်အဘယ်သို့သိနိုင်သနည်းဟုတွေး တောလျှင်၊ ပုရောဖက်သည်ထာ၀ရဘုရား၏အခွင့်ကိုဆောင်၍၊ ဟောပြောသည် အတိုင်း အမှုမဖြစ်၊ ဟောပြောသောစကားမပြည့်စုံလျှင်၊ ထိုစကားကို ထာ၀ရဘုရားမိန့်တော်မ မူ။ ပုရောဖက်သည် ရဲရင့်စွာဟောပြောပြီ။ သူ့ကိုမကြောက်ရ” (တရား ၁၈း၂၁၊၂၂။ ယေ ၂၈း၉)။ ကြိုတင်ဟောပြောချက်သည် အနာဂတ္တိသတင်း စကားတွင် အနည်းငယ်မျှသာ ပါဝင်နိုင်သော်လည်း၊ ၎င်း၏တိကျမှန်ကန်မှုသည် ထင်ရှား နေရမည်။

၃။  ခရစ်တော်၏လူ့ဇာတိခံယူခြင်းကိုအသိအမှတ်ပြုသလား။ ဘုရားသခင်၏ ဝိညာဉ်တော်ကို အဘယ်သို့သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့်ကြွလာတော်မူ သော ယေရှုခရစ်တော်ကိုဝန်ခံသော ဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့်စပ်ဆိုင်၏။ လူဇာတိအား ဖြင့် ကြွလာတော်မူသောယေရှုခရစ်ကို ဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်” (၁ယော ၄း၂၊၃)။ ဤစစ်ဆေးမှုသည် မြေကြီးပေါ်တွင် ယေရှုခရစ်တော်နေထိုင်ခဲ့သည်ကို အသိအမှတ်ပြုခြင်းသက်သက်ထက်ပိုသည်။ စစ်မှန် သောပုရောဖက်သည် ခရစ်တော်၏ လူဇာတိခံယူခြင်းအပေါ် ကျမ်းစာ၏သွန်သင်ချက် များဖြစ်သောသူ၏ဘုရားဇာတိ နှင့်အစအဦး၌ပင်ရှိခဲ့ခြင်း၊ သူ၏အပျိုကညာမှမွေးဖွား ခြင်း၊ လူသားအစစ်အမှန်ဖြစ်ခြင်း၊ အပြစ်ကင်းသောအသက်တာ၊ အပြစ်ဖြေခြင်းအ တွက် အသေခံခြင်း၊ ထမြောက်ခြင်း၊ ကောင်းကင်သို့တက်ကြွခြင်း၊ ကြားဖျန်ဖြေခြင်းကို ဆောင်ရွက်ခြင်းနှင့် ဒုတိယအကြိမ် ကြွလာခြင်း တို့ကိုဝန်ခံရမည်။

၄။ ပုရောဖက်သည် ကောင်းသောအသီး သို့မဟုတ် မကောင်းသောအသီးကို သီးသလား။ ပုရောဖက်ပြုခြင်းသည် ဘုရားသခင်၏သန့်ရှင်းသူတို့” (၂ပေ ၁း၂၁) ကို သန့်ရှင်းသော ဝိညာဉ်တော်၏တိုက်တွန်းခြင်းအားဖြင့်လာသည်။ ကျွန်ုပ်တို့သည်မှားယွင်း သောပုရောဖက်များကို သူတို့၏အသီးများအားဖြင့်ခွဲခြားသိရှိနိုင်သည်။ ယေရှုက ကော င်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသောအပင်သည်ကောင်းသော အသီးကိုမသီးနိုင်။ ကောင်းသောအသီးမသီးသောအပင်ရှိသမျှတို့ကိုခုတ်လှဲ၍ မီးထဲသို့ ချလိုက်တတ်၏။ထို့ကြောင့် ထိုသူတို့၏အကျင့်ကိုထောက်၍၊ သူတို့၏သဘောကို သိ ကြလိမ့်မည်” (မ ၇း၁၆၊၁၈-၂၀)။

ဤအကြံပြုချက်သည် ပုရောဖက်၏ပြောဆိုချက်ကိုအကဲဖြတ်ရာတွင် အရေးကြီး သည်။ ၎င်းသည် ပုရောဖက်၏အသက်တာကိုအလျင်ပြောသည်။ ပုရောဖက်သည် လုံး၀ စုံလင်ရမည် ဟုမဆိုလိုပါ။ သမ္မာကျမ်းစာက ဧလိယသည် ငါတို့ကဲ့သို့လောကဓံ တရား၌ ကျင်လည် သောသူဖြစ်သည်ဟုဆိုသည် (ယာ ၅း၁၇)။ သို့သော် ပုရောဖက်၏အသက် တာသည် ဇာတိပကတိ၏အကျင့်အားဖြင့်မဟုတ်ဘဲ၊ ဝိညာဉ်တော် အသီးအားဖြင့် ထူးခြားသော အသွင်ကို ဆောင်ရမည် (ဂလ ၅း၁၉-၂၃)။

ဒုတိယအနေဖြင့်၊ ဤသတ်မှတ်ချက်သည် သူတစ်ပါးအပေါ် ပုရောဖက်၏ဩဇာ လွှမ်းမိုးမှုနှင့် လည်းသက်ဆိုင်သည်။ သတင်းစကားကိုလက်ခံရရှိသောသူတို့၏အသက် တာတွင် မည်သည့်တိုးပွားမှုရှိလာသနည်း။ သူတို့၏သတင်းစကားသည် ဘုရားသခင်၏ လူတို့ကို အမှုတော်အတွက်လက်နက်တပ်ဆင်ပေးပါသလား၊ သူတို့ကိုယုံကြည်ခြင်း၌ ပေါင်းစည်းပါ သလား (ဧ ၄း၁၂-၁၆)။

