အခန်းကြီး - ၂၄
အာဗြဟံသည်အို၍၊
အသက်အရွယ်ကြီးရင့်လှပြီ။ ထာဝရဘုရားသည်၊ အရာရာ၌ သူ့ကို ကောင်းကြီး ပေးတော်မူပြီ။
2 အာဗြဟံသည်၊
မိမိအိမ်သားတို့တွင် အသက်ကြီး ၍ ဘဏ္ဍာစိုးလုပ်သောသူကိုခေါ်လျက်၊
3 သင်သည်၊
ငါနေသော ခါနာန်အမျိုးသမီးတို့ တွင်၊ ငါ့သားဘို့ မယားကို မရွေးမယူဘဲ၊
4 ငါ့ပြည်ငါ့အမျိုးသားချင်းတို့ထံသို့သွား၍၊
ငါ့သား ဣဇာက်အဘို့ မယားကိုယူရမည်ဟု၊ သင်၏လက်ကို ငါ့ ပေါင်အောက်၌ထားပြီးမှ၊
ကောင်းကင်မြေကြီးအရှင် ဘုရားသခင်၊ ထာဝရဘုရားကို တိုင်တည်၍၊ ငါကျိန်ဆိုစေ
ပါမည်ဟုဆို၏။
5 ကျွန်ကလည်း၊
မိန်းမသည်ဤပြည်သို့ ကိုယ်တော် ၏သားကို တဖန်ကျွန်တော်ခေါ်သွားရပါမည်လောဟု
မေးလေသော်၊
6 အာဗြဟံက၊
ထိုပြည်သို့ ငါ့သားကိုခေါ်၍ မသွား နှင့်။ သတိပြုလော့။
7 ငါ့အဘ၏အိမ်မှ၎င်း၊
ငါ့အမျိုးသားနေရာပြည်မှ ၎င်း ငါ့ကိုခေါ်၍၊ သင်၏အမျိုးအနွယ်အား ဤပြည်ကို
ငါပေးမည်ဟု၊ငါ့အား ဗျာဒိတ်တော်ပေး၍ ကျိန်ဆိုတော်မူ သော ကောင်းကင်ဘုံရှင်ဘုရားသခင်
ထာဝရဘုရားသည်၊ မိမိကောင်းကင်တမန်ကို သင့်ရှေ့၌ စေလွှတ်တော်မူ သဖြင့်၊
သင်သည်ထိုပြည်မှ ငါ့သားဘို့ မယားကို ယူရလိမ့် မည်။
8 မိန်းမသည်သင်နှင့်အတူ
မလိုက်လိုလျှင်၊ သင် သည်၊ ယခုငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ။ ငါ့သားကို
ထိုပြည်သို့ခေါ်၍ မသွားနှင့်ဟုဆိုပြီးမှ၊
9 ကျွန်သည်
သခင်အာဗြဟံ၏ ပေါင်အောက်၌ လက်ကိုထား၍ ထိုအမှု၌ကျန်ဆိုလေ၏။
10 ထိုကျွန်သည်လည်း၊
မိမိသခင်၏ဥစ္စာရှိသမျှကို စီရင်သောသူဖြစ်၍၊ သခင်၏ကုလားအုပ်စုထဲက၊ ကုလား
အုပ်ဆယ်စီးကိုယူ၍ထသွားသဖြင့်၊ မေသောပေါဘာမိ တိုင်း၊ နာခေါ်မြို့သို့ ရောက်လေ၏။
11 မိန်းမများရေခပ်သော
ညဦးယံအချိန်၌၊ မြို့ပြင် ရေတွင်းနားမှာ ကုလားအုပ်တို့ကို ဝပ်စေပြီးလျှင်၊
12 အကျွန်ုပ်၏သခင်၊
အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရား ယနေ့ အကျွန်ုပ်အကြံကို ထမြောက်စေ၍၊ အကျွန်ုပ်၏သခင်
အာဗြဟံ၌ ကျေးဇူးပြုတော်မူပါဟု၊ အကျွန်ုပ်ဆုတောင်းပါ၏။
13 အကျွန်ုပ်သည်၊
ဤရေတွင်းနားမှာ ရပ်နေ၍၊ ထိုမြို့သူသတို့ သမီးတို့သည်၊ ရေခပ်ခြင်းငှါလာကြသည် တွင်၊
14 အကြင်သတို့သမီးကို၊
ကျွန်ုပ်သောက်ခြင်းငှါ သင်ရေဘူးကို ချပါဟုဆိုသော်၊ သောက်ပါ၊ သင်၏ကုလား
