အခန်းကြီး
- ၂၃
သင်သည် မှားသော
သိတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သော သက်သေကို
မခံရ။
2 လူများနောက်သို့ လိုက်၍ မတရားသဖြင့် မပြုရ။
တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌ နေ၍၊ တရားလမ်းမှ လွဲစေခြင်းငှါ မပြောရ။
3 ဆင်းရဲသောသူဘက်၌လည်း မငဲ့ကွက်ရ။
4 သင်သည် ရန်သူ၏မြင်းနွား လမ်းလွဲသည်ကို တွေ့မြင်လျှင်၊
အမှန်ပြန်ပို့ရမည်။
5 သင့်ကို မုန်းသော သူ၏မြည်းသည်၊ မိမိဆောင်ရွက်သော
ဝန်အောက်မှာ လဲနေသည်ကို တွေ့မြင်လျှင်၊ မ မစဘဲ နေနိုင်သလော။ အမှန်ဝိုင်းညီ၍
မစရမည်။
6 သင်၌ ဆင်းရဲသော သူသည် တရားတွေ့သောအခါ၊ သူ့ကို မတရားသဖြင့်
မစီရင်ရ။
7 မဟုတ်မမှန်သော အမှုကို ရှောင်ရမည်။ အပြစ်မရှိသောသူ၊
ဖြောင့်မတ်သောသူကို မကွပ်မျက်ရ။ အကြောင်းမူကား၊ ငါသည် မတရားသော သူကို အပြစ်မလွှတ်။
8 သင်သည် တံစိုးမစားရ။ တံစိုးသည် ပညာရှိတို့၏မျက်စိကို
ကွယ်စေ၍၊ ဖြောင့်မတ်သောသူတို့၏ စကားကို လွဲစေတတ်၏။
9 တကျွန်းတနိုင်ငံသားဖြစ်သော ဧည့်သည်ကို မညှဉ်းဆဲရ။
သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ခဲ့ ဘူးသောကြောင့်၊ ဧည့်သည်၏စိတ်သဘောကို
သိကြ၏။
10 ခြောက်နှစ်ပတ်လုံး လယ်လုပ်၍ အသီးကို သိမ်းရမည်။
11 သတ္တမနှစ်တွင် လယ်ကို မလုပ်ဘဲ အလွတ်ထားရမည်။ သို့ပြုလျှင်
ဆင်းရဲသောအမျိုးသားချင်းတို့သည်၊ စားရသောအခွင့် ရှိလိမ့်မည်။ ကြွင်းသောအရာကိုလည်း၊
မြေတိရစ္ဆာန်တို့သည် စားရကြလိမ့်မည်။ ထိုနည်းတူ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်ကိုလည်း
ပြုရမည်။
12 ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌
ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွား မြည်းတို့သည် ငြိမ်ဝပ်စွာ နေရသောအခွင့်
ရှိလိမ့်မည်။ သင်၏ ငယ်သားများ၊ ဧည့်သည်များတို့လည်း သက်သာရ ကြလိမ့်မည်။
13 ငါပညတ်သမျှတို့၌ သတိပြုကြလော့။ အခြားသောဘုရား၏ နာမကို
မမြွက်မဆိုနှင့်။ သင်၏နှုတ်ထဲက မြွက်သံကို သူတပါးမကြားစေနှင့်။
14 တနှစ်တွင် သုံးကြိမ် ငါ့အဘို့ ပွဲခံရမည်။
ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလချိန်းချက်သော နေ့ရက်အချိန်၌ အဇုမပွဲကိုခံ၍၊
ခုနစ်ရက် ပတ်လုံး တဆေးမဲ့သောမုန့်ကို စားရမည်။
15 ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလ ချိန်းချက်သော
နေ့ရက်အချိန၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သော မုန့်ကို စားရမည်။