ပုရောဖက်ပြုခြင်းဆုကျေးဇူးကိုရသည်ဟု ဆိုသောသူမည်သူကိုမဆို ဤကျမ်း စာ၏ စစ်ဆေးမှုကိုခံယူကြရမည်။ အကယ်၍သူသည် ဤ စံချိန်များချိန်သားကိုက်လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသူအား ပုရောဖက်ပြုခြင်းဆုကျေးဇူးကိုပေးသည်ဟု ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။

ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့အသင်းတော် အထဲက ပုရောဖက်ဟော သောစကား

ပုရောဖက်ပြုခြင်းဆုကျေးဇူးသည် ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်း တော်ကို တည်ထောင်သောသူတို့အထဲက တစ်ဦးဖြစ်သော အယ်လင်ဂျီဝှိုက်၏သာသနာ လုပ်ငန်း တွင်လှုပ်ရှားခဲ့သည်။ သူမသည် နောက်ဆုံးသောကာလအတွင်းနေထိုင်သော ဘုရားသခင် ၏လူတို့အတွက် ဝိညာဉ်တော်မှုတ်သွင်းသောညွှန်ကြားချက်များကိုပေး သည်။ အယ်လင်ဂျီဝှိုက်သည် ဘုရားသခင်၏သတင်းစကားများကို စတင်ဟောပြော သောအချိန်၊ (၁၉) ရာစုနှစ်၏ အစောပိုင်းကာလသည် အမျိုးသားများကြီးစိုးသောအချိန် ဖြစ်သည်။ ပုရောဖက်ပြုခြင်း အတွက် သူမ၏ခေါ်တော်မူခြင်းသည် စေ့စေ့စပ်စပ်စစ် ဆေးခြင်းခံခဲ့ ရသည်။ ကျမ်းစာအားဖြင့် စစ်ဆေးခြင်းကိုအောင်မြင်ပြီးနောက်၊ သူမသည် အနှစ် (၇၀) လုံးလုံး ပုရောဖက်ပြုခြင်း ဆု ကျေးဇူးဖြင့် အမှုတော်ဆောင်ခဲ့သည်။ သူမ (၁၇) နှစ်အရွယ် ရောက်ချိန် (၁၈၄၄) ခုနှစ်မှစ၍၊ သူမကွယ်လွန်သောနှစ် (၁၉၁၅) ခုနှစ် အထိ၊ သူမသည် ရူပါရုံပေါင်း (၂၀၀၀) ထက်မက ရရှိခဲ့ သည်။ သူမသည် အမေရိက၊ ဥရောပနှင့် ဩစတြေးလျတို့၌နေထိုင်၍ အမှုထမ်းချိန်အတွင်း၊ အကြံပေးခြင်း၊ စာရေး ခြင်း၊ တရားဟော ခြင်းနှင့် အမှုတော်အသစ်တို့ထူထောင်ခြင်း စသည် တို့ကိုဆောင်ရွက် ခဲ့သည်။

အယ်လင်ဂျီဝှိုက်သည် ပုရောဖက်ရာထူးကိုဘယ်ခါမျှလက်မခံခဲ့သော်လည်း၊ သူတစ်ပါးကသူမအား ထိုရာထူးဖြင့်ခေါ်ဝေါ်ခြင်းကိုမူမငြင်းပယ်ခဲ့ချေ။ သူမက ကျွန်ုပ် ငယ်ရွယ်ချိန်တွင်၊ ခင်ဗျားကပုရောဖက်လားဟုအကြိမ်ကြိမ်အမေးခံရသည်။ ကျွန်ုပ်ဘယ် သောအခါမျှပြန်မဖြေပါ။ ကျွန်ုပ်သည် ဘုရားသခင်၏တမန်ဖြစ်သည်။ များစွာသော လူတို့ကကျွန်ုပ်အား ပုရောဖက်ဟုခေါ် ကြသည်ကိုကျွန်ုပ်သိသည်။ သို့သော် ကျွန်ုပ်ပုရော ဖက်ဖြစ်သည်ဟုမဆိုခဲ့ပါ။..... ပုရောဖက်ဖြစ်ပါသည်ဟု အဘယ်ကြောင့်မဆိုခဲ့ပါသနည်း။ ဤအချိန်တွင် သူတို့သည် ပုရောဖက်ဖြစ်သည်ဟုရဲရဲဆိုကြသောသူတို့သည် ခရစ်တော် ၏ အမှုတော်၌ ချဉ်းကပ်လာကြ သောကြောင့်ဖြစ်သည်။ ကျွန်ုပ်၏အလုပ်သည် ပုရော ဖက်ဟူသော စကားလုံး၏ အဓိပ္ပါယ် ထက် ပိုသောကြောင့်လည်းဖြစ်သည်။ ပုရော ဖက်မဖြစ်ပါသည်ဟုပြောဆိုခြင်းမှာ ကျွန်ုပ်ဘယ်ခါမျှမလိုဖူးသောအရာဖြစ်သည်။ လူတို့ သည် ကျွန်ုပ်ကို ထိုနာမည်ဖြင့်ခေါ်လျှင်မူ၊ သူတို့နှင့်အငြင်းမပွားပါ။ သို့သော် ကျွန်ုပ်၏ လုပ်ငန်းသည် အကြောင်းအရာများစွာပါရှိနေရာ၊ မိမိကိုယ်ကိုစေတမန်တစ်ဦးအဖြစ် ထက် အခြားနာမဖြင့်မခေါ်နိုင်ပါ။

ပုရောဖက်စစ်ဆေးချက်များကိုအသုံးပြုခြင်း။ အယ်လင်ဂျီဝှိုက်သည် ပုရောဖက် တစ်ပါး ဖြစ်ကြောင်း ကျမ်းစာဖြင့်မည်သို့စစ်ဆေးသနည်း။