အုပ်တို့ကိုလည်း ရေတိုက်ပါမည်ဟု၊ ပြန်ဆိုသော သမီး သည်၊ ကိုယ်တော်၏ကျွန်ဣဇာက်ဘို့
ခန့်ထားတော် မူသောသူဖြစ်ပါစေသော။ ထိုသို့အားဖြင့်၊ အကျွန်ုပ်၏ သခင်၌
ကျေးဇူးပြုတော်မူကြောင်းကို၊ အကျွန်ုပ်သိရပါ မည်ဟု လျှောက်ဆို၏။
15 ထိုသို့လျှောက်ဆို၍မပြီးမှ၊
အာဗြဟံအစ်ကိုနား ခေါ်မယား မိလခါသား၊ ဗေသွေလ၏သမီး ရေဗက္ကသည်၊ ရေဘူးကိုထမ်းလျက်
ထွက်လာသည်ကိုမြင်၏။
16 ထိုသတို့သမီးသည်၊
အလွန်အဆင်းလှ၍၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာဖြစ်၏။ ရေတွင်းသို့ဆင်း၍၊ ရေဘူးကို
ရေနှင့်ဖြည့်ပြီးမှ တက်လာ ၏။
17 ကျွန်သည်လည်း၊
ထိုမိန်းမနှင့်တွေ့ခြင်းငှါပြေး၍၊ သင်၏ရေဘူး၌ ရေအနည်းငယ်ကို သောက်ပါရစေဟု
ဆိုလေသော်၊
18 မိန်းမက၊
သောက်ပါလောအရှင်ဟုဆိုသဖြင့်၊ မိမိလက်ပေါ်မှာ၊ အလျင်အမြန်ရေဘူးကို ချ၍၊ ရေကို
ပေးလေ၏။
19 ရေကိုပေးပြီးလျှင်၊
သင်၏ကုလားအုပ်တို့သည် လည်း၊ ဝစွာ သောက်စရာဘို့ရေခပ်ပါမည်ဟု ဆိုသည် အတိုင်း၊
20 အလျင်အမြန်ဘူး၌ရှိသော
ရေကိုရေတိုက်ခွက် ထဲ၌ လောင်းပြီးလျှင်၊ တဖန်ခပ်ခြင်းငှါ ရေတွင်းသို့ပြေး၍၊
ကုလားအုပ်အဘို့ ရေခပ်လေ၏။
21 ယောက်ျားသည်
ထိုမိန်းမကို အံ့ဩ၍၊ မိမိ ရောက်လာသော အမှုကို ထာဝရဘုရားပြုစုတော်မူသည်၊ မမူသည်ကို
သိလို၍၊ တိတ်ဆိတ်စွာ နေလေ၏။
22 ကုလားအုပ်များကို
ရေသောက်စေပြီးသော နောက်၊ ယောက်ျားသည်၊ အချိန်ငါးမူးရှိသော ရွှေနှာဆွဲ၊
အကျပ်တဆယ်အချိန်ရှိသော ရွှေလက်ကောက်တရံကို ထုတ်၍၊
23 သင်သည်
အဘယ်သူ၏သမီးဖြစ်သနည်း။ ကျွန်ုပ်ကို ပြောပါ။ သင်၏အဘအိမ်၌ ကျွန်ုပ်တို့တည်းခို
စရာအရပ်ရှိသလောဟု မေးလေသော်၊
24 မိန်းမက၊
ကျွန်ုပ်သည် နာခေါ်၏မယားမိလခါ ဘွားမြင်သော၊ ဗေသွေလ၏သမီးဖြစ်သည်ဟူ၍၎င်း၊
25 ကျွန်ုပ်တို့၌
မြက်ခြောက်များ၊ စားဘွယ်သောက် ဘွယ်များနှင့် တည်းခိုစရာအရပ်လည်း ရှိသည်ဟူ၍၎င်း
ဆိုလေ၏။
26 ထိုအခါယောက်ျားသည်
ဦးညွှတ်ချ၍ ထာဝရ ဘုရားကိုကိုးကွယ်လျက်၊
27 ကရုဏာ၊
သစ္စာတော်ကို အကျွန်ုပ်သခင်မှ ရုပ်သိမ်းတော်မမူသော၊ အကျွန်ုပ်သခင်အာဗြဟံ၏
ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။ လမ်းမှာ သွားလျက်ရှိသော
အကျွန်ုပ်ကို ထာဝရဘုရားသည် အကျွန်ုပ်သခင်၏ညီအစ်ကိုတို့အိမ်သို့
ပို့ဆောင်တော်မူပါသည်တကားဟု မြွက်ဆို၏။