အကြောင်းမူကား၊ ထိုလတွင် သင်သည် အဲဂုတ္တုပြည်က ထွက်လာသတည်း။ ထိုပွဲကို ခံစဉ်
ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။
16 လယ်လုပ်၍ အသီးအနှံကို သိမ်းစရှိသည်ကာလ၊ သိမ်းပွဲကို၎င်း၊
လယ်လုပ်၍ အသီးအနှံကို သိုထားသည်ကာလ၊ နှစ်လဲသောအခါ၊ သိုထားပွဲကို၎င်း ခံရမည်။
17 သင်တို့တွင် ယောက်ျားအပေါင်းတို့သည်၊ တနှစ်လျှင်သုံးကြိမ်
ထာဝရအရှင်ဘုရားသခင့် ရှေ့တော်၌ မျက်နှာပြရကြမည်။
18 ငါ့ယဇ်ကောင်၏ အသွေးကို၊ တဆေးပါသောမုန့်နှင့် ရော၍ မပူဇော်ရ။
ငါ့ယဇ်ကောင် ဆီဥကို နံနက်တိုင်အောင် မကြွင်းစေရ။
19 သင်၏မြေ၌ အဦးသီးသော အသီးအနှံ အကောင်းဆုံးကို၊ သင်၏ဘုရားသခင်
ထာဝရဘုရား၏ အိမ်တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့်
မပြုတ်မချက်ရ။
20 ကြည့်ရှုလော့။ လမ်းခရီး၌ သင့်ကို စောင့်ရှောက်၍၊
ငါပြင်ဆင်နှင့်သောအရပ်သို့ ပို့စေခြင်းငှာ၊ ကောင်းကင်တမန်ကို သင့်ရှေ့၌
ငါစေလွှတ်၏။
21 ထိုတမန်ကို ရိုသေစွာပြုလော့။ စကားတော်ကို နားထောင်လော့။
အာဏာတော်ကို မဆန်နှင့်။ သင်တို့ပြစ်မှားသောအပြစ်ကို သူသည် မလွှတ်။ ငါ့နာမသည်
သူ၌တည်ရှိ၏။
22 အကယ်စင်စစ် သင်သည် သူ့စကားကို နားထောင်၍
ငါပညတ်သမျှအတိုင်းပြုလျှင်၊ သင်၏ ရန်သူတို့ကို ငါသည် ရန်ဘက်ပြုမည်။ သင့်ကို
ဆီးတားသောသူတို့ကိုလည်း ငါဆီးတားမည်။
23 ငါ့တမန်သည် သင့်ရှေ့၌သွား၍ သင့်ကို အာမောရိလူ၊ ဟိတ္တိလူ၊
ဖေရဇိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ရှိရာသို့ ဆောင်သွင်း၍၊
သူတို့ကို ပယ်ရှင်းမည်။
24 သူတို့ဘုရားများကို ဦးမချဝတ်မပြုရ။ သူတို့ဘာသာအတိုင်း
မကျင့်ရ။ သူတို့ကို အကုန်အစင် မှောက်လှဲ၍၊ ရုပ်တုဆင်းတုများကိုလည်း
ရှင်းရှင်းဖြိုဖျက်ရမည်။
25 သင်တို့၏ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုရမည်။
သင်၏မုန့်ကို၎င်း၊ ရေကို၎င်း၊ ကောင်းကြီးပေး တော်မူမည်။ အနာရောဂါကိုလည်း သင်၏အထဲက
နှုတ်ယူပယ်ရှားတော်မူမည်။
26 သင်၏ပြည်တွင် ကိုယ်ဝန်ပျက်သော သတ္တဝါ၊ မြုံသောသတ္တဝါနှင့်
ကင်းလွတ်လိမ့်မည်။ သင်၏အသက်တန်းကို ငါစုံလင်စေမည်။
27 ငါ့ကိုကြောက်တတ်သော သဘောကို သင့်ရှေ့သို့ ငါစေလွှတ်၍၊
သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်းသောလူမျိုးကို ငါဖျက်ဆီးမည်။ သင်၏ရန်သူအပေါင်းတို့ကို
နောက်သို့ လှည့်စေမည်။
28 ပျားတူများကိုလည်း သင့်ရှေ့သို့ ငါစေလွှတ်၍၊ သူတို့သည်