၁။ သမ္မာကျမ်းစာနှင့်ကိုက်ညီခြင်း။ သူမ၏များစွာသော စာပေထုတ်လုပ်မှုတွင် ကျမ်းချက်ပေါင်းထောင်သောင်းချီ၍ပါဝင်ပြီး၊ အချို့သောကျမ်းချက်များကို အသေးစိတ် ရှင်းလင်းသည်။ စေ့စပ်သေချာသောလေ့လာမှုက သူမ၏စာပေလက်ရာသည် တစ်သ မတ်တည်းရှိ၍၊ တိကျမှန်ကန်ကာ၊ သမ္မာကျမ်းစာနှင့်အပြည့်အဝသဘောတူညီမှု ရှိ ကြောင်းကိုပြသည်။

၂။ ကြိုတင်ဟောပြောချက်များ၏တိကျမှန်ကန်မှု။ အယ်လင်ဂျီဝှိုက်၏ စာပေ လက်ရာတွင် ကြိုတင်ဟောပြောချက်အနည်းငယ်သာပါရှိပါသည်။ အချို့သည် ပြည့်စုံဆဲ ရှိနေစဉ်၊ အခြားတို့မှာမူ အနာဂတ်တွင်ပြည့်စုံကြလိမ့်မည်။ သို့သော် စစ်ဆေးပြီး သော အရာတို့သည် အံ့ဖွယ်ကောင်းလောက်အောင် တိကျမှန်ကန်စွာပြည့်စုံခဲ့ပြီဖြစ်သည်။ ပြည့် စုံပြီးသော အရာနှစ်ခုကို အောက်တွင်ဖော်ပြထားသည်။

က။ ခေတ်သစ်လိပ်ပြာခေါ်ခြင်းပေါ်ထွန်းလာခြင်း။ ၁၈၅၀ ခုနှစ်တွင်၊ လိပ်ပြာ ခေါ်ခြင်းတည်းဟူသော ဝိညာဉ်လောကနှင့်လည်းကောင်း၊ သေသောသူတို့နှင့် လည်း ကောင်း ဆက် သွယ်ခြင်းကိုအမွှမ်းတင်သောလှုပ်ရှားမှုသည် စတင်ပေါ်ထွန်းလာခဲ့သည်။ အယ်လင်ဂျီဝှိုက် သည် ၎င်းကိုနောက်ဆုံးနေ့ရက်၏လှည့်ဖြားမှုအဖြစ်သဘော ထားပြီး၊ ၎င်း၏ ကြီးထွားမှုကို ကြိုတင်ဟောခဲ့သည်။ ထိုအချိန်က ၎င်းလှုပ်ရှားမှုသည် ပြတ်သား စွာခရစ်ယာန်ဆန့်ကျင်ရေး ဖြစ်ခဲ့သော်လည်း၊ ဤရန်လိုမှုသည်ပြောင်းလဲ၍၊ ခရစ်ယာန် များအကြားတွင် ကြည်ညိုဖွယ်ရာ ဖြစ်လာမည်ကို သူမကြိုမြင်ခဲ့သည်။ ထိုအချိန်မှစ၍ လိပ်ပြာခေါ် ခြင်းသည် တစ်ကမ္ဘာလုံးသို့ပျံ့နှံ့ခဲ့ပြီး၊ ထောက်ခံသူနောက်လိုက် သန်း ပေါင်းများစွာရှိလာသည်။ ၎င်း၏ခရစ်ယာန် ဆန့်ကျင်ရေးသည် ပြောင်းလဲသွားခဲ့ပြီ။ အမှန်မှာ၊ များစွာသောခရစ်ယာန်များသည် မိမိတို့ ကိုယ်ကိုခရစ်ယာန်ဝိညာဉ်ခေါ်သူများ ဟုခေါ်ဆိုကြကာ၊ သူတို့သည် စစ်မှန်သော ခရစ်ယာန် ယုံကြည်ခြင်း ရှိသည်ဟုဆိုကြ သည်။ သူတို့က ဝိညာဉ်များနှင့် ဆက်သွယ်သူများသည် ကတိထားသောခရစ်တော်၏ ဆုကျေးဇူးများကိုအသုံးပြုသော ဘာသာရေးသမားများသာဖြစ်၍၊ ဤဆုကျေးဇူးအား ဖြင့် လူနာများကိုရောဂါပျောက်ကင်းစေကြပြီ၊ အနာဂတ်တွင် အသိ နိုး ကြား လျက် တိုးတက်တည်ရှိနေနိုင်ကြောင်းကို သူတို့လက်တွေ့ပြသသည်ဟုဆိုကြသည်။ သူတို့က လိပ်ပြာခေါ်ခြင်းသည် သင့်အားကြီးမြတ်သောဘာသာရေးစနစ်တို့အားလုံးကို သိရှိ စေ သည်။ ထိုထက်မက၊ ၎င်းသည် ကျမ်းစာအနက်ဖွင့်ကျမ်းအားလုံးပေါင်းထက် သင့်အား ခရစ်ယာန်သမ္မာကျမ်းစာကိုပိုမိုသိရှိစေသည်။ သမ္မာကျမ်းစာသည် လိပ်ပြာခေါ်ခြင်း စာ အုပ် တစ်အုပ်ဖြစ်သည်ဟုလည်းအခိုင်အမာဆိုကြသည်။