28 သတို့သမီးသည်လည်းပြေး၍
အမိ၏အိမ်၌ ဤအရာများကို ကြားပြောလေ၏။
29 ရေဗက္က၌
လာဗန်အမည်ရှိသော မောင် တယောက်ရှိ၏။ လာဗန်သည် ယောက်ျားရှိရာ ရေတွင်း သို့ပြေး၏။
30 သူသည်နှာဆွဲကို၎င်း၊
နှမလက်၌ လက်ကောက် ကို၎င်း မြင်၍၊ ထိုယောက်ျားသည်ကျွန်ုပ်ကို ဤသို့ ပြောသည်ဟု၊
နှမရေဗက္ကဆိုသော စကားကို ကြားသော အခါ၊ ရေတွင်း၌ ကုလားအုပ်အနားမှာရပ်နေသော
ယောက်ျားထံသို့ ရောက်သောအခါ၊
31 ထာဝရဘုရားကောင်းကြီးပေးတော်မူသော
သူ၊ ကျွန်ုပ်အိမ်သို့ ဝင်ပါလော့။ ပြင်၌အဘယ်ကြောင့် ရပ်နေ သနည်း။ အိမ်ကို၎င်း၊
ကုလားအုပ် များနေရာအရပ်ကို ၎င်း၊ ကျွန်ုပ်ပြင်ပါပြီဟုဆိုသဖြင့်၊
32 ယောက်ျားကိုအိမ်သို့သွင်း၍
ကုလားအုပ်တို့ တန်ဆာကို ချွတ်ပြီးမှ၊ သူတို့အားမြက်ခြောက်နှင့်စားစရာ ကို ပေး၏။
ယောက်ျားခြေ၊ လိုက်သော သူတို့ခြေဆေးဘို့ ရေကိုလည်းပေးလေ၏။
33 သူ့ရှေ့မှာ
စားစရာကို ထည့်သောအခါ၊ သူက၊ ကျွန်ုပ်သည် ကိုယ်အမှုကိုမပြောမှီမစားလိုပါဟုဆိုလျှင်၊
ပြောပါဟုဆို၏။
34 ယောက်ျားကလည်း၊
ကျွန်ုပ်ကားအာဗြဟံ၏ ကျွန်ဖြစ်ပါ၏။
35 ထာဝရဘုရားသည်
ကျွန်ုပ်၏သခင်ကို အလွန် ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည်ကြီးမြတ်ခြင်းသို့
ရောက်လေပြီ။ သိုးစု၊ နွားစု၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊
ကုလားအုပ်နှင့်မြည်းများတို့ကို ပေးတော်မူပြီ။
36 ကျွန်ုပ်သခင်၏မယားစာရာသည်၊
သခင် အသက်အိုသောအခါ၊ သူ့အားသားကို ဘွားမြင်သဖြင့်၊
ထိုသားအားဥစ္စာရှိသမျှကိုသခင်သည် အပ်ပေးပြီ။
37 ကျွန်ုပ်၏သခင်ကလည်း၊
သင်သည်ငါနေသော ခါနာန်အမျိုးသမီးတို့တွင်၊ ငါ့သားဘို့ မယားကို မရွေးဘဲ၊
38 ငါ့အဘ၏အိမ်၊
ငါ့အမျိုးသားချင်းတို့ထံသို့ သွား၍၊ ငါ့သားဘို့ မယားကို ယူရမည်ဟု အကျွန်ုပ်ကို
ကျိန်ဆိုစေ၏။
39 အကျွန်ုပ်ကလည်း၊
မိန်းမသည်မလိုက်လိုလျှင် အဘယ်သို့နည်းဟု သခင်ကိုမေးလေသော်၊
40 သခင်က၊
အကြင်ထာဝရဘုရားသခင်ရှေ့တော် ၌ ငါသွားလာ၏၊ ထိုဘုရားသည် မိမိကောင်းကင်တမန် ကို
သင်နှင့်အတူစေလွှတ်၍၊ သင်သွားသောအမှုကို ပြုစုတော်မူသဖြင့်၊ ငါ့အမျိုးသားချင်း၊
ငါ့အဘ၏အိမ်ထဲ က ငါ့သားဘို့ မယားကိုယူရမည်။
41 ငါ့အမျိုးသားချင်းတို့ထံသို့ရောက်သောအခါ၊
သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေ။
