အခန်းကြီး
- ၄၇
ထိုစကားအတိုင်း ယောသပ်သည် ဖါရောမင်း
ထံသို့သွား၍၊ ကျွန်တော်အဘနှင့်အစ်ကိုတို့သည် သိုးနွား၊ ဥစ္စရှိသမျှကို ဆောင်လျက်
ခါနာန်ပြည်ကရောက်လာ၍၊ ဂေါရှင်ပြည်၌ရှိကြပါသည်ဟု လျှောက်သဖြင့်၊
2 အစ်ကိုစုထဲက
ရွေး၍ ငါးယောက်တို့ကို အထံ တော်သို့သွင်းလေ၏။
3 ဖာရောမင်းကလည်း၊
သင်တို့သည် အဘယ်သို့ လုပ်ဆောင်လေ့ရှိကြသနည်းဟုမေးလျှင်၊ သူတို့က၊ ကိုယ်တော်
ကျွန်တို့သည် ဘိုးဘေးနှင့်တကွ သိုးထိန်း ဖြစ်ကြပါ၏ဟူ၍၎င်း၊
4 ခါနာန်ပြည်၌
အလွန်အစာခေါင်းပါး၍ သိုးနွား ကျက်စားရာမရှိသောကြောင့်၊ ကိုယ်တော်ကျွန်တို့သည်
ပြည်တော်၌ တည်းခိုခြင်းငှါ လာကြပါ၏။ သို့ဖြစ်၍ ကိုယ်တော်ကျွန်တို့သည် ဂေါရှင်ပြည်၌
နေရမည် အကြောင်း အခွင့်ပေးတော်မူပါဟူ၍၎င်း လျှောက်ကြ၏။
5 ဖါရောမင်းကလည်း၊
သင်၏အဘနှင့်အစ်ကို တို့သည် သင့်ထံသို့ ရောက်လာကြသည်ဖြစ်၍၊
6 အဲဂုတ္တပြည်သည်
သင့်ရှေ့မှာ ရှိ၏။ သင်၏ အဘနှင့် သင်၏အစ်ကိုတို့ကို အကောင်းဆုံးသော အရပ်
ဂေါရှင်ပြည်၌ နေရာချလော့။ သူတို့တွင် အစွမ်းသတ္တိ ရှိသောသူအချို့တို့ကို တွေ့လျှင်
ငါ၏သိုးနွားအုပ်အရာ၌ ခန့်ထားလော့ဟု ယောသပ်အား မိန့်တော်မူ၏။
7 ယောသပ်သည်
အဘယာကုပ်ကို သွင်း၍ ဖါရောမင်းရှေ့မှာ ထားသဖြင့်၊ ယာကုပ်သည် ဖါရောမင်း ကို
ကောင်းကြီးပေး၏။
8 ဖါရောမင်းက၊
သင်သည် အသက်အဘယ်မျှ လောက်ရှိပြီနည်းဟု ယာကုပ်အား မေးလျှင်၊
9 ကျွန်တော်သည်
ဧည့်သည်အာဂန္တုဖြစ်၍ လွန် သော အသက်သည် အနှစ်တရာသုံးဆယ်ရှိပါပြီ။
ကျွန်တော်အသက်ရှင်သော နှစ်ပေါင်းနည်း၍ဆိုးပါ၏။ ဧည့်သည် အာဂန္တုဖြစ်သော
ဘိုးဘေးတို့၏ အသက်တန်း ကို မမှီပါဟု လျှောက်ဆိုပြီးလျှင်၊
10 ဖါရောမင်းကို
ကောင်းကြီးပေး၍ အထံတော်က ထွက်သွားလေ၏။
11 ဖါရောမင်းအမိန့်တော်ရှိသည့်အတိုင်း၊
ယောသပ် သည် အဘနှင့် အစ်ကိုတို့ကို နေရာချ၍ အဲဂုတ္တုပြည်၌ အကောင်းဆုံးသောအရပ်
ရာမသက်မြေကိုအပိုင်ပေး၏။
12 အဘနှင့်
အစ်ကိုများ၊ အဘ၏အိမ်သားရှိသမျှ တို့ကို အနည်းအများအလိုက် ကျွေးမွေး၏။
13 အလွန်အစာခေါင်းပါး၍
တပြည်လုံးစားစရာ မရှိသောကြောင့်၊ အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်သည် အားလျော့လေ၏။
14 ပြည်သားဝယ်သော
စပါးအဘိုး၊ အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ တွေ့သမျှသော ငွေကိုယောသပ်စုသိမ်း၍
နန်းတော်သို့ သွင်းထားလေ၏။
15 အဲဂုတ္တုပြည်၊