ခ။ ပရိုတက်စတန့်များနှင့် ရိုမန်ကာသိုလိပ်တို့အကြား ရင်းနှီးသောပူးပေါင်းလုပ်  ဆောင်မှု။   အယ်လင်ဂျီဝှိုက်အသက်ရှင်စဉ်က   ပရိုတက်စတန့်များနှင့်   ရိုမန် ကာသို လိပ်တို့အကြား တည်ရှိသောအက်ကြောင်းကြီးသည် ၎င်းတို့နှစ်ဖက်အကြား မည်သည့် ပူးပေါင်းလုပ်ဆောင်မှုကိုမဆို ဟန့်တားမည့်သဘောရှိသည်။ ကာသိုလိပ် ဆန့်ကျင်ရေးဝါ ဒသည် ပရိုတက်စတန့်များ အကြားတွင် ထိန်းမနိုင်လောက်အောင်ပြင်းထန် လျက်ရှိခဲ့ သည်။ ပရိုတက်စတန့်ဝါဒအထဲတွင် ကြီးမားသောပြောင်းလဲမှုကြီးသည် ဘာသာရေးပြု ပြင်ပြောင်းလဲခြင်း၏ ယုံကြည်ခြင်းမှ ထွက်ခွာသွားလိမ့်မည်ဖြစ်ကြောင်း အယ်လင်ဂျီ ဝှိုက်က အနာဂတ္တိဟောကြားခဲ့သည်။ သို့ဖြစ်၍ ပရိုတက်စတန့်နှင့် ကာသိုလိပ်တို့အကြား ခြားနားမှုများသည်လျော့နည်းလာ၍၊ ၎င်းတို့နှစ်ဖွဲ့ကို ခြားထား သောနက်ရှိုင်းသည့်အက် ကြောင်းကြီးကို တံတားထိုးလာလိမ့်မည်။

သူမကွယ်လွန်ပြီးနှစ်များတွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံညီညွတ်ရေးလှုပ်ရှားမှု ပေါ် လာ၍၊ ကမ္ဘာ့အသင်းတော်များကောင်စီကိုတည်ထောင်လိုက်ကြသည်။ ကာသိုလိပ် အ သင်းတော် သည်လည်း ဒုတိယဗာတီကင်ကိုတည်ထောင်ခဲ့ကြသည်။ ပရိုတက်စတန့် တို့သည် အနာဂတ္တိ အနက်ပြန်ဆိုချက်နှင့်ဆိုင်သော ပြုပြင်ပြောင်းလဲခြင်း၏အမြင်ကို လည်း ငြင်းပယ်လာခဲ့သည်။ ဤကြီးမားသောပြောင်းလဲမှုများသည် ပရိုတက်စတန့်များ နှင့် ကာသိုလိပ်တို့ အကြားရှိအတားအဆီးများကိုရိုက်ချိုးခဲ့ပြီး၊ ပူးပေါင်းဆောင်ရွက်မှု သည် ကြီးထွားလာနေသည်။

၃။ ခရစ်တော်၏လူအဖြစ်ခံယူခြင်းကိုအသိအမှတ်ပြုခြင်း။ အယ်လင်ဂျီဝှိုက် သည် ခရစ်တော်၏ အသက်တာအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ရေးခဲ့သည်။ အရှင်သ ခင်နှင့် ကယ်တင်ရှင်အဖြစ် ခရစ်တော်၏အခန်းကဏ္ဍ၊ သူ၏လက်ဝါးကပ်တိုင်ပေါ် အပြစ်ဖြေရာ ယဇ်အဖြစ်အသေခံခြင်း၊ သူ၏လက်ရှိကြားဖျန်ဖြေခြင်းလုပ်ငန်းတို့သည် သူမ၏ စာပေလက်ရာများကို စိုးမိုးလျက်ရှိသည်။ သူမ၏ ထာ၀ရလိုအင်သက်တော်စဉ်} စာအုပ်သည် ခရစ်တော်၏ အသက်တာအကြောင်း ရေးထားသမျှသောစာအုပ်တွင် ဝိညာဉ်ရေးအပြည့်၀ဆုံးသော စာအုပ်တစ်အုပ်အဖြစ် ချီးကျူးခြင်းခံရစဉ်၊ သူမ၏အ ကျယ်ပြန့်ဆုံးဝေငှခံရသော သုခချမ်းသာလမ်းညွှန်သည်လည်း လူသန်းပေါင်းများစွာ ကို ခရစ်တော်နှင့် နက်ရှိုင်းသော ဆက်ဆံမှုကိုရရှိစေသည်။

သူမ၏စာပေများသည် ခရစ်တော်ကိုဘုရားဇာတိအပြည့်အဝနှင့် လုံးလုံးလျား လျားလူသားဖြစ်သော ပုဂ္ဂိုလ်အဖြစ် ရှင်းလင်းစွာပုံဖော်သည်။ သူမ၏ချိန်ခွင်လျှာ ညီမျှ သောရှင်းလင်းချက်များသည် ကျမ်းစာ၏ရှုထောင့်နှင့်လုံးလုံးကိုက်ညီသည်။ ခရစ်တော် ၏ ဇာတိတစ်ခုခုကိုဇောင်းပေးခြင်းကို ဂရုတစိုက်ရှောင်ရှားသည်။ ထိုသို့ဇောင်းပေး မှုသည် ခရစ်ယာန် သမိုင်းတစ်လျှောက် အငြင်းပွားမှုများစွာဖြစ်စေသောပြဿနာဖြစ်ခဲ့ သည်။

သူမ၏ခရစ်တော်၏သာသနာကို တင်ပြဆွေးနွေးမှုတစ်ခုလုံးသည် လက်တွေ့ ကျသည်။ သူမသည် မည်သည့်ရှုထောင့်ကိုပြောပြော၊ သူမ၏ပဓာနကျသောအလေး ထားမှုမှာစာဖတ် သူသည် ကယ်တင်ရှင်နှင့်ပိုမိုရှင်းနှီးသောဆက်ဆံရေးရရှိရန်ဖြစ်သည်။