ထိုသူတို့သည်မိန်းမကိုမပေးသော်လည်း၊ သင်သည် ငါပေးသော
ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေမည်ဟု ပြော၏။
42 ကျွန်ုပ်သည်ယနေ့ရေတွင်းသို့
ရောက်ပြီးလျှင်၊ ကျွန်ုပ်သခင် အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ရောက်လာသော
အမှုကို ယခုပြုစုတော်မူလျှင်၊
43 အကျွန်ုပ်သည်
ရေတွင်းနားမှာရပ်နေ၍၊ ရေခပ် ခြင်းငှါ လာသော အကြင်သမီးကညာကို၊ ကျွန်ုပ်သောက် ဘို့
သင်၏ရေဘူး၌ရေအနည်းငယ်ကို ပေးပါဟုတောင်း သော်၊
44 သောက်ပါ။သင်၏ကုလားအုပ်တို့ဘို့လည်း
ရေခပ်ပါမည်ဟု ပြန်ဆိုသောသမီးကညာသည်၊ ကိုယ် တော်ကျွန်၏သားဘို့၊ ခန့်ထားတော်မူသော
မိန်းမဖြစ်ပါ စေသောဟု လျှောက်ဆို၏။
45 ထိုသို့စိတ်နှလုံး၌
လျှောက်ဆို၍မပြီးမှီ၊ ရေဗက္ကသည် ရေဘူးကို ထမ်းလျက်ထွက်လာသဖြင့်၊ ရေတွင်းသို့ ဆင်း၍
ရေခပ်သည်ကို ကျွန်ုပ်မြင်လျှင်၊ ရေသောက်ပါရ စေဟု သူ့ကိုတောင်းလေသော်၊
46 သူသည်အလျင်အမြန်ပခုံးပေါ်က
ရေဘူးကို ချလျက်၊ သောက်ပါလော့။ သင်၏ ကုလားအုပ်တို့ကို လည်း၊
ရေတိုက်ပါမည်ဟုဆိုသည်အတိုင်း၊ ကျွန်ုပ်သောက် ရ၏။ ကုလားအုပ်တို့ကိုလည်း ရေတိုက်လေ၏။
47 ကျွန်ုပ်ကလည်း၊
သင်သည် အဘယ်သူ၏ သမီးဖြစ်သနည်းဟုမေးသော်၊ သူက၊ ကျွန်ုပ်သည် မိလခါ ဘွားမြင်သော
နာခေါ်သားဗေသွေလ ၏သမီးဖြစ်သည် ဟုပြောဆို၏။ ကျွန်ုပ်သည် မိလခါဘွားမြင်သော နာခေါ်
သားဗေသွေလ၏သမီးဖြစ်သည်ဟုပြောဆို၏။ ကျွန်ုပ် သည်လည်း၊ သူ၏ မျက်နှာ၌နှာဆွဲကို၎င်း၊
သူ၏လက်၌ လက်ကောက်တို့ကို၎င်းထည့်ပြီးလျှင်၊
48 ဦးညွှတ်ချ၍၊
ကျွန်ုပ်သခင်အစ်ကို၏ မြေးကို သခင်၏သားဘို့ ယူစေခြင်းငှါ၊ မှန်သောလမ်းဖြင့်
ပို့ဆောင်တော်မူသော ကျွန်ုပ်သခင် အာဗြဟံ၏ ဘုရား သခင် ထာဝရဘုရားကို ကောင်းကြီးပေး၍
ကိုးကွယ် လေ၏။
49 ယခုတွင်သင်တို့သည်၊
ကျွန်ုပ်သခင်၌ သစ္စာနှင့် ကျေးဇူးပြုမည်၊ မပြုမည်ကိုပြောပါ။ ကျွန်ုပ်သည်လည်း၊
လက်ျာလမ်းဖြစ်စေ၊ လက်ဝဲလမ်းဖြစ်စေ၊ တလမ်းလမ်းသို့ လိုက်သွားပါမည်ဟု ပြောဆို၏။
50 လာဗန်နှင့်ဗေသွေလတို့ကလည်း၊
ဤအမှုသည် ထာဝရဘုရား စီရင်တော်မူသောအမှုဖြစ်၏။ အကျွန်ုပ်တို့ သည်၊ သင့်အား
ကောင်းမကောင်းကို မပြောနိုင်ပါ။
51 ရေဗက္ကသည်
သင့်ရှေ့၌ရှိပါ၏။ ယူသွားပါ လော့။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သင်၏ သခင်သား၏