ခါနာန်ပြည်၌ ငွေကုန်သောအခါ၊ အဲဂုတ္တုလူအပေါင်းတို့သည် ယောသပ်ထံသို့လာ၍ စား စရာဘို့
ပေးသနားတော်မူပါ။ ကျွန်တော်တို့သည် ငွေကုန်သော်လည်း ရှေ့တော်၌ အဘယ်ကြောင့်
သေရပါအံ့နည်းဟု လျှောက်ကြသော်၊
16 ယောသပ်က၊
ငွေကုန်လျှင် တိရစ္ဆာန်များကို ပေးကြ။ တိရစ္ဆာန်အတွက် စပါးကိုပေးမည်ဟုဆိုသည်
အတိုင်း၊
17 သူတို့သည်
တိရစ္ဆာန်တို့ကိုယူခဲ့၍၊ ယောသပ် သည် မြင်း၊ သိုး၊ နွား၊ မြည်းတို့အတွက်
စပါးကိုပေးသဖြင့် ထိုနှစ်တွင် တိရစ္ဆာန်ရှိသမျှတို့အတွက် ပြည်သားများကို
ကျွေးမွေး၏။
18 ထိုနှစ်ကုန်ပြီးမှ
ဒုတိယနှစ်တွင်လာကြလျှင်၊ ကျွန်တော်တို့ ငွေကုန်ကြောင်းကို သခင်ရှေ့မှာ
မထိမ်ဝှက်ပါ။ ကျွန်တော်တို့ တိရစ္ဆာန်များကိုလည်း သခင် ရပါပြီ။ သခင်ရှေ့မှာ
ကျွန်တော်တို့ကိုယ်နှင့် မြေမှတပါး အဘယ်အရာမျှ မကျန်ပါ။
19 ရှေ့တော်၌
အဘယ်ကြောင့်သေ၍ ပြည်တော် ပျက်ရပါအံ့နည်း။ အစာကို ပေး၍ကျွန်တော်တို့နှင့်
ကျွန်တော်တို့မြေကို ဝယ်ပါ။ ကျွန်တော်တို့သည် မြေနှင့် တကွ ဖါရောဘုရင်၏
ကျွန်ခံပါမည်။ ကျွန်တော်တို့သည် မသေ၊ အသက်ရှင်စေခြင်းငှါ၎င်း၊ ပြည်တော်သည်
လူမဆိတ်ညံစေခြင်းငှါ၎င်း၊ မျိုးစေ့ကို ပေးပါဟု လျှောက်ကြ သော်၊
20 ယောသပ်သည်
အဲဂုတ္တုမြေရှိသမျှကို ဖါရော မင်းမဘို့ဝယ်လေ၏။ အစာခေါင်းပါး၍ အဲဂုတ္တုလူတို့သည်
မတတ်နိုင်သောကြောင့်၊ အသီးအသီးပိုင်သော မြေအကွက်တို့ကို ရောင်းကြသဖြင့် မြေသည်
ဘဏ္ဍာတော် ဖြစ်လေ၏။
21 လူတို့ကိုကား၊
အဲဂုတ္တုပြည် တစွန်းမှသည် တစွန်းတိုင်အောင် မြို့တို့သို့ပြောင်းစေ၏။
22 ယဇ်ပုရောဟိတ်တို့
ပိုင်သောမြေကိုကားမဝယ်။ သူတို့သည် ဖါရောမင်းကျွေးမွေးသည်အတိုင်း ကျွေးမွေး သော
အစာကိုစားရကြ၏။ ထိုကြောင့် မိမိတို့မြေကို မရောင်းရကြ။
23 ယောသပ်ကလည်း၊
သင်တို့နှင့် သင်တို့မြေကို ဖါရောမင်းဘို့ ယနေ့ငါဝယ်ပြီ။ မျိုးစေ့ကို ယူ၍
လယ်လုပ်ကြလော့။
24 အသီးအနှံကိုရသောအခါ၊
ငါးဘို့တွင်တဘို့ကို ဖါရောမင်းအား ဆက်ရကြမည်။ လေးဘို့ကိုကား သင်တို့ ယူ၍
နောက်တဖန်မျိုးစေ့ကို ကြဲကြလော့။ သင်တို့စား၍ အိမ်သားများ၊ သူငယ်များတို့ကို
ကျွေးကြလော့ဟု ပြည်သားတို့အား ဆို၏။
25 သူတို့ကလည်း၊
ကိုယ်တော်သည် ကျွန်တော်တို့ အသက်ကို ကယ်ပါပြီ။ သနားသော စိတ်နှင့်ကြည့်ရှုတော်
မူပါ။ ကျွန်တော်တို့သည် ဖာရောဘုရင်၏ကျွန်ခံရပါမည် ဟု လျှောက်ကြ၏။
26 ထိုကြောင့်
ဖါရောမင်းမပိုင်သော ယဇ်ပုရော ဟိတ်တို့ မြေကိုထား၍၊ ဖါရောမင်းသည် ငါးဘို့တွင်