၄။ သူမ၏သာသနာလုပ်ငန်း၏ဩဇာလွှမ်းမိုးမှု။ အယ်လင်ဂျီဝှိုက်သည် ပုရော ဖက်ပြုခြင်း ဆုကျေးဇူးကိုရရှိခဲ့သည်မှာ ရာစုနှစ်တစ်ခုထက်မကကျော်လွန်လာခဲ့ပေပြီ။ သူမ၏ အသင်း တော်နှင့် သူမ၏အကြံပြုချက်များကို ဂရုစိုက်သောသူတို့၏အသက်တာ တို့သည် သူမ၏ အသက်တာနှင့် သတင်းစကားတို့၏အကျိုးသက်ရောက်မှုကိုဖော်ပြကြ သည်။

သူမသည် ဘယ်ခါမျှတရားဝင်ရာထူးမရှိ၊ လက်တင်ရဓမ္မဆရာလည်းမဟုတ်၊ သူမ၏ ခင်ပွန်းသည် မကွယ်လွန်မီအချိန်ထိ ဘယ်ခါမျှလစာမရရှိသောသူဖြစ်ခဲ့သော် လည်း၊ သမ္မာကျမ်းစာမှလွဲ၍၊ သူမ၏ဩဇာလွှမ်းမိုးမှုထက် ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့ အသင်းတော်ကို ပုံသွင်းပေးသောအရာမရှိခဲ့ပါ။သူမသည် အသင်းတော်၏ ပုံနှိပ်ထုတ်ဝေ ခြင်းလုပ်ငန်း၊ ကျောင်းများ၊ ဆေးဝါးဆိုင်ရာသာသနာလုပ်ငန်း၊ ကမ္ဘာအနှံ့ သာသနာဖြန့်ခြင်း လုပ်ငန်းတို့၏နောက်ကွယ်တွင် တွန်းအားပေးသောစွမ်းအားဖြစ်ခဲ့ သည်။ ထိုလုပ်ငန်းများသည် ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်းတော်ကို အကြီးမားဆုံးနှင့် တိုးတက်မှု အမြန်ဆုံးသောပရိုတက်စတန့်သာသနာပြုအဖွဲ့အစည်း အထဲတွင် တစ်ခု ဖြစ်စေခဲ့သည်။

သူမရေးခဲ့သောစာများကို စာအုပ် (၈၀) ကျော်၊ စာအုပ်ငယ်နှင့်လက်ကမ်း စာ စောင် (၂၀၀) ကျော်၊ အပတ်စဉ် သို့မဟုတ် လစဉ်ထုတ်စာစောင်များတွင် ဆောင်းပါး ပေါင်း (၄ç၆၀၀) ကျော်တို့ကို လွှမ်းခြုံထားသည်။ တရားဟောချက်များ၊ နေ့စဉ် မှတ် တမ်းများ၊ အထူး သက်သေခံချက်များနှင့် ပေးစာများသည်လည်း၊ စာမူစာမျက်နှာပေါင်း (၆၀ç၀၀၀) ကျော် နောက်ထပ်ရှိနေသည်။

ဤစာပေ၏နယ်ပယ်သည် အလွန်အံ့အားသင့်ဖွယ်ကောင်းသည်။ အယ်လင်ဂျီ ဝှိုက်၏ ကျွမ်းကျင်မှုသည် ကျဉ်းမြောင်းသောနယ်ပယ်အနည်းငယ်ဖြင့် ကန့်သတ်မထား ချေ။ ထာ၀ရဘုရားသည် သူမအားကျန်းမာရေး၊ ပညာရေး၊ မိသားစုအရေး၊ ချုပ်တည်း ခြိုးခြံခြင်း၊ သာသနာ ပြုခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းသာသနာ၊ သင့်တင့်သောအစားအစာ၊ ဆေးဘက်ဆိုင်ရာ လုပ်ငန်းနှင့် အခြားကဏ္ဍများစွာနှင့်ဆိုင်သော အရေးတို့တွင် အကြံ ဉာဏ်ကိုပေးသည်။ ကျန်းမာရေးနှင့် ဆိုင်သောသူမ၏စာပေသည် အံ့အားသင့်ဖွယ် အကောင်းဆုံးဖြစ်နိုင်သည်။ အဘယ် ကြောင့်ဆိုသော်၊ လွန်ခဲ့သောနှစ်ပေါင်း (၁၀၀) ကျော်က သူမ၏ ကျန်းမာရေး နှင့် ဆိုင်သော ထိုးထွင်းဉာဏ်ကို ခေတ်သစ်သိပ္ပံပညာက မှန်ကန်ကြောင်းအတည်ပြုသည်။

သူမ၏စာပေလက်ရာသည် ယေရှုခရစ်တော်ကိုဗဟိုပြု၍၊ ယုဒ-ခရစ်ယာန် ထုံး တမ်းစဉ်လာ၏ မြင့်မြတ်သောကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်ဆိုင်ရာများကိုမြှင့်တင် သည်။

များစွာသောသူမ၏စာပေတို့သည် ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်း တော်ကို တိုက်ရိုက်ရည်စူးသော်လည်း၊ အခြားစာပေများစွာကို များစွာသောပရိသတ် များက အသိအမှတ်ပြုကြသည်။ သူမ၏နာမည်ကြီးစာအုပ် ]သုခချမ်းသာလမ်းညွှန်} ကို ဘာသာ စကားပေါင်း (၁၀၀) မက ဘာသာပြန်ဆိုခဲ့ပြီး၊ စာအုပ်ပေါင်း (၁၁၅) သန်းကျော် ရောင်းချပြီးဖြစ်သည်။ သူမ၏အကြီးမားဆုံးသောလက်ရာဖြစ်သည့် ထာ၀ရအငြင်းပွားမှု ဖြစ်စဉ်ကို (၅) အုပ်တွဲစာအုပ်အဖြစ်ရေးသားခဲ့ပြီး၊ ၎င်းသည် ခရစ်တော်နှင့်စာတန်တို့ အကြားမဟာတိုက်လှန်ပွဲကို အပြစ်စတင်ချိန်မှစ၍ အပြစ်ကိုစကြ၀ဠာမှဖျက်ပယ်သည် အထိအသေးစိတ် ဖော်ပြ သည်။