မယားဖြစ်စေဟုပြန်ဆို၏။
52 ထိုစကားကိုကြားလျှင်၊
အာဗြဟံကျွန်သည် ဦးညွှတ်ချ၍၊ ထာဝရဘုရားကို ကိုးကွယ်ပြီးမှ၊
53 ငွေဖလား၊
ရွှေဖလား၊ အဝတ်တန်ဆာများကို ထုတ်၍ ရေဗက္ကအားပေး၏။ သူ၏အမိ၊ မောင်အားလည်း၊
အဘိုးထိုက်သော လက်ဆောင်ကိုပေး၏။
54 သူနှင့်သူ၏အဘော်အပေါင်းတို့သည်၊
စား သောက်၍ ညဉ့်ကို လွန်စေပြီးမှ၊ နံနက်ယံ၌ထလျက်၊ ကျွန်ုပ်သည်၊
သခင်ထံသို့ပြန်ပါရစေဟု ဆိုလေသော်၊
55 မောင်နှင့်အမိက၊
မိန်းမကလေးသည်၊ ကျွန်ုပ်တို့ ထံမှာ၊ ဆယ်ရက်ခန့်လောက်နေပါစေဦး။ နောက်မှ၊
သူ့ကိုသွားပါစေမည်ဟု ဆိုကြ၏။
56 ထိုသူကလည်း၊
ကျွန်ုပ်ကို မဆီးတားပါနှင့်။ ထာဝရဘုရားသည်၊ ကျွန်ုပ်ရောက်လာသောအမှုကို
ပြုစုတော်မူပြီ။ ကျွန်ုပ်သည် သခင်ထံသို့ သွားရသော အခွင့်ကို ပေးပါလော့ဟုဆိုလျှင်၊
57 သူတို့က၊
မိန်းကလေးကိုခေါ်၍၊ သူ့အလိုကို မေးပါဦးမည်ဟု ဆိုသည်နှင့်၊
58 ရေဗက္ကကိုခေါ်၍
သင်သည်ဤလူနှင့်အတူ ယခုလိုက်မည်လောဟု မေးသောအခါ၊ ကျွန်ုပ်လိုက်ပါမည် ဟုဆို၏။
59 သို့ဖြစ်၍၊
မိမိနှမရေဗက္ကနှင့် သူ၏အထိန်းကို၎င်း၊ အာဗြဟံကျွန်နှင့် သူ၏လူတို့ကို၎င်း
လွှတ်လိုက် ကြ၏။
60 ရေဗက္ကကိုလည်း၊
သင်သည် ကျွန်ုပ်တို့၏နှမ ဖြစ်၏။ အသောင်းအသိန်းတို့၏အမိဖြစ်ပစေသော။
သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ တံခါးများကို အစိုးရပါစေသောဟု ကောင်းကြီးပေးကြ၏။
61 ရေဗက္ကနှင့်သူ၏မိန်းမငယ်တို့သည်ထ၍၊
ကုလားအုပ်ကိုစီးလျက်၊ ထိုယောက်ျားနှင့်အတူ လိုက်ကြ ၏။ ထိုသို့ အာဗြဟံကျွန်သည်
ရေဗက္ကကို ဆောင်သူ သွားလေ၏။
62 ထိုအခါ
တောင်ပြည်အတွင်း၌ နေသော ဣဇာက်သည်၊ ဗေရလဟဲရောလမ်းဖြင့် ရောက်လာသည် ဖြစ်၍၊
63 ညဦးအချိန်၌
ဆင်ခြင်လိုသောငှါ၊ တောအရပ် သို့ထွက်သွား၍၊ မြော်ကြည့်လျှင်၊ ကုလားအုပ်များ
လာသည်ကို မြင်လေ၏။
64 ရေဗက္ကသည်လည်း၊
မြော်ကြည့်၍ ဣဇာက်ကို မြင်သောအခါ၊ ကုလားအုပ်အပေါ်မှဆင်းပြီးလျှင်၊
65 ကျွန်ုပ်တို့ကို
ကြိုဆိုခြင်းငှါ၊ တော၌လာသော ထိုသူကား၊ အဘယ်သူနည်းဟု ကျွန်ကိုမေးလေသော်၊ ကျွန်က၊
ထိုသူသည် ကျွန်ုပ်သခင်ဖြစ်ပါ၏ဟု ပြောဆို သောစကားကိုကြားလျှင်၊ ရေဗက္ကသည်
မျက်နှာဖုံးကို ယူ၍ ဖုံးလေ၏။
66 ကျွန်သည်လည်း၊
မိမိပြုလေသမျှတို့ကို ဣဇာက် အား ကြားပြောပြီးမှ၊