ဟိဝိလူ၊ ခါနနိလူ၊ ဟိတ္တိလူတို့ကို သင့်ရှေ့မှာ နှင်ထုတ်ကြလိမ့်မည်။
29 ထိုလူများကို တနှစ်ခြင်းတွင် သင့်ရှေ့မှာ ငါမနှင်ထုတ်။
သို့ပြုလျှင် ပြည်သည် လူဆိတ်ညံ၍ သားရဲသည် သင့်တဘက်၌ များပြားလိမ့်မည်။
30 သင်သည် တိုးပွား၍ တပြည်လုံးကို ဝင်စားသည်တိုင်အောင်၊
သူတို့ကို သင့်ရှေ့မှာ ဖြည်းဖြည်းငါနှင် ထုတ်မည်။
31 သင့်နေရာ နယ်အပိုင်းအခြားကို၊ ဧဒုံပင်လယ်မှသည်
ဖိလိတ္တိပင်လယ်တိုင်အောင်၎င်း၊ တောမှသည် မြစ်တိုင်အောင်၎င်း ငါမှတ်သားမည်။ ထိုအရပ်သားများကို
သင့်လက်သို့ ငါအပ်၍၊ သင်သည် နှင်ထုတ်ရလိမ့် မည်။
32 သူတို့နှင့်၎င်း၊ သူတို့ဘုရားများနှင့်၎င်း၊ သင်သည်
မိဿဟာယမဖွဲ့ရ။
33 သင်သည် ငါ့ကို ပြစ်မှားစေခြင်းငှာ၊ သူတို့သည် ပြုမည်ကို
စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့်ပြည်၌ မနေရကြ။ သင်သည် သူတို့ဘုရားကို
ဝတ်ပြုလျှင်၊ ထိမိ၍ လဲစရာအကြောင်းအမှန် ဖြစ်လိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။
အနက်ဖွင့်ချက်။
23:3 ဥပဒေသည် ဆင်းရဲသူများကို ကာကွယ်ရန်ရှိသော်လည်း (အငယ် ၆ ကိုကြည့်ပါ)၊ ချမ်းသာသူများထက် ဆင်းရဲသူများကို ပိုမိုနှစ်သက်စေရန် မဖြစ်မနေ အလွဲသုံးစားမပြုရပါ။
23:3 Although the law is there to protect
the poor (see v. 6) it is not to be misused to institute reverse favoritism of
the poor over the rich.
23:4 ရန်သူများကို ချစ်ရမည်ဟူသော ကျမ်းသစ်နိယာမ (မ ၅:၄၃–၄၈) ကို ဤဥပဒေမှ ခြေရာခံနိုင်သည်။
23:4 The NT principle of love for one’s
enemies (Matt. 5:43–48) can be traced back to this law.
23:10–12 ဥပုသ်ဥပဒေနှစ်ခုသည် ၎င်းတို့၏ အကြောင်းပြချက်တွင် ကွဲပြားသည် (၁၆:၂၃၊ ၂၀:၁၀၊ ၃၁:၁၅–၁၇)။ ဖန်ဆင်းခြင်းနှင့် ဘုရား၏ သန့်ရှင်းမှုသည် အခြားဥပဒေများအတွက် အကြောင်းပြချက်ဖြစ်သော်လည်း၊ ဤနေရာတွင် အာရုံစူးစိုက်မှုသည် လူသားများနှင့် တိရစ္ဆာန်များအပါအဝင် ဝန်ထုပ်ဝန်ပိုးအများဆုံးသူများအတွက် အနားယူခြင်းနှင့် သက်သာရာရစေရန်ဖြစ်သည်။
23:10–12 The two Sabbath laws
differ in their motivation (16:23; 20:10; 31:15–17). Whereas creation and God’s
holiness form the motivation for the others, here the focus is on providing
rest and relief for the most burdened, both humans and animals.