လူတစ်ဦးချင်းအပေါ် သူမ၏ စာပေ၏ အကျိုးသက်ရောက်မှုသည် အလွန်ကြီး ကျယ် သည်။ မကြာသေးမီက အန်ဒရူးယူနီဗာစတီ” (Andrews University) သည် မြော်လင့် ခြင်းအသင်းသားတို့၏ ခရစ်ယာန်စိတ်သဘောထားနှင့် အပြုအမူတို့ကိုအခြေခံသည့် လေ့လာမှုတစ်ခုကို သူမ၏စာအုပ်များပုံမှန်ဖတ်သောသူများနှင့် မဖတ်သောသူများတို့ တွင်ပြုလုပ်ခဲ့သည်။ သူတို့၏ ရှာဖွေတွေ့ရှိမှုသည် သူမ၏ စာပေများကို ဖတ်သော သူတို့အပေါ် အကျိုးသက်ရောက်မှုကို ထင်ထင်ရှားရှား မီးမောင်းထိုးပြသည်။ စာဖတ် သူတို့သည် ခရစ်တော်နှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေးရှိကြ၍၊ ဘုရားသခင်နှင့် အတူရပ် တည်မှုသည်လည်း ပိုမိုခြားနားကာ၊ သူတို့၏ဝိညာဉ်ရေးဆုကျေးဇူးများကိုလည်း ပိုမိုဖော် ထုတ်နိုင်ကြသည်။ သူတို့သည် လူထုတရားပွဲတွင်ပိုမိုပါဝင်ကြပြီး၊ ဒေသခံသာသနာ လုပ်ငန်းတွင်လည်း ပိုမိုပံ့ပိုးကြသည်။ သူတို့သည် သက်သေခံခြင်းအတွက်သာ၍ ပြင် ဆင်မှုရှိကြပြီး၊ သက်သေခံ ခြင်းနှင့် ပြင်ပသာသနာတွင် အမှန်တကယ်ပါဝင်ကြသည်။ သူတို့သည် နေ့စဉ်ကျမ်းစာ လေ့လာခြင်း၊ လူတို့အတွက်ဆုတောင်းပေးခြင်း၊ အဖွဲ့လိုက် ဖြင့်မိတ်သဟာယဖွဲ့ခြင်း၊ နေ့စဉ် မိသားစုဝတ်ပြုခြင်းစသည်တို့ကို ပိုမိုလုပ်ဆောင်ကြ သည်။ သူတို့၏ အသင်းတော်ကို အကောင်းဘက်မှပိုမြင်ကြသည်။ သူတို့သည် လူအများ ပြောင်းလဲခြင်းအတွက် တာဝန်ယူကြ သည်။

ပုရောဖက်ဟောပြောသောစကားချက်နှင့်သမ္မာကျမ်းစာ။ အယ်လင်ဂျီဝှိုက်၏ စာပေမည်သည် သမ္မာကျမ်းစာကိုအစားထိုးသောအရာမဟုတ်ပါ။ ၎င်းတို့ကို သမ္မာကျမ်း စာနှင့် တူညီသောအဆင့်၌လည်း ထား၍မရနိုင်ချေ။ သမ္မာကျမ်းစာသည် ထီးထီးကြီး တည်ရှိနေပြီး၊ ၎င်း၏စံချိန်ဖြင့်သူမ၏စာပေအားလုံးကိုစိစစ်ရမည်။

၁။ သမ္မာကျမ်းစာသည်အမြင့်ဆုံးစံချိန်ဖြစ်သည်။ ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့အသင်းသားများသည် ဘာသာရေးပြုပြင်ပြောင်းလဲခြင်း၏ သမ္မာကျမ်းစာ တစ်ခုတည်းသာဟူသောစည်းမျဉ်းကို အပြည့်အဝ ထောက်ခံသည်။ သမ္မာကျမ်းစာ ကိုယ်၌က ၎င်း၏ အနက်ပြန်ဆိုသူဖြစ်၍၊ သမ္မာကျမ်းစာသာလျှင်ယုံကြည်ချက်အား လုံး၏ အခြေခံဖြစ်သည်။ အသင်းတော်ကိုတည်ထောင်သောသူတို့သည် အခြေခံယုံ ကြည်မှုများကို သမ္မာကျမ်းစာ လေ့လာခြင်းအားဖြင့် စတင်တည်ဆောက်ခဲ့ကြသည်။ သူ တို့သည် ဤယုံကြည်ချက်များကို အယ်လင်ဂျီဝှိုက်၏ရူပါရုံများမှရရှိခဲ့ခြင်းမဟုတ်ချေ။ သူတို့၏ ယုံကြည်ချက်များကို စတင် တည်ဆောက်ကြရာတွင် သူမ၏အဓိကကဏ္ဍမှာ သမ္မာကျမ်းစာကို နားလည်ခြင်း၌ လမ်းပြခြင်းနှင့် ကျမ်းစာကိုလေ့လာခြင်းအားဖြင့်ရရှိ လာသောသုံးသပ်ချက်များကို အတည်ပြုခြင်း တို့ ဖြစ်သည်။