67 ဣဇာက်သည်
မိမိအမိစာရာ၏ တဲသို့ ရေဗက္က ကို ဆောင်ယူ၍ စုံဘက်လေ၏။ ရေဗက္ကကိုချစ်နှစ်မြို့
သဖြင့်၊ အမိသေသောအမှု၌ သက်သာခြင်းသို့ ရောက် လေ၏။
အနက်ဖွင့်ချက်။
၂၄:၁-၉ ဣဇာက်၏အနာဂတ်မျိုးဆက်အတွက်
အာဗြဟံ၏စိုးရိမ်မှုသည် ဘုရားသခင်၏အစပိုင်းခေါ်ဆိုမှုအပေါ်အခြေခံသည်။
ဓမ္မဟောင်းခေတ်တွင် လက်ထပ်ဖွဲ့ဆိုမှုကို မိဘများကပြုလုပ်သောကြောင့်၊ အာဗြဟံသည်
သူ၏အကြီးအကဲသောကျွန်အား သူ၏ကိုယ်စားလှယ်အဖြစ် ကျိန်ဆိုစေသည်။ ၎င်းတို့သည်
အာဗြဟံ၏နောက်ဆုံးမှတ်တမ်းတင်ထားသောစကားများဖြစ်သည်။ ပေါင်အောက်တွင်လက်ထားခြင်း။ ဤသင်္ကေတအမူအရာ၏ရင်းနှီးသောသဘောသည်
ကျိန်ဆိုမှု၏အနုနယ်သောအရေးကြီးမှုကို မီးမောင်းထိုးပြသည်။
24:1–9 Abraham’s concern for the
future line of Isaac is based on God’s initial call. Since match-making was
done by the parents in OT times, Abraham makes his chief servant swear an oath
as his representative. These are the last recorded words of Abraham. hand
under my thigh. The intimate nature of the symbolic gesture
underlines the seriousness of the oath.
၂၄:၁၂-၁၄ အာဗြဟံ၏အိမ်ထောင်စုဝင်တစ်ဦးအနေဖြင့်၊
ကျွန်သည် ဆုတောင်းတတ်ရန်သင်ယူခဲ့ပြီး၊ ထာဝရဘုရားထံမှ အထူးလက္ခဏာတစ်ခုကို
တောင်းခံသည်။ ထိုလက္ခဏာသည် ဣဇာက်၏အနာဂတ်ဇနီးတွင် လိုလားဖွယ်ရာစရိုက်များကို
ပြသရန်ရည်ရွယ်သည်။ ဧည့်ဝတ်ကျေပြွန်မှုသည် အရှေ့တိုင်းလူ့အဖွဲ့အစည်းများတွင်
အဓိကတန်ဖိုးတစ်ခုဖြစ်သည်။ ကရုဏာ။ ကျွန်၏ဆုတောင်းနှစ်ခု
(အခန်းငယ် ၁၂, ၁၄, ၂၇)
တွင် အဓိကအယူအဆဖြစ်ပြီး၊ အာဗြဟံနှင့်ပဋိညာဉ်တွင် ဘုရားသခင်၏ဆက်ကပ်မှုကို
အလေးပေးသည်။
24:12–14 As a member of
Abraham’s household, the servant had learned to pray and requested a special
sign from the Lord. The sign was meant to show desirable character traits in
the future wife of Isaac. Hospitality is a key value in Eastern
societies. kindness. A key concept in the two prayers
of the servant (vv. 12, 14, 27), emphasizing the divine commitment in the
covenant with Abraham.