23:14–19 ကတိထားရာပြည်တွင်၊ ဘဝသည် စိုက်ပျိုးရေးပြက္ခဒိန်ကို ဗဟိုပြုလည်ပတ်လိမ့်မည်။ ခါနာန်တွင် စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းလုပ်ငန်းစဉ်သည် ဖြစ်ထွန်းမှုကို အာမခံရန် ရည်ရွယ်ထားသော ရုပ်တုကိုးကွယ်မှုနှင့် အနီးကပ်ဆက်စပ်နေသည်။ ဤဥပဒေများသည် ဘုရားကို နေ့စဉ်ဘဝနှင့် ဆက်စပ်ပြီး ကောင်းချီးမင်္ဂလာအားလုံး၏ အရင်းအမြစ်အဖြစ် သတ်မှတ်ခြင်းဖြင့် ရုပ်တုကိုးကွယ်မှုကို ကာကွယ်သည်။
23:14–19 In the promised land, life
would revolve around the agricultural calendar. In Canaan the planting and
harvesting process was closely linked to the worship of idols that were
supposed to ensure fertility. These laws guard against idolatry by linking God
to everyday life and identifying Him as the source of all blessings.
23:15 ဤသည်မှာ နွေဦးမုယောစပါးပွဲတော်ကာလဖြစ်သော်လည်း၊ ဘုရားသည် ရိတ်သိမ်းပွဲတော်သာမက အဲဂုတ္တုမှ ကယ်တင်ခြင်းကို အကြောင်းပြချက်အဖြစ် ပြုလုပ်သည်။
23:15 Although this is the time of the spring
barley festival, God makes the motivation the deliverance from Egypt and not
just a harvest festival.
23:17 အမျိုးသမီးများနှင့် ကလေးများသည် ပင်ပန်းသော ခရီးလမ်းမှ လွတ်ကင်းကြသည်။
23:17 Women and children are spared the
tiring journey.
၂၃:၁၉ မပြုတ်ရပါ။ ဤဥပဒေကို နောက်ထပ်နှစ်ကြိမ် ထပ်မံဖော်ပြထားသည် (၃၄:၂၆၊ တရား ၁၄:၂၁)။ ၎င်းသည် လူမဟုတ်သော သတ္တဝါများအပေါ် ထိလွယ်ရှလွယ်ဆက်ဆံမှုနှင့် သိုး၊ နွား၊ ငှက်များကဲ့သို့ တိရစ္ဆာန်အမျိုးမျိုး၏ မိခင်နှင့်သားကောင်ဆက်ဆံရေးကို ကာကွယ်ရန် ညွှန်ပြပေမည်။ ဥပမာများအတွက် ၂၂:၃၀၊ ဝတ်ပြုရာ ၂၂:၂၇–၂၈၊ တရားဟော ၂၂:၆–၇ ကိုကြည့်ပါ။
23:19 You shall not boil. This
law is repeated twice more (34:26; Deut. 14:21). Perhaps it points to a
sensitive treatment of nonhuman creation and the protection of the
mother-offspring relations of various animals. See 22:30; Lev. 22:27–28; Deut.
22:6–7 for examples of this with lambs, calves, and birds.
၂၃:၂၈ သောက်ကျိုးများ။ ဤဘာသာပြန်သည် သက်ပုလဒ္ဒဂိမကျမ်းကို လိုက်နာသည်။ တရားဟော ၇:၂၀ မှတ်စုကိုကြည့်ပါ။
23:28 hornets. This
translation follows the Septuagint. See note on Deut. 7:20.
၂၃:၃၁ ဤနေရာတွင် နယ်နိမိတ်များသည် နဂေါဒေသမှ ယူဖရတ်မြစ်အထိ၊ မြေထဲပင်လယ်နှင့် အာကာဘာပင်လယ်ကွေ့အထိဖြစ်သည်။ ဤစံပြဘူမိနယ်နိမိတ်များသည် ဘယ်သောအခါမှ အကောင်အထည်မဖော်ခဲ့ပါ။ ရှောလမုန်၏အုပ်စိုးမှုအတွင်း နိုင်ငံသည် အကြီးမားဆုံးဖြစ်ခဲ့သည်။
23:31 The borders here are from the Negev
desert to the Euphrates River, the Mediterranean, and the Gulf of Aqaba. These
ideal borders were never realized. The kingdom was at its largest during the
reign of Solomon.
No comments:
Post a Comment