အယ်လင်ဂျီဝှိုက်က၊ သမ္မာကျမ်းစာသည် အသင်းတော်အတွက်အခြေခံ သတ်မှတ် ချက် ဖြစ်သည်ကိုယုံကြည်ပြီး၊ သွန်သင်ခဲ့သည်။ ၁၈၅၁ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေသော သူမ၏ ပထမစာအုပ်တွင်၊ သူမက ချစ်သောစာဖတ်သူများ၊ ဘုရားသခင်၏ နှုတ်က ပတ်တော်သည် သင်တို့၏ယုံကြည်ခြင်းနှင့် ကျင့်စဉ်တို့၏စည်းမျဉ်းအဖြစ်၊ ကျွန်ုပ်သည် သင်တို့ကို အကြံပြုထောက်ခံပါသည်။ နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့သည် တရား စီရင်ခြင်းခံရမည်။သူမသည် ဤသဘောထားကို ဘယ်ခါမျှမပြောင်းလဲခဲ့ချေ။ နှစ်ပေါင်း များစွာ လွန်ပြီးနောက်သူမသည် ဤသို့ရေးခဲ့သည်။ ဘုရားသခင်သည် သူ၏နှုတ် ကပတ် တော်တွင် ကယ်တင်ခြင်း အတွက်လိုအပ်သောအသိဉာဏ်ပညာကို လူတို့အားပေး အပ်ခဲ့သည်။ သမ္မာကျမ်းစာကို ခိုင်လုံသောဘုရားသခင်၏အလိုတော်ကို ဖော်ပြခြင်း အဖြစ်လက်ခံရမည်။ ၎င်းသည် အကျင့် စာရိတ္တ၏စံချိန်၊ ယုံကြည်ချက်များကို ဖော်ပြ သောအရာ၊ အတွေ့အကြုံကို စစ်ဆေးသော အရာ ဖြစ်သည်ဟု ရေးခဲ့သည်။ ၁၉၀၉ ခုနှစ်၊ အသင်းတော်၏အထွေထွေညီလာခံတွင် သူမ ၏ နောက်ဆုံးမိန့်ခွန်းကို ချွေခဲ့စဉ်က၊ သူမသည်သမ္မာကျမ်းစာအုပ်ကိုဖွင့်၍၊ ပရိသတ်ရှေ့တွင် မြောက်ကိုင်ကာ၊ ညီအစ်ကို မောင်နှမတို့၊ ကျွန်ုပ်သည် သင်တို့အား ဤစာအုပ်ကို အကြံပြုထောက်ခံပါသည်ဟုပြော ခဲ့သည်။

သူမ၏စာပေကို သမ္မာကျမ်းစာ၌ဖြည့်စွက်ချက်အဖြစ် ခံယူသောယုံကြည်သူများ ကိုတုံ့ပြန်ရာတွင် သူမက စာရေး၍ပြောလိုက်သည်မှာ ကျွန်ုပ်သည် သမ္မာကျမ်းစာ ကိုခံယူပြီး၊ ဘုရားသခင်၏ လူတို့အတွက်ပေးသော အသင်းတော်အတွက်သက်သေ ခံချက်များ} ဖြင့်၎င်းကိုဝန်းရံထားသည်။... သင်တို့သည် သမ္မာကျမ်းစာနှင့်ရင်းနှီးမှုမရှိကြ။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျမ်းစာ၏စံချိန်စံညွှန်းအတိုင်း ရောက်ရှိရန်ဆန္ဒနှင့် ခရစ်ယာန်စုံလင်ခြင်းကိုရလိုသောဆန္ဒတို့ဖြင့်လေ့လာခဲ့လျှင်၊ သင်တို့ သည် ဤသက်သေခံချက်များကိုလိုအပ်ကြလိမ့်မည်မဟုတ်ပါ။ ဘုရားသခင်သည် သင် တို့ကို ရိုးရိုးနှင့်တိုက်ရိုက် သက်သေခံချက်များအားဖြင့် အရောက်လှမ်းလိုသည့် သမ္မာကျမ်း စာကိုသိကျွမ်းရန်သင်တို့ သည်လျစ်လျူရှုသောကြောင့်၊ ဤသက်သေခံချက် များသည် သင်တို့နားမထောင်လိုသော နှုတ်ကပတ်တော်သို့ သင်တို့၏အာရုံကိုလှည့် ပေးပြီး၊ ၎င်း၏စင်ကြယ်မြင့်မြတ်သော သွန်သင် ချက်အတိုင်း အသက်ရှင်ရန်တိုက်တွန်း သည်}} ဟူ၍ဖြစ်သည်။

၂။ သမ္မာကျမ်းစာသို့လမ်းပြပေးသည်။ သူမ၏စာပေများသည် လူတို့ကိုသမ္မာ ကျမ်းစာသို့ပို့ဆောင်သည်ဟု သူမမြင်သည်။ ထို့ကြောင့် သူမက သမ္မာကျမ်းစာ ကို အ နည်းငယ်သာ အလေးထားအာရုံပြုကြသည်။ ဘုရားသခင်သည် အမျိုးသား၊ အမျိုးသမီး များကို အလင်းကြီး သို့ပို့ဆောင်ရန် အလင်းငယ်ကိုပေးခဲ့ပြီဟုဆိုသည်။

သူမက ဘုရားသခင်၏နှုတ်ကပတ်တော်သည် အဆိုးဆုံးမှိုင်းမိနေသောစိတ်ကို သိမြင်ရှင်းလင်းစေရန်လုံလောက်ပြီး၊ ၎င်းကိုနားလည်လိုသောသူတို့သည် နားလည်နိုင် သည်။ သို့သော် ဤအရာအားလုံးဖြစ်နေပါလျက်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို လေ့လာပါ သည်ဟုဆိုသောသူတချို့သည် ၎င်း၏အရိုးရှင်းဆုံးသောသွန်သင်ချက်များနှင့် တိုက်ရိုက် အသက်ရှင်နေထိုင်ကြသည်ကိုတွေ့ရသည်။ ထို့ကြောင့်အမျိုးသား၊ အမျိုး သမီးတို့သည် ဆင်ခြင်ပေးစရာမရှိစေခြင်းငှာ၊ ဘုရားသခင်သည် ရိုးရှင်း၍ဗြောင်ကျ သောသက်သေခံချက် များကိုပေး၍၊ သူတို့လိုက်လျှောက်ရန် လျစ်လျူရှုသောနှုတ်က ပတ်တော် သို့ သူတို့ကိုပြန်လည်ခေါ်ယူသည်။