၂၄:၁၆ ရေဗက္ကာ၏အရေးကြီးသောအချက်သုံးချက်-
သူမသည် အလွန်လှပသည်၊ လက်ထပ်ရန်အသက်ရောက်ပြီး၊ လက်မထပ်ရသေးပါ။ ဆင်းသွား … တက်လာသည်။
မြင်ယောင်ထားသောရေတွင်း၊ သို့မဟုတ် စမ်းရေသည်၊ ရေအိုးလေးဖြင့်
ကမ်းပါးတက်ဆင်းရန်လိုအပ်သည်။ ရေငတ်နေသောကုလားအုတ်ဆယ်ကောင်အား ရေပေးရန်မှာ ဂါလံ
၂၅၀-၄၀၀ (၉၅၀-၁၅၀၀ လီတာ) ခန့်ရေထုတ်ယူရန်ဖြစ်သည်။
24:16 Three important traits of Rebekah: she
was very beautiful, she was of marriageable age, and she was not married. went
down … came up. The envisioned well, or spring, required walking
down and up an embankment with a heavy pitcher of water. Providing ten thirsty
camels with water meant drawing as much as 250–400 gallons (950–1500 l).
၂၄:၂၂ ရှေကယ်တစ်ဝက်။ အောင်စတစ်ငါးပုံတစ်ပုံ
(၅.၅ ဂရမ်) ခန့်။ ရှေကယ်ဆယ်။ အောင်စလေးခန့်
(၁၁၃ ဂရမ်)။
24:22 half a shekel. About
1/5 ounce (5.5 g). ten shekels. About 4 ounces (113 g).
၂၄:၂၃-၂၈ ဘုရားသခင်သည်
ကရုဏာရှိ၍ ဧည့်ဝတ်ကျေပြွန်ပြီး လှပသောအမျိုးသမီးတစ်ဦးကိုသာမက၊
အာဗြဟံ၏မိသားစုကြီးမှအဖွဲ့ဝင်တစ်ဦးကိုပါ ပို့ပေးခဲ့သည်။ ဗေသွေလသည်
ဣဇာက်၏ဝမ်းကွဲဖြစ်သည်။
24:23–28 God had not only sent
a kind, hospitable, and beautiful woman, but also a member of Abraham’s larger
family. Bethuel is Isaac’s cousin.
၂၄:၂၉-၃၂ လာဗန်၏ဧည့်သည်ကို
စိတ်အားထက်သန်စွာ ဧည့်ဝတ်ကျေပြွန်မှုသည် လောဘကြောင့်ဖြစ်ပြီး (အခန်းငယ် ၃၀)၊
နောက်ပိုင်းတွင် ယာကုပ်နှင့်ဆက်ဆံမှုကို ခန့်မှန်းပြသည် (၂၉:၁-၃၀)။
24:29–32 Laban’s enthusiastic
reception of the stranger is motivated by greed (v. 30), foreshadowing the
later dealings with Jacob (29:1–30).
၂၄:၃၃-၅၁ လက်ထပ်ရေးညှိနှိုင်းမှုများသည်
စားပွဲတစ်ခုနှင့် အံ့ဖွယ်ဘုရားသခင်၏လမ်းညွှန်မှုကို ပြန်လည်ပြောပြခြင်းဖြင့်
စတင်သည်။ ထိုယဉ်ကျေးမှုတွင် စားပွဲများသည် အရေးကြီးသောလူမှုရေးဖြစ်ရပ်များဖြစ်သည်။
24:33–51 The marriage
negotiations begin with a meal and a retelling of the amazing divine leading.
Meals are important social events in that culture.
၂၄:၅၀ ဤအခန်းငယ်တွင်
လာဗန်၏ထင်ရှားမှုနှင့်အနေအထားသည် ဗေသွေလသည် အနည်းငယ်အားနည်းနေပြီး
မျိုးနွယ်ခေါင်းဆောင်မှုသည် သူ၏သားထံသို့ လွှဲပြောင်းပြီးဖြစ်ကြောင်း အကြံပြုသည်။
24:50 Laban’s prominence in the story and
position in this verse suggest that Bethuel was somewhat incapacitated and that
the clan leadership had already passed to his son.
၂၄:၅၂ ကျွန်၏တတိယဆုတောင်းသည်
ကျေးဇူးတော်ချီးမွမ်းခြင်းဆုတောင်းဖြစ်ပြီး၊
သတို့သမီးစျေးပေးချေခြင်းနှင့်ဆက်လက်သည်။ သတို့သမီးစျေးသည်
သတို့သမီး၏ဝန်ဆောင်မှုနှင့် ၎င်း၏ဖြစ်နိုင်သောသားစဉ်မြေးဆက်ဆုံးရှုံးမှုအတွက်
ပေးချေမှုဖြစ်သည် (က ၃၄:၁၂၊ ထွက် ၂၂:၁၆)။
24:52 The third prayer of the servant is a
prayer of thanksgiving, followed by the giving of the bride-price. The
bride-price was payment for the loss of the bride’s services and her potential
offspring (Gen. 34:12; Ex. 22:16).