တဘို့ကိုပိုင်တော်မူစေဟု ယနေ့တိုင်အောင် အဲဂုတ္တုပြည်၌တည်သော ဓမ္မသတ်ကို
ယောသပ်စီရင်၍ ထား သတည်း။
27 ဣသရေလ
သားတို့သည်၊ အဲဂုတ္တုပြည် ဂေါရှင် အရပ်၌နေသဖြင့်၊ ဥစ္စာရတတ်၍ တိုးပွါးများပြားကြ၏။
28 ယာကုပ်သည်
အဲဂုတ္တုပြည်၌ ဆယ်ခုနစ်နှစ် အသက်ရှင်၍ အသက်နှစ်ပေါင်း တရာလေးဆယ်ခုနစ်
နှစ်ရှိသတည်း။
29 ဣသရေလသည်
သေရသောအချိန်နီးသော်၊ သားယောသပ်ကို ခေါ်၍ ငါ့ကိုသနားလျှင် သင်၏ လက်ကို
ငါ့ပေါင်အောက်၌ ထားပါလော့။ ကရုဏာသစ္စာ နှင့်အညီ ငါ၌ပြုပါ။ အဲဂုတ္တုပြည်၌
ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်။
30 ငါသည်ဘိုးဘေးနှင့်အတူ
အိပ်ချင်ပါ၏။ အဲဂုတ္တု ပြည်မှ ငါ့ကို ဆောင်သွား၍ သူတို့သင်္ချိုင်း၌ သင်္ဂြိုဟ်
ရမည်ဟုဆို၏။ ယောသပ်ကလည်း၊ အဘဆိုသည် အတိုင်း အကျွန်ုပ်ပြုပါမည်ဟု ဝန်ခံလေ၏။
31 ငါ့အားကျိန်ဆိုခြင်းကို
ပြုပါဟု ဆိုပြန်လျှင်၊ ကျိန်ဆိုခြင်းကို ပြု၏။ ဣသရေလသည်လည်း ခုတင်
ခေါင်းရင်းပေါ်မှာ ကိုးကွယ်လေ၏။
အနက်ဖွင့်ချက်။
၄၇:၁-၁၀ ယောသပ်သည်
ရွေးချယ်ထားသော ညီအစ်ကိုငါးဦး (အမည်မဖော်ပြထားသူများ) နှင့် သူ၏ဖခင်ကို
ဖာရိုဘုရင်ထံ တင်ပြသည်။ အပြုသဘောဆောင်သော တွေ့ဆုံမှုပြီးနောက်၊ ဖာရိုဘုရင်သည်
၎င်းတို့ထဲမှ အချို့ကို နန်းတော်၏ သိုးထိန်းများအဖြစ် ခန့်အပ်ပြီး၊ ၎င်းတို့အား
ဥပဒေအရ အကာအကွယ်ပေးသည် (အခန်းကြီး ၆)။ ယာကုပ်နှင့် ဖာရိုဘုရင်၏ တွေ့ဆုံမှုသည်
ယခင်တွေ့ဆုံမှုနှင့် ကွဲပြားပြီး၊ ပိုမိုရင်းနှီးသော လေထုကို ဖော်ပြသည်။
ယဉ်ကျေးမှုအများစုတွင်ကဲ့သို့၊ အသက်အရွယ်ကို သမ္မာကျမ်းတွင် အလွန်တန်ဖိုးထားသည်။ ကောင်းချီးပေးခြင်း။
နှုတ်ဆက်ခြင်းနှင့် နှုတ်ဆက်ရန် ပုံမှန်နည်းလမ်းကို ကိုယ်စားပြုသည် (၂၇:၃၃၊ ၂၈:၁)။
47:1–10 Joseph presents five
selected brothers (who are not named) as well as his father to Pharaoh. After a
positive audience, Pharaoh appoints some of them to be shepherds of the crown,
thus giving them legal protection (v. 6). The tone of Jacob’s audience with
Pharaoh is distinct from the earlier one, marking a more intimate atmosphere.
As in most cultures, age was highly regarded in the Bible. blessed. Represents
the customary way of greeting and saying good-bye (27:33; 28:1).