၃။ သမ္မာကျမ်းစာကိုနားလည်စေရန်လမ်းပြသည်။ အယ်လင်ဂျီဝှိုက်က သူမ၏ စာပေလက်ရာသည် သမ္မာကျမ်းစာကိုပိုမိုရှင်းလင်းအောင်နားလည်စေသည့် လမ်းပြအ ဖြမှတ်ယူသည်။ နောက်ထပ်သမ္မာတရားကိုဖော်ထုတ်သည်မဟုတ်ပါ။ ဘုရားသခင် သည် ပေးထားပြီးသောမွန်မြတ်သည့်သမ္မာတရားများကို သက်သေခံချက်များအားဖြင့် ရှင်းလင်းလွယ်ကူစေခဲ့သည်။ သူရွေးချယ်သောနည်းလမ်းဖြစ်သော သက်သေခံချက် များအားဖြင့်စိတ်နှလုံး ကိုနိုးကြားစွဲမှတ်စေရန် လူတို့ရှေ့တွင်ချပြခဲ့သည်။ ထိုသို့ဖြင့် လူ အားလုံးသည် ဆင်ခြေပေး ရန်မရှိတော့ချေ။” “ရေးသားထားသော သက်သေခံချက်များ သည် အလင်းအသစ်ကို ပေးခြင်းမဟုတ်ဘဲ၊ ဖော်ပြပြီးသောနှုတ်ကပတ်တော်၏ သမ္မာ တရားများကို စိတ်ထဲတွင် အထင် သား စွဲမှတ်စေရန်ဖြစ်သည်။

၄။ ကျမ်းစာ၏စည်းမျဉ်းများကိုကျင့်သုံးရန်လမ်းပြသည်။ များစွာသော အယ် လင်ဂျီဝှိုက်၏ စာပေသည် နေ့စဉ်အသက်တာအတွက် ကျမ်းစာ၏အကြံပြုချက်ကိုလက် တွေ့အသုံးချသည်။ သူမသည် စကားပြောခြင်းနှင့် စာရေးခြင်းတို့၌ အထွေထွေ စည်း များကိုဖော်ထုတ်၍၊ တစ်ချိန်တည်းတွင် အားလုံးတို့သည် သတိပေး၊ အပြစ်တင်၍ အကြံ ပြုခြင်းခံစေခြင်းငှာ၊ လူတချို့၏ အန္တရာယ်များ၊ အမှားများနှင့်အပြစ်များတို့ကို ထောက် ပြသည်။ခရစ်တော်သည် သူ၏ အသင်းတော်အား ထိုသို့သောပုရောဖက် လမ်းပြမှုကို ကတိပေးခဲ့ပြီးဖြစ်သည်။ အယ်လင်ဂျီဝှိုက်သည် ဤသို့မှတ်ချက်ပြုသည်။

ဘုရားသခင်သည် သူ၏အလိုတော်ကို မိမိလူတို့အား သူ၏နှုတ်ကပတ်တော် အားဖြင့်ဖော်ပြခဲ့ပြီဟူသော အချက်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဆက်လက်ရှိ နေခြင်းနှင့် လမ်းပြခြင်းတို့၏မလိုအပ်မှုကိုဖော်ပြခြင်းမဟုတ်ပါ။ ဤအရာနှင့်ဆန့်ကျင်၍၊ မိမိလူတို့ အားနှုတ်ကပတ်တော်ကိုဖွင့်ပြရန်၊ ၎င်း၏သွန်သန်ချက်များကို လင်းပြပြီးလက် တွေ့ကျင့် သုံးရန် ကျွန်ုပ်တို့၏ကယ်တင်ရှင်သည် ဝိညာဉ်တော်ကိုပေးရန်ကတိပေးခဲ့ပေ ပြီ။

ယုံကြည်သူအတွက်စိန်ခေါ်မှု။ ယေရှု၏သက်သေခံချက်သည် ကမ္ဘာ့ နောက်ဆုံး သောနေ့ရက်များ၌ ပုရောဖက်ဟောသောစကားချက်အားဖြင့် ထင်ရှားလိမ့် မည်ဟူ သော ဗျာဒိတ်ကျမ်း၏အနာဂတ္တိစကားသည် လူတိုင်းအားစိတ်မဝင်စားမှု သို့မဟုတ် မယုံ ကြည်မှု စိတ်သဘောထားကိုမကိုင်စွဲဘဲ၊ ခပ်သိမ်းသောအရာကိုစုံစမ်းကောင်းသော အရာကို အမြဲကိုင်စွဲကြရန် စိန်ခေါ်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ဤ သမ္မာကျမ်းစာ၏ လုပ်ပိုင်ခွင့်အရ စုံစမ်းစစ်ဆေးခြင်းကိုဆက်လက်လုပ်ဆောင်မှုအပေါ် မူတည်၍၊ ရရှိရန် သို့မဟုတ် ဆုံးရှုံးရန် များစွာရှိသည်။ ယောရှဖတ်က သင်တို့၏ ဘုရားသခင်ကိုယုံကြည် ကြလော့။ သို့ပြုလျှင် တည်ကြည်ကြလိမ့်မည်။ ပုရောဖက်တော်တို့ကို ယုံကြည်ကြ လော့၊ သို့ပြုလျှင် အောင်မြင် ကြ လိမ့်မည် ဟုမိန့်တော်မူ၏” (၆ရာ ၂ဝး၂၀)။ ဤစကား သည် ယနေ့တွင်လည်းမှန်ကန်သည်။

 

- ၀ -

မူလမာတိကာသို့

No comments:

Post a Comment