၂၄:၅၅ ရက်အနည်းငယ်။ အချိန်ပမာဏသည်
မရေရာသည်၊ ၎င်းသည် ရက်အနည်းငယ် သို့မဟုတ် နှစ်အနည်းငယ်ကိုဆိုလိုနိုင်သည်။
ယာကုပ်သည် ဧသောများ၏ဒေါသကိုရှောင်ရန် လာဗန်ထံတွင် နှစ်နှစ်ဆယ်နေထိုင်မည် (၂၇:၄၄၊ ၃၁:၃၈)။
24:55 a few days. The
amount of time is ambiguous; it could mean a few days or a few years. Jacob
will remain with Laban for twenty years to escape Esau’s wrath (27:44; 31:38).
၂၄:၅၈ လက်ထပ်ရေးစီစဉ်မှုတွင်
သတို့သမီးဖြစ်လာမည့်သူ၏ပထမဆုံးတက်ကြွပါဝင်မှုသည် မိသားစု၏အရေးပါသောအခန်းကဏ္ဍကို
ပြသသည်။ ရေဗက္ကာသည် သွားရန်အဆင်သင့်ဖြစ်သည်။
24:58 The first active
involvement of the bride-to-be in the marriage arrangements, demonstrating the
important role of the family. Rebekah is ready to go.
၂၄:၆၀ မိသားစုကောင်းချီးပေးခြင်းသည်
သားစဉ်မြေးဆက်နှင့် အာဏာဆိုင်ရာ ဘုရားသခင်၏ကတိများတွင် ပါဝင်သည် (၂၂:၁၇)။
24:60 Family blessing, sharing in the divine
promises of descendants and power (22:17).
၂၄:၆၇ ဣဇာက်သည်
ရေဗက္ကာကို သူ၏သတို့သမီးအဖြစ်လက်ခံပြီး သူမကိုချစ်သည်။ ကျမ်းစာသည်
စီစဉ်ထားသောလက်ထပ်မှုတွင်ပင် ထူးခြားသောဆက်ဆံရေးကို မီးမောင်းထိုးပြသည်။
အာဗြဟံ၏မရှိခြင်းနှင့် စာရာ၏အရေးပါမှုကို သတိပြုပါ။ ရေဗက္ကာသည် ကွယ်လွန်သွားသော
မိသားစုခေါင်းဆောင်မိန်းမ၏တဲသို့ဝင်ရောက်သောအခါ၊ သူမသည်
မျိုးနွယ်၏မိသားစုခေါင်းဆောင်မိန်းမအဖြစ် ၎င်း၏နေရာကို ယူသည်။ ယခုအခါ
ဘုရားသခင်၏ကတိများပြည့်စုံရန် ဣဇာက်နှင့် ရေဗက္ကာ၏အလှည့်ဖြစ်သည်။ ၂၅:၂၀ အရ ဣဇာက်သည်
ရေဗက္ကာနှင့်လက်ထပ်သောအခါ အသက် ၄၀ နှစ်ရှိပြီဖြစ်သည်။ ထိုအချိန်တွင် အာဗြဟံသည်
အသက် ၁၄၀ နှစ်ရှိပြီး၊ မျိုးနွယ်တွင် နောက်ထပ်နှစ် ၃၅ နေထိုင်ဦးမည်ဖြစ်သည်။
သို့သော်၊ ခေါင်းဆောင်မှုသည်လွှဲပြောင်းပြီးဖြစ်ပြီး၊ သူသည်
ဇာတ်လမ်း၏အဓိကဇာတ်ကောင်မဟုတ်တော့ပါ။
24:67 Isaac accepts Rebekah as his bride and
loves her. Scripture underlines the special relationship, even in an arranged
marriage. Note the absence of Abraham but the importance of Sarah. When Rebekah
enters the tent of the deceased matriarch, she also takes her place as the
matriarch of the clan. It is now Isaac’s and Rebekah’s turn to see the divine
promises fulfilled. According to 25:20 Isaac was 40 years old when he married
Rebekah. Abraham would have been by that time 140 years old and would still
live as part of the clan for another 35 years. However, the leadership has
passed on and he is no longer the main actor of the story.
No comments:
Post a Comment