၄၇:၁၁ ပိုင်ဆိုင်မှု။
မြေယာပိုင်ဆိုင်မှု၊ သူ၏မိသားစုအား မြေတစ်ကွက်၏ ဥပဒေအရ ပိုင်ဆိုင်ခွင့်ပေးသည်။
ဘုရားသခင်သည် အာဗြဟံအား ခါနာန်ပြည်ကို “ထာဝရပိုင်ဆိုင်မှု” အဖြစ် ကတိပြုထားသည်
(၁၇:၈)။
47:11 possession.
Land holding, giving his family legal title of a piece of ground. God promises
Abraham “everlasting possession” of Canaan (17:8).
၄၇:၁၃-၂၆ အငတ်ဘေး၏
ကြီးမားသော အတိုင်းအတာနှင့် ယောသပ်၏ နန်းတော်အုပ်ချုပ်ရေးမှူးအဖြစ် စွမ်းရည်ကို
ဖော်ပြသည်။ အငတ်ဘေး၏ ပြင်းထန်မှုကို ပြသည့် မှီခိုမှုအဆင့်သုံးဆင့်ရှိသည်- (၁)
အီဂျစ်လူများသည် ငွေဖြင့် စပါးဝယ်ယူသည် (အခန်းကြီး ၁၃-၁၄)၊ (၂)
အီဂျစ်လူများသည် ၎င်းတို့၏ သိုးအုပ်များကို စပါးနှင့် လဲလှယ်သည် (အခန်းကြီး
၁၅-၁၇)၊ (၃)
အီဂျစ်လူများသည် ၎င်းတို့၏ မြေယာပိုင်ဆိုင်ခွင့်များကို စပါးနှင့် လဲလှယ်သည်
(အခန်းကြီး ၁၈-၂၆)။
47:13–26 Describes the huge
dimension of the famine and the ability of Joseph as an administrator of the
crown. Three stages of dependency show the increasing severity of the famine:
(1) Egyptians buy grain with money (vv. 13–14); (2) Egyptians exchange their
herds for grain (vv. 15–17); and (3) Egyptians exchange their land rights for
grain (vv. 18–26).
၄၇:၂၂ အီဂျစ်ဘုန်းကြီးအဆင့်သည်
လူ့အဖွဲ့အစည်း၏ အင်အားကြီးသော အလွှာတစ်ခုဖြစ်ပြီး၊ မြေယာများစွာကို
ပိုင်ဆိုင်ထားပြီး၊ နန်းတော်သို့ အခွန်မပေးခဲ့ပါ။
47:22 The Egyptian priestly class was a
powerful substrata of society, owned a large amount of land, and did not pay
taxes to the crown.
၄၇:၂၄ ငါးပုံတစ်ပုံ။ ယောသပ်သည်
ပေါများသောနှစ်များတွင် ၂၀% အခွန်ယူခဲ့သည် (၄၁:၃၄) ပြီး ယခုအခါ ၂၀% အတိုးယူသည်၊
၎င်းသည် ဒေသတွင်းရှိ ၃၃.၃% ပျမ်းမျှအတိုးနှုန်းနှင့် နှိုင်းယှဉ်ပါက နည်းပါးသည်။
47:24 fifth. Joseph
took a 20% tax during the years of abundance (41:34) and now charges 20%
interest, which is low compared to a 33.3% average interest rate in the region.
၄၇:၂၇ ဣသရေလ၏
ကြီးထွားမှုဖော်ပြချက်သည် ဖန်ဆင်းခြင်းဆိုင်ရာ ဘာသာစကားကို အသုံးပြုသည်။
ထွက်မြောက်ရာ ၁:၇ မှတ်စုကို ကြည့်ပါ။
47:27 The description of Israel’s growth uses
creation language. See note on Ex. 1:7.
၄၇:၂၈-၃၁ ယာကုပ်၏
သေဆုံးမှုသည် အပိုင်းများစွာ၏ အကြောင်းအရာဖြစ်ပြီး၊ ဖခင်မျိုးရိုးဇာတ်လမ်းများတွင်
အရေးကြီးသော အဆုံးသတ်ကို မှတ်သားသည် (၄၈:၂၁-၂၂၊ ၄၉:၂၉-၃၂)။
ယောသပ်သည် သူ၏ဖခင်ကို ခါနာန်တွင် သင်္ဂြိုဟ်ရန် သန္နိဋ္ဌာန်ကျမ်းသစ္စာကတိပြုသည်
(၂၄:၂၊ ၂၅:၂၉-၃၃)။
47:28–31 Jacob’s death is the
subject of several sections and marks an important end in the patriarchal
stories (48:21–22; 49:29–32). Joseph swears a solemn oath to bury his father in
Canaan (24:2; 25:29–33).
No comments:
Post a Comment